ᴇʟʟɪᴀ's 1001 ɴɪɢʜᴛ sᴛᴏʀɪᴇs [ᴄ...

By Ellia_J

1.2K 84 80

Ellia's commission book 🌷📖 More

2.ᴛʜᴇ ᴇx-ʙᴏʏғʀɪᴇɴᴅ

1. ʙᴀᴄᴋ ᴛᴏ ʏᴏᴜ [ᴊᴇᴋᴊᴇɴɢ]

880 62 32
By Ellia_J

Back to you

[Jekjeng Commission]

Words - 10276

အမှတ်တရတွေဟာ အတိတ်မှာဘဲကျန်ခဲ့ရသည်။ ကောင်းတဲ့အမှတ်တရဖြစ်စေ၊ ဆိုးတဲ့အမှတ်တရဖြစ်စေ၊ တစ်သက်လုံးမှတ်မိချင်တဲ့အမှတ်တရဖြစ်စေ၊ လုံးဝမေ့ပစ်ချင်တဲ့အမှတ်တရဖြစ်စေ အချိန်တန်လျှင်တော့ အားလုံးဟာ အတိတ်မှာကျန်ခဲ့ရတာမျိုးပင်။ နာမည်ကိုက 'အမှတ်တရ'တဲ့ 'အမှတ်'ဆိုတဲ့အတိုင်းမှတ်မိနေပြီး 'တ,ရ'ဆိုတဲ့အတိုင်းတမ်းတလို့ပဲ ရတော့တဲ့အရာတွေ။ ဂျုံဆောင်းကတော့ အမှတ်တရဆိုတဲ့ စကားကိုကြားရင် ထိုအမျိုးသားကိုပဲ ပြေးမြင်မိသည်။ သူ့ရဲ့ ကောင်းတာရော၊ဆိုးတာရော၊တစ်သက်လုံးမှတ်မိချင်တာရော၊မေ့ပစ်ချင်တာရော စတဲ့အမှတ်တရအကုန်လုံးနီးပါးမှာ ထိုအမျိုးသားဟာပါဝင်ခဲ့သည်။

ထိုအမျိုးသား....

သူ့ရဲ့အမျိုးသား....

သူမပိုင်ဆိုင်ခဲ့ရသော၊ သူ့အပိုင်မဟုတ်ခဲ့သော

သူ့ရဲ့ ထိုအမျိုးသား.... ဂျယ်ယွန်း....

******

2015ခုနှစ်

ညနေသုံးနာရီဆိုသော်ငြား ရွာချတော့မည့်မိုးအခြေအနေကြောင့် မှိုင်းအုံ့နေသည့်ကောင်းကင်ဟာ မြည်သံခပ်စိတ်စိတ်ထွက်ပေါ်နေသည်။ စာသင်ခန်းအတွင်းမှာလည်း အခန်းမီးတွေထိန်ထိန်လင်းလို့။

ကျောင်းရဲ့အတော်ဆုံး selectionတွေကိုခွဲထုတ်ထားသည့်အတန်းဖြစ်သည်ဆိုသည့်အကြောင်းပြချက်ကြောင့် ဘေးအခန်းတွေအသီးသီးအတန်းဆင်းသွားသော်ငြား ဂျုံဆောင်းတို့အတန်းမှာ ကျောက်သင်ပုန်းက အူကြောင်ကြောင်ပုစ္ဆာများကို ထိုင်၍ တွက်ချက်အဖြေရှာနေရသည်။

စိတ်မပါရတဲ့အထဲ ဘယ်လိုတွက်တွက်မှားနေသည့်ပုစ္ဆာကြောင့် ရှိသမျှအာရုံအကုန် စာအုပ်ဆီပို့လွှတ်ထား‌ေသာ ဂျုံဆောင်း၏မျက်ခုံးတွေတွန့်ကျုံ့လျက်။

ပုစ္ဆာအကုန်ပြီးမှ အခန်းထဲကထွက်ရမည်ဆိုသည့်ဆရာမကလည်း ရှေ့ရက်တွေသူအလုပ်များနေတုန်းက သူ့စာတွေကိုပြီးစလွယ်လုပ်ထားသည့် သူတို့အတန်းအား တေးထားသကဲ့သို့ ကြိမ်လုံးကိုက်ိုင်လျက် အခန်းထဲပတ်လျှောက်နေသဖြင့် တစ်ခန်းလုံးအပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်နေသည်။

"ဂျုံဆောင်း ဂျုံဆောင်း!"

အဖြေမရတာတစ်မျိုး၊ ဆရာမကိုကြောက်ရတာတစ်မျိုးနှင့် ကူရာကယ်ရာမဲ့နေစဉ် နံဘေးက ဆတ်ဆတ်ကြဲအတန်းခေါင်းဆောင်မလေးက ဂျုံဆောင်းအား တံတောင်ဖြင့်တွတ်ကာ တိုးတိုးလေးခေါ်သည်။

"ဘာလဲဟာ အဖြေမထွက်ရတဲ့အထဲ။ ငါ့ကိုအာရုံလာမနောက်နဲ့ ဂျောင်ယွန်းအယ်"

ဂျုံဆောင်းစိတ်ရှုပ်ရှုပ်ဖြင့် ခပ်တိုးတိုးဖိအော်ပစ်လိုက်သည်။

"ဟိုဘက်နားက ဘာသံတွေထွက်နေတာလဲ? ဟိုနှစ်ယောက်က ဒီမှာမိုးလင်းပေါက်နေမလို့လား? စာအုပ်ထပ်ပြီးမှပြန်လွှတ်မှာနော်!"

ဆရာမရဲ့အော်သံကျယ်ကြီးကြောင့် ရှက်သွားသူဂျုံဆောင်းက သူ့သူငယ်ချင်းမလေးအား တံတောင်ဖြင့်ဆတ်ခနဲလှမ်းတွန်းကာ စိတ်ဆိုးကြောင်းပြပြီး မုန်းစရာကောင်းတဲ့ သင်္ချာပုစ္ဆာတွေကိုဆက်တွက်နေလိုက်သည်။

"ဟဲ့ ဂျုံဆောင်း

ပတ်ခ်ဂျုံဆောင်းရေ...."

အကြောက်အလန့်မရှိသော ယွန်းအယ်အား ဆရာမကကြိမ်လုံးကြီးကိုင်ပြီးပြေးရိုက်ဖို့ ဂျုံဆောင်းဆုတောင်းမိသည်။ ဒါမှမဟုတ်လည်း သူ့ဘေးကနေဆွဲထုတ်သွားတာဖြစ်ဖြစ်။

"ဂျုံဆောင်းလို့...."

ဂျုံဆောင်းသည် ဒေါသဖြစ်နေတဲ့မျက်လုံးတွေနဲ့ ယွန်းအယ်အား လူသတ်တော့မလိုလှည့်ကြည့်လာသည်။

"ဘာလဲ ဘာလဲလို့...။ နင့်ဟာနင်ဒီမှာညအိပ်ချင်အိပ် ငါတော့မအိပ်နိုင်ဘူး။ ဒါကြောင့် ငါ့ကိုအေးဆေးစာပေးလုပ်။"

"ငါလည်း အဲ့ဒါပြောမလို့လေ။ ဟိုမှာ နင့်ညီမအခန်းရှေ့မှာစောင့်နေတယ်။"

ထိုအခါမှအပြင်ဘက်ကိုကြည့်လိုက်တော့ ကျောပိုးအိတ်ကိုမနိုင့်တနိုင်လွယ်ကာ ပြတင်းပေါက်မှန်မှာအကောင်လေးလို လာကပ်နေတဲ့ညီမဖြစ်သူကိုဂျုံဆောင်းတွေ့ရသည်။ ထို့အပြင် သူ့ညီမဘေးမှာ သူ့ညီမလေးလိုမျိုး မျက်နှာကိုပြတင်းပေါက်မှန်မှာကပ်၍ အခန်းထဲကိုချောင်းနေသည့် နောက်ထပ်စပ်ဖြီးဖြီးအိမ်မြှောင်တစ်ကောင်...

"ပြီးတော့...နင့်ယောက်ဖရောပဲလေ"

ဂျုံဆောင်းသည်သူတွက်နေသည့် စာအုပ်ဖြင့် ယွန်းအယ်၏ပုခုံးအား ဖတ်ခနဲမြည်အောင်ချလိုက်တော့ ယွန်းအယ်ကစိတ်မဆိုးဘဲ တခွိခွိရယ်နေသည်။

ထိုအရာ၏အကျိုးဆက်အဖြစ် နောက်ဆုံးစာအုပ်ထပ်ချိန် တစ်ခန်းလုံးရှေ့တွင် ဂျုံဆောင်းနှင့်ယွန်းအယ်က ထိုင်ထ အခါငါးဆယ်လုပ်လာခဲ့ရသည်။

အလောတကြီးထိုင်ထလုပ်ပြီး လွယ်အိတ်ဆွဲကာ အခန်းထဲကပြေးထွက်လာရတော့ ဂျုံဆောင်းခမျာ အခန်းရှေ့ကညီမဖြစ်သူရှေ့ဝယ် ဒူးခွေကျတော့မလိုတောင်ဖြစ်သွားသေးသည်။

"ကြာလိုက်တာကိုကိုရယ် ငါကဗိုက်ဆာနေပြီကို"

"ဒါဆိုလည်း ပြန်နှင့်လိုက်တာမဟုတ်ဘူး ဆူအာကလည်း။ ဂျယ်ယွန်းလည်းအဖော်ပါတာပဲ။"

ဂျုံဆောင်းသည် သူ့ညီမအားဗိုက်ဆာတဲ့အထိထားရမလားဆိုသည့် မကြည်ကြည့်ဖြင့် ဂျယ်ယွန်းအားလှမ်းကြည့်ကာ ပါးစပ်မှလည်း တိုးတိုးလေးဆဲရေးလေသည်။

"ဟေ့ကောင် မင်းမမလေးကို ငါပြောပါတယ်နော်။ သူကစောင့်မယ်ချည်းအော်ပြီး ငါ့ကိုတောင်ရန်တွေ့သွားသေးတာ။ တကယ်ပါပဲ လိုက်လည်းလိုက်တဲ့အမြွှာတွေ ငါ့ဆိုဆူမယ်ဆဲမယ်ဆိုတာချည်းပဲ။"

ထိုအခါဂျုံဆောင်းက ဂျယ်ယွန်းအား လှမ်းကန်သော်လည်း အလယ်မှာဆူအာရှိနေတာမို့ ဂျယ်ယွန်းကိုမထိသော်လည်း ဂျယ်ယွန်းကခုန်၍ရှောင်ကာ ရယ်လျက်။ ကျောင်းကော်ရစ်ဒါတွင် သူတို့နှစ်ယောက်အသံဖြင့်သာပြည့်လျက်။

ထိုစဉ် အကျယ်ကြီးမြည်လာသည့် မိုးချုန်းသံကြောင့် ဆူအာက သူ့မနားနှစ်ဖက်အားအုပ်လိုက်သလို ဂျုံဆောင်းနှင့်ဂျယ်ယွန်းရဲ့အသံတွေလည်းတိတ်သွားသည်။

"မင်းသာနောက်မကျရင် ဒီမိုးနဲ့အေးဆေးလွတ်တယ် ပတ်ခ်လိပ်ကြီး။ သင်္ချာကိုလိပ်လိုတွက်တယ်။"

သူ့အလွန်မဟုတ်လည်း ဟုတ်သလိုလိုရှိနေတာမို့ ဂျုံဆောင်းဘာမျှစောတကတက်မနေတော့ပါ။ သူတို့အားလုံးမှာထီးပါလာတာပဲဟာ။ သူကထီးကျန်ခဲ့ပေမယ့် အိမ်ကကားနဲ့လာကြိုတဲ့ ယွန်းအယ်ဆီက ထီးငှားလာခဲ့တော့ အဆင်ပြေပါတယ်။

"ငါကထီးမယူခဲ့ပါဘူးဆို ပတ်ခ်ဂျုံဆောင်းရာ။ မင်းကျေးဇူးနဲ့ကြွက်စုတ်ဖြစ်တော့မှာပဲ။ စိတ်ပျက်စရာ"

ကြမ်းပြင်ကသဲမှုန်တွေအား ခြေဖြင့်ထိုးဖွနေသော ဂျယ်ယွန်း၏ညည်းတွားသံသဲ့သဲ့ကြားကာမှ ဆူအာလည်း လွယ်အိတ်ကိုဖွင့်ကာ သူမ၏ခေါက်ထီးကလေးအားအသည်းအသန်ရှာတော့သည်။

"ငါငှားထားပါတယ်ကွ မပူနဲ့။ ငါနဲ့တူတူဆောင်း။ ဆူအာကတော့ထီးပါတယ်မလား? မနက်က ကိုကိုအဆင်သင့်ထုတ်ပေးလိုက်တယ်လေ!"

ထို့နောက် လွယ်အိတ်အားစိတ်ပျက်စွာပိတ်နေသည့်ဆူအာက မျက်နှာငယ်လေးဖြင့်

"ငါမယူခဲ့မိဘူးကိုကို။ နင်တင်ပေးထားတဲ့စားပွဲပေါ်မှာကျန်ခဲ့ပြီဟ"

"ဆူအာရယ် နင်မပါပေမယ့် နင့်အကိုက ငှားထားတယ်လေ။ ငါပဲမိုးရေချိုးရတော့မှာ"

ဂျုံဆောင်းစိတ်မပျက်မိဘူးဆိုရင် လိမ်နေတာပဲဖြစ်မည်။ အမြဲတမ်း အနစ်နာခံရလွန်းလို့ သူဟာသူ့မိသားစုရဲ့ အိမ်ကကြမ်းသုတ်ဝတ်‌ေလးတစ်ထည်လိုတောင်ခံစားရသည်။

"မဟုတ်တာ ငါ့ကြောင့်နောက်ကျတာပဲ ရော့ ဆူအာ။ ညီမလေးနဲ့ဂျယ်ယွန်းတို့နှစ်ယောက်အဖို့ ကောင်းကောင်းဆန့်ပါတယ်။ ကိုကိုမိုးရေချိုးလိုက်မယ်"

ဆူအာက အားနာလျက် ဂျုံဆောင်းဆီက ထီးလေးကိုမယူချင်ယူချင်ဖြင့်ယူလိုက်သည်။

"ငါ ငါ ထီးကို သေချာယူခဲ့လိုက်ရမှာကို"

"ဘာမှမဖြစ်ပါဘူး။ ယွန်းအယ်ရဲ့ထီးက ပန်းပွင့်ကြီးတွေပါနေတယ် ဆူအာရဲ့။ ကိုကိုမဆောင်းချင်ဘူး။ သွား ဂျယ်ယွန်းနဲ့ဆောင်းလိုက် မိုးဖွဲတွေကျနေပြီ။ ကိုကိုက မိုးရေစိုရုံနဲ့မဖျားဘူး။ သွား "

ဂျုံဆောင်းက ငိုမဲ့ငိုမဲ့ဖြစ်နေသောညီမလေးအား ပြုံးပြနှစ်သိမ့်ပြီး ကျောကိုဖွဖွလေးတွန်းကာ ရှေ့ကသွားစေလိုက်သည်။

"ရင်ထဲထိသွားပြီ။ ချစ်ဖို့ကောင်းတယ်"

ဂျုံဆောင်းက စပ်ဖြီးဖြီးဂျယ်ယွန်းအား ဘုကြည့်ကြည့်လိုက်သည်။

"ငါလည်းမင်းထီး‌နဲ့ပြန်လိုက်မယ်နော် ကျေးဇူးပဲ ယောက်ဖ!"

ထိုအခါ ဂျုံဆောင်းကလက်သီးဖြင့်ရွယ်လိုက်ရာ ဂျယ်ယွန်းကလျှာထုတ်ပြောင်ပြကာ ထီးဆောင်း၍သွားနှင့်နေပြီဖြစ်သော ဆူအာနောက်ပြေးလိုက်သွားသည်။

ဂျုံဆောင်းကတော့ အရှိန်ပြင်းပြင်းမိုးစက်တွေကြား ကျောပိုးအိတ်ကိုခေါင်းပေါ်မြှောက်ရင်း တစ်လှမ်းဆီ။

ဆူအာ....

ဂျုံဆောင်းနဲ့တစ်နေ့၊တစ်ချိန်တည်းမွေးသော်လည်း မတူညီသည့်ဘဝနှင့်ရှင်သန်နေရသည့် သူ့ညီမလေးဆူအာ။ နှလုံးရောဂါမွေးရာပါသည့်အပြင် တအားချူချာသည့်ညီမဖြစ်သူကို မင်းသမီးလေးလိုထားသည့်မိဘတွေက ဂျုံဆောင်းကိုတော့ ကိုယ်ရံတော်ဖြစ်စေလိုက်သည်။ သူဆူအာကိုညီမလေးလိုချစ်သော်လည်း ဒီတာဝန်ကိုသူ့ဆန္ဒနှင့်သူယူခဲ့ရတာမျိုးမဟုတ်။ သို့သော် သူ့မှာရွေးစရာရှိမနေခဲ့။ ညီမဖြစ်သူအတွက်အားကိုးရသည့်အကို၊ ညီမဖြစ်သူမဖြည့်ဆည်းပေးနိုင်တော့သော အဖေနဲ့အမေရဲ့ကြီးမားတဲ့ဆန္ဒတွေအတွက် ထူးချွန်အားထားရသည့်သား။ ထိုတာဝန်တွေကို ဆယ့်ငါးနှစ်သားအရွယ်နှင့်မမျှအောင် ဂျုံဆောင်းထမ်းပိုးခဲ့ရသည်။

သူဟာလည်း အသွေးနှင့်အသားနှင့်လူပဲမို့ ဝမ်းနည်းခံပြင်းရသည့်အချိန်တွေရှိသည်။ အခုလိုမျိုး သူ့ဘက်က အမြဲပြည့်ပြည့်စုံစုံတာဝန်ကျေခဲ့လျက်နှင့်တောင် ဘာမှအဆင်မပြေသည့် အခုလိုအခြေအနေတွေ၊ သူပဲအနစ်နာခံခဲ့ရသည့်အခြေအနေတွေ။ ဂျုံဆောင်းတအားပင်ပန်းလွန်းလို့ ငိုချင်လာမိသည်။အထူးသဖြင့် တစ်ဖက်သတ်သဘောကျရသူအား သူနှင့်တူတူထီးဆောင်းစေချင်သော်လည်း ညီမဖြစ်သူနှင့်တစ်မိုးအောက်ကို ပို့ပေးလိုက်ရသည့် အခုလိုအချိန်မျိုးမှာ။

သည်းကြီးမဲကြီးရွာချနေသည့် မိုးစက်တွေကြား ထီးအောက်မှာ ထိကပ်နေတဲ့ခန္ဓာနှစ်ခုအား မလှမ်းမကမ်းမိုးရေထဲက ကောင်လေးဟာ ပင်ပန်းချိနဲ့စွာ ငေးကြည့်လျက်ရှိသည်။ သူ့တစ်ကိုယ်လုံးမှာမိုးရေတွေစိုနေခဲ့ပေမယ့်လည်း သူ့မျက်တောင်တွေကတော့ မိုးရေမဟုတ်သည့် မျက်ရည်တွေစိုနေခဲ့သည်။

*****

တက္ကသိုလ်ဝင်ခွင့်တစ်ဖြစ်လည်း နောက်ဆုံးစာမေးပွဲအတွက်စာလုပ်နေကြသည့် ကောင်လေးနှစ်ယောက်အား ဆူအာကဝင်ရောက်နှောင့်ယှက်လျက်ရှိသည်။ သူမကတော့ ဝင်မဖြေဖြစ်တော့ပါ။ စာ၏ဖိအား၊ အထက်တန်းနောက်ဆုံးနှစ်၏စိတ်ဖိစီးမှုတွေကို ဆူအာ၏နှလုံးကခံနိုင်ရည်မရှိသည်မို့ လွန်ခဲ့သည့်နှစ်နှစ်ကတည်းက ကျောင်းနားလိုက်ရပြီဖြစ်သည်။ သူများတွေလိုမဟုတ်ဘဲ လူ့သက်တမ်းစေ့နေဖို့အတွက်တောင် ဘုရားထံအကြိမ်ကြိမ်ဆုတောင်းရမည့်အခြေနေနှင့်မွေးလာခဲ့တဲ့သူမို့ မိဘတွေက ဆူအာ့ထံမှမျှော်လင့်ထားတာမျိုးများများစားစားမရှိ။ ဒီတိုင်း သာမန်မိန်းကလေးတစ်ယောက်လို လွတ်လွတ်လပ်လပ်ရှင်သန်ပြီး သူတို့နှင့်တတ်နိုင်သမျှကြာကြာနေသွားဖို့သာ ပထမဦးစားပေး။

ထိုအခါ ဂျုံဆောင်း၏ပုခုံးပေါ်သို့တာဝန်တွေပို၍ပိကျလာပြန်သည်။ ညီမဖြစ်သူကိုစောင့်ရှောက်ဖို့၊ အမှတ်ကောင်းကောင်းနှင့်စာမေးပွဲအောင်ဖို့၊ တက္ကသိုလ်ကောင်းကောင်းဝင်နိုင်ဖို့၊ မိသားစုလုပ်ငန်းမှန်သမျှဦးစီးနိုင်ဖို့၊ မိဘတွေရဲ့ဂုဏ်ယူစရာဖြစ်ဖို့ စသည်အတွက် ဂျုံဆောင်းမှာအားလပ်ချိန်တောင်မရှိအောင် အမြဲအလုပ်များနေခဲ့သည်။

"နောက်တစ်ပတ်၊ဆယ်ရက်လောက်ဆို စာမေးပွဲပြီးတော့မယ်။ ကိုကိုနဲ့ဂျယ်ယွန်း ငါတို့ခရီးထွက်ကြမယ်နော်။ နင်တို့တော့မသိဘူး ငါတော့ရင်ခုန်နေပြီ"

"ညီမလေးသာနေကောင်းအောင်နေပါ။ ခရီးကသွားရမှာပေါ့။ မေမေတို့ကလိုက်ပို့မယ်ပြောထားတယ်မလား?"

"ဟုတ်ပါ့ နင်သာကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်။ ရက်ကကပ်နေပြီ ထဖျားရင်မသွားရတော့ဘူးနော်!"

ဂျုံဆောင်းနောက်ကနေ သံယောင်လိုက်ကာ ဩဇာပေးနေသောဂျယ်ယွန်းကို ဆူအာကနှာခေါင်းရှုံ့ပြလိုက်သည်။

"ဟုတ်သားပဲကိုကို ဒီစာမေးပွဲပြီးသွားရင် နင်တို့ကိုယ့်ရည်မှန်းချက်နဲ့ကိုယ်ရှေ့ဆက်ရတော့မှာပေါ့နော်? နင်တို့ဘာဖြစ်ချင်ကြလဲ? ဘယ်တက္ကသိုလ်ဆက်တက်ကြမလဲ?"

"မပြောတတ်သေးဘူး။ လိုပါသေးတယ်ညီမလေးရာ။"

"ငါကတော့ ဖြစ်နိုင်ရင်ဒီတိုင်းထိုင်ပဲစားချင်တာ။ အိမ်မှာနေပြီးမိဘလုပ်စာစားတာကို အထူးပြုရတဲ့majorမျိုးရှိရင်ကောင်းမယ်"

ဂျုံဆောင်းရောဂျယ်ယွန်းရော မယ်မယ်ရရမဖြေခဲ့ပေ။ သူတို့၏ ရည်မှန်းချက်တွေကို ဆူအာသိသွားလည်း သူမဘဝမှာဒီလိုဖြစ်ခွင့်မရှိလို့ ကြိတ်ဝမ်းနည်းနေရုံအပြင်မရှိဘူးမလား?

"ဂျယ်ယွန်း မင်းက တစ်သက်လုံးအိမ်မှာထိုင်စားချင်တာလား?"

"အင်း။ ဘယ်လိုလဲ နည်းလမ်းရှိလို့လား?"

"ရှိတယ်လေ"

"ပြောစမ်းပါဦး ငါရှာကြည့်သလောက်တော့မတွေ့မိဘူး"

"ရှင်းရှင်းလေးလေ ယောက်ျားယူလိုက်ပေါ့"

"ပတ်ခ်ဂျုံဆောင်း! သေချင်နေပြီလား?"

ထိုအခါဆူအာကလက်ခုပ်တီးကာထရယ်တော့သည်။

ဤသို့ဖြင့် စကားဝိုင်းအား ဆူအာဝမ်းနည်းသွားမည့်အခြေအနေမှ သူတို့ဖယ်ရှားပစ်လိုက်နိုင်သည်။

"ခရီးမှာ ဘာလုပ်ချင်လဲဆူအာ? ငါတို့လိုက်လျောပေးမယ်။ စာမေးပွဲရှိလို့နင့်ကိုအချိန်မပေးနိုင်တာကြာပြီဆိုတော့ ဖြည့်ဆည်းပေးချင်လို့"

ထိုအခါဆူအာ၏ မျက်လုံးလေးတွေကအရောင်တောက်လာပြီး

"Aigoo အသက်ရှင်လာရင်းနဲ့ ဂျယ်ယွန်းနီးဆီကဒါမျိုးကြားရတဲ့အခါမျိုးလည်းရှိသေးသားပဲ"

"ငါစိတ်ပြောင်းလိုက်မှာနော်!"

"နေပါဦးဟယ်။ ငါစဉ်းစားထားလိုက်ပါ့မယ်"

"ပေါက်ကရတော့မတောင်းဆိုရဘူးနော် မေမေနဲ့တိုင်မှာ။"

ဤသို့ဖြင့် သုံးယောက်သားဂျုံဆောင်းအခန်းထဲကမွေ့ယာကြီးပေါ်တွင် နှစ်‌ေယာက်ကစာကျက်ပြီး တစ်ယောက်ကစကားတွေလိုက်များပေးရင်း ကြည်နူးစရာညနေခင်းလေးကို တူတူကုန်ဆုံးခဲ့ကြသည်။

*****

ဆားနံ့သင်းသောပင်လယ်လေက သူတို့၏မျက်နှာပေါ်ဖြတ်ပြေးကာကျီစယ်လျက်ရှိသည်။ ကားရပ်ရပ်ချင်းဆူအာက ခြေဗလာဖြင့် ပင်လယ်ဆီလက်ဆန့်တန်းပြီးပြေးသွားတာမို့ ဂျုံဆောင်းက သူမ၏ဖိနပ်အားကိုင်ကာပြေးလိုက်ရသည်။

"ပင်လယ်ကြီးကထွက်မပြေးပါဘူး ဖြည်းဖြည်းသွားပါဟ"

တစ်လမ်းလုံးအိပ်လာသည့်ဂျယ်ယွန်းကလည်း အိပ်ချင်မူးတူးဖြင့်အော်ဟစ်ကာ ပြေးလိုက်သည်။ ထို့နောက် ဂျုံဆောင်းက အိပ်ချင်နေသည့်ဂျယ်ယွန်းအား မနိုင့်တနိုင်ဖြင့် ပင်လယ်ထဲဆွဲနှစ်တော့သည်။ သည်လိုနှင့်နေဝင်ရီတရောညနေခင်းဝယ် သူတို့သုံးဦးသားကမ်းစပ်တွင် ခိုက်ခိုက်တုန်သည်အထိရေကစားခဲ့ကြသည်။

"ကိုကို! ဂျယ်ယွန်း!"

"အင်း"

"ငါဘာဖြစ်ချင်လဲ နင်တို့သိကြလား?"

ဆူအာက တဘက်တစ်ထည်အားခြုံကာ သဲပြင်ပေါ်တွင် နေဝင်ဆည်းဆာအားငေးမောလျက်ပြောလာသည်။ သူမ၏ဆံပင်တွေသည် ခြောက်သင့်သလောက်မခြောက်သေးဘဲ ရေတစက်စက်ကျနေသည်ကို သူမလျစ်လျှူရှုထားသည်။ မသိရင် အသက်ရှင်ဖို့မလိုအပ်တော့သလိုမျိုး၊ အားနည်းလွန်းသည့်ခန္ဓာအား စိတ်ကုန်နေသလိုမျိုး။

"ပြောပြကြည့်မလား?"

ဂျုံဆောင်းက စကားပြောရင်း ဆူအာ၏နောက်သို့လျှောက်သွားသည်။ ထို့နောက်သူ့ကိုယ်ပေါ်မှာလွှားထားသော ခြောက်သွေ့သွားသည့်တဘက်ဖြင့် ဆူအာ့၏ ဆံပင်တွေကို ခပ်ဖွဖွရေသုတ်ပေးသည်။

"အင်း ဒီတိုင်း သာမန်မိန်းကလေးတစ်ယောက်လို၊ မေမေ့လို ငါလက်ထပ်သွားချင်တယ်။ အမေတစ်ယောက်ဖြစ်သွားချင်တယ်"

"ဘာကိစ္စ အဲ့'သွား'ဆိုတာကြီးကိုထည့်ပြောနေတာလဲ? လုပ်ချင်တာတွေလုပ်ရပြီးရင် ဘယ်သွားမလို့လဲ? အကြာကြီးဆက်နေရမှာပေါ့!"

ဂျယ်ယွန်းကဆူအာ၏နှဖူးအား လက်ညှိုးဖြင့်ဖွဖွတွန်းကာ ရန်တွေ့လာသည်။

"အကြာကြီးသာနေပေးစမ်းပါ။ ညီမလေးဖြစ်ချင်တာတွေဖြစ်ရမှာပေါ့။"

ဂျုံဆောင်းက ပြုံးလျက် သူမ၏ဆံပင်တွေအားရေဆက်သုတ်ပေးရင်းပြောလာသည်။

"ပေါက်ကရမတွေးပါနဲ့ဆူအာရယ်။ နင့်အကိုကနင့်ကိုအရမ်းချစ်တာ။ သူစိတ်ဆင်းရဲကျန်ခဲ့အောင်မလုပ်ပါနဲ့။ နော်? နင့်မှာ နင့်ကိုအရမ်းချစ်တဲ့အကိုရှိတယ်၊ အလိုလိုက်တဲ့မိဘတွေရှိတယ်၊ ဟော အရမ်းချောတဲ့ ရှင်မ်းဂျယ်ယွန်းဆိုတဲ့သူငယ်ချင်းလေးလည်းရှိတယ် မဟုတ်ဘူးလား?"

"ကောင်စုတ်လေး!"

ဆူအာသည်ဂျယ်ယွန်းအား သူမအနားရှိကျောက်စရစ်ခဲလေးနှင့်ပစ်ပေါက်လိုက်သည်။

ထိုကျောက်ခဲလေးအား ရှောင်တိမ်းရင်း ဂျယ်ယွန်းသည်ဆူအာ့ဆံပင်တွေကိုရေဆက်သုတ်ပေးနေသော ဂျုံဆောင်း၏ မှိုင်းပျပျမျက်ဝန်းတွေနှင့်အကြည့်ချင်းဆုံမိသည်။ သူသည် ဂျုံဆောင်း၏မျက်ဝန်းတွေကိုကြည့်ရုံနှင့် ဂျုံဆောင်းရင်ထဲကို ကောင်းကောင်းမြင်နိုင်နေတော့လည်း ခက်ရချည်ရဲ့.....

*****

"မရဘူးနော်! ဆူအာ အဲ့အစား ဒီပုလင်းတွေနဲ့ငါတို့ခေါင်းတွေကိုသာ မကွဲမချင်းရိုက်ခွဲလိုက်ပါတော့လားဟာ..."

ဂျယ်ယွန်းသည်သူ၏ဆံပင်တွေက်ို သူ့ဟာသူဖွာလန်ကြဲနေအောင်ဆွဲဖွကာ ခြေဆောင့်ညည်းညူလျက်ရှိသည်။

ည၏ ကြယ်ရောင်တွေက တဖိတ်ဖိတ်လတ်နေသည်။ ရေကူးကန်နံဘေးက မြက်ခင်းပြင်ကျယ်မှာထိုင်ရင်းမြင်နေရသည့် တိမ်ကင်းစင်သည့်ကောင်းကင်က ကြယ်တွေ၊ မနီးမ‌ဝေးရှိ ကြယ်ရောင်ဟပ်နေသော ပင်လယ်ရေပြင်။ ဤပုံရိပ်တွေကိုကြည့်ရင်း ဆိုဂျူနှင့်ဘီယာသောက်ချင်လို့ သောက်ပါရစေဆိုသည့် ဆူအာကြောင့် ဂျုံဆောင်းရော၊ဂျယ်ယွန်းရော ငိုချင်ချင်။

"ဒီလိုမှန်းသိရင် ညနေကပြောပြခဲ့တဲ့ဆန္ဒတွေထဲ ဘီယာသောက်ချင်တာကိုပါထည့်ပြောလိုက်ပါတယ်..."

နှစ်ယောက်တစ်ယောက်အားမို့ လက်လျှော့လိုက်ရသည့်ဆူအာက အတော်လေးမကြေမချမ်းဖြစ်နေပုံပင်။

"နင်ကမူးချင်တာလား ဆူအာ? အဲ့ဒီ့အစား နင့်ရှေ့မှာငါတို့မူးအောင်သောက်ပြပေးရင် ဖြစ်မလား?"

ဂျယ်ယွန်းသည်ပေါက်ပေါက်ရှာရှာတွေမေးလည်းမေးတတ်ပါ့ဟု ဂျုံဆောင်းအသံတိတ်တွေးတောမိသည်။

"အင်း ဒါလည်းမဆိုးဘူးပဲ။ ငါ့ကိုအရက်မသောက်စေချင်လို့ ငါ့ရဲ့ချစ်လှစွာသောအကိုနဲ့ သူငယ်ချင်းအလိမ္မာလေးက အမူးသောက်ပြကြမယ်ဆိုတော့ ရင်ထဲထိသွားပြီ"

ဂျုံဆောင်းကတော့ ပျားအုံကိုဒုတ်နဲ့ထိုးသူ ဂျယ်ယွန်းအား မသိမသာလိမ်ဆွဲ၍ မျက်စောင်းထိုးပြလိုက်လေသည်။

သုံးနာရီလောက်ကြာပြီးနောက် မြက်ခင်းပြင်ပေါ်တွင် ပုလင်းခွံနှင့်သံဗူးခွံတချို့ စုပုံလာသည်။ လွန်ခဲ့တဲ့ငါးမိနစ်ကတည်းက နောက်ပြန်လဲှသွားသောဂျုံဆောင်းက အသိစိတ်ရှိသေးသော်လည်း အတော်လေးရီဝေနေရှာပြီ။ ဆူအာကတော့ အေးလာလို့ သူ့အမေလာခေါ်သွားတာ ညဦးပိုင်းကတည်းက။ သူတို့နှစ်ဦးသာ သောက်ကောင်းကောင်းနှင့်ဆက်သောကမိကြခြင်းသာ။ ဂျယ်ယွန်းကတော့ ခြေဆန့်ကာ လက်နောက်ပစ်ထောက်ရင်း ကောင်းကင်ကြီးကိုငေးလျက်။ သူ့လက်မောင်းသူခေါင်းအုံးကာ လေအေးအေးမှာ တအင်းအင်းညည်းညူကာမျက်စိမှိတ်လှဲနေသောဂျုံဆောင်းက အေးနေပုံပေါ်သည်။ ဘောင်းဘီတိုအောက်က ခြေထောက်ဖွေးဖွေးလေးကလည်း ရေခဲတမျှအေးစက်ပြီး ခြင်ကိုက်ခံရတဲ့နေရာတချို့ကလည်း ရဲလျက်။

ဂျယ်ယွန်းသည် သူ၏ Hoodieကိုချွတ်၍ ဂျုံဆောင်း၏ အဝတ်လွတ်နေသောနေရာလေးအားခြုံပေးလိုက်သည်။ ထို့နောက် တအီအီဖြစ်နေသော ဂျုံဆောင်းဘေးတွင်ဝင်လှဲရင်း

"အွန်း...မင်းတော်ပြီလား? ဒါဆိုဝင်အိပ်ရအောင်လေ။ ဒီမှာ ခြင်တွေကိုက်တယ် တအားပဲ"

"နေပါဦး ဂျုံဆောင်းရယ် ခဏလေး ခဏလေးထပ်လှဲနေရအောင်။ ငါနဲ့မင်း ဒီလိုလေး နှစ်ယောက်တည်း..."

ဂျုံဆောင်းနှင့်ဂျယ်ယွန်းသည် ကြယ်ရောင်တောက်ပသောည၊ရေကူးကန်ဘေးက မြက်ခင်းပြင်ပေါ်ရှိ အခင်းလေးပေါ်‌တွင် မျက်နှာချင်းဆိုင်လှဲအိပ်လျက်ရှိသည်။

ဂျုံဆောင်းက အေးအေးဆေးဆေးပင်ဂျယ်ယွန်းအား လိုက်လျော၍ ဆက်လှဲနေခဲ့သည်။ ဂျယ်ယွန်းက အတော်လေးမမူးသေးတာမို့ သတိကောင်းကောင်းရှိနေသေးသည်။ သူ့မျက်နှာအားလာ၍ရိုက်ခတ်နေသော ဂျုံဆောင်း၏စည်းချက်မှန်မှန်အသက်ရှူသံများကို လိုက်လံရေတွက်ရင်း ဂျယ်ယွန်းသက်ပြင်းချလိုက်သည်။

ချစ်တယ်...

ချစ်လို့မရဘူးလား...

ဒီတိုင်း ချစ်နေလို့မရဘူးလား...

သုံးမိနစ်လောက်စိုက်ကြည့်ခံနေရတာကို ဆဌမအာရုံက သတိထားမိသွားသည်ထင့် ဂျုံဆောင်း၏မျက်ဝန်းတွေကပွင့်ဟလာခဲ့သည်။ သို့သော်ဘာမျှအသံပြုမလာဘဲ သူကလည်း ဂျယ်ယွန်းမျက်ဝန်းတွေအားထပ်မံစိုက်ကြည့်လျက်။

ဂျယ်ယွန်း၏လက်တွေက ဂျုံဆောင်း၏ ဆံပင်တွေပေါ်ကူးလူးသွားလာနေသည်။ ထို့နောက် ဘေးတစောင်းလှဲနေသည့်ဂျုံဆောင်း၏ပါးပြင်ပေါ်ကိုရော။ ဘာကိုမှအာရုံရှိပုံမရသည့်ဂျုံဆောင်းက မျက်စိတွေပြန်မှိတ်ပြီး ဂျယ်ယွန်း၏လက်တွေနှင့်ထိတွေ့ရသည်ကို ကြောင်ငယ်လေးတစ်ကောင်လိုဇိမ်ယူလျက်ရှိသည်။

ဂျယ်ယွန်းအရဲစွန့်ပြီး မျက်စိစုံမှိတ်ကာ ဂျုံဆောင်း၏မျက်နှာနားသို့ တိုးကပ်သွားခဲ့သည်။ ဂျုံဆောင်းကလည်း ကြိုတင်မျှော်လင့်ထားသလိုမျိုး သူ့မျက်ဝန်းတွေကိုပိတ်ချလိုက်သည်။ လပြည့်ည၏ လရောင်အောက်မြက်ခင်းပြင်ထပ်ဝယ် သူတို့နှစ်ဦး အလှဆုံးကဗျာတစ်ပုဒ်အား ရေးသားခဲ့ကြသည့်နှယ် ရင်ဘတ်တွေ နိမ့်ချည်မြင့်ချည်မြင့်တက်ကြသည်အထိ နှုတ်ခမ်းနှစ်စုံအား ထိကပ်ထွေးယှက်စေကာ နှလုံးသားတံခါးအားဖွင့်ဟပြသခဲ့ကြသည်။

*****

2019ခုနှစ်...

ညခင်း၏လေပြည်က အေးဆေးငြင်သာစွာတိုက်ခတ်လျက်ရှိသည်။ လမ်းမထက်ဝယ် အရှိန်ပြင်းပြင်းပြေးလွှားနေကြသည့် ကားရောင်စုံများ၏ ညမီးရောင်ကို Penthouseမှာ ဝိုင်တစ်ခွက်သောက်ရင်း ဂျုံဆောင်း ကြည့်၍ငိုင်နေခဲ့သည်။

လွန်ခဲ့သည့်လက ဂျုံဆောင်းရော၊ ဂျယ်ယွန်းရော ဘွဲ့ယူခဲ့ကြသည်။ ထုံးစံအတိုင်း ဘဝကနောက်တစ်ဆစ်ချိုးထပ်မံပြောင်းလဲသွားသည့်သူတို့အတွက် မိဘတွေရဲ့အစီအစဉ်ကလည်းရှိပြီးသားပင်။ ဂျယ်ယွန်းကတော့ ဘွဲ့ရပြီးမိဘလုပ်ငန်း၌အလုပ်ဝင်ဖို့အပြင် ဘာမျှရေရေရာရာမရှိ။ ဂျုံဆောင်းရဲ့မိဘတွေကတော့ လုပ်ငန်းတွေကိုဦးစီးနိုင်သေးသည်မို့ ထူးချွန်သည့်ဂျုံဆောင်းအား ဆွေမျိုးတချို့ရှိသည့် U.S.ကိုပို့ပြီး စာဆက်သင်ခိုင်းရင်ကောင်းမလားတိုင်ပင်နေဆဲ။

ဆူအာလည်း ခုရက်ပိုင်းကျန်းမာရေးသိသိသာသာတိုးတက်လာသည်။ အခုလို ဂျယ်ယွန်းနဲ့ဂျုံဆောင်းအားနေသည့်ကာလတွေဆိုလျှင် ဆူအာကိုဝိုင်းအလိုလိုက်ပြီး အချိန်ပေးဖြစ်ကြတာမို့ ဆူအာရဲ့ကျန်းမာရေးအခြေနေက တိုးတက်နေတာများသည်။

နောက်ဆုံးလက်ကျန်ဝိုင်အနည်းငယ်အား အကုန်သောက်ပြီးနောက် ဂျုံဆောင်းသက်ပြင်းသဲ့သဲ့ချကာ ဝိုင်ခွက်အားစားပွဲပေါ်ခပ်ကြမ်းကြမ်းဆောင့်ချလိုက်သည်။ ထို့နောက် မတ်တပ်ရပ်လျက်ပင်သူ့မျက်ရိုးတွေအား သူ့ဟာသူဖိနှိပ်ရင်း နှုတ်ခမ်းတွေဟာ သိသိသာသာမဲ့နေခဲ့သည်။

ထိုစဉ် ရုတ်တရတ်အခန်းတံခါး၌ နံပါတ်ရိုက်နှိပ်သံတချို့ထွက်ပေါ်လာပြီးနောက် အခန်းထဲ အလောတကြီးပြေးဝင်လာသည့် ဂျယ်ယွန်း၏မျက်နှာမှာလည်း ပူလောင်မှုအငွေ့အသက်တွေကို အတိုင်းသားမြင်နေရပုံထောက်လျှင် ဂျယ်ယွန်းလည်း ထိုသတင်းအား သိပြီးလောက်ပြီထင်၏။

"မောင်တို့ဘယ်လိုလုပ်မလဲ?

မောင်! မောင်! အမှန်တိုင်းပြောလိုက်မယ်! နော်?"

"ဟင့်အင်း မပြောနဲ့!!"

ဂျုံဆောင်း၏အသံသည် သူ့မျက်နှာနှင့်ဆန့်ကျင်ဘက်ဖြစ်စွာတည်ငြိမ်လျက်ရှိသည်။

ဂျယ်ယွန်းသည် ဂျုံဆောင်းအဖြေအားမကြားလိုက်သလိုပင်သဘောထားကာ ဂျုံဆောင်း၏ပုခုံးနှစ်ဖက်အား မနာအောင်ခပ်တင်းတင်းလေးဖိကိုင်ထားသည်။

"အဆင်ပြေမှာပါ ဂျုံဆောင်းရဲ့။ ဂျုံဆောင်းကဒီတိုင်းလေးပဲ နှုတ်ဆိတ်နေပေး၊ သူတို့မေးလာရင် ခေါင်းသာညိတ်ပြလိုက်။ အဲ့တစ်ခုလေးပဲတာဝန်ယူပါကွာ။ ကျန်တာ မောင့်တာဝန်ထားပါ မောင်ရှင်းပါ့မယ်..."

ဂျယ်ယွန်းအားမော့ကြည့်လာသည့် ဂျုံဆောင်းမျက်ဝန်းတွေက ခံစားချက်ကင်းမဲ့စွာဖြင့် သေချာသည့်ဆုံးဖြတ်ချက်တစ်ခုအား ချပြီးပုံပေါ်သည်။

"မောင်! မင်း ငါပြောတာ မကြားဘူးလား? မပြောနဲ့ဆို! ဒီတိုင်း လက်ခံလိုက်"

"ပတ်ခ်ဂျုံဆောင်း! မင်း ဘာတွေထဖောက်တာလဲ? နဂိုတည်းက ငါတို့တိုင်ပင်ပြီးသားလေ ရှေ့တစ်ပတ်ကျရင် အသိပေးကြမယ်လို့၊ မင်းပဲငါ့ကို အဆင်သင့်ဖြစ်နေပြီလို့တိုက်တွန်းပြီး အခုကျမှ ဘာအရူးထနေတာလဲ ဟမ်? ပြော! "

တကယ်တော့ လာမည့်အပတ်နှစ်ဘက်မိသားစုဆုံပြီး အပြင်မှာညစာထွက်စားကြတဲ့အခါ မိဘတွေအား သူတို့နှစ်ဦး၏ဆက်ဆံရေးအား ထုတ်ပြောကြဖို့စီစဉ်ပြီးဖြစ်သည်။ သို့သော် မနေ့ညကမှရုတ်တရတ်ကြီး နှစ်ဘက်မိဘတွေက ဆူအာနှင့်ဂျယ်ယွန်းအား လက်ထပ်စေချင်ကြောင်း အသိပေးခဲ့ကြသည်။

အမှန်ဆို ဂျယ်ယွန်းကြားကြားချင်းသိပ်ပြီးတုန်လှုပ်ခဲ့သည်။ ဂျုံဆောင်းဟာ သူ့ချစ်သူဖြစ်နေတာတောင်မှ ဒီဆုံးဖြတ်ချက်ကပြောင်းလဲဖို့ ငါးဆယ်ရာခိုင်နှုန်းတောင်မသေချာတာ သူလက်မခံချင်လည်းလက်ခံခဲ့သည်။ ဂျုံဆောင်းဟာ သားလိမ္မာ၊ အကိုကောင်းတစ်ယောက်ဖြစ်လာဖို့အတွက် ရက်စက်သည့်ချစ်သူတစ်ယောက်အဖြစ်ခံဖို့ ဝန်မလေးမှန်း ဂျယ်ယွန်းရင်နာနာနှင့် ခန့်မှန်းထားပြီးဖြစ်သည်။ သို့သော် သူ့ဘက်ကလက်မလျှော့ဘူးဆိုသည့်စိတ်နှင့်ပင် တင်းခံခဲ့ခြင်းဖြစ်သည်။

"မောင်...မင်းသိပါတယ်။ မင်းလည်းခန့်မှန်းမိလောက်မှာပါ။ ငါက ဆူအာ့အတွက်ဆို ငါကိုယ်တိုင် စိတ်လိုလက်ရနဲ့ ဘေးဖယ်ပေးမှာ မင်းသိပါတယ်...ဒါကြောင့် မင်းငါ့ကို လိပ်ပြာလုံလုံနဲ့ထားခဲ့ပါ။ မုန်းချင်လည်း မုန်းလိုက်ပါ။ဒါငါ့ဘက်က အတတ်နိုင်ဆုံးလိုက်လျောပေးတာပါ မောင်ရယ်...ငါတောင်းလည်းတောင်းပန်ပါတယ်"

"ဒါဆ်ို မောင်ကရော! မောင်ကရောလို့? မောင်ကခံစားချက်မရှိတဲ့အရုပ်မို့လို့လား? မောင်က မင်းတို့မောင်နှမနှစ်ယောက်အချင်းချင်း နားလည်မှုတွေယူပြီး ဟိုပို့ဒီပို့လုပ်လို့ရတဲ့ အရုပ်မှမဟုတ်တာ ပတ်ခ်ဂျုံဆောင်းရဲ့!"

ဂျယ်ယွန်းသည် သူ့အားမျက်နှာလွှဲထားသူဂျုံဆောင်းအား ချော့တစ်လှည့်ခြောက်တစ်လှည့်အော်ဟစ်သောအခါ ဂျုံဆောင်းသည် အရုပ်ကြိုးပြတ်ပစ်ထိုင်ချကာ အံကြိတ်ငိုလျက်။

"ဂျုံဆောင်း! မောင်ပြောတာနားထောင်ပါဦး။ နော်? မင်းကိုဘယ်သူမှအဲ့လိုလုပ်ဖို့တာဝန်ပေးမထားဘူး။ မင်းတာဝန်လည်းမဟုတ်ဘူးလေ။ ဆူအာ့အတွက် မောင့်ဂျုံဆောင်းကအနစ်နာခံထားတာတွေက လုံလောက်တာထက်ပိုပါတယ်ကွာ... တစ်ခါလောက် တစ်ကိုယ်ကောင်းဆန်လို့လည်း ဘာမှမဖြစ်ဘူး။ မောင့်မျက်နှာကိုကြည့်ပါဦးကွာ။ မင်းလည်း မောင့်ကိုချစ်တယ်လေ!"

ဂျယ်ယွန်းက အတင်းအကြပ်ဖက်လျက်ဖြောင်းဖြနေသော်လည်း ဂျုံဆောင်းက သက်ပြင်းချကာ ပါးပြင်‌ေပါ်ရှိမျက်ရည်တွေကို အတင်းပွတ်ဆွဲ၍သုတ်သည်။ ထို့နောက် ဂျယ်ယွန်းထံမှရုန်းထွက်ကာ စိတ်မွမ်းကြပ်ဟန် သူ့အင်္ကျီအား ဆွဲချေမွသည်။ ထိုအခါ သူ့လည်ပင်းရှ်ိ‌ငွေရောင်ဆွဲကြိုးမျှင်လေးနှင့် တွဲလျက်ဝတ်ထားသည့် လက်စွပ်လေးက ဖိထားသည့် အင်္ကျီကြားကထွက်လာသည်။ ထိုလက်စွပ်သည် ဂျယ်ယွန်းသူ့အား ဖွင့်ပြောသည့်နေ့က ဂျယ်ယွန်းကိုယ်တိုင်သူ့အား လက်တွင် ဝတ်ပေးခဲ့သော အမှတ်တရပစ္စည်းလေးဖြစ်ပြီး လူမြင်ရင်အမေးမြန်းခံရမှာစိုးတဲ့ဂျုံဆောင်းက ဆွဲကြိုးလေးဖြင့် လည်ပင်းမှာဆွဲကာ အမြဲအင်္ကျီအောက်တွင်ဖုံးဖိထားခဲ့ရသော သူတို့၏အထိမ်းအမှတ်လေးပင်။

ဂျုံဆောင်းသည် မျက်စိစုံမှိတ်ကာ ထိုအထိမ်းအမှတ်ဆွဲကြိုးလေးအား အားဖြင့်ဆွဲဖြုတ်လိုက်သည်။ ထို့နောက် ပြတ်ပါလာသည့် ဆွဲကြိုးနှင့် လက်စွပ်အားဂျယ်ယွန်း၏ လက်ထဲထည့်ကာ

"မောင်ရွေး...မောင်ဆူအာနဲ့လက်ထပ်မယ်ဆိုရင် မောင်နဲ့ငါသူငယ်ချင်းဆက်ဖြစ်လို့ရမယ်။ ဒါမှမဟုတ် ငါနဲ့ပဲလက်ထပ်မယ်ဆိုရင်တော့ ငါ့အလောင်းနဲ့မှလက်ထပ်လို့ရမယ်။ ငါ့အသက်က မင်းလက်ထဲမှာမောင်..."

ဂျယ်ယွန်းသည် ဂျုံဆောင်း၏မျက်လုံးများအား ကြက်သေသေသလိုစိုက်ကြည့်နေခဲ့သည်။ ထို့နောက် မဲ့ပြုံးပြုံးကာ သူဖက်ထားခဲ့သည့် ဂျုံဆောင်းကိုယ်လေးအား ခပ်ကြမ်းကြမ်းတွန်းလျက် ရယ်သံဖြင့်

"ပိုချစ်ရတဲ့သူက ငါဖြစ်နေတော့လည်း ဒီပွဲမှာ မင်းနိုင်ပါတယ် ဂျုံဆောင်း"

*****

2023, October
Seattle, Washington, USA

"ညစာ ဘာစားမလဲ? ကိုယ်ချက်ကျွေးမယ်"

ဟင်းချက်စရာတချို့ဝယ်လာသည့်ဂျုံဆောင်းက apartmentထဲဝင်ဝင်ချင်း အထုတ်တွေကို မီးဖိုထဲနေရာချရင်း ဧည့်ခန်းထဲတွင်ဖုန်းသုံးနေသော မိန်းကလေးအားလှမ်းမေးသည်။

"နေပါစေ ရောက်တုန်းရောက်ခိုက်မနှိပ်စက်ချင်ပါဘူး။ ကိုဈေးသွားတုန်း Budae Jjigaeချက်ထားတယ်။ ကို ဒီမှာနေတုန်း မစားဖြစ်တာကြာပြီထင်လို့။ သွား ကိုယ်လက်သွားဆေး၊ ပြီးရင်စားကြမယ်။"

"ဟုတ်တယ် ယွန်း။ ကိုယ်မစားတာကြာပြီ။ ဒါဆို ကိုယ်သွားပြီး ရေမိုးချိုးဦးမယ်"

"မြန်မြန်နော်။ ယွန်း ဟင်းပြန်နွှေးထားလိုက်မယ်"

ဂျယ်ယွန်းနဲ့ဆူအာရဲ့မင်္ဂလာပွဲပြီးကတည်းက ဂျုံဆောင်း မိဘတွေကိုခွင့်တောင်းပြီး ဘွဲ့လွန်ဆက်တက်ဖို့ Seattleကိုကျောင်းလာတက်ခဲ့တာ အခုဆို သုံးနှစ်ကျော် လေးနှစ်ရှိပြီ။ ရှေ့တစ်ပတ်နှစ်ပတ်ဆိုသူဘွဲ့ယူရမည်။ ပြီးလျှင်တော့ Seoulကိုသူအပြီးပြန်မှရတော့မည်။

သူပြန်ရောက်သည့်အခါ ယွန်းအယ်နှင့်လက်ထပ်ဖို့လုပ်ရမည်။ ပြီးတာနှင့် ဖေဖေ့လုပ်ငန်းတွေကိုသူလက်လွှဲယူပြီး ဒီတစ်လျှောက်လုံး ပင်ပန်းခဲ့သည့် မိဘတွေကိုပြန်အနားပေးရတော့မည်။ အနားပေးဆို တစ်မိသားစုလုံး အရိပ်တကြည့်ကြည့်ပြုစုခဲ့ရသည့်ဆူအာလည်း လွန်ခဲ့သည့်သုံးလကဆုံးသွားပြီ‌မဟုတ်လား။

"အမှန်ဆို ကို ဘွဲ့ယူပြီးရှေ့လမှာ ယွန်းတို့လက်ထပ်ရမှာကို... ဆူအာကိုလည်း မင်္ဂလာပွဲမှာရှိနေစေချင်ခဲ့တာ"

တကယ်ဆို ဂျုံဆောင်းနှင့်ယွန်းအယ်က လာမည့် Novemberတွင်လက်ထပ်ဖို့ရည်ရွယ်ထားသော်လည်း Juneလလောက်တည်းက အသည်းအသန်ဖြစ်လာသည့် ဆူအာကြောင့် နောက်ဆုတ်ထားခဲ့တာဖြစ်သည်။ ဂျုံဆောင်းကတော့ နောက်ဆုံးစာမေးပွဲအတွက်လုံးပန်းရင်း မရည်ရွယ်ဘဲ ဆူအာ့ဆီကို ဈာပနမှာပဲရောက်ဖြစ်ခဲ့သည်။

"ဖြည်းဖြည်းပေါ့။ သွက်သွက်လေးစီစဉ်လိုက်ရင် Januaryလောက် မင်္ဂလာပွဲလုပ်ဖြစ်မှာပါ"

"ဒါဆိုလည်း Februaryအထိစောင့်လိုက်မယ်ကွာ။ 14ရက်နေ့ဆိုဘယ်လိုလဲ? ယွန်းတော့ အသိပေးချင်လွန်းလို့ထိန်းမရတော့ဘူး။"

"ယွန်းလည်း အလုပ်တွေအပြီးသတ်ထား။ Scheduleတွေရော ဘယ်လိုလဲ?"

"အာ Scheduleတွေက...."

တိုက်ခန်းတွင်နှစ်ယောက်သား စကားကောင်းခဲ့ပြီး ညဆယ်နာရီခွဲလောက်မှ ယွန်းအယ်က ဂျုံဆောင်းနှင့်ရယ်ရယ်မောမောနှုတ်ဆက်ပြီး Hotelပြန်သွားခဲ့သည်။

မိဘတွေစီစဉ်ပေးသည့် ယွန်းအယ်နှင့်သူ့လက်ထပ်ပွဲအတွက် သူဘာမှအထူးတလည်မခံစားဖြစ်။ ဂျယ်ယွန်းနှင့်လမ်းခွဲခဲ့ပြီးကတည်းက သူ့နှလုံးသားက ဘာခံစားချက်မှ မရှိတော့တဲ့အထိကို အေးခဲထုံကျင်သွားခဲ့ပြီ။ လေးနှစ်နီးပါးအချိန်ဟာ မေ့ပစ်ဖို့မတတ်နိုင်တောင် နေသားကျဖို့တော့ကောင်းပြီမဟုတ်လား?

*****

မနက်ခင်းကို ကောင်းကောင်းအိပ်ရေးဝသောမျက်လုံးတွေနှင့် ဂျုံဆောင်းနိုးထလာသည်။ ညက ယွန်းအယ်ပြန်သွားပြီးနောက် သူဆူအာနှင့်ဂျယ်ယွန်းအားသတိရသလိုလိုဖြစ်လာသောကြောင့် ဘီယာတစ်ဗူးနှင့်အချိန်ဖြုန်းရင်း မနက်သုံးနာရီလောက်မှအိပ်ဖြစ်ခဲ့တာမို့။

9:45 a.m

ဂျုံဆောင်း ဖုန်းကနာရီကိုကြည့်မိမှ သူ့ဖုန်းထဲ miss call 10ခုခန့်ရှိနေသည်ကိုတွေ့သည်။

3ခါက မေမေ၊ 7ခါက ယွန်းအယ်။

နောက်ဆုံးအဝင်callက လွန်ခဲ့သည့် 15မိနစ်က ယွန်းအယ်ထံမှ။

ထိုစဉ်မှာပဲဖုန်းကရုတ်တရတ်ထမြည်လာသည်။ ဒီတစ်ခါတွင်တော့ ခေါ်ဆိုသူက မေမေ

"ဟယ်လို မေမေ့ အရေးကြီးကိစ္စရှိလို့လား?"

:ဟုတ်တယ်သား။ လောလောဆယ် ရရာလက်မှတ်နဲ့ ခဏပြန်ခဲ့ မေမေတို့သားနဲ့ဆွေးနွေးစရာ အရေးကြီးကိစ္စရှိတယ်။

"ဘာများလဲမေမေ တအားအရေးကြီးတာလား? သုံးပတ်လောက်စောင့်နိုင်ရင် သားအပြီးပြန်ခဲ့လို့ရတယ်လေ?"

:မရဘူးသား။ မေမေပြောတဲ့အတိုင်းသာလုပ်ပါ။ ဒါနဲ့သား သတင်းတွေ့ပြီးပြီမလား?

"မတွေ့-သားအခုမှနိုးတာမေမေ"

အလောတကြီးဖုန်းဆက်တဲ့ အမေကြောင့် ဂျုံဆောင်းပင်‌ေရာယောင်၍ အဆက်အစပ်မရှိတွေဖြေမိနေသည်။ ထိုစဉ် အခန်းထဲကို ဒုန်းစိုင်းဝင်လာသည့် ယွန်းအယ်ကြောင့် ဂျုံဆောင်းမေမေ့ဖုန်းကိုခဏချလိုက်ရသည်။

"ဘာတွေဖြစ်ကုန်တာလဲ ကို? ဟင်
ယွန်းမေးတာဖြေဦး။ ဘာအဆင်မပြေလို့ ဒီလိုလုပ်တာလဲ?"

ယွန်းအယ်သည်စိတ်မတည်ငြိမ်စွာ ဒေါနှင့်မောနှင့် ဂျုံဆောင်းအားအော်ဟစ်လျက်

"ယွန်း ဘာဖြစ်လာတာလဲ?
ကိုယ်ဘာမှမသိသေးဘူး"

"ဘာရယ်? ဒါဆိုပြမယ်!"

ထို့နောက်ယွန်းအယ်သည် သူမဖုန်းအားဖွင့်ကာ သတင်းတစ်ခုအား အမြန်ရှာပြီး ဂျုံဆောင်းထံကမ်းပေးသည်။

' *** Ent၏ သမီး မင်းသမီး ဂျောင်ယွန်းအယ်နှင့် *** groupမှ ဆက်ခံသူတို့၏ စေ့စပ်ပွဲအား တရားဝင်ဖျက်သိမ်းကြောင်း ကြေညာ '

*****

2023, October
Seoul, South Korea

ကိုကို....

ဒီစကားတွေကို မျက်နှာချင်းဆိုင်ပြီးငါပြောချင်ပေမယ့် နင်ကလည်းအခုအရေးကြီးတဲ့စာမေးပွဲကြောင့် ငါ့ကိုချက်ချင်းလာတွေ့နိုင်ငါကလည်း နင်နဲ့မျက်နှာချင်းဆိုင်ရင် ပြောထွက်တာမို့ အားနာနာနဲ့ စာပဲရေးလိုက်မယ်နော်... လူကိုယ်တိုင်တိုက်ရိုက်နားမထောင်လိုက်လို့ နင်ဝမ်းနည်းနေမှာစိုးလို့ပြောတာငါအဆင်ပြေတယ်

ငါ့အကိုဖြစ်တာ ပင်ပန်းတယ်လားကိုကို? နင်ငါ့အပေါ်မြဲအနစ်နာခံခဲ့သလောက် ငါကတော့ နင့်ကိုဒုက္ခတွေပဲပေးလိုက်နိုင်တာမို့ စိတ်ကောင်းပါဘူးငါက အတ္တလည်းကြီးခဲ့တယ်လား ကိုကို? နင်ဘယ်လိုတောင် ငါ့ကိုသည်းခံခဲ့လဲသိပေမယ့် ငါမိုက်ခဲ့တာတွေကို အသိတရားဝင်လာတော့ ငါအားနောင်တရနေပါတယ်ဟာဂျယ်ယွန်းနဲ့ငါလက်ထပ်ဖို့ မိဘတွေကိုတိုက်တွန်းခဲ့တာ ငါကိုယ်တိုင်ပါပဲဇနီးတစ်ယောက်ဖြစ်ချင်တဲ့ငါ့ဆန္ဒကို ငါတစ်ခါလောက်ဖြည့်ဆည်းချင်တာမို့ ငါတောင်းဆိုခဲ့တာပါငါ့ဘဝမှာသူစိမ်းယောက်ျားလေးဆိုတာကလည်း ဂျယ်ယွန်းအပြင်ရှိခဲ့တော့....ငါတမင်ရည်ရွယ်တာတော့မဟုတ်ပါဘူးဟာနင့်အပေါ် ငါလွန်မိတာတွေကို အခုလိုတောင်းပန်ရင် ငါအသေဖြောင့်တာမို့ ဒီစာကိုငါရေးလိုက်တာပါဂျယ်ယွန်းကဘာအပြစ်မှရှိဘူး ကိုကို

နောက်ပြီး မနှစ်က ငါသားလေးမွေးတယ်ကိုကိုသူ့မှာ နင့်လို အရမ်းလှတဲ့မျက်လုံးလေးတွေရှိတယ်ဘယ်လိုပဲဖြစ်ဖြစ် သက်တမ်းစေ့မနေနိုင်တာချင်းတူတူ စိတ်ချမ်းသာတာလုပ်ပြီး နည်းနည်းစောသေလည်းဆိုးဘူးမဟုတ်လားကိုကို? ဒါကြောင့် ငါသားလေးကိုမွေးခဲ့တာနောက်ပြီး ဂျယ်ယွန်းကို ငါရှိတော့ရင် အထီးမကျန်စေချင်ဘူးလေဒါပေမယ့် ငါကထင်ထားတာထက်စောစောထွက်သွားတော့မယ်ထင်တယ်ကိုကိုငါနင့်ကိုတွေ့ချင်ပါတယ်ဒါပေမယ့် နင်ငါ့ကိုတွေ့ချင်မှာမဟုတ်တာ ငါနားလည်ပါတယ်‌ဒါကြောင့်ငါစာပဲရေးလိုက်ပါတယ်

နောက်ပြီး အရှက်ရှိစွာနဲ့ပဲ နောက်ဆုံးဆန္ဒအဖြစ် နင့်ဆီကငါတောင်းဆိုချင်တာရှိတယ်ငါရှိတော့ရင် ဂျယ်ယွန်းနဲ့သားကို ငါနင်နဲ့ပဲစိတ်ချချင်တယ်ကိုကိုနင့်ရဲ့လိမ္မာခဲ့တဲ့ညီမရဲ့ နောက်ဆုံးဆန္ဒကိုကျေနပ်ဖြစ်ပြီးဘဲဖြစ်ဖြစ် ပြည့်အောင်ဖြည့်ဆည်းပေးပါလား? ဒါဆိုငါကောင်းကောင်းထွက်သွားလို့ပြီကိုကိုနောက်ဘများထပ်ရှိရင် ကျိန်းသေကျန်းကျန်းမာမာနဲ့မွေးဖွားလာပြီး နင့်ကိုအကြွေးဆပ်မှာပါချစ်တယ် ကိုကို

တ်ခ်ဆူအာ

20.6.23

ဂျုံဆောင်း စာကိုအဆုံးထိဖတ်ပြီးနောက် စိတ်တင်းထားသော်လည်း ထိန်းမရဘဲကျလာသောမျက်ရည်တစ်စက်က အောက်ဆုံးရှိ ပတ်ခ်ဆူအာဆိုသည့်နာမည်ပေါ် ပေါက်ခနဲကျသွားသည်။ ထို့နောက်ဂျုံဆောင်းအတန်ကြာသည်အထိ မိဘနှစ်ပါးရှေ့ဝယ် စာရွက်လေးကိုင်ကာ ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်နေခဲ့သည်။

“သားပြန်လာမှပြမလို့ပဲ။ ဈာပနတုန်းက မင်းလည်းစာမေးပွဲမပြီးသေးတော့ အာရုံထွေပြားမှာစိုးလို့ မပေးလိုက်တာ ”

ဖေဖေကဂျုံဆောင်း၏ပုခုံးအား အသာအယာပုတ်ကာ ပြောပြသည်။

“ဒါ‌ပေမယ့်ဂျုံဆောင်းရယ် ဂျယ်ယွန်းမိဘတွေက ဂျယ်ယွန်းကိုနောက်အိမ်ထောင်ပြုစေချင်နေကြတယ်။ တခြားဟာထက် မြေးလေးအတွက်ပဲသူတို့က မိဘတစ်ယောက်ရှာချင်တာပါ။ ဒါကြောင့်လွန်ခဲ့တဲ့နှစ်ရက်လောက်က သူတို့ဂျယ်ယွန်းကိုနောက်အိမ်ထောင်ချပေးမှာနဲ့ပတ်သတ်ပြီး သေချာရှင်းပြတောင်းပန်သွားတယ် ”

မေမေကတော့ ဂျုံဆောင်းဂျယ်ယွန်းတို့မိသားစုကို အထင်လွဲသွားမှာစိုးရိမ်နေသည်။

“အဲ့တော့မေမေတို့ တိုင်ပင်ကြည့်ခဲ့တယ်။ မြေးလေးအတွက် အတတ်နိုင်ဆုံးသူစိမ်းမဟုတ်တဲ့သူဖြစ်တာပိုကောင်းတယ်လေ။ နောက်ပြီး သမီးလေးရဲ့ဆန္ဒကိုလည်း သိပြီးသားဆိုတော့ သားကိုပြေးသတိရလိုက်တယ်ဂျုံဆောင်း။ ကူညီပါဦးသားရယ်။ မေမေတို့မြေးလေးနဲ့မဝေးချင်ဘူး။ နောက်ပြီး မင်းတို့ကသူငယ်ချင်းတွေပဲဟာ လက်ထပ်ထားပြီးလည်း အဆင်ပြေသလိုပဲနေကြပါ။  ဂျယ်ယွန်းမိဘ‌တွေကလည်း ဒါကိုသဘောတူကြတယ်”

“အဲ့ဒါနဲ့ပဲ ယွန်းနဲ့စေ့စပ်ပွဲကို ကိုယ့်သဘောနဲ့ကိုယ်ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ကြတာလား? ယွန်းတို့ဘက်ကိုအားနာဖို့ကောင်းပါတယ်မေမေရာ။ ယောက်ျားလေးဘက်က ရုတ်တရတ်ဖျက်သိမ်းတယ်ဆိုတော့ ယွန်းလိုမျိုး သရုပ်ဆောင်တစ်ယောက်အတွက် ဘယ်လောက်တောင်ကောလဟာလတွေများတော့မလဲ? ”

“မေမေတို့သူ့မိဘတွေနဲ့ညှိပြီး သူတို့သဘောအတိုင်းနစ်နာကြေးပေးခဲ့တယ်ဂျုံဆောင်း။အဲ့ဒါကြောင့်လည်း သူတို့ဘက်ကဘဲကြည်ကြည်သာသာနဲ့ တရားဝင်အသိပေးလိုက်ကြတာပေါ့။ စိတ်မကောင်းပေမယ့် တတ်နိုင်တာလည်း အဲ့ဒါအပြင်မရှိဘူးသား ”

ငွေမျက်နှာကိုဦးစားပေးကြတဲ့မိဘတွေဆိုတော့လည်း သမီးဖြစ်သူအတွက်နစ်နာမှုလို့ မသတ်မှတ်ကြဘူးထင်ရဲ့။

ရစရာမရှိအောင်စုတ်ပြတ်သွားတဲ့ဆက်ဆံရေးကို ဂျုံဆောင်းပြန်လှည့်မကြည့်ချင်တာကြာခဲ့ပြီ။ တစ်သက်လုံး မပတ်သတ်တော့ဖို့ဆုံးဖြတ်ထားပြီး ခပ်တန်းတန်းနေခဲ့ပေမယ့် အခုလိုပြန်ပတ်သက်ရမယ်ဆိုတော့ အတော်လေးတော့ စိတ်ထွေပြားမိတာအမှန်ပဲ။

“မေမေတို့စိတ်တိုင်းကျသာစီစဉ်ကြပါ။ ဒါပေမယ့် ကျွန်တော့်ဆန္ဒမပါတာမို့  ရှေ့လျှောက် နှစ်ယောက်ဆက်ဆံရေးကို မေမေတို့ကတိအတိုင်း ဝင်မစွက်ဖက်ပေးဖို့ပဲ တောင်းဆိုပါတယ်”

ဘယ်လောက်ပဲ ဆုံစရာလမ်းမရှိလည်း ရေစက်ကျန်နေသေးရင် ပြန်ဆက်ရသေးတာပဲဆိုတာကို ဂျုံဆောင်းရင်လေးစွာလက်ခံမိတော့သည်။

*****

ဘွဲ့ယူပြီး ရက်ပိုင်းအကြာမှာ ဂျုံဆောင်း Seoulကိုအပြီးပြန်လာခဲ့ပြီး လူကြီးတွေစီစဉ်တဲ့အတိုင်း အသိအမှတ်ပြုသည့်သဘောသာသာ အကျဉ်းချုံ့ဧည့်ခံပွဲကို လူနှစ်ဆယ်မပြည့်သော နှစ်ဘက်မိသားစုဖြင့်သာ ကျင်းပခဲ့သည်။ ပြီးတာနဲ့ ဆူအာနှင့်ဂျယ်ယွန်းနေခဲ့သည့်အိမ်ကိုတန်းပြောင်းပြီးနေနေတာ တစ်လပြည့်တော့မည်။

ဂျယ်ယွန်းကတော့ သူ့အလုပ်နှင့်သူအံဝင်ခွင်ကျရှိပြီးသားမို့ ဂျုံဆောင်းက အိမ်မှုကိစ္စနှင့် ကလေးကိုပြုစုစောင့်ရှောက်ဖို့သာ တာဝန်ယူရသည်။

‘ဂျောင်ဟွန်း’ ‘correct rank'ဆိုသည့် အဓိပ္ပါယ်ကောက်ပြီး ဆူအာကိုယ်တိုင်ပေးခဲ့တဲ့နာမည်နဲ့ သူ့တူလေးက တစ်နှစ်ပြည့်ရုံပဲရှိသေးသည်။ ကျန်းမာရေးကြီးကြီးမားမားထိခိုက်ခံပြီး မွေးခဲ့ပေမယ့် ‘အမေ'ခေါ်သံတစ်ခါတောင်မကြားလိုက်ရသည့် ဆူအာ့အတွက်ဂျုံဆောင်းစိတ်မကောင်းဖြစ်မိသည်။

“ နေရတာ အဆင်မပြေတာရှိရင် အချိန်မရွေးပြောလို့ရတယ်။ နောက်ပြီး တရားဝင်မိသားစုဝင်လည်းဖြစ်တာမို့ အိမ်ကိစ္စ၊သားကိစ္စ အကုန် ကောင်းမယ်ထင်တာ စီစဉ်လို့ရတယ်။ ငါက မိုးလင်းမိုးချုပ် အလုပ်နဲ့အချိန်ကုန်နေတာမို့ သားကိုအပ်ပါတယ်”

“အိမ်‌ကိစ္စရော၊ကလေးကိုရော စိတ်မပူဘဲ အလုပ်ကိုသာစိတ်ဖြောင့်ဖြောင့်နဲ့ နားနားနေနေလုပ်ပါ။ မင်းနဲ့ ကလေးကိုတော့ ငါသေချာတာဝန်ယူနိုင်လို့ အိမ်အကူတွေပြန်လွှတ်လိုက်ပြီမို့ ရှေ့လျှောက် တိုင်ပင်စရာ၊ စီစဉ်ခိုင်းစရာတွေရှိရင် ပြောလို့ရတယ် ”

တကယ်လည်း ဂျယ်ယွန်းကမနက်ရုံးသွား  ညရုံးပြန်ရတဲ့အပြင် စစချင်းရက်တွေမှာ အချင်းချင်းရှောင်ဖယ်နေကြရင်း သူတို့နှစ်ယောက်စကားစပြောဖို့ ရက်နှစ်ဆယ်လောက်ကြာသွားခဲ့သည်။

ဂျယ်ယွန်းကသူ့အား မချေမငံတွေပြောဆိုမယ်ထင်ထားပေမယ့် ထင်သလိုမဟုတ်ဘဲ အနည်းငယ်စိမ်းနေရုံသာ။ ဆူအာဆုံးကာစလည်းဖြစ်တော့ စိတ်ဖိစီး၊အလုပ်ပင်ပန်းနေတဲ့ ဂျယ်ယွန်းပုံစံကြောင့် နောက်ရက်တွေကစလို့ အခုထက်ပိုပြီး ဟင်းတွေဂရုတစိုက်ချက်ကျွေးဖို့၊ ညစာကိုအိမ်မှာစားရန်မှာဖို့ ဂျုံဆောင်းစီစဉ်လိုက်သည်။

*****

“report‌တွေကို လာမယ့်သောကြာအမှီတင်ပေးဖို့ ဌာနကိုသတိပေးပေး၊ နောက် စနေနေ့ကစပြီး ရှေ့တစ်ပတ်လုံးမှာ ချိန်းထားတာမျိုး၊ ခရီးသွားစရာမျိုးရှိမရှိပြန်စစ်ပေးပြီး ရှိရင်ရက်ရွှေ့တာဖြစ်ဖြစ်လုပ်ပေးထားပါ။ ”

“ဟုတ်ကဲ့ခင်‌ဗျ။ အာ…ရှေ့တစ်ပတ်ထဲဆို ဂျောင်ဟွန်းလေးမွေးနေ့ထပ်ရောက်လာပြီပဲ။ ဒီနှစ်ရော ဘယ်လိုခရီးထွက်မှာလဲ?”

“ဒီနှစ်တော့ ဘယ်မှမသွားဘဲ သူ့အဖိုးအဖွားတွေအိမ်ပဲသွားလည်တော့မယ်။ သူ့ဖေဖေလေးတောင် ဆေးရုံမဆင်းရသေးလို့ ခရီးမသွားဖြစ်တော့ဘူး။ ”

“အာ ဒါဆိုနားရက်မှာသေချာလေး ပြန်ဂရုစိုက်ပေးလိုက်ပါဦး ”

“အဲ့လိုလုပ်မှာပါဗျ။ မသိရင် ကျွန်တော်ကပစ်ထားတာကျနေတာပဲ ”

“အဲ့သဘောမဟုတ်ပါဘူးဗျာ။ ဒါဆို အပြန် ဆေးရုံကိုဘဲ ဝင်ပို့လိုက်မယ်နော်? ဂျောင်ဟွန်းလေးရော ဆေးရုံမှာပဲလား? ”

“ဟုတ်တယ် နေ့နေ့ညညသူ့အဖေဆီမှာပဲ အိပ်လိုက်စားလိုက်နဲ့ လူနာစောင့်နေလေရဲ့။ အာ ဒါနဲ့ အတွင်းရေးမှူးအီလည်း ကျွန်တော်အလုပ်နားတဲ့တစ်ပတ်အတွင်း ကိစ္စအထွေထူးမရှိရင် အိမ်မှာမိသားစုနဲ့အချိန်ကုန်လိုက်ပါ ”

“အဲ့လိုပဲလုပ်ဖို့ စီစဉ်ထားပါတယ်”

ဂျယ်ယွန်း သူ့အတွေးရေးမှူးနဲ့ဆေးရုံဆီမရောက်မချင်းစကားပြောရင်းလာခဲ့သည်။ အလာမှာ သားဖြစ်သူစားနေကျ snackတချို့နဲ့ ဂျုံဆောင်းစားနေကျဆိုင်က စွပ်ပြုတ်တစ်ပွဲလောက်ဝင်ဝယ်ခဲ့လိုက်သည်။

အစတုန်းကတော့ နှစ်ယောက်သား အနည်းငယ် ‌ရှောင်ဖယ်ရှောင်ဖယ်လုပ်ခဲ့ကြသော်လည်း အခု သားအသက်လည်းလေးနှစ်ပြည့်ခါနီးပြီဆိုတော့ သူတို့ကြား အရင်လိုအတော်အတန်ပြန်ပြေလည်သလောက်ရှိနေပြီ။

“ဒယ်ဒီ လာပြီ!”

“ ဟွန်း လဲမယ်နော်!”

အခန်းတံခါးဖွင့်လိုက်တာနဲ့ သူ့ဆီပြေးခုန်တက်တဲ့ သားကိုဂျယ်ယွန်းက အထုတ်အပိုးတွေကြားက အဆင်ပြေပြေကောက်ချီလိုက်နိုင်သော်လည်း ကလေးကိုချော်လဲမှာစိုးသည့် ဂျုံဆောင်းက အော်ဖြစ်အောင်အော်မိသည်။ အရင်လိုဆို ကလေးလဲမှာစိုးလို့ နောက်ကလိုက်ထိန်းမှာပေမယ့် အခုက IV Dripနဲ့ဆိုတော့ စိတ်ရှိတိုင်းထမပြေးနိုင်။

“ဒယ်ဒီ ဂျုံဆောင်းကဒီနေ့နေ့ခင်းမအိပ်ဘူး။ ဆူပေးဦး အဲ့ဒါ ”

သားဖြစ်သူက ဂျယ်ယွန်းလည်ပင်းအားလက်နှစ်ဖက်နှင့်အားရပါးရဖက်ကာ ဂျုံဆောင်းကိုတိုင်သည်။ သူစိတ်ကြည်တဲ့အခါကျ ဦးငယ်လေး၊ ဒါမှမဟုတ် ဖေဖေလို့ခေါ်တတ်ပေမယ့် စိတ်ဆိုးတဲ့အခါကျ နာမည်ကိုခေါ်တတ်တာက ဂျောင်ဟွန်းရဲ့ချစ်စရာအကျင့်လေးတစ်ခု။

“ဆူလိုက်မယ် ဆူလိုက်မယ်။ သားသားကတော့ ခဏနေ ဖိုးဖိုးတို့လာရင် အိမ်ပြန်မယ်နော်! ”

“ဒယ်ဒီ‌ရော? ”

“ဒယ်ဒီက မင်းဖေဖေကိုဒီညစောင့်ပေးမှာ”

ဂျုံဆောင်းကငြင်းဖို့ပြင်နေပေမယ့် ဂျယ်ယွန်းကအလျှော့မပေးနိုင်သည့် မျက်နှာပေးဖြင့်ကြည့်လိုက်တော့ ဘာမှဆက်မပြောလာ။

“စွပ်ပြုတ်ဝယ်လာတယ်။ အရည်ပဲသောက်နော် ”

“ အင်း ”

“သက်သာလား? ဘယ်လို‌နေသေးလဲ? ”

“သက်သာတယ်။ ဆေးရုံ‌တောင်ဆင်းလို့ရနေပြီကို မင်းဆက်ထားလို့နေနေရတာ ”

ဂျောင်ဟွန်းငယ်တုန်းက အတော်လေးဂျီကျလွယ်ပြီးထိန်းရခက်တာမို့ ဂျုံဆောင်းက အရမ်းဂရုစိုက်ရင်း အအိပ်အစားပျက်တာမျိုးတွေရှိရာက ကြိမ်ဖန်များလာတော့ ခုလိုအချိန်မျိုးကျ ကျန်းမာရေးအခြေမနေက အမှားမခံတော့။ ရှေ့လက ဂျယ်ယွန်းရောဂျောင်ဟွန်းရောတူတူဖျားတာကို ဂျုံဆောင်းပြုစုရင်း အစားမမှန်တာ၊ အစားကိုပြီးစလွယ် မဆင်ခြင်စားတာမျိုးတွေလုပ်မိတော့ ဂျယ်ယွန်းတို့သက်သာကာစမှာသူကအစာအိမ်သွေးကြောပေါက်လို့ ဆေးရုံတင်ရတာ အခုဆိုတစ်လပြည့်တော့မည်။ တကယ်က သက်သာပြီဆိုပေမယ့် အားရှိစေချင်တာမို့ ဂျယ်ယွန်းက ဆရာဝန်နဲ့တိုင်ပင်ပြီး ခုထိဆေးရုံပေးမဆင်းခိုင်းတာဖြစ်သည်။

“ခဏနေသားကိုဖေဖေတို့လာခေါ်မှာလား ဂျယ်ယွန်း? ”

“အင်း အဖေတို့ကဆေးရုံမှာတစ်ချိန်လုံးထားရတာစိတ်မချဘူး။ ကလေးက်ိုရောဂါတွေကူးမှာစိုးလို့တဲ့။ ငါတို့ကိုလည်း အေးဆေးနားကြတဲ့”

“ဒါဆို လာမခေါ်ခင် ခဏဖြစ်ဖြစ် ဒီနားကကစားကွင်းကိုလိုက်ပို့ပေးလိုက်ပါဦး။ သူသွားချင်နေတာ”

“မင်းတစ်‌ယောက်တည်း ရလို့လား? ”

“ရတယ်။ ငါအိပ်နေမှာပါ ”

“‌ငါတို့သားအဖအလစ်မှာဆေးရုံကခိုးဆင်းလို့ကတော့ အသေပဲ ”

ဂျယ်ယွန်းက ဂျုံဆောင်းခေါင်းလေးကို လက်ညိုးနဲ့ဖွဖွထိုးကာ စပြီးနောက် ကလေးကိုခေါ်ကာ လမ်းလျှောက်ထွက်သွားသည်။

တစ်ယောက်တည်းကျန်ခဲ့တုန်း နားမယ်ကြံကာမှ ဖုန်းဝင်လာ၍ကောက်ကိုင်လိုက်တော့ ဆက်သူက ယွန်းအယ်။ သူကသတင်းကြားပြီး လူနာသတင်းမေးဖို့ ဆေးရုံရောက်နေပြီဆိုတော့ ဂျုံဆောင်းလည်းမငြင်းနိုင်ဘဲ အခန်းကိုလမ်းညွှန်ရတော့သည်။

အမှန်ဆို သူတို့အဆက်အသွယ်မရှိတော့တာ စေ့စပ်ပွဲပျက်ပြီးကတည်းက။ ဒါပေမယ့် လွန်ခဲ့သည့်သုံးလေးလလောက်က ယွန်းအယ်ကပြန်ပြီးဆက်ဆံလာသည်မို့ဂျုံဆောင်းလည်း ရေလိုက်ငါးလိုက်ပြန်နေပေးဖြစ်ခြင်းပင်။

လမ်းခွဲပြီးနောက် ဂျုံဆောင်းကတော့ အချစ်မပါသော်လည်း အိမ်ထောင်တစ်ခုကို အိန္ဒြေရရတည်ထောင်နိုင်သွားပေမယ့် ယွန်းအယ်ကတော့ သူ့မိဘတွေရဲ့ဖိအားပေးမှုဖြင့် စီးပွားရေး၊နိုင်ငံရေး၊ဖျော်ဖြေရေးလောကတွေက သူဌေးတွေနှင့် စိတ်မပါဘဲဆက်ဆံနေရစမြဲ။

“သတင်းကြားတည်းက လာချင်တာ။ ခရီးရောက်နေလို့ ”

“ကိစ္စမရှိပါဘူး။ ဖုန်းနဲ့သတင်းမေးလည်းရပါတယ် ”

“ကို…”

ဂျုံဆောင်းအနေခက်စွာအကြည့်လွှဲလိုက်မိသည်။

“ ဘာလို့သူစိမ်းတွေလို ဆက်ဆံတာလဲ? ယွန်းတို့ ဘယ်အထိပတ်သတ်ခဲ့သလဲ မေ့လိုက်ပြီလား?”

“မဟုတ်ဘူး‌လေ။ ဘယ်အထိပတ်သတ်ခဲ့တယ်ဆိုတာထက် အခု ဘယ်လိုအနေအထားတွေဖြစ်နေပြီဆိုတာကို ပိုစဉ်းစားရမယ်မလား ယွန်းအယ်? ”

“ဟင့်အင်း ကို…ယွန်းကို့ကို ဟိုးငယ်ငယ်တည်းကချစ်တာ အခုလည်းချစ်တယ် နောင်လည်းချစ်တာမို့ဆက်စောင့်နေမှာ… ”

“ ဘာကို စောင့်တာလဲ?”

“ကို ယွန်းဆီကို ပြန်လာမှာကိုစောင့်မှာ!”

“ ယွန်းအယ်…မစောင့်နဲ့။ ဒါနင့်ကို‌ ပြောပြနိုင်တဲ့ ငါ့သ‌ဘောထား အကုန်ပဲ”

“ကို့တူကြောင့် လက်ထပ်ရတာဆို? ခုဆိုကလေးလည်းနားလည်တဲ့အရွယ်ရောက်နေပြီလေ။ ကို ဂျယ်ယွန်းနဲ့ကွာလိုက်လည်း ကလေးကကိုတို့အသိုင်းဝိုင်းနဲ့သံယောဇဉ်ရှိနေပြီပဲဟာ ပြန်လာခဲ့ပါ နော်? ”

“ကလေးမဆန်ပါနဲ့ယွန်းအယ်။ ဒါကစားနေတာမဟုတ်ဘူး။ ပြီးတော့ ငါ့သားကိုလည်း ငါမခွဲနိုင်ဘူး ”

“သား? ထားပါ။ အချိန်ပေးမှာမို့ ခေါင်းအေးအေးပြန်စဉ်းစားပါ။ ယွန်း အခု‌ေတာ့ပြန်ဦးမယ်။”

ဘာမှ ခေါင်းအေးအေးထားပြီးစဉ်းစားစရာမှမလိုဘဲ။ ဂျုံဆောင်းက ယွန်းအယ်ကိုအစတည်းက ချစ်ခဲ့တာမှမဟုတ်တာ။ မိဘတွေစေ့စပ်ပေးခဲ့လို့ အလိုက်အထိုက်ပြန်ဆက်ဆံပေးရုံသပ်သပ်ပဲဟာ။ ဒါပေမယ့် မိန်းကလေးတစ်ယောက်ကို အစတည်းကမချစ်ခဲ့ဘူးဆိုတာမျိုးထုတ်ပြောရတဲ့အထိတော့ သူမယုတ်ညံ့ချင်တာမို့ အဲ့ဒီ့အမှန်တရားကိုတော့သေတဲ့အထိယူသွားလိုက်ဖို့ ဂျုံဆောင်းရည်ရွယ်ထားလိုက်သည်။

ယွန်းအယ်ပြန်သွားပြီးတဲ့နောက် ဂျုံဆောင်းစိတ်ညစ်ညစ်နှင့်လမ်းလျှောက်ထွက်ခဲ့သည်။ ညရဲ့လေပြည်အေးအေးက ကြက်သီးထရုံမျှတိုက်ခတ်လျက်။ ဆေးရုံအပြင်ဘက်ဆီရောက်လာတော့ ကစားကွင်းကပြန်လာသည့် သားအဖနှစ်ယောက်နှင့်ဆုံသည်။

“ နှစ်‌ယောက်သားဘာရပ်လုပ်နေတာလဲ? အထဲမဝင်ဘဲနဲ့ ”

“သားသားကိုလာခေါ်နေပြီဆိုလို့ တစ်ခါတည်းထည့်ပေးပြီးမှဝင်လာမလို့ ”

“ဟွန်း အေးလား? ဖေဖေဖက်ထားရမလား?”

“ရတယ် မ‌အေးဘူး ဒါပေမယ့်ဖက်ထား ”

“ရတာ‌ပေါ့ လာပါဦး
အွန်း…အားတွေရှိသွားပြီကွာ ”

“ဒါဆိုအားတွေပြည့်အောင် အကြာကြီးဖက်ထား ”

“ဖက်ထားမှာ‌ေပါ့…”

မျက်စ်ိရှေ့က ကလေးလေးနှစ်ယောက်ကျီစယ်နေသလိုမြင်ကွင်းအား ဂျယ်ယွန်းကြည့်ပြီးသဘောတွေကျလျက်။

“ဟွန်း ဖိုးဖိုးတို့ကားလာပြီ!”

လာခေါ်တဲ့ကားရောက်တာနဲ့ ဂျယ်ယွန်းက သားကိုချီပြီး ကားထဲပို့သည်။ အပြင်ပြန်ထွက်မယ်လုပ်ကာမှ သားကလက်ကုပ်ပြီးလှမ်းခေါ်တာမို့ သူရော တစ်ဘက်က ဂျုံဆောင်းရော ကားတံခါးဝသို့တိုးကပ်လာမိသည်။

“ဒယ်ဒီက သားအစားဖေဖေ့ကို‌စောင့်ပေးမယ်ဆို သားလိုမျိုး မနက်ကျဖေဖေနိုးတာနဲ့ အာဘွားပေးလိုက် ”

ဂျောင်ဟွန်းစကားအဆုံးဝယ် ဂျုံဆောင်းနှင့်ဂျယ်ယွန်းမှာ ရှက်ပြီးငြိမ်ကျသွားသော်လည်း ကားထဲကအဖိုးနဲ့အဖွားလုပ်သူကတော့ ရယ်မောလျက်သူတို့မြေးအား စကားတတ်သည်ဆိုကာ ‌မြှောက်ပင့်ပြောကြပြီး ကားမောင်းထွက်သွားတော့သည်။

“သားမ‌အေးဘဲ မင်းအေးနေတာမလား?
လာခဲ့ ”

ဂျယ်ယွန်းက သူ့ကုတ်အင်္ကျီကိုချွတ်ပြီး ဂျုံဆောင်းကိုယ်ပေါ်လွှားပေးလိုက်သည်။

သားထွက်သွားပေမယ့် သူတို့ချက်ချင်းအထဲပြန်မဝင်ဖြစ်ဘဲခုံတန်းလေးတစ်ခုပေါ်ခဏထိုင်မိကြသည်။ ဂျုံဆောင်းကဂျယ်ယွန်းရဲ့ကုတ်အင်္ကျီကို တင်းတင်းခြုံရင်း အေးစိမ့်စိမ့်အရသာကိုခံစားနေပြီး ဂျယ်ယွန်းက အပြန်လမ်းမှဝယ်လာတဲ့ဘီယာဗူးကို အားရပါးရမော့သောက်နေသည်။

ကုန်သလောက်ရှိတဲ့ဘီယာဗူးကို အသာချရင်း ဂျယ်ယွန်းရဲ့လက်တွေက ထိုင်ခုံကိုအားပြုထောက်မိတော့ သူ့အရင်ထောက်ထားတဲ့ ဂျုံဆောင်းရဲ့လက်ဖဝါးအေးအေးလေးကိုသွားဖိမိသည်။

“‌ ဆောရီး”

“ ရတယ်”

အတော်လေးသက်သာလာပေမယ့် သာမန်ဆိုပျားရည်လိုဝင်းဝင်းဝါဝါရှိတတ်တဲ့ဂျုံဆောင်းမျက်နှာလေးက ခုတော့ ဖြူဖျော့ဖျော့ဖြစ်နေရာက ညအအေးဒဏ်ကြောင့် ပန်းရောင်သမ်းနေသည်။

ဖိထားတဲ့လက်ကိုမဖယ်ပေးဘဲ အောက်ကလက်ဖဝါးအေးအေးလေးကို ဂျယ်ယွန်းသူ့လက်ထဲထည့်ကာ နွေးသွားအောင်ခပ်ဖွဖွနှိပ်နယ်ရင်း အပူပေးနေလိုက်သည်။

ဂျုံဆောင်းကလည်း ဘာမှပြောမလာဘဲ ငြိမ်ခံလျက်။

“လပြည့်ညထင်တယ်။ ကြယ်တွေလည်းအများကြီးပဲ”

နည်းနည်းအနေခက်သည့်အခြေနေမျိုးမဖြစ်ရအောင် ဂျုံဆောင်းက တိတ်ဆိတ်သည့်အခြေအနေကို ဖြိုခွင်းလိုက်သည်။ ထိုအခါဂျယ်ယွန်းက ခြေထောက်ချထားသောမြက်ခင်းပြင်ကို ဖိနပ်ဖြင့်ထိုးဆွရင်း

“မှတ်မိလား အထက်တန်းစာမေးပွဲနောက်ဆုံးနေ့ ဒီလိုကြယ်စုံတဲ့လပြည့်ညတုန်းက ကမ်းခြေမှာ မင်းနဲ့ငါပထမဆုံး…”

“ပြောမှဖြင့်ပြီးအောင်ပြော။ ငါကဆယ်ကျော်သက်လေးမဟုတ်တော့လို့ အရှက်သည်းမနေပါဘူး ”

“ရေစက်ဆိုတာလက်ခံပြီလား? မင်းငါ့ကိုတခြားဘဝကိုအတင်းပို့ခဲ့လည်း အခုငါနဲ့အတူပြန်ရှိနေရပြီမဟုတ်ဘူးလား? ”

ဂျယ်ယွန်းကအနိုင်ဘက်ကမို့ ဝမ်းသာအားရပြောနေသော်လည်း ဂျုံဆောင်းကတိတ်ဆိတ်စွာဖြင့် ပြုံးနေရုံသာ။

ဂျုံဆောင်းလက်ဖဝါးကိုနှိပ်နယ်နေသော ဂျယ်ယွန်းရဲ့လက်တို့ရပ်တန့်သွားသည်။ ထို့နောက် ဂျယ်ယွန်းသည် ကမ်းခြေကညတုန်းကလိုမျိုး ဂျုံဆောင်းနှုတ်ခမ်းတွေထံမျက်စိစုံမှိတ်ထပ်တိုးကပ်လာသည်။ ဂျုံဆောင်းကလည်း အရင်အတိုင်း မျက်ဝန်းတွေမှိတ်ချဆဲ…

ထိုညလည်း ဆေးရုံဝန်းရဲ့ထောင့်တစ်နေရာဝယ် ဂျုံဆောင်းမောဟိုက်သွားသည်အထိ သူတို့အနမ်းချင်းဖလှယ်ခဲ့ကြသည်။

*****

“အာ… ပြစရာရှိတယ် နေ့လည်ကသားအိပ်နေတာ ကြောင်‌ေလးကျ‌ေနတာပဲ။”

ဆေးရုံဆင်းမယ့်နေ့ဆိုတော့ အလုပ်များတာမို့ သားကိုခေါ်မလာဘဲ အဖိုးအဖွားအိမ်မှာပဲထားခဲ့လိုက်သည်။

ဆေးရုံဆင်းဖို့ ပစ္စည်းတချို့သိမ်းရင်းဂျုံဆောင်းက ဖုန်းဖွင့်ကာ သူရိုက်ထားသော ဂျောင်ဟွန်းရဲ့ပုံကိုထုတ်ပြဖို့ပြင်သည်။ lock screenကိုဖွင့်ပြီးရုံရှိသေး

“ခဏ ငါအရေးပေါ် toiletဝင်လိုက်ဦးမယ်
ပြန်လာရင်ပြမယ်”

Toiletထဲပြေးဝင်သွားတဲ့ဂျုံဆောင်း‌ကိုကြည့်ရယ်ရင်း ဂျယ်ယွန်းအသုံးအဆောင်တချို့ကို သိမ်းဆည်းလျက်ကျန်ခဲ့သည်။ ထိုစဉ် ဂျုံဆောင်းဖုန်းထဲသို့ messageတစ်စောင်က သိသိသာသာflashမီးပွင့်ပြီးဝင်လာတာကို သူသတိထားမိသည်။ သူများကိုယ်ရေးကိုယ်တာကို ဝင်မစွက်ဖက်သင့်တာသိပေမယ့် ပို့သူက ဂျောင်ယွန်းအယ်ဖြစ်နေတာမို့ ဂျယ်ယွန်းစိတ်မထိန်းနိုင်ဘဲ ဖွင့်ဖတ်ကြည့်လိုက်သည်။

‘ လာမယ့်တနင်္ဂနွေနေ့ ကိုတို့မိသားစု *** Hotelမှာ ညစာစားမယ်ဆိုတာသိထားတယ်။ ယွန်းလည်းအဲ့မှာပွဲတက်ဖို့ရှိတယ်။ ပြီးရင် ညတွင်းချင်း ယွန်း Milanကိုခရီးထွက်ဖို့ရှိတယ် အဲ့ခရီးကကိုနဲ့ယွန်းရဲ့ honeymoonအဖြစ်သတ်မှတ်ဖို့ ဆုံးဖြတ်ချက်သေချာပြီဆို ယွန်းနဲ့တစ်ခါတည်းလိုက်ခဲ့ပါ ’

စာဖတ်ပြီးသည်နှင့် သူ့ရင်ထဲလစ်ဟာသွားသလိုခံစားလိုက်ရသည်။ ဂျုံဆောင်းက သူ့ဘဝထဲကနောက်တစ်ခါထပ်ထွက်ပြေးသွားဦးမည်။ ဒီတစ်ခါဆို သားပါထားခဲ့ခံရမှာဖြစ်ပြီး ဘယ်တော့မှပြန်မလာတော့တာမျိုးလည်းဖြစ်လောက်သည်။

သားကိုကစားကွင်းလိုက်ပို့သည့်ညကတည်းက အပြန်မှာ ဂျုံဆောင်းအခန်းထဲကထွက်လာသည့် ယွန်းအယ်ကိုမြင်တာမို့ သူတို့သားအဖ အပြင်ဘက်ကို ပြန်ရှောင်ထွက်ခဲ့ရသေးသည်။ အဲ့ကတည်းက ဂျယ်ယွန်းဒီလိုအခြေအနေတွေကို ကြိုမှန်းထားခဲ့ပေမယ့် ဖြစ်လာတော့လည်း သူ့မှာအစိမ်းသက်သက်ကြီး။

တံခါးဖွင့်သံကြားတာနဲ့ ဂျယ်ယွန်း ဖုန်းကို ခြေရာလက်ရာမပြတ်ပြန်ချထားလိုက်သည်။

“ပုံ ကိုယ့်ဟာကိုယ်ရှာကြည့်‌ေနတာလား?”

“အင်း…ရှာ ရှာပေမယ့် မတွေ့ဘူး ”

“လာ ငါပြမယ် ”

*****

“ဂျယ်ယွန်း…စားလေ! ရောက်ကတည်းက ငုတ်တုတ်ကြီးငိုင်ပြီး ဘာဖြစ်နေတာလဲ? ”

မျက်နှာချင်းဆိုင်က သားနဲ့ဂျုံဆောင်းကရယ်ရယ်မောမောညစာစားနေကြသော်လည်း ဂျယ်ယွန်းမှာ စားစရာတွေရှေ့ချထားပြီး တွေဝေလျက်

“ရင်ပြည့်နေလို့ပါ ”

“အဲ့ဒါဆို ဖြည်းဖြည်းစား။ မစားဘဲတော့မနေနဲ့ ”

ဒီနေ့က သားရဲ့မွေးနေ့လည်းဖြစ်သလို ယွန်းအယ်ပြောထားတဲ့ တနင်္ဂနွေနေ့လည်းဖြစ်သည်။ ဂျုံဆောင်းနဲ့ယွန်းအယ်ဆုံမိမှာစိုးလို့ သူ VIP roomကို bookingလုပ်ထားတာဖြစ်သည်။ သို့‌ပေမယ့် သူဘယ်အတိုင်းအတာအထိများဆွဲထားနိုင်မလဲ? ကာယကံရှင်ကထွက်သွားချင်တယ်ဆို ဘာများတတ်နိုင်မှာလဲ?

အတွေးနစ်မျောနေစဉ် စားပွဲပေါ်ချထားတဲ့ ဂျုံဆောင်းရဲ့ဖုန်းကထမြည်သည်။ သူရင်တွေတုန်နေပေမယ့်လည်း မဖြစ်ဖြစ်အောင်ခိုးကြည့်မိလိုက်သည်။ ‘ယွန်းအယ်’ဆိုသည့်နာမည်ပင်။

“ခဏ‌နော် ”

ဆယ့်ငါးမိနစ်လောက်ကြာပြီးနောက်မှာ မျက်နှာမကောင်းစွာဖြင့် ဂျုံဆောင်းပြန်ဝင်လာခဲ့သည်။ ထွက်သွားတုန်းကပုံစံနှင့်ခြားနားစွာ မကြည်မသာပြန်ဝင်လာတဲ့ ဂျုံဆောင်းက သူ့ကိုလည်းအကြည့်ချင်းမဆုံသလို သားကိုသာ ဝမ်းနည်းစွာစိုက်ကြည့်နေခဲ့သည်။

ဝိုင်ခွက်ကိုင်ထားတဲ့ဂျယ်ယွန်းလက်တွေ မသိမသာတုန်ယင်လာသည်။

“ဟွန်း! အောက်မှာ ဖိုးဖိုးနဲ့ဖွားဖွားတို့‌ရောက်နေကြပြီတဲ့။ သွားကြိုမလား? ”

“ဟုတ် ဖေဖေ သွားခေါ်လိုက်မယ် ”

ဂျုံဆောင်း ပ,ထုတ်လိုက်လို့ သားထွက်သွားသည်နှင့် ဂျယ်ယွန်းမှာဟန်မဆောင်နိုင်စွာ

“ဘာပြောစရာရှိလို့လဲ? ”

ဂျုံဆောင်းက လိပ်ပြာမလုံစွာခေါင်းကိုငုံ့ထားသည်။

“ဂျောင်ယွန်းအယ်ဆီလိုက်သွားချင်လို့လား? ”

“မောင် ဘယ်လိုသိ–? ”

ထွက်သွားခါနီးမှ ‘မောင်’လာခေါ်နေပြန်သည့် ဂျုံဆောင်းကသူ့အား ရင်ကွဲနာကျကျန်ခဲ့စေချင်ပုံပင်။

“ သွား! လိုက်သွား!
ဒီတစ်ခါတော့ ပြန်မလာနဲ့! ငါတို့သားအဖကို သေရေးရှင်ရေးဖြစ်ရင်‌တောင်လှည့်မကြည့်ဘဲ အပြီးထွက်သွားတော့! ”

“ မောင်!”

“မင်းအစတည်းက ငါ့ဆီပြန်မလာချင်တာပါ။ မင်းအမြဲငါ့ဆီကို အကြောင်းပြချက်တွေနဲ့ရောက်လာပြီး အကြောင်းပြချက်တွေနဲ့ဘဲ ပြန်ထွက်သွားတာပဲလေ။ ပထမကဆူအာကြောင့်မင်းထွက်သွားတယ်။ ဆူအာကြောင့်ပဲမင်းပြန်လာတယ်။ အခုဂျောင်ယွန်းအယ်ကြောင့် မင်းထပ်ထွက်သွားဦးမယ်။ ဒါပေမယ့် ပြန်မလာနဲ့တော့ ”

သူ့ဆီလျှောက်လာပြီး လာထိန်းကိုင်တဲ့ဂျုံဆောင်းအား ဂျယ်ယွန်းက ဂနာမငြိမ်စွာပြန်တွန်းလွှတ်ရာ ရုန်းရင်းဆန်ခတ်ဖြင့် ဂျုံဆောင်း၏ အ‌ပေါ်ဆုံး အင်္ကျီကြယ်သီးပြုတ်ထွက်သွားသည်။

ထို့နောက် သူမြင်လိုက်ရသည်က တစ်ချိန်ကသူပေးဖူးတဲ့လက်စွပ်ဟာ ဂျုံဆောင်းလည်ပင်းမှာပြန်ချိတ်ဆွဲခံထားရသည်။

“‌မောင် ငါပြောတာနားထောင်ဦး! ငါပြောစရာရှိတာမှန်တယ်။ အဲ့ဒါတော့မဟုတ်ဘူး ”

“အဲ့ဒါမဟုတ်ရင် သားကို ဘာကိစ္စရှောင်ခိုင်းတာလဲ? ”

“သားသိစရာမလိုတဲ့ကိစ္စပြောမလို့ ”

စကားတွေသာပြောနေပေမယ့် ဂျယ်ယွန်းအကြည့်တွေက ဂျုံဆောင်းရဲ့လက်စွပ်ထံ၌သာ။

“ငတုံး‌ကောင်ပဲ မင်း! ”

“ဟင်? ”

“သားကငါ့ကိုဘာမှလျှို့ဝှက်မထားတတ်ဘူး။ ယွန်းအယ်လာတဲ့ညက မင်းတို့တွေအပြင်ပြန်ထွက်ပြေးတာသူပြောပြတယ်။ ငါ့messageကိုမင်းယူဖတ်တာလည်း ငါသိတယ်။ ဒါပေမယ့် မင်းကငါ့ကိုယုံတဲ့ပုံမပေါ်ဘူးလေ။ ငါထွက်သွားမယ်ပဲထင်တာ။ အဲ့ဒါ ငါ့ကိုအထင်သေးတာ။ ဒါကြောင့် အမြင်ကတ်ကတ်နဲ့ စိတ်ဆင်းရဲပါစေဆိုပြီး ထိုင်ကြည့်နေတာကို။ မင်းဟာက ဝုန်းဒိုင်းပါထကျဲတော့ များလွန်းနေပြီ ”

ဂျယ်ယွန်းက ထိုအခါမှ ဖရိုဖရဲဖြစ်နေသော အဝတ်တွေကိုပြန်ပြင်ဝတ်ပြီး မျက်နှာကချွေးတွေကို အမြန်ပြန်သုတ်နေပုံက အနည်းငယ်ပင်ရယ်စရာကောင်းသည်။

“အဲ့ အဲ့လက်စွပ်က… ”

“မင်းဆီကနေ မသိအောင်ပြန်ယူထားတာ။ ပြန်ဝတ်မလို့ ”

“ပြန်ဝတ်တယ်? ”

ဂျုံဆောင်းက လည်ပင်းကဆွဲချွတ်ကိုချွတ်ကာ လက်စွပ်ကိုလည်း ဖြုတ်ယူလိုက်သည်။ ထို့နောက် ဂျယ်ယွန်းလက်ထဲထည့်ပေးလိုက်သည်။

“ပြန်ဝတ်‌ပေး။ ဒီတစ်ခါတော့ လက်မှာ ”

ဂျယ်ယွန်းက မယုံကြည်နိုင်စွာဖြင့် လက်စွပ်ကိုယူကာ ဂျုံဆောင်း၏လက်သူကြွယ်မှာ ဝတ်ဆင်ပေးလိုက်သည်။

“ ပြောစရာရှိတယ်ဆိုတာ ငါက တကယ်လက်ထပ်ထားတဲ့သူတွေလိုနေကြမယ်လို့ပြောမလို့ဟာကို ”

ဂျုံဆောင်းက မျက်နှာကိုအောက်ငုံ့က လေသံတိုးတိုးဖြင့်ပြောသည်။

ဂျယ်ယွန်းကအလိုက်တသိဖြင့် ‌ဂျုံဆောင်းအားဆွဲဖက်ပြီး ခပ်ရဲရဲမျက်နှာအား သူ့ရင်ခွင်ထဲထည့်ထားပေးလိုက်သည်။

“ဖိုးဖိုးတို့ မလာပါဘူး!”

ပြန်ပြေးလာသည့် သားငယ်က ဖက်နေကြတဲ့သူတို့ကိုမြင်တော့ ဒေါကန်နေတဲ့ပုံလေးဖြင့် အခန်းထဲကို ခြေဆောင့်ဝင်လာသည်။

“မျက်စိမှိတ်ထား၊ မဟုတ်လည်း ဟိုဘက်လှည့်ထားလို့ပြောလည်းရတာကို လူကို သပ်သပ်မဲ့မောအောင်! အဲ့တော့ အာဘွားက ပေးပြီးပြီလား အခု? ”

“မပေးရသေးဘူး သားကိုစောင့်နေတာ ဖေဖေနဲ့သားကို တူတူပေးချင်လို့”

ဂျယ်ယွန်းစကားအဆုံး သားက သူတို့ကိုယ်နှစ်ခုအား အတင်းပြေးဝင်လာသည်။ နှစ်ယောက်လုံး ကလေးနှင့်တပြေးညီဖြစ်အောင်ထိုင်ချပြီးနောက် သားကသူတို့နှစ်ယောက်ကို အရင်ဖက်နမ်းတော့သည်။

ဂျယ်ယွန်းက သူ့ကိုဖက်ထားတဲ့သားကိုပြန်မလွှတ်သေးဘဲ သားမမြင်ခင်မျက်နှာချင်းဆိုင်က ဂျုံဆောင်း၏နှုတ်ခမ်းအား ခပ်မြန်မြန်နမ်းလိုက်သည်။

“ချစ်တယ်”

“အင်း ငါလည်းချစ်တယ်”

Back to you
15.11.2023

Happy Jaeyunie dayပါရှင့်။ နောက်ကျသွားလို့ 미안해요…
ဒါက ကိုယ့်ရဲ့ Commission bookလေးမို့ မကြာခင် ဒီမှာပဲ Sungjengတစ်ပုဒ်နဲ့ Hoonkiတစ်ပုဒ်ထပ်ရေးရမှာပါ။ မျှော်နေပေးကြပါဦး။

Back to you

[Jekjeng Commission]

Words - 10276

အမွတ္တရေတြဟာ အတိတ္မွာဘဲက်န္ခဲ့ရသည္။ ေကာင္းတဲ့အမွတ္တရျဖစ္ေစ၊ ဆိုးတဲ့အမွတ္တရျဖစ္ေစ၊ တစ္သက္လုံးမွတ္မိခ်င္တဲ့အမွတ္တရျဖစ္ေစ၊ လုံးဝေမ့ပစ္ခ်င္တဲ့အမွတ္တရျဖစ္ေစ အခ်ိန္တန္လွ်င္ေတာ့ အားလုံးဟာ အတိတ္မွာက်န္ခဲ့ရတာမ်ိဳးပင္။ နာမည္ကိုက 'အမွတ္တရ'တဲ့ 'အမွတ္'ဆိုတဲ့အတိုင္းမွတ္မိေနၿပီး 'တ,ရ'ဆိုတဲ့အတိုင္းတမ္းတလို႔ပဲ ရေတာ့တဲ့အရာေတြ။ ဂ်ဳံေဆာင္းကေတာ့ အမွတ္တရဆိုတဲ့ စကားကိုၾကားရင္ ထိုအမ်ိဳးသားကိုပဲ ေျပးျမင္မိသည္။ သူ႕ရဲ႕ ေကာင္းတာေရာ၊ဆိုးတာေရာ၊တစ္သက္လုံးမွတ္မိခ်င္တာေရာ၊ေမ့ပစ္ခ်င္တာေရာ စတဲ့အမွတ္တရအကုန္လုံးနီးပါးမွာ ထိုအမ်ိဳးသားဟာပါဝင္ခဲ့သည္။

ထိုအမ်ိဳးသား....

သူ႕ရဲ႕အမ်ိဳးသား....

သူမပိုင္ဆိုင္ခဲ့ရေသာ၊ သူ႕အပိုင္မဟုတ္ခဲ့ေသာ

သူ႕ရဲ႕ ထိုအမ်ိဳးသား.... ဂ်ယ္ယြန္း....

******

2015ခုႏွစ္

ညေနသုံးနာရီဆိုေသာ္ျငား ႐ြာခ်ေတာ့မည့္မိုးအေျခအေနေၾကာင့္ မွိုင္းအုံ႕ေနသည့္ေကာင္းကင္ဟာ ျမည္သံခပ္စိတ္စိတ္ထြက္ေပၚေနသည္။ စာသင္ခန္းအတြင္းမွာလည္း အခန္းမီးေတြထိန္ထိန္လင္းလို႔။

ေက်ာင္းရဲ႕အေတာ္ဆုံး selectionေတြကိုခြဲထုတ္ထားသည့္အတန္းျဖစ္သည္ဆိုသည့္အေၾကာင္းျပခ်က္ေၾကာင့္ ေဘးအခန္းေတြအသီးသီးအတန္းဆင္းသြားေသာ္ျငား ဂ်ဳံေဆာင္းတို႔အတန္းမွာ ေက်ာက္သင္ပုန္းက အူေၾကာင္ေၾကာင္ပုစ္ဆာမ်ားကို ထိုင္၍ တြက္ခ်က္အေျဖရွာေနရသည္။

စိတ္မပါရတဲ့အထဲ ဘယ္လိုတြက္တြက္မွားေနသည့္ပုစ္ဆာေၾကာင့္ ရွိသမွ်အာ႐ုံအကုန္ စာအုပ္ဆီပို႔လႊတ္ထားေသာ ဂ်ဳံေဆာင္း၏မ်က္ခုံးေတြတြန႔္က်ဳံ႕လ်က္။

ပုစ္ဆာအကုန္ၿပီးမွ အခန္းထဲကထြက္ရမည္ဆိုသည့္ဆရာမကလည္း ေရွ႕ရက္ေတြသူအလုပ္မ်ားေနတုန္းက သူ႕စာေတြကိုၿပီးစလြယ္လုပ္ထားသည့္ သူတို႔အတန္းအား ေတးထားသကဲ့သို႔ ကြိမ်လုံးကိုက်ိုင်လျက် အခန္းထဲပတ္ေလွ်ာက္ေနသျဖင့္ တစ္ခန္းလုံးအပ္က်သံပင္မၾကားရေအာင္ တိတ္ဆိတ္ေနသည္။

"ဂ်ဳံေဆာင္း ဂ်ဳံေဆာင္း!"

အေျဖမရတာတစ္မ်ိဳး၊ ဆရာမကိုေၾကာက္ရတာတစ္မ်ိဳးႏွင့္ ကူရာကယ္ရာမဲ့ေနစဥ္ နံေဘးက ဆတ္ဆတ္ႀကဲအတန္းေခါင္းေဆာင္မေလးက ဂ်ဳံေဆာင္းအား တံေတာင္ျဖင့္တြတ္ကာ တိုးတိုးေလးေခၚသည္။

"ဘာလဲဟာ အေျဖမထြက္ရတဲ့အထဲ။ ငါ့ကိုအာ႐ုံလာမေနာက္နဲ႕ ေဂ်ာင္ယြန္းအယ္"

ဂ်ဳံေဆာင္းစိတ္ရႈပ္ရႈပ္ျဖင့္ ခပ္တိုးတိုးဖိေအာ္ပစ္လိုက္သည္။

"ဟိုဘက္နားက ဘာသံေတြထြက္ေနတာလဲ? ဟိုႏွစ္ေယာက္က ဒီမွာမိုးလင္းေပါက္ေနမလို႔လား? စာအုပ္ထပ္ၿပီးမွျပန္လႊတ္မွာေနာ္!"

ဆရာမရဲ႕ေအာ္သံက်ယ္ႀကီးေၾကာင့္ ရွက္သြားသူဂ်ဳံေဆာင္းက သူ႕သူငယ္ခ်င္းမေလးအား တံေတာင္ျဖင့္ဆတ္ခနဲလွမ္းတြန္းကာ စိတ္ဆိုးေၾကာင္းျပၿပီး မုန္းစရာေကာင္းတဲ့ သခၤ်ာပုစ္ဆာေတြကိုဆက္တြက္ေနလိုက္သည္။

"ဟဲ့ ဂ်ဳံေဆာင္း

ပတ္ခ္ဂ်ဳံေဆာင္းေရ...."

အေၾကာက္အလန႔္မရွိေသာ ယြန္းအယ္အား ဆရာမကႀကိမ္လုံးႀကီးကိုင္ၿပီးေျပးရိုက္ဖို႔ ဂ်ဳံေဆာင္းဆုေတာင္းမိသည္။ ဒါမွမဟုတ္လည္း သူ႕ေဘးကေနဆြဲထုတ္သြားတာျဖစ္ျဖစ္။

"ဂ်ဳံေဆာင္းလို႔...."

ဂ်ဳံေဆာင္းသည္ ေဒါသျဖစ္ေနတဲ့မ်က္လုံးေတြနဲ႕ ယြန္းအယ္အား လူသတ္ေတာ့မလိုလွည့္ၾကည့္လာသည္။

"ဘာလဲ ဘာလဲလို႔...။ နင့္ဟာနင္ဒီမွာညအိပ္ခ်င္အိပ္ ငါေတာ့မအိပ္နိုင္ဘူး။ ဒါေၾကာင့္ ငါ့ကိုေအးေဆးစာေပးလုပ္။"

"ငါလည္း အဲ့ဒါေျပာမလို႔ေလ။ ဟိုမွာ နင့္ညီမအခန္းေရွ႕မွာေစာင့္ေနတယ္။"

ထိုအခါမွအျပင္ဘက္ကိုၾကည့္လိုက္ေတာ့ ေက်ာပိုးအိတ္ကိုမနိုင့္တနိုင္လြယ္ကာ ျပတင္းေပါက္မွန္မွာအေကာင္ေလးလို လာကပ္ေနတဲ့ညီမျဖစ္သူကိုဂ်ဳံေဆာင္းေတြ႕ရသည္။ ထို႔အျပင္ သူ႕ညီမေဘးမွာ သူ႕ညီမေလးလိုမ်ိဳး မ်က္ႏွာကိုျပတင္းေပါက္မွန္မွာကပ္၍ အခန္းထဲကိုေခ်ာင္းေနသည့္ ေနာက္ထပ္စပ္ၿဖီးၿဖီးအိမ္ျမႇောင္တစ္ေကာင္...

"ၿပီးေတာ့...နင့္ေယာက္ဖေရာပဲေလ"

ဂ်ဳံေဆာင္းသည္သူတြက္ေနသည့္ စာအုပ္ျဖင့္ ယြန္းအယ္၏ပုခုံးအား ဖတ္ခနဲျမည္ေအာင္ခ်လိဳက္ေတာ့ ယြန္းအယ္ကစိတ္မဆိုးဘဲ တခြိခြိရယ္ေနသည္။

ထိုအရာ၏အက်ိဳးဆက္အျဖစ္ ေနာက္ဆုံးစာအုပ္ထပ္ခ်ိန္ တစ္ခန္းလုံးေရွ႕တြင္ ဂ်ဳံေဆာင္းႏွင့္ယြန္းအယ္က ထိုင္ထ အခါငါးဆယ္လုပ္လာခဲ့ရသည္။

အေလာတႀကီးထိုင္ထလုပ္ၿပီး လြယ္အိတ္ဆြဲကာ အခန္းထဲကေျပးထြက္လာရေတာ့ ဂ်ဳံေဆာင္းခမ်ာ အခန္းေရွ႕ကညီမျဖစ္သူေရွ႕ဝယ္ ဒူးေခြက်ေတာ့မလိုေတာင္ျဖစ္သြားေသးသည္။

"ၾကာလိုက္တာကိုကိုရယ္ ငါကဗိုက္ဆာေနၿပီကို"

"ဒါဆိုလည္း ျပန္ႏွင့္လိုက္တာမဟုတ္ဘူး ဆူအာကလည္း။ ဂ်ယ္ယြန္းလည္းအေဖာ္ပါတာပဲ။"

ဂ်ဳံေဆာင္းသည္ သူ႕ညီမအားဗိုက္ဆာတဲ့အထိထားရမလားဆိုသည့္ မၾကည္ၾကည့္ျဖင့္ ဂ်ယ္ယြန္းအားလွမ္းၾကည့္ကာ ပါးစပ္မွလည္း တိုးတိုးေလးဆဲေရးေလသည္။

"ေဟ့ေကာင္ မင္းမမေလးကို ငါေျပာပါတယ္ေနာ္။ သူကေစာင့္မယ္ခ်ည္းေအာ္ၿပီး ငါ့ကိုေတာင္ရန္ေတြ႕သြားေသးတာ။ တကယ္ပါပဲ လိုက္လည္းလိုက္တဲ့အႁမႊာေတြ ငါ့ဆိုဆူမယ္ဆဲမယ္ဆိုတာခ်ည္းပဲ။"

ထိုအခါဂ်ဳံေဆာင္းက ဂ်ယ္ယြန္းအား လွမ္းကန္ေသာ္လည္း အလယ္မွာဆူအာရွိေနတာမို႔ ဂ်ယ္ယြန္းကိုမထိေသာ္လည္း ဂ်ယ္ယြန္းကခုန္၍ေရွာင္ကာ ရယ္လ်က္။ ေက်ာင္းေကာ္ရစ္ဒါတြင္ သူတို႔ႏွစ္ေယာက္အသံျဖင့္သာျပည့္လ်က္။

ထိုစဥ္ အက်ယ္ႀကီးျမည္လာသည့္ မိုးခ်ဳန္းသံေၾကာင့္ ဆူအာက သူ႕မနားႏွစ္ဖက္အားအုပ္လိုက္သလို ဂ်ဳံေဆာင္းႏွင့္ဂ်ယ္ယြန္းရဲ႕အသံေတြလည္းတိတ္သြားသည္။

"မင္းသာေနာက္မက်ရင္ ဒီမိုးနဲ႕ေအးေဆးလြတ္တယ္ ပတ္ခ္လိပ္ႀကီး။ သခၤ်ာကိုလိပ္လိုတြက္တယ္။"

သူ႕အလြန္မဟုတ္လည္း ဟုတ္သလိုလိုရွိေနတာမို႔ ဂ်ဳံေဆာင္းဘာမွ်ေစာတကတက္မေနေတာ့ပါ။ သူတို႔အားလုံးမွာထီးပါလာတာပဲဟာ။ သူကထီးက်န္ခဲ့ေပမယ့္ အိမ္ကကားနဲ႕လာႀကိဳတဲ့ ယြန္းအယ္ဆီက ထီးငွားလာခဲ့ေတာ့ အဆင္ေျပပါတယ္။

"ငါကထီးမယူခဲ့ပါဘူးဆို ပတ္ခ္ဂ်ဳံေဆာင္းရာ။ မင္းေက်းဇူးနဲ႕ႂကြက္စုတ္ျဖစ္ေတာ့မွာပဲ။ စိတ္ပ်က္စရာ"

ၾကမ္းျပင္ကသဲမႈန္ေတြအား ေျချဖင့္ထိုးဖြေနေသာ ဂ်ယ္ယြန္း၏ညည္းတြားသံသဲ့သဲ့ၾကားကာမွ ဆူအာလည္း လြယ္အိတ္ကိုဖြင့္ကာ သူမ၏ေခါက္ထီးကေလးအားအသည္းအသန္ရွာေတာ့သည္။

"ငါငွားထားပါတယ္ကြ မပူနဲ႕။ ငါနဲ႕တူတူေဆာင္း။ ဆူအာကေတာ့ထီးပါတယ္မလား? မနက္က ကိုကိုအဆင္သင့္ထုတ္ေပးလိုက္တယ္ေလ!"

ထို႔ေနာက္ လြယ္အိတ္အားစိတ္ပ်က္စြာပိတ္ေနသည့္ဆူအာက မ်က္ႏွာငယ္ေလးျဖင့္

"ငါမယူခဲ့မိဘူးကိုကို။ နင္တင္ေပးထားတဲ့စားပြဲေပၚမွာက်န္ခဲ့ၿပီဟ"

"ဆူအာရယ္ နင္မပါေပမယ့္ နင့္အကိုက ငွားထားတယ္ေလ။ ငါပဲမိုးေရခ်ိဳးရေတာ့မွာ"

ဂ်ဳံေဆာင္းစိတ္မပ်က္မိဘူးဆိုရင္ လိမ္ေနတာပဲျဖစ္မည္။ အၿမဲတမ္း အနစ္နာခံရလြန္းလို႔ သူဟာသူ႕မိသားစုရဲ႕ အိမ္ကၾကမ္းသုတ္ဝတ္ေလးတစ်ထည်လိုတောင်ခံစားရသည်။

"မဟုတ္တာ ငါ့ေၾကာင့္ေနာက္က်တာပဲ ေရာ့ ဆူအာ။ ညီမေလးနဲ႕ဂ်ယ္ယြန္းတို႔ႏွစ္ေယာက္အဖို႔ ေကာင္းေကာင္းဆန႔္ပါတယ္။ ကိုကိုမိုးေရခ်ိဳးလိုက္မယ္"

ဆူအာက အားနာလ်က္ ဂ်ဳံေဆာင္းဆီက ထီးေလးကိုမယူခ်င္ယူခ်င္ျဖင့္ယူလိုက္သည္။

"ငါ ငါ ထီးကို ေသခ်ာယူခဲ့လိုက္ရမွာကို"

"ဘာမွမျဖစ္ပါဘူး။ ယြန္းအယ္ရဲ႕ထီးက ပန္းပြင့္ႀကီးေတြပါေနတယ္ ဆူအာရဲ႕။ ကိုကိုမေဆာင္းခ်င္ဘူး။ သြား ဂ်ယ္ယြန္းနဲ႕ေဆာင္းလိုက္ မိုးဖြဲေတြက်ေနၿပီ။ ကိုကိုက မိုးေရစို႐ုံနဲ႕မဖ်ားဘူး။ သြား "

ဂ်ဳံေဆာင္းက ငိုမဲ့ငိုမဲ့ျဖစ္ေနေသာညီမေလးအား ၿပဳံးျပႏွစ္သိမ့္ၿပီး ေက်ာကိုဖြဖြေလးတြန္းကာ ေရွ႕ကသြားေစလိုက္သည္။

"ရင္ထဲထိသြားၿပီ။ ခ်စ္ဖို႔ေကာင္းတယ္"

ဂ်ဳံေဆာင္းက စပ္ၿဖီးၿဖီးဂ်ယ္ယြန္းအား ဘုၾကည့္ၾကည့္လိုက္သည္။

"ငါလည္းမင္းထီးနဲ႕ျပန္လိုက္မယ္ေနာ္ ေက်းဇူးပဲ ေယာက္ဖ!"

ထိုအခါ ဂ်ဳံေဆာင္းကလက္သီးျဖင့္႐ြယ္လိုက္ရာ ဂ်ယ္ယြန္းကလွ်ာထုတ္ေျပာင္ျပကာ ထီးေဆာင္း၍သြားႏွင့္ေနၿပီျဖစ္ေသာ ဆူအာေနာက္ေျပးလိုက္သြားသည္။

ဂ်ဳံေဆာင္းကေတာ့ အရွိန္ျပင္းျပင္းမိုးစက္ေတြၾကား ေက်ာပိုးအိတ္ကိုေခါင္းေပၚျမႇောက္ရင္း တစ္လွမ္းဆီ။

ဆူအာ....

ဂ်ဳံေဆာင္းနဲ႕တစ္ေန႕၊တစ္ခ်ိန္တည္းေမြးေသာ္လည္း မတူညီသည့္ဘဝႏွင့္ရွင္သန္ေနရသည့္ သူ႕ညီမေလးဆူအာ။ ႏွလုံးေရာဂါေမြးရာပါသည့္အျပင္ တအားခ်ဴခ်ာသည့္ညီမျဖစ္သူကို မင္းသမီးေလးလိုထားသည့္မိဘေတြက ဂ်ဳံေဆာင္းကိုေတာ့ ကိုယ္ရံေတာ္ျဖစ္ေစလိုက္သည္။ သူဆူအာကိုညီမေလးလိုခ်စ္ေသာ္လည္း ဒီတာဝန္ကိုသူ႕ဆႏၵႏွင့္သူယူခဲ့ရတာမ်ိဳးမဟုတ္။ သို႔ေသာ္ သူ႕မွာေ႐ြးစရာရွိမေနခဲ့။ ညီမျဖစ္သူအတြက္အားကိုးရသည့္အကို၊ ညီမျဖစ္သူမျဖည့္ဆည္းေပးနိုင္ေတာ့ေသာ အေဖနဲ႕အေမရဲ႕ႀကီးမားတဲ့ဆႏၵေတြအတြက္ ထူးခြၽန္အားထားရသည့္သား။ ထိုတာဝန္ေတြကို ဆယ့္ငါးႏွစ္သားအ႐ြယ္ႏွင့္မမွ်ေအာင္ ဂ်ဳံေဆာင္းထမ္းပိုးခဲ့ရသည္။

သူဟာလည္း အေသြးႏွင့္အသားႏွင့္လူပဲမို႔ ဝမ္းနည္းခံျပင္းရသည့္အခ်ိန္ေတြရွိသည္။ အခုလိုမ်ိဳး သူ႕ဘက္က အၿမဲျပည့္ျပည့္စုံစုံတာဝန္ေက်ခဲ့လ်က္ႏွင့္ေတာင္ ဘာမွအဆင္မေျပသည့္ အခုလိုအေျခအေနေတြ၊ သူပဲအနစ္နာခံခဲ့ရသည့္အေျခအေနေတြ။ ဂ်ဳံေဆာင္းတအားပင္ပန္းလြန္းလို႔ ငိုခ်င္လာမိသည္။အထူးသျဖင့္ တစ္ဖက္သတ္သေဘာက်ရသူအား သူႏွင့္တူတူထီးေဆာင္းေစခ်င္ေသာ္လည္း ညီမျဖစ္သူႏွင့္တစ္မိုးေအာက္ကို ပို႔ေပးလိုက္ရသည့္ အခုလိုအခ်ိန္မ်ိဳးမွာ။

သည္းႀကီးမဲႀကီး႐ြာခ်ေနသည့္ မိုးစက္ေတြၾကား ထီးေအာက္မွာ ထိကပ္ေနတဲ့ခႏၶာႏွစ္ခုအား မလွမ္းမကမ္းမိုးေရထဲက ေကာင္ေလးဟာ ပင္ပန္းခ်ိနဲ႕စြာ ေငးၾကည့္လ်က္ရွိသည္။ သူ႕တစ္ကိုယ္လုံးမွာမိုးေရေတြစိုေနခဲ့ေပမယ့္လည္း သူ႕မ်က္ေတာင္ေတြကေတာ့ မိုးေရမဟုတ္သည့္ မ်က္ရည္ေတြစိုေနခဲ့သည္။

*****

တကၠသိုလ္ဝင္ခြင့္တစ္ျဖစ္လည္း ေနာက္ဆုံးစာေမးပြဲအတြက္စာလုပ္ေနၾကသည့္ ေကာင္ေလးႏွစ္ေယာက္အား ဆူအာကဝင္ေရာက္ႏွောင့္ယွက္လ်က္ရွိသည္။ သူမကေတာ့ ဝင္မေျဖျဖစ္ေတာ့ပါ။ စာ၏ဖိအား၊ အထက္တန္းေနာက္ဆုံးႏွစ္၏စိတ္ဖိစီးမႈေတြကို ဆူအာ၏ႏွလုံးကခံနိုင္ရည္မရွိသည္မို႔ လြန္ခဲ့သည့္ႏွစ္ႏွစ္ကတည္းက ေက်ာင္းနားလိုက္ရၿပီျဖစ္သည္။ သူမ်ားေတြလိုမဟုတ္ဘဲ လူ႕သက္တမ္းေစ့ေနဖို႔အတြက္ေတာင္ ဘုရားထံအႀကိမ္ႀကိမ္ဆုေတာင္းရမည့္အေျခေနႏွင့္ေမြးလာခဲ့တဲ့သူမို႔ မိဘေတြက ဆူအာ့ထံမွေမွ်ာ္လင့္ထားတာမ်ိဳးမ်ားမ်ားစားစားမရွိ။ ဒီတိုင္း သာမန္မိန္းကေလးတစ္ေယာက္လို လြတ္လြတ္လပ္လပ္ရွင္သန္ၿပီး သူတို႔ႏွင့္တတ္နိုင္သမွ်ၾကာၾကာေနသြားဖို႔သာ ပထမဦးစားေပး။

ထိုအခါ ဂ်ဳံေဆာင္း၏ပုခုံးေပၚသို႔တာဝန္ေတြပို၍ပိက်လာျပန္သည္။ ညီမျဖစ္သူကိုေစာင့္ေရွာက္ဖို႔၊ အမွတ္ေကာင္းေကာင္းႏွင့္စာေမးပြဲေအာင္ဖို႔၊ တကၠသိုလ္ေကာင္းေကာင္းဝင္နိုင္ဖို႔၊ မိသားစုလုပ္ငန္းမွန္သမွ်ဦးစီးနိုင္ဖို႔၊ မိဘေတြရဲ႕ဂုဏ္ယူစရာျဖစ္ဖို႔ စသည္အတြက္ ဂ်ဳံေဆာင္းမွာအားလပ္ခ်ိန္ေတာင္မရွိေအာင္ အၿမဲအလုပ္မ်ားေနခဲ့သည္။

"ေနာက္တစ္ပတ္၊ဆယ္ရက္ေလာက္ဆို စာေမးပြဲၿပီးေတာ့မယ္။ ကိုကိုနဲ႕ဂ်ယ္ယြန္း ငါတို႔ခရီးထြက္ၾကမယ္ေနာ္။ နင္တို႔ေတာ့မသိဘူး ငါေတာ့ရင္ခုန္ေနၿပီ"

"ညီမေလးသာေနေကာင္းေအာင္ေနပါ။ ခရီးကသြားရမွာေပါ့။ ေမေမတို႔ကလိုက္ပို႔မယ္ေျပာထားတယ္မလား?"

"ဟုတ္ပါ့ နင္သာကိုယ့္က်န္းမာေရးကိုယ္ဂ႐ုစိုက္။ ရက္ကကပ္ေနၿပီ ထဖ်ားရင္မသြားရေတာ့ဘူးေနာ္!"

ဂ်ဳံေဆာင္းေနာက္ကေန သံေယာင္လိုက္ကာ ဩဇာေပးေနေသာဂ်ယ္ယြန္းကို ဆူအာကႏွာေခါင္းရႈံ႕ျပလိုက္သည္။

"ဟုတ္သားပဲကိုကို ဒီစာေမးပြဲၿပီးသြားရင္ နင္တို႔ကိုယ့္ရည္မွန္းခ်က္နဲ႕ကိုယ္ေရွ႕ဆက္ရေတာ့မွာေပါ့ေနာ္? နင္တို႔ဘာျဖစ္ခ်င္ၾကလဲ? ဘယ္တကၠသိုလ္ဆက္တက္ၾကမလဲ?"

"မေျပာတတ္ေသးဘူး။ လိုပါေသးတယ္ညီမေလးရာ။"

"ငါကေတာ့ ျဖစ္နိုင္ရင္ဒီတိုင္းထိုင္ပဲစားခ်င္တာ။ အိမ္မွာေနၿပီးမိဘလုပ္စာစားတာကို အထူးျပဳရတဲ့majorမ်ိဳးရွိရင္ေကာင္းမယ္"

ဂ်ဳံေဆာင္းေရာဂ်ယ္ယြန္းေရာ မယ္မယ္ရရမေျဖခဲ့ေပ။ သူတို႔၏ ရည္မွန္းခ်က္ေတြကို ဆူအာသိသြားလည္း သူမဘဝမွာဒီလိုျဖစ္ခြင့္မရွိလို႔ ႀကိတ္ဝမ္းနည္းေန႐ုံအျပင္မရွိဘူးမလား?

"ဂ်ယ္ယြန္း မင္းက တစ္သက္လုံးအိမ္မွာထိုင္စားခ်င္တာလား?"

"အင္း။ ဘယ္လိုလဲ နည္းလမ္းရွိလို႔လား?"

"ရွိတယ္ေလ"

"ေျပာစမ္းပါဦး ငါရွာၾကည့္သေလာက္ေတာ့မေတြ႕မိဘူး"

"ရွင္းရွင္းေလးေလ ေယာက္်ားယူလိုက္ေပါ့"

"ပတ္ခ္ဂ်ဳံေဆာင္း! ေသခ်င္ေနၿပီလား?"

ထိုအခါဆူအာကလက္ခုပ္တီးကာထရယ္ေတာ့သည္။

ဤသို႔ျဖင့္ စကားဝိုင္းအား ဆူအာဝမ္းနည္းသြားမည့္အေျခအေနမွ သူတို႔ဖယ္ရွားပစ္လိုက္နိုင္သည္။

"ခရီးမွာ ဘာလုပ္ခ်င္လဲဆူအာ? ငါတို႔လိုက္ေလ်ာေပးမယ္။ စာေမးပြဲရွိလို႔နင့္ကိုအခ်ိန္မေပးနိုင္တာၾကာၿပီဆိုေတာ့ ျဖည့္ဆည္းေပးခ်င္လို႔"

ထိုအခါဆူအာ၏ မ်က္လုံးေလးေတြကအေရာင္ေတာက္လာၿပီး

"Aigoo အသက္ရွင္လာရင္းနဲ႕ ဂ်ယ္ယြန္းနီးဆီကဒါမ်ိဳးၾကားရတဲ့အခါမ်ိဳးလည္းရွိေသးသားပဲ"

"ငါစိတ္ေျပာင္းလိုက္မွာေနာ္!"

"ေနပါဦးဟယ္။ ငါစဥ္းစားထားလိုက္ပါ့မယ္"

"ေပါက္ကရေတာ့မေတာင္းဆိုရဘူးေနာ္ ေမေမနဲ႕တိုင္မွာ။"

ဤသို႔ျဖင့္ သုံးေယာက္သားဂ်ဳံေဆာင္းအခန္းထဲကေမြ႕ယာႀကီးေပၚတြင္ ႏွစ္ေယာက်ကစာကျက်ပြီး တစ္ေယာက္ကစကားေတြလိုက္မ်ားေပးရင္း ၾကည္ႏူးစရာညေနခင္းေလးကို တူတူကုန္ဆုံးခဲ့ၾကသည္။

*****

ဆားနံ႕သင္းေသာပင္လယ္ေလက သူတို႔၏မ်က္ႏွာေပၚျဖတ္ေျပးကာက်ီစယ္လ်က္ရွိသည္။ ကားရပ္ရပ္ခ်င္းဆူအာက ေျခဗလာျဖင့္ ပင္လယ္ဆီလက္ဆန႔္တန္းၿပီးေျပးသြားတာမို႔ ဂ်ဳံေဆာင္းက သူမ၏ဖိနပ္အားကိုင္ကာေျပးလိုက္ရသည္။

"ပင္လယ္ႀကီးကထြက္မေျပးပါဘူး ျဖည္းျဖည္းသြားပါဟ"

တစ္လမ္းလုံးအိပ္လာသည့္ဂ်ယ္ယြန္းကလည္း အိပ္ခ်င္မူးတူးျဖင့္ေအာ္ဟစ္ကာ ေျပးလိုက္သည္။ ထို႔ေနာက္ ဂ်ဳံေဆာင္းက အိပ္ခ်င္ေနသည့္ဂ်ယ္ယြန္းအား မနိုင့္တနိုင္ျဖင့္ ပင္လယ္ထဲဆြဲႏွစ္ေတာ့သည္။ သည္လိုႏွင့္ေနဝင္ရီတေရာညေနခင္းဝယ္ သူတို႔သုံးဦးသားကမ္းစပ္တြင္ ခိုက္ခိုက္တုန္သည္အထိေရကစားခဲ့ၾကသည္။

"ကိုကို! ဂ်ယ္ယြန္း!"

"အင္း"

"ငါဘာျဖစ္ခ်င္လဲ နင္တို႔သိၾကလား?"

ဆူအာက တဘက္တစ္ထည္အားၿခဳံကာ သဲျပင္ေပၚတြင္ ေနဝင္ဆည္းဆာအားေငးေမာလ်က္ေျပာလာသည္။ သူမ၏ဆံပင္ေတြသည္ ေျခာက္သင့္သေလာက္မေျခာက္ေသးဘဲ ေရတစက္စက္က်ေနသည္ကို သူမလ်စ္လ်ႉရႈထားသည္။ မသိရင္ အသက္ရွင္ဖို႔မလိုအပ္ေတာ့သလိုမ်ိဳး၊ အားနည္းလြန္းသည့္ခႏၶာအား စိတ္ကုန္ေနသလိုမ်ိဳး။

"ေျပာျပၾကည့္မလား?"

ဂ်ဳံေဆာင္းက စကားေျပာရင္း ဆူအာ၏ေနာက္သို႔ေလွ်ာက္သြားသည္။ ထို႔ေနာက္သူ႕ကိုယ္ေပၚမွာလႊားထားေသာ ေျခာက္ေသြ႕သြားသည့္တဘက္ျဖင့္ ဆူအာ့၏ ဆံပင္ေတြကို ခပ္ဖြဖြေရသုတ္ေပးသည္။

"အင္း ဒီတိုင္း သာမန္မိန္းကေလးတစ္ေယာက္လို၊ ေမေမ့လို ငါလက္ထပ္သြားခ်င္တယ္။ အေမတစ္ေယာက္ျဖစ္သြားခ်င္တယ္"

"ဘာကိစၥ အဲ့'သြား'ဆိုတာႀကီးကိုထည့္ေျပာေနတာလဲ? လုပ္ခ်င္တာေတြလုပ္ရၿပီးရင္ ဘယ္သြားမလို႔လဲ? အၾကာႀကီးဆက္ေနရမွာေပါ့!"

ဂ်ယ္ယြန္းကဆူအာ၏ႏွဖူးအား လက္ညွိုးျဖင့္ဖြဖြတြန္းကာ ရန္ေတြ႕လာသည္။

"အၾကာႀကီးသာေနေပးစမ္းပါ။ ညီမေလးျဖစ္ခ်င္တာေတြျဖစ္ရမွာေပါ့။"

ဂ်ဳံေဆာင္းက ၿပဳံးလ်က္ သူမ၏ဆံပင္ေတြအားေရဆက္သုတ္ေပးရင္းေျပာလာသည္။

"ေပါက္ကရမေတြးပါနဲ႕ဆူအာရယ္။ နင့္အကိုကနင့္ကိုအရမ္းခ်စ္တာ။ သူစိတ္ဆင္းရဲက်န္ခဲ့ေအာင္မလုပ္ပါနဲ႕။ ေနာ္? နင့္မွာ နင့္ကိုအရမ္းခ်စ္တဲ့အကိုရွိတယ္၊ အလိုလိုက္တဲ့မိဘေတြရွိတယ္၊ ေဟာ အရမ္းေခ်ာတဲ့ ရွင္မ္းဂ်ယ္ယြန္းဆိုတဲ့သူငယ္ခ်င္းေလးလည္းရွိတယ္ မဟုတ္ဘူးလား?"

"ေကာင္စုတ္ေလး!"

ဆူအာသည္ဂ်ယ္ယြန္းအား သူမအနားရွိေက်ာက္စရစ္ခဲေလးႏွင့္ပစ္ေပါက္လိုက္သည္။

ထိုေက်ာက္ခဲေလးအား ေရွာင္တိမ္းရင္း ဂ်ယ္ယြန္းသည္ဆူအာ့ဆံပင္ေတြကိုေရဆက္သုတ္ေပးေနေသာ ဂ်ဳံေဆာင္း၏ မွိုင္းပ်ပ်မ်က္ဝန္းေတြႏွင့္အၾကည့္ခ်င္းဆုံမိသည္။ သူသည္ ဂ်ဳံေဆာင္း၏မ်က္ဝန္းေတြကိုၾကည့္႐ုံႏွင့္ ဂ်ဳံေဆာင္းရင္ထဲကို ေကာင္းေကာင္းျမင္နိုင္ေနေတာ့လည္း ခက္ရခ်ည္ရဲ႕.....

*****

"မရဘူးေနာ္! ဆူအာ အဲ့အစား ဒီပုလင္းေတြနဲ႕ငါတို႔ေခါင္းေတြကိုသာ မကြဲမခ်င္းရိုက္ခြဲလိုက္ပါေတာ့လားဟာ..."

ဂျယ်ယွန်းသည်သူ၏ဆံပင်တွေက်ို သူ႕ဟာသူဖြာလန္ႀကဲေနေအာင္ဆြဲဖြကာ ေျခေဆာင့္ညည္းၫူလ်က္ရွိသည္။

ည၏ ၾကယ္ေရာင္ေတြက တဖိတ္ဖိတ္လတ္ေနသည္။ ေရကူးကန္နံေဘးက ျမက္ခင္းျပင္က်ယ္မွာထိုင္ရင္းျမင္ေနရသည့္ တိမ္ကင္းစင္သည့္ေကာင္းကင္က ၾကယ္ေတြ၊ မနီးမေဝးရွိ ၾကယ္ေရာင္ဟပ္ေနေသာ ပင္လယ္ေရျပင္။ ဤပုံရိပ္ေတြကိုၾကည့္ရင္း ဆိုဂ်ဴႏွင့္ဘီယာေသာက္ခ်င္လို႔ ေသာက္ပါရေစဆိုသည့္ ဆူအာေၾကာင့္ ဂ်ဳံေဆာင္းေရာ၊ဂ်ယ္ယြန္းေရာ ငိုခ်င္ခ်င္။

"ဒီလိုမွန္းသိရင္ ညေနကေျပာျပခဲ့တဲ့ဆႏၵေတြထဲ ဘီယာေသာက္ခ်င္တာကိုပါထည့္ေျပာလိုက္ပါတယ္..."

ႏွစ္ေယာက္တစ္ေယာက္အားမို႔ လက္ေလွ်ာ့လိုက္ရသည့္ဆူအာက အေတာ္ေလးမေၾကမခ်မ္းျဖစ္ေနပုံပင္။

"နင္ကမူးခ်င္တာလား ဆူအာ? အဲ့ဒီ့အစား နင့္ေရွ႕မွာငါတို႔မူးေအာင္ေသာက္ျပေပးရင္ ျဖစ္မလား?"

ဂ်ယ္ယြန္းသည္ေပါက္ေပါက္ရွာရွာေတြေမးလည္းေမးတတ္ပါ့ဟု ဂ်ဳံေဆာင္းအသံတိတ္ေတြးေတာမိသည္။

"အင္း ဒါလည္းမဆိုးဘူးပဲ။ ငါ့ကိုအရက္မေသာက္ေစခ်င္လို႔ ငါ့ရဲ႕ခ်စ္လွစြာေသာအကိုနဲ႕ သူငယ္ခ်င္းအလိမၼာေလးက အမူးေသာက္ျပၾကမယ္ဆိုေတာ့ ရင္ထဲထိသြားၿပီ"

ဂ်ဳံေဆာင္းကေတာ့ ပ်ားအုံကိုဒုတ္နဲ႕ထိုးသူ ဂ်ယ္ယြန္းအား မသိမသာလိမ္ဆြဲ၍ မ်က္ေစာင္းထိုးျပလိုက္ေလသည္။

သုံးနာရီေလာက္ၾကာၿပီးေနာက္ ျမက္ခင္းျပင္ေပၚတြင္ ပုလင္းခြံႏွင့္သံဗူးခြံတခ်ိဳ႕ စုပုံလာသည္။ လြန္ခဲ့တဲ့ငါးမိနစ္ကတည္းက နောက်ပြန်လဲှသွားသောဂျုံဆောင်းက အသိစိတ္ရွိေသးေသာ္လည္း အေတာ္ေလးရီေဝေနရွာၿပီ။ ဆူအာကေတာ့ ေအးလာလို႔ သူ႕အေမလာေခၚသြားတာ ညဦးပိုင္းကတည္းက။ သူတို႔ႏွစ္ဦးသာ ေသာက္ေကာင္းေကာင္းႏွင့္ဆက္ေသာကမိၾကျခင္းသာ။ ဂ်ယ္ယြန္းကေတာ့ ေျခဆန႔္ကာ လက္ေနာက္ပစ္ေထာက္ရင္း ေကာင္းကင္ႀကီးကိုေငးလ်က္။ သူ႕လက္ေမာင္းသူေခါင္းအုံးကာ ေလေအးေအးမွာ တအင္းအင္းညည္းၫူကာမ်က္စိမွိတ္လွဲေနေသာဂ်ဳံေဆာင္းက ေအးေနပုံေပၚသည္။ ေဘာင္းဘီတိုေအာက္က ေျခေထာက္ေဖြးေဖြးေလးကလည္း ေရခဲတမွ်ေအးစက္ၿပီး ျခင္ကိုက္ခံရတဲ့ေနရာတခ်ိဳ႕ကလည္း ရဲလ်က္။

ဂ်ယ္ယြန္းသည္ သူ၏ Hoodieကိုခြၽတ္၍ ဂ်ဳံေဆာင္း၏ အဝတ္လြတ္ေနေသာေနရာေလးအားၿခဳံေပးလိုက္သည္။ ထို႔ေနာက္ တအီအီျဖစ္ေနေသာ ဂ်ဳံေဆာင္းေဘးတြင္ဝင္လွဲရင္း

"အြန္း...မင္းေတာ္ၿပီလား? ဒါဆိုဝင္အိပ္ရေအာင္ေလ။ ဒီမွာ ျခင္ေတြကိုက္တယ္ တအားပဲ"

"ေနပါဦး ဂ်ဳံေဆာင္းရယ္ ခဏေလး ခဏေလးထပ္လွဲေနရေအာင္။ ငါနဲ႕မင္း ဒီလိုေလး ႏွစ္ေယာက္တည္း..."

ဂ်ဳံေဆာင္းႏွင့္ဂ်ယ္ယြန္းသည္ ၾကယ္ေရာင္ေတာက္ပေသာည၊ေရကူးကန္ေဘးက ျမက္ခင္းျပင္ေပၚရွိ အခင္းေလးေပၚတြင္ မ်က္ႏွာခ်င္းဆိုင္လွဲအိပ္လ်က္ရွိသည္။

ဂ်ဳံေဆာင္းက ေအးေအးေဆးေဆးပင္ဂ်ယ္ယြန္းအား လိုက္ေလ်ာ၍ ဆက္လွဲေနခဲ့သည္။ ဂ်ယ္ယြန္းက အေတာ္ေလးမမူးေသးတာမို႔ သတိေကာင္းေကာင္းရွိေနေသးသည္။ သူ႕မ်က္ႏွာအားလာ၍ရိုက္ခတ္ေနေသာ ဂ်ဳံေဆာင္း၏စည္းခ်က္မွန္မွန္အသက္ရႉသံမ်ားကို လိုက္လံေရတြက္ရင္း ဂ်ယ္ယြန္းသက္ျပင္းခ်လိဳက္သည္။

ခ်စ္တယ္...

ခ်စ္လို႔မရဘူးလား...

ဒီတိုင္း ခ်စ္ေနလို႔မရဘူးလား...

သုံးမိနစ္ေလာက္စိုက္ၾကည့္ခံေနရတာကို ဆဌမအာ႐ုံက သတိထားမိသြားသည္ထင့္ ဂ်ဳံေဆာင္း၏မ်က္ဝန္းေတြကပြင့္ဟလာခဲ့သည္။ သို႔ေသာ္ဘာမွ်အသံျပဳမလာဘဲ သူကလည္း ဂ်ယ္ယြန္းမ်က္ဝန္းေတြအားထပ္မံစိုက္ၾကည့္လ်က္။

ဂ်ယ္ယြန္း၏လက္ေတြက ဂ်ဳံေဆာင္း၏ ဆံပင္ေတြေပၚကူးလူးသြားလာေနသည္။ ထို႔ေနာက္ ေဘးတေစာင္းလွဲေနသည့္ဂ်ဳံေဆာင္း၏ပါးျပင္ေပၚကိုေရာ။ ဘာကိုမွအာ႐ုံရွိပုံမရသည့္ဂ်ဳံေဆာင္းက မ်က္စိေတြျပန္မွိတ္ၿပီး ဂ်ယ္ယြန္း၏လက္ေတြႏွင့္ထိေတြ႕ရသည္ကို ေၾကာင္ငယ္ေလးတစ္ေကာင္လိုဇိမ္ယူလ်က္ရွိသည္။

ဂ်ယ္ယြန္းအရဲစြန႔္ၿပီး မ်က္စိစုံမွိတ္ကာ ဂ်ဳံေဆာင္း၏မ်က္ႏွာနားသို႔ တိုးကပ္သြားခဲ့သည္။ ဂ်ဳံေဆာင္းကလည္း ႀကိဳတင္ေမွ်ာ္လင့္ထားသလိုမ်ိဳး သူ႕မ်က္ဝန္းေတြကိုပိတ္ခ်လိဳက္သည္။ လျပည့္ည၏ လေရာင္ေအာက္ျမက္ခင္းျပင္ထပ္ဝယ္ သူတို႔ႏွစ္ဦး အလွဆုံးကဗ်ာတစ္ပုဒ္အား ေရးသားခဲ့ၾကသည့္ႏွယ္ ရင္ဘတ္ေတြ နိမ့္ခ်ည္ျမင့္ခ်ည္ျမင့္တက္ၾကသည္အထိ ႏႈတ္ခမ္းႏွစ္စုံအား ထိကပ္ေထြးယွက္ေစကာ ႏွလုံးသားတံခါးအားဖြင့္ဟျပသခဲ့ၾကသည္။

*****

2019ခုႏွစ္...

ညခင္း၏ေလျပည္က ေအးေဆးျငင္သာစြာတိုက္ခတ္လ်က္ရွိသည္။ လမ္းမထက္ဝယ္ အရွိန္ျပင္းျပင္းေျပးလႊားေနၾကသည့္ ကားေရာင္စုံမ်ား၏ ညမီးေရာင္ကို Penthouseမွာ ဝိုင္တစ္ခြက္ေသာက္ရင္း ဂ်ဳံေဆာင္း ၾကည့္၍ငိုင္ေနခဲ့သည္။

လြန္ခဲ့သည့္လက ဂ်ဳံေဆာင္းေရာ၊ ဂ်ယ္ယြန္းေရာ ဘြဲ႕ယူခဲ့ၾကသည္။ ထုံးစံအတိုင္း ဘဝကေနာက္တစ္ဆစ္ခ်ိဳးထပ္မံေျပာင္းလဲသြားသည့္သူတို႔အတြက္ မိဘေတြရဲ႕အစီအစဥ္ကလည္းရွိၿပီးသားပင္။ ဂ်ယ္ယြန္းကေတာ့ ဘြဲ႕ရၿပီးမိဘလုပ္ငန္း၌အလုပ္ဝင္ဖို႔အျပင္ ဘာမွ်ေရေရရာရာမရွိ။ ဂ်ဳံေဆာင္းရဲ႕မိဘေတြကေတာ့ လုပ္ငန္းေတြကိုဦးစီးနိုင္ေသးသည္မို႔ ထူးခြၽန္သည့္ဂ်ဳံေဆာင္းအား ေဆြမ်ိဳးတခ်ိဳ႕ရွိသည့္ U.S.ကိုပို႔ၿပီး စာဆက္သင္ခိုင္းရင္ေကာင္းမလားတိုင္ပင္ေနဆဲ။

ဆူအာလည္း ခုရက္ပိုင္းက်န္းမာေရးသိသိသာသာတိုးတက္လာသည္။ အခုလို ဂ်ယ္ယြန္းနဲ႕ဂ်ဳံေဆာင္းအားေနသည့္ကာလေတြဆိုလွ်င္ ဆူအာကိုဝိုင္းအလိုလိုက္ၿပီး အခ်ိန္ေပးျဖစ္ၾကတာမို႔ ဆူအာရဲ႕က်န္းမာေရးအေျခေနက တိုးတက္ေနတာမ်ားသည္။

ေနာက္ဆုံးလက္က်န္ဝိုင္အနည္းငယ္အား အကုန္ေသာက္ၿပီးေနာက္ ဂ်ဳံေဆာင္းသက္ျပင္းသဲ့သဲ့ခ်ကာ ဝိုင္ခြက္အားစားပြဲေပၚခပ္ၾကမ္းၾကမ္းေဆာင့္ခ်လိဳက္သည္။ ထို႔ေနာက္ မတ္တပ္ရပ္လ်က္ပင္သူ႕မ်က္ရိုးေတြအား သူ႕ဟာသူဖိႏွိပ္ရင္း ႏႈတ္ခမ္းေတြဟာ သိသိသာသာမဲ့ေနခဲ့သည္။

ထိုစဥ္ ႐ုတ္တရတ္အခန္းတံခါး၌ နံပါတ္ရိုက္ႏွိပ္သံတခ်ိဳ႕ထြက္ေပၚလာၿပီးေနာက္ အခန္းထဲ အေလာတႀကီးေျပးဝင္လာသည့္ ဂ်ယ္ယြန္း၏မ်က္ႏွာမွာလည္း ပူေလာင္မႈအေငြ႕အသက္ေတြကို အတိုင္းသားျမင္ေနရပုံေထာက္လွ်င္ ဂ်ယ္ယြန္းလည္း ထိုသတင္းအား သိၿပီးေလာက္ၿပီထင္၏။

"ေမာင္တို႔ဘယ္လိုလုပ္မလဲ?

ေမာင္! ေမာင္! အမွန္တိုင္းေျပာလိုက္မယ္! ေနာ္?"

"ဟင့္အင္း မေျပာနဲ႕!!"

ဂ်ဳံေဆာင္း၏အသံသည္ သူ႕မ်က္ႏွာႏွင့္ဆန႔္က်င္ဘက္ျဖစ္စြာတည္ၿငိမ္လ်က္ရွိသည္။

ဂ်ယ္ယြန္းသည္ ဂ်ဳံေဆာင္းအေျဖအားမၾကားလိုက္သလိုပင္သေဘာထားကာ ဂ်ဳံေဆာင္း၏ပုခုံးႏွစ္ဖက္အား မနာေအာင္ခပ္တင္းတင္းေလးဖိကိုင္ထားသည္။

"အဆင္ေျပမွာပါ ဂ်ဳံေဆာင္းရဲ႕။ ဂ်ဳံေဆာင္းကဒီတိုင္းေလးပဲ ႏႈတ္ဆိတ္ေနေပး၊ သူတို႔ေမးလာရင္ ေခါင္းသာညိတ္ျပလိုက္။ အဲ့တစ္ခုေလးပဲတာဝန္ယူပါကြာ။ က်န္တာ ေမာင့္တာဝန္ထားပါ ေမာင္ရွင္းပါ့မယ္..."

ဂ်ယ္ယြန္းအားေမာ့ၾကည့္လာသည့္ ဂ်ဳံေဆာင္းမ်က္ဝန္းေတြက ခံစားခ်က္ကင္းမဲ့စြာျဖင့္ ေသခ်ာသည့္ဆုံးျဖတ္ခ်က္တစ္ခုအား ခ်ၿပီးပုံေပၚသည္။

"ေမာင္! မင္း ငါေျပာတာ မၾကားဘူးလား? မေျပာနဲ႕ဆို! ဒီတိုင္း လက္ခံလိုက္"

"ပတ္ခ္ဂ်ဳံေဆာင္း! မင္း ဘာေတြထေဖာက္တာလဲ? နဂိုတည္းက ငါတို႔တိုင္ပင္ၿပီးသားေလ ေရွ႕တစ္ပတ္က်ရင္ အသိေပးၾကမယ္လို႔၊ မင္းပဲငါ့ကို အဆင္သင့္ျဖစ္ေနၿပီလို႔တိုက္တြန္းၿပီး အခုက်မွ ဘာအ႐ူးထေနတာလဲ ဟမ္? ေျပာ! "

တကယ္ေတာ့ လာမည့္အပတ္ႏွစ္ဘက္မိသားစုဆုံၿပီး အျပင္မွာညစာထြက္စားၾကတဲ့အခါ မိဘေတြအား သူတို႔ႏွစ္ဦး၏ဆက္ဆံေရးအား ထုတ္ေျပာၾကဖို႔စီစဥ္ၿပီးျဖစ္သည္။ သို႔ေသာ္ မေန႕ညကမွ႐ုတ္တရတ္ႀကီး ႏွစ္ဘက္မိဘေတြက ဆူအာႏွင့္ဂ်ယ္ယြန္းအား လက္ထပ္ေစခ်င္ေၾကာင္း အသိေပးခဲ့ၾကသည္။

အမွန္ဆို ဂ်ယ္ယြန္းၾကားၾကားခ်င္းသိပ္ၿပီးတုန္လႈပ္ခဲ့သည္။ ဂ်ဳံေဆာင္းဟာ သူ႕ခ်စ္သူျဖစ္ေနတာေတာင္မွ ဒီဆုံးျဖတ္ခ်က္ကေျပာင္းလဲဖို႔ ငါးဆယ္ရာခိုင္ႏႈန္းေတာင္မေသခ်ာတာ သူလက္မခံခ်င္လည္းလက္ခံခဲ့သည္။ ဂ်ဳံေဆာင္းဟာ သားလိမၼာ၊ အကိုေကာင္းတစ္ေယာက္ျဖစ္လာဖို႔အတြက္ ရက္စက္သည့္ခ်စ္သူတစ္ေယာက္အျဖစ္ခံဖို႔ ဝန္မေလးမွန္း ဂ်ယ္ယြန္းရင္နာနာႏွင့္ ခန႔္မွန္းထားၿပီးျဖစ္သည္။ သို႔ေသာ္ သူ႕ဘက္ကလက္မေလွ်ာ့ဘူးဆိုသည့္စိတ္ႏွင့္ပင္ တင္းခံခဲ့ျခင္းျဖစ္သည္။

"ေမာင္...မင္းသိပါတယ္။ မင္းလည္းခန႔္မွန္းမိေလာက္မွာပါ။ ငါက ဆူအာ့အတြက္ဆို ငါကိုယ္တိုင္ စိတ္လိုလက္ရနဲ႕ ေဘးဖယ္ေပးမွာ မင္းသိပါတယ္...ဒါေၾကာင့္ မင္းငါ့ကို လိပ္ျပာလုံလုံနဲ႕ထားခဲ့ပါ။ မုန္းခ်င္လည္း မုန္းလိုက္ပါ။ဒါငါ့ဘက္က အတတ္နိုင္ဆုံးလိုက္ေလ်ာေပးတာပါ ေမာင္ရယ္...ငါေတာင္းလည္းေတာင္းပန္ပါတယ္"

"ဒါဆ်ို ေမာင္ကေရာ! ေမာင္ကေရာလို႔? ေမာင္ကခံစားခ်က္မရွိတဲ့အ႐ုပ္မို႔လို႔လား? ေမာင္က မင္းတို႔ေမာင္ႏွမႏွစ္ေယာက္အခ်င္းခ်င္း နားလည္မႈေတြယူၿပီး ဟိုပို႔ဒီပို႔လုပ္လို႔ရတဲ့ အ႐ုပ္မွမဟုတ္တာ ပတ္ခ္ဂ်ဳံေဆာင္းရဲ႕!"

ဂ်ယ္ယြန္းသည္ သူ႕အားမ်က္ႏွာလႊဲထားသူဂ်ဳံေဆာင္းအား ေခ်ာ့တစ္လွည့္ေျခာက္တစ္လွည့္ေအာ္ဟစ္ေသာအခါ ဂ်ဳံေဆာင္းသည္ အ႐ုပ္ႀကိဳးျပတ္ပစ္ထိုင္ခ်ကာ အံႀကိတ္ငိုလ်က္။

"ဂ်ဳံေဆာင္း! ေမာင္ေျပာတာနားေထာင္ပါဦး။ ေနာ္? မင္းကိုဘယ္သူမွအဲ့လိုလုပ္ဖို႔တာဝန္ေပးမထားဘူး။ မင္းတာဝန္လည္းမဟုတ္ဘူးေလ။ ဆူအာ့အတြက္ ေမာင့္ဂ်ဳံေဆာင္းကအနစ္နာခံထားတာေတြက လုံေလာက္တာထက္ပိုပါတယ္ကြာ... တစ္ခါေလာက္ တစ္ကိုယ္ေကာင္းဆန္လို႔လည္း ဘာမွမျဖစ္ဘူး။ ေမာင့္မ်က္ႏွာကိုၾကည့္ပါဦးကြာ။ မင္းလည္း ေမာင့္ကိုခ်စ္တယ္ေလ!"

ဂ်ယ္ယြန္းက အတင္းအၾကပ္ဖက္လ်က္ေျဖာင္းျဖေနေသာ္လည္း ဂ်ဳံေဆာင္းက သက္ျပင္းခ်ကာ ပါးျပင္ေပါ်ရှိမျက်ရည်တွေကို အတင္းပြတ္ဆြဲ၍သုတ္သည္။ ထို႔ေနာက္ ဂ်ယ္ယြန္းထံမွ႐ုန္းထြက္ကာ စိတ္မြမ္းၾကပ္ဟန္ သူ႕အကၤ်ီအား ဆြဲေခ်မြသည္။ ထိုအခါ သူ့လည်ပင်းရှ်ိေငြေရာင္ဆြဲႀကိဳးမွ်င္ေလးႏွင့္ တြဲလ်က္ဝတ္ထားသည့္ လက္စြပ္ေလးက ဖိထားသည့္ အကၤ်ီၾကားကထြက္လာသည္။ ထိုလက္စြပ္သည္ ဂ်ယ္ယြန္းသူ႕အား ဖြင့္ေျပာသည့္ေန႕က ဂ်ယ္ယြန္းကိုယ္တိုင္သူ႕အား လက္တြင္ ဝတ္ေပးခဲ့ေသာ အမွတ္တရပစၥည္းေလးျဖစ္ၿပီး လူျမင္ရင္အေမးျမန္းခံရမွာစိုးတဲ့ဂ်ဳံေဆာင္းက ဆြဲႀကိဳးေလးျဖင့္ လည္ပင္းမွာဆြဲကာ အၿမဲအကၤ်ီေအာက္တြင္ဖုံးဖိထားခဲ့ရေသာ သူတို႔၏အထိမ္းအမွတ္ေလးပင္။

ဂ်ဳံေဆာင္းသည္ မ်က္စိစုံမွိတ္ကာ ထိုအထိမ္းအမွတ္ဆြဲႀကိဳးေလးအား အားျဖင့္ဆြဲျဖဳတ္လိုက္သည္။ ထို႔ေနာက္ ျပတ္ပါလာသည့္ ဆြဲႀကိဳးႏွင့္ လက္စြပ္အားဂ်ယ္ယြန္း၏ လက္ထဲထည့္ကာ

"ေမာင္ေ႐ြး...ေမာင္ဆူအာနဲ႕လက္ထပ္မယ္ဆိုရင္ ေမာင္နဲ႕ငါသူငယ္ခ်င္းဆက္ျဖစ္လို႔ရမယ္။ ဒါမွမဟုတ္ ငါနဲ႕ပဲလက္ထပ္မယ္ဆိုရင္ေတာ့ ငါ့အေလာင္းနဲ႕မွလက္ထပ္လို႔ရမယ္။ ငါ့အသက္က မင္းလက္ထဲမွာေမာင္..."

ဂ်ယ္ယြန္းသည္ ဂ်ဳံေဆာင္း၏မ်က္လုံးမ်ားအား ၾကက္ေသေသသလိုစိုက္ၾကည့္ေနခဲ့သည္။ ထို႔ေနာက္ မဲ့ၿပဳံးၿပဳံးကာ သူဖက္ထားခဲ့သည့္ ဂ်ဳံေဆာင္းကိုယ္ေလးအား ခပ္ၾကမ္းၾကမ္းတြန္းလ်က္ ရယ္သံျဖင့္

"ပိုခ်စ္ရတဲ့သူက ငါျဖစ္ေနေတာ့လည္း ဒီပြဲမွာ မင္းနိုင္ပါတယ္ ဂ်ဳံေဆာင္း"

*****

2023, October
Seattle, Washington, USA

"ညစာ ဘာစားမလဲ? ကိုယ္ခ်က္ေကြၽးမယ္"

ဟင္းခ်က္စရာတခ်ိဳ႕ဝယ္လာသည့္ဂ်ဳံေဆာင္းက apartmentထဲဝင္ဝင္ခ်င္း အထုတ္ေတြကို မီးဖိုထဲေနရာခ်ရင္း ဧည့္ခန္းထဲတြင္ဖုန္းသုံးေနေသာ မိန္းကေလးအားလွမ္းေမးသည္။

"ေနပါေစ ေရာက္တုန္းေရာက္ခိုက္မႏွိပ္စက္ခ်င္ပါဘူး။ ကိုေဈးသြားတုန္း Budae Jjigaeခ်က္ထားတယ္။ ကို ဒီမွာေနတုန္း မစားျဖစ္တာၾကာၿပီထင္လို႔။ သြား ကိုယ္လက္သြားေဆး၊ ၿပီးရင္စားၾကမယ္။"

"ဟုတ္တယ္ ယြန္း။ ကိုယ္မစားတာၾကာၿပီ။ ဒါဆို ကိုယ္သြားၿပီး ေရမိုးခ်ိဳးဦးမယ္"

"ျမန္ျမန္ေနာ္။ ယြန္း ဟင္းျပန္ႏႊေးထားလိုက္မယ္"

ဂ်ယ္ယြန္းနဲ႕ဆူအာရဲ႕မဂၤလာပြဲၿပီးကတည္းက ဂ်ဳံေဆာင္း မိဘေတြကိုခြင့္ေတာင္းၿပီး ဘြဲ႕လြန္ဆက္တက္ဖို႔ Seattleကိုေက်ာင္းလာတက္ခဲ့တာ အခုဆို သုံးႏွစ္ေက်ာ္ ေလးႏွစ္ရွိၿပီ။ ေရွ႕တစ္ပတ္ႏွစ္ပတ္ဆိုသူဘြဲ႕ယူရမည္။ ၿပီးလွ်င္ေတာ့ Seoulကိုသူအၿပီးျပန္မွရေတာ့မည္။

သူျပန္ေရာက္သည့္အခါ ယြန္းအယ္ႏွင့္လက္ထပ္ဖို႔လုပ္ရမည္။ ၿပီးတာႏွင့္ ေဖေဖ့လုပ္ငန္းေတြကိုသူလက္လႊဲယူၿပီး ဒီတစ္ေလွ်ာက္လုံး ပင္ပန္းခဲ့သည့္ မိဘေတြကိုျပန္အနားေပးရေတာ့မည္။ အနားေပးဆို တစ္မိသားစုလုံး အရိပ္တၾကည့္ၾကည့္ျပဳစုခဲ့ရသည့္ဆူအာလည္း လြန္ခဲ့သည့္သုံးလကဆုံးသြားၿပီမဟုတ္လား။

"အမွန္ဆို ကို ဘြဲ႕ယူၿပီးေရွ႕လမွာ ယြန္းတို႔လက္ထပ္ရမွာကို... ဆူအာကိုလည္း မဂၤလာပြဲမွာရွိေနေစခ်င္ခဲ့တာ"

တကယ္ဆို ဂ်ဳံေဆာင္းႏွင့္ယြန္းအယ္က လာမည့္ Novemberတြင္လက္ထပ္ဖို႔ရည္႐ြယ္ထားေသာ္လည္း Juneလေလာက္တည္းက အသည္းအသန္ျဖစ္လာသည့္ ဆူအာေၾကာင့္ ေနာက္ဆုတ္ထားခဲ့တာျဖစ္သည္။ ဂ်ဳံေဆာင္းကေတာ့ ေနာက္ဆုံးစာေမးပြဲအတြက္လုံးပန္းရင္း မရည္႐ြယ္ဘဲ ဆူအာ့ဆီကို ဈာပနမွာပဲေရာက္ျဖစ္ခဲ့သည္။

"ျဖည္းျဖည္းေပါ့။ သြက္သြက္ေလးစီစဥ္လိုက္ရင္ Januaryေလာက္ မဂၤလာပြဲလုပ္ျဖစ္မွာပါ"

"ဒါဆိုလည္း Februaryအထိေစာင့္လိုက္မယ္ကြာ။ 14ရက္ေန႕ဆိုဘယ္လိုလဲ? ယြန္းေတာ့ အသိေပးခ်င္လြန္းလို႔ထိန္းမရေတာ့ဘူး။"

"ယြန္းလည္း အလုပ္ေတြအၿပီးသတ္ထား။ Scheduleေတြေရာ ဘယ္လိုလဲ?"

"အာ Scheduleေတြက...."

တိုက္ခန္းတြင္ႏွစ္ေယာက္သား စကားေကာင္းခဲ့ၿပီး ညဆယ္နာရီခြဲေလာက္မွ ယြန္းအယ္က ဂ်ဳံေဆာင္းႏွင့္ရယ္ရယ္ေမာေမာႏႈတ္ဆက္ၿပီး Hotelျပန္သြားခဲ့သည္။

မိဘေတြစီစဥ္ေပးသည့္ ယြန္းအယ္ႏွင့္သူ႕လက္ထပ္ပြဲအတြက္ သူဘာမွအထူးတလည္မခံစားျဖစ္။ ဂ်ယ္ယြန္းႏွင့္လမ္းခြဲခဲ့ၿပီးကတည္းက သူ႕ႏွလုံးသားက ဘာခံစားခ်က္မွ မရွိေတာ့တဲ့အထိကို ေအးခဲထုံက်င္သြားခဲ့ၿပီ။ ေလးႏွစ္နီးပါးအခ်ိန္ဟာ ေမ့ပစ္ဖို႔မတတ္နိုင္ေတာင္ ေနသားက်ဖိဳ႕ေတာ့ေကာင္းၿပီမဟုတ္လား?

*****

မနက္ခင္းကို ေကာင္းေကာင္းအိပ္ေရးဝေသာမ်က္လုံးေတြႏွင့္ ဂ်ဳံေဆာင္းနိုးထလာသည္။ ညက ယြန္းအယ္ျပန္သြားၿပီးေနာက္ သူဆူအာႏွင့္ဂ်ယ္ယြန္းအားသတိရသလိုလိုျဖစ္လာေသာေၾကာင့္ ဘီယာတစ္ဗူးႏွင့္အခ်ိန္ျဖဳန္းရင္း မနက္သုံးနာရီေလာက္မွအိပ္ျဖစ္ခဲ့တာမို႔။

9:45 a.m

ဂ်ဳံေဆာင္း ဖုန္းကနာရီကိုၾကည့္မိမွ သူ႕ဖုန္းထဲ miss call 10ခုခန႔္ရွိေနသည္ကိုေတြ႕သည္။

3ခါက ေမေမ၊ 7ခါက ယြန္းအယ္။

ေနာက္ဆုံးအဝင္callက လြန္ခဲ့သည့္ 15မိနစ္က ယြန္းအယ္ထံမွ။

ထိုစဥ္မွာပဲဖုန္းက႐ုတ္တရတ္ထျမည္လာသည္။ ဒီတစ္ခါတြင္ေတာ့ ေခၚဆိုသူက ေမေမ

"ဟယ္လို ေမေမ့ အေရးႀကီးကိစၥရွိလို႔လား?"

:ဟုတ္တယ္သား။ ေလာေလာဆယ္ ရရာလက္မွတ္နဲ႕ ခဏျပန္ခဲ့ ေမေမတို႔သားနဲ႕ေဆြးႏြေးစရာ အေရးႀကီးကိစၥရွိတယ္။

"ဘာမ်ားလဲေမေမ တအားအေရးႀကီးတာလား? သုံးပတ္ေလာက္ေစာင့္နိုင္ရင္ သားအၿပီးျပန္ခဲ့လို႔ရတယ္ေလ?"

:မရဘူးသား။ ေမေမေျပာတဲ့အတိုင္းသာလုပ္ပါ။ ဒါနဲ႕သား သတင္းေတြ႕ၿပီးၿပီမလား?

"မေတြ႕-သားအခုမွနိုးတာေမေမ"

အေလာတႀကီးဖုန္းဆက္တဲ့ အေမေၾကာင့္ ဂ်ဳံေဆာင္းပင္ေရာယောင်၍ အဆက္အစပ္မရွိေတြေျဖမိေနသည္။ ထိုစဥ္ အခန္းထဲကို ဒုန္းစိုင္းဝင္လာသည့္ ယြန္းအယ္ေၾကာင့္ ဂ်ဳံေဆာင္းေမေမ့ဖုန္းကိုခဏခ်လိဳက္ရသည္။

"ဘာေတြျဖစ္ကုန္တာလဲ ကို? ဟင္
ယြန္းေမးတာေျဖဦး။ ဘာအဆင္မေျပလို႔ ဒီလိုလုပ္တာလဲ?"

ယြန္းအယ္သည္စိတ္မတည္ၿငိမ္စြာ ေဒါႏွင့္ေမာႏွင့္ ဂ်ဳံေဆာင္းအားေအာ္ဟစ္လ်က္

"ယြန္း ဘာျဖစ္လာတာလဲ?
ကိုယ္ဘာမွမသိေသးဘူး"

"ဘာရယ္? ဒါဆိုျပမယ္!"

ထို႔ေနာက္ယြန္းအယ္သည္ သူမဖုန္းအားဖြင့္ကာ သတင္းတစ္ခုအား အျမန္ရွာၿပီး ဂ်ဳံေဆာင္းထံကမ္းေပးသည္။

' *** Ent၏ သမီး မင္းသမီး ေဂ်ာင္ယြန္းအယ္ႏွင့္ *** groupမွ ဆက္ခံသူတို႔၏ ေစ့စပ္ပြဲအား တရားဝင္ဖ်က္သိမ္းေၾကာင္း ေၾကညာ '

*****

2023, October
Seoul, South Korea

ကိုကို....

ဒီစကားေတြကို မ်က္ႏွာခ်င္းဆိုင္ၿပီးငါေျပာခ်င္ေပမယ့္ နင္ကလည္းအခုအေရးႀကီးတဲ့စာေမးပြဲေၾကာင့္ ငါ့ကိုခ်က္ခ်င္းလာမေတြ႕နိုင္၊ ငါကလည္း နင္နဲ႕မ်က္ႏွာခ်င္းဆိုင္ရင္ ေျပာမထြက္တာမို႔ အားနာနာနဲ႕ စာပဲေရးလိုက္မယ္ေနာ္... လူကိုယ္တိုင္တိုက္ရိုက္နားမေထာင္လိုက္ရလို႔ နင္ဝမ္းနည္းေနမွာစိုးလို႔ေျပာတာ။ ငါအဆင္ေျပတယ္။

ငါ့အကိုျဖစ္ရတာ ပင္ပန္းတယ္မလားကိုကို? နင္ငါ့အေပၚအၿမဲအနစ္နာခံခဲ့သေလာက္ ငါကေတာ့ နင့္ကိုဒုကၡေတြပဲေပးလိုက္နိုင္တာမို႔ စိတ္မေကာင္းပါဘူး။ ငါက အတၱလည္းႀကီးခဲ့တယ္မလား ကိုကို? နင္ဘယ္လိုေတာင္ ငါ့ကိုသည္းခံခဲ့လဲမသိေပမယ့္ ငါမိုက္ခဲ့တာေတြကို အသိတရားဝင္လာေတာ့ ငါတအားေနာင္တရေနပါတယ္ဟာ။ ဂ်ယ္ယြန္းနဲ႕ငါလက္ထပ္ဖို႔ မိဘေတြကိုတိုက္တြန္းခဲ့တာ ငါကိုယ္တိုင္ပါပဲ။ ဇနီးတစ္ေယာက္ျဖစ္ခ်င္တဲ့ငါ့ဆႏၵကို ငါတစ္ခါေလာက္ျဖည့္ဆည္းခ်င္တာမို႔ ငါေတာင္းဆိုခဲ့တာပါ။ ငါ့ဘဝမွာသူစိမ္းေယာက္်ားေလးဆိုတာကလည္း ဂ်ယ္ယြန္းအျပင္မရွိခဲ့ေတာ့....ငါတမင္ရည္႐ြယ္တာေတာ့မဟုတ္ပါဘူးဟာ။ နင့္အေပၚ ငါလြန္မိတာေတြကို အခုလိုမေတာင္းပန္ရရင္ ငါအေသမေျဖာင့္တာမို႔ ဒီစာကိုငါေရးလိုက္တာပါ။ ဂ်ယ္ယြန္းကဘာအျပစ္မွမရွိဘူး ကိုကို။

ေနာက္ၿပီး မႏွစ္က ငါသားေလးေမြးတယ္ကိုကို။ သူ႕မွာ နင့္လို အရမ္းလွတဲ့မ်က္လုံးေလးေတြရွိတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သက္တမ္းေစ့မေနနိုင္တာခ်င္းတူတူ စိတ္ခ်မ္းသာတာလုပ္ၿပီး နည္းနည္းေစာေသရလည္း မဆိုးဘူးမဟုတ္လားကိုကို? ဒါေၾကာင့္ ငါသားေလးကိုေမြးခဲ့တာ။ ေနာက္ၿပီး ဂ်ယ္ယြန္းကို ငါမရွိေတာ့ရင္ အထီးမက်န္ေစခ်င္ဘူးေလ။ ဒါေပမယ့္ ငါကထင္ထားတာထက္ေစာေစာထြက္သြားရေတာ့မယ္ထင္တယ္ကိုကို။ ငါနင့္ကိုေတြ႕ခ်င္ပါတယ္။ ဒါေပမယ့္ နင္ငါ့ကိုေတြ႕ခ်င္မွာမဟုတ္တာ ငါနားလည္ပါတယ္။ ဒါေၾကာင့္ငါစာပဲေရးလိုက္ပါတယ္။

ေနာက္ၿပီး အရွက္မရွိစြာနဲ႕ပဲ ေနာက္ဆုံးဆႏၵအျဖစ္ နင့္ဆီကငါေတာင္းဆိုခ်င္တာရွိတယ္။ ငါမရွိေတာ့ရင္ ဂ်ယ္ယြန္းနဲ႕သားကို ငါနင္နဲ႕ပဲစိတ္ခ်ခ်င္တယ္ကိုကို။ နင့္ရဲ႕မလိမၼာခဲ့တဲ့ညီမရဲ႕ ေနာက္ဆုံးဆႏၵကို မေက်မနပ္ျဖစ္ၿပီးဘဲျဖစ္ျဖစ္ ျပည့္ေအာင္ျဖည့္ဆည္းေပးပါလား? ဒါဆိုငါေကာင္းေကာင္းထြက္သြားလို႔ရၿပီကိုကို။ ေနာက္ဘဝမ်ားထပ္ရွိရင္ က်ိန္းေသက်န္းက်န္းမာမာနဲ႕ေမြးဖြားလာၿပီး နင့္ကိုအေႂကြးဆပ္မွာပါ။ ခ်စ္တယ္ ကိုကို။

ပတ္ခ္ဆူအာ

20.6.23

ဂ်ဳံေဆာင္း စာကိုအဆုံးထိဖတ္ၿပီးေနာက္ စိတ္တင္းထားေသာ္လည္း ထိန္းမရဘဲက်လာေသာမ်က္ရည္တစ္စက္က ေအာက္ဆုံးရွိ ပတ္ခ္ဆူအာဆိုသည့္နာမည္ေပၚ ေပါက္ခနဲက်သြားသည္။ ထို႔ေနာက္ဂ်ဳံေဆာင္းအတန္ၾကာသည္အထိ မိဘႏွစ္ပါးေရွ႕ဝယ္ စာ႐ြက္ေလးကိုင္ကာ ေက်ာက္႐ုပ္တစ္႐ုပ္လို ၿငိမ္သက္ေနခဲ့သည္။

သားျပန္လာမွျပမလို႔ပဲ။ ဈာပနတုန္းက မင္းလည္းစာေမးပြဲမၿပီးေသးေတာ့ အာ႐ုံေထြျပားမွာစိုးလို႔ မေပးလိုက္တာ

ေဖေဖကဂ်ဳံေဆာင္း၏ပုခုံးအား အသာအယာပုတ္ကာ ေျပာျပသည္။

ဒါေပမယ့္ဂ်ဳံေဆာင္းရယ္ ဂ်ယ္ယြန္းမိဘေတြက ဂ်ယ္ယြန္းကိုေနာက္အိမ္ေထာင္ျပဳေစခ်င္ေနၾကတယ္။ တျခားဟာထက္ ေျမးေလးအတြက္ပဲသူတို႔က မိဘတစ္ေယာက္ရွာခ်င္တာပါ။ ဒါေၾကာင့္လြန္ခဲ့တဲ့ႏွစ္ရက္ေလာက္က သူတို႔ဂ်ယ္ယြန္းကိုေနာက္အိမ္ေထာင္ခ်ေပးမွာနဲ႕ပတ္သတ္ၿပီး ေသခ်ာရွင္းျပေတာင္းပန္သြားတယ္

ေမေမကေတာ့ ဂ်ဳံေဆာင္းဂ်ယ္ယြန္းတို႔မိသားစုကို အထင္လြဲသြားမွာစိုးရိမ္ေနသည္။

အဲ့ေတာ့ေမေမတို႔ တိုင္ပင္ၾကည့္ခဲ့တယ္။ ေျမးေလးအတြက္ အတတ္နိုင္ဆုံးသူစိမ္းမဟုတ္တဲ့သူျဖစ္တာပိုေကာင္းတယ္ေလ။ ေနာက္ၿပီး သမီးေလးရဲ႕ဆႏၵကိုလည္း သိၿပီးသားဆိုေတာ့ သားကိုေျပးသတိရလိုက္တယ္ဂ်ဳံေဆာင္း။ ကူညီပါဦးသားရယ္။ ေမေမတို႔ေျမးေလးနဲ႕မေဝးခ်င္ဘူး။ ေနာက္ၿပီး မင္းတို႔ကသူငယ္ခ်င္းေတြပဲဟာ လက္ထပ္ထားၿပီးလည္း အဆင္ေျပသလိုပဲေနၾကပါ။ ဂ်ယ္ယြန္းမိဘေတြကလည္း ဒါကိုသေဘာတူၾကတယ္

အဲ့ဒါနဲ႕ပဲ ယြန္းနဲ႕ေစ့စပ္ပြဲကို ကိုယ့္သေဘာနဲ႕ကိုယ္ဖ်က္သိမ္းဖို႔ ဆုံးျဖတ္လိုက္ၾကတာလား? ယြန္းတို႔ဘက္ကိုအားနာဖို႔ေကာင္းပါတယ္ေမေမရာ။ ေယာက္်ားေလးဘက္က ႐ုတ္တရတ္ဖ်က္သိမ္းတယ္ဆိုေတာ့ ယြန္းလိုမ်ိဳး သ႐ုပ္ေဆာင္တစ္ေယာက္အတြက္ ဘယ္ေလာက္ေတာင္ေကာလဟာလေတြမ်ားေတာ့မလဲ?

ေမေမတို႔သူ႕မိဘေတြနဲ႕ညွိၿပီး သူတို႔သေဘာအတိုင္းနစ္နာေၾကးေပးခဲ့တယ္ဂ်ဳံေဆာင္း။အဲ့ဒါေၾကာင့္လည္း သူတို႔ဘက္ကဘဲၾကည္ၾကည္သာသာနဲ႕ တရားဝင္အသိေပးလိုက္ၾကတာေပါ့။ စိတ္မေကာင္းေပမယ့္ တတ္နိုင္တာလည္း အဲ့ဒါအျပင္မရွိဘူးသား

ေငြမ်က္ႏွာကိုဦးစားေပးၾကတဲ့မိဘေတြဆိုေတာ့လည္း သမီးျဖစ္သူအတြက္နစ္နာမႈလို႔ မသတ္မွတ္ၾကဘူးထင္ရဲ႕။

ရစရာမရွိေအာင္စုတ္ျပတ္သြားတဲ့ဆက္ဆံေရးကို ဂ်ဳံေဆာင္းျပန္လွည့္မၾကည့္ခ်င္တာၾကာခဲ့ၿပီ။ တစ္သက္လုံး မပတ္သတ္ေတာ့ဖို႔ဆုံးျဖတ္ထားၿပီး ခပ္တန္းတန္းေနခဲ့ေပမယ့္ အခုလိုျပန္ပတ္သက္ရမယ္ဆိုေတာ့ အေတာ္ေလးေတာ့ စိတ္ေထြျပားမိတာအမွန္ပဲ။

ေမေမတို႔စိတ္တိုင္းက်သာစီစဥ္ၾကပါ။ ဒါေပမယ့္ ကြၽန္ေတာ့္ဆႏၵမပါတာမို႔ ေရွ႕ေလွ်ာက္ ႏွစ္ေယာက္ဆက္ဆံေရးကို ေမေမတို႔ကတိအတိုင္း ဝင္မစြက္ဖက္ေပးဖို႔ပဲ ေတာင္းဆိုပါတယ္

ဘယ္ေလာက္ပဲ ဆုံစရာလမ္းမရွိလည္း ေရစက္က်န္ေနေသးရင္ ျပန္ဆက္ရေသးတာပဲဆိုတာကို ဂ်ဳံေဆာင္းရင္ေလးစြာလက္ခံမိေတာ့သည္။

*****

ဘြဲ႕ယူၿပီး ရက္ပိုင္းအၾကာမွာ ဂ်ဳံေဆာင္း Seoulကိုအၿပီးျပန္လာခဲ့ၿပီး လူႀကီးေတြစီစဥ္တဲ့အတိုင္း အသိအမွတ္ျပဳသည့္သေဘာသာသာ အက်ဥ္းခ်ဳံ႕ဧည့္ခံပြဲကို လူႏွစ္ဆယ္မျပည့္ေသာ ႏွစ္ဘက္မိသားစုျဖင့္သာ က်င္းပခဲ့သည္။ ၿပီးတာနဲ႕ ဆူအာႏွင့္ဂ်ယ္ယြန္းေနခဲ့သည့္အိမ္ကိုတန္းေျပာင္းၿပီးေနေနတာ တစ္လျပည့္ေတာ့မည္။

ဂ်ယ္ယြန္းကေတာ့ သူ႕အလုပ္ႏွင့္သူအံဝင္ခြင္က်ရွိၿပီးသားမို႔ ဂ်ဳံေဆာင္းက အိမ္မႈကိစၥႏွင့္ ကေလးကိုျပဳစုေစာင့္ေရွာက္ဖို႔သာ တာဝန္ယူရသည္။

ေဂ်ာင္ဟြန္း correct rank'ဆိုသည့္ အဓိပ္ပါယ်ကောက်ပြီး ဆူအာကိုယ္တိုင္ေပးခဲ့တဲ့နာမည္နဲ႕ သူ႕တူေလးက တစ္ႏွစ္ျပည့္႐ုံပဲရွိေသးသည္။ က်န္းမာေရးႀကီးႀကီးမားမားထိခိုက္ခံၿပီး ေမြးခဲ့ေပမယ့္ အေမ'ေခၚသံတစ္ခါေတာင္မၾကားလိုက္ရသည့္ ဆူအာ့အတြက္ဂ်ဳံေဆာင္းစိတ္မေကာင္းျဖစ္မိသည္။

ေနရတာ အဆင္မေျပတာရွိရင္ အခ်ိန္မေ႐ြးေျပာလို႔ရတယ္။ ေနာက္ၿပီး တရားဝင္မိသားစုဝင္လည္းျဖစ္တာမို႔ အိမ္ကိစၥ၊သားကိစၥ အကုန္ ေကာင္းမယ္ထင္တာ စီစဥ္လို႔ရတယ္။ ငါက မိုးလင္းမိုးခ်ဳပ္ အလုပ္နဲ႕အခ်ိန္ကုန္ေနတာမို႔ သားကိုအပ္ပါတယ္

အိမ္ကိစၥေရာ၊ကေလးကိုေရာ စိတ္မပူဘဲ အလုပ္ကိုသာစိတ္ေျဖာင့္ေျဖာင့္နဲ႕ နားနားေနေနလုပ္ပါ။ မင္းနဲ႕ ကေလးကိုေတာ့ ငါေသခ်ာတာဝန္ယူနိုင္လို႔ အိမ္အကူေတြျပန္လႊတ္လိုက္ၿပီမို႔ ေရွ႕ေလွ်ာက္ တိုင္ပင္စရာ၊ စီစဥ္ခိုင္းစရာေတြရွိရင္ ေျပာလို႔ရတယ္

တကယ္လည္း ဂ်ယ္ယြန္းကမနက္႐ုံးသြား ည႐ုံးျပန္ရတဲ့အျပင္ စစခ်င္းရက္ေတြမွာ အခ်င္းခ်င္းေရွာင္ဖယ္ေနၾကရင္း သူတို႔ႏွစ္ေယာက္စကားစေျပာဖို႔ ရက္ႏွစ္ဆယ္ေလာက္ၾကာသြားခဲ့သည္။

ဂ်ယ္ယြန္းကသူ႕အား မေခ်မငံေတြေျပာဆိုမယ္ထင္ထားေပမယ့္ ထင္သလိုမဟုတ္ဘဲ အနည္းငယ္စိမ္းေန႐ုံသာ။ ဆူအာဆုံးကာစလည္းျဖစ္ေတာ့ စိတ္ဖိစီး၊အလုပ္ပင္ပန္းေနတဲ့ ဂ်ယ္ယြန္းပုံစံေၾကာင့္ ေနာက္ရက္ေတြကစလို႔ အခုထက္ပိုၿပီး ဟင္းေတြဂ႐ုတစိုက္ခ်က္ေကြၽးဖို႔၊ ညစာကိုအိမ္မွာစားရန္မွာဖို႔ ဂ်ဳံေဆာင္းစီစဥ္လိုက္သည္။

*****

reportေတြကို လာမယ့္ေသာၾကာအမွီတင္ေပးဖို႔ ဌာနကိုသတိေပးေပး၊ ေနာက္ စေနေန႕ကစၿပီး ေရွ႕တစ္ပတ္လုံးမွာ ခ်ိန္းထားတာမ်ိဳး၊ ခရီးသြားစရာမ်ိဳးရွိမရွိျပန္စစ္ေပးၿပီး ရွိရင္ရက္ေ႐ႊ႕တာျဖစ္ျဖစ္လုပ္ေပးထားပါ။

ဟုတ္ကဲ့ခင္ဗ်။ အာေရွ႕တစ္ပတ္ထဲဆို ေဂ်ာင္ဟြန္းေလးေမြးေန႕ထပ္ေရာက္လာၿပီပဲ။ ဒီႏွစ္ေရာ ဘယ္လိုခရီးထြက္မွာလဲ?

ဒီႏွစ္ေတာ့ ဘယ္မွမသြားဘဲ သူ႕အဖိုးအဖြားေတြအိမ္ပဲသြားလည္ေတာ့မယ္။ သူ႕ေဖေဖေလးေတာင္ ေဆး႐ုံမဆင္းရေသးလို႔ ခရီးမသြားျဖစ္ေတာ့ဘူး။

အာ ဒါဆိုနားရက္မွာေသခ်ာေလး ျပန္ဂ႐ုစိုက္ေပးလိုက္ပါဦး

အဲ့လိုလုပ္မွာပါဗ်။ မသိရင္ ကြၽန္ေတာ္ကပစ္ထားတာက်ေနတာပဲ

အဲ့သေဘာမဟုတ္ပါဘူးဗ်ာ။ ဒါဆို အျပန္ ေဆး႐ုံကိုဘဲ ဝင္ပို႔လိုက္မယ္ေနာ္? ေဂ်ာင္ဟြန္းေလးေရာ ေဆး႐ုံမွာပဲလား?

ဟုတ္တယ္ ေန႕ေန႕ညညသူ႕အေဖဆီမွာပဲ အိပ္လိုက္စားလိုက္နဲ႕ လူနာေစာင့္ေနေလရဲ႕။ အာ ဒါနဲ႕ အတြင္းေရးမႉးအီလည္း ကြၽန္ေတာ္အလုပ္နားတဲ့တစ္ပတ္အတြင္း ကိစၥအေထြထူးမရွိရင္ အိမ္မွာမိသားစုနဲ႕အခ်ိန္ကုန္လိုက္ပါ

အဲ့လိုပဲလုပ္ဖို႔ စီစဥ္ထားပါတယ္

ဂ်ယ္ယြန္း သူ႕အေတြးေရးမႉးနဲ႕ေဆး႐ုံဆီမေရာက္မခ်င္းစကားေျပာရင္းလာခဲ့သည္။ အလာမွာ သားျဖစ္သူစားေနက် snackတခ်ိဳ႕နဲ႕ ဂ်ဳံေဆာင္းစားေနက်ဆိဳင္က စြပ္ျပဳတ္တစ္ပြဲေလာက္ဝင္ဝယ္ခဲ့လိုက္သည္။

အစတုန္းကေတာ့ ႏွစ္ေယာက္သား အနည္းငယ္ ေရွာင္ဖယ္ေရွာင္ဖယ္လုပ္ခဲ့ၾကေသာ္လည္း အခု သားအသက္လည္းေလးႏွစ္ျပည့္ခါနီးၿပီဆိုေတာ့ သူတို႔ၾကား အရင္လိုအေတာ္အတန္ျပန္ေျပလည္သေလာက္ရွိေနၿပီ။

ဒယ္ဒီ လာၿပီ!

ဟြန္း လဲမယ္ေနာ္!

အခန္းတံခါးဖြင့္လိုက္တာနဲ႕ သူ႕ဆီေျပးခုန္တက္တဲ့ သားကိုဂ်ယ္ယြန္းက အထုတ္အပိုးေတြၾကားက အဆင္ေျပေျပေကာက္ခ်ီလိုက္နိုင္ေသာ္လည္း ကေလးကိုေခ်ာ္လဲမွာစိုးသည့္ ဂ်ဳံေဆာင္းက ေအာ္ျဖစ္ေအာင္ေအာ္မိသည္။ အရင္လိုဆို ကေလးလဲမွာစိုးလို႔ ေနာက္ကလိုက္ထိန္းမွာေပမယ့္ အခုက IV Dripနဲ႕ဆိုေတာ့ စိတ္ရွိတိုင္းထမေျပးနိုင္။

ဒယ္ဒီ ဂ်ဳံေဆာင္းကဒီေန႕ေန႕ခင္းမအိပ္ဘူး။ ဆူေပးဦး အဲ့ဒါ

သားျဖစ္သူက ဂ်ယ္ယြန္းလည္ပင္းအားလက္ႏွစ္ဖက္ႏွင့္အားရပါးရဖက္ကာ ဂ်ဳံေဆာင္းကိုတိုင္သည္။ သူစိတ္ၾကည္တဲ့အခါက် ဦးငယ္ေလး၊ ဒါမွမဟုတ္ ေဖေဖလို႔ေခၚတတ္ေပမယ့္ စိတ္ဆိုးတဲ့အခါက် နာမည္ကိုေခၚတတ္တာက ေဂ်ာင္ဟြန္းရဲ႕ခ်စ္စရာအက်င့္ေလးတစ္ခု။

ဆူလိုက္မယ္ ဆူလိုက္မယ္။ သားသားကေတာ့ ခဏေန ဖိုးဖိုးတို႔လာရင္ အိမ္ျပန္မယ္ေနာ္!

ဒယ္ဒီေရာ?

ဒယ္ဒီက မင္းေဖေဖကိုဒီညေစာင့္ေပးမွာ

ဂ်ဳံေဆာင္းကျငင္းဖို႔ျပင္ေနေပမယ့္ ဂ်ယ္ယြန္းကအေလွ်ာ့မေပးနိုင္သည့္ မ်က္ႏွာေပးျဖင့္ၾကည့္လိုက္ေတာ့ ဘာမွဆက္မေျပာလာ။

စြပ္ျပဳတ္ဝယ္လာတယ္။ အရည္ပဲေသာက္ေနာ္

အင္း

သက္သာလား? ဘယ္လိုေနေသးလဲ?

သက္သာတယ္။ ေဆး႐ုံေတာင္ဆင္းလို႔ရေနၿပီကို မင္းဆက္ထားလို႔ေနေနရတာ

ေဂ်ာင္ဟြန္းငယ္တုန္းက အေတာ္ေလးဂ်ီက်လြယ္ၿပီးထိန္းရခက္တာမို႔ ဂ်ဳံေဆာင္းက အရမ္းဂ႐ုစိုက္ရင္း အအိပ္အစားပ်က္တာမ်ိဳးေတြရွိရာက ႀကိမ္ဖန္မ်ားလာေတာ့ ခုလိုအခ်ိန္မ်ိဳးက် က်န္းမာေရးအေျခမေနက အမွားမခံေတာ့။ ေရွ႕လက ဂ်ယ္ယြန္းေရာေဂ်ာင္ဟြန္းေရာတူတူဖ်ားတာကို ဂ်ဳံေဆာင္းျပဳစုရင္း အစားမမွန္တာ၊ အစားကိုၿပီးစလြယ္ မဆင္ျခင္စားတာမ်ိဳးေတြလုပ္မိေတာ့ ဂ်ယ္ယြန္းတို႔သက္သာကာစမွာသူကအစာအိမ္ေသြးေၾကာေပါက္လို႔ ေဆး႐ုံတင္ရတာ အခုဆိုတစ္လျပည့္ေတာ့မည္။ တကယ္က သက္သာၿပီဆိုေပမယ့္ အားရွိေစခ်င္တာမို႔ ဂ်ယ္ယြန္းက ဆရာဝန္နဲ႕တိုင္ပင္ၿပီး ခုထိေဆး႐ုံေပးမဆင္းခိုင္းတာျဖစ္သည္။

ခဏေနသားကိုေဖေဖတို႔လာေခၚမွာလား ဂ်ယ္ယြန္း?

အင္း အေဖတို႔ကေဆး႐ုံမွာတစ္ခ်ိန္လုံးထားရတာစိတ္မခ်ဘဴး။ ကလေးက်ိုရောဂါတွေကူးမှာစိုးလို့တဲ့။ ငါတို႔ကိုလည္း ေအးေဆးနားၾကတဲ့

ဒါဆို လာမေခၚခင္ ခဏျဖစ္ျဖစ္ ဒီနားကကစားကြင္းကိုလိုက္ပို႔ေပးလိုက္ပါဦး။ သူသြားခ်င္ေနတာ

မင္းတစ္ေယာက္တည္း ရလို႔လား?

ရတယ္။ ငါအိပ္ေနမွာပါ

ငါတို႔သားအဖအလစ္မွာေဆး႐ုံကခိုးဆင္းလို႔ကေတာ့ အေသပဲ

ဂ်ယ္ယြန္းက ဂ်ဳံေဆာင္းေခါင္းေလးကို လက္ညိုးနဲ႕ဖြဖြထိုးကာ စၿပီးေနာက္ ကေလးကိုေခၚကာ လမ္းေလွ်ာက္ထြက္သြားသည္။

တစ္ေယာက္တည္းက်န္ခဲ့တုန္း နားမယ္ႀကံကာမွ ဖုန္းဝင္လာ၍ေကာက္ကိုင္လိုက္ေတာ့ ဆက္သူက ယြန္းအယ္။ သူကသတင္းၾကားၿပီး လူနာသတင္းေမးဖို႔ ေဆး႐ုံေရာက္ေနၿပီဆိုေတာ့ ဂ်ဳံေဆာင္းလည္းမျငင္းနိုင္ဘဲ အခန္းကိုလမ္းၫႊန္ရေတာ့သည္။

အမွန္ဆို သူတို႔အဆက္အသြယ္မရွိေတာ့တာ ေစ့စပ္ပြဲပ်က္ၿပီးကတည္းက။ ဒါေပမယ့္ လြန္ခဲ့သည့္သုံးေလးလေလာက္က ယြန္းအယ္ကျပန္ၿပီးဆက္ဆံလာသည္မို႔ဂ်ဳံေဆာင္းလည္း ေရလိုက္ငါးလိုက္ျပန္ေနေပးျဖစ္ျခင္းပင္။

လမ္းခြဲၿပီးေနာက္ ဂ်ဳံေဆာင္းကေတာ့ အခ်စ္မပါေသာ္လည္း အိမ္ေထာင္တစ္ခုကို အိႏၵျေရရတည္ေထာင္နိုင္သြားေပမယ့္ ယြန္းအယ္ကေတာ့ သူ႕မိဘေတြရဲ႕ဖိအားေပးမႈျဖင့္ စီးပြားေရး၊နိုင္ငံေရး၊ေဖ်ာ္ေျဖေရးေလာကေတြက သူေဌးေတြႏွင့္ စိတ္မပါဘဲဆက္ဆံေနရစၿမဲ။

သတင္းၾကားတည္းက လာခ်င္တာ။ ခရီးေရာက္ေနလို႔

ကိစၥမရွိပါဘူး။ ဖုန္းနဲ႕သတင္းေမးလည္းရပါတယ္

ကို

ဂ်ဳံေဆာင္းအေနခက္စြာအၾကည့္လႊဲလိုက္မိသည္။

ဘာလို႔သူစိမ္းေတြလို ဆက္ဆံတာလဲ? ယြန္းတို႔ ဘယ္အထိပတ္သတ္ခဲ့သလဲ ေမ့လိုက္ၿပီလား?

မဟုတ္ဘူးေလ။ ဘယ္အထိပတ္သတ္ခဲ့တယ္ဆိုတာထက္ အခု ဘယ္လိုအေနအထားေတြျဖစ္ေနၿပီဆိုတာကို ပိုစဥ္းစားရမယ္မလား ယြန္းအယ္?

ဟင့္အင္း ကိုယြန္းကို႔ကို ဟိုးငယ္ငယ္တည္းကခ်စ္တာ အခုလည္းခ်စ္တယ္ ေနာင္လည္းခ်စ္တာမို႔ဆက္ေစာင့္ေနမွာ

ဘာကို ေစာင့္တာလဲ?

ကို ယြန္းဆီကို ျပန္လာမွာကိုေစာင့္မွာ!

ယြန္းအယ္မေစာင့္နဲ႕။ ဒါနင့္ကို ေျပာျပနိုင္တဲ့ ငါ့သေဘာထား အကုန္ပဲ

ကို႔တူေၾကာင့္ လက္ထပ္ရတာဆို? ခုဆိုကေလးလည္းနားလည္တဲ့အ႐ြယ္ေရာက္ေနၿပီေလ။ ကို ဂ်ယ္ယြန္းနဲ႕ကြာလိုက္လည္း ကေလးကကိုတို႔အသိုင္းဝိုင္းနဲ႕သံေယာဇဥ္ရွိေနၿပီပဲဟာ ျပန္လာခဲ့ပါ ေနာ္?

ကေလးမဆန္ပါနဲ႕ယြန္းအယ္။ ဒါကစားေနတာမဟုတ္ဘူး။ ၿပီးေတာ့ ငါ့သားကိုလည္း ငါမခြဲနိုင္ဘူး

သား? ထားပါ။ အခ်ိန္ေပးမွာမို႔ ေခါင္းေအးေအးျပန္စဥ္းစားပါ။ ယြန္း အခုေတာ့ပြန်ဦးမယ်။

ဘာမွ ေခါင္းေအးေအးထားၿပီးစဥ္းစားစရာမွမလိုဘဲ။ ဂ်ဳံေဆာင္းက ယြန္းအယ္ကိုအစတည္းက ခ်စ္ခဲ့တာမွမဟုတ္တာ။ မိဘေတြေစ့စပ္ေပးခဲ့လို႔ အလိုက္အထိုက္ျပန္ဆက္ဆံေပး႐ုံသပ္သပ္ပဲဟာ။ ဒါေပမယ့္ မိန္းကေလးတစ္ေယာက္ကို အစတည္းကမခ်စ္ခဲ့ဘူးဆိုတာမ်ိဳးထုတ္ေျပာရတဲ့အထိေတာ့ သူမယုတ္ညံ့ခ်င္တာမို႔ အဲ့ဒီ့အမွန္တရားကိုေတာ့ေသတဲ့အထိယူသြားလိုက္ဖို႔ ဂ်ဳံေဆာင္းရည္႐ြယ္ထားလိုက္သည္။

ယြန္းအယ္ျပန္သြားၿပီးတဲ့ေနာက္ ဂ်ဳံေဆာင္းစိတ္ညစ္ညစ္ႏွင့္လမ္းေလွ်ာက္ထြက္ခဲ့သည္။ ညရဲ႕ေလျပည္ေအးေအးက ၾကက္သီးထ႐ုံမွ်တိုက္ခတ္လ်က္။ ေဆး႐ုံအျပင္ဘက္ဆီေရာက္လာေတာ့ ကစားကြင္းကျပန္လာသည့္ သားအဖႏွစ္ေယာက္ႏွင့္ဆုံသည္။

ႏွစ္ေယာက္သားဘာရပ္လုပ္ေနတာလဲ? အထဲမဝင္ဘဲနဲ႕

သားသားကိုလာေခၚေနၿပီဆိုလို႔ တစ္ခါတည္းထည့္ေပးၿပီးမွဝင္လာမလို႔

ဟြန္း ေအးလား? ေဖေဖဖက္ထားရမလား?

ရတယ္ မေအးဘူး ဒါေပမယ့္ဖက္ထား

ရတာေပါ့ လာပါဦး
အြန္းအားေတြရွိသြားၿပီကြာ

ဒါဆိုအားေတြျပည့္ေအာင္ အၾကာႀကီးဖက္ထား

ဖက္ထားမွာေပါ့

မျက်စ်ိရှေ့က ကေလးေလးႏွစ္ေယာက္က်ီစယ္ေနသလိုျမင္ကြင္းအား ဂ်ယ္ယြန္းၾကည့္ၿပီးသေဘာေတြက်လ်က္။

ဟြန္း ဖိုးဖိုးတို႔ကားလာၿပီ!

လာေခၚတဲ့ကားေရာက္တာနဲ႕ ဂ်ယ္ယြန္းက သားကိုခ်ီၿပီး ကားထဲပို႔သည္။ အျပင္ျပန္ထြက္မယ္လုပ္ကာမွ သားကလက္ကုပ္ၿပီးလွမ္းေခၚတာမို႔ သူေရာ တစ္ဘက္က ဂ်ဳံေဆာင္းေရာ ကားတံခါးဝသို႔တိုးကပ္လာမိသည္။

ဒယ္ဒီက သားအစားေဖေဖ့ကိုေစာင့္ေပးမယ္ဆို သားလိုမ်ိဳး မနက္က်ေဖေဖနိုးတာနဲ႕ အာဘြားေပးလိုက္

ေဂ်ာင္ဟြန္းစကားအဆုံးဝယ္ ဂ်ဳံေဆာင္းႏွင့္ဂ်ယ္ယြန္းမွာ ရွက္ၿပီးၿငိမ္က်သြားေသာ္လည္း ကားထဲကအဖိုးနဲ႕အဖြားလုပ္သူကေတာ့ ရယ္ေမာလ်က္သူတို႔ေျမးအား စကားတတ္သည္ဆိုကာ ျမႇောက္ပင့္ေျပာၾကၿပီး ကားေမာင္းထြက္သြားေတာ့သည္။

သားမေအးဘဲ မင္းေအးေနတာမလား?
လာခဲ့

ဂ်ယ္ယြန္းက သူ႕ကုတ္အကၤ်ီကိုခြၽတ္ၿပီး ဂ်ဳံေဆာင္းကိုယ္ေပၚလႊားေပးလိုက္သည္။

သားထြက္သြားေပမယ့္ သူတို႔ခ်က္ခ်င္းအထဲျပန္မဝင္ျဖစ္ဘဲခုံတန္းေလးတစ္ခုေပၚခဏထိုင္မိၾကသည္။ ဂ်ဳံေဆာင္းကဂ်ယ္ယြန္းရဲ႕ကုတ္အကၤ်ီကို တင္းတင္းၿခဳံရင္း ေအးစိမ့္စိမ့္အရသာကိုခံစားေနၿပီး ဂ်ယ္ယြန္းက အျပန္လမ္းမွဝယ္လာတဲ့ဘီယာဗူးကို အားရပါးရေမာ့ေသာက္ေနသည္။

ကုန္သေလာက္ရွိတဲ့ဘီယာဗူးကို အသာခ်ရင္း ဂ်ယ္ယြန္းရဲ႕လက္ေတြက ထိုင္ခုံကိုအားျပဳေထာက္မိေတာ့ သူ႕အရင္ေထာက္ထားတဲ့ ဂ်ဳံေဆာင္းရဲ႕လက္ဖဝါးေအးေအးေလးကိုသြားဖိမိသည္။

ေဆာရီး

ရတယ္

အေတာ္ေလးသက္သာလာေပမယ့္ သာမန္ဆိုပ်ားရည္လိုဝင္းဝင္းဝါဝါရွိတတ္တဲ့ဂ်ဳံေဆာင္းမ်က္ႏွာေလးက ခုေတာ့ ျဖဴေဖ်ာ့ေဖ်ာ့ျဖစ္ေနရာက ညအေအးဒဏ္ေၾကာင့္ ပန္းေရာင္သမ္းေနသည္။

ဖိထားတဲ့လက္ကိုမဖယ္ေပးဘဲ ေအာက္ကလက္ဖဝါးေအးေအးေလးကို ဂ်ယ္ယြန္းသူ႕လက္ထဲထည့္ကာ ႏြေးသြားေအာင္ခပ္ဖြဖြႏွိပ္နယ္ရင္း အပူေပးေနလိုက္သည္။

ဂ်ဳံေဆာင္းကလည္း ဘာမွေျပာမလာဘဲ ၿငိမ္ခံလ်က္။

လျပည့္ညထင္တယ္။ ၾကယ္ေတြလည္းအမ်ားႀကီးပဲ

နည္းနည္းအေနခက္သည့္အေျခေနမ်ိဳးမျဖစ္ရေအာင္ ဂ်ဳံေဆာင္းက တိတ္ဆိတ္သည့္အေျခအေနကို ၿဖိဳခြင္းလိုက္သည္။ ထိုအခါဂ်ယ္ယြန္းက ေျခေထာက္ခ်ထားေသာျမက္ခင္းျပင္ကို ဖိနပ္ျဖင့္ထိုးဆြရင္း

မွတ္မိလား အထက္တန္းစာေမးပြဲေနာက္ဆုံးေန႕ ဒီလိုၾကယ္စုံတဲ့လျပည့္ညတုန္းက ကမ္းေျခမွာ မင္းနဲ႕ငါပထမဆုံး

ေျပာမွျဖင့္ၿပီးေအာင္ေျပာ။ ငါကဆယ္ေက်ာ္သက္ေလးမဟုတ္ေတာ့လို႔ အရွက္သည္းမေနပါဘူး

ေရစက္ဆိုတာလက္ခံၿပီလား? မင္းငါ့ကိုတျခားဘဝကိုအတင္းပို႔ခဲ့လည္း အခုငါနဲ႕အတူျပန္ရွိေနရၿပီမဟုတ္ဘူးလား?

ဂ်ယ္ယြန္းကအနိုင္ဘက္ကမို႔ ဝမ္းသာအားရေျပာေနေသာ္လည္း ဂ်ဳံေဆာင္းကတိတ္ဆိတ္စြာျဖင့္ ၿပဳံးေန႐ုံသာ။

ဂ်ဳံေဆာင္းလက္ဖဝါးကိုႏွိပ္နယ္ေနေသာ ဂ်ယ္ယြန္းရဲ႕လက္တို႔ရပ္တန႔္သြားသည္။ ထို႔ေနာက္ ဂ်ယ္ယြန္းသည္ ကမ္းေျခကညတုန္းကလိုမ်ိဳး ဂ်ဳံေဆာင္းႏႈတ္ခမ္းေတြထံမ်က္စိစုံမွိတ္ထပ္တိုးကပ္လာသည္။ ဂ်ဳံေဆာင္းကလည္း အရင္အတိုင္း မ်က္ဝန္းေတြမွိတ္ခ်ဆဲ

ထိုညလည္း ေဆး႐ုံဝန္းရဲ႕ေထာင့္တစ္ေနရာဝယ္ ဂ်ဳံေဆာင္းေမာဟိုက္သြားသည္အထိ သူတို႔အနမ္းခ်င္းဖလွယ္ခဲ့ၾကသည္။

*****

အာ ျပစရာရွိတယ္ ေန႕လည္ကသားအိပ္ေနတာ ေၾကာင္ေလးကျေနတာပဲ။

ေဆး႐ုံဆင္းမယ့္ေန႕ဆိုေတာ့ အလုပ္မ်ားတာမို႔ သားကိုေခၚမလာဘဲ အဖိုးအဖြားအိမ္မွာပဲထားခဲ့လိုက္သည္။

ေဆး႐ုံဆင္းဖို႔ ပစၥည္းတခ်ိဳ႕သိမ္းရင္းဂ်ဳံေဆာင္းက ဖုန္းဖြင့္ကာ သူရိုက္ထားေသာ ေဂ်ာင္ဟြန္းရဲ႕ပုံကိုထုတ္ျပဖို႔ျပင္သည္။ lock screenကိုဖြင့္ၿပီး႐ုံရွိေသး

ခဏ ငါအေရးေပၚ toiletဝင္လိုက္ဦးမယ္
ျပန္လာရင္ျပမယ္

Toiletထဲေျပးဝင္သြားတဲ့ဂ်ဳံေဆာင္းကိုၾကည့္ရယ္ရင္း ဂ်ယ္ယြန္းအသုံးအေဆာင္တခ်ိဳ႕ကို သိမ္းဆည္းလ်က္က်န္ခဲ့သည္။ ထိုစဥ္ ဂ်ဳံေဆာင္းဖုန္းထဲသို႔ messageတစ္ေစာင္က သိသိသာသာflashမီးပြင့္ၿပီးဝင္လာတာကို သူသတိထားမိသည္။ သူမ်ားကိုယ္ေရးကိုယ္တာကို ဝင္မစြက္ဖက္သင့္တာသိေပမယ့္ ပို႔သူက ေဂ်ာင္ယြန္းအယ္ျဖစ္ေနတာမို႔ ဂ်ယ္ယြန္းစိတ္မထိန္းနိုင္ဘဲ ဖြင့္ဖတ္ၾကည့္လိုက္သည္။

လာမယ့္တနဂၤႏြေေန႕ ကိုတို႔မိသားစု *** Hotelမွာ ညစာစားမယ္ဆိုတာသိထားတယ္။ ယြန္းလည္းအဲ့မွာပြဲတက္ဖို႔ရွိတယ္။ ၿပီးရင္ ညတြင္းခ်င္း ယြန္း Milanကိုခရီးထြက္ဖို႔ရွိတယ္ အဲ့ခရီးကကိုနဲ႕ယြန္းရဲ႕ honeymoonအျဖစ္သတ္မွတ္ဖို႔ ဆုံးျဖတ္ခ်က္ေသခ်ာၿပီဆို ယြန္းနဲ႕တစ္ခါတည္းလိုက္ခဲ့ပါ

စာဖတ္ၿပီးသည္ႏွင့္ သူ႕ရင္ထဲလစ္ဟာသြားသလိုခံစားလိုက္ရသည္။ ဂ်ဳံေဆာင္းက သူ႕ဘဝထဲကေနာက္တစ္ခါထပ္ထြက္ေျပးသြားဦးမည္။ ဒီတစ္ခါဆို သားပါထားခဲ့ခံရမွာျဖစ္ၿပီး ဘယ္ေတာ့မွျပန္မလာေတာ့တာမ်ိဳးလည္းျဖစ္ေလာက္သည္။

သားကိုကစားကြင္းလိုက္ပို႔သည့္ညကတည္းက အျပန္မွာ ဂ်ဳံေဆာင္းအခန္းထဲကထြက္လာသည့္ ယြန္းအယ္ကိုျမင္တာမို႔ သူတို႔သားအဖ အျပင္ဘက္ကို ျပန္ေရွာင္ထြက္ခဲ့ရေသးသည္။ အဲ့ကတည္းက ဂ်ယ္ယြန္းဒီလိုအေျခအေနေတြကို ႀကိဳမွန္းထားခဲ့ေပမယ့္ ျဖစ္လာေတာ့လည္း သူ႕မွာအစိမ္းသက္သက္ႀကီး။

တံခါးဖြင့္သံၾကားတာနဲ႕ ဂ်ယ္ယြန္း ဖုန္းကို ေျခရာလက္ရာမျပတ္ျပန္ခ်ထားလိုက္သည္။

ပုံ ကိုယ့္ဟာကိုယ္ရွာၾကည့္ေနတာလား?

အင္းရွာ ရွာေပမယ့္ မေတြ႕ဘူး

လာ ငါျပမယ္

*****

ဂ်ယ္ယြန္းစားေလ! ေရာက္ကတည္းက ငုတ္တုတ္ႀကီးငိုင္ၿပီး ဘာျဖစ္ေနတာလဲ?

မ်က္ႏွာခ်င္းဆိုင္က သားနဲ႕ဂ်ဳံေဆာင္းကရယ္ရယ္ေမာေမာညစာစားေနၾကေသာ္လည္း ဂ်ယ္ယြန္းမွာ စားစရာေတြေရွ႕ခ်ထားၿပီး ေတြေဝလ်က္

ရင္ျပည့္ေနလို႔ပါ

အဲ့ဒါဆို ျဖည္းျဖည္းစား။ မစားဘဲေတာ့မေနနဲ႕

ဒီေန႕က သားရဲ႕ေမြးေန႕လည္းျဖစ္သလို ယြန္းအယ္ေျပာထားတဲ့ တနဂၤႏြေေန႕လည္းျဖစ္သည္။ ဂ်ဳံေဆာင္းနဲ႕ယြန္းအယ္ဆုံမိမွာစိုးလို႔ သူ VIP roomကို bookingလုပ္ထားတာျဖစ္သည္။ သို႔ေပမယ့္ သူဘယ္အတိုင္းအတာအထိမ်ားဆြဲထားနိုင္မလဲ? ကာယကံရွင္ကထြက္သြားခ်င္တယ္ဆို ဘာမ်ားတတ္နိုင္မွာလဲ?

အေတြးနစ္ေမ်ာေနစဥ္ စားပြဲေပၚခ်ထားတဲ့ ဂ်ဳံေဆာင္းရဲ႕ဖုန္းကထျမည္သည္။ သူရင္ေတြတုန္ေနေပမယ့္လည္း မျဖစ္ျဖစ္ေအာင္ခိုးၾကည့္မိလိုက္သည္။ ယြန္းအယ္ဆိုသည့္နာမည္ပင္။

ခဏေနာ္

ဆယ့္ငါးမိနစ္ေလာက္ၾကာၿပီးေနာက္မွာ မ်က္ႏွာမေကာင္းစြာျဖင့္ ဂ်ဳံေဆာင္းျပန္ဝင္လာခဲ့သည္။ ထြက္သြားတုန္းကပုံစံႏွင့္ျခားနားစြာ မၾကည္မသာျပန္ဝင္လာတဲ့ ဂ်ဳံေဆာင္းက သူ႕ကိုလည္းအၾကည့္ခ်င္းမဆုံသလို သားကိုသာ ဝမ္းနည္းစြာစိုက္ၾကည့္ေနခဲ့သည္။

ဝိုင္ခြက္ကိုင္ထားတဲ့ဂ်ယ္ယြန္းလက္ေတြ မသိမသာတုန္ယင္လာသည္။

ဟြန္း! ေအာက္မွာ ဖိုးဖိုးနဲ႕ဖြားဖြားတို႔ေရာက္ေနၾကၿပီတဲ့။ သြားႀကိဳမလား?

ဟုတ္ ေဖေဖ သြားေခၚလိုက္မယ္

ဂ်ဳံေဆာင္း ပ,ထုတ္လိုက္လို႔ သားထြက္သြားသည္ႏွင့္ ဂ်ယ္ယြန္းမွာဟန္မေဆာင္နိုင္စြာ

ဘာေျပာစရာရွိလို႔လဲ?

ဂ်ဳံေဆာင္းက လိပ္ျပာမလုံစြာေခါင္းကိုငုံ႕ထားသည္။

ေဂ်ာင္ယြန္းအယ္ဆီလိုက္သြားခ်င္လို႔လား?

ေမာင္ ဘယ္လိုသိ?

ထြက္သြားခါနီးမွ ေမာင္လာေခၚေနျပန္သည့္ ဂ်ဳံေဆာင္းကသူ႕အား ရင္ကြဲနာက်က်န္ခဲ့ေစခ်င္ပုံပင္။

သြား! လိုက္သြား!
ဒီတစ္ခါေတာ့ ျပန္မလာနဲ႕! ငါတို႔သားအဖကို ေသေရးရွင္ေရးျဖစ္ရင္ေတာင္လွည့္မၾကည့္ဘဲ အၿပီးထြက္သြားေတာ့!

ေမာင္!

မင္းအစတည္းက ငါ့ဆီျပန္မလာခ်င္တာပါ။ မင္းအၿမဲငါ့ဆီကို အေၾကာင္းျပခ်က္ေတြနဲ႕ေရာက္လာၿပီး အေၾကာင္းျပခ်က္ေတြနဲ႕ဘဲ ျပန္ထြက္သြားတာပဲေလ။ ပထမကဆူအာေၾကာင့္မင္းထြက္သြားတယ္။ ဆူအာေၾကာင့္ပဲမင္းျပန္လာတယ္။ အခုေဂ်ာင္ယြန္းအယ္ေၾကာင့္ မင္းထပ္ထြက္သြားဦးမယ္။ ဒါေပမယ့္ ျပန္မလာနဲ႕ေတာ့

သူ႕ဆီေလွ်ာက္လာၿပီး လာထိန္းကိုင္တဲ့ဂ်ဳံေဆာင္းအား ဂ်ယ္ယြန္းက ဂနာမၿငိမ္စြာျပန္တြန္းလႊတ္ရာ ႐ုန္းရင္းဆန္ခတ္ျဖင့္ ဂ်ဳံေဆာင္း၏ အေပၚဆုံး အကၤ်ီၾကယ္သီးျပဳတ္ထြက္သြားသည္။

ထို႔ေနာက္ သူျမင္လိုက္ရသည္က တစ္ခ်ိန္ကသူေပးဖူးတဲ့လက္စြပ္ဟာ ဂ်ဳံေဆာင္းလည္ပင္းမွာျပန္ခ်ိတ္ဆြဲခံထားရသည္။

ေမာင္ ငါေျပာတာနားေထာင္ဦး! ငါေျပာစရာရွိတာမွန္တယ္။ အဲ့ဒါေတာ့မဟုတ္ဘူး

အဲ့ဒါမဟုတ္ရင္ သားကို ဘာကိစၥေရွာင္ခိုင္းတာလဲ?

သားသိစရာမလိုတဲ့ကိစၥေျပာမလို႔

စကားေတြသာေျပာေနေပမယ့္ ဂ်ယ္ယြန္းအၾကည့္ေတြက ဂ်ဳံေဆာင္းရဲ႕လက္စြပ္ထံ၌သာ။

ငတုံးေကာင္ပဲ မင္း!

ဟင္?

သားကငါ့ကိုဘာမွလွ်ို႔ဝွက္မထားတတ္ဘူး။ ယြန္းအယ္လာတဲ့ညက မင္းတို႔ေတြအျပင္ျပန္ထြက္ေျပးတာသူေျပာျပတယ္။ ငါ့messageကိုမင္းယူဖတ္တာလည္း ငါသိတယ္။ ဒါေပမယ့္ မင္းကငါ့ကိုယုံတဲ့ပုံမေပၚဘူးေလ။ ငါထြက္သြားမယ္ပဲထင္တာ။ အဲ့ဒါ ငါ့ကိုအထင္ေသးတာ။ ဒါေၾကာင့္ အျမင္ကတ္ကတ္နဲ႕ စိတ္ဆင္းရဲပါေစဆိုၿပီး ထိုင္ၾကည့္ေနတာကို။ မင္းဟာက ဝုန္းဒိုင္းပါထက်ဲေတာ့ မ်ားလြန္းေနၿပီ

ဂ်ယ္ယြန္းက ထိုအခါမွ ဖရိုဖရဲျဖစ္ေနေသာ အဝတ္ေတြကိုျပန္ျပင္ဝတ္ၿပီး မ်က္ႏွာကေခြၽးေတြကို အျမန္ျပန္သုတ္ေနပုံက အနည္းငယ္ပင္ရယ္စရာေကာင္းသည္။

အဲ့ အဲ့လက္စြပ္က

မင္းဆီကေန မသိေအာင္ျပန္ယူထားတာ။ ျပန္ဝတ္မလို႔

ျပန္ဝတ္တယ္?

ဂ်ဳံေဆာင္းက လည္ပင္းကဆြဲခြၽတ္ကိုခြၽတ္ကာ လက္စြပ္ကိုလည္း ျဖဳတ္ယူလိုက္သည္။ ထို႔ေနာက္ ဂ်ယ္ယြန္းလက္ထဲထည့္ေပးလိုက္သည္။

ျပန္ဝတ္ေပး။ ဒီတစ္ခါေတာ့ လက္မွာ

ဂ်ယ္ယြန္းက မယုံၾကည္နိုင္စြာျဖင့္ လက္စြပ္ကိုယူကာ ဂ်ဳံေဆာင္း၏လက္သူႂကြယ္မွာ ဝတ္ဆင္ေပးလိုက္သည္။

ေျပာစရာရွိတယ္ဆိုတာ ငါက တကယ္လက္ထပ္ထားတဲ့သူေတြလိုေနၾကမယ္လို႔ေျပာမလို႔ဟာကို

ဂ်ဳံေဆာင္းက မ်က္ႏွာကိုေအာက္ငုံ႕က ေလသံတိုးတိုးျဖင့္ေျပာသည္။

ဂ်ယ္ယြန္းကအလိုက္တသိျဖင့္ ဂ်ဳံေဆာင္းအားဆြဲဖက္ၿပီး ခပ္ရဲရဲမ်က္ႏွာအား သူ႕ရင္ခြင္ထဲထည့္ထားေပးလိုက္သည္။

ဖိုးဖိုးတို႔ မလာပါဘူး!

ျပန္ေျပးလာသည့္ သားငယ္က ဖက္ေနၾကတဲ့သူတို႔ကိုျမင္ေတာ့ ေဒါကန္ေနတဲ့ပုံေလးျဖင့္ အခန္းထဲကို ေျခေဆာင့္ဝင္လာသည္။

မ်က္စိမွိတ္ထား၊ မဟုတ္လည္း ဟိုဘက္လွည့္ထားလို႔ေျပာလည္းရတာကို လူကို သပ္သပ္မဲ့ေမာေအာင္! အဲ့ေတာ့ အာဘြားက ေပးၿပီးၿပီလား အခု?

မေပးရေသးဘူး သားကိုေစာင့္ေနတာ ေဖေဖနဲ႕သားကို တူတူေပးခ်င္လို႔

ဂ်ယ္ယြန္းစကားအဆုံး သားက သူတို႔ကိုယ္ႏွစ္ခုအား အတင္းေျပးဝင္လာသည္။ ႏွစ္ေယာက္လုံး ကေလးႏွင့္တေျပးညီျဖစ္ေအာင္ထိုင္ခ်ၿပီးေနာက္ သားကသူတို႔ႏွစ္ေယာက္ကို အရင္ဖက္နမ္းေတာ့သည္။

ဂ်ယ္ယြန္းက သူ႕ကိုဖက္ထားတဲ့သားကိုျပန္မလႊတ္ေသးဘဲ သားမျမင္ခင္မ်က္ႏွာခ်င္းဆိုင္က ဂ်ဳံေဆာင္း၏ႏႈတ္ခမ္းအား ခပ္ျမန္ျမန္နမ္းလိုက္သည္။

ခ်စ္တယ္

အင္း ငါလည္းခ်စ္တယ္

Back to you
15.11.2023

Happy Jaeyunie dayပါရွင့္။ ေနာက္က်သြားလို႔
ဒါက ကိုယ့္ရဲ႕ Commission bookေလးမို႔ မၾကာခင္ ဒီမွာပဲ Sungjengတစ္ပုဒ္နဲ႕ Hoonkiတစ္ပုဒ္ထပ္ေရးရမွာပါ။ ေမွ်ာ္ေနေပးၾကပါဦး။

Continue Reading

You'll Also Like

644K 32.4K 60
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
789K 29.4K 105
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
1.8K 303 7
" ရော့ မင်းလိုချင်တဲ့ သစ်ခွ .... လမ်းမှာတွေ့လို့ကောက်လာတာ " " ပန်းပေးရင် အလှမ်းဝေးတတ်တယ် လူ့ဂွစာရဲ့ ....."
16.7K 678 9
A Christmas collection of my page's favorite Bangtan couples.