Love and Hate

By KoeChittsawangdee

1K 113 39

Married life ဖြစ်မှာပါ ဒါပေမယ့် warning ထည့်ရလောက်စရာပါမှာ မဟုတ်ပါဘူး More

One
Two
Three
Four
Five
Seven

Six

117 13 1
By KoeChittsawangdee



"အဲ့တာကြောင့် အဲ့သောက်အလုပ်ကို ငါမလုပ်ခိုင်းတာပေါ့ အဲ့တာကို အလုပ်မရှိမနေတက်ဘူးဆိုပြီး အခုတော့ အရင်ရည်းစားနဲ့ သွားချိန်းတွေ့တယ်"

"ဟရုတို ငါမင်းကို ဘယ်နှခါပြောရမလဲ ငါနဲ့ ဂျောင်ဟွမ်နဲ့ ရိုးရိုးသားသား စကားပြောနေတာလို့"

"ရိုးရိုးသားသားပြောတဲ့ သူတွေက တစ်ယောက်နဲ့တစ်ယောက် ပူးကပ်နေတာလား ယွန်းဂျယ်ဟော့လည်း ငါနဲ့တွေ့ဦးမယ် ပြောတော့ စိတ်ချပါ သူဖြစ်လာသမျှ တာဝန်ယူမယ်ဆိုပြီး"

"မင်း မဆိုင်တဲ့သူတွေကို ဆွဲမထည့်နဲ့"

"ဆိုဂျောင်ဟွမ်ကရော အိမ်ထောင်ကျပြီးမှန်းသိတာတောင် မင်းကိုပတ်သတ်နေတာ အံဩတယ် ဆေးကျောင်းသားဖြစ်ပြီး အရှက်မရှိဘူးလား"

"မင်းဂျောင်ဟွမ်ကို ဘာမှပြောစရာမလိုဘူး ပြီးတော့ ငါတို့ဖောက်ပြန်နေတာ မဟုတ်ဘူးလို့ ဘယ်နှခါပြောရမလဲ
စိတ်ချ ငါနဲ့ ဂျောင်ဟွမ်ဘယ်တော့မှ ဖောက်ပြန်မှာ မဟုတ်ဘူး အဲ့တာမင်းအပေါ် သစ္စာရှိလွန်းလို့တော့ မဟုတ်ဘူး ဂျောင်ဟွမ်ကို လူပြောစရာ အဖြစ်မခံနိုင်လို့"

"ဘာ တော်တော်ချစ်နေတယ် ဟုတ်လား"

ဂျောင်ဝူးပခုံးနှစ်ဖက်ကို လှုပ်ရမ်းလာသည့် ရုတိုလက်ထဲမှ ရုန်းရင်း

"ဟုတ်တယ် ချစ်တယ် ငါအရင်တည်းက သူ့ကိုပဲချစ်တာ အခုလည်း ချစ်တယ် နောက်လည်းချစ်ဦးမှာ"

"ဟာကွာ"

ခွမ်း

ဂျောင်ဝူးက ပြောပြီးတာနှင့် အပေါ်ထပ်ကို ပြေးတက်သွားသည်။ ထိနောက် တပြိုင်နက် ထွက်ပေါ်လာသည့် အသံပလံတွေ
သူ့ကိုယ်ကို့စိတ်တိုပြီး တခုခုလုပ်မှာကို ဂျောင်ဝူးလည်း ကြောက်သည်။သူကအရင်တည်းက လက်ရဲဇတ်ရဲမဟုတ်လား

~~~~~
ရုတို အပေါ်တက်လာတော့ နှစ်ယောက်အတူနေတဲ့ အခန်းက တံခါးပိတ်ရက်သား
အထဲဝင်ရင်လည်း နောက်တပွဲဆက်သွားမှာမို့ အလုပ်ခန်းထဲသာ ဝင်ခဲ့လိုက်သည်။
ဒီအခန်းကို ဂျောင်ဝူးက ဘယ်တော့မှ မလာတက်ပါ။ ရုတိုနှင့် အတူနေသည့် အခန်းကိုတောင် မတက်သာလို့ နေနေရသည့် ပုံစံမျိုး သူအမြဲလုပ်တက်သည်။ ရုတိုလည်း စားပွဲပေါ်မှ ဘောင်သွင်းထားသည့် ဓာတ်ပုံလေးကို ကောက်ကိုင်လိုက်ရင်း

"ဘာလို့ အဲ့တုန်းကလို ပြုံးမပြတော့တာလဲကွာ"

~~~~~~~

"ဟရုတို အတန်းပြေးမလား mathအချိန်ကြီး မင်းမကြိုက်ဘူးမလား"

"သွားမယ်"

ပြောပြီးတာနှင့် လွယ်အိတ်ကို ဆွဲကာ အခန်းအနောက်ပေါက်နေ ထွက်ရင်း အတန်းရှေ့ဆုံးတန်းကိုလည်း တချက်ကြည့်လိုက်မိသည်။

"သွားမယ် မြန်မြန်လာ"

ရုတိုတို့ကျောင်းက ကိုရီးယားက ချမ်းသာတဲ့ မိသားစုက သားသမီးတွေငွေဖြုန်းကြသည့် နေရာလို့ သူများတွေ သမုတ်သလို ထိုနေရာမျိုးပင်ဖြစ်သည်။ ဒီကျောင်းမှာ တက်နေကြသူတွေက ဘယ်တက္ကသိုလ်တက်ရဖို့ ,စကောလားအတွက် အမှတ်ကောင်းကောင်းရဖို့ ကြိုးစားနေကြသူများ မဟုတ်ကြပါ။ အထက်တန်းကို ပေါ့ပေါ့ပါးပါးတက်ကြပြီး အချိန်တန် မိဘအမွေဆက်ခံကြမည့် သူများသာဖြစ်သည်။ ရုတိုလည်း ထိုနည်း၄င်းပင် ......
ကျောင်းတွေတိုင်းမှာ စာကြိုးစားသူ မကြိုးစားသူဆိုပြီး ရှိနေတက်သလိုပဲ မိမိတို့ကျောင်းတွင်လည်း မိဘလုပ်ငန်းခွင်ရှိနေသည်ကိုတောင် အမှတ်ကောင်းကောင်းရဖို့ ကြိုးစားနေကြသူများရှိသည်။ ထိုကြောင့် အတန်းတိုင်းမှာ Aနှင့် Bဆိုပြီး ၂ခန်း ခွဲထားတက်သည်။ စာမကြိုးစားသလို အတန်းတက်ရသည်ကိုလည်း ပျင်းသည့် ရုတိုက စာတော်သည့်သူများပဲနေသည့် Aခန်းကိုမုန်းသည်။

"ဘာတွေကြည့်နေတာလဲ မင်းဟာလေးကို ကျောင်းပြေးဖို့ ခေါ်ချင်လို့လား"

"မဟုတ်ပါဘူးကွာ သွားမယ်"

"Roll 1က ပြေးမယ် ထင်နေလား စိတ်ကူးယဉ်မနေနဲ့ မင်းကြောင့်နဲ့ ဒီအခန်းထဲ ငါပါလိုက်တက်နေရတာ ပျင်းသေတော့မယ်"

"အရမ်း အပိုတွေပြောတာပဲ သွားမယ် မြန်မြန်လာ"

ဟုတ်ပါတယ် ရုတိုကိုယ်တိုင်က သိပ်မုန်းသည့် Aခန်းကပါ။ Aခန်းမှာတက်ရဖို့ ကျောင်းအုပ်ကို ငွေအများကြီး လာဘ်ထိုးထားရသည့် အကြောင်းရင်းကတော့ ရုတိုကို ဘယ်တုန်းကမှ ကြည့်လေ့မရှိတဲ့ မျက်မှန်အောက်က မျက်ဝန်းလေးတွေကြောင့်ပင် .....

Continue Reading

You'll Also Like

36.5K 1.5K 9
ᴀ ᴘᴇʀꜰᴇᴄᴛ ʙᴏꜱꜱ ᴀɴᴅ ʜɪꜱ ᴄᴜᴛɪᴇ ᴘɪᴇ ꜱᴇᴄʀᴇᴛᴀʀʏ>.< ʟᴏᴠᴇ ᴍᴀʏ ᴄᴏᴍᴇ ᴡʜᴇɴ ʏᴏᴜ ᴀʀᴇ ɴᴏᴛ ᴇxᴘᴇᴄᴛɪɴɢ ᴀɴʏᴍᴏʀᴇ.
1.1M 36K 62
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
1.3M 56.4K 103
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
24.7K 1.9K 40
အတ္တဆိုတာ မီးတောက်တစ်ခုလိုပဲ ကိုယ်တိုင်လည်းပူလောင်နေရသလို တစ်ပါးသူကိုလည်း ကူးစက်စေတယ်...အဆုံးသတ်မှာ နှစ်ဦးနှစ်ဖက်လုံး ပျက်စီးကြရတာပါပဲ DIKA-CHANSOO V...