"ဂျွန်"
"ဟင်"
~
"မင်းသိပ်လှတယ်"
ယောက်ျားလေးတစ်ယောက်ကို
"လှတယ်"လို့ ခိုင်းနှိုင်းဖို့ရာတွက်
အဲ့ဒီယောက်ျားလေးတစ်ယောက်
ဘယ်လောက်နူးညံ့သိမ်မွေ့ဖို့
လုံလောက်သလဲ
~
မျက်နှာပေါ်မှာ
ဘာအရောင်စုံမိတ်ကပ်မှမလို
သေသပ်စွာ တင်းတင်းစေ့ထားတတ်တဲ့
တစ်ခါတစ်ရံ အတွေးလွန်တတ်တဲ့အခါ
အနည်းငယ် စူလာတတ်တဲ့
လှသွေးကြွယ်လွန်းတဲ့ မင်းနှုတ်ခမ်းပါး
ဆေးဆိုးစရာမလိုပဲ နီဆွေးနေတတ်တာ
မြတ်နိုးချင့်စရာ
~
နောက်ထပ်မြတ်နိုးရတဲ့ "စိတ္တဇ"နာမ်တစ်ခု
မင်းရဲ့နှုတ်ခမ်းပါးက
ဖြစ်တည်လာတဲ့ မင်း"အပြုံး"
အေးချမ်းလွန်းလှတယ်
ကိုယ်ဘယ်ငရဲကိုခုန်ဆင်းရမလဲ ဂျွန်
မင်းအပြုံးသာတည်ရှိနေရင်
ကိုယ့်အတွက် ငရဲပြည်ကလည်း
အေးချမ်းရာနိဗ္ဗန် ဖြစ်သွားလိမ့်မယ်
~
ကိုယ့်ဘဝအတွက်အလှဆုံးသော
လက်ရာအမြောက်ဆုံးသော
"ပန်းချီကားတစ်ချက်"ကို ညွှန်းပြရမလား
အဲ့ဒီလိုဆိုရင်တော့ ကိုယ်ညွှန်းပြလိုက်မယ်
မျက်စိတစ်ဆုံးမြင်နေတဲ့
ဒီ"အဖြူရောင် ဒေစီ ပန်းခင်း"
အဲ့ဒီ့အဖြူရောင်ပန်းခင်းကြီးအလယ်မှာမှ
"မင်း"ရှိနေတဲ့ အခုချိန်
တစ်ချိန်တည်းမှာပဲ
မင်းရဲ့နှုတ်ခမ်းထက်က"အပြုံး"
အရာအားလုံးပေါင်းစပ်လိုက်ရင်
ကိုယ့်"အသက်ထက်မြတ်နိုးရတဲ့ ပန်းချီ"
ဖြစ်သွားပါလိမ့်မယ်
~ချွင်းချက်တော့ရှိတယ် ဂျွန်
အဲ့ဒီ ပန်းချီ တစ်ချပ်မှာ
"မင်း"ပါဝင်နေမှ
ကိုယ်"မြတ်နိုးရတဲ့ပန်းချီ" ဖြစ်လာမှာ~
.
.
.
.
.
.
.
.
.
.
.
"အိုဆယ်ဟွန်း!"
"အိုဆယ်ဟွန်းရေ.!!!"
"ဒေါက် ဒေါက်!!"
"အိုဆယ်ဟွန်း!!"
"ဟင် ဒီ ကလေး ဒီလောက်ခေါ်နေတယတောင်မနိုးဘူး ဘာဖြစ်နေပါလိမ့်"
"အိုဆယ်ဟွန်း!!"
အိုမားမားတော့ သူ့ရဲ့ချစ်လှစွာသော သားလေးကို ခေါ်နိုးနေရသည်မှာ တစ်ရပ်ကွက်လုံး ကြားတော့မည် ဒင်း လေးကတော့ နိုးမလာ.
အိုမားမားလည်း စိတ်မရှည်တော့
အထဲကကောင်လေးကတော့လား အိပ်ယာပေါ်ဝပ်လျားမှောက်ကာ မျက်နှာတစ်ခုလုံးပန်းနဲ့ပေါက်ထားသလို အပြုံးပေါ်အပြုံးဆင့်ကာ အိပ်မောကျနေလေပါရဲ့
"အိုဆယ်ဟွန်းးး!!!!"
"ဗျာ! ဗျာ! အိုမား!!"
အိုမားမားစိတ်မရှည်ကာ သော့အပိုယူကာဖွင့်ပြီး အခန်းထဲထိ လာအော်လှုပ်နိုးမှာ အလန့်တကြား ပြူးကြောင်ကြောင်လေးနဲ့ နိုးလာတဲ့ သူလေးရယ်ပါ..
"ဘယ် အချိန်ရှိပြီလဲ အိုဆယ်ဟွန်း"
"ဟင်! အိုမား!"
"အိုဆယ်ဟွန်း မင်းဘယ်ချိန်ထိအိပ်ဖို့စဉ်းစားနေတာလဲ နာရီလဲကြည့်အုံး နေ့လည်ရောက်တော့မယ် ကျောင်းလေးပိတ်တုန်းမနှိုးပဲ ထားထားတော့ ထားတဲ့အတိုင်းအိပ်တယ် လူ ထ ချိန် တော့ ထမှပေါ့ ဆယ်ဟွန်းရဲ့"
"အိုမား ခန..ခနလေး သားခုမှနိုးတာလား ဟင်.!"
အိုမားမားတော့ ပြူးကြောင်ကာ သူ့ကိုမေးလာတဲ့သားမေးခွန်းကြောင့် ကိုယ့်နှဖူးသာ ကိုယ်လက်နဲ့ရိုက်လိုက်မိတော့သည်
သူအခုမှနိုးတာလား အမေ့ကိုပြန်လာမေးနေတဲ့သား
ဘာတေများ အိပ်မက် မက်လို့ လက်ရှိကိုပါမေ့သွားရပါလိမ့်
တော်ပြီ မပြောတော့ဘူး မပြောတော့ဘူး
အိုမားတော့ ခေါင်းတရမ်းရမ်းနဲ့ ထွက်သွားလေပြီ..
"နေပါအုံး အဲ့တာဆို ငါ.ငါ အိပ်မက်မက်နေတာပေါ့..ဟင့်..အဟင့်..အိုမားးးးဗြဲ...!!!!"
အိုဆယ်ဟွန်းတော့ သူအိပ်မက်ထဲမှာ ဂျွန့် ကိုချစ်ကြောင်း ဖွဲ့နွဲ့နေတာ ပြနေတာဟာ သူ့အိပ်မက်သာ ဖြစ်နေကြောင်းသိရတဲ့အခါ နှမြောတသ ဖြစ်လွန်းလို့ အမိ တ ကာမထွက်ေသာမျက်ရည်ကို ညစ်လျက် ငိုနေရှာတော့သည်..
"အိုဆယ်ဟွန်း မင်းဆင်းမလာသေးဘူးလား
ဒီမယ် သားဂျွန်လေး စောင့်နေတာ ကြာလှပြီ"
.
.
"ဗျာ!!"
"ဟာ အိုမားက အစောကမပြောပဲနဲ့ဗျာ ခုတော့ဂျွန့်ကို စောင့်ရအောင်လို့ဗျာ"
"မင်း မထ တာ ထည့်ပြောအုံးလေ ကိုယ်တော်"
"သူ့ဂျွန် စောင့်နေတယ်ပြောမှ မအေကို အပြစ်လာပြောနေတယ် ကောင်စုတ်လေး"
"ဟဲ အိုမားကလည်း ခနပဲလို့ သားလာပြီ လို့ပြောလိုက်အုံးနော် မျက်နှာသစ်လိုက်အုံးမယ် သား."
"ဂျွန်"
"ပေါ်လာသေးသား ငါတောင် လှည့်ပြန်တော့မလို့စဉ်းစားနေတာ"
"မင်းကလည်း နည်းန်ညးလေးနောက်ကျသွားတာကို"
"ဘာ နည်းနည်းလေးလဲ အချိန်ကိုကြည့်
ငါ စာအုပ်ဆိုင်သွားပါ့မယ် ပြောထားရက်သားနဲ့ လာတောင်ခေါ်တာကို ထိုင်စောင့်နေရအောင် လုပ်တယ်"
"အင်းပါကွ ဟုတ်ပါပြီ ခုသွားမယ်လာ ပြီးရင် လမ်းထိပ်က တော့ပိုကီစားရအောင် ငါဝယ်ကျွေးမယ် စိတ်မဆိုးနဲ့တော့ နော်"
"မသိဘူး သွားမယ် လာ!"
ကျနော်တို့နှစ်ယောက်သား အိမ်လေးကနေထွက်လာပြီး အတူတူလမ်းလျှောက်ကာသွားဖြစ်ကြသည် စက်ဘီးလည်း ဂျွန်မြောင်ကမယူဘဲ လမ်းအတူလျှောက်ရင်းသွားမယ်ဆိုတာကြောင့်ပင်..
လမ်းတစ်လျှောက်ကိုယ့်ဘေးက ကောင်လေးကိုကြည့်မိကာ သဘောတကျနှင့် အသာရယ်မိပါသေးသည် ကျနော့ထက် အနည်းငယ် နိမ့်သောအရပ်ကလေးနှင့်
အော်...ဒီက အိုဆယ်ဟွန်း သဘောကျရသောကောင်လေးပါလေ..
"ဆယ်ဟွန်း"
ဆယ်ဟွန်း သူ့အတွေးနဲ့တူတွေးနေစဉ်
ဂျွန် ခေါ်လိုက်တာကြောင့် ကြည့်လိုက်မိသည် ပြီးမှ မနေ့က ဂျွန့် ကိုပြောထားတဲ့စကားကိုအမှတ်ရစွာ ဂျွန်စကားမပြောခင် သူဖြတ်ပြောလိုက်မိသည်
" ဟွန်း လေကွာ မင်းကလဲ မင်းပဲကတိပေးထားတာကို အဲ့လိုခေါ်ဖို့"
"အင်း အင်းပါ မင်းကလည်း မေ့သွားလို့ပါ"
ဒီလိုနဲ့ ကောင်လေးနှစ်ယောက် သူတို့ခရီးသတိမှတ်ရာ စာအုပ်ဆိုင်လေးသို့ အတူတူလမ်းဆက်လျှောက်ခဲ့ကြပါသည်
အမှန်တိုင်းဝန်ခံရရင် ဂျွန်မြောင် ရင်ခုန်ပါသည် ဒီနာမ်စားဟာ သူခေါ်ချင်ခဲ့သော နာမ်စားဖြစ်သော်ညား သူဟာ အပြင်မှာ ဖွင့်ဟ ခေါ်ဖို့တွေးပင် မတွေးမိဖူးခဲ့ပါ
သူ အတွေးလွန် နေမိခဲ့တာလည်း ပါပါသည်
ဘတ်ဟျွန်းကပြောသည် "ဂျွန်မြောင် မင်းမျက်လုံးတေငါသိတယ်"တဲ့
အဲ့လိုပဲ "ဆယ်ဟွန်းရဲ့မျက်လုံးတေထဲလည်းသူတို့မြင်ရတယ်"တဲ့ "ကိုယ်မြတ်နိုးစွာချစ်ရတဲ့သူတစ်ယောက်ဟာ ကိုယ့်ကိုလည်းထိုနည်းတူစွာ မြတ်နိုးနေခဲ့ရင် ကမ္ဘာကြီးကို ကိုယ်ကအပိုင်ရလိုက်သလိုပဲ"တဲ့
~
ကျနော် မမျှော်လင့်ရဲဘူး
ကျနော်တို့ရဲ့အချစ်က
စစ်မှန်ခဲ့ရင်တောင် ပတ်ဝန်းကျင်က
အပြောအဆိုကို ကြုံရမှာအမှန်ပင်
ပြောရရင် ဟွန်းကို ပတ်ဝန်းကျင်အပြော
တေ မခံစေချင်ဘူး အထိခိုက်မခံနိုင်ဘူး
ကျနော့်ချစ်ရသူကို မပိုင်ဆိုင်ရလည်း
ရပါတယ် ရမယ်ထင်ပါတယ် ချစ်ရသူ
ထိခိုက်တာထက်စာရင်ပေါ့
~
~မြတ်နိုးတယ် ဟွန်း အထိခိုက်မခံစေချင်လောက်အောင်ကို ဟွန်း ကိုမြတ်နိုးမိနေတယ်~
~~~~~~~~~~~~~~~~~~~~~~~~~~~~♡