11:11(commission)

By ElianQuinn

582 56 4

2J's More

GOOD NIGHT

582 56 4
By ElianQuinn

"make a wish,my love"

ပြတင်းပေါက်ကနေ ဖြာကျနေတဲ့လရောင်ဖျော့ဖျော့အောက်မှာ Jakeရဲ့အသံချိုချိုက ထွက်ပေါ်လာတယ်။အခန်းတစ်ခန်းလုံးကို မီးပိတ်အမှောင်ချထားတာကြောင့် Jakeရဲ့ပုံပန်းသွင်ပြင်က ခပ်ရေးရေး။ဒါပေမယ့် အဲဒီပုံရိပ်ကပဲ Jayကိုအဆမတန်ရင်ခုန်နေစေတာ။

"ကျွန်တော် ဆုတောင်းတွေကိုမယုံတာ သိရဲ့သားနဲ့"

Jayရဲ့အသံက တကယ်ကိုတိုးတိုးလေးမှတိုးတိုးလေး။
အခန်းတစ်ခန်းထဲမှာ Jakeနဲ့နှစ်ယောက်တည်းရှိနေရတဲ့အပေါ်မှာရှက်နေသလိုမျိုး။
တကယ်ဆို ဒါကပထမဆုံးအကြိမ်မှမဟုတ်တော့တာကို။
November ရဲ့သန်းခေါင်မတိုင်ခင်အချိန်မှာတိုက်တဲ့လေနုအေးအေးလေးတွေက အခန်းထဲကို အတားအဆီးမရှိ ဝင်ထွက်နေတယ်။

"ဒီလိုအချိန်က နောက်နှစ်မှထပ်ကြုံရတော့မှာ Jayရဲ့
11လပိုင်း 11ရက်နေ့ရဲ့ 11နာရီ 11မိနစ်မှာ ဆုတောင်းကြည့်လိုက်စမ်းပါ
ဘယ်သူပြောနိုင်မလဲ ဆုတောင်းပြည့်ရင်လည်းပြည့်နိုင်တာပဲ"

ပြတင်းဘောင်ပေါ်မှာထိုင်နေတဲ့Jakeက စိတ်အားထက်သန်စွာ ပြောနေပေမယ့် Jayကတော့ အိမ်အပေါ်ထပ်မှာ အိပ်နေမယ့်မေမေနိုးသွားမှာကိုပဲ စိုးရိမ်နေရပါ၏။

"Jakeက ကလေးဆန်တဲ့အရာတွေကိုလည်း ယုံတာပဲနော်
ဘယ်လိုမှမဖြစ်နိုင်တာ အသိသာကြီးကို"

Jay ခေါင်းတခါခါလုပ်နေပုံကိုကြည့်ရင်း Jakeကအသံထွက်အောင်ကိုရယ်တယ်။

"တိုးတိုးနေလို့.."

Jayသည်းမခံနိုင်စွာ Jakeရဲ့ပါးစပ်အပေါ်ကို လက်နဲ့အုပ်ဖုံးဖို့ကြံရွယ်တော့ Jakeကကြိုသိထားတဲ့အတိုင်း Jayလက်ကိုလှမ်းတားတယ်။

"ဟုတ်ပြီ ဟုတ်ပြီ
ကိုယ်အသံမထွက်တော့ဘူး..ဟုတ်ပြီနော်"

Jakeက Jayရဲ့မျက်လုံးတွေကို သေချာကြည့်ရင်းပြောတယ်။
အမှောင်ထဲမှာ တဖြည်းဖြည်းကျင့်သားရလာတဲ့အတွက် Jayမျက်လုံးတွေက ကောင်းကင်ပေါ်ကကြယ်လေးတွေလို တဖျတ်ဖျတ်နဲ့။
အဲဒါကိုပဲ Jakeက သဘောကျတာထင်ပါရဲ့။

"လာပါဦး.ကိုယ့်ဆီကို
ခရီးကပြန်ရောက်လာပြီးကတည်းက Jayကိုကောင်းကောင်းမဖက်ရသေးဘူး"

Jakeရဲ့လက်မောင်းကြားထဲမှာ Jayကအလိုက်သင့်လေးငြိမ်နေတယ်။
တကယ်ဆို Jayလည်း အများကြီးလွမ်းနေရတာပါ။
Jayနဲ့မေမေက ခရီးခဏခဏထွက်ဖြစ်ပေမယ့် Jakeကတော့ အလုပ်ကိစ္စကြောင့် ဒီမှာပဲခြေချုပ်နေမိတာများတယ်။

ညနေပြန်ရောက်မယ်ဆိုတဲ့သတင်းကြောင့် Jakeက Jayတို့အိမ်ကို Jayတို့ထက်တောင် အရင်စောရောက်နေခဲ့တာ။
ဒီလိုညမျိုးဆို အိမ်ပြန်အိပ်လေ့မရှိတဲ့Jakeအကြောင်းကို Jayမေမေကလည်းသိပြီးသား။
ဒါကြောင့်မို့အရင်ကတည်းက Jayရဲ့အခန်းမှာ ကုတင်နှစ်ခုကိုပြင်ဆင်ထားခဲ့တာ။

"အိပ်တော့ မနက်ကျ ဆေးရုံသွားရမယ့်ဟာကို"

"ဒီနေ့ည ဖက်အိပ်လို့ရလား
ကိုယ့်ကုတင်ဆီပြောင်းလာခဲ့လေ"

"မအိပ်ချင်ဘူး ကြပ်တယ်"

Jayအသံက တစ်ခုခုကိုအလိုမကျနေသလိုမျိုး အောင့်သက်သက်။
အကြောင်းရင်းတစ်စုံတစ်ရာရှာမတွေ့ဘဲ ရုတ်တရက်ကြီးမို့ Jakeတောင် ဦးနှောက်ခြောက်သွားရတယ်။
ပင်ပန်းနေတာကို စောစောအနားမယူရလို့များလား.။
Jakeတော်တော်လေး အားနာသွားရတယ်။

"ဟုတ်ပြီ ဒါဆို ကိုယ်အိပ်တော့မယ်
အိပ်မက်ကောင်းကောင်းမက်ပါစေ Jay"

ညနေကမှ ထုတ်ထားတဲ့စောင်အထူကို ရင်ဘတ်ထိဆွဲတင်လိုက်တယ်။
ပြတင်းပေါက်ကိုလှမ်းကြည့်လိုက်တော့ ခုနကအတိုင်း ပွင့်လျက်သားနဲ့။
ထပိတ်လိုက်ရမလား.။
ညတစ်ညလုံးဖွင့်ထားလိုက်ရင် အအေးဒဏ်မခံနိုင်တဲ့Jayအအေးပက်သွားမှာကိုစိုးရိမ်တာမို့။

"ရတယ် ဒီတိုင်းဖွင့်ထားလိုက်
မဟုတ်လည်း လေအေးတွေက ကျွန်တော့်ဖက်ရောက်တာမဟုတ်ဘူး"

Jayကတော့ Jakeအတွေးတွေကို ကြိုသိစွာလှမ်းပြောတယ်။
အမှောင်ထဲမို့ Jayမမြင်နိုင်သော်ငြား Jakeခေါင်းငြိမ့်ပြလိုက်မိတယ်။

"Jake..
ဆုတောင်းတွေက တကယ်ပြည့်တတ်လား"

တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကြောင့် နှစ်ဦးလုံးရဲ့ အသက်ရှုသံတွေက ကျယ်နေသယောင်။

"စိတ်ရင်းတွေသာမှန်ကန်ခဲ့မယ်ဆိုရင်"

Jayအခန်းရဲ့ မျက်နှာကျက်မှာကပ်ထားတဲ့ အနုမြူကြယ်လေးတွေကို လိုက်ရေတွက်ရင်းမှ လေးလံလာတဲ့မျက်ခွံတွေဟာ မကြာခင်မှာအိပ်ပျော်ခြင်းအဖြစ်သို့။

11:11

Busကားမှတ်တိုင်မှာ ရပ်စောင့်နေရင်း phoneမှနာရီကိုဖွင့်ကြည့်မိတော့ 4:44။

"angel hourတွေကိုမြင်ရရင် အဲဒါက တစ်စုံတစ်ယောက် ကိုယ့်ကိုလွမ်းနေလို့တဲ့"

Jakeပြောခဲ့ဖူးတဲ့စကားကိုပြန်အမှတ်ရမိတော့ Jayကိုယ်တိုင်တောင် သတိမထားမိဘဲ ပြုံးမိသွားတယ်။
ဒါဆိုခုချိန်လည်း Jake များ သူ့ကို သတိရနေလောက်မလား.။
ဖြစ်နိုင်ပါ့မလား။
Jakeတစ်ယောက် ဆေးရုံမှာ လူနာတွေကိုကြည့်ပေးရင်း သေချာပေါက်အလုပ်ရှုပ်နေမယ့်ဟာကို။

ရုတ်တရက်ထမြည်လာတဲ့ Phone ringtone ကြောင့် Jay ထခုန်မိမတတ်လန့်သွားရတယ်။
အလန့်တကြားဖြစ်သွားတဲ့Jayကို မှတ်တိုင်က လူအချို့ကလည်း ကွက်ကြည့်ကွက်ကြည့်နဲ့။
မရည်ရွယ်ပါဘူး.။

Jayကို လူလယ်ခေါင်အရှက်ရစေတဲ့သူကိုကြည့်လိုက်တော့ အခြားသူမဟုတ်ဘဲ Jake။
ဒီတစ်ခါလည်း Jay သတိလက်လွတ်ပြုံးမိပြန်တယ်။
ဒီတစ်ရက်အတွင်း ဒီလူတစ်ယောက်တည်းကြောင့် ပြုံးနေမိတာ ဘယ်နှခေါက်ပင်ရှိနေပြီလဲ။

"Hello"

Phoneကို လက်ခံလိုက်ချင်းပင် တစ်ဖက်က Jakeအသံက အလောတကြီး။
ဘာကိစ္စကြောင့်များလဲလို့ Jayစိတ်ဝင်စားသွားရတယ်။

"Jay..လွမ်းလို့"

တစ်ဖက်က Jakeရဲ့စကားကြောင့် Jayထပ်ပြီးပြုံးရပြန်ပြီ။

"အင်း.
ကျွန်တော်လည်း သတိရနေတာ"

ပလက်ဖောင်းမှာတင်နေတဲ့ ကျောက်စရစ်ခဲသေးသေးလေးတွေကို Jay ခြေထောက်နဲ့ကန်ရင်း ပြောနေမိတယ်။
ဆောင်းဦးဖြစ်တာကြောင့် နေကျတာမြန်လိုက်ပုံများ အနောက်အရပ်မှာ နေလုံးတောင်သိပ်မမြင်ရတော့သလို။

"Jay ဘယ်လိုလုပ်မလဲ
ကိုယ်Jayကို သန်ဘက်ခါမှလာတွေ့နိုင်တော့မယ်ထင်တယ်
သေလောက်အောင် တွေ့ချင်နေတာကို"

Jayထင်ထားသည့်အတိုင်း Jakeမအား။
ရာသီအကူးအပြောင်းမှာ လူတွေဖျားနာတတ်ကြသည့်သဘာဝကို Jayတွေးထားပြီးသား။
Busလည်း ရောက်လာပြီမို့ Jayဖြည်းဖြည်းချင်းတက်သွားလိုက်ရင်း သက်ပြင်းချလိုက်တယ်။
Jakeတော့ အများကြီးပင်ပန်းနေတော့မှာပဲ။

"ကျွန်တော် အဆင်ပြေတာမို့ စိတ်မပူနဲ့
Jakeသာ နေမကောင်းမဖြစ်စေနဲ့
ဆရာဝန်ဖြစ်ပြီး ကိုယ့်ကျန်းမာရေး ကိုယ်တော့ဂရုစိုက်ရမယ်လေ"

"ချစ်တယ် Jay
ကိုယ် Phoneချလိုက်တော့မယ်နော်"

အလုပ်တွေရှုပ်နေလို့အချိန်မပေးနိုင်တဲ့ ဆရာဝန်လေးကို Jayတစ်ယောက် စိတ်မဆိုးရက်နိုင်ပါဘူး။
Busကားမှန်ကို Jayပါးအပ်ရင်း အပြင်ကိုငေးကြည့်နေမိတယ်။
လေထဲမှာလွင့်ပြန့်နေမယ့် Jakeနဲ့သူရဲ့ အမှတ်တရအချို့ကိုပြန်စဥ်းစားရင်း။

ဘယ်ချိန်ကစ Jakeကို ဒီလောက်အထိ ချစ်မိသွားတာပါလိမ့်။

11:11

ကိုက်ခဲနေတဲ့ခန္ဓာကိုယ်ကြောင့် Jakeအသံတိတ်လေး ညီးညူနေမိတယ်။
နေ့ခင်းမွန်းလွဲကတည်းက ခုညနက်ထိ Jakeမနားမရသေးဘူး။
မျက်ခွံနှစ်ဖက်စလုံးကလည်း အခြားDuty nightတွေနဲ့ ခြားနားစွာ ပိုပိုပြီးမှေးစင်းလာတယ်။

မွေးနေ့ရက်မှာတောင် နားချိန်မရတာ Jakeအတွက်နှမြောစရာပဲ။

"အ.."

ရုတ်တရက်အေးသွားတဲ့ ပါးပြင်ကြောင့် Jakeအလန့်တကြားဖြစ်သွားရတယ်။
တိတ်ဆိတ်ခြောက်ခြားစရာကောင်းတဲ့ဆေးရုံပတ်ဝန်းကျင်မှာ ဘယ်သူမဆိုတော့ လန့်တတ်ကြမှာပဲလေ။

လှည့်ကြည့်မိလိုက်တော့ ကော်ဖီအေးဗူးကို လက်ကကိုင်ထားတဲ့ အလုပ်သင်လေး။

"Chan မင်းခုထိမပြန်သေးတာလား"

"စီနီယာတစ်ယောက်တည်းကိုထားခဲ့ပြီးတော့လား
ကျွန်တော့်စီနီယာ ဘယ်လောက်ကြောက်တတ်မှန်း ကျွန်တော်သိပါတယ်
တစ်ယောက်တည်းထားပြီး မပြန်ပါဘူး"

Chanက မျက်မှန်ကို လက်နဲ့ပင့်တင်ရင်းပြောတယ်။
ပြောနေတဲ့မျက်နှာပေးက အမြင်ကတ်စရာ။
တကယ်ဆို နှစ်ယောက်လုံးရဲ့ကြောက်တတ်တဲ့levelက တူတူပဲကို။

"ငါ မနက်ဖြန်မှပြန်မှာ
မနက်ဖြန်တောင် ညမိုးချုပ်မှာမို့ မင်းငါ့ကိုမစောင့်လည်းရတယ်"

Chanက သူ့စကားကို အံ့သြသွားပုံပြတယ်။

"ဒါပေမယ့် မနက်ဖြန် စီနီယာမွေးနေ့လေ"

"ဘယ်တတ်နိုင်မလဲ"

"အစ်ကိုJayတော့ ဝမ်းနည်းနေတော့မှာ"

Chanစကားကြောင့် ပိုပြီးစိတ်မကောင်းဖြစ်သွားရသူက Jake။
ဟုတ်သား.။
သူကိုယ်တိုင်လည်း မွေးနေ့မှာ ချစ်ရသူနဲ့အတူတူဖြတ်သန်းချင်တာပဲလေ။
အပြစ်ပုံချစရာလူလည်း ရှာမတွေ့တာမို့ Jakeပြုံးသာပြုံးပြလိုက်ရတယ်။

Chanပြန်သွားပြီးနောက်ပိုင်း Jakeတစ်ယောက် ယောင်တောင်တောင်နဲ့ရပ်နေမိဆဲ။
အောက်ထပ်မှာ ဆရာဝန်အချို့နဲ့သူနာပြုအချို့ရှိသော်လည်း Jakeရှိသည့်အထပ်ကတော့ Jakeတစ်ယောက်တည်းသာ။

"Jake......"

ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ Jay။
ညနက်လှပြီကို ဘာကြောင့်ဒီရောက်နေရသည်ကို Jakeမသိပါ။
Jayနေမကောင်းလို့များလား။

"Jay ဘာဖြစ်လို့လဲ
တစ်နေရာရာက နေမကောင်းလို့လား"

Jakeစကားကို Jayကရယ်တယ်။
လက်မှာသယ်လာတဲ့ မွေးနေ့ကိတ်မြှောက်ပြရင်း။
နံရံမှာကပ်ထားတဲ့ နာရီကိုလှမ်းကြည့်မိတော့ ည၁၁နာရီကျော်ရုံလေးသာ။
တကယ်ဆို Jakeမွေးနေ့ရောက်ဖို့ မိနစ်ပိုင်းလိုသေးတဲ့ဟာကို။

"မွေးနေ့မှာ တူတူရှိချင်လို့"

Jayက ပြေးဖက်တော့ Jakeက လက်မောင်းတွေကိုကြိုဖွင့်ပေးထားပြီးသား။

"ညနက်နေပြီကို Jayကလည်း....."

"ဆုတောင်းနှစ်ခုလုံးပြည့်စေချင်လို့ ပြေးလာတာ
11:11ရယ် Jakeရဲ့မွေးနေ့ဆုတောင်းရယ်
ကျွန်တော်အကုန်ဖြည့်ဆည်းပေးမယ်"

Jayစကားကြောင့် Phoneထုတ်ကြည့်မိတော့ တကယ်ပဲ 11:11။

"Make a wish,Jake....."

Jake စဥ်းစားမိတဲ့ဆုတောင်းကတစ်ခုတည်း။
ကြောင်တောင်တောင်နိုင်တယ်လို့ထင်ရပေမယ့်လည်း အခြားတွေးမိတဲ့အရာမရှိ။

"ကိုယ် မင်းကိုနမ်းချင်တယ်"

Jay ပါးနှစ်ဖက်မှာ ပန်းရောင်အချို့ဖြတ်သန်းသွားတာကို Jakeမြင်လိုက်ရတယ်။
နှုတ်ခမ်းစွန်းနှစ်ဖက်တောင် မသိမသာလေးအပေါ်ကော့တက်သွားသေး။

နှစ်ဦးလုံးရဲ့ခြေလှမ်းအကွာအဝေးတွေကို ဒီထက်ပိုပြီးနည်းစေလိုက်တော့ Jayရဲ့ မျက်တောင်စိပ်စိပ်လေးကိုတောင်မြင်နေရတယ်။
ဆေးရုံမျက်နှာကျက်က မီးရောင်မှိန်မှိန်အောက်မှာ နှစ်ဦးလုံးရဲ့ရင်ခုန်သံတွေ ထပ်တူကျနေသလို နှုတ်ခမ်းနှစ်စုံဟာလည်း ထပ်တူကျသွားခဲ့ပြီ။

Jakeရဲ့ လက်နှစ်ဖက်ဟာ Jayရဲ့ခါးသိမ်သိမ်ထက်မှာ နူးနူးညံ့ညံ့နေရာယူထားခဲ့ပြီး Jayရဲ့လက်တွေကတော့ Jakeရဲ့လည်ပင်းကို ယှက်သိုင်းထားတယ်။
သောက်လေငတ်မပြေဆိုတဲ့ပင်လယ်ရေဟာ တကယ်တော့ သူတို့အနမ်းတွေကိုမှီမယ်မထင်ဘူး။

အနမ်းတွေကို အဆုံးသတ်ပြီးတဲ့နောက်မှာ Jakeကပြုံးတယ်။
ပထမဆုတောင်းကတော့ ပြည့်ပြည့်ဝဝကိုဖြစ်မြောက်သွားခဲ့ပြီ။
တစ်သက်သာမမေ့မယ့် အနမ်းတွေကို လက်ဆောင်ပေးခဲ့သူက မပြောင်းမလဲ Jayပဲလေ။

11:11

"Good morning Jake...."

ညနက်မှ အိပ်ပျော်သွားပေမယ့် ပြန်နိုးလာတဲ့အချိန်မှာ နေရောင်ခြည်တောင် ကောင်းကောင်းမမြင်ရသေးတဲ့အချိန်ဖြစ်နေတယ်။
Jayကတော့ အိပ်ရေးပျက်ထားတဲ့သူလို့မထင်ရအောင်ကို ကြည်ကြည်လင်လင်မျက်နှာက ပံ့ပိုးထားတယ်။

"ကိုယ်အကြာကြီးအိပ်ပျော်သွားတာလား"

Jake ပျင်းကြောဆန့်ကာမေးမိတော့ Jayကပြုံးတယ်။
တကယ်ဆို Jayရဲ့ပေါင်ကိုခေါင်းအုံးပြီး Jakeအကြာကြီးအိပ်ပျော်သွားမိတာ။

Jakeရဲ့မွေးနေ့ဆုတောင်းက Jayရဲ့သီချင်းဆိုသံကိုနားထောင်ချင်ခဲ့တာ။
ဆေးရုံရဲ့နားခန်းထဲမှာ Jayရဲ့ပျားရည်ဆမ်းတဲ့သီချင်းသံက လွှမ်းသွားတဲ့အချိန်မှာ Jakeရဲ့မျက်ခွံတွေကလေးလံလာခဲ့ပြီးဖြစ်တယ်။

Jayကတော့ ပြောထားတဲ့အတိုင်း ဆုတောင်းနှစ်ခုလုံးကိုဖြည့်ဆည်းပေးခဲ့ပါတယ်။

"မကြာပါဘူး....
Chanရောက်လာပြီ
ခုထပ်အိပ်လို့ရဦးမယ်ထင်တယ်
အိပ်ရေးမဝသေးဘူးမလား"

"တော်ပြီ ကိုယ်မအိပ်ချင်တော့ဘူး
Jayလည်း ပင်ပန်းနေပြီ
ကိုယ်အိမ်ပြန်ပို့ပေးမယ်လေ...."

ရုတ်တရက်ထထိုင်လိုက်သော Jakeကို Jayပင်လန့်သွားရတယ်။
တကယ်ဆို Jayကလည်းအရွယ်ရောက်ပြီးသားသူ တစ်ယောက်ပဲကို။
တစ်ခါတစ်လေ Jakeကအကဲကိုပိုလွန်းတယ်။

"ကျွန်တော့်ဟာကျွန်တော် အိမ်ပြန်တတ်ပါတယ် Jakeရာ....."

Jayကရယ်သွမ်းသွေးရင်းပြောတော့ Jakeရဲ့မျက်နှာက သာမန်ထက်တော့ ပိုတည်သွားသလိုပဲ။
ပြောပါတယ်။
Jakeက အကဲပိုကိုပိုပါတယ်လို့.။

"အိမ်ပြန်ရောက်ရင်တော့ ကိုယ့်ကိုဖုန်းဆက်ဦးနော်
ကျောင်းသွားရဦးမှာလား ဒီနေ့က......."

Jakeမတ်တပ်ထရပ်လိုက်ပြီး တွန့်ကြေနေတဲ့အင်္ကျီကိုပြင်ဝတ်ရင်းမေးတယ်။
နေရောင်ခြည်မမြင်ရသေးတာမို့ မှောင်နေဆဲဖြစ်တဲ့အခန်းကြောင့် စားပွဲပေါ်က မီးအိမ်ကိုလှမ်းဖွင့်လိုက်တော့ ပုံမှန်ထက်နည်းနည်းပိုလင်းသွားတယ်။
Jayကတော့ ထိုင်ရာကမထဘဲ Jakeကိုကြည့်နေတာဆက်တိုက်ပဲ။

"ဟင့်အင်း
ဒီနေ့ကျောင်းတစ်ရက်နားမလို့....."

ဘေးနားချထားတဲ့ အိတ်ကိုကောက်လွယ်လိုက်ရင်း Jayကပြန်ဖြေတော့ Jakeမျက်လုံးတွေအဝိုင်းသား။
ဝိုင်းဆို Jayက ပုံမှန်ဆို ကျောင်းပျက်တတ်တဲ့သူမျိုးမဟုတ်။
အကြောင်းပြချက်မခိုင်လုံဘဲ ကျောင်းမပျက်တတ်တဲ့ကျောင်းပျော်သူလေးမို့ ဒီလိုကျောင်းမသွားဘူးဆိုတဲ့ အကြောင်းက Jakeအတွက် အံ့သြစရာဖြစ်လို့နေတယ်။

"ဘာလို့လဲ
ကိုယ်တောင်မသိရပါလား
ဘယ်တွေခြေများမလို့လဲ"

Jakeစကားအဆုံးမှာ Jayက ရုတ်တရက်မတ်တပ်ထရပ်ပြီး Jakeနှုတ်ခမ်းကို နမ်းတယ်။
တကယ်ကိုခဏလေးမှ ခဏလေးဆိုရုံပါပဲ။
ဒါပေမယ့် မျှော်လင့်ထားခြင်းမရှိတဲ့Jakeအတွက်က မိနစ်ပိုင်းလောက်အထိ အချိန်တွေရပ်သွားသလိုပဲ။

"Jakeအနား နေချင်လို့လေ
ကျွန်တော် ဒီနေ့အတန်းချိန်အကုန်လုံးခွင့်ယူထားတယ်"

Jayက ရင်ခုန်အောင်ဘယ်လိုလုပ်ရမလဲဆိုတာ ကောင်းကောင်းသိတဲ့သူဖြစ်တယ်။
တစ်နေ့ထက်တစ်နေ့ ပိုပြီးချစ်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာလည်း Jayအသိဆုံးပဲ။
Jakeရဲ့အရာရာသော အားနည်းချက်တွေက Jayပဲဆိုတာ ငြင်းစရာမလိုတဲ့အချက်ပဲဖြစ်တယ်။

"Jay
ကိုယ်မင်းကို အချစ်ဆုံးပဲဆိုတာသိတယ်မလား......"

Jayက ပြုံးယောင်သန်းနေတဲ့မျက်ဝန်းတွေနဲ့ ခေါင်းငြိမ့်ပြတယ်။

"Happy Birthdayပါ Jake
မွေးနေ့မှာ ပျော်ရွှင်ပါစေ"

11:11

တစ်နေကုန်အလုပ်ရှုပ်နေတဲ့Jakeကိုမြင်နေရတာ Jayအတွက် စိတ်ဝင်စားစရာအကောင်းဆုံးပဲ။
Jayမဟုတ်တဲ့ အခြားအရာတစ်ခုမှာ အာရုံစူးစိုက်နေတဲ့ Jakeက ဒီလောက်ကြီးများတောင် ဆွဲဆောင်မှုအားကြီးတာပါလားလို့တွေးမိတဲ့အထိ။

တော်တော်အန္တရာယ်များတဲ့ ယောက်ျားပဲ။
အခြားသူတွေလုမယူနိုင်အောင် Jay ဘယ်လိုတောင်ကာကွယ်ရမလဲ။
ဟူး.ပင်ပန်းလိုက်တာ။

"ဟူးး......."

စိတ်ထဲမှာ သက်ပျင်းခိုးချတာက အပြင်ထိအသံထွက်သွားလို့ထင်ပါရဲ့။
အိတ်တွေသိမ်းနေတဲ့Jakeက နောက်ပြန်လှည့်ကြည့်တယ်။

"ဆေးရုံမှာ တစ်နေကုန်ကိုယ့်ကိုထိုင်စောင့်နေရတာ
ပင်ပန်းသွားပြီလား"

Jayမျက်နှာပေါ်ကျနေတဲ့ ဆံမျှင်တွေကို လက်နဲ့သပ်တင်ပေးရင်း Jakeကမေးတယ်။

"မပင်ပန်းပါဘူး..
Jakeနဲ့တစ်နေကုန်ရှိနေရတာကို ကျွန်တော်ကအကြိုက်ဆုံးပဲ"

Jayစကားကို Jakeကပြုံးတယ်။
Jayလက်ဖဝါးကိုဆုပ်ကိုင်လာတဲ့Jakeရဲ့လက်ဖဝါးက ခပ်နွေးနွေးအထိအတွေ့က သွေးကြောတွေကနေတစ်ဆင့် ခန္ဓာကိုယ်အနှံကို ပြန့်သွားသလိုပဲ။

"စကားတွေ တအားတတ်တာပဲ"

ဆေးရုံအပြင်ဖက်ကိုရောက်တော့ ည၈နာရီကျော်အချိန်။
နောက်မကျသေးတဲ့အချိန်မို့လို့ လမ်းတွေပေါ်မှာ လူတွေစုဒီတစ်စု။
သိသိသာသာပိုကဲလာတဲ့ အအေးဓာတ်ကြောင့် Jake မာဖလာယူလာခဲ့တာမှန်သွားတယ်ထင်။

အခုတော့ Jakeရဲ့အပြာရင့်ရောင်မာဖလာက Jayရဲ့လည်တိုင်မှာ လှလှပပလေးရှိနေတယ်။
လျှောက်လမ်းရဲ့တစ်ဖက်တစ်ချက်က ခြုံပုတ်ပင်လေးတွေကို လက်နဲ့ပွတ်တိုက်ကစားရင်း ပြေးနေတဲ့ Jayက သိပ်ပျော်နေသလိုပဲ။
Jakeကတော့ ရှေ့ကနေပြေးနေတဲ့Jayနောက်ကို ခြေလှမ်းကျဲတွေနဲ့ လိုက်ကြည့်နေရတယ်။
Jay ထိခိုက်မှာကို မလိုလားဘူးလေ။
ချစ်တာကိုး.။

ဝါကျင့်ကျင့်မီးရောင်တွေဖြာကျနေတဲ့ လမ်းမီးတိုင်တစ်ခုအောက်မှာ Jayက ခြေလှမ်းတွေကို ရပ်ပစ်လိုက်တော့ Jakeပါ အလိုလိုလိုက်ရပ်မိသား။
လှုပ်ရှားအစုံပါရပ်သွားတဲ့ Jayရဲ့ ကျောပြင်ကို Jake ငေးနေမိရင်း တစ်လှမ်းချင်းစီ လျှောက်သွားမိတယ်။

"Jay......."

"Jake နှင်းကျနေပြီ
ပထမဆုံးနှင်းပဲ"

ဖြန့်ပြလာတဲ့ Jayရဲ့လက်ဖဝါးသေးသေးလေးတွေထဲမှာ တကယ်ကို နှင်းပွင့်လေးတွေ။
ဒီတစ်ခါတော့ သူတို့တင်မကတော့ဘဲ ဘေးကလူတွေပါ လှုပ်လှုပ်ရှားရှားဖြစ်လာကြတယ်။
ပထမဆုံးနှင်းမှာ လူတွေစိတ်လှုပ်ရှားကြတာပုံမှန်ပဲလေ။

"Jakeမွေးနေ့မှာ ပထမဆုံးနှင်းကျတာပဲ"

လက်သေးသေးလေးတွေနဲ့ မြူနှင်းမှုန်တို့ကို လိုက်ဖမ်းနေတာ Jayက တကယ်ကိုချစ်စရာ။

"မနက်ဖြန်မနက်တော့ နောက်ကျမှ အိပ်ရာထနိုင်တော့မှာပဲ"

"ဘာလို့......"

"နှင်းကျပြီပဲကို နေမြင့်မှထရမှာပေါ့
အလုပ်လည်းနားတာပဲလေ"

"ကျွန်တော်တော့ မနက်ဖြန်ကျောင်းသွားရဦးမယ်
စာမေးပွဲရှိလို့"

စာမေးပွဲရှိတာကို စာမလုပ်ဘဲ ဆေးရုံမှာတစ်နေကုန်အချိန်ဖြုန်းသွားတဲ့ကလေးကို Jakeတကယ်ပဲအံ့သြမိပါ၏။
တက္ကသိုလ်ကျောင်းသားကို ရည်းစားတော်ထားမိတဲ့ဘဝက အုပ်ထိန်းသူဘဝကိုပါ ချက်ချင်းလက်ငင်းရောက်သွားသလိုပင်။

"အပြန်ကျ ကိုယ်လာကြိုလှည့်မယ်"

အအေးဒဏ်ကြောင့် နီတာရဲလေးဖြစ်နေတဲ့ Jayနှာထိပ်ကို Jakeခပ်ဖွဖွလေးနမ်းလိုက်တယ်။
Jayကတော့ ပြုံးလို့ ပျော်လို့။

မပင်ပန်းပါဘူးလို့ ကြွေးကြော်နေခဲ့တဲ့Jayက အခုဆို အသံတောင်မထွက်နိုင်တော့ဘူး။
ဟောက်သံပိစိလေးထွက်ရင်း အိပ်နေသည်မှာ နှစ်နှစ်ခြိုက်ခြိုက်။
Jakeကတော့ ဘေးက အိပ်ပုတ်လေးမနိုးစေဖို့ သတိနဲ့ကားကိုဖြည်းဖြည်းမောင်းနေရတယ်။

Jakeတို့ကားလေး Jayအိမ်ရှေ့ရောက်တဲ့အခါ အချိန်က 11:11။
Jayကတော့ အိပ်မက်ထဲမှာ Jakeနဲ့တွေ့ရင်း ပျော်နေပြီထင်တယ်။

"My wish is always you,my love...."

အိပ်ပျော်နေတဲ့ Jayရဲ့ လက်ဖမိုးကိုခပ်ဖွဖွနမ်းရင်း ဆိုလိုက်တဲ့အသံက အလုံပိတ်ထားတဲ့ကားအတွင်းမှာ ပျံ့နှံ့သွားတယ်။
Jayတစ်ယောက် သိနိုင်ပါလေစွ။

11:11

"ဒီတစ်ခေါက်သွားတာ ကြာမှာလား"

ဗီရိုထဲကအဝတ်တွေကို တစ်ထည်ချင်းထုတ်ပြီး luggage ထဲသေချာထည့်နေတဲ့ Jayကခေါင်းငြိမ့်ပြတယ်။
Jakeကတော့ မလှမ်းမကမ်းကြမ်းပြင်ပေါ်မှာ ထိုင်နေပြီး မျက်နှာသိပ်မကောင်းလှဘူး။

"Christmas အမှီပြန်ရောက်မယ်မထင်ဘူး"

အားမရှိတဲ့Jayအသံက ဖျော့တော့စွာ။
တကယ်တော့ နှစ်စဥ်နှစ်တိုင်း ဒီလိုအချိန်ဆိုရင်ကို Jakeနဲ့Jayကအတူတူမရှိဖြစ်။
သိပ်မကြာသေးခင်ကခရီးကြောင့် ဒီနှစ်Christmasတော့ အားပြီထင်ထားခဲ့ပေမယ့် အကြောင်းမလှစွာ ထပ်သွားရဦးပေမယ်။

Christmas ညခင်းတွေဆိုရင် နှစ်ယောက်လုံး Phone screenပေါ်ကသာ အလွမ်းဖြေခဲ့ကြသူတွေမို့လို့ ဒီနှစ်Christmas တူတူရှိချင်သည်မှာ မဆန်း။

"တစ်နှစ်လောက် ဦးလေးကို ဒီခေါ်လို့ရရင်ကောင်းမယ်"

Jakeက မဝံ့မရဲတော့ပြောတော့ Jayကသဘောတကျရယ်တယ်။
U.Sမှာရှိတဲ့ အဖေကို ပြန်လာဖို့ခေါ်ရတာက ကမ္ဘာမှာအခက်ခဲဆုံးမို့လို့ Jayအမေတောင် လက်လျှော့ထားတာပဲလေ။
အခြေချတာမျိုးမဟုတ်တဲ့တိုင် Christmas ကာလမှာ အချိန်စာရင်းကြပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ Jayတို့သားအမိသာ လိုက်သွားရတာများ၏။

"ဖေဖေ့အကြောင်း သိရဲ့သားနဲ့....."

"ဒီနှစ်ကတော့ ရုတ်တရက်မို့လို့အဆင်မပြေတော့ဘူး
နောက်နှစ်ကျ ကိုယ်ပါရအောင် လိုက်ခဲ့မှာ"

Jayရဲ့ အဝတ်ထုပ်တဲ့အလုပ်အပြီးသတ်ပြီးတဲ့အချိန်မှာ မေမေပါ Jayတို့အခန်းထဲဝင်လာတယ်။
အသားရောင်ဂါဝန်က Jayမေမေရဲ့ခန္ဓာကိုယ်မှာ ခေတ်ဆန်ဆန်။

"flight က ညကိုးနာရီနော် Jay
အနွေးထည်တွေများများယူခဲ့
မင်းအဖေဆီမှာ အနွေးထည်တွေသိပ်မတွေ့တော့ဘူး"

ရုတ်တရက်ခရီးစဥ်မို့ ပြင်ဆင်စရာရှိတာပြင်ဆင်ရင်း အလုပ်ရှုပ်နေတဲ့သူက Jakeရောက်နေတာကိုတောင် သတိမထားမိသေးပါဘူး

"Jakeကိုနှုတ်ဆက်ပြီးပြီလား
ဒီတစ်ခေါက်က နည်းနည်းကြာမှာမို့လို့"

အဝတ်ဗီရိုအတွင်းကို အာရုံစိုက်နေဆဲမို့လို့ ခုထက်ထိတောင် Jakeကို မမြင်သေးပါဘူး။

"ကျွန်တော်ဒီမှာ ရောက်နေပါပြီ"

အို..........Jake
အန်တီ မင်းကိုတကယ်မမြင်မိဘူး"

ပြောရင်း ရယ်ချလိုက်တဲ့မေမေ့ကြောင့် Jayတောင် ပြုံးစိစိဖြစ်သွားတယ်။
Jayရဲ့လျှပ်ပြာတတ်တဲ့အကျင့်က မေမေ့ဆီကအမွေရတယ်ဆိုတာ ထုတ်ပြောစရာတောင်မလိုတော့ပါဘူး။

အခန်းပြင်ကိုပြန်ထွက်သွားပြန်တဲ့ မေမေ့ရဲ့ကျောပြင်ကိုကြည့်ရင်း Jayခပ်တိုးတိုးလေး သက်ပျင်းချမိတယ်။
ဖေဖေနဲ့တွေ့ရတော့မှာမို့ စိတ်ဆန္ဒစောနေတဲ့မေမေနဲ့ Jakeနဲ့ခဏတာဝေးရဦးမှာမို့ စိတ်လေးလံနေတဲ့Jayက အများကြီးကွာခြားလွန်းနေတာမို့။

Jakeကတော့ Jayခံစားချက်တွေကို သိနေတဲ့အတိုင်း လှမ်းကြည့်နေတယ်။

"ကိုယ်တို့တွေ အချင်းချင်းလွမ်းနေမယ်မလား....."

Jay မပီမပြင်ပြုံးပြလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်မိတယ်။

11:11

လေးလံနေတဲ့ခြေလှမ်းတွေက ပလက်ဖောင်းပေါ်မှာ။
နေမပွင့်တဲ့နေ့မို့ ပတ်ဝန်းကျင်က အုံ့အုံ့ဆိုင်းဆိုင်း။
ဘောင်းဘီအိတ်ထဲအတင်းထိုးသွင်းထားတဲ့ phoneကိုထုတ်ကြည့်မိတော့ ဘာnotificationsမှဝင်မနေ။
ခုချိန် Jay အိပ်နေတာများလား။

မနေ့ညကတည်းက ပို့ထားတဲ့ messageက ခုထက်ထိ ဖတ်သူမဲ့နေဆဲ။
Jakeတို့ဆီက မွန်းတည့်ခါနီးအချိန်က Jayတို့ဆီမှာ အရမ်းတော့နောက်မကျလောက်သေး။
မအားလောက်သေးလို့နေမှာပါ။

Jakeသက်ပျင်းချမိပြန်ပြီ။

Jayနဲ့ခွဲနေရတိုင်း လွမ်းနေရတဲ့ဒဏ်က ခုချိန်ထိ နေသားမကျသေးတာ
ဆိုးလှတယ်။
နောက်နှစ်ပတ်လောက်ဆို ပြန်လာတော့မှာပါ။
ဒါပေမယ့်။
နှစ်ပတ်ကြီးများတောင်။

"တော်ပြီ Jay နောက်အကြိမ်တွေကျ
မင်းကို ကိုယ် လက်လွှတ်ခံတော့မှာမဟုတ်ဘူး"

ကားပေါ်ကိုတက်ကာ စက်နှိုးလိုက်တော့ ကားပေါ်ကနာရီက 11:11။
အချိန်ကိုက်ဆိုသလို Jakeရဲ့ phoneမှာလည်း message ဝင်သံမှာ တောင်ကနဲ။

-အပြင်ရောက်နေလို့ Phoneမကြည့်မိလို့ Jake
နောက်ကျသွားတယ်-

မကြာသေးခင်ကပင် ညို့မှိုင်းနေတဲ့Jakeမျက်နှာက ဟန်တောင်မဆန်နိုင်စွာ ပြန်ကြည်လင်လာတယ်။

-လွမ်းတယ် Jake
အများကြီးလွမ်းနေလို့ ဘယ်လိုလုပ်ရမလဲ-

မနက်ဖြန် လက်မှတ်ဖြတ်ပြီး Jakeပါလိုက်သွားရင် ကောင်းမလား။

-ကိုယ်ရော လွမ်းတယ်
ဒီတစ်ခါအချိန်တွေက ပိုကြာနေသလိုပဲ-

အချိန်ကြာတဲ့ထိ စာမပြန်တော့တဲ့Jayကြောင့် ဖုန်းပိတ်ပြီး အိမ်ကိုပဲပြန်ခဲ့လိုက်တော့တယ်။
Jayလည်း ဟိုမှာ အားနေမှာမဟုတ်တာကို Jakeကောင်းကောင်းသိပါတယ်။

Jayပြောခဲ့တဲ့အတိုင်း တကယ်ပဲ Jakeက ကလေးဆန်တဲ့အရာတွေကိုပဲ ယုံနေခဲ့တာကိုး။
angel hourတွေမြင်တိုင်း တောင်းမိခဲ့တဲ့ဆုတွေသာ ပြည့်ခဲ့မယ်ဆိုရင် ခုချက်ချင်း Jayကိုပွေ့ဖက်ထားတဲ့အနေအထားနဲ့ပဲရှိနေလိမ့်မယ်။

အိမ်ပြန်ရောက်ရောက်ချင်း ဝယ်လာတဲ့ဟင်းချက်စရာတွေကို မီးဖိုချောင်ထဲသွားချထားလိုက်တယ်။
Jakeကတော့ ပင်ပန်းနေတာကြောင့် အရင်အိပ်ဖို့ပဲပြင်လိုက်တယ်။
အိပ်လိုက်ရင် အချိန်ကုန်မြန်တာကြောင့် Jayနဲ့တွေ့ဖို့က နီးသထက်နီးလာမှာပဲ။

Jakeအိပ်မက်ထဲမှာ Jayက သူ့ကိုကျောပေးထားတဲ့အနေအထားနဲ့ရပ်နေခဲ့တယ်။

11:11

လေယာဥ်ဆိုက်ချင်းပင် Jayနှလုံးခုန်နှုန်းမှာ ပိုမြန်လာသလိုပင်။
မေမေတို့မသိအောင် ခိုးပြန်လာခြင်းကြောင့်လည်း ပါမယ်ထင်။
မာတာမိခင်ကတော့ Jayအကြောင်းသိတာမို့လို့ ဘာမှမပြောလောက်ပေမယ့် ဖေဖေကတော့ သေချာပေါက် မာန်မဲနေပေလိမ့်မည်။

အချိန်အကြာကြီး လေယာဥ်စီးလာခဲ့ရတာကြောင့် ခန္ဓာကိုယ်က ပင်ပန်းနေပေမယ့်လည်း Jakeကိုတွေ့ရမယ်ဆိုရင် အကုန်သက်သာသွားလောက်မယ်ထင်တယ်။

နီးကပ်လာတဲ့ Christmas ကြောင့် လမ်းမဟာ ပုံမှန်ထက် ပိုအရောင်စုံနေသလို။
ဒီနှစ်Christmasတော့Jakeနဲ့တူတူရှိရတော့မယ်ဆိုတဲ့အတွေးက Jayခြေလှမ်းတွေကို ပိုပြီးတက်ကြွအောင် ပြုလုပ်ပေးနေတယ်။

Jayမှတ်ထားတဲ့အချိန်ဇယားအရဆိုရင်တော့ Jakeဟာ ညဆယ်နာရီကျော်လောက်မှာ ဆေးရုံကပြန်လာပေလိမ့်မယ်။
Jayနာရီကိုငုံ့ကြည့်မိတော့ ဆယ်နာရီထိုးပြီးခါစလေး။
လွမ်းနေရတဲ့Jakeကို မကြာခင်မှာပြန်တွေ့ရတော့မယ်။

ဝါကျင့်ကျင့်အလင်းရောင်တွေဖြာကျနေတဲ့ လမ်းမီးတိုင်ကို ကျောမှီလိုက်တော့ အအေးဒဏ်က ကျောအတွင်းသို့စိမ့်ကနဲ။

10:10

angel hourအတိမှာ Jakeထွက်လာတာကိုမြင်ရတယ်။
Jayရဲ့Angel ဖြစ်တဲ့Jakeကခုထိ Jayကိုတွေ့ပုံမပေါ်သေးဘူး။
ခေါင်းကိုမြေကြီးထဲထိ စိုက်ဝင်မတတ် ငုံ့နေတာမို့ Jay ရပ်မနေတော့ဘဲ Jakeဆီလမ်းလျှောက်သွားလိုက်တယ်။

"ကျွန်တော့်ကို လွမ်းနေတာလား......."

Jayရဲ့ဖိနပ်အဖြူရောင်ကိုမြင်မှ မော့ကြည့်လာတဲ့ Jakeက အံ့သြသွားသယောင်။
Jakeကို အံ့သြသွားစေချင်တဲ့ Jayဆန္ဒတွေပြည့်ဝခဲ့ပါတယ်။

Jayရဲ့မေးခွန်းကို Jakeက ဖြေဖို့သတိတောင်မရတော့ဘဲ Jayရဲ့နှုတ်ခမ်းတွေကိုပဲ ဖိကပ်နမ်းရှိုက်လာတယ်။
သွေးကြောအဖြာဖြာယှက်နေတဲ့ Jakeရဲ့သန်မာတဲ့လက်တွေက Jayရဲ့coatအထူကြီးအောက်ကနေတစ်ဆင့် Jayရဲ့ခါးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားတယ်။

နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ နှစ်ဦးလုံးရဲ့ရင်ဘတ်တွေကလည်း နေရာလပ်မရှိဘဲ နီးနီးကပ်ကပ်။
မထိတွေ့ရတာကြာပြီဖြစ်တဲ့Jayရဲ့နှုတ်ခမ်းတွေကို Jakeက ခုထက်ထိ အလွတ်ပေးမယ့်ပုံမပေါ်သေးပါဘူး။
Jayကလည်း အဲဒီအတွက် ပြင်ဆင်ထားခဲ့ပြီးမို့လို့ Jakeစိတ်ကြိုက်ခြယ်လှယ်နေတဲ့ အနမ်းတွေမှာ စိတ်လိုလက်ရပျော်ဝင်နေမိတယ်။

"မနှောင့်ယှက်ချင်ပေမယ့် အသက်ရှုရပ်သွားမှာစိုးလို့
စီနီယာတို့အသက်ရှုရပ်ရင် ကျွန်တော်တို့ပဲဒုက္ခများမှာလေ"

ရုတ်တရက်ပေါ်ထွက်လာတဲ့ Chanရဲ့စကားအနောက်မှာ Jakeတို့အနမ်းတွေ အပြီးသတ်သွားတယ်။
အအေးဒဏ်ကြောင့်ရော၊ရှက်သွေးကြောင့်ရောပါ ရဲနေတဲ့ Jayပါးတွေကို Jakeက ခပ်ဖွဖွလေးဆွဲညှစ်လိုက်တယ်။

Chanကတော့ ဒါတွေက မထူးဆန်းတော့စွာ ရပ်ကြည့်နေတယ်။

"ကဲ......
စီနီယာတို့နှစ်ယောက်လည်း အသက်ဘေးကလွတ်သွားပြီမို့
ကျွန်တော်ပြန်ပါတော့မယ်"

Chanရဲ့ရွှတ်နောက်နောက်စကားကြောင့် JakeရောJayရော တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်မိလိုက်ကြတယ်။
အဆက်မပြတ်ကျဆင်းနေတဲ့မြူနှင်းတွေကြားမှာ ဆုပ်ကိုင်ထားတဲ့လက်တွေကတော့ မြဲနေဆဲပဲ။

"ကိုယ့်ရဲ့ဆုတောင်းလေး ဖြစ်ပေးလို့ ကျေးဇူးပါ Jay"

Jayရဲ့ မျက်ဝန်းတွေကိုကြည့်ပြီးပြောတော့ Jayက ပြုံးတယ်။
အဦးဆုံးအချိန်ကတည်းက Jayရဲ့အပြုံးတွေက Jakeအပိုင်ဖြစ်ခဲ့တာပဲ။

သေချာပေါက် နှစ်ဦးလုံးရဲ့ 11:11ဆုတောင်းတွေကလည်း အချင်းချင်းပင်
ဖြစ်နေပါလိမ့်မယ်။




the end.





Continue Reading

You'll Also Like

22.7K 562 17
oneshots for enhypen!! started: march 4th, 2023. finished: january 14th, 2024.. includes: fluff, maybe angst(?), all sfw!! member x reader. proper sp...
537K 24K 39
❝YOU'VE GOT TALENT❞ -@keikaminari - date: 01/17/2022 FANSIGN β•­β”ˆβ”€β”€β”€β”€β”€β”€β”€ ೄྀ࿐ ˊˎ- -ˏˋ γ“γ‚“γ«γ‘γ―ΛŠΛŽ- in which a troubled girl is caring for her sick brothe...
230K 4K 45
Book Two!!
45.2K 1.5K 28
"Κ™-Κ™α΄œα΄› α΄‘Κœα΄€α΄› α΄€Κ™α΄α΄œα΄› α΄Šα΄€α΄‹α΄‡?" "Ιͺα΄›'ꜱ ɒᴏΙͺΙ΄Ι’ ᴛᴏ Κœα΄€α΄ α΄‡ ᴛᴏ ʙᴇ α΄€ κœ±α΄‡α΄„Κ€α΄‡α΄›. α΄„α΄€Ι΄ ʏᴏᴜ α΄‹α΄‡α΄‡α΄˜ α΄€ κœ±α΄‡α΄„Κ€α΄‡α΄›?" 𝚈/𝙽 πš’πšœ 𝚊 πšπš›πš˜πšžπš‹πš•πšŽπš 𝟷𝟾 πš’πšŽπšŠπš› πš˜πš•πš πšπš’πš›πš•. οΏ½...