ဟန်သစ်အမြန်လိုက်သွားသော်လည်း Alexကိုမမီနိုင်ဘဲ တောင်အဆင်းလမ်းမှာတင် မျက်ခြေပြတ်သွားခဲ့သည်။ သူ့အနေနဲ့စိုးရိမ်မိတာကြောင့် မိုးချုပ်မည်ကိုဂရုမစိုက်နိုင်ဘဲ တောင်ခြေသို့ လိုက်ပါပြေးဆင်းလာခဲ့ရင်း လမ်းကလူများကိုလည်း မေးဖို့မမေ့။
"အနက်ရောင်ဒူးပြဲကိုယ်ကြပ်ဘောင်းဘီနဲ့ ရှပ်အဖြူဝတ်ထားတဲ့ လူငယ်လေးတစ်ယောက်ကို မြင်လိုက်မိသေးလား......"
တချို့ကခေါင်းခါကြပြီး တချို့ကမူ တောင်ဆင်းလမ်းဘက်ညွှန်ပြကြသည်။
ဟန်သစ် အရှိန်နဲ့ပြေးဆင်းလာခဲ့တော့မှ တောင်ခြေအရောက်တွင် ရင်းနှီးနေတဲ့နောက်ကျောကိုမြင်လိုက်ရသည်။
"Alex........"
မောပန်းမှုကြောင့် ဟန်သစ်၏နှာသီးဖျားထက် ချွေးတို့စို့လာပြီး မျက်နှာသည်ကားနီရဲနေ၏။
ကာယကံရှင်ကတော့ သူ့အသံကြားသည့်တိုင် ခြေလှမ်းများကိုပင်မနှေး။
"Alex....... ခဏစောင့်ပါဦး"
လက်မောင်းအား အမိဖမ်းဆွဲလိုက်ချိန်တွင် Alexက ရုန်းထွက်ကာရှောင်ဖယ်ချင်နေသည်။
"ခဏလေးပါကွာ....... စကားခဏပြောကြရအောင်"
"hah! ခင်ဗျားေယာကျာ်းနဲ့ပဲ ဘာလို့မပြောတာလဲ"
"မင်းအထင်လွဲတာပါ"
အရင်ဆုံးအနေနဲ့ လူမြင်ကွင်းထဲဒီလိုမဖြစ်ချင်ပေမယ့် Alexကိုခေါ်မရတာကြောင့်........
"အရင်ဆုံး တစ်နေရှာပြီး ဆွေးနွေးရအောင်"
"ဆွေးနွေးရမယ်? သူကတော့ ဘယ်သူဖြစ်နေပါတယ် ဒါကြောင့်မို့ ကျွန်တော်ကတော့ဘယ်နေရာမှာရှိနေတဲ့လူဖြစ်လို့ ဘယ်လိုနေသင့်တယ်ဆိုတဲ့ အကြောင်းကိုလား"
"ကိုယ်အဲ့လိုသဘောမျိုးပြောတာမဟုတ်ရပါဘူးကွာ"
"ကျွန်တော်ကတော့ အဲ့လိုပဲထင်တယ်"
ဟန်သစ် Alex၏လက်ဖဝါးကိုဆွဲယူဆုပ်ကိုင်ကာ စိတ်ရင်းမှန်ဖြင့်ပြောလိုက်သည်။
"ကလေး...... လူမှုရေးဖောက်ပြန်ပါတယ်ဆိုပြီး ကိုယ့်နာမည်ထွက်သွားရင် ကိုယ်ဂရုမစိုက်ကောင်းမစိုက် နေနိုင်မယ်။ ဒါပေမယ့် မင်းကမတူဘူးလေ......မင်းအခုထိ အသက်နှစ်ဆယ်တောင်မရှိသေးတာ။ အနာဂတ်မှာ အကန့်အသတ်မရှိဘူး။ မဆင်မခြင်လုပ်လိုက်တာနဲ့ မင်းရဲ့ဘဝတစ်လျှောက်လုံး ဘယ်လိုစွန်းထင်းသွားလိမ့်မလဲ"
ဆိုးသွမ်းတယ်ဆိုတာက လူငယ်တွေရဲ့သဘာဝမှန်း လူတိုင်းသိနားလည်ပေးနိုင်သည်။ သို့ပေမယ့် အိမ်ထောင်ရှိတဲ့အမျိုးသားတစ်ယောက်နဲ့ ဖောက်ပြန်တယ်ဆိုတာက မတူတဲ့အခြေအနေနှစ်ခုအဖြစ် ကွဲထွက်သွားစေပြီ။
"ကျွန်တော်ဂရုမစိုက်ဘူး"
"ကိုယ်ဂရုစိုက်တယ်လေ....... အရမ်းကြီးမဆိုးပါနဲ့ကွာ နော်...... လိမ်မာတယ် "
စကားအဆုံးတွေ Alexနဖူးထက်က ပြန့်ကျဲနေတဲ့ဆံစတို့ကို သပ်တင်ပေးလိုက်သည်။
ဟန်သစ်ဟာ မချော့တတ်ချေ။ Mikeနဲ့က အသက်မကွာဘဲ နားလည်မှုရှိကြသဖြင့် စိတ်ဆိုးစိတ်ကောက်တာခပ်ရှားရှား။ ကိုယ့်အသက်ထက် သုံးပုံတစ်ပုံလောက်ငယ်တဲ့ကောင်လေးနဲ့ လင်ငယ်နေတော့မှ မလုပ်ဖူးမပြောဖူးတာတွေလုပ်နေရ၏။
"ကိုယ်မှားသွားပါတယ် ဟုတ်ပြီလား....."
ထိုအခါမှ လူငယ်လေးက သူ့ကိုအဖက်လုပ်လာသည်။
"ခင်ဗျားမှားမှန်းသိပြီပေါ့"
"အင်း....."
"ဘာမှားတာလဲ"
"ကိုယ်မပြောလိုက်သင့်တာ"
"ဘာကိုမပြောသင့်တာလဲ"
"ကိုယ်ညနေက ပြောခဲ့သလိုမျိုး"
Alexက သူ့ကိုအသံတိတ်စိုက်ကြည့်ပြီးမှ ဟမ့်!ခနဲဖြင့်နှာမှုတ်ပြသည်။
ကောင်လေးရဲ့စိတ်ကို သူမမှန်းနိုင်ပေ။ စိတ်ကောက်နေတဲ့ ခပ်ဂျစ်ဂျစ်ကောင်လေးက ပိုပြီးချော့ရခက်သည်။
ထို့ပြင် ကောင်လေးပေါက်ကွဲမိတာက အထူးအဆန်းမဟုတ်။ Mikeရဲ့အနားကပ်မှုကြောင့် သူတို့အကြာကြီးမသိချင်ယောင်ဆောင်ခဲ့ရတာမလား။
သူလိုလူကတောင် Mikeဘေးမှာရပ်ပြီး စိတ်မသက်မသာဖြစ်နေရင် ပေါက်ကွဲလွယ်တဲ့ပြဿနာအိုးလေးအတွက် သူတို့တပူးတွဲတွဲဖြစ်နေသည်ကို သည်းခံဖို့ရာပိုမခက်ပေဘူးလား။
Mikeကသူနဲ့ပတ်သက်တာမို့ အရာအားလုံးဟာ သူ့အပြစ်ဖြစ်နေသည်ပင်။ ထို့ကြောင့် နစ်နာသူလေးAlexကို အဆုံးစွန်ထိချော့မော့ဖို့ရာအတွက် ဟန်သစ်ကစကားလုံးအချို့ကို ခပ်တိုးတိုးပြောလိုက်သည်။
Alexမှင်သက်သွားပြီးနောက်မှာတော့ ထိန်းမနိုင်သိမ်းမရစွာဖြင့် တဟားဟားအော်ရယ်လေတော့သည်။
"အရူးလေး....... အူမြူးနေတယ်ပေါ့"
"ဒါပေါ့....... ရဖို့ခက်တဲ့အခွင့်အရေးမဟုတ်ဘူးလား"
"ဒါပေမယ့် မင်းအတန်းဖော်ကိုထိုးခဲ့တဲ့ပြဿနာဖြေရှင်းပြီးမှရမယ်"
"ကျွန်တော်သိပြီ"
Alexက သူ့ခါးကိုဖက်ပြီး ချွဲနေတဲ့ပါပီခွေးကြီးတစ်ကောင်လို သူ့လည်တိုင်ကို ခေါင်းဖြင့်တိုးတိုက်လိုက်သည်။
ဟန်သစ် စိုးရိမ်သွားပေမယ့် စိတ်ကိုအမြန်ဆုံးပြန်လျှော့ချလိုက်နိုင်ခဲ့သည်။
ထားလိုက်တော့........ အနီးမှာအသိမိတ်ဆွေတွေမှရှိမနေဘဲ။
........
........
အတန်းထဲကအတန်းဖော်ကို Alexက ဘလိုင်းကြီးထထိုးခဲ့တာကြောင့် တစ်ဖက်မိဘကမကျေနပ်ချေ။
"ဒီအရွယ်လေးနဲ့တောင် ဒီလောက်သွေးဆူနေတာ။ ကြီးများကြီးလာရင် အနာဂတ်ရဲ့ ဒုစရိုက်ကောင်ဖြစ်လာမလားပဲ......"
ကျောင်းအုပ်ဘေးမှာရပ်နေတဲ့ ဟန်သစ်က ကွက်ခနဲမျက်နှာပျက်သွားပြီး တစ်ဖက်လူကိုပြန်ပြောချင်သွားသည်။ သို့သော် သူမပြောရသေးခင်အချိန်၌ ကျောင်းအုပ်က.......
"ဒီကကျောင်းသားမိဘခင်ဗျာ....... ကလေးတွေကငယ်ပါသေးတယ်။ ခုလိုပြောတာက သိပ်အဆင်မပြေပါဘူး"
"ကျွန်မက ဒါလေးပဲပြောရသေးတာတောင် ရှင်တို့က ကာဆီးကာဆီးလုပ်နေပြီ။ ပျက်စီးပြီး မိုက်ရိုင်းနေတာလဲမပြောနဲ့။ ကျောင်းအုပ်ရော အတန်းပိုင်ကပါ သွန်သင်ဆုံးမပေးမယ်မရှိဘူး....... ဒီလောက်တောင် ငွေမျက်နှာနောက်လိုက်တတ်ရင် ဘာလို့အလုပ်ထွက်ပြီး သူတို့ရဲ့ခြေဆေးသမားသွားမလုပ်လဲ"
ဟန်သစ်၏ဆုံးမမှုဖြင့် တစ်ချိန်လုံးငြိမ်ထိုင်နေခဲ့ပါသောAlex။ ထိုစကားများကိုကြားသည်နှင့် ဝုန်းခနဲထရပ်၍ ထိုအမျိုးသမီးရှေ့ကခုံကို ဆောင့်ကန်လိုက်လေသည်။
ကျွီ!ခနဲအသံနဲ့အတူ အမျိုးသမီးမှာထိတ်လန့်သွားပြီး ယောကျာ်းဖြစ်သူ၏နောက်ကို ကျုံ့ဝင်သွားခဲ့သည်။
"ခင်ဗျားဘာစောက်စကားပြောနေတာလဲဆိုတာ သိရဲ့လား"
"Alex......"
ဟန်သစ်က Alexရှေ့အမြန်ဝင်ရပ်ပြီး ကိုယ်ဖြင့်ကွယ်လိုက်လေသည်။
"စိတ်ကိုလျှော့......ဟုတ်ပြီလား ဒေါသထွက်နေစရာမလိုဘူးလေ"
"ကြည့်စမ်း! ကြည့်စမ်း! စရိုက်ကစ ကြမ်းတမ်းနေတာ...... ဆရာတွေရှေ့မှာတောင်"
"ခင်ဗျားပါးစပ်ကိုပိတ်ထား!"
Alexက အံကြိတ်ပြီးပြောကာ ရှေ့တိုးဖို့ပြင်လိုက်၏။ ထိုအခါ အမျိုးသမီးယောကျာ်းက တင်းမာသောမျက်နှာထားဖြင့်......
"နောက်ဆုတ်လိုက်စမ်း....... အရိုင်းအစိုင်းကောင်"
"ကျောင်းအုပ်နဲ့ အတန်းပိုင်ကဘာလုပ်နေတာလဲ ဒီတိုင်းရပ်ကြည့်နေကြတာလား...... ရှင်တို့ကျောင်းသား လူသတ်ရင်တောင်ရပ်ကြည့်နေကြမှာလား"
"ငါဠိုး! သိချင်ရင် ခင်ဗျားကိုယ်တိုင်အရိုက်လာခံ"
"Alex တော်တော့ ရပြီ...... စကားနားထောင် ခင်ဗျားတို့လည်းခဏလောက်တော့ဆင်ခြင်ကြပါဦး"
ထိုလင်မယားနှစ်ယောက်ပြန်မပြောရသေးခင် ရုံးခန်းတံခါး ပွင့်လာပြီး ထက်မြက်ပြတ်သားသည့်ပုံရသောအမျိုးသမီးတစ်ယောက် ဝင်လာခဲ့၏။ သူမက အခန်းထဲကလူများကို လှည့်ပတ်ကြည့်နေပြီး Alexကိုတွေ့သောအခါ ခဏမျှရပ်တန့်လိုက်သေး၏။
ထို့နောက် ရှေ့သို့သွားရပ်ကာ ဖြောင်းခနဲ နားရင်းအုပ်ချပစ်လိုက်သည်။
"ပြဿနာရှာလို့မပြီးနိုင်တော့ဘူးလား......"
ဟန်သစ် - ".........."
ဒီနေ့ကပြဿဒါးများလား......။ ဘာလို့ သူ့ပြဿနာအိုးလေးက လူတိုင်းဆီကနေကြိမ်းမောင်းခံနေရတော့တာပဲလဲ။
.........
.........
"နာသွားသေးလား......."
နီရဲနေသောပါးစောင်နားကို ခပ်ဖွဖွဆေးလိမ်းပေးရင်း ဟန်သစ်ရင်ကားမချိလှ။
Alexက မနာဘူးလို့ဘယ်လောက်ပဲဆိုဆို သူ့မျက်နှာဟာ ပြန်မကောင်းလာနိုင်တော့ချေ။
"ဘာမှမဖြစ်ပါဘူးဆိုဗျာ......."
ဟန်သစ် သက်ပြင်းကိုအသာချကာ ရှေ့ကလူငယ်လေးရဲ့ဆံပင်ကို ဖွဖွပုတ်ပေးနေလေ၏။
"ကိုယ့်အိမ်လာနေ......."
"?"
"သေချာရဲ့လား....... ခင်ဗျားယောကျာ်းနဲ့ပလူးနေမှာကိုတော့မကြည့်ချင်ဘူးနော်"
"သူနိုင်ငံခြားထွက်စရာရှိတယ် နှစ်ပတ်လောက်တော့အေးဆေးနေလို့ရတယ်"
Alexတိတ်ဆိတ်သွားသည်။ ထိုလူနိုင်ငံခြားကိုဘာသွားလုပ်သလဲဆိုတာကိုတော့ သူသိနေသလိုမျိုး ဟန်သစ်လည်းခန့်မှန်းမိပေမည်။
Alex ကျေနပ်စွာဖြင့် တစ်ဖက်လူ၏နှုတ်ခမ်းအား မထိတထိလှမ်းနမ်းလိုက်လေ၏။
ထိုနေ့ညမှာတော့ ဟန်သစ်၏အိမ်၌ လူသုံးယောက်စားနိုင်သော ဟင်းအမယ်များမှာ ခုံပေါ်အပြည့်။
Alexက ချေမိုးတဲ့မျက်နှာထားနဲ့ Mikeရဲ့မျက်နှာချင်းဆိုင်မှာထိုင်၍ ဖြည်းညင်းစွာ စားသောက်နေ၏။ Mikeဘက်က ရင်းနှီးဖို့ဘယ်လောက်စကားခေါ်ခေါ် Alexက "အင်းနဲ့အဲ"နှစ်လုံးကိုသာလက်စွဲပြုထား၏။
Alexနေရန်ပေးထားသော ဧည့်သည်ခန်းထဲဝင်သွားတော့မှ Mikeက ဟန်သစ်ကို အမေးများပါသောမျက်ဝန်းဖြင့် လှမ်းကြည့်လာခဲ့သည်။
ဟန်သစ်သည်လည်း မျက်နှာသေနဲ့လိမ်ရပေတော့သည်။
"ဒီကလေး ဒီတလောပြဿနာတော်တော်ရှာထားတာ။ အဲ့တာနဲ့သူ့အမေက စိတ်ဆိုးပြီး အိမ်ကနေမောင်းချလိုက်တယ်လေ......။ အပြင်မှာလွှတ်ထားရင် ပိုဆိုးသွားမှာစိုးတာနဲ့ ကျောင်းအုပ်နဲ့တိုင်ပင်ပြီး ဒီမှာနေဖို့ခဏခေါ်လာလိုက်တာ"
Mikeက သံသယမဝင်ချေ။ ထို့ပြင် သူကိုယ်တိုင်ကဖောက်ပြန်နေတာဖြစ်ပြီး ယခုတစ်ခေါက်ခရီးသွားရခြင်းအကြောင်းရင်းကို ဟန်သစ်မသိအောင်ဖုံးကွယ်ဖို့ရာမှာပဲ စိတ်အားထက်သန်နေတာကြောင့် သံသယမဝင်အားတာလည်းပါပေသည်။
"အဆင်ပြေပါတယ်....... Babyသတိတော့မပေါ့ရဘူးနော်"
"အင်းပါ....... မနက်ခရီးသွားရမှာမလား စောစောအနားယူထားဦး"
"Babyကိုယ့်ကိုချိုးပေး"
ဟန်သစ် မသိစိတ်ဖြင့် ဧည့်သည်အခန်းဘက်ကြည့်လိုက်မိကာ တောင့်တင်းစွာပြုံးရင်းပြန်ဖြေလိုက်သည်။
"အင်း ဒါဆိုမင်းချိုးဖို့ရေနွေးစပ်ထားပေးမယ်"
........
........
ရေနွေးစပ်ရာတွင် ဟန်သစ်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေကာ အကြောများပြေလျော့စေသည့် အမွှေးနံ့သာရည်အချို့ကိုထည့်စပ်လိုက်သည်။
Mikeက ဒီညမှာ ဟန်သစ်နဲ့နည်းနည်းအီစီကလီလုပ်မယ်တွေးထားပေမယ့် ရေစိမ်ရင်းမျက်တောင်လေးလာသည်။ အိပ်ချင်စိတ်က မျက်လုံးမပွင့်နိုင်အောင်ဖြစ်လာစေပြီး ရေကန်မှအမြန်ဆုံးထ၍ အိပ်ရာပေါ်လှဲလိုက်သည်။
အခန်းထဲက ဆီမီးကြောင့် သူသည် လူမှန်းမသိလောက်အောင်ထိ အိပ်ပျော်သွားခဲ့လေသည်။
Mikeအိပ်ပျော်သွားသည်နှင့် ဟန်သစ်က ဆီမီးကိုငြိမ်းပြီး Alexအခန်းဆီသွားလိုက်သည်။
.........
.........
Alexက အခန်းဝကနေ သူ့အားဆီးကြိုပွေ့ကာနမ်းရှိုက်ရင်း အမေးရှိလာသည်။
"ပြီးပြီလား......."
"အင်း"
Alexနှုတ်ခမ်းကိုအလျင်အမြန်လျက်၍ စုပ်ယူလိုက်သည်။
ဟန်သစ် လျှာကိုထုတ်ပြီးချိုမြိန်သောနမ်းရှိုက်သံကြား တစ်ယောက်ကိုတစ်ယောက်ပွတ်သပ်ကျီစယ်နေမိကြ၏။
စိတ်လှုပ်ရှားစရာ အတွေ့အကြုံကြောင့် လူနှစ်ယောက်ဟာ အစောကြီးကတည်းက မာလာခဲ့ကြပြီးဖြစ်သည်။
"ခင်ဗျားတို့အခန်းထဲသွားကြရအောင်"
"သေချာလား......."
"အင်း....... အဲ့မှာလုပ်ချင်တာ"
ဟန်သစ်ခေါင်းညိတ်လိုက်သည်နှင့် Alexက သူ့ကိုခါးထက်ခွချီကာ အနမ်းမပျက်လျှောက်သွားခဲ့ကြသည်။
Mikeအိပ်နေတဲ့အခန်းနဲ့နီးလာလေ နှလုံးသားကအဆက်မပြတ်ခုန်ပေါက်လာလေ။
တံခါးကိုဆွဲဖွင့်လိုက်ချိန်တွင် ဟန်သစ်မှာ အရမ်းထန်သွားတာကြောင့် မတတ်သာဘဲ Alexခါးထက်ကနေ တင်ပါးကိုခါကာဝှိုက်လိုက်မိလေ၏။
.
.
Note/
အသစ်တစ်ပုဒ်ထပ်တင်ထားပါတယ်
အမြွှာနှစ်ယောက်ရဲ့ မွချိမွချိဒချိ
.
.
"Alex........"
"Alex....... ခဏစောင့်ပါဦး"
"hah! ခင်ဗျားေယာကျာ်းနဲ့ပဲ ဘာလို့မပြောတာလဲ"
"မင်းအထင်လွဲတာပါ"
"အင်း....."
"ဘာမှားတာလဲ"
"ဘာကိုမပြောသင့်တာလဲ"
"ကျွန်တော်သိပြီ"
........
........
"Alex......"
ဟန်သစ် - ".........."
.........
.........
"နာသွားသေးလား......."
"ကိုယ့်အိမ်လာနေ......."
"?"
........
........
.........
.........
"ပြီးပြီလား......."
"အင်း"
"သေချာလား......."
.
.
Note/