ကဝေမဒီလေး

By Alice_Yizhan_7012

6.7K 561 16

ကဝေမဒီလေး ဒီnovelလေးကတော့ ချစ်ဖို့ကောင်းတဲ့novelလေးလို့ပြောရပါမယ်။ အချိုလေးတွေ စားချင်တဲ့သူတွေဆိုရင်တော့ ဒါလေ... More

ဇာတ်လမ်းအကျဥ်းချုပ်
အခန်း ၁ ။
အခန်း ၂ ။ ကျွန်မက ရှင်နဲ့စေ့စပ်ထားတဲ့သူပဲ
အခန်း ၃+၄+၅ ။
အခန်း ၆ မှ ၁၀ ထိ။
အခန်း ၁၃ ၊ ၁၄ ။
အခန်း ၁၅ ။
အခန်း ၁၆ ၊ ၁၇ ၊ ၁၈ ။
အခန်း ၁၉ မှ ၂၅ ။ (Unicode)
အခန်း ၁၉ မှ ၂၅ ။ (zawgyi)
အခန်း ၂၆ ၊ ၂၇
အခန်း ၂၆ ၊ ၂၇ (zawgyi)
အခန်း ၂၈ မှ ၃၀

အခန်း ၁၁ ၊ ၁၂ ။

325 33 0
By Alice_Yizhan_7012

ကဝေမဒီလေး:
 
အခန်း ၁၁ ။ ခန္ဓာကိုယ်၏အရေးကြီးသော အစိတ်အပိုင်းများ သေဆုံးစေသည့် အရောင်အဝါနှင့် အနက်ရောင် စွမ်းအား
 
ပေဖန်းမှာ အရမ်းကို ကြောက်လန့်တုန်လှုပ်သွားလေသည်။အသည်းတူးသည့် လူဆိုးကောင်က သူကအသည်းမကောင်းလို့ စိတ်မဝင်စားဘူးဟုပြောပေမယ့် တစ်ယောက်တည်း မအိမ်ပြန်ရဲသေးပေ။ နောက်ဆုံးတော့ စတူဒီယိုမှာ အနားယူပြီး အလုပ်ဆင်းချိန်မှာ လုပ်ဖော်ကိုင်ဖက်ရဲ့အိမ်ကို သွားဖို့ စီစဉ်ခဲ့လေသည်။
 
“ဒီကောင်က ဒီလိုကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေကြုံလာခဲ့ရင်တောင် စက္ကန့်ပိုင်းအတွင်း အိပ်ပျော်နိုင်သေးတယ်။သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အချင်းက တကယ်ကို ကြံ့ခိုင်တာပဲ။”
ရှန်ကျွင်းယီသည် အိပ်ပျော်နေသော ပေဖန်းကို ခြုံပေးရန် စောင်အပါးလေးတစ်ထည် ယူလာခဲ့သည်။
 
“သူက  စိတ်ဓာတ်ခိုင်မာလို့  မဟုတ်ဘူး။”
တုန်ရုန်းယွမ်ကလည်း ကန့်လန့်ကာကို တစ်ဖက်မှ ဆွဲချနေလေသည်။
 
“ဘာလို့လဲ?”
 
“ဘာဖြစ်လို့လဲဆိုတော့…”
တုန်ရုန်းယွမ်သည် ပေဖန်းဆုပ်ကိုင်ထားသော အိမ်မက်ကောင်းစေသော အရုပ်လေးအား  တစ်ချက်ကြည့်ပြီး ဟာသနှောကာ ပြောလေသည်။
“အိမ်မက်ကောင်းစေတဲ့ အရုပ်လေးရဲ့ ကျေးဇူးကြောင့်ဖြစ်နိုင်တယ်။”
“အဲ့ဒီလောက် အစွမ်းထက်ပါ့မလား။အဲ့ဒီလိုသာဆို နောက်ကျ သူဌေးကတော်ကို တစ်ရုပ်လောက် တောင်းဦးမှပဲ။အခုတလော တည်းဖြတ်ပြီးသွားရင် ဇာတ်ညွှန်းထဲက အခန်းကို ညကျ အိမ်မက်တွေ မက်မက်နေတာ။အဲ့ဒါကိုလည်း အိမ်မက်ဆိုးလို့ ပြောလို့ရတယ်မလား။”
 
တုန်ရုန်းယွမ်သည် စကားပြန်မပြောဘဲ ကန့်လန့်ကာကိုချကာ ထွက်သွားလေသည် ။
 
တစ်ဖက်တွင် ရုံးခန်းထဲ၌ ကျိလန်သည် ဝူမြောင်မြောင်အား စတူဒီယိုထဲမှ  ထွက်ခွာရန် ဆွဲဆောင်နေလေသည်။
“မင်း ဒီနေရာမှာ ဆက်မနေသင့်တော့ဘူး။အသည်းတူးသမားရဲ့ ပစ်မှတ်တွေက မိန်းကလေးတွေပဲလို့ ရဲတွေက ပြောတယ်လေ။အခု သူက ပေဖန်းကို အာရုံကျနေတော့ အနီးနားဝန်းကျင်မှာ ရှိနေနိုင်တယ်။မတော်တဆ မင်းကိုတွေ့ရင် ဒုက္ခရောက်ကုန်လိမ့်မယ်။”
 
“ကျွန်မက ညနက်တဲ့အထိ အလုပ်မလုပ်လို့ ပေဖန်းရဲ့အသည်းထက် ကျွန်မအသည်းက ပိုကျန်းမာနေလို့လား။”
ဝူမြောင်မြောင်က မေးလေသည်။
 
“အဲ့ဒီလိုဖြစ်မယ်…။”
 
“ရပါတယ်​။ကျွန်မကိုယ် ကျွန်မ ကာကွယ်​နိုင်​ပါတယ်။​”
ဝူမြောင်မြောင်က ယုံကြည်ချက်ရှိရှိ ပြောလေသည်။
 
“အသည်းတူးသမားက မနေ့ညကတွေ့ခဲ့တဲ့လူနဲ့ မတူဘူးလေ။”
ကျိလန် သူ့စိတ်သူထိန်းပြီး ပိုပြီး ရှင်းပြလိုက်၏။
“မင်းရဲ့ ကဝေပညာက အရမ်းအစွမ်းထက်တယ်ဆိုတာ ငါသိပါတယ်။ဒါပေမယ့် လူ့သဘောသဘာဝရဲ့ အမှောင်ဘက်ခြမ်းက မင်းမတွေးနိုင်လောက်အောင်ကို နက်နဲလွန်းသွားပြီ။နေ့ခင်းမှာ လှံနဲ့ထိုးတာကို ရှောင်ဖို့က လွယ်တယ်။ညဘက်မှာ မြှားကို ရှောင်ဖို့ကတော့ ခက်တယ်နော်။မင်း နားလည်ရဲ့လား။”
 
အသည်းတူးသမားသာ နတ်ဆိုးဝိညာဉ် သို့မဟုတ် မိစ္ဆာတစ်ကောင် ဖြစ်နေမယ်ဆိုရင် ဝူမြောင်မြောင်အတွက် သိပ်စိတ်မပူပေမယ့် လက်ရှိအခြေအနေအရ တစ်ဖက်လူက နတ်ဆိုးနှင့်တူသည့် သာမန်လူတစ်ယောက်ဖြစ်ပြီး တစ်ခါတစ်ရံ သာမန်လူသားတွေက နတ်ဆိုးတွေထက် ပိုကြောက်စရာကောင်းနေတတ်သည်။
 
“ဒါပေမယ့် ကျွန်မတစ်ယောက်တည်းမနေသရွေ့တော့ အဆင်ပြေပါတယ်လို့ ရဲဦးလေးကြီးက ပြောတယ်မဟုတ်ဘူးလား။ကျွန်မက  နေ့ခင်းဘက်မှာပဲ စတူဒီယိုကို လာလည်တာလေ။ညဘက်ကျ ရှင်နဲ့အတူ အိမ်ပြန်တာပဲ။တစ်ယောက်တည်းနေတာထက် ပိုလုံခြုံတယ်မဟုတ်ဘူးလား။”
ဝူမြောင်မြောင်က မေးလေသည်။
 
ဝူမြောင်မြောင်၏စကားများသည် ယုတ္တိတန်ကြောင်းသိသော်လည်း အကြောက်တရားများနှင့် နေ့တိုင်း ရှင်သန်နေရတာထက် အရင်ဆုံး နတ်ဆိုးကို မတွေ့စေတာက အကောင်းဆုံးဖြစ်လိမ့်မည်။
 
ဒါပေမယ့် ကျိလန်ကတော့ သူမကို နောက်ထပ် သိမ်းသွင်းစည်းရုံးရန် မလုပ်တော့ဟု ဆုံးဖြတ်လိုက်လေသည်။
*ဘယ်လိုပဲဖြစ်ဖြစ် သူ အိမ်မက်ထဲမှာ ရောက်နေရင်ဖြစ်ဖြစ် တကယ့်လက်တွေ့ဘဝမှာဖြစ်ဖြစ် နှောင့်ယှက်ခံရဦးမှာပဲဖြစ်လို့ သိပ်တော့ ကိစ္စမရှိပါဘူး။သူမသာ စတူဒီယိုမှာ နေချင်တယ်ဆိုရင်လည်း ဘာမှမဖြစ်ပါဘူး။*
 
“မင်းသဘောပါပဲ။ငါအလုပ်သွားလုပ်တော့မယ်။တစ်ခုခုအကူအညီလိုရင် ငါ့ကိုခေါ်လိုက်နော်”
ကျိလန်က သူမကို မစည်းရုံးတော့ဘဲ ထွက်သွားလေသည်။
 
ကျိလန် ထွက်သွားပြီးနောက် ဝူမြောင်မြောင်သည် မနေ့က ဖတ်မပြီးသေးသော ဝတ္ထုကို ထုတ်ကာ ဆက်လက်ဖတ်ရှုလေသည်။သူမကို ကျိလန်ရေးထားသော စာအုပ်ကိုပိုဖတ်ကြည့်လေလေ သူ့ခင်ပွန်းကို ပိုချစ်မိလေလေပင်။ဤဝတ္ထုသည် ဇာတ်ကွက်ဇာတ်လမ်းသာမက အရေးအသားပါ ကောင်းမွန်ပေသည်။
 
တုန်ရုန်းယွမ်က ဝူမြောင်မြောင်အတွက် နောက်ထပ် သရေစာတစ်ပန်းကန်ကို ပြင်ဆင်ပြီး ယူလာ ပေးခဲ့သည်။
“မနေ့တုန်းက သူဌေးက ဇာတ်ညွှန်းပေးရမယ့် သတ်မှတ်ရက်ကြောင့် အစ်ကိုတို့ အပြေးအလွှား အချိန်ပိုလုပ်ခဲ့ရတာပါ။ဒီနေ့တော့ အပြီးသတ်နိုင်လောက်မှာပါ။”
 
“ကျေးဇူးတင်ပါတယ်။”
ဝူမြောင်မြောင်သည် သူမအတွက် အမြဲအစားအစာယူလာပေးသော တုန်ရုန်းယွမ်ကို အတော်လေး အထင်ကြီးမိသည်။
 
မနီးမဝေး ပြတင်းပေါက်ရှိ ပြတင်းပေါက်ရှိ အိမ်မက်ကောင်းစေသောအရုပ်ကို ကြည့်လိုက်တော့ တုန်ရုန်းယွမ်က စပ်စပ်စုစုနှင့် သိလိုစိတ် ပြင်းပြစွာ မေးလေသည်။

“သူဌေးကတော် အဲဒီအရုပ်ကို ဘာလို့ ပြတင်းပေါက်ပေါ် တင်ထားတာလဲ။”
 
“နေရောင်ခံခိုင်းထားတာလေ။”
ဝူမြောင်မြောင်က ပြန်ဖြေလေသည်။
 
“အရုပ်က ရေစိုမနေဘူးလေ။ဘာလို့ နေပူထဲ သွားလှမ်းထားရတာလဲ။”
 
“မမြင်ရဘူးလား။”
ဝူမြောင်မြောင်က အံ့သြစွာမေးလိုက်၏။
 
“ဘာကိုလဲ?”
 
“အရုပ်ပေါ်မှာ အမှောင်စွမ်းအားတွေ ရှိနေတာ ရှင်လည်း မြင်ရသင့်တာပေါ့။”
ဝူမြောင်မြောင်က ပြောသောအခါ တုန်ရုန်းယွမ်မှာ အံ့သြသွားလေသည်။
 
“သူဌေးကတော် ဘာတွေပြောနေတာလဲ။အရုပ်ပေါ်မှာ ဘာအမှောင်စွမ်းအားတွေမှ မမြင်ရပါဘူး။”
 
“မမြင်ရဘူးလား။ကျွန်မက ရှင့်ကို ရုပ်လွန်ပညာရှင်မှတ်နေတာ။အထင်မှားသွားတာပေါ့။”
 ​ဝူမြောင်မြောင်က မယုံကြည်နိုင်စွာ ပြန်ပြောလေသည်။
 
“ဘာကို… ဘာကို သိရမှာလဲ။ရုပ်လွန်ပညာဆိုတာ ဘာကိုဆိုလိုတာလဲ။သူဌေးရဲ့ စာအုပ်ထဲမှာ နတ်ဆိုးတွေနဲ့ သရဲတစ္ဆေတွေအကြောင်းကို အမြဲရေးနေပေမယ့် အခုနေနေတဲ့ သိပ္ပံခေတ်ထဲမှာ အဲ့ဒီလို ဒဏ္ဍာရီတွေ မရှိတော့ဘူးလေ။”
 တုန်ရုန်းယွမ်က အမှန်တရားကို ဝန်ခံရန် ငြင်းဆိုခဲ့သည်။
 
သူ့ဘက်က မဝန်ခံသရွေ့တော့ ရုပ်လွန်ပညာအကြောင်းကို သူသိနေပါတယ်လို့ သူမဘက်က သက်သေပြနိုင်ဦးမှာ မဟုတ်ပေ။
 
ဝူမြောင်မြောင်သည် တုန်ရုန်းယွမ်ကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေသည်။တုန်ရုန်းယွမ်က သူမစိုက်ကြည့်နေမှုကို ဆက်သည်းမခံနိုင်တော့သော အချိန်ကျမှ “အိုး”ဟူ၍ ပြောကာ သူမစာအုပ်အား ဆက်လက် ဖတ်နေလေသည်။
 
*ဒီတုံ့ပြန်မှုက ဘာပါလိမ့်။*
 
“သ…သူဌေးကတော်?”
 
“ဟင်?”
 
“အဲ့ဒီ… အဲ့ဒီအရုပ်နားမှာ အနက်ရောင်စွမ်းအားတွေ တကယ်ရှိနေတာလား။”
ဒီတစ်ခါတော့ တုန်ရုန်းယွမ် ဟန်ဆောင်နေတာ မဟုတ်ပေ။သူ  အရုပ်ပေါ်တွင် အနက်ရောင်စွမ်းအားကို အမှန်တကယ် မတွေ့ရတာဖြစ်သည်။သူ့ဆရာ၏အသုံးမကျဆုံး တပည့်တစ်ယောက် ဖြစ်နေပေမဲ့ သူ့တွင် အနက်ရောင်စွမ်းအားကို မြင်နိုင်သော စွမ်းအားတော့ ရှိနေပါသေးသည်။
 
“အင်း။ဒါပေမယ့် သိပ်မများပါဘူး။နည်းနည်းလေးပဲမို့ နေပူလှမ်းလိုက်ရင် ပျောက်သွားလိမ့်မယ်။”
ဝူမြောင်မြောင်က ပြန်ပြောလိုက်၏။
 
*နေပူထဲ လှမ်းရုံပဲလား။အနက်ရောင်စွမ်းအားတွေက ယင်စွမ်းအားတွေ၊ချီစွမ်းအားတွေ အငြှိုးတေးစွမ်းအားတွေ လိုမျိုးပဲလေ။နေပူထဲလှမ်းရုံနဲ့ ပျောက်ကွယ်သွားနိုင်တဲ့ အနက်ရောင်စွမ်းအားမျိုး မကြားဖူးသေးပါဘူး။အဲ့ဒီလို လွယ်လွယ်လေးနဲ့ ပျောက်ပြယ်တယ်ဆိုရင် နေထွက်လာတာနဲ့ တပြိုင်နက် ကမ္ဘာကြီးပေါ်မှာရှိတဲ့ သရဲတစ္ဆေနဲ့ နတ်ဆိုးတွေကို အလိုအလျောက် ပိုးသတ်ပေးပြီးသား ဖြစ်ကုန်မှာပေါ့။
အရေးကြီးဆုံးက သူ့ရဲ့သူဌေး အိပ်မက်ဆိုးအရှင်တစ်ယောက်ကတောင် နေရောင်အောက်မှာ မောက်မောက်မာမာနဲ့ လမ်းလျှောက်နေနိုင်တုန်းပဲလေ။အနောက်တိုင်းပုံပြင်တွေထဲက သွေးစုပ်ဖုတ်ကောင်တွေရဲ့ဘဝပုံစံကို သူ လေ့လာသင့်နေပြီပဲ။*
 
 
“တကယ်လား။ဒါဆို ငါလည်း နေပူလှုံလိုက်မယ်”
ဝူမြောင်မြောင်က သူ့ကို မပြောပြလိုသည်ဟု တွေးမိသောအခါ  တုန်ရုန်းယွမ် ဆက်မမေးတော့ပေ။
 
“ရှင့်အတွက်က အသုံးမဝင်လောက်ဘူး။အနက်ရောင်စွမ်းအားတွေ ဖြစ်လောက်တဲ့အထိ ရှင့်မှာ အဆိုးမြင်စိတ်တွေ စုမနေဘူး။”
ဝူမြောင်မြောင်က အကြံပေးလိုက်လေသည်။
“ဒီနေ့ နေကတော်တော်ပူတယ်။ရှင်သာ နေရောင်အောက်မှာ အကြာကြီးရပ်နေရင် မီသွေးခဲဖြစ်သွားလိမ့်မယ်။”
 
ကောလိပ်ဝင်ခွင့်စာမေးပွဲများ ဖြေပြီးသောအခါ  နွေရာသီမှာ အပူဆုံးအချိန်ရောက်နေပြီဖြစ်သည်။
 
တုန်ရုန်းယွမ် နားလည်ခက်စွာ ပြန်မေးလိုက်၏။
“မကောင်းမြင်စိတ်?”
 
ဝူမြောင်မြောင်က ရှင်းပြလိုက်၏။
“လူတွေက စိတ်အခြေအနေမကောင်းတဲ့အခါဆို ဝမ်းနည်းမှုတွေကို ခံစားလာရမယ်။ဒါမှမဟုတ် ဖိအားပြင်းတဲ့ စိတ်ဖိစီးမှုတွေ ခံစားလာရမယ်။အဲ့ဒါတွေက သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ မကောင်းတဲ့စွမ်းအင်တစ်မျိုးပေါ်လာစေတယ်။အဲ့ဒီစွမ်းအားက အစပိုင်းမှာ မီးခိုးရောင်ဖြစ်ပေမယ့် စုပုံလာတဲ့အခါကျ အနက်ရောင်စွမ်းအင်ဖြစ်သွားတယ်။လူတိုင်းက သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ  အဲ့ဒီလိုမကောင်းတဲ့စွမ်းအားတွေ နည်းနည်းစီရှိကြတယ်။အနက်ရောင်စွမ်းအားတွေ ပမာဏအများကြီး စုပုံလာရင် လူသားတွေကနှလုံးသားကို ပေါ့ပါးသွားအောင် အလိုရမ္မက်တွေ များလာမယ်။ကျွန်မဆရာက အဲ့ဒီအနက်ရောင်စွမ်းအားကို  “ခန္ဓာကိုယ်၏အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို သေဆုံးစေတဲ့အရောင်အဝါ”လို့ ခေါ်တယ်။လူတော်တော်များများမှာ အဲ့ဒီလိုအရောင်အဝါတွေ ရှိကြတယ်။အခုခေတ်မှာဆို လူအများစုက မကောင်းမြင်စိတ်လို့ ပြောကြတယ်မလား။ကျွန်မကတော့ “ခန္ဓာကိုယ်၏အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို သေဆုံးစေတဲ့အရောင်အဝါ”ကို မကောင်းမြင်စိတ်နဲ့ တူတယ်လို့ ထင်တယ်။ဒါကြောင့်မို့ မကောင်းမြင်စိတ်စွမ်းအားလို့ပဲ ခေါ်လိုက်တာပဲ။”
 
“မကောင်းမြင်စိတ်လား။အဲ့ဒါက နှလုံးသားကို အလွယ်တကူ စိတ်ဓာတ်ကျသွားစေတဲ့ အရာတွေ မဟုတ်ဘူးလား။”
တုန်ရုန်းယွမ်က  ပြန်ပြောလေသည်။
 
“ဟုတ်ပါတယ်။ဒါပေမယ့် ရှောင်ပေက စိတ်ဓာတ်မကျသေးပါဘူး။သူကအရမ်းကို အကြောက်လွန်ပြီး  ပုံမှန်ထက် မကောင်းမြင်စိတ်စွမ်းအားက များနေတာပါ။ပြဿနာက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ပြီးတော့ အိပ်မက်ကောင်းစေတဲ့အရုပ်က သူ့အတွက် မကောင်းတဲ့ စွမ်းအားအချို့ကို စုပ်ယူပြီးသွားပြီမို့ သူ ကောင်းကောင်း အိပ်ပျော်နိုင်မှာပါ။”


 
*ဒါဆို အိမ်မက်ကောင်းစေတဲ့အရုပ်က စိတ်ကျရောဂါ ကုတဲ့ဆေးလား။*တုန်ရုန်းယွမ်သည် သူ၏ကိုယ်ပိုင်အတွေးကြောင့် ထိတ်လန့်သွားလေသည်။
 
မနေ့က အိမ်ပြန်ရောက်ပြီးနောက် အိမ်မက်ကောင်းစေသည့် အရုပ်၏ဓာတ်ပုံများကို ပြသခဲ့သည်။သို့သော် သူ၏ဆရာသည် ဓာတ်ပုံထဲကလို အကျိုးသက်ရောက်မှုများ ပပျောက်သွားစေရန် မတတ်နိုင်ပေ။နောက်လာမည့် စာမေးပွဲအတွက် ထိုအရုပ်အား ယူလာရန် သူ့အားညွှန်ကြားထားခဲ့သည်။အစကတော့ အလုပ်မဆင်းခင် ပေဖန်းဆီက ငှားဖို့ စီစဉ်ခဲ့ပေမယ့် ဝူမြောင်မြောင်က အရုပ်၏အကျိုးအာနိသင်များကို ထုတ်ပြလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
 
*ဒါပေမဲ့ ကမ္ဘာပေါ်မှာ စိတ်ဓာတ်ကျတာကို ကုသဖို့ နည်းလမ်းက တကယ်ပဲရှိနေတာလား။သားကောင်ကို ရူးသွပ်အောင် လုပ်တဲ့နည်းလမ်းတွေပဲ ကြားဖူးတာပါ။ကုသပေးတဲ့ နည်းလမ်းမျိုးကိုတော့ မကြားဖူးပါဘူး။*
ထိုအချိန်တွင် မှန်တံခါးသည် ရုတ်တရက်ပွင့်လာပြီး သူရဲကောင်းစိတ်ဝိညာဉ်အပြည့်ဖြင့် လူတစ်ယောက်ဝင်လာလေသည်။
 
တုန်ရုန်းယွမ်က ဝူမြောင်မြောင်အား ခေါင်းညိတ်ပြပြီး ထိုလူအား နှုတ်ဆက်ရန်သွားလေသည်။
“မင်္ဂလာပါ။ဘယ်သူ့ကို ရှာနေတာလဲဗျ။”
 
“ကျိလန်ကို ရှာနေတာပါ။”
ထိုလူက သူလာရသည့် ရည်ရွယ်ချက်ကို ရှင်းပြလေသည်။
 
“ဒါဆို ချိန်းထားတာရှိလားဗျ။”
တုန်ရုန်းယွမ်က မေးလိုက်လေသည်။သို့သော် သူ၏သူဌေးအတွက် ချိန်းဆိုသည် ဟူသည့်စကားကို အသုံးပြုခြင်းမှာ သူတို့သူဌေးအတွက် လာလည်မည့် ဧည့်သည်မရှိသောကြောင့်ဖြစ်သည်။ပထမတစ်ချက်မှာ သူဌေးတွင် သူငယ်ချင်းတစ်ယောက်မှ မရှိပေ။ဒုတိယတစ်ချက်မှာ ဇာတ်ညွှန်းကိစ္စအတွက် လာသည့် ဒါရိုက်တာများနှင့် ဝတ္ထုထုတ်လုပ်ရေးအတွက် လာကြသောသော အယ်ဒီတာများနှင့်သာ ဆက်ဆံတတ်သည်။စတူဒီယို၏ငှားရမ်းခများနှင့် မီးဖိုးရေဖိုးများကိုလည်း တုန်ရုန်းယွမ်ကိုသာ လက်လွှဲထားတာဖြစ်သည်။
 
သူ ထိုလူအား သိလိုစိတ်ဖြင့် မေးလိုက်ရခြင်းမှာ အခြေအနေတွေ ဆိုးမသွားအောင် ထိုလူအား နှင်မထုတ်ချင်သောကြောင့် ဖြစ်သည်။
 
“ချိန်းမထားပါဘူး။”
သူမျှော်မှန်းထားသည့်အတိုင်း ထိုလူက ခေါင်းခါပြလေသည်။
 
“စိတ်မကောင်းပါဘူး။ကျေးဇူးပြုပြီး မလာခင်မှာ ချိန်းဆိုမှု လုပ်ပေးပါနော်။”
တုန်ရုန်းယွမ်ကအပြုံးဖျော့ဖျော့လေးဖြင့် သူ့အား နှင်ထုတ်နေခြင်းပင်။
 
“သူက အပေါ်ထပ်မှာ ရှိတယ်မလား။သူ့ကို သွားမေးပေးလို့ရမလား။ကျွန်တော့်နာမည်က ဟောက်မင်ကျီပါ”
ဟောက်မင်ကျီက ယဉ်ကျေးစွာပြန်ပြောလေသည်။
 
တုန်ရုန်းယွမ် ခေတ္တခဏ မှင်တက်သွားလေသည်။
 *ဒီလူက သူ့သူဌေးကို တကယ်ပဲသိနေတာလား။ ဒီလူက တံခါးထဲဝင်လိုက်တာနဲ့ ထူးဆန်းသလို ခံစားလိုက်ရတယ်။ဒီလူ စတူဒီယိုထဲကို ဝင်လာတုန်းက သူနဲ့ အကြည့်ချင်း ဆုံမိတဲ့အချိန်မှာ တကယ်ကို တစ်မျိုးကြီးဖြစ်နေသလို ခံစားလိုက်ရတယ်။ဒီလူက သူရဲကောင်းစိတ်ဝိညာဉ်ဓာတ်တွေ ထွက်နေပေမယ့် ဒီလူ့ရဲ့ဘဝက ကံဆိုးမှုတွေနဲ့ ဒုက္ခအတိ ပြည့်နေသလို သူအာရုံမိတယ်။တရားမျှတမှုတွေ ကောင်းမြတ်ခြင်းတွေ ပြည့်နေပေမဲ့ တစ်ချိန်တည်းမှာပဲ သူ့ဘဝက တစ်ယောက်တည်းနေရဖို့ ကံပါနေပြန်ရော။ရိုးရိုးရှင်းရှင်းပြောရရင် သူက လူကောင်းတစ်ဦးဖြစ်ပြီးတော့ သူရဲကောင်းတစ်ဦးလို့မှတ်ယူလို့ရပေမဲ့ သူ့ရဲ့ဇာတာခွင်က ခါးသက်မှုတွေနဲ့ပြည့်ပြီး အားနေတယ်။သူ့ဘဝတစ်လျှောက်လုံးမှာ အများကောင်းဖို့ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ ပြည့်နေရမယ့်အစား ကံဆိုးမှုတွေနဲ့ပဲ ပြည့်နေတယ်။
 
သူ့ဆရာပြောဖူးတာတော့ အဲ့ဒီလိုလူတွေက အရင်ဘဝက ကံကြမ္မာကြောင့် လက်ရှိဘ ဝမှာ သူတို့ရဲ့အပြစ်တွေကို ပြန်ပြီးနောင်တရအောင်လို့တဲ့။ဘယ်လိုပဲပြန်ပြီး ဝင်စားစား သူတို့ရဲ့လက်ရှိဘဝတွေကတော့ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ ပြည့်နေမှာပဲ။*
တုန်ရုန်းယွမ် ထိုလူအတွက် စိတ်မကောင်းဖြစ်သွားမိသည်။
“ဟုတ်ကဲ့ပါ။ခင်ဗျားက ဘယ်ကလဲမသိဘူး။ကျွန်တော်တို့သူဌေးကို ဘာလို့လာရှာတာလဲဗျ။”
 
“ကျွန်တော်က ရဲပါ။မင်းရဲ့သူဌေးကို အကူအညီလာတောင်းတာပါ။”
ဟောက်မင်ကျီ ပြန်ပြောလိုက်၏။
 
“မြို့မမှုခင်းရဲအဖွဲ့ကလား။”
တုန်ရုန်းယွမ်က အေးအေးဆေးဆေးပြန်ပြောလိုက်သည်။
 
“ဟုတ်ပါတယ်။ကျွန်တော်က ဒီနေ့ပဲပြောင်းလာတာပါ။”
ဟောက်မင်ကျီ ပြုံးပြလိုက်လေ၏။
 
*စောစောကတည်းက သူ့ရဲ့အထောက်အထားတွေကို မပြလိုက်ဘဲနဲ့။တကယ်လို့ သူသာ ရဲဖြစ်ကြောင်း အရင်ပြောခဲ့ရင် သေချာပေါက် အချိန်ကုန်ခံပြီး သူ့ကို တားနေပါ့မလား။*
 
တုန်ရုန်းယွမ်သည် ထိုလူကို ချက်ချင်း ဒုတိယထပ်သို့ ခေါ်သွားခဲ့သည်။
 
ကျိလန်သည်  ဟောက်မင်ကျီကို မြင်သောအခါ ပထမတော့ အနည်းငယ် အံ့သြသွားပြီး နောက်မှ အေးစက်စက် ပြုံးပြလေသည်။
 
တုန်ရုန်းယွမ်သည် ပတ်ဝန်းကျင်လေထု မူမမှန်သည်ကို သတိထားမိလိုက်သည်။သူဌေးက ဒီလို ပြုံးရယ်လိုက်တိုင်း ဒေါသအရမ်းထွက်နေတာကို ဆိုလိုနေခြင်းပင်။သူလည်း ဆက်ပြီး မနေရဲတော့ဘဲ ချက်ချင်းပတ်ပြေးလာခဲ့သည်မှာ ဧည့်သည်အတွက် ရေတစ်ခွက်ခပ်ပေးဖို့တောင် မေ့သွားလေသည် ။
 
“အရာရှိ ဟောက်”
ကျိလန်က လက်ပိုက်ပြီး သူ၏ထိုင်ခုံပေါ်တွင် ပျင်းရိစွာ နောက်သို့ မှီနေလိုက်သည်။

 
“မင်း ငါ့ကို မှတ်မိနေသေးသားပဲ။”
ဟောက်မင်ကျီသည် ကျိလန်၏ တုံ့ပြန်မှုသည် အထူးအဆန်းဖြစ်မနေပေ။
 
“အရာရှိဟောက်က အထင်ကြီးစရာပဲ။ဒါပေမယ့် လွယ်လွယ်နဲ့တော့ ဘယ်မေ့နိုင်ပါ့မလဲ။ဘာလို့ ဒီအချိန်ကြီး ကျွန်တော့်ဆီ လာတာလဲ။ကျွန်တော်ရေးတဲ့ စာအုပ်တွေထဲက ဘယ်တစ်အုပ်ကများ ခင်ဗျားရဲ့ အာရုံကို ဖမ်းစားသွားပြန်ပြီလဲ။”
ကျိလန်က မေးလိုက်လေသည်။
 
ဟောက်မင်ကျီသည် ကျိလန် “မှုခင်းဆိုင်ရာမှတ်စုများ” ရေးသောအခါတွင် သူ့ အားသတိပေးရန်အတွက် အခြားပြည်နယ်မှ ရောက်လာသောရာဇ၀တ်မှုစုံစမ်းရေးရဲဖြစ်သည်။ဟောက်မင်ကျီသည် ထိုအချိန်က သူ့အား ဘာမှ မလုပ်ခဲ့ပေ။ဟောက်မင်ကျီ၏အမူအရာမှာ လူသတ်နတ်ဆိုးတစ်ကောင် ကြီးပြင်းလာသည်ကို မြင်လိုက်သလိုမျိုး ဖြစ်သွားသည်ကိုတော့ သူအတပ်ပြောနိုင်သည်။ဟောက်မင်ကျီသည် သူ့အား တရားမျှတမှု၏ဓားတစ်လက်ဖြစ်ပြီး အချိန်မရွေး သူ့အား ဓားနှင့်ထိုးသတ်ရန် အသင့်ဖြစ်နေသူဖြစ်သည်။
 
“ဒီတစ်ခါရောက်လာတာက အရင်လိုမဟုတ်ပါဘူး။ဆန့်ကျင်ဘက်အနေနဲ့ မင်းကို ပုံပြင်တစ်ပုဒ်ရေးပေးစေချင်တယ်။”
ဟောက်မင်ကျီသည်သူ့အား ပြန်ပြောလေသည်။
 
ကျိလန်က မျက်ခုံးပင့်လိုက်ပြီး “ဇာတ်လမ်းကို စိတ်ကူးပေးရမှာလား။ကျွန်တော့်ရဲ့မူပိုင်ခွင့်ကြေးက အခုဘယ်လောက်ရှိပြီလဲ သိလား။”
 
“စောစောက ရှာကြည့်ခဲ့သေးတယ်။သေချာပေါက် ငါ တတ်နိုင်တဲ့ ဈေးမဟုတ်ပါဘူး။”
 
“ဟက်။”
ကျိလန်က ရယ်မောလိုက်သည်။
 
“မင်းကငါ့ကိုအရမ်းမုန်းနေတဲ့ပုံပဲ။”
 ဟောက်မင်ကျီက ခါးသက်သက် ပြုံးလိုက်လေသည်။
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တွေ့ဆုံမှုမှာ မင်းကို ငါ တော်တော် ဆိုးတဲ့ အထင်အမြင်ကို ပေးခဲ့ထင်တယ်။”
 
“ခင်ဗျားသာဆိုရင်ရော သူများနေရာမှာ လာရှုရင် သဘောကျဦးမှာတဲ့လား။”
 
“မကျလောက်ဘူး”
ဟောက်မင်ကျီက ခေါင်းခါလိုက်သည်။
“ဒါပေမယ့် အဲဒီအချိန်တုန်းက မင်းရဲ့အမူအရာနဲ့ သဘောထားကက ငါ့ကို စိတ်မသက်မသာဖြစ်စေတယ်။ ငါမင်းကို မခြိမ်းခြောက်ခဲ့ဘူးလေ။ငါ့ရဲ့သတိပေးချက်တွေကို မင်းနားထောင်နိုင်မယ်လို့ပဲ မျှော်လင့်ခဲ့တာ။”
 
ထိုအချိန်တွင် ကျိလန်သည် အရွယ်မရောက်သေးသော ကျောင်းသားတစ်ဦးဖြစ်နေဆဲဖြစ်ပြီး တစ်ကမ္ဘာလုံးကို ဂရုမစိုက်ဘဲနေခဲ့သည်။သူသည် ဆယ်နှစ်ကျော်ကြအောင် ရဲသားဖြစ်ခဲ့ပြီး စိတ်ဖောက်ပြန်နေသော လူသတ်သမား အများအပြားကို မြင်ဖူးခဲ့သည်။သူတို့အားလုံး၏မျက်လုံးများသည် ကျိန်လန်၏မျက်လုံးများနှင့် ဆင်လှသည်။ကျိလန်သည် အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်နေသည်ကို သူ နားမလည်သေးပေ။သူ့မိဘတွေက ချမ်းသာပြီး အိမ်ထောင်ကွဲ မိသားစုလည်း မရှိပေ။ဘာကြောင့် သူဒီလိုဖြစ်နေရတာလဲ။
 
“ဒါဆိုဘာအတွက်လဲ။”
 
“မင်းကို အဆင်မပြေအောင်လုပ်မိတာရှိရင် ငါတောင်းပန်နိုင်ပါတယ်။တောင်းပန်ပါတယ်”
ဟောက်မင်ကျီက တောင်းပန်လိုက်သည်။
 
ဟောက်မင်ကျီက ရိုးရိုးသားသား တောင်းပန်နေတာကို ကျိလန်သိနေပေမယ့် ဘာအတွက် သူက တောင်းပန်နေတာလဲ။တောင်းပန်ခြင်းသည် အတိတ်က အဖြစ်အပျက်များကို လွယ်လွယ် ဖျောက်ဖျက်မပစ်နိုင်ပေ။ထို့အပြင် ဒီနေ့ ဒီလူ သူ့ဆီလာတာ သူ့ဆီက အကူအညီတောင်းဖို့ဆိုတာ သိသာလှသည်။
 
“ကျွန်တော့်ဆီက ဘာလိုချင်လို့လဲ။”
ကျိလန်သည် ထိုအရာရှိအား ဘာကူညီပေးရမလဲဆိုတာကို ရုတ်တရက် သိချင်လာသည်။
 
“မင်း ဒီစာအုပ်ကို ရေးတဲ့အခါ အကိုးအကားတွေဆီကနေ မင်းရဲ့ကိုယ်ပိုင်ယုတ္တိဗေဒကို အခြေခံထားတယ်လို့ မင်းပြောခဲ့တယ်လေ။မင်းရေးခဲ့တဲ့ ဝတ္ထုတိုင်းကို ငါ နှစ်တွေကြာအောင် ဖတ်ပြီးပြီ။လူ့သဘောလူ့သဘာဝကို အသေးစိတ် ဖော်ပြထားတယ်။မင်းက မှုခင်းစိတ်ပညာရှင် တစ်ယောက်လိုပဲ။”
တကယ်တော့ သူက ကျိလန်၏ ပရိသတ်တစ်ယောက်ဖြစ်သည်။
 
“ကျွန်တော်က သဘာဝတရားကမွေးဖွားလာတဲ့ ရာဇ၀တ်ကောင် ဖြစ်သင့်တယ် မဟုတ်လား။”
ကျိလန်က ရယ်သွမ်းသွေး၍ပြောလိုက်လေသည်။
 
“ရာဇ၀တ်မှု မကျူးလွန်သေးသရွေ့ မင်းဟာ ရာဇ၀တ်ကောင် မဟုတ်ပါဘူး။”
ဟောက်မင်ကျီက အမှန်ပြင်ပေးပြီး ပြောလေသည်။
 
ကျိလန်က မလှုပ်တလှုပ်ရယ်လိုက်ပြီး စားပွဲပေါ်မှ ကော်ဖီကို တစ်ငုံသောက်၍ ဟောက်မင်ကျီ ဆက်ပြောမှာကို စောင့်နေလေသည်။
 
“ငါ ဟိုင်မြို့ မှုခင်းရဲတပ်ဖွဲ့ခွဲကို ဒီနေ့ပဲ ပြောင်းရွှေ့ခံရတယ်။ပထမဆုံးအမှုကတော့ အသည်းတူးသမားပဲ။ ငါသိသလောက်တော့ အသည်းတူးသမားက မနက်အစောကြီး မင်းရဲ့စတူဒီယိုတံခါးဝမှာ ပေါ်လာပြီး မင်းရဲ့ဝန်ထမ်း ပေဖန်းကို ပစ်မှတ်ထားတယ်လေ။ဒါကြောင့် မင်းရဲ့ အစွမ်းထက်တဲ့ ယုတ္တိတန်ကျကျခန့်မှန်းနိုင်တဲ့စွမ်းရည်ကို  ငှားချင်တယ်..။”
 
“အသည်းတူးသမားကို ကူဖမ်းပေးရမှာလား။”
ကျိလန်က သူကိုယ်တိုင်ပဲ အဆုံးသတ်ကို မေးလိုက်လေသည်။
“ဟုတ်တယ်။”
“ဘာလို့ ခင်ဗျားကို ကူညီပေးရမှာလဲ။”
ကျိလန်က ပြန်မေးလိုက်၏။
 
သူ၏အကောင်းအဆိုးသိမြင်တတ်သော စိတ်ထားအတွက် ဒီမြို့၏‌ဒေသခံတစ်ယောက်အနေနှင့်ရော သူ့၏တရားမျှတမှုအပေါ်ထားသော ယုံကြည်ချက်အတွက်ဟူသော အကြောင်းအရင်းများမှာ လုံလောက်နေပြီဖြစ်ပေမဲ့ ဟောက်မင်ကျီက ကျိလန် ထိုအကြောင်းအရင်းများကို ဆန့်ကျင့်မှာမဟုတ်မည်ကိုလည်း သိနေလေသည်။

 
 
 
                                                                                        
 
 
 
….
 
 
 
အခန်း ၁၂ ။ အိမ်မက်ကောင်းတွေ မက်ချင်နေတုန်းပဲလား ဆက်မက်လေ
 
“ငါဒီကို ပထမဆုံး ဝင်လာတုန်းကတည်းက ပြောခဲ့ပါတယ်။မင်းကို အကူအညီ တောင်းဖို့ ဒီကို ရောက်နေတာပါ။​​ဒါကြောင့် မင်း ငါ့ကို ကူညီနိုင်မလား မကူညီဘူးလား ဆိုတာတော့ မင်းသဘောပေါ့။”
 ဟောက်မင်ကျီက ပြန်ပြောလိုက်လေသည်။
 
“ဒါဆိုရင်တော့ ခင်ဗျားပြန်လို့ရပါပြီ။”
ကျိလန်သည် ကွန်ပျူတာကိုဖွင့်လိုက်ပြီး အလုပ်ပြန်စလုပ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။သူငြင်းပယ်လိုက်သည်မှာ အလွန်ထင်ရှားပေသည်။
 
ယနေ့တွင်တော့ အောင်မြင်ဖွယ်မရှိဘဲ ပြန်ရတော့မည်ကိုသိ၍ သက်ပြင်းချလိုက်လေသည်။သို့သော် အရှုံးမပေးချင်သေးသဖြင့်
“မင်းကူညီချင်ပေးရင်တော့ ရဲစခန်းမှာ အသည်းတူးသမားနဲ့ပတ်သက်တဲ့ အချက်အလက်အားလုံးကို မင်းဆီကို ယူလာပေးနိုင်တယ်။အနာဂတ်မှာ မင်းလိုအပ်လာရင် စာရေးဖို့ ကုန်ကြမ်းတွေကို ငါထောက်ပံ့ပေးနိုင်လောက်တယ်။”
 
ကျိလန်၏ဝတ္ထုကျောရိုးအများစုသည် စိတ်ကူးယဉ်ဆန်ဆန် ပတ်ဝန်းကျင်ကို ဖန်တီးထားသော်လည်း အဓိကဇာတ်ကွက်များသည် အမှန်တကယ်တွင် ရာဇဝတ်မှုများအကြောင်းသာဖြစ်သည်။ထို့အပြင် သူထုတ်ဝေခဲ့သည့် စာအုပ်အများစုသည် ရဲမှတ်တမ်းများတွင် တွေ့ရှိနိုင်သည့် တကယ့်ဖြစ်ရပ်များကို အခြေခံထားတာဖြစ်သည်။ဝတ္ထုထဲတွင် အမည်နှင့်တည်နေရာများကိုသာ ပြောင်းလဲထားတာဖြစ်သည်။ဤကိစ္စကို အခြားစာဖတ်သူများ သတိမထားမိသော်လည်း  ဟောက်မင်ကျီသည် ကျိလန်ရေးခဲ့သော စာအုပ်များမှာ တကယ့်အဖြစ်ပျက်များကို ယုတ္တိတန်စွာ ခန့်မှန်း‌ရေးထားပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာက “မှုခင်းမှတ်တမ်း”မှာလည်း အခြေခံထားရေးသားထားကြောင်း သတိထားမိခဲ့သည်။ဟောက်မင်ကျိသည် ကျိလန်၏ဆင်ခြင်တွက်ဆနည်းအား အတော်လေး ယုံကြည်မိသည်။
 
သူ ကျိလန်ကို နှစ်ပေါင်းများစွာ စောင့်ကြည့်နေခဲ့သည်။ကျိလန်ရေးခဲ့သော အဖြစ်အပျက်အများစုသည် အရင်ကဖြစ်ပျက်ခဲ့ပြီးသား အမှုများသာဖြစ်သည်။ထို့ကြောင့် ​​သတင်းအချက်အလက်များကို အမှုပိတ်ပြီးသောအခါမှ သူကိုယ်တိုင် စုဆောင်းခဲ့တာဖြစ်မည်ဟု ကျိလန် ကောက်ချက်ချမိသည်။ယခု သူသည် ကျိလန်နှင့် အချက်အလက်များကို မျှဝေရန် အရင်ကမ်းလှမ်းလာသောကြောင့် ကျိလန်သည် အနာဂတ်တွင် သတင်းအချက်အလက်များစုဆောင်းရန် အလွန်အမင်းကြိုးစားနေစရာလိုမှာမဟုတ်တော့ပေ။
 
သူ၏သုံးသပ်ချက်သည် အလွန်ကျိုးကြောင်းဆီလျော်လှသည်။ကျိုးကြောင်းဆင်ခြင်ခြင်းကို အမှန်တကယ် စွဲလမ်းသော စာရေးဆရာတစ်ဦးဖြစ်ပါက ဤသွေးဆောင်မှုကို တွန်းလှန်ရန် ခက်ခဲပေမည်။သို့သော် ကျိလန်မှာ အိပ်မက်ဆိုးအရှင်ဖြစ်နေသဖြင့် ဝတ္ထုရေးဖို့ ကုန်ကြမ်း စုဆောင်းစရာ မလိုပေ။လူများ၏အိပ်မက်ထဲကိုသာ ဝင်သွားရန်လိုအပ်ပေသည်။ဝါသနာကြောင့် ဝတ္ထုရေးတာမဟုတ်ဘဲ သူ့နှလုံးသားထဲမှ အရိပ်ဆိုးတွေကို ဖယ်ထုတ်ဖို့ဖြစ်သည်။ထို့ကြောင့် ဟောက်မင်ကျီ၏ကမ်းလှမ်းမှုသည် သူ့အတွက် ဆွဲဆောင်မှု ရှိမနေပေ။
 
ဟောက်မင်ကျီသည် စောင့်နေသေးသော်လည်း ကျိလန်ဘက်မှ သူ့အား ဘာတုံ့ပြန်မှုမှ မပေေချေ။သူ၏အားထုတ်မှုများသည် အချည်းနှီးသာဖြစ်ပြီး လှည့်ပြန်ရတော့မည်ဆိုတာ သူသိလိုက်သည်။
 
အချိန်ကုန်မြန်လှသည်မှာ ညနေစောင်း ငါးနာရီတောင် ရောက်တော့မည်ဖြစ်သည်။
 
တုန်ရုန်းယွမ် ပြောတာ မှန်ပေသည်။ကျိလန်သည် ဒီနေ့ အလုပ်သိပ်မရှုပ်သဖြင့် ညနေငါးနာရီခန့်တွင် ရုံးဆင်းရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
 
“သူဌေး…”
ကျိလန် ဆင်းလာသည့် လမ်းတွင် ပေဖန်းသည် အပေါ်ကို တက်လာတော့မလို့ဖြစ်သည်။ထိုအချိန် သူနှင့် လှေကားအတက်တွင် ဆုံလေသည်။
 
“ဘာဖြစ်လို့လဲ။”
ကျိလန် လမ်းမှာ ရပ်သွားလေသည်။
“ဒါက မနေ့ညက ပြန်ပြင်ထားတဲ့ ဇာတ်ညွှန်းပါ။”
ပေဖန်းက ရှေ့တိုးလာပြီး ဇာတ်ညွှန်းအားပေးလေ၏။
ကျိလန်က ကြည့်ရုံပဲ ကြည့်ပြီး လက်တော့ကမ်းမလာပေ။
ပေဖန်းမှာ အလိုလို ကြောက်လန့် တုန်လှုပ်နေပြီး ရှင်းပြလေသည်။
“မနေ့ညတုန်းက တကယ်ပဲ အပြီးသတ်ခဲ့တာပါ။မနက်ကတည်းက သူဌေးဆီ ယူလာပေးချင်ပေမဲ့ မမျှော်လင့်ဘဲ အဲ့ဒီလူနဲ့ ကြုံပြီး…အဲ့ဒီလို ကြုံပြီးတော့ ကျွန်တော် အိပ်ပျော်သွားမိတယ်။အစ်ကိုယီမှာလည်း ကျွန်တော့် ကွန်ပျူတာ ပတ်စ်ဝါ့ မရှိဘူးလေ။ဒါကြောင့် ကျွန်တော် အခုမှ ယူလာပေးနိုင်တာပါ။”
 
သူ့ခင်မျာ ရှင်းပြနေရင်း အသံက ပိုပို တိုးလာလေသည်။စောစောက သူအပေါ်ထပ်ကို ဇာတ်ညွှန်းယူလာဖို့ စဉ်းစားတန်ုးက ကြောက်ရွံ့သလို မခံစားခဲ့ရပေ။ထို့ပြင် စောစောက အခြေအနေများအတွက် သူ့တွင် ဆီလျော်သော အကြောင်းပြချက်တစ်ခုရှိနေခဲ့သည်။ဘယ်လိုပဲ အလျင်လိုသည့် သူဌေးဖြစ်နေပါစေ သူတို့၏ဝန်ထမ်းမှာ သေရေးရှင်ရေးနှင့် ကြုံလာရလျှင် အလုပ်ကို ပြီးအောင် ဦးစားပေးခိုင်းကြမှာမဟုတ်ပေ။သို့သော် သူ၏သူဌေးနှင့် မျက်နှာချင်း ဆိုင်လိုက်ရသည်နှင့် အသက်ရှူကြပ်သလို ခံစားလာရပြီး အသံတောင် ကျယ်ကျယ် မပြောရဲတော့ပေ။
 
“ဒါဆို မင်း မနက်ကနေ အခုအချိန်အထိ အိပ်နေတာလား။”

ကျိလန်က ပြန်ပြောလိုက်သည်။
 
“ဟင်?!”
ပေဖန်း အံ့အားသင့်သွားလေသည်။
 
“မင်းကြည့်ရတာ တော်တော်လေး ကောင်းကောင်း အိပ်ပျော်သွားတဲ့ပုံပဲ။”
ကျိလန်သည် ပေဖန်းအား သေချာစူးစမ်းလေ့လာနေလေသည်။ဤကဲ့သို့ ကြောက်စရာကောင်းသော အဖြစ်အပျက်ကို ကြုံခဲ့ရသော်လည်း ပေဖန်းသည် ထိတ်လန့်မနေဘဲ အသားအရောင်မှာ ယခင်ကထက်တောင် ပိုကောင်းနေလေသည်။မကြာခဏ အိပ်ယာဝင်နောက်ကျတတ်သည့် တည်းဖြတ်သူတစ်ယောက်အနေနဲ့ တကယ်တော့ မျက်ကွင်းညိုတာတွေ ပျောက်တဲ့အထိတောင် မအိပ်နိုင်ခဲ့ပေ။အတော်လေးကို ဖြစ်နိုင်ဖွယ်ရာမရှိပေ။
 
“သိပ်မဆိုးပါဘူး။”
အိပ်ပျော်တဲ့အကြောင်းပြောမှ ပေဖန်းသည် လွန်ခဲ့သော နှစ်ရက်အတွင်း အဖြစ်အပျက်များစွာကို ကြုံတွေ့ခဲ့ရသော်လည်း ကောင်းမွန်စွာ အိပ်ပျော်နိုင်ခဲ့ကြောင်း ဝန်ခံရပေမည်။သူ အိပ်ပျော်သွားချိန်မှာ အိပ်မက်မက်နေပုံရပြီး အိပ်မက်ထဲမှာ ဘာကိုမက်နေမှန်းတော့ မမှတ်မိပေမယ့် အိပ်ရာက နိုးလာချိန်တွင် စိတ်က လန်းဆန်းနေတတ်သည်။ထို့ကြောင့် မနက်စောစော အသည်းတူးသူနှင့် တွေ့ရမှာကိုပင် မကြောက်တော့ပါ။
 
ပေဖန်းသည် သူ၏အိမ်မက်ကောင်းများကို ပြန်တွေးမိချိန်တွင် ရုတ်တရက် သူ့သူဌေး၏ အမူအရာမှာ တစ်ခုခုဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် တုန်လှုပ်သွားလေသည်။
 
သူတို့ရဲ့ စတူဒီယိုထဲက လူတော်တော်များများက သူဌေး  စိတ်ဆိုးရတဲ့ အကြောင်းရင်းကို တိတ်တဆိတ် ခွဲခြမ်းစိတ်ဖြာခဲ့တာကို သူမေ့မိတော့မလို့ပင်။အဖြစ်နိုင်ဆုံးအကြောင်းအရင်းမှာ သူဌေးသည် တစ်နှစ်ပတ်လုံး ကောင်းကောင်း အိပ်မပျော်နိုင်လို့ဖြစ်မည်။
 
*သေလိုက်ပါတော့။သူတို့သူဌေးမှာ အိပ်မပျော်နိုင်တဲ့ ရောဂါရှိမှန်းသိရက်နဲ့ သူ့ရှေ့သွားပြီး ကောင်းကောင်း အိပ်ပျော်တဲ့အကြောင်း သွားပြောနေသေးတယ်။သူဌေး မျက်မုန်းကြိုးအောင် လုပ်နေမိတာ မဟုတ်ဘူးလား။*
 
“အဟမ်း..အဟွတ်…ကျွန်တော်ဆိုလိုတာက သူဌေးကတော်ကို ကျေးဇူးတင်ချင်လို့ပါ။သူပေးခဲ့တဲ့ အိမ်မက်ကောင်းစေတဲ့အရုပ်လေးမှာ တကယ်ကို နတ်ဘရားစွမ်းအားတွေ ရှိနေလောက်တယ်။”
ပေဖန်းသည် သူဌေးကတော်အား ဆင်ခြေပေးကာ စကားလမ်းကြောင်း အမြန်လွှဲလေသည်။
 
ထိုအစွမ်းများမှာ နတ်ဘုရားစွမ်းအားမဟုတ်ပေမဲ့ ကဝေအစွမ်းများသာဖြစ်သည်။
ပေဖန်းသည် ဝူမြောင်မြောင်၏အိမ်မက်လှစေသော အရုပ်ကလေး ကျေးဇူးကြောင့် ကောင်းကောင်း အိပ်ပျော်နိုင်သည်ကို ကျိလန် သိနေပါသည်။သို့သော် သူစိတ်မသက်မသာဖြစ်နေတုန်းပင်။
*ဘာလို့ ဒီကောင်လေးကျ အိမ်မက်လှစေတဲ့ အရုပ်လေးရှိတာနဲ့တင် ကောင်းကောင်းအိပ်ပျော်နိုင်တာလဲ။ဘာလို့သူကျတော့ ကျိမ်စာတိုက်တဲ့အရုပ်နဲ့တောင် တစ်ပတ်မှ တစ်ခါပဲ ကောင်းကောင်းအိပ်ပျော်နိုင်တာလဲ။*
 
 
“ရက်အနည်းငယ်လောက် အနားယူချင်လား။”
ကျိလန် သူအိပ်မပျော်သည့်အကြောင်းကို တွေးနေတာအား အတင်းအကြပ် ရပ်လိုက်လေသည်။
“အားလပ်ရက်?မဟုတ်ဘူး….မလိုပါဘူး။”
ပေဖန်းက အမြန်ငြင်းပယ်လေသည်။
“ဒီလိုအခြေအနေမျိုးမှာ တစ်ယောက်တည်းနေရမှာကို ပိုကြောက်ပါတယ်။လူတွေအားလုံးနဲ့ အလုပ်အတူတူ တွဲလုပ်နေတာက ပိုအဆင်ပြေပါတယ်။စိတ်မပူပါနဲ့ သူဌေး။ကျွန်တော် အလုပ်ကိုပဲ အာရုံစိုက်လုပ်မှာမို့ ဇာတ်ညွှန်းအရည်အသွေးကို ထိခိုက်မှာ မဟုတ်ဘူးလို့ ကတိပေးပါတယ်။”
 
“မင်းသဘောပါပဲ။”
 ပေဖန်းက အခိုင်အမာပြောနေတာကိုတွေ့တော့ ကျိလန်လည်း အတင်းအကြပ် ခွင့်မယူခိုင်းတော့ပေ။ “မနက်ဖြန်မနက်မှ ဇာတ်ညွှန်းကိုလာပေးတော့။”
 
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သူဌေး။”
 ပေဖန်းသည် ကျိလန်အား ကျေးဇူးတင်စကား ပြောလေသည်။ထို့နောက် ကျိလန်က သူ့အား ဆက်၍စိုက်ကြည့်နေသေးသေးအခါ လှေကား၏ထွက်ပေါက်တွင် သူပိတ်ရပ်မိနေတာကို သတိထားမိသွားလေသည်။ချက်ချင်း သူ့ကိုယ်သူ ဘေးသို့ ဖယ်ပေးလိုက်ရလေသည်။။
 
ကျိလန်သည် သူ့အားကျော်သွားပြီး ဝူမြောင်မြောင်စာဖတ်နေသည့် နေရာဆီသို့ တည့်တည့် လျှောက်သွားလေသည်။
 
ကျိလန်လျှောက်လာသောအခါ ဝူမြောင်မြောင်သည် တက်ဘလက်ကို ကိုင်ထားလေသည်။အစပိုင်းမှာတော့ ဝူမြောင်မြောင်တစ်ယောက် ဒရာမာတစ်ကားကြည့်နေတာ ဒါမှမဟုတ် ဂိမ်းဆော့နေတယ်လို့ ထင်ခဲ့ပေမယ့် သူမအနားသို့ချဉ်းကပ်ကြည့်လိုက်သောအခါ ရင်းနှီးတဲ့ဝဘ်စာမျက်နှာတစ်ခုကို တွေ့လိုက်ရသည်။သူ မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။
“ဘာလို့ စက္ကူစာအုပ်တွေမဖတ်ဘဲ e-books ဖတ်နေတာလဲ။”
 
ထိုဝဘ်ဆိုဒ်မှာ သူ၏ဝတ္ထုစီးရီးအတွက်အသုံးပြုထားသော  ဝဘ်ဆိုဒ်ဖြစ်သည်။
 
“ရှန်ကုန်း အလုပ်ဆင်းပြီလား။”
 ဝူမြောင်မြောင်က တအံ့တဩ မော့ကြည့်လိုက်သည်။
 
“ဆင်းပြီ။”
ကျိလန် လေသံအေးအေးနှင့် ပြောလိုက်ပြီး ဝူမြောင်မြောင် လက်ထဲမှ တက်ဘလက်ကို ယူလိုက်သည်။တစ်ချက်ကြည့်ပြီးနောက်
“မနေ့ညက “Night Demon” ဝတ္ထုကို ဖတ်ပြီးပြီလား။”
 
“ကျွန်မ စာအုပ်ကိုတော့ဖတ်ပြီးပြီ။ဒါပေမယ့်reviewတွေကိုတော့ မဖတ်ရသေးဘူး။”
ဝူမြောင်မြောင်က ပြန်ပြောလိုက်သည်။
 
“reviewတွေ ဖတ်ဖို့အတွက်သက်သက် တက်ဘလက်ကို သုံးနေတာလား။”
 
“ဟုတ်တယ်လေ။ရှန်ကုန်းရဲ့စာအုပ်က အရမ်းဖတ်လို့ကောင်းတယ်ဆိုတာ ကျွန်မသိပါတယ်။ရှင့်ရဲ့စာအုပ်တွေကို ကြိုက်တဲ့သူတွေ အများကြီးရှိလောက်မယ်လေ။တုန်တုန်က ဒီဝဘ်ဒ်ဆိုဒ်အကြောင်း ကျွန်မကိုပြောပြခဲ့တာ။”

ဝူမြောင်မြောင်က ပြောလေသည်။
“တုန်တုန်?တုန်ရုန်းယွမ်လား။”
“ဟုတ်တယ်လေ။”
ဝူမြောင်မြောင်သည် ကျိလန်အနားသို့ သွားပြီး တက်ဘလက်ပေါ်မှ ဝဘ်ဆိုဒ်စာမျက်နှာကို အပေါ်ဆုံးသို့ ရောက်သည်အထိ လက်ညှိုးဖြင့် ပွတ်ဆွဲလိုက်လေသည်။
 “ကျိဟဲရဲ့ ဇနီးချောကဝေမလေး” ဟု အမည်ပေးထားသော သူမ၏အကောင့်ကို ညွှန်ပြပြီး
“ဒါက ကျွန်မသုံးတဲ့နာမည်ပဲလေ။ရှင်ရေးခဲ့တဲ့စာအုပ်တိုင်းကို ဘုတ်ပေးပြီးသွားပြီ။ကျွန်မအခုဆို ကလန်ရဲ့ခေါင်းဆောင်ပဲ။”
 
ကျိဟဲသည် ကျိလန်၏ ကလောင်အမည်ဖြစ်သည်။ထိုနာမည်မှာ သူ၏ဇာတ်ကောင်များမှ ဆင်းသက်လာခြင်းဖြစ်သည်။သူ၏ဝတ္ထုအားတင်သော ပလက်ဆောင်းတွင် စာဖတ်သူများကို သူတို့သဘောကျသော စာအုပ်များအား ဘုတ်ခြင်းဖြင့် သဒ္ဓါကြေး ပေးပို့နိုင်ရန်အတွင် ပြင်ဆင်ပေးထားသော အစီအစဉ်ဖြစ်သည်။ထို့သို့ဘုတ်များကို ပလက်ဖောင်းပေါ်တွင် အန္တိမဘုတ်ဟုခေါ်ပြီး ကလန်ခေါင်းဆောင်ကတော့ ဘုတ်ပြီးနောက်တွင် စာဖတ်သူများရရှိနိုင်သည့် အဆင့်တစ်ခုဖြစ်သည်။
 
ကျိလန်၏မျက်လုံးများသည် သူမ၏user nameကိုကြည့်ပြီး နာကျင်လာသလို ခံစားလိုက်ရသည်။
“မင်းက ဒီနာမည်ကို ဘယ်လိုစိတ်ကူးရသွားတာလား။”
 
“အင်း။တုန်တုန်က ကျွန်မကို ဒီအကောင့် စာရင်းသွင်းဖို့ ကူညီပေးခဲ့တာ။အစတုန်းကတော့ “ကျိဟဲရဲ့မိန်းမလေး ၁၁၀၈”လို့ နာမည်ပေးခဲ့တယ်။နောက်မှ နာမည်နောက်မှာ ဘာလို့ နံပါတ်ထည့်ရမှာလဲလို့ ကျွန်မမေးလိုက်တော့ သူက နာမည်တူ (၁၁၀၇)ယောက်ရှိပြီးသားမို့လို့ ပြောတယ်။ဒါပေမဲ့ ကျွန်မကမှ တကယ့် ရှင့်မိန်းမအစစ်လေ။ဘာလို့ နောက်မှာ တန်းစီစောင့်ရမှာလဲ။အဲ့ဒါကြောင့် ကျွန်မနာမည်ပြောင်းလိုက်တာ။နာမည်က မမိုက်ဘူးလား။အင်တာနက်ပေါ်မှာ နာမည်တွေ အများကြီးရှိနေရင်တောင် တစ်ကမ္ဘာလုံးမှာ ကဝေဆိုလို့ ကျွန်မတစ်ယောက်ပဲရှိတာလေ။”
ဝူမြောင်မြောင်က ဂုဏ်ယူစွာပြန်ပြောလိုက်သည်။
 
*အဲ့ဒီခွေးကောင် တုန်ရုန်းယွမ် တမင်သက်သက်လုပ်တာဖြစ်မယ်။မဟုတ်ရင် ဝူမြောင်မြောင်က သူမရဲ့user nameကို ဒီလို နာမည်ပေးဖို့ ဘယ်လိုလုပ် စဉ်းစားမိမှာလဲ။*
 
ကျိလန် ခဏလောက် ဆွံ့အသွားလေသည်။
“ဒီနေ့ နေ့လည်မှာ ဘယ်နှစ်ခါလောက် ဘုတ်ပေးချလိုက်တာလဲ။”
 
“အများကြီးမဟုတ်ပါဘူး ယွမ်ထောင်ဂဏန်းတန်လောက်ပါပဲ။”
 ဝူမြောင်မြောင်သည် အစကတော့ စာအုပ်တိုင်းကို ထိပ်တန်းစာရင်းဝင်စေခြင်းခဲ့သော်လည်း ထိပ်တန်းစာရင်းဝင်ရန်အတွက် လိုအပ်သည့် ငွေကြေးပမာဏကို သိပြီးနောက် သူမ ပြတ်ပြတ်သားသား စွန့်လွှတ်ခဲ့ရသည်။
 
“ဒါဆို စုစုပေါင်း ဘယ်လောက်လောက် သုံးပစ်လိုက်လဲဆိုတာ မင်းသိလား။မင်းသုံးလိုက်တဲ့ ငွေရဲ့တစ်ဝက်ကိုပဲ ငါက ပြန်ရမှာဆိုတာကော သိရဲ့လား။ပြီးရင် အခွန်က စောင်ရဦးမှာ။”
 ကျိလန်ပြောလိုက်လေသည်။
 
“အာ?”
ဝူမြောင်မြောင်မှာ အံ့အားသင့်သွားလေသည်။
“ဒါဆို ကျွန်မတို့ ဖြုန်းတီးရာကျနေမဘူးလား။”
“ဖြုန်းတီးရာကျမှန်းသိရင် ဘုတ်ပေးနေတာကို ရပ်လိုက်တော့။”
 ကျိလန်က စိတ်ပျက်စွာ ပြန်ပြောလိုက်၏။
 
ဤပိုက်ဆံများမှာ မနေ့က သူပေးခဲ့တဲ့ စာအိတ်အနီထဲက ပိုက်ဆံလားဆိုတာ သူသံသယဝင်မိသည်။
 
“ကောင်းပါပြီ။”
ဝူမြောင်မြောင်က အလေးအနက် ခေါင်းညိတ်လိုက်ပြလိုက်သည်။သူမ၏ပိုက်ဆံများမှာ သူမခင်ပွန်း၏ပိုက်ဆံများသာဖြစ်သည်။အခြားသူများသည် သူ၏စာအုပ်များကို ဘုတ်ပေးရင်တောင် သူမ၏ခင်ပွန်းသည် တစ်ဝက်သာ ရရှိနိုင်ပေသည်။သို့သော် သူမသာ ဘုတ်ပေးမိပါက သူမ၏ခင်ပွန်းသာ အရှုံးပေါ်ရမည်ဖြစ်သည်။ဤသည်မှာ ငွေကို ဖြုန်းတီးရာကျပေသည်။လုံးဝကို မသင့်လျော်ပေ။
 
“ပြန်ကြရအောင်။”
 
“အင်း။”
 ဝူမြောင်မြောင်က ထပြီး ပြတင်းပေါက်နားကို သွားကာ နေရောင်အောက်မှာ တနေကုန်လှမ်းထားသည့် အိပ်မက်အရုပ်ကောင်းစေသော အရုပ်ကို ယူလိုက်ပြီး သူမအိတ်ထဲသို့ ထည့်လိုက်၏။
 
နှစ်ယောက်သား စတူဒီယိုထဲမှ ထွက်လာကြချိန်တွင် ရုံးထဲသို့ အမြန်ပြေးဝင်လာသော တုန်ရုန်းယွမ်နှင့် ဝင်တိုက်လေသည်။
 
“သူဌေး..သူဌေးကတော်။”
 
“မင်းက ဘာလို့ပြန်လာတာလဲ။”
တုန်ရုန်းယွမ်သည် နေ့ခင်းဘက်တွင် ဖောက်သည်တစ်‌ယောက်ကို သွားတွေ့ရန် ထွက်သွားခဲ့သည်။ပုံမှန်အားဖြင့် သူသည် ထိုအခြေအနေမျိုးတွင် ကုမ္ပဏီသို့  ပြန်လာရန် မလိုအပ်ဘဲ ဖောက်သည်နှင့် တွေ့သည့်နေရာမှ အိမ်သို့ တန်းပြန်နိုင်ပေသည်။
 
“ကျွန်တော် ပေဖန်းကို ခေါ်ဖို့ ပြန်လာတာပါ။ဒီရက်ပိုင်း ကျွန်တော့်အိမ်မှာ လိုက်နေခွင့်ပေးမလို့ပါ။”
တုန်ရုန်းယွမ်က ပြန်ပြောလေသည်။
 
ကျိလန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ကားပါကင်ဆီသို့ ဆက်လျှောက်သွားတော့မည့်အချိန်တွင် တုန်ရုန်းယွမ်သည် ချော့မြှောက်သောလေသံဖြင့် ဝူမြောင်မြောင် အနားသို့ ရုတ်တရက်ရောက်လာလေသည်။
 “သူဌေးကတော် ကျွန်တော့်ကိုရော အိပ်မက်လှစေတဲ့အရုပ်လေးတစ်ရုပ်ပေးလို့ရမလား။မနက်မနက်ကျ ဒီခရိုင်တစ်ခုလုံးမှာ အရသာအရှိဆုံး ဂဏန်းပေါင်း ဝယ်လာပေးမယ်လေ။”
 
“ရပါတယ်။ရော့ ဒီမှာ။”
 ဝူမြောင်မြောင်၏မျက်လုံးများသည် တောက်ပသွားကာ ပေဖန်းအား အိမ်မက်လှစေသောအရုပ်ကလေးကို ပျော်ပျော်ရွှင်ရွှင်ပြ ထုတ်ပေးလိုက်သည်။

 
“ကျေးဇူးတင်ပါတယ် သူဌေးကတော်။”
အရုပ်ကိုရရှိပြီးနောက် တုန်ရုန်းယွမ်သည် ပေဖန်းကို ရှာရန် ဝမ်းပန်းတသာ အထဲသို့ ဝင်သွားလေသည်။
 
ကျိလန်သည် တုန်ရုန်းယွမ်၏ကျောပြင်ကို ငေးကြည့်ပြီးနောက် သူမကျောပိုးအိတ်ကို ထုပ်ပိုးနေသည့် ဝူမြောင်မြောင်အား ပြန်ကြည့်လေ၏။
“မင်းမှာ အိပ်မက်လှတဲ့အရုပ်တွေ အများကြီး ရှိတာလား။”
 
“အများကြီးမရှိပါဘူး။ငါးရုပ် ခြောက်ရုပ်လောက်ပါပဲ။”
 ဝူမြောင်မြောင်က ပြန်ပြောလိုက်လေသည်။
 
“မင်းက အရမ်းကို ရက်ရောတာပဲနော်။ခဏလေးအတွင်းမှာ သုံးရုပ်တောင် ပေးပစ်လိုက်တယ်။”
 ပေဖန်းအား နှစ်ရုပ်ပေးခဲ့ပြီး တုန်ရုန်းယွမ်အား တစ်ရုပ်ပေးခဲ့တာဖြစ်သည်။
 
“အဆင်ပြေပါတယ်။အိပ်မက်လှတဲ့အရုပ်တစ်ရုပ်လုပ်ရတာ အခက်အခဲမရှိပါဘူး။ကျွန်မမှာ အရုပ်တွေ အလုံအလောက်ရှိနေသရွေ့ တစ်နေ့ကို ဆယ်ရုပ်လောက်တောင် လုပ်လို့ရတယ်။အရုပ်တွေကို သုံးပြီးတာနဲ့ ပြန်သိမ်းလိုက်တယ်။အရုပ်တွေကို နေပူလှမ်းပြီး ကျွန်မရဲ့ကဝေအစွမ်းနဲ့ဆိုရင် ပြန်ပြီး သုံးလို့ရပါတယ်။”
 
သူမ၏အိမ်မက်လှစေသော အရုပ်များမှာ ရုပ်လွန်ပညာကျင့်ကြံသူတို့ကဲ့သို့ပင် သူမဆန္ဒရှိသလောက် ဆက်တိုက် ဖန်တီးလို့ရပေသည်။
 
“တုန်ရုန်းယွမ်က အဲ့ဒီအရုပ်မပါဘဲ အိပ်မပျော်နိုင်ဘူးလား။”
*ပေဖန်းကတော့ သူ့အခြေအနေနှင့် အချိန်အခါအရ လိုအပ်တာ သူနားလည်ပေမဲ့ တုန်ရုန်းယွမ်ကို ရော ဘာလို့ပေးလိုက်ရတာလဲ။*
 
“အဲ့ဒီလို မဟုတ်ပါဘူး။ဒါပေမယ့် သူ့မှာသာ အိမ်မက်ကောင်းစေတဲ့ အရုပ်တစ်ရုပ်ရှိခဲ့ရင် သူအိပ်ပျော်တဲ့အခါ အိမ်မက်ကောင်းလေးတွေ မက်တာပေါ့။သူမက်ချင်တဲ့ အိမ်မက်မျိုးပေါ့။”
ဝူမြောင်မြောင်က ပြောလိုက်လေသည်။
“မင်းအရုပ်ကို လူတိုင်းကို ပေးမလို့တော့ မပြောနဲ့နော်။”
 
“ဟမ်?”
ဝူမြောင်မြောင်မှာ ထိတ်လန့်သွားလေသည်။သူမ၏ရှန်ကုန်းမှာ တစ်ခုခုကို အလိုမကျဖြစ်နေသလို ခံစားလိုက်ရသည်။
 
“မင်းရဲ့အရုပ်က ရိုးရိုးသာမန်အရုပ်မှမဟုတ်တာ။ခဏခဏမသုံးရင် ပိုကောင်းမယ်။”
ကျိလန်က စကားလှလှသုံးကာ သတိပေးလိုက်လေသည်။
 
*တကယ်ပါပဲ။ဒီတုန်ရုန်းယွမ်ကတော့။သူအိပ်ပျော်ချင်တဲ့အချိန်တိုင်း အိပ်ပျော်နေတာပဲကို။မလုံလောက်သေးဘူးလား။အိမ်မက်လှလှလေးများ မက်ချင်နေသေးတယ်။မက်ပေါ့။*
 
“ကျွန်မနားလည်ပါတယ်။ကျွန်မဆရာ အရင်ကလည်း ကျွန်မကို သတိပေးဖူးတယ်။သုံးရုပ်ထက် ပိုမပေးရဘူး။တဲ့”
 ဝူမြောင်မြောင်က လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး
“ပေဖန်းကတော့ သူကြုံခဲ့ရတဲ့အခြေအနေကြောင့် နှစ်ရုပ် ပေးလိုက်တာပါ။တုန်ရုန်းယွမ်ကကျ လွန်ခဲ့တဲ့ နှစ်ရက်က ကျွန်မကို အများကြီး ကူညီပေးခဲ့ဖူးတယ်။ဒါကြောင့် ကျွန်မသူ့ကို တစ်ရုပ်ပေးလိုက်တာပါ။မစိုးရိမ်ပါနဲ့။နောက်နောင် တခြားသူတွေကို ပေါ့ပေါ့ဆဆ ထပ်မပေးတော့ပါဘူး။”
 
*ဒီလိုကမှ ပိုပြီး စိတ်ချမ်းသာရသေး။*
 
ကျိလန်သည် ချက်ချင်း နှစ်သိမ့်ခံလိုက်ရသဖြင့် သူ့စိတ်အခြေအနေမှာ တိုးတက်လာလေသည်။
“လွန်ခဲ့တဲ့ နှစ်ရက်က ညစာစားဖို့ အပြင်ကို ခေါ်မသွားဖြစ်ခဲ့ဘူး။အသားကင်ထွက်စားချင်လား။”
 
“စားချင်ပါတယ်။”
ဝူမြောင်မြောင်၏ မျက်လုံးများ တောက်ပလာခဲ့သည်။
 
စတူဒီယိုထဲတွင် တုန်ရုန်းယွမ်ဝင်လာသောအခါ အရုပ်ကို သူ့လက်ထဲမှာ ကိုင်ဆောင်လာတာကို ရှန်ကျွင်းယီက ချက်ချင်းတွေ့လိုက်လေသည်။မနေနိုင်တော့ဘဲ မေးလိုက်လေ၏။
“ရှောင်တုန် မင်း သူဌေးကတော်ဆီက အရုပ်တောင်းလာတာလား။ဒီအိမ်မက်ကောင်းစေတဲ့အရုပ်က အသုံးဝင်တယ်လို့ မင်းတကယ်ယုံနေတာလား။”
 
“ဒါက အသုံးဝင်မယ်ထင်တယ်။မင်း ရှောင်ပေကို ကြည့်လိုက်လေ။လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကြောက်စရာကောင်းတာတွေ ကြုံခဲ့ရတာတောင် ငါတို့ရဲ့အသားအရေထက် ပိုကောင်းနေသေးတယ်လေ။”
 ယီကွမ်က ပြောလိုက်လေသည်။
 
ကျန်နှစ်ယောက်သည် ထိုစကားကိုကြားသောအခါ ပေဖန်း၏အသားအရေကိုစစ်ကြည့်ရန် ပေဖန်းအနားသို့ ချဉ်းကပ်သွားကြလေသည်။
 
ပေဖန်းက သူ့ကိုစိုက်ကြည့်နေကြတာတွေ့တော့ ထိတ်လန့်သွားလေ၏။
“မင်း…မင်းတို့ မင်းဘာချင်လို့လဲ။”
 
“တကယ်ပါပဲ။သူ့အသားအရေက ငါ့ထက်တောင် ပိုကောင်းနေသေးတယ်။ရှောင်တုန် မင်း သူ့ကို အနှောင့်အယှက် မပေးသင့်ပါဘူးကွာ။သူ့ဘာသာ တစ်ယောက်တည်း အိမ်ပြန်ပေ့စေတော့။”
ရှန်ကျွင်းယီမှာ စိတ်ထိခိုက်သွားလေသည်။
 
“အကျိုးသင့် အကြောင်းသင့်ရှိတယ်။”
တုန်ရုန်းယွမ်ကလည်း ထိုအကြံအား သဘောတူလေသည်။
 
“မလုပ်နဲ့။ကျေးဇူးပြုပြီး အဲ့ဒီလို မလုပ်ပါနဲ့။ဒါကက အိပ်မက်ကောင်းစေတဲ့အရုပ်လေးရဲ့ ကျေးဇူးကြောင့်ပါ။”
 ပေဖန်းက ကမန်းကတန်းပြန်ပြောလေသည်။
“ဒါမှမဟုတ် သူဌေးကတော်ကို မနက်ဖြန်မှ တစ်ခုစီတောင်းကြပါ့လား။”
 
အိပ်ပျော်နေစဉ်တွင် တုံးအချင်တုံးလိမ့်မည်။မျက်လုံးပြူးပြူးနှင့် နိုးနေသည့် အချိန်မှာတော့ သူက အရူးတစ်ယောက်မဟုတ်ပေ။သူ့ကို တစ်ယောက်တည်း အိမ်ပြန်ခိုင်းရင်တောင် ရုံးထဲမှာပဲ ဆက်နေပြီး အိုဗာတိုင်ဆင်းပစ်လိုက်မသည်။
 
စနောက်နေတာ လုံလောက်ပြီဟု ခံစားလိုက်ရသောအခါ သူတို့သုံးယောက်လုံး ဝါးလုံးကွဲရယ်မောကြလေသည်။
 
“ဒါပေမယ့် အမှန်တိုင်းပြောရရင် အခုတလော သူဌေးရဲ့ အသားအရေက အရင်ကထက် ပိုကောင်းလာတယ်လို့ မထင်ဘူးလား။မနက်တုန်းက ဇာတ်ညွှန်းပို့ဖို့ သွားတုန်းကဆို သူဌေးရဲ့မျက်လုံးတွေ အရင်ကလောက် နီမနေတော့ဘူး။”

 ယီကွမ်လည်း သူသိသမျှအား ဖောက်သည်ချနေလေသည်။
 
“သူဌေးကတော်က တိုင်းရင်းသား လူမျိုးစုကမလား။သူ့ရဲ့လူမျိုးစုကနေရလာတဲ့ ထူးခြားတဲ့ လျှို့ဝှက်နည်းလမ်းတွေ မဟုတ်ဘူးလား။”
ရှန်ကျွင်းယီက ခန့်မှန်းလိုက်လေသည်။
“ဥပမာ လူတွေကို အိပ်ပျော်ဖို့ အမွှေးတိုင်တွေ ထွန်းကြသလိုမျိုးလား။”
 
“အမွှေးတိုင်အနံ့က လူတွေကို သက်တောင့်သက်သာဖြစ်စေတယ်။”
ပေဖန်းက အရုပ်ကို ကိုင်လိုက်ပြီး အနံ့ခံကြည့်လိုက်သည်။
 
“ဒါဆို မနက်​ဖြန်ကျ​ တစ်​ခုလောက် စမ်းကြည့်​ကြမလား။”
ယီကွမ်က သူတို့နှစ်ယောက်ရဲ့ ခွဲခြမ်းစိတ်ဖြာတာကို နားထောင်ပြီး တကယ် စိတ်ကူးပေါက်သွားလေသည်။
 
*အမွှေးတိုင်လိုဆို…ဝိညာဉ်စွမ်းအားကြောင့်ပဲနေမှာ။*
 
တုန်ရုန်းယွမ် အရုပ်ကို လက်ခံရရှိလိုက်ချိန်တွင် အရုပ်၏အတွင်းပိုင်းမှ ဝိညာဉ်စွမ်းအား အနည်းငယ်ကို ခံစားခဲ့ရသည်။
                                                                               ****
 
 
 ကေဝမဒီေလး:
 
အခန္း ၁၁ ။ ခႏၶာကိုယ္၏အေရးႀကီးေသာ အစိတ္အပိုင္းမ်ား ေသဆုံးေစသည့္ အေရာင္အဝါႏွင့္ အနက္ေရာင္ စြမ္းအား
 
ေပဖန္းမွာ အရမ္းကို ေၾကာက္လန႔္တုန္လႈပ္သြားေလသည္။အသည္းတူးသည့္ လူဆိုးေကာင္က သူကအသည္းမေကာင္းလို႔ စိတ္မဝင္စားဘူးဟုေျပာေပမယ့္ တစ္ေယာက္တည္း မအိမ္ျပန္ရဲေသးေပ။ ေနာက္ဆုံးေတာ့ စတူဒီယိုမွာ အနားယူၿပီး အလုပ္ဆင္းခ်ိန္မွာ လုပ္ေဖာ္ကိုင္ဖက္ရဲ႕အိမ္ကို သြားဖို႔ စီစဥ္ခဲ့ေလသည္။
 
“ဒီေကာင္က ဒီလိုေၾကာက္စရာေကာင္းတဲ့ အျဖစ္အပ်က္ေတြႀကဳံလာခဲ့ရင္ေတာင္ စကၠန႔္ပိုင္းအတြင္း အိပ္ေပ်ာ္နိုင္ေသးတယ္။သူ႕ရဲ႕ စိတ္ပိုင္းဆိုင္ရာ အရည္အခ်င္းက တကယ္ကို ႀကံ့ခိုင္တာပဲ။”
ရွန္ကြၽင္းယီသည္ အိပ္ေပ်ာ္ေနေသာ ေပဖန္းကို ၿခဳံေပးရန္ ေစာင္အပါးေလးတစ္ထည္ ယူလာခဲ့သည္။
 
“သူက  စိတ္ဓာတ္ခိုင္မာလို႔  မဟုတ္ဘူး။”
တုန္႐ုန္းယြမ္ကလည္း ကန႔္လန႔္ကာကို တစ္ဖက္မွ ဆြဲခ်ေနေလသည္။
 
“ဘာလို႔လဲ?”
 
“ဘာျဖစ္လို႔လဲဆိုေတာ့…”
တုန္႐ုန္းယြမ္သည္ ေပဖန္းဆုပ္ကိုင္ထားေသာ အိမ္မက္ေကာင္းေစေသာ အ႐ုပ္ေလးအား  တစ္ခ်က္ၾကည့္ၿပီး ဟာသေႏွာကာ ေျပာေလသည္။
“အိမ္မက္ေကာင္းေစတဲ့ အ႐ုပ္ေလးရဲ႕ ေက်းဇူးေၾကာင့္ျဖစ္နိုင္တယ္။”
“အဲ့ဒီေလာက္ အစြမ္းထက္ပါ့မလား။အဲ့ဒီလိုသာဆို ေနာက္က် သူေဌးကေတာ္ကို တစ္႐ုပ္ေလာက္ ေတာင္းဦးမွပဲ။အခုတေလာ တည္းျဖတ္ၿပီးသြားရင္ ဇာတ္ၫႊန္းထဲက အခန္းကို ညက် အိမ္မက္ေတြ မက္မက္ေနတာ။အဲ့ဒါကိုလည္း အိမ္မက္ဆိုးလို႔ ေျပာလို႔ရတယ္မလား။”
 
တုန္႐ုန္းယြမ္သည္ စကားျပန္မေျပာဘဲ ကန႔္လန႔္ကာကိုခ်ကာ ထြက္သြားေလသည္ ။
 
တစ္ဖက္တြင္ ႐ုံးခန္းထဲ၌ က်ိလန္သည္ ဝူေျမာင္ေျမာင္အား စတူဒီယိုထဲမွ  ထြက္ခြာရန္ ဆြဲေဆာင္ေနေလသည္။
“မင္း ဒီေနရာမွာ ဆက္မေနသင့္ေတာ့ဘူး။အသည္းတူးသမားရဲ႕ ပစ္မွတ္ေတြက မိန္းကေလးေတြပဲလို႔ ရဲေတြက ေျပာတယ္ေလ။အခု သူက ေပဖန္းကို အာ႐ုံက်ေနေတာ့ အနီးနားဝန္းက်င္မွာ ရွိေနနိုင္တယ္။မေတာ္တဆ မင္းကိုေတြ႕ရင္ ဒုကၡေရာက္ကုန္လိမ့္မယ္။”
 
“ကြၽန္မက ညနက္တဲ့အထိ အလုပ္မလုပ္လို႔ ေပဖန္းရဲ႕အသည္းထက္ ကြၽန္မအသည္းက ပိုက်န္းမာေနလို႔လား။”
ဝူေျမာင္ေျမာင္က ေမးေလသည္။
 
“အဲ့ဒီလိုျဖစ္မယ္…။”
 
“ရပါတယ္​။ကြၽန္မကိုယ္ ကြၽန္မ ကာကြယ္​နိုင္​ပါတယ္။​”
ဝူေျမာင္ေျမာင္က ယုံၾကည္ခ်က္ရွိရွိ ေျပာေလသည္။
 
“အသည္းတူးသမားက မေန႕ညကေတြ႕ခဲ့တဲ့လူနဲ႕ မတူဘူးေလ။”
က်ိလန္ သူ႕စိတ္သူထိန္းၿပီး ပိုၿပီး ရွင္းျပလိုက္၏။
“မင္းရဲ႕ ကေဝပညာက အရမ္းအစြမ္းထက္တယ္ဆိုတာ ငါသိပါတယ္။ဒါေပမယ့္ လူ႕သေဘာသဘာဝရဲ႕ အေမွာင္ဘက္ျခမ္းက မင္းမေတြးနိုင္ေလာက္ေအာင္ကို နက္နဲလြန္းသြားၿပီ။ေန႕ခင္းမွာ လွံနဲ႕ထိုးတာကို ေရွာင္ဖို႔က လြယ္တယ္။ညဘက္မွာ ျမႇားကို ေရွာင္ဖို႔ကေတာ့ ခက္တယ္ေနာ္။မင္း နားလည္ရဲ႕လား။”
 
အသည္းတူးသမားသာ နတ္ဆိုးဝိညာဥ္ သို႔မဟုတ္ မိစာၦတစ္ေကာင္ ျဖစ္ေနမယ္ဆိုရင္ ဝူေျမာင္ေျမာင္အတြက္ သိပ္စိတ္မပူေပမယ့္ လက္ရွိအေျခအေနအရ တစ္ဖက္လူက နတ္ဆိုးႏွင့္တူသည့္ သာမန္လူတစ္ေယာက္ျဖစ္ၿပီး တစ္ခါတစ္ရံ သာမန္လူသားေတြက နတ္ဆိုးေတြထက္ ပိုေၾကာက္စရာေကာင္းေနတတ္သည္။
 
“ဒါေပမယ့္ ကြၽန္မတစ္ေယာက္တည္းမေနသေ႐ြ႕ေတာ့ အဆင္ေျပပါတယ္လို႔ ရဲဦးေလးႀကီးက ေျပာတယ္မဟုတ္ဘူးလား။ကြၽန္မက  ေန႕ခင္းဘက္မွာပဲ စတူဒီယိုကို လာလည္တာေလ။ညဘက္က် ရွင္နဲ႕အတူ အိမ္ျပန္တာပဲ။တစ္ေယာက္တည္းေနတာထက္ ပိုလုံၿခဳံတယ္မဟုတ္ဘူးလား။”
ဝူေျမာင္ေျမာင္က ေမးေလသည္။
 
ဝူေျမာင္ေျမာင္၏စကားမ်ားသည္ ယုတၱိတန္ေၾကာင္းသိေသာ္လည္း အေၾကာက္တရားမ်ားႏွင့္ ေန႕တိုင္း ရွင္သန္ေနရတာထက္ အရင္ဆုံး နတ္ဆိုးကို မေတြ႕ေစတာက အေကာင္းဆုံးျဖစ္လိမ့္မည္။
 
ဒါေပမယ့္ က်ိလန္ကေတာ့ သူမကို ေနာက္ထပ္ သိမ္းသြင္းစည္း႐ုံးရန္ မလုပ္ေတာ့ဟု ဆုံးျဖတ္လိုက္ေလသည္။
*ဘယ္လိုပဲျဖစ္ျဖစ္ သူ အိမ္မက္ထဲမွာ ေရာက္ေနရင္ျဖစ္ျဖစ္ တကယ့္လက္ေတြ႕ဘဝမွာျဖစ္ျဖစ္ ေႏွာင့္ယွက္ခံရဦးမွာပဲျဖစ္လို႔ သိပ္ေတာ့ ကိစၥမရွိပါဘူး။သူမသာ စတူဒီယိုမွာ ေနခ်င္တယ္ဆိုရင္လည္း ဘာမွမျဖစ္ပါဘူး။*
 
“မင္းသေဘာပါပဲ။ငါအလုပ္သြားလုပ္ေတာ့မယ္။တစ္ခုခုအကူအညီလိုရင္ ငါ့ကိုေခၚလိုက္ေနာ္”
က်ိလန္က သူမကို မစည္း႐ုံးေတာ့ဘဲ ထြက္သြားေလသည္။
 
က်ိလန္ ထြက္သြားၿပီးေနာက္ ဝူေျမာင္ေျမာင္သည္ မေန႕က ဖတ္မၿပီးေသးေသာ ဝတၳဳကို ထုတ္ကာ ဆက္လက္ဖတ္ရႈေလသည္။သူမကို က်ိလန္ေရးထားေသာ စာအုပ္ကိုပိုဖတ္ၾကည့္ေလေလ သူ႕ခင္ပြန္းကို ပိုခ်စ္မိေလေလပင္။ဤဝတၳဳသည္ ဇာတ္ကြက္ဇာတ္လမ္းသာမက အေရးအသားပါ ေကာင္းမြန္ေပသည္။
 
တုန္႐ုန္းယြမ္က ဝူေျမာင္ေျမာင္အတြက္ ေနာက္ထပ္ သေရစာတစ္ပန္းကန္ကို ျပင္ဆင္ၿပီး ယူလာ ေပးခဲ့သည္။
“မေန႕တုန္းက သူေဌးက ဇာတ္ၫႊန္းေပးရမယ့္ သတ္မွတ္ရက္ေၾကာင့္ အစ္ကိုတို႔ အေျပးအလႊား အခ်ိန္ပိုလုပ္ခဲ့ရတာပါ။ဒီေန႕ေတာ့ အၿပီးသတ္နိုင္ေလာက္မွာပါ။”
 
“ေက်းဇူးတင္ပါတယ္။”
ဝူေျမာင္ေျမာင္သည္ သူမအတြက္ အၿမဲအစားအစာယူလာေပးေသာ တုန္႐ုန္းယြမ္ကို အေတာ္ေလး အထင္ႀကီးမိသည္။
 
မနီးမေဝး ျပတင္းေပါက္ရွိ ျပတင္းေပါက္ရွိ အိမ္မက္ေကာင္းေစေသာအ႐ုပ္ကို ၾကည့္လိုက္ေတာ့ တုန္႐ုန္းယြမ္က စပ္စပ္စုစုႏွင့္ သိလိုစိတ္ ျပင္းျပစြာ ေမးေလသည္။

“သူေဌးကေတာ္ အဲဒီအ႐ုပ္ကို ဘာလို႔ ျပတင္းေပါက္ေပၚ တင္ထားတာလဲ။”
 
“ေနေရာင္ခံခိုင္းထားတာေလ။”
ဝူေျမာင္ေျမာင္က ျပန္ေျဖေလသည္။
 
“အ႐ုပ္က ေရစိုမေနဘူးေလ။ဘာလို႔ ေနပူထဲ သြားလွမ္းထားရတာလဲ။”
 
“မျမင္ရဘူးလား။”
ဝူေျမာင္ေျမာင္က အံ့ၾသစြာေမးလိုက္၏။
 
“ဘာကိုလဲ?”
 
“အ႐ုပ္ေပၚမွာ အေမွာင္စြမ္းအားေတြ ရွိေနတာ ရွင္လည္း ျမင္ရသင့္တာေပါ့။”
ဝူေျမာင္ေျမာင္က ေျပာေသာအခါ တုန္႐ုန္းယြမ္မွာ အံ့ၾသသြားေလသည္။
 
“သူေဌးကေတာ္ ဘာေတြေျပာေနတာလဲ။အ႐ုပ္ေပၚမွာ ဘာအေမွာင္စြမ္းအားေတြမွ မျမင္ရပါဘူး။”
 
“မျမင္ရဘူးလား။ကြၽန္မက ရွင့္ကို ႐ုပ္လြန္ပညာရွင္မွတ္ေနတာ။အထင္မွားသြားတာေပါ့။”
 ​ဝူေျမာင္ေျမာင္က မယုံၾကည္နိုင္စြာ ျပန္ေျပာေလသည္။
 
“ဘာကို… ဘာကို သိရမွာလဲ။႐ုပ္လြန္ပညာဆိုတာ ဘာကိုဆိုလိုတာလဲ။သူေဌးရဲ႕ စာအုပ္ထဲမွာ နတ္ဆိုးေတြနဲ႕ သရဲတေစၦေတြအေၾကာင္းကို အၿမဲေရးေနေပမယ့္ အခုေနေနတဲ့ သိပၸံေခတ္ထဲမွာ အဲ့ဒီလို ဒ႑ာရီေတြ မရွိေတာ့ဘူးေလ။”
 တုန္႐ုန္းယြမ္က အမွန္တရားကို ဝန္ခံရန္ ျငင္းဆိုခဲ့သည္။
 
သူ႕ဘက္က မဝန္ခံသေ႐ြ႕ေတာ့ ႐ုပ္လြန္ပညာအေၾကာင္းကို သူသိေနပါတယ္လို႔ သူမဘက္က သက္ေသျပနိုင္ဦးမွာ မဟုတ္ေပ။
 
ဝူေျမာင္ေျမာင္သည္ တုန္႐ုန္းယြမ္ကို စကၠန႔္အနည္းငယ္ၾကာ စိုက္ၾကည့္ေနသည္။တုန္႐ုန္းယြမ္က သူမစိုက္ၾကည့္ေနမႈကို ဆက္သည္းမခံနိုင္ေတာ့ေသာ အခ်ိန္က်မွ “အိုး”ဟူ၍ ေျပာကာ သူမစာအုပ္အား ဆက္လက္ ဖတ္ေနေလသည္။
 
*ဒီတုံ႕ျပန္မႈက ဘာပါလိမ့္။*
 
“သ…သူေဌးကေတာ္?”
 
“ဟင္?”
 
“အဲ့ဒီ… အဲ့ဒီအ႐ုပ္နားမွာ အနက္ေရာင္စြမ္းအားေတြ တကယ္ရွိေနတာလား။”
ဒီတစ္ခါေတာ့ တုန္႐ုန္းယြမ္ ဟန္ေဆာင္ေနတာ မဟုတ္ေပ။သူ  အ႐ုပ္ေပၚတြင္ အနက္ေရာင္စြမ္းအားကို အမွန္တကယ္ မေတြ႕ရတာျဖစ္သည္။သူ႕ဆရာ၏အသုံးမက်ဆဳံး တပည့္တစ္ေယာက္ ျဖစ္ေနေပမဲ့ သူ႕တြင္ အနက္ေရာင္စြမ္းအားကို ျမင္နိုင္ေသာ စြမ္းအားေတာ့ ရွိေနပါေသးသည္။
 
“အင္း။ဒါေပမယ့္ သိပ္မမ်ားပါဘူး။နည္းနည္းေလးပဲမို႔ ေနပူလွမ္းလိုက္ရင္ ေပ်ာက္သြားလိမ့္မယ္။”
ဝူေျမာင္ေျမာင္က ျပန္ေျပာလိုက္၏။
 
*ေနပူထဲ လွမ္း႐ုံပဲလား။အနက္ေရာင္စြမ္းအားေတြက ယင္စြမ္းအားေတြ၊ခ်ီစြမ္းအားေတြ အျငႇိုးေတးစြမ္းအားေတြ လိုမ်ိဳးပဲေလ။ေနပူထဲလွမ္း႐ုံနဲ႕ ေပ်ာက္ကြယ္သြားနိုင္တဲ့ အနက္ေရာင္စြမ္းအားမ်ိဳး မၾကားဖူးေသးပါဘူး။အဲ့ဒီလို လြယ္လြယ္ေလးနဲ႕ ေပ်ာက္ျပယ္တယ္ဆိုရင္ ေနထြက္လာတာနဲ႕ တၿပိဳင္နက္ ကမာၻႀကီးေပၚမွာရွိတဲ့ သရဲတေစၦနဲ႕ နတ္ဆိုးေတြကို အလိုအေလ်ာက္ ပိုးသတ္ေပးၿပီးသား ျဖစ္ကုန္မွာေပါ့။
အေရးႀကီးဆုံးက သူ႕ရဲ႕သူေဌး အိပ္မက္ဆိုးအရွင္တစ္ေယာက္ကေတာင္ ေနေရာင္ေအာက္မွာ ေမာက္ေမာက္မာမာနဲ႕ လမ္းေလွ်ာက္ေနနိုင္တုန္းပဲေလ။အေနာက္တိုင္းပုံျပင္ေတြထဲက ေသြးစုပ္ဖုတ္ေကာင္ေတြရဲ႕ဘဝပုံစံကို သူ ေလ့လာသင့္ေနၿပီပဲ။*
 
 
“တကယ္လား။ဒါဆို ငါလည္း ေနပူလႈံလိုက္မယ္”
ဝူေျမာင္ေျမာင္က သူ႕ကို မေျပာျပလိုသည္ဟု ေတြးမိေသာအခါ  တုန္႐ုန္းယြမ္ ဆက္မေမးေတာ့ေပ။
 
“ရွင့္အတြက္က အသုံးမဝင္ေလာက္ဘူး။အနက္ေရာင္စြမ္းအားေတြ ျဖစ္ေလာက္တဲ့အထိ ရွင့္မွာ အဆိုးျမင္စိတ္ေတြ စုမေနဘူး။”
ဝူေျမာင္ေျမာင္က အႀကံေပးလိုက္ေလသည္။
“ဒီေန႕ ေနကေတာ္ေတာ္ပူတယ္။ရွင္သာ ေနေရာင္ေအာက္မွာ အၾကာႀကီးရပ္ေနရင္ မီေသြးခဲျဖစ္သြားလိမ့္မယ္။”
 
ေကာလိပ္ဝင္ခြင့္စာေမးပြဲမ်ား ေျဖၿပီးေသာအခါ  ေႏြရာသီမွာ အပူဆုံးအခ်ိန္ေရာက္ေနၿပီျဖစ္သည္။
 
တုန္႐ုန္းယြမ္ နားလည္ခက္စြာ ျပန္ေမးလိုက္၏။
“မေကာင္းျမင္စိတ္?”
 
ဝူေျမာင္ေျမာင္က ရွင္းျပလိုက္၏။
“လူေတြက စိတ္အေျခအေနမေကာင္းတဲ့အခါဆို ဝမ္းနည္းမႈေတြကို ခံစားလာရမယ္။ဒါမွမဟုတ္ ဖိအားျပင္းတဲ့ စိတ္ဖိစီးမႈေတြ ခံစားလာရမယ္။အဲ့ဒါေတြက သူတို႔ရဲ႕ခႏၶာကိုယ္ထဲမွာ မေကာင္းတဲ့စြမ္းအင္တစ္မ်ိဳးေပၚလာေစတယ္။အဲ့ဒီစြမ္းအားက အစပိုင္းမွာ မီးခိုးေရာင္ျဖစ္ေပမယ့္ စုပုံလာတဲ့အခါက် အနက္ေရာင္စြမ္းအင္ျဖစ္သြားတယ္။လူတိုင္းက သူတို႔ရဲ႕ခႏၶာကိုယ္ထဲမွာ  အဲ့ဒီလိုမေကာင္းတဲ့စြမ္းအားေတြ နည္းနည္းစီရွိၾကတယ္။အနက္ေရာင္စြမ္းအားေတြ ပမာဏအမ်ားႀကီး စုပုံလာရင္ လူသားေတြကႏွလုံးသားကို ေပါ့ပါးသြားေအာင္ အလိုရမၼက္ေတြ မ်ားလာမယ္။ကြၽန္မဆရာက အဲ့ဒီအနက္ေရာင္စြမ္းအားကို  “ခႏၶာကိုယ္၏အေရးႀကီးတဲ့ အစိတ္အပိုင္းေတြကို ေသဆုံးေစတဲ့အေရာင္အဝါ”လို႔ ေခၚတယ္။လူေတာ္ေတာ္မ်ားမ်ားမွာ အဲ့ဒီလိုအေရာင္အဝါေတြ ရွိၾကတယ္။အခုေခတ္မွာဆို လူအမ်ားစုက မေကာင္းျမင္စိတ္လို႔ ေျပာၾကတယ္မလား။ကြၽန္မကေတာ့ “ခႏၶာကိုယ္၏အေရးႀကီးတဲ့ အစိတ္အပိုင္းေတြကို ေသဆုံးေစတဲ့အေရာင္အဝါ”ကို မေကာင္းျမင္စိတ္နဲ႕ တူတယ္လို႔ ထင္တယ္။ဒါေၾကာင့္မို႔ မေကာင္းျမင္စိတ္စြမ္းအားလို႔ပဲ ေခၚလိုက္တာပဲ။”
 
“မေကာင္းျမင္စိတ္လား။အဲ့ဒါက ႏွလုံးသားကို အလြယ္တကူ စိတ္ဓာတ္က်သြားေစတဲ့ အရာေတြ မဟုတ္ဘူးလား။”
တုန္႐ုန္းယြမ္က  ျပန္ေျပာေလသည္။
 
“ဟုတ္ပါတယ္။ဒါေပမယ့္ ေရွာင္ေပက စိတ္ဓာတ္မက်ေသးပါဘူး။သူကအရမ္းကို အေၾကာက္လြန္ၿပီး  ပုံမွန္ထက္ မေကာင္းျမင္စိတ္စြမ္းအားက မ်ားေနတာပါ။ျပႆနာက ႀကီးႀကီးမားမားေတာ့ မဟုတ္ပါဘူး။ၿပီးေတာ့ အိပ္မက္ေကာင္းေစတဲ့အ႐ုပ္က သူ႕အတြက္ မေကာင္းတဲ့ စြမ္းအားအခ်ိဳ႕ကို စုပ္ယူၿပီးသြားၿပီမို႔ သူ ေကာင္းေကာင္း အိပ္ေပ်ာ္နိုင္မွာပါ။”


 
*ဒါဆို အိမ္မက္ေကာင္းေစတဲ့အ႐ုပ္က စိတ္က်ေရာဂါ ကုတဲ့ေဆးလား။*တုန္႐ုန္းယြမ္သည္ သူ၏ကိုယ္ပိုင္အေတြးေၾကာင့္ ထိတ္လန႔္သြားေလသည္။
 
မေန႕က အိမ္ျပန္ေရာက္ၿပီးေနာက္ အိမ္မက္ေကာင္းေစသည့္ အ႐ုပ္၏ဓာတ္ပုံမ်ားကို ျပသခဲ့သည္။သို႔ေသာ္ သူ၏ဆရာသည္ ဓာတ္ပုံထဲကလို အက်ိဳးသက္ေရာက္မႈမ်ား ပေပ်ာက္သြားေစရန္ မတတ္နိုင္ေပ။ေနာက္လာမည့္ စာေမးပြဲအတြက္ ထိုအ႐ုပ္အား ယူလာရန္ သူ႕အားၫႊန္ၾကားထားခဲ့သည္။အစကေတာ့ အလုပ္မဆင္းခင္ ေပဖန္းဆီက ငွားဖို႔ စီစဥ္ခဲ့ေပမယ့္ ဝူေျမာင္ေျမာင္က အ႐ုပ္၏အက်ိဳးအာနိသင္မ်ားကို ထုတ္ျပလိမ့္မည္ဟု သူ မထင္ထားခဲ့ေပ။
 
*ဒါေပမဲ့ ကမာၻေပၚမွာ စိတ္ဓာတ္က်တာကို ကုသဖို႔ နည္းလမ္းက တကယ္ပဲရွိေနတာလား။သားေကာင္ကို ႐ူးသြပ္ေအာင္ လုပ္တဲ့နည္းလမ္းေတြပဲ ၾကားဖူးတာပါ။ကုသေပးတဲ့ နည္းလမ္းမ်ိဳးကိုေတာ့ မၾကားဖူးပါဘူး။*
ထိုအခ်ိန္တြင္ မွန္တံခါးသည္ ႐ုတ္တရက္ပြင့္လာၿပီး သူရဲေကာင္းစိတ္ဝိညာဥ္အျပည့္ျဖင့္ လူတစ္ေယာက္ဝင္လာေလသည္။
 
တုန္႐ုန္းယြမ္က ဝူေျမာင္ေျမာင္အား ေခါင္းညိတ္ျပၿပီး ထိုလူအား ႏႈတ္ဆက္ရန္သြားေလသည္။
“မဂၤလာပါ။ဘယ္သူ႕ကို ရွာေနတာလဲဗ်။”
 
“က်ိလန္ကို ရွာေနတာပါ။”
ထိုလူက သူလာရသည့္ ရည္႐ြယ္ခ်က္ကို ရွင္းျပေလသည္။
 
“ဒါဆို ခ်ိန္းထားတာရွိလားဗ်။”
တုန္႐ုန္းယြမ္က ေမးလိုက္ေလသည္။သို႔ေသာ္ သူ၏သူေဌးအတြက္ ခ်ိန္းဆိုသည္ ဟူသည့္စကားကို အသုံးျပဳျခင္းမွာ သူတို႔သူေဌးအတြက္ လာလည္မည့္ ဧည့္သည္မရွိေသာေၾကာင့္ျဖစ္သည္။ပထမတစ္ခ်က္မွာ သူေဌးတြင္ သူငယ္ခ်င္းတစ္ေယာက္မွ မရွိေပ။ဒုတိယတစ္ခ်က္မွာ ဇာတ္ၫႊန္းကိစၥအတြက္ လာသည့္ ဒါရိုက္တာမ်ားႏွင့္ ဝတၳဳထုတ္လုပ္ေရးအတြက္ လာၾကေသာေသာ အယ္ဒီတာမ်ားႏွင့္သာ ဆက္ဆံတတ္သည္။စတူဒီယို၏ငွားရမ္းခမ်ားႏွင့္ မီးဖိုးေရဖိုးမ်ားကိုလည္း တုန္႐ုန္းယြမ္ကိုသာ လက္လႊဲထားတာျဖစ္သည္။
 
သူ ထိုလူအား သိလိုစိတ္ျဖင့္ ေမးလိုက္ရျခင္းမွာ အေျခအေနေတြ ဆိုးမသြားေအာင္ ထိုလူအား ႏွင္မထုတ္ခ်င္ေသာေၾကာင့္ ျဖစ္သည္။
 
“ခ်ိန္းမထားပါဘူး။”
သူေမွ်ာ္မွန္းထားသည့္အတိုင္း ထိုလူက ေခါင္းခါျပေလသည္။
 
“စိတ္မေကာင္းပါဘူး။ေက်းဇူးျပဳၿပီး မလာခင္မွာ ခ်ိန္းဆိုမႈ လုပ္ေပးပါေနာ္။”
တုန္႐ုန္းယြမ္ကအၿပဳံးေဖ်ာ့ေဖ်ာ့ေလးျဖင့္ သူ႕အား ႏွင္ထုတ္ေနျခင္းပင္။
 
“သူက အေပၚထပ္မွာ ရွိတယ္မလား။သူ႕ကို သြားေမးေပးလို႔ရမလား။ကြၽန္ေတာ့္နာမည္က ေဟာက္မင္က်ီပါ”
ေဟာက္မင္က်ီက ယဥ္ေက်းစြာျပန္ေျပာေလသည္။
 
တုန္႐ုန္းယြမ္ ေခတၱခဏ မွင္တက္သြားေလသည္။
 *ဒီလူက သူ႕သူေဌးကို တကယ္ပဲသိေနတာလား။ ဒီလူက တံခါးထဲဝင္လိုက္တာနဲ႕ ထူးဆန္းသလို ခံစားလိုက္ရတယ္။ဒီလူ စတူဒီယိုထဲကို ဝင္လာတုန္းက သူနဲ႕ အၾကည့္ခ်င္း ဆုံမိတဲ့အခ်ိန္မွာ တကယ္ကို တစ္မ်ိဳးႀကီးျဖစ္ေနသလို ခံစားလိုက္ရတယ္။ဒီလူက သူရဲေကာင္းစိတ္ဝိညာဥ္ဓာတ္ေတြ ထြက္ေနေပမယ့္ ဒီလူ႕ရဲ႕ဘဝက ကံဆိုးမႈေတြနဲ႕ ဒုကၡအတိ ျပည့္ေနသလို သူအာ႐ုံမိတယ္။တရားမွ်တမႈေတြ ေကာင္းျမတ္ျခင္းေတြ ျပည့္ေနေပမဲ့ တစ္ခ်ိန္တည္းမွာပဲ သူ႕ဘဝက တစ္ေယာက္တည္းေနရဖို႔ ကံပါေနျပန္ေရာ။ရိုးရိုးရွင္းရွင္းေျပာရရင္ သူက လူေကာင္းတစ္ဦးျဖစ္ၿပီးေတာ့ သူရဲေကာင္းတစ္ဦးလို႔မွတ္ယူလို႔ရေပမဲ့ သူ႕ရဲ႕ဇာတာခြင္က ခါးသက္မႈေတြနဲ႕ျပည့္ၿပီး အားေနတယ္။သူ႕ဘဝတစ္ေလွ်ာက္လုံးမွာ အမ်ားေကာင္းဖို႔ စြန႔္လႊတ္အနစ္နာခံမႈေတြနဲ႕ ျပည့္ေနရမယ့္အစား ကံဆိုးမႈေတြနဲ႕ပဲ ျပည့္ေနတယ္။
 
သူ႕ဆရာေျပာဖူးတာေတာ့ အဲ့ဒီလိုလူေတြက အရင္ဘဝက ကံၾကမၼာေၾကာင့္ လက္ရွိဘ ဝမွာ သူတို႔ရဲ႕အျပစ္ေတြကို ျပန္ၿပီးေနာင္တရေအာင္လို႔တဲ့။ဘယ္လိုပဲျပန္ၿပီး ဝင္စားစား သူတို႔ရဲ႕လက္ရွိဘဝေတြကေတာ့ စြန႔္လႊတ္အနစ္နာခံမႈေတြနဲ႕ ျပည့္ေနမွာပဲ။*
တုန္႐ုန္းယြမ္ ထိုလူအတြက္ စိတ္မေကာင္းျဖစ္သြားမိသည္။
“ဟုတ္ကဲ့ပါ။ခင္ဗ်ားက ဘယ္ကလဲမသိဘူး။ကြၽန္ေတာ္တို႔သူေဌးကို ဘာလို႔လာရွာတာလဲဗ်။”
 
“ကြၽန္ေတာ္က ရဲပါ။မင္းရဲ႕သူေဌးကို အကူအညီလာေတာင္းတာပါ။”
ေဟာက္မင္က်ီ ျပန္ေျပာလိုက္၏။
 
“ၿမိဳ႕မမႈခင္းရဲအဖြဲ႕ကလား။”
တုန္႐ုန္းယြမ္က ေအးေအးေဆးေဆးျပန္ေျပာလိုက္သည္။
 
“ဟုတ္ပါတယ္။ကြၽန္ေတာ္က ဒီေန႕ပဲေျပာင္းလာတာပါ။”
ေဟာက္မင္က်ီ ၿပဳံးျပလိုက္ေလ၏။
 
*ေစာေစာကတည္းက သူ႕ရဲ႕အေထာက္အထားေတြကို မျပလိုက္ဘဲနဲ႕။တကယ္လို႔ သူသာ ရဲျဖစ္ေၾကာင္း အရင္ေျပာခဲ့ရင္ ေသခ်ာေပါက္ အခ်ိန္ကုန္ခံၿပီး သူ႕ကို တားေနပါ့မလား။*
 
တုန္႐ုန္းယြမ္သည္ ထိုလူကို ခ်က္ခ်င္း ဒုတိယထပ္သို႔ ေခၚသြားခဲ့သည္။
 
က်ိလန္သည္  ေဟာက္မင္က်ီကို ျမင္ေသာအခါ ပထမေတာ့ အနည္းငယ္ အံ့ၾသသြားၿပီး ေနာက္မွ ေအးစက္စက္ ၿပဳံးျပေလသည္။
 
တုန္႐ုန္းယြမ္သည္ ပတ္ဝန္းက်င္ေလထု မူမမွန္သည္ကို သတိထားမိလိုက္သည္။သူေဌးက ဒီလို ၿပဳံးရယ္လိုက္တိုင္း ေဒါသအရမ္းထြက္ေနတာကို ဆိုလိုေနျခင္းပင္။သူလည္း ဆက္ၿပီး မေနရဲေတာ့ဘဲ ခ်က္ခ်င္းပတ္ေျပးလာခဲ့သည္မွာ ဧည့္သည္အတြက္ ေရတစ္ခြက္ခပ္ေပးဖို႔ေတာင္ ေမ့သြားေလသည္ ။
 
“အရာရွိ ေဟာက္”
က်ိလန္က လက္ပိုက္ၿပီး သူ၏ထိုင္ခုံေပၚတြင္ ပ်င္းရိစြာ ေနာက္သို႔ မွီေနလိုက္သည္။

 
“မင္း ငါ့ကို မွတ္မိေနေသးသားပဲ။”
ေဟာက္မင္က်ီသည္ က်ိလန္၏ တုံ႕ျပန္မႈသည္ အထူးအဆန္းျဖစ္မေနေပ။
 
“အရာရွိေဟာက္က အထင္ႀကီးစရာပဲ။ဒါေပမယ့္ လြယ္လြယ္နဲ႕ေတာ့ ဘယ္ေမ့နိုင္ပါ့မလဲ။ဘာလို႔ ဒီအခ်ိန္ႀကီး ကြၽန္ေတာ့္ဆီ လာတာလဲ။ကြၽန္ေတာ္ေရးတဲ့ စာအုပ္ေတြထဲက ဘယ္တစ္အုပ္ကမ်ား ခင္ဗ်ားရဲ႕ အာ႐ုံကို ဖမ္းစားသြားျပန္ၿပီလဲ။”
က်ိလန္က ေမးလိုက္ေလသည္။
 
ေဟာက္မင္က်ီသည္ က်ိလန္ “မႈခင္းဆိုင္ရာမွတ္စုမ်ား” ေရးေသာအခါတြင္ သူ႕ အားသတိေပးရန္အတြက္ အျခားျပည္နယ္မွ ေရာက္လာေသာရာဇ၀တ္မႈစုံစမ္းေရးရဲျဖစ္သည္။ေဟာက္မင္က်ီသည္ ထိုအခ်ိန္က သူ႕အား ဘာမွ မလုပ္ခဲ့ေပ။ေဟာက္မင္က်ီ၏အမူအရာမွာ လူသတ္နတ္ဆိုးတစ္ေကာင္ ႀကီးျပင္းလာသည္ကို ျမင္လိုက္သလိုမ်ိဳး ျဖစ္သြားသည္ကိုေတာ့ သူအတပ္ေျပာနိုင္သည္။ေဟာက္မင္က်ီသည္ သူ႕အား တရားမွ်တမႈ၏ဓားတစ္လက္ျဖစ္ၿပီး အခ်ိန္မေ႐ြး သူ႕အား ဓားႏွင့္ထိုးသတ္ရန္ အသင့္ျဖစ္ေနသူျဖစ္သည္။
 
“ဒီတစ္ခါေရာက္လာတာက အရင္လိုမဟုတ္ပါဘူး။ဆန႔္က်င္ဘက္အေနနဲ႕ မင္းကို ပုံျပင္တစ္ပုဒ္ေရးေပးေစခ်င္တယ္။”
ေဟာက္မင္က်ီသည္သူ႕အား ျပန္ေျပာေလသည္။
 
က်ိလန္က မ်က္ခုံးပင့္လိုက္ၿပီး “ဇာတ္လမ္းကို စိတ္ကူးေပးရမွာလား။ကြၽန္ေတာ့္ရဲ႕မူပိုင္ခြင့္ေၾကးက အခုဘယ္ေလာက္ရွိၿပီလဲ သိလား။”
 
“ေစာေစာက ရွာၾကည့္ခဲ့ေသးတယ္။ေသခ်ာေပါက္ ငါ တတ္နိုင္တဲ့ ေဈးမဟုတ္ပါဘူး။”
 
“ဟက္။”
က်ိလန္က ရယ္ေမာလိုက္သည္။
 
“မင္းကငါ့ကိုအရမ္းမုန္းေနတဲ့ပုံပဲ။”
 ေဟာက္မင္က်ီက ခါးသက္သက္ ၿပဳံးလိုက္ေလသည္။
“လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က ေတြ႕ဆုံမႈမွာ မင္းကို ငါ ေတာ္ေတာ္ ဆိုးတဲ့ အထင္အျမင္ကို ေပးခဲ့ထင္တယ္။”
 
“ခင္ဗ်ားသာဆိုရင္ေရာ သူမ်ားေနရာမွာ လာရႈရင္ သေဘာက်ဦးမွာတဲ့လား။”
 
“မက်ေလာက္ဘူး”
ေဟာက္မင္က်ီက ေခါင္းခါလိုက္သည္။
“ဒါေပမယ့္ အဲဒီအခ်ိန္တုန္းက မင္းရဲ႕အမူအရာနဲ႕ သေဘာထားကက ငါ့ကို စိတ္မသက္မသာျဖစ္ေစတယ္။ ငါမင္းကို မၿခိမ္းေျခာက္ခဲ့ဘူးေလ။ငါ့ရဲ႕သတိေပးခ်က္ေတြကို မင္းနားေထာင္နိုင္မယ္လို႔ပဲ ေမွ်ာ္လင့္ခဲ့တာ။”
 
ထိုအခ်ိန္တြင္ က်ိလန္သည္ အ႐ြယ္မေရာက္ေသးေသာ ေက်ာင္းသားတစ္ဦးျဖစ္ေနဆဲျဖစ္ၿပီး တစ္ကမာၻလုံးကို ဂ႐ုမစိုက္ဘဲေနခဲ့သည္။သူသည္ ဆယ္ႏွစ္ေက်ာ္ၾကေအာင္ ရဲသားျဖစ္ခဲ့ၿပီး စိတ္ေဖာက္ျပန္ေနေသာ လူသတ္သမား အမ်ားအျပားကို ျမင္ဖူးခဲ့သည္။သူတို႔အားလုံး၏မ်က္လုံးမ်ားသည္ က်ိန္လန္၏မ်က္လုံးမ်ားႏွင့္ ဆင္လွသည္။က်ိလန္သည္ အဘယ္ေၾကာင့္ ဤကဲ့သို႔ ျဖစ္ေနသည္ကို သူ နားမလည္ေသးေပ။သူ႕မိဘေတြက ခ်မ္းသာၿပီး အိမ္ေထာင္ကြဲ မိသားစုလည္း မရွိေပ။ဘာေၾကာင့္ သူဒီလိုျဖစ္ေနရတာလဲ။
 
“ဒါဆိုဘာအတြက္လဲ။”
 
“မင္းကို အဆင္မေျပေအာင္လုပ္မိတာရွိရင္ ငါေတာင္းပန္နိုင္ပါတယ္။ေတာင္းပန္ပါတယ္”
ေဟာက္မင္က်ီက ေတာင္းပန္လိုက္သည္။
 
ေဟာက္မင္က်ီက ရိုးရိုးသားသား ေတာင္းပန္ေနတာကို က်ိလန္သိေနေပမယ့္ ဘာအတြက္ သူက ေတာင္းပန္ေနတာလဲ။ေတာင္းပန္ျခင္းသည္ အတိတ္က အျဖစ္အပ်က္မ်ားကို လြယ္လြယ္ ေဖ်ာက္ဖ်က္မပစ္နိုင္ေပ။ထို႔အျပင္ ဒီေန႕ ဒီလူ သူ႕ဆီလာတာ သူ႕ဆီက အကူအညီေတာင္းဖို႔ဆိုတာ သိသာလွသည္။
 
“ကြၽန္ေတာ့္ဆီက ဘာလိုခ်င္လို႔လဲ။”
က်ိလန္သည္ ထိုအရာရွိအား ဘာကူညီေပးရမလဲဆိုတာကို ႐ုတ္တရက္ သိခ်င္လာသည္။
 
“မင္း ဒီစာအုပ္ကို ေရးတဲ့အခါ အကိုးအကားေတြဆီကေန မင္းရဲ႕ကိုယ္ပိုင္ယုတၱိေဗဒကို အေျခခံထားတယ္လို႔ မင္းေျပာခဲ့တယ္ေလ။မင္းေရးခဲ့တဲ့ ဝတၳဳတိုင္းကို ငါ ႏွစ္ေတြၾကာေအာင္ ဖတ္ၿပီးၿပီ။လူ႕သေဘာလူ႕သဘာဝကို အေသးစိတ္ ေဖာ္ျပထားတယ္။မင္းက မႈခင္းစိတ္ပညာရွင္ တစ္ေယာက္လိုပဲ။”
တကယ္ေတာ့ သူက က်ိလန္၏ ပရိသတ္တစ္ေယာက္ျဖစ္သည္။
 
“ကြၽန္ေတာ္က သဘာဝတရားကေမြးဖြားလာတဲ့ ရာဇ၀တ္ေကာင္ ျဖစ္သင့္တယ္ မဟုတ္လား။”
က်ိလန္က ရယ္သြမ္းေသြး၍ေျပာလိုက္ေလသည္။
 
“ရာဇ၀တ္မႈ မက်ဴးလြန္ေသးသေ႐ြ႕ မင္းဟာ ရာဇ၀တ္ေကာင္ မဟုတ္ပါဘူး။”
ေဟာက္မင္က်ီက အမွန္ျပင္ေပးၿပီး ေျပာေလသည္။
 
က်ိလန္က မလႈပ္တလႈပ္ရယ္လိုက္ၿပီး စားပြဲေပၚမွ ေကာ္ဖီကို တစ္ငုံေသာက္၍ ေဟာက္မင္က်ီ ဆက္ေျပာမွာကို ေစာင့္ေနေလသည္။
 
“ငါ ဟိုင္ၿမိဳ႕ မႈခင္းရဲတပ္ဖြဲ႕ခြဲကို ဒီေန႕ပဲ ေျပာင္းေ႐ႊ႕ခံရတယ္။ပထမဆုံးအမႈကေတာ့ အသည္းတူးသမားပဲ။ ငါသိသေလာက္ေတာ့ အသည္းတူးသမားက မနက္အေစာႀကီး မင္းရဲ႕စတူဒီယိုတံခါးဝမွာ ေပၚလာၿပီး မင္းရဲ႕ဝန္ထမ္း ေပဖန္းကို ပစ္မွတ္ထားတယ္ေလ။ဒါေၾကာင့္ မင္းရဲ႕ အစြမ္းထက္တဲ့ ယုတၱိတန္က်က်ခန႔္မွန္းနိုင္တဲ့စြမ္းရည္ကို  ငွားခ်င္တယ္..။”
 
“အသည္းတူးသမားကို ကူဖမ္းေပးရမွာလား။”
က်ိလန္က သူကိုယ္တိုင္ပဲ အဆုံးသတ္ကို ေမးလိုက္ေလသည္။
“ဟုတ္တယ္။”
“ဘာလို႔ ခင္ဗ်ားကို ကူညီေပးရမွာလဲ။”
က်ိလန္က ျပန္ေမးလိုက္၏။
 
သူ၏အေကာင္းအဆိုးသိျမင္တတ္ေသာ စိတ္ထားအတြက္ ဒီၿမိဳ႕၏‌ေဒသခံတစ္ေယာက္အေနႏွင့္ေရာ သူ႕၏တရားမွ်တမႈအေပၚထားေသာ ယုံၾကည္ခ်က္အတြက္ဟူေသာ အေၾကာင္းအရင္းမ်ားမွာ လုံေလာက္ေနၿပီျဖစ္ေပမဲ့ ေဟာက္မင္က်ီက က်ိလန္ ထိုအေၾကာင္းအရင္းမ်ားကို ဆန႔္က်င့္မွာမဟုတ္မည္ကိုလည္း သိေနေလသည္။

 
 
 
                                                                                        
 
 
 
….
 
 
 
အခန္း ၁၂ ။ အိမ္မက္ေကာင္းေတြ မက္ခ်င္ေနတုန္းပဲလား ဆက္မက္ေလ
 
“ငါဒီကို ပထမဆုံး ဝင္လာတုန္းကတည္းက ေျပာခဲ့ပါတယ္။မင္းကို အကူအညီ ေတာင္းဖို႔ ဒီကို ေရာက္ေနတာပါ။​​ဒါေၾကာင့္ မင္း ငါ့ကို ကူညီနိုင္မလား မကူညီဘူးလား ဆိုတာေတာ့ မင္းသေဘာေပါ့။”
 ေဟာက္မင္က်ီက ျပန္ေျပာလိုက္ေလသည္။
 
“ဒါဆိုရင္ေတာ့ ခင္ဗ်ားျပန္လို႔ရပါၿပီ။”
က်ိလန္သည္ ကြန္ပ်ဴတာကိုဖြင့္လိုက္ၿပီး အလုပ္ျပန္စလုပ္ရန္ အဆင္သင့္ျဖစ္ေနၿပီျဖစ္သည္။သူျငင္းပယ္လိုက္သည္မွာ အလြန္ထင္ရွားေပသည္။
 
ယေန႕တြင္ေတာ့ ေအာင္ျမင္ဖြယ္မရွိဘဲ ျပန္ရေတာ့မည္ကိုသိ၍ သက္ျပင္းခ်လိဳက္ေလသည္။သို႔ေသာ္ အရႈံးမေပးခ်င္ေသးသျဖင့္
“မင္းကူညီခ်င္ေပးရင္ေတာ့ ရဲစခန္းမွာ အသည္းတူးသမားနဲ႕ပတ္သက္တဲ့ အခ်က္အလက္အားလုံးကို မင္းဆီကို ယူလာေပးနိုင္တယ္။အနာဂတ္မွာ မင္းလိုအပ္လာရင္ စာေရးဖို႔ ကုန္ၾကမ္းေတြကို ငါေထာက္ပံ့ေပးနိုင္ေလာက္တယ္။”
 
က်ိလန္၏ဝတၳဳေက်ာရိုးအမ်ားစုသည္ စိတ္ကူးယဥ္ဆန္ဆန္ ပတ္ဝန္းက်င္ကို ဖန္တီးထားေသာ္လည္း အဓိကဇာတ္ကြက္မ်ားသည္ အမွန္တကယ္တြင္ ရာဇဝတ္မႈမ်ားအေၾကာင္းသာျဖစ္သည္။ထို႔အျပင္ သူထုတ္ေဝခဲ့သည့္ စာအုပ္အမ်ားစုသည္ ရဲမွတ္တမ္းမ်ားတြင္ ေတြ႕ရွိနိုင္သည့္ တကယ့္ျဖစ္ရပ္မ်ားကို အေျခခံထားတာျဖစ္သည္။ဝတၳဳထဲတြင္ အမည္ႏွင့္တည္ေနရာမ်ားကိုသာ ေျပာင္းလဲထားတာျဖစ္သည္။ဤကိစၥကို အျခားစာဖတ္သူမ်ား သတိမထားမိေသာ္လည္း  ေဟာက္မင္က်ီသည္ က်ိလန္ေရးခဲ့ေသာ စာအုပ္မ်ားမွာ တကယ့္အျဖစ္ပ်က္မ်ားကို ယုတၱိတန္စြာ ခန႔္မွန္း‌ေရးထားၿပီး လြန္ခဲ့ေသာႏွစ္ေပါင္းမ်ားစြာက “မႈခင္းမွတ္တမ္း”မွာလည္း အေျခခံထားေရးသားထားေၾကာင္း သတိထားမိခဲ့သည္။ေဟာက္မင္က်ိသည္ က်ိလန္၏ဆင္ျခင္တြက္ဆနည္းအား အေတာ္ေလး ယုံၾကည္မိသည္။
 
သူ က်ိလန္ကို ႏွစ္ေပါင္းမ်ားစြာ ေစာင့္ၾကည့္ေနခဲ့သည္။က်ိလန္ေရးခဲ့ေသာ အျဖစ္အပ်က္အမ်ားစုသည္ အရင္ကျဖစ္ပ်က္ခဲ့ၿပီးသား အမႈမ်ားသာျဖစ္သည္။ထို႔ေၾကာင့္ ​​သတင္းအခ်က္အလက္မ်ားကို အမႈပိတ္ၿပီးေသာအခါမွ သူကိုယ္တိုင္ စုေဆာင္းခဲ့တာျဖစ္မည္ဟု က်ိလန္ ေကာက္ခ်က္ခ်မိသည္။ယခု သူသည္ က်ိလန္ႏွင့္ အခ်က္အလက္မ်ားကို မွ်ေဝရန္ အရင္ကမ္းလွမ္းလာေသာေၾကာင့္ က်ိလန္သည္ အနာဂတ္တြင္ သတင္းအခ်က္အလက္မ်ားစုေဆာင္းရန္ အလြန္အမင္းႀကိဳးစားေနစရာလိုမွာမဟုတ္ေတာ့ေပ။
 
သူ၏သုံးသပ္ခ်က္သည္ အလြန္က်ိဳးေၾကာင္းဆီေလ်ာ္လွသည္။က်ိဳးေၾကာင္းဆင္ျခင္ျခင္းကို အမွန္တကယ္ စြဲလမ္းေသာ စာေရးဆရာတစ္ဦးျဖစ္ပါက ဤေသြးေဆာင္မႈကို တြန္းလွန္ရန္ ခက္ခဲေပမည္။သို႔ေသာ္ က်ိလန္မွာ အိပ္မက္ဆိုးအရွင္ျဖစ္ေနသျဖင့္ ဝတၳဳေရးဖို႔ ကုန္ၾကမ္း စုေဆာင္းစရာ မလိုေပ။လူမ်ား၏အိပ္မက္ထဲကိုသာ ဝင္သြားရန္လိုအပ္ေပသည္။ဝါသနာေၾကာင့္ ဝတၳဳေရးတာမဟုတ္ဘဲ သူ႕ႏွလုံးသားထဲမွ အရိပ္ဆိုးေတြကို ဖယ္ထုတ္ဖို႔ျဖစ္သည္။ထို႔ေၾကာင့္ ေဟာက္မင္က်ီ၏ကမ္းလွမ္းမႈသည္ သူ႕အတြက္ ဆြဲေဆာင္မႈ ရွိမေနေပ။
 
ေဟာက္မင္က်ီသည္ ေစာင့္ေနေသးေသာ္လည္း က်ိလန္ဘက္မွ သူ႕အား ဘာတုံ႕ျပန္မႈမွ မေပေေခ်။သူ၏အားထုတ္မႈမ်ားသည္ အခ်ည္းႏွီးသာျဖစ္ၿပီး လွည့္ျပန္ရေတာ့မည္ဆိုတာ သူသိလိုက္သည္။
 
အခ်ိန္ကုန္ျမန္လွသည္မွာ ညေနေစာင္း ငါးနာရီေတာင္ ေရာက္ေတာ့မည္ျဖစ္သည္။
 
တုန္႐ုန္းယြမ္ ေျပာတာ မွန္ေပသည္။က်ိလန္သည္ ဒီေန႕ အလုပ္သိပ္မရႈပ္သျဖင့္ ညေနငါးနာရီခန့္တြင္ ႐ုံးဆင္းရန္ ေအာက္ထပ္သို႔ ဆင္းလာခဲ့သည္။
 
“သူေဌး…”
က်ိလန္ ဆင္းလာသည့္ လမ္းတြင္ ေပဖန္းသည္ အေပၚကို တက္လာေတာ့မလို႔ျဖစ္သည္။ထိုအခ်ိန္ သူႏွင့္ ေလွကားအတက္တြင္ ဆုံေလသည္။
 
“ဘာျဖစ္လို႔လဲ။”
က်ိလန္ လမ္းမွာ ရပ္သြားေလသည္။
“ဒါက မေန႕ညက ျပန္ျပင္ထားတဲ့ ဇာတ္ၫႊန္းပါ။”
ေပဖန္းက ေရွ႕တိုးလာၿပီး ဇာတ္ၫႊန္းအားေပးေလ၏။
က်ိလန္က ၾကည့္႐ုံပဲ ၾကည့္ၿပီး လက္ေတာ့ကမ္းမလာေပ။
ေပဖန္းမွာ အလိုလို ေၾကာက္လန့္ တုန္လႈပ္ေနၿပီး ရွင္းျပေလသည္။
“မေန႕ညတုန္းက တကယ္ပဲ အၿပီးသတ္ခဲ့တာပါ။မနက္ကတည္းက သူေဌးဆီ ယူလာေပးခ်င္ေပမဲ့ မေမွ်ာ္လင့္ဘဲ အဲ့ဒီလူနဲ႕ ႀကဳံၿပီး…အဲ့ဒီလို ႀကဳံၿပီးေတာ့ ကြၽန္ေတာ္ အိပ္ေပ်ာ္သြားမိတယ္။အစ္ကိုယီမွာလည္း ကြၽန္ေတာ့္ ကြန္ပ်ဴတာ ပတ္စ္ဝါ့ မရွိဘူးေလ။ဒါေၾကာင့္ ကြၽန္ေတာ္ အခုမွ ယူလာေပးနိုင္တာပါ။”
 
သူ႕ခင္မ်ာ ရွင္းျပေနရင္း အသံက ပိုပို တိုးလာေလသည္။ေစာေစာက သူအေပၚထပ္ကို ဇာတ္ၫႊန္းယူလာဖို႔ စဥ္းစားတန္ုးက ေၾကာက္႐ြံ႕သလို မခံစားခဲ့ရေပ။ထို႔ျပင္ ေစာေစာက အေျခအေနမ်ားအတြက္ သူ႕တြင္ ဆီေလ်ာ္ေသာ အေၾကာင္းျပခ်က္တစ္ခုရွိေနခဲ့သည္။ဘယ္လိုပဲ အလ်င္လိုသည့္ သူေဌးျဖစ္ေနပါေစ သူတို႔၏ဝန္ထမ္းမွာ ေသေရးရွင္ေရးႏွင့္ ႀကဳံလာရလွ်င္ အလုပ္ကို ၿပီးေအာင္ ဦးစားေပးခိုင္းၾကမွာမဟုတ္ေပ။သို႔ေသာ္ သူ၏သူေဌးႏွင့္ မ်က္ႏွာခ်င္း ဆိုင္လိုက္ရသည္ႏွင့္ အသက္ရႉၾကပ္သလို ခံစားလာရၿပီး အသံေတာင္ က်ယ္က်ယ္ မေျပာရဲေတာ့ေပ။
 
“ဒါဆို မင္း မနက္ကေန အခုအခ်ိန္အထိ အိပ္ေနတာလား။”

က်ိလန္က ျပန္ေျပာလိုက္သည္။
 
“ဟင္?!”
ေပဖန္း အံ့အားသင့္သြားေလသည္။
 
“မင္းၾကည့္ရတာ ေတာ္ေတာ္ေလး ေကာင္းေကာင္း အိပ္ေပ်ာ္သြားတဲ့ပုံပဲ။”
က်ိလန္သည္ ေပဖန္းအား ေသခ်ာစူးစမ္းေလ့လာေနေလသည္။ဤကဲ့သို႔ ေၾကာက္စရာေကာင္းေသာ အျဖစ္အပ်က္ကို ႀကဳံခဲ့ရေသာ္လည္း ေပဖန္းသည္ ထိတ္လန႔္မေနဘဲ အသားအေရာင္မွာ ယခင္ကထက္ေတာင္ ပိုေကာင္းေနေလသည္။မၾကာခဏ အိပ္ယာဝင္ေနာက္က်တတ္သည့္ တည္းျဖတ္သူတစ္ေယာက္အေနနဲ႕ တကယ္ေတာ့ မ်က္ကြင္းညိုတာေတြ ေပ်ာက္တဲ့အထိေတာင္ မအိပ္နိုင္ခဲ့ေပ။အေတာ္ေလးကို ျဖစ္နိုင္ဖြယ္ရာမရွိေပ။
 
“သိပ္မဆိုးပါဘူး။”
အိပ္ေပ်ာ္တဲ့အေၾကာင္းေျပာမွ ေပဖန္းသည္ လြန္ခဲ့ေသာ ႏွစ္ရက္အတြင္း အျဖစ္အပ်က္မ်ားစြာကို ႀကဳံေတြ႕ခဲ့ရေသာ္လည္း ေကာင္းမြန္စြာ အိပ္ေပ်ာ္နိုင္ခဲ့ေၾကာင္း ဝန္ခံရေပမည္။သူ အိပ္ေပ်ာ္သြားခ်ိန္မွာ အိပ္မက္မက္ေနပုံရၿပီး အိပ္မက္ထဲမွာ ဘာကိုမက္ေနမွန္းေတာ့ မမွတ္မိေပမယ့္ အိပ္ရာက နိုးလာခ်ိန္တြင္ စိတ္က လန္းဆန္းေနတတ္သည္။ထို႔ေၾကာင့္ မနက္ေစာေစာ အသည္းတူးသူႏွင့္ ေတြ႕ရမွာကိုပင္ မေၾကာက္ေတာ့ပါ။
 
ေပဖန္းသည္ သူ၏အိမ္မက္ေကာင္းမ်ားကို ျပန္ေတြးမိခ်ိန္တြင္ ႐ုတ္တရက္ သူ႕သူေဌး၏ အမူအရာမွာ တစ္ခုခုျဖစ္ေနသည္ကို ေတြ႕လိုက္ရသျဖင့္ တုန္လႈပ္သြားေလသည္။
 
သူတို႔ရဲ႕ စတူဒီယိုထဲက လူေတာ္ေတာ္မ်ားမ်ားက သူေဌး  စိတ္ဆိုးရတဲ့ အေၾကာင္းရင္းကို တိတ္တဆိတ္ ခြဲျခမ္းစိတ္ျဖာခဲ့တာကို သူေမ့မိေတာ့မလို႔ပင္။အျဖစ္နိုင္ဆုံးအေၾကာင္းအရင္းမွာ သူေဌးသည္ တစ္ႏွစ္ပတ္လုံး ေကာင္းေကာင္း အိပ္မေပ်ာ္နိုင္လို႔ျဖစ္မည္။
 
*ေသလိုက္ပါေတာ့။သူတို႔သူေဌးမွာ အိပ္မေပ်ာ္နိုင္တဲ့ ေရာဂါရွိမွန္းသိရက္နဲ႕ သူ႕ေရွ႕သြားၿပီး ေကာင္းေကာင္း အိပ္ေပ်ာ္တဲ့အေၾကာင္း သြားေျပာေနေသးတယ္။သူေဌး မ်က္မုန္းႀကိဳးေအာင္ လုပ္ေနမိတာ မဟုတ္ဘူးလား။*
 
“အဟမ္း..အဟြတ္…ကြၽန္ေတာ္ဆိုလိုတာက သူေဌးကေတာ္ကို ေက်းဇူးတင္ခ်င္လို႔ပါ။သူေပးခဲ့တဲ့ အိမ္မက္ေကာင္းေစတဲ့အ႐ုပ္ေလးမွာ တကယ္ကို နတ္ဘရားစြမ္းအားေတြ ရွိေနေလာက္တယ္။”
ေပဖန္းသည္ သူေဌးကေတာ္အား ဆင္ေျခေပးကာ စကားလမ္းေၾကာင္း အျမန္လႊဲေလသည္။
 
ထိုအစြမ္းမ်ားမွာ နတ္ဘုရားစြမ္းအားမဟုတ္ေပမဲ့ ကေဝအစြမ္းမ်ားသာျဖစ္သည္။
ေပဖန္းသည္ ဝူေျမာင္ေျမာင္၏အိမ္မက္လွေစေသာ အ႐ုပ္ကေလး ေက်းဇူးေၾကာင့္ ေကာင္းေကာင္း အိပ္ေပ်ာ္နိုင္သည္ကို က်ိလန္ သိေနပါသည္။သို႔ေသာ္ သူစိတ္မသက္မသာျဖစ္ေနတုန္းပင္။
*ဘာလို႔ ဒီေကာင္ေလးက် အိမ္မက္လွေစတဲ့ အ႐ုပ္ေလးရွိတာနဲ႕တင္ ေကာင္းေကာင္းအိပ္ေပ်ာ္နိုင္တာလဲ။ဘာလို႔သူက်ေတာ့ က်ိမ္စာတိုက္တဲ့အ႐ုပ္နဲ႕ေတာင္ တစ္ပတ္မွ တစ္ခါပဲ ေကာင္းေကာင္းအိပ္ေပ်ာ္နိုင္တာလဲ။*
 
 
“ရက္အနည္းငယ္ေလာက္ အနားယူခ်င္လား။”
က်ိလန္ သူအိပ္မေပ်ာ္သည့္အေၾကာင္းကို ေတြးေနတာအား အတင္းအၾကပ္ ရပ္လိုက္ေလသည္။
“အားလပ္ရက္?မဟုတ္ဘူး….မလိုပါဘူး။”
ေပဖန္းက အျမန္ျငင္းပယ္ေလသည္။
“ဒီလိုအေျခအေနမ်ိဳးမွာ တစ္ေယာက္တည္းေနရမွာကို ပိုေၾကာက္ပါတယ္။လူေတြအားလုံးနဲ႕ အလုပ္အတူတူ တြဲလုပ္ေနတာက ပိုအဆင္ေျပပါတယ္။စိတ္မပူပါနဲ႕ သူေဌး။ကြၽန္ေတာ္ အလုပ္ကိုပဲ အာ႐ုံစိုက္လုပ္မွာမို႔ ဇာတ္ၫႊန္းအရည္အေသြးကို ထိခိုက္မွာ မဟုတ္ဘူးလို႔ ကတိေပးပါတယ္။”
 
“မင္းသေဘာပါပဲ။”
 ေပဖန္းက အခိုင္အမာေျပာေနတာကိုေတြ႕ေတာ့ က်ိလန္လည္း အတင္းအၾကပ္ ခြင့္မယူခိုင္းေတာ့ေပ။ “မနက္ျဖန္မနက္မွ ဇာတ္ၫႊန္းကိုလာေပးေတာ့။”
 
“ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ သူေဌး။”
 ေပဖန္းသည္ က်ိလန္အား ေက်းဇူးတင္စကား ေျပာေလသည္။ထို႔ေနာက္ က်ိလန္က သူ႕အား ဆက္၍စိုက္ၾကည့္ေနေသးေသးအခါ ေလွကား၏ထြက္ေပါက္တြင္ သူပိတ္ရပ္မိေနတာကို သတိထားမိသြားေလသည္။ခ်က္ခ်င္း သူ႕ကိုယ္သူ ေဘးသို႔ ဖယ္ေပးလိုက္ရေလသည္။။
 
က်ိလန္သည္ သူ႕အားေက်ာ္သြားၿပီး ဝူေျမာင္ေျမာင္စာဖတ္ေနသည့္ ေနရာဆီသို႔ တည့္တည့္ ေလွ်ာက္သြားေလသည္။
 
က်ိလန္ေလွ်ာက္လာေသာအခါ ဝူေျမာင္ေျမာင္သည္ တက္ဘလက္ကို ကိုင္ထားေလသည္။အစပိုင္းမွာေတာ့ ဝူေျမာင္ေျမာင္တစ္ေယာက္ ဒရာမာတစ္ကားၾကည့္ေနတာ ဒါမွမဟုတ္ ဂိမ္းေဆာ့ေနတယ္လို႔ ထင္ခဲ့ေပမယ့္ သူမအနားသို႔ခ်ဥ္းကပ္ၾကည့္လိုက္ေသာအခါ ရင္းႏွီးတဲ့ဝဘ္စာမ်က္ႏွာတစ္ခုကို ေတြ႕လိုက္ရသည္။သူ မ်က္ေမွာင္မၾကဳတ္ဘဲ မေနနိုင္ေတာ့ေပ။
“ဘာလို႔ စကၠဴစာအုပ္ေတြမဖတ္ဘဲ e-books ဖတ္ေနတာလဲ။”
 
ထိုဝဘ္ဆိုဒ္မွာ သူ၏ဝတၳဳစီးရီးအတြက္အသုံးျပဳထားေသာ  ဝဘ္ဆိုဒ္ျဖစ္သည္။
 
“ရွန္ကုန္း အလုပ္ဆင္းၿပီလား။”
 ဝူေျမာင္ေျမာင္က တအံ့တဩ ေမာ့ၾကည့္လိုက္သည္။
 
“ဆင္းၿပီ။”
က်ိလန္ ေလသံေအးေအးႏွင့္ ေျပာလိုက္ၿပီး ဝူေျမာင္ေျမာင္ လက္ထဲမွ တက္ဘလက္ကို ယူလိုက္သည္။တစ္ခ်က္ၾကည့္ၿပီးေနာက္
“မေန႕ညက “Night Demon” ဝတၳဳကို ဖတ္ၿပီးၿပီလား။”
 
“ကြၽန္မ စာအုပ္ကိုေတာ့ဖတ္ၿပီးၿပီ။ဒါေပမယ့္reviewေတြကိုေတာ့ မဖတ္ရေသးဘူး။”
ဝူေျမာင္ေျမာင္က ျပန္ေျပာလိုက္သည္။
 
“reviewေတြ ဖတ္ဖို႔အတြက္သက္သက္ တက္ဘလက္ကို သုံးေနတာလား။”
 
“ဟုတ္တယ္ေလ။ရွန္ကုန္းရဲ႕စာအုပ္က အရမ္းဖတ္လို႔ေကာင္းတယ္ဆိုတာ ကြၽန္မသိပါတယ္။ရွင့္ရဲ႕စာအုပ္ေတြကို ႀကိဳက္တဲ့သူေတြ အမ်ားႀကီးရွိေလာက္မယ္ေလ။တုန္တုန္က ဒီဝဘ္ဒ္ဆိုဒ္အေၾကာင္း ကြၽန္မကိုေျပာျပခဲ့တာ။”

ဝူေျမာင္ေျမာင္က ေျပာေလသည္။
“တုန္တုန္?တုန္႐ုန္းယြမ္လား။”
“ဟုတ္တယ္ေလ။”
ဝူေျမာင္ေျမာင္သည္ က်ိလန္အနားသို႔ သြားၿပီး တက္ဘလက္ေပၚမွ ဝဘ္ဆိုဒ္စာမ်က္ႏွာကို အေပၚဆုံးသို႔ ေရာက္သည္အထိ လက္ညွိုးျဖင့္ ပြတ္ဆြဲလိုက္ေလသည္။
 “က်ိဟဲရဲ႕ ဇနီးေခ်ာကေဝမေလး” ဟု အမည္ေပးထားေသာ သူမ၏အေကာင့္ကို ၫႊန္ျပၿပီး
“ဒါက ကြၽန္မသုံးတဲ့နာမည္ပဲေလ။ရွင္ေရးခဲ့တဲ့စာအုပ္တိုင္းကို ဘုတ္ေပးၿပီးသြားၿပီ။ကြၽန္မအခုဆို ကလန္ရဲ႕ေခါင္းေဆာင္ပဲ။”
 
က်ိဟဲသည္ က်ိလန္၏ ကေလာင္အမည္ျဖစ္သည္။ထိုနာမည္မွာ သူ၏ဇာတ္ေကာင္မ်ားမွ ဆင္းသက္လာျခင္းျဖစ္သည္။သူ၏ဝတၳဳအားတင္ေသာ ပလက္ေဆာင္းတြင္ စာဖတ္သူမ်ားကို သူတို႔သေဘာက်ေသာ စာအုပ္မ်ားအား ဘုတ္ျခင္းျဖင့္ သဒၶါေၾကး ေပးပို႔နိုင္ရန္အတြင္ ျပင္ဆင္ေပးထားေသာ အစီအစဥ္ျဖစ္သည္။ထို႔သို႔ဘုတ္မ်ားကို ပလက္ေဖာင္းေပၚတြင္ အႏၲိမဘုတ္ဟုေခၚၿပီး ကလန္ေခါင္းေဆာင္ကေတာ့ ဘုတ္ၿပီးေနာက္တြင္ စာဖတ္သူမ်ားရရွိနိုင္သည့္ အဆင့္တစ္ခုျဖစ္သည္။
 
က်ိလန္၏မ်က္လုံးမ်ားသည္ သူမ၏user nameကိုၾကည့္ၿပီး နာက်င္လာသလို ခံစားလိုက္ရသည္။
“မင္းက ဒီနာမည္ကို ဘယ္လိုစိတ္ကူးရသြားတာလား။”
 
“အင္း။တုန္တုန္က ကြၽန္မကို ဒီအေကာင့္ စာရင္းသြင္းဖို႔ ကူညီေပးခဲ့တာ။အစတုန္းကေတာ့ “က်ိဟဲရဲ႕မိန္းမေလး ၁၁၀၈”လို႔ နာမည္ေပးခဲ့တယ္။ေနာက္မွ နာမည္ေနာက္မွာ ဘာလို႔ နံပါတ္ထည့္ရမွာလဲလို႔ ကြၽန္မေမးလိုက္ေတာ့ သူက နာမည္တူ (၁၁၀၇)ေယာက္ရွိၿပီးသားမို႔လို႔ ေျပာတယ္။ဒါေပမဲ့ ကြၽန္မကမွ တကယ့္ ရွင့္မိန္းမအစစ္ေလ။ဘာလို႔ ေနာက္မွာ တန္းစီေစာင့္ရမွာလဲ။အဲ့ဒါေၾကာင့္ ကြၽန္မနာမည္ေျပာင္းလိုက္တာ။နာမည္က မမိုက္ဘူးလား။အင္တာနက္ေပၚမွာ နာမည္ေတြ အမ်ားႀကီးရွိေနရင္ေတာင္ တစ္ကမာၻလုံးမွာ ကေဝဆိုလို႔ ကြၽန္မတစ္ေယာက္ပဲရွိတာေလ။”
ဝူေျမာင္ေျမာင္က ဂုဏ္ယူစြာျပန္ေျပာလိုက္သည္။
 
*အဲ့ဒီေခြးေကာင္ တုန္႐ုန္းယြမ္ တမင္သက္သက္လုပ္တာျဖစ္မယ္။မဟုတ္ရင္ ဝူေျမာင္ေျမာင္က သူမရဲ႕user nameကို ဒီလို နာမည္ေပးဖို႔ ဘယ္လိုလုပ္ စဥ္းစားမိမွာလဲ။*
 
က်ိလန္ ခဏေလာက္ ဆြံ႕အသြားေလသည္။
“ဒီေန႕ ေန႕လည္မွာ ဘယ္ႏွစ္ခါေလာက္ ဘုတ္ေပးခ်လိဳက္တာလဲ။”
 
“အမ်ားႀကီးမဟုတ္ပါဘူး ယြမ္ေထာင္ဂဏန္းတန္ေလာက္ပါပဲ။”
 ဝူေျမာင္ေျမာင္သည္ အစကေတာ့ စာအုပ္တိုင္းကို ထိပ္တန္းစာရင္းဝင္ေစျခင္းခဲ့ေသာ္လည္း ထိပ္တန္းစာရင္းဝင္ရန္အတြက္ လိုအပ္သည့္ ေငြေၾကးပမာဏကို သိၿပီးေနာက္ သူမ ျပတ္ျပတ္သားသား စြန႔္လႊတ္ခဲ့ရသည္။
 
“ဒါဆို စုစုေပါင္း ဘယ္ေလာက္ေလာက္ သုံးပစ္လိုက္လဲဆိုတာ မင္းသိလား။မင္းသုံးလိုက္တဲ့ ေငြရဲ႕တစ္ဝက္ကိုပဲ ငါက ျပန္ရမွာဆိုတာေကာ သိရဲ႕လား။ၿပီးရင္ အခြန္က ေစာင္ရဦးမွာ။”
 က်ိလန္ေျပာလိုက္ေလသည္။
 
“အာ?”
ဝူေျမာင္ေျမာင္မွာ အံ့အားသင့္သြားေလသည္။
“ဒါဆို ကြၽန္မတို႔ ျဖဳန္းတီးရာက်ေနမဘူးလား။”
“ျဖဳန္းတီးရာက်မွန္းသိရင္ ဘုတ္ေပးေနတာကို ရပ္လိုက္ေတာ့။”
 က်ိလန္က စိတ္ပ်က္စြာ ျပန္ေျပာလိုက္၏။
 
ဤပိုက္ဆံမ်ားမွာ မေန႕က သူေပးခဲ့တဲ့ စာအိတ္အနီထဲက ပိုက္ဆံလားဆိုတာ သူသံသယဝင္မိသည္။
 
“ေကာင္းပါၿပီ။”
ဝူေျမာင္ေျမာင္က အေလးအနက္ ေခါင္းညိတ္လိုက္ျပလိုက္သည္။သူမ၏ပိုက္ဆံမ်ားမွာ သူမခင္ပြန္း၏ပိုက္ဆံမ်ားသာျဖစ္သည္။အျခားသူမ်ားသည္ သူ၏စာအုပ္မ်ားကို ဘုတ္ေပးရင္ေတာင္ သူမ၏ခင္ပြန္းသည္ တစ္ဝက္သာ ရရွိနိုင္ေပသည္။သို႔ေသာ္ သူမသာ ဘုတ္ေပးမိပါက သူမ၏ခင္ပြန္းသာ အရႈံးေပၚရမည္ျဖစ္သည္။ဤသည္မွာ ေငြကို ျဖဳန္းတီးရာက်ေပသည္။လုံးဝကို မသင့္ေလ်ာ္ေပ။
 
“ျပန္ၾကရေအာင္။”
 
“အင္း။”
 ဝူေျမာင္ေျမာင္က ထၿပီး ျပတင္းေပါက္နားကို သြားကာ ေနေရာင္ေအာက္မွာ တေနကုန္လွမ္းထားသည့္ အိပ္မက္အ႐ုပ္ေကာင္းေစေသာ အ႐ုပ္ကို ယူလိုက္ၿပီး သူမအိတ္ထဲသို႔ ထည့္လိုက္၏။
 
ႏွစ္ေယာက္သား စတူဒီယိုထဲမွ ထြက္လာၾကခ်ိန္တြင္ ႐ုံးထဲသို႔ အျမန္ေျပးဝင္လာေသာ တုန္႐ုန္းယြမ္ႏွင့္ ဝင္တိုက္ေလသည္။
 
“သူေဌး..သူေဌးကေတာ္။”
 
“မင္းက ဘာလို႔ျပန္လာတာလဲ။”
တုန္႐ုန္းယြမ္သည္ ေန႕ခင္းဘက္တြင္ ေဖာက္သည္တစ္‌ေယာက္ကို သြားေတြ႕ရန္ ထြက္သြားခဲ့သည္။ပုံမွန္အားျဖင့္ သူသည္ ထိုအေျခအေနမ်ိဳးတြင္ ကုမၸဏီသို႔  ျပန္လာရန္ မလိုအပ္ဘဲ ေဖာက္သည္ႏွင့္ ေတြ႕သည့္ေနရာမွ အိမ္သို႔ တန္းျပန္နိုင္ေပသည္။
 
“ကြၽန္ေတာ္ ေပဖန္းကို ေခၚဖို႔ ျပန္လာတာပါ။ဒီရက္ပိုင္း ကြၽန္ေတာ့္အိမ္မွာ လိုက္ေနခြင့္ေပးမလို႔ပါ။”
တုန္႐ုန္းယြမ္က ျပန္ေျပာေလသည္။
 
က်ိလန္က နားလည္ေၾကာင္း ေခါင္းညိတ္ျပလိုက္သည္။ကားပါကင္ဆီသို႔ ဆက္ေလွ်ာက္သြားေတာ့မည့္အခ်ိန္တြင္ တုန္႐ုန္းယြမ္သည္ ေခ်ာ့ျမႇောက္ေသာေလသံျဖင့္ ဝူေျမာင္ေျမာင္ အနားသို႔ ႐ုတ္တရက္ေရာက္လာေလသည္။
 “သူေဌးကေတာ္ ကြၽန္ေတာ့္ကိုေရာ အိပ္မက္လွေစတဲ့အ႐ုပ္ေလးတစ္႐ုပ္ေပးလို႔ရမလား။မနက္မနက္က် ဒီခရိုင္တစ္ခုလုံးမွာ အရသာအရွိဆုံး ဂဏန္းေပါင္း ဝယ္လာေပးမယ္ေလ။”
 
“ရပါတယ္။ေရာ့ ဒီမွာ။”
 ဝူေျမာင္ေျမာင္၏မ်က္လုံးမ်ားသည္ ေတာက္ပသြားကာ ေပဖန္းအား အိမ္မက္လွေစေသာအ႐ုပ္ကေလးကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျပ ထုတ္ေပးလိုက္သည္။

 
“ေက်းဇူးတင္ပါတယ္ သူေဌးကေတာ္။”
အ႐ုပ္ကိုရရွိၿပီးေနာက္ တုန္႐ုန္းယြမ္သည္ ေပဖန္းကို ရွာရန္ ဝမ္းပန္းတသာ အထဲသို႔ ဝင္သြားေလသည္။
 
က်ိလန္သည္ တုန္႐ုန္းယြမ္၏ေက်ာျပင္ကို ေငးၾကည့္ၿပီးေနာက္ သူမေက်ာပိုးအိတ္ကို ထုပ္ပိုးေနသည့္ ဝူေျမာင္ေျမာင္အား ျပန္ၾကည့္ေလ၏။
“မင္းမွာ အိပ္မက္လွတဲ့အ႐ုပ္ေတြ အမ်ားႀကီး ရွိတာလား။”
 
“အမ်ားႀကီးမရွိပါဘူး။ငါး႐ုပ္ ေျခာက္႐ုပ္ေလာက္ပါပဲ။”
 ဝူေျမာင္ေျမာင္က ျပန္ေျပာလိုက္ေလသည္။
 
“မင္းက အရမ္းကို ရက္ေရာတာပဲေနာ္။ခဏေလးအတြင္းမွာ သုံး႐ုပ္ေတာင္ ေပးပစ္လိုက္တယ္။”
 ေပဖန္းအား ႏွစ္႐ုပ္ေပးခဲ့ၿပီး တုန္႐ုန္းယြမ္အား တစ္႐ုပ္ေပးခဲ့တာျဖစ္သည္။
 
“အဆင္ေျပပါတယ္။အိပ္မက္လွတဲ့အ႐ုပ္တစ္႐ုပ္လုပ္ရတာ အခက္အခဲမရွိပါဘူး။ကြၽန္မမွာ အ႐ုပ္ေတြ အလုံအေလာက္ရွိေနသေ႐ြ႕ တစ္ေန႕ကို ဆယ္႐ုပ္ေလာက္ေတာင္ လုပ္လို႔ရတယ္။အ႐ုပ္ေတြကို သုံးၿပီးတာနဲ႕ ျပန္သိမ္းလိုက္တယ္။အ႐ုပ္ေတြကို ေနပူလွမ္းၿပီး ကြၽန္မရဲ႕ကေဝအစြမ္းနဲ႕ဆိုရင္ ျပန္ၿပီး သုံးလို႔ရပါတယ္။”
 
သူမ၏အိမ္မက္လွေစေသာ အ႐ုပ္မ်ားမွာ ႐ုပ္လြန္ပညာက်င့္ႀကံသူတို႔ကဲ့သို႔ပင္ သူမဆႏၵရွိသေလာက္ ဆက္တိုက္ ဖန္တီးလို႔ရေပသည္။
 
“တုန္႐ုန္းယြမ္က အဲ့ဒီအ႐ုပ္မပါဘဲ အိပ္မေပ်ာ္နိုင္ဘူးလား။”
*ေပဖန္းကေတာ့ သူ႕အေျခအေနႏွင့္ အခ်ိန္အခါအရ လိုအပ္တာ သူနားလည္ေပမဲ့ တုန္႐ုန္းယြမ္ကို ေရာ ဘာလို႔ေပးလိုက္ရတာလဲ။*
 
“အဲ့ဒီလို မဟုတ္ပါဘူး။ဒါေပမယ့္ သူ႕မွာသာ အိမ္မက္ေကာင္းေစတဲ့ အ႐ုပ္တစ္႐ုပ္ရွိခဲ့ရင္ သူအိပ္ေပ်ာ္တဲ့အခါ အိမ္မက္ေကာင္းေလးေတြ မက္တာေပါ့။သူမက္ခ်င္တဲ့ အိမ္မက္မ်ိဳးေပါ့။”
ဝူေျမာင္ေျမာင္က ေျပာလိုက္ေလသည္။
“မင္းအ႐ုပ္ကို လူတိုင္းကို ေပးမလို႔ေတာ့ မေျပာနဲ႕ေနာ္။”
 
“ဟမ္?”
ဝူေျမာင္ေျမာင္မွာ ထိတ္လန႔္သြားေလသည္။သူမ၏ရွန္ကုန္းမွာ တစ္ခုခုကို အလိုမက်ျဖစ္ေနသလို ခံစားလိုက္ရသည္။
 
“မင္းရဲ႕အ႐ုပ္က ရိုးရိုးသာမန္အ႐ုပ္မွမဟုတ္တာ။ခဏခဏမသုံးရင္ ပိုေကာင္းမယ္။”
က်ိလန္က စကားလွလွသုံးကာ သတိေပးလိုက္ေလသည္။
 
*တကယ္ပါပဲ။ဒီတုန္႐ုန္းယြမ္ကေတာ့။သူအိပ္ေပ်ာ္ခ်င္တဲ့အခ်ိန္တိုင္း အိပ္ေပ်ာ္ေနတာပဲကို။မလုံေလာက္ေသးဘူးလား။အိမ္မက္လွလွေလးမ်ား မက္ခ်င္ေနေသးတယ္။မက္ေပါ့။*
 
“ကြၽန္မနားလည္ပါတယ္။ကြၽန္မဆရာ အရင္ကလည္း ကြၽန္မကို သတိေပးဖူးတယ္။သုံး႐ုပ္ထက္ ပိုမေပးရဘူး။တဲ့”
 ဝူေျမာင္ေျမာင္က ေလးေလးနက္နက္ ေခါင္းညိတ္လိုက္ၿပီး
“ေပဖန္းကေတာ့ သူႀကဳံခဲ့ရတဲ့အေျခအေနေၾကာင့္ ႏွစ္႐ုပ္ ေပးလိုက္တာပါ။တုန္႐ုန္းယြမ္ကက် လြန္ခဲ့တဲ့ ႏွစ္ရက္က ကြၽန္မကို အမ်ားႀကီး ကူညီေပးခဲ့ဖူးတယ္။ဒါေၾကာင့္ ကြၽန္မသူ႕ကို တစ္႐ုပ္ေပးလိုက္တာပါ။မစိုးရိမ္ပါနဲ႕။ေနာက္ေနာင္ တျခားသူေတြကို ေပါ့ေပါ့ဆဆ ထပ္မေပးေတာ့ပါဘူး။”
 
*ဒီလိုကမွ ပိုၿပီး စိတ္ခ်မ္းသာရေသး။*
 
က်ိလန္သည္ ခ်က္ခ်င္း ႏွစ္သိမ့္ခံလိုက္ရသျဖင့္ သူ႕စိတ္အေျခအေနမွာ တိုးတက္လာေလသည္။
“လြန္ခဲ့တဲ့ ႏွစ္ရက္က ညစာစားဖို႔ အျပင္ကို ေခၚမသြားျဖစ္ခဲ့ဘူး။အသားကင္ထြက္စားခ်င္လား။”
 
“စားခ်င္ပါတယ္။”
ဝူေျမာင္ေျမာင္၏ မ်က္လုံးမ်ား ေတာက္ပလာခဲ့သည္။
 
စတူဒီယိုထဲတြင္ တုန္႐ုန္းယြမ္ဝင္လာေသာအခါ အ႐ုပ္ကို သူ႕လက္ထဲမွာ ကိုင္ေဆာင္လာတာကို ရွန္ကြၽင္းယီက ခ်က္ခ်င္းေတြ႕လိုက္ေလသည္။မေနနိုင္ေတာ့ဘဲ ေမးလိုက္ေလ၏။
“ေရွာင္တုန္ မင္း သူေဌးကေတာ္ဆီက အ႐ုပ္ေတာင္းလာတာလား။ဒီအိမ္မက္ေကာင္းေစတဲ့အ႐ုပ္က အသုံးဝင္တယ္လို႔ မင္းတကယ္ယုံေနတာလား။”
 
“ဒါက အသုံးဝင္မယ္ထင္တယ္။မင္း ေရွာင္ေပကို ၾကည့္လိုက္ေလ။လြန္ခဲ့တဲ့ ႏွစ္ရက္ေလာက္က ေၾကာက္စရာေကာင္းတာေတြ ႀကဳံခဲ့ရတာေတာင္ ငါတို႔ရဲ႕အသားအေရထက္ ပိုေကာင္းေနေသးတယ္ေလ။”
 ယီကြမ္က ေျပာလိုက္ေလသည္။
 
က်န္ႏွစ္ေယာက္သည္ ထိုစကားကိုၾကားေသာအခါ ေပဖန္း၏အသားအေရကိုစစ္ၾကည့္ရန္ ေပဖန္းအနားသို႔ ခ်ဥ္းကပ္သြားၾကေလသည္။
 
ေပဖန္းက သူ႕ကိုစိုက္ၾကည့္ေနၾကတာေတြ႕ေတာ့ ထိတ္လန႔္သြားေလ၏။
“မင္း…မင္းတို႔ မင္းဘာခ်င္လို႔လဲ။”
 
“တကယ္ပါပဲ။သူ႕အသားအေရက ငါ့ထက္ေတာင္ ပိုေကာင္းေနေသးတယ္။ေရွာင္တုန္ မင္း သူ႕ကို အေႏွာင့္အယွက္ မေပးသင့္ပါဘူးကြာ။သူ႕ဘာသာ တစ္ေယာက္တည္း အိမ္ျပန္ေပ့ေစေတာ့။”
ရွန္ကြၽင္းယီမွာ စိတ္ထိခိုက္သြားေလသည္။
 
“အက်ိဳးသင့္ အေၾကာင္းသင့္ရွိတယ္။”
တုန္႐ုန္းယြမ္ကလည္း ထိုအႀကံအား သေဘာတူေလသည္။
 
“မလုပ္နဲ႕။ေက်းဇူးျပဳၿပီး အဲ့ဒီလို မလုပ္ပါနဲ႕။ဒါကက အိပ္မက္ေကာင္းေစတဲ့အ႐ုပ္ေလးရဲ႕ ေက်းဇူးေၾကာင့္ပါ။”
 ေပဖန္းက ကမန္းကတန္းျပန္ေျပာေလသည္။
“ဒါမွမဟုတ္ သူေဌးကေတာ္ကို မနက္ျဖန္မွ တစ္ခုစီေတာင္းၾကပါ့လား။”
 
အိပ္ေပ်ာ္ေနစဥ္တြင္ တုံးအခ်င္တုံးလိမ့္မည္။မ်က္လုံးျပဴးျပဴးႏွင့္ နိုးေနသည့္ အခ်ိန္မွာေတာ့ သူက အ႐ူးတစ္ေယာက္မဟုတ္ေပ။သူ႕ကို တစ္ေယာက္တည္း အိမ္ျပန္ခိုင္းရင္ေတာင္ ႐ုံးထဲမွာပဲ ဆက္ေနၿပီး အိုဗာတိုင္ဆင္းပစ္လိုက္မသည္။
 
စေနာက္ေနတာ လုံေလာက္ၿပီဟု ခံစားလိုက္ရေသာအခါ သူတို႔သုံးေယာက္လုံး ဝါးလုံးကြဲရယ္ေမာၾကေလသည္။
 
“ဒါေပမယ့္ အမွန္တိုင္းေျပာရရင္ အခုတေလာ သူေဌးရဲ႕ အသားအေရက အရင္ကထက္ ပိုေကာင္းလာတယ္လို႔ မထင္ဘူးလား။မနက္တုန္းက ဇာတ္ၫႊန္းပို႔ဖို႔ သြားတုန္းကဆို သူေဌးရဲ႕မ်က္လုံးေတြ အရင္ကေလာက္ နီမေနေတာ့ဘူး။”

 ယီကြမ္လည္း သူသိသမွ်အား ေဖာက္သည္ခ်ေနေလသည္။
 
“သူေဌးကေတာ္က တိုင္းရင္းသား လူမ်ိဳးစုကမလား။သူ႕ရဲ႕လူမ်ိဳးစုကေနရလာတဲ့ ထူးျခားတဲ့ လွ်ို႔ဝွက္နည္းလမ္းေတြ မဟုတ္ဘူးလား။”
ရွန္ကြၽင္းယီက ခန႔္မွန္းလိုက္ေလသည္။
“ဥပမာ လူေတြကို အိပ္ေပ်ာ္ဖို႔ အေမႊးတိုင္ေတြ ထြန္းၾကသလိုမ်ိဳးလား။”
 
“အေမႊးတိုင္အနံ႕က လူေတြကို သက္ေတာင့္သက္သာျဖစ္ေစတယ္။”
ေပဖန္းက အ႐ုပ္ကို ကိုင္လိုက္ၿပီး အနံ႕ခံၾကည့္လိုက္သည္။
 
“ဒါဆို မနက္​ျဖန္က်​ တစ္​ခုေလာက္ စမ္းၾကည့္​ၾကမလား။”
ယီကြမ္က သူတို႔ႏွစ္ေယာက္ရဲ႕ ခြဲျခမ္းစိတ္ျဖာတာကို နားေထာင္ၿပီး တကယ္ စိတ္ကူးေပါက္သြားေလသည္။
 
*အေမႊးတိုင္လိုဆို…ဝိညာဥ္စြမ္းအားေၾကာင့္ပဲေနမွာ။*
 
တုန္႐ုန္းယြမ္ အ႐ုပ္ကို လက္ခံရရွိလိုက္ခ်ိန္တြင္ အ႐ုပ္၏အတြင္းပိုင္းမွ ဝိညာဥ္စြမ္းအား အနည္းငယ္ကို ခံစားခဲ့ရသည္။
                                                                               ****
 
 
 

Continue Reading

You'll Also Like

274K 14.1K 82
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
14.8K 1.8K 24
Normal novel အသစ်လေး update ထားပါတယ်ရှင့် 🥰 reader လေးတို့ ကြိုက်နှစ်သက်တယ်ဆိုရင် link ချပေးထားတဲ့ page messenger လေးကနေပြီးတော့ paid GP လေးလည်း လာရ...
325K 8K 78
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
45K 4.9K 71
Chinese Name - 到我身边来 English Name - Come To My Side Author - 六盲星 (Liu Mang Xing) အသက်၂၆နှစ်အရွယ် ကွမ်းရှီးတစ်ယောက် သူမဟာ သမီးအရင်းမဟုတ်ကြောင်း အသိပေး...