ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိ...

By yyuzanawin

112K 12K 236

စစ်ဟွိုင်ရှီး သည် နောက်ဆုံးသောနေ့ရက်များတွင် ဖုတ်ကောင်များကို တိုက်ခိုက်ရန် ငြီးငွေ့နေသောကြောင့် သူဖတ်ရန် ဝတ္... More

Description
1🍷
2🍷
3🍷
4🍷
5🍷
6🍷
7🍷
8🍷
9🍷
10🍷
11🍷
12🍷
13🍷
14🍷
15🍷
16🍷
17🍷
18🍷
19🍷
20🍷
21🍷
22🍷
23🍷
24🍷
25🍷
26🍷
27🍷
28🍷
Hello
29🍷
30🍷
အဖြေမှန် 😍
32🍷
33🍷
34🍷
35🍷
36🍷
37🍷
38🍷
39🍷
40🍷
41🍷
42🍷
43🍷
44🍷
45🍷
46🍷
47
48
49..
50
51
52
53
54
55
56
57
58
59

31🍷

1.8K 197 17
By yyuzanawin


သူ့ လိုAlphas တစ်ယောက်က ကိုယ်ဝန်ရသွားတယ်ပြောရင် စစ်ဟွိုင်ရှီးက ကိုယ်ဝန်ရဖို့ လုံးဝမဖြစ်နိုင်ဘူးလို့ ပြန်ပြောလိုက်ရင် သူဘာလုပ်ရမှန်းသိတော့မှာမဟုတ်ဘူး

ဆေးရုံမှာ ပြောခဲ့တဲ့ စကားတွေက သူ့အမြင်ကို ရှင်းပြပေးခဲ့ပြီး မိဘမဲ့ကလေးများအပေါ် စစ်ဟွိုင်ရှီး ၏ အဆိုးမြင်အမြင်များကို နားလည်နိုင်ပေမယ့် ဖေးကျောက်ကျိုး သည်လည်း တစ်ဦးတည်းကြီးပြင်းလာကာ ပြီးပြည့်စုံသော မိသားစုကို တောင့်တခဲ့ဖူးသော်လည်း ဤမျှော်လင့်ချက်မှာ သူ၏ ဂလင်း ပျက်စီးပြီးနောက် သူမျိုးမပွား နိုင်တော့ကြောင်း အကြောင်းကြားလာတဲ့အခါမှာ ပျက်စီးသွားခဲ့ရတယ်။

ပျောက်ဆုံးသွားတဲ့မျော်လင့်ချက်တွေက အခုမှ ကလေးတစ်ယောက်နဲ့ ပြည့်စုံတဲ့ မိသားစုကိုရလာတဲ့အတွက် ဒီတစ်ကြိမ် ဘယ်တော့မှ လက်မလွှတ်နိုင်ဘူး။

စစ်ဟွိုင်ရှီး သည် 'ပဲသီးလေး' ကို လက်မခံနိုင်ဖြစ်နေပြီး သူအမှန်တရားကိုသိကာ ဒီကလေးကိုမွေးတာကို သဘောမတူပဲ အနံကိုမပေးတော့ဘူးဆိုရင်...

ဖေးကျောက်ကျိုး ၏ မျက်လုံးများက မှေးမှိန်သွားကာ စကားတစ်ခွန်းမှ မပြောဘဲ နှုတ်ခမ်းကို တင်းတင်း စိထားသည်။

စစ်ဟွိုင်ရှီး က အေးစက်စွာမေးတယ်

"ငါမဟုတ်ပဲ.. တခြားသူတွေရှိမှာပဲမဟုတ် လား... ဒါပေမယ့် ဖေးကော မင်းငါ့ကိုရွေးခဲ့ရင် အဆုံးထိ  ငါတစ်ယောက်တည်းကိုပဲရွေးရမယ်.."

လေသံအဆုံးတွင်.. ပြင်းထန်သော မနာလိုစိတ်နှင့် ပိုင်ဆိုင်လို​မှုတို့ရဲ့ အသံဖြင့် အဆုံးသတ်သွားသည်။

ဖေးကျောက်ကျိုး က တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး...

"ငါ တခြားတစ်ယောက်ကို ရွေးမှာမဟုတ်ပါဘူး"

ထိုအခါမှ စစ်ဟွိုင်ရှီး ၏အမူအရာမှာ အနည်းငယ်ပျော့ပျောင်းသွားပြီး သူက..

"ဒါဆို ဖေးကောက က ဘယ်တော့ လိုအပ်မှာလဲ.. Pheromone ချို့တဲ့တာက တစ်သက်လုံး တော့ မဟုတ်ဘူးမလား.."

ဖေးကျောက်ကျိုး က ခဏလောက်စဉ်းစားပြီး...

"ကိုးလ" လို့ပြောလိုက်တယ်။

ကိုယ်ဝန်ကတစ်လရှိနေပြီ.. မွေးဖို့ ကိုးလကျန်သေးတယ်။

စစ်ဟွိုင်ရှီး က သူ့သွားတွေကို အံကြိတ်ရင်း ..

"အိုကေ..ဒါဆို ဒီကိုးလအတွင်းမှာ ငါ့နေရာကို အစားထိုးမယ့်လူကို ကော လုံးဝ မရှာရဘူး.."

ဖေးကျောက်ကျိုး က အဲဒါကို လိုက်ရှာမှာ မဟုတ်ဘူး။ ဒါ့အပြင် 'ပဲသီးလေး'က စစ်ဟွိုင်ရှီးကိုပဲ လိုချင်နေတာ..

'အင်း.."

"မင်းအတွက် pheromone ကို ဘယ်လို ပေးရမှာလဲ.."

"ထိတာ နမ်းတာ ဖတ်တာတွေ အမှတ်အသားလုပ်တာတွေတဲ့.. အကောင်းဆုံး နည်းလမ်းကတော့ အတူအိပ်တာတဲ့.."

ဖေးကျောက်ကျိုးဒါကိုပြောနေရင်း သူတစ်ကိုယ်လုံး ရှက်သွေးကြွကာ ပူလောင်လာတော့လေသည်။

စစ်ဟွိုင်ရှီးကလည်း အံ့အားသင့်သွားပြီး တိတ်ဆိတ်သွားလေသည်။

pheromoneအနံကို ပေးရတာက သွေး နှင့် တချို့အစိတ်အပိုင်းလေးတွေကို ထုတ်ယူတာဖြစ်မယ်လို့ သူထင်နေခဲ့တာ..

စစ်ဟွိုင်ရှီး၏လေးလံသောနှလုံးရုတ်တရက်ပြေလျော့သွားသည်၊ pheromone ထုတ်ယူသည့်နည်းလမ်းကို ဖေးကျောက်ကျိုးက သူ့မှာ ဝိညာဥ်စွမ်းအားရှိနေတာကြောင့် သူ့ဆီက တစ်ခုခုထုတ်ပေးအောင်လို့ လာကပ်နေတယ်လို့ ထင်မိသွားကာ တကယ်လို့အဲ့နည်းဆိုရင် သူပေးလို့ရပေ့မယ့် အများကြီးတော့မပေးနိုင်ခဲ့ဘူးလို့ စဥ်းစားခဲ့တာ...

စစ်ဟွိုင်ရှီးရဲ့ ပါးစပ်ထောင့်က ကော့တက်သွားကာ..

"ဒါဆို သခင်လေးက ဘယ်အချိန်စမှာလဲဗျ.."

ဖေးကျောက်ကျိုး သည် ထိုစကားလုံးကိုကြားသောအခါတွင် နားမလည်နိုင်အောင်ဖြစ်သွားပြီး တမင်တင်းမာသောမျက်နှာထားဖြင့်...

"ငါက မင်းရဲ့ sponsor မဟုတ်ဘူး..ငါတို့က အဲ့လို ဆက်ဆံရေးမှ မဟုတ်တာ.. အဲဒီအရင်းအမြစ်တွေက မင်းကို ကောင်းစေချင်လို့ ပေးရုံပဲ.. မင်းငါ့ကို မယုံရင် မင်းအတွက် စာချုပ်တစ်ခုရေးပေးနိုင်တယ်.. Blue Air Mecha Company ရဲ့ ဥက္ကဌအနေနဲ့ မင်းကိုဒုက္ခမပေးပါဘူး.."

စစ်ဟွိုင်ရှီး က ဂရုမစိုက်ဘဲ ...

"ဒါဆို သခင်လေးက ဘယ်တော့ စာချုပ်ချုပ်ဖို့ တွေးထားလဲ.."

"..ဒီည.."

"ပြေပါတယ်.."

ပြောပြီးပြီးချင်း မီးပိတ်သွားကာ ပူပြင်းသောလေသည် အသက်ရှူမဝသလို ရှူရှိုက်သံများနှင့်အတူဖေးကျောက်ကျိုးရဲ့နူတ်ခမ်းများက စိုစွတ်သွားပြီး..သူက ထိုလူကို နောက်သို့ တွန်းထုတ်ကာ...

"အဆုံးထိ မလုပ်ရဘူး.."

"Tsk! အဲဒါက တကယ်ကို မတရားတာပဲ.."

"မရရင်လည်း ထားလိုက်တော့.."

စစ်ဟွိုင်ရှီး သည် ဖေးကျောက်ကျိုး ၏ နားရွက်ကို ပြစ်ဒဏ်ခတ်ဟန်ဖြင့် ကိုက်ရင်း အသံတိုးတိုးဖြင့် ပြောသည်၊ သူ၏ ဆန္ဒနှင့် မကျေနပ်သံသည် ရှုပ်ပွနေပြီး ဆိုးသွမ်းသော အပြုံးဖြင့်....

"အဆုံးထိမသွားရင်ရပြီမလား သခင်လေးဗျ..."



~မေးခွန်းလေး ထပ်မေးပါ့မယ်

- စစ်ဟွိုင်ရှီး ရဲ့ မိဘတွေက ဘယ်သူတွေများ ဖြစ်မလဲ......

အဖြေမှန်သူကို ဒီနေ့ည ၁၀ နာရီမှာ တင်ပေးပါ့မယ်.....

-အရင်ဆုံးအဖြေမှန်သူ ၅ယောက်က အပိုင်း၅၀အထိ free ဝင်ခွင့်...

-အဖြေမှန်သူ ၅ယောက်ထဲက အရင်ဆုံးမှန်သူ ၂ယောက်က အပိုင်း၁၀၀အထိ ဝင်ကြေး ၄၀၀၀အစား လျှော့စျေးပေးတာမို့ ၂၀၀၀နဲ့ဝင်လို့ရ...

ဇာတ်သိမ်းပိုင်းအထိ gpကို ၆၀၀၀အစား ၄၀၀၀နဲ့ ဝင်လို့ရပါတယ် (လကုန်အထိ အကျုံးဝင်ပါ့မယ်)

- ကျန်တဲ့ အဖြေမှန်သူ ၃ယောက်က
- အပိုင်း၁၀၀အထိကို ၃၀၀၀
-ဇာတ်သိမ်းပိုင်းအထိ gp ကို ၅၀၀၀ နဲ့ဝင်လို့ရပါတယ် (လကုန်အထိ အကျုံးဝင်)

အဖြေမှန်ကြပါစေ😍😍


Zawgyi
























'အင်း.."













"..ဒီည.."

"ပြေပါတယ်.."


"အဆုံးထိ မလုပ်ရဘူး.."











-အဖြေမှန်သူ ၅ယောက်ထဲက အရင်ဆုံးမှန်သူ ၂ယောက်က အပိုင်း၁၀၀အထိ ဝင်ကြေး ၄၀၀၀အစား လျှော့ဈေးပေးတာမို့ ၂၀၀၀နဲ့ဝင်လို့ရ...



အဖြေမှန်ကြပါစေ😍😍


Continue Reading

You'll Also Like

1.1M 27.8K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
3.4M 143K 60
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.8M 114K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
2.9M 191K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...