Light

By PhyoPhyo425

6K 509 39

I am only stand and I respect all of perth's Partners More

Introduce
Part 1 : Shadow
Part 3: First Kiss
Part 4: New Cast
Part 5: That Begin ....
Part 6: Past ...
Part 7: Feelings ....16+
Part 8: Home
Part 9: Confession
Part 10: Happiness
๐Ÿ™๐Ÿ™
Part 11: He
Part 12:Now I can see him
Part 13: LOVE
Part 14:Real Chimon.....
Part 15: Please Don't let me go
Part 16:New Chapter
Part 17: Past
Part 18:
Next Fic
Part 19: His Pains
The End

Part 2 : His Name

245 20 2
By PhyoPhyo425

        " မနက်စာ ပြင်ထားပါတယ် .... သခင်လေး "

ညကအသံနဲ့မတူအောင် ရွှင်ပြတက်ကြွနေတဲ့ အသံ
ပါလား .....
         " ဟေ့ ...... Happy ကိုထမင်းကျွေးပြီးပြီလား "

ဟေ့ ..... ဟေ့ဆိုတာ ငါ့ကိုခေါ်လိုက်တာလား
ဘယ်လိုတောင် ရိုင်းစိုင်းတာလဲ
        " ဟုတ်ကဲ့ .... ကျွေးပြီးပါပြီ အခုကလေး
ကောင်းကောင်း နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေ
ပါတယ် "

စကားတစ်လံုးကိုပီသအောင်ပြောနေတာ လူတစ်
ယောက်ကိုရွဲ့နေတာနဲ့ အတူတူပဲပေါ့

       " အင်း .... တာဝန်ကျေတယ်  ဒါနဲ့ ...
ကလေးရဲ့အိပ်ရာကညစ်ပတ်နေတယ် ..... မင်းသွား
လျှော်ပေးနိုင်မလား "
       " ဗျာ ..... ကျွန်တော်ကလား "
       " အင်း အကူညီတောင်းတာလေ ..... လူတစ်
ယောက်ကငါ့ကိုပြောတယ် .... လိုအပ်ရင်အကူညီ
တောင်းသင့်တယ်လို့လေ .....
လုပ်ပေးနိုင်မလား "

ဟူး .... စိတ်ကိုမနည်းချုပ်တည်းထားရပါလား

      " Perth ....... သခင်လေးခေါ်နေတယ် "

" Happy နိုးလာပြီ ..... သူ့ကိုလမ်းလျှောက်ထွက်ပေး
နိုင်မလား
ငါ့အခန်းတံခါးက ဖုန်တွေကြီးပဲ .... သုတ်ပေးနိုင်
မလား
ကလေးကို ရေချိုးပေးနိုင်မလား "

တစ်နေကုန် " နိုင်မလား " ဆိုတဲ့စကားလံုးကိုကြားရ
တာ ငြီးငွေနေပြီ ......
အလုပ်ချိန်ပြီးတာနဲ့ ..... အိပ်ရာပေါ်ကိုသာပြစ်လှဲချ
လိုက်တော့တယ် .....
မိုးရွာနေတာလား ..... မိုးညိမ်းသံကကြောက်ဖို့ကောင်း
လိုက်တာ ..... ဘယ်နှစ်နာရီတွေတောင်ဖြစ်ကုန်ပြီလဲ
နာရီကိုကြည့်မိတော့ မနက် ၃ နာရီခွဲ ......
အာ ... ပြန်အိပ်လို့ရသေးတာပဲ
အဲ့လိုတွေးလိုက်ပေမယ့် ပြတင်းပေါက်ကနေမိုးရွာထဲလျှောက်သွားနေတဲ့
ကောင်လေးကို ဖြတ်ခနဲလှမ်းတွေ့လိုက်ရတယ်
ခြံထဲမှာလျှောက်သွားနေတဲ့ သူက ..... Chimon လား
ချက်ချင်း အောက်ထပ်ကို အရှိန်မြန်မြန်နဲ့ ပြေးဆင်း
သွားခဲ့တယ်
ထီးမပါပဲ ဘာလို့ပြေးလွှားနေတာလဲ .....
မိုးဒီလောက်ကောင်းနေတာကို ......

" သခင်လေး .... သတိထား "

အလျင်တောင်မမီလိုက်ဘူး ..... မိုးရေကြောင့်လမ်း
တွေကချောနေပြီလေ
သူလဲမမြင်ရပဲ ချော်လဲကုန်ပြီပေါ့

" သခင်လေး .... ဘာလုပ်နေတာလဲ "
" Happy ကိုမတွေ့တော့ဘူး ..... "
" ဟမ် ..... Happy ကသူ့အိပ်ရာမှာသူရှိနေမှာပေါ့ "
" မရှိဘူး ..... ငါနိုးတော့သူ့ကိုရှာမရတော့ဘူး
သူကငါ့အသံကြားတာနဲ့ ငါ့ဆီလာတတ်တယ် ....
အခုမရောက်လာဘူး ..... ရှာပေးပါ ..... "

ဒီခွေးလေးကို မိုးရေထဲထိ အသည်းအသန်လိုက်ရှာ
နေတာလား .....

" ဟုတ်ပြီ .... ရှာပေးမယ် .... ရအောင်ရှာလာမယ်
ဒါကြောင့် သခင်လေးက .... အရိပ်ထဲဝင်နေပေးပါ
ကျွန်တော်ရှာပေးမယ် .... မိုးရွာနေတယ်လေ "
" မဝင်ဘူး .... သူ့ကိုသာရအောင်ရှာ ....
ငါလဲရှာမှာ "
" စိတ်တိုလာပြီ တကယ် .... မြင်လဲမမြင်ရပဲ
ဘာက်ိုရှာမှာလဲ !!!!! "

ဒေါသထွက်ပြီးအော်လိုက်မိပြီးမှ .... သိမ်ငယ်သွားတဲ့
သူ့မျက်နှာကိုတွေ့လိုက်မိတယ်
အာ .... ငါစကားမှားသွားပြီ

" ကျွန်တော် ..... ကျွန်တော်ပြောချင်တာကလေ "
" တံခါးရှေ့မှာ စောင့်နေမယ် ..... ရှာခဲ့ပေးပါ "

သူ့သဘောနဲ့သူ တံခါးမကြီးရှိရာကို ဖြည်းဖြည်းချင်း
လျှောက်သွားတယ် .....

" Happy ရေ ..... တကယ်ပဲ ဘယ်ရောက်သွား
တာလဲ "

ခွေးလေးတွေက မိုးရွာတာကိုကြောက်ကြတာများ
တယ်မလား .....

      " Happy ...... "

ပြေးဖက်ပြီးတောင်နမ်းပြစ်လိုက်ချင်တယ်
သစ်ပင်ကြီးအောက်မှာ ကြောက်ကြောက်နဲ့ထိုင်နေတာ
ကို .....
မိုးခြိမ်းသံကို သူလန့်နေတယ်ထင်တယ်

      " ရှာတွေ့ပြီ ..... "

တစ်ကိုယ်လံုးစိုရွှဲနေတဲ့ ခန္ဓာကိုယ်နဲ့ သူ့ခွေးလေးကို
ပွေ့ချီလိုက်တယ်

      " ကလေးလေး ..... ဘယ်တွေလျှောက်သွားနေ
တာလဲ ..... ပါးပါးကသားကိုလိုက်မရှာနိုင်တာ သိရဲ့
သားနဲ့ ဘယ်တွေထွက်သွားတာလဲ ... ဟင် "
      " မိုးတွေအရမ်းရွာနေတော့ ကြောက်နေတာထင်
တယ် ..... ဒါကြောင့် သူထွက်မလာတာ
ဒါနဲ့လေ ..... "

ရေတွေစိုနေတဲ့ လက်နှစ်ဖက်နဲ့ ကျွန်တော့်ပါးပြင်ကို
ရုတ်တရက်လာကိုင်တာကို ကောင်းကောင်းခံစားလိုက်
ရတယ် ......
အေးစက်နေရာကနေ ...... တစ်ကိုယ်လံုးကအပူငွေ့
တွေတစ်လိမ့်လိမ့်တက်လာခဲ့တယ်
ဘာပါလိမ့် .... ဒီထူးဆန်းတဲ့ခံစားချက်ကြီးက

       " နေမကောင်းဖြစ်တော့မယ်ထင်တယ် .... ပါးတွေ
ပူခြစ်နေတာပဲ .... အထဲဝင်ကြရအောင် "
      " ဖယ်ပါ .... ငါမင်းကိုဘယ်နှစ်ခါပြောရမလဲ
ငါ့အသားကိုမထိဖို့ "
       " နေမကောင်းမှာစိုးလို့ပါ .... စောင့်ရှောက်ပေးရ
မယ့် တာဝန်ရှိတယ်မလား
ပေးပါ ..... Happy ကသိပ်မစိုဘူး သူကအရိပ်နားပုန်း
နေတာ
အခုရေခြောက်အောင်သုတ်ရမှာ သခင်လေးထင်တယ်  

သဘက်တစ်ထည်နဲ့ ကျွန်တော့်ခေါင်းတွေကို ပွတ်သပ်
ပေးနေတယ်

     " ငါ့ဘာသာလုပ်မယ် .... မင်းလဲသွားပြီးအဝတ်လဲ
လိုက်ဦး "
     " ဟုတ်ကဲ့ ...... ကောင်းကောင်းအိပ်ပါ
ဒါနဲ့ .... ခုနကစကားမှားသွားတာကို တစ်မျိုးမတွေးပါ
နဲ့ "
      " မှားနေတဲ့စကားမှမဟုတ်တာ ..... Happy ကို
ငယ်ငယ်ထဲကမွေးခဲ့တာ .... သူ့ပံုစံ မျက်နှာပေါက်
လေးကအစ .... မှတ်မိနေသေးတယ်
ဒါပေမယ့် သူ့ကိုငါမရှာနိုင်ဘူး ......
သူကတော့ ငါဘယ်ရောက်ရောက် အနံ့တစ်ခုနဲ့တင်
ရှာနိုင်တယ်
ငါကိုက .... မင်းပြောသလို မှန်နေတာပဲလေ
ကို့အခန်းကိုယ် ပြန်ပါတော့ "

တံခါးပိတ်ပြီးတော်တော်ကြာထိ စဉ်းစားနေခဲ့မိတယ်
ငါတော်တော်အသံုးမကျတာပဲ ....
ငါတော်တော် လွန်ကျူးသွားတာပဲ ဆိုတဲ့အတွေးတွေ

" တောင်းပန်ပါတယ် .... မနေ့ကသန့်ရှင်းရေးလုပ်
ပြီးတော့ တံခါးပိတ်ဖို့မေ့သွားခဲ့ပါတယ် သခင်လေး
တောင်းပန်ပါတယ် .... နောက်မဖြစ်စေရပါဘူး "
" အလုပ်ထုတ်လိုက်ပါ ..... ဦးလေး "
" ရှင် ..... သခင်လေး "

မှန်းဆရခက်တဲ့စိတ်ပါလား .... တစ်ခါတစ်လေ
နူးညံ့ပြီး တစ်ခါတစ်လေ ကြမ်းတမ်းလွန်းတယ်

   " နေကောင်းပါရဲ့လား .... သခင်လေး "

မျက်နှာကဖြူဖျော့နေတာပဲ .... ညက မိုးအရှိန်ကြောင့်
ဖြစ်မယ်ထင်တယ်

" ဆေးသောက်လိုက်ပါဦး .... သခင်လေး "
" ဟုတ်ကဲ့ ဦးလေး .... ပေးပါ "
" ဒီနေ့ ..... သခင်လေးရဲ့အကို လာမယ်လို့အ
ကြောင်းကြားထားပါတယ် "
" အကိုလား ..... "

ရုတ်တရက် မျှော်လင့်ချက်ရောင်ခြည်တစ်ခုကို
သူ့မျက်နှာမှာ တွေ့လိုက်မိတယ်

" အကို ညစာစားမယိထင်တယ် .... သူကြိုက်တာ
တွေပြင်ထားပေးပါဦး .... အာ .... အခန်းကိုလဲ
အိပ်ရာခင်းအသစ်လဲပြီး သန့်ရှင်းထားဖို့ မှာပေးပါ "
" ဟုတ်ကဲ့ပါ .... သခင်လေး "
" ကျွန်တော်ဖျားချင်နေတော့ ခဏလောက်အိပ်
လိုက်ဦးမယ် ... အကိုလာရင်ပြောပါဦးနော် "
" ဟုတ်ကဲ့ ..... "
" ဟေ့ ..... "

ခေါ်ပြန်ပြီလား ..... ဟေ့ ဟေ့နဲ့ .... လူကိုဘာထင်နေ
တာလဲမသိဘူး

" ဟုတ်ကဲ့ သခင်လေး ..... "
" ငါအနားယူမလို့ အခန်းထဲလိုက်စောင့် .... တစ်ခုခု
လိုရင် ပြောရအောင်လို့ "
" ဟုတ်ကဲ့ ..... "

အိပ်နေရင်းယောင်ရမ်းနေတာလား .... အဖျားပဲတက်
လို့လား
နဖူးကပူခြစ်နေပါလား ...... မဖြစ်တော့ဘူး

      " အိမ်ထိန်းကြီး ..... သခင်လေးဖျားနေလို့
ဆရာဝန်ခေါ်ရင်ကောင်းမယ်ထင်တယ် "
" သခင်လေးက အိမ်ကိုဆရာဝန်ပင့်တာသိပ်မ
ကြိုက်ဘူး .... ဆရာဝန်နဲ့လဲဆေးခန်းပြချင်တာမဟုတ်ဘူး "
" ဒါဆို ဘယ်လိုလုပ်ရပါ့မလဲ ..... ရေဘက်လေး
ကပ်ပေးရင်အဆင်ပြေမယ်ထင်တယ် "

ရေခဲတော်တော်ကြာတဲ့ထိကပ်ပြီးမှ အပူကလျော့ကျ
သွားတော့တယ် ....
အခုမှ သက်ပြင်းကောင်းကောင်းချနိုင်တော့တယ်
သူကတော့ နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေတာပဲ

" သခင်လေး ..... သခင်လေး .... "

အိပ်ကောင်းနေတာကို လာနှိုးတဲ့အသံကြောင့်
ယောင်ဝါးဝါးနဲ့ ထထိုင်လိုက်မိတယ်

" ဦးလေးလား ..... ကျွန်တော်ဘယ်လောက်တောင်
အိပ်ပျော်သွားရတာလဲ ဒီနေ့ဘာလို့အဲ့လောက် အိပ်လို့
ကောင်းတာလဲမသိဘူး "
" နေမကောင်းတာကြောင့် ပင်ပန်းသွားတာဖြစ်မှာ
ပါ .... သခင်လေးရဲ့အကိုရောက်နေပါပြီ "

အကိုကြီးရောက်နေတဲ့ အသံကြားတာနဲ့ အမြန်ဆံုး
ပြေးဆင်းလာခဲ့တယ်

" P !!!!! တောင်းပန်ပါတယ် .... ကျွန်တော်အိပ်
ပျော်သွားတာ .... ဟိုတခါကပြောခိုင်းတာဘယ်လိုလဲ
အိမ်ပြန်လို့ရပြီလား .... အဖေကဘာပြောသေးလဲ "
" မေးခွန်းကဘာလို့အဲ့လောက်များနေတာလဲ ....
ငါလာတာ ကိစ္စရှိလို့ .... ငါပြောတာကိုအရင်နားထောင်
အမေ့ရဲ့ရှယ်ယာတွေမင်းလက်ထဲမှာမလား ....
အဲ့ဒါတွေငါ့ကိုလွှဲပေး "

အကိုကြီးလာတာ ဒီကိစ္စလား .......

" ဘာလို့လဲ "
" အမေနဲ့မင်းနဲ့ ပိုင်ဆိုင်ထားတာ အမြင့်ဆံုး
ရှယ်ယာပဲလေ ..... 30% တောင်ရှိတာ
အမေ့ရဲ့ 20% ကိုငါ့ကိုလွှဲပေး "
" ဘာအတွက်လဲ ..... မပေးနိုင်ရင်ရော "
" Chimon !!!! ကလေးကစားနေတာမဟုတ်ဘူး
ငါတို့နဲ့လိုက်ပြိုင်နေတဲ့ လုပ်ငန်းစုရှိနေတယ် ....
အရမ်းအင်အားတောင့်လို့ ..... အခုပရောဂျက်က
သူတို့လက်ထဲပါလို့မဖြစ်ဘူး "
" အဖေ့ကိုတိုက်ခိုက်ရဲတဲ့လုပ်ငန်းစုပဲ .....
ဘယ်လောက်တောင်တော်လိုက်မလဲ "
" Chimon !!!!! "
" လာအော်မနေပါနဲ့ ..... အဖေ့ကိုပြောလိုက်
ကျွန်တော့်ဆီကလိုချင်တာရှိရင် .... ကျွန်တော်လိုချင်
တာကိုပြန်ပေးပါလို့ .....
အဲ့ကျမှ ဆက်ဆွေးနွေးကြတာပေါ့ "

သူမပြောနဲ့ ..... ဘေးကကြားနေရတဲ့သူတောင် ဒေါသ
ထွက်စရာကောင်းတဲ့ အနေအထားပဲ
သူဘယ်လောက်ထိ ဆက်သွားနေဦးမှာလဲ .....

" သခင်လေး ..... အိမ်အပြင်ဖက်ရောက်တော့မယ်"
ဘာစကားမှပြန်မပြောဘူး ..... သူ့ခြေလှမ်းတွေက
တုန်ရီရီနဲ့ ဆက်သွားနေတုန်းပဲ
ဘယ်လောက်ထိ သူဆက်လျှောက်နေမှာလဲ
တုတ်ကောက်လဲမပါဘူး .... အဖော်လဲမပါပဲ
ကားလမ်းမကိုရောက်တော့မယ် .....

" သခင်လေး ..... ပြန်ကြရအောင်
အန္တရာယ်များတယ် ..... "

တီ ......... ကားဟွန်းတီးသံကြားလိုက်တာနဲ့ သူ့က်ို
အမြန်ပြေးဆွဲလိုက်တယ် .....

" လွှတ် ..... "
" မဖြစ်ဘူး ..... အိမ်ပြန်ရပါမယ် "
" လွှတ်လို့ပြောနေတယ်မလား ...... ဖယ်စမ်း "
" ဘာဖြစ်ချင်တာလဲ !!!!! "

လမ်းဘေးမှာ ထိုင်လျှက်သား .... နှစ်ယောက်စကား
များနေမိတယ် အော်ဟစ်နေမိတယ်

" နာကျင်နေတာသိတယ် .... မျှော်လင့်ချက်မဲ့နေ
တာကိုသိတယ် .... ဒါပေမယ့် အသက်ရှင်ရမယ် "
" မင်းက ဘာကိုသိတာလဲ ..... ဘာသိလို့လဲ "

အတင်းရုန်းကန်နေလို့ သူ့လက်တွေကိုတင်းတင်းဆုပ်
ကိုင်ထားရတယ်

" ငါသေသွားရင် ပြီးသွားတော့မှာ ..... "
" သခင်လေးကမာကြောတယ်ထင်ခဲ့တာ ....
မဟုတ်ဘူးပဲ .... နုလွန်းတယ်
လောကမှာ .... ကို့ကိုယ်ကိုနာကျင်အောင် လုပ်တဲ့သူက အနူးညံ့ဆံုးလူတွေဖြစ်နေလို့တဲ့
လဲကျရင် အကြိမ်ကြိမ်ပြန်ထရမှာ .... ဒါဖြစ်သင့်တာပဲ .... "
" အင်း .... ငါခံနိုင်ရည်မရှိတော့ဘူး ..... ငါမြန်မြန်
အလင်းရောင်ကို မြင်ချင်နေပြီ .....
ဒါကြောင့် မြန်မြန် .... ဒီနေရာကနေထွက်သွားချင်ပြီ "

တုန်ရီနေတဲ့ သူ့ပခံုးတွေကို တင်းတင်းဆုပ်ကိုင်
ထားလိုက်တယ်

" အရှုံးပေးလိုက်ပြီလား .... သေချာပြီလား
သေချင်တာသေချာလား .....
သခင်လေးရဲ့အမေလို .... အားလံုးကိုထားခဲ့ပြီး
ထွက်သွားချင်ပြီလား
သခင်လေးမှာ ချစ်တဲ့သူတစ်ယောက်တောင်မရှိဘူး
လား .... စဉ်းစားကြည့် .... သခင်လေးသေရင်
အဲ့လူကိုမတွေ့နိုင်ဘူးနော် ....
ကျွန်တော်မတားတော့ဘူး ..... "

သူ့ကိုအားလံုးလွှတ်ချပေးလိုက်တယ် .....
တော်တော်ကြာထိ ငိုပြီးအဲ့နေရာမှာ ထိုင်နေတုန်းပဲ
တော်တော်ကြာထိလဲ ဘာစကားမှမပြောသလို ....
ဘာမှလဲမလှုပ်ရှားဘူး

" Perth ...... "
ကို့နားကိုယ်တောင် မယံုနိုင်ဘူး ..... ငါ့နာမည်ကို
ခေါ်လိုက်တာလား အခု .....
" ငါ လမ်းမလျှောက်နိုင်ဘူး ..... အိမ်ကလဲ ဘယ််နားမှာမှန်းမသိဘူး .... ငါပြန်လဲမပြန်တတ်ဘူး
ငါ့ကိုအိမ်ပြန်ပို့ပေးလို့ရမလား "

ဒီအတိုင်း တွေ့ရာပြောလိုက်ပေမယ့် အလုပ်ဖြစ်သွား
တာလား ....
ဒီတစ်ခေါက်သူတောင်းတဲ့ အကူညီက လေးနက်ပြီး
စိတ်ရင်းနဲ့ပဲ
ဒါဆို Chimon မှာချစ်ရတဲ့ သူရှိတာလား .....

" ခေါ်သွားပေးပါ ... Perth "
" ကျောပေါ်တက် ..... အမြန်ဆံုးအိမ်ပြန်ရောက်
မယ့်နည်းပဲ သေချာကိုင်ထားနော် "

ကြောက်ရွံ့နေတော့ သူ့လက်တွေနဲ့လည်ပင်းကိုသိုင်း
ဖက်ထားလိုက်တယ် .....
အငိုတိတ်သွားပြီး .... ချက်ချင်း ပြောင်းလဲသွားတဲ့သူလိုခံစားရတယ်
ဘယ်အရာက .... ဘယ်သူက .... သူ့စိတ်ကိုပြန်ရှင်သန်စေတာလဲ

Ep 3 ( coming )

Continue Reading

You'll Also Like

1.1M 20.2K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
965K 22K 49
In wich a one night stand turns out to be a lot more than that.
148K 5K 100
'How I obsessively adore you' หห‹ยฐโ€ข*โ€โžท startedโž›30/03/2024 finishedโž› หห‹ยฐโ€ข*โ€โžท cover by me x
200K 19.3K 24
"๐™๐™ค๐™ช๐™˜๐™ ๐™ฎ๐™ค๐™ช๐™ง๐™จ๐™š๐™ก๐™›, ๐™œ๐™ž๐™ง๐™ก. ๐™„ ๐™ฌ๐™–๐™ฃ๐™ฃ๐™– ๐™จ๐™š๐™š ๐™ž๐™ฉ" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...