မငá€ēးက ငá€Ģ့မိနá€ēးမဖá€ŧစá€ēလá€Ŧမယá€ē့သူ (...

By Zphoowai

375K 19.3K 2.4K

Redflag- Beauty M-preg More

Intro
Profile
á€Ąá€•á€­á€¯á€„á€ēး (၁)
á€Ąá€•á€­á€¯á€„á€ēး (၂)
á€Ąá€•á€­á€¯á€„á€ēး (၃)
á€Ąá€•á€­á€¯á€„á€ēး (၄)
á€Ąá€•á€­á€¯á€„á€ēး (၅)
á€Ąá€•á€­á€¯á€„á€ēး (၆)
á€Ąá€•á€­á€¯á€„á€ēး (၇)
á€Ąá€•á€­á€¯á€„á€ēး (၈)
á€Ąá€•á€­á€¯á€„á€ēး (၉)
🌱
á€Ąá€•á€­á€¯á€„á€ēး (၁၀)
Emergency foods
Ice CREAM
🍃
á€Ąá€•á€­á€¯á€„á€ēး (၁၂)
á€Ąá€•á€­á€¯á€„á€ēး (၁၃)
á€Ąá€•á€­á€¯á€„á€ēး (၁၄)
á€Ąá€•á€­á€¯á€„á€ēး (၁၅)
á€Ąá€•á€­á€¯á€„á€ēး (၁၆)
á€Ąá€•á€­á€¯á€„á€ēး(၁၇)
á€Ąá€•á€­á€¯á€„á€ēး (၁၈)
á€Ąá€•á€­á€¯á€„á€ēး (၁၉)
á€Ąá€•á€­á€¯á€„á€ēး (၂၀)
á€Ąá€•á€­á€¯á€„á€ēး (၂၁)
á€Ąá€•á€­á€¯á€„á€ēး (၂၂)
á€Ąá€•á€­á€¯á€„á€ēး (၂၃)
á€Ąá€•á€­á€¯á€„á€ēး (၂၄)
á€Ąá€•á€­á€¯á€„á€ēး (၂၅)
á€Ąá€•á€­á€¯á€„á€ēး (၂၆)
á€Ąá€•á€­á€¯á€„á€ēး (၂၇)
á€Ąá€•á€­á€¯á€„á€ēး (၂၈)
á€Ąá€•á€­á€¯á€„á€ēး (၂၉)
á€Ąá€•á€­á€¯á€„á€ēး (၃၀)
á€Ąá€•á€­á€¯á€„á€ēး (၃၁)
á€Ąá€•á€­á€¯á€„á€ēး (၃၂)
á€Ąá€•á€­á€¯á€„á€ēး (၃၃)
á€Ąá€•á€­á€¯á€„á€ēး (၃၄)
á€Ąá€•á€­á€¯á€„á€ēး (၃၅)

á€Ąá€•á€­á€¯á€„á€ēး (၁၁)

10.1K 525 116
By Zphoowai

{Unicode}

... Babe...
တကယ်တော့ လူသတ်တယ်ဆိုတာ မုန်းလို့ အသတ်ခံရတာချည်းပဲ မဟုတ်ဘူး...။

***

လအနည်းငယ် ကြာသော်...

တန်ဆောင်မုန်းလ...
ကထိန်ပွဲ...

တန်ဆောင်မုန်းလ ရောက်လာသည်နှင့် ရပ်ရွာအလိုက် ကထိန်ပွဲများဖြင့် စည်ကားနေသည်...။ ပဒေသာအပင်များ... စာရေးတံမဲများဖြင့် အလှူရေစက် လက်နဲ့မကွာသော ကာလဖြစ်သည်...။

မကြာမီပင် ကျွန်တော်တို့ကတော့ ကျောင်းသွားတက်ရမည် ဖြစ်သည်...။ အစ်ကိုကတော့ ပြင်ဦးဘက်ကို သွားရမယ် ဖြစ်ပြီး ကျွန်တော်ကတော့ မကွေးဘက်မှာ တက်ရမည် ဖြစ်သည်...။

"အစ်ကို ... ​ပျိုးငယ်တို့ ငွေသားပဲ လှူမှာမလားဟင်?"

"အင်း..."

ထိုအချိန်မှာတော့ အစ်ကိုက အင်း တစ်လုံးဖြင့်သာ ခေါင်းကို ညိမ့်လျက်...။

နှစ်ယောက်သား လယ်ကွင်းများအပြည့် ဖြစ်နေသည့် နှမ်းပင်များနှင့် စပါးပင်များကို လာရောက်ကြည့်သည့် နေ့ပင်...။ တဲဘေးနား အပင်ခြေပိုင်းက သစ်ပင်တစ်ခုအပေါ် အစ်ကိုက ထိုင်ပြီး ကျွန်တော်ကတော့ ကျုံ့ကျုံ့ထိုင်ကာ အစ်ကို့ရင်ခွင်ထဲ တစောင်းအနေအထားဖြင့်....။

အစ်ကိုကတော့ ကျွန်တော့်ခါးမှ ခပ်ဖွဖွ ဖက်ထားပြီး ကျွန်တော့်ကို ကြည့်နေသည်။ ကျွန်တော်ကတော့ ဘေးအနားက မြက်ရိုင်းတစ်ခုကို ယူ လက်မှာကိုင်ကာ ဝေ့ရမ်းနေမိသည်....။

ဖုံးတုံးလုံးတုံး တန်ဆောင်မုန်းရဲ့ဆောင်းလေပြေ ညှင်းညှင်းလေးက မိမိတို့နှစ်ယောက်အကြား တိုးဝှေ့ကျီဆယ်နေသည်မို့ ပူအိုက်မှုကို မခံစားရ...။ အဝေးက အခြားလယ်ကွက်များ၏ ကန်သင်းရိုးမှ ကိုင်းပင်များက လေယူရာအတိုင်း မျှောလွှင့်နေသည်....။

"ဘယ်လောက် လှူမှာလဲ... ပျိုးငယ်က စာရေးတံမဲပါ ထည့်ချင်တာ... အစ်ကို့အမည်နဲ့... "

"အင်း...."

"ပြီးတော့... ပျိုးငယ် ချိုချဥ်လည်း ကမ်းချင်တာ...။"

ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်ကို မျက်မှောင်ကျုံ့ကာ ကြည့်လာပြီး....

"ငါ လိုက်ပို့မယ်...။"

"ရတယ်... မမကေသီတို့နဲ့ သွားလိုက်မယ်နော် အစ်ကို...။"

"........"

ထိုအချိန်မှာတော့ အစ်ကိုက ဘာမှမပြောတော့ဘဲ ကျွန်တော့်ကိုသာ ကြည့်နေတော့ ကျွန်တော်လည်း မနေတတ်စွာပင် ခေါင်းကို ငုံ့ထားမိလိုက်တော့သည်....။

ခဏအကြာမှာတော့ သူ့နံဘေးမှာ ရှိနေသည့် ကျွန်တော့်ကို အစ်ကိုက ဆတ်ခနဲ ပွေ့ယူကာ သူ့ရင်ခွင်ထဲသို့...။

တင်းကြပ်စွာ ပွေ့ဖက်ထားပြီး တစ်ခဏမှာတော့ လက်ခံရယူလိုက်သည်က အစ်ကို့ထံမှ ပြင်းရှရှ အနမ်းများ....။

ခဏအကြာမှာတော့ လူက အနည်းငယ် အသက်ရှု မဝတော့သည်မို့ အစ်ကို့မျက်နှာကို ဖယ်ကာ အစ်ကို့အနမ်းမှ လွှတ်မြောက်ဖို့ ပြင်မိတော့.... အစ်ကိုက ချက်ချင်းဆိုသလို ကျွန်တော့်လည်တိုင်မှ ဆွဲယူကာ အနမ်းတို့ တစ်ဖန်ပြန်လည်၍....

"ဖျစ်ညှစ်လိုက်ရင်လည်း တစ်ခါတည်းနဲ့... သေသွားဦးမှာ..."

ညနေပိုင်း

ညနေပိုင်းမှာတော့ ကျွန်တော်တို့ အိမ်ပြန်ရောက်ခဲ့ပြီ ဖြစ်သည်။ အိမ်ရောက်ပြီးချင်း ခဏ နား ရေချိုးပြီးသည်နှင့်  ဘုံကထိန် ပဒေသာအပင်များဖြင့် ရှိနေသည့် ဘုန်းကြီးကျောင်းသို့ လာခဲ့မိသည်...။ စာရေးတံမဲနှင့်အတူ အလှူငွေကို လှူခဲ့လိုက်မိသည်...။

ထို့နောက် အစ်ကိုနှင့်အတူ ကျောင်းဝန်းအပြည့် လိုက်ကြည့်နေမိသည်...။

"အစ်ကို... တအားစည်မှာနော်... အများကြီးပဲ...။ ပျိုးငယ် မနက်ဖြန် လာချင်တယ်... တစ်ခြားရွာက ကထိန်မှာ လာပြီး တရားနာတဲ့သူတွေကိုလည်း အကမ်းအလှမ်းတွေ အနေနဲ့ ပေးချင်တာ...။"

"......."

အစ်ကိုကတော့ ဘာမှမပြောတော့ဘဲ ကျွန်တော့်ကို ရပ်ကာ ကြည့်နေသည်...။ ဘုန်ကြီးကျောင်းဝန်းထဲမှာတော့ သာသနိက အဆောက်အအုံများဖြင့် ပြည့်နှက်နေသည်....။

ထို့အပြင် ကျောင်းဝန်ထဲမှာ သပြေပင်၊ ခရေပင်၊သနပ်ခါးပင်၊ ပုဏ္ဏရိတ်ပင်၊ ရွက်လှပင်၊သီးပင် ၊ စိန်ပန်းပင် များစွာ ရှိလေသည်...။ ပျိုးငယ်နှင့်အတူ အစ်ကိုကတော့ ဘုန်းကြီးကျောင်းထဲက မန်ကျည်းပင်အောက်မှာ ရှိနေမိသည်...။

ထိုမန်ကျည်းပင်မှ မန်ကျည်းပွင့်လေးများက တဖြုတ်ဖြုတ် ကြွေကျနေသည်...။ အစ်ကို့ခေါင်းမှ ဆံပင်နှင့် ပျိုးငယ်ခေါင်းမှ ဆံပင်များကို လေညှင်းလေးက သဲ့သဲ့ တိုက်ယူနေသည်မို့ လေနှင်ရာ မျှောလွှင့်နေသည့် ဆံပင်များကို ပျိုးငယ် သိမ်းယူနေမိသည်...။

"အစ်ကို... ပျိုးငယ် တစ်ခါလောက်တော့ အဲ့လိုလုပ်ချင်တယ်နော်...။"

ထိုအချိန်မှာတော့ အစ်ကိုက ဘာမှမပြောဘဲ ကျွန်တော့်လက်ကို ဆွဲကာ ဘုန်းကြီးကျောင်းဝန်းထဲမှ ထွက်လာခဲ့မိသည်...။

အဲ့ဒီဘုန်းကြီးကျောင်းက ထွက်လာပြီးသည့် နောက်မှာတော့... ကျွန်တော် အစ်ကို့ကို စကားမပြောတော့...။ လုပ်စရာရှိတာ လုပ်ပြီး အေးဆေးစွာပင် ရှိနေမိသည်...။ အစ်ကိုကတော့ သူ့အလုပ်ကိစ္စများကို လုပ်ပြီးတာနဲ့ ထမင်းစားဖို့ လာခေါ်လေပြီ....။

ကျွန်တော်ကတော့ အိမ်မှာ လာလုပ်နေသည့် အရီးလေးတို့အိမ်မှာ ရှိသည့် အမ များဖြင့် ရှိနေမိသည်...။

"ထမင်းစားမယ်...။"

အစ်ကိုက အလုပ်ကိစ္စ ပြီးသည်နှင့် ကျွန်တော်ရှိနေသည့် အိမ်အောက်ပိုင်းကို ကြည့်ကာ တံခါးဝမှာ ရပ်ပြီး အေးစက်စွာပင် ခေါ်လာလေပြီ....။ ကျွန်တော်ကတော့ တံခါးဝကို ကျောခိုင်းကာ မကြားချင်ယောင် ဆောင်နေမိသည်....။

အစ်ကိုလာသည်ကို သိသည်နှင့် အစ်မတစ်ချို့ကတော့ ကျွန်တော့်ကို မျက်နှာရိပ် မျက်နှာချေ ပြသည်...။ ကျွန်တော်က တမင်ပင် မသိချင်ယောင်ဆောင်နေလိုက်မိသည်....။

"ထမင်းစားမယ်..."

အစ်ကို့ဆီက နောက်တစ်ခါ ခေါ်သံ...။
အစ်ကိုက ဘယ်တော့မှ ထမင်းကို ကျွန်တော်မပါဘဲ စားလေ့မရှိပါ...။ ကျွန်တော် အရင်စားပြီးရင်လည်း သူထမင်းစားတဲ့အချိန် ကျွန်တော့်အနား ရှိနေစေချင်သေးတာမျိုးပင်...။

"ပျိုးငယ်... ဟိုမှာ ခေါ်နေတယ်လေ... ငဦးအကြောင်းလည်း သိရဲ့သားနဲ့...။ သွားလိုက်ပါကွယ်...။"

"နေပါစေ... သူ့ဘာသာ..."

"မဟုတ်သေးပါဘူး... ငဦးက ပျိုးငယ့်ကိုပဲ ကြည့်တတ်တဲ့သူ...။ သူ့စိတ်ကို ပျိုးငယ်လေးကပဲ ထိန်းချုပ်နိုင်တာလေ...။ အဲ့လိုမျိုးပဲ သူ့စိတ်ကို ဆွပေးနိုင်တာ ပျိုးငယ်လေးပဲလေ...။"

".... နေပါစေ...။"

သြော် ပျိုးငယ်လေးကတော့လေ... ဟိုကလဲ အခုထက်ထိ ပြတင်းပေါက်နားမှာ မတ်တပ်ရပ်လျက် ခေါ်နေတုန်းပင်....။ ကောက်သာ ကောက်တာ...သူက အထဲကို ဝင်ပြီး ခေါ်သွားလည်း ကျွန်တော် ဘာမှလုပ်နိုင်မှာမှ မဟုတ်တာ....။

အဲ့ဒီညနေက စ ပြီး ကျွန်တော် လိုချင်တာကို အစ်ကို မလိုက်လျောသရွေ့... အစ်ကို့အနားမသွားသလို အစ်ကို့ကိုလည်း အကပ်မခံ....။

"ထမင်းစားမယ်...."

နောက်ဆုံးတစ်ကြိမ် ထွက်ပေါ်လာချိန်မှာတော့ အသံက အေးစက်ပြီး ကြောက်စရာကောင်းနေပေမယ့် ကျွန်တော် လှည့်မကြည့်ခဲ့....။

ခဏအကြာမှာတော့ အစ်ကိုက ပြတင်းပေါက်ကနေ ခွာသွားသည့် အခါမှာတော့ နံဘေးက အစ်မများက...

"ဟဲ့... ပျိုးငယ်... သွားတော့...။ သွားလိုက်တော့ ဟို​က မလွယ်ဘူးနော်...။ ဘာတွေ သွားလုပ်နေလဲ? ပျိုးငယ် သွားလိုက်ပါဟယ်...။ ငဦးကို ပျိုးမှ ညှိပြောကြည့်ပါ...။ အခုတော့ သူ့ဆီ သွားလိုက်ပါ...။ မဟုတ်ရင် ပိုဆိုး... ဟယ်... အမလေး...."

အစ်မတစ်ယောက်၏ တံခါးပေါက်ဘက်ကို ကြည့်ပြီး ထိတ်လန့်သံအဆုံးမှာတော့ ကျွန်တော့်ခန္ဓာကိုယ်က ထိုအစ်မများ၏ လူအုပ်အကြား နစ်မြှုပ်သွားလေပြီ....။

တံခါးဘက် မျက်နှာကို ရောက်သွားပြီး ကြည့်လိုက်မိတော့ အစ်ကို့လက်ထဲမှာ မမြင်တွေ့တာ ကြာပြီ ဖြစ်တဲ့ ဓားတစ်လက်ဖြင့်....

"လာခဲ့..."

အစ်ကို့နောက်မှာတော့ အစ်ကို့အမေ အရီးလေးက ရှိနေသည်...။ အရီးလေးကတော့ အစ်ကို့ကို ဆွဲပြီး စိတ်လျှော့ဖို့ ဖြောင်းဖျနေသည်...။ အစ်ကိုကတော့ ပျိုးငယ်ကိုသာ ကြည့်နေသည်...။ ထိုတစ်ခဏမှာတော့... ကျွန်တော်လည်း ဘာမှမပြောဘဲ ကျွန်တော့်ရှေ့က ရပ်နေတဲ့ အစ်မများကို ကျော်ကာ အစ်ကို့ဆီသို့....။

အားလုံးက အစ်ကို့လက်ထဲက ဓားကို ကြောက်ပေမယ့် ကျွန်တော်ကတော့ အစ်ကို့ဆီသို့....။

အစ်ကိုကတော့ ကျွန်တော်လာသည်နှင့် ကျွန်တော့်လက်ကို လာရောက်ဆွဲကိုင်သည်...။ ထို့နောက် ထမင်းစားခန်းဆီသို့...

ညပိုင်း...

"ဘယ်လိုလဲ ငဦးရ... အခါတိုင်း ပျိုးငယ် အနားက မခွာတဲ့ သူက ဘယ်လိုဖြစ်ပြီး ငါတို့ကို ချိန်းပြီး အရက်သောက်ဖို့ လုပ်နေတာလဲ?"

ဝေကြီးကတော့ မနက်ဖြန် ကထိန်ပွဲအတွက် ချက်ဖိုဘက်ရောက်နေတာကိုပင် မိမိခေါ်သည်နှင့် လိုက်လာလေပြီ...။ အရင်လို ဝေကြီး ၊ မွန်ကြီး၊ တရုတ်ကြီးတို့နှင့်အတူ ဘီယာသောက်ဖို့ ချိန်းထားမိသည်....။

လက်တစ်ဖက်က ဆေးလိပ်ကို ညှပ်ထားမိပြီး ကျန်တစ်ဖက်က ဘီယာဗူးကို ကိုင်ကာ သောက်နေမိသည်...။ ဝေကြီးရဲ့ အမေးကို ဆေးလိပ်ငွေ့များကို မှုတ်ထုတ်ပြီးသည့် နောက်မှာတော့....

"အင်း...."

"ဘယ်လိုဖြစ်ရတာလဲကွာ?"

ဝေကြီးအမေးကို တရုတ်ကြီးကတော့...

"ဟ! ဝေကြီးရ... ငဦးက အခုလို ရူးနေမှတော့ သူ့မိန်းမက ကောက်နေလို့ပေါ့ကွာ...။ မင်းကလဲ သူငယ်ချင်း အရင်းတွေဖြစ်ပြီး ဒီလောက်တောင် မသိဘူးလား?"

တရုတ်ကြီးက နားလည်သလို ထောက်ပံ့ပေးမှု နောက်မှာတော့ ဝေကြီးက...

"အဲ့ဒါပဲကွ... လှတာမက်ရင် ညစာ ခက်တယ် ဆိုတာ...။ ပျိုးငယ်လေးက ဘာကောက်နေတာတုန်း?"

"ဒီအတိုင်း... ဘာမှမဟုတ်ပါဘူး...."

"တစ်ချို့တစ်လေကျ လိုက်လျောပေးလိုက်ပေါ့ကွာ...။ ပျိုးငယ်လေးက ငယ်ငယ်လေးနဲ့ အသက်တောင် မပြည့်သေးဘဲ မင်းက ယူထားတော့ သူ့ငယ်ရွယ်ချိန်မှာ ကောင်းကောင်း မပျော်လိုက်ရဘူးလေ....။ သူ လုပ်ချင်တာကို နည်းနည်းတော့ ဖြည့်ဆည်းပေးလိုက်ပါကွာ...။"

"......."

ဝေကြီးစကားကို ဘာမှမပြောဘဲ လေးလေးနက်နက် နားထောင်နေမိလိုက်သည်....။ ထို့နောက် ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်မိသည်...။ ထို့နောက် တစ်စုံတစ်ရာကို နက်နက်နဲနဲ စဥ်းစားပြီးသည့်နောက်....

ည ၁၀နါရီ...

ဝေကြီးတို့ ပြန်သွားပြီး နောက်မှာတော့ အိမ်ပေါ်ကို တက်လာမိသည်...။ အိမ်ပေါ်က အိပ်ရာ နေရာတွေမှာ မတွေ့တာမို့ အောက်သို့ ဆင်းလာမိတော့သည်....။

အိမ်အောက်က ဇာတ်ကားကြည့်နေသည့် အဖွဲ့တွေထဲမှာ ရှိနေသည့် ထိုကလေးကို မြင်စဥ်မှာတော့ ထိုနေရာသို့ သွားလိုက်ပြီး ဇွတ်အတင်း ပွေ့ယူလိုက်မိသည်...။

ထို့နောက် အလိုက်သင့် မရုန်းဘဲ ပါလာသည့် အကောင်အထည်ကို အိမ်ပေါ်က ဘုရားစဥ်ဘေး ပြတင်းပေါက်နားက သင်ဖြူးဖျာပေါ် ချပြီးသည့်နှင့် လည်ပင်းမှ သိုင်းဖက်ကာ ဝမ်းလျားထိုး မှောက်မိလိုက်သည်...။ ထို့နောက်...

"မနက် သွားဝယ်ပေးမယ်...။"

ဟင်...

နောက်တစ်နေ့...

... ဘုံကထိန်...
ဘုံကထိန် ဘုံကထိန် လှည့်လို့လာ...
လှမ်းဘေးက ကြည့်သူတွေ...
ကြိတ်ကြိတ်တိုး တအားစည်...

"၁-၂
ဝေး... စုစုပေါင်း ၂၀၁၂ထုပ်တိတိ ရှိတယ် အစ်ကို....။ အစ်ကို သွားတော့မှာလားဟင်... ဒါဆို ပျိုးငယ် ရေချိုးပြီး ထွက်လာခဲ့တော့မယ်နော်...။"

"........"

ခေါင်းကိုသာ ညိမ့်ပြလိုက်မိတော့သည်...။ ဘယ်လောက်တောင် ထိုလိုလုပ်မှာကို စိတ်အားထက်သန်နေလဲ မသိ... ချက်ချင်းကို ပြုံးပျော်သွားပြီး အစ်ကိုလို့ခေါ်ကာ ပြန်ကပ်သေးတာပင်...။

မိနစ်အနည်းငယ် အကြာ....

ဘုန်းကြီးကျောင်းထဲမှာပင် ရှိနေမိသည်...။ ပျိုးငယ်ကတော့ အကမ်းအလှမ်း ပြီးသည်နှင့် ကျွန်တော့်ဆီသို့ ပြန်လာခဲ့လေပြီ...။ စားချင်စရာရှိလည်း ဝယ်ကျွေးဖို့ ပူဆာတတ်သေးတာပင်...။

အခုလည်း ရင်ခွင်ထဲမှာ ဖရဲသီးကို တမြုံ့မြုံ့ဝါးကာ စားနေသည်မို့ ခေါင်းကိုသာ ဖွဖွ ပွတ်ပေးမိနေသည်....။

ဒီနေ့မှာတော့ အခြားရွာက လူများပါ ရောက်ရှိနေသည်မို့ အတော်လေးကို စည်စည်ကားကား ရှိနေပါသည်...။ ထို့အတူ ရင်ခွင်ထဲမှ ပျိုးငယ်ကိုလည်း ထူးဆန်းသလိုမျိုး ကြည့်ကြတာမျိုးမို့ ပိုပြီး ကာကွယ်ထားမိသည်....။

"မုန့်စားပြီးရင် ပြန်တော့မှာလား အစ်ကို...။"

"အင်း..."

"အဲ့ဒါဆိုရင် ပျိုးငယ် မုန့်တွေအများကြီး ဝယ်ခဲ့မယ်နော်...။"

"......"

ဘာမှမပြောဘဲ ခေါင်းကိုသာ ညိမ့်ပြလိုက်မိသည်...။ ပျိုးငယ်ကတော့ ဘာကိုမှ အလေးစိုက်ဟန် မရှိပေမယ့် ထူးခြားမှုအပြည့်နဲ့ သူ့ပုံစံလေးကို ငေးကြည့်နေသူများဖြင့် မဆုံးတော့....။

မိမိလည်း ပျိုးငယ် ခေါင်းကို ဖွဖွပွတ်လိုက် ဆံပင်မွှေး အစွယ်အပွားလေးများဖြင့် ရှိနေသည့် နားထင်စပ်ကို နမ်းရှိုက်ကာ ဖက်ထားမိသည်။

ခဏအကြာမှာတော့ ပျိုးငယ်က သူ့လက်ထဲမှ ဖရဲသီးအစိတ်ကို မိမိလက်ထဲသို့ လွှဲပြောင်းကိုင်ခိုင်းပြီးသည့်နောက် သူ့ကို ဖက်ထားသည့် နောက်လ​က်တစ်ဖက်ကို သူ့လက်ဖဝါးဖြင့် ယှဥ်ကာ တိုင်းလေသည်.... ။

"အင်း... အစ်ကို့လက်က အကြီးကြီးပဲ...။ ပျိုးငယ် လက်ထဲမှာဆို ဖရဲသီးစိတ်က အကြီးကြီး...။ အစ်ကို့လက်နဲ့ဆို အံဝင်ခွင်ကျပဲ....။"

မိမိလက်နှင့် သူ့လက်ကို ယှဥ်ကာ သဘောကျနေသည့် ပျိုးငယ်ကတော့ အူယားလွန်းလို့ သတ်ပစ်ချင်စရာ ကောင်းသည့်အထိ...။ ခဏအကြာမှာတော့ မိမိလက်ထဲမှ ဖရဲသီးစိတ်ကို ယူသွားလေသည်မို့ ....

အားလပ်သွားသည့် ထိုလက်တစ်ဖက်ကိုတော့ ပျိုးငယ်လည်ပင်းမှာ ဖိညှစ်ဖို့ ဟန်ပြင်မိသည်....။

...ဖျစ်ညှစ်လိုက်ရင်လည်း ဒါလေးက တစ်ချက်တည်းနဲ့ သေသွားမှာ...

ရွာကထိန်ပွဲမှာတော့ စည်စည်ကားကား သိုက်သိုက် ဝန်းဝန်း ရှိပေမယ့် ဘုန်းကြီးကျောင်းတစ်ဖက် လူအရောက်များသည့် ဇောင်းတန်းတစ်ဖက်မှာတော့ လူနှစ်ယောက်...

တစ်ယောက်က တစ်ယောက်၏ ရင်ခွင်ထဲ၌ ရှိနေပြီး အရာအားလုံးကို လိုက်ကြည့်နေဟန်ဖြင့်...

"ငဦး... ကျောင်းပေါ်မသွားတော့ဘူးလား?"

"အင်း... မသွားဘူး...။"

မျက်နှာတည်ဖြင့် ဖြေလာသည့် ငဦးကို ခဏကြည့်ကာ သူ့ရင်ခွင်ထဲမှာ နေသားတကျ ရှိနေသည့် ပျိုးငယ်ကို တစ်ချက်ကြည့်လိုက်မိပြီး....

"ဘာဖြစ်လို့လဲ? ပျိုးငယ်ကို အရေးအကြောင်းဆို ဘာဖြစ်လို့ မင်းရင်ခွင်ထဲ ထည့်ထည့်ထားတာလဲ?"

ထိုအချိန်မှာတော့ ငဦးက မျက်မှောင်ကျုံ့ကာ ကြည့်လာပြီး ခပ်တည်တည် ဖြေချလိုက်သည်က...

"ငါ သတ်ချင်ရင် တကူးတက လိုက်မရှာရအောင်လို့...။"

ဟမ်...
အပျောက်မခံနိုင်ရင် မခံနိုင်ဘူးပေါ့...။
သတ်မယ်ဆိုတဲ့ သူကလဲ သူ့ဟာလေးကို ကျွေးမွေးနေတာများ ရစရာမရှိ...။

နေ့တိုင်း ငဦးလက်ရာနဲ့ အမာရွတ်ဆိုတာ ပျောက်တယ်မရှိ...
ရိုက်ခံရတာ မဟုတ်ဘူး... အချစ်ခံထားရတာ... အချစ်ကြီးပြီး ဖျစ်ညှစ်ကိုက်ခံထားရတာမျိုး....။

ငဦးလို လူမျိုးက အတွေ့ရော အငွေ့ရောကို စားတာ...။
ကြောင်အိုကြီးရဲ့ မီးတံတို အဆီကို စားလို့ အသားကိုမြို... မဟုတ်ဘူး ငဦးက ပျိုးငယ်ဆို အရိုးတောင် ချန်မှာမဟုတ်....။

နောက်ပိုင်း ပျိုးငယ် နာမည်ကို ခေါ်သင့်သည်က ...
ငဦး စားစရာ...
ငဦး ကစားစရာ...

ပျိုးငယ်လေး တစ်ကိုယ်လုံးမှာလည်း Nga Oo effectကြောင့် ပြောကို မပြောချင်တော့....။

ငဦးရဲ့ ထိပ်ပိတ်နေသည့် အဖြေတစ်ခုနောက်မှာတော့...

"အင်း... ပြီးကျ ကျောင်းပေါ်ကို ခဏလာဦး... ဒီနေ့ကြွလာတဲ့ အာဂန္နုကိုယ်တော်တွေနဲ့ ဘေးရွာက ဧည့်သည်တွေကို ထမင်းကျွေးဖို့ စီစဥ်ရဦးမှာ...။"

"......"

ငဦးက ဘာမှမပြောဘဲ ဆိတ်ဆိတ်နေသည်မို့ သူ လက်ခံသည်ဟုသာ ယူဆပါသည်...။ ငဦးက ပျိုးငယ်က လွဲပြီး ဘယ်ကိုမှ အာရုံထဲ သိပ်မရှိတာမို့ ထူးထွေပြီး သူ့ဆီက အာရုံစိုက်မှုကို မလိုချင်တော့....

ဝေကြီးကတော့ ကျောင်းပေါ်သို့ သွားလေသည်မို့ ထိုနောက်ကို တစ်ချက်ကြည့်ပြီးသည်နှင့် ပျိုးငယ်ကို တစ်ချက်ကြည့်မိလိုက်သည်...။

"မကေသီ... အမေတို့နဲ့ နေခဲ့နော်... ဘယ်မှလျှောက်မသွားနဲ့...။ ခဏနေရင် ကျောင်းပေါ် ခဏ သွားကူလုပ်မလို့...။"

"ဟုတ်ကဲ့ အစ်ကို... "

ပျိုးငယ်ကို အသေအချာပင် အမေတို့ဆီ ပို့ပြီးသည့် နောက်မှာတော့ ကျောင်းပေါ်သို့ သွားမိသည်...။ ငဦးကတော့ ပျိုးငယ်ကို ကျွန်မတို့ဆီ အပ်သွားပြီး တကြည့်ကြည့်ဖြင့်ပင် ကျောင်းပေါ်သို့ တက်သွားလေပြီ..။

အင်းပေါ့... ဒီအတိုင်းဆိုရင်တောင် ပျိုးငယ်ကို ကြည့်တတ်တဲ့ တစ်စုံတစ်ယောက်ရှိရင်တောင် သူ့မှာ possessive ဖြစ်လို့ ရူးလို့... ဖွက်ထားရတာနဲ့ ဘာနဲ့...။ အခုက လူတွေအများကြီးကို... ဒီလိုအချိန်မှာမှ ပျိုးငယ်ခြေလှမ်းတစ်လှမ်းမှားလို့ကတော့ ဒီအချိန်မှ မသတ်ရင် ဘယ်အချိန်မှာမှ သတ်မှာမဟုတ်ဘူး....။

မကြာမီပင် ကျောင်းဝန်းထဲသို့ တစ်ခြားရွာမှ ပန်းကပ်သည့် အဖွဲ့များ ရောက်လာချိန်မှာတော့ လူကြားထဲ ရှိနေသည့် ပျိုးငယ်ကို ဘယ်လို မြင်သွားလဲ မသိ....။

ပျိုးငယ်ကို ခေါ်ကာ သူ့လက်ထဲ ပန်းဗန်းကို ထည့်ကာ ဘုန်းကြီးကျောင်းအတွင် လှည့်လည်ဖို့ တန်းစီကာ ရပ်နေတာမျိုးပင်...။ ပျိုးငယ်ကတော့ လက်ထဲမှ ပန်းဗန်းကို ကိုင်ကာ ကြောင်တောင်တောင်ဖြင့်....။

မိမိတို့လည်း ငဦး ရှိနေသည့် ကျောင်းပေါ်ကို တစ်ချက်ကြည့်လိုက် ပျိုးငယ်ကို ကြည့်လိုက်ဖြင့် ဗျာများနေသည်။ ဟိုဘက်ကလည်း ပျိုးငယ်အပေါ်မှာပဲ အာရုံတွေ စူးစူးစိုက်စိုက်...။ ပျိုးငယ်ကတော့ ကျွန်မကို တကြည့်ကြည့်ဖြင့်ပင်....။

"ကဲပါ... သွားလိုက်ပါ... ငဦးက ကျောင်းပေါ်မှာ ရှိနေတာ ဘာမှတော့ မဖြစ်လောက်ဘူး...။ သူမမြင်ခင်ဘဲ ကျောင်းဝန်းတစ်ပတ် ပတ်တာ ပြီးသွားမှာပဲ... ။ မြန်မြန်လျှောက်လိုက်နော်...။"

"မမ... အစ်ကိုက-..."

ပျိုးငယ်လည်း ဘာမှမပြောနိုင်တော့ဘဲ လူတန်းရှည် ပန်းဗန်းကန်တဲ့ အထဲမှာ တန်းစီ၍....။ ကျန်တဲ့ ကျောင်းပေါ်က ကာလသားများကတော့ ထိုပန်းဗန်းကိုင်သည့် ဘက်သို့ စိတ်ဝင်တစား ကြည့်ပေမယ့် ငဦးကတော့ ပျိုးငယ်ကလွဲရင် ဘာကိုမှ စိတ်မဝင်စားတတ်သူမို့သာ တော်တော့မည်ဟူ၍....။ ကျောင်းပေါ်က ကြည့်နေသည့် ကာလသားတစ်သိုက်ထဲ ငဦးတော့ ပါမနေလောက်ဘူး မလား?

ကျွန်မတို့ဆီ အပ်ခဲ့တာမို့ တစ်ခုခုဆို ကျွန်မတို့မှာ ပြဿနာရှိသည်မို့ မိမိမှာ တရားနာဖို့ ကောင်းကောင်းတောင် မလုပ်နိုင်တော့ဘဲ ပျိုးငယ်ကိုသာ လိုက်ကြည့်နေမိတော့သည်....။

မကြည့်ပါနဲ့ ပြောတာကို တကယ်မကြည့်ခဲ့ပေမယ့် ကျောင်းလှေကားပေါ်မှ ဆင်းလာသည့် တစ်စုံတစ်ယောက်က သူ့အာရုံများက အခြားသူများ၏ အာရုံနှင့်ဆန့်ကျင်ဘက်....

မိမိတို့ဆီ တရွေ့ရွေ့ လျှောက်လာသည့် ငဦးက အကြည့်တို့က မိမိတို့ဆီ ရောက်နေပေမယ့် တစ်စုံတစ်ယောက်ကိုသာ...
မိမိလည်း အသည်းအသန် ဘယ်လိုဖြေရှင်းရမှန်း မသိ ဖြစ်နေစဥ်မှာပင်....

"ပျိုးငယ်ရော...မကေသီ..."

ပျိုးငယ်ကို မတွေ့သည်နှင့် မျက်နှာထားက တည်လျက် ရှိရာ မေးနေတော့....

"ဟို ငဦး... ပျိုးငယ်ကလေ-"

ငဦးက နည်းနည်းမျက်မှောင်ကျုံ့ကာ ကြည့်လိုက်စဥ်မှာတော့ မိမိလည်း ဘယ်လိုပြောရမှန်းမသိ....။ ခဏအကြာမှာတော့ ငဦးက သူ့လက်သီးကိုပါ ​ဆုပ်ထားပြီးနောက်မှာ...

"ဘယ်မှာလဲ?"

"ဟို... ငဦး... ပျိုးငယ်ကလေ..."

မိမိလည်း ဘယ်လိုဖြေရှင်းရမှန်း မသိခင် ဘုန်းကြီးကျောင်းတစ်ပတ် ပတ်ကာ ပြန်လာသည့် ပျိုးငယ်ကတော့ ဒီဘက်ကို လျှောက်လျက်....

အားလုံးက ထိုပန်းတန်းကို အာရုံစိုက်ချိန် မိုလို့လည်း ပိုဆိုးသွားသည် ထင်သည်...။ ထိုပန်းဗန်းလေးကို တစ်ဖက်၌ ချကာ မိမိဆီသို့ ပြန်လာဖို့ ကြိုးစားနေသည့် ပျိုးငယ်က ငဦးကို ခြေလှမ်းတို့ကို တုံ့နှေးသွားလေပြီ....။

အစ်ကို...

ကျွန်တော် ခြေလှမ်းကို ယောင်ယောင်မှားမှားဖြင့် အစ်ကို့ကို ကြည့်မိနေသည့် အစ်ကိုကတော့ လက်သီးကိုသာ ကြပ်ကြပ်ဆုပ်ပြီးသည့် နောက်မှာတော့ ကျွန်တော့်ဆီ တရွေ့ရွေ့....

ထိုချိန်မှာတော့...
အစ်ကို ပြောခဲ့ဖူးသည့် စကားကိုသာ နားထဲကြားယောင်မိတော့သည်....။

'ဒီမျက်နှာပေါ်က အရည်ခွံတွေ ဆွဲခွာပစ်မယ်....'

Next part spoil...

"ဆရာ ကလေးဖျားနေလို့ လိုက်ခဲ့ပေးပါ..."

ဟမ်...
သူ့မှာ ကလေးရှိတာလား? သူ ယူထားတာက ပျိုးပင်ငယ်ဆိုတဲ့ ယောကျ်ားသားမလား?

မတော်မရော်လို့တောင် ကိုယ်ဝန်မရနိုင်ဘူး မလား? မဖြစ်နိုင်တာချည်း ဆိုပေမယ့် ကျေးဇူးပြုပြီး မရောက်ပါနဲ့....
ကလေးမရပါစေနဲ့...

ကလေးရသွားရင် နွယ် လွန်ဆွဲရမှာက နှစ်ယောက်နဲ့ ဖြစ်သွားလိမ့်မယ်...

ကြည့်ပါဦး...
သူက အဲ့ဒီအရာလေးကို ရင်ခွင်ထဲမှာ ချော့ကာ သိပ်နေတာမျိုး...
သူ့လက်ဖဝါး ကြမ်းကြမ်းတွေကလေ... အဲ့ဒီအရာအတွက်ကျတော့...

.... မောင်...

N- ကဲ နောက်ထပ် အပိုင်းတွေအတွက် Brave yourself...
ငဦးက သူ့မိန်းမသူ သတ်မိသွားလည်း အဆင်ပြေတယ်မလား?

Saturday:Nov:18:2023:22:12PM

😐

Zawgyi

... Babe...
တကယ္ေတာ့ လူသတ္တယ္ဆိုတာ မုန္းလို႔ အသတ္ခံရတာခ်ည္းပဲ မဟုတ္ဘူး...။

***

တန္ေဆာင္မုန္းလ...
ကထိန္ပြဲ...

တန္ေဆာင္မုန္းလ ေရာက္လာသည္ႏွင့္ ရပ္႐ြာအလိုက္ ကထိန္ပြဲမ်ားျဖင့္ စည္ကားေနသည္...။ ပေဒသာအပင္မ်ား... စာေရးတံမဲမ်ားျဖင့္ အလႉေရစက္ လက္နဲ႕မကြာေသာ ကာလျဖစ္သည္...။

မၾကာမီပင္ ကြၽန္ေတာ္တို႔ကေတာ့ ေက်ာင္းသြားတက္ရမည္ ျဖစ္သည္...။ အစ္ကိုကေတာ့ ျပင္ဦးဘက္ကို သြားရမယ္ ျဖစ္ၿပီး ကြၽန္ေတာ္ကေတာ့ မေကြးဘက္မွာ တက္ရမည္ ျဖစ္သည္...။

"အစ္ကို ... ပ်ိဳးငယ္တို႔ ေငြသားပဲ လႉမွာမလားဟင္?"

"အင္း..."

ထိုအခ်ိန္မွာေတာ့ အစ္ကိုက အင္း တစ္လုံးျဖင့္သာ ေခါင္းကို ညိမ့္လ်က္...။

ႏွစ္ေယာက္သား လယ္ကြင္းမ်ားအျပည့္ ျဖစ္ေနသည့္ ႏွမ္းပင္မ်ားႏွင့္ စပါးပင္မ်ားကို လာေရာက္ၾကည့္သည့္ ေန႕ပင္...။ တဲေဘးနား အပင္ေျခပိုင္းက သစ္ပင္တစ္ခုအေပၚ အစ္ကိုက ထိုင္ၿပီး ကြၽန္ေတာ္ကေတာ့ က်ဳံ႕က်ဳံ႕ထိုင္ကာ အစ္ကို႔ရင္ခြင္ထဲ တေစာင္းအေနအထားျဖင့္....။

အစ္ကိုကေတာ့ ကြၽန္ေတာ့္ခါးမွ ခပ္ဖြဖြ ဖက္ထားၿပီး ကြၽန္ေတာ့္ကို ၾကည့္ေနသည္။ ကြၽန္ေတာ္ကေတာ့ ေဘးအနားက ျမက္ရိုင္းတစ္ခုကို ယူ လက္မွာကိုင္ကာ ေဝ့ရမ္းေနမိသည္....။

ဖုံးတုံးလုံးတုံး တန္ေဆာင္မုန္းရဲ႕ေဆာင္းေလေျပ ညွင္းညွင္းေလးက မိမိတို႔ႏွစ္ေယာက္အၾကား တိုးေဝွ႕က်ီဆယ္ေနသည္မို႔ ပူအိုက္မႈကို မခံစားရ...။ အေဝးက အျခားလယ္ကြက္မ်ား၏ ကန္သင္းရိုးမွ ကိုင္းပင္မ်ားက ေလယူရာအတိုင္း ေမွ်ာလႊင့္ေနသည္....။

"ဘယ္ေလာက္ လႉမွာလဲ... ပ်ိဳးငယ္က စာေရးတံမဲပါ ထည့္ခ်င္တာ... အစ္ကို႔အမည္နဲ႕... "

"အင္း...."

"ၿပီးေတာ့... ပ်ိဳးငယ္ ခ်ိဳခ်ဥ္လည္း ကမ္းခ်င္တာ...။"

ထိုအခ်ိန္မွာေတာ့ အစ္ကိုက ကြၽန္ေတာ့္ကို မ်က္ေမွာင္က်ဳံ႕ကာ ၾကည့္လာၿပီး....

"ငါ လိုက္ပို႔မယ္...။"

"ရတယ္... မမေကသီတို႔နဲ႕ သြားလိုက္မယ္ေနာ္ အစ္ကို...။"

"........"

ထိုအခ်ိန္မွာေတာ့ အစ္ကိုက ဘာမွမေျပာေတာ့ဘဲ ကြၽန္ေတာ့္ကိုသာ ၾကည့္ေနေတာ့ ကြၽန္ေတာ္လည္း မေနတတ္စြာပင္ ေခါင္းကို ငုံ႕ထားမိလိုက္ေတာ့သည္....။

ခဏအၾကာမွာေတာ့ သူ႕နံေဘးမွာ ရွိေနသည့္ ကြၽန္ေတာ့္ကို အစ္ကိုက ဆတ္ခနဲ ေပြ႕ယူကာ သူ႕ရင္ခြင္ထဲသို႔...။

တင္းၾကပ္စြာ ေပြ႕ဖက္ထားၿပီး တစ္ခဏမွာေတာ့ လက္ခံရယူလိုက္သည္က အစ္ကို႔ထံမွ ျပင္းရွရွ အနမ္းမ်ား....။

ခဏအၾကာမွာေတာ့ လူက အနည္းငယ္ အသက္ရႈ မဝေတာ့သည္မို႔ အစ္ကို႔မ်က္ႏွာကို ဖယ္ကာ အစ္ကို႔အနမ္းမွ လႊတ္ေျမာက္ဖို႔ ျပင္မိေတာ့.... အစ္ကိုက ခ်က္ခ်င္းဆိုသလို ကြၽန္ေတာ့္လည္တိုင္မွ ဆြဲယူကာ အနမ္းတို႔ တစ္ဖန္ျပန္လည္၍....

"ဖ်စ္ညွစ္လိုက္ရင္လည္း တစ္ခါတည္းနဲ႕... ေသသြားဦးမွာ..."

ညေနပိုင္း

ညေနပိုင္းမွာေတာ့ ကြၽန္ေတာ္တို႔ အိမ္ျပန္ေရာက္ခဲ့ၿပီ ျဖစ္သည္။ အိမ္ေရာက္ၿပီးခ်င္း ခဏ နား ေရခ်ိဳးၿပီးသည္ႏွင့္ ဘုံကထိန္ ပေဒသာအပင္မ်ားျဖင့္ ရွိေနသည့္ ဘုန္းႀကီးေက်ာင္းသို႔ လာခဲ့မိသည္...။ စာေရးတံမဲႏွင့္အတူ အလႉေငြကို လႉခဲ့လိုက္မိသည္...။

ထို႔ေနာက္ အစ္ကိုႏွင့္အတူ ေက်ာင္းဝန္းအျပည့္ လိုက္ၾကည့္ေနမိသည္...။

"အစ္ကို... တအားစည္မွာေနာ္... အမ်ားႀကီးပဲ...။ ပ်ိဳးငယ္ မနက္ျဖန္ လာခ်င္တယ္... တစ္ျခား႐ြာက ကထိန္မွာ လာၿပီး တရားနာတဲ့သူေတြကိုလည္း အကမ္းအလွမ္းေတြ အေနနဲ႕ ေပးခ်င္တာ...။"

"......."

အစ္ကိုကေတာ့ ဘာမွမေျပာေတာ့ဘဲ ကြၽန္ေတာ့္ကို ရပ္ကာ ၾကည့္ေနသည္...။ ဘုန္ႀကီးေက်ာင္းဝန္းထဲမွာေတာ့ သာသနိက အေဆာက္အအုံမ်ားျဖင့္ ျပည့္ႏွက္ေနသည္....။

ထို႔အျပင္ ေက်ာင္းဝန္ထဲမွာ သေျပပင္၊ ခေရပင္၊သနပ္ခါးပင္၊ ပုဏၰရိတ္ပင္၊ ႐ြက္လွပင္၊သီးပင္ ၊ စိန္ပန္းပင္ မ်ားစြာ ရွိေလသည္...။ ပ်ိဳးငယ္ႏွင့္အတူ အစ္ကိုကေတာ့ ဘုန္းႀကီးေက်ာင္းထဲက မန္က်ည္းပင္ေအာက္မွာ ရွိေနမိသည္...။

ထိုမန္က်ည္းပင္မွ မန္က်ည္းပြင့္ေလးမ်ားက တျဖဳတ္ျဖဳတ္ ေႂကြက်ေနသည္...။ အစ္ကို႔ေခါင္းမွ ဆံပင္ႏွင့္ ပ်ိဳးငယ္ေခါင္းမွ ဆံပင္မ်ားကို ေလညွင္းေလးက သဲ့သဲ့ တိုက္ယူေနသည္မို႔ ေလႏွင္ရာ ေမွ်ာလႊင့္ေနသည့္ ဆံပင္မ်ားကို ပ်ိဳးငယ္ သိမ္းယူေနမိသည္...။

"အစ္ကို... ပ်ိဳးငယ္ တစ္ခါေလာက္ေတာ့ အဲ့လိုလုပ္ခ်င္တယ္ေနာ္...။"

ထိုအခ်ိန္မွာေတာ့ အစ္ကိုက ဘာမွမေျပာဘဲ ကြၽန္ေတာ့္လက္ကို ဆြဲကာ ဘုန္းႀကီးေက်ာင္းဝန္းထဲမွ ထြက္လာခဲ့မိသည္...။

အဲ့ဒီဘုန္းႀကီးေက်ာင္းက ထြက္လာၿပီးသည့္ ေနာက္မွာေတာ့... ကြၽန္ေတာ္ အစ္ကို႔ကို စကားမေျပာေတာ့...။ လုပ္စရာရွိတာ လုပ္ၿပီး ေအးေဆးစြာပင္ ရွိေနမိသည္...။ အစ္ကိုကေတာ့ သူ႕အလုပ္ကိစၥမ်ားကို လုပ္ၿပီးတာနဲ႕ ထမင္းစားဖို႔ လာေခၚေလၿပီ....။

ကြၽန္ေတာ္ကေတာ့ အိမ္မွာ လာလုပ္ေနသည့္ အရီးေလးတို႔အိမ္မွာ ရွိသည့္ အမ မ်ားျဖင့္ ရွိေနမိသည္...။

"ထမင္းစားမယ္...။"

အစ္ကိုက အလုပ္ကိစၥ ၿပီးသည္ႏွင့္ ကြၽန္ေတာ္ရွိေနသည့္ အိမ္ေအာက္ပိုင္းကို ၾကည့္ကာ တံခါးဝမွာ ရပ္ၿပီး ေအးစက္စြာပင္ ေခၚလာေလၿပီ....။ ကြၽန္ေတာ္ကေတာ့ တံခါးဝကို ေက်ာခိုင္းကာ မၾကားခ်င္ေယာင္ ေဆာင္ေနမိသည္....။

အစ္ကိုလာသည္ကို သိသည္ႏွင့္ အစ္မတစ္ခ်ိဳ႕ကေတာ့ ကြၽန္ေတာ့္ကို မ်က္ႏွာရိပ္ မ်က္ႏွာေခ် ျပသည္...။ ကြၽန္ေတာ္က တမင္ပင္ မသိခ်င္ေယာင္ေဆာင္ေနလိုက္မိသည္....။

"ထမင္းစားမယ္..."

အစ္ကို႔ဆီက ေနာက္တစ္ခါ ေခၚသံ...။
အစ္ကိုက ဘယ္ေတာ့မွ ထမင္းကို ကြၽန္ေတာ္မပါဘဲ စားေလ့မရွိပါ...။ ကြၽန္ေတာ္ အရင္စားၿပီးရင္လည္း သူထမင္းစားတဲ့အခ်ိန္ ကြၽန္ေတာ့္အနား ရွိေနေစခ်င္ေသးတာမ်ိဳးပင္...။

"ပ်ိဳးငယ္... ဟိုမွာ ေခၚေနတယ္ေလ... ငဦးအေၾကာင္းလည္း သိရဲ႕သားနဲ႕...။ သြားလိုက္ပါကြယ္...။"

"ေနပါေစ... သူ႕ဘာသာ..."

"မဟုတ္ေသးပါဘူး... ငဦးက ပ်ိဳးငယ့္ကိုပဲ ၾကည့္တတ္တဲ့သူ...။ သူ႕စိတ္ကို ပ်ိဳးငယ္ေလးကပဲ ထိန္းခ်ဳပ္နိုင္တာေလ...။ အဲ့လိုမ်ိဳးပဲ သူ႕စိတ္ကို ဆြေပးနိုင္တာ ပ်ိဳးငယ္ေလးပဲေလ...။"

".... ေနပါေစ...။"

ေၾသာ္ ပ်ိဳးငယ္ေလးကေတာ့ေလ... ဟိုကလဲ အခုထက္ထိ ျပတင္းေပါက္နားမွာ မတ္တပ္ရပ္လ်က္ ေခၚေနတုန္းပင္....။ ေကာက္သာ ေကာက္တာ...သူက အထဲကို ဝင္ၿပီး ေခၚသြားလည္း ကြၽန္ေတာ္ ဘာမွလုပ္နိုင္မွာမွ မဟုတ္တာ....။

အဲ့ဒီညေနက စ ၿပီး ကြၽန္ေတာ္ လိုခ်င္တာကို အစ္ကို မလိုက္ေလ်ာသေ႐ြ႕... အစ္ကို႔အနားမသြားသလို အစ္ကို႔ကိုလည္း အကပ္မခံ....။

"ထမင္းစားမယ္...."

ေနာက္ဆုံးတစ္ႀကိမ္ ထြက္ေပၚလာခ်ိန္မွာေတာ့ အသံက ေအးစက္ၿပီး ေၾကာက္စရာေကာင္းေနေပမယ့္ ကြၽန္ေတာ္ လွည့္မၾကည့္ခဲ့....။

ခဏအၾကာမွာေတာ့ အစ္ကိုက ျပတင္းေပါက္ကေန ခြာသြားသည့္ အခါမွာေတာ့ နံေဘးက အစ္မမ်ားက...

"ဟဲ့... ပ်ိဳးငယ္... သြားေတာ့...။ သြားလိုက္ေတာ့ ဟိုက မလြယ္ဘူးေနာ္...။ ဘာေတြ သြားလုပ္ေနလဲ? ပ်ိဳးငယ္ သြားလိုက္ပါဟယ္...။ ငဦးကို ပ်ိဳးမွ ညွိေျပာၾကည့္ပါ...။ အခုေတာ့ သူ႕ဆီ သြားလိုက္ပါ...။ မဟုတ္ရင္ ပိုဆိုး... ဟယ္... အမေလး...."

အစ္မတစ္ေယာက္၏ တံခါးေပါက္ဘက္ကို ၾကည့္ၿပီး ထိတ္လန့္သံအဆုံးမွာေတာ့ ကြၽန္ေတာ့္ခႏၶာကိုယ္က ထိုအစ္မမ်ား၏ လူအုပ္အၾကား နစ္ျမႇုပ္သြားေလၿပီ....။

တံခါးဘက္ မ်က္ႏွာကို ေရာက္သြားၿပီး ၾကည့္လိုက္မိေတာ့ အစ္ကို႔လက္ထဲမွာ မျမင္ေတြ႕တာ ၾကာၿပီ ျဖစ္တဲ့ ဓားတစ္လက္ျဖင့္....

"လာခဲ့..."

အစ္ကို႔ေနာက္မွာေတာ့ အစ္ကို႔အေမ အရီးေလးက ရွိေနသည္...။ အရီးေလးကေတာ့ အစ္ကို႔ကို ဆြဲၿပီး စိတ္ေလွ်ာ့ဖို႔ ေျဖာင္းဖ်ေနသည္...။ အစ္ကိုကေတာ့ ပ်ိဳးငယ္ကိုသာ ၾကည့္ေနသည္...။ ထိုတစ္ခဏမွာေတာ့... ကြၽန္ေတာ္လည္း ဘာမွမေျပာဘဲ ကြၽန္ေတာ့္ေရွ႕က ရပ္ေနတဲ့ အစ္မမ်ားကို ေက်ာ္ကာ အစ္ကို႔ဆီသို႔....။

အားလုံးက အစ္ကို႔လက္ထဲက ဓားကို ေၾကာက္ေပမယ့္ ကြၽန္ေတာ္ကေတာ့ အစ္ကို႔ဆီသို႔....။

အစ္ကိုကေတာ့ ကြၽန္ေတာ္လာသည္ႏွင့္ ကြၽန္ေတာ့္လက္ကို လာေရာက္ဆြဲကိုင္သည္...။ ထို႔ေနာက္ ထမင္းစားခန္းဆီသို႔...

ညပိုင္း...

"ဘယ္လိုလဲ ငဦးရ... အခါတိုင္း ပ်ိဳးငယ္ အနားက မခြာတဲ့ သူက ဘယ္လိုျဖစ္ၿပီး ငါတို႔ကို ခ်ိန္းၿပီး အရက္ေသာက္ဖို႔ လုပ္ေနတာလဲ?"

ေဝႀကီးကေတာ့ မနက္ျဖန္ ကထိန္ပြဲအတြက္ ခ်က္ဖိုဘက္ေရာက္ေနတာကိုပင္ မိမိေခၚသည္ႏွင့္ လိုက္လာေလၿပီ...။ အရင္လို ေဝႀကီး ၊ မြန္ႀကီး၊ တ႐ုတ္ႀကီးတို႔ႏွင့္အတူ ဘီယာေသာက္ဖို႔ ခ်ိန္းထားမိသည္....။

လက္တစ္ဖက္က ေဆးလိပ္ကို ညွပ္ထားမိၿပီး က်န္တစ္ဖက္က ဘီယာဗူးကို ကိုင္ကာ ေသာက္ေနမိသည္...။ ေဝႀကီးရဲ႕ အေမးကို ေဆးလိပ္ေငြ႕မ်ားကို မႈတ္ထုတ္ၿပီးသည့္ ေနာက္မွာေတာ့....

"အင္း...."

"ဘယ္လိုျဖစ္ရတာလဲကြာ?"

ေဝႀကီးအေမးကို တ႐ုတ္ႀကီးကေတာ့...

"ဟ! ေဝႀကီးရ... ငဦးက အခုလို ႐ူးေနမွေတာ့ သူ႕မိန္းမက ေကာက္ေနလို႔ေပါ့ကြာ...။ မင္းကလဲ သူငယ္ခ်င္း အရင္းေတြျဖစ္ၿပီး ဒီေလာက္ေတာင္ မသိဘူးလား?"

တ႐ုတ္ႀကီးက နားလည္သလို ေထာက္ပံ့ေပးမႈ ေနာက္မွာေတာ့ ေဝႀကီးက...

"အဲ့ဒါပဲကြ... လွတာမက္ရင္ ညစာ ခက္တယ္ ဆိုတာ...။ ပ်ိဳးငယ္ေလးက ဘာေကာက္ေနတာတုန္း?"

"ဒီအတိုင္း... ဘာမွမဟုတ္ပါဘူး...."

"တစ္ခ်ိဳ႕တစ္ေလက် လိုက္ေလ်ာေပးလိုက္ေပါ့ကြာ...။ ပ်ိဳးငယ္ေလးက ငယ္ငယ္ေလးနဲ႕ အသက္ေတာင္ မျပည့္ေသးဘဲ မင္းက ယူထားေတာ့ သူ႕ငယ္႐ြယ္ခ်ိန္မွာ ေကာင္းေကာင္း မေပ်ာ္လိုက္ရဘူးေလ....။ သူ လုပ္ခ်င္တာကို နည္းနည္းေတာ့ ျဖည့္ဆည္းေပးလိုက္ပါကြာ...။"

"......."

ေဝႀကီးစကားကို ဘာမွမေျပာဘဲ ေလးေလးနက္နက္ နားေထာင္ေနမိလိုက္သည္....။ ထို႔ေနာက္ ေဆးလိပ္ေငြ႕မ်ားကို မႈတ္ထုတ္လိုက္မိသည္...။ ထို႔ေနာက္ တစ္စုံတစ္ရာကို နက္နက္နဲနဲ စဥ္းစားၿပီးသည့္ေနာက္....

ည ၁၀နါရီ...

ေဝႀကီးတို႔ ျပန္သြားၿပီး ေနာက္မွာေတာ့ အိမ္ေပၚကို တက္လာမိသည္...။ အိမ္ေပၚက အိပ္ရာ ေနရာေတြမွာ မေတြ႕တာမို႔ ေအာက္သို႔ ဆင္းလာမိေတာ့သည္....။

အိမ္ေအာက္က ဇာတ္ကားၾကည့္ေနသည့္ အဖြဲ႕ေတြထဲမွာ ရွိေနသည့္ ထိုကေလးကို ျမင္စဥ္မွာေတာ့ ထိုေနရာသို႔ သြားလိုက္ၿပီး ဇြတ္အတင္း ေပြ႕ယူလိုက္မိသည္...။

ထို႔ေနာက္ အလိုက္သင့္ မ႐ုန္းဘဲ ပါလာသည့္ အေကာင္အထည္ကို အိမ္ေပၚက ဘုရားစဥ္ေဘး ျပတင္းေပါက္နားက သင္ျဖဴးဖ်ာေပၚ ခ်ၿပီးသည့္ႏွင့္ လည္ပင္းမွ သိုင္းဖက္ကာ ဝမ္းလ်ားထိုး ေမွာက္မိလိုက္သည္...။ ထို႔ေနာက္...

"မနက္ သြားဝယ္ေပးမယ္...။"

ဟင္...

ေနာက္တစ္ေန႕...

... ဘုံကထိန္...
ဘုံကထိန္ ဘုံကထိန္ လွည့္လို႔လာ...
လွမ္းေဘးက ၾကည့္သူေတြ...
ႀကိတ္ႀကိတ္တိုး တအားစည္...

"၁-၂
ေဝး... စုစုေပါင္း ၂၀၁၂ထုပ္တိတိ ရွိတယ္ အစ္ကို....။ အစ္ကို သြားေတာ့မွာလားဟင္... ဒါဆို ပ်ိဳးငယ္ ေရခ်ိဳးၿပီး ထြက္လာခဲ့ေတာ့မယ္ေနာ္...။"

"........"

ေခါင္းကိုသာ ညိမ့္ျပလိုက္မိေတာ့သည္...။ ဘယ္ေလာက္ေတာင္ ထိုလိုလုပ္မွာကို စိတ္အားထက္သန္ေနလဲ မသိ... ခ်က္ခ်င္းကို ၿပဳံးေပ်ာ္သြားၿပီး အစ္ကိုလို႔ေခၚကာ ျပန္ကပ္ေသးတာပင္...။

မိနစ္အနည္းငယ္ အၾကာ....

ဘုန္းႀကီးေက်ာင္းထဲမွာပင္ ရွိေနမိသည္...။ ပ်ိဳးငယ္ကေတာ့ အကမ္းအလွမ္း ၿပီးသည္ႏွင့္ ကြၽန္ေတာ့္ဆီသို႔ ျပန္လာခဲ့ေလၿပီ...။ စားခ်င္စရာရွိလည္း ဝယ္ေကြၽးဖို႔ ပူဆာတတ္ေသးတာပင္...။

အခုလည္း ရင္ခြင္ထဲမွာ ဖရဲသီးကို တၿမဳံ႕ၿမဳံ႕ဝါးကာ စားေနသည္မို႔ ေခါင္းကိုသာ ဖြဖြ ပြတ္ေပးမိေနသည္....။

ဒီေန႕မွာေတာ့ အျခား႐ြာက လူမ်ားပါ ေရာက္ရွိေနသည္မို႔ အေတာ္ေလးကို စည္စည္ကားကား ရွိေနပါသည္...။ ထို႔အတူ ရင္ခြင္ထဲမွ ပ်ိဳးငယ္ကိုလည္း ထူးဆန္းသလိုမ်ိဳး ၾကည့္ၾကတာမ်ိဳးမို႔ ပိုၿပီး ကာကြယ္ထားမိသည္....။

"မုန့္စားၿပီးရင္ ျပန္ေတာ့မွာလား အစ္ကို...။"

"အင္း..."

"အဲ့ဒါဆိုရင္ ပ်ိဳးငယ္ မုန့္ေတြအမ်ားႀကီး ဝယ္ခဲ့မယ္ေနာ္...။"

"......"

ဘာမွမေျပာဘဲ ေခါင္းကိုသာ ညိမ့္ျပလိုက္မိသည္...။ ပ်ိဳးငယ္ကေတာ့ ဘာကိုမွ အေလးစိုက္ဟန္ မရွိေပမယ့္ ထူးျခားမႈအျပည့္နဲ႕ သူ႕ပုံစံေလးကို ေငးၾကည့္ေနသူမ်ားျဖင့္ မဆုံးေတာ့....။

မိမိလည္း ပ်ိဳးငယ္ ေခါင္းကို ဖြဖြပြတ္လိုက္ ဆံပင္ေမႊး အစြယ္အပြားေလးမ်ားျဖင့္ ရွိေနသည့္ နားထင္စပ္ကို နမ္းရွိုက္ကာ ဖက္ထားမိသည္။

ခဏအၾကာမွာေတာ့ ပ်ိဳးငယ္က သူ႕လက္ထဲမွ ဖရဲသီးအစိတ္ကို မိမိလက္ထဲသို႔ လႊဲေျပာင္းကိုင္ခိုင္းၿပီးသည့္ေနာက္ သူ႕ကို ဖက္ထားသည့္ ေနာက္လက္တစ္ဖက္ကို သူ႕လက္ဖဝါးျဖင့္ ယွဥ္ကာ တိုင္းေလသည္.... ။

"အင္း... အစ္ကို႔လက္က အႀကီးႀကီးပဲ...။ ပ်ိဳးငယ္ လက္ထဲမွာဆို ဖရဲသီးစိတ္က အႀကီးႀကီး...။ အစ္ကို႔လက္နဲ႕ဆို အံဝင္ခြင္က်ပဲ....။"

မိမိလက္ႏွင့္ သူ႕လက္ကို ယွဥ္ကာ သေဘာက်ေနသည့္ ပ်ိဳးငယ္ကေတာ့ အူယားလြန္းလို႔ သတ္ပစ္ခ်င္စရာ ေကာင္းသည့္အထိ...။ ခဏအၾကာမွာေတာ့ မိမိလက္ထဲမွ ဖရဲသီးစိတ္ကို ယူသြားေလသည္မို႔ ....

အားလပ္သြားသည့္ ထိုလက္တစ္ဖက္ကိုေတာ့ ပ်ိဳးငယ္လည္ပင္းမွာ ဖိညွစ္ဖို႔ ဟန္ျပင္မိသည္....။

...ဖ်စ္ညွစ္လိုက္ရင္လည္း ဒါေလးက တစ္ခ်က္တည္းနဲ႕ ေသသြားမွာ...

႐ြာကထိန္ပြဲမွာေတာ့ စည္စည္ကားကား သိုက္သိုက္ ဝန္းဝန္း ရွိေပမယ့္ ဘုန္းႀကီးေက်ာင္းတစ္ဖက္ လူအေရာက္မ်ားသည့္ ေဇာင္းတန္းတစ္ဖက္မွာေတာ့ လူႏွစ္ေယာက္...

တစ္ေယာက္က တစ္ေယာက္၏ ရင္ခြင္ထဲ၌ ရွိေနၿပီး အရာအားလုံးကို လိုက္ၾကည့္ေနဟန္ျဖင့္...

"ငဦး... ေက်ာင္းေပၚမသြားေတာ့ဘူးလား?"

"အင္း... မသြားဘူး...။"

မ်က္ႏွာတည္ျဖင့္ ေျဖလာသည့္ ငဦးကို ခဏၾကည့္ကာ သူ႕ရင္ခြင္ထဲမွာ ေနသားတက် ရွိေနသည့္ ပ်ိဳးငယ္ကို တစ္ခ်က္ၾကည့္လိုက္မိၿပီး....

"ဘာျဖစ္လို႔လဲ? ပ်ိဳးငယ္ကို အေရးအေၾကာင္းဆို ဘာျဖစ္လို႔ မင္းရင္ခြင္ထဲ ထည့္ထည့္ထားတာလဲ?"

ထိုအခ်ိန္မွာေတာ့ ငဦးက မ်က္ေမွာင္က်ဳံ႕ကာ ၾကည့္လာၿပီး ခပ္တည္တည္ ေျဖခ်လိဳက္သည္က...

"ငါ သတ္ခ်င္ရင္ တကူးတက လိုက္မရွာရေအာင္လို႔...။"

ဟမ္...
အေပ်ာက္မခံနိုင္ရင္ မခံနိုင္ဘူးေပါ့...။
သတ္မယ္ဆိုတဲ့ သူကလဲ သူ႕ဟာေလးကို ေကြၽးေမြးေနတာမ်ား ရစရာမရွိ...။

ေန႕တိုင္း ငဦးလက္ရာနဲ႕ အမာ႐ြတ္ဆိုတာ ေပ်ာက္တယ္မရွိ...
ရိုက္ခံရတာ မဟုတ္ဘူး... အခ်စ္ခံထားရတာ... အခ်စ္ႀကီးၿပီး ဖ်စ္ညွစ္ကိုက္ခံထားရတာမ်ိဳး....။

ငဦးလို လူမ်ိဳးက အေတြ႕ေရာ အေငြ႕ေရာကို စားတာ...။
ေၾကာင္အိုႀကီးရဲ႕ မီးတံတို အဆီကို စားလို႔ အသားကိုၿမိဳ... မဟုတ္ဘူး ငဦးက ပ်ိဳးငယ္ဆို အရိုးေတာင္ ခ်န္မွာမဟုတ္....။

ေနာက္ပိုင္း ပ်ိဳးငယ္ နာမည္ကို ေခၚသင့္သည္က ...
ငဦး စားစရာ...
ငဦး ကစားစရာ...

ပ်ိဳးငယ္ေလး တစ္ကိုယ္လုံးမွာလည္း Nga Oo effectေၾကာင့္ ေျပာကို မေျပာခ်င္ေတာ့....။

ငဦးရဲ႕ ထိပ္ပိတ္ေနသည့္ အေျဖတစ္ခုေနာက္မွာေတာ့...

"အင္း... ၿပီးက် ေက်ာင္းေပၚကို ခဏလာဦး... ဒီေန႕ႂကြလာတဲ့ အာဂႏ္ႏုကိုယ္ေတာ္ေတြနဲ႕ ေဘး႐ြာက ဧည့္သည္ေတြကို ထမင္းေကြၽးဖို႔ စီစဥ္ရဦးမွာ...။"

"......"

ငဦးက ဘာမွမေျပာဘဲ ဆိတ္ဆိတ္ေနသည္မို႔ သူ လက္ခံသည္ဟုသာ ယူဆပါသည္...။ ငဦးက ပ်ိဳးငယ္က လြဲၿပီး ဘယ္ကိုမွ အာ႐ုံထဲ သိပ္မရွိတာမို႔ ထူးေထြၿပီး သူ႕ဆီက အာ႐ုံစိုက္မႈကို မလိုခ်င္ေတာ့....

ေဝႀကီးကေတာ့ ေက်ာင္းေပၚသို႔ သြားေလသည္မို႔ ထိုေနာက္ကို တစ္ခ်က္ၾကည့္ၿပီးသည္ႏွင့္ ပ်ိဳးငယ္ကို တစ္ခ်က္ၾကည့္မိလိုက္သည္...။

"မေကသီ... အေမတို႔နဲ႕ ေနခဲ့ေနာ္... ဘယ္မွေလွ်ာက္မသြားနဲ႕...။ ခဏေနရင္ ေက်ာင္းေပၚ ခဏ သြားကူလုပ္မလို႔...။"

"ဟုတ္ကဲ့ အစ္ကို... "

ပ်ိဳးငယ္ကို အေသအခ်ာပင္ အေမတို႔ဆီ ပို႔ၿပီးသည့္ ေနာက္မွာေတာ့ ေက်ာင္းေပၚသို႔ သြားမိသည္...။ ငဦးကေတာ့ ပ်ိဳးငယ္ကို ကြၽန္မတို႔ဆီ အပ္သြားၿပီး တၾကည့္ၾကည့္ျဖင့္ပင္ ေက်ာင္းေပၚသို႔ တက္သြားေလၿပီ..။

အင္းေပါ့... ဒီအတိုင္းဆိုရင္ေတာင္ ပ်ိဳးငယ္ကို ၾကည့္တတ္တဲ့ တစ္စုံတစ္ေယာက္ရွိရင္ေတာင္ သူ႕မွာ possessive ျဖစ္လို႔ ႐ူးလို႔... ဖြက္ထားရတာနဲ႕ ဘာနဲ႕...။ အခုက လူေတြအမ်ားႀကီးကို... ဒီလိုအခ်ိန္မွာမွ ပ်ိဳးငယ္ေျခလွမ္းတစ္လွမ္းမွားလို႔ကေတာ့ ဒီအခ်ိန္မွ မသတ္ရင္ ဘယ္အခ်ိန္မွာမွ သတ္မွာမဟုတ္ဘူး....။

မၾကာမီပင္ ေက်ာင္းဝန္းထဲသို႔ တစ္ျခား႐ြာမွ ပန္းကပ္သည့္ အဖြဲ႕မ်ား ေရာက္လာခ်ိန္မွာေတာ့ လူၾကားထဲ ရွိေနသည့္ ပ်ိဳးငယ္ကို ဘယ္လို ျမင္သြားလဲ မသိ....။

ပ်ိဳးငယ္ကို ေခၚကာ သူ႕လက္ထဲ ပန္းဗန္းကို ထည့္ကာ ဘုန္းႀကီးေက်ာင္းအတြင္ လွည့္လည္ဖို႔ တန္းစီကာ ရပ္ေနတာမ်ိဳးပင္...။ ပ်ိဳးငယ္ကေတာ့ လက္ထဲမွ ပန္းဗန္းကို ကိုင္ကာ ေၾကာင္ေတာင္ေတာင္ျဖင့္....။

မိမိတို႔လည္း ငဦး ရွိေနသည့္ ေက်ာင္းေပၚကို တစ္ခ်က္ၾကည့္လိုက္ ပ်ိဳးငယ္ကို ၾကည့္လိုက္ျဖင့္ ဗ်ာမ်ားေနသည္။ ဟိုဘက္ကလည္း ပ်ိဳးငယ္အေပၚမွာပဲ အာ႐ုံေတြ စူးစူးစိုက္စိုက္...။ ပ်ိဳးငယ္ကေတာ့ ကြၽန္မကို တၾကည့္ၾကည့္ျဖင့္ပင္....။

"ကဲပါ... သြားလိုက္ပါ... ငဦးက ေက်ာင္းေပၚမွာ ရွိေနတာ ဘာမွေတာ့ မျဖစ္ေလာက္ဘူး...။ သူမျမင္ခင္ဘဲ ေက်ာင္းဝန္းတစ္ပတ္ ပတ္တာ ၿပီးသြားမွာပဲ... ။ ျမန္ျမန္ေလွ်ာက္လိုက္ေနာ္...။"

"မမ... အစ္ကိုက-..."

ပ်ိဳးငယ္လည္း ဘာမွမေျပာနိုင္ေတာ့ဘဲ လူတန္းရွည္ ပန္းဗန္းကန္တဲ့ အထဲမွာ တန္းစီ၍....။ က်န္တဲ့ ေက်ာင္းေပၚက ကာလသားမ်ားကေတာ့ ထိုပန္းဗန္းကိုင္သည့္ ဘက္သို႔ စိတ္ဝင္တစား ၾကည့္ေပမယ့္ ငဦးကေတာ့ ပ်ိဳးငယ္ကလြဲရင္ ဘာကိုမွ စိတ္မဝင္စားတတ္သူမို႔သာ ေတာ္ေတာ့မည္ဟူ၍....။ ေက်ာင္းေပၚက ၾကည့္ေနသည့္ ကာလသားတစ္သိုက္ထဲ ငဦးေတာ့ ပါမေနေလာက္ဘူး မလား?

ကြၽန္မတို႔ဆီ အပ္ခဲ့တာမို႔ တစ္ခုခုဆို ကြၽန္မတို႔မွာ ျပႆနာရွိသည္မို႔ မိမိမွာ တရားနာဖို႔ ေကာင္းေကာင္းေတာင္ မလုပ္နိုင္ေတာ့ဘဲ ပ်ိဳးငယ္ကိုသာ လိုက္ၾကည့္ေနမိေတာ့သည္....။

မၾကည့္ပါနဲ႕ ေျပာတာကို တကယ္မၾကည့္ခဲ့ေပမယ့္ ေက်ာင္းေလွကားေပၚမွ ဆင္းလာသည့္ တစ္စုံတစ္ေယာက္က သူ႕အာ႐ုံမ်ားက အျခားသူမ်ား၏ အာ႐ုံႏွင့္ဆန့္က်င္ဘက္....

မိမိတို႔ဆီ တေ႐ြ႕ေ႐ြ႕ ေလွ်ာက္လာသည့္ ငဦးက အၾကည့္တို႔က မိမိတို႔ဆီ ေရာက္ေနေပမယ့္ တစ္စုံတစ္ေယာက္ကိုသာ...
မိမိလည္း အသည္းအသန္ ဘယ္လိုေျဖရွင္းရမွန္း မသိ ျဖစ္ေနစဥ္မွာပင္....

"ပ်ိဳးငယ္ေရာ...မေကသီ..."

ပ်ိဳးငယ္ကို မေတြ႕သည္ႏွင့္ မ်က္ႏွာထားက တည္လ်က္ ရွိရာ ေမးေနေတာ့....

"ဟို ငဦး... ပ်ိဳးငယ္ကေလ-"

ငဦးက နည္းနည္းမ်က္ေမွာင္က်ဳံ႕ကာ ၾကည့္လိုက္စဥ္မွာေတာ့ မိမိလည္း ဘယ္လိုေျပာရမွန္းမသိ....။ ခဏအၾကာမွာေတာ့ ငဦးက သူ႕လက္သီးကိုပါ ဆုပ္ထားၿပီးေနာက္မွာ...

"ဘယ္မွာလဲ?"

"ဟို... ငဦး... ပ်ိဳးငယ္ကေလ..."

မိမိလည္း ဘယ္လိုေျဖရွင္းရမွန္း မသိခင္ ဘုန္းႀကီးေက်ာင္းတစ္ပတ္ ပတ္ကာ ျပန္လာသည့္ ပ်ိဳးငယ္ကေတာ့ ဒီဘက္ကို ေလွ်ာက္လ်က္....

အားလုံးက ထိုပန္းတန္းကို အာ႐ုံစိုက္ခ်ိန္ မိုလို႔လည္း ပိုဆိုးသြားသည္ ထင္သည္...။ ထိုပန္းဗန္းေလးကို တစ္ဖက္၌ ခ်ကာ မိမိဆီသို႔ ျပန္လာဖို႔ ႀကိဳးစားေနသည့္ ပ်ိဳးငယ္က ငဦးကို ေျခလွမ္းတို႔ကို တုံ႕ႏွေးသြားေလၿပီ....။

အစ္ကို...

ကြၽန္ေတာ္ ေျခလွမ္းကို ေယာင္ေယာင္မွားမွားျဖင့္ အစ္ကို႔ကို ၾကည့္မိေနသည့္ အစ္ကိုကေတာ့ လက္သီးကိုသာ ၾကပ္ၾကပ္ဆုပ္ၿပီးသည့္ ေနာက္မွာေတာ့ ကြၽန္ေတာ့္ဆီ တေ႐ြ႕ေ႐ြ႕....

ထိုခ်ိန္မွာေတာ့...
အစ္ကို ေျပာခဲ့ဖူးသည့္ စကားကိုသာ နားထဲၾကားေယာင္မိေတာ့သည္....။

'ဒီမ်က္ႏွာေပၚက အရည္ခြံေတြ ဆြဲခြာပစ္မယ္....'

Next part spoil...

"ဆရာ ကေလးဖ်ားေနလို႔ လိုက္ခဲ့ေပးပါ..."

ဟမ္...
သူ႕မွာ ကေလးရွိတာလား? သူ ယူထားတာက ပ်ိဳးပင္ငယ္ဆိုတဲ့ ေယာက်္ားသားမလား?

မေတာ္မေရာ္လို႔ေတာင္ ကိုယ္ဝန္မရနိုင္ဘူး မလား? မျဖစ္နိုင္တာခ်ည္း ဆိုေပမယ့္ ေက်းဇူးျပဳၿပီး မေရာက္ပါနဲ႕....
ကေလးမရပါေစနဲ႕...

ကေလးရသြားရင္ ႏြယ္ လြန္ဆြဲရမွာက ႏွစ္ေယာက္နဲ႕ ျဖစ္သြားလိမ့္မယ္...

ၾကည့္ပါဦး...
သူက အဲ့ဒီအရာေလးကို ရင္ခြင္ထဲမွာ ေခ်ာ့ကာ သိပ္ေနတာမ်ိဳး...
သူ႕လက္ဖဝါး ၾကမ္းၾကမ္းေတြကေလ... အဲ့ဒီအရာအတြက္က်ေတာ့...

.... ေမာင္...

N- ကဲ ေနာက္ထပ္ အပိုင္းေတြအတြက္ Brave yourself...
ငဦးက သူ႕မိန္းမသူ သတ္မိသြားလည္း အဆင္ေျပတယ္မလား?

Saturday:Nov:18:2023:22:12PM

Continue Reading

You'll Also Like

699K 37.7K 46
ဤဇá€Ŧတá€ēလမá€ēးတá€Ŋငá€ē ပá€Ģဝငá€ēသေá€Ŧ ဇá€Ŧတá€ēလမá€ēး၊ဇá€Ŧတá€ēကá€Ŋကá€ē၊ဇá€Ŧတá€ēကေá€Ŧငá€ēမá€ģá€Ŧးသညá€ē စá€Ŧရေးသူရဲ့ စိတá€ēကူးဉá€Ŧဏá€ē‌ေသး‌ေသးဖá€ŧင့á€ēသá€Ŧ ပုá€ļဖေá€Ŧá€ēထá€Ŧးခá€ŧငá€ēးဖá€ŧစá€ēá€œá€­á€¯á€ˇ တိုကá€ēဆိုငá€ēမသု တá€Ŋေရှိခဲ့ရငá€ē ခá€Ŋ...
533K 25.8K 61
ကá€ŧáŊန္​​ေတá€Ŧ္​့အ​ေတá€ŧးတစ္​စသည္​ အမá€Ŋá€Ŧးá€ģဖစ္​ခဲ့သည္​႐á€Ŋိ​ေသá€Ŧ္​... သူႏá€Ŋင္​့​ေတá€ŧ႔ဆá€ļá€¯á€œá€­á€¯á€€á€šâ€‹á€›á€™á‚ˆâ€‹á€ąážá€€á€Ŧင္​့ á€‘á€­á€¯á€Ąâ€‹á€ąá€á€ŧးမá€ēá€Ŧးကို ကá€ŧáŊန္​​ေတá€Ŧ္​á€ģမတယ​ႏိုးသညယ​။ #သက္​တန္​႔​...
38K 2.5K 42
krisho xingdae (yaoi) written by - SMA
246K 14.8K 40
My priority /property/privacy