စိမ်းတို့နှစ်ယောက်ထိုင်ကာ လေညှင်းခံနေတာ အတော်ကြာတော့ခန့်ကိုကနေပဲစပြီး " မမ ပြန်ရအောင်လေ ည၈နာရီထိုးတော့မယ်။နောက်ကျနေပြီ"
"စိမ်းလည်း မျက်ခုံးတစ်ချက်တွန့်ကာ "နေစမ်းပါဦး ၈နာရီဆိုတာ အရမ်းနောက်မကျသေးပါဘူး။ ရှင်မှန်မှန်ပြော ကျွန်မကိုအိမ်ပြန်ပို့ပြီးရင် ဘယ်သွားပြီး စော်ရှိုးမလို့လဲ "ဟုပြောလိုက်တော့
"ဘယ်စော်မှလည်းမရှိုးပါဘူး မမရယ်။ ဒီည skate ကွင်းမှာ ကိုရဲလင်းဇော်တို့နဲ့ချိန်းထားလို့ပါမမရယ်။ကျွန်တော်ကမမကလွဲရင် ဘယ်သူ့မှမမြင်တာကိုမမမသိတာလဲမဟုတ်ဘူး။ မမ မသွားစေချင်ရင်ကျနော မသွားတော့ပါဘူး"ဟု မျက်နှာငယ်လေးနဲ့ပြောသည်။
အစက ဒေါ်စိမ်းနေခြည်မင်း က လမင်းခန့်ကိုကို ရစ်ချင်တဲ့စိတ်တစ်ခုထဲနဲ့သာပြောလိုက်တာ ခုတော့ခန့်ကိုရဲ့စကားကြောင့်အားနာသွားသည်။ ဟုတ်သည်။ ဒီကလေးက သူ့နားမှာရွေးချယ်စရာတွေရှိနေရက်နဲ့တောင် ဘယ်သူမှမမြင်ဘဲသူ့အချစ်ကိုရရန်အချိန်အကြာကြီးစောင့်နေခဲ့သူမဟုတ်လား။
"Sorry ခန့်ကို မမဆိုလိုချင်တာအဲ့လိုမဟုတ်ပါဘူး။သွားလို့ရပါတယ် သွားနော်။ခုတော့မမကိုအိမ်ပြန်လိုက်ပို့။ ချစ်တယ်ကို ဟုဆိုကာ ခြေဖျားထောက်ပြီး ခန့်ကို၏ပါးလေးအားနမ်းလိုက်သည်။ ခန့်ကိုကလည်းရင်ခွင်ထဲထည့်ထားကဖတ်ထားလိုက်သည်။
ခန့်ကို စိမ်းကို သူ၏ကားနဲ့အိမ်ပြန်လိုက်ပို့ပေးသည်။လိုက်ပို့ပေးပြီး ကားပေါ်ကဆင်းခါနီး စိမ်းက ခန့်ကို၏ ပါးကိုအမြန်နမ်းပြီးပြေးဆင်းသွားသည်။ ခန့်ကိုမှာတော့ပြုံးပြုံးကြီးနှင့်ကျန်ခဲ့သည်။ ထိုမြင်ကွင်းကို အိမ်ပေါ်ထက်၀ရန်တာမှ စိမ်း၏ဖခင်ဦးမင်းသက်ထင် တွေ့လိုက်သည်ကိုတော့စိမ်းရော ခန့်ကိုရောမသိလိုက်ပါ။
စိမ်း အိမ်ထဲရောက်တော့ ဖခင်ဖြစ်သူကလှေကားမှအဆင်းနှင့် ဆုံလေသည်။ ဖခင်ဖြစ်သူက "သမီး စိမ်း အ၀တ်စားလဲရေချိုးပြီးရင် ပါးပါးရဲ့စာကြည့်ခန်းကိုလာခဲ့။ ပြောစရာရှိတယ်။"ဟုပြောလိုက်သည်။ ဧည့်ခန်းထဲတွင် TVထိုင်ကြည့်နေသော မိခင်ဖြစ်သူက "အို ရှင်သမီးကိုဘာတွေပြောမှမလို့စာကြည့်ခန်းထိခေါ်တာလည်း ဒီဧည့်ခန်းထဲပဲ ကျွန်မရှိတဲ့နေရာပြော"
ဦးမင်းသက်ထင်လည်း "မဟုတ်ဘူးလေ မေရာ ကိုယ်ကသမီးနဲ့အလုပ်ကိစ္စ...."
စကားပင်မဆုံးပေ။ ဒေါ်နေခြည်မေ၏မျက်စောင်းနှင့် အတူ "ကိုမင်းသက်ထင် "ဟုခေါ်လိုက်သံကြောင့် ချက်ချင်းပင် "သမီး စိမ်း မြန်မြန်အ၀တ်စားသွားလဲ။ပါးပါးတို့ ဧည့်ခန်းကပဲစောင့်မယ်။ စိမ်းလဲအခန်းထဲသို့အမြန်၀င်ကာ ရေချိူးအ၀တ်စားလဲပြီး ဧည့်ခန်းသို့ဆင်းလာလိုက်သည်။
ဧည့်ခန်းသို့ရောက်သော် စိမ်းကပဲစပြီး" ပါးပါး အမီးကိုဘာပြောစရာရှိလို့လဲဟင်"
ဦးမင်းသက်ထင်က "စိမ်း သမီး။ သမီးဘာတွေလုပ်နေတာလဲ။ "
ဒေါ်နေခြည်မေ မှလည်း "သမီး စိမ်း ဘာဖြစ်တာလဲမားမား စိတ်ပူလာပြီ"
စိမ်းလည်း "ဘာကိုဆိုလိုချင်တာလဲ ပါးပါး"
ဦးမင်းသက်ထင် မှ ဒေါသသံနှင့် "ညည်းနဲ့ moon construction group က MD ယောက်ျားမဟုတ်မိန်းမမဟုတ်တဲ့ကောင်နဲ့အခြေအနေကဘာလဲ ။ ငါတို့အသိုင်းဝိုင်းကို အရှက်မခွဲနဲ့ စိမ်းနေရည်မင်း။ နင်လက်ထက်ရမယ့်လူက စိုင်းမြတ်မင်းပဲ။
"ဟင့်အင်း ပါးပါး။ သမီးသူ့ကိုမယူနိုင်ဘူး။ သမီးချစ်တာခန့်ကို ပဲ။ သူကယောက်ျားလေးတစ်ယောက်မဟုတ်ပေမယ့် သမီးအပေါ် ယောက်ျားလေးတွေထက်နွေးထွေးကြင်နာ သစ္စာရှိပေးနိုင်တယ်။သမီးလက်ထပ်မှာ။ အဲ့အတွက်သမီးကိုအမွေဖြတ်မယ်ဆိုရင်လည်းခံနိုင်တယ်"
ဦးမင်းသက်ထင်မှာ စိမ်းအားပါးရိုက်ရင် လက်ဖြစ်ရွယ်ချိန် ဒေါ်နေခြည်မေမှ ဖြတ်ထားလိုက်ကာ ဦးမင်းသက်ထင်ကို ပါး၂ချပ်ဆင့်ရိုက်လိုက်သည်။
"မေ ..မေ ကိုယ့်ကိုရိုက်တယ်။ဘာလို့လဲမေ။ ကိုယ်ဘာမှားလို့လဲ"
"မှားတယ်။ရှင်သိပ်ကိုမှားတယ်။ ကိုယ့်သားသမီးရဲ့ဖြစ်တည်မှု ကိုလက်မခံပေးနားမလည်ပေးနိုင်တာသိပ်ကိုမှားတယ်။ပြီးတော့ ရှင့်ကိုကျွန်မစိတ်တကယ်ကုန်သွားပြီး။ ရှင်သမီးကို ရှင့်သူငယ်ချင်းသားနဲ့အတင်းအကြပ်လက်ထပ်ပေးတဲ့နေ့ကရှင်နဲ့ကျွန်မကွာရှင်းတဲ့နေ့ပဲ ။"
"သမီး ၊ အိမ်ပေါ်တတ်နားတော့"
**
တစ်ဖက်တွင်ခန့်ကိုလည်း ရဲလင်းဇော်တို့ရှိရာ skate ကွင်းသို့ရောက်သွားသည်။ အားလုံးကခန့်ကိုကိုတွေ့တော့ ၀မ်းသာအားရပင်ကြိုဆိုကြသည်။ "ဟာ ဟေ့ကောင် ငခန့် မတွေ့ရတာကြာပေါ့ ကြုံတုန်းတစ်ပွဲလောက် stunt ပြိုင်ကြတာပေါ့ဟုဆိုကာ ပြိုင်တော့ ခန့်ကိုပဲအနိုင်ရရှိလေသည်။
"ငခန့်တို့ကတော့ နားထားတာကြာတာတောင် ငါ့ကိုနိုင်တုန်းဟေ့ "
"ဟား မဟုတ်ရပါဘူးကွာ။ အာ့ဆိုငါပြန်တော့မယ်။ ကိစ္စလေးရှ်ိလို့ ။ "
" မင်းကလည်းကွာ ထားပါတော့ ဒါနဲ့မင်းမမစိမ်းနဲ့အခြေအနေရော "
"အင်း ဒီနေ့ပဲရည်းစားဖြစ်သွားပြီ။ အာ့ကြောင့်ပြန်ရတော့မှာ။ဘိုင့်ဘိုင့်ဘော်ဒါတို့ ဟုဆိုကာ ကားနှင်းအိမ်ကိုပြန်ခဲ့သည်။
ပြန်ရောက်တော့ ရေအမြန်ချိုးကာ ဖုန်းဆက်လိုက်သည် ။
"ဟယ်လို မမ။ ကျွန်တော်ပြန်ရောက်ပြီနော်မမ။ "
"အင်းပါခန့်ကို။ ရေရောချိုးပြီးပြိီလား။"
"ခုတင်ချိုးပြီးဖုန်းဆက်လိုက်တာမမ။ ဒါနဲ့မမအသံတစ်မျိုးပဲ ဘာဖြစ်လို့လဲဟင် ။ ကျွန်တော့်ကိုပြောလေ"
"ခန့်ကို။ ပါးပါးက တို့နှစ်ယောက်ပတ်သက်မှုကိုသိသွားပြီ။ သူကသဘောမတူဘူးတဲ့။သူ့သူငယ်ချင်းသားနဲ့ပဲအတင်းပေးစားနေတယ် ။"
"မမ ။ကျွန်တော် ပါးပါးကြည်ဖြူလာအောင်ကြိုးစားမှာပါ။ကျွန်တော်မမကိုအရမ်းချစ်တယ်။ဆုံးရှူံးမခံနိုင်ဘူးမမ"
ထို့ညက ချစ်သူစဖြစ်တဲ့ညပေမယ့် သူများအတွဲတွေလို တီတီတာတာ မပြောဖြစ်ဘဲ နှစ်ယောက်သားအနာဂတ်အတွက်တိုင်ပင်ဖြစ်ခဲ့ကြသည်။
****
အချိန်အားဖြင့် ၆လခန့်ကြာမြင့်ပြီးလေပြီ။ ခန့်ကိုနှင့်စိမ်းတို့၏ အချစ်သည်လည်းပိုမိုခိုင်မြဲလာလေသည်။ခန့်ကို၏မိဘများကတော့အစထဲကသဘောတူ၍ကိစ္စမရှ်ိသော်လည်း စိမ်း၏ဖခင်မှာ သိပ်ေတာ့လက်မခံချင်သေးပင် ။ထို့ကြောင့်လမင်းခန့်ကိုဟာ အလုပ်ကိုကြိုးစားလုပ်ကိုင်ကာ Moon construction group မှာပိုမိုအောင်မြင်လာသောကြောင့် မြန်မာနိုင်ငံလူငယ်စီးပွားရေးလုပ်ငန်းရှင်များဆိုင်ရာ အအောင်မြင်ဆုံးဆုကို အသက်အငယ်ဆုံးMD တစ်ယောက်အနေနဲ့ဆုရရှိခဲ့သည်။ ထို့အတွက် ဒီနေ့ ဂုဏ်ပြုပွဲကို Rose Garden Hotel ၌ကျင်းပရန်စီစဉ်ထားသည်။ လမင်းခန့်ကိုအတွက် ခန့်ကို၏မိဘများတင်မက စိမ်း၏အမေဖြစ်သူလည်းဂုဏ်ပြုပေးခဲ့သည်။
ဦးမင်းသက်ထင် သေချာစဉ်းစားဆုံးဖြတ်ပြီး ဖုန်းနံပါတ်တစ်ခုကိုဆက်လိုက်သည်။ "ဟယ်လို စိုင်မြတ်မင်း ။uncle တို့သဘောတူထားတဲ့ကိစ္စကို ဖျတ်သိမ်းလိုက်ရအောင်။ uncle သမီးဆန္ဒမပါဘဲ မလုပ်ချင်တော့လို့။ တောင်းပန်ပါတယ်သား "ဟုပြောကာ ဖုန်းချလိုက်သည်။ တစ်ဖက်တွင် စိုင်းမြတ်မင်းမှာတော့ ဝုန်းဒိုင်းကြဲသောင်းကျန်းပြီး အကြံတစ်ခုထုတ်လိုက်သည်။
At Rose Garden Hotel
လမင်းခန့်ကိုရဲ့ဂုဏ်ပြုပွဲမှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များသာ မက နိုင်ငံခြားသားရင်းနီးမြှုပ်နံသူများပါတတ်ရောက်ခဲ့သည်။
ထိုပွဲတွင် ကျေးဇူးတင်စကားပြောပြီ သူနှင့်စိမ်း၏ တရား၀င်ပတ်သက်မှုကို ပြောပြခဲ့သည်။ အားလုံးကဝိုင်းဂုဏ်ပြုကြသည်။ဒါဟာ လမင်းခန့်ကိုက အသိုင်းဝိုင်းကြီးထဲက LGBTတစ်ယောက်ဖြစ်တာကြောင့်ဝေဖန်မှုသိပ်မရှ်ိခဲ့ပေ။
ထို့နောက်မိသားစုစုံစုံလင်လင်ရှိရာ table ဦးမင်းသက်ထင်က လမင်းခန့်ကိုကို uncle သမီးကို မင်းနဲ့သဘောတူလိုက်ပါပြီ။ မကန့်ကွက်တော့ပါဘူး။ဒါပေမယ့် ငါ့သမီးကိုစိတ်ညစ်အောင်လုပ်ရင် ငါငြိမ်နေမှာမဟုတ်ဘူးနော် "
စိမ်းက " ကျေးဇူးတင်ပါတယ်ပါးပါး။"ဟုဆိုကာပြေးဖတ်လေသည်။
ခန့်ကိုကလည်း "စိတ်ချပါ uncle ။ မမစိမ်းစိတ်ဆင်းရဲစေမယ့်အရာကျွန်တော့မလုပ်ပါဘူး ကတိပေးပါ့တယ်"
ထို့နောက် ပွဲပြီးတော့ ကားပါကင်ကို ကိုယ်စီသွားနေချိန် ကားပါကင်တွင် အင်္ကျီအနက်နှင့် ဘောင်းဘီးအနက် ၀တ်ထားသော လူတစ်ဦးက ဦးမင်းသက်ထင်ဆီဦးတည်လာသည်။ လက်တွင်ကိုင်လာသောဓားကို ခန့်ကိုက အလျင်မြန်တွေ့လိုက်ပြီး "uncle" ဟုခေါ်ကာ ဦးမင်းသက်ထင်ကိုဘေးသို့တွန်းလိုက်ပြီး ဓားက သူ၏ ဗိုက်တည့်တည့်ကိုစိုက်၀င်သွားလေသည်။ထို့နောက် ထိုလူက ဓားကိုပြန်ဆွဲနှုတ်ပြီးထွက်ပြေးသွားလေသည်။ ခန့်ကို၏ အင်္ကျီအဖြူရောင်လေးသည် သွေးများဖြင့်မြင်မကောင်းတော့ပင်။ hotelတွင်ရှိသော လုံခြုံရေးတို့က လိုက်ဖမ်း၍ထိုသူကိုမိ၍ရဲ့လက်အပ်လိုက်သည်။
စိမ်းလည်းအရေးပေါ်ကားအမြန်ပင်ခေါ်လိုက်သည်။ ထို့နောကိ ခန့်ကို ၏လက်ကိုကိုင်ကာ ဒဏ်ရာကို ကုတ်အင်္ကျီနှင့် သွေးထွက်မလွန်အောင်ဖိထားလေသည်။
"ခန့်ကို မင်းဘာမှမဖြစ်ရဘူးနော်။ မမရှိတယ်နော်မင်းနား "
ခန့်ကို အားအရမ်းနည်းနေပြီ မျက်လုံးတွေလည်းဝေဝါးနေပြီ "မမ ကျွန်တော်မမကိုအရမ်းချစ်တယ်နော်မမ။ " ဟုဆိုကာ မျက်စိမှိတ်ကျကာ သတိမလည်တော့ပေ။
ထို့နောက်အရေးပေါ်ကားရောက်လာကာ ချက်ချင်းပင် CPRပေးပြီး ကားပေါ်တင်တာ ဆေးရုံသို့ခေါ်သွားသည်။
___________________________________________
#wang511
11.11.23
ကျွန်တောမအားလို့ ခုမှရေးဖြစ်လို့ပါ