ခွင့်/ခြင့္❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾...

Oleh AOKI__16

85.6K 3.7K 438

(U) မိုးမြေပြည့်စုံ နိုင်းမြေပြည့်စုံ ခက်ရောင်လွင် 🎼ဘဝရဲ့ခဏတာအချိန်မှာမင်းအတွက် တစ်ဘဝစာဖြစ်ဖြစ် မင်းအတွက် ခဏ... Lebih Banyak

Intro
Part...1
Part...2
Part..3
Part...4
Part...5
Part...6
Part...7
Part...8
Part...9
plz attention❗
Part...10
Part...11
Part...12
Part...13
Part...14
Part...15
Part...16
Part...17
🙏🏿
Part...18
Part...19
Final

Part...20

3K 147 7
Oleh AOKI__16

ရောင်လွင်က သူ့ပေါင်ပေါ်အိပ်ပျော်
နေပြီဖြစ်တဲ့ မိုးမြေကိုဆိုဖာပေါ်အသာ
ချပြီး တိုက်အောက်မှာ ကိုနိုင်း၏ကားရှိသေးသည်လား ထကြည့်လိုက်တော့
ခပ်လှမ်းလှမ်းမှာ ရပ်ထားဆဲဖြစ်သည်
ကို တွေ့လိုက်ရတာကြောင့် အံကြိတ်ရင်း လွယ်အိတ်ထဲမှာ ပစ္စည်းတစ်ချို့ကိုထုတ်ယူသည်။ အနာအရှိန်ရော ဆေးအရှိန်ပါ ပေါင်းပြီးအိပ်ပျော်နေတဲ့
မိုးမြေ ကို တစ်ချက်ကြည့်ပြီး တိုက်အောက်သို့ ခပ်သွက်သွက်ဆင်းလာခဲ့သည်။

ကားကိုမြင်ပြီး ဆင်းလာမှာကို သိလို့
ကိုနိုင်းက အခုထက်ထိစောင့်နေတာ
လေ။ သူ့ကိုထွက်နေတဲ့ ဒေါသများအတွက် ဝုန်းဒိုင်းကြဲတက်လာလိုက်ရင်
မိုးမြေ နဲ့ ပြသနာထပ်တက်နိုင်တာသိ
တာကြောင့် အခုလို စောင့်နေခြင်းမျိုးဖြစ်၏။ စောင့်လိုက်ရတဲ့ အတိုင်းတာနဲ့
ဆို သူ့ကိုတွေ့တာနဲ့ ကိုနိုင်းကသတ်ပစ်လောက်ပါသည်။ သို့ပေမယ့် အရင်
အချိန်များလို သူဟာကြောက်ရွံမနေ
ပါဘဲ ရင်ဆိုင်ဖို့သတ္တိအပြည့်ရှိနေလေပြီ။

တိုက်အောက်ရောက်သည်နှင့် အရှိန်
ပြင်းစွာနှင့် သူ့ထံတည့်တည့်မောင်းလာ
သည့် ကိုနိုင်း၏ ကားကြောင့် ​​​ခြေလှမ်းများဟာ နောက်ဆုတ်သွားသည်။
တုန်ရီလာသော နှုတ်ခမ်းများကို ထိန်း
ရင်း ကိုနိုင်း၏ ကားကို ရှောင်တိမ်းခြင်း
မပြုဘဲ တည့်တည့်ကြည့်လိုက်သည်။

တိုက်သတ်လိုက်တော့လည်း သေရုံပေါ့။
ဒီဘဝမှာရှင်သန်ပြီး ဘာထူးသေးလို့လဲ။
သူငယ်ချင်းအပေါ်မှာ သစ္စာဖောက်
မေတ္တာတွေကိုပါ ဥပေက္ခာပြုစော်ကား
တဲ့သူဟာ အစောထဲကသေခဲ့သင့်ပြီးပြီ။

ကိုနိုင်း၏ကားဟာ သူအနားတစ်ထွာ
စာတောင်မရှိတဲ့အကွာဝေးရောက်တော့
ထိုးရပ်လိုက်သည်ကြောင့် ခွေခနဲထိုင်
လျက် ပြုတ်ကျသွားခဲ့တယ်။

"ခက်ရောင်လွင်!"

"အာ့"

ကားပေါ်ကနေ အလောတကြီးဆင်း
လာပြီး မြေပေါ်မှသူ့လက်ကို ဆွဲဆောင့်ကာထရပ်စေပြီး ကားအနောက်ခန်းမှာထိုင်စေသည်။ ကိုနိုင်းကပါ ဝင်ထိုင်လာ
သည်ကြောင့် တစ်ဖက်တံခါးကိုဖွင့်ကာ
ဆင်းရန်ပြင်တော့ သူ့လည်ပင်းကိုညစ်
လာသဖြင့် ရုန်းရပြန်သည်။

"လွှတ်"

"အာ့...နာတယ်"

"မင်းပြောလိုက်တာမှတ်လား ဟမ်!
ညီငယ့်ကို မင်းပြောလိုက်တာမှတ်လား"

"အဲ့ဒီကလေး ငါ့ကိုဘယ်လောက်မုန်း
ပြီလဲ သိလား"

"အာ့"

"မင်းကြောင့်လေ...မင်းကြောင့်"

ရောင်လွင်လည်း သူ့လက်ထဲမှာကျစ်
ကျစ်ပါအောင်ဆုပ်ထားတဲ့အထုတ်ဖြင့်
နိုင်း ကို ထုရိုက်ပစ်သည်။

"ငါ့ကိုပြန်မလုပ်နဲ့"

"ဒီနေ့မင်းကိုငါသတ်မှာ သတ်ပစ်မှာ"

"သတ်...လိုက်"

"ဘာ!"

"သတ်လိုက်...အခုသတ်လိုက်"

"တောက်ခ်"

လက်ထဲက အထုတ်ကို ကိုနိုင်း မျက်
နှာတည့်တည့်ကို ပစ်ပေါက်လိုက်တော့ စောင်းရွဲ့သွား တဲ့မျက်မှန်ကိုတောက်ခတ်ရင်းချွတ်ကာ ရှေ့ခန်းကိုလွှတ်ပစ်လိုက်တယ်။
ပေါင်ပေါ်ရောက်လာတဲ့အထုတ်ထဲမှ
ထွက်ကျလာတဲ့ အလှူဖြတ်ပိုင်းစာရွက်
များနဲ့ ကုတ်အင်္ကျီတစ်ထည်ကြောင့်
နိုင်း က ယူကြည့်လိုက်တယ်။

ဦးနိုင်းမြေပြည့်စုံ ဆိုသည့်နာမည်နဲ့
အေးချမ်းရာမိဘမဲ့ဂေဟာမှာလှူထား
သည့် မနည်းလှတဲ့ဖြတ်ပိုင်းများကြောင့်
ရောင်လွင့်ကို မော့ကြည့်လိုက်မိတယ်။
လက်ထဲမှာဆုပ်ကိုင်ထားတဲ့ ကုတ်အင်္ကျီ
က အမှတ်မမှားဘူးဆို ​သေချာ၏။
ပထမဆုံး ရောင်လွင် ကို club မှာ
သူရယူခဲ့တုန်းက ဒီကုတ်အင်္ကျီခြုံပေး
ပြီး ချက်လက်မှတ်တစ်စောင်နဲ့ ထားရစ်
ခဲ့တာ။

"မင်း..."

"ကျွန်တော့်ဘဝကို မနှောင့်ယှက်ပါနဲ့
တော့...ဝေးရာကိုသွားလိုက်ပါတော့"

"ခင်ဗျားမသွားရင်တောင် ကျွန်တော်
သွားမှာပါ"

"ခင်ဗျားတို့ညီအစ်ကို ကျွန်တော့်ကြောင့်
စိတ်ဝမ်းကွဲခဲ့ရတဲ့အတွက်လည်း တောင်း
ပန်ပါတယ်"

"ခင်ဗျားကိုချစ်ခဲ့တဲ့အချစ်တွေကို
သင်ခန်းစာအဖြစ်မှတ်ယူပြီး ဘဝကိုရှေ့ ဆက်ပါမယ် ခင်ဗျားလည်း သင့်တော်
မယ့်မိန်းကလေးတစ်ယောက်ကို ဘေးမှာ
ထားပြီးအကောင်းဆုံးရှင်သန်လိုက်ပါ
တော့"

"မိုးမြေရဲ့ဘဝကို ကျွန်တော်ကိုယ်တိုင်လည်း မဖျက်စီးရက်တာမို့လို့ စိတ်ချပါ
ဝေးဝေးကိုပြေးပါ့မယ် ခင်ဗျားသာ
လွှတ်ပေးပါတော့"

"ကိုနိုင်းမြေပြည့်စုံ ကို အရာရာအတွက် ကျေးဇူးတင်ပါတယ်"

ရောင်လွင်ကားပေါ်မှ ဆင်းသွားတော့
နိုင်း က ကြောင်နေရာမှ သတိဝင်လာပြီး
သူ့ကိုကျောခိုင်းလို့ထွက်သွားတဲ့ကျော
ပြင်ကိုကြည့်ရင်း နွမ်းလျတိုးဖျသော
အသံနဲ့ လှမ်းခေါ်လိုက်ပေမယ့် အပြင်
ဘက်ကကောင်လေးဟာ မကြားခဲ့ပါ။

"ခက်"

"ပြန်...လာ..."

"မဟုတ်ဘူး မလာနဲ့တော့"

နိုင်းကမျက်နှာကိုလက်နှစ်ဖက်နှင့်အုပ်
ချလိုက်ပြီး များစွာသောအလှူဖြတ်ပိုင်း
များနှင့် ကုတ်အင်္ကျီတစ်ထည်ကိုပိုက်ရင်း
ထိုနေရာမှာတင် ငြိမ်ကျလို့နေခဲ့သည်။

ရောင်လွင်ကတော့ အိမ်ပေါ်တက်လာ
ပြီး အခန်းထဲရောက်တော့ အိမ်ပေါ်နေ
စဲဖြစ်တဲ့ မိုးမြေအနားသို့သွားကာ ထိုင်
ချလိုက်တယ်။ အသံထွက်လို့ ငိုကြွေး
ခြင်းမရှိပါပဲ စီးကျနေဆဲဖြစ်တဲ့မျက်
ရည်များ​ကိုလည်း သုတ်ဖယ်မနေတော့
ဘဲ ဖြူစင်စွာအိပ်မောကျနေသော သူငယ်ချင်းဖြစ်သူကိုသာ ကြောင်ငေး
နေမိတယ်။

ကြောက်တယ်။ ချစ်ရမှာ၊လူတစ်ယောက်
ကို စွဲလမ်းရမှာကို သူကြောက်တယ်။
ဘယ်သူ့ကိုမှလည်း မေတ္တာတွေမပေး
ချင်တော့သလို ဘယ်သူ့ဆီကမှလည်း
နွေးထွေးတဲ့ မေတ္တာတစ်ခုကို မမျှော်
လင့်ရဲတော့ဘူး။ ဘာဆိုဘာမှခံစားမနေချင်တော့ဘူး။ ချောင်တစ်ချောင်မှာ
ဘာခံစားချက်မှမရှိတော့တဲ့ ခန္ဓာနဲ့
ဝင်ခွေနေချင်တာပဲသိတော့တယ်။

.
.
.

သံတွဲမြို့ရဲ့လေဆိပ်ကို​ဆင်းပြီဖြစ်တာ
ကြောင့် မိုးမြေက ခပ်ကြီးကြီးမျက်မှန်
အမဲကို ကောက်တပ်လိုက်ပြီး ဦးထုပ်
ကိုလည်း ငိုက်နေအောင်ဆောင်းလိုက်
သည်။ သူ့ပုံက idol တစ်ယောက်နှင့်
တူလွန်းနေသည်ကြောင့် ကွက်ကြည့်
ကွက်ကြည့် လုပ်နေကြသောလူများကို
တွေ့သဖြင့် ခိုးပြုံးလိုက်မိသည်။
တကယ်တော့ အခုပုံစံက သူ့ရှေ့မလှမ်း
မကမ်းက ကုတ်ကုတ်လေးသွားနေသော
ကောင်လေးသတိမထားမိစေရန်သာ
ရည်ရွယ်သည်။

"လူသေးသေးလေး မင်းတစ်ယောက်
နဲ့တော့ ငါ့မှာလည်း သံတွဲအထိပါရောက်
လာရပြီ"

ရောင်လွင်က မပြောမဆိုနဲ့ဒီကိုထွက်
လာတာသူသိနေတာကြောင့် အနောက်
ကနေ တကောက်ကောက်လိုက်လာခဲ့
ခြင်းဖြစ်တယ်။ သူရဲ့လူသေးသေးက
အပြစ်ရှိတဲ့စိတ်နဲ့ သူနဲ့ဝေးဝေးကိုပြေး
ဖို့ကြံခဲ့ပေမယ့် ကိုယ်မှ ခွင့်မပြုနိုင်တာ
ဘယ်လိုလုပ်မလဲ။ လိုက်လာရတော့တာ
ပေါ့။ ရောင်လွင်ရဲ့စိတ်အဆင်ပြေတဲ့
အထိ ခဏလွှတ်ပေးဖို့ တွေးထားပေမယ့်
မျက်စိကွယ်ရာမှာဆို သူလိုက်မမှီနိုင်
တော့မယ့်နေရာအထိ ထွက်ပြေးသွားမှာ
တွေးကြောက်ရပြန်တာကြောင့် အခုလို
မသိအောင်နေဖို့ တွေးလိုက်ရ၏။

ရောင်လွင်က ခန့်မှန်းထားသည့်အတိုင်း
သူ့ဦးလေးရဲ့ငါးဒိုင်မှာသွားရောက်တည်းခိုသည်ကိုတွေ့လိုက်ရတာကြောင့်
မိုးမြေ မှာ နီးစပ်ရာတည်ခိုးမှာသာနေဖို့ဆုံးဖြတ်ပြီး ရောက်လာခဲ့သည်။
ဟိုတယ်ခန်းထဲရောက်တော့ အထုတ်ချ
ရုံရှိသေး ဝင်လာတဲ့ sms ကြောင့် ဖွင့်
ကြည့်လိုက်ရာ နိုင်း၏ PA ကိုထက်ဆီမှ
ဖြစ်နေသည်။ အကြောင်းအရာကတော့

မနက်ဖြန်ကစပြီး ပြည့်စုံ group ရဲ့
လုပ်ငန်းမှန်သမျှကို သူက လေ့လာဖို့
အတွက် လာခဲ့ရန်ပြောထားခြင်းဖြစ်၏။
ဥက္ကဋ္ဌကလည်း US ကိုသွားပြီဖြစ်ကြောင်း
ပြောထားသေး၏။

မိုး​မြေကချက်ချင်းပဲနိုင်းဆီကိုဖုန်းဆက်
လိုက်တယ်။ အကြိမ်ပေါင်းများစွာခေါ်
ဆိုပြီးမှပြန်​​ဖြေလာတယ်။

"ကိုကို...ကိုကိုဘာလို့ US ကိုသွားမှာလဲ"

"လုပ်ငန်းအသစ်အတွက်"

"မသွားရဘူး ကျွန်တော်လည်းပြည့်စုံ
group ကို မဦးစီးနိုင်ဘူး"

"ဒါမင်းလုပ်ရမယ့်တာဝန်ပဲလေ"

"မလုပ်နိုင်ဘူး"

"ဒါဆိုမင်းက ငါ့အားနဲ့ရပ်တည်လာတဲ့
အရာကို ဖျက်ဆီးပစ်တော့မယ်ပေါ့"

"မဟုတ်ဘူး အဲ့လိုမဟုတ်ဘူး
ကိုကို့လောက်မှ ကျွန်တော်ကမတော်
တာ ကိုကိုပဲဦးစီးပေးပါ ကျွန်တော်ဘာမှ
မလိုချင်ပါဘူး"

ခရားရေလွတ်ပြောမိတော့ကိုကိုဆီမှ
သက်ပြင်းရှိုက်သံတစ်ခုကို သူကြား
လိုက်ရတယ်။

"ဒါက တာဝန်ပဲ ငါတာဝန်ကျေခဲ့ပြီးပြီး
အခုမင်းအလှည့်ရောက်ပြီ ညီငယ်"

"ကျွန်တော်ဒီမှာလည်းမရှိဘူး ဦးစီး
ဦးဆောင်လည်း မလုပ်နိုင်ဘူး
ကိုကိုလည်း ဘယ်မှမသွားရဘူး
ကိုကိုတစ်ယောက်တည်းအားနဲ့စိုက်ပျိုး
ထားတဲ့အပင်က အညွှန့်အဖူးကို
ကျွန်တော် အဆင်သင့်ခူးမစားချင်ဘူး"

"ကိုကို လောက်မတော်ပေမယ့် ကျွန်
တော့်မှာလည်းလုပ်နိုင်စွမ်းရှိကြောင်း
ပြပါရစေ ကိုကိုကစောင့်ကြည့်ပေးပါ"

နိုင်းကပြောမရတဲ့ညီငယ်ကြောင့်လက်
လျှော့လိုက်ပြီး လက်ထဲကလေယာဥ်
လက်မှတ်ကို မျက်တောင်မခတ်တမ်း
စိုက်ကြည့်မိသည်။

"ဟုတ်ပြီ ညီငယ့်နောက်မှာကိုကိုရှိနေ
မယ်"

call end သွားသည့်နိုင်းကြောင့်မိုးမြေ
မှာ အရုပ်ကျိုးပျက်ထိုင်ချမိသည်။

ကိုကိုကဘာလို့ အရာအာလုံးကိုလွယ်
လွယ်နဲ့ လက်လျော့လိုက်ရတာလဲ။
ရောင်လွင့်ဆီများ ပြန်လာချင်လို့လား။
အဲ့လိုဆို ကျွန်တော် ဘယ်လိုလုပ်ရမလဲ။
အတွေးထဲမှာသာ ငရဲကျလည်းစစ်ခင်း
ယူမယ်​ ပြောခဲ့ပေမယ့် လက်တွေ့ဆို
ဒီကောင်ကပေးဆပ်ဖို့ပဲတက်နိုင်တာဗျ။ အနိုင်မကျင့်ကြပါနဲ့တော့လားဗျာ။
အဲ့ဒီလူသေးသေးလေးကို ကျွန်တော်လိုအပ်လို့ပါ။

မိုးမြေက စီးကျလုဆဲမျက်ရည်များကို
မျက်တောင်များ ပုတ်ခတ်လို့သိမ်းဆည်း
လိုက်ပြီး ယက္ခဆီိသို့ vc ခေါ်လိုက်တယ်။
ချက်ချင်းတန်းကိုင်တဲ့ သူငယ်ချင်းက
လည်း သူ့ဖုန်းကိုမျှော်နေပုံရတယ်။

"ငမိုး"

"ယက္ခ"

"မင်းအဆင်ပြေလား"

"ဘယ်ပြေမလဲကွာ"

"ငါအဲ့လိုဖြေတာပဲ ကြားချင်တာအဆင် ပြေတယ်ဆိုပြီး လိမ်ဖြေမှာထက်"

"ကိုကိုက ရောင်လွင်ဆီပြန်လာမလား
မသိဘူး ငါကြောက်တယ် ယက္ခ"

မိုးမြေ၏တုန်လှုပ်နေတဲ့မျက်စံများကို
မြင်တော့ ယက္ခကအံကိုတင်းတင်း
ကြိတ်လျက်...

"မင်းက ဘာကြောက်စရာရှိလဲ
အဲ့ခါကျရင်ငါကိုယ်တိုင်သတ်ပစ်မှာ
မင်းစောင့်ကြည့်နေ"

"ငါက အဘက်ဘက်ကရှုံးပြီးသား
လူပါကွာ ရောင်လွင်ကသာပြန်လက်ခံ
ခဲ့ရင် ငါ...ငါတော့"

"အဲ့လိုဖြစ်လာမှာ မဟုတ်ဘူး"

"ကိုရွိုင်း"

ယက္ခဘေးရောက်လာတဲ့ရွိုင်း၏စကား
ကြောင့် ကြောင်အသွားမိတယ်။

"ခင်ဗျားကဘယ်လိုသိလဲ ဦးနစ္စ"

"တွေးကြည့်တာလေ မင်းတို့ရဲ့သူငယ်
ချင်းကတူညီတဲ့အမှားကို ထပ်ပြီးရွေး
ချယ်မှာ မဟုတ်ဘူး"

"ညီနိုင်း က သူ့အတွက်အမှားတစ်ခုလို့
အရိုးထဲထိဆွဲသွားပြီ စိုးရိမ်စရာ မရှိ
ဘူးလို့ ကိုယ်ထင်တယ်"

ယက္ခက ရွိုင်းကိုပေစောင်းစောင်းကြည့်ရင်း အမှန်တရားဖြစ်နိုင်၍ သူလည်း
ထောက်ခံကြောင်း မိုးမြေကို​ခေါင်း​ငြိမ့်
ပြလိုက်တယ်။

"ကိုကို က အလျော့မပေးရင်ရော
ရောင်လွင်က ငါ့အကိုကိုချစ်နေခဲ့တယ်
ဆိုတဲ့ အသိနဲ့တင် ငါမယှဥ်ပြိုင်ရဲဘူး"

"အဲ့တာလည်း မဖြစ်နိုင်ဘူး"

"ခင်ဗျားကသိလှချည်လားဦးနစ္စ"

"ညီနိုင်း က စီးပွားရေးလောကထဲမှာဆို
ကိုယ်နဲ့အရင်နှီးဆုံး မိတ်ဆွေပဲ"

"တော်တော် ခင်ဗျားရဲ့ညီနိုင်းအကြောင်း
မသိချင်ဘူး ငမိုး မင်းရောင်လွင့်ကို
ဘယ်တော့မှလက်မလွတ်ဘူးဆိုတာ
ငါသိတယ်"

ယက္ခ၏အပြောကြောင့်မိုးမြေကအပြုံး
ရေးရေးနှင့် ဆိုလာတယ်။

"ငါ့မှာငယ်ငယ်လေးထဲက သူ့အတွက်ရည်မှန်းချက်ရှိခဲ့တာ ငါ့လက်ခုပ်ထဲ့မှာ
ပြုံးပျော်တဲ့ သူ့မျက်နှာလေးကို ထည့်သိမ်းထားဖို့"

"ပြည့်ခဲ့လား"

"ခင်ဗျား!"

ယက္ခသူ့ဘေးကရွိုင်းရဲ့ဗိုက်တစ်ချက်
ထိုးလိုက်ပြီးဟန့်လိုက်ရတယ်။
ဒီလူဒီနေ့မှ သိပ်စကားများနေပါလား။

"ဟက်...ဘယ်ပြည့်ခဲ့မလဲ။ တစ်စွန်း
တစ်စပဲဖြစ်ခဲ့တယ်။ အခုချိန်မှာတော့
သူ့မျက်နှာလေး ကျွန်တော့်လက်ထဲမရှိ
ပေမယ့် ကျွန်တော်ခပ်လိုက်မယ့် လက်
ခုပ်ထဲက ရေမှာတောင်သူ့ပုံရိပ်လေးက
ပြုံးတာ မြင်ရုံနဲ့ ကျွန်တော့်ရည်မှန်းချက်လေးပြည့်ပြီလို့ သတ်မှတ်လိုက်လို့ရပါတယ်"

ယက္ခကခံစားနေရသည့်သူငယ်ချင်းရဲ့
မျက်နှာကိုမမြက်ရက်တာကြောင့် call
end လိုက်ပြီး ရွိုင်းဘက်သို့ လှည့်ကာ ရန်စောင်တော့သည်။

"ဘာလို့အဲ့မေးခွန်းကိုမေးတာလဲဦးနစ္စ"

"သူ့အချစ်ကိုသိချင်လို့"

"သူချစ်တဲ့အချစ်ကို ကျွန်တော်တောင်
မမှီဘူး အချစ်မှာ ဘယ်အရာက အရေး
ကြီးဆုံးလည်းသိလား။ သတ္တိရှိရှိချစ်ရဲ
တဲ့ အချစ်ကရော ဘာလဲသိလား။
ပေးဆပ်ပြီး ချစ်တာပဲ။ ပေးဆပ်ပြီး
ချစ်တဲ့လူတွေရဲ့အချစ်က သတ္တိရှိသလိုအင်အားလည်းကြီးတယ်။ သူသေဖို့
လည်း ဝန်မလေးသလို သူလူသတ်လိုက်
ဖို့လည်း ဝန်မလေးဘူး။ သူချစ်တဲ့လူ
က တခြားလူကြောင့်ပြုံးပျော်တာကိုလည်း ကြည့်ပေးနိုင်တယ်။ သူတို့ရင်ကဘယ်လောက်ပဲ ပူလောင်ပျက်စီးသွား
ပါစေ အရာရာပေးဆပ်ရဲတယ်"

ရွိုင်းကတော့ သူ့ရှေ့ကစကားတွေတတ်
နေတဲ့ကောင်ဆိုးလေးရဲ့ မျက်ခုံးစွန်းမှ
ငွေမျှင်ရောင် piercing ပေါ်တစ်ချက်ဖိ
ကပ်နမ်းလိုက်တယ်။

"စကားတွေတတ်လာတယ်ပေါ့"

"ဒါနဲ့ ခင်ဗျားလည်းသတ္တိရှိပြီး
ကျွန်တော် လူဖြူမလေးနဲ့ပျော်တာကို
တခါလောက်ကြည့်ပေးပါလား"

"ကိုယ်သေမှရမယ်"

"ဟား...ဟား"

"သူအဆင်ပြေမယ်ထင်လား ဦးနစ္စ"

"သူကသတ္တိရှိတယ်အဆင်ပြေမှာပါမေတ္တာရောင်ပြန်ဟပ်လိမ့်မယ် "

"အင်း နိုင်းမြေပြည့်စုံ က..."

"မစိုးရိမ်နဲ့ ညီနိုင်းကသူ့ညီကိုအရမ်း
ချစ်တာ ကိုယ်နဲ့တွေ့ရင် နိုင်ငံခြား
ရောက်နေတဲ့ မိုး​မြေ အကြောင်းအမြဲ
ပြောနေတတ်တယ်။ သူကစီးပွားတစ်
ခုပဲ ကြည့်တတ်တာဆိုပေမယ့် ၁၆နှစ်
အရွယ်တည်းက ပြည့်စုံ group ရဲ့
ဥက္ကဌတစ်ယောက်ဖြစ်လာဖို့ ကြိုးစား
လာတာ သူ့ညီအတွက်ပဲ"

"တော်တော် သူ့ကောင်းကြောင်းတွေ
မကြားချင်ဘူး"

"ကလေးဆန်လိုက်တာကွာ"

"ဘာဖြစ်လဲ ဘာဖြစ်လဲ"

ယက္ခ၏အားမသေးလှတဲ့ထိုးချင်များ
ဟာ ရွိုင်း၏လက်မောင်းပေါ်သို့အဆက်
မပြတ်ကျရောက်လို့နေသည်။
ရွိုင်းစိတ်ထဲတွင်တော့ ဓိုင်းနက္ခမာန်လေး
အမြန်ရောက်လာပြီး သူ့ကိုကယ်ဖို့ကိုသာ
တွေးနေလေ၏။

ကောင်ဆိုးလေးကို​ယောက်ျားတော်
ထားရတာလည်း သူ့အတွက်လွယ်ကူ
မနေပါဘူး။

.
.

နိုင်းတစ်ယောက် လူပျိုပေါက်အရွယ်
တည်းက အမြဲတမ်းလိုလိုsuit တွေသာ
ဝတ်နေခဲ့တာကြောင့် အခုလိုဘယ်သူမှ
မရိပ်မိအောင် စပို့ရှပ်ပွပွနဲ့ ဂျင်းအတို
ကိုဝတ်ထားရာ ကလေးဆန်လွန်းနေ၍
မနေတတ်ဖြစ်နေရသည်။ ကားပေါ်မှ
ဆင်းပြီး လမ်းမလျှောက်ရဲသည်အထိ
သူရှက်နေတာ နည်းနည်းတော့ရယ်စရာ
ကောင်းနေသည်။ ငယ်ငယ်တည်းက
မျက်စိအားနည်းသူဖြစ်နေတာကြောင့်
​သူ့ခန္ဓာမှာမပြောင်းမလဲ ရှိနေတာက
တော့ လေးထောင့်မျက်မှန်အကြည်
လေးသာဖြစ်၏။ လှန်တင်ထားခြင်း
မရှိတာကြောင့် နဖူးပေါ်မှထူထူထဲထဲ
ကျနေသောဆံစများဟာ ကားပေါ်မှ
ဆင်းလိုက်သည်နှင့် တိုးတိုက်လာသော
လေအေးများကြောင့် ပွယောင်း​ယောင်း
ဖြစ်သွားကြောင့် မနေတတ်စွာလက်ဖြင့်
သပ်မိသည်။

တရွေ့ရွေ့နှင့် ပင်လယ်ဘက်သို့
လျှောက်လာပြီး ပင်လယ်ပြာ၏အလှ
ကိုပင် မခံစားနိုင် သူရှေ့မှဝိုးတိုးဝါးတား
ပုံရိပ်ငယ်လေးကြောင့် လှုပ်ရှားမှုအား
လုံးဟာ ရပ်တန့်သွားသည်။

ရေလုပ်သားတစ်ယောက်အလား ကြက်ပေါင်ဖိနပ်နဲ့တံတောင်ဆစ်အထိ ရှည်သောရာဘာလက်အိတ်ဝါဝါကိုဝတ်
ထားတဲ့ ဂျပုလေး။ တစ်ကိုယ်လုံးက
သူဝတ်ထားတဲ့အဝတ်တွေထဲ မြုပ်နေ
တာများ ဖျစ်ညစ်စရာကောင်းလှသည်။

"ခက်ရောင်လွင်"

"မင်းကအရမ်းချစ်ဖို့ကောင်းတယ်"

"ညီငယ်မင်းကိုသိပ်ချစ်တာလည်း
မဆန်းပါဘူး ညီငယ်ကဟိုးငယ်ငယ်
လေးထဲက ချစ်စရာကောင်းတဲ့အရာ
တွေကို သဘောကျတတ်တာ"

ကျောက်ပုစွန်တစ်ကောင်ကို လှေပေါ်
မှယူလို့ မရဲတရဲကိုင်နေသောကောင်
လေးကို မျက်တောင်မခတ်တမ်းစိုက်
ကြည့်ရင်းမှ ဖြတ်ခနဲအကြည့်တို့လွှဲမိ
စဥ် အကွယ်တစ်နေရာမှာရပ်နေတဲ့
ညီငယ့်ကိုတွေ့လိုက်တာကြောင့် ​ခြေ
လှမ်းများကို နောက်ဆုတ်မိသည်။
ညီငယ်ကတော့သူ့ကိုမတွေ့သည်ထက်
မမှတ်မိဘူးထင်၏။ ရောင်လွင့်ကိုသာ
ကြည့်လို့ ပါးစပ်ကိုလက်နှင့်အုပ်ကာ
ရယ်နေသည်။

ဒီဖြူစင်လွန်းတဲ့ကလေးတွေကြားထဲ
မှာ သူဆိုတဲ့အဆိပ်အတောက်ဟာ
ဘယ်လောက်ထိတောင်အမြစ်တွယ်
သွားပြီလဲမသိတော့ပါ။

နိုင်းကကျောခိုင်းလိုက်ပြီး သူဝတ်ထား
သည့်စပို့ရှပ်နဲ့ ညီငယ်ဝတ်ထားသည့်
စပို့ရှပ်မှာ တူနေ၍ပြုံးလိုက်မိတယ်။
ဒါက ညီငယ် ဝယ်ပေးထားတဲ့ တစ်ခု
တည်းသော ဆင်တူပစ္စည်းလေ။

"ကိုကို့ ကို သတိရနေတာလားညီငယ်"

မျက်တောင်ကိုဆင့်ခတ်ရင်း နှာရိုးပေါ်
မျက်မှန်ကို တင်လျက် ထိုနေရာမှ
ကျောခိုင်းလို့လျှောက်လာမိတယ်။
ကျောက်ဆောင်တစ်ခုပေါ်တက်လိုက်
ပြီးလက်ထဲက အထုတ်ထဲမှ အရာများ
ကို သွန်ချလိုက်တယ်။

ဦးနိုင်းမြေပြည့်စုံ ဆိုသည့်နာမည်နဲ့
အေးချမ်းရာ မိဘမဲ့ဂေဟာမှအလှူဖြတ်
ပိုင်းများဟာ ပုတ်ခတ်လာသောလှိုင်း
​များ၏ ဆွဲငင်မှုကြောင့် ပင်လယ်ထဲသို့
​မျောပါသွားပုံကို နိုင်းကငေးကြည့်နေ
တယ်။ သူနားထဲတွင်တော့ ညီငယ်ပြော
ခဲ့ဖူးသည့် 'လောကမှာ ကိုယ့်စိတ်ကို
ကိုယ်ညာတဲ့လူက ဒဏ်ရာအများဆုံး
ရတတ်တယ်' ဆိုသည့်စကားပင်ဖြစ်
တယ်။

တဖန်သူ့လက်ထဲမှာကျန်နေသည့်
နက်ပြာရောင်ကုတ်အင်္ကျီကို ရေထဲပစ်
ချရန်ပြင်ပြီးမှ လက်ကိုရုတ်လိုက်ပြီး
သူ့ကိုယ်ထက်သာလွှားခြုံလိုက်တယ်။

"ဘာမဟုတ်တဲ့ငါရဲ့ဒဏ်ရာတွေကို
စာဖွဲ့မနေတော့ဘူး"

"ရပ်တန့်လို့မရတဲ့ခံစားချက်တွေကို
ထိန်းချုပ်ရာမှာ ငါကပြည့်စုံပြီးသားလေ"

ငါနိုင်း​မြေပြည့်စုံက အချစ်မှာရှုံးနိမ့်
သွားကြောင်း ဘယ်တော့မှဝန်ခံမှာ
မဟုတ်ဘူး။ ငါကအဲ့လောက်ထိအတ္တ
ကြီးတယ်။ နောက်ဆုံးအချိန်ထိမျက်ဝန်း
နဲ့ဖြစ်ဖြစ် ချစ်တယ်လို့ဝန်မခံခဲ့ဘူး။
ကိုကိုက မင်းအတွက်ဆိုအဲ့လောက်ထိ
ပေးဆပ်ရဲပါတယ်။ ဒီအစ်ကိုရဲ့မေတ္တာ
တွေကြောင့် မင်းအေးချမ်းပါစေညီငယ်။
ငါထပ်ပြီးနှောင့်မယှက်ဝံ့တော့ပါဘူး။
ငါ့မေတ္တာတွေကို နှုတ်ကဖွင့်မပြော
လည်း မင်းခံစားတတ်ပါစေ ညီငယ်။

(N. နိုင်းကအရမ်းချောတာပဲနော်
နောက်ဆုံးအချိန်ထိ သူညီအပေါ်မှာ
ထားတဲ့ခံစားချက်ကိုပဲပြောသွားတာ
ရောင်လွင့်အတွက်ထည့်ပြောမသွားခဲ့
ဘူး။တော်တော်အ​ကြောတင်းတဲ့ကောင်)

▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

Zawgyi ...

ေရာင္လြင္က သူ႕ေပါင္ေပၚအိပ္ေပ်ာ္
ေနၿပီျဖစ္တဲ့ မိုးေျမကိုဆိုဖာေပၚအသာ
ခ်ၿပီး တိုက္ေအာက္မွာ ကိုနိုင္း၏ကားရွိေသးသည္လား ထၾကည့္လိုက္ေတာ့
ခပ္လွမ္းလွမ္းမွာ ရပ္ထားဆဲျဖစ္သည္
ကို ေတြ႕လိုက္ရတာေၾကာင့္ အံႀကိတ္ရင္း လြယ္အိတ္ထဲမွာ ပစၥည္းတစ္ခ်ိဳ႕ကိုထုတ္ယူသည္။ အနာအရွိန္ေရာ ေဆးအရွိန္ပါ ေပါင္းၿပီးအိပ္ေပ်ာ္ေနတဲ့
မိုးေျမ ကို တစ္ခ်က္ၾကည့္ၿပီး တိုက္ေအာက္သို႔ ခပ္သြက္သြက္ဆင္းလာခဲ့သည္။

ကားကိုျမင္ၿပီး ဆင္းလာမွာကို သိလို႔
ကိုနိုင္းက အခုထက္ထိေစာင့္ေနတာ
ေလ။ သူ႕ကိုထြက္ေနတဲ့ ေဒါသမ်ားအတြက္ ဝုန္းဒိုင္းႀကဲတက္လာလိုက္ရင္
မိုးေျမ နဲ႕ ျပသနာထပ္တက္နိုင္တာသိ
တာေၾကာင့္ အခုလို ေစာင့္ေနျခင္းမ်ိဳးျဖစ္၏။ ေစာင့္လိုက္ရတဲ့ အတိုင္းတာနဲ႕
ဆို သူ႕ကိုေတြ႕တာနဲ႕ ကိုနိုင္းကသတ္ပစ္ေလာက္ပါသည္။ သို႔ေပမယ့္ အရင္
အခ်ိန္မ်ားလို သူဟာေၾကာက္႐ြံမေန
ပါဘဲ ရင္ဆိုင္ဖို႔သတၱိအျပည့္ရွိေနေလၿပီ။

တိုက္ေအာက္ေရာက္သည္ႏွင့္ အရွိန္
ျပင္းစြာႏွင့္ သူ႕ထံတည့္တည့္ေမာင္းလာ
သည့္ ကိုနိုင္း၏ ကားေၾကာင့္ ​​​ေျခလွမ္းမ်ားဟာ ေနာက္ဆုတ္သြားသည္။
တုန္ရီလာေသာ ႏႈတ္ခမ္းမ်ားကို ထိန္း
ရင္း ကိုနိုင္း၏ ကားကို ေရွာင္တိမ္းျခင္း
မျပဳဘဲ တည့္တည့္ၾကည့္လိုက္သည္။

တိုက္သတ္လိုက္ေတာ့လည္း ေသ႐ုံေပါ့။
ဒီဘဝမွာရွင္သန္ၿပီး ဘာထူးေသးလို႔လဲ။
သူငယ္ခ်င္းအေပၚမွာ သစၥာေဖာက္
ေမတၱာေတြကိုပါ ဥေပကၡာျပဳေစာ္ကား
တဲ့သူဟာ အေစာထဲကေသခဲ့သင့္ၿပီးၿပီ။

ကိုနိုင္း၏ကားဟာ သူအနားတစ္ထြာ
စာေတာင္မရွိတဲ့အကြာေဝးေရာက္ေတာ့
ထိုးရပ္လိုက္သည္ေၾကာင့္ ေခြခနဲထိုင္
လ်က္ ျပဳတ္က်သြားခဲ့တယ္။

"ခက္ေရာင္လြင္!"

"အာ့"

ကားေပၚကေန အေလာတႀကီးဆင္း
လာၿပီး ေျမေပၚမွသူ႕လက္ကို ဆြဲေဆာင့္ကာထရပ္ေစၿပီး ကားအေနာက္ခန္းမွာထိုင္ေစသည္။ ကိုနိုင္းကပါ ဝင္ထိုင္လာ
သည္ေၾကာင့္ တစ္ဖက္တံခါးကိုဖြင့္ကာ
ဆင္းရန္ျပင္ေတာ့ သူ႕လည္ပင္းကိုညစ္
လာသျဖင့္ ႐ုန္းရျပန္သည္။

"လႊတ္"

"အာ့...နာတယ္"

"မင္းေျပာလိုက္တာမွတ္လား ဟမ္!
ညီငယ့္ကို မင္းေျပာလိုက္တာမွတ္လား"

"အဲ့ဒီကေလး ငါ့ကိုဘယ္ေလာက္မုန္း
ၿပီလဲ သိလား"

"အာ့"

"မင္းေၾကာင့္ေလ...မင္းေၾကာင့္"

ေရာင္လြင္လည္း သူ႕လက္ထဲမွာက်စ္
က်စ္ပါေအာင္ဆုပ္ထားတဲ့အထုတ္ျဖင့္
နိုင္း ကို ထုရိုက္ပစ္သည္။

"ငါ့ကိုျပန္မလုပ္နဲ႕"

"ဒီေန႕မင္းကိုငါသတ္မွာ သတ္ပစ္မွာ"

"သတ္...လိုက္"

"ဘာ!"

"သတ္လိုက္...အခုသတ္လိုက္"

"ေတာက္ခ္"

လက္ထဲက အထုတ္ကို ကိုနိုင္း မ်က္
ႏွာတည့္တည့္ကို ပစ္ေပါက္လိုက္ေတာ့ ေစာင္း႐ြဲ႕သြား တဲ့မ်က္မွန္ကိုေတာက္ခတ္ရင္းခြၽတ္ကာ ေရွ႕ခန္းကိုလႊတ္ပစ္လိုက္တယ္။
ေပါင္ေပၚေရာက္လာတဲ့အထုတ္ထဲမွ
ထြက္က်လာတဲ့ အလႉျဖတ္ပိုင္းစာ႐ြက္
မ်ားနဲ႕ ကုတ္အကၤ်ီတစ္ထည္ေၾကာင့္
နိုင္း က ယူၾကည့္လိုက္တယ္။

ဦးနိုင္းေျမျပည့္စုံ ဆိုသည့္နာမည္နဲ႕
ေအးခ်မ္းရာမိဘမဲ့ေဂဟာမွာလႉထား
သည့္ မနည္းလွတဲ့ျဖတ္ပိုင္းမ်ားေၾကာင့္
ေရာင္လြင့္ကို ေမာ့ၾကည့္လိုက္မိတယ္။
လက္ထဲမွာဆုပ္ကိုင္ထားတဲ့ ကုတ္အကၤ်ီ
က အမွတ္မမွားဘူးဆို ​ေသခ်ာ၏။
ပထမဆုံး ေရာင္လြင္ ကို club မွာ
သူရယူခဲ့တုန္းက ဒီကုတ္အကၤ်ီၿခဳံေပး
ၿပီး ခ်က္လက္မွတ္တစ္ေစာင္နဲ႕ ထားရစ္
ခဲ့တာ။

"မင္း..."

"ကြၽန္ေတာ့္ဘဝကို မေႏွာင့္ယွက္ပါနဲ႕
ေတာ့...ေဝးရာကိုသြားလိုက္ပါေတာ့"

"ခင္ဗ်ားမသြားရင္ေတာင္ ကြၽန္ေတာ္
သြားမွာပါ"

"ခင္ဗ်ားတို႔ညီအစ္ကို ကြၽန္ေတာ့္ေၾကာင့္
စိတ္ဝမ္းကြဲခဲ့ရတဲ့အတြက္လည္း ေတာင္း
ပန္ပါတယ္"

"ခင္ဗ်ားကိုခ်စ္ခဲ့တဲ့အခ်စ္ေတြကို
သင္ခန္းစာအျဖစ္မွတ္ယူၿပီး ဘဝကိုေရွ႕ ဆက္ပါမယ္ ခင္ဗ်ားလည္း သင့္ေတာ္
မယ့္မိန္းကေလးတစ္ေယာက္ကို ေဘးမွာ
ထားၿပီးအေကာင္းဆုံးရွင္သန္လိုက္ပါ
ေတာ့"

"မိုးေျမရဲ႕ဘဝကို ကြၽန္ေတာ္ကိုယ္တိုင္လည္း မဖ်က္စီးရက္တာမို႔လို႔ စိတ္ခ်ပါ
ေဝးေဝးကိုေျပးပါ့မယ္ ခင္ဗ်ားသာ
လႊတ္ေပးပါေတာ့"

"ကိုနိုင္းေျမျပည့္စုံ ကို အရာရာအတြက္ ေက်းဇူးတင္ပါတယ္"

ေရာင္လြင္ကားေပၚမွ ဆင္းသြားေတာ့
နိုင္း က ေၾကာင္ေနရာမွ သတိဝင္လာၿပီး
သူ႕ကိုေက်ာခိုင္းလို႔ထြက္သြားတဲ့ေက်ာ
ျပင္ကိုၾကည့္ရင္း ႏြမ္းလ်တိဳးဖ်ေသာ
အသံနဲ႕ လွမ္းေခၚလိုက္ေပမယ့္ အျပင္
ဘက္ကေကာင္ေလးဟာ မၾကားခဲ့ပါ။

"ခက္"

"ျပန္...လာ..."

"မဟုတ္ဘူး မလာနဲ႕ေတာ့"

နိုင္းကမ်က္ႏွာကိုလက္ႏွစ္ဖက္ႏွင့္အုပ္
ခ်လိဳက္ၿပီး မ်ားစြာေသာအလႉျဖတ္ပိုင္း
မ်ားႏွင့္ ကုတ္အကၤ်ီတစ္ထည္ကိုပိုက္ရင္း
ထိုေနရာမွာတင္ ၿငိမ္က်လိဳ႕ေနခဲ့သည္။

ေရာင္လြင္ကေတာ့ အိမ္ေပၚတက္လာ
ၿပီး အခန္းထဲေရာက္ေတာ့ အိမ္ေပၚေန
စဲျဖစ္တဲ့ မိုးေျမအနားသို႔သြားကာ ထိုင္
ခ်လိဳက္တယ္။ အသံထြက္လို႔ ငိုေႂကြး
ျခင္းမရွိပါပဲ စီးက်ေနဆဲျဖစ္တဲ့မ်က္
ရည္မ်ား​ကိုလည္း သုတ္ဖယ္မေနေတာ့
ဘဲ ျဖဴစင္စြာအိပ္ေမာက်ေနေသာ သူငယ္ခ်င္းျဖစ္သူကိုသာ ေၾကာင္ေငး
ေနမိတယ္။

ေၾကာက္တယ္။ ခ်စ္ရမွာ၊လူတစ္ေယာက္
ကို စြဲလမ္းရမွာကို သူေၾကာက္တယ္။
ဘယ္သူ႕ကိုမွလည္း ေမတၱာေတြမေပး
ခ်င္ေတာ့သလို ဘယ္သူ႕ဆီကမွလည္း
ေႏြးေထြးတဲ့ ေမတၱာတစ္ခုကို မေမွ်ာ္
လင့္ရဲေတာ့ဘူး။ ဘာဆိုဘာမွခံစားမေနခ်င္ေတာ့ဘူး။ ေခ်ာင္တစ္ေခ်ာင္မွာ
ဘာခံစားခ်က္မွမရွိေတာ့တဲ့ ခႏၶာနဲ႕
ဝင္ေခြေနခ်င္တာပဲသိေတာ့တယ္။

.
.
.

သံတြဲၿမိဳ႕ရဲ႕ေလဆိပ္ကို​ဆင္းၿပီျဖစ္တာ
ေၾကာင့္ မိုးေျမက ခပ္ႀကီးႀကီးမ်က္မွန္
အမဲကို ေကာက္တပ္လိုက္ၿပီး ဦးထုပ္
ကိုလည္း ငိုက္ေနေအာင္ေဆာင္းလိုက္
သည္။ သူ႕ပုံက idol တစ္ေယာက္ႏွင့္
တူလြန္းေနသည္ေၾကာင့္ ကြက္ၾကည့္
ကြက္ၾကည့္ လုပ္ေနၾကေသာလူမ်ားကို
ေတြ႕သျဖင့္ ခိုးၿပဳံးလိုက္မိသည္။
တကယ္ေတာ့ အခုပုံစံက သူ႕ေရွ႕မလွမ္း
မကမ္းက ကုတ္ကုတ္ေလးသြားေနေသာ
ေကာင္ေလးသတိမထားမိေစရန္သာ
ရည္႐ြယ္သည္။

"လူေသးေသးေလး မင္းတစ္ေယာက္
နဲ႕ေတာ့ ငါ့မွာလည္း သံတြဲအထိပါေရာက္
လာရၿပီ"

ေရာင္လြင္က မေျပာမဆိုနဲ႕ဒီကိုထြက္
လာတာသူသိေနတာေၾကာင့္ အေနာက္
ကေန တေကာက္ေကာက္လိုက္လာခဲ့
ျခင္းျဖစ္တယ္။ သူရဲ႕လူေသးေသးက
အျပစ္ရွိတဲ့စိတ္နဲ႕ သူနဲ႕ေဝးေဝးကိုေျပး
ဖို႔ႀကံခဲ့ေပမယ့္ ကိုယ္မွ ခြင့္မျပဳနိုင္တာ
ဘယ္လိုလုပ္မလဲ။ လိုက္လာရေတာ့တာ
ေပါ့။ ေရာင္လြင္ရဲ႕စိတ္အဆင္ေျပတဲ့
အထိ ခဏလႊတ္ေပးဖို႔ ေတြးထားေပမယ့္
မ်က္စိကြယ္ရာမွာဆို သူလိုက္မမွီနိုင္
ေတာ့မယ့္ေနရာအထိ ထြက္ေျပးသြားမွာ
ေတြးေၾကာက္ရျပန္တာေၾကာင့္ အခုလို
မသိေအာင္ေနဖို႔ ေတြးလိုက္ရ၏။

ေရာင္လြင္က ခန့္မွန္းထားသည့္အတိုင္း
သူ႕ဦးေလးရဲ႕ငါးဒိုင္မွာသြားေရာက္တည္းခိုသည္ကိုေတြ႕လိုက္ရတာေၾကာင့္
မိုးေျမ မွာ နီးစပ္ရာတည္ခိုးမွာသာေနဖို႔ဆုံးျဖတ္ၿပီး ေရာက္လာခဲ့သည္။
ဟိုတယ္ခန္းထဲေရာက္ေတာ့ အထုတ္ခ်
႐ုံရွိေသး ဝင္လာတဲ့ sms ေၾကာင့္ ဖြင့္
ၾကည့္လိုက္ရာ နိုင္း၏ PA ကိုထက္ဆီမွ
ျဖစ္ေနသည္။ အေၾကာင္းအရာကေတာ့

မနက္ျဖန္ကစၿပီး ျပည့္စုံ group ရဲ႕
လုပ္ငန္းမွန္သမွ်ကို သူက ေလ့လာဖို႔
အတြက္ လာခဲ့ရန္ေျပာထားျခင္းျဖစ္၏။
ဥကၠ႒ကလည္း US ကိုသြားၿပီျဖစ္ေၾကာင္း
ေျပာထားေသး၏။

မိုး​ေျမကခ်က္ခ်င္းပဲနိုင္းဆီကိုဖုန္းဆက္
လိုက္တယ္။ အႀကိမ္ေပါင္းမ်ားစြာေခၚ
ဆိုၿပီးမွျပန္​​ေျဖလာတယ္။

"ကိုကို...ကိုကိုဘာလို႔ US ကိုသြားမွာလဲ"

"လုပ္ငန္းအသစ္အတြက္"

"မသြားရဘူး ကြၽန္ေတာ္လည္းျပည့္စုံ
group ကို မဦးစီးနိုင္ဘူး"

"ဒါမင္းလုပ္ရမယ့္တာဝန္ပဲေလ"

"မလုပ္နိုင္ဘူး"

"ဒါဆိုမင္းက ငါ့အားနဲ႕ရပ္တည္လာတဲ့
အရာကို ဖ်က္ဆီးပစ္ေတာ့မယ္ေပါ့"

"မဟုတ္ဘူး အဲ့လိုမဟုတ္ဘူး
ကိုကို႔ေလာက္မွ ကြၽန္ေတာ္ကမေတာ္
တာ ကိုကိုပဲဦးစီးေပးပါ ကြၽန္ေတာ္ဘာမွ
မလိုခ်င္ပါဘူး"

ခရားေရလြတ္ေျပာမိေတာ့ကိုကိုဆီမွ
သက္ျပင္းရွိုက္သံတစ္ခုကို သူၾကား
လိုက္ရတယ္။

"ဒါက တာဝန္ပဲ ငါတာဝန္ေက်ခဲ့ၿပီးၿပီး
အခုမင္းအလွည့္ေရာက္ၿပီ ညီငယ္"

"ကြၽန္ေတာ္ဒီမွာလည္းမရွိဘူး ဦးစီး
ဦးေဆာင္လည္း မလုပ္နိုင္ဘူး
ကိုကိုလည္း ဘယ္မွမသြားရဘူး
ကိုကိုတစ္ေယာက္တည္းအားနဲ႕စိုက္ပ်ိဳး
ထားတဲ့အပင္က အၫႊန့္အဖူးကို
ကြၽန္ေတာ္ အဆင္သင့္ခူးမစားခ်င္ဘူး"

"ကိုကို ေလာက္မေတာ္ေပမယ့္ ကြၽန္
ေတာ့္မွာလည္းလုပ္နိုင္စြမ္းရွိေၾကာင္း
ျပပါရေစ ကိုကိုကေစာင့္ၾကည့္ေပးပါ"

နိုင္းကေျပာမရတဲ့ညီငယ္ေၾကာင့္လက္
ေလွ်ာ့လိုက္ၿပီး လက္ထဲကေလယာဥ္
လက္မွတ္ကို မ်က္ေတာင္မခတ္တမ္း
စိုက္ၾကည့္မိသည္။

"ဟုတ္ၿပီ ညီငယ့္ေနာက္မွာကိုကိုရွိေန
မယ္"

call end သြားသည့္နိုင္းေၾကာင့္မိုးေျမ
မွာ အ႐ုပ္က်ိဳးပ်က္ထိုင္ခ်မိသည္။

ကိုကိုကဘာလို႔ အရာအာလုံးကိုလြယ္
လြယ္နဲ႕ လက္ေလ်ာ့လိုက္ရတာလဲ။
ေရာင္လြင့္ဆီမ်ား ျပန္လာခ်င္လို႔လား။
အဲ့လိုဆို ကြၽန္ေတာ္ ဘယ္လိုလုပ္ရမလဲ။
အေတြးထဲမွာသာ ငရဲက်လည္းစစ္ခင္း
ယူမယ္​ ေျပာခဲ့ေပမယ့္ လက္ေတြ႕ဆို
ဒီေကာင္ကေပးဆပ္ဖို႔ပဲတက္နိုင္တာဗ်။ အနိုင္မက်င့္ၾကပါနဲ႕ေတာ့လားဗ်ာ။
အဲ့ဒီလူေသးေသးေလးကို ကြၽန္ေတာ္လိုအပ္လို႔ပါ။

မိုးေျမက စီးက်လဳဆဲမ်က္ရည္မ်ားကို
မ်က္ေတာင္မ်ား ပုတ္ခတ္လို႔သိမ္းဆည္း
လိုက္ၿပီး ယကၡဆီိသို႔ vc ေခၚလိုက္တယ္။
ခ်က္ခ်င္းတန္းကိုင္တဲ့ သူငယ္ခ်င္းက
လည္း သူ႕ဖုန္းကိုေမွ်ာ္ေနပုံရတယ္။

"ငမိုး"

"ယကၡ"

"မင္းအဆင္ေျပလား"

"ဘယ္ေျပမလဲကြာ"

"ငါအဲ့လိုေျဖတာပဲ ၾကားခ်င္တာအဆင္ ေျပတယ္ဆိုၿပီး လိမ္ေျဖမွာထက္"

"ကိုကိုက ေရာင္လြင္ဆီျပန္လာမလား
မသိဘူး ငါေၾကာက္တယ္ ယကၡ"

မိုးေျမ၏တုန္လႈပ္ေနတဲ့မ်က္စံမ်ားကို
ျမင္ေတာ့ ယကၡကအံကိုတင္းတင္း
ႀကိတ္လ်က္...

"မင္းက ဘာေၾကာက္စရာရွိလဲ
အဲ့ခါက်ရင္ငါကိုယ္တိုင္သတ္ပစ္မွာ
မင္းေစာင့္ၾကည့္ေန"

"ငါက အဘက္ဘက္ကရႈံးၿပီးသား
လူပါကြာ ေရာင္လြင္ကသာျပန္လက္ခံ
ခဲ့ရင္ ငါ...ငါေတာ့"

"အဲ့လိုျဖစ္လာမွာ မဟုတ္ဘူး"

"ကို႐ြိုင္း"

ယကၡေဘးေရာက္လာတဲ့႐ြိုင္း၏စကား
ေၾကာင့္ ေၾကာင္အသြားမိတယ္။

"ခင္ဗ်ားကဘယ္လိုသိလဲ ဦးနစၥ"

"ေတြးၾကည့္တာေလ မင္းတို႔ရဲ႕သူငယ္
ခ်င္းကတူညီတဲ့အမွားကို ထပ္ၿပီးေ႐ြး
ခ်ယ္မွာ မဟုတ္ဘူး"

"ညီနိုင္း က သူ႕အတြက္အမွားတစ္ခုလို႔
အရိုးထဲထိဆြဲသြားၿပီ စိုးရိမ္စရာ မရွိ
ဘူးလို႔ ကိုယ္ထင္တယ္"

ယကၡက ႐ြိုင္းကိုေပေစာင္းေစာင္းၾကည့္ရင္း အမွန္တရားျဖစ္နိုင္၍ သူလည္း
ေထာက္ခံေၾကာင္း မိုးေျမကို​ေခါင္း​ၿငိမ့္
ျပလိုက္တယ္။

"ကိုကို က အေလ်ာ့မေပးရင္ေရာ
ေရာင္လြင္က ငါ့အကိုကိုခ်စ္ေနခဲ့တယ္
ဆိုတဲ့ အသိနဲ႕တင္ ငါမယွဥ္ၿပိဳင္ရဲဘူး"

"အဲ့တာလည္း မျဖစ္နိုင္ဘူး"

"ခင္ဗ်ားကသိလွခ်ည္လားဦးနစၥ"

"ညီနိုင္း က စီးပြားေရးေလာကထဲမွာဆို
ကိုယ္နဲ႕အရင္ႏွီးဆုံး မိတ္ေဆြပဲ"

"ေတာ္ေတာ္ ခင္ဗ်ားရဲ႕ညီနိုင္းအေၾကာင္း
မသိခ်င္ဘူး ငမိုး မင္းေရာင္လြင့္ကို
ဘယ္ေတာ့မွလက္မလြတ္ဘူးဆိုတာ
ငါသိတယ္"

ယကၡ၏အေျပာေၾကာင့္မိုးေျမကအၿပဳံး
ေရးေရးႏွင့္ ဆိုလာတယ္။

"ငါ့မွာငယ္ငယ္ေလးထဲက သူ႕အတြက္ရည္မွန္းခ်က္ရွိခဲ့တာ ငါ့လက္ခုပ္ထဲ့မွာ
ၿပဳံးေပ်ာ္တဲ့ သူ႕မ်က္ႏွာေလးကို ထည့္သိမ္းထားဖို႔"

"ျပည့္ခဲ့လား"

"ခင္ဗ်ား!"

ယကၡသူ႕ေဘးက႐ြိုင္းရဲ႕ဗိုက္တစ္ခ်က္
ထိုးလိုက္ၿပီးဟန့္လိုက္ရတယ္။
ဒီလူဒီေန႕မွ သိပ္စကားမ်ားေနပါလား။

"ဟက္...ဘယ္ျပည့္ခဲ့မလဲ။ တစ္စြန္း
တစ္စပဲျဖစ္ခဲ့တယ္။ အခုခ်ိန္မွာေတာ့
သူ႕မ်က္ႏွာေလး ကြၽန္ေတာ့္လက္ထဲမရွိ
ေပမယ့္ ကြၽန္ေတာ္ခပ္လိုက္မယ့္ လက္
ခုပ္ထဲက ေရမွာေတာင္သူ႕ပုံရိပ္ေလးက
ၿပဳံးတာ ျမင္႐ုံနဲ႕ ကြၽန္ေတာ့္ရည္မွန္းခ်က္ေလးျပည့္ၿပီလို႔ သတ္မွတ္လိုက္လို႔ရပါတယ္"

ယကၡကခံစားေနရသည့္သူငယ္ခ်င္းရဲ႕
မ်က္ႏွာကိုမျမက္ရက္တာေၾကာင့္ call
end လိုက္ၿပီး ႐ြိုင္းဘက္သို႔ လွည့္ကာ ရန္ေစာင္ေတာ့သည္။

"ဘာလို႔အဲ့ေမးခြန္းကိုေမးတာလဲဦးနစၥ"

"သူ႕အခ်စ္ကိုသိခ်င္လို႔"

"သူခ်စ္တဲ့အခ်စ္ကို ကြၽန္ေတာ္ေတာင္
မမွီဘူး အခ်စ္မွာ ဘယ္အရာက အေရး
ႀကီးဆုံးလည္းသိလား။ သတၱိရွိရွိခ်စ္ရဲ
တဲ့ အခ်စ္ကေရာ ဘာလဲသိလား။
ေပးဆပ္ၿပီး ခ်စ္တာပဲ။ ေပးဆပ္ၿပီး
ခ်စ္တဲ့လူေတြရဲ႕အခ်စ္က သတၱိရွိသလိုအင္အားလည္းႀကီးတယ္။ သူေသဖို႔
လည္း ဝန္မေလးသလို သူလူသတ္လိုက္
ဖို႔လည္း ဝန္မေလးဘူး။ သူခ်စ္တဲ့လူ
က တျခားလူေၾကာင့္ၿပဳံးေပ်ာ္တာကိုလည္း ၾကည့္ေပးနိုင္တယ္။ သူတို႔ရင္ကဘယ္ေလာက္ပဲ ပူေလာင္ပ်က္စီးသြား
ပါေစ အရာရာေပးဆပ္ရဲတယ္"

႐ြိုင္းကေတာ့ သူ႕ေရွ႕ကစကားေတြတတ္
ေနတဲ့ေကာင္ဆိုးေလးရဲ႕ မ်က္ခုံးစြန္းမွ
ေငြမွ်င္ေရာင္ piercing ေပၚတစ္ခ်က္ဖိ
ကပ္နမ္းလိုက္တယ္။

"စကားေတြတတ္လာတယ္ေပါ့"

"ဒါနဲ႕ ခင္ဗ်ားလည္းသတၱိရွိၿပီး
ကြၽန္ေတာ္ လူျဖဴမေလးနဲ႕ေပ်ာ္တာကို
တခါေလာက္ၾကည့္ေပးပါလား"

"ကိုယ္ေသမွရမယ္"

"ဟား...ဟား"

"သူအဆင္ေျပမယ္ထင္လား ဦးနစၥ"

"သူကသတၱိရွိတယ္အဆင္ေျပမွာပါေမတၱာေရာင္ျပန္ဟပ္လိမ့္မယ္ "

"အင္း နိုင္းေျမျပည့္စုံ က..."

"မစိုးရိမ္နဲ႕ ညီနိုင္းကသူ႕ညီကိုအရမ္း
ခ်စ္တာ ကိုယ္နဲ႕ေတြ႕ရင္ နိုင္ငံျခား
ေရာက္ေနတဲ့ မိုး​ေျမ အေၾကာင္းအၿမဲ
ေျပာေနတတ္တယ္။ သူကစီးပြားတစ္
ခုပဲ ၾကည့္တတ္တာဆိုေပမယ့္ ၁၆ႏွစ္
အ႐ြယ္တည္းက ျပည့္စုံ group ရဲ႕
ဥကၠဌတစ္ေယာက္ျဖစ္လာဖို႔ ႀကိဳးစား
လာတာ သူ႕ညီအတြက္ပဲ"

"ေတာ္ေတာ္ သူ႕ေကာင္းေၾကာင္းေတြ
မၾကားခ်င္ဘူး"

"ကေလးဆန္လိုက္တာကြာ"

"ဘာျဖစ္လဲ ဘာျဖစ္လဲ"

ယကၡ၏အားမေသးလွတဲ့ထိုးခ်င္မ်ား
ဟာ ႐ြိုင္း၏လက္ေမာင္းေပၚသို႔အဆက္
မျပတ္က်ေရာက္လို႔ေနသည္။
႐ြိုင္းစိတ္ထဲတြင္ေတာ့ ဓိုင္းနကၡမာန္ေလး
အျမန္ေရာက္လာၿပီး သူ႕ကိုကယ္ဖို႔ကိုသာ
ေတြးေနေလ၏။

ေကာင္ဆိုးေလးကို​ေယာက္်ားေတာ္
ထားရတာလည္း သူ႕အတြက္လြယ္ကူ
မေနပါဘူး။

.
.

နိုင္းတစ္ေယာက္ လူပ်ိဳေပါက္အ႐ြယ္
တည္းက အၿမဲတမ္းလိုလိုsuit ေတြသာ
ဝတ္ေနခဲ့တာေၾကာင့္ အခုလိုဘယ္သူမွ
မရိပ္မိေအာင္ စပို႔ရွပ္ပြပြနဲ႕ ဂ်င္းအတို
ကိုဝတ္ထားရာ ကေလးဆန္လြန္းေန၍
မေနတတ္ျဖစ္ေနရသည္။ ကားေပၚမွ
ဆင္းၿပီး လမ္းမေလွ်ာက္ရဲသည္အထိ
သူရွက္ေနတာ နည္းနည္းေတာ့ရယ္စရာ
ေကာင္းေနသည္။ ငယ္ငယ္တည္းက
မ်က္စိအားနည္းသူျဖစ္ေနတာေၾကာင့္
​သူ႕ခႏၶာမွာမေျပာင္းမလဲ ရွိေနတာက
ေတာ့ ေလးေထာင့္မ်က္မွန္အၾကည္
ေလးသာျဖစ္၏။ လွန္တင္ထားျခင္း
မရွိတာေၾကာင့္ နဖူးေပၚမွထူထူထဲထဲ
က်ေနေသာဆံစမ်ားဟာ ကားေပၚမွ
ဆင္းလိုက္သည္ႏွင့္ တိုးတိုက္လာေသာ
ေလေအးမ်ားေၾကာင့္ ပြေယာင္း​ေယာင္း
ျဖစ္သြားေၾကာင့္ မေနတတ္စြာလက္ျဖင့္
သပ္မိသည္။

တေ႐ြ႕ေ႐ြ႕ႏွင့္ ပင္လယ္ဘက္သို႔
ေလွ်ာက္လာၿပီး ပင္လယ္ျပာ၏အလွ
ကိုပင္ မခံစားနိုင္ သူေရွ႕မွဝိုးတိုးဝါးတား
ပုံရိပ္ငယ္ေလးေၾကာင့္ လႈပ္ရွားမႈအား
လုံးဟာ ရပ္တန့္သြားသည္။

ေရလုပ္သားတစ္ေယာက္အလား ၾကက္ေပါင္ဖိနပ္နဲ႕တံေတာင္ဆစ္အထိ ရွည္ေသာရာဘာလက္အိတ္ဝါဝါကိုဝတ္
ထားတဲ့ ဂ်ပဳေလး။ တစ္ကိုယ္လုံးက
သူဝတ္ထားတဲ့အဝတ္ေတြထဲ ျမဳပ္ေန
တာမ်ား ဖ်စ္ညစ္စရာေကာင္းလွသည္။

"ခက္ေရာင္လြင္"

"မင္းကအရမ္းခ်စ္ဖို႔ေကာင္းတယ္"

"ညီငယ္မင္းကိုသိပ္ခ်စ္တာလည္း
မဆန္းပါဘူး ညီငယ္ကဟိုးငယ္ငယ္
ေလးထဲက ခ်စ္စရာေကာင္းတဲ့အရာ
ေတြကို သေဘာက်တတ္တာ"

ေက်ာက္ပုစြန္တစ္ေကာင္ကို ေလွေပၚ
မွယူလို႔ မရဲတရဲကိုင္ေနေသာေကာင္
ေလးကို မ်က္ေတာင္မခတ္တမ္းစိုက္
ၾကည့္ရင္းမွ ျဖတ္ခနဲအၾကည့္တို႔လႊဲမိ
စဥ္ အကြယ္တစ္ေနရာမွာရပ္ေနတဲ့
ညီငယ့္ကိုေတြ႕လိုက္တာေၾကာင့္ ​ေျခ
လွမ္းမ်ားကို ေနာက္ဆုတ္မိသည္။
ညီငယ္ကေတာ့သူ႕ကိုမေတြ႕သည္ထက္
မမွတ္မိဘူးထင္၏။ ေရာင္လြင့္ကိုသာ
ၾကည့္လို႔ ပါးစပ္ကိုလက္ႏွင့္အုပ္ကာ
ရယ္ေနသည္။

ဒီျဖဴစင္လြန္းတဲ့ကေလးေတြၾကားထဲ
မွာ သူဆိုတဲ့အဆိပ္အေတာက္ဟာ
ဘယ္ေလာက္ထိေတာင္အျမစ္တြယ္
သြားၿပီလဲမသိေတာ့ပါ။

နိုင္းကေက်ာခိုင္းလိုက္ၿပီး သူဝတ္ထား
သည့္စပို႔ရွပ္နဲ႕ ညီငယ္ဝတ္ထားသည့္
စပို႔ရွပ္မွာ တူေန၍ၿပဳံးလိုက္မိတယ္။
ဒါက ညီငယ္ ဝယ္ေပးထားတဲ့ တစ္ခု
တည္းေသာ ဆင္တူပစၥည္းေလ။

"ကိုကို႔ ကို သတိရေနတာလားညီငယ္"

မ်က္ေတာင္ကိုဆင့္ခတ္ရင္း ႏွာရိုးေပၚ
မ်က္မွန္ကို တင္လ်က္ ထိုေနရာမွ
ေက်ာခိုင္းလို႔ေလွ်ာက္လာမိတယ္။
ေက်ာက္ေဆာင္တစ္ခုေပၚတက္လိုက္
ၿပီးလက္ထဲက အထုတ္ထဲမွ အရာမ်ား
ကို သြန္ခ်လိဳက္တယ္။

ဦးနိုင္းေျမျပည့္စုံ ဆိုသည့္နာမည္နဲ႕
ေအးခ်မ္းရာ မိဘမဲ့ေဂဟာမွအလႉျဖတ္
ပိုင္းမ်ားဟာ ပုတ္ခတ္လာေသာလွိုင္း
​မ်ား၏ ဆြဲငင္မႈေၾကာင့္ ပင္လယ္ထဲသို႔
​ေမ်ာပါသြားပုံကို နိုင္းကေငးၾကည့္ေန
တယ္။ သူနားထဲတြင္ေတာ့ ညီငယ္ေျပာ
ခဲ့ဖူးသည့္ 'ေလာကမွာ ကိုယ့္စိတ္ကို
ကိုယ္ညာတဲ့လူက ဒဏ္ရာအမ်ားဆုံး
ရတတ္တယ္' ဆိုသည့္စကားပင္ျဖစ္
တယ္။

တဖန္သူ႕လက္ထဲမွာက်န္ေနသည့္
နက္ျပာေရာင္ကုတ္အကၤ်ီကို ေရထဲပစ္
ခ်ရန္ျပင္ၿပီးမွ လက္ကို႐ုတ္လိုက္ၿပီး
သူ႕ကိုယ္ထက္သာလႊားၿခဳံလိုက္တယ္။

"ဘာမဟုတ္တဲ့ငါရဲ႕ဒဏ္ရာေတြကို
စာဖြဲ႕မေနေတာ့ဘူး"

"ရပ္တန့္လို႔မရတဲ့ခံစားခ်က္ေတြကို
ထိန္းခ်ဳပ္ရာမွာ ငါကျပည့္စုံၿပီးသားေလ"

ငါနိုင္း​ေျမျပည့္စုံက အခ်စ္မွာရႈံးနိမ့္
သြားေၾကာင္း ဘယ္ေတာ့မွဝန္ခံမွာ
မဟုတ္ဘူး။ ငါကအဲ့ေလာက္ထိအတၱ
ႀကီးတယ္။ ေနာက္ဆုံးအခ်ိန္ထိမ်က္ဝန္း
နဲ႕ျဖစ္ျဖစ္ ခ်စ္တယ္လို႔ဝန္မခံခဲ့ဘူး။
ကိုကိုက မင္းအတြက္ဆိုအဲ့ေလာက္ထိ
ေပးဆပ္ရဲပါတယ္။ ဒီအစ္ကိုရဲ႕ေမတၱာ
ေတြေၾကာင့္ မင္းေအးခ်မ္းပါေစညီငယ္။
ငါထပ္ၿပီးေႏွာင့္မယွက္ဝံ့ေတာ့ပါဘူး။
ငါ့ေမတၱာေတြကို ႏႈတ္ကဖြင့္မေျပာ
လည္း မင္းခံစားတတ္ပါေစ ညီငယ္။

(N. နိုင္းကအရမ္းေခ်ာတာပဲေနာ္
ေနာက္ဆုံးအခ်ိန္ထိ သူညီအေပၚမွာ
ထားတဲ့ခံစားခ်က္ကိုပဲေျပာသြားတာ
ေရာင္လြင့္အတြက္ထည့္ေျပာမသြားခဲ့
ဘူး။ေတာ္ေတာ္အ​ေၾကာတင္းတဲ့ေကာင္)

▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

Lanjutkan Membaca

Kamu Akan Menyukai Ini

1M 71.5K 92
LGBTဖခင်နှစ်ယောက်မှမွေးဖွားခဲ့တဲ့လွမ်းသွေးငယ်ဟာမတော်တဆတစ်ခုမှsystemနဲ့ချိတ်ဆက်မိတဲ့အခါ.... LGBTဖခင္ႏွစ္ေယာက္မွေမြးဖြားခဲ့တဲ့လြမ္းေသြးငယ္ဟာမေတာ္တဆတစ္ခ...
10K 731 10
မုန္းသည္... ထို႔ထက္ပို၍ ခ်စ္ျမတ္ႏိုးသည္... မုန်းသည်... ထို့ထက်ပို၍ ချစ်မြတ်နိုးသည်...
324K 18.9K 39
Stating ...... 1 September 2022 End - 10 November 2022 13th creating S2 of ခက်ထန်ပျို Picture from Pinterest (Crd. org upload)