"အချစ်တဲ့လား"

By Anastasiahtun

18.7K 721 3

"သိပ်ချစ် မင်းကလေ အစ်မရဲ့ စိတ်ကိုဂယောင်ခြောက်ခြား ဖြစ်‌စေတဲ့ ပထမဆုံးလူပါပဲ သံသရာတကွေ့မှာ ထပ်မတွေ့ဖြစ်ဖို့ ဆုတ... More

Part 1
Part 3
part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Final
gl

Part 2

1.3K 59 0
By Anastasiahtun

"ဟေး! ကောင်မလေးတို့ မနိုးကြသေးဘူးလား"

"လိပ်တောင်ရှုံးတယ်ကွာ နှေးပုံက"

အိမ်ရှေ့ကနေ အော်ခေါ်နေတဲ့မိုးဟိဏ်း နဲ့ နေနိုင်။ ဒီရွာလေးမှာ ဆေးရုံဆောက်ဖို့ အင်ဂျင်နီယာ ဌာနကနေ မိုးဟိဏ်းတို့ သူငယ်ချင်းလေးယောက် တာ၀န်ပေးခံရခြင်းကြောင့်၊လာရောက်ကာ ဆေးရုံသစ်အတွက်တာ၀န်ထမ်း နေကြခြင်းဖြစ်သည်။
မိုးဟိဏ်းနဲ့နေနိုင်မှာ သူကြီးတူရဲ့ အိမ်မှာတည်းကာ၊ သိပ်ချစ်တို့ မိန်းကလေးသုံးယောက်မှာမူ ကျောင်းဆောင်သစ်မှာ ‌တည်းကြသည်။

"လာပြီဟဲ့ ...မိငယ်ရေ နေနိုင်တို့လာပြီဟေ့!"
လွယ်လင်က သွက်လက်ထက်မြက်သလောက် မိငယ်က နှေးတုံ့နှေးကန်ရှိသည်။သို့သော် Designဆွဲတဲ့အခါ မိငယ်ကိုမှီတဲ့သူမရှိ။

"အေးအေး လာပြီ ခဏ....!"

"ဝိုးး ဝိုးး"

"ဟဲ့ လွယ်လင် ဘာဖြစ်တာတုန်း" ကြောင်တောင်တောင်နဲ့ ထအော်တဲ့ လွယ်လင်ကြောင့်မိငယ်မှာ တစ်စုံတစ်ခုကိုကြည့်ရင်းသူပါ ထယောင်သည်။

"အိုး bae ရယ်"
မိငယ်ရော လွယ်လင်ပါ မှင်သက်နေကြတော့ ရှေ့က နေနိုင်တို့ နှစ်ယောက်လဲ မိငယ်တို့ ကြည့်နေတဲ့ အရပ်ကို ကြည့်မိတော့.....

"Yeah!!"
"Wow"
နေနိုင်တို့နှစ်ယောက်ပါ ထအော်သည်။

"တော်ကြစမ်းပါ...အပိုတွေ"
ထိုသို့ပြောလာသူက သိပ်ချစ်ရယ်ပါ။ဒီမလာခင်တုန်းက ဆံပင်ရှည်အောက်ပိုင်း ကိုလိမ်‌ ကောက်ထားသည့် အထက်တန်းဆန်တဲပုံစံမျိုး မဟုတ်‌ တော့ပါ။ယခု ထိုဆံနွယ်တွေကို ပြန်ဖြောင့်ကာ ဂုတ်ထောက် သာသာညှပ်ထားကာအရှေ့မှာ ဆံမြိတ်လေးချထားပြီးတွဲဖက်ထားသော Fashion မှာ ဂျင်း၀မ်းဆက်။

"ဟေ့ အရူးတွေ မကြည့်နဲ့ဟ !"
"ရှက်တယ်လို့ !"

"ဟားးး ဟားးး ဟားး"
သိပ်ချစ် ပြောလိုက်တော့မှ ရှေ့ကကောင်တွေက မျက်နှာပိုးသတ်ကာ ထရယ်တော့သည်။

......................
ဒီနေ့က Sunday ဖြစ်လို့ဆောက်လုပ်ရေး ရပ်နားထားသည်။ တစ်ဆက်တည်းမှာပင် သူကြီးရဲ့ အမေ မွေးနေ့ ကူလုပ်‌ပေးဖို့ သူကြီးက ဖိတ်ကြားထားခြင်းကြောင့် သူငယ်ချင်း၅ ယောက်ထွက်လာသည်။

"သိပ်ချစ် ဆံပင်သွားပြင်တာ တို့တောင်မခေါ်ဘူး"
"အေးလေဟယ်..."
မိငယ်နှင့်လွယ်လွင်က ထရစ်သည်။

"ခေါ်စရာလား" နေနိုင်က မိငယ်တို့ကို စသည်။

" ......."

"စကားပြောအုံးဟ မိသိပ်ရ!"
မိုးဟိဏ်းက ပြောတော့မှ သိပ်ချစ်လည်း အနည်းငယ်ပြုံးကာ......

"ဘာစကားပြောရမလဲ မသိလို့"

"......."
"......."
"......."
"........"

"ဟားးး ဟားးး ဟားးး"

မိုးဟိဏ်းတို့အားလုံး ‌သိပ်ချစ်စကားကြောင့်ခေတ္တ ငြိမ်သွားကြပြီးမှ တဖန်အားရပါးရ ထရယ်ကြတော့သည်။

"သိပ်ချစ်ရယ် နင်တော့လား ဟင်းး"
မိငယ်က ရယ်ရင်းပြောသည်။

အဲ့သလိုပါ။ သိပ်ချစ်ဆိုသော စကားနည်းသည့်ထိုကောင်မလေးဟာ နားလည်ရခက်ပါသည်။

.....................................

"အေးဆေး နားကြပါ တူကြီး၊တူမကြီးတို့ ပစ္စည်းတွေ ကခဏနေမှရောက်မှာ အဲ့အခါကျ အကူအညီတောင်းတယ်နော် ဘကြီးက"

"ဟုတ်ကဲ့ပါရှင့်၊ဟုတ်ကဲ့ပါဗျ"
ပြိုင်တူပြောလိုက်ကြသည်။ မွေးနေ့ပွဲ ကျင်းပဖို့ decorations ကို ခေတ်ဆန်ဆန် လုပ်ချင်လို့ သူကြီးက သိပ်ချစ်တို့ အဖွဲ့ကို အကူအညီတောင်းထားသည်။
......................................

decorationsပစ္စည်းတွေ စောင့်ရင်း မိုးဟိဏ်းတို့ကတော့ ရွာက ကာလသားတွေနဲ့
တစ်ဖွဲ့၊ မိငယ်တို့ကတော့ လုံမပျိုတွေနဲ့တစ်ဖွဲဲ့ စကားလက်စုံကျနေသည်။ သိပ်ချစ်ကတော့ သူတို့ အနီးက တမာပင်အောက်မှာ မဂ္ဂဇင်း စာအုပ်တစ်ခုကို ဖတ်နေသည်။

"ဟင်းး" "ဟားး" "ဟီးဟီး"

မိငယ်တို့ အသံကြောင့် စာထဲကိုအာရုံမရောက်တော့၊ မိုးဟိဏ်းတို့ အုပ်စုကိုကြည့်လိုက်တော့ အေးဆေးပင် ဖဲထိုင်ရိုက်နေကြသည်။
.................................
မိငယ်တို့ အဖွဲ့ဆီကြည့်မိတော့ မျက်နှာချင်းဆိုင် မျက်၀န်းတစ်ခုကြောင့် သိပ်ချစ် မျက်နှာလွှဲခဲ့ရသည်။ထိုမိန်းကလေးက သိပ်ချစ်ကို ဖျတ်ကနဲ့ ကြည့်သည်။အကြည့်ချင်းစုံတော့ သိပ်ချစ်လဲ မသိမသာလေး စာအုပ်ဖတ်နေလိုက်သည်။ ထိုမိန်းကလေးလဲ ခဏနေတော့ အိမ်ထဲပြန်၀င်သွားသည်။ .....မဟုတ်မှလွဲ သူကြီးသမီးများလား...

.....................................

Hsan Kyal🍁☕




Continue Reading

You'll Also Like

757K 39.9K 21
This book is about the two daughters-in-law of Rajputs who have gotten married to the two Rajput siblings and are best friends as well even before be...
481K 14.1K 61
Silent, unforgiving and strikingly gorgeous, Rylan Parker is a cold-hearted businessman. An intimidating CEO, perfectly fitted in tailored suits and...
1.7M 126K 45
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
309K 18.1K 19
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...