Unicode
ဒီနေ့တော့ ကလပ်ကိုပုံမှန်ရောက်နေကြအချိန်ထပ် နည်းနည်းနောက်ကျပြီးမှရောက်ခဲ့သည်။ကြားမှာ စောက်ပြဿနာတွေကိုရှင်းနေရတာနဲ့ အချိန်နောက်ကျသွားရခြင်းဖြစ်၏။
ပုံမှန်ဆိုလျှင် ကလပ်ကို ပါတနာနှင့်တူတူရောက်လာနေကြဆိုပေမဲ့ ဒီနေ့ပါတနာက ဟိုကော်ဖီဆိုင်ကပြဿနာကြောင့် မောင်းထုတ်လိုက်လေပြီဖြစ်သည်။
ဒါပေမဲ့လည်း ပြဿနာမရှိပါဘူး။အက္ခတို့က ပါတနာမပါလာလည်း ကလပ်ရောက်ရင် အက္ခရဲ့ပါတနာဖြစ်ချင်ကြတဲ့သူတွေက အဆင်သင့်ရှိနေကြတာဘဲလေ။
ပြောရင်းနှင့်ပင် အက္ခဆိုင်ကယ်ရပ်လိုက်ပြီဆိုသည်နှင့် အက္ခဘေးမှာဝိုင်းလာသည့် မိန်းကလေးများ။အက္ခကတော့ အဆင်သင့် ဘယ်တစ်ဖွဲ့ညာတစ်ဖွဲတွဲလိုက်ရုံပင်။
"နေပါအုံး...မင်းတို့ဆံပင်တွေက...."
မိန်းကလေးတစ်ယောက်နှင့်ဖြစ်သလိုမတွဲတတ်သော အက္ခအတွက် မိန်းကလေးတစ်ယောက်သူ့နားချဥ်းကပ်လာပြီဆိုလျှင် သူ့ကိုယ်ပိုင်စည်းကမ်းချက်များအတိုင်း စတင်အကဲခတ်သည်။
အက္ခ မိန်းကလေးရွေးသည့် စည်းကမ်းများကတော့ ရိုးရှင်းပါသည်။သူရွေးမည့်မိန်းကလေးတစ်ဦးသည် ဆံပင်အနက်ရောင်ဖြစ်ပြီး ခါးလယ်ထိရှည်ရမည်။ဘော်ဒီလှလှsexyကျရမည့်သူဖြစ်ရမည် နောက်ဆုံးတစ်ချက်အနေနှင့် သူတို့၏ရနံ့သည် ပန်းလိုမျိုးနူးညံ့နေရမည်။
ဒီလိုဘာလို့သတ်မှတ်လဲဆိုတဲ့အမေးအပေါ် အက္ခရဲ့အဖြေကတော့ရိုးရှင်းပါသည်။
လူတစ်ယောက်၏ရုပ်ကိုမမှတ်ထားတတ်သော အက္ခအတွက် လှပသည့်ရုပ်ရည်များက အလကားသာသာ သာဖြစ်သည်။အက္ခလိုချင်တာက သူမျက်လုံးထဲမှာ ကြည့်လို့လှမဲ့ခန္ဓာကိုယ်တစ်ခု၊မျက်စိအေးစေမဲ့ အနက်ရောင်ဆံနွယ် ဒါ့အပြင်သူ့စိတ်ကိုသက်သာစေမဲ့ ရနံ့လေး တစ်ခု။ဒါတွေဘဲ အက္ခလိုအပ်တာကြောင့် ထိုစံနူန်းနှင့်ကိုက်ညီသည့် မိန်းကလေးများနှင့်သာတွဲသည်။
ဒါပေမဲ့ ဒီနေ့မှာတော့ အက္ခဆီမိန်းကလေးတော်တော်များများ အဆင်သင့်ရောက်လာပေမဲ့ အက္ခလိုချင်သည့်ပုံစံမရနေပေ။အကုန်လုံးနီးပါး၏ဆံပင်များသည် ဆေးဆိုးပန်းရိုက်ထားကြပြီး အနက်ရောင်ရှိသည့်သူများကလည်း ဆံပင်ကခါးလယ်ထိရှိမနေခဲ့ပါ။
မိန်းကလေးများမှာ သူတို့ပုံစံနှင့်သူတို့ခပ်လန်းလန်းလေးဖြစ်နေကြပေမဲ့ အက္ခမျက်စိထဲမှာတော့ ကန့်လန့်တိုက်နေခဲ့သည်။
အက္ခစိတ်ပျက်စွာ မျက်ခုံးနှစ်ခုစပ်မိတော့မည်အထိ ချိုးထားမိပါတော့သည်။
"ဘာလို့လဲ အကြိုက်မတွေ့လို့လား "
ဘေးမှာရှိသည့်ဘော်ဒါက အက္ခရဲ့ပုံစံကိုရိပ်မိတာကြောင့် ခပ်ပြုံးပြုံးနဲ့မေးလာခဲ့သည်။အက္ခသည်နဂိုကတည်းက အကြိုက်မတွေ့လို့ စိတ်ညစ်နေပါသည်ဆိုနေမှ ဘေးကလူကပါ လာဆွပေးနေတော့ ဒီနေ့မှာတော့ ပျော်ဖို့စိတ်မပါနိုင်တော့ပါ။
ဘော်ဒါတစ်သိုက်ကတော့ အက္ခကျေးဇူးနှင့် ကောင်မလေးကိုယ်စီအဆင်သင့်ရလိုက်ကြပေမဲ့ အကြိုက်မတွေ့သည့် အက္ခသည် ဆက်နေချင်စိတ်မရှိတာကြောင့် တခြားကလပ်ပြောင်းရန် ထလာခဲ့လိုက်သည်။
"ပြန်တော့မလို့လား "
ဘော်ဒါတစ်ယောက်ကမေးပေမဲ့ အက္ခပြန်မဖြေခဲ့ဘဲ အပြင်သို့သာ ထွက်လာခဲ့လိုက်သည်။ကျန်ခဲ့သည့်ဘော်ဒါအတွက် အခုလိုမျိုးအက္ခထံမှလစ်လျူရူခံခဲ့ရသည်မှာ ရိုးနေသည့်ကိစ္စတစ်ခုပင်ဖြစ်နေပြီဖြစ်တာကြောင့် ပုခုံးတစ်ချက်သာတွန့်ရင်း အက္ခကျေးဇူးနှင့် သူတို့ဝိုင်းနားသို့ရောက်လာကြသည့် ကောင်မလေးများနှင့်သာ ပျော်ပါးနေပါတော့သည်။
ဟိုအကောင်သေးနှင့်ဆုံပြီးကတည်းက အက္ခရဲ့ဒီတနေ့တနေ့လုံးသည် အဆင်မပြေမူ့တွေကြီးနှင့်သာ ကြုံနေခဲ့ရသလိုပင်။
လိုချင်တာမရခဲ့တာကြောင့် အက္ခစိတ်မကြည်နိုင်ဘဲ တစ်ယောက်ယောက်အပေါ် ပေါက်ကွဲချင်စိတ်များဖြစ်မိသည်။သူသာ ပြဿနာရှာလျှင် တကယ်ဘဲ ဒီနေ့က အဆင်မပြေမူ့တွေကြီးနှင့် ပြည့်သွားမည်ဖြစ်တာကြောင့် စိတ်ကိုထိန်းထားရပြီး နောက်ကလပ်တစ်ခုမရောက်ခင် စိတ်ကြည်သွားအောင် ဆိုင်ကယ် နည်းနည်းပါးပါးပတ်မောင်းနေခဲ့သည်။
ညသန်းခေါင်အချိန်တွင် ပုံမှန်အားဖြင့် အပြင်ထွက်တဲ့သူတစ်ယောက်တစ်လေတောင် ရှိကြမည်မဟုတ်ပေမဲ့ ဒီနေ့မှာတော့ ထူးရှားစွာ လူတစ်ယောက်သည် လမ်းမကြီးတစ်ခုလုံးမှာမှ သူ့တစ်ယောက်တည်း သတ္တိရှိစွာ လမ်းလျှောက်နေခဲ့သည်။
အက္ခလည်း ထူးဆန်းသည်ဟုထင်မိတာကြောင့် ထိုလူကို သေချာကြည့်လိုက်မိပါသည်။
လူတစ်ယောက်ကိုမြင်လျှင် သူတို့၏ခန္ဓာကိုယ်အချိုးအစားကိုသေချာမှတ်ထားတတ်သော အက္ခ၏စွမ်းရည်ကြောင့် အက္ခသည် လမ်းပေါ်တွင် တစ်ယောက်တည်းလမ်းလျှောက်နေသော ထိုသူ၏မျက်နှာကိုမမြင်ရပေမဲ့ ခန္ဓာကိုယ်အချိုးအစားကိုကြည့်ခြင်းအားဖြင့် ထိုသူက ဘယ်သူဆိုတာ သေချာပေါက် မျက်မှန်းတန်းမိသွားခဲ့သည်။
ချက်ချင်းပင် အက္ခ၏နူတ်ခမ်းသည် အပေါ်သို့ကွေးတက်သွားလေပြီး ဆိုင်ကယ်ကိုလည်း ထိုသူဘက်သို့ဦးတည်ကာ မောင်းသွားလိုက်သည်။
မြင်ကွင်းကနီးလာလေ ပိုပြီးသေချာလာလေဖြစ်တာကြောင့် အက္ခသည် သူထင်ထားသလိုပင် သန်းခေါင်ချိန်ကြီး တစ်ယောက်ထဲမကြောက်မလန့်လမ်းလျှောက်နေသူက အကောင်သေးမှန်း အတည်ပြုနိုင်ခဲ့ပါတော့သည်။
အက္ခသည် အကောင်သေးနှင့်ခပ်လှမ်းလှမ်းမှ ဆိုင်ကယ်ကိုဖြည်းဖြည်းခြင်းမောင်းရင်း နောက်မှလိုက်ပါလာခဲ့သည်။
အစပိုင်းတွင် အကောင်သေးသည် လမ်းကိုမပြေးရုံတမယ် ခပ်သွက်သွက်လျှောက်နေခဲ့ပေမဲ့ မှောင်နေတဲ့လမ်းတစ်နေရာလည်းရောက်ရော တိခနဲရပ်တန့်သွားသည်။
အကောင်သေးဘာလုပ်မို့ ရုတ်တရက်ရပ်လိုက်သည်ကို အက္ခလည်း အမှောင်တစ်နေရာမှ ဆိုင်ကယ်ရပ်ရင်း တိတ်တိတ်လေးကြည့်နေမိသည်။အတန်ကြာမှ အကောင်သေးသည် တစ်ခုခုလုပ်ဖို့ရပ်လိုက်တာမဟုတ်ဘဲ အမှောင်ကြောက်လို့ ရှေ့ဆက်မရဲဖြစ်နေမှန်း သိလိုက်ရသည်။
သန်းခေါင်ချိန်ကြီးတောင် မကြောက်မလန့်တစ်ယောက်ထဲအပြင်ထွက်ရဲပြီးတော့ အခုမှ အမှောင်ကြောက်တယ်တဲ့လား။
အက္ခသည် အသံမထွက်မိပေမဲ့ စိတ်ထဲမှာတော့ ဟားတိုက်နေမိပါတော့သည်။
ဒီအချိန်မှာသာ ထိုကောင်လေးကိုနောက်ကနေ ဆိုင်ကယ်နဲ့ဝင်တိုက်ပြီး အရင်ကမကျေခဲ့တဲ့အပေါ်လက်စားချေခဲ့ရင်....။
အကြံဆိုးတစ်ခုကို တွေးလိုက်မိသည်နှင့်ချက်ချင်းပင် အက္ခသည် ဆိုင်ကယ်မီးကို အကောင်သေးတည့်တည့်ဆီသို့ ချိန်ရင်း ဖွင့်လိုက်သည်။
အက္ခက အကောင်သေးကိုဒုက္ခပေးဖို့ဆိုတဲ့အတွေးနဲ့ဆိုင်ကယ်မီးဖွင့်လိုက်တာဆိုပေမဲ့ သူ့ဆိုင်ကယ်မီးကြောင့် ကလေးတစ်ယောက်လို ပျော်ရွှင်သွားသည့် အကောင်သေးကိုမြင်ရတော့ အက္ခသည် လုပ်ရမည့်ကိစ္စကိုပင်မေ့လျောသွားရသည်။
ကလေးလိုပျော်ရွှင်ကာ တစ်ချက်လောက်ခုန်ပေါက်လိုက်သေးသော အကောင်သေး၏ပုံစံက တကယ်ကိုဖြူစင်လွန်းသည်။အက္ခကိုတစ်ချက်လှည့်ကြည့်လာသည့် သူ့မျက်ဝန်းများက ဝိုင်းစက်နေ၏။သွားဖြူလေးများ တစ်ညီတည်းပေါ်အောင်ပြုံးနေသော အကောင်သေးက အက္ခဘယ်သူဆိုတာကိုမသိပုံဖြင့် အက္ခထိုးပေးထားသည့် ဆိုင်ကယ်မီးရောင်ကိုအားပြုရင်း အပြေးလေးပြေးနေသည်။
အကောင်သေးကို နောက်ကနေတစ်ချက်တည်းဝင်တိုက်ရမယ်ဆိုပေမဲ့ အက္ခရဲ့ခန္ဓာသည် အက္ခစိတ်နှင့်ဆန့်ကျင်ကာ ဆိုင်ကယ်ကို အကောင်သေး၏အနောက်မှ ဖြည်းညင်းစွာမောင်းရင်း လိုက်ပါလာခဲ့သည်။
တနေရာအရောက်တွင် အိမ်ထဲသို့ပြေးဝင်သွားသည့် အကောင်သေးက နောက်လှည့်မကြည့်ပေမဲ့ အကောင်သေး၏နောက်ကျောမှတစ်ဆင့် သူဘယ်လောက်ထိ ပျော်ရွှင်နေကြောင်းရိပ်မိနိုင်သည်။
ထိုအခါမှ အသိပြန်ဝင်လာသည့်အက္ခသည် ခေါင်းတွင်ဆောင်းထားသည့် halment ကိုချွတ်ပြီး ကိုယ့်ပါးကိုယ်တစ်ချက်လောက် ရိုက်လိုက်၏။
အခွင့်အရေးရနေတာကို အမိအရမယူဘဲ ပေါက်ကရအတွေးတွေတွေးနေသည့် ကိုယ့်ကိုယ်ကိုအပြစ်ပေးခြင်းဖြစ်သည်။
"အကောင်သေး မင်းသိပ်ကိုကံကောင်းမြဲကံကောင်းဘဲနော် "
မကျေနပ်စွာဆိုလိုက်သည့်အက္ခသည် အကောင်သေးဝင်သွားသည့်အိမ်ကို မှတ်ထားလိုက်၏။ထို့နောက် ဆိုင်ကယ်မီးကိုပိတ်ပြီး လျင်မြန်သောအရှိန်ဖြင့် လမ်းမကြီးသို့ မောင်းထွက်လာခဲ့တော့သည်။
ဒီနေ့က ကျောင်းသွားရမဲ့နေဖြစ်ပြီး ဒဏ်ရာကလည်း အတော်လေးသက်သာနေပြီဖြစ်သည်။
ဒါပေမဲ့ မိုး ကျောင်းမသွားသေးဘဲ မနေ့ကမင်းခန့်အားပေးခဲ့သည့်ကတိအတိုင်း ဆေးရုံသို့သွားရန်သာပြင်ဆင်ခဲ့သည်။
"မင်းခန့်ဆီဖုန်းဆက်အုံးမှ...အာ...ဟုတ်သား မင်းခန့်ကဖုန်းကိုင်လို့မှမရတာ "
မနေ့က မင်းခန့်အဆင်ပြေမပြေသိချင်တာကြောင့် ဖုန်းဆက်မေးရန်ပြင်ပြီးခါမှ မင်းခန့်အချုပ်ခန်းထဲရောက်နေကြောင်းသတိရကာ မိုး ဖုန်းပြန်သိမ်းခဲ့ရ၏။မင်းခန့်ဆီသွားတွေ့ချင်ပေမဲ့ ဟိုအောက်တန်းစားကောင် ပေါက်ကရမပြောခင် ဆေးရုံသို့အရင်ဆုံးသွားသင့်သည်ဟုထင်မိတာကြောင့် မိုး ဆေးရုံဘက်သို့စုံစမ်းရင်း ထွက်လာခဲ့လိုက်တော့သည်။
ဆေးရုံအရောက်တွင် မိုးကောင်တာရှိသူနာပြုထံ့မှ အခန်းနံပါတ်မေးလိုက်သည်။
"ဒီကနေဓာတ်လှေကားနဲ့တက်သွား လေးလွှာမှာပါရှင့် အခန်းနံပါတ်က ၅၅၇ပါ "
ပြောပြပေးသည့်သူနာပြုကို ကျေးဇူးတင်ကြောင်း ခေါင်းတစ်ချက်ညိတ်ပြရင်း မိုး ထိုအောက်တန်းစားဆီသို့သွားရန် သူနာပြုပြောသည့်အတိုင်း ဓာတ်လှေကားစီးခဲ့သည်။
အစကတော့ ဓာတ်လှေကားထဲမှာမိုးတစ်ယောက်ထဲရှိပေမဲ့ တံခါးမပိတ်ခင် ခဏလေးအတွင်းမှာဘဲ လူတစ်ယောက်က ဓာတ်လှေကားအတွင်းသို့ဝင်လာခဲ့၏။
mask အနက်ရောင်တက်ထားသော ထိုလူ၏ မျက်လုံးများက စူးရှလွန်းသည်။တောင်းဖြောင့်လှသော ခန္ဓာကိုယ်က ယောကျာ်းလေးတိုင်းအားကျချင်စရာပင်ဖြစ်၏။အရပ်က မိုး မျှော်ကြည့်ရလောက်အောင်ကိုရှည်သည်။သူ၏ကျယ်ပြောလှသော ရင်ဘတ်တွင်လည်း ကင်မရာတစ်လုံးကိုချိတ်ဆွဲထားသေးသည်။
ဓာတ်လှေကားအတွင်းသို့ဝင်လာသည့်လူကို မိုးသည်အသေအချာပင်လိုက်ကြည့်နေမိပါတော့သည်။ထိုလူကလည်း မိုးကိုပြန်ပြီးကြည့်နေမှန်း သိခါမှ မိုး ချက်ချင်းပင်မျက်နှာလွှဲပြီး မသိချင်ယောင်ဆောင်လိုက်ရ၏။
တကယ် မျက်နှာပူစရာပါလား။
မိုး ရှက်လွန်းတာကြောင့် ထိုလူဘက်သို့ နောက်တစ်ခါမျက်နှာမလွဲရဲအောင်ပင် ဖြစ်သွားခဲ့သည်။
နေပါအုံး ဒီခန္ဓာကိုယ်ပုံစံအနေအထားကိုရင်းနှီးနေသလိုဘဲ...ဘယ်နားတွေ့ဖူးတာဘာလိမ့်။
ရင်းနီးနေသည့် ပုံစံကြောင့် မိုးနောက်တစ်ခါ လှည့်ကြည့်ခဲ့သည်။ဒီတစ်ခါမှာတော့ mask ချွတ်ထားပြီဖြစ်သည့် ထိုသူကလည်း မိုးကိုပြုံးပြီးကြည့်နေခဲ့ကာ...
"ထပ်တွေ့ပြန်ပြီနော် "
မိုးအားနူတ်ဆက်လိုက်သည့် ထိုကျောချမ်းစရာကောင်းလောက်သော အသံပိုင်ရှင်သည် မိုးပေါ်သို့အငြိုးအကြီးကြီးထားသော ဟိုနှာဘူးကောင်ဖြစ်နေလေသည်တဲ့လေ။
"အား "
မိုး မထိန်းချုပ်နိုင်တော့ဘဲ အသံထွက်အော်ဟစ်လိုက်မိပါတော့သည်။အရင်ချိန်တွေက ပြေးတိုင်းလွှတ်ခဲ့ပေမဲ့ ဒီနေ့မှာတော့ မိုး လွှတ်မြှောက်ဖို့မသေချာတော့မှန်း စိတ်ထဲမှ အလိုလိုကြိုသိနေတာကြောင့် မိုးကြောက်လန့်စွာ အော်ဟစ်လိုက်မိခြင်းဖြစ်သည်။
ထိုနှာဘူးကောင်က မိုးအော်သံကြားတော့ မိုးအနားသို့ကပ်လာရင်း_
"ကျွန်တော်ဘာလုပ်နေလို့ ခင်ဗျားကအော်နေတာလဲ "
"မင်း...မင်း အနားမကပ်လာနဲ့ "
မိုး တားလေ သူကပိုတိုးကပ်လာလေပင်။
"အိုး....ဒဏ်ရာကတော်တော် သက်သာနေပြီဘဲ ကြည့်ရတာ ပြန်ပြီးနွေးပေးဖို့လိုအပ်နေပြီထင်တယ် "
"ဒီမှာ CCTV ရှိတယ် မင်းငါ့ကိုတစ်ခုခုလုပ်ရဲရင်လုပ်ကြည့်လေ လုံခြုံရေးတွေက ငြိမ်မယ်ထင်နေလား "
မိုး လွှတ်ရာလွှတ်ကြောင်း သတိပေးခဲ့ပေမဲ့ သူကတော့ ဂရုမစိုက်ဘဲ မိုးအနားသို့တိုးကပ်လာမြဲပင်ဖြစ်ကာ_
"ခင်ဗျားကို လွှတ်ပေးခဲ့တာတွေလည်းများနေပြီဘဲ ဒီနေ့တော့...."
ပြတ်သားလှသော သူ၏မျက်ဝန်းများက မိုးကို အတည်ပေါက်ကြီး အမဲဖြတ်တော့မည့်ပုံဖြင့် စိုက်ကြည့်နေလေ၏။
ထွက်ပြေးဖို့လမ်းကလည်းမရှိသည့်အပြင် အကူအညီတောင်းရန်အခွင့်ကလည်းမရှိတာကြောင့် မိုးသည် ဒီနေ့တော့သွားပြီဟုတွေးမိကာ မျက်လုံးသာစုံမှိတ်ထားလိုက်ပါတော့သည်။
ထိုအချိန်တွင် ဓာတ်လှေကားသည် သိသိသာသာကြီးလူပ်ရမ်းသွားတာကို နှစ်ယောက်သား ခံစားမိလိုက်ကြသည်။
ဟမ်...ဘယ်လိုဖြစ်....
မိုး အတွေးမဆုံးခင်မှာဘဲ ဓာတ်လှေကားမီးပြတ်သွားတာကြောင့် မအော်မိအောင် အလျင်အမြန်ပင် ထိန်းလိုက်ရသည်။
မီးပျက်သွားတာကြောင့် ဓာတ်လှေကားခလုတ်များအလုပ်မလုပ်နိုင်တော့မှန်းသိပေမဲ့ မိုးသေချာအောင် ခလုပ်တစ်ခုပြီးတစ်ခုရမ်းသမ်းလျှောက်နှိပ်ကြည့်သေး၏။တကယ်လည်း ထင်ထားသလို ခလုပ်တွေကတစ်ခုမှ အလုပ်မလုပ်သည့်အပြင် ဓာတ်လှေကားတစ်ခုလုံးကလည်း အရေးပေါ် မီးအစိမ်းရောင်မှိန်မှိန်လေးလင်းနေရုံကလွှဲ ဘာမှသေချာသဲသဲကွဲကွဲမမြင်ရအောင် မှောင်နေသည်။
မိုး ချက်ချင်းဘဲ ဖုန်းကိုထုတ်လိုက်ပြီး အရေးပေါ်ဖုန်းဆက်ဖို့ပြင်လိုက်ပေမဲ့ လိုင်းကလည်းမမိနေခဲ့။ဘာမှလုပ်လို့မရတော့တဲ့အဆုံး မိုး တခြားလူတွေလာကူညီမဲ့အချိန်ကိုသာ စိတ်ပျက်လက်ပျက်ထိုင်စောင့်ရန် ဆုံးဖြတ်လိုက်ရတော့သည်။
"အား...ကံဆိုးလိုက်တာ "
တစ်ယောက်တည်း ငြီးညူနေရင်း မိုးတစ်ယောက် ဓာတ်လှေကားပျက်သွားချိန်မှစ သူကြိုးစားခဲ့သည့်တစ်လျှောက်လုံးတွင် အသံတစ်ချက်မထွက် ငြိမ်သက်စွာ ရှိနေသည့် ဟိုနှာဘူးကောင်ကိုတောင် မေ့မိမလိုဖြစ်သွားခဲ့ရသည်။
တစ်အောင့်ကြာမှ မိုးတစ်ယောက်တည်းမဟုတ်မှန်း ပြန်အမှတ်ရမိတာကြောင့် မိုး တံတွေးတစ်ချက်မျိုချလိုက်မိ၏။
ဒါ နှာဘူးကောင်အတွက်အခွင့်အရေးဘဲပေါ့ ဓာတ်လှေကားပျက်နေတော့ CCTVကအလုပ်လုပ်မှာမဟုတ်ဘူး၊ဒီအချိန် မိုးအနောက်ကနေ သူ မိုးကိုချောင်းရိုက်ရိုက် လည်ပင်းညစ်သတ်သတ် လာကူမယ့်သူမရှိတော့ဘူး။
မိုးသည် စိတ်ထဲမှ ကံဆိုးလွန်းလှသည့်ကိုယ့်အဖြစ်ကိုတွေးရင်း မျက်ရည်ကျနေမိပါတော့သည်။ဒါပေမဲ့ မိုးထင်ထားသလို တုံ့ပြန်လာခြင်းမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေသည့် ပတ်ဝန်းကျင်ကြောင့် မိုး အနောက်ဘက်သို့ ဖုန်းမီးရောင်အားကိုးဖြင့် ဖြည်းညင်းစွာလှည့်ကြည့်လိုက်ရာ ဓာတ်လှေကားလက်တန်းကို တင်းနေအောင်ကိုင်ထားရင်း ကျောက်ရုပ်အလား ငြိမ်သက်နေသည့် သူကိုမြင်ရတော့ မျက်ခုံးပင့်ရင်းအကြောင်သား ကြည့်နေမိတော့သည်။
သူ့ပုံစံသည် မကြာသေးမီအချိန်ကလို မိုးကို အမဲဖြတ်တော့မည့် မုဆိုးတစ်ယောက်ပုံဟုတ်မနေတော့ဘဲ မျက်နှာတစ်ခုလုံးက ဖြူစုတ်နေပြီး တစ်ခုခုကိုတွေးကြောက်နေသလို ငြိမ်သက်နေသကဲ့သို့ ဇောချွေးများကလည်း သူ့နဖူးပေါ်မှ ခြေဖျားထိကျနေသေးသည်။
ဖုန်းမီးဖြင့်ထိုးထားပေမဲ့လည်း သူက မိုးရှိနေမှန်းတောင် သတိမထားမိသည့်ပုံဖြင့် အရှေ့တည့်တည့်သို့သာ စိုက်ကြည့်နေခဲ့သည်။
"ဟေး..."
မူမမှန်သည့် ထိုနှာဘူးကောင်အား မိုး သတိပြန်ကပ်အောင် အသံနည်းနည်းပါးပါးပေးကြည့်ပေမဲ့ သူကတော့တုတ်တုတ်တောင်မလူပ်။မိုးကြောက်ပေမဲ့လည်း သူအသိကပ်အောင် သူ့အနားသို့ကပ်ရင်း လက်တို့ကြည့်ရန်ပြင်လိုက်သည်။
"ဟေး...မင်း အဆင်ပြေရဲ့လား "
ကြောက်ကြောက်လန့်လန့်နှင့် သူ့၏လက်မောင်းနားကိုလက်ဖြင့် တို့ကြည့်ခဲ့သည်။သူသည် မိုး၏လက်ကိုပုတ်ထုတ်လိုက်တာကြောင့် မိုးပင် အနောက်သို့ယှိင်သွားခဲ့ရသည်။သူ့အားကြောင့် မိုးလက်နာသွားခဲ့ရသည်အပေါ် ဒေါသထွက်စွာ ပြန်တုံ့ပြန်မည်အလုပ် သူ၏ပုံစံကြောင့် မိုးပင် စိုးရိမ်သွားရသည်။
အသက်ရူသံများ အတိုင်းထင်းကြားရနေသည်အထိ မြန်ဆန်နေခဲ့သော သူသည် နားနှစ်ဖက်ကိုလက်ဖြင့်အုပ်ထားရင်း အမှောင်ကြောက်သည့်ကလေးတစ်ယောက်ပမာ ထောင့်သို့အတင်းတိုးကပ်ပုန်းကွယ်နေခဲ့သည်။
"ဟေး...မင်း စိတ်ထိန်းအုံးလေ "
"အား...!!သွား...ငါ့...ငါ့အနားမလာနဲ့ "
မိုးအနားကပ်ရန်ပြင်လိုက်ပေမဲ့လည်း သူသည် ထောင်ချောက်ထဲမိနေသည့် ကျားရိုင်းတစ်ကောင်ပမာ အနားကပ်လာသည့်လူမှန်သမျှရန်ရှာနေလေသည်။မိုးလည်း မသိကျိုးကျွံပြုလိုက်ချင်ပေမဲ့ ဒီသနားတတ်လွန်းသည့် နှလုံးသားကလက်မခံချင်။ခေါင်းမာစွာနဲ့ သူ့အနားသို့အတင်းတိုးကပ်ရင်း အဆင်ပြေကြောင်း နှစ်သိမ့်ပေးချင်နေမိသည်။
မိုးလုပ်ခါမှ ပိုဆိုးသွားသလားမသိ။သူသည် အသက်ပြင်းထန်စွာရူနေရာမှ ရုတ်တရက် လဲကျသွားလေ၏။မိုးလည်း ထိတ်ထိတ်ပြာပြာနှင့်_
"ဟေ့ကောင်...ဟေ့ကောင် "
သူ့ကို လူပ်ကာနိုးကြည့်ပေမဲ့ သူကတုတ်တုတ်တောင်မလုပ်။မိုး သူ့နှလုံးခုန်သံကိုစမ်းကြည့်တော့ ဘာအသံမှမကြားနေရတာကြောင့် မိုးချက်ချင်းဘဲ ကျောင်းမှာသင်ထားသည့် အရေးပေါ်အသက်ကယ်ဆယ်ရေးနည်း CPRဖြင့် သူ့နှလုံးပြန်ခုန်လာအောင် ကူညီပေးခဲ့သည်။မိုး ကြိုးစားပေမဲ့ သူ့နှလုံးက မခုန်နေ။
"နောက်ဆုံးနည်းဘဲကျန်တယ် "
မိုး ပင့်သက်ခပ်ပြင်းပြင်တစ်ချက်ရှိုက်လိုက်ပြီး နူတ်ခမ်းကိုလည်း မသိလိုက်ဘဲ သပ်လိုက်မိသည်။ထို့နောက် ထိုသူ၏ မျက်နှာကို ကိုင်ရင်း ရှည်သွယ်သောနှာဖျားအောက်မှ နှင်းဆီရင့်ရောင် နူတ်ခမ်းပါးပါးလေးပေါ်သို့ မိုးမျက်လုံးစံမှိတ်ရင်း သူ့နူတ်ခမ်းဖြင့် တေ့လိုက်ပါတော့သည်။
လူတစ်ယောက်ရဲ့အသက်ကိုကယ်နေတာ မိုး သည်းခံသည်းခံ။
စိတ်ထဲမှ ကိုယ့်ကိုယ့်ကိုအကြိမ်ကြိမ်သတိပေးရင်း အသက်ကယ်ခြင်းလုပ်ငန်းအပေါ်ကိုသာ သေချာအာရုံစူးစိုက်ထားပါတော့၏။
မိုးရဲ့ကျေးဇူးကြောင့် ထိုသူ၏နှလုံးများက ပုံမှန်အတိုင်းပြန်ခုန်လာခဲ့လေပြီ။သတိတော့မရသေးပေမဲ့ နှလုံးပြန်ခုန်လာတာကြောင့် မိုး အခုမှ စိတ်အေးစွာ သက်ပြင်းချနိုင်တော့သည်။
ဆယ်မိနစ်လောက်အကြာတွင် ဓာတ်လှေကားအလုပ်ပြန်လုပ်လာခဲ့သည်။ဆေးရုံဖြစ်တာကြောင့် ဓာတ်လှေကားတံခါးဖွင့်ပြီဆိုသည်နှင့် ဆရာဝန်များကအဆင်သင့်ပင်။
"ကျွန်တော်ကအဆင်ပြေပါတယ် သူ့ကိုဘဲ ကူညီပေးလိုက်ပါ "
မိုးကို မြင်တော့ဆရာဝန်တွေက ဟိုစမ်းဒီစမ်းလုပ်ပေမဲ့ မိုး လဲကျနေသည့် သူ့ဆီကိုသာ ညွှန်ပြခဲ့သည်။ဆရာဝန်များကလည်း ချက်ချင်းဘဲ သူ့ကိုထမ်းစင်ဖြင့်လူနာဆောင်သို့ ခေါ်သွားခဲ့ကြ၏။
"ငါမင်းအသက်ကိုကယ်ခဲ့တာ မင်းဒီထပ်ပိုပြီး ငါ့အပေါ်ပြဿနာမရှာတော့ဖို့မျှော်လင့်ပါတယ် "
သူမကြားနိုင်မှန်းသိပေမဲ့ မိုးတစ်ယောက်တည်းရေရွတ်နေမိသည်။
အခုမှဖုန်းလိုင်းပြန်မိတာကြောင့် မိုးဖုန်းတွင် မင်းခန့်ခေါ်ထားသည့် notificationက အဆက်မပြတ်တက်လာလေသည်။မင်းခန့် တစ်ခုခုဖြစ်သည်အထင်နှင့် မိုး ချက်ချင်းဘဲဖုန်းပြန်ခေါ်
ခဲ့သည်။
"မိုး မင်းဘာလုပ်နေတာလဲ ဖုန်းခေါ်လို့ကိုမရဘူး "
ဖုန်းကိုင်လိုက်ပြီဆိုသည်နှင့် အသံပြဲကြီးနှင့်အော်ငေါက်ကာ ဆိုလာသည့် မင်းခန့်။
"ငါ ဓာတ်လှေကားမှာပိတ်မိနေလို့ ဒါနဲ့နေပါအုံး မင်းကကော အချုပ်ထဲမှာ မဟုတ်ဘူးလား ဖုန်းကိုဘယ်လိုလုပ် "
"ဒီနေ့မနက်ဘဲပြန်လွှတ်လာတာ ဟိုကောင်က ငါ့ကိုတရားမစွဲဘူးလေ "
"ဟုတ်လား...တော်သေးတာပေါ့ကွာ ငါက အဲ့ကောင်တရားစွဲမယ်အထင်နဲ့ သတိလာပေးမလို့ "
"ဒါဆို မင်းအခုဆေးရုံမှာပေါ့ "
"အင်းဟုတ်တယ်...အဲ့ကောင် မင်းအပေါ် တရားမစွဲဘူးဆို ဟုတ်ပါပြီ ငါလည်း ပြဿနာအရူပ်ခံပြီး သွားတွေ့မနေတော့ဘူး "
"အေ...ပြန်လာခဲ့ မင်းနဲ့ပြောစရာရှိလို့ "
"အင်း ဟုတ်ပြီ "
မင်းခန့် အချုပ်ထဲမှာ တစ်ရက်ဘဲနေရလို့ တော်ပါသေး၏။မဟုတ်လျှင် မိုးလည်း ဟိုအောက်တန်းစားကောင်နှင့်နှပန်းသတ်နေရပြီး အချုပ်ထဲရောက်နေရအုံးမည်။အခု မင်းခန့်က ပြောစရာရှိသည်ဆိုတာကြောင့် မိုး အိမ်သို့ပြန်ရန်သာပြင်လိုက်တော့သည်။
မပြန်ခင် ဆေးရုံအတွင်းပိုင်းသို့တစ်ချက်ကြည့်မိ၏။
ဟိုနှာဘူးကောင် သတိရပြီလားမသိ။
စိတ်ပူတာမျိုးတော့မဟုတ်ပေမဲ့ မိုး ရှေ့မှာ ဒီတိုင်းလဲကျနေတဲ့သူက အဆင်ပြေမပြေသိချင်ရုံပါ။သူမှမဟုတ်ဘူး သူ့နေရာမှာ ဘယ်သူမဆို အခုလို တွေးပူမိမှာဘဲလေ။ဘာဘဲဖြစ်ဖြစ် ဒီနေ့တစ်ရက် အသက်ရှင်ခွင့်ရသေးလို့ တော်ပါသေးရဲ့။နောက်တစ်ခါအဲ့နှာဘူးကောင် ကိုယ့်အသက်သခင်ကျေးဇူးရှင်အပေါ် တစ်ခုခုလုပ်မယ်ကြံတိုင်း သွေးအန်ပါစေ ဟု မိုးတိတ်တိတ်လေးဆုတောင်းထားခဲ့သည်။လူမှန်ရင် ကျေးဇူးသိတတ်ဖို့တော့ ကောင်းပါတယ်လေ။
Zawgyi
ဒီေန႕ေတာ့ ကလပ္ကိုပုံမွန္ေရာက္ေနၾကအခ်ိန္ထပ္ နည္းနည္းေနာက္က်ၿပီးမွေရာက္ခဲ့သည္။ၾကားမွာ ေစာက္ျပႆနာေတြကိုရွင္းေနရတာနဲ႕ အခ်ိန္ေနာက္က်သြားရျခင္းျဖစ္၏။
ပုံမွန္ဆိုလွ်င္ ကလပ္ကို ပါတနာႏွင့္တူတူေရာက္လာေနၾကဆိုေပမဲ့ ဒီေန႕ပါတနာက ဟိုေကာ္ဖီဆိုင္ကျပႆနာေၾကာင့္ ေမာင္းထုတ္လိုက္ေလၿပီျဖစ္သည္။
ဒါေပမဲ့လည္း ျပႆနာမရွိပါဘူး။အကၡတို႔က ပါတနာမပါလာလည္း ကလပ္ေရာက္ရင္ အကၡရဲ႕ပါတနာျဖစ္ခ်င္ၾကတဲ့သူေတြက အဆင္သင့္ရွိေနၾကတာဘဲေလ။
ေျပာရင္းႏွင့္ပင္ အကၡဆိုင္ကယ္ရပ္လိုက္ၿပီဆိုသည္ႏွင့္ အကၡေဘးမွာဝိုင္းလာသည့္ မိန္းကေလးမ်ား။အကၡကေတာ့ အဆင္သင့္ ဘယ္တစ္ဖြဲ႕ညာတစ္ဖြဲတြဲလိုက္႐ုံပင္။
"ေနပါအုံး...မင္းတို႔ဆံပင္ေတြက...."
မိန္းကေလးတစ္ေယာက္ႏွင့္ျဖစ္သလိုမတြဲတတ္ေသာ အကၡအတြက္ မိန္းကေလးတစ္ေယာက္သူ႕နားခ်ဥ္းကပ္လာၿပီဆိုလွ်င္ သူ႕ကိုယ္ပိုင္စည္းကမ္းခ်က္မ်ားအတိုင္း စတင္အကဲခတ္သည္။
အကၡ မိန္းကေလးေ႐ြးသည့္ စည္းကမ္းမ်ားကေတာ့ ရိုးရွင္းပါသည္။သူေ႐ြးမည့္မိန္းကေလးတစ္ဦးသည္ ဆံပင္အနက္ေရာင္ျဖစ္ၿပီး ခါးလယ္ထိရွည္ရမည္။ေဘာ္ဒီလွလွsexyက်ရမည့္သူျဖစ္ရမည္ ေနာက္ဆုံးတစ္ခ်က္အေနႏွင့္ သူတို႔၏ရနံ႕သည္ ပန္းလိုမ်ိဳးႏူးညံ့ေနရမည္။
ဒီလိုဘာလို႔သတ္မွတ္လဲဆိုတဲ့အေမးအေပၚ အကၡရဲ႕အေျဖကေတာ့ရိုးရွင္းပါသည္။
လူတစ္ေယာက္၏႐ုပ္ကိုမမွတ္ထားတတ္ေသာ အကၡအတြက္ လွပသည့္႐ုပ္ရည္မ်ားက အလကားသာသာ သာျဖစ္သည္။အကၡလိုခ်င္တာက သူမ်က္လုံးထဲမွာ ၾကည့္လို႔လွမဲ့ခႏၶာကိုယ္တစ္ခု၊မ်က္စိေအးေစမဲ့ အနက္ေရာင္ဆံႏြယ္ ဒါ့အျပင္သူ႕စိတ္ကိုသက္သာေစမဲ့ ရနံ႕ေလး တစ္ခု။ဒါေတြဘဲ အကၡလိုအပ္တာေၾကာင့္ ထိုစံႏူန္းႏွင့္ကိုက္ညီသည့္ မိန္းကေလးမ်ားႏွင့္သာတြဲသည္။
ဒါေပမဲ့ ဒီေန႕မွာေတာ့ အကၡဆီမိန္းကေလးေတာ္ေတာ္မ်ားမ်ား အဆင္သင့္ေရာက္လာေပမဲ့ အကၡလိုခ်င္သည့္ပုံစံမရေနေပ။အကုန္လုံးနီးပါး၏ဆံပင္မ်ားသည္ ေဆးဆိုးပန္းရိုက္ထားၾကၿပီး အနက္ေရာင္ရွိသည့္သူမ်ားကလည္း ဆံပင္ကခါးလယ္ထိရွိမေနခဲ့ပါ။
မိန္းကေလးမ်ားမွာ သူတို႔ပုံစံႏွင့္သူတို႔ခပ္လန္းလန္းေလးျဖစ္ေနၾကေပမဲ့ အကၡမ်က္စိထဲမွာေတာ့ ကန့္လန့္တိုက္ေနခဲ့သည္။
အကၡစိတ္ပ်က္စြာ မ်က္ခုံးႏွစ္ခုစပ္မိေတာ့မည္အထိ ခ်ိဳးထားမိပါေတာ့သည္။
"ဘာလို႔လဲ အႀကိဳက္မေတြ႕လို႔လား "
ေဘးမွာရွိသည့္ေဘာ္ဒါက အကၡရဲ႕ပုံစံကိုရိပ္မိတာေၾကာင့္ ခပ္ၿပဳံးၿပဳံးနဲ႕ေမးလာခဲ့သည္။အကၡသည္နဂိုကတည္းက အႀကိဳက္မေတြ႕လို႔ စိတ္ညစ္ေနပါသည္ဆိုေနမွ ေဘးကလူကပါ လာဆြေပးေနေတာ့ ဒီေန႕မွာေတာ့ ေပ်ာ္ဖို႔စိတ္မပါနိုင္ေတာ့ပါ။
ေဘာ္ဒါတစ္သိုက္ကေတာ့ အကၡေက်းဇူးႏွင့္ ေကာင္မေလးကိုယ္စီအဆင္သင့္ရလိုက္ၾကေပမဲ့ အႀကိဳက္မေတြ႕သည့္ အကၡသည္ ဆက္ေနခ်င္စိတ္မရွိတာေၾကာင့္ တျခားကလပ္ေျပာင္းရန္ ထလာခဲ့လိုက္သည္။
"ျပန္ေတာ့မလို႔လား "
ေဘာ္ဒါတစ္ေယာက္ကေမးေပမဲ့ အကၡျပန္မေျဖခဲ့ဘဲ အျပင္သို႔သာ ထြက္လာခဲ့လိုက္သည္။က်န္ခဲ့သည့္ေဘာ္ဒါအတြက္ အခုလိုမ်ိဳးအကၡထံမွလစ္လ်ဴ႐ူခံခဲ့ရသည္မွာ ရိုးေနသည့္ကိစၥတစ္ခုပင္ျဖစ္ေနၿပီျဖစ္တာေၾကာင့္ ပုခုံးတစ္ခ်က္သာတြန့္ရင္း အကၡေက်းဇူးႏွင့္ သူတို႔ဝိုင္းနားသို႔ေရာက္လာၾကသည့္ ေကာင္မေလးမ်ားႏွင့္သာ ေပ်ာ္ပါးေနပါေတာ့သည္။
ဟိုအေကာင္ေသးႏွင့္ဆုံၿပီးကတည္းက အကၡရဲ႕ဒီတေန႕တေန႕လုံးသည္ အဆင္မေျပမူ႕ေတြႀကီးႏွင့္သာ ႀကဳံေနခဲ့ရသလိုပင္။
လိုခ်င္တာမရခဲ့တာေၾကာင့္ အကၡစိတ္မၾကည္နိုင္ဘဲ တစ္ေယာက္ေယာက္အေပၚ ေပါက္ကြဲခ်င္စိတ္မ်ားျဖစ္မိသည္။သူသာ ျပႆနာရွာလွ်င္ တကယ္ဘဲ ဒီေန႕က အဆင္မေျပမူ႕ေတြႀကီးႏွင့္ ျပည့္သြားမည္ျဖစ္တာေၾကာင့္ စိတ္ကိုထိန္းထားရၿပီး ေနာက္ကလပ္တစ္ခုမေရာက္ခင္ စိတ္ၾကည္သြားေအာင္ ဆိုင္ကယ္ နည္းနည္းပါးပါးပတ္ေမာင္းေနခဲ့သည္။
ညသန္းေခါင္အခ်ိန္တြင္ ပုံမွန္အားျဖင့္ အျပင္ထြက္တဲ့သူတစ္ေယာက္တစ္ေလေတာင္ ရွိၾကမည္မဟုတ္ေပမဲ့ ဒီေန႕မွာေတာ့ ထူးရွားစြာ လူတစ္ေယာက္သည္ လမ္းမႀကီးတစ္ခုလုံးမွာမွ သူ႕တစ္ေယာက္တည္း သတၱိရွိစြာ လမ္းေလွ်ာက္ေနခဲ့သည္။
အကၡလည္း ထူးဆန္းသည္ဟုထင္မိတာေၾကာင့္ ထိုလူကို ေသခ်ာၾကည့္လိုက္မိပါသည္။
လူတစ္ေယာက္ကိုျမင္လွ်င္ သူတို႔၏ခႏၶာကိုယ္အခ်ိဳးအစားကိုေသခ်ာမွတ္ထားတတ္ေသာ အကၡ၏စြမ္းရည္ေၾကာင့္ အကၡသည္ လမ္းေပၚတြင္ တစ္ေယာက္တည္းလမ္းေလွ်ာက္ေနေသာ ထိုသူ၏မ်က္ႏွာကိုမျမင္ရေပမဲ့ ခႏၶာကိုယ္အခ်ိဳးအစားကိုၾကည့္ျခင္းအားျဖင့္ ထိုသူက ဘယ္သူဆိုတာ ေသခ်ာေပါက္ မ်က္မွန္းတန္းမိသြားခဲ့သည္။
ခ်က္ခ်င္းပင္ အကၡ၏ႏူတ္ခမ္းသည္ အေပၚသို႔ေကြးတက္သြားေလၿပီး ဆိုင္ကယ္ကိုလည္း ထိုသူဘက္သို႔ဦးတည္ကာ ေမာင္းသြားလိုက္သည္။
ျမင္ကြင္းကနီးလာေလ ပိုၿပီးေသခ်ာလာေလျဖစ္တာေၾကာင့္ အကၡသည္ သူထင္ထားသလိုပင္ သန္းေခါင္ခ်ိန္ႀကီး တစ္ေယာက္ထဲမေၾကာက္မလန့္လမ္းေလွ်ာက္ေနသူက အေကာင္ေသးမွန္း အတည္ျပဳနိုင္ခဲ့ပါေတာ့သည္။
အကၡသည္ အေကာင္ေသးႏွင့္ခပ္လွမ္းလွမ္းမွ ဆိုင္ကယ္ကိုျဖည္းျဖည္းျခင္းေမာင္းရင္း ေနာက္မွလိုက္ပါလာခဲ့သည္။
အစပိုင္းတြင္ အေကာင္ေသးသည္ လမ္းကိုမေျပး႐ုံတမယ္ ခပ္သြက္သြက္ေလွ်ာက္ေနခဲ့ေပမဲ့ ေမွာင္ေနတဲ့လမ္းတစ္ေနရာလည္းေရာက္ေရာ တိခနဲရပ္တန့္သြားသည္။
အေကာင္ေသးဘာလုပ္မို႔ ႐ုတ္တရက္ရပ္လိုက္သည္ကို အကၡလည္း အေမွာင္တစ္ေနရာမွ ဆိုင္ကယ္ရပ္ရင္း တိတ္တိတ္ေလးၾကည့္ေနမိသည္။အတန္ၾကာမွ အေကာင္ေသးသည္ တစ္ခုခုလုပ္ဖို႔ရပ္လိုက္တာမဟုတ္ဘဲ အေမွာင္ေၾကာက္လို႔ ေရွ႕ဆက္မရဲျဖစ္ေနမွန္း သိလိုက္ရသည္။
သန္းေခါင္ခ်ိန္ႀကီးေတာင္ မေၾကာက္မလန့္တစ္ေယာက္ထဲအျပင္ထြက္ရဲၿပီးေတာ့ အခုမွ အေမွာင္ေၾကာက္တယ္တဲ့လား။
အကၡသည္ အသံမထြက္မိေပမဲ့ စိတ္ထဲမွာေတာ့ ဟားတိုက္ေနမိပါေတာ့သည္။
ဒီအခ်ိန္မွာသာ ထိုေကာင္ေလးကိုေနာက္ကေန ဆိုင္ကယ္နဲ႕ဝင္တိုက္ၿပီး အရင္ကမေက်ခဲ့တဲ့အေပၚလက္စားေခ်ခဲ့ရင္....။
အႀကံဆိုးတစ္ခုကို ေတြးလိုက္မိသည္ႏွင့္ခ်က္ခ်င္းပင္ အကၡသည္ ဆိုင္ကယ္မီးကို အေကာင္ေသးတည့္တည့္ဆီသို႔ ခ်ိန္ရင္း ဖြင့္လိုက္သည္။
အကၡက အေကာင္ေသးကိုဒုကၡေပးဖို႔ဆိုတဲ့အေတြးနဲ႕ဆိုင္ကယ္မီးဖြင့္လိုက္တာဆိုေပမဲ့ သူ႕ဆိုင္ကယ္မီးေၾကာင့္ ကေလးတစ္ေယာက္လို ေပ်ာ္႐ႊင္သြားသည့္ အေကာင္ေသးကိုျမင္ရေတာ့ အကၡသည္ လုပ္ရမည့္ကိစၥကိုပင္ေမ့ေလ်ာသြားရသည္။
ကေလးလိုေပ်ာ္႐ႊင္ကာ တစ္ခ်က္ေလာက္ခုန္ေပါက္လိုက္ေသးေသာ အေကာင္ေသး၏ပုံစံက တကယ္ကိုျဖဴစင္လြန္းသည္။အကၡကိုတစ္ခ်က္လွည့္ၾကည့္လာသည့္ သူ႕မ်က္ဝန္းမ်ားက ဝိုင္းစက္ေန၏။သြားျဖဴေလးမ်ား တစ္ညီတည္းေပၚေအာင္ၿပဳံးေနေသာ အေကာင္ေသးက အကၡဘယ္သူဆိုတာကိုမသိပုံျဖင့္ အကၡထိုးေပးထားသည့္ ဆိုင္ကယ္မီးေရာင္ကိုအားျပဳရင္း အေျပးေလးေျပးေနသည္။
အေကာင္ေသးကို ေနာက္ကေနတစ္ခ်က္တည္းဝင္တိုက္ရမယ္ဆိုေပမဲ့ အကၡရဲ႕ခႏၶာသည္ အကၡစိတ္ႏွင့္ဆန့္က်င္ကာ ဆိုင္ကယ္ကို အေကာင္ေသး၏အေနာက္မွ ျဖည္းညင္းစြာေမာင္းရင္း လိုက္ပါလာခဲ့သည္။
တေနရာအေရာက္တြင္ အိမ္ထဲသို႔ေျပးဝင္သြားသည့္ အေကာင္ေသးက ေနာက္လွည့္မၾကည့္ေပမဲ့ အေကာင္ေသး၏ေနာက္ေက်ာမွတစ္ဆင့္ သူဘယ္ေလာက္ထိ ေပ်ာ္႐ႊင္ေနေၾကာင္းရိပ္မိနိုင္သည္။
ထိုအခါမွ အသိျပန္ဝင္လာသည့္အကၡသည္ ေခါင္းတြင္ေဆာင္းထားသည့္ halment ကိုခြၽတ္ၿပီး ကိုယ့္ပါးကိုယ္တစ္ခ်က္ေလာက္ ရိုက္လိုက္၏။
အခြင့္အေရးရေနတာကို အမိအရမယူဘဲ ေပါက္ကရအေတြးေတြေတြးေနသည့္ ကိုယ့္ကိုယ္ကိုအျပစ္ေပးျခင္းျဖစ္သည္။
"အေကာင္ေသး မင္းသိပ္ကိုကံေကာင္းၿမဲကံေကာင္းဘဲေနာ္ "
မေက်နပ္စြာဆိုလိုက္သည့္အကၡသည္ အေကာင္ေသးဝင္သြားသည့္အိမ္ကို မွတ္ထားလိုက္၏။ထို႔ေနာက္ ဆိုင္ကယ္မီးကိုပိတ္ၿပီး လ်င္ျမန္ေသာအရွိန္ျဖင့္ လမ္းမႀကီးသို႔ ေမာင္းထြက္လာခဲ့ေတာ့သည္။
ဒီေန႕က ေက်ာင္းသြားရမဲ့ေနျဖစ္ၿပီး ဒဏ္ရာကလည္း အေတာ္ေလးသက္သာေနၿပီျဖစ္သည္။
ဒါေပမဲ့ မိုး ေက်ာင္းမသြားေသးဘဲ မေန႕ကမင္းခန့္အားေပးခဲ့သည့္ကတိအတိုင္း ေဆး႐ုံသို႔သြားရန္သာျပင္ဆင္ခဲ့သည္။
"မင္းခန့္ဆီဖုန္းဆက္အုံးမွ...အာ...ဟုတ္သား မင္းခန့္ကဖုန္းကိုင္လို႔မွမရတာ "
မေန႕က မင္းခန့္အဆင္ေျပမေျပသိခ်င္တာေၾကာင့္ ဖုန္းဆက္ေမးရန္ျပင္ၿပီးခါမွ မင္းခန့္အခ်ဳပ္ခန္းထဲေရာက္ေနေၾကာင္းသတိရကာ မိုး ဖုန္းျပန္သိမ္းခဲ့ရ၏။မင္းခန့္ဆီသြားေတြ႕ခ်င္ေပမဲ့ ဟိုေအာက္တန္းစားေကာင္ ေပါက္ကရမေျပာခင္ ေဆး႐ုံသို႔အရင္ဆုံးသြားသင့္သည္ဟုထင္မိတာေၾကာင့္ မိုး ေဆး႐ုံဘက္သို႔စုံစမ္းရင္း ထြက္လာခဲ့လိုက္ေတာ့သည္။
ေဆး႐ုံအေရာက္တြင္ မိုးေကာင္တာရွိသူနာျပဳထံ့မွ အခန္းနံပါတ္ေမးလိုက္သည္။
"ဒီကေနဓာတ္ေလွကားနဲ႕တက္သြား ေလးလႊာမွာပါရွင့္ အခန္းနံပါတ္က ၅၅၇ပါ "
ေျပာျပေပးသည့္သူနာျပဳကို ေက်းဇူးတင္ေၾကာင္း ေခါင္းတစ္ခ်က္ညိတ္ျပရင္း မိုး ထိုေအာက္တန္းစားဆီသို႔သြားရန္ သူနာျပဳေျပာသည့္အတိုင္း ဓာတ္ေလွကားစီးခဲ့သည္။
အစကေတာ့ ဓာတ္ေလွကားထဲမွာမိုးတစ္ေယာက္ထဲရွိေပမဲ့ တံခါးမပိတ္ခင္ ခဏေလးအတြင္းမွာဘဲ လူတစ္ေယာက္က ဓာတ္ေလွကားအတြင္းသို႔ဝင္လာခဲ့၏။
mask အနက္ေရာင္တက္ထားေသာ ထိုလူ၏ မ်က္လုံးမ်ားက စူးရွလြန္းသည္။ေတာင္းေျဖာင့္လွေသာ ခႏၶာကိုယ္က ေယာက်ာ္းေလးတိုင္းအားက်ခ်င္စရာပင္ျဖစ္၏။အရပ္က မိုး ေမွ်ာ္ၾကည့္ရေလာက္ေအာင္ကိုရွည္သည္။သူ၏က်ယ္ေျပာလွေသာ ရင္ဘတ္တြင္လည္း ကင္မရာတစ္လုံးကိုခ်ိတ္ဆြဲထားေသးသည္။
ဓာတ္ေလွကားအတြင္းသို႔ဝင္လာသည့္လူကို မိုးသည္အေသအခ်ာပင္လိုက္ၾကည့္ေနမိပါေတာ့သည္။ထိုလူကလည္း မိုးကိုျပန္ၿပီးၾကည့္ေနမွန္း သိခါမွ မိုး ခ်က္ခ်င္းပင္မ်က္ႏွာလႊဲၿပီး မသိခ်င္ေယာင္ေဆာင္လိုက္ရ၏။
တကယ္ မ်က္ႏွာပူစရာပါလား။
မိုး ရွက္လြန္းတာေၾကာင့္ ထိုလူဘက္သို႔ ေနာက္တစ္ခါမ်က္ႏွာမလြဲရဲေအာင္ပင္ ျဖစ္သြားခဲ့သည္။
ေနပါအုံး ဒီခႏၶာကိုယ္ပုံစံအေနအထားကိုရင္းႏွီးေနသလိုဘဲ...ဘယ္နားေတြ႕ဖူးတာဘာလိမ့္။
ရင္းနီးေနသည့္ ပုံစံေၾကာင့္ မိုးေနာက္တစ္ခါ လွည့္ၾကည့္ခဲ့သည္။ဒီတစ္ခါမွာေတာ့ mask ခြၽတ္ထားၿပီျဖစ္သည့္ ထိုသူကလည္း မိုးကိုၿပဳံးၿပီးၾကည့္ေနခဲ့ကာ...
"ထပ္ေတြ႕ျပန္ၿပီေနာ္ "
မိုးအားႏူတ္ဆက္လိုက္သည့္ ထိုေက်ာခ်မ္းစရာေကာင္းေလာက္ေသာ အသံပိုင္ရွင္သည္ မိုးေပၚသို႔အၿငိဳးအႀကီးႀကီးထားေသာ ဟိုႏွာဘူးေကာင္ျဖစ္ေနေလသည္တဲ့ေလ။
"အား "
မိုး မထိန္းခ်ဳပ္နိုင္ေတာ့ဘဲ အသံထြက္ေအာ္ဟစ္လိုက္မိပါေတာ့သည္။အရင္ခ်ိန္ေတြက ေျပးတိုင္းလႊတ္ခဲ့ေပမဲ့ ဒီေန႕မွာေတာ့ မိုး လႊတ္ျမႇောက္ဖို႔မေသခ်ာေတာ့မွန္း စိတ္ထဲမွ အလိုလိုႀကိဳသိေနတာေၾကာင့္ မိုးေၾကာက္လန့္စြာ ေအာ္ဟစ္လိုက္မိျခင္းျဖစ္သည္။
ထိုႏွာဘူးေကာင္က မိုးေအာ္သံၾကားေတာ့ မိုးအနားသို႔ကပ္လာရင္း_
"ကြၽန္ေတာ္ဘာလုပ္ေနလို႔ ခင္ဗ်ားကေအာ္ေနတာလဲ "
"မင္း...မင္း အနားမကပ္လာနဲ႕ "
မိုး တားေလ သူကပိုတိုးကပ္လာေလပင္။
"အိုး....ဒဏ္ရာကေတာ္ေတာ္ သက္သာေနၿပီဘဲ ၾကည့္ရတာ ျပန္ၿပီးႏြေးေပးဖို႔လိုအပ္ေနၿပီထင္တယ္ "
"ဒီမွာ CCTV ရွိတယ္ မင္းငါ့ကိုတစ္ခုခုလုပ္ရဲရင္လုပ္ၾကည့္ေလ လုံၿခဳံေရးေတြက ၿငိမ္မယ္ထင္ေနလား "
မိုး လႊတ္ရာလႊတ္ေၾကာင္း သတိေပးခဲ့ေပမဲ့ သူကေတာ့ ဂ႐ုမစိုက္ဘဲ မိုးအနားသို႔တိုးကပ္လာၿမဲပင္ျဖစ္ကာ_
"ခင္ဗ်ားကို လႊတ္ေပးခဲ့တာေတြလည္းမ်ားေနၿပီဘဲ ဒီေန႕ေတာ့...."
ျပတ္သားလွေသာ သူ၏မ်က္ဝန္းမ်ားက မိုးကို အတည္ေပါက္ႀကီး အမဲျဖတ္ေတာ့မည့္ပုံျဖင့္ စိုက္ၾကည့္ေနေလ၏။
ထြက္ေျပးဖို႔လမ္းကလည္းမရွိသည့္အျပင္ အကူအညီေတာင္းရန္အခြင့္ကလည္းမရွိတာေၾကာင့္ မိုးသည္ ဒီေန႕ေတာ့သြားၿပီဟုေတြးမိကာ မ်က္လုံးသာစုံမွိတ္ထားလိုက္ပါေတာ့သည္။
ထိုအခ်ိန္တြင္ ဓာတ္ေလွကားသည္ သိသိသာသာႀကီးလူပ္ရမ္းသြားတာကို ႏွစ္ေယာက္သား ခံစားမိလိုက္ၾကသည္။
ဟမ္...ဘယ္လိုျဖစ္....
မိုး အေတြးမဆုံးခင္မွာဘဲ ဓာတ္ေလွကားမီးျပတ္သြားတာေၾကာင့္ မေအာ္မိေအာင္ အလ်င္အျမန္ပင္ ထိန္းလိုက္ရသည္။
မီးပ်က္သြားတာေၾကာင့္ ဓာတ္ေလွကားခလုတ္မ်ားအလုပ္မလုပ္နိုင္ေတာ့မွန္းသိေပမဲ့ မိုးေသခ်ာေအာင္ ခလုပ္တစ္ခုၿပီးတစ္ခုရမ္းသမ္းေလွ်ာက္ႏွိပ္ၾကည့္ေသး၏။တကယ္လည္း ထင္ထားသလို ခလုပ္ေတြကတစ္ခုမွ အလုပ္မလုပ္သည့္အျပင္ ဓာတ္ေလွကားတစ္ခုလုံးကလည္း အေရးေပၚ မီးအစိမ္းေရာင္မွိန္မွိန္ေလးလင္းေန႐ုံကလႊဲ ဘာမွေသခ်ာသဲသဲကြဲကြဲမျမင္ရေအာင္ ေမွာင္ေနသည္။
မိုး ခ်က္ခ်င္းဘဲ ဖုန္းကိုထုတ္လိုက္ၿပီး အေရးေပၚဖုန္းဆက္ဖို႔ျပင္လိုက္ေပမဲ့ လိုင္းကလည္းမမိေနခဲ့။ဘာမွလုပ္လို႔မရေတာ့တဲ့အဆုံး မိုး တျခားလူေတြလာကူညီမဲ့အခ်ိန္ကိုသာ စိတ္ပ်က္လက္ပ်က္ထိုင္ေစာင့္ရန္ ဆုံးျဖတ္လိုက္ရေတာ့သည္။
"အား...ကံဆိုးလိုက္တာ "
တစ္ေယာက္တည္း ၿငီးၫူေနရင္း မိုးတစ္ေယာက္ ဓာတ္ေလွကားပ်က္သြားခ်ိန္မွစ သူႀကိဳးစားခဲ့သည့္တစ္ေလွ်ာက္လုံးတြင္ အသံတစ္ခ်က္မထြက္ ၿငိမ္သက္စြာ ရွိေနသည့္ ဟိုႏွာဘူးေကာင္ကိုေတာင္ ေမ့မိမလိုျဖစ္သြားခဲ့ရသည္။
တစ္ေအာင့္ၾကာမွ မိုးတစ္ေယာက္တည္းမဟုတ္မွန္း ျပန္အမွတ္ရမိတာေၾကာင့္ မိုး တံေတြးတစ္ခ်က္မ်ိဳခ်လိဳက္မိ၏။
ဒါ ႏွာဘူးေကာင္အတြက္အခြင့္အေရးဘဲေပါ့ ဓာတ္ေလွကားပ်က္ေနေတာ့ CCTVကအလုပ္လုပ္မွာမဟုတ္ဘူး၊ဒီအခ်ိန္ မိုးအေနာက္ကေန သူ မိုးကိုေခ်ာင္းရိုက္ရိုက္ လည္ပင္းညစ္သတ္သတ္ လာကူမယ့္သူမရွိေတာ့ဘူး။
မိုးသည္ စိတ္ထဲမွ ကံဆိုးလြန္းလွသည့္ကိုယ့္အျဖစ္ကိုေတြးရင္း မ်က္ရည္က်ေနမိပါေတာ့သည္။ဒါေပမဲ့ မိုးထင္ထားသလို တုံ႕ျပန္လာျခင္းမရွိဘဲ တိတ္ဆိတ္ၿငိမ္သက္ေနသည့္ ပတ္ဝန္းက်င္ေၾကာင့္ မိုး အေနာက္ဘက္သို႔ ဖုန္းမီးေရာင္အားကိုးျဖင့္ ျဖည္းညင္းစြာလွည့္ၾကည့္လိုက္ရာ ဓာတ္ေလွကားလက္တန္းကို တင္းေနေအာင္ကိုင္ထားရင္း ေက်ာက္႐ုပ္အလား ၿငိမ္သက္ေနသည့္ သူကိုျမင္ရေတာ့ မ်က္ခုံးပင့္ရင္းအေၾကာင္သား ၾကည့္ေနမိေတာ့သည္။
သူ႕ပုံစံသည္ မၾကာေသးမီအခ်ိန္ကလို မိုးကို အမဲျဖတ္ေတာ့မည့္ မုဆိုးတစ္ေယာက္ပုံဟုတ္မေနေတာ့ဘဲ မ်က္ႏွာတစ္ခုလုံးက ျဖဴစုတ္ေနၿပီး တစ္ခုခုကိုေတြးေၾကာက္ေနသလို ၿငိမ္သက္ေနသကဲ့သို႔ ေဇာေခြၽးမ်ားကလည္း သူ႕နဖူးေပၚမွ ေျခဖ်ားထိက်ေနေသးသည္။
ဖုန္းမီးျဖင့္ထိုးထားေပမဲ့လည္း သူက မိုးရွိေနမွန္းေတာင္ သတိမထားမိသည့္ပုံျဖင့္ အေရွ႕တည့္တည့္သို႔သာ စိုက္ၾကည့္ေနခဲ့သည္။
"ေဟး..."
မူမမွန္သည့္ ထိုႏွာဘူးေကာင္အား မိုး သတိျပန္ကပ္ေအာင္ အသံနည္းနည္းပါးပါးေပးၾကည့္ေပမဲ့ သူကေတာ့တုတ္တုတ္ေတာင္မလူပ္။မိုးေၾကာက္ေပမဲ့လည္း သူအသိကပ္ေအာင္ သူ႕အနားသို႔ကပ္ရင္း လက္တို႔ၾကည့္ရန္ျပင္လိုက္သည္။
"ေဟး...မင္း အဆင္ေျပရဲ႕လား "
ေၾကာက္ေၾကာက္လန့္လန့္ႏွင့္ သူ႕၏လက္ေမာင္းနားကိုလက္ျဖင့္ တို႔ၾကည့္ခဲ့သည္။သူသည္ မိုး၏လက္ကိုပုတ္ထုတ္လိုက္တာေၾကာင့္ မိုးပင္ အေနာက္သို႔ယွိင္သြားခဲ့ရသည္။သူ႕အားေၾကာင့္ မိုးလက္နာသြားခဲ့ရသည္အေပၚ ေဒါသထြက္စြာ ျပန္တုံ႕ျပန္မည္အလုပ္ သူ၏ပုံစံေၾကာင့္ မိုးပင္ စိုးရိမ္သြားရသည္။
အသက္႐ူသံမ်ား အတိုင္းထင္းၾကားရေနသည္အထိ ျမန္ဆန္ေနခဲ့ေသာ သူသည္ နားႏွစ္ဖက္ကိုလက္ျဖင့္အုပ္ထားရင္း အေမွာင္ေၾကာက္သည့္ကေလးတစ္ေယာက္ပမာ ေထာင့္သို႔အတင္းတိုးကပ္ပုန္းကြယ္ေနခဲ့သည္။
"ေဟး...မင္း စိတ္ထိန္းအုံးေလ "
"အား...!!သြား...ငါ့...ငါ့အနားမလာနဲ႕ "
မိုးအနားကပ္ရန္ျပင္လိုက္ေပမဲ့လည္း သူသည္ ေထာင္ေခ်ာက္ထဲမိေနသည့္ က်ားရိုင္းတစ္ေကာင္ပမာ အနားကပ္လာသည့္လူမွန္သမွ်ရန္ရွာေနေလသည္။မိုးလည္း မသိက်ိဳးကြၽံျပဳလိုက္ခ်င္ေပမဲ့ ဒီသနားတတ္လြန္းသည့္ ႏွလုံးသားကလက္မခံခ်င္။ေခါင္းမာစြာနဲ႕ သူ႕အနားသို႔အတင္းတိုးကပ္ရင္း အဆင္ေျပေၾကာင္း ႏွစ္သိမ့္ေပးခ်င္ေနမိသည္။
မိုးလုပ္ခါမွ ပိုဆိုးသြားသလားမသိ။သူသည္ အသက္ျပင္းထန္စြာ႐ူေနရာမွ ႐ုတ္တရက္ လဲက်သြားေလ၏။မိုးလည္း ထိတ္ထိတ္ျပာျပာႏွင့္_
"ေဟ့ေကာင္...ေဟ့ေကာင္ "
သူ႕ကို လူပ္ကာနိုးၾကည့္ေပမဲ့ သူကတုတ္တုတ္ေတာင္မလုပ္။မိုး သူ႕ႏွလုံးခုန္သံကိုစမ္းၾကည့္ေတာ့ ဘာအသံမွမၾကားေနရတာေၾကာင့္ မိုးခ်က္ခ်င္းဘဲ ေက်ာင္းမွာသင္ထားသည့္ အေရးေပၚအသက္ကယ္ဆယ္ေရးနည္း CPRျဖင့္ သူ႕ႏွလုံးျပန္ခုန္လာေအာင္ ကူညီေပးခဲ့သည္။မိုး ႀကိဳးစားေပမဲ့ သူ႕ႏွလုံးက မခုန္ေန။
"ေနာက္ဆုံးနည္းဘဲက်န္တယ္ "
မိုး ပင့္သက္ခပ္ျပင္းျပင္တစ္ခ်က္ရွိုက္လိုက္ၿပီး ႏူတ္ခမ္းကိုလည္း မသိလိုက္ဘဲ သပ္လိုက္မိသည္။ထို႔ေနာက္ ထိုသူ၏ မ်က္ႏွာကို ကိုင္ရင္း ရွည္သြယ္ေသာႏွာဖ်ားေအာက္မွ ႏွင္းဆီရင့္ေရာင္ ႏူတ္ခမ္းပါးပါးေလးေပၚသို႔ မိုးမ်က္လုံးစံမွိတ္ရင္း သူ႕ႏူတ္ခမ္းျဖင့္ ေတ့လိုက္ပါေတာ့သည္။
လူတစ္ေယာက္ရဲ႕အသက္ကိုကယ္ေနတာ မိုး သည္းခံသည္းခံ။
စိတ္ထဲမွ ကိုယ့္ကိုယ့္ကိုအႀကိမ္ႀကိမ္သတိေပးရင္း အသက္ကယ္ျခင္းလုပ္ငန္းအေပၚကိုသာ ေသခ်ာအာ႐ုံစူးစိုက္ထားပါေတာ့၏။
မိုးရဲ႕ေက်းဇူးေၾကာင့္ ထိုသူ၏ႏွလုံးမ်ားက ပုံမွန္အတိုင္းျပန္ခုန္လာခဲ့ေလၿပီ။သတိေတာ့မရေသးေပမဲ့ ႏွလုံးျပန္ခုန္လာတာေၾကာင့္ မိုး အခုမွ စိတ္ေအးစြာ သက္ျပင္းခ်နိဳင္ေတာ့သည္။
ဆယ္မိနစ္ေလာက္အၾကာတြင္ ဓာတ္ေလွကားအလုပ္ျပန္လုပ္လာခဲ့သည္။ေဆး႐ုံျဖစ္တာေၾကာင့္ ဓာတ္ေလွကားတံခါးဖြင့္ၿပီဆိုသည္ႏွင့္ ဆရာဝန္မ်ားကအဆင္သင့္ပင္။
"ကြၽန္ေတာ္ကအဆင္ေျပပါတယ္ သူ႕ကိုဘဲ ကူညီေပးလိုက္ပါ "
မိုးကို ျမင္ေတာ့ဆရာဝန္ေတြက ဟိုစမ္းဒီစမ္းလုပ္ေပမဲ့ မိုး လဲက်ေနသည့္ သူ႕ဆီကိုသာ ၫႊန္ျပခဲ့သည္။ဆရာဝန္မ်ားကလည္း ခ်က္ခ်င္းဘဲ သူ႕ကိုထမ္းစင္ျဖင့္လူနာေဆာင္သို႔ ေခၚသြားခဲ့ၾက၏။
"ငါမင္းအသက္ကိုကယ္ခဲ့တာ မင္းဒီထပ္ပိုၿပီး ငါ့အေပၚျပႆနာမရွာေတာ့ဖို႔ေမွ်ာ္လင့္ပါတယ္ "
သူမၾကားနိုင္မွန္းသိေပမဲ့ မိုးတစ္ေယာက္တည္းေရ႐ြတ္ေနမိသည္။
အခုမွဖုန္းလိုင္းျပန္မိတာေၾကာင့္ မိုးဖုန္းတြင္ မင္းခန့္ေခၚထားသည့္ notificationက အဆက္မျပတ္တက္လာေလသည္။မင္းခန့္ တစ္ခုခုျဖစ္သည္အထင္ႏွင့္ မိုး ခ်က္ခ်င္းဘဲဖုန္းျပန္ေခၚ
ခဲ့သည္။
"မိုး မင္းဘာလုပ္ေနတာလဲ ဖုန္းေခၚလို႔ကိုမရဘူး "
ဖုန္းကိုင္လိုက္ၿပီဆိုသည္ႏွင့္ အသံၿပဲႀကီးႏွင့္ေအာ္ေငါက္ကာ ဆိုလာသည့္ မင္းခန့္။
"ငါ ဓာတ္ေလွကားမွာပိတ္မိေနလို႔ ဒါနဲ႕ေနပါအုံး မင္းကေကာ အခ်ဳပ္ထဲမွာ မဟုတ္ဘူးလား ဖုန္းကိုဘယ္လိုလုပ္ "
"ဒီေန႕မနက္ဘဲျပန္လႊတ္လာတာ ဟိုေကာင္က ငါ့ကိုတရားမစြဲဘူးေလ "
"ဟုတ္လား...ေတာ္ေသးတာေပါ့ကြာ ငါက အဲ့ေကာင္တရားစြဲမယ္အထင္နဲ႕ သတိလာေပးမလို႔ "
"ဒါဆို မင္းအခုေဆး႐ုံမွာေပါ့ "
"အင္းဟုတ္တယ္...အဲ့ေကာင္ မင္းအေပၚ တရားမစြဲဘူးဆို ဟုတ္ပါၿပီ ငါလည္း ျပႆနာအ႐ူပ္ခံၿပီး သြားေတြ႕မေနေတာ့ဘူး "
"ေအ...ျပန္လာခဲ့ မင္းနဲ႕ေျပာစရာရွိလို႔ "
"အင္း ဟုတ္ၿပီ "
မင္းခန့္ အခ်ဳပ္ထဲမွာ တစ္ရက္ဘဲေနရလို႔ ေတာ္ပါေသး၏။မဟုတ္လွ်င္ မိုးလည္း ဟိုေအာက္တန္းစားေကာင္ႏွင့္ႏွပန္းသတ္ေနရၿပီး အခ်ဳပ္ထဲေရာက္ေနရအုံးမည္။အခု မင္းခန့္က ေျပာစရာရွိသည္ဆိုတာေၾကာင့္ မိုး အိမ္သို႔ျပန္ရန္သာျပင္လိုက္ေတာ့သည္။
မျပန္ခင္ ေဆး႐ုံအတြင္းပိုင္းသို႔တစ္ခ်က္ၾကည့္မိ၏။
ဟိုႏွာဘူးေကာင္ သတိရၿပီလားမသိ။
စိတ္ပူတာမ်ိဳးေတာ့မဟုတ္ေပမဲ့ မိုး ေရွ႕မွာ ဒီတိုင္းလဲက်ေနတဲ့သူက အဆင္ေျပမေျပသိခ်င္႐ုံပါ။သူမွမဟုတ္ဘူး သူ႕ေနရာမွာ ဘယ္သူမဆို အခုလို ေတြးပူမိမွာဘဲေလ။ဘာဘဲျဖစ္ျဖစ္ ဒီေန႕တစ္ရက္ အသက္ရွင္ခြင့္ရေသးလို႔ ေတာ္ပါေသးရဲ႕။ေနာက္တစ္ခါအဲ့ႏွာဘူးေကာင္ ကိုယ့္အသက္သခင္ေက်းဇူးရွင္အေပၚ တစ္ခုခုလုပ္မယ္ႀကံတိုင္း ေသြးအန္ပါေစ ဟု မိုးတိတ္တိတ္ေလးဆုေတာင္းထားခဲ့သည္။လူမွန္ရင္ ေက်းဇူးသိတတ္ဖို႔ေတာ့ ေကာင္းပါတယ္ေလ။