မောင့်ချယ်ရီ ဝေသောမြေ (Emerge...

By Milk_tea_94

47.6K 2.2K 138

ခွဲစိတ်ဆရာဝန်နဲ့ အထွေထွေရောဂါကုဆရာဝန် ကြားက ဇာတ်လမ်းတစ်ပုဒ် ပါ မတူညီတဲ့ပြိုင်မျဥ်းတွေဟာ လားရာတစ်ခုတည်းအတူသ... More

👨🏻‍⚕️👨🏻‍⚕️
Dr.
၁၀
၁၁
၁၂
၁၃
၁၄
၁၅
View
၁၆
၁၇
၁၈
၁၉
View
ကလောမြေရဲ့ည

၂၀ (End)

2.2K 93 12
By Milk_tea_94

ဆောင်းနှင်းမြူတို့သိပ်သိပ်သည်းသည်းကျဆင်းလျက်ရှိနေဆဲ အချိန်မှာပင် ဆေးရုံဝန်းအတွင်းရှိဝန်ထမ်းများဟာတော့ တာဝန်ကိုယ်စီနဲ့ ပြေးကြလွှားကြ သွားကြလာကြ လုပ်နေမြဲပင်။ သိုးမွှေးဆွယ်တာအဖြူနဲ့ ထဘီအနီဝတ်ဆရာမနှစ်ယောက် စားပွဲခုံမှထိုင်ရင်း မှတ်တမ်းရေးနေကာ တီးတိုးစကားဆိုနေကြသည်။

" ဟဲ့ ဆရာအရုဏ် နဲ့ ဆရာမိုးသောက် ပြန်အဆင်ပြေနေကြပြီထင်တယ်  ခုတလော နှစ်ယောက်သား အပေးအယူတွေတည့်နေတာ "

" ဟုတ်လား ငါ Medical ward မှာနေတုန်းကဖြင့် ဆရာအရုဏ်ကလေ  ဆရာမိုးသောက်အကြောင်းပြောလိုက်တာနဲ့ကို တည်တင်းနေတာ  "

" အမလေး အခုများဖြင့် ဆရာမိုးသောက်ကို show မယ့် patient ဆိုရင်  ရတယ် ကျွန်တော်ကိုယ်တိုင်ပဲ Patient အ​ခြေအနေ ပြောပြလိုက်တော့မယ် ဆိုပြီး Surgical Ward ထိ ကိုယ်တိုင်သွားတာ  "

ဆရာမနှစ်ယောက် ပြောလည်း ပြောချင်စရာပေပင်။ ဖျားနာဆောင်က ဆရာဝန် ဒေါက်တာအရုဏ်ဦး ဟာ ထိုအချိန်မှာလည်း ခွဲစိတ်ဆောင်က ဒေါက်တာမိုးသောက်အခန်းထဲ ရောက်နေခဲ့ပြန်သည်။

" မိုးသောက် ဒီ pt က DM ( ဆီးချိုရောဂါ ) ကြောင့် ဆေးရုံရောက်လာတာပဲ ဒါပေမယ့် အခုဖြစ်နေတဲ့ ပုံစံအရတော့ Appendicitis ( အူအတက်ယောင်) ထင်လို့ Ultrasound ရိုက်ခိုင်းထားတယ် ဖြစ်ဖို့ပဲများပါတယ် အဲ့တာ မင်း ဆက်ကြည့်ပေးဦး  "

လူနာမှတ်တမ်းစာအုပ်ကို စားပွဲပေါ်ချကာ အကြောင်းစုံပြောပြနေပေမယ့် တစ်ဖက်က ထိုင်ခုံပေါ်မှာရှိနေသည့် မိုးသောက် ကတော့ ကော်ဖီခွက်ကို ကိုင်ကာ ပြုံးစိစိလုပ်နေဆဲ။ အာရုံမစိုက်ဘဲ ရှိနေသည့်  မိုးသောက်ကို စိတ်တိုတိုနဲ့ အော်မိတော့သည်။

" မင်း ငါပြောနေတာကို နားရောထောင်ရဲ့လား  "
ထိုအခါမှ မိုးသောက်ဟာ ရယ်ကျဲကျဲနဲ့ ကော်ဖီခွက်ကို ချကာ ပြောလာသည်။

" ကြားပါတယ်ကွာ ကြားတယ် မင်းဘက်ကရော OT လုပ်ဖို့ Fit ပေးတယ်ပေါ့ အဲ့တာဆို ငါ့ဘက်ကလည်း တစ်ချက်စစ်ပြီး OT လုပ်ရုံပဲ  "

" DM က Controlled ( ရောဂါကို ပိုမဆိုးအောင်ထိန်းချုပ်နိုင် ) ရတဲ့အခြေအနေပါ Fit ပေးတယ်  Pre Op ( မခွဲစိတ်ခင် ပြင်ဆင်မှုများ) မှာတော့ GKI Drip ( ဆီးချိုလူနာတွေအတွက် သီးသန့်ဆေးပုလင်းချိတ်ခြင်း) ထည့်ဖို့ ဆရာမတွေကို ပြောထားလိုက်မယ်  "

" အေး ဟုတ်ပြီ Ultrasound Result ရရင် လူနာတွေကို OT လုပ်ဖို့ Counselling လုပ်လိုက်မယ်  ဒါနဲ့ မင်း ဒီနေ့ခင်း ဘာတွေလုပ်ဖို့ရှိသေးလဲ  "

လူနာအကြောင်းပြောဆိုပြီးသွားတော့ အရုဏ်ဦးက ခုံပေါ်ကို သက်တောင့်သက်သာ ပုံစံဖြင့်မှီထိုင်လိုက်သည်။ အပေါ်ဝတ်အနွေး ကုတ်အင်္ကျီကိုပါ ချွတ်ဖို့ပြင်နေလေတော့ မိုးသောက်မှာ လှမ်းဟန့်တားမိသည်။

" အရုဏ် အေးနေတုန်းပဲလေ အပေါ်ဝတ်မချွတ်နဲ့ဦး"

" ငါက ဒီတောင်ပေါ်မှာပဲ မွေးလာတဲ့ကောင်ပါကွ ဒီလောက်အအေးဒဏ်က မှုစရာမလိုပါဘူး "

မျက်နှာကိုချီကာပြောနေလေသော တောင်ပေါ်သားအား သူ့မှာ မစဘဲ မနေနိုင်တော့။ တစ်ဖက်ရှိ ထိုင်နေသည့်အနား သွားရပ်ကာ အရုဏ်ဦး ပခုံးပေါ် ဖက်တွယ်ရင်း ချွဲသည့်အသံလုပ်ကာ ပြောလိုက်သည်။

" ဒီ မြေပြန့်သားကတော့ အချမ်းဒဏ် မခံနိုင်ဘူး အေးလွန်းလို့ ဖက်ထားပေးပါဦး ဒေါက်တာ  "

" သွားစမ်း သွားစမ်း မိုးသောက် ငါ ကန်ထုတ်မိတော့မယ် "

အတင်းကိုတွန်းထိုးလွှတ်နေသော အရုဏ်ဦးကြောင့် အနောက်ကို ဆုတ်လိုက်ပေမယ့် အနံ့သင်းသင်းလေးနဲ့ ပါးပြင်ကို တစ်ချက် နမ်းခဲ့လိုက်သေးသည်။ ရဲရဲနီနေသော နားရွက်တွေနှင့် တောင်ပေါ်က ယုန်ကလေး ဟာ မစရ မနေနိုင်အောင်ပင် ချစ်ဖို့ကောင်းနေခဲ့သည်။ အခြားဝန်ထမ်းများသာ သူ့အတွေးကိုသိလျှင်တော့ ဒေါက်တာအရုဏ်ဦး လို အေးတိအေးစက်လူကို ချစ်ဖို့ကောင်းတယ် မြင်ရအောင် ရူးနေသလားလို့ပင် မေးကြလိမ့်မည်။ အရုဏ်ဦးရဲ့ ချစ်ဖို့ကောင်းတဲ့တစ်ဖက်ခြမ်းကို ထိုလူတွေမှ မသိနိုင်ဘဲလေ။

" ဆေးရုံမှာကို တည်တည်တံ့တံ့နေစမ်း မိုးသောက်...  အခြားသူတွေမြင်သွားရင် မကောင်းဘူး  "

" အေးပါကွာ အေးပါ အာ ​ပြောလက်စကို အခုမှ အမှတ်ရတယ် မင်းနေ့ခင်း ဘယ်သွားဖို့ရှိသေးလဲ....  ချယ်ရီပန်းသွားကြည့်ရအောင်  တချို့နေရာတွေမှာ ချယ်ရီတွေပွင့်ပြီတဲ့  "

သည်မိုးသောက်ဟာ တောင်ပေါ်မြေက ပန်းမျိုးစုံကို ပတ်ကြည့်ရမှ ကျေနပ်မည်ထင်သည်။ တစ်မျိုးမဟုတ်တစ်မျိုး ရိုးကိုမရိုးနိုင်ပေ။ နေ့လည်ခင်းဘက်မှာတော့ ချယ်ရီတွေ စောစောပွင့်သည့်  ပင်းတယဘက်ဆီသို့ နှစ်ယောက်သား ရောက်လာရတော့သည်။

" မိုးသောက်... မင်းကတော့လေ ငါ အပြင်မှာ ဆေးခန်းထိုင်မယ့်အချိန်တွေ ဖျက်လိုက်ရပြီ... ပင်းတယအထိ ရောက်လာရသလား "

တစ်ဖက်မှာထိုင်ရင်း ပွစိပွစိရေရွတ်မိတော့ ကားမောင်းနေသည့် မိုးသောက်က ရယ်ကာ

" ဒီအထိတောင်ရောက်လာပြီပဲ ညည်းညူမနေပါနဲ့တော့...  ဒါနဲ့ တစ်ခုပြောရဦးမယ်  ညပါအိပ်ဖို့အတွက် ကလော မှာ အိမ်ငှားထားပြီ  "

ပျော်ရွှင်တက်ကြွနေသည့် ပုံစံနဲ့ မိုးသောက်ကြောင့် အရုဏ်ဦးမှာ သဘောမတူချင်သော်လည်း သဘောတူလိုက်ရတော့သည်။

" ငါ OPD ထိုင်ရင် ရမယ့် ပိုက်ဆံတွေပြန်ပေးရမယ် "

ထိုအချိန်မှာပင် ချယ်ရီပင်တွေ စီတန်းနေသည့်နေရာနား ရောက်လာပြီမို့ ကားကိုရပ်ကာ အောက်ဆင်းပြီး လမ်းလျှောက်ဖို့ပြင်လိုက်သည်။ကားတံခါးကို ဖွင့်ကာ လက်ကမ်းကြိုနေသည့် မိုးသောက်က မျက်ခုံးတစ်ချက်ပင့်ကာ ဆိုသည်။

"ငါရှာသမျှ ငွေတွေအကုန် မင်းသိမ်းလိုက်လို့ရတာပဲလေ အရုဏ်...   "

"အကုန်သိမ်းချလိုက်လို့ကတော့ ဒေါက်တာမိုးသောက်တို့ ဂျူတီကုတ်အစုတ်လေးနဲ့ ဆေးရုံပြေးနေရဦးမယ်  "

အရုဏ်ဦးရဲ့ စကားကို ပြန်လည်ချေပမလာဘဲ ပြုံးမြဲပြုံးနေဆဲ မိုးသောက်ကြောင့် အနည်းငယ်ထူးဆန်းသလိုပင် ခံစားလာရသည်။ ချယ်ရီပန်းတွေကတော့ အပင်ပေါ်မှာလည်း ဝေလို့ မြေမှာလည်း ကြွေလို့၊ ကြည့်လိုက်ရုံနှင့်ပင် အကြည့်ပြန်မလွှဲနိုင်လောက်အောင်အထိ လှပနေသည့် မြင်ကွင်းပင်။ ညနေဘက်အချိန်မို့ ချယ်ရီပင်တွေနား ဓာတ်ပုံရိုက်နေကြသူတွေမှာလည်း သုံးလေးယောက်လောက်သာရှိပေမည်။  ဘုရားဝန်းထဲပေမို့ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေခဲ့သည်။

" အရုဏ်....  "

မိုးသောက်ရဲ့ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့  မျက်စိရှေ့တည့်တည့်ရောက်နေသည်က ချယ်ရီပန်းတစ်ပွင့်နဲ့ရောပတ်ထားသည့် ငွေရောင်မောင်းကွင်းလက်စွပ်....

တစ်ဖက်မှ ပြုံးနေသည့် မိုးသောက်ရဲ့ မျက်ဝန်းတွေမှာတော့ ငွေ့ရည်တချို့ရစ်သိုင်းနေသည်ကို မြင်လိုက်ရသည်။ သူ့ခေါင်းထဲမှာလည်း ထုံသွားကာ ရင်ဘတ်ထဲမှာတော့ တဒုန်းဒုန်း တဒိုင်းဒိုင်းဖြစ်နေခဲ့ပြီ။

" ဒေါက်တာအရုဏ်ဦးခင်ဗျ...... မောင်နဲ့ တစ်သက်လုံးအတူနေပေးနိုင်မလား... ဘယ်တော့မှ ထပ်ပြီးမခွဲတော့ဘဲနဲ့လေ....  "

မြင်ဖူးကြားဖူးသမျှ propose လုပ်သည့်စကားတွေထဲတွင် ဒေါက်တာမိုးသောက် လောက် ဆိုးရွားသည့် propose လုပ်သည့်စကား ရှိမည်မထင်တော့။ ဖွဲ့နွဲ့သည့်စကားလည်းမပါ လိုချင်တာကိုသာ တည့်တိုးတောင်းဆိုနေပေမယ့် သူ့မှာတော့ ဒီရိုးရိုးရှင်းရှင်းစကားတွေနဲ့ပင် ရင်ခုန်ရလွန်းလှပြီ။

" ပေး...လက်စွပ် "

ရစ်ပတ်ထားသည့် ချယ်ရီပွင့်ခက်ကိုပင် မဖယ်တော့ပဲ လက်သူကြွယ်မှာ ဝတ်ဆင်လိုက်သည်။ ငါလက်ခံတယ်တွေ သဘောတူပါတယ်တွေ ပြောမနေလည်း လက်စွပ်ကိုပါ ယူစွပ်လိုက်မှာတော့ ပြီးပြီပြီပဲပေါ့လေ။ ပါးစပ်ကနေတော့ မကျေမနပ်ရေရွတ်လိုက်မိသေးသည်။

" ပြောနေတဲ့ပုံစံက ငါကပဲ ပစ်သွားဖူးသလိုလိုနဲ့   နောက်တွန့်နေခဲ့တာက မင်းပဲ မဟုတ်ဘူးလား  "
အရုဏ်ဦးဆိုသည့်သူက
Propose လုပ်လျှင်ရှက်ပြုံးလေးနဲ့ ခေါင်းငြိမ့်ပြမည့်သူမဟုတ်မှန်းသိနေခဲ့ပေမယ့်  သည်လိုမျိုး အပြောခံလိုက်ရမည်ဟု  မိုးသောက်တစ်ယောက် မမျှော်လင့်ထားခဲ့မိပေ။  သို့သော်လည်း အရုဏ်ဦးဘက်က လက်ခံသည်ပဲ မဟုတ်ပါလား။ လက်စွပ်ဝတ်ထားသည့် လက်ကို အပြန်ပြန်အလှန်လှန်ကြည့်ရှုနေသူအား ရင်ခွင်ထဲဆွဲသွင်းလိုက်ရင်း.... နှစ်ကိုယ်ကြား ကြားရုံပြောလိုက်သည်။

" မောင့်အမှားပါ... အိုကေ... မောင်ကပဲတောင်းဆိုပါမယ်..   အရုဏ် တစ်သက်လုံးဘေးနားမှာ နေပါရစေ... အမြဲတမ်း... အမြဲတမ်းအတွက် အရုဏ်ဦးဆိုတဲ့ မင်း အနားမှာနေပါရစေ    "

မေးဖျားထက်က ခပ်နွေးနွေးအထိအတွေ့တစ်ခုကြောင့် အရုဏ်ဦးဆီက အနမ်းတစ်ပွင့် မှန်းသိလိုက်ရပေမယ့် ခေါင်းငုံ့မကြည့်ရဲပေ။ တစ်ဦးတည်းအပိုင်သိမ်းထားလိုက်ချင်သည့် အတ္တစိတ်တို့ လွန်ကဲမသွားခင် ပွေ့ဖက်ထားသည့် လက်တွေပိုသာ တင်းကြပ်လိုက်ပြီး စိတ်ဖြေလျှော့လိုက်ရသည်။

တစ်ချက်တစ်ချက် ကြွေကျလာသော ပန်းချယ်ရီတို့ကတော့ သူတို့နှစ်ဦးကို ကောင်းချီးပေးနေသည့်အလားပင်။ ပန်းချယ်ရီဝေနေတဲ့အခိုက်အတန့်မှာ သူ့အပိုင်ချယ်ရီတစ်ပွင့်ကိုတော့ ရင်ထဲမှာသိမ်းထားနိုင်ခဲ့ချေပြီ။

မောင့်ချယ်ရီရေ..... ဝေမြဲအတိုင်း သာ ရှိနေပါစေကွယ်.....

ပြီးပါပြီ....

နောက်ဆုံးတော့ အပြီးသတ်လိုက်ပါပြီ။ အပိုင်းတိုတယ်ဆိုပေမယ့် Extra တွေကိုပဲ ထပ်ထပ်ရေးချင်မိလို့ပါ။

အဆုံးထိဖတ်ပြီးသွားရင် Review တစ်ချက်ပြန်ပေးပါဦးနော်၊ ဘာတွေများ ပြင်ဆင်သင့်သလဲ သိချင်မိလို့ 😍😍😍😍

Extra တွေမှာ ပြန်တွေ့ကြမယ်..... စပွိုင်းရရင်တော့ ကလောမှာ အိမ်ငှားထားသေးတယ်နော်...

Zawgyi

ေဆာင္းႏွင္းျမဴတို႔သိပ္သိပ္သည္းသည္းက်ဆင္းလ်က္ရွိေနဆဲ အခ်ိန္မွာပင္ ေဆး႐ုံဝန္းအတြင္းရွိဝန္ထမ္းမ်ားဟာေတာ့ တာဝန္ကိုယ္စီနဲ႕ ေျပးၾကလႊားၾက သြားၾကလာၾက လုပ္ေနၿမဲပင္။ သိုးေမႊးဆြယ္တာအျဖဴနဲ႕ ထဘီအနီဝတ္ဆရာမႏွစ္ေယာက္ စားပြဲခုံမွထိုင္ရင္း မွတ္တမ္းေရးေနကာ တီးတိုးစကားဆိုေနၾကသည္။

" ဟဲ့ ဆရာအ႐ုဏ္ နဲ႕ ဆရာမိုးေသာက္ ျပန္အဆင္ေျပေနၾကၿပီထင္တယ္ ခုတေလာ ႏွစ္ေယာက္သား အေပးအယူေတြတည့္ေနတာ "

" ဟုတ္လား ငါ Medical ward မွာေနတုန္းကျဖင့္ ဆရာအ႐ုဏ္ကေလ ဆရာမိုးေသာက္အေၾကာင္းေျပာလိုက္တာနဲ႕ကို တည္တင္းေနတာ "

" အမေလး အခုမ်ားျဖင့္ ဆရာမိုးေသာက္ကို show မယ့္ patient ဆိုရင္ ရတယ္ ကြၽန္ေတာ္ကိုယ္တိုင္ပဲ Patient အေျခအေန ေျပာျပလိုက္ေတာ့မယ္ ဆိုၿပီး Surgical Ward ထိ ကိုယ္တိုင္သြားတာ "

ဆရာမႏွစ္ေယာက္ ေျပာလည္း ေျပာခ်င္စရာေပပင္။ ဖ်ားနာေဆာင္က ဆရာဝန္ ေဒါက္တာအ႐ုဏ္ဦး ဟာ ထိုအခ်ိန္မွာလည္း ခြဲစိတ္ေဆာင္က ေဒါက္တာမိုးေသာက္အခန္းထဲ ေရာက္ေနခဲ့ျပန္သည္။

" မိုးေသာက္ ဒီ pt က DM ( ဆီးခ်ိဳေရာဂါ ) ေၾကာင့္ ေဆး႐ုံေရာက္လာတာပဲ ဒါေပမယ့္ အခုျဖစ္ေနတဲ့ ပုံစံအရေတာ့ Appendicitis ( အူအတက္ေယာင္) ထင္လို႔ Ultrasound ရိုက္ခိုင္းထားတယ္ ျဖစ္ဖို႔ပဲမ်ားပါတယ္ အဲ့တာ မင္း ဆက္ၾကည့္ေပးဦး "

လူနာမွတ္တမ္းစာအုပ္ကို စားပြဲေပၚခ်ကာ အေၾကာင္းစုံေျပာျပေနေပမယ့္ တစ္ဖက္က ထိုင္ခုံေပၚမွာရွိေနသည့္ မိုးေသာက္ ကေတာ့ ေကာ္ဖီခြက္ကို ကိုင္ကာ ၿပဳံးစိစိလုပ္ေနဆဲ။ အာ႐ုံမစိုက္ဘဲ ရွိေနသည့္ မိုးေသာက္ကို စိတ္တိုတိုနဲ႕ ေအာ္မိေတာ့သည္။

" မင္း ငါေျပာေနတာကို နားေရာေထာင္ရဲ႕လား "
ထိုအခါမွ မိုးေသာက္ဟာ ရယ္က်ဲက်ဲနဲ႕ ေကာ္ဖီခြက္ကို ခ်ကာ ေျပာလာသည္။

" ၾကားပါတယ္ကြာ ၾကားတယ္ မင္းဘက္ကေရာ OT လုပ္ဖို႔ Fit ေပးတယ္ေပါ့ အဲ့တာဆို ငါ့ဘက္ကလည္း တစ္ခ်က္စစ္ၿပီး OT လုပ္႐ုံပဲ "

" DM က Controlled ( ေရာဂါကို ပိုမဆိုးေအာင္ထိန္းခ်ဳပ္နိုင္ ) ရတဲ့အေျခအေနပါ Fit ေပးတယ္ Pre Op ( မခြဲစိတ္ခင္ ျပင္ဆင္မႈမ်ား) မွာေတာ့ GKI Drip ( ဆီးခ်ိဳလူနာေတြအတြက္ သီးသန့္ေဆးပုလင္းခ်ိတ္ျခင္း) ထည့္ဖို႔ ဆရာမေတြကို ေျပာထားလိုက္မယ္ "

" ေအး ဟုတ္ၿပီ Ultrasound Result ရရင္ လူနာေတြကို OT လုပ္ဖို႔ Counselling လုပ္လိုက္မယ္ ဒါနဲ႕ မင္း ဒီေန႕ခင္း ဘာေတြလုပ္ဖို႔ရွိေသးလဲ "

လူနာအေၾကာင္းေျပာဆိုၿပီးသြားေတာ့ အ႐ုဏ္ဦးက ခုံေပၚကို သက္ေတာင့္သက္သာ ပုံစံျဖင့္မွီထိုင္လိုက္သည္။ အေပၚဝတ္အႏြေး ကုတ္အကၤ်ီကိုပါ ခြၽတ္ဖို႔ျပင္ေနေလေတာ့ မိုးေသာက္မွာ လွမ္းဟန့္တားမိသည္။

" အ႐ုဏ္ ေအးေနတုန္းပဲေလ အေပၚဝတ္မခြၽတ္နဲ႕ဦး"

" ငါက ဒီေတာင္ေပၚမွာပဲ ေမြးလာတဲ့ေကာင္ပါကြ ဒီေလာက္အေအးဒဏ္က မႈစရာမလိုပါဘူး "

မ်က္ႏွာကိုခ်ီကာေျပာေနေလေသာ ေတာင္ေပၚသားအား သူ႕မွာ မစဘဲ မေနနိုင္ေတာ့။ တစ္ဖက္ရွိ ထိုင္ေနသည့္အနား သြားရပ္ကာ အ႐ုဏ္ဦး ပခုံးေပၚ ဖက္တြယ္ရင္း ခြၽဲသည့္အသံလုပ္ကာ ေျပာလိုက္သည္။

" ဒီ ေျမျပန့္သားကေတာ့ အခ်မ္းဒဏ္ မခံနိုင္ဘူး ေအးလြန္းလို႔ ဖက္ထားေပးပါဦး ေဒါက္တာ "

" သြားစမ္း သြားစမ္း မိုးေသာက္ ငါ ကန္ထုတ္မိေတာ့မယ္ "

အတင္းကိုတြန္းထိုးလႊတ္ေနေသာ အ႐ုဏ္ဦးေၾကာင့္ အေနာက္ကို ဆုတ္လိုက္ေပမယ့္ အနံ႕သင္းသင္းေလးနဲ႕ ပါးျပင္ကို တစ္ခ်က္ နမ္းခဲ့လိုက္ေသးသည္။ ရဲရဲနီေနေသာ နား႐ြက္ေတြႏွင့္ ေတာင္ေပၚက ယုန္ကေလး ဟာ မစရ မေနနိုင္ေအာင္ပင္ ခ်စ္ဖို႔ေကာင္းေနခဲ့သည္။ အျခားဝန္ထမ္းမ်ားသာ သူ႕အေတြးကိုသိလွ်င္ေတာ့ ေဒါက္တာအ႐ုဏ္ဦး လို ေအးတိေအးစက္လူကို ခ်စ္ဖို႔ေကာင္းတယ္ ျမင္ရေအာင္ ႐ူးေနသလားလို႔ပင္ ေမးၾကလိမ့္မည္။ အ႐ုဏ္ဦးရဲ႕ ခ်စ္ဖို႔ေကာင္းတဲ့တစ္ဖက္ျခမ္းကို ထိုလူေတြမွ မသိနိုင္ဘဲေလ။

" ေဆး႐ုံမွာကို တည္တည္တံ့တံ့ေနစမ္း မိုးေသာက္... အျခားသူေတြျမင္သြားရင္ မေကာင္းဘူး "

" ေအးပါကြာ ေအးပါ အာ ေျပာလက္စကို အခုမွ အမွတ္ရတယ္ မင္းေန႕ခင္း ဘယ္သြားဖို႔ရွိေသးလဲ.... ခ်ယ္ရီပန္းသြားၾကည့္ရေအာင္ တခ်ိဳ႕ေနရာေတြမွာ ခ်ယ္ရီေတြပြင့္ၿပီတဲ့ "

သည္မိုးေသာက္ဟာ ေတာင္ေပၚေျမက ပန္းမ်ိဳးစုံကို ပတ္ၾကည့္ရမွ ေက်နပ္မည္ထင္သည္။ တစ္မ်ိဳးမဟုတ္တစ္မ်ိဳး ရိုးကိုမရိုးနိုင္ေပ။ ေန႕လည္ခင္းဘက္မွာေတာ့ ခ်ယ္ရီေတြ ေစာေစာပြင့္သည့္ ပင္းတယဘက္ဆီသို႔ ႏွစ္ေယာက္သား ေရာက္လာရေတာ့သည္။

" မိုးေသာက္... မင္းကေတာ့ေလ ငါ အျပင္မွာ ေဆးခန္းထိုင္မယ့္အခ်ိန္ေတြ ဖ်က္လိုက္ရၿပီ... ပင္းတယအထိ ေရာက္လာရသလား "

တစ္ဖက္မွာထိုင္ရင္း ပြစိပြစိေရ႐ြတ္မိေတာ့ ကားေမာင္းေနသည့္ မိုးေသာက္က ရယ္ကာ

" ဒီအထိေတာင္ေရာက္လာၿပီပဲ ညည္းၫူမေနပါနဲ႕ေတာ့... ဒါနဲ႕ တစ္ခုေျပာရဦးမယ္ ညပါအိပ္ဖို႔အတြက္ ကေလာ မွာ အိမ္ငွားထားၿပီ "

ေပ်ာ္႐ႊင္တက္ႂကြေနသည့္ ပုံစံနဲ႕ မိုးေသာက္ေၾကာင့္ အ႐ုဏ္ဦးမွာ သေဘာမတူခ်င္ေသာ္လည္း သေဘာတူလိုက္ရေတာ့သည္။

" ငါ OPD ထိုင္ရင္ ရမယ့္ ပိုက္ဆံေတြျပန္ေပးရမယ္ "

ထိုအခ်ိန္မွာပင္ ခ်ယ္ရီပင္ေတြ စီတန္းေနသည့္ေနရာနား ေရာက္လာၿပီမို႔ ကားကိုရပ္ကာ ေအာက္ဆင္းၿပီး လမ္းေလွ်ာက္ဖို႔ျပင္လိုက္သည္။ကားတံခါးကို ဖြင့္ကာ လက္ကမ္းႀကိဳေနသည့္ မိုးေသာက္က မ်က္ခုံးတစ္ခ်က္ပင့္ကာ ဆိုသည္။

"ငါရွာသမွ် ေငြေတြအကုန္ မင္းသိမ္းလိုက္လို႔ရတာပဲေလ အ႐ုဏ္... "

"အကုန္သိမ္းခ်လိဳက္လို႔ကေတာ့ ေဒါက္တာမိုးေသာက္တို႔ ဂ်ဴတီကုတ္အစုတ္ေလးနဲ႕ ေဆး႐ုံေျပးေနရဦးမယ္ "

အ႐ုဏ္ဦးရဲ႕ စကားကို ျပန္လည္ေခ်ပမလာဘဲ ၿပဳံးၿမဲၿပဳံးေနဆဲ မိုးေသာက္ေၾကာင့္ အနည္းငယ္ထူးဆန္းသလိုပင္ ခံစားလာရသည္။ ခ်ယ္ရီပန္းေတြကေတာ့ အပင္ေပၚမွာလည္း ေဝလို႔ ေျမမွာလည္း ေႂကြလို႔၊ ၾကည့္လိုက္႐ုံႏွင့္ပင္ အၾကည့္ျပန္မလႊဲနိုင္ေလာက္ေအာင္အထိ လွပေနသည့္ ျမင္ကြင္းပင္။ ညေနဘက္အခ်ိန္မို႔ ခ်ယ္ရီပင္ေတြနား ဓာတ္ပုံရိုက္ေနၾကသူေတြမွာလည္း သုံးေလးေယာက္ေလာက္သာရွိေပမည္။ ဘုရားဝန္းထဲေပမို႔ ပတ္ဝန္းက်င္ကလည္း တိတ္ဆိတ္ေနခဲ့သည္။

" အ႐ုဏ္.... "

မိုးေသာက္ရဲ႕ေခၚသံေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ မ်က္စိေရွ႕တည့္တည့္ေရာက္ေနသည္က ခ်ယ္ရီပန္းတစ္ပြင့္နဲ႕ေရာပတ္ထားသည့္ ေငြေရာင္ေမာင္းကြင္းလက္စြပ္....

တစ္ဖက္မွ ၿပဳံးေနသည့္ မိုးေသာက္ရဲ႕ မ်က္ဝန္းေတြမွာေတာ့ ေငြ႕ရည္တခ်ိဳ႕ရစ္သိုင္းေနသည္ကို ျမင္လိုက္ရသည္။ သူ႕ေခါင္းထဲမွာလည္း ထုံသြားကာ ရင္ဘတ္ထဲမွာေတာ့ တဒုန္းဒုန္း တဒိုင္းဒိုင္းျဖစ္ေနခဲ့ၿပီ။

" ေဒါက္တာအ႐ုဏ္ဦးခင္ဗ်...... ေမာင္နဲ႕ တစ္သက္လုံးအတူေနေပးနိုင္မလား... ဘယ္ေတာ့မွ ထပ္ၿပီးမခြဲေတာ့ဘဲနဲ႕ေလ.... "

ျမင္ဖူးၾကားဖူးသမွ် propose လုပ္သည့္စကားေတြထဲတြင္ ေဒါက္တာမိုးေသာက္ ေလာက္ ဆိုး႐ြားသည့္ propose လုပ္သည့္စကား ရွိမည္မထင္ေတာ့။ ဖြဲ႕ႏြဲ႕သည့္စကားလည္းမပါ လိုခ်င္တာကိုသာ တည့္တိုးေတာင္းဆိုေနေပမယ့္ သူ႕မွာေတာ့ ဒီရိုးရိုးရွင္းရွင္းစကားေတြနဲ႕ပင္ ရင္ခုန္ရလြန္းလွၿပီ။

" ေပး...လက္စြပ္ "

ရစ္ပတ္ထားသည့္ ခ်ယ္ရီပြင့္ခက္ကိုပင္ မဖယ္ေတာ့ပဲ လက္သူႂကြယ္မွာ ဝတ္ဆင္လိုက္သည္။ ငါလက္ခံတယ္ေတြ သေဘာတူပါတယ္ေတြ ေျပာမေနလည္း လက္စြပ္ကိုပါ ယူစြပ္လိုက္မွာေတာ့ ၿပီးၿပီၿပီပဲေပါ့ေလ။ ပါးစပ္ကေနေတာ့ မေက်မနပ္ေရ႐ြတ္လိုက္မိေသးသည္။

" ေျပာေနတဲ့ပုံစံက ငါကပဲ ပစ္သြားဖူးသလိုလိုနဲ႕   ေနာက္တြန့္ေနခဲ့တာက မင္းပဲ မဟုတ္ဘူးလား  "
အ႐ုဏ္ဦးဆိုသည့္သူက
Propose လုပ္လွ်င္ရွက္ၿပဳံးေလးနဲ႕ ေခါင္းၿငိမ့္ျပမည့္သူမဟုတ္မွန္းသိေနခဲ့ေပမယ့္  သည္လိုမ်ိဳး အေျပာခံလိုက္ရမည္ဟု  မိုးေသာက္တစ္ေယာက္ မေမွ်ာ္လင့္ထားခဲ့မိေပ။  သို႔ေသာ္လည္း အ႐ုဏ္ဦးဘက္က လက္ခံသည္ပဲ မဟုတ္ပါလား။ လက္စြပ္ဝတ္ထားသည့္ လက္ကို အျပန္ျပန္အလွန္လွန္ၾကည့္ရႈေနသူအား ရင္ခြင္ထဲဆြဲသြင္းလိုက္ရင္း.... ႏွစ္ကိုယ္ၾကား ၾကား႐ုံေျပာလိုက္သည္။

" ေမာင့္အမွားပါ... အိုေက... ေမာင္ကပဲေတာင္းဆိုပါမယ္..   အ႐ုဏ္ တစ္သက္လုံးေဘးနားမွာ ေနပါရေစ... အၿမဲတမ္း... အၿမဲတမ္းအတြက္ အ႐ုဏ္ဦးဆိုတဲ့ မင္း အနားမွာေနပါရေစ    "

ေမးဖ်ားထက္က ခပ္ႏြေးႏြေးအထိအေတြ႕တစ္ခုေၾကာင့္ အ႐ုဏ္ဦးဆီက အနမ္းတစ္ပြင့္ မွန္းသိလိုက္ရေပမယ့္ ေခါင္းငုံ႕မၾကည့္ရဲေပ။ တစ္ဦးတည္းအပိုင္သိမ္းထားလိုက္ခ်င္သည့္ အတၱစိတ္တို႔ လြန္ကဲမသြားခင္ ေပြ႕ဖက္ထားသည့္ လက္ေတြပိုသာ တင္းၾကပ္လိုက္ၿပီး စိတ္ေျဖေလွ်ာ့လိုက္ရသည္။

တစ္ခ်က္တစ္ခ်က္ ေႂကြက်လာေသာ ပန္းခ်ယ္ရီတို႔ကေတာ့ သူတို႔ႏွစ္ဦးကို ေကာင္းခ်ီးေပးေနသည့္အလားပင္။ ပန္းခ်ယ္ရီေဝေနတဲ့အခိုက္အတန့္မွာ သူ႕အပိုင္ခ်ယ္ရီတစ္ပြင့္ကိုေတာ့ ရင္ထဲမွာသိမ္းထားနိုင္ခဲ့ေခ်ၿပီ။

ေမာင့္ခ်ယ္ရီေရ..... ေဝၿမဲအတိုင္း သာ ရွိေနပါေစကြယ္.....

ၿပီးပါၿပီ....

ေနာက္ဆုံးေတာ့ အၿပီးသတ္လိုက္ပါၿပီ။ အပိုင္းတိုတယ္ဆိုေပမယ့္ Extra ေတြကိုပဲ ထပ္ထပ္ေရးခ်င္မိလို႔ပါ။

အဆုံးထိဖတ္ၿပီးသြားရင္ Review တစ္ခ်က္ျပန္ေပးပါဦးေနာ္၊ ဘာေတြမ်ား ျပင္ဆင္သင့္သလဲ သိခ်င္မိလို႔ 😍😍😍😍

Extra ေတြမွာ ျပန္ေတြ႕ၾကမယ္..... စပြိုင္းရရင္ေတာ့ ကေလာမွာ အိမ္ငွားထားေသးတယ္ေနာ္...

Continue Reading

You'll Also Like

1.1M 27.4K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
222K 9K 37
၁၉၈၀ခုနှစ်ပိုင်းကာလပိုင်းကရွာသူကြီးတစ်ယောက်မိမိထက်သက်၁၀ နှစ်ငယ်သောကောင်လေးတစ်ယောက်ကိုလက်ထက်ရန်အကြောင်းဖန်လာသောအခါ... "မင်းကိုချစ်ခင်မြတ်နိုးလွန်းလို့...
15.9K 649 22
❝I laid the groundwork and then saw a wide smirk on your face, you knew the entire time❞ JAMIE TARTTxOC [TED LASSO: SEASON 1-3]
2.8M 183K 87
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...