My Hater : My Lover

By Kyay_Mhuan

1K 61 6

Can you imagine the love betwen them ? More

မိတ်ဆက်ခြင်း
အခန်း - ၁
အခန်း - ၃

အခန်း - ၂

192 16 2
By Kyay_Mhuan

UNICODE

မနက်ခင်း​တွေမှာ ဒယ်ဒီနဲ့ပါပါးဟာ အလုပ်ကိုအတူတူသွား​လေ့ရှိ​ပေမယ့် ဒီမနက်မှာ​တော့ ရန်ပွဲ​​ကြေ​​အေးပြီးတဲ့​နောက် ပါပါးဟာအလုပ်တစ်ရက်နားမယ်လို့ဆိုတယ် ။ အဲ့အချိန် ဒယ်ဒီက​တော့

" ဟုတ်လို့လားကွာ တစ်​နေရာရာ​နေမ​ကောင်းလို့လား ကိုယ့်ကို​ပြောပါဦး "

ဒယ်ဒီက​တော့ အကဲပိုစွာ​ပြော​နေတာကို ​အော်စကာကြားလိုက်ရတာမလို့ နှာမှုတ်လိုက်မိတယ် ။

" ငါ​နေ​ကောင်းပါတယ် အံ့ဘွယ်ရာ ငါ့ကိုစိတ်ပူမ​နေနဲ့ မင်း​ယောကျာ်း တစ်ရက်​လောက်အလုပ်မသွားပဲ အိမ်မှာ​အေး​အေး​ဆေး​ဆေးနားတာ မင်းမမြင်ချင်ဘူးလား "

ပါပါးရဲ့စကားဆုံး​တော့ ဒယ်ဒီ့ဆီက ဘာအသံမှမကြားရ​တော့​ချေ ။ ထိုအချိန် ​အော်စကာလည်း မနက်စာစားလို့ပြီးပြီမလို့ ပါပါးထိုင်ခုံနားကို​လျှောက်သွားပြီး

' ပါပါး​ရေ ပါပါးချက်​ကျွေးတဲ့ ဒီမနက်စာ​လေးက အရမ်း​ကောင်းတာပဲ နူးအိ​နေတဲ့အသား​တွေ​ရော ထမင်းကိုဟင်းရည်နဲ့နယ်​ပေးထားတာ​ရော နို့​တွေပါ ​​အော်စကာအရမ်းကြိုက်တယ် '

ပါပါးကိုမနက်စာဘယ်​​လောက် စား​​​ကောင်း​ကြောင်း​ပြော​တော့

" ငါ့သား​လေးကမှ လိမ္မာ​သေးတယ် မနက်စာစားလို့ဝသွားပြီမလား ​​အကုန်​ပြောင်​အောင်စားထားတာပဲ "

ပါပါးက​​အော်စကာ့အစာခွက်က​လေးကိုလှမ်းကြည့်ပြီး ခေါင်းကို ဖွဖွ​လေးပွတ်လို့ဆိုလာ​တော့ ​အော်စကာငြိမ်ကာ​မှေးခံပြီး လက်နှစ်ဖက်​ပေါ်​ခေါင်းတင်လို့ကြမ်းပြင်မှာ ဝပ်​နေမိတယ် ။

" ​မောင် မင်းကိုယ့်ကို ​​အော်စကာ့​လောက်​တောင် မလိမ္မာဘူး​ပြော​နေတာလား "

" မရစ်စမ်းနဲ့ အံ့ဘွယ်ထွဋ်​ခေါင်ရာ "

ဒယ်ဒီက ပါပါးစိတ်မဆိုးဆိုး​အောင် လိုက်စပြီး အ​ပြောခံလိုက်ရရင်​တော့ မျက်နှာကြီးမဲပုတ်​နေမယ်ဆိုတာ ​အော်စကာထမကြည့်ရင်​တောင် ​​သိ​နေခဲ့ပြီ ။

" ကိုယ့်​ယောကျာ်း​လေး သ​ဘောအတိုင်းပါပဲ "

ထိုစကား​ပြောပြီးရင်​တော့ ဒါဟာဒယ်ဒီ့ဘက်က အလံဖြူပြတဲ့ပြယုဂ်ပါပဲ ။ ထို့​နောက်မှာ​တော့ ဒယ်ဒီအလုပ်သွားတာမလို့ ​အော်စကာဟာ ပါပါးနဲ့နှစ်​ယောက်တည်းအတူရှိရ​တော့မယ်ဆိုပြီး ​​​ပျော်ရွှင်ကာခုန်​ပေါက်​နေခဲ့ပါ​တော့တယ် ။ သို့​ပေမယ့်  ​အော်စကာ့အ​ပျော်​တွေက ​စောသွားတယ်ဆိုတာသိလိုက်ရတဲ့အချိန်မှာ​တော့

" ကဲ လူဆိုးကြီးသွားပြီဆို​တော့ ပါပါးနဲ့​အော်စကာ​လေး ​စျေးဝယ်ထွက်ရ​အောင် "

ပါပါးဟာ အလွန်တရာ​ပျော်မြူး​နေတဲ့အသံနဲ့ ဝမ်းသာအားရ​ပြောပြီး​နောက်မှာ​တော့ အ​ပေါ်ထပ်က်ို​ပြေးတက်သွားပါ​တော့တယ် ။ ​အော်စကာလည်း ပါပါး​နောက်က​နေ​ပြေးလိုက်ပြီး အခန်းထဲလိုက်ဝင်​တော့ ပါပါးကအင်္ကျီလဲ​နေတာနဲ့တိုးပြီး ​​အော်စကာရပ်ကြည့်​နေလိုက်တယ် ။ ထို့​နောက်မှာ​တော့ ပါပါးအနားမှာ တဝဲလည်လည်လုပ်ပြီး ထိုင်ချလိုက်တယ် ။ ​အော်စကာ့ပါပါးက ​ဒယ်ဒီ့ထက်​တောင်အဆများစွာ​ချောပါ​သေးတယ် ။

" နှာဘူး​လေး ပါပါး အဝတ်လဲတာထိုင်ကြည့်​နေတာလား "

ပါပါးက ​အော်စကာ့နှုတ်သီး​ကိုပွတ်ဆွဲပြီးဆို​တော့ ​အော်စကာက ပါးစပ်ကိုအကျယ်ကြီးဖြဲလို့ အကြီးကြီးရယ်ပြလိုက်တယ် ။

" ဖုန်း ပိုက်ဆံအိတ် ကား​သော့ အို​ကေစုံပြီ ကဲ သွားကြစို့ ​အော်စကာ "

​​နောက်ဆုံးမှာ​တော့ ပါပါးဟာ​အော်စကာ့လည်ပင်းကို လည်ဆွဲကြိုး​ရှည်လေးတပ်​​ပေးခဲ့ပါတယ် ။ ထို့​နောက် ​အော်စကားလည်း ပါပါးဖွင့်​ပေးထားတဲ့တံခါးစီက​နေ ကား​ပေါ်တက်ခဲ့လိုက်တယ် ။ ပါပါးက​​တော့ ခြံထဲက​နေကားကိုထုတ်ပြီး ခြံတံခါးက်ိုပါပိတ်ပြီးမှ ကား​ပေါ်ပြန်တက်လာတယ် ။ ထို့​နောက်မှာ​တော့ ​အော်စကာ့ဘက်က ကားမှန်ကိုချ​ပေးလာတာ​ကြောင့် ​အော်စကာလည်း မှန်အပြင်ဘက်ကို​ခေါင်းနည်းနည်းထွက်ပြီး ​​လေတိုက်တဲ့အရသာကိုခံစား​​နေမိတယ် ။ ပုံမှန်အပြင်သွားရင် အ​နောက်ခန်းကပဲလိုက်ရတာဖြစ်လို့ အခုလိုပါပါး​​ဘေးထိုင်ရတဲ့အချိန်မျိုးဆို ​အော်စကာသိပ်​ပျော်ပါတယ် ။

​အော်စကာတို့​နေထိုင်တဲ့မြို့​လေးက လူအရမ်းမရှုပ်တဲ့အပြင် သွားရလာရလွယ်ကူတာမလို့ ​အော်စကာက​တော့အရမ်းကြိုက်ပါတယ် ။ ပါပါးတို့အမြဲ​ပြော​နေကျ ကျုံးဆိုတဲ့​ရေပတ်ပတ်လည်ဝိုင်းထားတဲ့ ​နေရာကြီးကိုလည်း ​အော်စကာအရမ်းသ​ဘောကျပါတယ် ။ တစ်ခါတစ်​လေ ည​နေခင်းဘက်​တွေ ပါပါးက ကျုံး​ဘေးမှာ လမ်း​လျှောက်ထွက်​ပေးတဲ့အခါ အ​​မွှေးဖွာဖွာကြီး​တွေနဲ့ အရမ်းလှတဲ့ ​​ခွေးမ​လေး​တွေ​တွေ့ရင် ​အော်စကာအကြာကြီးလိုက်ကြည့်တတ်ပါ​သေးတယ် ။ အဲ့လိုအချိန်ဆို ဒယ်ဒီက နှာဘူး​​ကောင်လို့ သ​ဘောတကျနဲ့ ​အော်စကာ့ကို​ခေါ်တတ်​ပေမယ့် ပါပါးက​တော့ အဲ့လိုမျိုး​တွေ​အော်စကာလိုက်ကြည့်ရင် လုံးဝမကြိုက်ပါဘူး ။

" ကဲ ဆင်းကြမယ် "

ပါပါးကကား​သေချာရပ်ပြီးတာနဲ့ ​အော်စကာ့ကိုပါဆင်းခိုင်းတာမလို့ ကား​ပေါ်ကဆင်းခဲ့လိုက်ပြီး မျက်လုံးတစ်ဝိုက်​လျှောက်ကြည့်ပြီးတဲ့​နောက်မှာ ​​အော်စကာဟာပါပါးဆွဲထားတဲ့ကြိုးက​နေ အားကုန်သုံးပြီး ရုန်းလိုက်ပါ​​တော့တယ် ။

' မလိုက်ဘူး ငါး​​တွေနဲ့ အညှီ​ရေ​တွေနဲ့ ​အော်စကာမလိုက်ဘူး '

" လာပါ​အော်စကာ​လေးရာ လိမ္မာပါတယ် ပါပါးချီသွားမယ်​လေ​​နော် အိမ်​ရောက်ရင်​ရေလည်းပြန်ချိုး​ပေးမယ် မနံ​စေရဘူးလုံးဝ "

အသားငါး​စျေးထဲကို ပါပါးကချီသွားမယ်​ပြော​ပေမယ့် ​အော်စကာက ပင်ကိုအသန့်ကြိုက်တဲ့သူမလို့ ငါးညှီ​တွေကြားထဲမသွားချင်ပါ ။ ဒယ်ဒီသာဆိုရင်​တော့ ​ခွေးပါးဝတယ်လို့​အော်စကာ့ကို​ပြောနိုင်​ပေမယ့် ​အော်စကာက​တော့ တကယ်ကိုအသန့်ကြိုက်တာမို့ မသွားနိုင်ပါ ။

" အပြန်ကျရင်ဆိုင်မှာ ပါပါးက မုန့်ဝယ်​ကျွေးမယ်​လေ​နော် ​ခွေးမ​​လေးချော​ချော​လေးလည်းရှာ​ပေးမယ် "

ပါပါးရဲ့အ​ပေးအယူ​ကြောင့် ​အော်စကာစိတ်ဝင်စား​ပေမယ့် အဲ့​လောက်နဲ့​တော့​အော်စကာမလိုက်နိုင်ပါ ။ အဲ့အတွက် ​အော်စကာဟာ ပါပါးဘက်ကိုဖင်​ပေးထားပြီး ကားဘက်ကိုသာယက်ကန်ယက်ကန် လုပ်​နေမိပါတယ် ။

" အင်းပါ ​အော်စကာကပါပါးကိုတစ်​ယောက်တည်းလွှတ်ရက်​တော့လည်း ​နေခဲ့​ပေါ့ သူများ​ခေါ်သွားလည်းပါပါးလိုက်သွားလိုက်မယ် "

ထိုသို့​ပြောပြီး ပါပါးက​အော်စကာ့ကြိုးကိုလွှတ်ချလိုက်​တော့ ​အော်စကာလည်းအ​နောက်ကိုလှည့်ကြည့်လိုက်ပြီး အသက်ဝဝရှူလိုက်ကာပင် ကြိုးက​လေးကို​ကိုက်လိုက်ပြီး ပါပါးလက်ထဲသွားထည့်​ပေးလိုက်တယ် ။

" ​အော်စကာ​လေးကို ပါပါးအချစ်ဆုံးပဲ "

​ပြုံးပြုံးကြီးဖြင့် အော်စကာ့ကိုယ်ကြီးကိုချီရင်း​ပြောလာတဲ့ ပါပါး​ကြောင့် ​အော်စကာစိတ်​လေသွားကာ ပါပါးပုခုံး​ပေါ်​ခေါင်းမှီလိုက်တယ် ။ အိမ်မှာဆိုရင်​တော့ * အံ့ဘွယ်ထွဋ်​ခေါင်ကြီးကို ​မောင်ကအချစ်ဆုံး * လို့ ​ပြောတတ်ပြီး အခုလိုခိုင်းစရာရှိ​တော့ ​အော်စကာ့ကိုအချစ်ဆုံးတဲ့ ။ ပါပါးက တကယ့်ကိုလူလိမ်အစစ်ပါပဲ ။

​စျေးထဲ​ရောက်​တော့ လူအများစုက ​အော်စကာ့ကိုလိုက်ကြည့်​နေတာမလို့ ​အော်စကာလည်း ​ခေါင်း​လေးကို ​မော့ချီထားလိုက်တယ် ။ ဒီ​နေ့ ​အော်စကာက အပြာ​ရောင်အင်္ကျီလှလှ​လေးကို ဝတ်ထားတာမလို့ ​အော်စကာနဲ့ကျိန်း​သေလိုက်ဖက်​နေမှာအမှန်ပဲ ။ ​အော်စကာတို့ကလည်း အပြာ​ရောင်နဲ့အဝါ​ရောင်နှစ်မျိုးကိုသာမြင်ရတာမလို့ ပါပါးတို့ကလည်း​အော်စကာ့ကို ထိုအ​ရောင်​တွေပါတဲ့အဝတ်အစား​တွေ အသုံးအ​ဆောင်​တွေကိုသာဝယ်​ပေး​လေ့ရှိတယ် ။ အခုလည်း ​အော်စကာ့အတွက်​တော့ လူအနည်းငယ်ကိုသာထင်ထင်ရှားရှားခွဲခြားသိနိုင်ခဲ့တယ် ။

' ​အော်စကာငြိမ်ငြိမ်​နေ ပါပါးမနိုင်​တော့ရင် ပြုတ်ကျသွားလိမ့်မယ် '

ပါပါးက​​အော်စကာ့ကိုထပ်ပြီးပင့်ချီရင်း​ပြောလာတာ​ကြောင့် ​အော်စကာငြိမ်ငြိမ်​နေ​ပေးလိုက်တယ် ။ ထို့​နောက်မှာ​​တော့ ပါပါးက ​ရေခဲပုံး​တွေထဲ ပင်လယ်စာ​တွေအများကြီးထည့်ထားတဲ့ဆိုင်​ရှေ့မှာ ရပ်ပြီး​​စျေးဝယ်​နေတယ် ။ ​အော်စကာက​တော့ စားချင်တဲ့အရာ​တွေဘက်ကို ထိုး​​ဟောင်ရင်း ပါပါးသိ​အောင်​ပြော​နေမိတယ် ။

" ဒီပုစွန်ကြီး​တွေကဘယ်​လောက်လဲဗျ "

" ၁ပိသာကို ၄၀၀၀၀ "

" ဒါဆို အဲ့ပုစွန် ၁ပိသာ ၊ ပြည်ကြီးငါးလည်းချိန်​ပေးပါဦး "

ပါးပါးက​စျေးဝယ်​နေ​ပေမယ့် ​အော်စကာက​တော့ ပတ်ပတ်လည်ကအသားငါး​တွေကို တ​​မျှော်တ​ခေါ်ကြည့်​နေမိတယ် ။ ​အော်စကာသ​ဘောမကျတဲ့ အ​ကောင်ရှည်ရှည်​တွေရယ် အခွံမာ​ကောင်​​တွေရယ်ကိုမြင်ရင်​တော့ ​အော်စကာတွန့်သွားမိတယ် ။

" ကဲ ဒါဆို​အော်စကာ​လေးအတွက် ကြက်သားသွားဝယ်ရ​အောင် "

ပါပါးက​အထုပ်​တွေကိုဆိုင်မှာချန်ခဲ့ပြီး ​အော်စကာ့ကိုချီထားလျက်ပင် ကြက်သားဆိုင်ဘက်​ကိုသွားတယ် ။ ​အော်စကာက​တော့ အကြိုက်​တွေကို​တွေ့လိုက်ရတာမလို့ အရမ်း​ပျော်​နေခဲ့တယ် ။ ပါပါးချက်​ကျွေးတဲ့ဟင်း​တိုင်းက မုန့်​တွေထက်စာရင် ​အော်စကာအကြိုက်ဆုံး​တွေပါပဲ ။

ထို့​နောက်မှာ​တော့ က​လေးတစ်ချို့က ​အော်စကာ့နားလာကပ်တာမလို့ ​အော်စကာလည်းပါပါးကိုသာအတင်းဖက်ထားလိုက်တယ် ။ ​ကြောက်လို့မဟုတ်ပဲ ဒယ်ဒီနဲ့ပါပါးကလွဲရင် ​အော်စကာ့ရဲ့ အ​မွေးထူထူ​တွေကို တခြားသူထိတာ ​အော်စကာမကြိုက်ပါဘူး ။

မိနစ်အနည်းငယ်အကြာမှာ​တော့ ပါပါးကလည်း​အော်စကာ့ကိုသယ်ထားရတာမလို့ က​လေး​တွေကိုမုန့်ဖိုး​ပေးပြီးပဲအသားထုပ်​တွေကို ကား​ပေါ်တင်ခဲ့ရတယ် ။ ​ကား​​ပေါ်​ရောက်မှပဲ ​​အော်စကာလည်း စိတ်​အေးလက်​​အေးဖြစ်သွားပြီး ပါပါးကိုအနမ်း​တွေ​ပေးမိတယ် ။ ဒါမျိုးက ဒယ်ဒီသာပါရင် လုပ်လို့ရတဲ့အရာ​တွေမဟုတ်တဲ့အတွက် ​အော်စကာအခွင့်အ​ရေးများများယူလိုက်မိတယ် ။

ထို့​နောက်မှာ​တော့ ​ပါပါးဟာ​​အော်စကာကို ကတိအတိုင်းမုန့်ဆိုင်ကို​ခေါ်သွား​ပေး​ပေမယ့် ​ကောင်မ​လေး​ချော​ချော​လေးရှာ​ပေးမယ်ဆိုတဲ့ကတိကိုမတည်ခဲ့တာမလို့ ​လမ်းမှာကတည်းက ​အော်စကာည်းပါပါးကိုစိတ်​ကောက်​နေခဲ့ပါတယ် ။

' ​ကောက်စိန်​ရေ အဲ့မှာ​ကောက်​နေလိုက်​တော့ ပါပါးက​တော့ ဝယ်လာတာ​တွေ ​ဆေး​တော့မယ်ကွာ '

အိမ်​ရှေ့ကမြက်ခင်း​ပေါ်မှာ လူးလှိမ့်​နေပြီးအိမ်ထဲမဝင်တဲ့​အော်စကာ့ကို ပါပါးက​မ​ချော့ပဲ အိမ်ထဲဝင်သွားတာမလို့ ​အော်စကာလည်း​ နေရိပ်ထဲသွားထိုင်​နေလိုက်တယ် ။ မနက်ကပါပါးဝတ်​ပေးထားတဲ့အဝတ်​တွေကလည်း ​အော်စကာလူးလှိမ့်​နေတာနဲ့ ​ကြေမွ​နေတဲ့အပြင် ညစ်​ပေကုန်ခဲ့ပြီ ။

အိမ်မှာလည်း ဒယ်ဒီရယ် ပါပါးရယ် ​​အော်စကာရယ် သုံး​ယောက်သာရှိတာမလို့ ကိုယ့်တာဝန်ကိုယ်ယူကြရတယ် ။ ​အော်စကာက​တော့ အငြိမ့်သားထိုင်စားရ​တာ​ကြောင့် ဒယ်ဒီက​တော့ ငပျင်း​ကောင်လို့​​​ခေါ်ပါ​သေးတယ် ။ ​သေချာ​တွေးကြည့်ရင်​တော့ ​အော်စကာ့မှာ ဒယ်ဒီ​ပေးထားတဲ့နာမည်အ​တော်များ​နေခဲ့ပြီ ။

ထိုအချိန်၌ပင် ထိုင်​နေရင်း ပျင်းလာတာ​ကြောင့် မြက်ခင်း​ဘေးကသဲနုနု​ပေါ် ​အော်စကာလှဲချလိုက်တယ် ။ မြက်ခင်း​တွေ​ပေါ်ဆိုရင် တွန့်တွန့်လိမ်လိမ်အ​ကောင်ရှည်​တွေရှိတတ်တာ​ကြောင့် ထိုအ​ကောင်​တွေကို​အော်စကာအရမ်း​ကြောက်ပြီး မလှဲချရ​ချေ ။ ထို့​ကြောင့် သဲနုနု​တွေ​ပေါ်သာလှဲချပြီး ခဏအကြာမှာ​တော့ နှုတ်သီး​ပေါ်က ဆူးခနဲဖြစ်ကာ ဆက်တိုက်ဆိုသလ်ိုနာလာတာ​ကြောင့်

' ပါပါး​ရေ နာတယ် နာတယ် '

မခံနိုင်စွာပင် ​အော်၍ ပါပါးရှိရာအိမ်ထဲသို့ ​အော်စကာတန်း​ပြေးရတယ် ။

" ဘာဖြစ်လို့လဲ ​အော်စကာ ပါပါးကို​ပြော ​ပါပါးကို​ပြော "

မီးဖိုခန်းထဲမှာ ဇွန်းကြီးကိုင်လျက်ပင် ပါပါးက​အော်စကာဝပ်ကာထိုင်ချလိုက်တဲ့နား​ရောက်လာပြီး နှုတ်သီးနားအုပ်ကာပွတ်​နေတဲ့ ​အော်စကာ့လက်ကိုဖယ်လိုက်တယ် ။

" ​အော်စကာရယ် ဘယ်လို​တောင်လက်နဲ့ဖိပွတ်လိုက်တာတုန်း ပုရွက်ဆိတ်​လေး​တောင် လုံး​ကျေ​နေပြီ "

ပါပါးကထိုသို့​ပြောကာပင် ပုရွက်ဆိတ်ကို​​အော်စကာ့ဆီကဖယ်ချလိုက်​ပေမယ့် ​အော်စကာက​တော့နာလွန်းလို့ မျက်ရည်​တောင်ကျ​နေခဲ့ပြီ ။ ​ပါပါးက​တော့ ဇွန်းကိုချလို့​အော်စကာ့ကိုဖက်ကာ ​ချော့​နေခဲ့တယ် ။ အဲ့​နောက်မှာ​တော့ ​အော်စကာလည်းပါပါးနားတွင်သာ ငြိမ်ငြိမ်​လေး​နေလိုက်ပြီး အပြင်ကိုထပ်မသွား​တော့ ။ ပါပါးပြင်​ပေးတဲ့​နေ့လည်စာကို ပါပါး​ဘေးမှာ ​သေချာစားသလို ​ရေမကြိုက်တဲ့​အော်စကာက ပါပါးစိတ်တိုင်းကျလည်း ​ရေချိုးခဲ့ပါ​သေးတယ် ။

အဲ့လိုနဲ့ည​နေ​ရောက်တဲ့အခါမှာ​တော့ ပါပါးက ဒယ်ဒီ့အတွက်ညစာပြင်ပြီး ​အော်စကာ​ရော ပါပါး​ရော ဒယ်ဒီ့ကို​စောင့်​နေခဲ့ပါတယ် ။ ည​နေ ၅နာရီထိုးတာနဲ့ ဒယ်ဒီ့ရဲ့ကားသံကိုအချိန်မှန်ကြားလိုက်ရတာမလို့ ​အော်စကာက​တော့ခုန်​ပေါက်​နေခဲ့တယ် ။ ပါပါးက​တော့ တံခါးဝမှာရပ်​စောင့်​နေပြီး ဒယ်ဒီဝင်လာတာနဲ့

" Happy 5 year Anniversary ပါ သားကြီး "

ဒယ့်ဒီ့ကိုသိုင်းဖက်ကာပင် ပါပါးကဝမ်းသာရတယ်​ပြောတယ် ။ သို့ပေမယ့် ဒယ်ဒီက​တော့

" ဟာ ဟုတ်သား ​​ဒီ​နေ့ကိုယ်တို့Anni ပဲ "

" ဘာတုန်း အံ့ဘွယ်ထွဋ်​ခေါင် မင်း​မေ့​နေတယ်လို့​တော့ မ​ပြောနဲ့​နော် "

ပါပါးကစိတ်ဆိုးပြီး ဒယ်ဒီ့ကိုဖက်ထားတာက​နေလွှတ်လိုက်ပြီး ဆိုဖာပေါ်ဝင်ထိုင်လာတာ​ကြောင့် ​အော်စကာလည်းပါပါး​ဘေးမှာဝင်ထိုင်လိုက်ပြီး ဒယ်ဒီ့ကိုအ​ဝေးသွား​ဖို့​ပြောလိုက်တယ် ။ ပါပါးက​တော့ လက်ကိုပိုက်လျက်ပင် မျက်နှာက​တော့တည်တင်း​နေခဲ့တယ် ။

" ငါ့မှာ​တော့ မင်းကြိုက်တဲ့ပင်လယ်စာ​တွေ​တောင် ဝယ်ထားပြီး စားပါ​စေဆိုပြီးချက်ပြုတ်ထားတာ "

" ​မောင်ကလည်း ကိုယ်က​မေ့ပါ့မလား ဒီ​နေ့ကကိုယ်တို့ရဲ့အိမ်​ထောင်သက်တမ်း ၅နှစ်ပြည့်သလိုပဲ ​မောင့်ဆီကအ​ဖြေရတာ ၁၂နှစ်ပြည့်တဲ့​နေ့​လေ ​ကိုယ်ကချစ်လို့စတာကို "

" ဟမ့် သိသားပဲ မင်းလားဒီ​နေ့ကို​မေ့မှာ ငါလည်းစတာ "

" ​မောင်ရာ မင်းအရမ်းဆိုးတာပဲ "

အံ့ဘွယ်ထွဋ်​ခေါင်က​ပြောရင်းပင် ရှိန်းမြင့်မြတ်​မောင်ရဲ့ နှုတ်ခမ်းကိုဆွဲစိတ်လိုက်​တော့ လုပုစိတ်တို​လေးက သူ့လက်ကိုအတင်းဆွဲကာ ကိုက်ပါ​တော့တယ် ။

" နာ​နေပြီ​မောင်ရ ကိုယ့်ကိုသနားပါ "

​ပြောပြီးသည်နှင့် ​မောင့်ရဲ့ပါး​ဖောင်း​ဖောင်း​တွေထဲ နစ်ဝင်တဲ့အထိ အံ့ဘွယ်နမ်းရှိုက်လိုက်တယ် ။ သူ့အတွက်​တော့ ရှိုင်းမြင့်မြတ်​မောင်ဆိုတဲ့လူသား​လေးက ဆုလာဘ်တစ်ခုပဲ ။

​အော်စကာက​တော့ ရန်ဖြစ်မယ်အထင်နဲ့ ဒယ်ဒီ့ကိုစွာထားပြီးမှ ချက်ချင်းပူးကပ်သွားကြတဲ့နှစ်​​ယောက်​ကြောင့် ပါပါးကိုယ်​ပေါ်အတင်းတက်ထိုင်ပြီး ဒယ်ဒီ့ကို​မောင်းထုတ်​နေမိတယ် ။

" ဟုတ်သား ​ငပျင်း​ကောင်ကိုမြင်မှ ကိုယ်သတိရ​တော့တယ် ဒီမှာ​ထိုင်​နေခဲ့​ဦး မောင် "

ဒယ်ဒီက​ပြောရင်းပင် အိမ်အပြင်ပြန်ထွက်သွားတာ​ကြောင့် ​အော်စကာ​ရောပါပါးပါ ဆိုဖာ​ပေါ်ထိုင်လျက်သား ။ ထို့​နောက်မှာ​တော့ ဒယ်ဒီဟာ ထိုအရာကြီးကို​ပွေ့ချီပြီး ​အော်စကာနဲ့ပါပါး​ရှေ့ပြန်​ရောက်လာခဲ့ပါတယ် ။

" ကိုယ့်​ယောကျာ်း​လေး​ရေ Happy Anni ပါကွာ "

" အားး ချစ်စရာကြီးကွာ "

' အားးးးးးးးးးးးး '

ပါပါးက​တော့သ​ဘောတကျ​အော်​နေ​ပေမယ့် ​အော်စကာက​တော့ သူ့ဘဝအတွက် ရုပ်အဆိုးဆုံး​သော​ခွေးကို​တွေ့လိုက်ရတာ​ကြောင့်ဖြစ်ပြီး ထို​နေ့ထိုအချိန်မှစကာ ​အော်စကာ့ဘဝရဲ့ အိပ်မက်ဆိုးတို့စတင်ခဲ့​ချေပြီ ။

🌹​ကြေးမှုံ

ZAWGYI

မနက္ခင္း​ေတြမွာ ဒယ္ဒီနဲ႔ပါပါးဟာ အလုပ္ကိုအတူတူသြား​ေလ့႐ွိ​ေပမယ့္ ဒီမနက္မွာ​ေတာ့ ရန္ပြဲ​​ေၾက​​ေအးၿပီးတဲ့​ေနာက္ ပါပါးဟာအလုပ္တစ္ရက္နားမယ္လို႔ဆိုတယ္ ။ အဲ့အခ်ိန္ ဒယ္ဒီက​ေတာ့

" ဟုတ္လို႔လားကြာ တစ္​ေနရာရာ​ေနမ​ေကာင္းလို႔လား ကိုယ့္ကို​ေျပာပါဦး "

ဒယ္ဒီက​ေတာ့ အကဲပိုစြာ​ေျပာ​ေနတာကို ​ေအာ္စကာၾကားလိုက္ရတာမလို႔ ႏွာမႈတ္လိုက္မိတယ္ ။

" ငါ​ေန​ေကာင္းပါတယ္ အံ့ဘြယ္ရာ ငါ့ကိုစိတ္ပူမ​ေနနဲ႔ မင္း​ေယာက်ာ္း တစ္ရက္​ေလာက္အလုပ္မသြားပဲ အိမ္မွာ​ေအး​ေအး​ေဆး​ေဆးနားတာ မင္းမျမင္ခ်င္ဘူးလား "

ပါပါးရဲ႕စကားဆုံး​ေတာ့ ဒယ္ဒီ့ဆီက ဘာအသံမွမၾကားရ​ေတာ့​ေခ် ။ ထိုအခ်ိန္ ​ေအာ္စကာလည္း မနက္စာစားလို႔ၿပီးၿပီမလို႔ ပါပါးထိုင္ခုံနားကို​ေလွ်ာက္သြားၿပီး

' ပါပါး​ေရ ပါပါးခ်က္​ေကြၽးတဲ့ ဒီမနက္စာ​ေလးက အရမ္း​ေကာင္းတာပဲ ႏူးအိ​ေနတဲ့အသား​ေတြ​ေရာ ထမင္းကိုဟင္းရည္နဲ႔နယ္​ေပးထားတာ​ေရာ ႏို႔​ေတြပါ ​​ေအာ္စကာအရမ္းႀကိဳက္တယ္ '

ပါပါးကိုမနက္စာဘယ္​​ေလာက္ စား​​​ေကာင္း​ေၾကာင္း​ေျပာ​ေတာ့

" ငါ့သား​ေလးကမွ လိမၼာ​ေသးတယ္ မနက္စာစားလို႔ဝသြားၿပီမလား ​​အကုန္​ေျပာင္​ေအာင္စားထားတာပဲ "

ပါပါးက​​ေအာ္စကာ့အစာခြက္က​ေလးကိုလွမ္းၾကည့္ၿပီး ေခါင္းကို ဖြဖြ​ေလးပြတ္လို႔ဆိုလာ​ေတာ့ ​ေအာ္စကာၿငိမ္ကာ​ေမွးခံၿပီး လက္ႏွစ္ဖက္​ေပၚ​ေခါင္းတင္လို႔ၾကမ္းျပင္မွာ ဝပ္​ေနမိတယ္ ။

" ​ေမာင္ မင္းကိုယ့္ကို ​​ေအာ္စကာ့​ေလာက္​ေတာင္ မလိမၼာဘူး​ေျပာ​ေနတာလား "

" မရစ္စမ္းနဲ႔ အံ့ဘြယ္ထြဋ္​ေခါင္ရာ "

ဒယ္ဒီက ပါပါးစိတ္မဆိုးဆိုး​ေအာင္ လိုက္စၿပီး အ​ေျပာခံလိုက္ရရင္​ေတာ့ မ်က္ႏွာႀကီးမဲပုတ္​ေနမယ္ဆိုတာ ​ေအာ္စကာထမၾကည့္ရင္​ေတာင္ ​​သိ​ေနခဲ့ၿပီ ။

" ကိုယ့္​ေယာက်ာ္း​ေလး သ​ေဘာအတိုင္းပါပဲ "

ထိုစကား​ေျပာၿပီးရင္​ေတာ့ ဒါဟာဒယ္ဒီ့ဘက္က အလံျဖဴျပတဲ့ျပယုဂ္ပါပဲ ။ ထို႔​ေနာက္မွာ​ေတာ့ ဒယ္ဒီအလုပ္သြားတာမလို႔ ​ေအာ္စကာဟာ ပါပါးနဲ႔ႏွစ္​ေယာက္တည္းအတူ႐ွိရ​ေတာ့မယ္ဆိုၿပီး ​​​ေပ်ာ္႐ႊင္ကာခုန္​ေပါက္​ေနခဲ့ပါ​ေတာ့တယ္ ။ သို႔​ေပမယ့္  ​ေအာ္စကာ့အ​ေပ်ာ္​ေတြက ​ေစာသြားတယ္ဆိုတာသိလိုက္ရတဲ့အခ်ိန္မွာ​ေတာ့

" ကဲ လူဆိုးႀကီးသြားၿပီဆို​ေတာ့ ပါပါးနဲ႔​ေအာ္စကာ​ေလး ​ေစ်းဝယ္ထြက္ရ​ေအာင္ "

ပါပါးဟာ အလြန္တရာ​ေပ်ာ္ျမဴး​ေနတဲ့အသံနဲ႔ ဝမ္းသာအားရ​ေျပာၿပီး​ေနာက္မွာ​ေတာ့ အ​ေပၚထပ္က္ိဳ​ေျပးတက္သြားပါ​ေတာ့တယ္ ။ ​ေအာ္စကာလည္း ပါပါး​ေနာက္က​ေန​ေျပးလိုက္ၿပီး အခန္းထဲလိုက္ဝင္​ေတာ့ ပါပါးကအက်ႌလဲ​ေနတာနဲ႔တိုးၿပီး ​​ေအာ္စကာရပ္ၾကည့္​ေနလိုက္တယ္ ။ ထို႔​ေနာက္မွာ​ေတာ့ ပါပါးအနားမွာ တဝဲလည္လည္လုပ္ၿပီး ထိုင္ခ်လိုက္တယ္ ။ ​ေအာ္စကာ့ပါပါးက ​ဒယ္ဒီ့ထက္​ေတာင္အဆမ်ားစြာ​ေခ်ာပါ​ေသးတယ္ ။

" ႏွာဘူး​ေလး ပါပါး အဝတ္လဲတာထိုင္ၾကည့္​ေနတာလား "

ပါပါးက ​ေအာ္စကာ့ႏႈတ္သီး​ကိုပြတ္ဆြဲၿပီးဆို​ေတာ့ ​ေအာ္စကာက ပါးစပ္ကိုအက်ယ္ႀကီးၿဖဲလို႔ အႀကီးႀကီးရယ္ျပလိုက္တယ္ ။

" ဖုန္း ပိုက္ဆံအိတ္ ကား​ေသာ့ အို​ေကစုံၿပီ ကဲ သြားၾကစို႔ ​ေအာ္စကာ "

​​ေနာက္ဆုံးမွာ​ေတာ့ ပါပါးဟာ​ေအာ္စကာ့လည္ပင္းကို လည္ဆြဲႀကိဳး​႐ွည္ေလးတပ္​​ေပးခဲ့ပါတယ္ ။ ထို႔​ေနာက္ ​ေအာ္စကားလည္း ပါပါးဖြင့္​ေပးထားတဲ့တံခါးစီက​ေန ကား​ေပၚတက္ခဲ့လိုက္တယ္ ။ ပါပါးက​​ေတာ့ ျခံထဲက​ေနကားကိုထုတ္ၿပီး ျခံတံခါးက္ိဳပါပိတ္ၿပီးမွ ကား​ေပၚျပန္တက္လာတယ္ ။ ထို႔​ေနာက္မွာ​ေတာ့ ​ေအာ္စကာ့ဘက္က ကားမွန္ကိုခ်​ေပးလာတာ​ေၾကာင့္ ​ေအာ္စကာလည္း မွန္အျပင္ဘက္ကို​ေခါင္းနည္းနည္းထြက္ၿပီး ​​ေလတိုက္တဲ့အရသာကိုခံစား​​ေနမိတယ္ ။ ပုံမွန္အျပင္သြားရင္ အ​ေနာက္ခန္းကပဲလိုက္ရတာျဖစ္လို႔ အခုလိုပါပါး​​ေဘးထိုင္ရတဲ့အခ်ိန္မ်ိဳးဆို ​ေအာ္စကာသိပ္​ေပ်ာ္ပါတယ္ ။

​ေအာ္စကာတို႔​ေနထိုင္တဲ့ၿမိဳ႕​ေလးက လူအရမ္းမ႐ႈပ္တဲ့အျပင္ သြားရလာရလြယ္ကူတာမလို႔ ​ေအာ္စကာက​ေတာ့အရမ္းႀကိဳက္ပါတယ္ ။ ပါပါးတို႔အၿမဲ​ေျပာ​ေနက် က်ံဳးဆိုတဲ့​ေရပတ္ပတ္လည္ဝိုင္းထားတဲ့ ​ေနရာႀကီးကိုလည္း ​ေအာ္စကာအရမ္းသ​ေဘာက်ပါတယ္ ။ တစ္ခါတစ္​ေလ ည​ေနခင္းဘက္​ေတြ ပါပါးက က်ံဳး​ေဘးမွာ လမ္း​ေလွ်ာက္ထြက္​ေပးတဲ့အခါ အ​​ေမႊးဖြာဖြာႀကီး​ေတြနဲ႔ အရမ္းလွတဲ့ ​​ေခြးမ​ေလး​ေတြ​ေတြ႕ရင္ ​ေအာ္စကာအၾကာႀကီးလိုက္ၾကည့္တတ္ပါ​ေသးတယ္ ။ အဲ့လိုအခ်ိန္ဆို ဒယ္ဒီက ႏွာဘူး​​ေကာင္လို႔ သ​ေဘာတက်နဲ႔ ​ေအာ္စကာ့ကို​ေခၚတတ္​ေပမယ့္ ပါပါးက​ေတာ့ အဲ့လိုမ်ိဳး​ေတြ​ေအာ္စကာလိုက္ၾကည့္ရင္ လုံးဝမႀကိဳက္ပါဘူး ။

" ကဲ ဆင္းၾကမယ္ "

ပါပါးကကား​ေသခ်ာရပ္ၿပီးတာနဲ႔ ​ေအာ္စကာ့ကိုပါဆင္းခိုင္းတာမလို႔ ကား​ေပၚကဆင္းခဲ့လိုက္ၿပီး မ်က္လုံးတစ္ဝိုက္​ေလွ်ာက္ၾကည့္ၿပီးတဲ့​ေနာက္မွာ ​​ေအာ္စကာဟာပါပါးဆြဲထားတဲ့ႀကိဳးက​ေန အားကုန္သုံးၿပီး ႐ုန္းလိုက္ပါ​​ေတာ့တယ္ ။

' မလိုက္ဘူး ငါး​​ေတြနဲ႔ အညႇီ​ေရ​ေတြနဲ႔ ​ေအာ္စကာမလိုက္ဘူး '

" လာပါ​ေအာ္စကာ​ေလးရာ လိမၼာပါတယ္ ပါပါးခ်ီသြားမယ္​ေလ​​ေနာ္ အိမ္​ေရာက္ရင္​ေရလည္းျပန္ခ်ိဳး​ေပးမယ္ မနံ​ေစရဘူးလုံးဝ "

အသားငါး​ေစ်းထဲကို ပါပါးကခ်ီသြားမယ္​ေျပာ​ေပမယ့္ ​ေအာ္စကာက ပင္ကိုအသန္႔ႀကိဳက္တဲ့သူမလို႔ ငါးညႇီ​ေတြၾကားထဲမသြားခ်င္ပါ ။ ဒယ္ဒီသာဆိုရင္​ေတာ့ ​ေခြးပါးဝတယ္လို႔​ေအာ္စကာ့ကို​ေျပာႏိုင္​ေပမယ့္ ​ေအာ္စကာက​ေတာ့ တကယ္ကိုအသန္႔ႀကိဳက္တာမို႔ မသြားႏိုင္ပါ ။

" အျပန္က်ရင္ဆိုင္မွာ ပါပါးက မုန္႔ဝယ္​ေကြၽးမယ္​ေလ​ေနာ္ ​ေခြးမ​​ေလးေခ်ာ​ေခ်ာ​ေလးလည္း႐ွာ​ေပးမယ္ "

ပါပါးရဲ႕အ​ေပးအယူ​ေၾကာင့္ ​ေအာ္စကာစိတ္ဝင္စား​ေပမယ့္ အဲ့​ေလာက္နဲ႔​ေတာ့​ေအာ္စကာမလိုက္ႏိုင္ပါ ။ အဲ့အတြက္ ​ေအာ္စကာဟာ ပါပါးဘက္ကိုဖင္​ေပးထားၿပီး ကားဘက္ကိုသာယက္ကန္ယက္ကန္ လုပ္​ေနမိပါတယ္ ။

" အင္းပါ ​ေအာ္စကာကပါပါးကိုတစ္​ေယာက္တည္းလႊတ္ရက္​ေတာ့လည္း ​ေနခဲ့​ေပါ့ သူမ်ား​ေခၚသြားလည္းပါပါးလိုက္သြားလိုက္မယ္ "

ထိုသို႔​ေျပာၿပီး ပါပါးက​ေအာ္စကာ့ႀကိဳးကိုလႊတ္ခ်လိုက္​ေတာ့ ​ေအာ္စကာလည္းအ​ေနာက္ကိုလွည့္ၾကည့္လိုက္ၿပီး အသက္ဝဝ႐ွဴလိုက္ကာပင္ ႀကိဳးက​ေလးကို​ကိုက္လိုက္ၿပီး ပါပါးလက္ထဲသြားထည့္​ေပးလိုက္တယ္ ။

" ​ေအာ္စကာ​ေလးကို ပါပါးအခ်စ္ဆုံးပဲ "

​ျပဳံးျပဳံးႀကီးျဖင့္ ေအာ္စကာ့ကိုယ္ႀကီးကိုခ်ီရင္း​ေျပာလာတဲ့ ပါပါး​ေၾကာင့္ ​ေအာ္စကာစိတ္​ေလသြားကာ ပါပါးပုခုံး​ေပၚ​ေခါင္းမွီလိုက္တယ္ ။ အိမ္မွာဆိုရင္​ေတာ့ * အံ့ဘြယ္ထြဋ္​ေခါင္ႀကီးကို ​ေမာင္ကအခ်စ္ဆုံး * လို႔ ​ေျပာတတ္ၿပီး အခုလိုခိုင္းစရာ႐ွိ​ေတာ့ ​ေအာ္စကာ့ကိုအခ်စ္ဆုံးတဲ့ ။ ပါပါးက တကယ့္ကိုလူလိမ္အစစ္ပါပဲ ။

​ေစ်းထဲ​ေရာက္​ေတာ့ လူအမ်ားစုက ​ေအာ္စကာ့ကိုလိုက္ၾကည့္​ေနတာမလို႔ ​ေအာ္စကာလည္း ​ေခါင္း​ေလးကို ​ေမာ့ခ်ီထားလိုက္တယ္ ။ ဒီ​ေန႔ ​ေအာ္စကာက အျပာ​ေရာင္အက်ႌလွလွ​ေလးကို ဝတ္ထားတာမလို႔ ​ေအာ္စကာနဲ႔က်ိန္း​ေသလိုက္ဖက္​ေနမွာအမွန္ပဲ ။ ​ေအာ္စကာတို႔ကလည္း အျပာ​ေရာင္နဲ႔အဝါ​ေရာင္ႏွစ္မ်ိဳးကိုသာျမင္ရတာမလို႔ ပါပါးတို႔ကလည္း​ေအာ္စကာ့ကို ထိုအ​ေရာင္​ေတြပါတဲ့အဝတ္အစား​ေတြ အသုံးအ​ေဆာင္​ေတြကိုသာဝယ္​ေပး​ေလ့႐ွိတယ္ ။ အခုလည္း ​ေအာ္စကာ့အတြက္​ေတာ့ လူအနည္းငယ္ကိုသာထင္ထင္႐ွား႐ွားခြဲျခားသိႏိုင္ခဲ့တယ္ ။

' ​ေအာ္စကာၿငိမ္ၿငိမ္​ေန ပါပါးမႏိုင္​ေတာ့ရင္ ျပဳတ္က်သြားလိမ့္မယ္ '

ပါပါးက​​ေအာ္စကာ့ကိုထပ္ၿပီးပင့္ခ်ီရင္း​ေျပာလာတာ​ေၾကာင့္ ​ေအာ္စကာၿငိမ္ၿငိမ္​ေန​ေပးလိုက္တယ္ ။ ထို႔​ေနာက္မွာ​​ေတာ့ ပါပါးက ​ေရခဲပုံး​ေတြထဲ ပင္လယ္စာ​ေတြအမ်ားႀကီးထည့္ထားတဲ့ဆိုင္​ေ႐ွ႕မွာ ရပ္ၿပီး​​ေစ်းဝယ္​ေနတယ္ ။ ​ေအာ္စကာက​ေတာ့ စားခ်င္တဲ့အရာ​ေတြဘက္ကို ထိုး​​ေဟာင္ရင္း ပါပါးသိ​ေအာင္​ေျပာ​ေနမိတယ္ ။

" ဒီပုစြန္ႀကီး​ေတြကဘယ္​ေလာက္လဲဗ် "

" ၁ပိသာကို ၄၀၀၀၀ "

" ဒါဆို အဲ့ပုစြန္ ၁ပိသာ ၊ ျပည္ႀကီးငါးလည္းခ်ိန္​ေပးပါဦး "

ပါးပါးက​ေစ်းဝယ္​ေန​ေပမယ့္ ​ေအာ္စကာက​ေတာ့ ပတ္ပတ္လည္ကအသားငါး​ေတြကို တ​​ေမွ်ာ္တ​ေခၚၾကည့္​ေနမိတယ္ ။ ​ေအာ္စကာသ​ေဘာမက်တဲ့ အ​ေကာင္႐ွည္႐ွည္​ေတြရယ္ အခြံမာ​ေကာင္​​ေတြရယ္ကိုျမင္ရင္​ေတာ့ ​ေအာ္စကာတြန္႔သြားမိတယ္ ။

" ကဲ ဒါဆို​ေအာ္စကာ​ေလးအတြက္ ၾကက္သားသြားဝယ္ရ​ေအာင္ "

ပါပါးက​အထုပ္​ေတြကိုဆိုင္မွာခ်န္ခဲ့ၿပီး ​ေအာ္စကာ့ကိုခ်ီထားလ်က္ပင္ ၾကက္သားဆိုင္ဘက္​ကိုသြားတယ္ ။ ​ေအာ္စကာက​ေတာ့ အႀကိဳက္​ေတြကို​ေတြ႕လိုက္ရတာမလို႔ အရမ္း​ေပ်ာ္​ေနခဲ့တယ္ ။ ပါပါးခ်က္​ေကြၽးတဲ့ဟင္း​တိုင္းက မုန္႔​ေတြထက္စာရင္ ​ေအာ္စကာအႀကိဳက္ဆုံး​ေတြပါပဲ ။

ထို႔​ေနာက္မွာ​ေတာ့ က​ေလးတစ္ခ်ိဳ႕က ​ေအာ္စကာ့နားလာကပ္တာမလို႔ ​ေအာ္စကာလည္းပါပါးကိုသာအတင္းဖက္ထားလိုက္တယ္ ။ ​ေၾကာက္လို႔မဟုတ္ပဲ ဒယ္ဒီနဲ႔ပါပါးကလြဲရင္ ​ေအာ္စကာ့ရဲ႕ အ​ေမြးထူထူ​ေတြကို တျခားသူထိတာ ​ေအာ္စကာမႀကိဳက္ပါဘူး ။

မိနစ္အနည္းငယ္အၾကာမွာ​ေတာ့ ပါပါးကလည္း​ေအာ္စကာ့ကိုသယ္ထားရတာမလို႔ က​ေလး​ေတြကိုမုန္႔ဖိုး​ေပးၿပီးပဲအသားထုပ္​ေတြကို ကား​ေပၚတင္ခဲ့ရတယ္ ။ ​ကား​​ေပၚ​ေရာက္မွပဲ ​​ေအာ္စကာလည္း စိတ္​ေအးလက္​​ေအးျဖစ္သြားၿပီး ပါပါးကိုအနမ္း​ေတြ​ေပးမိတယ္ ။ ဒါမ်ိဳးက ဒယ္ဒီသာပါရင္ လုပ္လို႔ရတဲ့အရာ​ေတြမဟုတ္တဲ့အတြက္ ​ေအာ္စကာအခြင့္အ​ေရးမ်ားမ်ားယူလိုက္မိတယ္ ။

ထို႔​ေနာက္မွာ​ေတာ့ ​ပါပါးဟာ​​ေအာ္စကာကို ကတိအတိုင္းမုန္႔ဆိုင္ကို​ေခၚသြား​ေပး​ေပမယ့္ ​ေကာင္မ​ေလး​ေခ်ာ​ေခ်ာ​ေလး႐ွာ​ေပးမယ္ဆိုတဲ့ကတိကိုမတည္ခဲ့တာမလို႔ ​လမ္းမွာကတည္းက ​ေအာ္စကာည္းပါပါးကိုစိတ္​ေကာက္​ေနခဲ့ပါတယ္ ။

' ​ေကာက္စိန္​ေရ အဲ့မွာ​ေကာက္​ေနလိုက္​ေတာ့ ပါပါးက​ေတာ့ ဝယ္လာတာ​ေတြ ​ေဆး​ေတာ့မယ္ကြာ '

အိမ္​ေ႐ွ႕ကျမက္ခင္း​ေပၚမွာ လူးလွိမ့္​ေနၿပီးအိမ္ထဲမဝင္တဲ့​ေအာ္စကာ့ကို ပါပါးက​မ​ေခ်ာ့ပဲ အိမ္ထဲဝင္သြားတာမလို႔ ​ေအာ္စကာလည္း​ ေနရိပ္ထဲသြားထိုင္​ေနလိုက္တယ္ ။ မနက္ကပါပါးဝတ္​ေပးထားတဲ့အဝတ္​ေတြကလည္း ​ေအာ္စကာလူးလွိမ့္​ေနတာနဲ႔ ​ေၾကမြ​ေနတဲ့အျပင္ ညစ္​ေပကုန္ခဲ့ၿပီ ။

အိမ္မွာလည္း ဒယ္ဒီရယ္ ပါပါးရယ္ ​​ေအာ္စကာရယ္ သုံး​ေယာက္သာ႐ွိတာမလို႔ ကိုယ့္တာဝန္ကိုယ္ယူၾကရတယ္ ။ ​ေအာ္စကာက​ေတာ့ အၿငိမ့္သားထိုင္စားရ​တာ​ေၾကာင့္ ဒယ္ဒီက​ေတာ့ ငပ်င္း​ေကာင္လို႔​​​ေခၚပါ​ေသးတယ္ ။ ​ေသခ်ာ​ေတြးၾကည့္ရင္​ေတာ့ ​ေအာ္စကာ့မွာ ဒယ္ဒီ​ေပးထားတဲ့နာမည္အ​ေတာ္မ်ား​ေနခဲ့ၿပီ ။

ထိုအခ်ိန္၌ပင္ ထိုင္​ေနရင္း ပ်င္းလာတာ​ေၾကာင့္ ျမက္ခင္း​ေဘးကသဲႏုႏု​ေပၚ ​ေအာ္စကာလွဲခ်လိုက္တယ္ ။ ျမက္ခင္း​ေတြ​ေပၚဆိုရင္ တြန္႔တြန္႔လိမ္လိမ္အ​ေကာင္႐ွည္​ေတြ႐ွိတတ္တာ​ေၾကာင့္ ထိုအ​ေကာင္​ေတြကို​ေအာ္စကာအရမ္း​ေၾကာက္ၿပီး မလွဲခ်ရ​ေခ် ။ ထို႔​ေၾကာင့္ သဲႏုႏု​ေတြ​ေပၚသာလွဲခ်ၿပီး ခဏအၾကာမွာ​ေတာ့ ႏႈတ္သီး​ေပၚက ဆူးခနဲျဖစ္ကာ ဆက္တိုက္ဆိုသလ္ိဳနာလာတာ​ေၾကာင့္

' ပါပါး​ေရ နာတယ္ နာတယ္ '

မခံႏိုင္စြာပင္ ​ေအာ္၍ ပါပါး႐ွိရာအိမ္ထဲသို႔ ​ေအာ္စကာတန္း​ေျပးရတယ္ ။

" ဘာျဖစ္လို႔လဲ ​ေအာ္စကာ ပါပါးကို​ေျပာ ​ပါပါးကို​ေျပာ "

မီးဖိုခန္းထဲမွာ ဇြန္းႀကီးကိုင္လ်က္ပင္ ပါပါးက​ေအာ္စကာဝပ္ကာထိုင္ခ်လိုက္တဲ့နား​ေရာက္လာၿပီး ႏႈတ္သီးနားအုပ္ကာပြတ္​ေနတဲ့ ​ေအာ္စကာ့လက္ကိုဖယ္လိုက္တယ္ ။

" ​ေအာ္စကာရယ္ ဘယ္လို​ေတာင္လက္နဲ႔ဖိပြတ္လိုက္တာတုန္း ပု႐ြက္ဆိတ္​ေလး​ေတာင္ လုံး​ေက်​ေနၿပီ "

ပါပါးကထိုသို႔​ေျပာကာပင္ ပု႐ြက္ဆိတ္ကို​​ေအာ္စကာ့ဆီကဖယ္ခ်လိုက္​ေပမယ့္ ​ေအာ္စကာက​ေတာ့နာလြန္းလို႔ မ်က္ရည္​ေတာင္က်​ေနခဲ့ၿပီ ။ ​ပါပါးက​ေတာ့ ဇြန္းကိုခ်လို႔​ေအာ္စကာ့ကိုဖက္ကာ ​ေခ်ာ့​ေနခဲ့တယ္ ။ အဲ့​ေနာက္မွာ​ေတာ့ ​ေအာ္စကာလည္းပါပါးနားတြင္သာ ၿငိမ္ၿငိမ္​ေလး​ေနလိုက္ၿပီး အျပင္ကိုထပ္မသြား​ေတာ့ ။ ပါပါးျပင္​ေပးတဲ့​ေန႔လည္စာကို ပါပါး​ေဘးမွာ ​ေသခ်ာစားသလို ​ေရမႀကိဳက္တဲ့​ေအာ္စကာက ပါပါးစိတ္တိုင္းက်လည္း ​ေရခ်ိဳးခဲ့ပါ​ေသးတယ္ ။

အဲ့လိုနဲ႔ည​ေန​ေရာက္တဲ့အခါမွာ​ေတာ့ ပါပါးက ဒယ္ဒီ့အတြက္ညစာျပင္ၿပီး ​ေအာ္စကာ​ေရာ ပါပါး​ေရာ ဒယ္ဒီ့ကို​ေစာင့္​ေနခဲ့ပါတယ္ ။ ည​ေန ၅နာရီထိုးတာနဲ႔ ဒယ္ဒီ့ရဲ႕ကားသံကိုအခ်ိန္မွန္ၾကားလိုက္ရတာမလို႔ ​ေအာ္စကာက​ေတာ့ခုန္​ေပါက္​ေနခဲ့တယ္ ။ ပါပါးက​ေတာ့ တံခါးဝမွာရပ္​ေစာင့္​ေနၿပီး ဒယ္ဒီဝင္လာတာနဲ႔

" Happy 5 year Anniversary ပါ သားႀကီး "

ဒယ့္ဒီ့ကိုသိုင္းဖက္ကာပင္ ပါပါးကဝမ္းသာရတယ္​ေျပာတယ္ ။ သို႔ေပမယ့္ ဒယ္ဒီက​ေတာ့

" ဟာ ဟုတ္သား ​​ဒီ​ေန႔ကိုယ္တို႔Anni ပဲ "

" ဘာတုန္း အံ့ဘြယ္ထြဋ္​ေခါင္ မင္း​ေမ့​ေနတယ္လို႔​ေတာ့ မ​ေျပာနဲ႔​ေနာ္ "

ပါပါးကစိတ္ဆိုးၿပီး ဒယ္ဒီ့ကိုဖက္ထားတာက​ေနလႊတ္လိုက္ၿပီး ဆိုဖာေပၚဝင္ထိုင္လာတာ​ေၾကာင့္ ​ေအာ္စကာလည္းပါပါး​ေဘးမွာဝင္ထိုင္လိုက္ၿပီး ဒယ္ဒီ့ကိုအ​ေဝးသြား​ဖို႔​ေျပာလိုက္တယ္ ။ ပါပါးက​ေတာ့ လက္ကိုပိုက္လ်က္ပင္ မ်က္ႏွာက​ေတာ့တည္တင္း​ေနခဲ့တယ္ ။

" ငါ့မွာ​ေတာ့ မင္းႀကိဳက္တဲ့ပင္လယ္စာ​ေတြ​ေတာင္ ဝယ္ထားၿပီး စားပါ​ေစဆိုၿပီးခ်က္ျပဳတ္ထားတာ "

" ​ေမာင္ကလည္း ကိုယ္က​ေမ့ပါ့မလား ဒီ​ေန႔ကကိုယ္တို႔ရဲ႕အိမ္​ေထာင္သက္တမ္း ၅ႏွစ္ျပည့္သလိုပဲ ​ေမာင့္ဆီကအ​ေျဖရတာ ၁၂ႏွစ္ျပည့္တဲ့​ေန႔​ေလ ​ကိုယ္ကခ်စ္လို႔စတာကို "

" ဟမ့္ သိသားပဲ မင္းလားဒီ​ေန႔ကို​ေမ့မွာ ငါလည္းစတာ "

" ​ေမာင္ရာ မင္းအရမ္းဆိုးတာပဲ "

အံ့ဘြယ္ထြဋ္​ေခါင္က​ေျပာရင္းပင္ ႐ွိန္းျမင့္ျမတ္​ေမာင္ရဲ႕ ႏႈတ္ခမ္းကိုဆြဲစိတ္လိုက္​ေတာ့ လုပုစိတ္တို​ေလးက သူ႕လက္ကိုအတင္းဆြဲကာ ကိုက္ပါ​ေတာ့တယ္ ။

" နာ​ေနၿပီ​ေမာင္ရ ကိုယ့္ကိုသနားပါ "

​ေျပာၿပီးသည္ႏွင့္ ​ေမာင့္ရဲ႕ပါး​ေဖာင္း​ေဖာင္း​ေတြထဲ နစ္ဝင္တဲ့အထိ အံ့ဘြယ္နမ္း႐ိႈက္လိုက္တယ္ ။ သူ႕အတြက္​ေတာ့ ႐ိႈင္းျမင့္ျမတ္​ေမာင္ဆိုတဲ့လူသား​ေလးက ဆုလာဘ္တစ္ခုပဲ ။

​ေအာ္စကာက​ေတာ့ ရန္ျဖစ္မယ္အထင္နဲ႔ ဒယ္ဒီ့ကိုစြာထားၿပီးမွ ခ်က္ခ်င္းပူးကပ္သြားၾကတဲ့ႏွစ္​​ေယာက္​ေၾကာင့္ ပါပါးကိုယ္​ေပၚအတင္းတက္ထိုင္ၿပီး ဒယ္ဒီ့ကို​ေမာင္းထုတ္​ေနမိတယ္ ။

" ဟုတ္သား ​ငပ်င္း​ေကာင္ကိုျမင္မွ ကိုယ္သတိရ​ေတာ့တယ္ ဒီမွာ​ထိုင္​ေနခဲ့​ဦး ေမာင္ "

ဒယ္ဒီက​ေျပာရင္းပင္ အိမ္အျပင္ျပန္ထြက္သြားတာ​ေၾကာင့္ ​ေအာ္စကာ​ေရာပါပါးပါ ဆိုဖာ​ေပၚထိုင္လ်က္သား ။ ထို႔​ေနာက္မွာ​ေတာ့ ဒယ္ဒီဟာ ထိုအရာႀကီးကို​ေပြ႕ခ်ီၿပီး ​ေအာ္စကာနဲ႔ပါပါး​ေ႐ွ႕ျပန္​ေရာက္လာခဲ့ပါတယ္ ။

" ကိုယ့္​ေယာက်ာ္း​ေလး​ေရ Happy Anni ပါကြာ "

" အားး ခ်စ္စရာႀကီးကြာ "

' အားးးးးးးးးးးးး '

ပါပါးက​ေတာ့သ​ေဘာတက်​ေအာ္​ေန​ေပမယ့္ ​ေအာ္စကာက​ေတာ့ သူ႕ဘဝအတြက္ ႐ုပ္အဆိုးဆုံး​ေသာ​ေခြးကို​ေတြ႕လိုက္ရတာ​ေၾကာင့္ျဖစ္ၿပီး ထို​ေန႔ထိုအခ်ိန္မွစကာ ​ေအာ္စကာ့ဘဝရဲ႕ အိပ္မက္ဆိုးတို႔စတင္ခဲ့​ေခ်ၿပီ ။

🌹​ေၾကးမႈံ

Continue Reading

You'll Also Like

673K 35.7K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
544K 45.1K 21
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
1.2M 95.5K 40
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
2.5M 146K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...