UNICODE
ကျွန်တော့်နာမည်က အော်စကာ(Oscar) တဲ့ ။ ကျွန်တော်က ခွေးတွေထဲမှာဆိုရင် Alsakan Malamute မျိုးပေါ့ ။ ကျွန်တော်တို့ကို လူတွေကသမုတ်ကြတယ် ။ အရမ်းစကားများတာပဲတဲ့လေ ။ ကျွန်တော်တော့ အဲ့လိုမထင်ပါဘူး ၊ ကျွန်တော်က စကားတတ်တယ်ပဲဆိုရမလား ၊ လူတွေနဲ့ဆက်သွယ်ရတာ ကျွန်တော်အရမ်းသဘောကျတယ် ။
ကျွန်တော့်မှာ ချစ်ရတဲ့သခင်နှစ်ယောက်ရှိတယ် ။ ကျွန်တော်ကတော့ သခင်တို့ကို ပါပါးနဲ့ဒယ်ဒီလို့ခေါ်နေကျဆိုပေမယ့် ဒါတွေကို ပါပါးတို့ကတော့နားလည်မယ်မထင်ပါဘူး ။ ဒီကောင် တအူအူနဲ့ဘာတွေအော်နေလည်းမသိဘူးပဲ တွေးနေလောက်မှာပေါ့ ။
ကျွန်တော်က လသားအရွယ်ကတည်းက ပါပါးတို့ဆီရောက်နေခဲ့တာ အခုဆို ၂နှစ်ကျော်ခဲ့ပါပြီ ။
သံယောဇဥ်တွေကလည်း တစ်စတစ်စတိုးလာခဲ့သလို ကျွန်တော့်ကိုလည်း ပါပါးနဲ့ဒယ်ဒီဟာ သားလေးတစ်ယောက်လို ချစ်ပေးခဲ့ကြတယ် ။ ကျွန်တော့်အတွက် အခန်းတစ်ခန်းလည်း သီးသန့်အပိုင်ပေးထားပေမယ့် အလိုလိုက်ခံရတဲ့ကလေးတွေက ပိုဆိုးတတ်သလိုပဲ ကျွန်တော်ဟာ တစ်ခါတစ်လေ တစ်ချို့ညတွေမှာ ပါပါးနဲ့ဒယ်ဒီကြား ဒီခန္ဓာကိုယ်ကြီးနဲ့ မဆံ့မပြဲ ဝင်အိပ်ရတာလည်း အရမ်းသဘောကျပါသေးတယ် ။
အဲ့လိုအချိန်တွေဆိုရင် ဒယ်ဒီက *အော်စကာ!!!* ဆိုပြီး အေးစက်စက်အသံကြီးနဲ့အော်ထုတ်တတ်ပေမယ့် ပါပါးကတော့ ကျွန်တော့်ကိုယ်လုံးကြီးကို အားပါးတရဖက်ထားပြီး * ပါပါးသားလေးက လိမ္မာလိုက်တာ * လို့လည်းပြောတတ်ပါသေးတယ် ။ အဲ့အတွက် အလိမ္မာလေးအော်စကာဟာ ဒယ်ဒီ့ဘက်ကိုဖင်ပေးပြီး ပါပါးဘက်ကိုခေါင်းလေးတိုးလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်တတ်ပါသေးတယ် ။
* အော်စကာ အပေါ်မှာ အိပ်နေတဲ့လူဆိုးကိုသွားနှိုးချည် သွား သွား *
ဒီမနက်လည်း မီးဖိုချောင်းထဲမနက်စာပြင်နေတဲ့ ပါပါးနားမှာ အမြီးလေးနှံ့ကာနှံ့ကာဖြင့် အဖော်ပြုပေးနေတုန်း ပါပါးရဲ့တစ်ချက်လွှတ်အမိန့်ကြောင့် အော်စကာလည်း အပေါ်ထပ်ကိုပြေးတက်ချင်ပေမယ့် ခပ်ဖြေးဖြေးသာလျှောက်ပြီးတက်ခဲ့လိုက်တယ် ။ မနက်အစောကြီးကတည်းက ပါပါးကအဝတ်အစားလဲပေးထားတာဖြစ်လို့ အော်စကာတော့ ဟန်ပျက်မခံနိုင်ပါ ။
ထို့နောက်မှာ အခန်းရှေ့ရောက်တော့ အသားကျနေပြီးသားဖြစ်တဲ့ တံခါးလက်ကိုင်ကို လှမ်းခုန်ကာ အောက်ကိုဆွဲချလိုက်တော့ ပါပါးတို့အခန်းတံခါးက ပွင့်သွားပေတယ် ။ အဲ့လိုနဲ့အခန်းထဲရောက်တော့ ဝေ့ဝိုက်ကြည့်တဲ့အခါ ကုတင်ပေါ်မှာဒယ်ဒီကမရှိ ။ သို့ပေသိ ရေချိုးခန်းထဲကရေကျသံကြားတာကြောင့် ရေချိုးခန်းရှေ့မှာ အော်စကာငုတ်တုတ်လေးထိုင်စောင့်နေမိတယ် ။ ခဏအကြာမှာတော့ ဒယ်ဒီထွက်လာတာမလို့ ခုန်ပေါက်ကာဖြင့် ခန္ဓာကိုယ်ကိုတစ်ပတ်လည်အောင်လှည့်ပြလိုက်တယ် ။
" မင်း မင်း ဒီလာဦး "
ဒယ်ဒီက ကုတင်ပေါ်မှာခေါင်းသုတ်ရင်း လက်ပြကာခေါ်တော့ အော်စကာဟာ ဒယ်ဒီ့ရှေ့ငုတ်တုပ်လေးထိုင်လျက်သား ။ ဆပ်ပြာနံ့သင်းသင်းလေးက ပါပါးဝယ်ပေးထားတဲ့ အော်စကာ့ရဲ့ရေချိုးဆပ်ပြာနဲ့တောင် တူသယောင်ယောင်မို့ ဒယ်ဒီ အော်စကာ့ဟာတွေ သုံးလာသလားလို့တွေးမိလိုက်တယ် ။
" ဘာတွေအံကြိတ်နေတာလဲ "
စိတ်ကတွေးနေပေမယ့် အော်စကာက ကိုယ့်ပစ္စည်းသူများထိရင်မကြိုက်တာကြောင့် ခန္ဓာကိုယ်ကတော့အလိုလိုတုန့်ပြန်မိတယ် ။
' မကြိုက်ဘူးလို့ ဒယ်ဒီရ အော်စကာ့ဆပ်ပြာတွေ ယူမသုံးနဲ့ လူဖြစ်ပြီး အော်စကာ့ဟာယူသုံးတာမရှက်ဘူးလား '
" ဘာတုန်း တအီအီ တအူအူနဲ့ တစ်နေ့တစ်နေ့မင်းလောက် စကားများတာ မင်းပဲရှိတယ် ၊ မင်းလောက်အလိုက်မသိတာလဲ မင်းပဲရှိတယ် ညညဆိုကိုယ့်အခန်းကိုယ်အိပ်ဆိုလည်း ဘယ်တော့မှနားမထောင်ဘူး ခွေးပါးဝတယ် မင်းက "
ဒယ်ဒီ့စကားတွေကြားတော့ အော်စကာအခန်းထဲကနေလှည့်ထွက်ခဲ့လိုက်ပြီး အောက်ထပ်ကပါပါးဆီ ခပ်မြန်မြန်ဆင်းသွားလိုက်တယ် ။ ပါပါးကတော့ အော်စကာ့ခြေသံကြားတော့ အနောက်လှည့်ကြည့်လာတာမလို့
' ပါပါး ဒယ်ဒီက အော်စကာ့ကို ခွေးပါးဝတယ် အလိုက်မသိဘူး စကားများတယ်တဲ့ ပါပါး ဒယ်ဒီကမကောင်းဘူး အော်စကာ့ကိုအဲ့လိုပြောစရာလား ဟုတ်တယ်မလား ပါပါး '
" အမလေး ပါပါးသားလေး ဘာတွေပြောနေတာတုန်း အပေါ်ကလူဆိုးအကြောင်းလား ၊ အဲ့လူဆိုးက သားလေးကိုဘာလုပ်လိုက်သေးလဲ "
ပါပါးကတော့ မနက်စာတွေကို စားပွဲပေါ်ချရင်းပင် အနောက်ကနေတကောက်ကောက်လိုက်ပြီးပြောနေတဲ့ အော်စကာ့ရင်တွင်းစကားသံတွေကိုလည်း နားထောင်ပေးပါသေးတယ် ။
" ဟိုကောင် ဘာရှုပ်နေပြန်ပြီလဲ အဲ့မှာ "
ထိုအခိုက် ကွဲကွဲပြားပြားသိနေတဲ့ခြေသံတစ်ခုနဲ့ စကားသံတစ်ခုက အော်စကာ့နားထဲတော့ ကန့်လန့်ဝင်လာတယ် ။
" အဲ့တာကြောင့်ထင်တယ် မင်းကို အော်စကာက လာတိုင်နေတာ ဘယ်လိုဖြစ်လို့ ကလေးကိုအော်နေရတာလဲ "
ပါပါးရဲ့စကားကြောင့် အော်စကာပါပါးနားလေးကို တိုးသွားလေးပြီး ပါပါးရဲ့ခြေထောက်နှစ်ခုကြား အော်စကာတိုးဝှေ့မိတယ် ။
" အော် အဲ့မလောက်လေးမလောက်စားလေးကတိုင်တာကို ဒီမလောက်လေးမလောက်စားလေးက နားလည်တယ်ပေါ့ "
ဒယ်ဒီက တဖြည်းဖြည်းအော်စကာနဲ့ပါပါးအနားကပ်လာကာ ပါပါးခေါင်းကိုပုတ်လို့ပြောလေတယ် ။
" အံ့ဘွယ်ထွဋ်ခေါင် !!! *
ထိုအခိုက် ပါပါးရဲ့အော်သံကြောင့် အော်စကာပါ ပါပါးကိုဝိုင်းကူပြီး ဒယ်ဒီ့ကိုအော်ပေးလိုက်တယ် ။
* ဝုတ် ×× ဝုတ် ×× ဝုတ် *
" အေးပါကွာ ကိုယ်ကစတာပါကွာ မင်းတို့သားအဖတွေပဲမှန်ပါတယ် "
ထို့နောက်မှာတော့ မနက်ခင်းစစ်ပွဲကလေးဟာ ပါပါးရဲ့ပါးပြင်ထက် ဒယ်ဒီ့ရဲ့အနမ်းတစ်ပွင့်နဲ့ ပြီးဆုံးသွားပြီး ပါပါးနဲ့ဒယ်ဒီဟာလည်း မနက်စာစားကြသလို အော်စကာဟာလည်း ပါပါးကရှယ်ပြင်ဆင်ပေးထားတဲ့ မနက်စာကို ကိုယ်ပိုင်စားပွဲကလေးနဲ့ စားနေခဲ့တယ် ။
ပုံမှန်ဖြတ်သန်းရမယ်လို့ ထင်ခဲ့မိတဲ့ထိုနေ့ကလေးဟာ ပါပါးကိုကူညီရင်းပင် တစ်နေကုန်အဆင်ပြေခဲ့ပေမယ့် ညအခါမှာတော့ ဒယ်ဒီ့ရဲ့ မထင်မှတ်ထားတဲ့လက်ဆောင်ကလေးကြောင့် အော်စကာ့ဘဝကလေး အမှောင်ထုထဲပြုတ်ကျသွားသလို ခံစားလိုက်ရပါတော့တယ် ။
ထိုအရာကတော့ .....
🌹ကြေးမှုံ
ZAWGYI
ကြၽန္ေတာ္႕နာမည္က ေအာ္စကာ(Oscar) တဲ့ ။ ကြၽန္ေတာ္က ေခြးေတြထဲမွာဆိုရင္ Alsakan Malamute မ်ိဳးေပါ့ ။ ကြၽန္ေတာ္တို႔ကို လူေတြကသမုတ္ၾကတယ္ ။ အရမ္းစကားမ်ားတာပဲတဲ့ေလ ။ ကြၽန္ေတာ္ေတာ့ အဲ့လိုမထင္ပါဘူး ၊ ကြၽန္ေတာ္က စကားတတ္တယ္ပဲဆိုရမလား ၊ လူေတြနဲ႔ဆက္သြယ္ရတာ ကြၽန္ေတာ္အရမ္းသေဘာက်တယ္ ။
ကြၽန္ေတာ္႕မွာ ခ်စ္ရတဲ့သခင္ႏွစ္ေယာက္႐ွိတယ္ ။ ကြၽန္ေတာ္ကေတာ့ သခင္တို႔ကို ပါပါးနဲ႔ဒယ္ဒီလို႔ေခၚေနက်ဆိုေပမယ့္ ဒါေတြကို ပါပါးတို႔ကေတာ့နားလည္မယ္မထင္ပါဘူး ။ ဒီေကာင္ တအူအူနဲ႔ဘာေတြေအာ္ေနလည္းမသိဘူးပဲ ေတြးေနေလာက္မွာေပါ့ ။
ကြၽန္ေတာ္က လသားအ႐ြယ္ကတည္းက ပါပါးတို႔ဆီေရာက္ေနခဲ့တာ အခုဆို ၂ႏွစ္ေက်ာ္ခဲ့ပါၿပီ ။
သံေယာဇဥ္ေတြကလည္း တစ္စတစ္စတိုးလာခဲ့သလို ကြၽန္ေတာ္႕ကိုလည္း ပါပါးနဲ႔ဒယ္ဒီဟာ သားေလးတစ္ေယာက္လို ခ်စ္ေပးခဲ့ၾကတယ္ ။ ကြၽန္ေတာ္႕အတြက္ အခန္းတစ္ခန္းလည္း သီးသန္႔အပိုင္ေပးထားေပမယ့္ အလိုလိုက္ခံရတဲ့ကေလးေတြက ပိုဆိုးတတ္သလိုပဲ ကြၽန္ေတာ္ဟာ တစ္ခါတစ္ေလ တစ္ခ်ိဳ႕ညေတြမွာ ပါပါးနဲ႔ဒယ္ဒီၾကား ဒီခႏၶာကိုယ္ႀကီးနဲ႔ မဆံ့မၿပဲ ဝင္အိပ္ရတာလည္း အရမ္းသေဘာက်ပါေသးတယ္ ။
အဲ့လိုအခ်ိန္ေတြဆိုရင္ ဒယ္ဒီက *ေအာ္စကာ!!!* ဆိုၿပီး ေအးစက္စက္အသံႀကီးနဲ႔ေအာ္ထုတ္တတ္ေပမယ့္ ပါပါးကေတာ့ ကြၽန္ေတာ္႕ကိုယ္လုံးႀကီးကို အားပါးတရဖက္ထားၿပီး * ပါပါးသားေလးက လိမၼာလိုက္တာ * လို႔လည္းေျပာတတ္ပါေသးတယ္ ။ အဲ့အတြက္ အလိမၼာေလးေအာ္စကာဟာ ဒယ္ဒီ့ဘက္ကိုဖင္ေပးၿပီး ပါပါးဘက္ကိုေခါင္းေလးတိုးလို႔ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္တတ္ပါေသးတယ္ ။
* ေအာ္စကာ အေပၚမွာ အိပ္ေနတဲ့လူဆိုးကိုသြားႏိႈးခ်ည္ သြား သြား *
ဒီမနက္လည္း မီးဖိုေခ်ာင္းထဲမနက္စာျပင္ေနတဲ့ ပါပါးနားမွာ အၿမီးေလးႏွံ႔ကာႏွံ႔ကာျဖင့္ အေဖာ္ျပဳေပးေနတုန္း ပါပါးရဲ႕တစ္ခ်က္လႊတ္အမိန္႔ေၾကာင့္ ေအာ္စကာလည္း အေပၚထပ္ကိုေျပးတက္ခ်င္ေပမယ့္ ခပ္ေျဖးေျဖးသာေလွ်ာက္ၿပီးတက္ခဲ့လိုက္တယ္ ။ မနက္အေစာႀကီးကတည္းက ပါပါးကအဝတ္အစားလဲေပးထားတာျဖစ္လို႔ ေအာ္စကာေတာ့ ဟန္ပ်က္မခံႏိုင္ပါ ။
ထို႔ေနာက္မွာ အခန္းေ႐ွ႕ေရာက္ေတာ့ အသားက်ေနၿပီးသားျဖစ္တဲ့ တံခါးလက္ကိုင္ကို လွမ္းခုန္ကာ ေအာက္ကိုဆြဲခ်လိုက္ေတာ့ ပါပါးတို႔အခန္းတံခါးက ပြင့္သြားေပတယ္ ။ အဲ့လိုနဲ႔အခန္းထဲေရာက္ေတာ့ ေဝ့ဝိုက္ၾကည့္တဲ့အခါ ကုတင္ေပၚမွာဒယ္ဒီကမ႐ွိ ။ သို႔ေပသိ ေရခ်ိဳးခန္းထဲကေရက်သံၾကားတာေၾကာင့္ ေရခ်ိဳးခန္းေ႐ွ႕မွာ ေအာ္စကာငုတ္တုတ္ေလးထိုင္ေစာင့္ေနမိတယ္ ။ ခဏအၾကာမွာေတာ့ ဒယ္ဒီထြက္လာတာမလို႔ ခုန္ေပါက္ကာျဖင့္ ခႏၶာကိုယ္ကိုတစ္ပတ္လည္ေအာင္လွည့္ျပလိုက္တယ္ ။
" မင္း မင္း ဒီလာဦး "
ဒယ္ဒီက ကုတင္ေပၚမွာေခါင္းသုတ္ရင္း လက္ျပကာေခၚေတာ့ ေအာ္စကာဟာ ဒယ္ဒီ့ေ႐ွ႕ငုတ္တုပ္ေလးထိုင္လ်က္သား ။ ဆပ္ျပာနံ႔သင္းသင္းေလးက ပါပါးဝယ္ေပးထားတဲ့ ေအာ္စကာ့ရဲ႕ေရခ်ိဳးဆပ္ျပာနဲ႔ေတာင္ တူသေယာင္ေယာင္မို႔ ဒယ္ဒီ ေအာ္စကာ့ဟာေတြ သုံးလာသလားလို႔ေတြးမိလိုက္တယ္ ။
" ဘာေတြအံႀကိတ္ေနတာလဲ "
စိတ္ကေတြးေနေပမယ့္ ေအာ္စကာက ကိုယ့္ပစၥည္းသူမ်ားထိရင္မႀကိဳက္တာေၾကာင့္ ခႏၶာကိုယ္ကေတာ့အလိုလိုတုန္႔ျပန္မိတယ္ ။
' မႀကိဳက္ဘူးလို႔ ဒယ္ဒီရ ေအာ္စကာ့ဆပ္ျပာေတြ ယူမသုံးနဲ႔ လူျဖစ္ၿပီး ေအာ္စကာ့ဟာယူသုံးတာမ႐ွက္ဘူးလား '
" ဘာတုန္း တအီအီ တအူအူနဲ႔ တစ္ေန႔တစ္ေန႔မင္းေလာက္ စကားမ်ားတာ မင္းပဲ႐ွိတယ္ ၊ မင္းေလာက္အလိုက္မသိတာလဲ မင္းပဲ႐ွိတယ္ ညညဆိုကိုယ့္အခန္းကိုယ္အိပ္ဆိုလည္း ဘယ္ေတာ့မွနားမေထာင္ဘူး ေခြးပါးဝတယ္ မင္းက "
ဒယ္ဒီ့စကားေတြၾကားေတာ့ ေအာ္စကာအခန္းထဲကေနလွည့္ထြက္ခဲ့လိုက္ၿပီး ေအာက္ထပ္ကပါပါးဆီ ခပ္ျမန္ျမန္ဆင္းသြားလိုက္တယ္ ။ ပါပါးကေတာ့ ေအာ္စကာ့ေျခသံၾကားေတာ့ အေနာက္လွည့္ၾကည့္လာတာမလို႔
' ပါပါး ဒယ္ဒီက ေအာ္စကာ့ကို ေခြးပါးဝတယ္ အလိုက္မသိဘူး စကားမ်ားတယ္တဲ့ ပါပါး ဒယ္ဒီကမေကာင္းဘူး ေအာ္စကာ့ကိုအဲ့လိုေျပာစရာလား ဟုတ္တယ္မလား ပါပါး '
" အမေလး ပါပါးသားေလး ဘာေတြေျပာေနတာတုန္း အေပၚကလူဆိုးအေၾကာင္းလား ၊ အဲ့လူဆိုးက သားေလးကိုဘာလုပ္လိုက္ေသးလဲ "
ပါပါးကေတာ့ မနက္စာေတြကို စားပြဲေပၚခ်ရင္းပင္ အေနာက္ကေနတေကာက္ေကာက္လိုက္ၿပီးေျပာေနတဲ့ ေအာ္စကာ့ရင္တြင္းစကားသံေတြကိုလည္း နားေထာင္ေပးပါေသးတယ္ ။
" ဟိုေကာင္ ဘာ႐ႈပ္ေနျပန္ၿပီလဲ အဲ့မွာ "
ထိုအခိုက္ ကြဲကြဲျပားျပားသိေနတဲ့ေျခသံတစ္ခုနဲ႔ စကားသံတစ္ခုက ေအာ္စကာ့နားထဲေတာ့ ကန္႔လန္႔ဝင္လာတယ္ ။
" အဲ့တာေၾကာင့္ထင္တယ္ မင္းကို ေအာ္စကာက လာတိုင္ေနတာ ဘယ္လိုျဖစ္လို႔ ကေလးကိုေအာ္ေနရတာလဲ "
ပါပါးရဲ႕စကားေၾကာင့္ ေအာ္စကာပါပါးနားေလးကို တိုးသြားေလးၿပီး ပါပါးရဲ႕ေျခေထာက္ႏွစ္ခုၾကား ေအာ္စကာတိုးေဝွ႔မိတယ္ ။
" ေအာ္ အဲ့မေလာက္ေလးမေလာက္စားေလးကတိုင္တာကို ဒီမေလာက္ေလးမေလာက္စားေလးက နားလည္တယ္ေပါ့ "
ဒယ္ဒီက တျဖည္းျဖည္းေအာ္စကာနဲ႔ပါပါးအနားကပ္လာကာ ပါပါးေခါင္းကိုပုတ္လို႔ေျပာေလတယ္ ။
" အံ့ဘြယ္ထြဋ္ေခါင္ !!! *
ထိုအခိုက္ ပါပါးရဲ႕ေအာ္သံေၾကာင့္ ေအာ္စကာပါ ပါပါးကိုဝိုင္းကူၿပီး ဒယ္ဒီ့ကိုေအာ္ေပးလိုက္တယ္ ။
* ဝုတ္ ×× ဝုတ္ ×× ဝုတ္ *
" ေအးပါကြာ ကိုယ္ကစတာပါကြာ မင္းတို႔သားအဖေတြပဲမွန္ပါတယ္ "
ထို႔ေနာက္မွာေတာ့ မနက္ခင္းစစ္ပြဲကေလးဟာ ပါပါးရဲ႕ပါးျပင္ထက္ ဒယ္ဒီ့ရဲ႕အနမ္းတစ္ပြင့္နဲ႔ ၿပီးဆုံးသြားၿပီး ပါပါးနဲ႔ဒယ္ဒီဟာလည္း မနက္စာစားၾကသလို ေအာ္စကာဟာလည္း ပါပါးက႐ွယ္ျပင္ဆင္ေပးထားတဲ့ မနက္စာကို ကိုယ္ပိုင္စားပြဲကေလးနဲ႔ စားေနခဲ့တယ္ ။
ပုံမွန္ျဖတ္သန္းရမယ္လို႔ ထင္ခဲ့မိတဲ့ထိုေန႔ကေလးဟာ ပါပါးကိုကူညီရင္းပင္ တစ္ေနကုန္အဆင္ေျပခဲ့ေပမယ့္ ညအခါမွာေတာ့ ဒယ္ဒီ့ရဲ႕ မထင္မွတ္ထားတဲ့လက္ေဆာင္ကေလးေၾကာင့္ ေအာ္စကာ့ဘဝကေလး အေမွာင္ထုထဲျပဳတ္က်သြားသလို ခံစားလိုက္ရပါေတာ့တယ္ ။
ထိုအရာကေတာ့ .....
🌹ေၾကးမႈံ