မောင့်ချယ်ရီ ဝေသောမြေ (Emerge...

Από Milk_tea_94

48K 2.2K 138

ခွဲစိတ်ဆရာဝန်နဲ့ အထွေထွေရောဂါကုဆရာဝန် ကြားက ဇာတ်လမ်းတစ်ပုဒ် ပါ မတူညီတဲ့ပြိုင်မျဥ်းတွေဟာ လားရာတစ်ခုတည်းအတူသ... Περισσότερα

👨🏻‍⚕️👨🏻‍⚕️
Dr.
၁၀
၁၁
၁၂
၁၃
၁၄
၁၅
View
၁၆
၁၇
၁၈
၂၀ (End)
View
ကလောမြေရဲ့ည

၁၉

1.3K 68 0
Από Milk_tea_94

" အရုဏ်..... တောင်နေကြာတွေပွင့်နေပြီ သွားကြည့်ချင်လား "

ရွားရွားပါးပါး အရုဏ်ဦးရဲ့ နားရက်နဲ့ သူ့ခွဲစိတ်မှုတွေမရှိသည့်အခိုက်အတန့်မို့ နံနက်ခင်းအိပ်ရာကနိုးလာပေမယ့် မထေသးဘဲ စောင်ပုံထဲမှာ ဆက်မှေးနေခဲ့ကြသည်။ တောင်ကြီးဆောင်းရဲ့နံနက်ခင်းဟာ အတော်လေးကို အေးစက်နေခဲ့သည်မဟုတ်လား။ ရင်ခွင်ထဲကလူကို ပိုတိုးကာဖက်ရင်း မေးမိတော့ အိပ်ချင်မူးတူး ဖြစ်နေဆဲ အရုဏ်ဦးက ခေါင်းခါသည်။

" တောင်နေကြာတွေက လှပေမယ့် ငါ ငယ်ငယ်ကတည်းက မြင်နေခဲ့ရတာ တကူးတက သွားမကြည့်ချင်တော့ဘူး "

တောင်ပေါ်သားဆိုတော့လည်း တောင်ပေါ်ကမြင်ကွင်းတွေကရိုးနေလောက်ပြီပေါ့။ သို့သော်သူ့အတွက်တော့ မရိုးနိုင်သေးသည့်မြင်ကွင်းတွေပင်။ အထူးသဖြင့် အရုဏ်ဦးနှင့် အတူ လှပတဲ့ရှုခင်းတွေအားကြည့်ရမည်ကိုပင်။

" သွားကြည့်ကြမယ်လေ တောင်နေကြာတွေကိုကြည့်ပြီးရင် လွယ်မိုင်းတောင်ပေါ်တက်မယ် "

အိပ်ချင်နေဆဲဖြစ်သော အရုဏ်ဦး၏မျက်လုံးများပင် ပြူးကျယ်သွားရသည်။ဆိုရှယ်မီဒီယာပေါ်က ပုံလှလှလေးတွေကြည့်ပြီး လွယ်မိုင်းတောင်ပေါ် တက်ချင်နေသော မိုးသောက်အား ဘယ်လိုရှင်းပြရမည်ပင်မသိတော့ချေ။ ရှမ်းပြည်နယ်တွင်အမြင့်ဆုံးဖြစ်သော တောင်တန်းဆိုသည့်အချက်ကို မေ့လျော့နေလေသလား။

" မိုးသောက် လွယ်မိုင်းတောင်က အမြင့်ကြီးတက်ရမှာနော် အရမ်းပင်ပန်းတယ် "

သူ့အပြောစကားကို မိုးသောက်တို့က နားထဲပင်ဝင်ဟန်မတူ။ခါးတွင်ဖက်တွယ်ထားသောလက်တို့ကို ပိုမိုတင်းကြပ်လိုက်ကာ သူ့လည်ပင်းထက်မျက်နှာအပ်ရင်းပွတ်သပ်ကာပြောနေတော့သည်။

" ရှမ်းပြည်ရဲ့ အလှတရားတွေကို ရှမ်းကောင်လေးနဲ့ အတူတူခံစားကြည့်ချင်တာ ပင်ပန်းတယ်ဆိုရင်တောင် ထိုက်တန်ပါတယ်လေ တောင်နေကြာတွေကိုလည်း မင်းနဲ့အတူကြည့်မယ်... လွယ်မိုင်းတောင်ပေါ်က တောင်ဇလပ်တွေဆီကိုလည်း မင်းနဲ့အတူသွားမယ်.... ပြီးတော့ ချယ်ရီတွေကြွေတဲ့လမ်းကိုလည်း မင်းနဲ့အတူလျှောက်မယ်.... "

အိပ်ယာထစ သြရှရှလေသံနဲ့ ထိုစကားများကိုကြားရချိန်မှာတော့ သူ့မှာ မျက်နှာမပူဘဲမနေနိုင်တော့ချေ။ ဖက်တွယ်ထားသည့် လက်တွေကို တွန်းဖယ်ရင်း ညည်းညူမိတော့သည်။

" ကြက်သီးထအောင် မပြောစမ်းပါနဲ့ မိုးသောက် "

" တကယ်ပြောတာ... အဲ့တာ ဆေးကျောင်းတက်နေကတည်းက ငါ့ရဲ့စိတ်ကူးပဲ မရောက်ဖူးသေးတဲ့ရှမ်းပြည်ကို မှန်းဆပြီး မပိုင်ဆိုင်နိုင်သေးတဲ့ ရှမ်းကောင်လေးတစ်ယောက်ကို ငေးခဲ့ရတဲ့အချိန် စိတ်ကူးယဉ်အိပ်မက်တွေကသာ ငါ့ကို ပျော်ရွှင်စေခဲ့တာလေ "

မနက်စောစောအိပ်ရာထဲကွေးမည့်အစီအစဉ်ဟာ Dr မိုးသောက်ရဲ့စကားတွေကြောင့်ပျက်စီးကာ တောင်နေကြာတွေပွင့်တဲ့ ဂျာမဏီလမ်းဆီသို့ရောက်ရတော့သည်သာ။ ရှမ်းတိုင်းရင်းသားဝတ်စုံကို ဝတ်ခဲ့ပါဆိုသည့် မိုးသောက်ရဲ့တောင်းဆိုမှုကြောင့် ခေါက်ရိုးကျိုးအောင်သိမ်းဆည်းထားသည့် ဝတ္စုံကို ထုတ်ဝတ်လာခဲ့ရသည်။

မွေးကတည်းက မြင်တွေ့လာခဲ့ရသော တောင်တန်းတွေဟာ လှပလွန်းလှပါလားလို့ တွေးမိသည်မှာလည်း ပထမဆုံးအကြိမ်ပင်။ ဘုရားဖြူအကျော် မွစ၍ တောင်တက်တောင်ဆင်းများသောလမ်းတစ်လျှောက် တောင်နေကြာတွေဟာ ဝါဝါထိန်အောင် ပွင့်လို့နေခဲ့ပြီ။ ပြာလဲ့လဲ့ကောင်းကင်ကြီးနဲ့ အနီးဆုံးမှာရှိနေသလို တိမ်စိုင်တွေဟာလည်း မဝေးတော့သလို ခံစားရချိန် မှိုင်းညှို့ညှို့တောင်တန်းတွေကြားမှ ပန်းခင်းကြီးဟာ ရင်သပ်ရှုမောဖွယ်အတိ။

ပန်းခင်းအလယ်အထိ တိုးလျှောက်သွားသည့် မိုးသောက်အနောက်ကို မီအောင်လိုက်နေချိန် အရှေ့က မိုးသောက်ဟာ သူ့ဘက်ကိုလှည့်ကာ ကင်မရာတဖျပ်ဖျပ်နဲ့ ဓာတ်ပုံတွေရိုက်နေတော့သည်။

" ရှုခင်းပုံတွေကိုသာ ရိုက်စမ်းပါ မိုးသောက်ရာ "

တောင်နေကြာတစ်ပွင့်ကို ချိုးယူကာ လှမ်းလျှောက်လာသော မိုးသောက်က သူ့အနားထိလျှောက်လာခဲ့သည်။

" မြင်နေရတဲ့ရှုခင်းက အရမ်းကိုလှတယ် ဒါပေမယ့် မင်းကိုပါ တွဲမြင်ရတဲ့ ရှုခင်းကတော့ ပိုပြီးပြည့်စုံသွားရော.... "

ဟုတ်သည်။ အရုဏ်ဦး နှင့်ပန်းခင်းနောက်ခံထားသော မြင်ကွင်းဟာ သူ့အတွက်တော့ အလှပဆုံးအခိုက်အတန့်ပင်။ ရှမ်းဝတ်စုံနဲ့ အရုဏ်ဦးက ပိုလို့ပင်ကြည့်ကောင်းနေခဲ့သည်။ လက်ထဲက တောင်နေကြာတစ်ပွင့်ကို အနံ့ခံကြည့်တော့ ရနံ့သင်းသင်းရနေသလိုပင်။ ဒါမှမဟုတ် အရုဏ်ဦးရဲ့ ကိုယ်သင်းရနံ့များပေလား။

နေပူရှိန်မမြင့်ခင် လွယ်မိုင်းတောင်ဆီအရောက်သွားရမည်မို့ တောင်နေကြာတွေရှိသည့် ဂျာမဏီလမ်းမှာ ခဏသာ ဝင်ခဲ့ပြီး ဟိုပုံးမြို့ဘက်ကို ကားပြန်မောင်းခဲ့သည်။ ဟိုပုံးရွှေတိဂုံဘုရားကို ဖြတ်ကာ အတန်ကြာအောင် မောင်းခဲ့ပြီးနောက် တောင်တက်ရသည့် လမ်းတွေဟာ အတော်ပင်ကြမ်းတမ်းလွန်းလှသည်။ တောင်တန်းကို ဖြတ်လျှောက်မောင်းနေသလိုပင်။ အတော်မြင့်သည့် တောင်ပေါ်တစ်နေရာအရောက်မှာတော့ ကားကိုရပ်ကာ ခြေလျင် ဆက်တက်ရတော့သည်။ တောင်ဇလပ်ပင်တွေကိုလည်း စပြီးတွေ့ရလေပြီ။ ဘေးပတ်ပတ်လည် လှည့်ကြည့်လိုက်လျှင်တော့ ဆီးမြင်နေရသည့် တောင်စဥ်တောင်တန်းတွေသာ ဝန်းရံလို့နေပေသည်။

ခြေလျင်ခရီးစတက်ချိန်မှာပင် မောဟိုက်လာသည်က ​မြေပြန့်သား မိုးသောက်ပင်။ အရုဏ်ဦးကတော့ အေးအေးလူလူ လမ်းလျှောက်နေသကဲ့သို့ အရှေ့ကနေ ဦးဆောင်ကာ တက်တော့သည်။ တောင်ပေါ်အမြင့်ကို ရောက်လာလေလေ လေတိုးသည့်အရှိန်ကများလာလေလေပင်။ တောင်ထိပ်ဆုံးမှာတည်ထားသည့် ဘုရားကို မရောက်ခင် လမ်းမှာပင် ဆက်မတက်နိုင်လောက်အောင် မောပန်းလာသည်။ တောင်ဇလပ်တစ်ပင်ကို မှီတွယ်ကာ ထိုင်ချလိုက်တော့ အရုဏ်ဦးက လှည့်ကြည့်ကာ ရယ်တော့သည်။

" အေးအေးဆေးဆေး အိပ်ရာထဲမှာ မကွေးဘဲ မင်းနဲ့အတူအလှပဆုံးရှုခင်း ခံစားချင်သလေး ဘာလေးနဲ့ ဘယ်လိုနေသလဲ ဒေါက်တာ "

ပြုံးစစနဲ့ စနောက်နေသော ရှမ်းကလေးဟာ မြင်နေရရုံနဲ့ တကယ့်ကို အမောပြေစေမှန်း သူကိုယ်တိုင်ပင် သိမည်မဟုတ်ချေ။ ထိုင်ရာမှမထဘဲ လက်ကို မြှောက်လိုက်ကာ အရုဏ်ဦးကို လှမ်းပြောလိုက်သည်။

" ဆက်မတက်နိုင်တော့ဘူး မောင့်ကို ကူတွဲဦး "

ရဲရဲနီသွားသော နားရွက်တွေဟာ တောင်ဇလပ်ပန်းတွေထက်ပင် နီရဲနေတော့သည်။ မျက်မှောင်ကြုံ့ကာ သူ့ကို အော်ဖို့ပြင်ပေမယ့် ဖုန်းဝင်လာသည့် သီချင်းက နှောင့်ယှက်သွားလေသည်။

" ဟယ်လို ဆရာမ ပြောပါ "

" ဆရာအရုဏ်ရှင့် patient တစ်ယောက် MI ( နှလုံးဖောက်) နဲ့ရောက်လာတာဆရာ တာဝန်ကျတဲ့ MO ( ဆရာဝန်) ကလည်း RTA နဲ့ Patient ပါ ရောက်လာလို့  တစ်ချက်ကြည့်ပေးနေတယ် ဆရာ "

" ဟုတ်ပြီဆရာမ ဆရာမိုးသောက်လည်း ဒီမှာရှိနေတယ် ပြောလိုက်မယ် ကျွန်တော်တို့က ဟိုပုံးဘက်ရောက်နေလို့ ပြန်လာခဲ့မယ် အခုပဲ ပြန်ခဲ့မယ် MO တွေကို ပေးထားတဲ့ Guideline အတိုင်းပဲ ဆက်သွားထားပါလို့ ဟုတ်ပြီ ဒါပဲနော် ဆရာမ "

ငုတ်တုတ်ထိုင်နေသည့် မိုးသောက်ကို ဆွဲထူကာ ညည်းညူသည့် လေသံဖြင့် ပြောလိုက်တော့သည်။

" ကဲ ဆရာမိုးသောက်ရေ... Emergency ရောက်လာပြီဆိုတော့လည်း ပြန်ကြပေဦးစို့... "

မောမောပန်းပန်းနှင့် တောင်ပေါ်အထိတက်လာခဲ့ပြီးမှ ရှုခင်းတွေကိုပင် အားပါးတရမကြည့်ရသေးခင် တောင်အောက်ပြန်ဆင်းရပေတော့မည်။ မတတ်နိုင်ပေ။ အရေးပေါ်အခြေအနေတွေအတွက် အမြဲအသင့်ရှိနေရသည်က ဆရာဝန်တွေရဲ့ တာဝန်ဝတ္တရားတစ်ခုပဲ မဟုတ်ပါလား။

ဆက်ရန်

Zawgyi

" အ႐ုဏ္..... ေတာင္ေနၾကာေတြပြင့္ေနၿပီ သြားၾကည့္ခ်င္လား "

႐ြား႐ြားပါးပါး အ႐ုဏ္ဦးရဲ႕ နားရက္နဲ႕ သူ႕ခြဲစိတ္မႈေတြမရွိသည့္အခိုက္အတန႔္မို႔ နံနက္ခင္းအိပ္ရာကနိုးလာေပမယ့္ မေထသးဘဲ ေစာင္ပုံထဲမွာ ဆက္ေမွးေနခဲ့ၾကသည္။ ေတာင္ႀကီးေဆာင္းရဲ႕နံနက္ခင္းဟာ အေတာ္ေလးကို ေအးစက္ေနခဲ့သည္မဟုတ္လား။ ရင္ခြင္ထဲကလူကို ပိုတိုးကာဖက္ရင္း ေမးမိေတာ့ အိပ္ခ်င္မူးတူး ျဖစ္ေနဆဲ အ႐ုဏ္ဦးက ေခါင္းခါသည္။

" ေတာင္ေနၾကာေတြက လွေပမယ့္ ငါ ငယ္ငယ္ကတည္းက ျမင္ေနခဲ့ရတာ တကူးတက သြားမၾကည့္ခ်င္ေတာ့ဘူး "

ေတာင္ေပၚသားဆိုေတာ့လည္း ေတာင္ေပၚကျမင္ကြင္းေတြကရိုးေနေလာက္ၿပီေပါ့။ သို႔ေသာ္သူ႕အတြက္ေတာ့ မရိုးနိုင္ေသးသည့္ျမင္ကြင္းေတြပင္။ အထူးသျဖင့္ အ႐ုဏ္ဦးႏွင့္ အတူ လွပတဲ့ရႈခင္းေတြအားၾကည့္ရမည္ကိုပင္။

" သြားၾကည့္ၾကမယ္ေလ ေတာင္ေနၾကာေတြကိုၾကည့္ၿပီးရင္ လြယ္မိုင္းေတာင္ေပၚတက္မယ္ "

အိပ္ခ်င္ေနဆဲျဖစ္ေသာ အ႐ုဏ္ဦး၏မ်က္လုံးမ်ားပင္ ျပဴးက်ယ္သြားရသည္။ဆိုရွယ္မီဒီယာေပၚက ပုံလွလွေလးေတြၾကည့္ၿပီး လြယ္မိုင္းေတာင္ေပၚ တက္ခ်င္ေနေသာ မိုးေသာက္အား ဘယ္လိုရွင္းျပရမည္ပင္မသိေတာ့ေခ်။ ရွမ္းျပည္နယ္တြင္အျမင့္ဆုံးျဖစ္ေသာ ေတာင္တန္းဆိုသည့္အခ်က္ကို ေမ့ေလ်ာ့ေနေလသလား။

" မိုးေသာက္ လြယ္မိုင္းေတာင္က အျမင့္ႀကီးတက္ရမွာေနာ္ အရမ္းပင္ပန္းတယ္ "

သူ႕အေျပာစကားကို မိုးေသာက္တို႔က နားထဲပင္ဝင္ဟန္မတူ။ခါးတြင္ဖက္တြယ္ထားေသာလက္တို႔ကို ပိုမိုတင္းၾကပ္လိုက္ကာ သူ႕လည္ပင္းထက္မ်က္ႏွာအပ္ရင္းပြတ္သပ္ကာေျပာေနေတာ့သည္။

" ရွမ္းျပည္ရဲ႕ အလွတရားေတြကို ရွမ္းေကာင္ေလးနဲ႕ အတူတူခံစားၾကည့္ခ်င္တာ ပင္ပန္းတယ္ဆိုရင္ေတာင္ ထိုက္တန္ပါတယ္ေလ ေတာင္ေနၾကာေတြကိုလည္း မင္းနဲ႕အတူၾကည့္မယ္... လြယ္မိုင္းေတာင္ေပၚက ေတာင္ဇလပ္ေတြဆီကိုလည္း မင္းနဲ႕အတူသြားမယ္.... ၿပီးေတာ့ ခ်ယ္ရီေတြေႂကြတဲ့လမ္းကိုလည္း မင္းနဲ႕အတူေလွ်ာက္မယ္.... "

အိပ္ယာထစ ၾသရွရွေလသံနဲ႕ ထိုစကားမ်ားကိုၾကားရခ်ိန္မွာေတာ့ သူ႕မွာ မ်က္ႏွာမပူဘဲမေနနိုင္ေတာ့ေခ်။ ဖက္တြယ္ထားသည့္ လက္ေတြကို တြန္းဖယ္ရင္း ညည္းၫူမိေတာ့သည္။

" ၾကက္သီးထေအာင္ မေျပာစမ္းပါနဲ႕ မိုးေသာက္ "

" တကယ္ေျပာတာ... အဲ့တာ ေဆးေက်ာင္းတက္ေနကတည္းက ငါ့ရဲ႕စိတ္ကူးပဲ မေရာက္ဖူးေသးတဲ့ရွမ္းျပည္ကို မွန္းဆၿပီး မပိုင္ဆိုင္နိုင္ေသးတဲ့ ရွမ္းေကာင္ေလးတစ္ေယာက္ကို ေငးခဲ့ရတဲ့အခ်ိန္ စိတ္ကူးယဥ္အိပ္မက္ေတြကသာ ငါ့ကို ေပ်ာ္႐ႊင္ေစခဲ့တာေလ "

မနက္ေစာေစာအိပ္ရာထဲေကြးမည့္အစီအစဥ္ဟာ Dr မိုးေသာက္ရဲ႕စကားေတြေၾကာင့္ပ်က္စီးကာ ေတာင္ေနၾကာေတြပြင့္တဲ့ ဂ်ာမဏီလမ္းဆီသို႔ေရာက္ရေတာ့သည္သာ။ ရွမ္းတိုင္းရင္းသားဝတ္စုံကို ဝတ္ခဲ့ပါဆိုသည့္ မိုးေသာက္ရဲ႕ေတာင္းဆိုမႈေၾကာင့္ ေခါက္ရိုးက်ိဳးေအာင္သိမ္းဆည္းထားသည့္ ဝတၥဳံကို ထုတ္ဝတ္လာခဲ့ရသည္။

ေမြးကတည္းက ျမင္ေတြ႕လာခဲ့ရေသာ ေတာင္တန္းေတြဟာ လွပလြန္းလွပါလားလို႔ ေတြးမိသည္မွာလည္း ပထမဆုံးအႀကိမ္ပင္။ ဘုရားျဖဴအေက်ာ္ မြစ၍ ေတာင္တက္ေတာင္ဆင္းမ်ားေသာလမ္းတစ္ေလွ်ာက္ ေတာင္ေနၾကာေတြဟာ ဝါဝါထိန္ေအာင္ ပြင့္လို႔ေနခဲ့ၿပီ။ ျပာလဲ့လဲ့ေကာင္းကင္ႀကီးနဲ႕ အနီးဆုံးမွာရွိေနသလို တိမ္စိုင္ေတြဟာလည္း မေဝးေတာ့သလို ခံစားရခ်ိန္ မွိုင္းညွို႔ညွို႔ေတာင္တန္းေတြၾကားမွ ပန္းခင္းႀကီးဟာ ရင္သပ္ရႈေမာဖြယ္အတိ။

ပန္းခင္းအလယ္အထိ တိုးေလွ်ာက္သြားသည့္ မိုးေသာက္အေနာက္ကို မီေအာင္လိုက္ေနခ်ိန္ အေရွ႕က မိုးေသာက္ဟာ သူ႕ဘက္ကိုလွည့္ကာ ကင္မရာတဖ်ပ္ဖ်ပ္နဲ႕ ဓာတ္ပုံေတြရိုက္ေနေတာ့သည္။

" ရႈခင္းပုံေတြကိုသာ ရိုက္စမ္းပါ မိုးေသာက္ရာ "

ေတာင္ေနၾကာတစ္ပြင့္ကို ခ်ိဳးယူကာ လွမ္းေလွ်ာက္လာေသာ မိုးေသာက္က သူ႕အနားထိေလွ်ာက္လာခဲ့သည္။

" ျမင္ေနရတဲ့ရႈခင္းက အရမ္းကိုလွတယ္ ဒါေပမယ့္ မင္းကိုပါ တြဲျမင္ရတဲ့ ရႈခင္းကေတာ့ ပိုၿပီးျပည့္စုံသြားေရာ.... "

ဟုတ္သည္။ အ႐ုဏ္ဦး ႏွင့္ပန္းခင္းေနာက္ခံထားေသာ ျမင္ကြင္းဟာ သူ႕အတြက္ေတာ့ အလွပဆုံးအခိုက္အတန့္ပင္။ ရွမ္းဝတ္စုံနဲ႕ အ႐ုဏ္ဦးက ပိုလို႔ပင္ၾကည့္ေကာင္းေနခဲ့သည္။ လက္ထဲက ေတာင္ေနၾကာတစ္ပြင့္ကို အနံ႕ခံၾကည့္ေတာ့ ရနံ႕သင္းသင္းရေနသလိုပင္။ ဒါမွမဟုတ္ အ႐ုဏ္ဦးရဲ႕ ကိုယ္သင္းရနံ႕မ်ားေပလား။

ေနပူရွိန္မျမင့္ခင္ လြယ္မိုင္းေတာင္ဆီအေရာက္သြားရမည္မို႔ ေတာင္ေနၾကာေတြရွိသည့္ ဂ်ာမဏီလမ္းမွာ ခဏသာ ဝင္ခဲ့ၿပီး ဟိုပုံးၿမိဳ႕ဘက္ကို ကားျပန္ေမာင္းခဲ့သည္။ ဟိုပုံးေ႐ႊတိဂုံဘုရားကို ျဖတ္ကာ အတန္ၾကာေအာင္ ေမာင္းခဲ့ၿပီးေနာက္ ေတာင္တက္ရသည့္ လမ္းေတြဟာ အေတာ္ပင္ၾကမ္းတမ္းလြန္းလွသည္။ ေတာင္တန္းကို ျဖတ္ေလွ်ာက္ေမာင္းေနသလိုပင္။ အေတာ္ျမင့္သည့္ ေတာင္ေပၚတစ္ေနရာအေရာက္မွာေတာ့ ကားကိုရပ္ကာ ေျခလ်င္ ဆက္တက္ရေတာ့သည္။ ေတာင္ဇလပ္ပင္ေတြကိုလည္း စၿပီးေတြ႕ရေလၿပီ။ ေဘးပတ္ပတ္လည္ လွည့္ၾကည့္လိုက္လွ်င္ေတာ့ ဆီးျမင္ေနရသည့္ ေတာင္စဥ္ေတာင္တန္းေတြသာ ဝန္းရံလို႔ေနေပသည္။

ေျခလ်င္ခရီးစတက္ခ်ိန္မွာပင္ ေမာဟိုက္လာသည္က ေျမျပန့္သား မိုးေသာက္ပင္။ အ႐ုဏ္ဦးကေတာ့ ေအးေအးလူလူ လမ္းေလွ်ာက္ေနသကဲ့သို႔ အေရွ႕ကေန ဦးေဆာင္ကာ တက္ေတာ့သည္။ ေတာင္ေပၚအျမင့္ကို ေရာက္လာေလေလ ေလတိုးသည့္အရွိန္ကမ်ားလာေလေလပင္။ ေတာင္ထိပ္ဆုံးမွာတည္ထားသည့္ ဘုရားကို မေရာက္ခင္ လမ္းမွာပင္ ဆက္မတက္နိုင္ေလာက္ေအာင္ ေမာပန္းလာသည္။ ေတာင္ဇလပ္တစ္ပင္ကို မွီတြယ္ကာ ထိုင္ခ်လိဳက္ေတာ့ အ႐ုဏ္ဦးက လွည့္ၾကည့္ကာ ရယ္ေတာ့သည္။

" ေအးေအးေဆးေဆး အိပ္ရာထဲမွာ မေကြးဘဲ မင္းနဲ႕အတူအလွပဆုံးရႈခင္း ခံစားခ်င္သေလး ဘာေလးနဲ႕ ဘယ္လိုေနသလဲ ေဒါက္တာ "

ၿပဳံးစစနဲ႕ စေနာက္ေနေသာ ရွမ္းကေလးဟာ ျမင္ေနရ႐ုံနဲ႕ တကယ့္ကို အေမာေျပေစမွန္း သူကိုယ္တိုင္ပင္ သိမည္မဟုတ္ေခ်။ ထိုင္ရာမွမထဘဲ လက္ကို ျမႇောက္လိုက္ကာ အ႐ုဏ္ဦးကို လွမ္းေျပာလိုက္သည္။

" ဆက္မတက္နိုင္ေတာ့ဘူး ေမာင့္ကို ကူတြဲဦး "

ရဲရဲနီသြားေသာ နား႐ြက္ေတြဟာ ေတာင္ဇလပ္ပန္းေတြထက္ပင္ နီရဲေနေတာ့သည္။ မ်က္ေမွာင္ႀကဳံ႕ကာ သူ႕ကို ေအာ္ဖို႔ျပင္ေပမယ့္ ဖုန္းဝင္လာသည့္ သီခ်င္းက ႏွောင့္ယွက္သြားေလသည္။

" ဟယ္လို ဆရာမ ေျပာပါ "

" ဆရာအ႐ုဏ္ရွင့္ patient တစ္ေယာက္ MI ( ႏွလုံးေဖာက္) နဲ႕ေရာက္လာတာဆရာ တာဝန္က်တဲ့ MO ( ဆရာဝန္) ကလည္း RTA နဲ႕ Patient ပါ ေရာက္လာလို႔  တစ္ခ်က္ၾကည့္ေပးေနတယ္ ဆရာ "

" ဟုတ္ၿပီဆရာမ ဆရာမိုးေသာက္လည္း ဒီမွာရွိေနတယ္ ေျပာလိုက္မယ္ ကြၽန္ေတာ္တို႔က ဟိုပုံးဘက္ေရာက္ေနလို႔ ျပန္လာခဲ့မယ္ အခုပဲ ျပန္ခဲ့မယ္ MO ေတြကို ေပးထားတဲ့ Guideline အတိုင္းပဲ ဆက္သြားထားပါလို႔ ဟုတ္ၿပီ ဒါပဲေနာ္ ဆရာမ "

ငုတ္တုတ္ထိုင္ေနသည့္ မိုးေသာက္ကို ဆြဲထူကာ ညည္းၫူသည့္ ေလသံျဖင့္ ေျပာလိုက္ေတာ့သည္။

" ကဲ ဆရာမိုးေသာက္ေရ... Emergency ေရာက္လာၿပီဆိုေတာ့လည္း ျပန္ၾကေပဦးစို႔... "

ေမာေမာပန္းပန္းႏွင့္ ေတာင္ေပၚအထိတက္လာခဲ့ၿပီးမွ ရႈခင္းေတြကိုပင္ အားပါးတရမၾကည့္ရေသးခင္ ေတာင္ေအာက္ျပန္ဆင္းရေပေတာ့မည္။ မတတ္နိုင္ေပ။ အေရးေပၚအေျခအေနေတြအတြက္ အၿမဲအသင့္ရွိေနရသည္က ဆရာဝန္ေတြရဲ႕ တာဝန္ဝတၱရားတစ္ခုပဲ မဟုတ္ပါလား။

ဆက္ရန္

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

614K 64.1K 25
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
3.1M 253K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
3M 193K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
2K 104 14
[မင်းဆက်မော်ကွန်း + ဇာဏီသွေး] ချစ်ခြင်းမေတ္တာသည် နာမ်ဟုဆိုရပါလျှင် ထားရှိသောသစ္စာတရားတို့သည် ပြယ်လွင့်မည်မဟုတ်သော ' ထာ၀စဉ် 'ဟူတည်း.....။