'' အစ်မလေးမျက်နှာတစ်ဖက်ကရောင် နေပါ့လား။ ဘာဖြစ်တာလဲ အစ်မလေး။ ''
'' အယ်ပြစမ်းပါအုံး။ ဘာဖြစ်တာလဲ ခင်လေး။ ''
ထွန်းတောက် ၏ စကားကြောင့် ခင်ထွေးကပါ လရောင်၏ မျက်နှာလေးအားမော့စေကာ ကြည့်လိုက်လေသည်။
'' ဟို ဘာမှမဖြစ်ပါဘူး။ ''
လရောင် ဆံပင်အားချကာဖုံးနေရင်းမှ မြင်သွားသော ကိုထွန်းတောက်နှင့်ခင်ထွေးကြောင့် ဘာပြောရမှန်မသိဖြစ်သွားလေတော့သည်။
'' မလိမ်စမ်းပါနဲ့အစ်မလေးရာ ။ ဒီလောက်နီရဲပြီးရောင်နေတာကို မဖြစ်ပါဘူး ရေခဲသွားဝယ်ပြီးကပ်ပေးအုံးမှ။ ကျုပ်ဆရာပြန်လာလို့တွေ့သွားရင်ဒေါသကထွက်အုံးမယ်။ ''
ထွန်းတောက်ပြောလည်းပြော စျေးခြင်းတောင်းကြီးအားလည်းချကာ ရေခဲဝယ်ရန်သုတ်ချေတင်လေတော့သည်။
'' ခင်လေး မှန်မှန်ပြော ဟိုသားအမိ လက်ချက်ပဲမဟုတ်လား။ ''
'' အင်း ''
လရောင် ခေါင်းကလေးညိတ်ပြီးဖြေလိုက်လေတော့သည်။
'' ထင်တယ် ထင်တယ် အဲဒါကြောင့် ခင်လေးကို ဒင်းတို့နဲ့တစ်ယောက်တည်းထားခဲ့ဖို့စိတ်မချတာ။ ခုကရော လာဖြစ်လို့ရိုက်လိုက်တာလဲ။ ''
ခင်ထွေး၏ အမေစစကားကြောင့်လရောင် ငိုချင်လျှက်လက်တို့ဖြစ်ကာ နှာခေါင်းထိပ်လေးများပင်နီလာလေသည်။
'' မမမော်လီ မမမော်လီက ကိုသစ်ဦးကို ပြန်ယူချင်နေတယ်။ ကိုသစ်ဦးက လရောင်အပေါ်ဂရုစိုက်ပေးတာတွေလည်းသူသဘောကျလှဘူးတဲ့။ ''
'' အမယ် လာလာချည်သေး။မေမြို့ မသွားချင်လို့ နတ်ပူးသလို စပ်စလူးထပြီး သောင်းကျန်ခဲ့တာ သူမဟုတ်တဲ့အတိုင်း။ ခုမှ လွှတ်တဲ့ ဟာက ရွှေ ၊ရွေးခဲ့တဲ့ဟာက ချီးဖြစ်နေလို့ နေမှာပေါ့။''
ခင်ထွေး ဒေါသထွက်ထွက်နှင့် သာပြောနေမိသည်။
'' ဘယ်တတ်နိုင်ပါ့မလဲ ခင်ထွေးရယ် အစကတည်းက ဒီနေရာက မမမော်လီနေရာပဲ။ ခင်လေးကသာ အစားထိုးခံပါ။ ပိုင်ရှင်က သူ့နေရာသူပြန်ယူချင်ရင် လရောင်ကဖယ်ပေးရမှာပေါ့။ ''
'' အို ဟုတ်ကိုမဟုတ်ဘူး။ ဘာကိစ္စ ခင်လေးက အလျှော့ပေးရမှာလဲ။ ဒါကခင်လေးနေရာ။ ပြီးတော့မြို့အုပ်မင်းကလည်း ခင်လေးကိုသဘောကျတာ။ သူ့ကိုမဟုတ်ဘူး။ ''
'' ဒါ ဒါကလည်း ခင်လေးက ယောကျ်ားပျိုမှန်းမသိသေးလို့ပါ။ သိများသိသွားခဲ့ရင် ခင်လေးကို ရွံ့ပါရွံ့သွားမှာ ။ ''
'' ဘာလို့ အဲလိုတွေလျှောက်တွေးနေတာလဲ ခင်လေးရယ်။ ခင်လေး မြို့အုပ်မင်းကို သဘောမကျဘူးလား။နည်းနည်းလေးမှ မေတ္တာမရှိဘူးလား ။''
'' ခင်လေး မမျှော်မှန်းရဲတဲ့အရာတွေပါ ခင်ထွေးရယ်''
လရောင်၏ စကားကြောင့် ခင်ထွေးသက်ပျင်းတွေသာ ချနေမိသည်။
'' အစ်မလေး ရေခဲရပြီ ။ ခင်ထွေး ကူညီပေးပါအုံး ။ ''
ခင်ထွေးအား ရေခဲတုံး ကြီးအားပေးကာ ဆိုလာသည့် ကိုထွန်းတောက်ကြောင့် ခင်ထွေးခေါင်းညိတ်ကာယူလိုက်ပြီး ဓားနှင့်ခွဲကာ သဘက်ကလေးနှင်ထုတ်ပြီး ခင်လေးအားကပ်ပေးလိုက်လေသည်။
'' အစ်မလေး ဘာကြောင့်ဒဏ်ရာရမှန်းကျုပ်မသိပေမဲ့ ။ အစ်မလေး နောက်တစ်ခါဘာမှကြောက်နေစရာမလိုဘူးနော်။ အစ်မလေးမှာ ကျုပ်ဆရာရော ၊ ကျုပ်တို့ရောရှိတယ်။ ''
ကိုထွန်းတောင်ကြီး၏ စကားကြောင့် လရောင် ငိုချင်စိတ်အားထိန်းပြီး ခေါင်းလေးသာညိတ်ပြလိုက်လေသည်။
>>>>>
<<<<<
'' မောင် ပြန်ရောက်ပြီ လရောင် ''
သစ်ဦး အိမ်ထဲသို့ဝင်ဝင်ချင်း ရှုးဖိနပ်အားချွတ်ကာ အော်ပြောလိုက်လေသည်။
'' သြော် မြို့အုပ်မင်း ပြန်ရောက်ပြီလား။ ဒေါ်ဒေါ်တို့ကတော့ အဆင်သင့်ဖြစ်နေပြီကွဲ့။ ''
'' ဟုတ်ကဲ့ဒေါ်ဒေါ်။ ဒါနဲ့လရောင်ရော''
အိမ်ထဲတွင် လေဒီရှူးဖိနပ်အားစီးကာ ဆံပင်တသသနှင့် ဟန်ရေးပြင်နေသော မော်လေးဆိုသောသူမအား လစ်လျူရှု့ကာ လရောင်အားမေးလိုက်လေသည်။
'' လရောင် ဒီမှာပါ ကိုသစ်ဦး။ မေမေကြီးကိုရေချိုးပေးနေလို့ရယ်။ ''
'' သြော် မောင်က မတွေ့လို့မေးမိတာပါ။ အဆင်သင့်ဖြစ်ပြီလား လရောင်။ ''
'' ဖြစ်ပါပြီ ကိုသစ်ဦး မေမေကြီးကိုလည်း လေကောင်းလေသန့်ရေအောင်ခေါ်သွားရအောင်နော်။ လရောင်ရေမိုးချိုးပေးထားပြီးပြီ။ ''
လရောင်၏ စကားကြောင့်သစ်ဦးပြုံးကာခေါင်းညိတ်ပြလိုက်လေသည်။
'' သြော်မမကိုရော ခေါ်အုံးမလို့လား။ မမ မပင်ပန်းဘူးလားကွယ်။ နားနားနေနေ နေပါစေ။ ''
ဒေါ်ခင်သီတာဦး ကိုပါ အတူတူခေါ်သွားမည် အသံကြားလိုက်ရသည်နှင့် ဒေါ်မာရင်မြင့် ပြာပြာသလဲလဲတားလေတော့သည်။ မဖြစ်သေးပါဘူး။ လာတဲ့နေ့တုန်းက မသိသာခဲ့ပေမဲ့ ဒီတစ်ခါ ခေါ်လာမည်ဆိုလျှင်တော့ မျက်နှာချင်းဆိုင်တွေ့မည်မှာ မလွဲဧကန်ပင် ။ အတိတ်က အကြောင်းတွေ ခေါင်းထဲ တရိပ်ရိပ်ပြန်ပေါ်လာတော့ မမသီတာအားသူမျက်နှာချင်းကိုမဆိုင်ရဲပေ။
'' မေမေ လည်းလရောင်ကြောင့်တော်တော် အခြေအနေတွေတိုးတက်ပြီးကောင်းနေပါပြီ။ လေကောင်းလေသန့်သွားရှူမှာပဲ မေမေမပင်ပန်းလောက်ပါဘူး။ ကဲလရောင်ဒါဖြင့် မေမေ့ကိုလည်းအဆင်သင့်လုပ်ထား နော်။ မောင်ရေချိုး ပြင်ဆင်ပြီးတာနဲ့ဆင်းခဲ့မယ်။ နေ့လည်စာလည်းလှော်ကားမှာပဲစားကြတာပေါ့။ ''
သစ်ဦး၏ စကားကြောင့် ဒေါ်မာရင်မြင့် အကြံအိုက်ကာ ဘာလုပ်ရမှန်းမသိဖြစ်နေလေတော့သည်။ သူတို့သတင်းကြားတာတော့ မမသီတာက စကားလည်းမပြောနိုင်တော့သလို အောက်ပိုင်းလည်းသေသွားပြီး ၊ စိတ်ကျရောဂါပါ ခံစားသွားရသည်ဟုပင်။ ခင်မင်မှုကြောင့်စိတ်မကောင်းဖြစ်မိပေမဲ့ မတတ်နိုင်ပါ။ ဒီလိုတွေဖြစ်အောင် လုပ်ခဲ့တာ သူတို့ပဲမဟုတ်ပါလား။
>>>>>
<<<<<
'' မေမေ မမှတ်မိဘူးလား ဒေါ်မာရင်မြင့်လေ။ ဖေဖေ့မိတ်ဆွေ ဦးကိုကိုကျော်ရဲ့ဇနီးပေါ့''
မေမေကြီးအား အောက်သို့ ဘီးတပ် သစ်သားကုလားထိုင်လေးဖြင့်ချကာ ကားပေါ်တက်ရန်ပြင်နေသော မေမေမြင့်အားပြကာ ပြောပြနေသော ကိုသစ်ဦးကြောင့် လရောင် မေမေမြင့်အားကြည့်လိုက်လေသည်။
'' ဟင်း ဟို မမသီတာ မြင့်လေ မြင့်ကို မမှတ်မိဘူးလားဟင်။ ကိုမိုးမှောင်တို့ရှိတုန်းက နှစ်အိမ်တစ်အိမ်နေခဲ့ကြတာလေ ''
ဒေါ်မာရင်မြင့် အပြုံးချိုချိုလေးနှင့် ဟန်ဆောင်ကာမေးလိုက်ပေမဲ့ ချွေးတွေပင်ထွက်နေလေသည်။
'' ....''
ဘာစကားမှမဆိုလာပဲ မိမိအားစိုက်ကြည့်နေသည့် မမသီတာကြောင့် ဒေါ်မာရင့်မြင့် မလုံမလဲဖြစ်လာလေသည်။
'' မမသီတာက မမှတ်မိဘူးထင်တယ်။ ရပါတယ် လူလည်းစုံနေပြီဆိုတော့တို့တွေသွားကြတော့မလား။ ''
ဒေါ်မာရင်မြင့်စကားလမ်းကြောင်းလွှဲကာမော်တော် ကားပေါ်တက်ရန် ပြင်လိုက်လေသည်။
'' ဟင့်အင်း... ဟင့်အင်း...ဟင့်အင်း...ဟင့်အင်း..''
မော်တော်ကားအား ကြည့်ကာ ခေါင်းတစ်ခါခါနှင့် အသားတွေပါတုန်လာသည့်မေမေကြီးကြောင့် လရောင်စိုးရိမ်သွားလေသည်။
'' မေမေကြီး ဘာဖြစ်တာလဲ မေမေကြီး ဘာဖြစ်လို့လဲဟင်။ ''
လရောင်၏ စကားကြောင့် သစ်ဦးနှင့် ထွန်းတောက်ကပါအနားရောက်လာပြီး မေမေ့ရှေ့တွင်ဒူးထောက်ထိုင်ချလိုက်လေသည်။
'' မေမေ ။ မေမေ သားကိုကြည့်ပါအုံး။ မေမေ ကြောက်လို့လား ။ မေမေကြောက်နေလို့လား။ ''
'' မေမေကြီးက မော်တော်ကားကိုကြောက်နေတာထင်တယ် အာစရိ ဘယ်လိုလုပ်ကြမလဲ။ ''
ကားမတော်တဆမှုကြောင့် ဖေဖေ့အားဆုံးရှုံးရပြီး ယခုကဲ့သို့ဖြစ်သွားခဲ့ရသောမေမေသည် မော်တောကားအားကြောက်သွားဟန်တူသည်။
'' မေမေ ကြီးမကြောက်နဲ့နော် မစီးတော့ဘူး မေမေကြီးလရောင်ကိုကြည့် ''
လရောင်မေမေကြီးအား အတင်းဆွဲကာ ဖက်ထားကာမှ မေမေကြီးသည် နည်းနည်းငြိမ်သွားလေသည်။
'' ကဲထွန်းတောက် မင်းရယ်၊ ခင်ထွေးရယ်ဒေါ်ဒေါ်တို့တူရီးရယ် မော်တော်ကားနဲ့သာသွားနှင့်လိုက်တော့ကွယ်။ လရောင်ရယ် ၊ ကျုပ်ရယ်ရေ မေမေရယ် မြင်းလှည်းနဲ့ပဲလိုက်ခဲ့တော့မယ်။ ''
သစ်ဦး၏ စကားကြောင့် ဒေါ်မာရင်မြင့်သည် အလိုမကျ သလိုကားပေါ်မှဆင်းလာလေသည်။
'' မဟုတ်တာ မြို့အုပ်မင်းရယ် မော်လေးရယ် မြင်းလှည်းနဲ့စီးပြီးလိုက်ခဲ့ပါလား လရောင်လေးက ဘာလုပ်ပေးတတ်မှာကြလို့ ''
'' ဟုတ်သား မော်လေးလိုက်ခဲ့ပေးမယ်လေ''
လရောင် ဘာမှမပြောရဲတာကြောင့် မျက်နှာငယ်လေးနှင့်သာငြိမ်နေမိသည်။
'' ရတယ်ဒေါ်ဒေါ်။ မေမေက လရောင်နဲ့မှအဆင်ပြေမှာ ။ လရောင် တစ်ယောက်တည်းကိုပဲ မေမေကလည် လက်ခံတာ ''
သစ်ဦး၏ စကားကြောင့် ဒေါ်မာရင်မြင့်ရော မော်လီပါ မချိပြုံးကြီးများနှင့်သာ မော်တော်ကားခဲပြန်ဝင်သွားလေတော့သည်။
'' ကဲလရောင် မောင် မေမေ့ကို ချီပြီး မြင်းလှည်းပေါ်တင်လိုက်အုံးမယ် လရောင် ဒီ ထိုင်ခုံလေးမခဲ့ပေးနော်။ ''
'' ဟုတ်ကဲ့ပါ ကိုသစ်ဦး ''
မေမေကြီးအားမကာ မြင်းလှည်းပေါ်တင်လိုက်သော ကိုသစ်ဦးကြောင့် လရောင်လည်း သစ်သားထိုင်ခုံလေးအားခေါက်ချိုးအတိုင်းခေါက်ကာ မြင်းလှည်းပေါ်တင်လိုက်ပြီး မိမိပါတက်လိုက်လေသည်။
>>>>>>
<<<<<<
'' ကဲ ဗိုက်ဆာ ကြရောပေါ့ ဘာစားကြမလဲ ''
လှော်ကားဥယာဥ်သို့ရောက်ရောက်ချင်းဖျာခင်းကာထိုင်ရင်း လရောင်အားကြည့်ကာ မေးလိုက်သော သစ်ဦးကြောင့် လရောင်ပြုံးသာပြလိုက်လေသည်။
'' ခင်ထွေး အိမ်ကနေ ထမင်းချိုင်ထုတ်ခဲ့တယ်။ ခဏလေး မော်တော်ကားထဲက ကြိမ်ခြင်းထဲမှာ ။ ''
'' ကဲ ဒါဆိုရင်လည်း အလျင်သင့်တာပေါ့။ ဒါပဲစားလိုက်ရအောင်။ ''
ခင်ထွေးနှင့် ထွန်းတောက် ကားဆီသို့သွား၍ ထမင်းချိုင့်ယူလိုက်ပြီး ပြန်လာလေတော့သည်။
'' လရောင် မေမေက အဆင်ပြေသွားပြီ နားပါအုံး။ လရောင်ဘာစားမလဲ မောင်ထည့်ပေးမယ်''
မေမေ့အားအရိပ်တကြည့်ကြည့်နဲ့ခုထိစိုးရိမ်နေသော လရောင်ကြောင့် သစ်ဦး ထိုသိုပြောကာ ထမင်ခူးပေးလိုက်ပြီးပေးလိုက်လေသည်။
'' လရောင်က ဘာဖြစ်ဖြစ်စားပါတယ်။ ''
'' ဒါဖြင့် ဒီပုဇွန်ဆီပြန်လေးစား မောင်ကိုယ်တိုင်အခွံခွာပေးထားတာ။ ''
လရောင် ပန်းကန်ထဲအား ပုဇွန်းလေး ထည့်ပေးကာပြောလာသော သစ်ဦးကြောင့် မော်လီရော ဒေါ်မာရင်မြင့်ပါမျက်နှာပျက်သွားလေတော့သည်။
'' ဒါနဲ့ဒေါ်ဒေါ်''
'' ပြောပါ မြို့အုပ်မင်း ''
မိမိနာမည်အားခေါ်လိုက်သော မြို့အုပ်မင်းကြောင့် ဒေါ်မာရင်မြင့် စားလက်စထမင်းအား ချကာ ပြာပြာသလဲ ပြောလိုက်လေသည်။
'' လရောင်နဲ့ကျွန်တော် လက်ထပ်ချင်ပြီ။ ဘယ်တော့လက်ထပ်ပေးဖို့စိတ်ကူးထားသလဲ ဒေါ်ဒေါ် ''
သစ်ဦး၏ စကားကြောင့် လရောင် မျက်လုံးလေးပြူးသွားကာကြောင်ကြည့်နေမိသလို ဒေါ်မာရင်မြင့်မင်ထမင်းမစားနိုင်တော့ဘဲ ဘာပြောရမှန်းမသိဖြစ်သွာလေးတော့သည်။
'' ကျုပ်တို့က လူကြီးချင်းလည်းကြောင်းလှမ်းထားပြီးသားမဟုတ်ပါလား။ လရောင်လည်း ဒီကိုရောက်နေတာကြာပြီဆိုတော့ ပတ်ဝန်းကျင်ကလည်း တစ်မျိုးမြင်ကြမယ်။ နို့ပြီး ကျုပ်ကိုယ်တိုင်ကလည်း လရောင်ကို မေတ္တာသက်ဝင်နေပြီမို့ ကျုပ်တို့လက်ထပ်ဖို့ကို ထပ်ပြီးအချိန်မဆွဲချင်တော့ဘူး ဒေါ်ဒေါ်''
'' ဟို ဒါ ဒါကလေ လရောင်လေးကလည်း ငယ်သေးသလားလို့လေ။ နို့ပြီး ဒေါ်ဒေါ်ကလည်း လရောင်လေးကိုမခွဲနိုင်သေးဘူးကွယ်''
ဝမ်နည်းသလိုမျက်နှာထားနှင့်ပြောလာသော ဒေါ်မာရင်မြင့်ကြောင့် သစ်ဦး မဲ့ပြုံးလေးသာပြုံးမိလေသည်။
'' ခွဲနိုင်လို့ပဲ ရန်ကုန်ကနေ မေမြို့အထိ တစ်ယောက်တည်း လွှတ်လိုက်ပြီးပြီ မဟုတ်လား ဒေါ်ဒေါ် ''
'' အို ဒါကတော့''
ဒေါ်မာရင်မြင့် ဘာပြောရမှန်းမသိ ဖြစ်သွားလေတော့သည်။
'' ကိုသစ်ဦး လရောင်နဲ့စကားခဏ ပြောရအောင်ပါ''
အခြေအနေတွေကြား ဘာပြောရမှန်းမသိသောလရောင် သစ်ဦးကိုသာ အတင်းဆွဲပြီး စကားပြောရန်ပြောလေတော့သည်။
ချယ်ရီ ပင်တွေအောက် လရောင်ရပ်လိုက်တော့မှ နောက်ကလိုက်လာသော သစ်ဦးလည်းရပ်လိုက်လေသည်။
'' ကိုသစ်ဦး ''
'' မောင်ရှိနေတယ်''
'' လရောင် တို့လက်ထပ်ဖို့က ... ''
'' ငြင်းအုံးမလို့လားလရောင် ''
'' မဟုတ်ပါဘူး။ လရောင်ပြောချင်တာက နည်းနည်း ...''
'' မောင့်ကို ချစ်သလား လရောင်''
''လရောင်မချစ်ရဲဘူး...''
'' ဒါဖြင့် မောင့်ကိုမုန်းနေသလား ''
'' မဖြစ်နိုင်ဆုံးအရာပါ ခင်ဗျားရယ် ''
'' ရပြီ လရောင် ဒီလောက်ဆို ရပါပြီ။ ''
>>>>>
<<<<<
5.11.2023
TBC____
လိမ္မာနော် ဒီနေ့ပါ Up ပေးတာ cmt တွေလိုက်ဖတ်ရတာသဘောကျတာမို့ cmt လေးတွေရေးပေးကြပါအုံးနော်
'' အစ္မေလးမ်က္ႏွာတစ္ဖက္ကေရာင္ ေနပါ႔လား။ ဘာျဖစ္တာလဲ အစ္မေလး။ ''
'' အယ္ျပစမ္းပါအုံး။ ဘာျဖစ္တာလဲ ခင္ေလး။ ''
ထွန်းတောက် ၏ စကားေၾကာင့္ ခင္ေထြးကပါ လေရာင္၏ မ်က္ႏွာေလးအားေမာ့ေစကာ ၾကည့္လိုက္ေလသည္။
'' ဟို ဘာမွမျဖစ္ပါဘူး။ ''
လေရာင္ ဆံပင္အားခ်ကာဖုံးေနရင္းမွ ျမင္သြားေသာ ကိုထြန္းေတာက္ႏွင့္ခင္ေထြးေၾကာင့္ ဘာေျပာရမွန္မသိျဖစ္သြားေလေတာ့သည္။
'' မလိမ္စမ္းပါနဲ႔အစ္မေလးရာ ။ ဒီေလာက္နီရဲၿပီးေရာင္ေနတာကို မျဖစ္ပါဘူး ေရခဲသြားဝယ္ၿပီးကပ္ေပးအုံးမွ။ က်ဳပ္ဆရာျပန္လာလို႔ေတြ႕သြားရင္ေဒါသကထြက္အုံးမယ္။ ''
ထြန္းေတာက္ေျပာလည္းေျပာ ေစ်းျခင္းေတာင္းႀကီးအားလည္းခ်ကာ ေရခဲဝယ္ရန္သုတ္ေခ်တင္ေလေတာ့သည္။
'' ခင္ေလး မွန္မွန္ေျပာ ဟိုသားအမိ လက္ခ်က္ပဲမဟုတ္လား။ ''
'' အင္း ''
လေရာင္ ေခါင္းကေလးညိတ္ၿပီးေျဖလိုက္ေလေတာ့သည္။
'' ထင္တယ္ ထင္တယ္ အဲဒါေၾကာင့္ ခင္ေလးကို ဒင္းတို႔နဲ႔တစ္ေယာက္တည္းထားခဲ့ဖို႔စိတ္မခ်တာ။ ခုကေရာ လာျဖစ္လို႔႐ိုက္လိုက္တာလဲ။ ''
ခင္ေထြး၏ အေမစစကားေၾကာင့္လေရာင္ ငိုခ်င္လွ်က္လက္တို႔ျဖစ္ကာ ႏွာေခါင္းထိပ္ေလးမ်ားပင္နီလာေလသည္။
'' မမေမာ္လီ မမေမာ္လီက ကိုသစ္ဦးကို ျပန္ယူခ်င္ေနတယ္။ ကိုသစ္ဦးက လေရာင္အေပၚဂ႐ုစိုက္ေပးတာေတြလည္းသူသေဘာက်လွဘူးတဲ့။ ''
'' အမယ္ လာလာခ်ည္ေသး။ေမၿမိဳ႕ မသြားခ်င္လို႔ နတ္ပူးသလို စပ္စလူးထၿပီး ေသာင္းက်န္ခဲ့တာ သူမဟုတ္တဲ့အတိုင္း။ ခုမွ လႊတ္တဲ့ ဟာက ေရႊ ၊ေရြးခဲ့တဲ့ဟာက ခ်ီးျဖစ္ေနလို႔ ေနမွာေပါ႔။''
ခင္ေထြး ေဒါသထြက္ထြက္ႏွင့္ သာေျပာေနမိသည္။
'' ဘယ္တတ္ႏိုင္ပါ႔မလဲ ခင္ေထြးရယ္ အစကတည္းက ဒီေနရာက မမေမာ္လီေနရာပဲ။ ခင္ေလးကသာ အစားထိုးခံပါ။ ပိုင္ရွင္က သူ့ေနရာသူျပန္ယူခ်င္ရင္ လေရာင္ကဖယ္ေပးရမွာေပါ႔။ ''
'' အို ဟုတ္ကိုမဟုတ္ဘူး။ ဘာကိစၥ ခင္ေလးက အေလွ်ာ့ေပးရမွာလဲ။ ဒါကခင္ေလးေနရာ။ ၿပီးေတာ့ၿမိဳ႕အုပ္မင္းကလည္း ခင္ေလးကိုသေဘာက်တာ။ သူ့ကိုမဟုတ္ဘူး။ ''
'' ဒါ ဒါကလည္း ခင္ေလးက ေယာက်္ားပ်ိဳမွန္းမသိေသးလို႔ပါ။ သိမ်ားသိသြားခဲ့ရင္ ခင္ေလးကို ရြံ႕ပါရြံ႕သြားမွာ ။ ''
'' ဘာလို႔ အဲလိုေတြေလွ်ာက္ေတြးေနတာလဲ ခင္ေလးရယ္။ ခင္ေလး ၿမိဳ႕အုပ္မင္းကို သေဘာမက်ဘူးလား။နည္းနည္းေလးမွ ေမတၱာမရွိဘူးလား ။''
'' ခင္ေလး မေမွ်ာ္မွန္းရဲတဲ့အရာေတြပါ ခင္ေထြးရယ္''
လေရာင္၏ စကားေၾကာင့္ ခင္ေထြးသက္ပ်င္းေတြသာ ခ်ေနမိသည္။
'' အစ္မေလး ေရခဲရၿပီ ။ ခင္ေထြး ကူညီေပးပါအုံး ။ ''
ခင္ေထြးအား ေရခဲတုံး ႀကီးအားေပးကာ ဆိုလာသည့္ ကိုထြန္းေတာက္ေၾကာင့္ ခင္ေထြးေခါင္းညိတ္ကာယူလိုက္ၿပီး ဓားႏွင့္ခြဲကာ သဘက္ကေလးႏွင္ထုတ္ၿပီး ခင္ေလးအားကပ္ေပးလိုက္ေလသည္။
'' အစ္မေလး ဘာေၾကာင့္ဒဏ္ရာရမွန္းက်ဳပ္မသိေပမဲ့ ။ အစ္မေလး ေနာက္တစ္ခါဘာမွေၾကာက္ေနစရာမလိုဘူးေနာ္။ အစ္မေလးမွာ က်ဳပ္ဆရာေရာ ၊ က်ဳပ္တို႔ေရာရွိတယ္။ ''
ကိုထြန္းေတာင္ႀကီး၏ စကားေၾကာင့္ လေရာင္ ငိုခ်င္စိတ္အားထိန္းၿပီး ေခါင္းေလးသာညိတ္ျပလိုက္ေလသည္။
>>>>>
<<<<<
'' ေမာင္ ျပန္ေရာက္ၿပီ လေရာင္ ''
သစ္ဦး အိမ္ထဲသို႔ဝင္ဝင္ခ်င္း ရႈးဖိနပ္အားခြၽတ္ကာ ေအာ္ေျပာလိုက္ေလသည္။
'' ေၾသာ္ ၿမိဳ႕အုပ္မင္း ျပန္ေရာက္ၿပီလား။ ေဒၚေဒၚတို႔ကေတာ့ အဆင္သင့္ျဖစ္ေနၿပီကြဲ႕။ ''
'' ဟုတ္ကဲ့ေဒၚေဒၚ။ ဒါနဲ႔လေရာင္ေရာ''
အိမ္ထဲတြင္ ေလဒီ႐ွဴးဖိနပ္အားစီးကာ ဆံပင္တသသႏွင့္ ဟန္ေရးျပင္ေနေသာ ေမာ္ေလးဆိုေသာသူမအား လစ္လ်ဴရႈ့ကာ လေရာင္အားေမးလိုက္ေလသည္။
'' လေရာင္ ဒီမွာပါ ကိုသစ္ဦး။ ေမေမႀကီးကိုေရခ်ိဳးေပးေနလို႔ရယ္။ ''
'' ေၾသာ္ ေမာင္က မေတြ႕လို႔ေမးမိတာပါ။ အဆင္သင့္ျဖစ္ၿပီလား လေရာင္။ ''
'' ျဖစ္ပါၿပီ ကိုသစ္ဦး ေမေမႀကီးကိုလည္း ေလေကာင္းေလသန္႔ေရေအာင္ေခၚသြားရေအာင္ေနာ္။ လေရာင္ေရမိုးခ်ိဳးေပးထားၿပီးၿပီ။ ''
လေရာင္၏ စကားေၾကာင့္သစ္ဦးၿပဳံးကာေခါင္းညိတ္ျပလိုက္ေလသည္။
'' ေၾသာ္မမကိုေရာ ေခၚအုံးမလို႔လား။ မမ မပင္ပန္းဘူးလားကြယ္။ နားနားေနေန ေနပါေစ။ ''
ေဒၚခင္သီတာဦး ကိုပါ အတူတူေခၚသြားမည္ အသံၾကားလိုက္ရသည္ႏွင့္ ေဒၚမာရင္ျမင့္ ျပာျပာသလဲလဲတားေလေတာ့သည္။ မျဖစ္ေသးပါဘူး။ လာတဲ့ေန႔တုန္းက မသိသာခဲ့ေပမဲ့ ဒီတစ္ခါ ေခၚလာမည္ဆိုလွ်င္ေတာ့ မ်က္ႏွာခ်င္းဆိုင္ေတြ႕မည္မွာ မလြဲဧကန္ပင္ ။ အတိတ္က အေၾကာင္းေတြ ေခါင္းထဲ တရိပ္ရိပ္ျပန္ေပၚလာေတာ့ မမသီတာအားသူမ်က္ႏွာခ်င္းကိုမဆိုင္ရဲေပ။
'' ေမေမ လည္းလေရာင္ေၾကာင့္ေတာ္ေတာ္ အေျခအေနေတြတိုးတက္ၿပီးေကာင္းေနပါၿပီ။ ေလေကာင္းေလသန္႔သြား႐ွဴမွာပဲ ေမေမမပင္ပန္းေလာက္ပါဘူး။ ကဲလေရာင္ဒါျဖင့္ ေမေမ့ကိုလည္းအဆင္သင့္လုပ္ထား ေနာ္။ ေမာင္ေရခ်ိဳး ျပင္ဆင္ၿပီးတာနဲ႔ဆင္းခဲ့မယ္။ ေန႔လည္စာလည္းေလွာ္ကားမွာပဲစားၾကတာေပါ႔။ ''
သစ္ဦး၏ စကားေၾကာင့္ ေဒၚမာရင္ျမင့္ အႀကံအိုက္ကာ ဘာလုပ္ရမွန္းမသိျဖစ္ေနေလေတာ့သည္။ သူတို႔သတင္းၾကားတာေတာ့ မမသီတာက စကားလည္းမေျပာႏိုင္ေတာ့သလို ေအာက္ပိုင္းလည္းေသသြားၿပီး ၊ စိတ္က်ေရာဂါပါ ခံစားသြားရသည္ဟုပင္။ ခင္မင္မႈေၾကာင့္စိတ္မေကာင္းျဖစ္မိေပမဲ့ မတတ္ႏိုင္ပါ။ ဒီလိုေတြျဖစ္ေအာင္ လုပ္ခဲါတာ သူတို႔ပဲမဟုတ္ပါလား။
>>>>>
<<<<<
'' ေမေမ မမွတ္မိဘူးလား ေဒၚမာရင္ျမင့္ေလ။ ေဖေဖ့မိတ္ေဆြ ဦးကိုကိုေက်ာ္ရဲ႕ဇနီးေပါ႔''
ေမေမႀကီးအား ေအာက္သို႔ ဘီးတပ္ သစ္သားကုလားထိုင္ေလးျဖင့္ခ်ကာ ကားေပၚတက္ရန္ျပင္ေနေသာ ေမေမျမင့္အားျပကာ ေျပာျပေနေသာ ကိုသစ္ဦးေၾကာင့္ လေရာင္ ေမေမျမင့္အားၾကည့္လိုက္ေလသည္။
'' ဟင္း ဟို မမသီတာ ျမင့္ေလ ျမင့္ကို မမွတ္မိဘူးလားဟင္။ ကိုမိုးေမွာင္တို႔ရွိတုန္းက ႏွစ္အိမ္တစ္အိမ္ေနခဲ့ၾကတာေလ ''
ေဒၚမာရင္ျမင့္ အၿပဳံးခ်ိဳခ်ိဳေလးႏွင့္ ဟန္ေဆာင္ကာေမးလိုက္ေပမဲ့ ေခြၽးေတြပင္ထြက္ေနေလသည္။
'' ....''
ဘာစကားမွမဆိုလာပဲ မိမိအားစိုက္ၾကည့္ေနသည့္ မမသီတာေၾကာင့္ ေဒၚမာရင့္ျမင့္ မလုံမလဲျဖစ္လာေလသည္။
'' မမသီတာက မမွတ္မိဘူးထင္တယ္။ ရပါတယ္ လူလည္းစုံေနၿပီဆိုေတာ့တို႔ေတြသြားၾကေတာ့မလား။ ''
ေဒၚမာရင္ျမင့္စကားလမ္းေၾကာင္းလႊဲကာေမာ္ေတာ္ ကားေပၚတက္ရန္ ျပင္လိုက္ေလသည္။
'' ဟင့္အင္း... ဟင့္အင္း...ဟင့္အင္း...ဟင့္အင္း..''
ေမာ္ေတာ္ကားအား ၾကည့္ကာ ေခါင္းတစ္ခါခါႏွင့္ အသားေတြပါတုန္လာသည့္ေမေမႀကီးေၾကာင့္ လေရာင္စိုးရိမ္သြားေလသည္။
'' ေမေမႀကီး ဘာျဖစ္တာလဲ ေမေမႀကီး ဘာျဖစ္လို႔လဲဟင္။ ''
လေရာင္၏ စကားေၾကာင့္ သစ္ဦးႏွင့္ ထြန္းေတာက္ကပါအနားေရာက္လာၿပီး ေမေမ့ေရွ႕တြင္ဒူးေထာက္ထိုင္ခ်လိုက္ေလသည္။
'' ေမေမ ။ ေမေမ သားကိုၾကည့္ပါအုံး။ ေမေမ ေၾကာက္လို႔လား ။ ေမေမေၾကာက္ေနလို႔လား။ ''
'' ေမေမႀကီးက ေမာ္ေတာ္ကားကိုေၾကာက္ေနတာထင္တယ္ အာစရိ ဘယ္လိုလုပ္ၾကမလဲ။ ''
ကားမေတာ္တဆမႈေၾကာင့္ ေဖေဖ့အားဆုံးရႈံးရၿပီး ယခုကဲ့သို႔ျဖစ္သြားခဲ့ရေသာေမေမသည္ ေမာ္ေတာကားအားေၾကာက္သြားဟန္တူသည္။
'' ေမေမ ႀကီးမေၾကာက္နဲ႔ေနာ္ မစီးေတာ့ဘူး ေမေမႀကီးလေရာင္ကိုၾကည့္ ''
လေရာင္ေမေမႀကီးအား အတင္းဆြဲကာ ဖက္ထားကာမွ ေမေမႀကီးသည္ နည္းနည္းၿငိမ္သြားေလသည္။
'' ကဲထြန္းေတာက္ မင္းရယ္၊ ခင္ေထြးရယ္ေဒၚေဒၚတို႔တူရီးရယ္ ေမာ္ေတာ္ကားနဲ႔သာသြားႏွင့္လိုက္ေတာ့ကြယ္။ လေရာင္ရယ္ ၊ က်ဳပ္ရယ္ေရ ေမေမရယ္ ျမင္းလွည္းနဲ႔ပဲလိုက္ခဲ့ေတာ့မယ္။ ''
သစ္ဦး၏ စကားေၾကာင့္ ေဒၚမာရင္ျမင့္သည္ အလိုမက် သလိုကားေပၚမွဆင္းလာေလသည္။
'' မဟုတ္တာ ၿမိဳ႕အုပ္မင္းရယ္ ေမာ္ေလးရယ္ ျမင္းလွည္းနဲ႔စီးၿပီးလိုက္ခဲ့ပါလား လေရာင္ေလးက ဘာလုပ္ေပးတတ္မွာၾကလို႔ ''
'' ဟုတ္သား ေမာ္ေလးလိုက္ခဲ့ေပးမယ္ေလ''
လေရာင္ ဘာမွမေျပာရဲတာေၾကာင့္ မ်က္ႏွာငယ္ေလးႏွင့္သာၿငိမ္ေနမိသည္။
'' ရတယ္ေဒၚေဒၚ။ ေမေမက လေရာင္နဲ႔မွအဆင္ေျပမွာ ။ လေရာင္ တစ္ေယာက္ထဲကိုပဲ ေမေမကလည္ လက္ခံတာ ''
သစ္ဦး၏ စကားေၾကာင့္ ေဒၚမာရင္ျမင့္ေရာ ေမာ္လီပါ မခ်ိၿပဳံးႀကီးမ်ားႏွင့္သာ ေမာ္ေတာ္ကားခဲျပန္ဝင္သြားေလေတာ့သည္။
'' ကဲလေရာင္ ေမာင္ေမေမ့ကို ခ်ီၿပီး ျမင္းလွည္းေပၚတင္လိုက္အုံးမယ္ လေရာင္ ဒီ ထိုင္ခုံေလးမခဲ့ေပးေနာ္။ ''
'' ဟုတ္ကဲ့ပါ ကိုသစ္ဦး ''
ေမေမႀကီးအားမကာ ျမင္းလွည္းေပၚတင္လိုက္ေသာ ကိုသစ္ဦးေၾကာင့္ လေရာင္လည္း သစ္သားထိုင္ခုံေလးအားေခါက္ခ်ိဳးအတိုင္းေခါက္ကာ ျမင္းလွည္းေပၚတင္လိုက္ၿပီး မိမိပါတက္လိုက္ေလသည္။
>>>>>>
<<<<<<
'' ကဲ ဗိုက္ဆာ ၾကေရာေပါ႔ ဘာစားၾကမလဲ ''
ေလွာ္ကားဥယာဥ္သို႔ေရာက္ေရာက္ခ်င္းဖ်ာခင္းကာထိုင္ရင္း လေရာင္အားၾကည့္ကာ ေမးလိုက္ေသာ သစ္ဦးေၾကာင့္ လေရာင္ၿပဳံးသာျပလိုက္ေလသည္။
'' ခင္ေထြး အိမ္ကေန ထမင္းခ်ိဳင္ထုတ္ခဲ့တယ္။ ခဏေလး ေမာ္ေတာ္ကားထဲက ႀကိမ္ျခင္းထဲမွာ ။ ''
'' ကဲ ဒါဆိုရင္လည္း အလ်င္သင့္တာေပါ႔။ ဒါပဲစားလိုက္ရေအာင္။ ''
ခင္ေထြးႏွင့္ ထြန္းေတာက္ ကားဆီသို႔သြား၍ ထမင္းခ်ိဳင့္ယူလိုက္ၿပီး ျပန္လာေလေတာ့သည္။
'' လေရာင္ ေမေမက အဆင္ေျပသြားၿပီ နားပါအုံး။ လေရာင္ဘာစားမလဲ ေမာင္ထည့္ေပးမယ္''
ေမေမ့အားအရိပ္တၾကည့္ၾကည့္နဲ႔ခုထိစိုးရိမ္ေနေသာ လေရာင္ေၾကာင့္ သစ္ဦး ထိုသိုေျပာကာ ထမင္ခူးေပးလိုက္ၿပီးေပးလိုက္ေလသည္။
'' လေရာင္က ဘာျဖစ္ျဖစ္စားပါတယ္။ ''
'' ဒါျဖင့္ ဒီပုဇြန္ဆီျပန္ေလးစား ေမာင္ကိုယ္တိုင္အခြံခြာေပးထားတာ။ ''
လေရာင္ ပန္းကန္ထဲအား ပုဇြန္းေလး ထည့္ေပးကာေျပာလာေသာ သစ္ဦးေၾကာင့္ ေမာ္လီေရာ ေဒၚမာရင္ျမင့္ပါမ်က္ႏွာပ်က္သြားေလေတာ့သည္။
'' ဒါနဲ႔ေဒၚေဒၚ''
'' ေျပာပါ ၿမိဳ႕အုပ္မင္း ''
မိမိနာမည္အားေခၚလိုက္ေသာ ၿမိဳ႕အုပ္မင္းေၾကာင့္ ေဒၚမာရင္ျမင့္ စားလက္စထမင္းအား ခ်ကာ ျပာျပာသလဲ ေျပာလိုက္ေလသည္။
'' လေရာင္နဲ႔ကြၽန္ေတာ္ လက္ထပ္ခ်င္ၿပီ။ ဘယ္ေတာ့လက္ထပ္ေပးဖို႔စိတ္ကူးထားသလဲ ေဒၚေဒၚ ''
သစ္ဦး၏ စကားေၾကာင့္ လေရာင္ မ်က္လုံးေလးျပဴးသြားကာေၾကာင္ၾကည့္ေနမိသလို ေဒၚမာရင္ျမင့္မင္ထမင္းမစားႏိုင္ေတာ့ဘဲ ဘာေျပာရမွန္းမသိျဖစ္သြာေလးေတာ့သည္။
'' က်ဳပ္တို႔က လူႀကီးခ်င္းလည္းေၾကာင္းလွမ္းထားၿပီးသားမဟုတ္ပါလား။ လေရာင္လည္း ဒီကိုေရာက္ေနတာၾကာၿပီဆိုေတာ့ ပတ္ဝန္းက်င္ကလည္း တစ္မ်ိဳးျမင္ၾကမယ္။ ႏို႔ၿပီး က်ဳပ္ကိုယ္တိုင္ကလည္း လေရာင္ကို ေမတၱာသက္ဝင္ေနၿပီမို႔ က်ဳပ္တို႔လက္ထပ္ဖို႔ကို ထပ္ၿပီးအခ်ိန္မဆြဲခ်င္ေတာ့ဘူး ေဒၚေဒၚ''
'' ဟို ဒါ ဒါကေလ လေရာင္ေလးကလည္း ငယ္ေသးသလားလို႔ေလ။ ႏို႔ၿပီး ေဒၚေဒၚကလည္း လေရာင္ေလးကိုမခြဲႏိုင္ေသးဘူးကြယ္''
ဝမ္နည္းသလိုမ်က္ႏွာထားႏွင့္ေျပာလာေသာ ေဒၚမာရင္ျမင့္ေၾကာင့္ သစ္ဦး မဲ့ၿပဳံးေလးသာၿပဳံးမိေလသည္။
'' ခြဲႏိုင္လို႔ပဲ ရန္ကုန္ကေန ေမၿမိဳ႕အထိ တသ္ေယာက္တည္း လႊတ္လိုက္ၿပီးၿပီ မဟုတ္လား ေဒၚေဒၚ ''
'' အို ဒါကေတာ့''
ေဒၚမာရင္ျမင့္ ဘာေျပာရမွန္းမသိ ျဖစ္သြားေလေတာ့သည္။
'' ကိုသစ္ဦး လေရာင္နဲ႔စကားခဏ ေျပာရေအာင္ပါ''
အေျခအေနေတြၾကား ဘာေျပာရမွန္းမသိေသာလေရာင္ သစ္ဦးကိုသာ အတင္းဆြဲၿပီး စကားေျပာရန္ေျပာေလေတာ့သည္။
ခ်ယ္ရီ ပင္ေတြေအာက္ လေရာင္ရပ္လိုက္ေတာ့မွ ေနာက္ကလိုက္လာေသာ သစ္ဦးလည္းရပ္လိုက္ေလသည္။
'' ကိုသစ္ဦး ''
'' ေမာင္ရွိေနတယ္''
'' လေရာင္ တို႔လက္ထပ္ဖို႔က ... ''
'' ျငင္းအုံးမလို႔လားလေရာင္ ''
'' မဟုတ္ပါဘူး။ လေရာင္ေျပာခ်င္တာက နည္းနည္း ...''
'' ေမာင့္ကို ခ်စ္သလား လေရာင္''
''လေရာင္မခ်စ္ရဲဘူး...''
'' ဒါျဖင့္ ေမာင့္ကိုမုန္းေနသလား ''
'' မျဖစ္ႏိုင္ဆုံးအရာပါ ခင္ဗ်ားရယ္ ''
'' ရၿပီ လေရာင္ ဒီေလာက္ဆို ရပါၿပီ။ ''
>>>>>
<<<<<
5.11.2023
TBC____
လိမၼာေနာ္ ဒီေန႔ပါ Up ေပးတာ cmt ေတြလိုက္ဖတ္ရတာသေဘာက်တာမို႔ cmt ေလးေတြေရးေပးၾကပါအုံးေနာ္