တစ်လက်ကိုင် အချစ်သဝဏ်လွှာ - S...
By AungPyaeLyanSoe
2.9K 212 33
တစ်လက်ကိုင် အချစ်သဝဏ်လွှာ ( ဘာသာပြန်) မူရင်းအမည် - Second Hand Love Letter ( 二手情书) မူရင်းစာရေးသူ - Han Shu (... More
ဇာတ်ကောင်တို့ ဘဝနဲ့ လောကဓံသဘော
ကျွန်တော့်မှာ ပြောစရာရှိတယ်။
အပိုင်းတစ်
2.1
2.2
အပိုင်း - ၃
အပိုင်း ၅
အပိုင်း ၆
အပိုင်း - ၇.၁
7.2
အပိုင်းတစ် (ZG)
2.1 (zg)
2.2 ZG
3 ZG
4 Zg
အပိုင်း ၅ ZG
6 zg
၇.၁ ZG
7.2 ZG
အပိုင်း - ၄
72 13 1
By AungPyaeLyanSoe
အပိုင်း - ၄
အသက်နှစ်ဆယ့်သုံးနှစ် မတိုင်မီအချိန်က ရှန်းဝမ့်ချုံး၏ ဘဝသည် အဆင်ပြေချောမွေ့ခဲ့သည်။ 
သူ့သည် အဆင့်ကောင်းပြီး ဆက်ဆံရေးကောင်းများနှင့် မိသားစုနောက်ခံသည်လည်း တောင့်တင်းလှသည်။ သူဘွဲ့ရပြီးနောက် သူ့မိသားစု၏ ကုမ္ပဏီတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။  လူချစ်လူခင်ပြောသူပေမို့ အရာရာ အဆင်ပြေဟန်ရှိခဲ့သည်။ 
သို့သော်လည်း မိသားစု စီးပွားရေးမှာ ပျက်သုဉ်းသွားရသည်။ ထိုအခြေအနေသည် ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတော့မဟုတ်ပေ။ ကုမ္ပဏီမှာ ဒေဝါလီခံသွားရခြင်းပင်။ လုပ်ငန်းတိုးချဲ့နိုင်ရန် ဆန္ဒပြင်းပြခဲ့သော်လည်း မူဝါဒအမှားများနှင့် ဈေးကွက်၏ လိုအင်နှင့် ပြောင်းလဲမှုကို လိုက်နာရန် ပျက်ကွက်မှုတို့ကြောင့် မအောင်မြင်ခဲ့သည့်အပြင် မတည်ငွေများပါ ဆုံးရှုံးခဲ့ရသည်။ ဘွဲ့ယူပြီးသည်မှာ နှစ်နှစ်မျှ ရှိပြီဖြစ်သော်လည်း ရှန်းဝမ့်ချုံးထံတွင် မရင့်ကျင့်မှုများနှင့် အတွေ့အကြုံနုနယ်မှုများမှာ ရှိနေဆဲပင်ဖြစ်ခဲ့သည်။ မည်သို့ပင် အထောက်အကူပြုနိုင်မည်နည်း။ အိမ်၊ ကား အစရှိသည့် ပစ္စည်းဥစ္စာများကို ထုခွဲချသည့်အပြင် ဘဏ်မှငွေချေးသည်အထိ သူနိုင်စွမ်းသမျှ ဆောင်ရွက်ခဲ့သည်။ သို့သော်လည်း ထိုမျှနှင့် မလုံလောက်သဖြင့် သူ့အဆက်အသွယ်တချို့မှ တစ်ဆင့် တိုးနှုန်းမြင့် ပုဂ္ဂလိက ချေးငွေဝန်ဆောင်မှုများကို ရယူခဲ့သည်။ သူ၏ နာမည်အောက်မှပင် ရနိုင်သမျှ ရှာဖွေချေးငှားခဲ့သည်။ 
သူ့အဖေ သိသွားချိန်တွင် အင်မတန်စိတ်ဆိုးခဲ့သော်လည်း ထိရှသွားခဲ့သည်။ အဖေမသိချင်က သူတတ်နိုင်သမျှ ဖုံးကွယ်ကာနေခဲ့သည်။ ထို့ကြောင့် အဖေသိသွားချိန်တွင် ဘာမှ မတတ်နိုင်‌တော့ပေ။ 
သူတို့ ငွေအမြောက်အမြားကိုး ချေးငှားခဲ့သော်လည်း ကုမ္ပဏီသည် ကျရှုံးမြဲပင်။ 
စစ်မရောက်ခင်က မြားကုန်နေသည့်နှယ်။ 
ကုမ္ပဏီကို စာရင်းရှင်း ဖျက်သိမ်းလိုက်ရပြီး ဒေဝါလီခံလိုက်ရသည်။ 
နေ့ချင်းညချင်းပင် သားအဖနှစ်ယောက်သည်
အကြွေးတင်ကုန်ကြသည်။ 
သက်မချလျက် " မကြောက်ပါနဲ့ အဖေရှိသေးတယ်။ ပြန်လုပ်ယူလို့ရတာပဲ။ အဲဒီပိုက်ဆံတွေ အဖေပေးမှာပေါ့။ "ဟု ဆိုလေသည်။ 
သို့သော်လည်း ရှက်ရွံ့မိမှာတော့ အသေအချာပင်။ အဖေ အရက်သောက်လာတဲ့တစ်ရက် ဝမ်းနည်းကြီးစွာဖြင့် ' အဖေတစ်ယောက်တည်း ဒါတွေ ကြုံရရင် ဘာမှ စိတ်မဆိုးမိဘူး။ မင်းတကယ် မိုက်မဲတယ်သားရယ် ဘာလို့ အိမ်ကို ရောင်းလိုက်ရတာလဲ။  အဖေ တောင်းပန်တယ်သားရယ်။ အဖေတကယ် စိတ်မကောင်းဘူး။ " ဟု ငိုကြွေးလေသည်။ 
“ အဖေမင်းတို့ကို ကောင်းကောင်းထားပါ့မယ်လို့ မင့်အမေကို ကတိပေးခဲ့တယ်။ ဒါပေမဲ့ 
မင်းအခုမှ ငယ်ငယ်လေး ရှိသေးတာကို အဖေ့ကြောင်ြ နာကျင်နေရပြီ။ "
လူကုန်ထန်အသိုင်းအဝိုင်းကြား ဦးမော့ပြန်ဝင်နိုင်စေရန် အဖေသည် ဖိအားများအောက် အပြေးအလွှား ရုန်းကန်ခဲ့ရသည်။ .
သို့သော်လည်း မထင်မှတ်စွာဘဲ နှလုံးသွေးကြောပိတ်ကာ လမ်းမပေါ်၌ လဲကျသွားခဲ့သည်။ ဆေးရုံသို့ အမြန်ပို့သော်လည်း အသက်မဲ့‌သွားချေပြီ။ 
ဤတစ်ကြိမ်တွင် အရာရာစွမ်းနိုင်သည်ဟူသော အဖေ့တွင်လည်း အကန့်အသတ်ရှိကြောင်း သဘောပေါက်သွားချေသည်။ အဖေသည်လည်း လူသားများထဲမှ သာမည လူတစ်သားတစ်ဦးပင်။ 
သူ့အဖေ၏ ဈာပနအခန်းအနားအတွက် ငွေးချေးယူ ကျင်းပခဲ့ရသည်။ လအတန်ကြာသည်အထိ သူ၏ ဘဝသည် လေလွင့်ပွေလီနေပေသည်။ 
သူ့ဝမ်းကွဲများနှင့် သူငယ်ချင်းများအိမ်မှ ထိုင်ခုံများပေါ်တွင် ကျောတစ်ခင်းနေထိုင်ခဲ့ရသည်။  အပျက်သဘော လူ့အ‌ဖွဲ့အစည်းမှ ထွက်ခွာချင်မိသည်အထိ သူအလွန်ပင် စိတ်ဓာတ်ကျဆင်းခဲ့ရသည်။ 
မည်သူမည်ဝါက သူ့ကို အိမ်ခေါ်ထားပေးဖူးသည် ဆိုသည်ကိုပင် သူမမှတ်မိတော့ချေ။ မည်သို့ပင်ဆိုစေကာမူ သူ့ကို အနားယူဖို့နှင့် စိတ်ဖြေလျော့ဖို့တော့ ပြောပေးကြဖူးသည်။ သို့သော်လည်း ဂိမ်းဆော့ခြင်းမှာ သူ့ကို မပျော်စေနိုင်မည်လား။    သူသည် လောကကြီးမှ စွန့်ခွာ၍ ရနိုင်မည့်နေရာတစ်ခုကို ရှာဖွေလိုစိတ် ပြင်းပြခဲ့စဉ် ထိုအချိန်တွင်တော့ အတော် စိတ်ပြေစေသည်။ 
ထို့နောက်တွင်တော့ သူ့ဘဝသည် အသက်တစ်ရှူမျှ သက်သာရရခဲ့သည်။ 
တဖြည်းဖြည်းနှင့် သူသည် လူမှုအသိုက်အဝန်းအတွင်း ဝင်ဆန့်လိုစိတ် နည်းသည်ထက် နည်းလာပေ၏။ လူပွေလူကောက်ဖြစ်လာသည်။ အကယ်၍ အားသွင်းသစ်လျက် ကြိုးစားမည်ဆိုလျှင်လည်း အခြားသူများထက် အချိန်ဒါဇင်ပေါင်းများစာ ပို၍ ကြိုးစားလုပ်ကိုင်ရမည်။ သူသိသမျှ သူငယ်ချင်းများထံမှ ချေးငှားထားသည်ကလည်း ရှိသေးသည် မဟုတ်လော။ မိတ်ဆွေဆိုပေသည့် ငွေရေးကြေးရေးတွင်တော့ စည်းရှိရမည်ပင်။ အကယ်၍ သူသာ ငွေပြန်မဆပ်တတ်သူ ဖြစ်ပါက သူ့အား ‌ဖယ်ကြည်လျစ်လျူရှုကြမည်မှာ မလွဲပေ။ 
 သူအတောမသတ်နိုင်လောက်အောင် တွေးတောမိသည်။ အကယ်၍ သူအလုပ်တွေလုပ် အကြွေးတွေ ဆပ်မည်ဆိုလျှင်တောင်မှ အဲလို မဖြစ်မနေ လုပ်ရမည့် အကြောင်းတရားရှိမနေချေ။ သူ၏ ဘဝအတွင်းသို့ အဖေက ဘယ်တော့မှ ပြန်လာနိုင်တော့မည် မဟုတ်ပေ။
အင်မတန် မှောင်မိုက်လှသည့် အေးစက်ညများပင်။ 
သူ၏ ဘဝသည် ဘိန်းစားများပမာပင်။ ထိုနွံများအတွင်းမှ မည်သို့မျှ ရုန်ထွက်ရာလမ်းမရှိချေ။ မကောင်းမှန်း သိသည်ကိုပင် သူ့မှာ ရုန်းမထွက်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်က သူသည် နာကျင်စရာများအားမေ့၍ တစ်ခေတ္တမျှ ပျော်ရွှင်လိုခဲ့သည်။ 
သူရုတ်တရက်သေသွားပြီး သူ၏ သေဆုံးခြင်းက အရာရာကို ဖြေရှင်းနိုင်ပြီးဖြစ်ရန် သူ‌ဆုတောင်းမိသည်။ 
သူငယ်စဉ် ဝတ္ထုရှည်များနှင့် ဇာတ်လမ်းများကို ဖတ်မိစဉ်က ထိုဝတ္ထုများအတွင်းမှ ဆူကြုံနိမ့်မြင့်မိသားစုဘဝများနှင့် သူနှင့် လားလားမျှမဆိုင် ဝေးကွာသည့် ဘဝများဟု အမြင်ရှိခဲ့သည်။ 
သူအလွယ်တကူ နိမ့်ကျသွားမည်ဟု လုံးဝ မထင်မိခဲ့ပေ။ 
အလျင်လက သူ့ဖခင် ထာဝရလဲလျောင်းရာ သင်္ချိုင်းသို့သွား၍ သူ့ဖခင်၏ အုတ်ဂူတွင် ထိုင်ကာ စီးကရက် နှစ်ဘူးကုန်သည်အထိ ထိုင်ဖွာနေမိသည်။ ရုတ်တရက် အချိန်တန်ပြီဟု သူတွေးမိသည်။ 
ပုံသေကားကျ ဘဝကြီးအား သူငြီးငွေ့လာသည်။ 
' ကောင်းပြီ။ ဒါ သေဖို့အချိန်ပဲ။ '
သူ့အတိတ်ဘဝအကြောင်းများပင်မက သေပုံ သေနည်း မျိုးစုံဖြင့် သေဆုံးကြောင်းများလဲ သူ့အိပ်မက်ဆီ အလည်လာတတ်သည်။ သူမသေခင် အမှောင်ထဲတွင် မီးအိမ်မြှောက်သည့်အလား သူ့ဘဝကို အထပ်ထပ်အဖန်ဖန် ပြန်လည်သုံးသပ်လိုက်သည်။  
အိပ်မက်ဘဝသည် သေခြင်းတရားသို့ ရှေ့ဆောင်၍ သေခြင်းအိပ်မက်သည် ဘသို့ ရှေ့ဆောင်လျက် အညမညဖြစ်၍ နေသည်။ 
ဘဝ၏ မှတ်တမ်းများသည် ရုပ်သံဇာတ်ကွက်အလား တစ်ဖြတ်ပြီး တစ်ဖြတ် တစ်လှည့်စီလှည့် ပေါ်ထွက်လာပြီးသည့်နောက် လူတစ်ယောက်၏ ပုံရိပ်သည်သာ ကျန်ရှိတော့သည်။ ထိုလူ၏ ပုံရိပ်သည်သာ ထပ်ချည်းတလဲ ပေါ်ထွက်လာသည်။ 
——လုယောင်
ရှန်းဝမ့်ချုံးသည် သူ့ကိုယ်သူ ပြန်သတိထားမိသည့်အခါ လိပ်ပြာမလုံချေ။ 
သူလုယောင်နှင့် နောက်ဆုံးတွေ့ဆုံခဲ့မှုကို ပြန်လည် မြင်ယောင်လာသည်။ 
ထိုနေ့က နှင်းထူသော နေ့ပင်။ 
သူ လုယောင်ကို လုံးဝ မတွေ့ချင်ခဲ့သော်လည်း ထိုနေ့က နှင်းထုသည် သည်းထန်သိပ်သည်းစွာ ကျဆင်းနေခဲ့သည်။ လုယောင်သည် ဗီလာရှေ့တွင် နာရီပိုင်းမျှ စောင့်‌ဆိုင်းနေခဲ့သည်။
ယင်းကို သူ့အဖေ တွေ့သွားသည့်အခါ " လုယောင်က မင်းကို ရှာနေတယ်လေ။ မင်းဘာလို့ ဒီလောက်ဆိုးနေရတာလဲ။ ဘာလို့ ကလေးဆိုးကြီးလို ပြုမူနေရတာလဲ။ လူတွေကို အဲလို ဂရုမစိုက်ဘဲ မနေသင့်ဘူးနော်။ မင်းတို့ ရန်ဖြစ်မယ်ဆိုလဲ သူ့ကို အရင် အိမ်ထဲခေါ်ပြီး အထဲရောက်မှဖြစ်ကြ။ "
 သူ တအားစိတ်ဆိုးသွားပြီး " အဖေမသိပါဘူး အဖေရယ်။ အဖေနဲ့ မဆိုဘူးရယ်။ " ဟု ခွန်းတုန့်ပြန်မိသည်။ 
သို့သော်လည်း ထိုသို့ ခွန်းတုန့်ပြန်ပြီးသည့်နောက် ရှန်းဝမ့်ချုံး လုယောင်နှင့် တွေ့ရန် အပြင်ထွက်ခဲ့သည်။ 
သူ၏ အသည်းသည် ဒေါသစိတ်ဖြင့် ပူလောင်နေသည်။ ရေခဲနှင့် နှင်းတို့၏ အအေးဓာတ်သည်ပင် သူ့အား အေးအောင် မစွမ်းနိုင်ပေ။ 
ရှန်းဝမ့်ချုံးသည် " မင်းရူးနေတာလား။ မင်းငါ့ကို ရန်လိုနေတာလား။ " ဟု ကျိန်းမောင်းလိုက်သည်။ 
လုယောင်၏ မဲမှောင်နေသော ပါးမို့နှစ်ဖက်သည် လေအေးဒသ်ကြောင့် ခြောက်သွေ့အက်ကွဲနေပြီး သူ၏ နှုတ်ခမ်းအစုံသည်လည်း ခရမ်းရောင်သန်းနေသည်။ လုယောင်သည် နဂိုအရပ်ရှည်သူမို့ သူဘက်ကိုင်း၍ ပုံလျက်သားလေး လဲကျသွားသည်။ 
မပွင့်တပွင့် အသံဖြင့် " မဟုတ်ပါဘူးကွာ…။ မင်းက ငါ့ကိုအကြာကြီး လျစ်လျူရှုထားလို့။ ငါတို့ သူငယ်ချင်းတွေ မဖြစ်နိုင်ကြတော့ဘူးလား။ ငါ့ကို မခင်တော့ဘူးလားလို့ တွေးမိလို့ပါ။ "
ရှန်းဝမ့်ချုံး၏ မျက်ဝန်းအစုံသည် ရေခဲနှင့် နှင်းထုထက်ပင် အေးစက်လျက် ခြင်ဆီအတွင်းမှပင် အမုန်းတရားများ လှိုက်တက်နေဟန်ရှိသည်။ ငယ်ရွယ်သော လူငယ်ဖြစ်သည့်အားလျော်စွာ အဆင်အခြင်မဲ့ စကားဆိုသည် " ဒါပေါ့။ မင်းကိုယ့်နေရာကိုယ် မသိဘူးလား။ မင်းက သောက်ရမ်းကို ငါနဲ့ သူငယ်ချင်းဖြစ်ချင်တယ်ပေါ့။ " 
 “ ဒီလောက် အော်ဂလီဆန်စရာတွေကို ငါပြောနေဖို့လိုသေးလား။ ”
“ လုယောင် မင်းကိုယ်ဘယ်အခြေအနေမှာ ရှိနေလဲဆိုတာ မသိဘူးလား။ ”
“ မင်းအဖေကတော့ မင်းကို တိုးတက်ပါစေဆိုပြီး ရုန်းကန်ပြီး မြေတောင်မြှောက်ပေးနေတာ။ မင်းကတော့ ယောက်ျားချင်းကြိုက်တယ်တဲ့လား။ ပြောပါ‌အုံး မင်းသာ ငါ့နေရာမှာဆိုရင်ကော မရွံဘူးလား။ 
အခု ကောလိပ်ဝင်ခွင့်အတွင် ပြင်ဆင်နေရမဲ့အချိန် မင်းက ဒီအရေးမပါတာတွေ တွေးနေတယ် ဟုတ်လား။  
လုယောင်သူ့ကို ကြည့်လာသည်။ ၎င်း၏ မျက်လုံးသည် မငိုသော်လည်း နီမြန်းနေပေ၏။ 
ရှန့်ဝမ့်ချုံး၏ အသည်းသည် အပ်များနှင့် ထိုးစွခံရသကဲ့သို့ တဆစ်ဆစ်နာကျင်လျက်ပင်။ သူအဝေးသို့ အကြည့်ပို့လျက် " ငါမင်းကို ‌ကဲ့ရဲ့တာ မဟုတ်ပါဘူး။ " 
လုယောင် တစ်ခဏမျှ တိတ်ဆိတ်နေမိသည်။ ၎င်း၏ လည်စည်းကို ထုတ်လျက် သူ၏ လည်ပင်းသို့ စည်းပေးသည်။  
" မင်းဘာလုပ်တာလဲ။ ငါ့ကို မထိစမ်းနဲ့။ " ရှမ်းဝမ့်ချုံး မသက်မသာဖြစ်လျက် သူ့လက်ကို မြှောက်ကာ လုယောင်၏ လက်ကို ရိုက်ချလိုက်သည်။ အပြစ်မဲ့ လည်စည်းလေးသည် မြေသို့ ခခဲ့ရရှာသည်။ သူတို့ ဝရုန်းသုန်းကားဖြစ်နေစဉ် လည်စည်းကို ခြေထောက်တစ်ဖက်က နင်းမိသွားသည်။ ရှူးဖိနပ်၏ ခွာသည် နှင်းတို့ကြောင့် ညစ်ပေနေရာ လည်စည်းပေါ်တွင် ခြေရာကြီး ထင်ကျန်သွားသည်။ ထို့နောက် သူခေတ္တများ တောင့်တင်းနေမိသည်။ 
 ထိုလည်စည်းလေးကို သူမှတ်မိပါသည်။ လုယောင်သည် ၎င်း၏ တစ်ဖက်တည်းသော လက်ဖြင့် သူ့အတွက် ၎င်းကိုယ်တိုင် ထိုးရက်‌ပေးထားသည့် လည်စည်းလေးပင်။ စိန်ပွင့်ပုံစံဖော်ထားသော ထိုလည်စည်းလေသည် နိုင်ငံခြားတံဆိပ်တစ်ခုနှင့်ပင် တူသည်။ ထိုလည်စည်းလေးကို မဂ္ဂဇင်းထဲတွင် မြင်မိပြီး မဝယ်နိုင်ဖြစ်၍ လုယောင်အား ပြောပြမိခဲ့သည်။ လုယောင်က ချက်ချင်းပင် " ဒါက ဘာမှမခက်ဘ။ မင်းအတွက် ငါထိုးပေးမယ်။ ခရစ်စမတ်လောက်ဆို ပြီးလောက်ပြီ။ "
သူကလည်း ပြုံးလျက် " တကယ်လား။ မင်းလည်စည်းဘယ်လို ထိုးရမလဲဆိုတာတောင် သိတယ်လား။ မင်းက တော်လိုက်တာ။ "
သို့သော် သူလက်မခံရသေးခင်မှာပင် ‌သူတို့ မခေါ်မပြောနိုင်ဖြစ်ခဲ့ကြသည်။ 
လုယောင်သည် လည်စည်းကို ပြန်ကောက်၍ " မင်းဝတ်ထားတာ ပါးလွန်းတယ်။ မင်းနှာခေါင်းလေး နီနေပြီ။ မင်းကို နွေးထွေးစေချင်ရုံပါ။ "
လုယောင်၏ မျက်နှာသည် ဒေါသထွက်ဟန်မရှိသည့်အပြင် ရူးကြေင်ကြောင်ဖြစ်နေသည်။ 
ထိုအရာကပင် ရှန်းဝမ့်ချုံးကို ပိုမိုဒေါသထွက်စေကာ " မင်းငါနဲ့ ထိုးမလား။ ငါတို့ခင်မင်မှုကို ဒီမှာပဲ ရပ်လိုက်ရအောင်။ "
" မင်းပုံကဘာလဲ။ မင်းကိုယ်မင်း ဘာမှ မမှားသလိုလုပ်မနေနဲ့။ "
လုယောင်၏ ပုံမှာ နာကျင်နေဟန်ရှိပြီး ရပ်လျက်နေဆဲပင်  “ ဪ”
ရှန်းဝမ့်ချုံး အသက်တစ်ဝရှူလိုက်သည်။ ဆောင်းလေသည် အလွန့်ကို အေးချမ်းလှပြီး သူ၏ နှာခေါင်းနှင့် ပါးစပ်ထဲတွင် ဓားနဲ့ ခြစ်သွားသကဲ့သို့ ခံစားရသည်။ အင်မတန်အေးလှသည့်အတွင် ‌သူ့လက်ချောင်းများပင် ခဲလုမတတ်ပင်။ 
ရှန်းဝမ့်ချုံး အိတ်ကပ်ထဲမှာ စာရွက်အပိုင်းလေးကို ထုတ်ယူလိုက်သည်။ ထိုစာရွက်ပိုင်းလေးမှာ လုယောင်ပေးထားသည့် လက်‌ရာမြောက်လှသော  ကတ္ထူပြားလေးဖြစ်သည်။  ကတ်ပေါ်တွင် ပုလဲရောင် စက္ကူစများကို တန်ဆာဆင်ထားပြီး စက်နှင့်ဖြတ်ထားသကဲ့သို့ ထောင့်စွန်းများမှာ သေသပ်လှပသည်ာ စတုရန်းပုံကတ်လေးတွင် စာလုံးသုံးကို ဘောပင်ဖြင့် ရေးထိုးထားသည့် ဆုတောင်းကတ်လေးပင်။  
ရှန်းဝမ့်ချုံးကို လုယောင်ကို အကြည့်တစ်ချက်ပင် မပေးဘဲ ကတ်လေးကမ်းပေးလိုက်သည်။ " မနှစ်က ငါ့မွေး‌နေ့တုန်းက မင်းပေးထားတဲ့ကတ်လေ။ ငါ့ဆန္ဒကို အခုပဲ အကောင်အထည်ဖော်မယ်။ "
" မင်းငါ့ကို ထပ်မရှာတော့ဖို့ ငါဆန္ဒရှိတယ်။ မင်းအထက်တန်း စာမေးပွဲကို ကောင်းကောင်းဖြေပါ။ ပြီးရင် ငါ့ဘဝတစ်လျှောက်လုံး ငါ့ရှေ့မှာ ထပ်ပေါ်မလာပါစေနဲ့။ "
လုယောင်သည် အသေကောင်ကဲ့သို့ မလှုပ်မယှက်နှင့် စကားတစ်ခွန်းမဆိုသကဲ့သို့ သူ‌ကမ်းပေးသည့် ကတ်ကိုလည်း လှမ်းမယူနိုင်ဖြစ်နေသည်။ 
ရှန်းဝမ့်ချုံး ကတ်ကို နောက်တစ်ကြိမ် ထိုးပေးလိုက်ပြန်သည်။ " မင်းပဲ ငါ့ဆန္ဒကို ခွင့်ပြုလိုက်လျောပေးမယ်လို့ ကတိပေးထားတာ မဟုတ်ဘူးလား။ "
နှင်းသည် လုယောင်၏ ဆံပင်များပေါ် တင်ကျန်လျက် အရည်မပျော်ဘဲ ရှိနေသည်။ အချိန်အတော်အတန် ယူပြီးသည့်နောက် လုယောင်က နောက်ဆုံး လှုပ်ရှားလာပြီး သူ၏ စကားသံဖြစ်အင်္ဂါအစ လည်ချောင်းအောက်ခြေမှ အသံတိမ်တိမ်ထွက်လာသည်။ 
" ဟုတ်ပါပြီကွာ။ "
လုယောင်သည် ကတ်ကို ကမ်းယူလိုက်ပြီးနောက် သူ့ကို လှမ်းကြည့်လာသည်။ ထို့နောက် အသိမကပ်လျက် သူ့ပုခုံးပေါ်မှ နှင်းစက်များကိုပင် ခါကျကူညီပေးနေသည်။ 
သို့သော်လည်း သူက အကြည့်တစ်ချက်ပေးလိုက်‌ရာ လက်ပြန်ရုတ်ပြီး 
 " ငါနားလည်ပါတယ် ရှောင်မြှိန်။ " ဟုဆိုလေသည်။ 
" မင်းအထဲဝင်တော့လေ။ ငါ မင့်စကားအတိုင်း နားထောင်ပါ့မယ်။ မင်းမကြိုက်ဘူးဆို အနာဂတ်မှာ မင်းရှေ့ လုံးဝ မပေါ်လာစေရပါဘူး။ " 
ရှန်းဝမ့်ချုံးကို လုံးဝနောက်လှည့်မကြည့်ဘဲ ကျောခိုင်းထွက်ခွာသွားသည်။ 
နွေးထွေးသော အခန်းတွင်း ပြန်ရောက်ပြီးနောက် ဗီလာဒုတိယထပ် စုပေါင်းပရဝုဏ်သို့ ငုံကြည့်မိသည်။ လုယောင်သည် ထိုနေရာ၌ ရပ်မြဲရပ်ဆဲပင်။ 
လုယောင်‌သည် ခေါင်းကလေး အောက်စိုက်ပြီး သူ့လက်အတွင်းမှ ကတ်ကလေးကို ငုံ့ကြည့်နေပေသည်။ 
နောက်ဆယ်မိနစ်မျှ အကြာတွင်တော့ လုယောင်သည် ခြေကိုကြွကာ စတင်ထွက်ခွာလာလေတော့သည်။ လမ်းမပေါ်ရှိ နှင်းထုထည် သိမ်းသည်းမှု မရှိသော်လည်း  ၎င်း၏ ခြေလှမ်းများ တန့်နိုင်စွမ်း၏။ အားသုံး၍ နှင်းထုထဲမှ ခြေထောက်ကို ဆွဲထုတ်လိုက် လျှောက်လိုက် လုပ်နေရသည်။ သူ၏ လမ်းလျှောက်နေဟန်မှာ စက်ရုပ်အစုတ်တစ်ရုပ်နှင့် တူပြီး အတော်လေး ရယ်ရွှင်ဖွယ်ရှိသည်။ 
ယနေ့တွင် လုယုံသည် ခါတိုင်းထက် နာရီဝက်ခန့် နောက်ကျပြီး အိမ်ပြန်ရောက်ခဲ့သည်။ 
ရှန်းဝမ့်ချုံးသည် နာရီသို့ မကြာခဏအကြည့်ပို့လျက် ထိုင်မရ ထမရ မသက်မသာဖြစ်၍နေသည်။ 
နောက်ဆုံးတွင် တံခါးဖွင့်သံကြားလိုက်ရ၍ ချက်ချင်းမတ်တပ်ရပ်၍ တံခါးဆီလျှောက်သွားသည်။ ထို့နောက် သူထွက်သွားတော့မည်ကို လုယောင်အားမည်သို့ ပြောရမည်ကို စဉ်းစားနေမိသည်။ 
သူလုယောင်နှင့် မျက်နှာချင်းဆိုင်မိသောအခါ လုယောင်၏ လက်မောင်းအတွင်းမှ ညစ်ပတ်နေသည့် အမွေးလုံးလုံးကို မြင်လိုက်ရ၍ အံ့အားသင့်သွားသည်။ ထိုခွေးမှာ လွန်ခဲ့သော ရက်အနည်းငယ်က သူနှင့်ဆုံခဲ့သော ခွေးလေခွေလွှင့်ပင်။ 
(T/N Ch- 3မှာပါ)
လုယောင်သည် သူ၏ လက်ဆွဲအိတ်ကို အပေါက်ဝနားဆီက ဗီရိုပေါ်တင်လိုက်ရင်း " ရှောင်မြှိန် ကိုယ့်ကို စတိုခန်းထဲကနေ ကတ္ထူပုံးလေးဖြစ်ဖြစ်ယူပေးပါလား။ ကိုယ်သူ့ကို ‌တိကုဆေးရုံသွားပြမှာဆိုတော့ ဖိနပ်မချွတ်တော့ချင်လို့။ "
ရှန်းဝမ့်ချုံးသည် " အဲဒီခွေးက ဘယ်ကခေါ်လာတာလဲ။ " သု သိလျက်နှင့် မေးလိုက်သည်။ 
လုယောင်က " ကိုယ်ပြန်လာတော့ လုံ‌ခြုံရေးတွေက ဒီကောင့်ကို ဖမ်းနေတာ တွေ့လိုက်ရတာ။ ဒီကောင့်ကြည့်ရတာလဲ ပိုင်ရှင်က မွေးပြီး စွန့်ပစ်ထားတယ်တူပါတယ်။ ဆိုတော့ သူတို့က သတ်ပစ်မှာစိုးလို့ ကိုယ်မေးပြီး ခေါ်လာတာ။ "
လု‌ယောင်၏ လက်နောက်ဘက်က သွေးကွက်ကို ရှန်းဝမ့်ချုံးကြည့်လိုက်မိရင်း ပြန်လှည့်ထွက်လာပြီး ကတ္ထူပုံးလေးကို လုယုံအား ပေးလိုက်သည်။ ထို့နောက် ဖိနပ်တစ်ရံဝတ်ကာ " ငါ မင်းနဲ့အတူ ဆေးရုံကို လိုက်ခဲ့မယ်လေ။ "
လုယောင်နောက်လိုကာ သူသွားတော့မည့် ကိစ္စကို ပြောမည်ဟု တွေးမိသည်။ 
လုယောင်သည် ပါပီလေးကို ထည့်ထားသည့် ကတ္ထူပုံးကို လက်မောင်းထဲ ပွေ့ထားသည်။ 
" မင်းက လူကောင်းပဲ။ " ဟု ရှန်းဝမ့်ချုံး ပြောလိုက်သည်။ 
လုယောင် ချီတုံ ချတုံဖြစ်လျက် “ ရှောင်မြှိန် မင်းကိုယ့်ကို မြှောက်နေတာလား လှောင်‌နေတာလား ဟမ်။ ” ဟု မေးလာသည်။ 
ရှန်းဝမ့်ချုံးသည် ‌ဒေါကန်လျက် " ငါက မင်းကို ချီးမွှမ်းနေတာပါကွ နော်။ "
လုယောင်သည် ခပ်သဲ့သဲ့ရယ်လျက်ရှိ၏။ 
သူသိခဲ့တဲ့တစ်‌လျှောက် လုယောင်သည် လူကောင်းပင်ဖြစ်သည်ကို ‌ပြန်တွေးမိရင်း သက်သာရသွားသည်။ လုယောင်သည် အကြင်နာဆုံးနှင့် ခွင့်လွှင့်တတ်ဆုံးသူဖြစ်သည်။ သူ့ကိုနာကျင်စေခဲ့သူကိုပင် အလွယ်တကူ ခွင့်လွှတ်ပေးတတ်သူဖြစ်ပြီး အတိတ်ကဖြစ်ရပ်များကို ပြည်ဖုံးကားချနိုင်သူဖြစ်သည်။ 
သူ့အပေါ် လုယောင်ထားရှိသော စာနာမှု၊ နားလည်မှုနှင့် အပြုအမူတို့နှင့် ခွေးတစ်ကောင်အပေါ်ထားရှိသကဲ့သို့ ထပ်တူပင်ဖြစ်သည်။ 
ဆယ်နှစ်လောက်တောင် ရှိခဲ့ပြီကိုး။ 
' သူအခုလို ဆွေးမြေ့ပျက်စီးနေတာကို လုယောင်က ဘယ်လိုလုပ် သူ့ကို ကြိုက်အုံးမှာလဲ။ '
9:32 PM 
3 Nov 2023 
Continue Reading
You'll Also Like
1M 54.5K 46
628K 55.9K 51
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
239K 23.3K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
337K 13.5K 41
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...