🌹 မောင့် နှင်းဆီနီ 🌹
One Short ( YiZhan )
" ကိုကို ကိုကို "
" ဗျာ ဗျာ ဖြေးဖြေးလာမှပေါ့ဗျာ ဘာဖြစ်လို့လဲဟင် သားလေး "
အိမ်ရှေ့ကွပ်ပြစ်ပေါ်မှာ ထိုင်နေတဲ့ ရှောင်ကျန့်ဆီ ကိုကို ခေါ်ကာ ပြေးလာတဲ့ 6 နှစ်အရွယ် ကလေးလေး တယောက် ။ ထိုကလေးလေးက ရှောင်ကျန့်တို့ အိမ်နဲ့ 3အိမ်ကျော်လောက်က ဖြစ်ပြီး ရှောင်ကျန့်ကိုလည်း အတော်လေး ခင်တဲ့ ကလေးဖြစ်သည် ။ ပြီးတော့ ထိုကလေးက တစုံတယောက်ရဲ့ ညီ၀မ်းကွဲလေးလည်း ဖြစ်သည် ။
ရှောင်ကျန့်က ကွပ်ပြစ်အောက်မှာ ချွတ်ထားတဲ့ ခြေညှပ်ဖိနပ်လေးကို အမြန်ဘဲ စီးကာ ပြေးလာတဲ့ ကလေးကို ဖမ်းထားရင်းမေးလိုက်သည် ။
" ကိုကို ကို ဒါလေးပေးခိုင်းလိုက်လို့ "
ထိုကလေးက လူကြီးလေးလို လက်ကို နောက်မှာ ပစ်ထားရင် ဝှက်လာတဲ့ နီနီရဲရဲ နှင်းဆီပန်းတပွင့်ကို ရှောင်ကျန့်ရှေ့ကို ထိုးပေးလာသည် ။ ဒါက ဘယ်သူပေးခိုင်းတာလဲ မေးစရာ မလိုအောင် ရှောင်ကျန့်သိပြီးနေပြီ ။ သူ့မျက်နှာလေးကလည်း ထိုနီရဲရဲ ပန်းပွင့်လေးနှယ် ရှက်သွေးကြွယ်သွားသည် ။ ရှောင်ကျန့်က ထိုပန်းလေးကို ယူလိုက်ရင်း ကလေးလေးရဲ့ရှေ့ ဒူးတဖက် ထောက်ကာ ထိုင်လိုက်ပြီး ပြေးလာတာမို့ ချွေးအနည်းငယ်ထွက်နေတဲ့ ကလေးလေးရဲ့ နဖူးမှ ချွေးတွေကို လက်ဖဝါးနုနုလေးနဲ့ အသာ သုတ်ပေးလိုက်သည် ။ မောင်ကတော့လေ ကလေးသနားပါတယ် ။
" သား အဲ့ဒီကိုကိုက ဘာမှာလိုက်သေးလဲ "
" ကိုကိုကြီးက ပြောတယ် ကိုကို့ကို တွေ့နေကျ နေရာမှာ စောင့်နေမယ်တဲ့ "
" နောက်တော့ရော "
" အရေးကြီးတယ်တဲ့ "
"ဟုတ်လား သားလာမပြောပေးရင် ရိုက်မယ်လို့ မပြောဘူးလား "
" ဟွန့်အွန်း အရင်တုန်းကဆို သားသားကို ခန ခန ရိုက်မယ်ပြောတယ် ခုမပြောဘူး ကိုကို "
နှုတ်ခမ်းလေးဆူကာ ပါးဖောင်းဖောင်းလေးတွေနဲ့ ပြောနေတဲ့ ကလေးလေးက တစုံတယောက်နဲ့တော့ အတော်လေး ဆင်သည် ။ သူကတော့ စစ်သားမို့လို့ ထင်တယ် အသားရေက ညိုတဲ့ဘက်ရောက်နေပြီး ကလေးလေးကတော့ အတော်ဖွေးသည် ပါးမှာ သွေးကြောမျှင်လေးတွေ မြင်နေရသည် အထိ ။ ရှောင်ကျန့်က ကလေးလေးရဲ့ ပါးကို ခပ်ဖွဖွဆွဲပြီး နှာတံချွန်ချွန်လေး နစ်၀င်သည်အထိ နမ်းပစ်လိုက်သည် ။ ဒါကို တစုံတယောက် မြင်ရင် နှာမှုတ်နေမလားဘဲ ။ သူက ရှောင်ကျန့်ကိုဆို ကလေး အစ ခွေးအဆုံး သဝန်တိုတတ်တဲ့ လူ ။ ရှောင်ကျန့်က ထိုကလေးလေးကို ကွပ်ပြစ်ပေါ် မတင်ပေးပြီး သူကတော့ အိမ်ပေါ် ခန ဆိုကာ တက်သွားသည် ။ ခနကြာတော့ မုန့်ထုပ်တထုပ်ကိုင်ရင်း ပြန်ဆင်းလာသည် ။
" သားတွက် ကိုကိုက လိမ်မာတဲ့ ကလေးမို့ မုန့်ကျွေးတာ အိမ်ကို ကောင်းကောင်းပြန်နော် မပြေးနဲ့ ချော်လဲမယ် ကိုကိုက ဆိုးရင် မချစ်ဘူး ကိုကိုပြောတာ နားလည်လား "
" ဟုတ်ကိုကို "
ကလေးလေးက လိမ်မာစွာဘဲ ခေါင်းငြိမ့်သည် ။ ကြည်တောက်နေတဲ့ မျက်လုံးလေးတွေက ပကတိ ဖြူစင်တဲ့ ကလေးလေးတွေမှာဘဲ ရှိနိုင်သည် ။
" လိမ်မာတယ် ကိုကို ခြံရှေ့ထိ ပို့ပေးမယ်နော် "
ရှောင်ကျန့်က ထိုကလေးလေးကို အိမ်ရှေ့ ခြံတံခါးထိ လိုက်ပို့ပေးပြီး သူကတော့ တစုံတယောက် နဲ့ တွေ့ဖို့ရာ မှန်ရှေ့ရောက်နေသည် ။
" မမ မေမေ့ကို မပြောနဲ့နော် ငါအမြန်ပြန်လာမှာ "
" ပြောတာဘဲ လင်ရှေ့ရောက်ရင် အိမ်ပြန်လမ်းတောင် မေ့တတ်တာ မလား "
" အမလေး တခါလေး မေ့ဖူးတာကို ပြောလို့ မပြီးတော့ဘူး "
ရှောင်ကျန့်က မှန်ရှေ့မှာ ရပ်ကာ ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြီးသင်နေရင်း နောက်မှာ ခါးထောက်ရပ်နေတဲ့ အမဖြစ်သူကို လှည့်မကြည့်ဘဲ ပြောလိုက်သည် ။
" နေပါအုံး တွဲနေတာ 3နှစ်ရှိနေပြီ အဲ့ကောင်က နင့်ကို လက်ထပ်ဖို့ တခွန်းမှ မပြောဘူးလား "
မမက နှုတ်သွက်သူ ပီပီ ပါးစပ်ကလည်း ခပ်ကြမ်းကြမ်းရယ် မေ့မေ့သမီးလို့ မပြောရဘူး အရမ်းစွာတာ ။
ထိုစကားကြောင့် ရှောင်ကျန့်က ခနမျှနှုတ်ဆိတ်သွားသည် ။ ဟုတ်ပါရဲ့ မောင်နဲ့သူ မေတ္တာမျှခဲ့တဲ့ 3နှစ်တွင်းမှာ မောင့်ဘက်က သူ့ကို လက်ထပ်ဖို့ မတောင်းဆိုခဲ့ ဖူးဘူးရယ် ။ သူ့ဘက်ကလည်း ထုတ်မမေးဖူးဘူး ။ သူသိချင်တယ် မောင်က သူ့ကို လက်ထပ်ချင်ရဲ့လား ဒီတိုင်း ချစ်နေကြရုံနဲ့ လုံလောက်ပြီလား
" ဘာမှ မပြောဘူးမလား ငါထင်သားဘဲ သူက နင့်ကို အပျော်ကြံနေတာ "
" မဟုတ်ဘူး မောင်က အလို မဟုတ်ပါဘူးမမ သူ့မှာလည်း အကြောင်းရှိလို့နေမှာပါ "
" ဘာ အကြောင်းလဲ သူက ဒီကို တာဝန်ကြောင့် ပြောင်းလာတာ 3နှစ်ရှိပြီ အဲ့ဒီ 3 နှစ်အတွင်းမှာလည်း ငါသိတယ် သူ့ဘက်ကဘဲ နင့်ကို လိုက်ထားတယ်ဆိုတာ မနေ့က သူ့အမ ဝမ်းကွဲနဲ့တွေ့တယ် သူ့မောင်က မကြာခင် နယ်ပြောင်းမိန့် ကျတယ်ဆိုလားဘဲ "
" ဗျာ "
ရှောင်ကျန့်ရဲ့ လက်ထဲက ဘီးလေး လွတ်ကျသွားရသည် ။ ဒီအကြောင်းကို သူတကယ် မသိသေးဘူး ။
" နင် မသိဘူး မဟုတ်လား ရှောင်ကျန့် နင်စဥ်းစား ဘာလုပ်သင့်လဲဆိုတာ သူက အချိန်တန်ရင် ထွက်သွားမှာ ခံစားရမှာက ကိုယ်ဘဲ အတာကြောင့် နင်သေချာ ဆုံးဖြတ် ငါကတော့ ၀င်မပါ ချင်ပေမဲ့လည်း နင်က ငါ့မောင် ဖြစ်နေတော့ မဆိုင်သလို မနေနိုင်ဘူးရယ် ငါ့စေတနာကို နားလည်တယ် မလား "
မမက သူ့ပုခုံးကို ခပ်ဖွဖွ ကိုင်ပြီး ပြောလာတယ် ရှောင်ကျန့်လက်တွေကလည်းတုန်ယင်ပြီး အေးစက်လာတယ် ။ သူတကယ်ဘဲ ဘာလုပ်သင့်လဲ သူ့မောင့်ကို ချစ်တယ် မောင်ကလည်း သူ့ကို .....
^^^ ^^^^
မောင်နဲ့ တွေ့နေ့ကျ နေရာလေးကို သူလာခဲ့သည် ။ တောင်တန်းဒေသလေးမို့ အေးအေးချမ်းချမ်းရှိတဲ့ ဤအရပ်ဒေသလေးဟာ ဘယ်ရှုထောင့်ကနေကြည့်ကြည့် စိမ်းလန်းမြင့်မားတဲ့ တောင်တန်းတွေသာ တွေ့ရသည်။ မောင်က ပြောဖူးတယ် သူက တောင်တန်းဒေသတွေကို သိပ်သဘောကျသည်တဲ့ ။ တချိန်မှာ ဒီတောင်တန်မြို့လေးမှာ အခြေချချင်ပါတယ်တဲ့
မောင်က တောင်စွန်းကနေ ရှေ့တောင်တန်းတွေဆီ မျက်နှာမူထားတယ် တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မို့ လေတိုက်သံက အစ နားထဲမှာ တဟုန်ဟုန်ကြားနေရတယ် ။ တောင်လေကြောင့် မောင့်ရဲ့ အပေါ်ကုတ် စစ်အကျီက လွင့်နေတယ်
တခါတလေ ကျနော်အဲ့ဒီ၀တ်စုံကို သိပ်မုန်းမိတယ် သူက မောင်နဲ့ အမြဲတမ်း အနီးကပ်နေရလို့လေ ။
သူလက်ထဲက အနီရောင် ပန်းပွင့်လေးကို ခပ်တင်းတင်း ညှစ်ကိုင်မိတော့ အရွက်ကြားထဲမှာ ကွယ်ဝှက်နေတဲ့ ဆူးသေးသေးလေးတွေက သူရဲ့ လက်ဖဝါးထဲ နစ်၀င်သွားတယ် ။ နာကျင်လိုက်တာ လက်ဖဝါးက မဟုတ်ဘူး ငါနှလုံးသားက
လေနဲ့ အတူ ရိပေါ်ရဲ့ နှာခေါင်းထဲ တိုး၀င်လာတဲ့ ခပ်သင်းသင်း နှင်းဆီရနံ့လေး
" ရှောင်း "
" မောင် "
သူ့နားကို လေလို အလျင်မြန်ရောက်လာတဲ့ ထိုအမျိုးသား ။ သူသတိထားမိတဲ့ အချိန်မှာတော့ သူဟာ ရင်ခွင်ကျယ်ကြီး တခုဆီမှာ တင်းကြတ်စွာ ဖက်ခံထားရနေပြီ
" မောင်အရမ်းလွမ်းနေတာ ခင်ဗျားရယ် မောင်တို့ မတွေ့ရတာ 3ရက် 72 နာရီ ရှိနေပြီ ခင်ဗျားရော မောင့်ကို မလွမ်းဘူးလား
လွမ်းတာပေါ့ အဲ့ဒီနာရီတွေရဲ့ စက္ကန့်တိုင်းက ကျေနာ့်အလွမ်းတွေ ဘဲပေါ့ မောင်ရယ် ခင်ဗျားထက် မပိုရင်တောင် မလျော့လောက်ပါဘူး
" လွမ်းတယ် ငါ ခင်ဗျားကို လွမ်းတယ် မောင် "
" ဒါဖြင့် ဘာလို့ မောင့်ကို ပြန်မဖက်တာလဲ "
" ဟင့်အင်း ပန်းကိုင်ထားလို့ "
ထိုအခါ မောင်က သူ့ကို ရင်ခွင်ထဲက ထုတ်ပြီး သူ့လက်ထဲက ပန်းကို ယူလိုက်တယ်
" ပစ်လိုက်တော့ "
တွေ့လား မောင်က သူ့ကိုဆို ပန်းလေးတပွင့်နဲ့တောင် သဝန်တိုတတ်တာ မချစ်ဘူးဆိုတာ ဘယ်လိုယုံရပါ့
" မလုပ်နဲ့ မောင် "
ပန်းလေးက လေထဲမှာ မလွင့်မျောခင် ရှောင်ကျန့် အမြန်ဘဲ တားဆီးလိုက်တယ် ။ ထိုအခါ မောင့်မျက်နှာ ချောချောက အလိုမကျမှုတွေနဲ့ မျက်ခုံးတွေ့ပါ တွန်ချိုးသွားတယ်
" မောင့်ထက် ပန်းကို ပိုကြိုက်သွားတာလား ရှောင်း "
" အို ဘယ်လိုတွေ နှိုင်းယှဥ်နေတာတုန်း မောင်ရယ် ငါက ပန်းကို ကြိုက်ပေမဲ့ မောင့်ကိုတော့ ချစ်တာလေ မတူဘူးလေနော် "
ထိုအခါမှသာ မောင့်ရဲ့ မျက်နှာက ပြုံးယောင်သန်းသွားပြီး တွန့်ချိုးထားတဲ့ မျက်ခုံးတွေလည်း ပြေလျော့သွားသည် ။
" မောင်က စစ်သားပေမဲ့ အသည်းနှလုံးက နုနုလေးရယ် မင်းလက်ဖဝါးနုနုလိုဘဲ စက္ကူနဲ့ ရှရင်တောင် ထိခိုက်မိလွယ်သလိုပေါ့ "
ထိုစကားကို မောင်က သူ့ခေါင်းကို ခပ်ဖွဖွ ပုတ်ပြီး ပြောလာလို့ ရှောင်ကျန်မှာ မောင့်ကို ဖောဖောသီသီကြီး ပြုံးပြလိုက်သည် ။ မောင်သဝန်တိုတာလေးက အားရီးချစ်ဖို့ကောင်းတယ် ။ မောင်က သူ့လက်ထဲက နှင်းဆီ ပန်းပွင့်ကို အရင်းနားကနေ ချိုးပြီး သူ့ရဲ နားသယ်စမှာ ထိုးပေးလာတယ် ။ ရုတ်တရက်မို့ ရှောင်ကျန့်မှာ ကြောင်အန်းအန်းလေး
" မောင် ငါက ယောကျ်ားလေးလေ "
" ယောကျ်ားလေး ပန်းမပန်ရဘူးလို့ ဘယ်သူပြောလဲ "
" ဒါမဲ့ "
" မင်က နှင်းဆီပန်း အနီရောင်လေးနဲ့ သိပ်လိုက်တာဘဲ ခင်ဗျားရယ် "
" ငါလည်း ကြိုက်တယ် "
မောင်သဘောကျရင် ငါလည်း ကြိုက်ပေးရမှာပေါ့
" ဗျာ "
" ငါ နှင်းဆီပန်းအနီရောင်ကို ကြိုက်တယ် မဟုတ်ဘူး မောင်ပေးလို့ ငါကြိုက်တာ "
" ဟောဗျာ အလောက်ကြီးကျ ဒီကောင်ရူးပြီ "
" မောင်ကလည်း ~ "
တဖန်ရောက်လာတဲ့ ဤရင်ခွင် ဒီတခါမှာတော့ နာနေတဲ့ လက်တွေကို လစ်လျူရှုကာ ခပ်တင်းတင်း ပြန်ဖက်ထားမိသည် ။
" ငါ့ကို တခုခု ပြောစရာ ရှိလား မောင် "
" ရှိတာပေါ့ဗျာ တခုမဟုတ်ဘူး အများကြီးရှိတာ "
မောင်က သူ့ပါးနှစ်ဖက်ကို လက်ဖဝါးကြီးကြီးနှစ်ဖက်နဲ့ အုပ်ကိုင်ထားပြီး
" မောင့်ကို လက်ထပ်နိုင်မလား ရှောင်း "
" ဟင် "
ရှောင်ကျန့်ရဲ့ ပါးစပ်လေးပွင့်ဟသွားသည် အထိ အံ့သြမိသွားသည် ။ နောက်ဆုံးတော့ သူပြောခဲ့ပြီပေါ့
" မောင် မကြာခင် နယ်ပြောင်းမိန့် ကျတယ် မောင် ခင်ဗျားနဲ့ မခွဲနိုင်ဘူး ဒါ့ကြောင့်မို့ မောင့်ကို လက်ထပ်ပြီး မောင်နဲ့ လိုက်ခဲ့နိုင်မလား "
မောင်က သူ့လက်နှစ်ဖက်ကို ဆုတ်ကိုင်ပြီး သူ့ရှေ့ဒူးထောက် ပြီး ထိုစကားကို ထပ်မံပြောဆိုလာတယ် ။ ရှောင်ကျန့်ရဲ့ နှလုံးသားလေးဟာ လေဟက်ခံရသလို တလှပ်လှပ်နဲ့ အားနည်းလာတယ် ။ ပျော်တာလား ဝမ်းနည်းတာလား မသိပေမဲ့ သူ့မျက်ဝန်းအိမ်လှလှလေးမှာ မျက်ရည်တွေ ဝေ့သီလာတယ် ။
" ဟို ... "
" ပြောပါဗျာ ပြောဗျာ "
" မောင့်ကို လက်ထပ်မယ် ဒါမဲ့ ငါတို့ ဒီမှာဘဲ နေကြမယ်လေ "
ရှောင်ကျန့်က မောင့်ကို ချစ်သလို ဇာတိမြေလေးကိုလည်း သူချစ်သည် ။ ဒီတောင်တန်းတွေနဲ့လည်း မခွဲနိုင်ဘူး
တောင်တန်းတွေကို ချစ်သည် ။ မောင့်ကိုတော့ မြတ်နိုးပါသည် ။
" မောင်လည်း နေချင်ပါတယ် ခင်ဗျားရယ် ဒါမဲ့ မောင့်မှာ တာဝန်ဆိုတာကြီး ရှိနေတယ် အတာကို မောင်လစ်လျူရှုလို့ မရဘူး "
" ဘယ်လောက် ကြာမှာလဲ မောင် "
" 3 နှစ် "
3နှစ်ကြီးတောင်လား မောင်ရယ် ။
" ငါစောင့်နေမယ် မောင်သာ ရောက်အောင် ပြန်လာခဲ့ "
ဒီစကားကို ရင်နာနာနဲ့ ပြောရခြင်းပါ ။ 3နှစ်မပြောနဲ့ 3 ရက်လောက် မောင်နဲ့ မတွေ့ရရင်တောင် ငါရူးတော့မလိုဘဲ ။
" ဘာလို့လဲ ခင်ဗျားရယ် မောင်နဲ့ မလိုက်ခဲ့ချင်ဘူးလား "
" မောင်လည်း ဒီအရပ် ကိုချစ်တာ ငါသိပါတယ် မောင်က တာဝန်ကြောင့်သွားမှာ ငါက ဝန်ထုတ် ဝန်ပိုးဖြစ်နေလိမ့်မယ် "
" မဟုတ်တာ ဘာလို့များ သည်စကားကို ပြောရတာလဲ မင်းက မောင့်အသက်ပါ မောင့်အသက်ကို မောင်စောင့်ရှောက်ရမှာ မောင့်တာဝန်ဘဲ "
ရှောင်ကျန့်က သူ့ရှေ့က ဒူးထောက်နေတဲ့ မောင့်ကို ထရပ်စေပြီး ရင်ခွင်ကျယ်ထဲ အသာ တိုးဝင်သည် ။
" ငါစောင့်နေမယ် မောင်သာ အန္တာရယ် ကင်းကင်းနဲ့ ပြန်လာခဲ့ ဒီတောင်တန်း ဒေသမှာ ငါတို့လက်ထပ်မယ် ဒီအရပ်မှာဘဲ အခြေချမယ် ငါက မောင့်တွက် ထမင်းချက်ကြွေးမယ် ငါတို့အိမ်ရှေ့မှာ နှင်းဆီပန်းတွေ စိုက်မယ် မောင်သဘောတူမယ်ဆိုရင် ကလေးလေး တယောက် မွေးစားမယ် နော်မောင် "
" ခင်ဗျားက ဒီလို ဆုံးဖြတ်ထားမှတော့ မောင်က ဘာတတ်နိုင်ပါ့မလဲ ဒါမဲ့ မောင့်ကို စေ့စပ်ခွင့်လေးတော့ပြုပါ မင်းက မောင့်အပိုင်ဆိုတာ တံဆိပ်တတ်ခဲ့ချင်လို့ "
" မောင့်သဘောပါ "
ဒီစကားတော့ သူလက်ခံလိုက်သည် မဟုတ်ရင် မောင်တယောက် စိတ်ဆင်းရဲ နေပါ့မယ်
နောက်တနေ့မှာ ဝမ်ရိပေါ်နဲ့ ရှောင်ကျန့်ရဲ့ စေ့စပ်ပွဲလေးက ခမ်းခမ်းနားနား ဖြစ်လာခဲ့သည် ။ ရိပေါ်ရဲ့ မိဘတွေကတော့ ဝေးနေလို့ မလာနိုင် ။ ရှောင်းကျန့်ရဲ့ အမကတော့ ရိပေါ်ကို နဲနဲ ကြည့်မရတာတော့အမှန် သူမမောင်လေးက ချစ်တော့လည်း လက်ခံပေးရတာပေါ့ မေမေ့ကိုလည်း မနဲဖြောင့်ဖျလိုက်ရတယ် ။ နောက်တနေ့မှာ မှာတမ်းခြွေလို့ မပြီးနိုင်တဲ့ ရိပေါ်ကို အားလုံးက မျက်စောင်းတထိုးထိုး ။ ဟိုတယောက်ကတော့ လင်တော်မောင် ပြောသမျှကို ခေါင်းတငြိမ့်ငြိမ့်နဲ့ အမလေး အမြင်ကပ်လိုက်တာ ။
^^^^^^ 🌹 🌹 ^^^^^^
မောင်သွားပြီး 3 လလောက်ထိတော့ အဆက်သွယ်ရသေးတယ် ။ နောက်ပိုင်း စာလာတာ ကျဲလာပြီး 6 လကျော်လောက်မှ တစောင်ရောက်လာတတ်သည် ထားပါ မောင်မအားလို့ နေမှာပါလေ ။
" နင့်ကြည့်ရတာ လင်ပူမိနေသလိုဘဲ ရှောင်ကျန့်ရယ် "
အိမ်ရှေ့ကွပ်ပစ်မှာ ငူငူ ငိုင်ငိုင်ကြီး ထိုင်နေတဲ့ ရှောင်ကျန့်ကို အမဖြစ်သူက ပြောရင်း သူလည်း စိတ်မချမ်းသာ ဖြစ်ရသည် ။ အရိုးတို နှင်းဆီပန်း အနွမ်းတပွင့်ကို ထိုင်ကြည့်နေတတ်တာလည်း ဟိုကောင် သွားတဲ့ နေ့ကတည်းက ။ မေမေကလည်း အစပိုင်းက ဆူပေမဲ့ နောက်တော့ မနိုင်လို့ လွှတ်ပေးထားလိုက်ပြီ ထင်ပါရဲ့ ဘာမှကို မပြောတော့ဘူး ။
" မမ ဒီနေ့နဲ့ ဆို သူသွားတာ 3နှစ်နဲ့ 6 လ ရှိနေပြီ "
" တချို့တာဝန်တွေက ရက်ချိန်းပေးလို့ မရဘူးလေ အတိကျမရှိဘူးလို ပြောချင်တာ သူက စစ်သားဆိုတော့ မပြောကောင်း မဆိုကောင်း "
" ဟင့်အင်း မောင်ဘာမှ မဖြစ်ဘူး မောင်ပြောထားတယ် အန္တာရယ် ကင်းကင်းနဲ့ ပြန်လာမယ်လို့ "
" ငါလည်း သဘောပြောပြတာပါ ရှောင်ကျန့်ရယ် အိမ်ခန ကြည့်ထားအုံး ငါသူ့အမအိမ် သွားမေးအုံးမယ် "
" အင်းပါ "
" အင်းပါ လုပ်မနေနဲ့ သူခိုးက အိမ်ကြီးပါ မသွားရင်တောင် နင်သိလိုက်မှာ မဟုတ်ဘူး "
" မမကလည်း ငါကြည့်ထားမယ်ဆို "
မမကတော့ ရှောင်ကျန့်ကို ဘာမှ မပြောချင်တော့တာကြောင့် အပြင်သာ ထွက်လာခဲ့လိုက်သည် ။
" ကိုကို "
" ဗျာ "
မောင့်ရဲ့ ညီးဝမ်းကွဲလေးတောင် 9 နှစ်ကျော် 10 နှစ်နီးပါး ရှိနေပြီ ။ အရပ်ကြီးကလည်း ရှည်လာလိုက်တာ ရှောင်ကျန့်ဆီ နေ့တိုင်းလာတတ်ပြီး အဖော်နေပေးတတ်သေးသည် ။
" ကိုကို့ ကို ခေါ်ခိုင်းလိုက်လို့ "
" ဘယ်သူတုန်း သားရဲ့ ကိုကို ဘယ်မှ မသွားချင်ဘူး "
" မရဘူး သူက ကိုကို မလာရင် သားကို ရိုက်မယ်တဲ့ "
တချိန်လုံး မှိုင်နေတဲ့ ရှောင်ကျန့်ရဲ့ မျက်လုံးလေး အရောင်လက်သွားသည် ။ တကယ်ဘဲ မောင်လား ။ ရှောင်ကျန့် သားရှေ့မှာ ဟန်တောင် မဆောင်နိုင် အမြန်ဘဲ ပြေးထွက်လာလိုက်သည် ။
သူနဲ့ တွေ့နေ့ကျ နေရာလေးကို ရှောင်ကျန့် အမြန်ပြေးလာခဲ့သည် ။ အနေထားတွေက လွန်ခဲ့တဲ့ 3 နှစ်ကျော်က အတိုင်းဘဲ မောင်က သူ့ကိုကျောပေးကာ တောင်တန်းတွေဘက် မျက်နှာ မူပြီး ရပ်နေသည် ။
" မောင့် "
ဒီတခါ မောင်ပြေးလာတဲ့ ထိ သူမစောင့်နိုင်တော့ဘူး မောင့်ဆီ ပြေးသွားပြီ မောင့်ရဲ့ ကျောပြင်ကျယ်ကြီးကို နောက်ကနေ ဖက်သွယ်ထားလိုက်သည် ။
" မောင်လာမှာပေါ့ ခင်ဗျားရယ် မင်းရဲ့ ခြေဖဝါးနုနုလေးတွေ နာကုန်မှ ဖြင့် မောင်ရူးရချည်ရဲ့ "
" မောင့်ကို လွမ်းလို့ပေါ့ ဟင့် "
ငိုချလာတဲ့ အသည်းအသက်ကြောင့် ပြာယာခက်ရသူမှာ ရိပေါ်ပင်
" ဟော ဟော ဒီကောင်လည်း ခင်ဗျားလေးကို ရူးမတတ်လွမ်းနေတာပါဗျာ မောင်ရူးမတတ်လွမ်းနေတာပါ "
" အကြာကြီး ... အကြာကြီးဘဲ မောင် ငါ့ကို ပစ်ထားတယ် အီး "
" မောင့်ကို သွားခိုင်းခဲ့တာ ဘယ်သူပါလိမ့် မောင်က ခင်ဗျားလေးနဲ့ စက္ကန့်လေးတောင် မခွဲနိုင်တဲ့ ကောင်ပါ "
" နောက် မောင့်ကို ဘယ်မှ သွားခွင့်မပြုတော့ဘူး မောင်ဘယ်သွားသွား ငါလိုက်တော့မယ် ငါမောင့်ကို ချစ်တယ် "
"ခက်တော့ နေပါပြီ ဒီကောင်ကလည်း ခင်ဗျားလေးကို အသက်သမျှ ချစ်ရပါတယ်ဗျာ "
ထိုအခါ သူ့ရဲ့ နားသယ်စနား ရောက်လာတဲ့ နီနီရဲရဲ နှင်းဆီပန်းလေးတပွင့်
" ခင်ဗျားလေးနဲ့ လိုက်တယ် "
" ကျနော်လည်း ကြိုက်ပါရဲ့ မောင်ရယ် "
ထိုနောက် ပါးပြင်ပေါ် ရောက်လာတဲ့ အနမ်းနွေးနွေးတခု မြတ်နိုးလိုက်ရတာ မောင်ရယ် ....
🌹 မောင့်နှင်းဆီနီ 🌹 🖇️ ပြီးပါပြီ 🖇️
💚 Cherry Ko Ko 💚
# Happy BXG Day 💛တွက် ကျနော့်ဘက်က လက်ဆောင်လေးပါ
https://m.facebook.com/story.php?story_fbid=122127398054002374&id=61550071243967&mibextid=Nif5oz
Wang Xiao Cherry