🖇️ YiZhan One Short Fic Coll...

By CherryKoKoWangXiao

22.1K 1.4K 10

Xello ဒီ Story မှာ ကိုယ်ရေးဖူးသမျှ Oneshort Fiction အားလုံး စုပေးပါမယ်ဗျ 💚🦋 More

💙တောင်ပြာတန်းက မောင့်သည်းညှာ 💙
💢 မောင့် ပန်းချီ 💢
💜တနေ့ ပြန်ဆုံခဲ့ရင် 💜
IDOL
Dream !!! One Short
Dream !!! Two Short
ပိုးစုန်းကြူး
🦋ငယ်ကျွမ်းဆွေ 🦋
You Are The One
Time Travel
My Angel
မြို့အုပ်မင်းဇနီး အလှပဂေး မဟေသီလေး
ကိုယ်ရယ် မင်းရယ် ပိတောက်ရယ်
ညွှန်းဖွဲ့ မမှီတဲ့ မောင့်အိမ်သူ
ကိုလူပျိုနှင့် အိမ်ပြေးလေး
မောင့် သည်းညှာ
သူကြီး သမက်
ချစ်ခြင်းရယ်ပြိုင်
ပန်းမိစ္ဆာနှင့် ဓားသခင်
အိမ်ဦးနတ်
💚 အစိမ်းရောင် "လ " ကလေး💚
My Doctor
Love Your Self
ဘေးအိမ်က လူ
Attachment
လိပ်ပြာ နှောင်ကြိုး
Angel Story
မောင့် နှင်းဆီနီ
ချစ်သူ လူဆိုး
လရောင် ဆမ်းတဲ့ နွေပင်လယ်
ဇီဇာကြောင်တဲ့ သူဋ္ဌေးသား
ငါ့ယောကျ်ားက လူဆိုးကောင်
I Don't even Know his name

Am I Wrong

395 31 0
By CherryKoKoWangXiao

🖤  🅰︎🅼︎ 🅸︎ 🆆︎🆁︎🅾︎🅽︎🅶︎   🖤

One Short  [ YiZhan ]

" ၀မ်ရိပေါ် !!! "

" ကျစ် Daddy ရာ ဘာလို့ အော်နေတာလဲ "

ည 12 နာရီ ကျော်မှ အပြင်က ပြန်လာပြီး  ဧည့်ခန်းထဲမှာ ထိုင်စောင့်နေတဲ့ လူတွေကို အရေးမစိုက်စွာ အပေါ်ထပ် တက်ဖို့ ခြေလှမ်းနေတဲ့ ၀မ်ရိပေါ်ကို ၀မ်ပါး အော်လ်ိုက်တော့ လူတွေကို အကြည့်တချက်ပေးမလာဘဲ လှေကားလက်ရမ်းကို ကိုင်ပြီး ရပ်နေတဲ့ သားမိုက်ကြောင့် ၀မ်ပါး ဒေါသ ထွက်ရသည် ။

" မင်း အခု ဘယ်ချိန် ရှိနေပြီလဲ ဟမ် ! "

" နာရီ မပတ်ထားဘူး ဖုန်းက ကားထဲမှာ ကျန်ခဲ့တယ်  "

" မင်း !!    အခု ဆင်းခဲ့စမ်း  ၀မ်ရိပေါ် ! "

" ခု အရက်မူးနေလို့ ပြီးတော့ အိပ်ချင်နေပြီ  ပြောစရာရှိရင် မနက်မှ ပြော ဟုတ်ပါပြီလား "

" ဘာ !! မင်း  ! မင်း ! "

" အကိုရယ် တော်ပါတော့ သားနားပါစေ မနက်ဖြန် မှပြောလေနော် "

" ဒီမှာ ဒေါ် ကျိုးမေ ကျုပ်တို့ သားဖကြား  ခင်ဗျား ၀င်မပါနဲ့ ပြီးတော့ ကျုပ်ကို သား သား မခေါ် နားကြားပြင်း ကပ်တယ် "

" ၀မ်ရိပေါ် မင်း လူကြီးကို ဘယ်လိုတွေ ပြောနေတာလဲ "

" ပြောပြတာ မကြိုက်ဘူးဆိုတဲ့ အကြောင်း  နောက်တခါ Daddy မိန်းမကို ကျနော့်ကို သားလို့ မခေါ်ဖို့ ပြောထား  "

၀မ်ရိပေါ် ပြောပြီးတဲ့ ဆို အပေါ်ထပ်ကာ သူ့အခန်းထဲ လာခဲ့လိုက်သည် ။ အောက်က Daddy ဘယ်လို ကျန်ခဲ့လဲ သူစိတ်မ၀င်စားပေ  ။ ခုချိန်ဆို သူ့မိန်းမကို ပြောလို့ သူ့ကို ထိုးချင်နေလောက်ရောပေါ့

စောက်ဇယားတွေ  အာရုံနောက်တယ် ။ ရိပေါ် အပေါ်ကုတ်ကို ကုတင်ပေါ် ပစ်တင်ပြီး လူပါ အိပ်ယာပေါ်  ဝုန်းကနဲ ပစ်လှဲ လိုက်သည် ။ ဖိနပ်တွေ ဘာတွေလည်း ချွတ်မနေတော့ဘူး အာရုံနောက်တယ်  ။

" လွမ်းတယ် ခင်ဗျားရေ   မောင် ခင်ဗျားကို အရမ်းလွမ်းတာဘဲ  ခင်ဗျားက ချေလိုက်တာဗျာ တကယ်ဘဲ မောင် ဘာများ မှားလို့လဲ "

မူးမူးနဲ့ ဖုန်းကလည်း ကားထဲမှာ ကျန်ခဲ့လို့ မင်းပုံလေး ကြည့်ပြီး အလွမ်းသည်လို့ မရပေ ။ မောင့်ဘ၀က ဆိုးလိုက်တာ ဗျာ  ။

အရက်နာကျပြီး အော်နေတဲ့ ရိပေါ် အသံက အခန်းတံခါး မပိတ်ထားလို့ အောက်ထပ်ထိပါ အတိုင်းသား ကြားနေရသည် ။

" ဟေ့ကောင် အိပ်မှာဖြင့်အိပ် လျှောက်အော်မနေနဲ့  မင်းလိုကောင်ကို ဘယ်သူမှ ပြန်ကြိုက်မှာ မဟုတ်ဘူး "

" ကဲ  အကိုရယ် သားကို အလို မပြောပါနဲ့ သူက ငယ်သေးတော့ နဲနဲဆိုးနေတာပါ နောက်ကျရင် အချိန်က အားလုံးကို ပြင်ဆင်ပေးပါလိမ့်မယ် "

" မေ  ကိုယ်သားအစား ကိုယ်တောင်းပန်တယ်ကွာ "

" ဟင့်အင်း မေ့သားလေးကို မေ စိတ်မဆိုးပါဘူး အကို သူက ကလေးဘဲ ရှိသေးတာလေ မေနားလည်ပါတယ် "

" အင်း ကို့သားလေးကို စောင့်ရှောက်ပေးပါအုံးမေ "

" သား၀မ်ကို မေက မေ့သားအရင်းလို ချစ်ပါတယ် အကိုရယ် သားကသာ   ...  ထားပါ သူ့မေမေ နေရာမှာ ဘယ်သူ့မှ အစားမထိုးချင်တာ သူ့အတ္တလေးနေမှာပါ "

ရိပေါ်က ခုမှ 22 နှစ်ဘဲ ရှိသေးတယ်  ။ သားအထက်တန်းနှစ်မှာ သားရဲ့ Mammy က နှလုံးရောဂါနဲ့ ဆုံးသွားတယ် ။ မကြာဘူး ဦး၀မ်မင်းဟန်က က ဒေါ်ကျိုးမေက သူ့အချစ်ဦးပါဆိုတဲ့ အကြောင်းပြချက်နဲ့ လက်ထပ်လိုက်တယ် အဲ့ကတည်းက ၀မ်ရိပေါ်က ကျောင်းလည်း ဆက်မတက်တော့ဘဲ ဆိုးချင်တိုင်း ဆိုးနေတာ ။ သူ့ဘက်ပလည်း မှားခဲ့တာမို့ ၀မ်ပါးလည်း သားကို အပြစ် မပြောတော့ပေ ။ တနေ့ သူနားလည်မှာပါ ...

_________________________

" ငါမှားလား  "

" မင်းမှားတယ် ဟျောင့် ဘယ်သူက ကို့ဆီကခွင့်ပြုချက်မယူဘဲ ဓာတ်ပုံရိုက်တာ လက်ခံမှာလည်းကွ "

ရှေ့နေခေါ်ကာမှ ထောင်လုံးလုံး ကျတော့မည့်ပုံ  ။ ရိပေါ်  Haoxuan ကို နရင်း ပိတ်အုပ်လိုက်ပြီး ကော့တေး တခွက်ကို ကောက်မော့ လိုက်သည် ။

" အတာ ပါးစပ်က ပြောလေ ဘာလို့ ငါ့ဖုန်းကိုပါ ပစ်ခွဲလိုက်တာလဲ "

" အော် ငါ- ်ုးရဲ့ အတာ မင်းဟာလေး လုပ်တာလေ သူ့ကို သွားအုပ်ပါလား  "

" သူ့ကို အုပ်ချင်နေတာတော်တော် ကြာနေပြီ ငါစိတ်မရှည်တဲ့ နေ့ကျရင်တော့ အဲ့ဟာလေးကို ဆွဲဆတ်လုပ်ပစ်လိုက်မှာ "

ရိပေါ်  ဒီနေ့မနက် ရှောင်ကျန့်ရဲ့ ကျောင်းကို သွားခဲ့တယ် ရှောင်ကျန့် အထက်တန်း နှစ်လောက်ထဲက သူသဘောကျနေတာ ခု ဆေးကျောင်းနောက်ဆုံးနှစ်ထိတောင် ရှောင်ကျန့်က သူ့ကို ချေနေတုန်း ။ ကို့ထက်အကြီးမို့ အလျော့ပေးနေတာကို အဲ့ဟာလေးက ယောင့်တက်နေတာ ။

မနက်က ကျောင်းကန်တင်းမှာ ရှောင်ကျန့်က သူ့သူငယ်ချင်းတွေနဲ့ ရီရီမောမော စကားပြောနေတာ ။ သူနဲ့ဆို အမြဲတမ်းမျက်စောင်းတကဲကဲနဲ့ ။ အဲ့တာ ရယ်နေတဲ့ ပုံလေး သဘောကျလို့ ရှေ့တည့်တည့်ကနေ ဓာတ်ပုံသွားရိုက်မိတာ သူ့ဆီက ဖုန်းကို ယူပြီး လွင့်ပစ်လိုက်တယ်  ။ ပြောသွားလိုက်တာလည်း ရစရာကို မရှိဘူး ကြီးမြတ်သူတို့ လက်သုံးစကား Respect ရှိရမယ် ဘာညာပေါ့  ။

ရိပေါ် သောင်းကျန်းချင်ပေမဲ့ သူ့သိက္ခာကို ငဲ့ပြီး တချက်ဆွဲနမ်းပြီး ပြန်လာခဲ့တာ ငါမှားလား

" အကြံပေးရမလား ဟျောင့် "

" ပါးချမခံရလောက်ဘူးဆိုရင်တော့ ပြောပေါ့ မနက်က ကိစ္စတောင် သူတော်တော် တင်းနေမှာ  "

" မင်းကိုက လွန်တာပါ လူရှေ့မှာ နမ်းစရာလား "

" သူက ငါ့ကို စိတ်တိုအောင် လာလုပ်တာကို ငါစိတ်မရှည်ဘူးဟျောင့်  "

" မင်းက ဘယ်တုန်းကလည်း စိတ်ရှည်ဖူးလို့လဲ  "

" - ီးလိုမှဘဲ ပြောစရာ ရှိတာ ပြော  ဟျောင့် "

"  ဒီလိုကွ .... "

ရှောင်ကျန့် ဒီနေ့ အချိန်ပို သင်တန်းဆင်းနေရလို့ မိုးချုပ်မှ အိမ်ပြန်ရသည် ။ မိုးကလည်းရွာနေတာမို့ ကားမောင်းနေတာ ရှေ့လမ်းကိုတောင် သေချာမမြင်ရပေ ။ ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ လမ်းမပေါ်က ရန်ပွဲတခု ။ သည်းသည်းမဲမဲ ရွာနေတဲ့ မိုးတွေကြားမှာ ထိုးကြိတ်နေကြတာ ဘယ်လို လူရမ်းကားတွေပါလိမ့်  ။

ရှောင်ကျန့် ကျော်သွားဖို့ လုပ်ပေမဲ့ မျက်လုံးထဲမှာ ဖျက်ကနဲ လှမ်းမြင်လိုက်တဲ့ ဟိုလူဆိုးကောင်ကြောင့် ကားကို သူ့တို့နဲ့  အကျော်မှာ ရပ်ထားပြီး ကားဘက်မှန်ထဲကနေ အခြေနေကို ကြည့်နေလိုက်တယ် ။

" ရိပေါ် သူ့ကြည့်နေတယ် ရိုက်ရတော့မှာလား "

" OK 2 ချက်လောက် ချုပ်ရအောင်ဘဲ လုပ်နော် မသာတွေ  "

" ငါ့ကို ယုံဟျောင့် "

Haoxuan က ပြောရင်း အရက်ပုလင်းနဲ့ ရိပေါ် ခေါင်းကို ရိုက်ခွဲလိုက်သည် ။

ရှောင်ကျန့် ကြည့်နေတုန်းမှာဘဲ အမဲနဲ့ တယောက်က လူဆိုးကောင်ရဲ့ ခေါင်းကိုပုလင်းနဲ့ ရိုက်ခွဲလိုက်တာမို့ လူဆိုးကောင် လဲကျသွားတာကို မြင်လိုက်ရသည် ။ ဘာမှန်းမသိ လူက ပူထူသွားပြီး ကားတံခါးဖွင့်ကာ ဆင်းပြေးလာခဲ့တယ် ။ ဒီလူအုပ်ကို သူမယှဥ်နိုင်ဘူးဆိုတာ သိတယ် ဒါမဲ့ ခုချိန်မှာ စိတ်ပူနေတာ သူတယောက်ထဲဘဲ  ။ ကျန်တာ ဘာမှ မတွေးချင်တော့ဘူး

" ဒီမှာ ခင်ဗျားတို့  အားလုံးရပ်လိူက်  ! ခင်ဗျားတို့ လူရိုက်ထားတဲ့ Vd  ကျနော် ရိုက်ထားတယ် ရဲစခန်းကို သွားပြပြီး ခင်ဗျားတို့ကို ဖမ်းခိုင်းမယ် "

ရှောင်ကျန့်ပြောရင်း လဲကျနေတဲ့ ရိပေါ်ကို ရင်ခွင်ထဲ ထည့်ထားပြီး ခေါင်းမှ စီးကျနေတဲ့ သွေးတွေကို လက်တဖက်နဲ့ အုပ်ပေးထားသည် ။

တကယ်တော့ ရှောင်ကျန့်လည်း ကြောက်တယ် ။ ပါးစပ်ထဲမှာ ရှိတာ လျှောက်ပြောလိုက်တာ သူ့တို့ ယုံပါ့မလား မသိဘူး ။

" မင်းက ဘာလဲ ဟေ့ကောင် "

" ငါ  ငါက  ... ငါက  "

ရဲလို့ ပြောရမှာလား  ဆရာ၀န်လို့ပြောရမှာလား

" မင်းတို့  ခု ရိုက်လိုက်တဲ့ သူက ငါ့ယောကျ်ား မင်းတို့ကို တရားဆွဲမယ်  ထောင်ချမယ် သေဒဏ်ကျတဲ့အထိ အပြစ်ဒဏ်ကို တိုးပစ်မယ်  "

" မင်းချိန်းခြောက်တိုင်း ငါတို့က ​ကြောက်ရမှာလား "

ဒီမြေနိုးတွေတော့ စောက်ကြောရှည်နေတာ ငါ့ဟာလေး အအေးပတ်တော့မယ် ။ ရိပေါ် ရှောင်ကျန့်ရင်ခွင်ထဲ ခင်တင်းတင်း တိုး၀င်ရင်း ခါးသေးသေးလေးကို တင်းကျတ်နေအောင် ဖက်ထားလိုက်သည် ။

နုညံ့အိစက်နေရောဘဲ ဖက်လို့ ကောင်းလိုက်တာ ခင်ဗျားရယ် ။

" မယုံရင်လည်း မတတ်နိုင်ဘူး ငါကားပေါ်က မဆင်းခင်ကတည်းက ရဲကို ဖုန်းဆက်ခဲ့ပြီ ခနနေ ရောက်တော့မှာ "

" ဘာ !!! ! "

" အင်း ခုမသွားသေးရင်တော့ အဖမ်းခံဖို့ စောင့်နေလိုက်တော့ "

Haoxuan က ရိပေါ်ကို လှမ်းကြည့်လိုက်တော့ မြေနိုးက ဆရာ၀န်လေး ရင်ခွင်ထဲမှာ သာယာနေတာ ။ သူတို့က အဖမ်းခံရတော့မယ် ။ Haoxuan ရိပေါ်ကို ပေစောင်းစောင်း လှမ်းကြည့်ပြီး သူ့လူတွေ ခေါ်ကာ ထိုနေရာမှာ အမြန်ထွက်လာခဲ့လိုက်သည် ။

" ရိ ရိပေါ်  မင်း သတိလေး ကပ်ပါအုံး "

ရှောင်ကျန့်ရဲ့ စကားက အရာရောက်ပြီး လူဆိုးတွေက ထွက်သွားတာမို့ ရှောင်ကျန့် ရိပေါ်ရဲ့ ပါးကို ခပ်ဖွဖွ ပုတ်ပြီး လှုပ်နှိုးနေသည် ။ ခေါင်းက သွေးတွေ မတရားထွက်နေတာ သူသိတယ် မိုးရွာနေတာတောင် သွေးက ဘေးမှာ အိုင်နေတုန်း   ။

ရိပေါ်လည်း အစပိုင်းက မနာဘူးထင်ပေမဲ့ နောက်မှ ခေါင်းက တဆစ်ဆစ် ထိုးကိုက်လာသည် ။

" ရိပေါ်  ခနလောက် ထပါအုံး ငါမင်းကို ကားဆီ ခေါ်သွားမို့ ငါမသယ်နိုင်ဘူး ဖြစ်နေတယ် ငါ့ကို တွဲပြီး လမ်းနဲနဲလောက် လျှောက်မလားဟင် "

ခု ရှောင်ကျန့်က သူ့ကို ချော့ပြီးပြောနေတာလား ။ ပြီးတော့ သူစိုးရိမ်နေတာလား  ။

ရှောင်ကျန့် အကူညီတောင်းဖို့ လူရှာပေမဲ့ လည်း မိုးရွာနေတဲ့ အချိန်မို့ လမ်းပေါ်မှာ ခွေးတကောင်တောင် ရှိမနေ 

" ဟင့်  ရိပေါ်  ခနလောက် ထပါအုံး "

ရှောင်ကျန့် ငိုနေတာလို့တော့ မပြောနဲ့နော် ။

ဒီကောင်လေး သူ့ကို လိုက်နေတာ  လွန်ခဲ့တဲ့ 5 နှစ်လောက်ထဲက ။ စတွေ့တုန်းက ထိုကောင်းလေးက 17 နှစ်ရွယ် လူပျိုပေါက်စလေး ဒီတိုင်း ရှောင်ကျန့်ကို လိုက်စနေတာလို့ဘဲ ထင်ခဲ့တာ သို့ပေမဲ့ ကုန်ဆုံးခဲ့တဲ့ 5 နှစ်အတွင်း ဒီကောင်လေး သူ့ကို တော်တော်ကပ်တာ ဘယ်လောက်ပြောပြောလည်း မနာဘူး  ။ ပြီးတော့ သူစတွေ့တုန်းကလို လူဆိုးပေါက်လေး မဟုတ်တော့ဘူး လူဆိုးကောင်လေး ဖြစ်နေပြီ ခန္ဒာကိုယ်ကြီးကလည်း ထွာလာပြီး အရပ်ကလည်း သူ့ ထက်တောင် ကျော်နေပြီ ။

ရှောင်ကျန့်ကရော သူ့ကို သဘောကျလား

ဟင့်အင်း မချစ်ရဲပါဘူး သူက ငယ်ရွယ်တုန်းမို့ စိတ်ကစားနေတာ ။ သူ့နှလုံးသားကိုတော့ ထိုကောင်လေး ကစားဖို့ မပေးရဲဘူး  ။

" သက်သာလား ရိပေါ် "

ခုရောက်နေတာက ရှောင်ကျန့်ရဲ့ အခန်းထဲမှာ ဖြစ်တဲ့ အပြင် ရှောင်ကျန့်ကုတင်ပေါ်ပါ ရောက်နေတာ ဘယ်လောက်မိုက်လဲ ။ ကျန့်ကော ပြောတာတော့သူ့ခေါင်းက  4 ချက် ချုပ်လိုက်ရတယ်တဲ့ ။ ငါ့ကို ယုံဆိုတဲ့ Haoxuan ကိုလည်း မေတ္တာတွေ တပုံတပင်ကြီး ပို့သနေပါတယ် 2 ချက်လောက် လုပ်ခိုင်းတာ 2x ဖြစ်သွားတယ် ။ သို့ပေမဲ့ တန်ပါတယ်လေ ကျန့်ကောနဲ့ နီးနီးကပ်ကပ်ကြီး နေခွင့်ရလိုက်တာ  ။ ပြီးတော့ ကျန့်ကော ဂရုစိုက်တာလည်း ခံရသေးတယ် 10 ချက်လောက် ချုပ်လိုက်ရလဲ ဘာအရေးလဲ

" အင်း ကလေး "

ဆန်ပြုတ်ပန်းကန် ကိုင်ပြီး ၀င်လာတဲ့ ကျန့်ကောကို ရိပေါ် ပြုံးပြုံးကြီး ကြည့်နေသည် ။ ခုက ယောကျ်ားနေမကောင်းလို့ မိန်းမက ပြုစုနေသလိုမျိုး အလိုတွေးမိတာ ငါမှားလား

" ဘာကလေးလည်း ငါမင်းထက်ကြီးတယ်နော် ရိပေါ်"

" အသက်ဘဲ ကြီးတာလေ ကျန်တာတွေတော့ ကျနော်ဘဲ ကြီးတာ  အ့ "

ရိပေါ် စကားမဆုံးခင် ပတ်စီးဖြူဖြူ ပေါ်ရောက်လာတဲ့ ရှောင်ကျန့်ရဲ့ လက်သွယ်သွယ်လေး

" နာတယ်ဗျ "

"ဒါဆို ပေါက်ကရတွေ လျှောက်မပြောနဲ့လေ ငါက မင်းကို ကယ်လာတာ ခုချိန်မှာ ငါက မင်းရဲ့အသက်သခင် ကျေးဇူးရှင်  နားလည်လား "

" ကျေးဇူးကျွေးအနေနဲ့ ကျနော့်ကို ယူပါလား ကျန့်ကော "

" ရိပေါ်  ! မင်း သက်သာနေပြီ ဆိုလည်း ပြန်တော့ "

" အ့  ခေါင်း    ခေါင်း ဘာဖြစ်တာလဲ မသိဘူး   .. ကျန့်ကော ကြည့်ပေးပါအုံး "

ရိပေါ်က သူ့ခေါင်းကို အတင်းဖိနှိပ်ပြီး  သူ့ရှေ့ ထိုင်နေတဲ့ ရှောင်ကျန့် ပေါင်ပေါ် ခေါင်းမှောက်ချရင်း ပြောလာသည် ။ သို့ပေမဲ့ ရှောင်ကျန့်ဆီက ဘာအသံမှ ထွက်မလာဘူး  ။ ဒါ့ကြောင့် အသာလေး ခေါင်းမော့ကြည့်တော့ ကျန့်ကောက သူ့ကို ပြုံးပြုံးကြီးနဲ့ ငုံ့ကြည့်နေတာ

" ကျန့် ကျန့်ကော "

" ထ ကလေးလို လုပ်မနေနဲ့ ရိပေါ် ခုန ရန်ဖြစ်နေတုန်းက တွေ့ခဲ့တဲ့ လူက မင်းမှ ဟုတ်ရဲ့လား "

" ကျန့်ကော ဆုံးမမယ်ဆိုရင်တော့ ကျနော်လိမ်မာပါမယ်  ကျနော့်ကို ပစ်ထားရင်တော့ ကျနော်က ကျန့်ကောကို နှောက်ယှက်နေအုံးမှာ "

" မင်းက လူဆိုးလေးဘဲ ၀မ်ရိပေါ်  ငါ့ကို ဘာလို့ သဘောကျတာလဲ "

" သဘောကျတာ မဟုတ်ဘူး ချစ်တာ ကျနော် ခင်ဗျားလေးကို စတွေ့နေ့ထဲက ချစ်နေခဲ့တာ စက်ဘီးကို ယိုင်ထိုးထိုးစီးလာတဲ့ အထက်တန်းကျောင်းသားလေးကို ကျနော် မြင်မြင်ချင်း ချစ်ခဲ့တာ "

" မင်းက ငယ်ပါသေးတယ် သဘောကျစရာတွေလည် အများကြီး ရှိသေးတယ် သေချာစဥ်းစားကြည့်ပါအုံးလား "

" ဘယ်လောက်ထိလဲ အချိန် 5 နှစ်က မလုံလောက်သေးဘူးလား ကျန့်ကော ကျနော့်ကို သဘောမကျဘူးဆိုတာ သိပါတယ် ဒါမဲ့ နဲနဲလောက် သနားပြီး ပြန်ချစ်ပေးလို့ မရဘူးလား နဲနဲလေးဘဲ ချစ်ပါဗျာ "

" နဲနဲဆို ရပြီပေါ့ "

" အများကြီး ချစ်မယ်ဆိုရင်တော့  ပျော်တာပေါ့ ဒါမဲ့လေ ကျန့်ကော ပေးသလောက်ဘဲ ကျနော်ယူမှာပါ "

" အော် သနားဖိူ့ကောင်းလိုက်တာနော် "

" အင်းဆိုကျနော် အရမ်းသနားဖို့ ကောင်းတာဘဲနော်  အတာကြောင့် ခုဘဲ အဖြေပေးလိုက်ပါတော့လား "

" ကြာတာပေါ့ တခါထဲလက်ထပ်ပြီး ကလေးပါ ယူကြရအောင် "

" တကယ်လား ကျန့်ကော "

ခုန ခေါင်းကိုက်တယ် ပြောတာ သူမဟုတ်တဲ့ အတိုင်း လူကို အတင်းဆွဲဖက်လာတာ တကယ်ဘဲ သူ့စကားကို အတည်ယူလိုက်တာလား  ။  စဥ်းစားပေးမလို ရှိသေးတယ် ချက်ချင်းကြီး အဖြေတောင်းနေတော့ ရွဲ့ပြောလိုက်တဲ့ ဟာကို လူကို ဝါးစားတော့မဲ့ အတိုင်း အတင်းဆွဲဖက်နေတာ

" ရိပေါ် ငါအသက်ရှူကြတ်နေပြီ လွှတ်အုံး "

" ကျန့်ကောဘဲ ကလေးယူကြမယ်ဆို ကျနော်က အဆင်သင့်ဘဲနော် သက်လုံအားလည်း ကောင်းတယ် စွမ်းအားလည်း အပြည့်ဘဲ  ခုစလိုက်ကြမလား "

ဘုရားရေ .. ဒီကောင်လေး ဘာတွေ ပြောနေတာလဲ

" ပြန်တော့ "

ရှောင်ကျန့် ရိပေါ် ကို လက်ကနေ အတင်းဆွဲမပြီးတံခါးကနေ အတင်းတွန်းလွှတ်လိုက်သည် ။

" ကျန့်ကော   ... ကျန့်ကော ပြောတော့ ကလေး ယူကြမယ်ဆို ကျန့်ကော "

အပြင်ရောက်သွားတာတောင် တံခါးထုပြီးအော်နေတဲ့ လူဆိုးကောင်ကြောင့် ရှောင်ကျန့် မျက်နှာတွေ ပူလာရသည် ။ ဘာပတ်၀န်းကျင် ကြားကုန်မှဖြင့်  ။ ရှောင်ကျန့် အခန်းတံခါးကို အသာဟပြီး

" အင်း အင်း ဒီနေ့ အဆင်သင့် မဖြစ်သေးလို့ မနက်ဖြန်မှ လာခဲ့ ထပ်အော်မနေနဲ့နော် အိမ်ပြန်တော့ "

" ဘယ်ချိန်လာရမှာလဲ ကျန့်ကော "

အေး ပြောမိတဲ့ ငါဘဲ မှားတာပါ ရိပေါ်ရယ် ငါမှားတာ

  " မင်းစားချင်တဲ့ အချိန်သာ လာခဲ့လိုက်တော့  "

" ဒါဆို ခုဘဲ ကျန့်ကော "

အိုး     ခိုင်    မော့     !!!!!!

" မင်း စဥ်းစားကြည့်ဟျောင့် သူဗိုက်ကြီးတာ ငါ့ကြောင့်ဆိုပြီး တနေ့တနေ့ ထုရိုက်နေတာ ယောကျ်ားယူမှတော့ ဗိုက်ကြီးမှာဘဲလေ အတာငါမှားလား "

" မင်းမမှားဘူး ဗိုက်ကြီးတဲ့ ကျန့်ကောလည်း မမှားဘူး  ငါမှားတာ  ငါမှားတာ တနေ့ တနေ့ မင်းတို့ လင်မယား အကြောင်း နားထောင်နေရတာ ငါ့နားတွေလည်း ပူထူနေပြီ အတော့ ငါအမြန်ဆုံး မိန်းမယူမယ်   ... ဟုတ်တယ် ငါမိန်းမယူတော့မယ်   "

" ရိပေါ် !!! ! "

" ဗျာ "

ဟာ ဘာဖြစ်ရပြန်ပြီလဲ အခြေနေမကောင်းဘူး ပြန်မှ ရတော့မယ်  ။  ရိပေါ်က  ဒီနေ့ သူ့ကို ကျန့်ကော အပြင်မလွတ်လို့ဆိုပြီး အိမ်လာခိုင်းတာ ခုတော့ သူ့တို့လင်မယား သတ်ပွဲ ဆွဲရတော့မယ် ထင်တယ်

" မင်း လာခဲ့ ! လုပ်တုန်းက  လုပ်ပြီး ခုငါ ဗိုက်ကြီးနေတော့ ငါ့နားမှာ မနေဘူး အီး ဟီး  မသာကောင် "

ဟဲ့  ဒီမှာ လူပျိုလေး ထိုင်နေတယ်လေ  ဘာတွေ ပြောနေကြတာလန်း

" Haoxuan မင်းထိုင်နှင့် ခနသွားလိုက်အုံးမယ် အဲ့မှာ ဇီးစိလောက် ဗိုက်ကို ဟန်ရေးချဲ့နေတာ  ငါသွားကြည့်ပေးလိုက်အုံးမယ် "

" မထိုင်ဘူး ပြန်ပြီ နားပူတယ် "

Haoxuan ကတော့ ပြောပြီး တချိုးထဲ ပြေးတာ တန်းနေရော  ဒီကောင်က တမျိုး  ။

" ချစ်လေး  ဟဲ  ဟဲ "

" ဘောကို ချစ်လေ - ီးကို ချစ်လေး ငါ -ိုးမဟာ မင်း အခန်းထဲကနေ အပြင်ကို တလှမ်းထွက်ဖို့တောင် မစဥ်းစားနဲ့ "

" ယောကျ်ား ဒီနားမှာဘဲ ငြိမ်ငြိမ်လေး ထိုင်နေပါ့မယ်  "

" မင်းတော့ ထင်နေမှာဘဲ ငါ့ကို ယူမိတာ မှားပြီလို့ "

" အင်း  "

" ဘာ !!! "

" ဟင့်အင်းလို့ အလိုမထင်ပါဘူး ချစ်လေးရယ် မောင်က  ချစ်လေးကို အရမ်းချစ်တာလေ အလို ထင်စရာလား "

" သေမယ်နော် မင်း "

" ယူမိတာ မှားပြီ ထင်ပါတယ် "

" ဘာ !!! ရိပေါ် !! "

" သီချင်း  သီချင်း မောင်က သီချင်းဆိုတာ ခုတလော အဲ့သီချင်း ပါးစပ်ထဲမှာ စွဲနေလို့ နော် ချစ်လေး "

" ခင်ဗျားနော် "

" မောင့်ကို မချစ်ဘူးလားပြော "

  " ခင်ဗျားကို မချစ်ရင်  ခုငါဗိုက်ကြီးစရာ ဘာအကြောင်းမှ မရှိဘူး "

" ချစ်လေး ဖြေတာ မောင်ကကြားချင်တာကို "

" အင်း  အင်း   ချစ်တယ် ချစ်တယ် ရပြီလား "

" ဒါဆို လည်း ... "

" မရဘူးနော်     ရိပေါ် !!!!  မင်း  အ့   "

🖤Am I Wrong 🖤      ပြီးပါပြီ

#ဒီ Fic လေးကို ကိုယ်က  Wang Yibo ရဲ့ 26 နှစ်ပြည့် မွေးနေ့အတွက် လက်ဆောင် အဖြစ် ပေးပါတယ်  ။ Happy Birthday  MG 💚 . 

💚 Cherry KoKo "

Wang Xiao Cherry

Continue Reading

You'll Also Like

82.3K 10.9K 40
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
278K 48.4K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
90.1K 6.8K 68
ကျွန်မတို့ ရာဇဝင်ဘက်ကို တစ်‌ခါ‌ေလာက်အတူသွားကြရအောင်လား။ကျွန်မတို့ ရာဇဝင်ဘက်ကို တစ်‌ခါ‌လောက်အတူသွားကြရအောင်လား။
41.6K 2.9K 10
one shot❣️ ZhanYi ❤️💚