🖇️ YiZhan One Short Fic Coll...

Par CherryKoKoWangXiao

22.1K 1.4K 10

Xello ဒီ Story မှာ ကိုယ်ရေးဖူးသမျှ Oneshort Fiction အားလုံး စုပေးပါမယ်ဗျ 💚🦋 Plus

💙တောင်ပြာတန်းက မောင့်သည်းညှာ 💙
💢 မောင့် ပန်းချီ 💢
💜တနေ့ ပြန်ဆုံခဲ့ရင် 💜
IDOL
Dream !!! One Short
Dream !!! Two Short
ပိုးစုန်းကြူး
🦋ငယ်ကျွမ်းဆွေ 🦋
You Are The One
Time Travel
My Angel
မြို့အုပ်မင်းဇနီး အလှပဂေး မဟေသီလေး
ကိုယ်ရယ် မင်းရယ် ပိတောက်ရယ်
ညွှန်းဖွဲ့ မမှီတဲ့ မောင့်အိမ်သူ
ကိုလူပျိုနှင့် အိမ်ပြေးလေး
မောင့် သည်းညှာ
သူကြီး သမက်
ချစ်ခြင်းရယ်ပြိုင်
ပန်းမိစ္ဆာနှင့် ဓားသခင်
အိမ်ဦးနတ်
💚 အစိမ်းရောင် "လ " ကလေး💚
My Doctor
Love Your Self
ဘေးအိမ်က လူ
လိပ်ပြာ နှောင်ကြိုး
Angel Story
Am I Wrong
မောင့် နှင်းဆီနီ
ချစ်သူ လူဆိုး
လရောင် ဆမ်းတဲ့ နွေပင်လယ်
ဇီဇာကြောင်တဲ့ သူဋ္ဌေးသား
ငါ့ယောကျ်ားက လူဆိုးကောင်
I Don't even Know his name

Attachment

325 30 0
Par CherryKoKoWangXiao

🌸 Attachmant 🌸🌸

🦋OneShort 🦋     {YiZhan }

"ဘာ  ! လမ်းခွဲမယ် ဟုတ်လား မောင် ဘာလို့လဲ ဘာလို့လဲ လို့ 😭"

"ကျန့်လည်း သိတာဘဲ ကျန့်မိဘတွေက မောင်နဲ့မှ သဘောမတူတာ ပြီးတော့ "

"ကျနော် သိလိုက်ပါပြီ မောင်က ကျနော့်ကို မချစ်ဘူး မောင့်တာ၀န်တွေကိုဘဲ မောင်ချစ်တာ  ဟင့် 😢 "

နေညိုချိန် တောင်စပ်နားမှာ စကားပြောနေတဲ့ လူနှစ်ဦးဟာ သေချာတာတော့ အချစ်အကြောင်းတွေ နုနုညံ့ညံ့ ပြောနေတာ မဟုတ်ပါဘူး

"အလို မဟုတ်ပါဘူး မောင့်စိတ်ကို မင်းနားလည်ပါတယ်ကျန့်  "

သူ့ပုခုံးတွေကို ခပ်တင်းတင်း ဆုတ်ကိုင်ပြီး ပြောလာတဲ့ မောင့်ရဲ့ လက်တွေကို ဖယ်ထုတ်လိုက်တယ်

"နားမလည်ဘူး နားမလည်ချင်တော့ဘူး မောင် နိုင်ငံ့တာ၀န် ထမ်းဆောင်နေတဲ့ စစ်သားတွေ အများကြီးပါ အားလုံးကို မောင်လုပ်မှ ပြီးမှာလို့ မောင်က ထင်နေတာလား ဟမ် ပြောပါအုံး ခင်ဗျားပြော ကျနော့်အတွက်ရော အချိန်ဘယ်လောက်ပေးပြီးပြီလဲ တခါတလေတော့လဲ ကျနော်တွေးမိတယ် မောင်က ကျနော့်ကို တကယ်ချစ်တာလားလို့ ပြီးရင် အဲ့အတွေးတွေကို အဝေးကို လွှတ်ပြစ်လိုက်တယ် မောင်က နိုင်ငံ့သားကောင်းမို့လို့ပါလို့ "

"မောင်  မောင် မင်းကို အရမ်းချစ်တယ်နော် အလို မတွေးပါနဲ့ "

"ဟုတ်တယ် ကျနော့်မိဘတွေက မောင်နဲ့ သဘောမတူဘူး ဘာလိူ့လဲဆို မောင်က စစ်သားမို့လို့ ကျနော့်ကို အမြဲတမ်း အချိန်မပေးနိုင်မှာ သူတိူ့ ကြောက်နေလို့လေ  ကျနော်ကတော့ အကြိမ်ကြိမ်ဆန့်ကျင်နေသလောက် မောင်က ကျနော့်ကို စွန့်ပစ်ဖိူ့ ရွေးတယ်ပေါ့လေ ရတယ်မောင် လမ်းခွဲကြတာပေါ့ "

"ကျန့် "

"မပြောနဲ့ နိုင်ငံ့သူရဲကောင်းကြီး ခင်ဗျားရဲ့ တာ၀န်တွေကိုဘဲ ကျေပွန်အောင် ထမ်းဆောင် လိုက်ပါအုံး "

လက်ဖဝါးအကြီးကြီးထဲမှာ ဆုတ်ကိုင်ထားတဲ့ လက်သေးသေးလေးကို ရုန်းထွက်လိုက်တယ် ။ မောင်ကဘဲ ကြမ်းတမ်းလွန်းနေတာလား သူကဘဲ နုညံ့လွန်းနေတာလား မသိဘူး မောင်ဆုတ်ကိုင်လိုက်တဲ့ သူ့လက်လေးတဖက်က ရဲရဲတောက် နီရဲသွားတာဘဲ ။

မောင်က စစ်သားမို့လို့ အမြဲတမ်း လေ့ကျင့်ရေး ဆင်းနေရတာကြောင့် အသားရေက ညိုတဲ့ဘက်ရောက်နေပြီး လက်တွေကလည်း သေနတ်အမြဲတမ်းကိုင်နေတာကြောင့် အသားမာတွေပင် တက်နေသည် ။

စစ်သားဖြစ်နေလို့ ထင်တယ် စကားပြောလည်း နည်းပြီး ပြောလိုက်ရင်လည်း တုံးတိကြီးဘဲ ပြီးတော့ နုံတာလား အ တာလား ရိုးတာလား မသိဘူး ခုလည်း အဖေနဲ့ အမေက သဘောမတူဘူးလို့ ပြောလိုက်တာနဲ့ဘဲ ချက်ချင်း လမ်းခွဲပေးဖိူ့ ရွေးလိုက်တယ်လေ နှလုံးသားရော ရှိရဲ့လား ခင်ဗျား 

"မောင် ကျနော့်လက်ကို လွှတ်နော် လက်နာနေပြီ "

သူ့လက်တဖက်ကို အတင်း ဆွဲထားတဲ့ မောင့်လက်ထဲက ရုန်းနေတာ သူ့လက်ပင် ပိုနာ လာရသည် မောင်က တကယ် အားသန်လွန်းတယ်

"လွှတ်လို့ ပြောနေတယ်လေ နှလုံးသား မရှိတဲ့လူ "

"ကျန့် မောင့်ကို ကြိုက်သလို ပြောပါ မောင့်ကိုတော့ မမုန်းပါနဲ့ "

"ခု ကျနော်နဲ့  မောင်က  အော် ၀မ်ရိပေါ်က ဘာမှ မဆိုင်တော့ဘူး မိူ့လို့ ကျနော့်ရှေ့ ထပ်ပြီး ပေါ်မလာပါနဲ့ ကျနော် ခင်ဗျားကို မုန်းမိလိမ့်မယ်  လွှတ် "

သူ့လက်ထဲက အတင်းရုန်းထွက်သွားတဲ့ ကျန့်ကိုလည်း ထပ်ပြီး ဆွဲမထားမိဘူး

ခင်ဗျားလေး မုန်းမှာ မောင် အရမ်း ကြောက်လို့ပါ ။ မောင် မင်းကို အရမ်းချစ်တာပါ ကျန့်ရယ် အတာလေးတော့ ယုံပေးစေချင်ပါတယ်

___________________________

"ကျန့် "

"ဘာလဲဟာ စိတ်ညစ်နေပါတယ်ဆို "

"မနက်ဖြန် အကိုရိပေါ် စစ်ထွက်မှာတဲ့ "

"အတာ ငါနဲ့ ဘာဆိုင်လို့လဲ "

မနက်ထဲက သူ့အိမ်လာပြီး သူ့အကြောင်းဘဲ တဖွဖွ လာပြောနေတဲ့ ရှင်းအာကို ရှောင်ကျန့် ကန်ထုတ်ပစ်ချင်နေပြီ

"နင်တို့က တကယ် ပြတ်သွားတာလား ငါ့အမြင်မှာတော့ အကိုရိပေါ်က နင့်ကို အရမ်းချစ်တာပါ "

" အဲ့လူအကြောင်းဘဲ ပြောနေမယ်ဆိုရင် နင်ပြန်လိုက်တော့နော် "

"နင်တကယ် သွားမတွေ့တော့ဘူးလား"

"အို ... တကကယ်ပါဘဲ ရှင်းအာ နင်အလုပ်မရှိဘူးလား ဟမ် နင့်သူ့အကြောင်း ထပ်ပြောရင် ငါမေမေနဲ့ တိုင်မှာနော်  "

" ဟာ ကျန့် နင်နော် အရမ်း စိတ်ပုတ်တာဘဲ ငါပြန်ပြီ "

မေမေနဲ့ တိုင်မယ်ဆိုတော့ ပြေးတာ တန်းနေရော  ဟိုလူဆီက ရှေ့နေခ ဘယ်လောက်ရခဲ့လို့ လာပြောပေးနေတာလဲ မသိဘူး

"သားလေး ရှောင်ကျန့် "

"ဗျာ မေမေ "

"အိမ်ထဲ ၀င်ခဲ့တော့ ထမင်းစားမယ် "

အိမ်ရှေ့မှာ စိတ်ပျက် လက်ပျက် ထိုင်နေတဲ့ သူ့ကို မေမေက လှမ်းခေါ်နေတာမို့ အိမ်ပေါ် တက်သွားလိုက်တယ် ။

"မေမေ သားထမင်းမစားချင်ဘူး "

"ဘာဖြစ်လို့လဲ နေမကောင်းဘူးလား "

သူ့နဖူးပေါ်ရောက်လာတဲ့ မေ့မေ့လက်ကို ဖယ်ပြီး မေ့မေ့ ရင်ခွင်ထဲ တိုး၀င်လာတဲ့ ကလေးပေါက်စ

"မေမေ  ဟိုလူ  မနက်ဖြန် စစ်ထွက်တော့မယ်တဲ့ 🥺 "

"ပိုကောင်းတာပေါ့ မေ့မေ့သားလေးနဲ့ ဝေးနေလေ ပိုကောင်းလေဘဲ "

"ဟင့်အင်း 🥺 အလိုမပြောပါနဲ့ သားမောင့်ကို စိတ်ပူတယ် "

"ဒီကောင်လေးတော့ ဘာလို့ တမောင်ထဲ မောင်နေတာလည်း ပြောတော့ လမ်းခွဲလိုက်ပြီဆို  မေမေလည်း သဘောမတူဘူးနော်သား သူတိူ့လို လူတွက နှလုံးသားထက် တာ၀န်ကိုဘဲ ပိုဦးစားပေးတာ နောက်ဆုံး မေ့မေ့သားဘဲ စိတ်ဆင်းရဲရမှာ "

"မောင်က အလိုလူ မဟုတ်ပါဘူး  🥺 သားသိတယ် သူသားကို အရမ်း  ချစ်တယ် "

"တကယ်ချစ်ရင်  မင်းကို လမ်းခွဲဖို့တောင် ပြောမှာ မဟုတ်ဘူး သိရဲ့လား ကောင်စုတ်လေးရဲ့ "

"အတာ မေမေတိူ့က သူ့ကို အရမ်းဖိအားပေးနေလို့လေ နဂိုထဲက သူက စကားပြောဆို တတ်တာ မဟုတ်ဘူး သားနဲ့ ခြိမ်းခြောက်ရင် သူက အကုန်လုပ်မှာ သားသိတယ် မေမေ သူ့ကို တခုခု ပြောလိုက်တာမလား"

"အော် ကောင်စုတ်လေး မင်းပြောနေတဲ့ ပုံက မင်းလူက လူကောင်း ကျမက လူယုတ်မာကြီး ဖြစ်လို့ "

"အမှန်ဘဲကို "

"ဘာ !!! "

မေမေကတော့ ဘေးက တံမြက်စည်း ဆွဲပြီး သူ့ကို လိုက်ရိုက်လို့ အိမ်ပတ်ပြီး ပြေးနေရသည် ။

_________________

" သားရေ ပစ္စည်းတွေ အားလုံးတော့ ထည့်ပြီးပြီ ဘာလိုသေးလဲ လာကြည့်အုံး  .... သား သား၀မ် "

" ခင်ဗျာ    ဗျာ အမေ "

" အမေ ပြောတာ ကြားရဲ့လား "

" အမေ ဘာပြောတာလဲ ခင်ဗျာ ပြန်ပြောပေးပါလား "

အမေက ပစ္စည်းတွေ ထည့်ပေးနေရင်းမှ  အတွေးများနေတဲ့ သား၀မ်ရဲ့ ဘေး ၀င်ထိုင်လိုက်တယ်

" ဒီလောက် ချစ်တာကို ဘာလို့ လမ်းခွဲ လိုက်သေးလည်း "

" အမေ ခင်ဗျာ သားအလို လုပ်မှ ရမှာ မို့လို့ပါ ကျန့်ရဲ့ အမေက ပြောတယ် ကျန့်နဲ့ လမ်းမခွဲပေးဘူးဆိုရင် ကျန့်ကို တခြားတယောက်ရဲ့ လက်ထပ်ပေးလိုက်မယ်ဆိုလို့ပါ "

" ရိုးလိုက်တာ အမေ့သားရယ် သူက ဒီတိုင်းဘဲ ပြောတာလေ သားက ယုံတာဘဲလား အမေ့သားးကလေ နိုင်ငံ့ စစ်ပွဲတွေဘဲ ဘယ်လိုနိုင်အောင် တိုက်ရမလဲ သိတာ နှလုံးသား တိုက်ပွဲ ကျတော့ သားက မူကြို အဆင့်ဘဲ "

" အမေ ပြောလည်း ခံရမှာဘဲ အမေ သားဒီတခါ ပြန်လာမှဘဲ ကျန့်ကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားမယ် "

" ဟုတ်ပါပြီ အမေက အားပေးနေတယ်နော် သား "

________________________________

" နင် တကယ် ခနလောက်တောင် သွားမတွေ့တော့ဘူးလား  အကိုရိပေါ် သနားပါတယ်ဟာ သူနင့်ကို အရမ်းတွေ့ချင်နေတာ "

" သူ သွားတော့မှာလား "

" ဟုတ်တယ် လမ်းထိပ်မှာ စစ်ကားရပ်ထားတယ်  စစ်သားတွေ တောင် တော်တော် စုံနေပြီ အကိုရိပေါ်က နောက်ဆုံး လာခေါ်တဲ့လူထင်တယ် "

" ရှင်းအာ "

" ပြောလေ ကျန့် ငါဘာလုပ်ပေးရမလဲ"

" ငါ မောင့်ကို အရမ်းချစ်တာ နင်သိတယ်မလား ငါတို့ ချစ်သူ ဖြစ်ခဲ့တဲ့ 4နှစ်အတွင်းမှာ ငါသူ့ကို အများကြီး နားလည်ပေးခဲ့တယ် ဒါမဲ့ သူကလေ ငါ့ထက် သူ့တာ၀န်တွေကိုဘဲ ပိုချစ်တာ "

" မဟုတ်ပါဘူး ကျန့်ရယ် သူက နိုင်ငံကို ကာကွယ်နေတာလေ နင်က ဂုဏ်တောင် ယူရအုံးမှာ 4နှစ်တာ သံယောဇဉ်ကို ထောက်ပြီး ခနလောက်တော့ သွားတွေ့လိုက်ပါဟာ "

" ဟင့် 😢 အီး ဟီး 😭 မောင့်ကို သွားတွေ့မယ် "

စကားပြောနေရင်းမှ ထပြေးသွားတဲ့ ကျန့်ကို ရှင်းအာမတားဘဲ လွှတ်ပေးလိုက်သည်

_________________________

" မောင် ....😭 "

ရိပေါ် ကားပေါ် တက်ခါနီးမှ သူမျှော်နေတဲ့ တစုံတယောက်ရဲ့ အသံလေးကို ကြားလိုက်လို့ ချက်ချင်းဘဲ ကျန့်ငယ်လေး ဆီ ပြေးသွားလိုက်တယ်

ကားပေါ်က စစ်သားတွေ ခင်ဗျာ ကြောင်တောင်တောင်လေး တွေနဲ့ ကြည့်နေရှာတယ်

" ကျန့်  မောင့်ကလေးလေး  မောင့်ဆီ တကယ်လာတယ်နော် "

" လာရတာပေါ့ ကျုပ်က ခင်ဗျားကို အရမ်းချစ်တာလေ မကောင်းတဲ့လူရဲ့ "

" မောင်တောင်းပန်ပါတယ် မင်းကို စိတ်ဆင်းရဲအောင် လုပ်မိတယ်  မောင်က မကောင်းတဲ့ လူပါ "

သူ့ရင်ဘက်တွေကို တဘုန်းဘုန်း ထုပြီး ပြောလာတဲ့ ကျန့်ငယ်လေးရဲ့ လက်တွေကို ဖမ်းချုပ်ပြီး အကောင်ပေါက်လေး ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့ အကောင်ပေါက်လေးက ရင်ခွင်ထဲ ငြိမ်နေတယ်

"မောင် မင်းကို ချစ်တယ်နော်  ဒီတခါ မောင်ပြန်လာရင် မောင်တိူ့ လက်ထပ်ကြမယ်နော် "

"  မောင်နဲ့ ရန်ဖြစ်ဖို့ မောင်ပြန်လာမှာကို ကျနော်စောင့်နေတယ် အန္တာရယ် ကင်းကင်းနဲ့ ပြန်လာခဲ့နော် "

" ဟုတ်ပါပြီ မောင့်အသက်ရယ် မောင်ဂတိပေးပါတယ် "

" ဟုတ် သွားတော့ ဟိုမှာ စောင့်နေတာ ကြာနေပြီ "

ကျန့်က သူယူလာတဲ့ လက်ပတ်အနီလေးကို မောင့်ကို ၀တ်ပေးလိုက်ပြီး မောင်က သူ့နဖူးလေးကို အနမ်းပေးကာ နောက်ကို လှည့်ကြည့်လှည့်ကြည့်နဲ့ စစ်ကားပေါ်တက်သွားတယ်

" ချစ်တယ်နော် ... မောင်   😭 ခင်ဗျားကို ချစ်တယ် !! "

ဒီစကားလေးကိုတော့ ကားပေါ်ရောက်သွားတဲ့ မောင်တယောက် ကြားဖြစ်အောင် ကြားလိုက်ပါသေးသည် ။

____________________

မောင် သွားပြီး 1ပတ်လောက်တော့ အဆက်သွယ် ရသေးတယ်  နောက်ပိုင်း ဘာသတင်းမှ မကြားရတော့တာမို့ ရှောင်းတယောက် တော်တော် စိတ်ပူနေပါသည် ။ 4 လ ရှိပြီ မဆက်သွယ်တော့တာ

ကျနော် အရမ်း လွမ်းနေတယ် မောင် မောင်တယောက် ဘေးကင်းပါစေ ...🥺

" ကျန့်   ရှောင်ကျန့် ဟူး မောလိုက်တာ "

" ဘာလဲ ဘာဖြစ်လာတာလဲ  "

"  စစ် စစ်သား တွေ ပြန်ရောက်နေပြီ "

" တ တကယ်လားဟင်  🥺 မောင် .... "

" ငါ လိုက်ပို့ပေးရမလား "

" ရတယ် ငါ့သွားတတ်တယ် မေ့မေ့ကို ပြောထာပေး မောင့်ဆီ အပြီးသွားလိုက်ပြီလို့  "

" ဟာ ကျန့်  ခန စောင့်ပါအုံး "

________________________

" မောင် အရမ်း လွမ်းနေတာ မောင့်ကလေးရယ် ''

" ဟင့်  ကျနော်ရောဘဲ 😢 "

" မငိုပါနဲ့ဗျာ  မောင်မင်းကို မျက်ရည် ကျအောင် ထပ်မလုပ်ပါဘူး   မောင်နဲ့ လက်ထပ်ပါနော် "

သူ့ရှေ့မှာ ဒူးထောက်ကာ လက်ထပ်ခွင့် တောင်းလာတဲ့ မောင်ကြောင့် ရှောင်းတယောက် မထိန်းနိုင်စွာ မျက်ရည် အဆက်မပြတ် စီးကျလာသည် ။

" အီး ဟီး 😭 လက်ခံတယ်  မောင့်ကို လက်ထပ်ပါမယ်"

ဖြောင်း ဖြောင်း ဖြောင်း  💢💢💢💢

လက်ခုတ်တီး သံတွေကြောင့် ခုမှ ပတ်၀န်းကျင်ကို ကြည့်မိတာ စစ်သားတွေနဲ့ လာကြိုတဲ့ သူတွေ အများကြီး ရှိနေတာဘဲ ။

ရုတ်တ်ရက် မောင်က ပွေ့ချီလိုက်တာကြောင့်  မောင့်လည်တိုင်ကို ဖက်သွယ်လိုက်တော့ သူ့အရပ်က မောင့်ထက် ခေါင်းတလုံးစာ ပိုရှည်သွာတယ်

" မောင် ~~~~~ "

" ချစ်တယ် သက်လယ်  "

" ကျနော် လည်း ချစ်တယ်မောင် 💚🦋 "

https://m.facebook.com/groups/1019512871883878/permalink/1629539397547886/

** ပြီးပါပြီ ***     🌸Attachment 🌸

💚Cherry Ko Ko 💚

Wang Xiao Cherry

Continuer la Lecture

Vous Aimerez Aussi

82.3K 10.9K 40
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
278K 48.4K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
27.1K 2.3K 72
ဖတ်ကြည့်နော်😉😉
71.9K 3.9K 60
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။