🖇️ YiZhan One Short Fic Coll...

By CherryKoKoWangXiao

22K 1.4K 10

Xello ဒီ Story မှာ ကိုယ်ရေးဖူးသမျှ Oneshort Fiction အားလုံး စုပေးပါမယ်ဗျ 💚🦋 More

💙တောင်ပြာတန်းက မောင့်သည်းညှာ 💙
💢 မောင့် ပန်းချီ 💢
💜တနေ့ ပြန်ဆုံခဲ့ရင် 💜
IDOL
Dream !!! One Short
Dream !!! Two Short
ပိုးစုန်းကြူး
🦋ငယ်ကျွမ်းဆွေ 🦋
You Are The One
Time Travel
My Angel
မြို့အုပ်မင်းဇနီး အလှပဂေး မဟေသီလေး
ကိုယ်ရယ် မင်းရယ် ပိတောက်ရယ်
ညွှန်းဖွဲ့ မမှီတဲ့ မောင့်အိမ်သူ
ကိုလူပျိုနှင့် အိမ်ပြေးလေး
မောင့် သည်းညှာ
သူကြီး သမက်
ချစ်ခြင်းရယ်ပြိုင်
ပန်းမိစ္ဆာနှင့် ဓားသခင်
အိမ်ဦးနတ်
My Doctor
Love Your Self
ဘေးအိမ်က လူ
Attachment
လိပ်ပြာ နှောင်ကြိုး
Angel Story
Am I Wrong
မောင့် နှင်းဆီနီ
ချစ်သူ လူဆိုး
လရောင် ဆမ်းတဲ့ နွေပင်လယ်
ဇီဇာကြောင်တဲ့ သူဋ္ဌေးသား
ငါ့ယောကျ်ားက လူဆိုးကောင်
I Don't even Know his name

💚 အစိမ်းရောင် "လ " ကလေး💚

327 27 0
By CherryKoKoWangXiao

💚 အစိမ်းရောင် "လ "ကလေး 💚

🍀Oneshort 🍀     ( YiZhan )

ကိုယ်ပိုင်အထက်တန်းကျောင်းတခုကနေ ထွက်လာတဲ့ ကောင်ငယ်လေးတယောက်က ကျောပိုးအိတ်ကို ပုခုံးတဖက်မှာ ဘေးတစောင်းလေးလွယ်ထားပြီး  လက်တဖက်က သူ့အကြိုက်ဆုံး စတော်ဘယ်ရီ ဖျော်ရည်ဘူးလေးကို ပိုက်နဲ့ စုတ်သောက်နေသည်

သူဟာ ကျောင်းရှေ့မှာ ရပ်နေတဲ့ တစုံတယောက်ကို မြင်တဲ့ အခါ တ၀က်လောက်ကျန်နေတဲ့ ဖျော်ရည်ဘူးလေးကို ကျောင်းရှေ့ အနီးနားက အမှိုက်ပုံးထဲကို ပစ်ထည့်ပြီး ထိုတစုံတယောက်ကို မျက်စောင်းလှမ်းထိုးတယ်

" အမြင်ကပ်စရာ ကောင်းလိုက်တာ "

သူဟာ ကားကိုမှီပြီးရပ်နေတဲ့ တယောက်ကို ကြည့်ပြီး တကိုယ်ထဲ ရေရွတ်လိုက်သည် ။ထိုလူက နားမှာလည်း နားကပ်တဖက်၀တ်ထားပြီး လမ်းသရဲဆန်ဆန် ပုံစံက သူ့ကို အမြင်ကပ်စေသည် ။

လှမ်းပြုံးပြနေတဲ့ ထိုလူကို ဂရုမစိုက်စွာ မျက်နှာကို တဖက်သို့ လှည့်လိုက်ပြီး ရှောင်းအိမ်တော်က ကားအကြိုကို စောင့်နေလိုက်သည်

" ကတောက်စ် ကြာလိုက်တာ အိမ်ကလူတွေ မအားကြတာလား "

5မိနစ်တောင်မပြည့်သေးဘူးရပ်စောင့်နေရတာ ဒါကို ကြာလို့ဆိုပြီးဒေါသထွက်နေတဲ့ ရှောင်ကျန့်ဟာ စိတ်ဆိုးဆိုးနဲ့ လွယ်အိတ်ကို လက်နဲ့ဖိချေနေသည် ။

" အိမ်က လာမကြိုသေးလို့လား ကိုပြန်ပို့ပေးမယ်လေ ရှောင်း"

" မလိုဘူး!!"

အော် စိမ်းကားလိုက်တာ မင်းရယ် ...

စိတ်တိုနေပါတယ်ဆို သူအမြင်ကပ်တဲ့လူက သူ့နားရောက်လာပြီး ပြန်ပို့ပေးဖို့ ပြောလာတဲ့အခါ ဒေါသထွက်ထွက်နဲ့ ပြန်အော်လိုက်တယ်

ဖိချေနေတဲ့ ကျောပိုးအိတ်ထဲက ဖုန်းကို ထုတ်ပြီး အိမ်ဖုန်းကို လှမ်းဆက်တဲ့အခါ အချိန်တော်ကြာသည်အထိ ပြန်မဖြေလာတဲ့ Ph reply ကြောင့် ထပ်ပြီးစိတ်တိုရပြန်ပြီ

ဒီလောက က လူတွေအားလုံးက အမြဲတမ်းငါ့ကို စိတ်တိုအောင် လုပ်ကြတယ်

" ကိုပြန်ပို့ပေးပါမယ်ဆိုကွာ"

" ခင်ဗျားဘယ်လို ဖြစ်နေတာလဲ ၀မ်ရိပေါ်"

တဂျီဂျီ ထပ်ပြောလာတဲ့ လူကြောင့် စိတ်မရှည်ဘဲ လက်ထဲက ကိုင်ထားတဲ့ဖုန်းကို ရှေ့က ကားလမ်ပေါ်ကို လှမ်ပစ်လိုက်တာ နောက်ဆုံးပေါ် iphone လေးတော့ အစိတ်စိတ်အမွှာမွှာနဲ့ သနားစရာ ဖြစ်သွားလေသည် ။

" ဘာလို့ အလောက်စိတ်တိုနေတာလဲ ရှောင်း"

"အတာငါ့ကိစ္စ ခင်ဗျားနဲ့မဆိုင်ဘူး "

"ဟက် ဘာလို့မဆိုင်ရမှာလည်း မင်းက မကြာခင်ငါရဲ့ သက်ဆိုင်သူ ဖြစ်လာတော့မှာလေ"

ချော့ပြောနေတာ မရလို့ ရိပေါ်ခပ်တင်းတင်းစကားကို ပြောလိုက်တဲ့အခါ ရှေ့က ကောင်လေးက  ဒေါသတထောင်းထောင်း ထွက်ပြီး လက်ညိုးတထိုးထိုးနဲ့ ရန်ဖြစ်လာတယ်

"ခင်ဗျား !! အရူးထမနေနဲ့  ခင်ဗျားကို ဘယ်သူက ယူမှာမို့လို့လဲ "

" ဒါမဲ့ အမှန်တရားကိုတော့ လက်ခံရမယ်လေ "

"Wang Yibo ..!!"

အိမ်က လူတွေကလည်း ဒီအရူးကိုမှ ဘာတွေသဘောကျပြီး သူ့နဲ့တောင် လက်ထပ်ပေးဖို့ စီစဉ်လိုက်တာလည်း မသိဘူး

" မင်းခု ကိုနဲ့ မလိုက်ရင် ကိုပွေ့ချီခေါ်သွားရလိမ့်မယ် "

" ခင်ဗျား!!"

ရှောင်ကျန့် ခင်ဗျားလို့အော်ပြီးမှ ပတ်၀န်းကျင်ကို တချက် ဝေ့၀ိုက်ကြည့်လိုက်တော့ ကျောင်းသားတချို့နဲ့ ကျောင်းလာကြိုတဲ့ ကာတွေထဲမှ လူတွေကလည်း သူတို့ 2ယောက်ကို ဝိုင်းကြည့်လာတယ် ။ ရိပေါ်က ပြောရင် ပြောတဲ့အတိုင်းလုပ်မှာ သူသိသည် ။ ဒီလူတွေရှေ့မှာ ပွေ့ချီသွားရင်တော့ ဒုက္ခဘဲ အရှက်ကွဲတော့မှာဘဲ

" ခင်ဗျားနဲ့ နောက်မှ တွေ့မယ် "

ရှေ့သွားလေးနှစ်ချောင်းနဲ့ အောက်နှုတ်ခမ်းကို ဖိကိုက်ပြီးသွားကြားထဲက လေသံနဲ့မှ ချိန်းခြောက်သွားတဲ့သူလေးက သူ့လွယ်အိတ်ကိုလည်း ရိပေါ်ဆီ ဘုန်းက ပစ်ပေးလိုက်ပြီး ခြေထောက်စောင့်အောင့်ကာ ရိပေါ်ကားဆီသို့ ရှေ့က သွားလိုက်သည်။

ရုတ်တရက်မို့ ရိပေါ်လွယ်အိတ်ပြုတ်မကျအောင်အမြန်ဖမ်းလိုက်ရပြီး အဆိုးလေးဆီ ပြေးလိုက်သွားရပါတော့သည်

ဆိုးလိုက်တာ ရှောင်ကျန့်ရာ...

ရှောင်ကျန့်က Lover Seatမှာ ၀င်ထိုင်နေတာမို့ ရိပေါ်အမြန်ပင် မောင်းသူ နေရာ၀င်ထိုင်လိုက်သည်။

" ခင်ဗျား ဘာလုပ်တာလဲ "

ရုတ်တရက် သူ့နားတိုးကပ်လာတဲ့ သူကြောင့် ရှောင်ကျန့် ရိပေါ် ရင်ဘက်ကနေ တွန်းထားလိုက်ပြီး မေးလာသည်

"ခါးပတ် ပတ်ပေးမလိူ့လေ မင်းလေးရဲ့ "

"ဖယ် ကို့ဟာကို ပတ်မယ် "

ရိပေါ်လက်ကို ဆွဲဖယ်ပြီး ခါးပတ်ကို သူ့ဟာသူ ပတ်လိုက်သည် ။

"မောင်းလေ "

ခုချိန်ထိ ကားမမောင်းသေးဘဲ သူ့ကို စိုက်ကြည့်နေတဲ့ လူကြောင် ရှောင်ကျန့် မျက်မှောငကုတ်ကြည့်လိုက်ပြီး ကားမောင်းဖို့ ပြောလိုက်သည် ။

"ရှောင်ကျန့် "

"ဘာလဲ "

ရုတ်တရက်ကြီး ခပ်တည်တည်နဲ့ ခေါ်လာတဲ့ လူကြောင့် ရှောင်ကျန်လည်း ငြင်ငြင်သာသာလေး ထူလိုက်သည် ။

"မင်း ကို့ကို ဘာလိူ့သဘောမကျတာလဲ ကို့ဆီက ဘယ်လို အချက်တွေကို မင်းမကြိုက်တာလဲ ကို အားလုံး ပြင်ပေးမယ် "

"........"

ခပ်အေးအေးပြောနေတဲ့ လူကြောင့် ဘာစကားမှ ပြန်တောင်မပြောမိ မျက်နှာကို ကားမှန်ဘက် လွှဲလိုက်မိသည်

"မင်းကြိုက်တာ အားလုံးပြောလို့ရတယ် အင်းပြင်ခိုင်းတဲ့ အရာတွေက ကိုအနှစ်သက်ဆုံး အရာတွေ ဖြစ်နေရင်တောင် ကို ပြင်ပေးမယ်"

"......"

"ဘာလို့လဲဆိုတော့ ကမ္ဘာမှာ ကိုအလိုချင်ဆုံးက မင်းဖြစ်နေလို့ ရှောင်ကျန့် မင်းမို့လို့ ကိုချစ်တယ် "

စကားတွေ မရပ်မနားပြောနေတဲ့ လူကို ရှောင်ကျန့် ဘာမှ ပြန်မပြောမိ ဘာပြောရမလဲ မသိတာဆို ပိုမှန်လိမ့်မယ်

"ကို့ကို ဘာလို့ အလောက် စိမ်းကားနေတာလည်း ခင်ဗျားရယ် ဒါမှမဟုတ် မင်းလေးမှာ ချစ်ရမဲ့သူက ရှိနေပြီးသား မို့လို့လား "

"မဟုတ်ဘူး "

ထိုစကားကိုတော့ ရှောင်ကျန့် အမြန်ပင် လှည့်ပြောလိုက်သည် ။ တကယ်လို့ သူ့မှာချစ်သူရှိတယ်ထင်ပြီး ရိပေါ်လက်လျော့ သွားမှာ သူကြောက်ပါသည် ။ ဒီတိုင်း ခင်ဗျားပုံစံကို အမြင်ကပ်ရုံလေးပါ

"ပြောမယ် ဘာလို့ သဘောမကျတာလည်း ဆိုတော့ .."

"ပြောပါ ကိုနားထောင်နေတယ် "

"ဒီလို ဆံပင်ပုံစံနဲ့နေတာ မကြိုက်ဝူး "

ရှောင်ကျန့်က ခပ်ရှည်ရှည်ဖြစ်နေတဲ့ ရိပေါ်ရဲ့ ရှေ့ဆံပင်တွေကို ကိုင်ရင်း ပြောလာတယ်

"ပြီးတော့ရော"

"ဒီလို နားကပ်တွေ ၀တ်တာလည်း မကြိုက်ဝူး အတာက လမ်းသရဲဆန်တယ် "

"အင်း  နောက်တော့ရော "

"အရက် ဘီယာနဲ့ ဆေးလိပ်သောက်တာ မကြိုက်ဝူး အလုပ်မလုပ်ဘဲ လျှောက်သွားနေတာလည်း မကြိုက်ဝူး"

ရိပေါ်ပြုံးမိသည် ငါ့ဆီမှာ ဒီကလေး မကြိုက်တဲ့ အချက်တွေ တော်တော် များနေတာဘဲ

"ဒါဘဲလား "

"ဟို ..ပြီးတော့ ကောင်မလေးတွေကိုလည်း မကြည့်နဲ့ "

ထိုစကားကိုတော့ ရှက်ရဲရဲ မျက်နှာလေးနဲ့ မျက်လွှာ အောက်ချပြီး ပြောလာတာပါ

" ကျန်သေးလား မင်းလေး "

" မကျန်တော့ဘူး ဒါဘဲ "

" အင်း ကို မှတ်ထားလိုက်မယ် "

" အွန်း"

____________________

ထိုနေ့ထဲက ရိပေါ်ကို မတွေ့တော့တာ 2လရှိပြီ အိမ်ကိုလည်း မလာတော့သလို့ သူ့ကိုလည်း လာမကြိုတော့ဘူး

ပြောတော့ သူမကြိုက်တာ အားလုံး ပြင်ပေးမယ်တဲ့ ခုတော့ ပေါ်တောင်မလာတော့ဘူး မုန်းချင်စရာကောင်းလိုက်တာ

မလာလည်းနေပေါ့ မျက်စိရှုပ်တောင် သက်သာသေးတယ်

" သားရေ ရှောင်ကျန့်လေး အောက်ထပ်မှာ ဧည့်သည်ရောက်နေတယ် လာခဲ့အုံး "

"မား ...မလာချင်ဘူး"

အိပ်ခန်းတံခါးလာခေါက်ပြီး ခေါ်နေတဲ့ မားကို မလာချင်ကြောင်း ပြောလိုက်သည် ။ဘာမှ လုပ်ချင် ကိုင်ချင် စိတ်မရှိပါဘူးဆို တယောက်ပြီး တယောက် လာခေါ်နေတယ်

"ခနလေး လာလိုက်ပါ သားရယ် သားရိပေါ်စောင့်နေတာ ကြာနေပြီ"

" ဟမ် ရိပေါ် ... လူယုတ်မာ  လူလိမ် လာသေးတယ်ပေါ့"

လုံးထွေးနေတဲ့ စောင်ပုံကြားထဲကနေ အတင်းတိုးထွက်ပြီး တံခါးဆီ လာခဲ့တယ်

" မား သားနေမကောင်းလို့  အိပ်နေတယ်လို့ ပြောပေးနော် "

" ဟဲ့သား ခုနတောင် အကောင်းကြီးပါ "

" မား ~ အဲ့တိုင်းဘဲ ပြောပေးပါ နော် နော် "

" ဟုတ်ပါပြီ တော်တော်ဆိုးတဲ့ ကလေး "

" ဟီး "

ရှောင်းမားလည်း သူ့သားအဆိုးလေး ပြောခိုင်းတဲ့ အတိုင်းသာ လာပြောပေးလိုက်သည်

" အာ အဆိုရင် ကျနော် သွားကြည့်လို့ရလား အန်တီနဲ့ အန်ကယ်"

အဆိုးလေးက နေမကောင်းဘူးဆိုလို့ ရိပေါ် စိတ်ပူပြီး မတော်ရသေးတဲ့ ယွခမတွေ ဆီမှာ ခွင့်တောင်းလာသည် ။

" အော် အေးအေး ရတယ်လေ သား သွားသွား အပေါ်ထပ်က ဘေးဆုံးအခန်း "

ရှောင်းအဖေက ခွင့်ပြုလိုက်တာမို့ ရိပေါ်အမြန်ပင်ကျေးဇူးတင်စကားဆိုပြီး အပေါ်ထပ်က ကလေးငယ် အခန်းဆီ အမြန်ပင် ပြေးတက်သွားလိုက်သည် ။

" ရှောင်ကျန့် အထဲမှာ ရှိတယ်မလား ကို၀င်လာမယ်နော်"

ရှောင်ကျန့် ရိပေါ်အသံကြားတာနဲ့ စောင်ကို ခေါင်းထိ ဆွဲခြုံလိုက်သည် ။

ရိပေါ်၀င်လာတော့ ကလေးက စောင်ကို ခေါင်းထိ ခြုံထားတဲ့ အဆိုးလေးက ကြောပေးပြီး အိပ်နေသည် ။ကုတင်ပေါ်မှာ ဘေး တစောင်း၀င်ထိုင်လို့ မျက်နှာနားက စောင်လေးကို နဲနဲဖယ်ပြီး ကိုယ်ပူစမ်းလိုက်သည်

" ဖယ် လာမထိနဲ့ "

ရုတ်တရက် မျက်လုံး ပွင့်လာတဲ့ ကောင်လေးက သူ့လက်တွေကို ဖယ်ထုတ်လိုက်တယ်

" ဟောဗျာ ဘာလို့လဲ နေမကောင်းဘူးဆိုလို့ ကိုက လာကြည့်တာလေ "

" အော် နေမကောင်းလို့ လာကြည့်တာ ဟုတ်လား ဒါဆိုလည်း သေမှဘဲ လာလိုက်တော့လေ "

ဟာ ဒီကလေး တော်တော် စိတ်ကြီးတာဘဲ

" ကို့ကို စိတ်ကောက်နေတာလား ကလေးလေး  ကို မလာတာကလေ ကလေးငယ်လေး မကြိုက်တဲ့ ပုံစံအားလုံး မရှိတော့မှ ကိုက ကလေးငယ်ဆီ လာချင်တာ မို့လို့ပါ "

ခုမှ ကြည့်မိတယ် တကယ်သူမကြိုက်တဲ့ ပုံစံအားလုံး မရှိတော့ဘူးဘဲ ။ လုံး၀ Daddy Type ကြီးနဲ့ အမိုက်စား ဘဲကြီး

အဟမ်း ဘဲကြီးကို ကြွေလိုက်တာ

" ကလေး ဘယ်လိုလဲ ကို့ကို ချစ်လို့ရပြီလား "

မျက်ခုံးပင့်ပြပြီး မေးလာတဲ့ ဘဲကြီးက အရမ်းကို ကြွေချင်စရာကောင်းသည်

" သိဝူး "

" ဟာ လူလည်မလုပ်နဲ့နော်  ခင်ဗျားလေးမကြိုက်တာ အားလုံးပြင်ထားပြီးပြီလေ"

" အတော့ "

" အတော့ ပြန်ချစ်လေ "

" ပြန်မချစ်ရင် ဘာဖြစ်မှာလဲ "

" ဘာဖြစ်မှာလည်း ဆိုတော့ ...."

" အား အ့ ၀မ်ရိပေါ်  ယားတယ်  ကလိ မထုိးနဲ့ "

ရိပေါ်တယောက် ကလေးငယ်ရဲ့ အပေါ်ကနေ ဖိပြီး ပေါ်နေတံ မျက်နှာလေးကို တရှုံ့ ရှုံ့ လိုက်နမ်းလို့ လက်တွေကလည်း ကလေးငယ်ကို ကလိထိုးနေသည်

" ၀မ်ရိပေါ်  ၀မ်ရိပေါ် ချစ်တယ် ချစ်တယ်  ရပြီလား "

" တကယ်နော်ကလေး "

" တကယ် တကယ် အရမ်းချစ်တယ် ချစ်တယ် "

"ကိုချစ်လိုက်တာ  ကလေးရာ..."

🦋ပြီးပါပြီ 🦋

💚 အစိမ်ရောင် လ ကလေး  💚Cherry Ko Ko💚

Wang Xiao Cherry

Continue Reading

You'll Also Like

170K 26.3K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
114K 9.3K 31
#Both (Unicode,Zawgyi) Zhanyi
90K 6.8K 68
ကျွန်မတို့ ရာဇဝင်ဘက်ကို တစ်‌ခါ‌ေလာက်အတူသွားကြရအောင်လား။ကျွန်မတို့ ရာဇဝင်ဘက်ကို တစ်‌ခါ‌လောက်အတူသွားကြရအောင်လား။
78.5K 4.6K 37
ယုံကြည်မှုသာရှိပါ အငယ် ... ကိုယ့်ကိုပဲကြည့်နေပေးပါ..... Oo Xiao Xiao Zhan ယုံကြည်ပြီးသားပါ ချစ်ရသူက ဦး‌ရှောင်းတစ်ယောက်ပဲရှိတာမို့ ထားတော့မသွားပါနဲ့ ဦ...