Chilli Pepper

By LilyLittle_Sexy

26.1K 1.7K 251

SPICE like Chilli HOT like Pepper . #LilyLittleSexy #Mature More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Part-7
Part-8
Part-10
Part-11
Part-12
Part-13

Part-9

1.5K 148 15
By LilyLittle_Sexy

၁၂ နာရီကြာသည့် night shift အပြီးမှာတော့ ခန့်ညား သူ၏ ညောင်းညာနေသော ခါးအား ဟိုဘက်ဒီဘက်လှည့်ကာ အကြောဖြေလိုက်လေသည်။ ထို့နောက် အနည်းငယ် မကြည်မလင်ဖြစ်ချင်နေသည့် စိတ်ကြောင့် duty report တွေ ရေးပြီးတာနှင့် သူ၏ နားနေခန်းဆီသို့ ပြန်လာကာ ကော်ဖီတစ်ခွက်လောက် သောက်ရန် စိတ်ကူးလိုက်လေသည်။

ထို့ကြောင့် တာဝန်ကျ ဆရာ၊ဆရာမ များကို နှုတ်ဆက်ကာ ခွဲစိတ်လူနာဌာနမှတစ်ဆင့် သူ၏ နားနေခန်းရှိရာ ဒုတိယထပ်သို့ ပြန်ဆင်းရန် ဓာတ်လှေကား စောင့်နေလိုက်လေသည်။ သို့သော် ပွင့်လာသည့် ဓာတ်လှေကားထဲ၌ ထောင့်လေးသို့ကပ်ကာ ကုပ်ကုပ်ကလေး ရပ်နေသည့် လူနာဝတ်စုံနှင့် ကလေးမလေးတစ်ယောက်ကြောင့် ခန့်ညား ကြောင်အ မိသွားလေသည်။ ထိုကလေးမလေးမှာ အလွန်ဆုံးရှိလှ ၁၀ နှစ်လောက်သာ ရှိဦးလောက်မည် ထင်ပါ၏။

*အီးဟီး... မေမေ! *

သူရပ်ကြည့်နေရင်းပင် ရုတ်တရက် ထငိုလာသည့် ကလေးမလေးကြောင့် ပြန်ပိတ်သွားခါနီး ဓာတ်လှေကား တံခါးအား သူ အမှီတားလိုက်ကာ လူကပါ ဓာတ်လှေကားထဲ ဝင်လာလိုက်လေသည်။ သူ့အား မြင်သောအခါ ကလေးမလေးဟာ ဖျော့တော့နေသော မျက်နှာနှင့် သူ့အား မော့ကြည့်လာလေသည်။ သို့သော် မျက်ရည်ကတော့ မဆဲသေးပေ။ ထို့ကြောင့် ခန့်ညားလည်း ကလေးမလေးနှင့် တစ်ညီတည်းဖြစ်အောင် ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်ကာ အပြုံးချိုချိုလေးနှင့် မေးလိုက်လေသည်။

*သမီးလေးက မေမေ့ကို ရှာနေတာလား?*

သူ၏ ချိုသာကာ တည်ငြိမ်လှသော အသံကြောင့် ကလေးမလေးဟာ ငိုနေရာမှ တိတ်သွားကာ ရှိုက်ရင်းပင် သူ့အား ခေါင်းငြိမ့်ပြလာလေသည်။ ထို့ကြောင့် ခန့်ညား ကလေးမလေး၏ မျက်ရည်များကို လက်နဲ့ ခပ်ဖွဖွသုတ်ပေးရင်း ပြောလိုက်လေသည်။

*မငိုနဲ့တော့နော်။ ဦးဦးက မေမေ့ကို တွေ့အောင် ရှာပေးမယ်*

သူပြောတော့ ကလေးမလေးက လိမ်မာစွာပင် ခေါင်းထပ်ငြိမ့်ပြလာသဖြင့် ခန့်ညား ပြုံးမိလေသည်။ ကလေးတွေက သူ၏ အပြုံးကို မြင်တာနှင့် လုံခြုံမှုတစ်ခုအား ခံစားသွားရသလို အမြဲ သူ၏ စကားအား နားထောင်တတ်ကြလေသည်။ အခုလည်း ကလေးအား အငိုတိတ်အောင် လုပ်‌ပြီးပြီမို့ ပွင့်လာသည့် ဒုတိယအထပ်မှာပဲ အရင်ဆုံး ဓာတ်လှေကားထဲက ထွက်လာလိုက်ကာ နီးစပ်ရာ ခုံတန်းလေး၌ ဝင်ထိုင်လိုက်ပြီး ကလေးမလေးအား သူ့ duty coat ထဲ အသင့်ဆောင်ထားတတ်သည့် စုတ်လုံးလေးအား ထုတ်ပေးလိုက်လေသည်။

*ကျေးဇူးပါ ဦးဦး*

ကလေးမလေးဟာ သူ့အား ချက်ချင်းပင် ကျေးဇူးတင်စကားပြောလာသည့်အခါ ခန့်ညား ပို၍ အသည်းယားသွားလေတော့သည်။ တကယ်ကို ကလေးတွေက အရိုးသားဆုံးပင်။ ရိုးရှင်းတဲ့ သကြားလုံးလေးရတာကိုပင် ကျေးဇူးတင်စကားပြောရကောင်းမှန်း သိကြပေသည်။ သို့သော် တစ်ချို့လူကြီး‌တွေမှာတော့ ကြီးမားတဲ့အရာတွေကို ရထားတာတောင် မရောင့်ရဲနိုင်ကြ။ လက်ရှိနေနေရသည့် ဘဝကို ကျေးဇူးတင်ရကောင်းမှန်းမသိကြပေ။

*ဦးဦးက သမီးလေးရဲ့ အမေကို ရှာပေးဖို့ဆို မေးခွန်းလေး နည်းနည်းမေးမှ ဖြစ်မှာမို့ သမီးလေးက ဖြေပေးမှာလားဟင်?*

သူမေးလိုက်တော့ ကလေးမလေးဟာ အသာပြုံးကာ ခေါင်းငြိမ့်ပြလာလေသည်။

*သမီးက အခု ဘယ်နားလေးက နေမကောင်းဖြစ်လို့ ဆရာဝန်ကြီးတွေနဲ့ လာပြတာလဲဟင်? *

သူမေးလိုက်သောအခါ ကလေးမလေးဟာ အနည်းငယ် မျက်နှာလေး မဲ့သွားကာ သူ၏ ဘယ်ဘက်ရင်အုံဘက်သို့ လက်ညှိုးလေးထိုးပြလာလေသည်။

*ဒီနေရာက နာလို့။ မေမေက ပြောတယ် မီးမီးရဲ့ ဒီနေရာမှာ စက်ရုပ်လေးတွေလို ပစ္စည်းလေးရှိတယ်တဲ့ ။ အဲ့တာကြောင့် မီးမီးက ဟင့်! သူများတွေလို ပြေးပြီးဆော့လို့ မရဘူး ဟင့်!*

ကလေးမလေးဟာ ပြောရင်းပင် တစ်ဖန်ပြန်၍ မျက်ရည်တွေကျလာတာမို့ ခန့်ညား ကလေးမလေးအား အငိုတိတ်ရန် လုပ်ရတော့သည်။ ဒီလောက်ဆို ဒီကလေးလေး ဘယ်အဆောင်က လာလဲဆိုတာ သူသိနေပြီ ဖြစ်သည်။ သူ့အနေနှင့် ဒီကလေးအား အရမ်း ငိုခိုင်းလို့ မဖြစ်ပေ။ အချိန်မရွေး အမောဖောက်သွားနိုင်ပေသည်။

*ကဲ ဟုတ်ပါပြီ။ မငိုနဲ့တော့နော် မီးမီး။ ဒီက ဆရာဝန်ကြီးတွေက အရမ်းတော်ကြတာ။ မီးမီးလေး ခဏလောက် ဆေးကုပြီးရင် သက်သာသွားမှာ *

ခန့်ညား ကလေးမလေး၏ လက်နှစ်ဖက်အား ခပ်ဖွဖွလေးဆုပ်ကိုင်ကာ ပြောလိုက်လေသည်။ ထိုအခါ ကလေးမလေးဟာ သူ့အား စူးစမ်းသလိုနှင့် မော့ကြည့်လာကာ မျှော်လင့်ချက်တွေ ရောင်ခြည်သန်းနေသည့် အကြည့်များနှင့် မော့ကြည့်လာလေသည်။

*ဒါဆို အဲ့ဆေးခါးကြီးတွေသောက်ပြီး ‌မီးမီးလက်ကို အပ်တွေနဲ့ လာဖောက်တိုင်း လိမ်လိမ်မာမာနေပေးရင် အခြား သူငယ်ချင်းတွေလို ပြေးပြီးဆော့လို့ရလာမှာလားဟင်?*

ကလေးမလေး၏ စကားကြောင့် ခန့်ညားရင်ထဲ တစ်ချက်တော့ ဆစ်ကနဲဖြစ်သွားရလေသည်။ ဒီအချိန်မှာ ကလေးမလေးလိုချင်နေသည့် အဖြေအား သူသိသော်လည်း သူဟာ ဆရာဝန်တစ်ယောက်ဖြစ်တာမို့ ဘယ်လူနာကိုမှ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်ပေးခွင့်မရှိပေ။ ထို့ကြောင့် ကလေးမလေးအား အာရုံပြောင်းလိုက်ရန်သာ သူလုပ်ရတော့သည်။

*ကဲ သမီးလေးဖြေပေးတဲ့ အဖြေတွေကြောင့် အခု ဦးဦးက သမီးမေမေ ဘယ်မှာ ရှိလဲဆိုတာသိပြီ။ လာ ... မေမေ့ကို သွားရှာရအောင် *

ကလေးမလေးဟာ အမေအသံကြားသည့်အခါ ချက်ချင်းပင် အာရုံပြောင်းသွားကာ သူ့အား ခေါင်းတစ်ဆတ်ဆတ် ငြိမ့်ပြလာလေသည်။ ထို့ကြောင့် ခန့်ညားလည်း ကလေးမလေး လက်ကိုဆွဲကာ ကလေးအထူးကု ward သို့ ထွက်လာလိုက်လေသည်။

သူတို့ ထို ward သို့ရောက်သောအခါ ဉာဏ်ကောင်းသည့် ကလေးမလေးဟာ သူဆေးရုံတက်နေရသည့် အခန်းအား လက်ညှိုးထိုးပြလာတာကြောင့် ခန့်ညား ကလေးမလေးအား အခန်းထဲ ခေါ်လာပေးလိုက်လေသည်။

သူတို့ဆေးရုံရှိ လူနာအခန်းများဟာ အခန်းကျယ်၌ ကုတင်ခြောက်ခုရှိပြီး အတော်အသင့်ကျယ်ကာ သန့်ရှင်းသပ်ရပ်သည့် ဆေးရုံဖြစ်ပေသည်။ သူ အခန်းတံခါးအား ဖွင့်ကာ ဝင်သွားလိုက်သည့်အခါ ကျန်သည့် လူနာကုတင်များ၌ လူနာရှင်များ ကိုယ်စီရှိကြသော်လည်း ထောင့်ဆုံး၌ လွတ်လပ်နေသော ကုတင်အား တွေ့လိုက်ရတာမို့ သူ ကလေးမလေးအား ငုံ့ကြည့်လိုက်တော့ ကလေးမလေးဟာ သူ့ကုတင်သူ သိစွာ လျှောက်သွားလေသည်။ သို့သော် ကလေးမလေး၏ မိခင်ဆိုသူကိုတော့ သူမတွေ့ရပေ။ ထို့ကြောင့် ဘေးကုတင်က လူနာရှင်အား သူမေးလိုက်လေသည်။

*တစ်ဆိတ်လောက်ပါ။ ဒီကလေးလေးရဲ့ လူနာရှင်များ သူ့ကို လိုက်ရှာနေသေးလားလို့ပါ *

သူ၏ အမေးကြောင့် ထိုလူနာရှင်အမျိုးသမီးဟာ အနည်းငယ် အခက်တွေ့သွားသလို သူ့အားတစ်လှည့်၊ ကလေးလေးအား တစ်လှည့် ကြည့်လာလေသည်။ ခဏကြာမှသာ သူ့အား ခပ်တိုးတိုးလေး ပြောလာလေသည်။

*ကလေးမလေးရဲ့ အမေက ညသူ့သမီးအိပ်ကတည်းက အလုပ်လုပ်ဖို့ သွားရတယ်လေ။ ကလေးရဲ့ ဆေးရုံစရိတ်တွေကို သူတစ်ယောက်ထဲ ရှာနေရတာ။ တကယ် ရင်လေးစရာပါပဲ ဒေါက်တာရယ် *

ထိုလူနာရှင်၏ စကားကြောင့် ခန့်ညား အားလုံးကို ဆက်စပ်မိသွားလေတော့သည်။ ထို့နောက် ကလေးမလေးအား ကြည့်လိုက်လေတော့ သူ့အား အဖြူစင်ဆုံး ပြုံးပြနေလေသည်။ ထို့ကြောင့် သူလည်း ကလေးမလေးကို အချိုသာဆုံး ပြန်ပြုံးပြလိုက်ကာ တာဝန်ကျ nurse အားရှာရန် ထွက်လာလိုက်လေသည်။

အခန်း၏ ခပ်လှမ်းလှမ်းရှိ counter သို့သွားလိုက်သည့်အခါ တာဝန်ကျ ဆရာမလေးများဟာ သူ့အားတွေ့လိုက်ရတာမို့ အံ့ဩသွားကြလေတော့သည်။

*အခန်း ၆ အတွက် ဒီမနက်တာဝန်ကျ ဆရာမက ဘယ်သူများလဲ? *

သူပုံမှန်လေသံလေးနှင့်ပင် မေးလိုက်သည့်အခါ အနည်းငယ် ရှက်သွေးဖြာပုံပေါက်နေသည့် ဆရာမလေးဟာ သူပါဟု ပြောလာလေသည်။

*အဲ့အခန်းထဲက ကလေးလေးရဲ့ အုပ်ထိန်းသူက မနေ့ညထဲက ထွက်သွားတယ်လို့ ကြားတယ်။ ဆရာမတို့ကို ပြောသွားသေးလား?*

အဆက်အစပ်မရှိ မေးလိုက်သည့် သူ၏ စကားကြောင့် ဆရာမလေးမှာ ခဏတော့ ကြောင်အနေပေမယ့် သူမျက်နှာအနည်းငယ်တည်ကာ ကြည့်ပေးလိုက်မှသာ ချက်ချင်း ပြန်စဉ်းစားကာ အဖြေပေးလာလေသည်။

*အာ...ကြယ်လေးရဲ့ အမေပဲ။ ဟုတ်ပါတယ် ညက သူအလုပ်သွားရမှာမို့ ကလေးနိုးလာလို့ အမေကိုရှာရင် ခဏလေးအပြင်ထွက်သွားတာလို့ ပြောပေးပါလို့ မှာသွားပါတယ်။ ဒါပေမယ့်လည်း ဒေါက်တာသိတဲ့အတိုင်း လူနာတစ်ယောက်ချင်းဆီကို လိုက်ကြည့်ဖို့ကကြ...*

*အဲ့ကလေးက နှလုံးစက်တပ်ထားတဲ့ လူနာပါ ဆရာမ*

ပုံမှန်ဆို ခန့်ညား အခြားသူစကားပြောနေရင် ဘယ်တော့မှ ဖြတ်ပြောလေ့မရှိပေ။ သို့သော် ကျန်းမာရေးဝန်ထမ်းတစ်ယောက်ဆီက ဆင်ခြေအားကြားလိုက်ရသည့်အခါ သူ့အနေနှင့် ဒီတိုင်းကျော်သွားပေးဖို့က ခက်ခဲလှပေသည်။

*ဟုတ်...ဟုတ်ပါတယ်။ အဲ့တာကြောင့် ကျွန်မလည်း ဂရုစိုက်ပေးနေပါတယ်*

*ကျွန်တော် အဲ့ကလေးကို တတိယထပ်က ဓာတ်လှေကားထဲမှာ လမ်းပျောက်နေတာတွေ့လို့ ပြန်ခေါ်လာပေးရတာ*

*ရှင်? ဘယ်လိုလုပ်...*

သူ၏ စကားကိုကြားမှ nurse မလေးဟာ အလန့်တကြားနှင့် သူ့အား မော့ကြည့်လာလေသည်။ သို့သော် အမြဲအပြုံးလေးချိတ်ဆွဲထားသည့် သူ၏ မျက်နှာဟာ တည်တံ့နေသည့်အခါ အခြား ဆရာမများကပါ သူ့အား ကွက်ကြည့်ကွက်ကြည့်လုပ်လာသည်ကို သူ သိလိုက်လေသည်။ သို့သော် သူပြောစရာရှိတာတော့ ပြောရမှာပင်။

*အဲ့လိုလူနာက အချိန်မရွေး နှလုံးဖောက်နိုင်တယ်ဆိုတာ ဆရာမလည်း သိပါတယ်။ ဒီနေ့ဘာမှမဖြစ်ပေမယ့် ကျွန်တော်သာ ရှာမတွေ့ခဲ့ရင် ဓာတ်လှေကားထဲမှာ အဲ့ကလေး ဘယ်လိုဆက်ဖြစ်နေမလဲ ဘယ်သူမှ မသိနိုင်ဘူး။ ဘာလို့ဒီလို ပေါ့ဆရတာလဲ?*

*တောင်းပန်ပါတယ်။ ကျွန်မလည်း... ကျွန်မလည်း...*

Nurse မလေးဟာ အမြဲ အပြုံးလေးနှင့် အေးချမ်းကာ လူကြီးလူကောင်းဆန်သည်ဟုထင်ခဲ့ပါသော ဆရာဝန်ကြီးထံမှ အဆူခံလိုက်ရသည့်အခါ ပုံမှန်ထပ် ပို၍ ဝမ်းနည်းလာလေတော့သည်။ ထို့ကြောင့် စကားတွေပင် ထစ်လာကာ ဘာဆက်ပြောရမှန်း မသိဖြစ်နေတော့သည်။

ခန့်ညား ဌာနက လူအတော်များများဟာ သူတို့ကို ကြည့်လာပြီမို့ ဤအခြေအနေကို အမြန် ဖြတ်ဖို့သာ လုပ်ရတော့သည်။ ကြာလာလို့ လူတွေ အာရုံပိုစိုက်လာလျှင် သူ့အတွက်ကော၊ ဤ ဆရာမလေးအတွက်ကော မကောင်းပေ။ ထို့ကြောင့် သူ နောက်ဆုံးအနေနှင့် တစ်ခွန်းပဲပြောလိုက်လေသည်။

*ဒီနေ့ဖြစ်ခဲ့တာကို report ထဲထည့်ရေးဖို့မမေ့ပါနဲ့။ ပြီးတော့ ကျွန်တော့်အနေနဲ့ တောင်းဆိုပါတယ်။ ကလေးမလေးကို ဂရုစိုက်ပေးလိုက်ပါ*

*ဟုတ်...ဟုတ်ကဲ့ ဒေါက်တာ*

ပြီးတာနှင့် သူထိုဌာနကနေ ထွက်လာလိုက်လေတော့သည်။

သူတို့ဆေးရုံ၏ အချစ်တော် ဒေါက်တာလေးထွက်သွားတာနှင့် ဆရာမလေးများဟာ ခုဏက အဆူခံရသည့် ဆရာမလေးနား ကပ်လာကြလေတော့သည်။

*ဟဲ့ ညည်းကို အရမ်းဆူသွားတာလား?*

ထိုအမေးအား ဆရာမလေးမှာ ခေါင်းခါရုံသာ ခါပြနိုင်ပေတော့သည်။ ခုဏက ဒေါက်တာအရှေ့မှာ ရပ်နေတုန်းက သူမကိုယ်သူမ သေးသေးလေး ဖြစ်သွားသလို ခံစားလိုက်ရပေသည်။ အမှန်ဆို ဆရာဝန်တွေသူတို့အား လူနာတွေရှေ့မှာအော်တာတို့၊ ငေါက်တာတို့က ဖြစ်နေကြပင်။ သူတို့လည်း မဖြုံပေ။ သို့သော် အခု ဒေါက်တာခန့်ညားစေ၏ လေပြည်လေးနဲ့ ဆူသည်ကို ခံစားလိုက်ရသည့်အခါမှာတော့ သူမရင်တွေ အဆမတန်ခုန်လာသည်မှာ လိမ်၍မရပေ။

*မဆူဘူးဆို ညည်းပုံက ဘာဖြစ်နေတာလဲ? *

ဘေးက လုပ်ဖော်ကိုင်ဖက်များက သူမအား စိုးရိမ်စွာနှင့် မေးလာသည့်အခါ သူမ လက်ညည်းအချင်းချင်း ဆိတ်မိကာ ပြောလိုက်လေသည်။

*ဒေါက်တာ ငါ့ကို ဆူနေတဲ့အချိန် အရမ်း ကြည့်လို့ကောင်းတာပဲ။ ငါ့မှာ ကြောက်လည်းကြောက်ပေမယ့် ရင်ခုန်လို့ သေတော့မယ်!*

*အော်ကဲ! ဒီဟာမလေးကတော့!*

သူ၏စကားအဆုံး သူ့အား တစ်ယောက်တစ်ချက်ဆီ ရိုက်ကာ မနိုင်ဘူးဟု ကြည့်လာကြသည့် လုပ်ဖော်ကိုင်ဖက်များအား သူမ ရှက်ပြုံးလေးနဲ့ ရယ်ရုံသာရယ်ပြနိုင်တော့သည်။ ထို့နောက် ချက်ချင်းပင် ကြယ်လေး၏ အခန်းဆီသို့ သွားရောက် ‌စစ်ဆေးရန် သွားလိုက်လေတော့သည်။

~~~~~~~~~~~~~~~~

ခန့်ညား သူ၏ နားနေခန်းဆီ ပြန်လာသည့်တစ်လျှောက်၌ စိတ်ဟာသိပ်မကြည်တော့ပေ။ သို့သော် သူဟာ ဆရာဝန်တစ်ယောက်ဖြစ်တာမို့ တွေ့ကြုံသမျှ လူနာတိုင်း၏ ပုဂ္ဂိုလ်ရေးကိစ္စကိုပါ လိုက်ခံစားနေခွင့်မရှိပေ။ ထို့ကြောင့် အခန်းထဲပြန်ရောက်တာနှင့် ကော်ဖီစေ့အား ကိုယ်တိုင်ကြိတ်ထားသည့် အမှုန့်နှင့် အမေရိကာနိုတစ်ခွက် ဖျော်လိုက်ကာ duty coat ကိုပါတစ်ခါတည်းလဲပြီး အလုပ်စားပွဲ၌ ပြန်ထိုင်လိုက်လေသည်။ ထို့နောက် ကော်ဖီသောက်ရင်း သူ့ ‌ကောင်လေးတွေကို သတိရတာမို့ ဖုန်းခေါ်ရန် နာရီကို ကြည့်လိုက်တော့ ၉ နာရီနီးပါး ဖြစ်နေပြီမို့ သူတို့ချင်း ဆက်သွယ်သည့် ဖုန်းအား ထုတ်ကာ အရင်ဆုံး လွှမ်းအား ခေါ်လိုက်လေသည်။ ဘာလို့ဆို လွှမ်းက အမြဲ မနက်စောစော ထတတ်သောကြောင့်ပင်။

သို့သော် ဖုန်းဝင်တာ အတော်လေး ကြာတဲ့အထိ တစ်ဖက်က ဖုန်းကိုင်မလာပေ။ ထို့ကြောင့် သူ ဖုန်းချရန် ပြင်လိုက်စဉ်မှာပင် တစ်ဖက်က အိပ်ချင်မူးတူးနှင့် ပြန်ဖြေလာလေသည်။

*အွန်း~ ကိုကို *

သို့သော် ပြန်ဖြေလာသည်က Ben ဖြစ်နေသည်မို့ ခန့်ညား ဖုန်းနံပါတ်အား ပြန်စစ်လိုက်တော့လည်း သူခေါ်တဲ့ နံပါတ်ဟာ လွှမ်းရဲ့ နံပါတ်မှန်ပါသည်။ 

*မင်း လွှမ်းနဲ့ အတူရှိနေတာလား Ben ?*

*ဟမ်? ဘာလဲ ကိုကို~*

သူ၏ အမေးအား တစ်ဖက်က သေချာမသိလိုက်သလိုနှင့် ဝူးဝူးဝါးဝါးပဲ ပြန်ပြောလာသည့်အခါ Ben မနေ့ညက မူးရူးထားမှန်း သူသိလိုက်ရလေတော့သည်။ ဒီကောင်လေး အမြဲ မူးပြီးနိုးလာရင် ဘာမှ ပြန်မမှတ်မိတတ်ပေ။

*မင်းညက သောက်ထားပြန်ပြီလား Ben !*

*ဗျာ! ကိုကို*

သူအနည်းငယ် လေသံမာဟာ ဟန့်လိုက်လေတော့မှ တစ်ဖက်ကနေ စောင်တွေဖယ်သံကိုကြားလိုက်ရကာ အခုမှ အိပ်ရာက အလုံးစုံနိုးလာသည့် လူလို သူ့အား တစ်ဗျာထဲ လာဗျာ နေတော့သည်။

*ငါမေးတာဖြေ မင်း မနေ့ညက သောက်ထားပြန်ပြီလား!*

သူထပ်ပြီး အတည်ပြုကာ မေးတော့ တစ်ဖက်က ချက်ချင်းပြန်ဖြေမလာပေ။ အဲ့အစား အွန်းအဲသာလုပ်ကာ သူ့အား အချိန်ဆွဲနေသည့် ကောင်လေးကြောင့် ခန့်ညား စိတ်မရှည်တော့ပေ။

*အခု video call ပြောမယ် *

*အယ် မဟုတ်...ကိုကို!*

Ben သူ့ဟာသူတောင် ရုတ်တရက်နိုးလာလာခြင်း လွှမ်း၏ ဧည့်ခန်းထဲ ရောက်နေသဖြင့် ကြောင်အနေရာမှ ကိုကို့ထံမှ အမှုစစ်သလို စစ်ဆေးခံလာရသည့်အခါ ဘာမှတောင် သေချာပြန်မဖြေနိုင်ခဲ့ပေ။ အဘယ့်ကြောင့်ဆို ညက ဘာတွေဖြစ်ခဲ့လဲ သူ ဘာမှမမှတ်မိတော့ပေ။ ထိုအချိန်မှာပင် တစ်ဖက်က video call ခေါ်လာသည့်အခါ သူ ရွေးချယ်ခွင့်မရှိ၊ ချက်ချင်း ကိုင်လိုက်ရလေတော့သည်။

*ကိုကို~*

ခန့်ညား ဆံပင်စုတ်ဖွားနှင့် အိပ်ချင်မူးတူးဖြစ်နေသော Ben အားကြည့်ကာ မျက်မှောင်ကျုံ့လိုက်မိလေသည်။ သို့သော် ဖုန်းထဲကတစ်ဆင့် တွေ့နေရသည့် ဧည့်ခန်းဟာ လွှမ်း အိမ်က ဧည့်ခန်းဆိုတာ သေချာနေတာမို့ သူ အစကနေပဲ ပြန်မေးလိုက်လေသည်။

*ညက လွှမ်း အိမ်မှာ အိပ်တာလား Ben ?*

*အင်း... ဟုတ်မယ်ထင်တယ် *

*မင်းဘယ်မှာအိပ်ပြီးနိုးလာလဲတောင် ကိုယ့်ဟာကိုယ် မသိဘူးလား Ben!*

တစ်ဖက်က ကိုကို့၏ တည်တံ့နေသော မျက်နှာနှင့် အနည်းငယ် မာချင်နေသော အသံကြောင့် Ben စိတ်ထဲကနေ သက်ပြင်းခိုးချလိုက်လေသည်။ သူအခုနေ ဘာမှမမှတ်မိနေပေ။ ထို့ကြောင့်လည်း ဘာပြန်ဖြေရမှန်း မသိပေ။

*ညက ကျွန်တော်တို့ အတူသောက်ဖြစ်ကြတာပါ ကိုစေ *

အချိန်ကိုက်ဆိုသလို သူ၏ ကယ်တင်ရှင် လွှမ်းဟာ ရေချိုးပြီးကာစ bathrobe နှင့် ထွက်လာကာ သူ့လက်ထဲမှ ဖုန်းအား လွှဲယူကာ အရှေ့က စားပွဲပေါ် တင်လိုက်တာမို့ ခုဆို နှစ်ယောက်လုံးကို မြင်နိုင်ပြီ ဖြစ်လေသည်။

*မင်း အိမ်မှာ သောက်တာလား လွှမ်း?*

*ဟုတ်တာပေါ့ဗျ။ ဒီငပွေးကောင်က အပြင်မှာသောက်ရင် သတင်းထောက်တွေ မိမှာစိုးလို့လေ *

ခန့်ညား သူ့ကို အကျိုးသင့် အကြောင်းသင့် ရှင်းပြနေသည့် လွှမ်း၏ စကားအား နားထောင်ကာ ခဏတော့ ခွဲခြမ်းစိတ်ဖြာနေလိုက်လေသည်။ သူ့စိတ်ထဲ တစ်ခုခု မရိုးရှင်းဘူးလို့ ခံစားနေရပေမယ့် အခုလို သူ့အား သောက်ရင်သောက်မိကြောင်း အမှန်အတိုင်းဝန်ခံလာကြသည့်အခါ သူ ထပ်ပြီး မစစ်ဆေးချင်တော့။

*အခု ဘယ်အချိန်ရှိပြီလဲ? မင်းတို့ schedule မရှိကြဘူးလား?*

*ရှိပါတယ် ကိုစေ။ ကျွန်တော်တို့ ခဏနေ မနက်စာစားပြီး သွားကြတော့မှာပါ *

*အင်း။ မနေ့က သောက်စားပြီး ဒီနေ့ အလုပ်မှာ တစ်လွဲတွေမလုပ်ကြနဲ့နော် ။ ကိုယ်ပြန်ကြားရင် မင်းတို့ မလွယ်ဘူးမှတ်*

သူတို့အကြောင်းကို သိသည့် ကိုစေ၏ သတိပေးစကားကြောင့် လွှမ်းကော Ben ပါ သက်ပျင်းခိုးချလိုက်လေသည်။ ထို့နောက် နှစ်ယောက်သား ပြိုင်တူပင် ပြန်၍ အဖြေပေးလိုက်လေသည်။

*ဟုတ် ကိုစေ*

*ဟုတ်ကဲ့ ကိုကို *

ထို့နောက် ကိုစေ့ဘက်ကနေ video call ကို အဆုံးသတ်သွားမှသာ လွှမ်း အသက်ဝဝရှူရဲတော့သည်။

*ဟူး! ငါ့မှာမိပြီထင်လို့ ရင်ထဲထိတ်သွားတာပဲ ! အဲ့တာမင်းကြောင့်ကွ!*

ဘုတ်!

*အ့! Lee မို့ ရိုက်တာလားကွ!*

လွှမ်း အမြင်ကပ်ကပ်နှင့် ငပွေးကောင်အား ကျောကိုတစ်ချက် ပိတ်ချပေးလိုက်တော့ သူ့အား ကပ်ကပ်လန်အောင် ပြန်စွာလာသဖြင့် သူနောက်တစ်ချက် ထပ်ရိုက်ပေးလိုက်လေသည်။

*အဲ့ထပ် ပိုလုပ်ချင်တာကွ! ဘယ်နဲ့ မနေ့ညက မူးပြီး ကွဲပြဲနေတဲ့ မင်းကို ငါ ဘယ်လို ပြန်ခေါ်လာရလဲ သိရဲ့လား!*

*ဟမ်? မင်း တကယ် ငါ့ကို လာခေါ်တာပေါ့လေ?*

Ben သူ၏ ခေါင်းထဲ၌ လွှမ်းကို သူ ခြိမ်းခြောက်ကာ လှမ်းခေါ်သည်အထိတော့ မှတ်မိပေမယ့် အဲ့နောက်ပိုင်း ဘာဆက်ဖြစ်လဲ သူစဉ်းစားလို့ မရတော့ပေ။ သို့သော် လွှမ်း ဘက်က အားလုံး ရှင်းပြလာမှသာ သူ မချိုမချဉ်လေးပြုံးပြလိုက်ရတော့သည်။

*ကျေးဇူးပါကွာ ငါ့အချစ်ဆုံးလေး ကယ်လို့ပေါ့ *

ထို့နောက် ဘေးက လွှမ်းအား ပိတ်ဖက်ကာ ပါးပြင်ကို ပိတ်နမ်းပစ်လိုက်လေသည်။ ဒီတစ်ခေါက်တော့ လွှမ်းသာ သူ့ကို မကူညီလျှင် သူတကယ် ကိုကို့လက်စာနဲ့ သေနိုင်လောက်သည်။

*ဖယ်စမ်းပါ။ ခုမှလာ ချွဲမနေနဲ့။ ကိုစေ မိသွားလို့ကတော့ အဲ့တာမင်းကြောင့်နော် *

လွှမ်း သူ့အား ကိုအာလာလို အတင်းဖက်ကာ ချွဲနေသည့် ကောင်အား ခပ်ဖွဖွလေး တွန်းထုတ်ပစ်လိုက်ကာ ပြောလိုက်လေသည်။ ထိုအခါ သကောင့်သားဟာ သူ၏ ပါးနှစ်ဖက်အား လက်နှစ်ဖက်နှင့် ကိုင်ကာ ပြောလာလေသည်။

*စိတ်မပူပါနဲ့။ မင်း ကာစီနိုသွားဆော့တာကိုလည်း ငါ ဖုံးထားပေးမှာပါကွ ဟဲဟဲ *

လွှမ်း နည်းနည်းလေးမှ ကြင်နာစရာမကောင်းသည့် ကောင်အား ပိတ်ကန်ထုတ်ပစ်လိုက်လေသည်။ အချင်းချင်း အားနည်းချက်တွေကို ဆုပ်ကိုင်ထားတော့လည်း လုပ်ထားဦးပေါ့ကွာ !

>>>>>>>>>>>>>>>>>>>>>>T.B.C

#Lily
#14.2.24
#3258words



Continue Reading

You'll Also Like

1.1M 82.1K 39
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
671K 9.9K 30
[completed] She's so innocent and even more naive. They want her, no they need her to be completely complete. Once they have her, no one else will ma...
788K 65.8K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
217K 4.8K 94
I try to make it funny? it's just to laugh and it's also Klance so. It's angsty, I love making Keith suffer