Zee (Unicode)

By Ph4549

47.6K 2K 49

ငါ နင့်ကို သိပ်ချစ်တယ်ဆိုတာ နင်သိရင် နင်ငါ့ဘယ်ဘက်ရင်အုံမှာ နင့်လက်လေးတင်ချင်လာလိမ့်မယ်.. နင့်ကိုချစ်တဲ့အချစ်အ... More

Part (1)
Part (2)
Part (3)
Part (4)
Part (5)
Part (6)
Part (7)
Part (8)
Part (9)
Part (10)
Part (11)
Part (12)
Part (13)
Part (14)
Part (15)
Part (16)
Part (17)
Part (18)
Part (19)
Part (20)
Part (21)
Part (22)
Part (23)
Part (24)
Part (25)
Part (26)
Part (27)
Part (28)
Part (29)
Part (31)
Part (32)
Part (33)
Part (34)
Part (35)
Part (36)
Part (37)
Part (38)
Part (39)
Part (40) Final..

Part (30)

1.1K 54 2
By Ph4549

Zee




🌼pann



Part (30)




ရက်လတွေပြောင်း ရာသီတွေပြောင်းလာပေမယ့် သားငယ်နဲ့ရတီကတော့ ထူးထူးခြားခြားပြောင်းလဲတာမျိုး မရှိခဲ့.. ။

သားငယ်က ပွေ့ဖက်နမ်းရှိုက်တတ်ပေမယ့်လည်း အဲ့ထက်သူမပိုခဲ့.. ။

နှစ်ယောက်ကြား ဆက်ဆံရေးက သူငယ်ချင်းလည်းမဟုတ်.. ဇနီးမောင်နှံလည်း မကျ.. ။

ရင်းနှီးကြပေမယ့် မရင်းနှီးတဲ့သူတွေ.. ။

ဒီလိုနေလာကြတာကိုလည်း နေသားကျနေခဲ့တာ..။

နှစ်ယောက်ကြား ရန်ဖြစ်စကားများတာမျိုး မရှိခဲ့ပေမယ့် တစ်ရက်တော့သူနဲ့အတိုက်ခံလုပ်ရတယ်..။

အကြောင်းက အဓိက major ရွေးချယ်ကြတဲ့အချိန်.. ရတီ OG ဋ္ဌာန ရွေးလို့ပါသတဲ့.. ။

" OG မရွေးရဘူး.. တခြား ဋ္ဌာန ယူ.. OG ကလွဲရင် ကြိုက်တဲ့ ဋ္ဌာနယူ.. ငါ ဘာမှမပြောဘူး.. "

" OG ရွေးလည်း ဘာဖြစ်လို့လဲ.. ငါ OG ပိုင်းကိုပဲယူချင်တာ.. "

" ရွေးစရာ အများကြီးထဲမှာမှ OG ဖြစ်မှလား.."

" ဘာလို့ ငါ့က OG ရွေးလို့မရရမှာလဲ.. "

" နင်ကရော OG မဖြစ်ရင် မရဘူးလား.. "

ကျောင်းမှာကတည်းက OG ရွေးလို့ မျက်နှာစူပုတ်ပြီး စကားကောင်းမပြော.. ။

ခု အိမ်ပြန်လမ်း ကားပေါ်မှာ ဒီအကြောင်းပဲ ပြောလာပြန်တယ်.. ။

OG ရွေးချင်လို့ OG အပိုင်းပဲ ရွေးခဲ့ပြီးပြီ.. ။

OG ရွေးတာကိုပဲ သူဘာလို့အဲ့လောက်ဖြစ်နေမှန်း နားကိုမလည်ဘူး.. ။

" ငါ နင် GS ရွေးတာတောင်ဘာမှမပြောဘူး.. နင်ကဘာလို့ ငါ OG ရွေးတာကို တားနေရတာလဲ.. "

" ......... "

ကားမောင်းနေရင်းက မျက်လုံးစိမ်းစိမ်းနဲ့လှည့်ကြည့်လာပြန်တယ်.. ။

" OG ပိုင်းကို ဘာလို့ယူချင်တာလဲ.. "

" နင်ကရော GS ပိုင်းကို ဘာလို့လိုချင်တာလဲ.. "

မဖြေချင်တော့.. ။

လူကို လိုက်ကတ်နေတာကို အမြင်မကြည်လာတော့ စကားလည်းကောင်းကောင်းမပြောချင်..။

သူကတ်သလို ကိုယ်လည်းလိုက်ကတ်ချင်လာတယ်.. ။

" ငါမေးတာမဖြေချင်တိုင်း ငါ့ကိုလွှဲချသလိုနဲ့ စကားလမ်းကြောင်း မပြောင်းနဲ့.. "

" စကားလမ်းကြောင်း ပြောင်းနေတာမဟုတ်ဘူး.."

" ဒါဖြင့် ဖြေလေ.. "

" OG ကိုစိတ်ဝင်စားလို့.. ရပြီမလား.. "

" အဟက်.. သေချာလို့လား "

သားငယ် တမင်တကာ မဲ့ရွဲ့ပြီး ခြောက်ကပ်ကပ်ရယ်လိုက်သည်.. ။

ဒီလောက် ရွေးစရာရှိနေတဲ့ထဲကိုမှ OG ကိုပဲလိုချင်တာတဲ့.. ။

အကြောင်းရင်းက စိတ်ဝင်စားလို့ဆိုတိုင်း လွယ်လွယ်ယုံရမှာလားတဲ့.. ။

ဒဲ့ပဲမေးချလိုက်ချင်တယ်.. ။

နင့်ကိုကိုက OG မလို့ OG လိုက်ယူတာမလား..။

ဆရာဝန်တောင် နင့်ကိုကို ဖြစ်စေချင်လို့ ဆရာဝန်ဖြစ်အောင်လုပ်ခဲ့တာပဲလေ.. ။

ဒါတောင် ထပ်ပြီး OG တဲ့လေ.. ။

ဒီကောင် ဒေါသမထွက်ရဘူးလား.. ။

အရာရာတိုင်းကို သူလွှမ်းမိုးနေမှဖြစ်မှာလား..။

ဘဝ တစ်ဆစ်ချိုးမှာ အရေးကြီးတဲ့ဆုံးဖြတ်ချက် လုပ်ရတိုင်း.. သူနဲ့လွတ်ကင်းပေးလို့မရဘူးလား..။

နှစ်တွေကူးခဲ့ပြီ ရတီ.. ။

ခုထိ နင့်ရင်ထဲကနေ အဲ့ကိုကိုဆိုတာကြီးကို ထုတ်မပစ်နိုင်သေးဘူးလား.. ။

ငါက ခု နွားဆိုတဲ့ကောင်နဲ့ ဘာထူးတော့လို့လဲ..။

ဒီလောက် ပေးဆပ်ထားပြီးချစ်နေတာတောင် မလုံလောက်သေးဘူးလား.. ။

" သားငယ်.. နင် ဘာရယ်တာလဲ "

ဟက်ခနဲ သူ့ရယ်သံက လှောင်နေမှန်းခံစားမိတာ မှားနေသလားပဲ.. ။

" OG ကိုမှ စိတ်ဝင်စားတာကို ရယ်မိတာ.. "

" ငါ စိတ်ဝင်စားလို့မရတဲ့ ဘာသာရပ်မလို့လား.."

" ဘာသာရပ်ကို စိတ်ဝင်စားတာလား.. ဒါမှမဟုတ် လူကိုလား.. "

" ဟမ်.. လူ.. ဘယ်ကလူလဲ "

မသိချင်ယောင်ဆောင်ပြီး မေးတဲ့ပုံစံလေးက တကယ်ပီသပါပေတယ်.. ။

ဒါပေမယ့် ရတီ.. မင်းဟန်ဆောင်ရင် တစ်ဖက်လူက ဟန်ဆောင်နေမှန်းမသိတဲ့သူကိုမှ.. ဟန်ဆောင်ပြလို့ကောင်းတာ.. မနာကျင်ရဘူးလေ.. ။

ငါ့ရှေ့ကိုကျ ဟန်ဆောင်ပြနေတာကိုက ငါ့အတွက်နာကျင်ရတယ်.. ။

" OG ကလွဲ ကြိုက်တာရွေး.. "

" ငါ OG ပဲရွေးမှာ.. "

မေးတာကို မဖြေဘူး.. ။

သူပြောချင်တာ သူလုပ်ချင်တာပဲ သူပြောတယ်..။

သူ့ဘက်က ကျေးဇူးရှင်ပဲမို့ ဒီလိုလေသံမာနိုင်တာပေါ့.. ။

ရတီလည်း အမြဲသူ့ကိုအလျှော့ပေးပါတယ်.. အနိုင်ယူချင်တဲ့စိတ် မရှိဘူး.. ။

ကိုယ့်ခံစားချက် ကိုယ့်အတွေး.. ဘာတစ်ခုမှ မချပြရဲဘူး.. ။

ချ​လည်း မချပြခဲ့ဘူး.. ။

အားလုံးရေလှုံနှုတ်ပိတ်ပဲ နေပေးတယ်.. ။

ချိုတယ်ခါးတယ်လို့ ရောင့်မတက်ဖူးဘူး.. ။

ဒါပေမယ့် ဒါတော့မဟုတ်သေးဘူး.. ။

ကိုယ်ဖြစ်ချင်တာကိုပါအစ သူ့လိုရာပုံသွင်းနေတာ.. ။

ဒီကလူပါ.. ပုံစံခွက်ထဲ ဇွတ်ထည့်ရအောင် သက်မဲ့ပစ္စည်းလေးမဟုတ်ဘူး.. ။

ဒီလို အလျှော့ပေးနေမှန်းသိလို့ သူကပိုအနိုင်ယူချင်နေတာ.. ။

ပိုပိုပြီး လူကို ထိန်းချုပ်ချင်နေတာ.. ။

သူ့ဇနီးတစ်ယောက် ဖြစ်နေဦးတော့.. သူအရာရာကို ကိုယ့်အတွက် စီမံချပေးစရာမလိုဘူး..။

ဘယ်လမ်းကိုပဲသွား ဘယ်လမ်းတော့မသွားရဘူးလို့.. လက်ညိုးလေး တစ်ချက်ညွှန်တိုင်း အသက်မဲ့နေတဲ့ စေတံရုပ်လေးလို ခိုင်းစေလို့မရဘူး..။

နေရာတကာ သူဝင်ပါဖို့မလိုဘူး.. ။

ကိုယ့်ကိစ္စတွေကို ဒီလိုပဲလုပ်ဆိုပြီး ကြားထဲကနေ သူဆုံးဖြတ်ပေးဖို့မလိုဘူး.. ။

ကိုယ့်မှာ ဆုံးဖြတ်နိုင်စွမ်းရှိတယ်.. ။

ရွေးချယ်ပိုင်ခွင့်တွေရှိတယ်.. ။

ကိုယ့်အသိဉာဏ်နဲ့ ပိုင်းခြားခွဲခြမ်းနိုင်တယ်..။

ပညာဂုဏ်မောက်နေတာတော့ မဟုတ်ပေမယ့် ကိုယ်လည်းပညာတတ်နေတဲ့ ပညာတတ်မိန်းမတစ်ယောက်ပါ.. ။

အမှားအမှန်တော့ ဝေဖန်ပိုင်းခြားနိုင်တဲ့မိန်းမပါ..။

အသိဉာဏ်မဲ့နေတဲ့ မိန်းမ မဟုတ်ဘူး.. ။

ဘာမဆို ယောကျ်ားကိုပဲ အားကိုးနိုင်နေတဲ့ အားနွဲ့တဲ့မိန်းမ မဟုတ်ဘူး.. ။

ဒီလိုမိန်းမ တစ်ယောက်ကို သူဘာလို့ယုံကြည်မပေးနိုင်ရတာလဲ.. ။

ဘာကြောင့် ကိုယ့်ရွေးချယ်မှုတွေကို အားမပေးနိုင်ရတာလဲ.. ။

သူ ဖေးမ မပေးနိုင်ရတာလဲ.. ။

သူရွေးချယ်တဲ့သူ့လမ်းကို ဆိုးတယ်ကောင်းတယ် တစ်ခွန်းမပြောဘူး.. ။

သူကျ လူကိုဘာလို့ရန်လိုနေရတာလဲ.. ။

ဒီအတွေးက အတွင်းကနေငုပ်လျှိုးထွက်လာတော့.. ကိုယ့်ဆုံးဖြတ်ချက်ကို ပြန်မပြင်နိုင်တာက ပိုသေချာသွားပြီ.. ။

" ငါ့ ဆုံးဖြတ်ချက်ကို ပြန်မပြင်နိုင်ဘူး.. "

" ကျစ်.. ဘုတ်.. "

သူက ဒေါသထွက်ပြပြီး စီယာတိုင်ကို လက်ဖနောင့်နဲ့ ရိုက်တယ်တဲ့လေ.. ။

ရိုက်ပေါ့.. ။

ငါနာတာမဟုတ်ဘူး.. အဲ့တော့ နင့်ဟာနင် ဘာကိုပဲရိုက်ရိုက် ထုထု.. စိတ်မဝင်စားဘူး.. ။

" .......... "

ရတီ အပြင်ဘက်ကိုပဲ အကြည့်ပို့ကာ အတွေးတွေကို အပြင်ဘက်မှာပဲထားလိုက်သည်.. ။

သူကတော့ ဒေါသတွေနဲ့တရှူးရှူးတဒိုင်းဒိုင်းပဲ..။

.

ဋ္ဌာန ရွေးတဲ့နေ့ကတည်းက သားငယ်နဲ့ အဆင်မပြေနေတာ.. ။

သူကလည်း လူကိုမျက်နှာတင်းတင်းလုပ်ပြတော့.. ကိုယ်ကလည်းချိုပြမနေဘူး.. ။

ဋ္ဌာနတွေမတူတော့ တွေ့ချိန်တွေ​ကနည်းသွားတယ်.. ။

တွေ့လို့ကတော့ရပေမယ့် တွေ့ရဖို့ကိုနှစ်ယောက်သားက အချိန်ပေးမနေတော့.. ပိုဝေးနေရတာ..။

တကယ်ဆို သူငယ်ချင်းတွေက ဋ္ဌာန အသီးသီးခွဲယူကုန်တာမို့ .. အရင်လိုတတွဲတွဲတော့မရှိတော့..။

" ငါ ဘာလို့ NS ကိုရွေးလိုက်မိပါလိမ့်.. ဒုတ်..ဒုတ်..ဒုတ်.. "

ဆန်းထွန်းက စားပွဲပေါ်မှာ မျက်နှာကြီးအပ်ပြီး နဖူးနဲ့ခုံကို ရိုက်နေတာ.. ။

" လုပ်မနေနဲ့.. မင်းမှ မဟုတ်ဘူး.. "

" အတူတူ လာမလုပ်စမ်းပါနဲ့.. မင်းတို့နှစ်ကောင်က ဉာဏ်ကောင်းပြီးသားကို.. "

ခေါင်းထောင်လာပြီး ရန်တွေ့သေးတာ.. ။

" ဘာမှထူးကဲပြီး မပါလာဘူး.. အတူတူပဲ.. "

" ဘာလို့ မထူးရမှာလဲ.. အမှတ်တွေက မင်းတို့နှစ်ယောက်ကပဲ ပိုကောင်းတာလေ.. "

နှစ်ယောက်သား ထိုင်ငြင်းနေတာကို သားငယ် ဆားငံသီးဖျော်ရည်ကို ပိုက်နဲ့စုပ်သောက်ရင်း.. ပွဲကြည့်သလိုထိုင်ကြည့်နေလိုက်သည်.. ။

" စာပိုကြည့်လို့ ရတာ.. မင်းလိုအအိပ်ပဲပိုအချိန်ပေးတာမျိုးမှ မဟုတ်တာ. "

" မသိရင် ငါကပဲအချိန်တိုင်း အိပ်နေသလိုလိုနဲ့.. လူအိပ်ချိန်ပဲ ငါအိပ်တာ.. "

" ငါတို့က အဲ့လူအိပ်ချိန်ကိုအချိန်ပိုလျှော့တာလေ.. မင်းကတော့အပြည့်မလား.. "

" လူဆိုတာ ကျန်းမာရေးဂရုစိုက်ရတယ်.. အိပ်သင့်သလောက်မအိပ်ဘဲနေရင် ကျန်းမာရေးချို့တဲ့တတ်တယ်.. "

" ဒါဆို အိပ်ချိန်နည်းနည်းပဲရနေတဲ့ သူတွေအကုန်ကျန်းမာရေးချို့တဲ့နေတာလား.. အပိုတွေပါကွာ..ခေတ်ကိုက သူတစ်ပြိုင်ငါတစ်ပြိုင်နဲ့ကြိုးစားနေကြတဲ့ ခေတ်.. တကယ့် အောင်မြင်နေသူတွေကြည့်.. အိပ်ချိန်က ၂၄ နာရီမှာ ဘယ်လောက်ပဲ အိပ်ကြတယ်ဆိုတာ စိတ်ဝင်စားရင်သွားလေ့လာကြည့်.. ဉာဏ်ကောင်းလို့ တော်လို့အထက်ရောက်နေတာမဟုတ်ဘူး.. လုံ့လဝီရိယထုတ်ပြီး သူများထက်ပိုကြိုးစားလို့ နေရာတွေရနေကြတာ.. "

" ငါပြောတာ နည်းနည်း.. မင်းဟလိုက်မှပဲ မဆံ့မပြဲတွေ ထွက်လာရော.. "

ဆန်းထွန်းက နှုတ်ခမ်းလေးမဲ့ရွဲ့ပြောပေမယ့် အောင်ပိုင်စိုးက ခပ်တည်တည်ပဲ.. ။

ကိုယ့်မှာတော့ ခပ်ပြုံးပြုံးလေးနဲ့ပဲ.. ။

" ငါ့ဋ္ဌာနက professor ကြီးကကွာ.. တစ်နေ့တစ်နေ့ မေးခွန်းတွေများ ထိုင်ထုတ်ထားသလားမှတ်ရတယ်.. မေးလိုက်တဲ့မေးခွန်း တရစပ်ပဲ.. သူပါးစပ်ဟမှာကိုတောင် လန့်နေရတယ်.. ငါ့မှာ free ရှူနေရတဲ့ အောက်ဆီဂျင်တောင် ဝဝလေးမရှူရဲဘူး.. ငါဆိုတဲ့သက်ရှိ သူ့အနားတစ်ဝိုက်ရှိနေတဲ့အဖြစ်ကို သူသိမှာစိုးနေရတဲ့ဘဝ.. "

ဆန်းထွန်း.. ဒီကောင် တော်တော်စိတ်ဘူနေတာနေမယ်.. ။

မျက်နှာက အီးမှန်နေတဲ့လူလို မရှုမလှ.. ။

သူက စိတ်ညစ်ပေမယ့် သူ့ကြည့်နေရတဲ့ကိုယ်တွေတော့ ပြုံးချင်ချင်.. ။

" မင်းလို နေ့တိုင်း စာမေးခံရတာမှ တော်သေးတယ်.. ငါတို့ကိုကျ သင်ခန်းစာချည်းလှိမ့်သင်ပေးသွားတာ.. စာအများကြီးနေမှ ရောလောက်ပြီ.. မေ့လောက်ပြီလို့ ထင်တဲ့အချိန်ကျ.. အကုန်ရောသမမွှေမေးတော့တာ.. အဲ့မှာလူက ပြာတာပဲ.. "

" ရောသမက ငါတို့ကိုလည်းမွှေပါတယ်.. "

" ခဏခဏဖြေနေရတာမို့ မင်းကကျမမေ့ဘူးလေ..ငါ့ကျ ဘာမေးခံရမယ်မှန်းမသိတော့.. စာကိုနောက်ကြည့် ရှေ့ကြည့်.. အလယ်ဖောက်ကြည့်.. ဖင်တစ်ပြန် ခေါင်းတစ်ပြန်ကြည့်နေရတဲ့ ဘဝကိုမင်းနားလည်မှာမဟုတ်ဘူး.. ကြာရင်ခေါင်းပါချောင်သွားမှာ ကိုယ့်ဟာကိုယ်စိုးရိမ်နေရတဲ့အဆင့်ဗျ.. နားလည်လား.."

" မင်းတို့လည်း ခက်တာပဲလား.. "

" လွယ်တဲ့ ဋ္ဌာန ဘယ်မှာရှိလဲ အရင်မေး.. "

" ဟျောင့်.. သားငယ်.. မင်းရော.. မင်းဋ္ဌာနမှာ ဘာမှအခက်မတွေ့ဘူးလား.. "

" အခက်ကြီးကြီးတော့ မတွေ့ဘူး.. ဒါပေမယ့် လူနာ round လှည့်ကြည့်တဲ့အချိန်ကျ တစ်ယောက်တစ်လှည့် သူ့ရှေ့မှာ patient ကို ကြည့်ပေးရတဲ့အချိန်.. မျက်စိဒေါက်ထောက်ကြည့်ခံနေရတော့ စိတ်ကျဥ်းကြပ်တာလေးတစ်ခုပဲ.. "

" ဟမ်.. မင်းတို့ကျ patient ကို ထိတွေ့ခိုင်းနေပြီပေါ့.. "

" အမြဲတမ်းတော့ မဟုတ်ဘူး.. ငါတို့နိုင်လောက်မယ်လို့ သူထင်ထားတဲ့ case ဆို ကိုင်ထားတယ်.. သူ့အတွေးထဲ နိုင်မယ်လို့ ထင်တဲ့ case နော်.. ငါတို့နိုင်မနိုင် ပြောတာမဟုတ်ဘူး.. မလုပ်နိုင်ရင် ရှေ့လည်းဆူ နောက်ကွယ်လည်းငေါက်တယ်.. တစ်ခါတစ်လေ patient အတွက် ဆုံးဖြတ်ခိုင်းတတ်တယ်.. "

" ဟ.. ဆုံးဖြတ်တာပါ လုပ်ရတယ်ပေါ့.. "

" အင်း.. အချိန်ပိုရရင် ထင်မြင်ချက်တွေ treatment တွေပါ ပေးခိုင်းတာ.. ငါတို့ house ဆင်းတဲ့ခါ ဆရာနဲ့ပဲထပ်တွေ့ရမှာမို့ ခုကတည်းက training လှလှပေးမှာတဲ့.. "

" မလေး.. မင်းဟာက ခုကတည်းက ခြောက်ခြားနေပြီ.. "

သုံးယောက်သား ပခုံးလေးပဲ တွန့်မိတယ်.. ။

ဘယ်သူမှ မလွယ်ပါဘူး.. ။

သူ့ဋ္ဌာန နဲ့ သူမို့.. သူ့အခက်ခဲနဲ့သူ.. ။

" သားငယ်.. ဟိုမှာ ရတီ မဟုတ်လား.. "

လှမ်းပြလို့ မျက်လုံးပင့်ကြည့်တော့ ရတီကို မြင်တယ်.. ရတီ့အပြင်  ဘယ်သူမှန်းမသိတဲ့ ကောင်တစ်ကောင်ပါ အတူမြင်မိတော့.. အလိုလို မျက်ခုံးတွန့်မိပြီးသား.. ။

" .......... "

ဆန်းထွန်း​က လက်မြှောက်ပြီး လက်ရမ်းပြနေပေမယ့်.. ဟိုကမဒီက သူ့ဘေးကပါလာတဲ့ကောင်နဲ့ပဲ စားပွဲတစ်ခုမှာ ဝင်ထိုင်သွားတယ်.. ။

" ရတီ.. ငါတို့ကို မမြင်ဘူးထင်တယ်.. "

ဘယ်မြင်မလဲ.. ။

ဘေးက တစ်ယောက်နဲ့ပဲ အတွေးပြည့်နေတာနေမှာပေါ့.. ။

" သားငယ်.. ရတီ့ကို ဒီဝိုင်းလာဖို့ သွားခေါ်လိုက်မယ်.. "

" နေပါစေ.. ခေါ်မနေနဲ့.. "

သူတို့နှစ်ယောက်ကမ္ဘာလေး ဖျက်တယ်ထင်သွားဦးမယ်.. ။

" သားငယ်.. မင်းတို့ အဆင်ပြေရဲ့လား.. "

" အဆင်မပြေစရာ ဘာရှိလို့လဲ.. "

" မဟုတ်ပါဘူး.. မင်းတို့နှစ်ယောက် နည်းနည်းစိမ်းနေသလိုပဲ.. "

" ဟုတ်တယ် သားငယ်.. မင်းတို့ ဘာဖြစ်ထားကြတာလဲ.. "

" ဖြစ်ချင်ပေမယ့် ဖြစ်လို့မရတာ.. "

" ဘာလဲ မင်းဟာက.. "

" သူ ဘာလို့ OG ရွေးတယ်လို့ထင်လဲ.. "

" သူ ကလေးမွေးပေးချင်လို့ နေမှာပေါ့.. "

အောင်ပိုင်စိုး အရွှန်းနောက်တာကို မရယ်နိုင်နေ..။

ကိုယ်ခံစားနေရတာ ကိုယ်ပဲသိတယ်.. ။

" သူပြောတာ စိတ်ဝင်စားလို့တဲ့.. "

" ဪ.. အေးလေ.. အဲ့ဒါ ဘာဖြစ်လို့လဲ.. "

" သူစိတ်ဝင်စားတာ မင်းတို့ယုံလား.. "

" မင်းက မယုံလို့လား.. "

" ရွေးစရာ အများကြီး ရှိတဲ့ထဲ OG ရွေးသွားတာ.. သူ့ကိုကိုကို မမေ့နိုင်သေးလို့လေ.. "

" ဟာ.. ဘာဆိုင်လဲ သားငယ်ရာ.. "

" အေးလေ သားငယ်ရာ.. ဆရာ နေမျိုးရာဇာနဲ့ ဘာဆိုင်လို့လဲ.. "

" ဆိုင်တယ်.. ဟိုက OG မို့သူပါလိုက် OG တာ.."

" မဟုတ်လောက်ပါဘူး သားငယ်ရာ.. မင်း အတွေးလွန်နေတာ နေမှာပါ.. "

" အတွေးလွန်နေတာလို့ မင်းတို့ထင်ရင်ထင်လိမ့်မယ်.. ငါ အတွေးလွန်တာမဟုတ်တာကို ငါ့ကိုယ်ငါသိတယ်.. အဲ့မိန်းမကလေ.. သူလုပ်သမျှ သူ့ဆုံးဖြတ်ချက်နဲ့သူ လုပ်တယ်ထင်လို့လား.. သူကိုယ်တိုင် ရွေးချယ်လျှောက်တယ်လို့ ထင်နေလား.. မင်းတို့ မသိပါဘူး.. ငါပဲ သိနေတာ.. "

အရာအားလုံး ပိုသိနေတတ်တာက တစ်ခါတလေကျ မကောင်းတတ်ဘူး.. ။

ရတီနဲ့ ပတ်သက်ရင် အားလုံးငါပဲသိနေတော့ ငါပဲပင်ပန်းနေရတာ.. ။

" ရတီ ဆရာကိုကြိုက်နေသေးတယ်လို့ ထင်လို့လား.. "

" သားငယ်.. မင်းစိတ်ကိုယ်မင်း အပင်ပန်းခံမနေနဲ့.. အချိန်တစ်ခုလည်း ကြာနေပြီ.. ရတီ့မှာလည်း မင်းရှိနေသလို ဆရာ့ဘေးမှာလည်း သူ့ဇနီးရှိနေပြီ.. "

" ဒီမှာ ငါ... "

ပြောမယ့်စကားတွေ ရပ်ကျသွားရတာက.. ရတီက သူ့ဘေးကတစ်ယောက်နဲ့ ခေါင်းချင်းဆိုင်နေကြတာက.. သူ့ခေါင်းငါ့ခေါင်း နီးနေပြီ.. ။

ဘာစကားတွေပြောနေလို့ အဲ့လောက်နီးကပ်ဖို့လိုတာလဲ.. ။

မင်းမှာ ငါရှိနေသေးတာ မင်းမေ့နေရော့လား ရတီ..။

" တောက်.. "

" ဟမ်.. ဘာဖြစ်တာလဲ "

ပြောပြောဆိုဆိုနဲ့ တောက်တစ်ချက်ထခေါက်တော့ ကြောင်သွားရတာကဘေးကနှစ်ယောက်..။

" ဟျောင့်.. သားငယ်.. သားငယ်.. ဘယ်သွားမှာလဲ.."

" ပိုက်ဆံ ရှင်းလိုက်ဦး ဆန်းထွန်း.. ငါ လိုက်သွားမယ်.. "

ချက်ချင်း ဒေါသမကင်းတဲ့ပုံစံနဲ့ ထွက်သွားလို့ ကိုယ်တို့ပါလိုက်ဖို့ပြင်ရသည်.. ။

ဆန်းထွန်း ပိုက်ဆံထုတ်ရေနေရင်း သားငယ်တို့ကိုလှမ်းလှမ်းကြည့်နေရတယ်.. ။

သားငယ်ကတော့ ရတီတို့ထိုင်နေတဲ့ဝိုင်းဆီ တန်းတန်းသွားနေတာ.. ။

ဒီကောင်သားငယ် ဘာလုပ်မို့လဲမသိ.. ။

တောက်ခေါက်ပြီး ထသွားတာမို့ ကောင်းသောအရာတော့ဖြစ်မယ်မထင်.. ။

" ဂု.. ဟွတ်.. "

ရတီ စာရှင်းပြရင်း ရေဆာလို့ရေသောက်နေတာ နောက်ကနေ တွန်းခံရသလို ဖြစ်သွားတာမို့ရေတောင်သီးသွားရတယ်.. ။

ကိုယ့်ကိုယ်ကိုယ် ထိန်းနေတဲ့အချိန်..

" ဟာ.. ရတီ ရလား.. ဟေ့ တစ်ယောက်.. ဘယ်လိုလျှောက်နေတာလဲ.. ဒီမှာရေသီးတော့မလို့ဗျ.."

ပါးစပ်က လှမ်းဟောက်သေးတဲ့အပြင် ရတီ့ကိုတစ်သျှူးလေးနဲ့.. ပါးစပ်လေးလှမ်းသုတ်ပေးရတာနဲ့.. လည်ပင်းသုတ်ပေးရတာနဲ့.. ။

မျက်လုံးထဲ တစ်ကွက်မှအမြင်ကြည်စရာမရှိ..။

" ဖယ်.. "

အဲ့လက်တွေကို ခပ်ဆတ်ဆတ် ပုတ်ထုတ်ပစ်လိုက်သည်.. ။

" ဟ.. မင်း ရိုင်းလှချည်လား.. "

" ရိုင်းတော့ မင်းကဘာဖြစ်ချင်လဲ.. "

တစ်ဖက်က ဒေါသထွက်တဲ့ဆိုဒ်နဲ့ ထရပ်လာပြီး လူကိုအော်တာနဲ့.. ကိုယ်ကလည်း ပြန်ရင်ဆိုင်ပစ်လိုက်သည်.. ။

" ဟေ့.. ဟေ့.. သားငယ်.. သားငယ်.. "

အောင်ပိုင်စိုး ကြားထဲဝင်တားရသည်.. ။

သားငယ် လို့ခေါ်သံကြားမှ ခေါင်းမော့ကြည့်မိတယ်.. ။

တကယ်ကို သားငယ်ပါလား.. ။

ဒါဆို စောနက အနောက်​ကနေ ခုံကိုတိုက်ပစ်တာက သားငယ်လား.. ။

" ဖယ်စမ်းပါ..  "

" သားငယ်.. သားငယ်.. စိတ်လျှော့စမ်းပါ.. "

သားငယ်က ရှေ့ကိုတကဲကဲနဲ့ တိုးနေလို့ ကြားထဲခြေရောလက်ပါကားပြီး ကန့်လန့်ဝင်ရပ်နေရတာကအောင်ပိုင်စိုး.. ။

" ဟ.. ဗလိုင်းကြီးပါလား.. လူကိုလည်းဝင်တိုက်သေးတယ်.. ရန်လည်းထောင်နေပါလား.. "

" မင်းကရော.. မင်းနဲ့ဘာဆိုင်လို့ နာနေတာလဲ.."

" သားငယ်.. အေးဆေးပြော.. ရတီ.. လုပ်ပါဦး..ကူပြောဦးလေ.. "

ရတီ မတ်တပ်ထရပ်လာတော့ သားငယ်ရဲ့အကြည့်စူးစူးက ရတီဆီရောက်လာသည်.. ။

" အသက်နဲ့အဝေးကြီးပဲ တွေ့ပါလား.. အကြည့်တွေက စိမ်းသက်နေတာ.. လူတောင်သတ်မလားမသိဘူး.. "

ကြည့်.. လူကို မဲ့ရွဲ့ပြီးပြောနေပုံက ။

သူကလည်း အမှားလုပ်သေးတယ်.. လူကိုလည်း ပြန်ခနဲ့သေးတာ.. ။

" သားငယ်.. အေးဆေးပြောလို့.. သူများတွေကြည့်နေတယ်.. "

" ငါနဲ့ဆို ဘယ်တော့မှအဲ့မျက်လုံးတွေက အသက်မဝင်နေဘူးနော်.. အဟက်.. "

ရင်နာနာနဲ့ ပြောမိလိုက်တဲ့ စကားတစ်ခွန်းပါရတီ..။

လှိုက်ခနဲ တက်လာတဲ့ ရင်ထဲက စကားတစ်ခွန်းက မျက်ရည်တော့အတူ ခေါ်လာတတ်သား.. ။

နင့်ရှေ့ ငါမျက်ရည်မကျချင်ဘူး.. ။

ဒါကြောင့် ငါလှည့်ထွက်လာပေးခဲ့ပါတယ် ရတီ..။

" ဟ.. ဘာလဲ သူက.. "

" ဆောရီး bro.. သားငယ်က သူ့ဇနီးကို သဝန်တိုမိသွားလို့ပါ.. "

" ခင်ဗျာ.. "

" သူငယ်ချင်း ကိုယ်စား တောင်းပန်ပါတယ်.. ရတီ.. နင်ရောအဆင်ပြေလား.. "

" နင်တို့ သူငယ်ချင်း ခုတလော လူစိတ်မဝင်ဘဲ ဘာစိတ်ဖောက်နေလဲမသိဘူး.. ကြည့်ပြီး ထိန်းကူကြဦး.. "

တကယ် ပြောတာ.. ။

တစ်ချိန်လုံး လူကိုရန်လိုနေတော့တာ.. ။

" အဟက်.. "

" ဘာရယ်တာလဲ.. နင်တို့က.. "

" သားငယ်က သဝန်တိုတာပါဟာ.. "

" ငါတော့ မထင်ပါဘူး.. "

" ဒါက နင်တို့ကြားညှိယူကြရမှာမို့ ကြားဝင် မပြောတော့ဘူး.. ခုတော့ကောက်စိန်နောက် လိုက်သွားဦးမယ်.. "

" လိုက်သွား.. "

နှစ်ယောက်သား သူတို့သားငယ်ကျ ချစ်တတ်လိုက်တာ.. ။

သားငယ် ဘာလုပ်လုပ်အပြစ်မမြင်ကြဘူး.. ။

" ရတီ.. စောနက တစ်ယောက်က ရတီ့ခင်ပွန်းလား.. "

" အင်း.. ဟုတ်တယ်.. ဆောရီးနော်.. စောနက သူအပြောဆိုမတတ်တာတွေအတွက်.. "

" ဟာ.. မဟုတ်တာ.. ယောကျ်ားမှန်း မသိလို့လေ.. အိမ်ပြန်ရောက်ရင် ရန်ဖြစ်ကြတော့မယ်ထင်တယ်.. "

" မဖြစ်ပါဘူး.. စိတ်မပူပါနဲ့.. "

စကားတော့ မများကြပါဘူး.. ။

အချင်းချင်း စကားမပြောကြတာလေးပဲရှိတာ..။

အစကမှ အရင်နေ့ကတည်းက နှစ်ယောက်ကြားအဘုထစ်တွေရှိရတဲ့အထဲ.. ခုကျ တစ်ခုပိုလာတာပေါ့.. ။

.

နှစ်ယောက် စကားမပြောဘဲ နေမလို့ပေမယ့်.. မနက်ဖြန်မနက်ကျ သားငယ် တောရွာဘက် ကွင်းဆင်းသွားရမယ်တဲ့.. ။

သူ ​ကွင်းဆင်းလိုက်ရမယ့်အကြောင်း မမပြောမှသိရတယ်.. ။

တကယ်ဆို သူပြောသင့်တယ်မဟုတ်ဘူးလား..။

ဘယ်လောက်ပဲ လူကိုစကားမပြောချင်ဦး​တော့.. အကျိုးကြောင်းတော့ သူပြောသင့်တယ်မဟုတ်ဘူးလား.. ။

စိတ်ဆိုးချင်လည်း ကောင်းကောင်းစိတ်ဆိုးလို့ကမရ.. ဒါကိုပဲ ဒေါသပိုထွက်ရတယ်.. ။

အမြင်ကတ်လို့ စကားစမပြောချင်ပေမယ့် ပြောရဦးမယ်.. ။

" သားငယ်.. မနက်ဖြန် ကွင်းဆင်းရမှာဆို.. "

ရေချိုးပြီး ထွက်လာတဲ့သားငယ်ကို ထုတ်မေးတော့.. အကြည့်က ကိုယ့်ဘက်ရောက်လာပေမယ့်မကြာ.. ။

" အင်း.. "

" ငါ့ကို စောစောမပြောဘူး.. "

" ပြောတော့ ဘာထူးမှာလဲ.. လိုက်လို့ ရတာလည်းမဟုတ်ဘဲနဲ့.. "

" လိုက်လို့မရပေမယ့် နင့်အတွက် ပြင်ပေးစရာရှိရင် ငါပြင်ပေးလို့ရတာပေါ့.. "

ကိုယ့်စကားကို မယုံသလို မျက်ခုံးပင့်ကြည့်လိုက်သေးတဲ့ သူ့ကို.. ပြေးပဲရိုက်ချင်မိတယ်.. ။

" ဘယ်နှရက် သွားရမှာလဲ.. "

" နှစ်ညအိပ် သုံးရက်ခရီး.. "

" ပစ္စည်းတွေ ထည့်ပြီးပြီလား.. "

" ခဏနေ ထည့်မလို့.. "

ရတီပဲ ဗီဒိုဆီသွား​လိုက်တယ်.. ။

" သုံးစုံ ဆိုအဆင်ပြေတယ်မလား.. "

" အင်း.. "

" ညအိပ် ရော ထည့်သွားဦးမလား.. "

" တစ်စုံလောက် ထည့်ပေးလိုက်လေ.. "

သားငယ် ကုတင်မှာပဲ ထိုင်ချလိုက်ပြီး ရတီလုပ်သမျှကိုလိုက်ကြည့်နေလိုက်သည်.. ။

ရတီကတော့ သားငယ်ပစ္စည်းတွေစုထည့်မယ့် အနေတော်အိတ်တစ်လုံးလောက် ရှာကြည့်နေမိတယ်.. ။

" ဒီအိတ်ဆို အနေတော်ပဲနေမှာ.. "

အိတ်အကျယ်အနက်ကို ကြည့်ရင်း တစ်ယောက်ထဲ ပြောကာ.. အိတ်ထဲ အဝတ်စားစီထည့်ပေးမိတယ်.. ။

" ရေချိုးပုဆိုး တစ်ထည်လောက်တော့ ထည့်သွားနော်.. "

သူ့ကို ပြောပေမယ့် ကိုယ်ပဲ ပုဆိုးတစ်ထည်ထယူပြီး အိတ်ထဲထည့်လိုက်သည်.. ။

" ဪ.. တဘက်.. လိုသေးတယ်.. "

တဘက်အသစ်တစ်ထည် ပြေးယူလာရင်း..

" မနက်ကျ မျက်နှာသစ်ဆေးတွေ ဆပ်ပြာတွေထည့်သွားနော်.. မဟုတ်သေးဘူး.. မနက်ကျ နင်မေ့သွားဦးမယ်.. ငါပဲ အိတ်လေးတွေထဲအစုံထည့်ပေးလိုက်မယ်.. "

" သဘောလေ.. "

သူ ကိုယ့်အတွက် စီစဥ်ပေးနေတာကိုပဲ သဘောကျကျနဲ့လိုက်ကြည့်နေတာ.. ။

စိတ်ဆိုးချင်နေတဲ့စိတ်တွေတောင် ခုတော့အရည်ပျော်ကျသွားသလိုပဲ.. ။

" .............. "

ရတီက အိတ်ငယ်လေးတွေနဲ့ အစီရီထည့်လာပေးပြီး ဆော့ပင်နဲ့အိတ်အပေါ်မှာစာရေးနေတာ..။

" ဒီမှာနော်.. ဒီအိတ်ပေါ်မှာ စာတွေရေးပေးထားတယ်.. နင်သုံးရင်မှားစရာမလိုတော့ဘူး.. မသုံးခင် စာအရင်ဖတ်.. "

" အင်း.. "

" နင်တို့ဋ္ဌာနက ခုကတည်းက ကွင်းဆင်းလိုက်ရတယ်လား.. "

" တကယ်ဆို မလိုက်ရဘူး.. အတွေ့ကြုံလည်းရအောင်.. မနက်ဖြန်လိုက်နိုင်တဲ့သူတွေက နည်းနေတော့ ငါတို့ပါအားဖြည့်တဲ့အနေနဲ့ လိုက်ရတာ.."

" ရောက်ရင် ဖုန်းဆက်ဦး.. "

ဖုန်းဆက်ဖို့လေး ပြောတာကို လူကိုပေါက်ထွက်မတတ် စိုက်ကြည့်နေတာ.. ။

" မဆက်ချင်လည်း မဆက်နဲ့.. ရတယ် "

" မဟုတ်ပါဘူး.. ရောက်ရင် ငါဆက်လိုက်မယ်.."

" ပြီးရော.. "

ပြီးသွားပါပြီ.. ။

နှစ်ယောက်ကြား ဘာမှပြောစရာမရှိတော့ဘူး..။

ပြန်ပြီး ခပ်တန်းတန်းပြန်ဖြစ်ကာ.. ကုတင်မှာပဲ ကျောပေးပြီး အိပ်ရာဝင်ခဲ့လိုက်သည်.. ။

မနက်ကျမှပဲ သားငယ်ကို ပစ္စည်းတွေနဲ့လိုက်ပို့တော့.. သူက သူကားပေါ်မတက်ခင် နောက်ပြန်လှည့်လာပြီး ကိုယ့်နဖူးကို ဖွဖွလေး အနမ်းပေးသွားသေးသည်.. ။

ကောင်စုတ်လေး.. တတ်တယ် ဒါကျ.. ။


🌼pann


___________________________

pann စာပြန်မစစ်မိလို့ အမှားပါရင် နားလည်မှုနဲ့ ပြင်ဖတ်ပေးပါနော်.. ။

အရေးသားတွေ လစ်ဟနေပြီး.. စာဖတ်ရတာ အရသာမရှိခဲ့ရင် pann အားနာရပြီး တောင်းပန်ပါတယ်ရှင့်.. ။

pann ကြောင့်မျက်စိနောက်စေမိရင် ခွင့်လွှတ်ပါ..။

ဖတ်ရတာ ပျင်းစေမိရင် တောင်းပန်ပါတယ်နော်..။

အားလုံး ဘေးအန္တရာယ်ကနေ ကင်းဝေးကြပါစေရှင့်.. ။

အချိန်ပေးပြီး ဖတ်ပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို pann ကျေးဇူးအထူးတင်ပါတယ်ရှင့်.. ။

pann ပိုကြိုးစားပါ့မယ်နော်.. ။

Continue Reading

You'll Also Like

26.8K 1.6K 35
တိမ်တွေသာတဲ့ 'နေ့' လက်ထပ်ရအောင်.....
294K 10.6K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
21K 1.1K 30
"ချစ်တယ် မချစ်ဘူး က ငါ လုပ်လို့မှ မရတာပဲ...မျက်နှာချင်းဆိုင်မရအောင် မုန်းနေတာမျိုးတော့လည်း မဟုတ်ပါဘူး..ဒီတိုင်းပဲလေ...သူက ငါ့မိန်းမ...အဲလိုပဲ တွေးလို...
173K 5.8K 35
" ခင်ဗျားကို ချစ်တယ် " " ဘာလဲ.. မင်းပြောရမယ့် မိန်းကလေး တွေကုန်သွားလို့ ငါ့ဘက်လှည့်လာတာလား " . " ခင်ဗျားရဲ့ မာန အတ္တက ကျုပ်တစ်ယောက်ထဲ အတွက်ပဲ သီးသန့်...