ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼...

By AvocadojuiceO_2

75.1K 8.1K 569

Start date _ 15/3/2023 End date - I don't own this novel and cover art. Just a fan translation. All credit t... More

Synopsis
1
1 Zawgyi
2
2 Zawgyi
3
3 Zawgyi
4
4 Zawgyi
5
5 Zawgyi
6
6 Zawgyi
7
7 Zawgyi
8
8 Zawgyi
9
9 Zawgyi
10
10 Zawgyi
11
11 Zawgyi
12
12 Zawgyi
13
14
15
16
17
18
Story Glory
19
20
21
22
23
24
24.1 အချစ်ဆုံးသူငယ်ချင်း
25

13 Zawgyi

727 24 1
By AvocadojuiceO_2

Chapter 13 _မင်းနဲ့ဒါကိုလုပ်ရတာကြိုက်တယ်။

*******

ယဲ့ယောင်အတော်လေးကို ထိတ်လန့်တုန်လှုပ်သွားခဲ့တယ်။

လုရွှမ်းအား တိတ်တခိုးချစ်နေသည့်သူအတွက် အမှောင်မိုက်ဆုံး၊ အတိတ်ဆိတ်ဆုံးညတွေမှာ လုရွှမ်းနဲ့အတူတူရှိပြီးနောက်ဟူသော အကြောင်းအမျိုးမျိုးကို သေချာပေါက်ပင် သူလေထဲတိုက်အိမ်ဆောက်သလို တွေးတောစိတ်ကူးယဉ်ခဲ့ဖူးပါ၏။

ဥပမာဆိုရလျှင် သူတို့နှစ်ယောက်သည် ညတိုင်းတစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်နမ်းရှုံ့ကြပြီးမှ အတူတူအိပ်ရာဝင်ကြသည်။ မအိပ်ခင်နေ့တိုင်း သူကအနမ်းတစ်ပွင့်ကိုလက်ခံရရှိပြီး အိပ်ရာမှနိုးလာသည့်အချိန်တွင်လည်း "မင်းကိုချစ်တယ်"ဟူသည့်ချစ်စဖွယ်စကားလေးနှင့် နိုးထလာပေလိမ့်မည်။

ဒါကယဲ့ယောင်ရဲ့နှလုံးသားဟိုးအနက်ရှိုင်းဆုံးတွင်မြှုပ်နှံထားသည့် စိတ်ကူးအတွေးလေးတွေသာဖြစ်၏။ အတူတူအိပ်ကြတာကလွဲလို့ တစ်ခြားအရာတွေကိုအမှန်တကယ်ဖြစ်လာဖို့ရန်လုပ်ဖို့ သူ့တွင်အခွင့်အရေးမရှိပါချေ။ သို့ပေမယ့် "ချစ်တယ်"ဟူသည့်စကားလုံးကို ရုတ်တရတ်ကြီး သူဒီနေရာမှာ မမျှော်လင့်ထားစွာပဲကြားလိုက်ရတယ်လေ။

အဓိကတရားခံလက်သည်ကတော့ ယဲ့ယောင်ဘာလို့ရေသီးသွားရလဲဟူသည့်အကြောင်းကိုမသိပါဘဲနှင့် သူ့ကျောပြင်လေးကိုပုတ်ကာကူညီပေးနေဆဲ။

တခြားသူတွေဆီကနေ လုရွှမ်းသင်နေတာကိုသူသိပါသည်။ ဒါပေမယ့် လူတိုင်းရဲ့စောင့်ကြည့်နေတဲ့မျက်လုံးတွေရှေ့မှာ 'ချစ်တယ်'ဆိုသည့်စကားလုံးကို လုရွှမ်းကသူ့ကိုဘယ်လိုလုပ် ပြောထွက်နိုင်ရတာလဲ?

"အဲ့လိုစကားတွေမပြောစမ်းနဲ့၊ မင်းနားလည်လား?" ယဲ့ယောင်စိတ်လျှော့ချလိုက်ပြီး ရေဘူးကိုလုရွှမ်းလက်ထဲ ပြန်ထိုးထည့်ပေးလိုက်ကာ သူ့နားဝိုင်းနေတဲ့ပရိတ်သတ်တွေကို တစ်ချက်ကြည့်လိုက်ပြီး အသံကိုနိမ့်ချကာ "လူတွေအများကြီးပဲ ဒီမှာစောင့်ကြည့်နေကြတာ၊ အဲ့လိုအရာတွေမပြောနဲ့"

ယဲ့ယောင်ရဲ့နားရွက်ထိပ်လေးတွေမှာ နီရဲနေဆဲ။ လုရွှမ်းကကျောက်ဖြူနုကဲ့သို့ နားရွက်လေးကို အနည်းငယ်စောင်းကြည့်ပြီးနောက် သူ့နှုတ်ခမ်းတွေကမြင့်တက်ကာပြုံးလာခဲ့တယ်။ "ကောင်းပြီ၊ ငါမင်းပြောတာနားထောင်ပါ့မယ်၊ နောက်ကြလူပုံလယ်မှာ မပြောတော့ပါဘူး"

ယဲ့ယောင် : "......"

ကစားပွဲပြန်စတင်ရန် ဝီစီမှုတ်၍အချက်ပြလာတာကြောင့် ယဲ့ယောင်မှာဘာဆိုဘာမှပြောဖို့ရန်အချိန်မရှိတော့ပဲ ကွင်းထဲသို့တစ်ဖန်ပြန်ရောက်သွားခဲ့တော့သည်။

လုရွှမ်း ကွင်းဘေးသို့နောက်ဆုတ်လိုက်ကာ သူ့ပတ်လည်ရှိစိတ်လှုပ်ရှားပျော်ရွှင်မှုများနှင့် အခြားသူတွေ၏ သူ့အားစိတ်လှုပ်ရှားစွာစောင့်ကြည့်နေမှုများကို လျစ်လျူရှုထားလိုက်ပြီး မျက်လုံးများမှေးစင်း၍ အတွေးနယ်ချဲ့နေခဲ့၏။

သူ၏သဘောထားမှာ တစ်ခါတလေကျကိုယ်သိကိုယ်တတ်ပုံစံ အလွန်အကျွံဖြစ်၍ အဲ့ဒါကယဲ့ယောင်ရဲ့နှလုံးသားကို အမှန်တကယ် အတိုက်အခံဖြစ်စေနိုင်လောက်သည်။

ဒါပေမယ့် ဒီတစ်ခေါက်မှာ ယဲ့ယောင်ရဲ့လေသံကနူးညံ့နေခဲ့တယ်။

ဒီကစားကွက်လေး၌ သူအလွယ်တကူကျဆုံးသွားတာကြောင့် ထိုလှည့်ကွက်လေးမှာ ယဲ့ယောင်အားဆန့်ကျင့်လျက် အသုံးဝင်နေလေ၏။

ဒီကိစ္စဖြစ်လာပြီဆိုမှတော့ ယဲ့ယောင်ဒီထက်ပိုဝေးဝေး တွန်းထုတ်ချင်နေတဲ့အကွာအဝေးကို ...... သူကိုယ်တိုင် သူ့ရဲ့ကိုယ်ပိုင်လက်တွေနဲ့ ထပ်ပြီးပိုနီးလာအောင် ယူဆောင်လာပေးရမှာပေါ့။

*

ဒီတစ်ခေါက်တွင် ယဲ့ယောင်တို့မေဂျာဌာနက ဘတ်စကက်ဘောဂိမ်းကို အနိုင်ရရှိသွားခဲ့သည်။

ယဲ့ယောင်သည် ခံစားချက်ကောင်းလေးများဝင်နေ၍ စက်ဘီးကိုယူကာနင်းပြီး ဒဏ်ရာနဲ့အားနည်းနေသော အမောင်လုရွှမ်းအားတင်ခေါ်ကာ အိပ်ဆောင်သို့ပြန်လာခဲ့သည်။

အေးမြသောလေညင်းတွေက ပါးပြင်ပေါ်ရိုက်ခတ်လာသော်လည်း အခုမှကိုယ်လက်လှုပ်ရှားကစားပြီးခါစ ယဲ့ယောင်အနေနဲ့ချမ်းစိမ့်မှုကိုမခံစားရပဲ ထိုအစားသက်တောင့်သက်သာဖြစ်လို့နေသည်။

လုရွှမ်းရဲ့လက်မောင်းတွေက သူ့ခါးပေါ်တွင်ရစ်ပတ်နေပေမယ့် ဒါကသူ(လုရွှမ်း) စက်ဘီးအနောက်ထိုင်ခုံ၌ လိုက်စီးတိုင်းအမြဲပြုမူနေကြ အပြုအမူပင်ဖြစ်သည်။ ယဲ့ယောင်ရဲ့စိတ်အစဉ်က တည်ငြိမ်နေပြီးမည်သည့်အခြားအတွေးမှ ရှိမနေချေ။

ရုတ်တရတ် သူ့နောက်ကျောကို တစ်စုံတစ်ရာလာဖိကပ်တာကို ယဲ့ယောင်ခံစားလိုက်ရသည်။

အဲ့ဒါက လုရွှမ်းရဲ့မျက်နှာပင်။

လုရွှမ်းကသူ့နောက်ကျောကို တိုးဝှေ့၍ စကားပြောနေလေရာ ယဲ့ယောင်နားထဲသို့ ရောက်လာသည့်အသံမှာ အိပ်ရာမှနိုးခါစလို ပုံမှန်ထက်ပို၍ဩရှကာ ကွဲအက်နေပြီး ယဲ့ယောင်နားထဲဝင်ရောက်လာသည်။

လုရွှမ်းကပြုံးရွှင်လျက် ပြောလေသည်။ "ယဲ့ကောကော မင်းရဲ့နောက်ဆုံးthree pointerက အရမ်းမိုက်တာပဲ"

ယဲ့ယောင်ရဲ့လက်တွေက စက်ဘီးလက်ကိုင်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားပေမယ့် သူ့အသံကတော့ တည်ငြိမ်အေးဆေးနေဆဲ "ဘာကိုအရမ်းမိုက်တာလဲ၊ လူတိုင်းအဲ့လိုကစားတာပဲကို"

"အဓိပ္ပာယ်မရှိတာ၊ သူတို့ကမင်းလောက်မပစ်နိုင်ဘူး။ သတိမထားမိဘူးလား၊ လူတိုင်းကမင်းကိုပဲ ကြည့်နေကြတာ" လုရွှမ်းကခဏရပ်လိုက်ပြီးနောက် နောက်ထပ်စာကြောင်းကို ညင်သာစွာဆက်ပြောလာသည်။ "ငါလည်း မင်းကိုပဲကြည့်နေတာ"

ယဲ့ယောင် : "......"

သေစမ်း! သူ့အမူအရာတွေကို ထပ်ပြီးထိန်းချုပ်မှုလွတ်တော့မယ်၊ တော်သေးတာက လုရွှမ်းအားသူကျောခိုင်းထားတာမလို့ပင်။

ကိုယ့် crushက ဒီလိုချီးမွမ်းနေရင် ဘယ်သူမှ အေးဆေးတည်ငြိမ် နေနိုင်မှာမဟုတ်ဘူး။ ယဲ့ယောင်ပြန်ပြီးတုံ့ပြန်ချင်ပေမယ့် ဘာပြောရမှန်းမသိပေ။ သူပြန်ပြောဖို့မစဉ်းစားရသေးခင်မှာပဲ လုရွှမ်းက ထပ်ပြောလာသည်။

"ငါ့ခြေထောက် ဒဏ်ရာရနေတာနှမြောစရာပဲ။ မဟုတ်ရင်ကစားပွဲပြီးတာနဲ့ ကွင်းထဲဝင်လာပြီး မင်းကိုခါးကနေဆွဲပွေ့ချီလိုက်မှာ။ အဲ့ဒါမှတခြားလူတွေငါ့ကိုမနာလိုဖြစ်မှာ၊ အနာဂတ်မှာငါနဲ့ သူငယ်ချင်းဖြစ်ချင်တဲ့သူတွေကို ငြင်းပစ်မယ်ပြီးရင် သူတို့ကိုမေးမယ် မင်းကငါတို့ရဲ့ယဲ့ကောကောလောက် handsomeဖြစ်ရဲ့လားလို့? မဖြစ်ရင်မင်းနဲ့ဘော်ဒါမလုပ်ဘူးလို့ပေါ့" လုရွှမ်းကဖြည်းညင်းစွာဆိုသည်။

ယဲ့ယောင်မှာ မရယ်ပဲမနေနိုင်တော့။ လုရွှမ်းရဲ့စကားလုံးတွေက သူ့ကိုပျော်ရွှင်စေတာတော့ဝန်ခံရမည်ပေ။ လုရွှမ်းကနေ့တိုင်း ပရောပရည်စကားတွေပြောနေတာကြောင့် သူ့(ယဲ့ယောင်)တွင်ဘယ်လိုသံသယဝင်မှုမှမရှိချေ။ "ကောင်းပြီ အပိုတွေလုပ်မနေနဲ့တော့၊ အရမ်းတွေအပိုလုပ်ရင်းနဲ့  နွဲ့သွားဦးမယ်"

ယဲ့ယောင်၏နှုတ်ခမ်းထောင့်စွန်းလေးများ မြင့်တက်လာတာမြင်တော့ လုရွှမ်းအားရကျေနပ်စွာနဲ့ ပါးစပ်ပိတ်လိုက်တော့သည်။

ယဲ့ယောင်က ချိုမြိန်တဲ့စကားလုံးလေးတွေကို သဘောကျတယ်။ အဲ့တော့သူထိုစကားလုံးတွေကို ယဲ့ယောင်အားနေ့တိုင်းပြောပြမယ်။ အဲ့ဒါမှယဲ့ယောင်က လူဆိုးလူယုတ်တွေရဲ့စကားချိုချိုလေးတွေနဲ့ လှည့်စားခံရမှာမဟုတ်မှာ။

*****

ညစာစားပြီး၍ အိပ်ဆောင်သို့ပြန်ရောက်သည့်အခါတွင် ယဲ့ယောင်မှာပြဿနာတစ်ခုနှင့် ရင်ဆိုင်ရလေ၏။

ဆရာဝန်၏ညွှန်ကြားချက်အရ လုရွှမ်းရဲ့လက်များသည် ပြန်မကောင်းသေးခင် တတ်နိုင်သလောက် ရေမထိပဲနေရမည်ပင်။ ဆိုတော့ ရေချိုးခြင်းအမူကိစ္စ၌ လုရွှမ်းမှာရေမချိုးပဲနေရင်နေ ဒါမှမဟုတ် တခြားတစ်ယောက်အား သူ့ကိုရေချိုးဖို့ကူညီခိုင်းရမည်ပေ။

ထိုတခြားတစ်ယောက်ဆိုသည်မှာလည်း သူ(ယဲ့ယောင်)တစ်ယောက်တည်းကပဲ သင့်တော်သည်မှာ အထင်အရှား။

ယဲ့ယောင် မျက်ခုံးတွန့်လိုက်တယ်။ အတွင်းစိတ်ထဲ၌ လုရွှမ်းရဲ့အဝတ်ဗလာခန္ဓာကိုယ်ကို သူထပ်ပြီးရင်ဆိုင်ရရင် အဆင်ပြေတော့မှာမဟုတ်။

သေချာချင့်တွက်ပြီးနောက် လုရွှမ်းရဲ့ခန္ဓာကိုယ်ကို သူရင်ဆိုင်ရသည့်အချိန်တိုင်း အကြောင်းအမျိုးမျိုးကြောင့် သူ့နှလုံးသားထဲမြှုပ်နှံထားသည့် လျှို့ဝှက်အချစ်တွေက အလွယ်တကူလှစ်ဟခံလာရတော့မည်ပုံပေါ်သည်။

ယဲ့ယောင်ထိုအကြောင်းကို တွေးနေရင်းဖြင့် လုရွှမ်းအားမြင်သည့်အချိန်၌ ထိုသူသည်အဝတ်ဗီရိုရှေ့တွင် မတ်တပ်ရပ်လို့နေပြီး သူ၏ရှပ်အင်္ကျီကော်လာကိုကောက်ကာ အနံ့ခံလိုက်သည်၊ အဲ့ဒီနောက်သူက ရွံရှာဟန်ဖြင့် မျက်မှောင်အနည်းငယ်ကြုတ်သွားပြီး သူ့(ယဲ့ယောင်)ထံသို့ခေါင်းလှည့်လာသည်။

"မင်းကဒီရက်တွေထဲမှာ အလုပ်အရမ်းကြိုးစားနေတာပဲ။ အဲ့တော့ငါမင်းကို တခြားအရာတွေနဲ့ ပတ်သတ်ပြီးမနှောင့်ယှက်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ရာသီဥတုကလည်းအေးနေတာဆိုတော့ ရပါတယ် ငါနေ့တိုင်းရေချိုးဖို့မလိုဘူး။ ဒီရက်ထဲငါတို့က တစ်အိပ်ရာတည်းအတူအိပ်တာလည်းမဟုတ်ဘူးဆိုတော့ မင်းကိုနံစော်ပြီးသက်တောင့်သက်သာမဖြစ်အောင်လုပ်မှမဟုတ်ပါဘူး။" လုရွှမ်းက သည်းခံပြီးသန်မာချင်ယောင်ဆောင်သည်။

"...... မင်းရဲ့သရုပ်ဆောင်ချက်တွေက အရမ်းသိသာလွန်းတယ်" ယဲ့ယောင်မှာအကူအညီမဲ့လျက် "ထားလိုက်တော့ မင်းအဝတ်တွေယူ၊ ငါမင်းကိုရေချိုးဖို့ကူပေးမယ်"

အဆင်ပြေလောက်ပါတယ် ဟုတ်တယ်မလား? လုရွှမ်းကဒဏ်ရာရနေတယ်။ အရင်ကလည်း သူဒီလိုမျိုးလုပ်ရတာတွေ မကြိုက်ကြောင်း လုရွှမ်းကိုရှင်းရှင်းလင်းလင်းပြောထားပြီးပြီဆိုတော့ လုရွှမ်း၌ သူ့ကိုစောင်မျှော်နေတဲ့ ဒီထက်ပိုပြီးအစွမ်းထက်တဲ့စစ်ဆင်ရေးတွေ ရှိနေလိမ့်မည်လို့တော့သူမယုံပေ။

အဆုံးမှာတော့ လုရွှမ်းကအဖြောင့်တစ်ယောက်ပဲလေ။ ရေချိုးနေရင်းနဲ့တော့ သူ့ကိုတမင်သပ်သပ်ကြီး သွေးဆောင်ဖြားယောင်းမှာတော့ မဟုတ်လောက်ဘူး။

*

လုံခြုံရေးအတွက် ယဲ့ယောင်က အပေါ်ဂျက်ကပ်လေးသာ ချွတ်ထားပြီး ပုံမှန်အဝတ်တွေကို ဝတ်ဆင်ထားသည်။

လုရွှမ်းကဘာစကားမှ မဆိုလာ၊ သူကရေပန်းမှရေစီးဆင်းမှုကို ချိန်ညှိလိုက်ပြီး ယဲ့ယောင်အားရေမစိုအောင် လုပ်ပေးလိုက်သည်။

ရေမှုန်ရေမွှားများအောက်၌ လုရွှမ်းရဲ့ခန္ဓာကိုယ်မှာ စွမ်းအင်အပြည့်နှင့် ပျော့ပျောင်းလှပသော ကျားသစ်တစ်ကောင်လိုပင်။ ပြီးတော့ ထိုကျားသစ်မှာ ရက်စက်ကြမ်းကြုတ်ပေမယ့် ယခုအချိန်တွင်တော့ လိမ္မာယဉ်ကျေးနေလျက် ယဲ့ယောင်အား သူ၏ဆံပင်မွှေးများကိုလျှော်ပေးရန် နာခံစွာခေါင်းကိုဆန့်ထုတ်ပေးနေသည်။

ရေချိုးခန်းတစ်ခုလုံး ရေခိုးရေငွေ့အမှုန်များဖြင့် တဖန်တရစ်ဝဲဝဲဖုံးလွှမ်းသွားသည့်အချိန် ယဲ့ယောင်မှာ သူဒီလိုအဝတ်တွေ ဝတ်ထားခြင်းက ထူးဆန်းနေကြောင်း နောက်မှသဘောပေါက်သွားတော့၏။

သူတို့ရဲ့အထက်တန်းတတိယနှစ်၌ နှစ်ယောက်လုံး ၁၈နှစ်ပြည့်ပြီးသည့်အချိန်၊ ညီအစ်ကိုကောင်းတွေ အတူတူလုပ်ကြသည့် အရွယ်ရောက်လာသည်ကို ဂုဏ်ပြုဖို့အလို့ငှာ လူကြီးရုပ်ရှင်တစ်ချို့အား အတူကြည့်ရန် လုရွှမ်းကသူ့အားဖိတ်ခဲ့ဖူးသည်။

သေချာပေါက် အဲ့ဒါက ပုံမှန်အတိုင်းယောက်ျားနဲ့မိန်းမ ညစ်ညမ်းအပြာကားပင်။

ထိုအချိန်တုန်းက သူ့ဦ်းနှောက်က အလုပ်မလုပ်တာဖြစ်လောက်မယ် သူတကယ်ကြီး လုရွှမ်းရဲ့အကြံဉာဏ်ကိုသဘောတူခဲ့တယ်။

သူ့ရဲ့စာတွေနဲ့လုံးပန်းပြီး မအားမလပ်ဖြစ်နေတာတောင်မှလေ။

ဒီလိုနဲ့ပဲ မဲမှောင်နေသည့်ညသန်းခေါင်ယံအချိန်တစ်ခု၌ သူတို့သည် အိပ်ရာပေါ်ရှိစောင်များအောက်၌ အချင်းချင်းတိုးဝှေ့ပူးကပ်၍ မဟုတ်ကဟုတ်ကရုပ်ရှင်ဇာတ်လမ်းတွဲများကို အတူတူကြည့်ခဲ့ကြလေသည်။

ဒီလိုအရာမျိုးကို မြင်ဖူးတာယဲ့ယောင်အတွက်တော့ ပထမဆုံးလည်းဖြစ်တယ်။ သူသည်အလျင်အမြန်ပဲ သဘောပေါက်လာခဲ့တယ် အမျိုးသမီးတွေနဲ့ ဒီလိုသာမန် မိန်းမနဲ့ယောက်ျားကြားက လိင်ဆက်ဆံခြင်းကို သူစိတ်မဝင်စားဘူးဆိုတာကိုပေါ့။ ဒါကြောင့်သူက မကြည့်တော့ပဲပစ်ထားလိုက်ကာ မနက်ခင်းပိုင်းက ပြီးဆုံးသွားသောသူ၏လိင်မှုဆိုင်ရာစမ်းသပ်ချက်ကိုစိတ်ထဲ၌ပြန်လည်တွေးတောနေခဲ့သည်။

ထိုသို့သူ့ရဲ့ပစ်ထားမှုကြောင့်လည်း ရုပ်ရှင်အပေါ်တွင် အခြေခံအရ မည့်သည့်ထင်မြင်ချက်သဘောထားမှ သူ့တွင်ရှိမနေ။ ဒီအချိန်တွင် ထိုရုပ်ရှင်နှင့်ပတ်သတ်သည့်သူမှတ်မိသည့်အရာမှာ အလုပ်ခရီးမှအိမ်ပြန်လာသော ကောင်မလေးတစ်ယောက်အကြောင်းဖြစ်ပြီး သူမ၏ချစ်သူကောင်လေးနှင့် ချက်ခြင်းပင်တွေ့ဆုံရသဖြင့် ပျော်ရွှင်မှုတွေပြည့်နှက်နေသည့်အကြောင်းဖြစ်ပုံရသည်။ သူမကသူ့ရဲ့နေရာသို့သွားခဲ့ပေမယ့် သူမရဲ့ကောင်လေးက ရေချိုးခန်းထဲ၌ ရေချိုးနေတုန်းပဲရှိသေးတာကိုတွေ့လိုက်ရတယ်။ ထို့ကြောင့်ခေတ်ဆန်စွာဝတ်ဆင်ထားတဲ့ကောင်မလေးက ရေချိုးခန်းထဲသို့ ချက်ချင်းပင်ဇွတ်အတင်းဝင်သွားကာ ထိုနေရာမှာပဲ လိင်ဆက်ဆံသည့်ဇာတ်ကွက်တစ်ခုဖြစ်ခဲ့သည်။

အစပိုင်း၌ ကောင်မလေးမှာသူမ၏ချစ်သူကောင်လေးရဲ့ ရင်ဘတ်အပေါ်ပိုင်းကို ကူညီသန့်စင်ပေးနေတာဖြစ်ပြီး ထိုအပိုင်း၌အချစ်ဇာတ်ကွက်တွေ အများကြီးပါလေသည်။

လုရွှမ်းရဲ့ကိုယ်ကို ရေချိုးဆပ်ပြာဂျယ်သုတ်ပေးရသည့်အခါ ယဲ့ယောင်တစ်ခဏရပ်တန့်သွားခဲ့ပြီး အဲ့ဒီနောက်ဘာကိစ္စမှမဖြစ်ခဲ့သလိုဟန်ဆောင်ကာ ဆက်လက်လုပ်ဆောင်နေတော့သည်။

သူ၏လက်ဖဝါးတွေအောက်၌ လုရွှမ်း၏တောင့်တင်းသန်မာပြီး ဆန့်လိုက်ကျုံ့လိုက်ဖြစ်သော ဝမ်းဗိုက်ကြွက်သားများကတည်ရှိနေကာ လက်ဖဝါးထဲရှိထူထဲသိပ်သည်းသည့်အဖြူရောင်အမြှုပ်များဖြင့် ထိုသူ့၏absများကို ပွတ်သပ်လိုက်သည့်အခါ ရုပ်ရှင်ထဲရှိတစ်ချို့ဇာတ်ကွက်များနှင့် ထပ်တူကျလုနီးပါးပင်။

ထိုအချိန်တုန်းက ခေါင်းဆောင်မင်းသားပြောသွားတဲ့စကားတွေက ......

"ကိုယ့်ရဲ့absကြွက်သားတွေက လုံလုံလောက်လောက် ခံစားလို့ကောင်းရဲ့လားအချစ်လေး၊ ကိုယ်နောက်ထပ် လေ့ကျင့်ခန်းလုပ်ဖို့ရောလိုသေးလား? မင်းသဘောကျမယ်လို့ ကိုယ်မျှော်လင့်ပါတယ်"

အတိအကျတစ်ထပ်တည်းတူညီနေသည့် စကားလုံးများမှာ ယခုအခါတွင်သူ၏နားစည်အတွင်း၌ မြည်ဟီးနေလေ၏။ ယဲ့ယောင်ဖြည်းညင်းစွာမော့ကြည့်လိုက်တော့ ပြုံးရွှင်နေသည့်လုရွှမ်းရဲ့မျက်လုံးတွေနဲ့ဆုံလေသည်။

ရုပ်ရှင်ထဲ၌ ထိုစာကြောင်းများမှာ ဇာတ်လိုက်ကသူ၏ကောင်မလေးအတွက် သူ့အချစ်တွေကိုဖော်ပြရာတွင် ဖွင့်ဟသည့်စကားများဖြစ်ပြီး အခုတော့ သူကလုရွှမ်းထံမှထိုစကားတွေကို အပြောခံနေရလေသည်။

နေရာကအရမ်းကျဉ်းပြီး အရမ်းပူတာကြောင့်ဖြစ်မယ် ယဲ့ယောင်မှာခက်ခက်ခဲခဲ အသက်ရှူနေရသည်။ သူအဝေးကိုအကြည့်လွှဲကာ စိတ်မထိန်းနိုင် သိမ်းမရတွေ မဖြစ်အောင်လည်း ကိုယ့်ကိုကိုယ်တိတ်ဆိတ်စွာသတိပေးလို့နေ၏။ "မင်းအဲ့စကားတွေကို တော်တော်လေး ရှင်းရှင်းလင်းလင်းမှတ်မိတာပဲ၊ မင်းအဲ့မင်းသမီးကို တကယ်ကြိုက်တာလား?"

လုရွှမ်းသည် အဖြောင့်တစ်ယောက်ဖြစ်သည်။ ထိုအကြောင်းပြချက်မှလွဲ၍ လုရွှမ်းအတွက်နက်နက်ရှိုင်းရှိုင်း စွဲမှတ်စေမည့် တခြားအကြောင်းပြချက်ဆိုတာမရှိ။

"ဟင့်အင်း မကြိုက်ပါဘူး။ ဘာလို့သူ့ကိုကြိုက်ရမှာလဲ?" လုရွှမ်းကပြုံးလျက်ခေါင်းခါသည်။ "ငါသူ့ကိုကြည့်တောင်မကြည့်ခဲ့ဘူး၊ အာရုံလည်းမစိုက်ဘူး။ ရုတ်တရတ်ကြီးအဲ့စကားတွေကို သတိရသွားရုံပါပဲ"

"မင်းအများကြီး မတွေးခဲ့ဘူးလား?" ယဲ့ယောင်ဒါကိုမမျှော်လင့်ထားခဲ့ပေ။ "မင်းရဲ့စိတ်တွေ ဘယ်ကိုလေလွင့်နေခဲ့တာလဲ၊ ဘာတွေများစဉ်းစားနေခဲ့လို့လဲ?"

ထိုအချိန်တုန်းက ဇာတ်လိုက်မင်းသမီးသည် ယဲ့ယောင်လောက်တောင်ကြည့်မကောင်းဘူးဟု လုရွှမ်းတွေးခဲ့တာဖြစ်သည်။ ယဲ့ယောင်ရဲ့အသွင်အပြင်ပုံစံလေးကို မိုင်ပေါင်းရာထောင်ချီတောင်လိုက်လို့မမှီနိုင်တဲ့ ဇာတ်လိုက်မင်းသားကျပြန်တော့လည်း ကြည့်လိုက်ရုံဖြင့် လူကိုအော်ဂလီဆန် အော့အန်ချင်သွားအောင်လုပ်နိုင်စွမ်းသည်။

နောက်ကြာတော့ သူတကယ်ကိုစက်ဆုပ်ရွံရှာပြီး အော့အန်ချင်လာခဲ့တယ်။ မသိတဲ့လူနှစ်ယောက်ရဲ့လိင်ဆက်ဆံနေတဲ့ရုပ်ရှင်ကို သူကဘာကြောင့်ကြည့်နေရတာလဲ? ဘာတွေကများ အဲ့လောက်စိတ်ဝင်စားဖို့ကောင်းနေလို့လဲ?

သို့သော်လည်း ယဲ့ယောင်အားကြည့်နေတာရပ်ဖို့ပြောရန် သူတွန့်ဆုတ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ယောင်ကသူ့နံဘေး၌ ခြေထောက်လေးကိုပိုက်လျက်ရှိနေကာ သူတို့နှစ်ယောက်လုံးကအိပ်ရာခင်းတစ်ခုတည်း၏ လွှမ်းခြုံထားခြင်းခံထားရပြီး တူညီသောလေကိုလည်း ရှူရှိုက်နေကြသည်။ ပြီးတော့ ယဲ့ယောင်ထံမှရသည့် လိမ္မော်သီးရနံ့ရေချိုးဆပ်ပြာဂျယ်မှာလည်း သူ့ကိုနွေးထွေးနေစေခဲ့သည်။ ဒီလိုအချိန်အခါသမယလေးကို အဆုံးသတ်ပစ်လိုက်ဖို့ဆိုတာ သူ့အတွက်ဘယ်လိုလုပ်ဖြစ်နိုင်ခဲ့မှာလဲ?

ရုပ်ရှင်ကြည့်လို့ပြီးသွားသည့်နောက် နှစ်ယောက်လုံး၌ တုံ့ပြန်သည့်အရိပ်အယောင်များမရှိခဲ့ချေ။ သူတို့ရဲ့မာနေတောင့်တင်းနေမည့်ပြဿနာကို ဖြေရှင်းရန်တောင်အချိန်မလိုခဲ့ပေ။ ယဲ့ယောင်ကလုရွှမ်းကို သင်္ချာသင်ပေးဖို့ရန် ချက်ခြင်းပင်ဆွဲခေါ်သွားခဲ့တော့သည်။

အခုတော့ ယဲ့ယောင်ရဲ့သိချင်စူးစမ်းချင်သည့် မျက်လုံးလေးတွေကိုကြည့်ကာ လုရွှမ်းသည်မျက်တောင်ခတ်လိုက်ပြီး လိမ်ညာလိုက်သည်။ "ငါရဲ့ပညာသင်အရည်အချင်းကို ဘယ်လိုတိုးတက်အောင်လုပ်ရင် ကောင်းမလဲလို့စဉ်းစားနေခဲ့တာနေမှာပေါ့"

ယဲ့ယောင်က အလွန်ကျေနပ်သွားခဲ့ကာ "မင်းရဲ့ပညာရေးစွမ်းဆောင်ချက်က နောက်ပိုင်းမှာအများကြီးတိုးတက်လာတာပဲလေ မဆန်းတော့ပါဘူး"

လုရွှမ်းကပြုံးလိုက်ပြီး အကြောင်းအရာကို ရုတ်တရတ်ပြန်ပြောင်းလိုက်ပြန်သည်။ "ဒါဆို မင်းငါ့ရဲ့ဝမ်းဗိုက်ကြွက်သားတွေကရတဲ့ခံစားချက်ကိုကြိုက်လား?"

ဒါပေါ့ ယဲ့ယောင်သေချာပေါက်သဘောကျတာပေါ့။ ဒီလူကိုသူသဘောကျတာကြောင့် ဒီလူနဲ့ပတ်သတ်နှီးနွယ်နေသမျှအရာအားလုံးကို သူသဘောကျတယ်။

သူကမျက်လွှာချလိုက်ပြီး အဖြေကိုရှောင်ဖြေလိုက်သည်။ "အနာဂတ်မှာမင်းရဲ့ကောင်မလေးကိုပဲ ဒီလိုအရာမျိုးကိုမေး၊ ငါ့ကိုလာမမေးနဲ့"

ရေပန်းမှစီးဆင်းလာသည့် ရေသံများကိုကြားရပြီး ကြွေပြားကြမ်းခင်းပေါ်သို့ တစ်စက်စက်ကျဆင်းသွားသည်။ ထိုအဆက်မပြတ်ကျဆင်းနေသည့်ရေသံများကြားထဲ လုရွှမ်းရဲ့အဖြေကို ယဲ့ယောင်ကြားလိုက်ရ၏။

"ဒါပေမဲ့ သူတို့ကိုမင်းတစ်ယောက်တည်းပဲ ထိတွေ့လို့ရတယ်" လုရွှမ်းကပြောသည်။

ယဲ့ယောင်၏နားစည်အတွင်း၌ သူ၏နှလုံးခုန်သံများက ရေကျသံများကိုဖုံးလွှမ်းသွားလုနီးပါးပင်။ သူကရေချိုးဂျယ်ကိုယူဖို့ လှည့်လိုက်ပြီး လက်ထဲ၌အမြှုပ်များထွက်အောင် ပြုလုပ်နေရင်းဖြင့် လုရွှမ်းပြောသည့်စကားများကို  အေးအေးဆေးဆေးခွဲခြမ်းစိတ်ဖြာရန် အတတ်နိုင်ဆုံးကြိုးစားနေခဲ့သည်။

လုရွှမ်း၌ သူ့အတွက်နယ်နိမိတ်စည်းမျဉ်းဟူသည့် အသိတရားမရှိပဲ သူ(ယဲ့ယောင်)နဲ့အနီးကပ်ဆုံးဆက်ဆံရေးဟူသည်သာရှိသည်။ သူ(လုရွှမ်း)သဘောကျသည့် မိန်းကလေးဆိုတာလည်းမရှိသေး။ ယဲ့ယောင်တစ်ယောက်တည်းကသာ သူ့ကိုထိတွေ့လို့ရမည်ဆိုသည်မှာ ပုံမှန်ပဲလို့သူအခုခံစားနေရတယ်။ သူထိုစကားကိုလေးလေးနက်နက်ကြီး အဓိပ္ပါယ်မကောက်သင့်ပေ။

သူဒီအချိန်၌ လုရွှမ်းကိုမကြည့်သင့်ပေ။ မျက်လုံးချင်းဆုံလို့မဖြစ်ပေ။ မဟုတ်ရင်သူဖွင့်ထုတ်မိလိမ့်မည်။

ဒီအကြောင်းအရာကိုကျော်ပြီး တစ်ခြားတစ်ခုခုပြောရအောင်ကွာ။

ဒါပေမဲ့ ဘာအကြောင်းပြောရမှာလဲ?

ပုံမှန်အားဖြင့် အေးဆေးတည်ငြိမ်သော ယဲ့ယောင်၏စိတ်အစဉ်သည် ရှားရှားပါးပါးတိုတောင်းသည့်ပတ်လမ်းလေးဖြစ်နေကာ တခြားအကြောင်းအရာအသစ်ကို သူ့မှာမတွေးတောနိုင်ချေ။ ဆိုတော့အရင်က၎င်းတို့နှစ်ယောက် အတူကြည့်ခဲ့ဖူးသည့်ရုပ်ရှင်အကြောင်းကိုပဲ ဆက်ပြောနေရတော့သည်။

"အဲ့တုန်းကရုပ်ရှင်ကြည့်ပြီးတော့ မင်းမတုံ့ပြန်ခဲ့ဘူးလေ။ ငါကမင်းအဲ့ကဏ္ဍကို စိတ်မဝင်စားဘူးလို့ထင်ခဲ့တာ" ယဲ့ယောင် လုရွှမ်းရဲ့ဒဏ်ရာမရှိတဲ့လက်မောင်းကို ဆပ်ပြာမြှုပ်များဖြင့်ပွတ်တိုက်လိုက်သည်။ "အဆုံးကျတော့ ငါတို့တက္ကသိုလ်ရောက်မှ မင်းကတကယ်ကိုအတော်လေးစိတ်ဝင်စားမှန်းသိတယ်။ မဟုတ်ရင် မင်းငါ့ကိုအမြဲတမ်းဆွဲခေါ်ပြီး တစ်ယောက်ကိုတစ်ယောက်ကူညီပြီး အတူတူလွှတ်ထုတ်စေချင်မှာမဟုတ်ဘူးလေ"

လုရွှမ်းကပြန်မဖြေပေ။ ယဲ့ယောင်လည်း ဒီထက်ပို၍ အတင်းအကြပ်ပြောမနေတော့။

ခန္ဓာကိုယ်အပေါ်ပိုင်းကို သန့်ရှင်းပေးပြီးနောက် တခြားအပိုင်းများကိုရွှေ့ရန် အချိန်ရောက်ပြီပေ။

ယဲ့ယောင်တစ်ခဏတုံ့ဆိုင်းသွားပေမယ့် လုရွှမ်းရဲ့ခန္ဓာကိုယ်အပေါ်ရော၊ အောက်ကိုပါ ကူညီသန့်ရှင်းပေးဖို့ဆုံးဖြတ်လိုက်သည်။ မဟုတ်ပါက သူ့ရဲ့ခန္ဓာကိုယ်တစ်ဝက်ကပဲသန့်ရှင်းနေပြီး တစ်ချို့နေရာတွေက ညစ်ပတ်နေလိမ့်မယ်။ အဲ့လိုဆိုပိုပြီး သက်တောင့်သက်သာမရှိ ဖြစ်နေလိမ့်မည်မဟုတ်လား?

နောက်ဆုံးတစ်ခေါက် ရေချိုးအိမ်သို့သွားပြီးနောက် တစ်ခြားယောက်ျားလေးတွေကို သူအထူးလိုက်မေးဖြစ်သည်။ ရေချိုးအိမ်မှာရေချိုးခဲ့တဲ့ ဦးလေးတစ်ယောက်က  သူ့အရာကိုထိုနေရာမှာပဲ ပွတ်တိုက်ရန်တွန့်ဆုတ်မနေခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် မင်းရှက်သည်ဖြစ်စေ၊ မရှက်သည်ဖြစ်စေ မင်းရေချိုးပြီဆိုတာနဲ့ မင်းရဲ့တကိုယ်လုံးကိုဆေးကြောသန့်ရှင်းရမှာပဲလေ။

သူအများကြီးစဉ်းစားနေဖို့ မလိုပါဘူး။

အဲ့ဒါကြောင့်ယဲ့ယောင် စဉ်းစားပြီးနောက်ထိုအရာကိုလုပ်ပေးလိုက်တယ်။ သို့သော်လည်း လုရွှမ်းရဲ့ဂျူနီယာလေးကို သူကိုင်ပြီးဆေးကြောပေးပြီးနောက် သူ၏အမွှေးအမျှင်များကို နာခံစွာအပွတ်သပ်ခံနေတဲ့ ကျားသစ်က သူ့ကိုစတင်၍အံတုလာပြီး အစွယ်များကိုစတင်ပြသလာတော့တယ်။

...ဒီလိုအချိန်မျိုးမှာ ယောက်ျားလေးသူငယ်ချင်းအဖြောင့်တစ်ယောက်အနေနဲ့ ကျိုးကြောင်းဆီလျော်အောင် သူဘယ်လိုတုံ့ပြန်သင့်လဲ?

သူအဖြောင့်တစ်ယောက်ဖြစ်ခဲ့စဉ်အခါက ဒီလိုအရာမျိုးကို တစ်ခါမှမကြုံခဲ့ဖူးဘူးလေဟုတ်တယ်မလား?

တစ်ခုပြီးတစ်ခုဖြစ်လာပြီးနောက် ယဲ့ယောင်သူ့ရဲ့ဦးနှောက်က ဉာဏ်မမှီဘူးလို့စတင်ခံစားလာရတယ်။ သင့်လျော်သောဖြေရှင်းချက်ကို သူမရသေးခင်မှာပဲ ပူပြင်းကြီးမားသောလက်တစ်ဖက်က သူ့လည်ပင်းအနောက်ပိုင်းကို ရုတ်တရတ်ဆုပ်ကိုင်လာခဲ့ကာ သူ့ခေါင်းကိုမော့စေသည်။

"မင်းမှန်တယ်။ ငါတကယ်ကို စိတ်မဝင်စားဘူး" လုရွှမ်းရဲ့အသံက ပုံမှန်ထက်ပိုနိမ့်နေကာ သူကယဲ့ယောင်ကိုကြည့်လာတယ်။ သူ့ရဲ့မျက်လုံးတွေက မှောင်မိုက်နေလေတယ်။ "မင်းဘာလို့ ဝေးကွာနေရတာလဲ? ဒါကနားလည်ဖို့မလွယ်ကူနေလို့လား?"

ရေတွေ တလဟောကျဆင်းနေသည့်အသံမှာ နောက်ခံတေးသီချင်းလိုမပြောင်းမလဲ။ သူ့ထက် ခေါင်းထက်ဝက်မျှရှည်သောလုရွှမ်းသည် တဖြည်းဖြည်းငုံ့ကိုင်းချလာပြီး သူ၏ပါးလျသောနှုတ်ခမ်းပါးများက ယဲ့ယောင်၏နားကိုဖိကပ်လာတာကြောင့်အသံသည် ယဲ့ယောင်၏နားအတွင်းသို့ ရှင်းလင်းပြတ်သားစွာကူးပြောင်းလာခဲ့တော့သည်။

"ငါစိတ်ဝင်စားတဲ့အရာက ...... မင်းနဲ့ဒီလိုလုပ်ရတာကိုပဲ။"

×××××××
Thanks for Reading
31/10/2023

Continue Reading

You'll Also Like

52.8K 8.3K 69
Novel name-情终(End of love) Original author- 孤君(lonely king) total chapter- 113 chapters update schedule- Sat,Sun I don't own this work. All credit to...
563K 19.2K 144
Read and find out...
3M 118K 75
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
4.3M 287K 61
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...