မင်းက ငါ့မိန်းမဖြစ်လာမယ့်သူ (...

De Zphoowai

373K 19.4K 2.4K

Redflag- Beauty M-preg Mais

Intro
Profile
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
🌱
အပိုင်း (၁၀)
Ice CREAM
🍃
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း(၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
spoil

Emergency foods

6K 439 43
De Zphoowai

{Unicode }

.... He is my emergency food...

..သီတင်းကျွတ် လပြည့်ကျော် ၁၄ရက်နေ့...

ဝါကျွတ်ပြီ အချစ်ရယ်.. အသက်ရယ်...

သီတင်းကျွတ် ခဲ့ပြီပဲ... သီတင်းကျွတ်ခဲ့ပြီကွယ်...

ဝါကျွတ်မီးပွဲ ကြည့်မယ် အတူတူကွယ်...

ချစ်မီးပုံး ဟိုဒီမှာကွယ်... ဖြူနီပြာဝါ ရောင်စုံခြယ်...

ဒီနေ့ သီတင်းကျွတ် လပြည့်ကျော် ၁၄ရက်နေ့...

ဒီနေ့မှာတော့ သီတင်းကျွတ်လပြည့်ကျော် ၁၄ရက်နေ့ ...

မိသားစုတွေ သက်ကြီးရွယ်အိုတွေ ကို ကန်တော့ဖို့ စီစဉ်နေမိပါသည်...။ အစ်ကိုနှင့်အတူ ကျွန်တော်လည်း မြို့ပေါ်သို့ သွားမိသည်...။ နှစ်ယောက်သား မြို့ပေါ်မှာပင် အချိန်အတော်ကြာ ရှိနေမိသည်...။ အစ်ကိုကတော့ ကျွန်တော် ဘာဝယ်ဝယ် ဘာမှမပြောပါ...။ ကျွန်တော့်နောက်မှ တကောက်ကောက်လိုက်ပါလာပြီး ကျွန်တော် အဆင်ပြေဖို့ပင် တွေးမိနေဟန် ရှိသည်....။

"အစ်ကို... ဒါလေး ဝယ်လိုက်မယ်နော်...။"

ကျွန်တော့်လက်ထဲမှ မုန့်ကို အစ်ကို့ကို ပြလိုက်တော့ ... အစ်ကိုက ခေါင်းကိုသာ ညိမ့်လိုက်ပြီးသည့်နောက်မှာ...

"Babe သဘော..."

ကျွန်တော်လည်း လိုအပ်တာလေးတွေ ဝယ်ပြီးသည်နှင့် အစ်ကိုနှင့်အတူ အိမ်ကို ပြန်လာခဲ့မိသည်...။ အိမ်ရောက်သည်နှင့် ရွာမှာ မီးကြာခွက်လေးလှည့်တာမျိုး...၊ ဆီမီးတစ်ထောင် ပန်းတစ်ထောင်...လှူပွဲတွေလည်း ရှိတာမို့... ကာလသားခေါင်းဆောင်မဟုတ်ပေမယ့် အရှိန်အဝါတစ်ခုနောက်မှာတော့ အိမ်မှာ လူအပြည့် ရှိနေသည်...။

"ဒီည မီးကြာခွက်က ဟိုဘက်ရွာအထိ သွားမှာ။ ဒါနဲ့... မင်းရော ကလေးတွေကို လိုက်ထိန်းမှာလား?"

"မသိသေးဘူး..."

ထိုအချိန်မှာတော့ ကျွန်တော်နှင့် တရုတ်ကြီးကတော့ ရှုံ့မဲ့လာပြီး ...

"လိုက်ခဲ့ပါကွာ... မင်းတစ်ယောက်တည်း မသွားချင်ရင် ပျိုးငယ်ကိုပါ ခေါ်ခဲ့လေ...။"

ထိုအချိန်မှာတော့ ငဦးက ကျွန်တော်တို့ကို မျက်ခုံးနှစ်ဖက်ကို တွန့်ကျိုးကာ မျက်မှောင်ကျုံ့ကာ ကြည့်လာသည်...၊ ထိုအချိန်မှာတော့ မိမိတို့လည်း မှားမိဆိုတာ သိသည်နှင့်တစ်ပြိုင်နက်...

"ငါတို့က ဒီအတိုင်း ပြောကြည့်တာပါ ငဦးရာ..."

ကျွန်တော်တို့က ငဦးအခြေအနေကို တစ်ချက်ကြည့်ကာ ဖြန်ဖျေလိုက်ပေမယ့် မကြာမီပင် ကျွန်တော်တို့ဆီ လျှောက်လာသည့် အလှလေး...။ အလှလေးကတော့ မျက်နှာလှလှလေးကတော့ အမြဲလိုလိုပင် နေရာယူထားသည်...။ အလှလေးက ရောက်သည်နှင့် ငဦးဘေးနားကို ထိုင်ကာ ကျွန်တော်တို့ကိုပါ ပြုံးပြလာသည်....။

"အစ်ကို မနက်ဖြန် ညကျ ပျိုးငယ်တို့ မီးကြာခွက် လှည့်တာ သွားကြည့်မယ်နော်..."

ထိုအသံနောက်မှာတော့ ငဦးက သူ့လူကို အသေအချာ ကြည့်လာသည်...။ ထို့နောက်မှာတော့ သူ့လူက ငဦးကို အနည်းငယ် ပြုံးပြလာရင်းမှ ...

"နော... အစ်ကိုနော်..."

ထို့နောက်မှာတော့ ငဦးက အတန်ကြာ စဉ်းစားပြီးသည့်နောက် ခေါင်းကိုသာ ညိမ့်လိုက်သည်...။ ထိုအခါမှာတော့ ကျွန်တော်တို့ပါ ပြုံးနိုင်သွားပြီး ငဦးဘေးနားမှ အလှလေးကိုသာ တစ်ချက်ကြည့်ကာ ပြုံးပြလိုက်မိပြီး ငဦးဆီ နောက်ထပ်အကြည့်ရောက်စဉ်မှာတော့ လက်ထဲက မီးပုံးလုပ်ဖို့ ဝါးတံ အသေးကိုသာ ကွေး၍ ဓားတစ်ချောင်းက မြည့်နေအောင် ရှိနေပြီး အလင်းရောင်အောက်မှာ အရောင်ခဏလက်လာစဉ်မှာတော့ လည်ပင်းကျိန်းလားပြီး... လည်ပင်းကိုသာ ပွတ်သပ်လိုက်မိတော့သည်...။

"အမလေး... ဒီဓားငဦးကတော့လေ...."

ညနေပိုင်း ရောက်စဉ်မှာတော့ မနက်က ဝယ်ယူလာခဲ့သည့် မုန့်များ ၊ ငွေများနှင့် အစ်ကိုနှင့်အတူ နှစ်ဖက်မိဘများကို ကန်တော့ဖို့ ပြင်နေသည်...။

အရီးလေးတို့က ကျွန်တော်တို့ဘက်က ဆွေမျိုးများကိုသာ အရင် ကန်တော့သည်မို့ ကျွန်တော်လည်း... အစ်ကိုနှင့်အတူ မေမေတို့ကို သွားပြီး ကန်တော့ဖို့...။ အရင်က အခြေအနေမှာတော့ မေမေတို့က အစ်ကို့ကို သိပ်မကြည်ဖြူပေမယ့် အခုမှာတော့ အဲ့လောက်မဟုတ်တော့...။

အစ်ကိုက ကျွန်တော့်အကြိုက်ဆိုတာချည်းပဲ လုပ်ပေးခဲ့ပါသည်...။ ဒါပေမယ့် ကျွန်တော်က သူ့ဆီကနေ ထွက်သွားဖို့ ကိစ္စမျိုး... ဒါမှမဟုတ် ကျွန်တော့်ကို သူမဟုတ်တဲ့ တစ်ခြားသူက ကြည့်တာမျိုးဆို သူမကြိုက်တော့ပါလေ....။

"အစ်ကို ပြီးပြီလား? ပြီးရင် ပျိုးငယ်တို့ သွားမယ်နော်..."

အစ်ကိုကတော့ အပေါ်မှ ဇီးညိုပုပ်ရောင် စတစ်လက်ရှည်နှင့်အတူ အောက်ဘက်မှ ယောပုဆိုးအနက်ဖြင့်....။ ကျွန်တော်ကတော့ အပေါ်မှ ကျွန်းရောင် စတစ်လက်ရှည်လေးနှင့်အတူ အောက်ဘက်မှ အညိုပုပ်ရောင် ယောပုဆိုးလေးဖြင့် ကန်တော့မည့် မုန့်များကို ပလတ်စတစ် ခြင်းထဲမှာပင် စုထည့်ထားမိသည်...။ အစ်ကိုကတော့ ကျွန်တော့်ခြင်းကို ယူကာ အိမ်ပေါ်မှ အောက်သို့ ကျွန်တော်ကတော့ အစ်ကို့နောက်မှ ကပ်လျက် လိုက်ပါ၍ပင်....။

"အငယ်လေး သွားတော့မှာလား ကလေး..."

အရီးလေးကတော့ ကျွန်တော်နှင့်အတူ သားဖြစ်သူ အစ်ကို့ကို ကြည့်ပြီး မေးလာလေတော့ ကျွန်တော်လည်း ခေါင်းကိုသာ ညိမ့်ပြရင်း...

"ဟုတ်ကဲ့ မေမေ... ပျိုးငယ်တို့ ဒီနေ့ အပြီးကန်တော့ပြီး မနက်ဖြန် မီးကြာလှည့်တာနဲ့... ရှင်ဥပဂုတ္တ မျှောပွဲလေးလည်း သွားကြည့်မလို့.. ဟင်း..."

အရယ်စွတ်ကာ အစ်ကို့ကို ကြည့်ရင်း ပြောလိုက်မိတော့ အရီးလေးက သားဖြစ်သူကို တစ်ချက်ကြည့်ပြီး မဲ့ကာ....

"ဟုတ်မှလည်း လုပ်ပါ... အငယ်လေးရယ်...။ တော်ကြာ အခါနေ့ တုတ်ဆွဲ ဓားဆွဲဆို မကောင်းဘူးနော်...။ ကျုပ်တို့လည်း မင်းယောကျ်ားကို မနိုင်ဘူးနော်..."

အရီးလေးရဲ့ ထိုစကားအဆုံးမှာတော့ အိမ်ဝိုင်းထဲမှ အရီးလေးကို ကူလုပ်နေသည့် လူအားလုံးက ရယ်မော၍သာ...။ အစ်ကိုကတော့ ဘာမှမပြောဘဲ သိပ်ပြီး အာရုံစိုက်ဟန်မရှိ...။ ကျွန်တော်ကတော့ အစ်ကို့ကို ကြည့်ကာ အစ်ကို့နံဘေးနားသို့ ကပ်လိုက်ပြီးသည်နှင့်....

"ပျိုးငယ်တို့ သွားတော့မယ်နော်... "

"ဟုတ်ပြီ... အငယ်လေး... ငဦးနဲ့ ရန်မဖြစ်နဲ့နော်။"

"ဟုတ်ကဲ့ပါ အရီးလေး..."

ထိုစကားနောက်မှာတော့ ကျွန်တော်လည်း အစ်ကိုနှင့်အတူ ကပ်လျက် အိမ်ထဲက ထွက်လိုက်မိတော့သည်...။ ကျွန်တော်တို့ ရွာလမ်းမကြီးအတိုင်း မေမေ့တို့ ရှိရာ ရွာအနောက်ပိုင်းကို လျှောက်မိတော့ ရွာလယ်လမ်းမမှ လူတော်တော်များများက ကျွန်တော်နှင့်အစ်ကို့ကို ကြည့်နေသည်...

ရွာထဲက တော်တော်များများက ကျွန်တော်နှင့် အစ်ကို့ကို တွဲကြည့်ပေမယ့် ဒီနေ့ ဒီရွာကို အလည်ရောက်လာသည့် ကျွန်တော်နှင့်သက်တူရွယ်တူ ကာလသားလေးယောက်လောက်က ကျွန်တော့်ကိုသာ သဘောကျစွာ ကြည့်နေသည်...။ ထိုအချိန်မှာတော့ ကျွန်တော်လည်း အစ်ကို့ဘေးနား ပိုပြီးကပ်လျက် လျှောက်နေမိသည်...။ အစ်ကို့ပုံစံကတော့ မျက်နှာကို ကျွန်တော့်ဘက် မရောက်လာပေမယ့် အံကို တင်းတင်းကြိတ်ထားပုံကို သတိထားမိသည်....။

မကြာမီပင် ကျွန်တော်တို့ မြောင်ပိုင်းက မေမေ့အိမ်သို့ ရောက်လေပြီ...။ မေမေကတော့ ကျွန်တော့်နှင့်အတူ အစ်ကို့ကိုပါ သေချာလေး ရင်းရင်းနှီးနှီး ဆက်ဆံပါသည်...။ ကျွန်တော့်ဘက်က လေးလေးဝင်းနှင့်မမကေသီတို့က အိမ်မှာ ရောက်နေသည်မို့ မေမေနှင့်အတူ တစ်ခါတည်း ကန်တော့လိုက်မိသည်...။

လေးလေးဝင်းနှင့် အစ်ကိုကတော့ အရင်တုန်းက အဆင်မပြေခဲ့ပေမယ့် အခုတော့လည်း တော်တော်လည်းကို ရင်းနှီးနေပြီ ဖြစ်သည်...။ လေးလေးဝင်း၊ မမကေသီ၊ မေမေနှင့်အတူ တစ်ခြားလေးလေးများကိုသာ ကန်တော့ပြီး နောက်မှာတော့ ကျွန်တော်ကတော့ မေမေနှင့်အတူ ရှိနေပြီး အစ်ကိုကတော့ လေးလေးဝင်းနှင့် မလှမ်းမကမ်းမှာ စကားစမြည် ပြောနေခဲ့သည်...။ ထိုမြင်ကွင်းကိုတော့ မေမေနှင့် မမကေသီက ကြည့်နေပြီး... ကျွန်တော့်ကို ပြုံးကာ ကြ ည့်နေပြီး....

"အလှလေးက တကယ်ကို လင်ကောင်းသားကောင်း ရထားတာပဲနော်...။ အရင်တုန်းက အမြင်ကပ်လို့သာ ငဦးကို သတိမထားခဲ့ပေမယ့် ငဦးက တော်တော်ချောတာနော်...။ ဘယ်လိုလဲ အလှလေးရဲ့...။ ကိုယ့်ယောကျာ်းကို ဒီအတိုင်းထားတော့မှာလား? မလွယ်ဘူးနော်... ငဦးက လူပျိုတုန်းက ဘယ်သူ့ကိုမှ မကြိုက်ဘဲ ဂရုမစိုက်တာတောင်...အသေစွံခဲ့တာနော်..."

မမကေသီက ပြောလေတော့ ကျွန်တော်လည်း လေးဝင်းနှင့်အတူ ရှိနေသည့် အစ်ကို့ကို တစ်ချက်ကြည့်လိုက်ပြီးသည်နှင့်...

"ပျိုးငယ်က ဘယ်လိုလုပ်ရမှာလဲ? "

အနည်းငယ် ရှက်ရွံ့စိတ်နှင့်အတူ ရှိနေစဉ်မှာတော့ မမကေသီနှင့် မမကတော့ ကြည့်လာပြီး...

"ဟယ်... ကိုယ့်ယောကျာ်းကို ဘယ်လိုထိန်းရမှန်း မသိဘူးလား?"

ထိုအချိန်မှာတော့ ကျွန်တော်လည်း ခေါင်းကို ညိမ့်လိုက်မိကာ....

"သိတော့ သိပေမယ့်... ပျိုးငယ်... အစ်ကို့ကို ချစ်ပေးတယ်လေ... အဲ့... အဲ့လောက်ဆို ရတယ်မလား?"

ရှက်ရွံ့စွာ ပြောလာသည့် အချိန်မှာတော့ မမကေသီနှင့်အတူ မေမေ့ကတော့ ခေါင်းကိုသာ ဘယ်ညာခါရမ်းရင်းမှ...

"အေး... အခုနေတုန်း ဘယ်အရာနဲ့ ဆွဲဆောင်လို့ ရမလဲ စဉ်းစားထားနော်...။ မဟုတ်ရင် ... ငဦးက မကြာဘူး တစ်ခြားသူနဲ့ ပါသွားရင် အလှလေးတစ်ယောက်တည်း ကျန်ခဲ့မယ်နော်..."

မမကေသီနှင့် မေမေကတော့ တက်ကြွစွာ ပြောလာသည့် အချိန်မှာတော့ အစ်ကို့ဘက်ကို လှည့်မကြည့်ရဲတော့ဘဲ ခေါင်းကိုသာ ငုံ့လျက်...။ ထိုအချိန်မှာတော့ မမကေသီက...

"ပြော.. အငယ်လေး ငဦးကို ခွဲနိုင်လို့လား?"

"ဟင့်အင်း.. ပျိုးငယ် အစ်ကို့ကို မခွဲနိုင်ဘူး..."

ထိုအချိန်မှာတော့ မမကေသီက သဘောကျစွာ ပြုံးလိုက်ပြီး....

"ကဲ ဒါဆို လုပ်သင့်တာ.. လုပ်တော့ဟ... ဝါလည်း ကျွတ်နေပြီကို...။ အကုန်လုပ်လို့ရတယ်နော် အငယ်လေး...."

မမကေသီကို ပြန်ပြောမလို့ ရှိပါသေးသည်...။ အစ်ကိုက ကျွန်တော့်ဆီသို့ ပြန်လာခဲ့သည်မို့ ဘယ်စကားမှ မဆိုနိုင်တော့ ...။ အစ်ကိုက ကျွန်တော့်ဘေးအနား ရောက်လာလေတော့ မမကေသီက ကျွန်တော့်ကို မျက်စိမှိတ်ပြလေသည်...။ အစ်ကိုကတော့....

"ပြီးရင် ပြန်ရအောင်လေ.. "

အစ်ကိုအသံက ပီသရှင်းလင်းစွာ ပြောလာသည့် အချိန်မှာတော့ ကျွန်တော်လည်း မမကေသီကိုသာ ကြည့်လိုက်မိပြီး...

'ဟုတ်ကဲ့ အစ်ကို... မေမေ ပျိုးငယ် ပြန်ပြီနော်..."

"အေးအေး... ပျိုးငယ်...။ ဟိုကလေးကို ဒီလွှတ်လိုက်ဦး..."

မေမေက ကျွန်တော့်ဘေးအနားမှ အစ်ကို့ကို ခေါ်ပြီး ပြောလာသည်နှင့်် ကျွန်တော်လည်း အစ်ကို့လက်မောင်းကို တစ်ချက်လှုပ်လိုက်ပြီး...

"ဟိုမှာ မေမေက မုန့်ဖိုးပေးဖို့ ခေါ်နေတာ ထင်တယ်...။ အစ်ကို သွားလိုက်နော်...."

တကယ်တော့ အစ်ကို့အတွက် မုန့်ဖိုးဆိုတာ... သိပ်ပြီးလိုအပ်နေသည် မဟုတ်...။ ဒါပေမယ့် ကျွန်တော်က လွှတ်လိုက်လေတော့ ... အစ်ကိုက ဘာမှမပြောဘဲ မေမေဆီသို့...။

နောက်တစ်နေ့...

လပြည်နေ့...

လပြည့်နေ့မှာတော့ ကျွန်တော်တို့ အရီးလေးတို့ကို ကန်တော့သည်...။ ရွာဦးကျောင်းမှ ဘုန်းဘုန်းတို့ကို သွားရောက် ကန်တော့သည်...။ ညပိုင်းမှာတော့ မီးကြာခွက်လှည့်ဖို့ တရုန်းရုန်း ဖြစ်နေလေပြီ...။

ကျွန်တော်ကတော့ အိမ်ပေါ်မှ ဘုရားကို ဆီမီးလှူပြီးသည်နှင့် အိမ်ဝိုင်းအပြည့် ဆီမီး လိုက်ထွန်းနေမိသည်...။ အစ်ကိုကတော့ အိမ်နောက်ဘက်မှ နေရာတစ်နေရာ... အတိအကျအနေဖြင့် နွားစာစဉ်းနေသည့် ခုံပေါ်၌ ဖယောင်းတိုင် တစ်တိုင်ကို ထွန်းညှိနေသည်...။ ကျွန်တော်လည်း ရေတွင်းဘက်မှာ ဆီမီးထွန်းပြီးသည်နှင့် အစ်ကိုရှိရာသို့...။

အစ်ကိုကတော့ ကျွန်တော်လာသည်ကို တစ်ချက်မော့မကြည့်ဘဲ....

"သွားတော့မှာလား?"

"ဟုတ်ကဲ့... အစ်ကို..."

ထိုအချိန်မှာတော့ နွားစာစဉ်းစက်ပေါ်မှ ဖယောင်းတိုင်ကို တည့်တည့်မတ်မတ် ထွန်းပြီးသည်နှင့်... ကျွန်တော့်ဆီကို လျှောက်လာပြီး ကျွန်တော့်မျက်နှာကို အသေအချာကြည့်လာသည်...။ ထို့နောက်....

"ပျိုးငယ်..."

ခါးကို ထောက်ကာ ကျွန်တော့်ကို ကြည့်လာပြီး ခပ်ကြိတ်ကြိတ် ခေါ်လာသည်...။ အစ်ကိုရဲ့ ထိုပုံစံကြောင့် ကျွန်တော်လည်း ကိုယ့်ကိုကိုယ် ဆန်းစစ်မိသည်...။ ဘာမှမဟုတ်... ဘာမှ ပြင်ဆင်မှုမရှိပါ...။ ခေါင်းလျှော်ပြီးကာစမို့ ဆံပင်ကို ခဏဖြန့်ထားမိသည်...။ ငွေပန်းထက် စကြာ်ပန်းလေးကို ပန်ကာ လက်မှာလည်း တစ်ပွင့်ကိုင်ထားမိသည်...။ ဝတ်ဆင်နေကျအတိုင်း ချည်ထည် လက်တိုပြတ်လေးဖြင့်... အောက်မှ ပုဆိုးကို ဝတ်ထားမိသည်...။

"အစ်ကို..."

အစ်ကိုက ကျွန်တော့်အနားသို့ တိုးကပ်လာပြီး ကျွန်တော့်ကို နောက်က နံရံကို ကပ်စေသည်...။ အစ်ကို့မျက်နှာက ကျွန်တော့်အနားသို့ တိုးကပ်လာသည်...။ အစ်ကို့လက်တစ်ဖက်က နံရံကို တစ်ဖက်ကို ထောက်လျက်... ကျန်တစ်ဖက်က ကျွန်တော့်မျက်နှာအနား ကျွန်တော့်လည်တိုင်သို့ ကိုင်ကာ....

"... ပျိုးငယ်... မင်းဘာဖြစ်ချင်နေတာလဲ? ဒီပုံစံနဲ့ ငါ့စိတ်ကို ဆွနေတာလား?"

ထိုအချိန် တစ်ခဏနောက်မှာတော့....

"အင့်... အစ်ကို..."

မီးဖိုအိမ်ဘက်က တံစက်မြိတ် အမိုးက လပြည့်ည၏အလင်းရောင်သဲ့သဲ့အောက်မှာ... လရောင်ခ စားခွင့်မရှိ...။ ထိုအရာကပင်.. အခြေအနေ တော်ပါသေးသည်ဟု....။

နောက်တစ်နေ့ ... (လပြည့်ကျော် တစ်ရက်နေ့)...

နောက်တစ်နေ့မှာတော့ ကျွန်တော်လည်း မီးကြာခွက် လှည့်သည့် အဖွဲ့နှင့် ရှင်ဥပဂုတ္တ ဖောင်မျှောပွဲသို့ ရောက်နေမိသည်...။ အစ်ကိုကတော့ ကျွန်တော်နှင့်မလှမ်းမကမ်းမှာပင် ကိုဝေကြီးတို့အဖွဲ့နှင့် လိုက်ပါလျက်...။ ကျွန်တော်ကတော့ မမကေသီတို့ အဖွဲ့တို့နှင့်အတူ ရှိနေမိသည်....။ အစ်ကိုကတော့ အခါရက်ကြီး ဖြစ်ပေမယ့် ကိုဝေကြီးတို့ အဖွဲ့နှင့် ဆုံလျှင်တော့ အနည်းငယ် သောက်တတ်လေ့ရှိပါသည်....။ အစ်ကိုကတော့ ကျွန်တော့်ကို တစ်ချက် တစ်ချက် ကြည့်ကာလာလေပြီ....။ ကျွန်တော်ကတော့ ဘာမှမပြောဘဲ မမကေသီတို့ အဖွဲ့နှင့် ရှိနေမိသည်....။

ရှင်ဥပဂုတ္တ ဖောင်မျှောပွဲကတော့ ရွာတောင်ဘက်က ချောင်းတစ်ထပ် ပေါင်းတစ်ထပ်သို့ ထိုအချိန်မှာတော့ ကျွန်တော်လည်း မမနှင့်အတူ တရိပ်ရိပ် ရေထဲမျှောပါလာသည့် ဆီမီး အမွှေးတိုင် ပန်း မုန့် အပြည့်နှင့် ရှိနေသည့် ငှက်ပျောတုံးဖြင့် ရှိနေသည့် ဖောင်ငယ်လေးများကို ကြည့်ကာ ရှိနေသည့် အချိန်မှာပင် မမကေသီက....

"အငယ်လေး... မင်း ငဦးကို ကန်တော့ပြီးပြီလား? ကန်တော့ပြီးတော့ မုန့်ဖိုးတောင်းလေ...။ တစ်ခြားသူတွေဆို အများကြီး ရတာလေ...."

ထိုအချိန်မှာတော့ လပြည့်ညထဲ အမှိန်ဆုံးဖြစ်နေသည့် သီတင်းကျွတ်လပြည့်ကိုပင် ကျေးဇူးတင်ရမလား မသိတော့...။ ကျွန်တော်က ခေါင်းကို ညိမ့်သွားပြီး ဘာမှမပြောသည့် အချိန်မှာတော့... မမကေသီက...

"ဟဲ့. ဘယ်လိုဖြစ်သွားတာလဲ? ဖြေဦးလေ..."

ထိုအချိန်မှာတော့ အစ်ကိုရှိနေသည့် နေရာသို့ တစ်ချက် ကြည့်လိုက်ပြီး...

လပြည့်နေ့က ဒီကို မလာခင်... အစ်ကို့ကို ကန်တော့ပြီး မုန့်ဖိုးတောင်းဖို့ စီစဉ်ရသေးတယ်... ။ အစ်ကိုက...

"အင်း အစ်ကိုက ဘာဖြစ်လဲ? အယ်.. မဟုတ်ဘူး မဟုတ်ဘူး ငဦးက ဘာဖြစ်လဲ? မုန့်ဖိုးပေးလိုက်လို့လား?"

"မ.. မဟုတ်ပါဘူး မမကေသီကလဲ...။ ဒီအတိုင်း အစ်ကိုက မကန်တော့နဲ့... ငါက တစ်ချိန်ချိန်မှာ မင်းဗိုက်ထဲ ကလေးလေး ထည့်ပေးမယ့် သူ တဲ့...။ အစ်ကိုက အဲ့လိုပြောတော့ ပျိုးငယ် ရှက်တာနဲ့ ဘာမုန့်ဖိုးမှ မတောင်းတော့ဘဲ အစ်ကို့ဆီက ထွက်လာတာ...။"

"အမလေး... အမလေး.. ဘုရား.. ဘုရား... ငါ့ဘဝကြီးက သာယာလိုက်တာအေ...။ ဒီလို အတွဲကြားမှာ တသီးတသန့်ကို မေးခွန်းတွေ မေးမိလို့လည်း ... ကျွန်မပဲ ဆိုးပါတယ်..."

ထိုစကားနောက်မှာတော့ ကျွန်တော်တို့အနားသို့ ရောက်လာသည့် ကာလသားတစ်သိုက်....။ အတိအကျဆိုလျှင် တစ်နေ့က မေမေ့တို့အိမ် သွားကန်တော့တုန်းက တွေ့ခဲ့သည့် တစ်ဖက်ရွာမှ ဖြစ်သည်...။ မမကေသီကတော့ အခြေအနေကို တစ်ချက်ထားနေသည်...။ ထိုကောင်လေးများထဲမှ တစ်စုံတစ်ယောက်ကတော့ဖြင့်....

"ပျိုးပင်ငယ်... ပျိုးမလား? E-majorက batch-1ကမလား? ကျွန်တော်က MEကပါ ပျိုးကို တွေ့ပြီးကတည်းက အဲ့ဒီဘက်ကို ရောက်ဖြစ်နေတယ် ဆိုပါတော့...။ ကျောင်းက ဆက်မတက်တော့ဘဲ နားလိုက်တာလား? ပျိုးကို ဒီရွာကလို့ လုံးဝမထင်ထားဘူး...။ အမှတ်မထင် တွေ့မိတော့ တကယ်ပျော်သွားတာ...။ သူငယ်ချင်း မလား... မျိုးလင်းထိန်ကို မေးတော့ သူက ပျိုးက ဒီတစ်နှစ်နားထားတယ်ထင်တယ်.. လို့ပဲ ပြောတာ...။ ပျိုးက အခု ဒီကို လာကြည့်တာလား?"

သူ့ရဲ့ အမေးစကားတစ်ခွန်းနောက် ကျွန်တော်ဘာမှ ဖြေမလာခင်မှာပင် ထိုသူ့နောက်မှ ကပ်လျက် ရပ်နေသည့် အစ်ကို့မျက်နှာကတော့ ဘယ်လိုအနေအထား ရှိနေလဲ မသိပေမယ့် အစ်ကို့ရဲ့ ဒေါသအငွေ့အသက်များကိုတော့ သတိထားနေမိသည်...။ မကြာမီပင် မီးကြာလှည့်သည့် အဖွဲ့များကလည်း ပြန်လာပြီး ရှိနေစဉ်မှာတော့ ကျွန်တော်လည်း ပြဿနာမဖြစ်ဖို့....။

"...အစ်ကို..."

အစ်ကိုကတော့ ကျွန်တော့်ကို ဘာမှမပြောလာတော့... ကျွန်တော့်ကို တစ်ချက်ကြည့်လာပြီးသည့်နောက်မှာတော့ ကျွန်တော့်ကို စွေ့ခနဲ့ ကောက်ပွေ့ချီလိုက်သည့် အနေအထား...။ ကျွန်တော်ကတော့ အစ်ကို့ရင်ခွင်ထဲမှာပင် ရှိနေမိပြီး အစ်ကိုနှင့် တစ်ဖက်မှ လူအခြေအနေကို တစ်ချက်ကြည့်နေမိသည်....။ အစ်ကိုက အနည်းငယ် ဘီယာသောက်ထားသည်မို့ ကျွန်တော်ပိုပြီး စိုးရိမ်မိပါသည်...။ အစ်ကိုက ကျန်တာသာ ရပေမယ့် ကျွန်တော်နှင့်ပတ်သတ်ရင်တော့ သူ့အနေအထားက ထိန်းမရ...။ အစ်ကိုကတော့ ထိုသူကို တစ်ချက်ကြည့်လာပြီး...

".. သိတဲ့သူလား? သိရင် အိမ်ခေါ်လာခဲ့လေ..."

ထိုစကားကိုတော့ တစ်ဖက်က ဘယ်လိုယူဆမလလဲ မသိပေမယ့် ကျွန်တော်ကတော့ အစ်ကို့အခြေအနေကို သိသည်... အသိဆုံးမို့...။

"ဒီအတိုင်း တွေ့ဖူးလို့ လာနှုတ်ဆက်တာမျိုးပါ...။ သေချာ သိနေတာမျိုး မဟုတ်ပါဘူး...။ ပျိုးငယ်တို့ အိမ်ပြန်ရအောင်နော်...။ "

ထိုအချိန်မှာတော့ အခြေအနေမဟန်မှန်း သိသည့်မမကေသီကပါ....

"ဟုတ်တယ်... ငဦး ... သွား... သွား... နားတော့..."

ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်ကို တစ်ချက်ကြည့်လာပြီး....

"This is my emergency food bro.. I can do it.. Everythings... All right reserved... @"

နောက်တစ်နေ့...

နောက်တစ်နေ့မှာတော့ ဓားသုံးချောင်းဖြင့် အလုပ်ရှုပ်နေသည့် ငဦး။ ဓားသွေးကျောက်ပေါ် တစ်ချောင်းပြီး တစ်ချောင်းမြည့်အောင် သွေးနေသည်က မြင်ရသူအဖို့ ကြက်သီး ထစရာပင်။

ထိုသွေးပြီးဓားများက သူ့စိတ်ကြိုက်ဖြစ်ပြီဆိုတာနဲ့....

"ပျိုးငယ် ... ငါ့အနား ခဏလာခဲ့..."

11PM:30:Oct:2023
တောင်းပန်ပါတယ်... ကျွန်တော်သေချာရေးဖို့ အချိန်မရှိတော့လို့ပါဗျ။🪻

{Zawgyi}

.... He is my emergency food...

..သီတင္းကြၽတ္ လျပည့္ေက်ာ္ ၁၄ရက္ေန႕...

ဝါကြၽတ္ၿပီ အခ်စ္ရယ္.. အသက္ရယ္...

သီတင္းကြၽတ္ ခဲ့ၿပီပဲ... သီတင္းကြၽတ္ခဲ့ၿပီကြယ္...

ဝါကြၽတ္မီးပြဲ ၾကည့္မယ္ အတူတူကြယ္...

ခ်စ္မီးပုံး ဟိုဒီမွာကြယ္... ျဖဴနီျပာဝါ ေရာင္စုံျခယ္...

ဒီေန႕ သီတင္းကြၽတ္ လျပည့္ေက်ာ္ ၁၄ရက္ေန႕...

ဒီေန႕မွာေတာ့ သီတင္းကြၽတ္လျပည့္ေက်ာ္ ၁၄ရက္ေန႕ ...

မိသားစုေတြ သက္ႀကီး႐ြယ္အိုေတြ ကို ကန္ေတာ့ဖို႔ စီစဥ္ေနမိပါသည္...။ အစ္ကိုႏွင့္အတူ ကြၽန္ေတာ္လည္း ၿမိဳ႕ေပၚသို႔ သြားမိသည္...။ ႏွစ္ေယာက္သား ၿမိဳ႕ေပၚမွာပင္ အခ်ိန္အေတာ္ၾကာ ရွိေနမိသည္...။ အစ္ကိုကေတာ့ ကြၽန္ေတာ္ ဘာဝယ္ဝယ္ ဘာမွမေျပာပါ...။ ကြၽန္ေတာ့္ေနာက္မွ တေကာက္ေကာက္လိုက္ပါလာၿပီး ကြၽန္ေတာ္ အဆင္ေျပဖို႔ပင္ ေတြးမိေနဟန္ ရွိသည္....။

"အစ္ကို... ဒါေလး ဝယ္လိုက္မယ္ေနာ္...။"

ကြၽန္ေတာ့္လက္ထဲမွ မုန႔္ကို အစ္ကို႔ကို ျပလိုက္ေတာ့ ... အစ္ကိုက ေခါင္းကိုသာ ညိမ့္လိုက္ၿပီးသည့္ေနာက္မွာ...

"Babe သေဘာ..."

ကြၽန္ေတာ္လည္း လိုအပ္တာေလးေတြ ဝယ္ၿပီးသည္ႏွင့္ အစ္ကိုႏွင့္အတူ အိမ္ကို ျပန္လာခဲ့မိသည္...။ အိမ္ေရာက္သည္ႏွင့္ ႐ြာမွာ မီးၾကာခြက္ေလးလွည့္တာမ်ိဳး...၊ ဆီမီးတစ္ေထာင္ ပန္းတစ္ေထာင္...လႉပြဲေတြလည္း ရွိတာမို႔... ကာလသားေခါင္းေဆာင္မဟုတ္ေပမယ့္ အရွိန္အဝါတစ္ခုေနာက္မွာေတာ့ အိမ္မွာ လူအျပည့္ ရွိေနသည္...။

"ဒီည မီးၾကာခြက္က ဟိုဘက္႐ြာအထိ သြားမွာ။ ဒါနဲ႕... မင္းေရာ ကေလးေတြကို လိုက္ထိန္းမွာလား?"

"မသိေသးဘူး..."

ထိုအခ်ိန္မွာေတာ့ ကြၽန္ေတာ္ႏွင့္ တ႐ုတ္ႀကီးကေတာ့ ရႈံ႕မဲ့လာၿပီး ...

"လိုက္ခဲ့ပါကြာ... မင္းတစ္ေယာက္တည္း မသြားခ်င္ရင္ ပ်ိဳးငယ္ကိုပါ ေခၚခဲ့ေလ...။"

ထိုအခ်ိန္မွာေတာ့ ငဦးက ကြၽန္ေတာ္တို႔ကို မ်က္ခုံးႏွစ္ဖက္ကို တြန႔္က်ိဳးကာ မ်က္ေမွာင္က်ဳံ႕ကာ ၾကည့္လာသည္...၊ ထိုအခ်ိန္မွာေတာ့ မိမိတို႔လည္း မွားမိဆိုတာ သိသည္ႏွင့္တစ္ၿပိဳင္နက္...

"ငါတို႔က ဒီအတိုင္း ေျပာၾကည့္တာပါ ငဦးရာ..."

ကြၽန္ေတာ္တို႔က ငဦးအေျခအေနကို တစ္ခ်က္ၾကည့္ကာ ျဖန္ေဖ်လိဳက္ေပမယ့္ မၾကာမီပင္ ကြၽန္ေတာ္တို႔ဆီ ေလွ်ာက္လာသည့္ အလွေလး...။ အလွေလးကေတာ့ မ်က္ႏွာလွလွေလးကေတာ့ အၿမဲလိုလိုပင္ ေနရာယူထားသည္...။ အလွေလးက ေရာက္သည္ႏွင့္ ငဦးေဘးနားကို ထိုင္ကာ ကြၽန္ေတာ္တို႔ကိုပါ ၿပဳံးျပလာသည္....။

"အစ္ကို မနက္ျဖန္ ညက် ပ်ိဳးငယ္တို႔ မီးၾကာခြက္ လွည့္တာ သြားၾကည့္မယ္ေနာ္..."

ထိုအသံေနာက္မွာေတာ့ ငဦးက သူ႕လူကို အေသအခ်ာ ၾကည့္လာသည္...။ ထို႔ေနာက္မွာေတာ့ သူ႕လူက ငဦးကို အနည္းငယ္ ၿပဳံးျပလာရင္းမွ ...

"ေနာ... အစ္ကိုေနာ္..."

ထို႔ေနာက္မွာေတာ့ ငဦးက အတန္ၾကာ စဥ္းစားၿပီးသည့္ေနာက္ ေခါင္းကိုသာ ညိမ့္လိုက္သည္...။ ထိုအခါမွာေတာ့ ကြၽန္ေတာ္တို႔ပါ ၿပဳံးနိုင္သြားၿပီး ငဦးေဘးနားမွ အလွေလးကိုသာ တစ္ခ်က္ၾကည့္ကာ ၿပဳံးျပလိုက္မိၿပီး ငဦးဆီ ေနာက္ထပ္အၾကည့္ေရာက္စဥ္မွာေတာ့ လက္ထဲက မီးပုံးလုပ္ဖို႔ ဝါးတံ အေသးကိုသာ ေကြး၍ ဓားတစ္ေခ်ာင္းက ျမည့္ေနေအာင္ ရွိေနၿပီး အလင္းေရာင္ေအာက္မွာ အေရာင္ခဏလက္လာစဥ္မွာေတာ့ လည္ပင္းက်ိန္းလားၿပီး... လည္ပင္းကိုသာ ပြတ္သပ္လိုက္မိေတာ့သည္...။

"အမေလး... ဒီဓားငဦးကေတာ့ေလ...."

ညေနပိုင္း ေရာက္စဥ္မွာေတာ့ မနက္က ဝယ္ယူလာခဲ့သည့္ မုန႔္မ်ား ၊ ေငြမ်ားႏွင့္ အစ္ကိုႏွင့္အတူ ႏွစ္ဖက္မိဘမ်ားကို ကန္ေတာ့ဖို႔ ျပင္ေနသည္...။

အရီးေလးတို႔က ကြၽန္ေတာ္တို႔ဘက္က ေဆြမ်ိဳးမ်ားကိုသာ အရင္ ကန္ေတာ့သည္မို႔ ကြၽန္ေတာ္လည္း... အစ္ကိုႏွင့္အတူ ေမေမတို႔ကို သြားၿပီး ကန္ေတာ့ဖို႔...။ အရင္က အေျခအေနမွာေတာ့ ေမေမတို႔က အစ္ကို႔ကို သိပ္မၾကည္ျဖဴေပမယ့္ အခုမွာေတာ့ အဲ့ေလာက္မဟုတ္ေတာ့...။

အစ္ကိုက ကြၽန္ေတာ့္အႀကိဳက္ဆိုတာခ်ည္းပဲ လုပ္ေပးခဲ့ပါသည္...။ ဒါေပမယ့္ ကြၽန္ေတာ္က သူ႕ဆီကေန ထြက္သြားဖို႔ ကိစၥမ်ိဳး... ဒါမွမဟုတ္ ကြၽန္ေတာ့္ကို သူမဟုတ္တဲ့ တစ္ျခားသူက ၾကည့္တာမ်ိဳးဆို သူမႀကိဳက္ေတာ့ပါေလ....။

"အစ္ကို ၿပီးၿပီလား? ၿပီးရင္ ပ်ိဳးငယ္တို႔ သြားမယ္ေနာ္..."

အစ္ကိုကေတာ့ အေပၚမွ ဇီးညိုပုပ္ေရာင္ စတစ္လက္ရွည္ႏွင့္အတူ ေအာက္ဘက္မွ ေယာပုဆိုးအနက္ျဖင့္....။ ကြၽန္ေတာ္ကေတာ့ အေပၚမွ ကြၽန္းေရာင္ စတစ္လက္ရွည္ေလးႏွင့္အတူ ေအာက္ဘက္မွ အညိုပုပ္ေရာင္ ေယာပုဆိုးေလးျဖင့္ ကန္ေတာ့မည့္ မုန႔္မ်ားကို ပလတ္စတစ္ ျခင္းထဲမွာပင္ စုထည့္ထားမိသည္...။ အစ္ကိုကေတာ့ ကြၽန္ေတာ့္ျခင္းကို ယူကာ အိမ္ေပၚမွ ေအာက္သို႔ ကြၽန္ေတာ္ကေတာ့ အစ္ကို႔ေနာက္မွ ကပ္လ်က္ လိုက္ပါ၍ပင္....။

"အငယ္ေလး သြားေတာ့မွာလား ကေလး..."

အရီးေလးကေတာ့ ကြၽန္ေတာ္ႏွင့္အတူ သားျဖစ္သူ အစ္ကို႔ကို ၾကည့္ၿပီး ေမးလာေလေတာ့ ကြၽန္ေတာ္လည္း ေခါင္းကိုသာ ညိမ့္ျပရင္း...

"ဟုတ္ကဲ့ ေမေမ... ပ်ိဳးငယ္တို႔ ဒီေန႕ အၿပီးကန္ေတာ့ၿပီး မနက္ျဖန္ မီးၾကာလွည့္တာနဲ႕... ရွင္ဥပဂုတၱ ေမွ်ာပြဲေလးလည္း သြားၾကည့္မလို႔.. ဟင္း..."

အရယ္စြတ္ကာ အစ္ကို႔ကို ၾကည့္ရင္း ေျပာလိုက္မိေတာ့ အရီးေလးက သားျဖစ္သူကို တစ္ခ်က္ၾကည့္ၿပီး မဲ့ကာ....

"ဟုတ္မွလည္း လုပ္ပါ... အငယ္ေလးရယ္...။ ေတာ္ၾကာ အခါေန႕ တုတ္ဆြဲ ဓားဆြဲဆို မေကာင္းဘူးေနာ္...။ က်ဳပ္တို႔လည္း မင္းေယာက်္ားကို မနိုင္ဘူးေနာ္..."

အရီးေလးရဲ႕ ထိုစကားအဆုံးမွာေတာ့ အိမ္ဝိုင္းထဲမွ အရီးေလးကို ကူလုပ္ေနသည့္ လူအားလုံးက ရယ္ေမာ၍သာ...။ အစ္ကိုကေတာ့ ဘာမွမေျပာဘဲ သိပ္ၿပီး အာ႐ုံစိုက္ဟန္မရွိ...။ ကြၽန္ေတာ္ကေတာ့ အစ္ကို႔ကို ၾကည့္ကာ အစ္ကို႔နံေဘးနားသို႔ ကပ္လိုက္ၿပီးသည္ႏွင့္....

"ပ်ိဳးငယ္တို႔ သြားေတာ့မယ္ေနာ္... "

"ဟုတ္ၿပီ... အငယ္ေလး... ငဦးနဲ႕ ရန္မျဖစ္နဲ႕ေနာ္။"

"ဟုတ္ကဲ့ပါ အရီးေလး..."

ထိုစကားေနာက္မွာေတာ့ ကြၽန္ေတာ္လည္း အစ္ကိုႏွင့္အတူ ကပ္လ်က္ အိမ္ထဲက ထြက္လိုက္မိေတာ့သည္...။ ကြၽန္ေတာ္တို႔ ႐ြာလမ္းမႀကီးအတိုင္း ေမေမ့တို႔ ရွိရာ ႐ြာအေနာက္ပိုင္းကို ေလွ်ာက္မိေတာ့ ႐ြာလယ္လမ္းမမွ လူေတာ္ေတာ္မ်ားမ်ားက ကြၽန္ေတာ္ႏွင့္အစ္ကို႔ကို ၾကည့္ေနသည္...

႐ြာထဲက ေတာ္ေတာ္မ်ားမ်ားက ကြၽန္ေတာ္ႏွင့္ အစ္ကို႔ကို တြဲၾကည့္ေပမယ့္ ဒီေန႕ ဒီ႐ြာကို အလည္ေရာက္လာသည့္ ကြၽန္ေတာ္ႏွင့္သက္တူ႐ြယ္တူ ကာလသားေလးေယာက္ေလာက္က ကြၽန္ေတာ့္ကိုသာ သေဘာက်စြာ ၾကည့္ေနသည္...။ ထိုအခ်ိန္မွာေတာ့ ကြၽန္ေတာ္လည္း အစ္ကို႔ေဘးနား ပိုၿပီးကပ္လ်က္ ေလွ်ာက္ေနမိသည္...။ အစ္ကို႔ပုံစံကေတာ့ မ်က္ႏွာကို ကြၽန္ေတာ့္ဘက္ မေရာက္လာေပမယ့္ အံကို တင္းတင္းႀကိတ္ထားပုံကို သတိထားမိသည္....။

မၾကာမီပင္ ကြၽန္ေတာ္တို႔ ေျမာင္ပိုင္းက ေမေမ့အိမ္သို႔ ေရာက္ေလၿပီ...။ ေမေမကေတာ့ ကြၽန္ေတာ့္ႏွင့္အတူ အစ္ကို႔ကိုပါ ေသခ်ာေလး ရင္းရင္းႏွီးႏွီး ဆက္ဆံပါသည္...။ ကြၽန္ေတာ့္ဘက္က ေလးေလးဝင္းႏွင့္မမေကသီတို႔က အိမ္မွာ ေရာက္ေနသည္မို႔ ေမေမႏွင့္အတူ တစ္ခါတည္း ကန္ေတာ့လိုက္မိသည္...။

ေလးေလးဝင္းႏွင့္ အစ္ကိုကေတာ့ အရင္တုန္းက အဆင္မေျပခဲ့ေပမယ့္ အခုေတာ့လည္း ေတာ္ေတာ္လည္းကို ရင္းႏွီးေနၿပီ ျဖစ္သည္...။ ေလးေလးဝင္း၊ မမေကသီ၊ ေမေမႏွင့္အတူ တစ္ျခားေလးေလးမ်ားကိုသာ ကန္ေတာ့ၿပီး ေနာက္မွာေတာ့ ကြၽန္ေတာ္ကေတာ့ ေမေမႏွင့္အတူ ရွိေနၿပီး အစ္ကိုကေတာ့ ေလးေလးဝင္းႏွင့္ မလွမ္းမကမ္းမွာ စကားစျမည္ ေျပာေနခဲ့သည္...။ ထိုျမင္ကြင္းကိုေတာ့ ေမေမႏွင့္ မမေကသီက ၾကည့္ေနၿပီး... ကြၽန္ေတာ့္ကို ၿပဳံးကာ ၾက ည့္ေနၿပီး....

"အလွေလးက တကယ္ကို လင္ေကာင္းသားေကာင္း ရထားတာပဲေနာ္...။ အရင္တုန္းက အျမင္ကပ္လို႔သာ ငဦးကို သတိမထားခဲ့ေပမယ့္ ငဦးက ေတာ္ေတာ္ေခ်ာတာေနာ္...။ ဘယ္လိုလဲ အလွေလးရဲ႕...။ ကိုယ့္ေယာက်ာ္းကို ဒီအတိုင္းထားေတာ့မွာလား? မလြယ္ဘူးေနာ္... ငဦးက လူပ်ိဳတုန္းက ဘယ္သူ႕ကိုမွ မႀကိဳက္ဘဲ ဂ႐ုမစိုက္တာေတာင္...အေသစြံခဲ့တာေနာ္..."

မမေကသီက ေျပာေလေတာ့ ကြၽန္ေတာ္လည္း ေလးဝင္းႏွင့္အတူ ရွိေနသည့္ အစ္ကို႔ကို တစ္ခ်က္ၾကည့္လိုက္ၿပီးသည္ႏွင့္...

"ပ်ိဳးငယ္က ဘယ္လိုလုပ္ရမွာလဲ? "

အနည္းငယ္ ရွက္႐ြံ႕စိတ္ႏွင့္အတူ ရွိေနစဥ္မွာေတာ့ မမေကသီႏွင့္ မမကေတာ့ ၾကည့္လာၿပီး...

"ဟယ္... ကိုယ့္ေယာက်ာ္းကို ဘယ္လိုထိန္းရမွန္း မသိဘူးလား?"

ထိုအခ်ိန္မွာေတာ့ ကြၽန္ေတာ္လည္း ေခါင္းကို ညိမ့္လိုက္မိကာ....

"သိေတာ့ သိေပမယ့္... ပ်ိဳးငယ္... အစ္ကို႔ကို ခ်စ္ေပးတယ္ေလ... အဲ့... အဲ့ေလာက္ဆို ရတယ္မလား?"

ရွက္႐ြံ႕စြာ ေျပာလာသည့္ အခ်ိန္မွာေတာ့ မမေကသီႏွင့္အတူ ေမေမ့ကေတာ့ ေခါင္းကိုသာ ဘယ္ညာခါရမ္းရင္းမွ...

"ေအး... အခုေနတုန္း ဘယ္အရာနဲ႕ ဆြဲေဆာင္လို႔ ရမလဲ စဥ္းစားထားေနာ္...။ မဟုတ္ရင္ ... ငဦးက မၾကာဘူး တစ္ျခားသူနဲ႕ ပါသြားရင္ အလွေလးတစ္ေယာက္တည္း က်န္ခဲ့မယ္ေနာ္..."

မမေကသီႏွင့္ ေမေမကေတာ့ တက္ႂကြစြာ ေျပာလာသည့္ အခ်ိန္မွာေတာ့ အစ္ကို႔ဘက္ကို လွည့္မၾကည့္ရဲေတာ့ဘဲ ေခါင္းကိုသာ ငုံ႕လ်က္...။ ထိုအခ်ိန္မွာေတာ့ မမေကသီက...

"ေျပာ.. အငယ္ေလး ငဦးကို ခြဲနိုင္လို႔လား?"

"ဟင့္အင္း.. ပ်ိဳးငယ္ အစ္ကို႔ကို မခြဲနိုင္ဘူး..."

ထိုအခ်ိန္မွာေတာ့ မမေကသီက သေဘာက်စြာ ၿပဳံးလိုက္ၿပီး....

"ကဲ ဒါဆို လုပ္သင့္တာ.. လုပ္ေတာ့ဟ... ဝါလည္း ကြၽတ္ေနၿပီကို...။ အကုန္လုပ္လို႔ရတယ္ေနာ္ အငယ္ေလး...."

မမေကသီကို ျပန္ေျပာမလို႔ ရွိပါေသးသည္...။ အစ္ကိုက ကြၽန္ေတာ့္ဆီသို႔ ျပန္လာခဲ့သည္မို႔ ဘယ္စကားမွ မဆိုနိုင္ေတာ့ ...။ အစ္ကိုက ကြၽန္ေတာ့္ေဘးအနား ေရာက္လာေလေတာ့ မမေကသီက ကြၽန္ေတာ့္ကို မ်က္စိမွိတ္ျပေလသည္...။ အစ္ကိုကေတာ့....

"ၿပီးရင္ ျပန္ရေအာင္ေလ.. "

အစ္ကိုအသံက ပီသရွင္းလင္းစြာ ေျပာလာသည့္ အခ်ိန္မွာေတာ့ ကြၽန္ေတာ္လည္း မမေကသီကိုသာ ၾကည့္လိုက္မိၿပီး...

'ဟုတ္ကဲ့ အစ္ကို... ေမေမ ပ်ိဳးငယ္ ျပန္ၿပီေနာ္..."

"ေအးေအး... ပ်ိဳးငယ္...။ ဟိုကေလးကို ဒီလႊတ္လိုက္ဦး..."

ေမေမက ကြၽန္ေတာ့္ေဘးအနားမွ အစ္ကို႔ကို ေခၚၿပီး ေျပာလာသည္ႏွင့္္ ကြၽန္ေတာ္လည္း အစ္ကို႔လက္ေမာင္းကို တစ္ခ်က္လႈပ္လိုက္ၿပီး...

"ဟိုမွာ ေမေမက မုန႔္ဖိုးေပးဖို႔ ေခၚေနတာ ထင္တယ္...။ အစ္ကို သြားလိုက္ေနာ္...."

တကယ္ေတာ့ အစ္ကို႔အတြက္ မုန႔္ဖိုးဆိုတာ... သိပ္ၿပီးလိုအပ္ေနသည္ မဟုတ္...။ ဒါေပမယ့္ ကြၽန္ေတာ္က လႊတ္လိုက္ေလေတာ့ ... အစ္ကိုက ဘာမွမေျပာဘဲ ေမေမဆီသို႔...။

ေနာက္တစ္ေန႕...

လျပည္ေန႕...

လျပည့္ေန႕မွာေတာ့ ကြၽန္ေတာ္တို႔ အရီးေလးတို႔ကို ကန္ေတာ့သည္...။ ႐ြာဦးေက်ာင္းမွ ဘုန္းဘုန္းတို႔ကို သြားေရာက္ ကန္ေတာ့သည္...။ ညပိုင္းမွာေတာ့ မီးၾကာခြက္လွည့္ဖို႔ တ႐ုန္း႐ုန္း ျဖစ္ေနေလၿပီ...။

ကြၽန္ေတာ္ကေတာ့ အိမ္ေပၚမွ ဘုရားကို ဆီမီးလႉၿပီးသည္ႏွင့္ အိမ္ဝိုင္းအျပည့္ ဆီမီး လိုက္ထြန္းေနမိသည္...။ အစ္ကိုကေတာ့ အိမ္ေနာက္ဘက္မွ ေနရာတစ္ေနရာ... အတိအက်အေနျဖင့္ ႏြားစာစဥ္းေနသည့္ ခုံေပၚ၌ ဖေယာင္းတိုင္ တစ္တိုင္ကို ထြန္းညွိေနသည္...။ ကြၽန္ေတာ္လည္း ေရတြင္းဘက္မွာ ဆီမီးထြန္းၿပီးသည္ႏွင့္ အစ္ကိုရွိရာသို႔...။

အစ္ကိုကေတာ့ ကြၽန္ေတာ္လာသည္ကို တစ္ခ်က္ေမာ့မၾကည့္ဘဲ....

"သြားေတာ့မွာလား?"

"ဟုတ္ကဲ့... အစ္ကို..."

ထိုအခ်ိန္မွာေတာ့ ႏြားစာစဥ္းစက္ေပၚမွ ဖေယာင္းတိုင္ကို တည့္တည့္မတ္မတ္ ထြန္းၿပီးသည္ႏွင့္... ကြၽန္ေတာ့္ဆီကို ေလွ်ာက္လာၿပီး ကြၽန္ေတာ့္မ်က္ႏွာကို အေသအခ်ာၾကည့္လာသည္...။ ထို႔ေနာက္....

"ပ်ိဳးငယ္..."

ခါးကို ေထာက္ကာ ကြၽန္ေတာ့္ကို ၾကည့္လာၿပီး ခပ္ႀကိတ္ႀကိတ္ ေခၚလာသည္...။ အစ္ကိုရဲ႕ ထိုပုံစံေၾကာင့္ ကြၽန္ေတာ္လည္း ကိုယ့္ကိုကိုယ္ ဆန္းစစ္မိသည္...။ ဘာမွမဟုတ္... ဘာမွ ျပင္ဆင္မႈမရွိပါ...။ ေခါင္းေလွ်ာ္ၿပီးကာစမို႔ ဆံပင္ကို ခဏျဖန႔္ထားမိသည္...။ ေငြပန္းထက္ စၾကာ္ပန္းေလးကို ပန္ကာ လက္မွာလည္း တစ္ပြင့္ကိုင္ထားမိသည္...။ ဝတ္ဆင္ေနက်အတိုင္း ခ်ည္ထည္ လက္တိုျပတ္ေလးျဖင့္... ေအာက္မွ ပုဆိုးကို ဝတ္ထားမိသည္...။

"အစ္ကို..."

အစ္ကိုက ကြၽန္ေတာ့္အနားသို႔ တိုးကပ္လာၿပီး ကြၽန္ေတာ့္ကို ေနာက္က နံရံကို ကပ္ေစသည္...။ အစ္ကို႔မ်က္ႏွာက ကြၽန္ေတာ့္အနားသို႔ တိုးကပ္လာသည္...။ အစ္ကို႔လက္တစ္ဖက္က နံရံကို တစ္ဖက္ကို ေထာက္လ်က္... က်န္တစ္ဖက္က ကြၽန္ေတာ့္မ်က္ႏွာအနား ကြၽန္ေတာ့္လည္တိုင္သို႔ ကိုင္ကာ....

"... ပ်ိဳးငယ္... မင္းဘာျဖစ္ခ်င္ေနတာလဲ? ဒီပုံစံနဲ႕ ငါ့စိတ္ကို ဆြေနတာလား?"

ထိုအခ်ိန္ တစ္ခဏေနာက္မွာေတာ့....

"အင့္... အစ္ကို..."

မီးဖိုအိမ္ဘက္က တံစက္ၿမိတ္ အမိုးက လျပည့္ည၏အလင္းေရာင္သဲ့သဲ့ေအာက္မွာ... လေရာင္ခ စားခြင့္မရွိ...။ ထိုအရာကပင္.. အေျခအေန ေတာ္ပါေသးသည္ဟု....။

ေနာက္တစ္ေန႕ ... (လျပည့္ေက်ာ္ တစ္ရက္ေန႕)...

ေနာက္တစ္ေန႕မွာေတာ့ ကြၽန္ေတာ္လည္း မီးၾကာခြက္ လွည့္သည့္ အဖြဲ႕ႏွင့္ ရွင္ဥပဂုတၱ ေဖာင္ေမွ်ာပြဲသို႔ ေရာက္ေနမိသည္...။ အစ္ကိုကေတာ့ ကြၽန္ေတာ္ႏွင့္မလွမ္းမကမ္းမွာပင္ ကိုေဝႀကီးတို႔အဖြဲ႕ႏွင့္ လိုက္ပါလ်က္...။ ကြၽန္ေတာ္ကေတာ့ မမေကသီတို႔ အဖြဲ႕တို႔ႏွင့္အတူ ရွိေနမိသည္....။ အစ္ကိုကေတာ့ အခါရက္ႀကီး ျဖစ္ေပမယ့္ ကိုေဝႀကီးတို႔ အဖြဲ႕ႏွင့္ ဆုံလွ်င္ေတာ့ အနည္းငယ္ ေသာက္တတ္ေလ့ရွိပါသည္....။ အစ္ကိုကေတာ့ ကြၽန္ေတာ့္ကို တစ္ခ်က္ တစ္ခ်က္ ၾကည့္ကာလာေလၿပီ....။ ကြၽန္ေတာ္ကေတာ့ ဘာမွမေျပာဘဲ မမေကသီတို႔ အဖြဲ႕ႏွင့္ ရွိေနမိသည္....။

ရွင္ဥပဂုတၱ ေဖာင္ေမွ်ာပြဲကေတာ့ ႐ြာေတာင္ဘက္က ေခ်ာင္းတစ္ထပ္ ေပါင္းတစ္ထပ္သို႔ ထိုအခ်ိန္မွာေတာ့ ကြၽန္ေတာ္လည္း မမႏွင့္အတူ တရိပ္ရိပ္ ေရထဲေမွ်ာပါလာသည့္ ဆီမီး အေမႊးတိုင္ ပန္း မုန႔္ အျပည့္ႏွင့္ ရွိေနသည့္ ငွက္ေပ်ာတုံးျဖင့္ ရွိေနသည့္ ေဖာင္ငယ္ေလးမ်ားကို ၾကည့္ကာ ရွိေနသည့္ အခ်ိန္မွာပင္ မမေကသီက....

"အငယ္ေလး... မင္း ငဦးကို ကန္ေတာ့ၿပီးၿပီလား? ကန္ေတာ့ၿပီးေတာ့ မုန႔္ဖိုးေတာင္းေလ...။ တစ္ျခားသူေတြဆို အမ်ားႀကီး ရတာေလ...."

ထိုအခ်ိန္မွာေတာ့ လျပည့္ညထဲ အမွိန္ဆုံးျဖစ္ေနသည့္ သီတင္းကြၽတ္လျပည့္ကိုပင္ ေက်းဇူးတင္ရမလား မသိေတာ့...။ ကြၽန္ေတာ္က ေခါင္းကို ညိမ့္သြားၿပီး ဘာမွမေျပာသည့္ အခ်ိန္မွာေတာ့... မမေကသီက...

"ဟဲ့. ဘယ္လိုျဖစ္သြားတာလဲ? ေျဖဦးေလ..."

ထိုအခ်ိန္မွာေတာ့ အစ္ကိုရွိေနသည့္ ေနရာသို႔ တစ္ခ်က္ ၾကည့္လိုက္ၿပီး...

လျပည့္ေန႕က ဒီကို မလာခင္... အစ္ကို႔ကို ကန္ေတာ့ၿပီး မုန႔္ဖိုးေတာင္းဖို႔ စီစဥ္ရေသးတယ္... ။ အစ္ကိုက...

"အင္း အစ္ကိုက ဘာျဖစ္လဲ? အယ္.. မဟုတ္ဘူး မဟုတ္ဘူး ငဦးက ဘာျဖစ္လဲ? မုန႔္ဖိုးေပးလိုက္လို႔လား?"

"မ.. မဟုတ္ပါဘူး မမေကသီကလဲ...။ ဒီအတိုင္း အစ္ကိုက မကန္ေတာ့နဲ႕... ငါက တစ္ခ်ိန္ခ်ိန္မွာ မင္းဗိုက္ထဲ ကေလးေလး ထည့္ေပးမယ့္ သူ တဲ့...။ အစ္ကိုက အဲ့လိုေျပာေတာ့ ပ်ိဳးငယ္ ရွက္တာနဲ႕ ဘာမုန႔္ဖိုးမွ မေတာင္းေတာ့ဘဲ အစ္ကို႔ဆီက ထြက္လာတာ...။"

"အမေလး... အမေလး.. ဘုရား.. ဘုရား... ငါ့ဘဝႀကီးက သာယာလိုက္တာေအ...။ ဒီလို အတြဲၾကားမွာ တသီးတသန့္ကို ေမးခြန္းေတြ ေမးမိလို႔လည္း ... ကြၽန္မပဲ ဆိုးပါတယ္..."

ထိုစကားေနာက္မွာေတာ့ ကြၽန္ေတာ္တို႔အနားသို႔ ေရာက္လာသည့္ ကာလသားတစ္သိုက္....။ အတိအက်ဆိဳလွ်င္ တစ္ေန႕က ေမေမ့တို႔အိမ္ သြားကန္ေတာ့တုန္းက ေတြ႕ခဲ့သည့္ တစ္ဖက္႐ြာမွ ျဖစ္သည္...။ မမေကသီကေတာ့ အေျခအေနကို တစ္ခ်က္ထားေနသည္...။ ထိုေကာင္ေလးမ်ားထဲမွ တစ္စုံတစ္ေယာက္ကေတာ့ျဖင့္....

"ပ်ိဳးပင္ငယ္... ပ်ိဳးမလား? E-majorက batch-1ကမလား? ကြၽန္ေတာ္က MEကပါ ပ်ိဳးကို ေတြ႕ၿပီးကတည္းက အဲ့ဒီဘက္ကို ေရာက္ျဖစ္ေနတယ္ ဆိုပါေတာ့...။ ေက်ာင္းက ဆက္မတက္ေတာ့ဘဲ နားလိုက္တာလား? ပ်ိဳးကို ဒီ႐ြာကလို႔ လုံးဝမထင္ထားဘူး...။ အမွတ္မထင္ ေတြ႕မိေတာ့ တကယ္ေပ်ာ္သြားတာ...။ သူငယ္ခ်င္း မလား... မ်ိဳးလင္းထိန္ကို ေမးေတာ့ သူက ပ်ိဳးက ဒီတစ္ႏွစ္နားထားတယ္ထင္တယ္.. လို႔ပဲ ေျပာတာ...။ ပ်ိဳးက အခု ဒီကို လာၾကည့္တာလား?"

သူ႕ရဲ႕ အေမးစကားတစ္ခြန္းေနာက္ ကြၽန္ေတာ္ဘာမွ ေျဖမလာခင္မွာပင္ ထိုသူ႕ေနာက္မွ ကပ္လ်က္ ရပ္ေနသည့္ အစ္ကို႔မ်က္ႏွာကေတာ့ ဘယ္လိုအေနအထား ရွိေနလဲ မသိေပမယ့္ အစ္ကို႔ရဲ႕ ေဒါသအေငြ႕အသက္မ်ားကိုေတာ့ သတိထားေနမိသည္...။ မၾကာမီပင္ မီးၾကာလွည့္သည့္ အဖြဲ႕မ်ားကလည္း ျပန္လာၿပီး ရွိေနစဥ္မွာေတာ့ ကြၽန္ေတာ္လည္း ျပႆနာမျဖစ္ဖို႔....။

"...အစ္ကို..."

အစ္ကိုကေတာ့ ကြၽန္ေတာ့္ကို ဘာမွမေျပာလာေတာ့... ကြၽန္ေတာ့္ကို တစ္ခ်က္ၾကည့္လာၿပီးသည့္ေနာက္မွာေတာ့ ကြၽန္ေတာ့္ကို ေစြ႕ခနဲ႕ ေကာက္ေပြ႕ခ်ီလိုက္သည့္ အေနအထား...။ ကြၽန္ေတာ္ကေတာ့ အစ္ကို႔ရင္ခြင္ထဲမွာပင္ ရွိေနမိၿပီး အစ္ကိုႏွင့္ တစ္ဖက္မွ လူအေျခအေနကို တစ္ခ်က္ၾကည့္ေနမိသည္....။ အစ္ကိုက အနည္းငယ္ ဘီယာေသာက္ထားသည္မို႔ ကြၽန္ေတာ္ပိုၿပီး စိုးရိမ္မိပါသည္...။ အစ္ကိုက က်န္တာသာ ရေပမယ့္ ကြၽန္ေတာ္ႏွင့္ပတ္သတ္ရင္ေတာ့ သူ႕အေနအထားက ထိန္းမရ...။ အစ္ကိုကေတာ့ ထိုသူကို တစ္ခ်က္ၾကည့္လာၿပီး...

".. သိတဲ့သူလား? သိရင္ အိမ္ေခၚလာခဲ့ေလ..."

ထိုစကားကိုေတာ့ တစ္ဖက္က ဘယ္လိုယူဆမလလဲ မသိေပမယ့္ ကြၽန္ေတာ္ကေတာ့ အစ္ကို႔အေျခအေနကို သိသည္... အသိဆုံးမို႔...။

"ဒီအတိုင္း ေတြ႕ဖူးလို႔ လာႏႈတ္ဆက္တာမ်ိဳးပါ...။ ေသခ်ာ သိေနတာမ်ိဳး မဟုတ္ပါဘူး...။ ပ်ိဳးငယ္တို႔ အိမ္ျပန္ရေအာင္ေနာ္...။ "

ထိုအခ်ိန္မွာေတာ့ အေျခအေနမဟန္မွန္း သိသည့္မမေကသီကပါ....

"ဟုတ္တယ္... ငဦး ... သြား... သြား... နားေတာ့..."

ထိုအခ်ိန္မွာေတာ့ အစ္ကိုက ကြၽန္ေတာ့္ကို တစ္ခ်က္ၾကည့္လာၿပီး....

"This is my emergency food bro.. I can do it.. Everythings... All right reserved... @"

ေနာက္တစ္ေန႕...

ေနာက္တစ္ေန႕မွာေတာ့ ဓားသုံးေခ်ာင္းျဖင့္ အလုပ္ရႈပ္ေနသည့္ ငဦး။ ဓားေသြးေက်ာက္ေပၚ တစ္ေခ်ာင္းၿပီး တစ္ေခ်ာင္းျမည့္ေအာင္ ေသြးေနသည္က ျမင္ရသူအဖို႔ ၾကက္သီး ထစရာပင္။

ထိုေသြးၿပီးဓားမ်ားက သူ႕စိတ္ႀကိဳက္ျဖစ္ၿပီဆိုတာနဲ႕....

"ပ်ိဳးငယ္ ... ငါ့အနား ခဏလာခဲ့..."

11PM:30:Oct:2023
ေတာင္းပန္ပါတယ္... ကြၽန္ေတာ္ေသခ်ာေရးဖို႔ အခ်ိန္မရွိေတာ့လို႔ပါဗ်။

Continue lendo

Você também vai gostar

214K 5.3K 37
warning 21+ punishment, BDSM, sm play, roleplay , etc... တွေပါနိုင်ပါတယ် တပိုင်းချင်းဆီ warning ကိုတပိုင်းချင်းဆီပြန်ရေးပါ့မယ် Ukeက transgender ပါ❗
696K 37.5K 46
ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်၊ဇာတ်ကောင်များသည် စာရေးသူရဲ့ စိတ်ကူးဉာဏ်‌ေသး‌ေသးဖြင့်သာ ပုံဖော်ထားခြင်းဖြစ်လို့ တိုက်ဆိုင်မှု တွေရှိခဲ့ရင် ခွ...
243K 14.7K 40
My priority /property/privacy
400K 77.9K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...