Unicode:
တိမ်တိုက်များကင်းစင်နေသည့်ကောင်းကင်သည့်အသူရာနေမင်းကြီး၏စွမ်းဆောင်မှုကြောင့် ဝင်းလဲ့တောက်ပနေ၏။စွမ်းစွမ်းတမံကြိုးစားထားသည့်အလင်းရောင်သည် ကောင်းကင်တစ်ခွင် ဖြန့်ကျက်လို့နေ၏။ လှုပ်ရှားသွားလာနေသည့်လူအများသည် သာယာသည့် ရာသီဥတုကြောင့် အပြုံးပန်းများပွင့်လန်းနေကြသည်။
မိုးရာသီတွင်သယ်ဆောင်လာသည့် လေညှင်းလေးသည်
မိုးနံ့မပျောက်သေးသည့်အပြင်သယ်ဆောင်လာသည့် မြေသင်းနံ့သည် စိတ်နှလုံးအားကြည်လင်စေသည်။
အထူးတလည်ပြောပြစရာမလိုအောင်မိုးရာသီ၏နေ့လည်ခင်းအလှသည် လွန်စွာလှပ၏။
'ဒေါက်တာ..'
တိုးကပ်လာသည့်ကိုယ်လုံးလေးနှင့် တိုး၍ရလာသည့်နို့ထောပတ်ရနံ့မွှေးမွှေးအီအီလေးသည် မြေသင်းနံ့အားကျော်လွန်ဖုံးလွှမ်းသွား၏။စိမ်းမြမြအရောင်အသွေးစုံလှသည့်ပတ်ဝန်းကျင်သည် အစိမ်းရောင်အားကြိုက်နှစ်သက်သည့် ကောင်လေးဖြင့်ပို၍စိမ်းစိုနေ၏။
'အင် ဘာဖြစ်လို့လဲ..'
မိုးတိတ်သွားသော်လည်းအေးစိမ့်နေသည့်ပတ်ဝန်းကျင်တွင် ချွေးများစို့နေသည့်ကောင်လေးမှာမူတွန့်ဆုတ်တွန့်
ဆုတ်ဖြစ်နေသည်။ဘေးပတ်ဝန်းကျင်သည်လှုပ်ရှားသွားလာနေသူတစ်ယောက်စနှစ်ယောက်စဖြင့် လမ်းတွင်လူမပျက်ဖြစ်၏။သို့သော် ထိုကောင်လေး၏မျက်ဝန်းသည်အကြောက်တရားတစ်ချို့ပုန်းအောင်းနေသည်။
'ကလေး ဘာဖြစ်လဲ..'
'ဟို ဟိုထောင့်မှာ..'
လမ်းထောင့်ချိုးအားလက်ညိုးညွှန်ပြသည့်ကောင်လေးသည် ကြောက်အားလန့်အားဖြင့်သာ။လက်ညိုးညွှန်ရာအားသေချာကြည့်မိသည့်အခါ ခွေးလေခွေးလွင့် သုံးကောင်သည် ပတ်ချာလည်လျှောက်နေကာ အစာတစ်ခုခုအားတွေ့သည်နှင့်ခုန်အုပ်သည့်ပုံစံနှယ်ပြင်ဆင်ထား၏။ဈေးသွားသည့်လမ်းမို့ ယခုလိုခွေးလေခွေးလွင့်များတစ်ခါတစ်ရံတွေ့ရတတ်၏။စဉ်းစားမိသည်က ထိုကောင်လေးသည် ခွေးအားကြောက်တတ်သည်ပင်။
'ဘာမှမဖြစ်ဘူး လာ..'
တိုးဝင်ဖြစ်သည့်လက်ဖဝါးပြင်သည် နေရောင်ခြည်လိုနွေးနွေးထွေးထွေးလေး။ထိုကောင်လေး၏မျက်ဝန်းတို့သည်မိုးဦးကျခါစမိုးစက်ကလေးလိုအေးအေးချမ်းချမ်းလေး။အနည်းငယ်လျော့ရဲနေသည့်လက်ဖဝါးအားတိုး၍စုပ်ကိုင်မိသည့်အခါ သက်ရောက်မှုသည် နှုတ်ခမ်းပါးအားတွန့်ကွေးရန်ဖြစ်သည်။
'ကလေးညနေကျဘာလုပ်စားမလဲ..'
လမ်းထောင့်ချိုးအား ဖြတ်လျှောက်ချိန်ပို၍တိုးကပ်လာသည့်ကိုယ်လေးကြောင့်အာရုံလွှဲရန် စကားတစ်ချို့အားအစပျိုးလိုက်မိ၏။ကြောက်လဲကြောက်သလို ထိုခွေးများအားအကြည့်မလွှဲသည့်ကောင်လေးသည်အတော်ပင်လန့်နေသည့်ပုံ။ထိုအခါမှ ညအမှောင်ထဲ အိမ်ပြန်သွားသည့်ကောင်လေးသည် မိုးသည်းသည့်အချိန်လမ်းတွင်မည်သူမျှမရှိဘဲ ပြန်သွားသည့်ပုံရိပ်အားသတိရမိသည့်အခါ ဝဲဘတ်ရင်သည်အောင့်တက်လာသည်။မရောက်လာခဲ့လျှင် ထိုနေ့သာသူအိမ်မှာနေခဲ့လျှင်။
'ကလေး!!..'
အာရုံမရသည့်ကောင်လေးအား လမ်းတစ်ဝက်တွင်ရပ်ပြီး ပါးနှစ်ဖက်အားအုပ်ကိုင်ကာ မျက်နှာချင်းဆိုင်ဆွဲလှည့်စေသည်။ထိုအခါ 'အင့်' ကနဲထွက်ပေါ်လာသည့်အသံလေးနှင့်အတူ ပြူးကျယ်သွားသည့်မျက်ဝန်းတို့သည် နေရောင်ခြည်ထက်ပင်ပို၍တောက်ပနေ၏။
နီးကပ်နေသည်ခန္ဓာနှစ်ခု တိတ်ဆိတ်နေသည့်ဝန်းကျင်
ကျေးငှက်တို့၏သီကျူးသံတစ်ချို့နှင့်အတူ ခပ်ငြိမ့်ငြိမ့်တိုးတိုးလေးခုန်လှုပ်လာသည့် နှလုံးခုန်သံတို့သည် ထိုဝန်းကျင်တွင် ဖြစ်တည်နေ၏။
'ကိုယ့်ကိုကြည့်..'
'ဒေါက်တာ..'
'မလှည့်နဲ့!!..'
'အင့်..'
ပြတ်တောက်သွားသည့်အသံအပိုင်းအစတစ်ချို့သည် လေထုထဲတွင်ပျောက်ကွယ်သွား၏။ရုတ်တရက်ထဟောင်လာသည့်ခွေးသံတစ်ချို့နှင့်အတူ လက်ဖဝါးနှစ်ဖက်အောက်မြုပ်သွားသည့် နားရွက်ဖျားလေးတို့သည်လုံခြုံစွာ။ကုပ်ခြစ်မိသည့်ခြေချောင်းများနှင့်အတူ ခါးစတွင်ရစ်သွယ်လာသည့် လက်ဖြူဖြူလေးသည်တင်း
ကျပ်စွာ။
'ငြိမ်ငြိမ်နေ..'
ထွက်ပြေးဟန်ပြင်သည့်ခန္ဓာကိုယ်အား ခါးမှထိန်းကာရင်ခွင်ထဲဆွဲသွင်းမိ၏။ကိုယ့်အား ရန်လိုနေသည်မဟုတ်သော်လည်း ထိုသို့ထွက်ပြေးပါက လိုက်ခံရနိုင်သည်မို့ ငြိမ်သက်သွားသည့်အထိစောင့်ရန်လိုအပ်သည်။ရုတ်တရက်မို့ကိုယ်တိုင်ပင်လန့်သွားသော်လည်း အရေးကြီးသည်တစ်ခုမှာထိုကောင်လေးမထိတ်လန့်ရန်ဖြစ်သည်။
ပုခုံးနီးပါးရှိသည့်ထိုကောင်လေးသည်ခေါင်းအားငုံ့ကာ
နှဖူးကိုရင်ဘတ်ပေါ်အပ်ထားသည့်အတွက် ဝင်သက်ထွက်သက်တို့သည် ဝဲဘတ်ရင်အုံပေါ်သို့ ကျရောက်လာသည်။လေငွေ့နွေးနွေးတို့သည် ထိုကောင်လေး၏ခန္ဓာကိုယ်ထဲမှထုတ်လွှတ်သော အသက်ငွေ့နွေးနွေးသာဖြစ်၏။
'ကျစ်!အခုထိ မတိတ်သေးဘူး..'
မရပ်မနားထဟောင်နေသည့်ခွေးများသည် အခုထိအသံမစဲသေးပေ။အကြောင်းမှာ လမ်း၏တစ်ဖက်ခြမ်းရှိအိမ်မွေးခွေးနှင့်ရန်မူနေသောကြောင့်သာဖြစ်၏။အသံတိတ်ရန် သတိပြုမိပါကရန်မူနေသောခွေးမှမြှားဦးလှည့်လာနိုင်သည့်အတွက် မပြုမူရဲပေ။သုံးလှမ်းအကွာအဝေးသည် မနီးသော်လည်းအလွန်သတိထားနေရ၏။
'ဟိတ်ခွေးတွေ!! သွားကြစမ်း!!.
သွား!..သွား..!!'
အိမ်ရှင်အဒေါ်ကြီးဖြစ်ဟန် မိန်းမကြီးတစ်ယောက်၏ သတိပေးသံနှင့်အတူမောင်းထုတ်ခံလိုက်ရသောခွေးများသည် အသံတိုးတိုးလေးများထွက်ပေါ်ကအဝေးသို့ထွက်ပြေးသွား၏။အတော်ဝေးသည့်နေရာရောက်မှ သက်ပြင်းကျိတ်ချကာ ခေါင်းငုံ့ထားသည့်ကောင်လေးအားငုံ့မိုးကြည့်မိသည်။တုတ်တုတ်မလှုပ် ကုပ်ကုပ်လေးသာငြိမ်နေသည့်ကောင်လေးသည် သတိပင်ရှိသေးရဲ့လားမေးယူရမည်။
မော့ကြည့်လာသည့်အခါ မျက်တောင်အဖျားစိပ်စိပ်တို့အားအနီးကပ်မြင်ရ၏။တစ်လက်မသာကွာဝေးသည့်အနေအထားတွင် ဖြူဖွေးကြည်စင်နေသည့်မျက်နှာတို့သည် အင်မတန်ကြည့်ကောင်းလှ၏။
'ကလေး..'
'ကျေး ကျေးဇူးပါ..'
အလျင်အမြန်ဖယ်ခွာသွားသည့်ကောင်လေးကြောင့် ခါးအားရစ်သိုင်းထားသည့်လက်သည်လေဟာနယ်တွင် ကျန်ခဲ့၏။တစ်လှမ်းအကွာအဝေးတွင်ရပ်နေသည့်ကောင်လေးသည် ခြေဖြားထိပ်အားစုကျုံ့ထားကာ ခေါင်းကိုငုံ့ထားသည်။နီရဲနေသည်နားရွက်ဖျားလေးသည် တိတိပပညှပ်ထားသည့် ဆံစများကြောင့်ထင်းရှင်းနေ၏။
နေရောင်ခြည်သည် နွေးထွေးခြင်း၏သင်္ကေတဖြစ်သည်။
••••••••••••••••••••••
'ကိုကြီး ဒီအပ်မှိုကရော..'
'အဲ့တာ အကင်ဗန်းထဲထည့်လိုက်ကျိုးယွမ်
ကိုကြီး ဒီမှာကြက်ပြုတ်ရည်လုပ်နေရလို့..'
'ဟုတ်ကဲ့...'
အိုးခွက်များဆူညံသံနှင့်တဆာဆာစကားသံတို့ကြောင့် နှစ်ထပ်တိုက်အိမ်ကလေးသည် ဝေဆာနေ၏။ညနေစောင်းနေဝင်ခါစအချိန်မို့ပုစွန်ဆီရောင်သန်းနေသည့်ကောင်းကင်ကြီးသည် အလွန်တရာလှပနေ၏။
'အဟွတ်!! အဟွတ်!!..'
'အယ်! အယ်! ရိပေါ်ရိပေါ်..'
'အဟွတ်!!..'
'ရိပေါ်အဆင်ပြေလား..
ကိုကြီးရေ ကိုကြီးလာအုန်းဒီမှာရိပေါ်
သကြားလုံးနင်နေလို့..'
ဆူညံပွတ်လောရိုက်သံနှင့်အတူချွေးဆီးများစီးကျနေသည့်ကောင်လေးသည် မျက်နှာတစ်ခုလုံးနီရဲကာ ခံရခက်နေသည့်ပုံစံဖြစ်နေသည်။ကျောအားထုရိုက်ခြင်းခံနေသော်လည်း နင်သွားသည့်သကြားလုံးကြောင့်နာကျင်နေ သောကြောင့်ဟန့်တားဖို့ရန်အကြောင်းမဟန်။
မီးဖိုခန်းမှထွက်လာသည့်အမျိုးသားသည် ဧည့်ခန်းတွင်ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်ကောင်လေးနှစ်ယောက်နားအမြန်သွားကာ ကြမ်းပြင်ပေါ်တင်ပျဉ်ခွေထိုင်နေသည့် ကောင်လေးအားဂျိုင်းမှ မတင်လိုက်၏။အနောက်ဘက်မှသိုင်းဖက်ကာကျောချင်းကပ်အနေအထားဖြင့်ရင်ဘတ် ပေါ်တွင်လက်နှစ်ဖက်အားတင်၍ နင်နေသည့်သကြားလုံးထွက်လာစေရန်ထုဖိပေးရသည်။
'အဟွတ်!!..'
'ကလေး..'
နာနာထုရိုက်ခြင်းပြီးသည့်နောက် ကြမ်းပြင်ပေါ်သို့ထွက်ကျလာသည့်သကြားလုံးလေးသည် အတန်ငယ်ကြီးသည့်အရွယ်အစားဖြစ်၏။မျက်ရည်များပါကျဆင်းလာသည့်ကောင်ငယ်လေးမှာမူ ကျောချင်းကပ်အနေအထားမှတင် ချိနဲ့စွာရပ်နေ၏။
'သက်သာလား..'
'အင်း..'
'ကျိုးယွမ် ရေတစ်ခွက်ယူလာခဲ့ပေး..'
'ဟုတ်ကဲ့ ကိုကြီး..'
ယိုင်တိုင်တိုင်ဖြစ်နေသည့်ကိုယ်လေးအား ထိန်းကာဆိုဖာ၌နားစေ၏။ချွေးစေးများကပ်ညိနေသည့်မျက်နှာဖြူဖြူလေးသည် အနီရောင်သန်းကာ မျက်သားများမှာလဲ နီရဲနေ၏။နုနယ်လွန်းသည့်အသားအရည်ကြောင့်ခံစားရသည့်ဝေဒနာမှာရောင်ပြန်ဟပ်သလိုထင်ဟပ်နေသည်။
'ကိုလန့်သွားတာဘဲ ကလေးရာ..'
ချွေးစခိုကပ်နေသည့်မျက်နှာအားသပ်ပေးကာညီးတွားသလိုဆိုသည့်အခါ အပြစ်လုပ်ထားသလိုခေါင်းငုပ်သွား၏။
'ကိုကြီး ဒီမှာရေ..'
'အင်း ကျိုးယွမ်းအနောက်မှ ဟင်းချိုတည်ထားတယ်
တစ်ချက်ကြည့်ထားပေး ခဏလောက်ပေးဆူပြီးရင်
ချလိုက်တော့ ကိုကိုကြီးနောက်ကျ လာခဲ့မယ်..'
'ဟုတ်..'
'ရော့ ရေအရင်သောက်လိုက်
သကြားလုံးစားတာကိုသတိမထားဘူး
ကလေးလေး လဲမဟုတ်ဘဲနဲ့..'
လည်တိုင်ကချွေးများအားသုပ်ကာဆိုတော့ နေမထိသလို ကိုယ်လုံးလေးသည့်အနောက်သို့ရို့သွား၏။နေရခက်နေသည့်ကောင်လေးအားဆက်ပြီးမဆူတော့ဘဲ ပူအိုက်နေသည်ကို အနည်းငယ်အေးစေရန် လေအေးပေးစက်အားဖွင့်ပေးလိုက်၏။အမောမပြေသေးသည့်ကောင်လေးသည် ရင်ဘတ်နိမ့်ချီမြင့်ချီဖြင့်အသက်ရှုနေသည့်ပုံကြောင့် သနားမိသည်။
'နေရခက်သေးလား..'
'ဟအင့် ကျွန်တော်အဆင်ပြေပါတယ်
ဒေါက်တာလုပ်စရာရှိတာလုပ်ပါ
သက်သက်မဲ့ အလုပ်ရှုပ်စေမိပြီ..'
'တကယ်အဆင်ပြေတာလား..'
'ဟုတ်ကဲ့..'
အားနာနေသည့်ကောင်လေးသည်သူကြောင့်နှောက်နှေးသွားမှာကိုမလိုလားဟန်အတင်း အဆင်ပြေသည်ဟုထောက်ခံနေ၏။အနောက်မှာလဲ ကျိုးယွမ်တစ်ယောက်ထဲမို့ သဘောတူလိုက်ကာတစ်ယောက်တည်းနေလို့ရအောင်လွှတ်ထားပေးလိုက်၏။
••••••••••••
'အင် ဒါစားကောင်းတယ်ကိုကြီးရော့
ရိပေါ်ရော့စား..'
အကင်အိုးရှေ့တစ်ယောက်ထဲကင်လိုက်စားလိုက်လုပ်နေသည့်ကျိုးယွမ်သည် အခုမှသာဘေးလူရှိမှန်းသတိရသည့်ပုံ။အသားကင်အားတစ်ယောက်တစ်ခုထည့်ပေးကာစားကောင်းကြောင်းပြောသည့်ကျိုးယွမ်သည် စာမေးပွဲပြီး၍အပူများငြိမ်းအေးသွားသည့်သူတစ် ယောက်နှယ်ပေါ့ပါးလန်းဆန်းနေ၏။
'ဟူးးး စာမေးပွဲသာပြီးတာ
ဘာမှလဲတိတိကျကျမပျော်ရဘူး..'
'အခုမှလပတ်စာမေးပွဲကို..'
တစ်ချိန်လုံးငြိမ်နေရာမှသူငယ်ချင်းဖြစ်သူ၏စကားကို
ထောက်ပေးသည့်ကောင်လေးသည်ပါးစပ်သို့အသားတစ်တုံးထိုးထည့်လိုက်၏။မျက်နှာချင်းဆိုင်မှကျိုးယွမ်သည် ချဉ်ကာရှုံ့မဲ့သွားသည့်မျက်နှာမျိုးလုပ်ပြသည်။
'ရိပေါ်ရာ ပြောတော့မယ်..'
ဘေးနားရှိအအေးခွက်အားကောက်မော့ကာစူပုပ်ပုပ်ဖြင့်ပြောလာသည့်ကျိုးယွမ်သည် ရှောင်းကျန့်အားအကူအညီတောင်းသလိုကြည့်လာသည်။ဘေးနားမှကောင်ငယ်လေးကတော့ဖြင့် တစ်လှုပ်လှုပ်ဖြင့်ပါးမို့နှစ်ဖက်ဖောင်းနေအောင်ဝါး၏။
'ကျိုးယွမ်ကဘာလုပ်ချင်လို့လဲ..'
'ဒီလိုလေကိုကြီးရ စာမေးပွဲကလပတ်ဆိုပေမဲ့စာကျက်ရတာတွေကများတယ်လေ အဲ့တာဦးနှောက်ဆေးတဲ့အနေနဲ့တစ်နေရာရာသွားကြရအောင်..'
'ဘယ်ကိုသွားမို့လဲ ကျိုးယွမ်က..'
'ရိပေါ်တို့မွေးရပ် လော့ရန်ကိုသွားမယ်လေ..'
'မရဘူး..'
'ဟွန့်!!..'
ခရီးသွားရန်အားကြိုးမာန်တက်ရှင်းပြနေသည့်ကျိုးယွမ်သည်ကောင်လေး၏အငြင်းစကားကြောင့်ဟွန့်ကနဲနေအောင်နှာမှုတ်ထုတ်သည်။စိတ်ကောက်သလို ကိုင်ထားသည့်တူအားစောင့်ချကာ ဝိုင်းကနေထပြီးအိမ်ပြင်ထွက်သွားတာကြောင့်ကျိုးယွမ်စိတ်ဆိုးနေမှန်းသိလိုက်ရသည်။
'ကျိုးယွမ်စိတ်ဆိုးသွားပြီ..'
'သူကတမင်သက်သက်လုပ်နေတာ..'
'အဟက်!!..'
ကလေးလေးတွေလိုစိတ်ဆိုးနေကျသည့်ကောင်ကလေးတွေကြောင့် သဘောကျကာရယ်မိသည်။ဖြူစင်လွန်းသည့်ဆယ်ကျော်သက်သံယောဇဉ်တို့ကြောင့်ပို၍ပင်ချစ်ဖို့ကောင်းနေ၏။တစ်ယောက်ကလဲ ပြန်ခေါ်မလားစောင့်နေသည့်သူငယ်ချင်းနဲ့ ပြန်ခေါ်ဖို့တွန့်ဆုတ်နေသည့်သူငယ်ချင်းကြောင့် သူကိုယ်တိုင်လဲလမ်းပျောက်ရသည်။
ကလေးတွေမို့ရန်ဖြစ်လျှင်ခဏသာဖြစ်သည့်အတွက် ယခုအတိုင်းသာလွှတ်ထားလိုက်၏။အိမ်ပြန်လျှင် စိတ်ဆိုးနေသည့်လူမဟုတ်သလို အချင်းချင်းပြန်ခေါ်မှာဖြစ်သည့်အတွက် ယခုတွင်တော့စိတ်တိုင်းကျလွှတ်ထားပေးလိုက်၏
••••••••••••••🍃🍃•••••••
'ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိလူကြီးမင်းများ
ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ ဆရာမများ ကျောင်းသားကျောင်းသူများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံခညောင်းကြပါစေကြောင်းဦးစွာပထမနှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်ခင်များ...ဟူးးးးး
ရှည်လိုက်တာ ဒါကြီးကိုငါတို့ကဘယ်လိုပြောရမှာလဲ..'
ကျောင်းကြီး၏ ပင်မဆောင်မှထွက်လာသည့်အသံသည် ပျင်းတိပျင်းဆွဲနိုင်ကာ လွန်စွာစိတ်ပျက်နေသည့်အသံမျိုးဖြစ်သည်။ပွဲစင်၏ထိပ်တွင်ခြေဆင်းကာထိုင်၍ငြီးငြူနေသည့်ကောင်လေးတစ်ယောက်သည် လက်ထဲရှိ
မိတ္တူစာရွက်များအားလှန်လှောကြည့်နေသည်။
'ဒီလောက်အများကြီး ..ရိပေါ်
ဒါတွေမင်းဘဲပြောလိုက်ပါလား..'
'မပြောဘူး ဆရာမခွဲတမ်းချထားပေးတဲ့အတိုင်းဘဲ..'
စိတ်ပျက်လက်ပျက်မိန့်ခွန်းစာရွက်ကြီးအားပစ်ချကာ ပလက်အိပ်ချလိုက်သည့်ကောင်လေးသည် ပါးစပ်မှလေပူအားမှုတ်ထုတ်လိုက်သည်။ကျောင်း၏ပင်မဆောင်သည်
ခန်းမပုံစံဖြစ်ကာအလည်တွင်အဝိုင်းပုံစံစင်မြင့်တစ်ခုရှိသည်။ဘေးပတ်ပတ်လည်တွင်အထပ်လိုက်စီထားသည့်ခုံများမှတစ်ဆင့် ပွဲ့ကြည့်စင်အားရှုမြင်နိုင်သည်။
သန့်ရှင်းနေသည့်ခန်းမကြီးသည် နောက်သုံးရက်တွင်ကျင်းပမည့် ကျောင်းစုံညီပွဲတွက်ပြင်ဆင်နေကြသူများလည်းရှိသည်။ယခုချိန်သည် ကျောင်းတွင်စာများသိပ်မသင်အားပေ။အကတိုက်၊သီချင်းတိုက်ဖြင့်ကျောင်းသားကျောင်းသူများသည်လည်းမအားလပ်ကြပေ။
'ရိပေါ် ..'
'အင်း.'
'ဟိုမှာ ကိုကြီး..'
လက်ညိုးညွှန်ရာပင်မဆောင်၏ တံခါးပေါက်မှလှမ်းမြင်နေရသည့်တစ်ဖက်ဆောင်၏ကော်ရစ်တာတွင်ဆရာမတစ်ယောက်ဖြင့်ရပ်ကာစကားပြောနေသည့် နေရာလှမ်းကြည့်လိုက်မိ၏။သေချာပေါက်ထိုသူသည်ရင်းနှီးရသည့်အမျိုးသားတစ်ယောက်ဖြစ်သည်။
'ကိုကြီး!! ကိုကြီး
ကျွန်တော်တို့ဒီမှာ..'
တံခါးပေါက်နားချက်ချင်းထပြေးသွားသည့်ကျိုးယွမ်သည်လက်လေးမြှောက်ကာ တစ်ဖက်သူအားမြင်နိုင်ရန်
ကြိုးစားနေရှာသည်။မကြာလိုက် တံခါးပေါက်ဝရှေ့ရောက်ချလာသည့်ထိုသူသည် လက်နှစ်ဖက်တွင်အထုတ်များဖြင့်ပြည့်နှက်နေသည်။ယခုသတိထားမိသည်က ပုံမှန်တွေ့နေကျရိုးရိုးရှပ်အင်္ကျီနှင့်ဘောင်းဘီမဟုတ်ပါဘဲ သန့်သန့်ပြန့်ပြန် ဖီးတင်ထားသည့်ဆံပင် နှင့်အကျအနဝတ်ဆင်ထားသည့် အင်္ကျီအပေါ်တွင်အဖြူရောင်ဂျူတီကုဒ်သည့်ဝင့်ဝင့်ကြွားကြွားရှိနေ၏။အိပ်ကပ်ထဲတွင်ထည့်ထားသော stethoscopeသည်လည်းလိုက်ဖက်စွာပင်ဖြစ်သည်။
'ရိပေါ် တစ်ချက်!..'
အကူအညီတောင်းခံသည့်မျက်နှာပုံစံဖြင့်ခေါ်နေသည့်သူငယ်ချင်းချင်းဖြစ်သူကြောင့်ဖတ်လက်စ မိန့်ခွန်းစာရွက်ကြီးအားခေါက်ထားကာ တံခါးပေါက်သို့ထလာလိုက်သည်။
'ကိုကြီးနဲ့တစ်ချက်နေခဲ့ ငါအပေါ့သွားမလို့..'
ပြောပြီးပြီးချင်းအထုတ်များအားလက်လွှဲစေပြီးတစ်ချိုးတည်းပြေးထွက်သွားသည့်သူငယ်ချင်းကြောင့် တံခါးဝရှိသူနှစ်ယောက်သည်ကြောင်တောင်တောင်ဖြင့်ရပ်နေမိကြသည်။
'ဟို..ဒေါက်တာအထဲဝင်ခဲ့လေ..'
လက်ထဲမှအထုတ်များကိုတစ်ဖက်စုယူကာအနောက်ပါးမှထိုသူအားလှမ်းခေါ်လိုက်၏။မြင့်မားသောအရပ်သည်pantအဖြူရောင်ဖြင့်ခန့်ထည်နေ၏။စတိတ်စင်ပေါ်အထုတ်များချကာ ပွဲကြည့်ခုံပေါ်ဝင်ထိုင်နေသည့် ထိုသူဘေးထိုင်လိုက်သည်။
'အမှတ်တွေသိရပြီလားကလေး..'
'ဟုတ်ကဲ့ သုံးဘာသာသိပြီးပါပြီ..'
'ဪ..'
တစ်ဖန်တိတ်ဆိတ်သွားပြန်သည့် စကားဝိုင်းတွင်ပြောဆိုသူသည်နှစ်ယောက်သာရှိပြီး မည်သူတစ်ဦးကမျှပြောစရန်စကားအားကြိုတင်ပြင်ဆင်ထားမှုမရှိသည့်နှယ် တိတ်ဆိတ်နေ၏။ပန်ကာလည်နေသည့်အသံသည်ယခုအခါမှပို၍ပင်ကျယ်လောင်လာလေ၏။
'ကျိုးယွမ်ကရော..'
'သူက...အင်္ဂလိပ်ကျတယ်..'
'အဟင်း..'
ခပ်သာသာပျံ့လွင့်လာသည့်ရယ်သံချိုချိုသည်လွန်စွာအေးချမ်းလှ၏။ဆရာတစ်ယောက်အနေနဲ့တပြည့်စာမေးပွဲအမှတ်ကျခြင်းအပေါ်တစ်စက်မှငြူစူရန်အတွေးရှိပုံမပေါ်။ဒါဟာလည်း သဘောထားကြီးမား၍သာဖြစ်သည်။
'ဒေါက်တာသူ့ကိုမဆူဘူးမလားဟင်..'
'ဟင် ကိုကကျိုးယွမ်ကိုလား..'
'ကျိုးယွမ်ကသူအင်္ဂလိပ်ကျတာ
ကိုပေးမပြောခိုင်းဘူး ဒေါက်တာ
သူကိုဆူမှာတဲ့..'
'ဒါဆိုကလေးကဘာလို့ကို့ကိုပြောပြတာလဲ
ဖုံးထားလို့ရရဲ့သားနဲ့..'
'အမိုးကမှာထားတယ် ဘဝမှာ
ကိုယ်လေးစားသဘောကျရတဲ့သူကို
လိမ်မပြောရဘူးတဲ့..'
'ဒါဆိုကိုက ကလေးလေးစားပြီး
သဘောကျရတဲ့သူပေါ့..'
တိခနဲရပ်သွားသည့်စကားသံနှင့်အတူ မျက်လုံးများဝိုင်းစက်လာသည့်ထိုကောင်လေးသည် နားရွက်ဖျားလေးများပင်နီရဲလာသည်။ဖြူဖြူနုနုလေးဖြစ်၍ အင်မတန်အထိမခံလေးဖြစ်၏။စကားမှားသွားသည့်အခါယခုလို
ရှက်တတ်သည်ကဒီကောင်လေး၏ပင်ကိုစရိုက်ဖြစ်၏။
*မေတ္တာတရားတွင် ခါးသက်ခြင်းကင်း၍ ချိုမြိန်မှုသာခံစားလိုပါ၏။
*ပူလောင်ခြင်းကင်း၍ အေးမြခြင်းသာကမ်းလင့်ကြိုဆိုပါ၏။
*မုန်းတီးခြင်းကင်း၍ ချစ်ခြင်းဖြစ်သာရယူလိုပါ၏။
*မည်သည့်တစ်ဦးတစ်ယောက်မှမဟုတ်ပဲဤကောင်လေးဖြစ်သာ ဘဝတစ်သက်သာကုန်ဆုံးချင်ပါ၏။
Thank you for your reading & voting
My angel 💘
Happy Weekend 🎉
.................🥑......
Zawgyi:
တိမ္တိုက္မ်ားကင္းစင္ေနသည့္ေကာင္းကင္သည့္အသူရာေနမင္းႀကီး၏စြမ္းေဆာင္မႈေၾကာင့္ ဝင္းလဲ့ေတာက္ပေန၏။စြမ္းစြမ္းတမံႀကိဳးစားထားသည့္အလင္းေရာင္သည္ ေကာင္းကင္တစ္ခြင္ ျဖန္႔က်က္လို႔ေန၏။ လႈပ္႐ွားသြားလာေနသည့္လူအမ်ားသည္ သာယာသည့္ ရာသီဥတုေၾကာင့္ အျပဳံးပန္းမ်ားပြင့္လန္းေနၾကသည္။
မိုးရာသီတြင္သယ္ေဆာင္လာသည့္ ေလညႇင္းေလးသည္
မိုးနံ႔မေပ်ာက္ေသးသည့္အျပင္သယ္ေဆာင္လာသည့္ ေျမသင္းနံ႔သည္ စိတ္ႏွလုံးအားၾကည္လင္ေစသည္။
အထူးတလည္ေျပာျပစရာမလိုေအာင္မိုးရာသီ၏ေန႔လည္ခင္းအလွသည္ လြန္စြာလွပ၏။
'ေဒါက္တာ..'
တိုးကပ္လာသည့္ကိုယ္လုံးေလးႏွင့္ တိုး၍ရလာသည့္ႏို႔ေထာပတ္ရနံ႔ေမႊးေမႊးအီအီေလးသည္ ေျမသင္းနံ႔အားေက်ာ္လြန္ဖုံးလႊမ္းသြား၏။စိမ္းျမျမအေရာင္အေသြးစုံလွသည့္ပတ္ဝန္းက်င္သည္ အစိမ္းေရာင္အားႀကိဳက္ႏွစ္သက္သည့္ ေကာင္ေလးျဖင့္ပို၍စိမ္းစိုေန၏။
'အင္ ဘာျဖစ္လို႔လဲ..'
မိုးတိတ္သြားေသာ္လည္းေအးစိမ့္ေနသည့္ပတ္ဝန္းက်င္တြင္ ေခြၽးမ်ားစို႔ေနသည့္ေကာင္ေလးမွာမူတြန္႔ဆုတ္တြန္႔
ဆုတ္ျဖစ္ေနသည္။ေဘးပတ္ဝန္းက်င္သည္လႈပ္႐ွားသြားလာေနသူတစ္ေယာက္စႏွစ္ေယာက္စျဖင့္ လမ္းတြင္လူမပ်က္ျဖစ္၏။သို႔ေသာ္ ထိုေကာင္ေလး၏မ်က္ဝန္းသည္အေၾကာက္တရားတစ္ခ်ိဳ႕ပုန္းေအာင္းေနသည္။
'ကေလး ဘာျဖစ္လဲ..'
'ဟို ဟိုေထာင့္မွာ..'
လမ္းေထာင့္ခ်ိဳးအားလက္ညိဳးၫႊန္ျပသည့္ေကာင္ေလးသည္ ေၾကာက္အားလန္႔အားျဖင့္သာ။လက္ညိဳးၫႊန္ရာအားေသခ်ာၾကည့္မိသည့္အခါ ေခြးေလေခြးလြင့္ သုံးေကာင္သည္ ပတ္ခ်ာလည္ေလွ်ာက္ေနကာ အစာတစ္ခုခုအားေတြ႕သည္ႏွင့္ခုန္အုပ္သည့္ပုံစံႏွယ္ျပင္ဆင္ထား၏။ေဈးသြားသည့္လမ္းမို႔ ယခုလိုေခြးေလေခြးလြင့္မ်ားတစ္ခါတစ္ရံေတြ႕ရတတ္၏။စဥ္းစားမိသည္က ထိုေကာင္ေလးသည္ ေခြးအားေၾကာက္တတ္သည္ပင္။
'ဘာမွမျဖစ္ဘူး လာ..'
တိုးဝင္ျဖစ္သည့္လက္ဖဝါးျပင္သည္ ေနေရာင္ျခည္လိုေႏြးေႏြးေထြးေထြးေလး။ထိုေကာင္ေလး၏မ်က္ဝန္းတို႔သည္မိုးဦးက်ခါစမိုးစက္ကေလးလိုေအးေအးခ်မ္းခ်မ္းေလး။အနည္းငယ္ေလ်ာ့ရဲေနသည့္လက္ဖဝါးအားတိုး၍စုပ္ကိုင္မိသည့္အခါ သက္ေရာက္မႈသည္ ႏႈတ္ခမ္းပါးအားတြန္႔ေကြးရန္ျဖစ္သည္။
'ကေလးညေနက်ဘာလုပ္စားမလဲ..'
လမ္းေထာင့္ခ်ိဳးအား ျဖတ္ေလွ်ာက္ခ်ိန္ပို၍တိုးကပ္လာသည့္ကိုယ္ေလးေၾကာင့္အာ႐ုံလႊဲရန္ စကားတစ္ခ်ိဳ႕အားအစပ်ိဳးလိုက္မိ၏။ေၾကာက္လဲေၾကာက္သလို ထိုေခြးမ်ားအားအၾကည့္မလႊဲသည့္ေကာင္ေလးသည္အေတာ္ပင္လန္႔ေနသည့္ပုံ။ထိုအခါမွ ညအေမွာင္ထဲ အိမ္ျပန္သြားသည့္ေကာင္ေလးသည္ မိုးသည္းသည့္အခ်ိန္လမ္းတြင္မည္သူမွ်မ႐ွိဘဲ ျပန္သြားသည့္ပုံရိပ္အားသတိရမိသည့္အခါ ဝဲဘတ္ရင္သည္ေအာင့္တက္လာသည္။မေရာက္လာခဲ့လွ်င္ ထိုေန႔သာသူအိမ္မွာေနခဲ့လွ်င္။
'ကေလး!!..'
အာ႐ုံမရသည့္ေကာင္ေလးအား လမ္းတစ္ဝက္တြင္ရပ္ၿပီး ပါးႏွစ္ဖက္အားအုပ္ကိုင္ကာ မ်က္ႏွာခ်င္းဆိုင္ဆြဲလွည့္ေစသည္။ထိုအခါ 'အင့္' ကနဲထြက္ေပၚလာသည့္အသံေလးႏွင့္အတူ ျပဴးက်ယ္သြားသည့္မ်က္ဝန္းတို႔သည္ ေနေရာင္ျခည္ထက္ပင္ပို၍ေတာက္ပေန၏။
နီးကပ္ေနသည္ခႏၶာႏွစ္ခု တိတ္ဆိတ္ေနသည့္ဝန္းက်င္
ေက်းငွက္တို႔၏သီက်ဴးသံတစ္ခ်ိဳ႕ႏွင့္အတူ ခပ္ၿငိမ့္ၿငိမ့္တိုးတိုးေလးခုန္လႈပ္လာသည့္ ႏွလုံးခုန္သံတို႔သည္ ထိုဝန္းက်င္တြင္ ျဖစ္တည္ေန၏။
'ကိုယ့္ကိုၾကည့္..'
'ေဒါက္တာ..'
'မလွည့္နဲ႔!!..'
'အင့္..'
ျပတ္ေတာက္သြားသည့္အသံအပိုင္းအစတစ္ခ်ိဳ႕သည္ ေလထုထဲတြင္ေပ်ာက္ကြယ္သြား၏။႐ုတ္တရက္ထေဟာင္လာသည့္ေခြးသံတစ္ခ်ိဳ႕ႏွင့္အတူ လက္ဖဝါးႏွစ္ဖက္ေအာက္ျမဳပ္သြားသည့္ နား႐ြက္ဖ်ားေလးတို႔သည္လုံျခဳံစြာ။ကုပ္ျခစ္မိသည့္ေျခေခ်ာင္းမ်ားႏွင့္အတူ ခါးစတြင္ရစ္သြယ္လာသည့္ လက္ျဖဴျဖဴေလးသည္တင္း
က်ပ္စြာ။
'ၿငိမ္ၿငိမ္ေန..'
ထြက္ေျပးဟန္ျပင္သည့္ခႏၶာကိုယ္အား ခါးမွထိန္းကာရင္ခြင္ထဲဆြဲသြင္းမိ၏။ကိုယ့္အား ရန္လိုေနသည္မဟုတ္ေသာ္လည္း ထိုသို႔ထြက္ေျပးပါက လိုက္ခံရႏိုင္သည္မို႔ ၿငိမ္သက္သြားသည့္အထိေစာင့္ရန္လိုအပ္သည္။႐ုတ္တရက္မို႔ကိုယ္တိုင္ပင္လန္႔သြားေသာ္လည္း အေရးႀကီးသည္တစ္ခုမွာထိုေကာင္ေလးမထိတ္လန္႔ရန္ျဖစ္သည္။
ပုခုံးနီးပါး႐ွိသည့္ထိုေကာင္ေလးသည္ေခါင္းအားငုံ႔ကာ
ႏွဖူးကိုရင္ဘတ္ေပၚအပ္ထားသည့္အတြက္ ဝင္သက္ထြက္သက္တို႔သည္ ဝဲဘတ္ရင္အုံေပၚသို႔ က်ေရာက္လာသည္။ေလေငြ႕ေႏြးေႏြးတို႔သည္ ထိုေကာင္ေလး၏ခႏၶာကိုယ္ထဲမွထုတ္လႊတ္ေသာ အသက္ေငြ႕ေႏြးေႏြးသာျဖစ္၏။
'က်စ္!အခုထိ မတိတ္ေသးဘူး..'
မရပ္မနားထေဟာင္ေနသည့္ေခြးမ်ားသည္ အခုထိအသံမစဲေသးေပ။အေၾကာင္းမွာ လမ္း၏တစ္ဖက္ျခမ္း႐ွိအိမ္ေမြးေခြးႏွင့္ရန္မူေနေသာေၾကာင့္သာျဖစ္၏။အသံတိတ္ရန္ သတိျပဳမိပါကရန္မူေနေသာေခြးမွျမႇားဦးလွည့္လာႏိုင္သည့္အတြက္ မျပဳမူရဲေပ။သုံးလွမ္းအကြာအေဝးသည္ မနီးေသာ္လည္းအလြန္သတိထားေနရ၏။
'ဟိတ္ေခြးေတြ!! သြားၾကစမ္း!!.
သြား!..သြား..!!'
အိမ္႐ွင္အေဒၚႀကီးျဖစ္ဟန္ မိန္းမႀကီးတစ္ေယာက္၏ သတိေပးသံႏွင့္အတူေမာင္းထုတ္ခံလိုက္ရေသာေခြးမ်ားသည္ အသံတိုးတိုးေလးမ်ားထြက္ေပၚကအေဝးသို႔ထြက္ေျပးသြား၏။အေတာ္ေဝးသည့္ေနရာေရာက္မွ သက္ျပင္းက်ိတ္ခ်ကာ ေခါင္းငုံ႔ထားသည့္ေကာင္ေလးအားငုံ႔မိုးၾကည့္မိသည္။တုတ္တုတ္မလႈပ္ ကုပ္ကုပ္ေလးသာၿငိမ္ေနသည့္ေကာင္ေလးသည္ သတိပင္႐ွိေသးရဲ႕လားေမးယူရမည္။
ေမာ့ၾကည့္လာသည့္အခါ မ်က္ေတာင္အဖ်ားစိပ္စိပ္တို႔အားအနီးကပ္ျမင္ရ၏။တစ္လက္မသာကြာေဝးသည့္အေနအထားတြင္ ျဖဴေဖြးၾကည္စင္ေနသည့္မ်က္ႏွာတို႔သည္ အင္မတန္ၾကည့္ေကာင္းလွ၏။
'ကေလး..'
'ေက်း ေက်းဇူးပါ..'
အလ်င္အျမန္ဖယ္ခြာသြားသည့္ေကာင္ေလးေၾကာင့္ ခါးအားရစ္သိုင္းထားသည့္လက္သည္ေလဟာနယ္တြင္ က်န္ခဲ့၏။တစ္လွမ္းအကြာအေဝးတြင္ရပ္ေနသည့္ေကာင္ေလးသည္ ေျချဖားထိပ္အားစုက်ံဳ႕ထားကာ ေခါင္းကိုငုံ႔ထားသည္။နီရဲေနသည္နား႐ြက္ဖ်ားေလးသည္ တိတိပပညႇပ္ထားသည့္ ဆံစမ်ားေၾကာင့္ထင္း႐ွင္းေန၏။
ေနေရာင္ျခည္သည္ ေႏြးေထြးျခင္း၏သေကၤတျဖစ္သည္။
••••••••••••••••••••••
'ကိုႀကီး ဒီအပ္မိႈကေရာ..'
'အဲ့တာ အကင္ဗန္းထဲထည့္လိုက္က်ိဳးယြမ္
ကိုႀကီး ဒီမွာၾကက္ျပဳတ္ရည္လုပ္ေနရလို႔..'
'ဟုတ္ကဲ့...'
အိုးခြက္မ်ားဆူညံသံႏွင့္တဆာဆာစကားသံတို႔ေၾကာင့္ ႏွစ္ထပ္တိုက္အိမ္ကေလးသည္ ေဝဆာေန၏။ညေနေစာင္းေနဝင္ခါစအခ်ိန္မို႔ပုစြန္ဆီေရာင္သန္းေနသည့္ေကာင္းကင္ႀကီးသည္ အလြန္တရာလွပေန၏။
'အဟြတ္!! အဟြတ္!!..'
'အယ္! အယ္! ရိေပၚရိေပၚ..'
'အဟြတ္!!..'
'ရိေပၚအဆင္ေျပလား..
ကိုႀကီးေရ ကိုႀကီးလာအုန္းဒီမွာရိေပၚ
သၾကားလုံးနင္ေနလို႔..'
ဆူညံပြတ္ေလာ႐ိုက္သံႏွင့္အတူေခြၽးဆီးမ်ားစီးက်ေနသည့္ေကာင္ေလးသည္ မ်က္ႏွာတစ္ခုလုံးနီရဲကာ ခံရခက္ေနသည့္ပုံစံျဖစ္ေနသည္။ေက်ာအားထု႐ိုက္ျခင္းခံေနေသာ္လည္း နင္သြားသည့္သၾကားလုံးေၾကာင့္နာက်င္ေန ေသာေၾကာင့္ဟန္႔တားဖို႔ရန္အေၾကာင္းမဟန္။
မီးဖိုခန္းမွထြက္လာသည့္အမ်ိဳးသားသည္ ဧည့္ခန္းတြင္႐ုန္းရင္းဆန္ခတ္ျဖစ္ေနသည့္ေကာင္ေလးႏွစ္ေယာက္နားအျမန္သြားကာ ၾကမ္းျပင္ေပၚတင္ပ်ဥ္ေခြထိုင္ေနသည့္ ေကာင္ေလးအားဂ်ိဳင္းမွ မတင္လိုက္၏။အေနာက္ဘက္မွသိုင္းဖက္ကာေက်ာခ်င္းကပ္အေနအထားျဖင့္ရင္ဘတ္ ေပၚတြင္လက္ႏွစ္ဖက္အားတင္၍ နင္ေနသည့္သၾကားလုံးထြက္လာေစရန္ထုဖိေပးရသည္။
'အဟြတ္!!..'
'ကေလး..'
နာနာထု႐ိုက္ျခင္းၿပီးသည့္ေနာက္ ၾကမ္းျပင္ေပၚသို႔ထြက္က်လာသည့္သၾကားလုံးေလးသည္ အတန္ငယ္ႀကီးသည့္အ႐ြယ္အစားျဖစ္၏။မ်က္ရည္မ်ားပါက်ဆင္းလာသည့္ေကာင္ငယ္ေလးမွာမူ ေက်ာခ်င္းကပ္အေနအထားမွတင္ ခ်ိနဲ႔စြာရပ္ေန၏။
'သက္သာလား..'
'အင္း..'
'က်ိဳးယြမ္ ေရတစ္ခြက္ယူလာခဲ့ေပး..'
'ဟုတ္ကဲ့ ကိုႀကီး..'
ယိုင္တိုင္တိုင္ျဖစ္ေနသည့္ကိုယ္ေလးအား ထိန္းကာဆိုဖာ၌နားေစ၏။ေခြၽးေစးမ်ားကပ္ညိေနသည့္မ်က္ႏွာျဖဴျဖဴေလးသည္ အနီေရာင္သန္းကာ မ်က္သားမ်ားမွာလဲ နီရဲေန၏။ႏုနယ္လြန္းသည့္အသားအရည္ေၾကာင့္ခံစားရသည့္ေဝဒနာမွာေရာင္ျပန္ဟပ္သလိုထင္ဟပ္ေနသည္။
'ကိုလန္႔သြားတာဘဲ ကေလးရာ..'
ေခြၽးစခိုကပ္ေနသည့္မ်က္ႏွာအားသပ္ေပးကာညီးတြားသလိုဆိုသည့္အခါ အျပစ္လုပ္ထားသလိုေခါင္းငုပ္သြား၏။
'ကိုႀကီး ဒီမွာေရ..'
'အင္း က်ိဳးယြမ္းအေနာက္မွ ဟင္းခ်ိဳတည္ထားတယ္
တစ္ခ်က္ၾကည့္ထားေပး ခဏေလာက္ေပးဆူၿပီးရင္
ခ်လိုက္ေတာ့ ကိုကိုႀကီးေနာက္က် လာခဲ့မယ္..'
'ဟုတ္..'
'ေရာ့ ေရအရင္ေသာက္လိုက္
သၾကားလုံးစားတာကိုသတိမထားဘူး
ကေလးေလး လဲမဟုတ္ဘဲနဲ႔..'
လည္တိုင္ကေခြၽးမ်ားအားသုပ္ကာဆိုေတာ့ ေနမထိသလို ကိုယ္လုံးေလးသည့္အေနာက္သို႔႐ို႕သြား၏။ေနရခက္ေနသည့္ေကာင္ေလးအားဆက္ၿပီးမဆူေတာ့ဘဲ ပူအိုက္ေနသည္ကို အနည္းငယ္ေအးေစရန္ ေလေအးေပးစက္အားဖြင့္ေပးလိုက္၏။အေမာမေျပေသးသည့္ေကာင္ေလးသည္ ရင္ဘတ္နိမ့္ခ်ီျမင့္ခ်ီျဖင့္အသက္႐ႈေနသည့္ပုံေၾကာင့္ သနားမိသည္။
'ေနရခက္ေသးလား..'
'ဟအင့္ ကြၽန္ေတာ္အဆင္ေျပပါတယ္
ေဒါက္တာလုပ္စရာ႐ွိတာလုပ္ပါ
သက္သက္မဲ့ အလုပ္႐ႈပ္ေစမိၿပီ..'
'တကယ္အဆင္ေျပတာလား..'
'ဟုတ္ကဲ့..'
အားနာေနသည့္ေကာင္ေလးသည္သူေၾကာင့္ေႏွာက္ေႏွးသြားမွာကိုမလိုလားဟန္အတင္း အဆင္ေျပသည္ဟုေထာက္ခံေန၏။အေနာက္မွာလဲ က်ိဳးယြမ္တစ္ေယာက္ထဲမို႔ သေဘာတူလိုက္ကာတစ္ေယာက္တည္းေနလို႔ရေအာင္လႊတ္ထားေပးလိုက္၏။
••••••••••••
'အင္ ဒါစားေကာင္းတယ္ကိုႀကီးေရာ့
ရိေပၚေရာ့စား..'
အကင္အိုးေ႐ွ႕တစ္ေယာက္ထဲကင္လိုက္စားလိုက္လုပ္ေနသည့္က်ိဳးယြမ္သည္ အခုမွသာေဘးလူ႐ွိမွန္းသတိရသည့္ပုံ။အသားကင္အားတစ္ေယာက္တစ္ခုထည့္ေပးကာစားေကာင္းေၾကာင္းေျပာသည့္က်ိဳးယြမ္သည္ စာေမးပြဲၿပီး၍အပူမ်ားၿငိမ္းေအးသြားသည့္သူတစ္ ေယာက္ႏွယ္ေပါ့ပါးလန္းဆန္းေန၏။
'ဟူးးး စာေမးပြဲသာၿပီးတာ
ဘာမွလဲတိတိက်က်မေပ်ာ္ရဘူး..'
'အခုမွလပတ္စာေမးပြဲကို..'
တစ္ခ်ိန္လုံးၿငိမ္ေနရာမွသူငယ္ခ်င္းျဖစ္သူ၏စကားကို
ေထာက္ေပးသည့္ေကာင္ေလးသည္ပါးစပ္သို႔အသားတစ္တုံးထိုးထည့္လိုက္၏။မ်က္ႏွာခ်င္းဆိုင္မွက်ိဳးယြမ္သည္ ခ်ဥ္ကာ႐ႈံ႕မဲ့သြားသည့္မ်က္ႏွာမ်ိဳးလုပ္ျပသည္။
'ရိေပၚရာ ေျပာေတာ့မယ္..'
ေဘးနား႐ွိအေအးခြက္အားေကာက္ေမာ့ကာစူပုပ္ပုပ္ျဖင့္ေျပာလာသည့္က်ိဳးယြမ္သည္ ေ႐ွာင္းက်န္႔အားအကူအညီေတာင္းသလိုၾကည့္လာသည္။ေဘးနားမွေကာင္ငယ္ေလးကေတာ့ျဖင့္ တစ္လႈပ္လႈပ္ျဖင့္ပါးမို႔ႏွစ္ဖက္ေဖာင္းေနေအာင္ဝါး၏။
'က်ိဳးယြမ္ကဘာလုပ္ခ်င္လို႔လဲ..'
'ဒီလိုေလကိုႀကီးရ စာေမးပြဲကလပတ္ဆိုေပမဲ့စာက်က္ရတာေတြကမ်ားတယ္ေလ အဲ့တာဦးေႏွာက္ေဆးတဲ့အေနနဲ႔တစ္ေနရာရာသြားၾကရေအာင္..'
'ဘယ္ကိုသြားမို႔လဲ က်ိဳးယြမ္က..'
'ရိေပၚတို႔ေမြးရပ္ ေလာ့ရန္ကိုသြားမယ္ေလ..'
'မရဘူး..'
'ဟြန္႔!!..'
ခရီးသြားရန္အားႀကိဳးမာန္တက္႐ွင္းျပေနသည့္က်ိဳးယြမ္သည္ေကာင္ေလး၏အျငင္းစကားေၾကာင့္ဟြန္႔ကနဲေနေအာင္ႏွာမႈတ္ထုတ္သည္။စိတ္ေကာက္သလို ကိုင္ထားသည့္တူအားေစာင့္ခ်ကာ ဝိုင္းကေနထၿပီးအိမ္ျပင္ထြက္သြားတာေၾကာင့္က်ိဳးယြမ္စိတ္ဆိုးေနမွန္းသိလိုက္ရသည္။
'က်ိဳးယြမ္စိတ္ဆိုးသြားၿပီ..'
'သူကတမင္သက္သက္လုပ္ေနတာ..'
'အဟက္!!..'
ကေလးေလးေတြလိုစိတ္ဆိုးေနက်သည့္ေကာင္ကေလးေတြေၾကာင့္ သေဘာက်ကာရယ္မိသည္။ျဖဴစင္လြန္းသည့္ဆယ္ေက်ာ္သက္သံေယာဇဥ္တို႔ေၾကာင့္ပို၍ပင္ခ်စ္ဖို႔ေကာင္းေန၏။တစ္ေယာက္ကလဲ ျပန္ေခၚမလားေစာင့္ေနသည့္သူငယ္ခ်င္းနဲ႔ ျပန္ေခၚဖို႔တြန္႔ဆုတ္ေနသည့္သူငယ္ခ်င္းေၾကာင့္ သူကိုယ္တိုင္လဲလမ္းေပ်ာက္ရသည္။
ကေလးေတြမို႔ရန္ျဖစ္လွ်င္ခဏသာျဖစ္သည့္အတြက္ ယခုအတိုင္းသာလႊတ္ထားလိုက္၏။အိမ္ျပန္လွ်င္ စိတ္ဆိုးေနသည့္လူမဟုတ္သလို အခ်င္းခ်င္းျပန္ေခၚမွာျဖစ္သည့္အတြက္ ယခုတြင္ေတာ့စိတ္တိုင္းက်လႊတ္ထားေပးလိုက္၏
••••••••••••••🍃🍃•••••••
'ႂကြေရာက္လာၾကတဲ့ ဂုဏ္သေရ႐ွိလူႀကီးမင္းမ်ား
ေက်ာင္းအုပ္ဆရာႀကီးႏွင့္ဆရာ ဆရာမမ်ား ေက်ာင္းသားေက်ာင္းသူမ်ားအားလုံး မဂၤလာအေပါင္းႏွင့္ျပည့္စုံခေညာင္းၾကပါေစေၾကာင္းဦးစြာပထမႏႈတ္ခြန္းဆက္သဂါရဝျပဳအပ္ပါတယ္ခင္မ်ား...ဟူးးးးး
႐ွည္လိုက္တာ ဒါႀကီးကိုငါတို႔ကဘယ္လိုေျပာရမွာလဲ..'
ေက်ာင္းႀကီး၏ ပင္မေဆာင္မွထြက္လာသည့္အသံသည္ ပ်င္းတိပ်င္းဆြဲႏိုင္ကာ လြန္စြာစိတ္ပ်က္ေနသည့္အသံမ်ိဳးျဖစ္သည္။ပြဲစင္၏ထိပ္တြင္ေျခဆင္းကာထိုင္၍ၿငီးျငဴေနသည့္ေကာင္ေလးတစ္ေယာက္သည္ လက္ထဲ႐ွိ
မိတၱဴစာ႐ြက္မ်ားအားလွန္ေလွာၾကည့္ေနသည္။
'ဒီေလာက္အမ်ားႀကီး ..ရိေပၚ
ဒါေတြမင္းဘဲေျပာလိုက္ပါလား..'
'မေျပာဘူး ဆရာမခြဲတမ္းခ်ထားေပးတဲ့အတိုင္းဘဲ..'
စိတ္ပ်က္လက္ပ်က္မိန္႔ခြန္းစာ႐ြက္ႀကီးအားပစ္ခ်ကာ ပလက္အိပ္ခ်လိုက္သည့္ေကာင္ေလးသည္ ပါးစပ္မွေလပူအားမႈတ္ထုတ္လိုက္သည္။ေက်ာင္း၏ပင္မေဆာင္သည္
ခန္းမပုံစံျဖစ္ကာအလည္တြင္အဝိုင္းပုံစံစင္ျမင့္တစ္ခု႐ွိသည္။ေဘးပတ္ပတ္လည္တြင္အထပ္လိုက္စီထားသည့္ခုံမ်ားမွတစ္ဆင့္ ပြဲ႕ၾကည့္စင္အား႐ႈျမင္ႏိုင္သည္။
သန္႔႐ွင္းေနသည့္ခန္းမႀကီးသည္ ေနာက္သုံးရက္တြင္က်င္းပမည့္ ေက်ာင္းစုံညီပြဲတြက္ျပင္ဆင္ေနၾကသူမ်ားလည္း႐ွိသည္။ယခုခ်ိန္သည္ ေက်ာင္းတြင္စာမ်ားသိပ္မသင္အားေပ။အကတိုက္၊သီခ်င္းတိုက္ျဖင့္ေက်ာင္းသားေက်ာင္းသူမ်ားသည္လည္းမအားလပ္ၾကေပ။
'ရိေပၚ ..'
'အင္း.'
'ဟိုမွာ ကိုႀကီး..'
လက္ညိဳးၫႊန္ရာပင္မေဆာင္၏ တံခါးေပါက္မွလွမ္းျမင္ေနရသည့္တစ္ဖက္ေဆာင္၏ေကာ္ရစ္တာတြင္ဆရာမတစ္ေယာက္ျဖင့္ရပ္ကာစကားေျပာေနသည့္ ေနရာလွမ္းၾကည့္လိုက္မိ၏။ေသခ်ာေပါက္ထိုသူသည္ရင္းႏွီးရသည့္အမ်ိဳးသားတစ္ေယာက္ျဖစ္သည္။
'ကိုႀကီး!! ကိုႀကီး
ကြၽန္ေတာ္တို႔ဒီမွာ..'
တံခါးေပါက္နားခ်က္ခ်င္းထေျပးသြားသည့္က်ိဳးယြမ္သည္လက္ေလးေျမႇာက္ကာ တစ္ဖက္သူအားျမင္ႏိုင္ရန္
ႀကိဳးစားေန႐ွာသည္။မၾကာလိုက္ တံခါးေပါက္ဝေ႐ွ႕ေရာက္ခ်လာသည့္ထိုသူသည္ လက္ႏွစ္ဖက္တြင္အထုတ္မ်ားျဖင့္ျပည့္ႏွက္ေနသည္။ယခုသတိထားမိသည္က ပုံမွန္ေတြ႕ေနက်႐ိုး႐ိုး႐ွပ္အက်ႌႏွင့္ေဘာင္းဘီမဟုတ္ပါဘဲ သန္႔သန္႔ျပန္႔ျပန္ ဖီးတင္ထားသည့္ဆံပင္ ႏွင့္အက်အနဝတ္ဆင္ထားသည့္ အက်ႌအေပၚတြင္အျဖဴေရာင္ဂ်ဴတီကုဒ္သည့္ဝင့္ဝင့္ႂကြားႂကြား႐ွိေန၏။အိပ္ကပ္ထဲတြင္ထည့္ထားေသာ stethoscopeသည္လည္းလိုက္ဖက္စြာပင္ျဖစ္သည္။
'ရိေပၚ တစ္ခ်က္!..'
အကူအညီေတာင္းခံသည့္မ်က္ႏွာပုံစံျဖင့္ေခၚေနသည့္သူငယ္ခ်င္းခ်င္းျဖစ္သူေၾကာင့္ဖတ္လက္စ မိန္႔ခြန္းစာ႐ြက္ႀကီးအားေခါက္ထားကာ တံခါးေပါက္သို႔ထလာလိုက္သည္။
'ကိုႀကီးနဲ႔တစ္ခ်က္ေနခဲ့ ငါအေပါ့သြားမလို႔..'
ေျပာၿပီးၿပီးခ်င္းအထုတ္မ်ားအားလက္လႊဲေစၿပီးတစ္ခ်ိဳးတည္းေျပးထြက္သြားသည့္သူငယ္ခ်င္းေၾကာင့္ တံခါးဝ႐ွိသူႏွစ္ေယာက္သည္ေၾကာင္ေတာင္ေတာင္ျဖင့္ရပ္ေနမိၾကသည္။
'ဟို..ေဒါက္တာအထဲဝင္ခဲ့ေလ..'
လက္ထဲမွအထုတ္မ်ားကိုတစ္ဖက္စုယူကာအေနာက္ပါးမွထိုသူအားလွမ္းေခၚလိုက္၏။ျမင့္မားေသာအရပ္သည္pantအျဖဴေရာင္ျဖင့္ခန္႔ထည္ေန၏။စတိတ္စင္ေပၚအထုတ္မ်ားခ်ကာ ပြဲၾကည့္ခုံေပၚဝင္ထိုင္ေနသည့္ ထိုသူေဘးထိုင္လိုက္သည္။
'အမွတ္ေတြသိရၿပီလားကေလး..'
'ဟုတ္ကဲ့ သုံးဘာသာသိၿပီးပါၿပီ..'
'ဪ..'
တစ္ဖန္တိတ္ဆိတ္သြားျပန္သည့္ စကားဝိုင္းတြင္ေျပာဆိုသူသည္ႏွစ္ေယာက္သာ႐ွိၿပီး မည္သူတစ္ဦးကမွ်ေျပာစရန္စကားအားႀကိဳတင္ျပင္ဆင္ထားမႈမ႐ွိသည့္ႏွယ္ တိတ္ဆိတ္ေန၏။ပန္ကာလည္ေနသည့္အသံသည္ယခုအခါမွပို၍ပင္က်ယ္ေလာင္လာေလ၏။
'က်ိဳးယြမ္ကေရာ..'
'သူက...အဂၤလိပ္က်တယ္..'
'အဟင္း..'
ခပ္သာသာပ်ံ႕လြင့္လာသည့္ရယ္သံခ်ိဳခ်ိဳသည္လြန္စြာေအးခ်မ္းလွ၏။ဆရာတစ္ေယာက္အေနနဲ႔တျပည့္စာေမးပြဲအမွတ္က်ျခင္းအေပၚတစ္စက္မွျငဴစူရန္အေတြး႐ွိပုံမေပၚ။ဒါဟာလည္း သေဘာထားႀကီးမား၍သာျဖစ္သည္။
'ေဒါက္တာသူ႕ကိုမဆူဘူးမလားဟင္..'
'ဟင္ ကိုကက်ိဳးယြမ္ကိုလား..'
'က်ိဳးယြမ္ကသူအဂၤလိပ္က်တာ
ကိုေပးမေျပာခိုင္းဘူး ေဒါက္တာ
သူကိုဆူမွာတဲ့..'
'ဒါဆိုကေလးကဘာလို႔ကို႔ကိုေျပာျပတာလဲ
ဖုံးထားလို႔ရရဲ႕သားနဲ႔..'
'အမိုးကမွာထားတယ္ ဘဝမွာ
ကိုယ္ေလးစားသေဘာက်ရတဲ့သူကို
လိမ္မေျပာရဘူးတဲ့..'
'ဒါဆိုကိုက ကေလးေလးစားၿပီး
သေဘာက်ရတဲ့သူေပါ့..'
တိခနဲရပ္သြားသည့္စကားသံႏွင့္အတူ မ်က္လုံးမ်ားဝိုင္းစက္လာသည့္ထိုေကာင္ေလးသည္ နား႐ြက္ဖ်ားေလးမ်ားပင္နီရဲလာသည္။ျဖဴျဖဴႏုႏုေလးျဖစ္၍ အင္မတန္အထိမခံေလးျဖစ္၏။စကားမွားသြားသည့္အခါယခုလို
႐ွက္တတ္သည္ကဒီေကာင္ေလး၏ပင္ကိုစ႐ိုက္ျဖစ္၏။
*ေမတၱာတရားတြင္ ခါးသက္ျခင္းကင္း၍ ခ်ိဳၿမိန္မႈသာ
ခံစားလိုပါ၏။
*ပူေလာင္ျခင္းကင္း၍ ေအးျမျခင္းသာကမ္းလင့္ႀကိဳ
ဆိုပါ၏။
*မုန္းတီးျခင္းကင္း၍ ခ်စ္ျခင္းျဖစ္သာရယူလိုပါ၏။
*မည္သည့္တစ္ဦးတစ္ေယာက္မွမဟုတ္ပဲဤေကာင္ေလးျဖစ္သာ ဘဝတစ္သက္သာကုန္ဆုံးခ်င္ပါ၏။
Thank you for your reading & voting
My angel 💘
Happy Weekend 🎉
.................🥑......