Chilli Pepper

By LilyLittle_Sexy

25.6K 1.6K 251

SPICE like Chilli HOT like Pepper . #LilyLittleSexy #Mature More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Part-7
Part-9
Part-10
Part-11
Part-12
Part-13

Part-8

1.3K 121 19
By LilyLittle_Sexy

နေမင်း၏ အလင်းရောင်ဟူသည် ပျောက်ကွယ်သွားပြီး အမှောင်ထုသာ စတင်ကြီးစိုးလာသော မှောင်ရီပျိုးစ အချိန်၌  လူတွေ ပြာပန်းခတ်အောင် သွားလာနေကြဆဲပင် ဖြစ်သည့် မြို့ကြီးပြကြီး၏ အငွေ့အသက်နှင့် ကွဲပြားစွာ လွန်စွာမှ တိတ်ဆိတ်နေသော ခြံဝန်းကျယ်ကြီးရှိ architecture ကျကျ design ဆွဲ ဆောက်လုပ်ထားသည့် အိမ်ကြီးမှာတော့ မီးများသာ ထိန်အောင် လင်းနေသော်လည်း လွန်စွာမှ တိတ်ဆိတ်လို့ နေလေသည်။

သို့သော် မီးရောင်စုံလင်းနေသော အိမ်ကြီး၏ ဒုတိယထပ်ရှိ အခန်းလေးတစ်ခန်းမှာတော့ မီးရောင်ပြပြလေးသာ ထိန်လင်းလျက်ရှိပေသည်။ အခန်းထဲရှိ လိုက်ကာ အားလုံးကို ပိတ်ကာ  စာရေးစားပွဲမှ မီးရောင်လေးသာ ဖွင့်ထားသော အခန်းထဲ၌ laptop keyboard မှ စာရိုက်သံ တစ်ချောက်ချောက်သာ အခန်းတွင်း၌ ကြီးစိုးနေလေသည်။

သို့သော် စာရိုက်နေသူ၏ မျက်မှန်အကြည်ရောင်လေးအောက်က မျက်လုံးများမှာ စူးရှနေကာ ၊ ကျုံ့ထားမိသည့် မျက်မှောင်ဟာလည်း ထိုသူ၏ စိတ်တိုင်းမကျမှုအား ပြသနေလေသည်။

ချောက်! ချောက်! ချောက်!

လွှမ်း စာတစ်ကြောင်းကိုပင် ရေးလိုက်၊ ဖျက်လိုက်လုပ်နေသည်မှာ တစ်နာရီခန့်ပင် မကတော့။ သို့သော် စာအရေးအသားနှင့် ဇာတ်အသွားအလာဟာ သူလိုချင်သလိုလည်း ဖြစ်မလာပေ။ ထို့ကြောင့် စိတ်မရှည်မှုအား keyboard ကိုသာ အပြစ်ပုံချကာ အသံမြည်သည်အထိ စာလုံးများကို ဖျက်နေမိသည်။

*ဟား!*

သို့သော် နောက်ဆုံးမှာတော့ သူစိတ်မရှည်တော့။ ဘယ်လိုမှ mood ထည့်လို့မရသည်မို့ သူ လက်ကို keyboard ပေါ်ကနေဖယ်ကာ ခုံကို နောက်သို့ လှန်ချပြီး စိတ်ပျက်စွာ အကြည့်တို့ကို မီးဆိုင်းကြီးရှိရာ မျက်နှာကျက်ပေါ်သို့ ပို့ထားလိုက်လေသည်။

မကြာခင်ကမှ သူ စရေးနေသည့် ဝတ္ထုဟာ ပုံမှန် သူရေးနေကြ drama ဆန်သည့် အချစ်ဇာတ်လမ်းတွေလို မဟုတ်ပေ။ Dark romance ဘက်သွားကာ criminal  ဇာတ်အသွားအလာလေးလည်းပါအောင် ရေးရန် စိတ်ကူးထားခြင်းဖြစ်ပေသည်။ အကြောင်းကတော့ ဤ ဝတ္ထုဟာ ပြည်တွင်းထဲမှာ ဖြန့်ဝေဖို့ထပ် အီတလီမှ သူ၏ သူငယ်ချင်း၏ ထုတ်လုပ်ရေးဘက်ကနေ သူ့အား ရေးပေးပါရန် တောင်းဆိုထားခြင်းကြောင့် ဖြစ်ပေသည်။

သို့သော် သူ့အနေနှင့် စရေးထဲက character ပုံဖော်တာကလွဲလျှင် ကျန်တာကို ရှေ့ဆက်၍ မရ ဖြစ်နေသည်မှာ နှစ်ရက်လောက် ရှိနေပြီ ဖြစ်လေသည်။

ထိုအချိန်၌ပင် သူ အသံပိတ်ထားသည့် ဖုန်းမျက်နှာပြင်ဟာ လင်းလာသဖြင့် သူ ဖုန်းကို ယူကာ ကြည့်လိုက်လေတော့ သူ့ သူငယ်ချင်း ဇေရဲ ဆီမှ ဖြစ်နေလေသည်။

*သားရီး ဒီည ငါတို့ ပိုက်ဆံဖြုန်းမလို့ကွ၊ ငါ့ဘဲကြီး နေရာ မှာ ဆုံရအောင်ကွာ * 

ဇေရဲ၏ message ကြောင့် လွှမ်း စိတ်ဝင်စားစွာပင် မျက်ခုံးတစ်ဖက် ပင့်မိလေသည်။ ဇေရဲပြောသည့် ပိုက်ဆံဖြုန်းသည်ဆိုတာ ဘာလဲဆိုတာ သူ‌ကောင်းစွာ သိပါသည်။ ထို့အပြင် သူ့ဝတ္ထု ကုန်ကြမ်းအနေနှင့်လည်း  အသုံးဝင်နိုင်တာမို့ သူ့အတွက်တော့ လုံးဝကို ကွက်တိကျသွားသည်ဟု ဆိုရပေမည်။

သို့သော် သူ Ok ဟု ပြန်မပို့ခင် ရုတ်တရက် ကိုစေ့အား မြင်ယောင်လိုက်မိတာမို့ တစ်ချက်တော့ တွေဝေသွားလေသည်။ ကိုစေဟာ သူတို့ကိုယ်တိုင်က သူတို့ private life ကိုပါ ထိန်းချုပ်ပါဟု တောင်းဆိုခဲ့သော်လည်း သူချမှတ်ထားသည့် စည်းအတိုင်းသာ နေလေ့ရှိသည့် သူဖြစ်ပေသည်။ လုံးဝ စည်းကျော်ပြီး သူတို့ ဘဝကို ချုပ်ချယ်လေ့မရှိပေ။ သို့သော် ကိုစေဟာ မူးရူးပြီး လူတကာနှင့် လိုက်အိပ်တာတို့ ၊ လောင်းကစားလုပ်တာတို့ဆိုလျှင် လုံးဝမကြိုက်ပေ။ ထို့ကြောင့် သူ ကိုစေ့ထံ ခွင့်တောင်းသင့် မတောင်းသင့် တွေဝေနေမိသည်။

ခွင့်တောင်းလိုက်လို့ အကယ်၍ ကိုစေက သွားခွင့်ပြုပါက ကိစ္စမရှိပေမယ့် သွားခွင့်မပြုပါက သူမသွားဘဲလည်း မနေနိုင်လောက်တော့ဘူး ထင်ပါသည်။ အခုချိန် သူ့စိတ်ထဲ သူ့ဝတ္ထုအတွက် ကုန်ကြမ်းရရန်သာ စိတ်ကူးရှိသည်မို့ ရအောင် သွားမှာဖြစ်ပြီး အဲ့အခါမှ အာခံတဲ့ အမှုပါ တိုးသွားစေနိုင်ပေသည်။ ထို့ကြောင့် သူ ဇေရဲထံကိုသာ လာမည်ဖြစ်ကြောင်း စာပြန်ပို့လိုက်ကာ ကိုစေ့ထံကိုတော့ သူ ဒီနေ့ည စာရေးနေမှာမို့ ဖုန်းမပြောဖြစ်တော့ကြောင်း စာပို့ထားလိုက်လေသည်။

ထို့နောက် V shape လည်ပင်းနှင့် T-shirt အနက်ရောင်လေးတစ်ထည်ကို အပေါ်ကနေ Jacket တစ်ထည်ထပ်ကာ ဝတ်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် အိမ်ကနေ ထွက်လာလိုက်လေသည်။ ထို့နောက် ဂိုထောင်ထဲမှ Porsche အစိမ်းရောင်လေးအား ထုတ်ကာ ဒီနေ့ညအဖို့တော့ သူဟာ သူ ဖန်တီးချင်သည့် character အတိုင်း စီးမြောလိုက်ရန် အသင့်ပေ။

သူနေသည့် ရပ်ကွက်ဟာ ပိုက်ဆံရှိ လူတန်းစားတွေသာ နေသော ဆိတ်ငြိမ် ရပ်ကွက်မို့ မြို့လည် သိပ်မကျတဲ့ နေရာမှာ ရှိလေသည်။ ထို့ကြောင့် ၁ နာရီခန့် ကားမောင်းအပြီးမှာတော့ မြို့လည်ခေါင်ရှိ လူစည်ကားနေသည့် Vegas ဟူသည့် Club အား လှမ်းမြင်လိုက်ရလေတော့သည်။  သို့သော် သူဟာ club ထဲဝင်ခွင့်ရရန် တန်းစီနေကြသော လူတန်းကြီးအား ဖြတ်ကာ သူ၏ ကားကို VIP တွေ၏ ကားများရပ်ရန် လုပ်ထားပေးသော သီးသန့် parking lot မှာ ဝင်ရပ်လိုက်လေသည်။ ပြီးတာနှင့် ဦးထုပ် အနက်ရောင်ကို ခပ်နိမ့်နိမ့်စောင်းကာ VIP ပေါက်ကနေပဲ Club ထဲသို့ ဝင်လာလိုက်လေသည်။

သူ club ထဲရောက်တာနှင့် ဆူညံနေသော တီးလုံးသံများဟာ သူ့အား အရင်ဆုံး ဆီးကြိုလာလေသည်။ ထို့အပြင် အရှည်ရှည်ရှည် ဒေါင်ကောင်းကောင်းနှင့် သူ့အား မြင်သူတိုင်းဟာ ညုတုတုအကြည့်များက ပစ်လွှတ်တတ်သေးသည်။ ထို့ကြောင့် လွှမ်း ဦးထုပ်ကို မျက်နှာမမြင်ရအောင် ပို၍ နိမ့်နိမ့်စောင်းလိုက်ကာ ground ထပ်သို့ ဆင်းသည့် ဓာတ်လှေကားရှိရာသို့ ထွက်လာလိုက်လေသည်။

ထိုအခါ ထိုဓာတ်လှေကားအား စောင့်ကြပ်နေသော ဗလခပ်တောင့်တောင့်နှင့် လူကြီး သုံးယောက်ဟာ သူ့အား အရင်ဆုံးတားလာလေသည်။ ထို့ကြောင့်သူလည်း ဘောင်းဘီအိတ်ကပ်ထဲမှ ရွှေရောင်ကဒ်လေးအား ထိုဗလကြီးတစ်ယောက်အား ပစ်ပေးလိုက်တော့ ထိုလူကြီးဟာ ကဒ်ကို သေချာစစ်ဆေးကာ သေချာမှသာ သူ့အား အရိုအသေပေးကာ ဓာတ်လှေကားထဲသို့ ပေးဝင်စေသည်။

ဓာတ်လှေကားထဲရောက်မှသာ လွှမ်း သူ့၏ ဦးထုပ်အား ဆွဲချွတ်ကာ ကပ်နေသော ဆံပင်များအား လက်နဲ့ အသာ ဖွလိုက်လေသည်။ ထို့နောက် ရွှေရောင်ပြောင်လက်နေသော ဓာတ်လှေကားထဲ၌ ရောင်ပြန်ဟပ်နေသော သူ့ပုံစံအား ပြန်ကြည့်မိသောအခါ လွှမ်းရိပ်ဟူသည့် သူ၏ ဖြစ်တည်မှုဟာ အနည်းငယ် ကွဲထွက်လို့နေလေသည်။ ထို့ကြောင့် လွှမ်း၏ နှုတ်ခမ်းပါးလေးဟာ ကျေနပ်မှုကြောင့် ကော့တတ်သွားလေသည်။

တင်!

ထို့နောက် ပွင့်လာသည့် ဓာတ်လှေကားကနေ တစ်ဆင့် သူ အပြင်ထွက်လာလိုက်တော့ အပေါ်ထပ်က club နှင့် မတူကွဲပြားသည့် ကမ္ဘာတစ်ခုဟာ သူ့အား စီးကြိုနေလေသည်။

Vintage ဆန်သည့် နီညိုရောင် ဂါဝန်အတိုကပ်ကပ်လေးအား ပုလဲ accessories များနှင့် တွဲဖက်ဝတ်ဆင်ထားသော ကောင်မလေးများဟာ အရက်ခွက်များတင်ထားသော ဗန်းကို ကိုင်ကာ တစ်ဝိုင်းနှင့်တစ်ဝိုင်း ကူးလူးသွားလာနေကြသည်မှာ ရုပ်ရှင်ထဲက ပြကွက်များလိုပင်။ ထို့အပြင် ကြီးမားလှသည့် ကျွန်းစားပွဲခုံကြီးများ၌ သူ့အစုနှင့်သူ ဝိုင်းဖွဲ့နေကြသော suit ဝတ် လူကြီးလူကောင်းများ။ chip သံ တစ်ညံညံ၊ အံစာတုံးခေါက်သံ တစ်ညံညံနှင့် ဤ နေရာဟာ Vegas club ၏ VIP ကာစီနိုဝိုင်းပင် ဖြစ်လေသည်။

*ဟက်ရောင် ငါတို့ ဒီမှာ!*

လွှမ်း ပတ်ဝန်းကျင်အား အချိန်ယူကာ လေ့လာနေရင်းပင် သူ့နာမည်ကို လှမ်းခေါ်လာသူကို ကြည့်လိုက်တော့ ဇေရဲတို့ ဖြစ်နေသဖြင့် လွှမ်း ဇေရဲတို့ရှိရာ ဝိုင်းသိူ့ လျှောက်သွားလိုက်လေသည်။

*ငါက မင်းလာမှ လာပါ့မလားလို့ *

လက်ထဲမှ ဖဲချက်အား ဟန်ပါပါကြည့်ကာ သူ့အား ပြန်ပြောလာသည့် ဇေရဲဟာ ဒီနေ့တော့ ရာသီဥတုက သူ့ဘက်ပါနေပုံရ၏။ အရှေ့၌ အနီ၊အပြာ chip များဟာ အပုံလိုက်ပင်။ ထို့နောက် သူ့ရှေ့မှာပင် chip အပုံလိုက်အား လောင်းကြေးကောက်ထပ်လိုက်တာမို့ သူ စိတ်ဝင်တစားနှင့် ကစားပွဲအခြေအနေအား ကြည့်လိုက်မိလေသည်။ ထိုအခါ တစ်ဖက်က အနည်းငယ် ဝဖိုင့်ဖိုင့်နှင့် လူကြီးဟာလည်း ဇေရဲနည်းတူ ယုံကြည်ချက် ရှိစွာပင် chip များအား ပုံအောလာလေသည်။ ထို့နောက်မှာတော့ လေးယောက်ဆော့နေသည့် ကစားဝိုင်း၌ နောက်ဆုံးကျန်သည့်လူဟာ အစက မျက်နှာကို ဖဲချက်တွေနှင့် ကာထားရာကနေ ခုံပေါ်သို့ သူ၏ ဖဲချက်များဟာ ချလိုက်သောအခါ မီးရောင်အောက်၌ လက်ကနဲပေါ်လာသည့် ထိုလူ၏ ရွှေရောင်မျက်မှန်ကိုင်းကြောင့် လွှမ်း ၏ အာရုံများဟာ တစ်ဖက်လူဆီသို့ ဆွဲငင်ခံလိုက်ရလေတော့သည်။

ခုဏက ဘေးပတ်ဝန်းကျင်အား အာရုံမစိုက်ခဲ့မိတာမို့ သူသတိမထားမိခဲ့သော်လည်း ထိုမျက်မှန်နှင့်လူဟာ သူထင်ထားတာထပ် ကြည့်ကောင်းမှန်း လွှမ်း သိလိုက်ရလေတော့သည်။ Suit ခဲရောင်အား သေသပ်စွာ ဝတ်ထားကာ လက်ထဲ၌ စီးကရက်သောက်လက်စအား ခဲထားသော်လည်း ထိုလူ၏ ပုံစံဟာ လူရမ်းကားပုံစံ ပေါက်မနေ။  ဝတ္ထုတွေထဲက အဓိကဇာတ်ကောင်လိုပင် ခန့်ညားလှပေသည်။  ထို့အပြင် လက်ထဲက ကဒ်အား ကြည့်ကာ တစ်ချက် ပြုံးလိုက်သည့် ခပ်ထေ့ထေ့အပြုံးဟာ ထိုလူနှင့် လိုက်ဖက်လှပေသည်။ သို့သော် ထိုလူအား ကြည့်လေကြည့်လေ သူရင်းရင်းနှီးနှီးမြင်ဖူးသလို ခံစားရတာမို့ လွှမ်း အနည်းငယ် ရိုင်းပြသော်လည်း ထိုလူ့ကို သေချာ စိုက်ကြည့်နေလိုက်မိလေသည်။

*အကုန် အောတယ် *

ထို့နောက် ပြတ်သားစွာပင် chip အထပ်လိုက်အား ပုံအောလာတာမို့ ကစားဝိုင်းထဲက သူများပင် အားလုံး မျက်ခုံးလှုပ်သွားကြလေတော့သည်။ ထိုအခါ ဇေရဲကလည်း သူ့ကိုယ်သူ ယုံကြည်မှုအား တစ်ပြားသားမှ မလျော့ပေ။ ထိုလူနည်းတူ ထပ်ပြီး ပုံအောလာတာမို့ အခုဆိုလျှင် ပွဲဟာ နိုင်တဲ့သူအတွက်တော့ အချီကြီးပင်။ ထို့နောက် အားလုံး၏ ကဒ်များအား ပြသလာသည့်အခါမှာတော့ ပုံမှန်ဆို အပွင့်အကြီးဆုံးဟု ယူဆ၍ ရနိုင်သော ဇေရဲ၏ ကဒ်များကြောင့် ဝိုင်းထဲမှ အခြားသူများဟာ စိတ်ပျက်လက်ပျက်နှင့် ကဒ်များအား ပစ်ချလာလေတော့သည်။

*ဟာကွာ! သွားပါပြီ !*

*ဟဲဟဲ *

ထိုအခါ ဇေရဲဟာ ခပ်နောက်နောက်လေး ရယ်ကာ chip ပြားများအား သိမ်းယူရန် ပြင်လေသည်။ သိူ့သော် ရုတ်တရက် ဝိုင်းအလည်သို့ ချပြလာသည့် ကဒ်များကြောင့် တစ်ဝိုင်းလုံးဟာ ထိုလူ့ထံသို့သာ ကြည့်လာကြလေသည်။ ထိုအခါမှ ရွှေရောင်မျက်မှန်ကိုင်းအောက်က မျက်လုံးများဟာ ပြုံးရောင်သန်းသွားလေတော့သည်။

*ဆန္ဒမစောနဲ့ဦးလေ ချာတိတ်!*

ထိုလူ၏ စကားကြောင့် သူ့သူငယ်ချင်း ဇေရဲ၏ မျက်နှာမှာ ခံရခက်သွားကာ ရှုံ့မဲ့မဲ့ဖြစ်သွားလေတော့သည်။ ဘာ့ကြောင့်ဆို ထိုလူ၏ ကဒ်ဟာ သူ့ကို ကပ်ပြီး အနိုင်ပိုင်းသွားသည်ကိုး။

*ဟာဗျာ! ဘဲကြီးက မမိုက်ပါဘူး!*

ဇေရဲဟာ ထိုလူအား ကြည့်ကာ စူပုတ်သည့် လေသံနဲ့ ပြောလိုက်လေတော့ ထိုလူဟာ အဖြူရောင်သွားတန်းလေ‌းတွေ ပေါ်အောင် ရယ်လာလေသည်။  ထို့နောက် ထိုလူဟာ chip အပုံလိုက်အား သိမ်းယူကာ ခုံမှာပြန်ထိုင်ပြီး ဘေးက ရပ်ကာ အသင့်ရှိနေပေးသည့် ‌ကောင်မလေးများအား မျက်စိတစ်ဖက် မှိတ်ပြကာ တစ်ယောက် နှစ်ပြားဆီ ပစ်ပေးလိုက်လေသည်။  အနက်ရောင် chip ပြားတစ်ပြား၏ တန်ကြေးကပင် မသေးလှပေ။

လွှမ်း၏ အာရုံအလုံးစုံအား ထိုလူ၏ အမူအရာများက ဆွဲဆောင်လို့ထားလေသည်။ အခြားတော့ မဟုတ် ထိုလူ၏ ပုံစံဟာ သူ့လို စိတ်ကူးယဉ် ဝတ္ထုတွေ ရေးသည့် သူအတွက်တော့ လေ့လာချင်စရာကောင်းသည့် ဇာတ်ကောင်လို ခံစားရသောကြောင့်ပင် ဖြစ်လေသည်။

တောက်!

သို့သော် ရုတ်တရက် သူ့ရှေ့သို့ အပြာရောင် chip ပြားလေး တစ်ပြားကျလာသောအခါ လွှမ်း မျက်ခုံးကို အသာပင့်လိုက်မိသည်။

*မင်းကိုယ့်ကို ကြည့်လို့ဝပြီလား?*

ထိုလူဟာ လက်ထဲက whiskey ခွက်အား ဟန်ပါပါလှည့်ကာ သူ့အား မဲ့ပြုံးလေးနှင့် မေးလာလေသည်။ ထိုအခါ ဇေရဲတို့ကပါ သူ့အား ဘာလဲဆိုသည့် အကြည့်များနှင့် ကြည့်လာသောအခါ လွှမ်း အသာပြုံးပြလိုက်လေသည်။

*Sorry ပါ။ ရိုင်းပြလိုတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ပါဘူး *

လွှမ်း၏ အပြောကြောင့် ထိုလူဟာ ဟက်ကနဲတစ်ချက် ရယ်လာလေသည်။ ဒီလူ အပြုံးကအစ တကယ် လှသည့် လူပင်ဖြစ်လေသည်။ သို့သော် ထိုအပြုံးက ထောင့်တော့သိပ်မကျိုးလှပေ။

*Wow~ ဒီနေ့ ငါ့ရုံတော့ VIP တွေအပြည့်ပါလား?*

ထိုအခါ လေထုအနည်းငယ် ထူးဆန်းနေသည့် သူတို့၏ ဝိုင်းဆီသို့ လျှောက်လာသော လူတစ်ယောက်ကြောင့် သူ ထိုလူအား ကြည့်ကာ နှုတ်ဆက်သည့်အနေနှင့် မေးဆတ်ပြလိုက်လေသည်။

ထိုအခါ ဤ club ပိုင်ရှင်ဖြစ်သူ ကိုမျိုးအောင်ဇင်ဟာ သူ့အား ခေါင်းငြိမ့်ကာ ပြန်နှုတ်ဆက်ကာ ဘေးက ဇေရဲ၏ ဆံပင်အား သွားဖွလေသည်။

*ဒီနေ့လည်း ရှုံးပြန်ပြီလား Bae* 

ထိုအခါ ရှုံးညစ်ညစ်နေသည့် သူ့သူငယ်ချင်း ဇေရဲဟာ ထိုအစ်ကို၏ လက်အား ပုတ်ထုတ်ပစ်ကာ ဘုတောလာလေသည်။

*အဲ့တာ ဘဲကြီးရဲ့ သူငယ်ချင်းကြောင့်လေ။ အလကား ကျွန်တော်တို့ကို ညှပ်ချတာ *

ဇေရဲ၏ ဆူပုတ်ပုတ်စကားကြောင့် သူ့ချစ်သူဖြစ်တဲ့ ကိုမျိုးအောင်ဇင်ဟာ ထိုမျက်မှန်ပိုင်ရှင် အမျိုးသား၏ လက်မောင်းအား ခပ်ဖွဖွထိုးကာ ရယ်လာလေသည်။

*ဟက်ရောင် သားကြီး။ မင်းကလည်း ငါ့ကလေးကို ညှာညှာတာတာဆော့ပါကွ!*

*ကလေးဆို လူကြီးဝိုင်းထဲ လာမဆော့ခိုင်းနဲ့ပေါ့ကွ! ဟက်!*

ထိုလူ၏ စကားကြောင့် လွှမ်း အသာလေးပြုံးလိုက်မိလေသည်။ ဒီလူ အကြောတော့ တော်တော်တင်းမည့် ပုံပင်။

*ကဲပါကွာ! ကလေးကို သွားစမနေ‌နဲ့တော့ ။ ဟိုမှာ အခန်းထဲမှာ ဘော်ဒါတွေ စုံနေပြီ မင်းကို စောင့်နေကြတယ် *

*အေးပါကွာ။ ငါလာ...*

ထိုလူ၏ စကားပင် မဆုံးသေး ရုတ်တရက် တုန်ခါလာသည့် ဖုန်းအား ထိုလူဟာ ထုတ်ကြည့်လိုက်သည့်အခါ ခုဏကအထိ ဘယ်ခွေးမှ လူမထင်သည့်အကြည့်များဟာ ရုတ်တရက်  အဓိပ္ပာယ်တစ်မျိုး ပြောင်းသွားသည့်  အကြည့်ကြောင့် လွှမ်း ပို၍ စိတ်ဝင်စားသွားလေသည်။ ခုဏကအထိ အကြောတင်းသည့် ခပ်လန်းလန်း ဘဲကြီးအား ဖုန်းတစ်ကောနဲ့တင် ယုန်ကလေးလို အကြည့်များ ပြောင်းသွားစေနိုင်လောက်သည့် သူဟာ မည်သူပါနည်း။ သို့သော် ထိုလူ၏ အကြည့်များ ပြောင်းသွားသည်ဟာ ခဏသာပင်။ ချက်ချင်း မျက်နှာအမူအရာအား ပြန်တည်လိုက်သည့်အခါ ခုဏကလို ခပ်လန်းလန်းဘဲကြီးပင် ပြန်ဖြစ်သွားလေတော့သည်။

*အဟမ်း! ငါ... အလုပ်ကိစ္စ ပေါ်လာလို့ကွာ! သွားရတော့မယ်ကွ။ ဟိုကောင်တွေကိုလည်း နောက်မှ‌လို့ ပြောပေးဦး *

ထိုလူ၏ အပြောအား ကိုမျိုးအောင်ဇင်ဟာ မဲ့ပြုံးလေးနှင့် တုံ့ပြန်လာလေသည်။

*ရည်းစားက ပြန်ခေါ်ရင် ခေါ်နေတယ်မပြောဘူး။ ဘာ အလုပ်လာ အကြောင်းပြနေတာလဲကွ!*

ထိုလူဟာ ကိုမျိုးအောင်ဇင်၏ စကားအား ပြန်၍ပင် ချေပ၍ မအားတော့သည့် ပုံပင်။ ခုံအနောက်က coat အား ဆွဲယူဝတ်ကာ အလျင်လိုစွာပင် ခုံကနေထသွားလေတော့သည်။ သို့သော် မသွားခင်တော့ ရအောင် ခနဲ့သွားလိုက်သေးသည်။

*ငါထူးမြတ်မောင်ကွ! ရည်းစားကို ကြောက်စရာလား ! ရာဇဝင်ရိုင်းချက်!*

ထို့နောက် chip များပိုပင် မလဲနိုင်တော့ဘဲ ခပ်သွက်သွက်ထွက်သွားသည့် ထိုလူ၏ ကျောပြင်အား လွှမ်း မျက်စိဆုံးတဲ့အထိ လိုက်ကြည့်နေလိုက်မိလေသည်။

*ဟက်ရောင် ဟိုက ပိုင်ရှင်ကြီးနဲ့နော် *

သူ၏ အာရုံများဟာ ဘေးကနေ ကပ်ကာပြောလာသည့် ဇေရဲ၏ စကားကြောင့် လွှမ်း လက်ရှိသို့ ပြန်၍ ဆွဲခေါ် ခံလိုက်ရတော့သည်။ ထိုအခါ သူ အသာပြုံးကာ ...

*စိတ်ဝင်စားစရာကောင်းလို့ ကြည့်တာပါကွာ။ မင်းသိပါတယ် ငါ့အတွက်တော့ အရာရာတိုင်းက ကုန်ကြမ်းတွေပဲဆိုတာ *

ထိုအခါမှသာ ဇေရဲက သူ့အား ခေါင်းငြိမ့်ကာ ဟုတ်ပါပြီဆိုသည့် အကြည့်များနှင့် ကြည့်လာလေတော့သည်။

*ဒါနဲ့ မင်းဆော့ဦးမှာလား ဟက်ရောင်? ငါတော့ ဒီနေ့ထပ်ဆော့ရင် ငါ့ဘဲကြီး ပွားတော့မယ်ကွ!*

သူ ဇေရဲ၏ စကားအား အဖြေပြန်မပေးခင် ခဏတော့ စဉ်းစားလိုက်လေသည်။ ဘာလို့ဆို သူ့ခေါင်းထဲ ခဏခဏ ကိုစေ့ကို တွေးမိနေသောကြောင့်ပင်။ သူ တကယ် ကာစီနိုဆော့တာသာ မိသွားရင် မလွယ်လောက်ပေ။ သို့သော်လည်း သူအခုပင် ဝိုင်းမှာ ထိုင်နေပြီ မဟုတ်ပါလား။ ကြည့်ပြီးမှ ပြန်လိုက်လျှင် မတန်တော့သလို ခံစားရလေသည်။ ထို့ကြောင့် နောက်ဆုံးမှာတော့ အရမ်းမတွေးချင်တဲ့ အတွက်ကြောင့် မျက်စိရှေ့မှာ ရှိနေတဲ့ အရာကိုသာ အရင်လုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။ နောင်ခါလာ နောင်ခါဆေးပင်။

*ဆော့မှာပေါ့ကွ။ နေဦး ငါ chip သွားလဲလိုက်ဦးမယ် *

ထို့နောက် သူ Counter ၌ သိန်း ၅၀ ဖိုးလောက်ကို chip နှင့် သွားလဲလိုက်ကာ ဝိုင်းတစ်ဝိုင်း၌ ဝင် join လိုက်လေတော့သည်။

သူ့အနေနဲ့တော့ ဟိုစပ်စပ်ဒီစပ်စပ်သာ သိပေမယ့် ဖဲဆော့တာလည်း အကျွမ်းကြီးမဟုတ်တာမို့ ပွဲအတော်များများမှာ သူ့ဘက်ကကြီး ပါသွားခဲ့တာပင် များ၏။ သို့သော် ဆော့လေဆော့လေ ပိုပြီး မထချင်အောင် ဆွဲဆောင်နေတာမို့ လွှမ်း သဘောတကျနှင့်ပင် စိတ်နှစ်ကာ ဆက်ဆော့နေလိုက်လေသည်။ ထိုအခါ ငွေကိုငွေနှင့်လိုက်သည်ဟုပဲ ဆိုရမလား၊ ဘေးကမြှောက်ပေးနေသည့် ဇေရဲကြောင့်ပါ သူ နောက်ထပ် သိန်း ၃၀ ကို chip အနေနဲ့ လဲလိုက်ကာ ဆက်ဆော့လိုက်တော့ တဖြည်းဖြည်းနဲ့ သူ့ဘက်ကနေ ပြန်နိုင်လာသည့် အခါလည်း ရှိလာလေသည်။

ဒူ~ ဒူ~

သို့သော် ပွဲကောင်းနေသည့် အချိန်မှာပင် သူ့ jacket ထဲမှ ဖုန်းဟာ တုန်ခါလာတာမို့ သူထုတ်ကြည့်လိုက်တော့ Ben ဆီမှ ဖြစ်နေသဖြင့် ပထမတစ်ခေါက်တော့ လွှမ်း ဖုန်းကို ချလိုက်လေသည်။ သို့သော် သကောင့်သားက လက်မလျော့၊ ချက်ချင်း ထပ်ခေါ်လာသည့်အခါ သူ ကဒ်အား ဇေရဲထံပေးကာ ဖုန်းကိုယူပြီး စားပွဲနှင့် ခပ်လှမ်းလှမ်း ထောင့်တစ်နေရာသို့ သွားလိုက်ရလေတော့သည်။

*ပြော *

*လွှမ်း ငါ့ကို xx club မှာလာခေါ် *

*မင်း မန်နေဂျာနဲ့ လူမှားဆက်နေတာလား Ben *

လွှမ်း အာလေးလျှာလေးနှင့် သူ့အား ရစ်နေသည့် သကောင့်သားကြောင့် ပြန်ကာ ဘုတောလိုက်လေသည်။ ဒီကောင် သူဖြစ်ချင်တိုင်း အတင်းလိုက်ပူဆာလိုက်ရမှ။

*မမှားဘူး ဟက်ရောင်။ မင်းက ငါ့အချစ်ဆုံးလေး လွှမ်း ! ဟဲဟဲ ငါ ဒီည နည်းနည်းများသွားလို့ မှောက်နေပြီ လာခေါ်လှည့်!*

နောက်ကနေ ဆူညံနေသည့် သီချင်းသံတွေကြားကနေ တစ်စတစ်စထွက်လာသည့် Ben ၏ အသံကြောင့် ဒီကောင် ဒီည ပွေးနေပြီမှန်း သူသိလိုက်တော့သည်။ အမြဲ ကိုစေက သူတို့အား လူမှန်းသူမှန်း မသိသည်အထိ သောက်တာမကြိုက်ပေ။ အားလုံးဟာ media ရှေ့ကလူတွေမို့ နာမည်ပျက်ရှိလာလျှင် မကောင်းဟု အမြဲ ပြောတတ်ပေသည်။

*အေး ငါတော့ လာမခေါ်ဘူး။ ကိုစေ့ကိုပဲ မင်း ဖုန်းဆက်ခေါ်လိုက်လေ။ အဲ့တာမှ တစ်ခါတည်း အမူးပြေတာပေါ့*

လွှမ်း အမြင်ကပ်ကပ်နှင့် ပြောလိုက်တော့ သကောင့်သားဟာ အရူးလို ရယ်လာလေသည်။ ထို့နောက်မှ အာလေးလျှာလေးအသံနှင့် သူ့အား ပြန်ပြောလာလေသည်။

*ဒါဆို တစ်ခါတည်း မင်းကိုပါ ကာစီနိုရုံမှာ လာဝင်ခေါ်ခိုင်းလိုက်မယ်လေ ဟွန်း!*

*ဘာကွ! မင်း ဘယ်လို...*

လွှမ်း သူဘယ်မှာ ဘာလုပ်နေလဲကအစ သိနေသည့် Ben ကြောင့်  အနည်းငယ်တော့ အံ့ဩမိသွားလေသည်။

*ဇေရဲက မင်းတစ်ယောက်ထဲကို ခေါ်တယ် ထင်လို့လားကွ! ငပေါကောင်*

အခုမှသာ အဓိက လက်သည်ကို သိပြီမို့ လွှမ်း ခပ်လှမ်းလှမ်းဝိုင်းက ဇေရဲဆိုသည့် အမြင်ကပ်စရာကောင်အား လှမ်းကာ မျက်စောင်းထိုးမိလေသည်။ သူမေ့သွားသည်က ဇေရဲဟာ သူ့သူငယ်ချင်းဆိုသော်လည်း Ben နှင့် တက္ကသိုလ်တက်စဉ်တုန်းက မေဂျာတူ သူငယ်ချင်းဆိုတာကိုပင်။ ထို့ကြောင့် အချင်းချင်း အကြပ်ကိုင်လို့ရနေသည့် အခြေ‌အနေမှာ သူတို့ အချင်းချင်းပဲ ဖြေရှင်းလိုက်တာ ကောင်းသည်ဟု သူထင်မိလေသည်။ မဟုတ်လို့ ဒီနေ့ သူတို့ နှစ်ယောက်လုံး ကိစ္စကို ကိုစေသာ သိသွားပါက သူတို့ ဘဝတော့ မတွေးရဲစရာပင်။

*မင်း အဲ့မှာ တစ်စက်မှ မလှုပ်ဘဲ နေနေစမ်း! ငါလာခေါ်မယ်*

နောက်ဆုံးမှာတော့ အရက်မသောက်ထားသည့် သူကပဲ ကမန်းကတမ်းထထွက်လာရကာ ငမူးကောင် ရှိနေသည့် bar သို့ သွားရလေ‌သည်။ Vegas ကမထွက်လာခင်လည်း လျှာရှည်သည့် ဇေရဲဆိုသည့်ကောင်အား နရင်းတစ်ချက် အုပ်ပေးခဲ့လိုက်သေးသည်။

ထို့နောက် သူ၏ ပြိုင်ကားလေး xx bar ဆီရောက်သောအခါ အဝင်ဝ၌ သူ့အား Ben ၏ မန်နေဂျာဖြစ်သူ Mickey ဟာ သူ့အား လာစောင့်ကြိုနေလေသည်။

*လွှမ်း ရောက်လာတာ အတော်ပဲ။ Mickey တို့လည်း ထိန်းမနိုင်တော့ဘူး *

ချွေးပင်စို့ကာ ပြာနေသည့် မန်နေဂျာဖြစ်သူအားကြည့်ကာ Ben တစ်ယောက် အတော်လေး သောင်းကျန်းထားမှန်း သိသာလှပေသည်။ ထို့ကြောင့် Mickey ဦးဆောင်ပြီး ခေါ်သွားသည့် VIP ခန်းများဆီသို့ ရောက်သွားသည့်အခါ ရုတ်တရက် တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် လွှမ်းပင် ခဏ ကြောင်ကာ ရပ်နေမိတော့သည်။

မျက်စိတစ်ဆုံး ကျယ်သည့် အခန်းထဲ၌ တစ်ခန်းလုံးလည်း ရစရာမရှိအောင် သောင်းကျန်းထားကြကာ ဆိုဖာပေါ်မှာ၊ ကြမ်းပြင်ပေါ်မှာ၊ bar counter ပေါ်မှာ စသည့်စသည့် နေရာများ၌ အတုံးအရုန်း ကွဲပြဲနေကြသည့် ‌သူနှင့် ရွယ်တူ ကောင်လေး၊ကောင်မလေးများ။ အဲ့တာထပ် အားလုံးဟာ သူ ဖန်သားပြင်မှာ မြင်ဖူးနေကြ ပြည်သူ့အချစ်တော် idol များဆို ပိုမှန်ပေမည်။ အခုတော့ စိတ်ကြိုက်သောင်းကျန်းကာ မောလို့ထင်၏ ၊ အိပ်နေကြသည်မှာ မြင်မကောင်းပေ။ ထို့အပြင် သူရှာနေသည့်သူကို မတွေ့ရတာမို့ လွှမ်း ဘေးက Mickey အား မေးဆတ်ပြလိုက်လေတော့ အနည်းငယ် စိုးထိတ်နေသည့် အကြည့်များနှင့် သူ့အား တစ်နေရာသို့ ညွှန်ပြလာလေသည်။

လွှမ်း Mickey ၏ လက်ညှိုး ညွှန်သည့်အတိုင်း လိုက်ကြည့်လိုက်သည့်အခါ indoor pool ၏ အလည်တည့်တည့်၌ ရေပေါ်အိပ်ယာဖော့ပေါ်၌ ခြေလက်၊ကားယားနှင့် ဝိုင်ပုလင်းကို လက်မှာပိုက်ကာ အိပ်နေသည့် သကောင့်သားအား တွေ့လိုက်ရလေသည်။ သို့သော် သကောင့်သားက တစ်ယောက်ထဲမဟုတ်ပေ။ လက်တစ်ဖက်တစ်ချက်ဆီမှာ ကောင်လေးတစ်ယောက် ၊ကောင်မလေးတစ်ယောက်စီ ဝန်းရံထားကာ တကယ့် စည်းစိမ်ခံစားနေသည့် အတိုင်းပင်။

*What the F!*

လွှမ်း စိတ်ပျက်စွာပင် တစ်ချက် ဆဲရေးမိလိုက်လေသည်။ သူပွေးသည်ဆိုတာ ဒီကောင်၏ ခြေဖျားတောင် မမှီပေ။ အခုများတော့ ဖြစ်ပျက်နေလိုက်ပုံများ။ ကိုစေသာ ဒီပုံအား မြင်လျှင် ချက်ချင်း သွေးတက်သွားနိုင်လောက်ပေသည်။ 

ထို့ကြောင့် သူလည်း အမြင်ကပ်ကပ်နှင့်ပင် ရှားပါးသည့် အခွင့်အရေးအား လက်လွှတ်မခံပဲ ဓာတ်ပုံရိုက်ယူထားလိုက်ကာ အရင်ဆုံး သိမ်းထားလိုက်လေသည်။ ထို့နောက်မှသာ သူကိုယ်တိုင် ရေကူးကန်ထဲဆင်းကာ ငပွေးကောင်အား အတင်းခေါ်လာရလေတော့သည်။ ဒါတောင် ဒင်းက မလိုက်ချင်၊ အတင်းရုန်းကန်နေသေး‌သည်။

*ဘယ်က ကောင်လဲ! ဖယ်စမ်း! မလိုက်ဘူး။ ဒါ ငါ့အိပ်ယာ!*

ရေပေါ်က ဖော့ပေါ်မှာအိပ်နေပြီး သူ့အိပ်ယာလုပ်နေသည့်ကောင်အား လွှမ်း နရင်းတစ်ချက် ပိတ်အုပ်ပစ်လိုက်လေသည်။

*အ့! မင်းက ဘာကောင်မို့ ငါ့ကို လာရိုက်တာလဲကွ! စောက်ပြသာနာ တက်သွားချင်လား!*

လူကသာ မူးပြီး မျက်လုံး မပွင့်သော်လည်း အကြောကတော့ တင်းနေတုန်းမို့ လွှမ်း နောက်ဆုံး အကွက်အား ထုတ်သုံးလိုက်‌ကာ သကောင့်သားအား နှစ်ကိုယ်ကြား ပြောလိုက်လေသည်။

*ငါ ခန့်ညားစေပဲ။ မကျေနပ်တာရှိလား?*

*ဟမ်? ကိုကို! *

ကိုစေ၏ နာမည်ကြားမှသာ အလန့်တစ်ကြားနှင့် သူ့ပါးစပ်သူလက်‌နဲ့အုပ်ကာ လူလိမ်မာလေးလိုလုပ်ကာ သူဆွဲခေါ်ရာနောက် ပါလာလေတော့သည်။ နောက်ဆုံးတော့ သကောင့်သားအား အောင်မြင်စွာ ကုန်းပေါ်သို့ ပြန်တင်အပြီးမှာ သူလည်း တစ်ကိုယ်လုံး စိုရွှဲကာ ၊ မောဟိုက်နေပြီ ဖြစ်လေသည်။

သို့သော် ဒီအမူးသမားအား ထိန်းကာ သူဘယ်လိုမှ ဒီ club ထဲကနေ ပုံမှန်လူတွေလို ဘယ်လိုမှ ထွက်လို့ရမှာ မဟုတ်ပေ။ ထို့ကြောင့် သူ့မန်နေဂျာဖြစ်သူ Mickey ကိုပဲ အကူအညီတောင်းကာ ဤ bar ၏ private car parking မှာ သူ့ကားကိုယူကာ လာစောင့်ပေးရန် ပြောလိုက်ရလေတော့သည်။

ထို့နောက် Ben စီးနေကြကားဆိုလျှင် ပါပါရာဇီတွေက သိတာမို့ သူကပဲ သူ့ ပြိုင်ကားလေးပေါ်သို့ တင်ကာ ပြန်ခေါ်သွားရလေတော့သည်။ သို့သော်လည်း သကောင့်သား နေသည့် ကွန်ဒိုသို့ ပြန်ပို့လို့ကလည်းမရပေ။ အမြဲ ကွန်ဒိုနားမှာ အသင့် စောင့်နေကြသည့် ပါပါရာဇီတွေလက်ထဲသာ ဒီကောင် ပလပ်ကျွတ်နေသည့်ပုံကို မိသွားပါက ဒီကောင်တော့ အတော်လေး ဒုက္ခများရပေလိမ့်မည်။ ထို့ကြောင့် တော်ရုံဆို ဘယ် သူစိမ်းမှ ခေါ်လေ့မရှိသည့် သူ၏ သီးသန့်အိမ်ကိုပဲ ခေါ်လာရတော့သည်။

သူ့မှာ အိမ်ထဲရောက်တော့လည်း အပေါ်ထပ်အထိတက်ရန် လှေကားအရှည်ကြီးအားကြည့်ကာ စိတ်ပျက်သွားသည်မို့  အမူးသမားအား အောက်ထပ်က ဆိုဖာပေါ်မှာသာ ပစ်ချထားလိုက်လေတော့သည်။

*ဟူး!*

‌ထို့နောက်မှသာ သူလည်း ခြေပစ်လက်ပစ်နှင့် ဆိုဖာတစ်ခုံပေါ်၌ ဝင်ထိုင်ကာ အမောဖြေလိုက်ရလေတော့သည်။ သူ့မှာ ည ၇ နာရီလောက်ကအထိ အေးချမ်းနေရာကနေ လျှာရှည်ကာ လောင်းကစားလုပ်မိရာကနေ အခုတော့ အမူးသမားကိုပါ ထိန်းရသည့် အဆင့်ရောက်သွားခဲ့ရလေပြီ။ အဲ့တာတင် မပြီးသေး Mickey က သူ့အား မှာလိုက်သေးသည်။ မနက်ဖြန် နေ့လည်ဘက် schedule ရှိတာမို့ Ben ကို သေချာလေး နှိုးပေးဖို့ပင်။

နောက်ဆုံးတော့လည်း လွှမ်းကပဲ စိတ်လျော့လိုက်ကာ စတိုခန်းမှ ခေါင်းအုံးနှစ်လုံးနှင့် စောင်နှစ်ထည်ကိုယူကာ သူသည်လည်း တစ်ဖက် ဆိုဖာခုံရှည်မှာသာ ဝင်အိပ်လိုက်လေတော့သည်။ မျက်လုံးမှိတ်ထားရင်းလည်း ယနေ့ သူ ကြုံတွေ့ခဲ့ရသည့် ကုန်ကြမ်းများကို တစ်ခုချင်းစီ စီစစ်နေလိုက်တော့သည်။

>>>>>>>>>>>>>>>>>>>>>T.B.C

A/N

ရှင်တို့ အချစ်တော်ကြီးက တစ်ယောက်ထဲဆို Sugar Daddy ကြီးပါနော် ဟွန့်!

မောင်တို့ fic ဖတ်ထားတဲ့သူဆိုရင် ဒီကာစီနိုအပိုင်းပြီးတဲ့အခါ ဘယ်အပိုင်းလာလဲဆိုတာ မှတ်မိမယ်ထင်ပါတယ်။ hehe

#Lily
#4489words
#10.2.24

Continue Reading

You'll Also Like

623 105 7
Story line - Married life plot - 90s vibe Character - Chanyeol & Baekhyun Sehun & luhan Chen & lay ...
10.7M 249K 60
𝐅𝐫𝐨𝐦 𝐄𝐧𝐞𝐦𝐢𝐞𝐬 𝐭𝐨 𝐋𝐨𝐯𝐞𝐫𝐬 Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...
570K 30.7K 19
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
2.1M 126K 44
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...