"ပါး.."
perth တစ်ယောက်ဆေးရုံမှာညမှောင်နေတော့ အခန်းကျယ်ကြီးထဲတစ်ယောက်တည်းဂိမ်းဆော့ရန်ပြင်နေသော်လည်းအခန်းထဲဝင်လာသော သူကြောင့် အံသြမိသွားသည်။
ဆေးရုံတတ်တည်းက အခုထိလာမကြည့်ဖူးသေးတဲ့အဖေက ရောက်လာတော့လည်း ညကြီးအချိန်မတော်ပင်။
"သက်သာသွားပြီလား"
"မသေရင်ရပြီမှတ်လား"
perth အကြည့်လွဲလိုက်ပြီး ဖုန်းကိုသာပြန်အာရုံစိုက်လိုက်သည်။
"မင်းသက်သာရင်ဆေးရုံဆင်းလို့ရပြီ။ စာမေးပွဲအတွက်ပြင်ဆင်ရအုံးမယ်"
"ဖြေချင်စိတ်မရှိဘူး အချိန်တန် ဘွဲ့ရမှာပဲ။ မရလဲပါး ကုမ္နဏီ ကိုဦးဆောင်ရမှာပဲ။ ဘာမှမမျော်လင့်နဲ့"
"မင်းငါ့ကိုစကားကောင်းကောင်းပြောစမ်း"
"ပြောချင်စိတ်လဲမရှိဘူး"
"မင်း!"
အဖေကဆက်ပြောဖို့ပြင်ပေမဲ့ perth ဖုန်းကထွက်လာတဲ့ ဂိမ်းသံကြောင့် စကားစပျောက်သွားပြီး သူလဲမပြောတော့ပဲ ဆူရှီတွေကိုသာ စာပွဲပေါ်တင်နေတော့၏။
"ငါမင်းအတွက် ဆူရှီဝယ်လာတယ်"
ထိုစကားကြောင့် perth သူ့အဖေကိုအလိုမကျသလိုတချက်လုမ်းကြည့်လိုက်ပြီး ဖုန်းစီပြန်အကြည့်ပြောင်းလိုက်သည်။
"မင်းမကြိုက်လို့လား"
"....."
"perth..ငါညစာဝယ်လာတယ်"
တိတ်ဆိတ်ခြောက်ကပ်နေတဲ့ထိုအခန်းထဲ ဝင်လာသူက perth ကိုပြုစုပေးနေတဲ့ chimon ပင်။
"အာ..ဦးလေးမင်္ဂလာပါ"
perth အဖေကိုမြင်တော့ လက်ခုပ်ချီကာနှုတ်ဆက်လိုက်ပြီး perth ဘက်ပြန်လှည့်လာကာ သူဝယ်လာတဲ့ညစာကိုစာပွဲပေါ်သွားတင်ရန်လုပ်ပေမဲ့ ဆူရှီကိုမြင်တော့ chimon ကသိကအောက်ဖြစ်သွားပုံပင်။
" ဘာဝယ်လာလဲ mon"
"ငါ..အမဲခေါက်ဆွဲဝယ်လာတာ"
"အွန်..ငါ့ကိုပေး"
mon လက်ထဲက ပုကန်ထဲမထည့်ရသေးသော ေခါက်ဆွဲထုတ်ကိုယူကာသူ့ဘာသာထည့်ပြီး စားနေပုံကို ကြည့်၍ ပါးတစ်ယောက် အံသြနေရသည်။
perth လိုလူမျိုးက အရင်ကဆိုခေါက်ဆွဲစားဖို့နေနေသာသာ သူကိုယ်တိုင်တောင်ပန်းကန်ကိုင်ဖူးတာမဟုတ်ချေ။
"မင်းဘာလို့အဲ့တာတွေစားနေတာလဲ"
အစတည်းက chimon ဟာ perth ပါးကြောင့် အနည်းငယ်နေရခက်နေသည်ကို အခုလိုထပြောတော့ chimon ကိုယ်လေးကအလိုလို perth ဘက်တိုးမိသွားလေ၏။
"ပါးဝယ်လာတာတွေ.....ရွံလို့"
perth ပြောလိုက်သောစကားကြောင့် chimon ကိုယ်တိုင်ကြောင်အမိသွားသလို သူ့ပါးကပါဒေါသတထောင်းထောင်းနှင့်ပင်။
"အာ...ဦး..ဦးလေး...အမှန်တော့ သူ့ကိုအစာပျော့တာတွေပဲစားဖို့ ဆရာဝန်မှာထားလို့ပါ"
ထိုအချိန် perth ပါးရဲ့အကြည့်တွေက chimon စီကျရောက်လာပြန်သည်။
"ပြန်တော့..လူနာလာတွေ့တာနဲ့မတူဘူး။ အသုဘလာနေသလိုပဲ"
ပြောစရာရှိရင် မချွမ်းမချန်ပြောတတ်သောသူ့အကျင့်ကိုလဲ ပြင်ရမည်။ အနည်းငယ်စိုင်းဆိုင်းတဲ့အပြောအဆိုကြောင့်သေချာပေါက် သူ့ပါးဒေါသထွက်နေမှာသိသော်လည်း မတတ်နိုင်ပါ။
"perth အဲ့လိုမပြောရဘူးလေ"
chimon အတတ်နိုင်ဆုံးတိုးပြောသော်လည်းအလုံပိတ်ထားတဲ့အဲယားကွန်းခန်းထဲမှာ ဒီလောက်တိတ်ဆိတ်နေတာကြောင့် အကုန်ကြားနိုင်သည်။
သို့သော် perth က မထင်မျက်မြင်ပြုက ခေါက်ဆွဲပဲကုန်းစားနေပြီး ပါးကတော့ဒေါသတကြီးအခန်းထဲကထွက်သွားတော့သည်။
သူ့ပါးထွက်သွားမှ အနားလာထိုင်တဲ့ chimon ဟာသူ့ကိုဆူမည်ထင်ထားပေမဲ့ မမျော်လင့်ပဲနဖူးပေါ်ကျရောက်လာတဲ့ လက်တစ်စုံကြောင့် မော့ကြည့်မိလိုက်သည်။
"ကိုယ်ပူနေတုန်းပဲလား.."
"......"
"မင်းအဖေက...မင်ဆူရှီနဲ့မတည့်တာမသိဘူးလား"
"အွန်"
chimon ဂရုနာအပြည့်နှင့်ကျန်တော့ကိုကြည့်လာပြီး နွေးနွေးထွေးထွေးပြုံးပြပြန်သည်။
"နောက်ဆို အဲ့လိုမိဘကိုမပြောပါနဲ့..မင်းအတွက်ပြောနေတာ"
"ကိုယ်လဲမပြောချင်ပါဘူးကွာ"
"ဒါဆိုမပြောနဲ့...လျစ်လျှူသာရှုထား"
"အင်း"
"မင်းကထင်သလောက်လဲမဆိုးပါဘူးနော်"
"တကယ်လား"
"မဟုတ်ဘူး"
"mon.."
"အို..နောက်တာပါ နောက်တာပါ ကလေးလေးကျနေတာပဲ"
VIP အခန်းထဲက ထွက်လာတဲ့ရီမောသံသဲ့သဲ့က အပြင်ကသူနာပြုမလေးကိုမသိမသာလေးပြုံးမိစေတော့သည်။
perth က တော်ရုံတန်ယောင် မပြုံးတတ်တာကြောင့် သူ့ကိုပြုစုပေးတဲ့သူနာပြုတချို့ရဲ့မာနကြီးသည်ဟူသောစကားသံက ခနခနနားရသည်လေ။ သို့သော် သူမြတ်နိုးရသူလေးအရှေ့မှာတော့ အမြဲရီမောနေတဲ့ကလေးလေးလို ချွဲနွဲ့နေလေ့ရှိသည်။
chimon က perth ဆေးရုံတတ်ရတာနဲ့ပတ်သတ်ပြီး သူ့ကြောင့်လို့ထင်နေတာကြောင့်အပြစ်ရှိစိတ်နှင့် ပြန်ပြေလည်ရန်ကြိုးစားနေခြင်းသာဖြစ်သည်
အချိန်ခဏလေးအတွင်းမှာ perth နဲ့ဆက်ဆံရေးကပြန်လည်တိုးတတ်လာပေမဲ့ chimon စိတ်ထဲကသံတယကိုတော့မဖျောက်နိုင်သေးတာအမှန်။
ဘာတွေပဲ ဖြစ်လာပါစေ..သူ perth ကိုမျက်စိစုံမှိတ်ပြီးယုံလိုက်ဖို့ဆုံးဖြတ်ထားမိသည်လေ။
....................
တိုသွားတဲ့အတွက် ဆော်ရီးပါနော်။ နောက်တပိုင်းပိုရှည်အောင်ရေးပေးပါ့မယ်