တစ်လက်ကိုင် အချစ်သဝဏ်လွှာ - S...
By AungPyaeLyanSoe
2.9K 212 33
တစ်လက်ကိုင် အချစ်သဝဏ်လွှာ ( ဘာသာပြန်) မူရင်းအမည် - Second Hand Love Letter ( 二手情书) မူရင်းစာရေးသူ - Han Shu (... More
ဇာတ်ကောင်တို့ ဘဝနဲ့ လောကဓံသဘော
ကျွန်တော့်မှာ ပြောစရာရှိတယ်။
အပိုင်းတစ်
2.1
2.2
အပိုင်း - ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း - ၇.၁
7.2
အပိုင်းတစ် (ZG)
2.1 (zg)
2.2 ZG
3 ZG
4 Zg
အပိုင်း ၅ ZG
6 zg
၇.၁ ZG
7.2 ZG
အပိုင်း - ၃
93 7 1
By AungPyaeLyanSoe
အပိုင်း - ၃ : မူလက လုယောင် သူ့ကို ဆွဲထုတ်‌ပေးစေချင်ရုံသာ ဆန္ဒရှိမိတယ်။
ရှန်းဝမ့်ချုံးသည် တစ်ညလုံး ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။ 'လုယောင်က သူ့ကို ပိတ်လှောင်ထားချင်နေတာလား။ ' ဆိုသည်ကို သူသိချင်နေမိသည်။ လုယောင်သည် သူအူကြောင်ကြောင်နိုင်တာကိုပင် သဘောကျနေသေးသည်။
သို့သော်လည်း သူတို့၏ ဆက်ဆံရေးသည် ပျက်စီးခဲ့ပြီးသားပင်။ တစ်ဦးနှင့် တစ်ဦး မိတ်ဆွေအဖြစ်မျှ မရှိနိုင်တော့ရုံပင်မက တစ်ဦးနှင့် တစ်ဦး သီးခြားရပ်တည်၍ အဆိုးမြင်သင့်သေးသည်။
' လုယောင် သူ့ကို ဘာလို့ ဒီနေရာကို ခေါ်လာရတာလဲ။ အဲဒါက သူ့ကို သဘောကျသေးလို့များလား။ ဒါမှမဟုတ် လုယောင်ငယ်ငယ်က အရှက်တကွဲဖြစ်ခဲ့တာတွေအတွက် သူ့ကို ပြန်ပြီး လက်စားချေချင်နေတာများလား။ ' စသည်ဖြင့် ရှန်းဝမ့်ချုံး အနုလုံ ပဋိလုံ အဖန်ဖန် ဆင်ခြင်ပါသော်လည်း အဖြေရှိမနေချေ။
ရှန်းဝမ့်ချုံး တစ်ခဏမျှ မှေးစက်ခဲ့သည်။
လုယောင်ရေချိုးခန်းခါး ဖွင့်လိုက်ချိန်တွင်တော့ သူကပျာကယာထပြီး လုယောင်ဘာလုပ်မည်ကို လိုက်‌ကြည့်လိုမိသည်။
လုယောင် မျက်နှာသစ်ပြီးနောက် ခြေဖွဖွဖြင့် အခန်းပြင် ထွက်သွားလေသည်။ 
ရှန်းဝမ့်ချုံးသည် ထလာ၍ စင်္ကြံကြမ်းပြင်တွင် ထိုင်လျက် တံခါးအား အချိန်အတော်ကြာ စိုက်ကြည့်နေမိသည်မှာ သူသာ နဂါးဆိုလျှင် ထိုတံခါး ပြာကျနိုင်ပေသည်။
' ဒီလောက်အစောကြီးကို အလုပ်သွားမို့များလား။ ငါ့ကို ဒီမှာထားခဲ့မှာလား။ ' သူအတွေးနယ်ချဲ့နေစဉ်မှာပင် တံခါးဆီမှ လော့ဖြည်သံကြားလိုက်ရသည်။
"ဒင် တင် တင်းးးးး"
ရှန်းဝမ့်ချုံးသည် လု‌ယောင် အောက်ထပ်စတိုးဆိုင်မှ နေ့လယ်စာဘူးလေး ဝယ်ပြီး ပြန်လာသည်အထိ တံခါးနားတွင် ထိုင်လျက်သားပင်။  လုယောင်သည် တံခါးနားတွင် ထိုင်လျက် အတွေးများနေသော ရှန်းဝမ့်ချုံးကို တွေ့လိုက်ရ၍ တအံ့တဩဖြင့် ခြေလှမ်းများ တန့်သွားသည်။
ရှန်းဝမ့်ချုံး ကြက်သေသေလျက်ရှိပြီး သူ၏မျက်နှာထက်၌လည်း ရှက်ရွံ့မှုများ အတိုင်းသားမြင်တွေ့နေရသည်။ လုယောင်က ယခုကဲ့သို့ သူ့အား အထက်မှ မိုးကြည့်နေဟန်မှာ မသိလျှင် ၎င်း၏ ခွေးလေးအား ငုံ့ကြည့်နေသည့် အလားပင်။
…သူ့ထံတွင် အရှက်တရားတို့ မရှိတော့သည်မှာလည်း ကြာလှချေပြီ။
ရှန်းဝမ့်ချုံးသည် သူ၏ လက်များကို မည်သို့ မည်ပုံ ထားရမည်မသိ၍ ခန္ဓာကိုယ်မှ ဖုန်များကို ဖုတ်ဖက်ခါဟန်ပြုလျက် “ မင်းပြောတော့ ကိုယ်တိုင် ချက်တာက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆို။ အခုကျ ဘယ့်နှယ် အသင့်စားတွေ ဝယ်စားနေရတာလဲ။ ”
လုယောင်သည် ဧည့်ထဲသို့ လျှောက်သွား၍ လက်ထဲမှ ပလတ်စတစ်အိတ်လေးအား ချလျက် " မင်းက အိပ်နေတုန်းဆိုတော့ ကိုယ်ဟင်းချက်တဲ့ အသံပလံကြောင့် မင်းနိုးလာမလားလို့လေ။ မင်းက အတော်လေး ပင်ပန်းနေတာဆိုတော့ နေ့လယ်လောက်ထိ မနိုးလောက်ဘူးထင်လို့ ကိုယ်မင်းစားဖို့ သွားဝယ်လာတာ။  အခု မင်းနိုးလာပြီဆိုတော့ ကိုယ် စာ(note)ချန်ခဲ့စရာ မလိုတော့ဘူးပေါ့။ ” ဟု ဆိုလေသည်။
ရှန်းဝမ့်ချုံးသည် လု‌ယောင်နောက်မှ ကပ်လျက်ဝင်လာ၍ ထူးဆန်းစွာပင် သူ၏ ဦးနှောက်က ထက်သန်စွာ အလုပ်လုပ်လျက်  “
ငါအောက်ထပ်ကို ဆင်းဖို့ လုပ်သေးတယ်။ ဒါပေမဲ့ ဓာတ်လှေကားက အခန်းကတ်နဲ့မှ ဖွင့်လို့ရမှာမို့ အောက်ကို ဆင်းမရဘူး ဖြစ်နေတာ။ မင်းသာမရှိရင် ငါဘယ်မှကို သွားမရပါဘူးကွာ။ " ဟု မချင့်မရဲဆိုလေသည်။
လုယောင်သည် သူ့ထံသို့ အကြည့်ပို့လျက် " အာ။ ဓာတ်လှေကားရဲ့ ညာဘက်မှာ တံခါးတစ်ပေါက်ရှိတယ်လေ။ အဲဒါအရေးပေါ်လှေကားပဲဟာကို။  ' ဟု ပြောလေသည်။
“…” ရှန်းဝမ့်ချုံး သူ၏ လက်ချောင်းများအား ဘောင်ဘီအိတ်ကပ်ထဲသို့ ထိုးဖွက်မိသည်။
ရှန်းဝမ့်ချုံးသည် သူ၏ နမော်နမဲ့ ဆန်မှုအား ရှက်ရွံ့နေဆဲမှာပင် လုယောင်က စာကြည့်ခန်းထဲသို့ ဝင်၍ တစ်ခဏအကြာ၌ ပြန်ထွက်လာကာ သူ့အား အခန်းသော့အပိုကို ပေးလေသည်။  “အရင်ဆုံး ဒါကိုပဲ ယူထားလိုက်။ ကိုယ့်ဆီမှာ နှစ်ကတ်ပဲ ရှိတော့ မပျောက်စေနဲ့နော်။ တံခါးနဲ့ လျှို့ဝှက်နံပါတ်က  xxxxxx.”
ရှန်းဝမ့်ချုံး အခန်းကတ်အား ယူထားလိုက်သည်။
လုယောင်က ခင်မင်းရင်းစွဲ အသံဖြင့်ပင် " မင်းအိပ်ချင်သေးတာလား။ မင်း ဆက်မအိပ်တော့ဘူးဆို ကိုယ်မင်းအတွက် မနက်စာပြင်ပေးမယ်။ ဒါပေမဲ့ စားပြီးရင်တော့ ကိုယ်အလုပ်သွားရမယ်။ " ၎င်း၏ ကမ်းလှမ်းချက်မှာ သူ့အတွက်တွေးပေးထားမှန်း ပေါ်လွင်ချေသည်။  မသိလျှင် သူတို့မှာ မိတ်ဆွေအရင်းချာကြီးများကဲ့သို့ပင်။
လုယောင်သည် တကယ်ပင် ပေါက်စီများကို ပေါင်း၍ ထိုထဲမှ တစ်ဝက်အား ၎င်းစားလေသည်။ စားပြီးသည့်နောက် ဝတ်စုံပြည့်ဖြင့် ထွက်သွားလေသည်။ ၎င်းသည် ရှန်းဝမ့်ချုံးကို တစ်ယောက်တည်းထားသွားသည့်အပြင် မည်သည်မျှလည်း မပြောသွားချေ။ ထို့ကြောင့် ရှန်းဝမ့်ချုံး တံခါးဖွင့်ကာ အပြင်ထွက်လာခဲ့လိုက်သည်။ ညာဘက်ကို ကြည့်လိုက်သည့်အခါ ကော်ရစ်တာတစ်ရှိပြီး တံခါးလည်းမပိတ်ထားပေ။ လုယောင်ပေးထားသော အခန်းကတ်ဖြင့် ဓာတ်လှေကားသုံးကြည့်လိုက်သည်။
သူ့အပြုအမူကို သတိပြုမိသွားပြီး မျက်လုံးလည်ကာ “အရူးလိုပဲ။” ဟုရေရွတ်မိ၏။ သူအောက်ထပ်တွင် အေးအေးလူလူပင် လမ်းလျှောက်အပန်း‌ဖြေနေမိသည်။  အိမ်နီးချင်းများနှင့် ပတ်ဝန်းကျင်မှာ ကောင်းမွန်လှသည်။ ထို့အပြင် သစ်ပင်များမှာလည်း ဟိုတစ်စု သည်တစ်ပင် နည်းနည်းနှင့် ကျဲကျဲ ပေါက်ရောက်နေပေ၏။ အဒေါ်အရွယ်များနှင့် အဘွားအရွယ်များကလည်း ယင်းတို့၏ သား၊ သမီး၊ မြေး၊ မြစ်များနှင့်အတူ အပြင်သို့ထွင်ကာ နံနက်ခင်းအစော၌ နေပူဆာလှုံနေကြ‌လေသည်။ ကလေးများ၏ ပူပင်မှုမရှိ ရယ်မောပျော်ရွှင်နေကြပုံကို သူအကြောင်သား ငေးကြည့်နေမိပေ၏။
သူ‌ယောင်နနဖြင့်ပင် ရှေ့ဆက် လျှောက်နေမိသည်။ တောအုပ်ကလေးကို ကြည့်ရန် သွားရာတွင် ခွေးလေးတစ်ကောင်ကို တွေ့လိုက်ရသည်။ အနှီခွေးလေးမှာ Pekingese အမျိုးအစားဖြစ်ပြီး ပိုင်ရှင်မဲ့ဖြစ်ဟန်ရှိသည်။ ထိုခွေးလေးသည် မည်မျှကြာကြာထိ ခြေဦးတည့်ရာ လှည့်လည်နေခဲ့ရသည်မသိ  ခွေလေး၏ အမွေးအမှင်များမှ ကြည့်ပျော်ရှုပျော်ရှိမနေချေ။ ထို့အပြင် ယင်း၏ ခန္ဓာကိုယ်မှာလည်း အလွန့်ကို နံစော်လှပေသည်။ ခွေးကောင်နှင့် လူတစ်ယောက်တို့ အကြည့်ချင်းဆုံမိကြသည်။ ရှန်းဝမ့်ချုံး သူနှင့် အခြေအနေချင်း အင်မတန်တူညီလှသည့် ခွေးလေးကို ကိုယ်ချင်စာ သနားသလိုလို ဖြစ်မိသည်။  သို့သော် Pekingese ခွေးငယ်လေးမှာတော့ သူ့ကို သတိဖြင့် ခပ်စိမ်းစိမ်းကြည့်ကာ ခြိမ်းခြောက်ဟန် မာန်ဖီသံများပင် ထုတ်လွှင့်နေသေးသည်။  
ရှန်းဝမ့်ချုံး ခပ်ထေ့ထေ့ပြုံးရင်း “ ဘာလို့ အဲလိုရန်လိုနေတာလဲ။ ငါတို့က ကံတူအကျိုးပေးတွေလေကွာ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှိီး ရှိမှပေါ့ကွ။ ”
Pekingese ခွေးငယ်လေးမှာတော့ နှစ်ကြိမ်မျှဟောင်၍ အဝေးသို့ ပြေးထွက်သွားလေသည်။  “ ပျင်းလိုက်တာကွာ။ ” ဟု တီးတိုးဆိုလျက် လုယောင်၏ အိမ်သို့သာ ပြန်လာခဲ့ရ၏။
သူ၏ စိတ်အစဉ်မှာ နောက်ကျိလျက်ရှိ၍ ပြတင်းပေါက်ကို သွားလိုက်၏။ ထို့အပြင်သူ၏ ကျောပြင်၌လည်း ချွေးစေးတို့ဖြင့် ပြည့်နှက်နေ‌သည်။ မျက်လုံးများကို ခေတ္တမှိတ်၍ အနားပေးပြီးနောက် ခန်းစီးလိုက်ကာများကိုလည်း ချထားလိုက်သည်။ ထို့နောက် ဆိုဖာပေါ်တွင် ဆက်လှဲလျက် တီဗွီမှ ရယ်ရသော ရသစုံရှိုးများကို လိုက်ရှာ၍ ကြည့်နေမိ၏။ ဗီရိုထဲမှ မုန့်များနှင့် ရေခဲသေတ္တာအတွင်းမှ အအေးများကို ယူငင်သုံးဆောင် ဇိမ်ခံမိနေသည်မှာ ကိုယ့်အိမ်ကိုယ့်ရာအလားပင်။
ဤသို့ဖြင့် နေ့တစ်နေ့ ကုန်ဆုံးပြန်ချေပြီ။ ညနေခင်းတွင် လုယောင်အလုပ်မှ ပြန်လာပြီးနောက်  " ရှောင်မြှိန် မင်းဒီနေ့ ဘာတွေလုပ်လဲ။ " ဟု မေးရာ သူက " ‌အောက်ကို လမ်းလျှောက်ဖို့ ဆင်းတယ်။ တီဗွီကြည့်တယ်။ ပျင်းစရာကြီးပါကွာ။ " ဟူ၍ ပြန်ဖြေလိုက်သည်။
လုယောင်ကို ကြည့်ရသည်မှာ အတွေးတစ်ခုခုရှိဟန်တူသည်။ နောက်တစ်နေ့ လုယောင် အလုပ်သို့ မသွားမီအချိန်တွင် ၎င်းက သူ့အား " ကိုယ် ပစ္စည်း မှာထားလို့ ရောက်လာရင်း မင်းလက်ခံထားလိုက်အုံး။ မင်းအပျင်းပြေ ကစားဖို့ ဂိမ်းစက် မှာထားတယ်။ တကယ်လို့ မင်းတီဗွီကြည့်ရတာ ပျင်းတယ်ဆို ဂိမ်းတွေဆော့နေလိုက်။ "
နေ့လယ်ခင်းတွေ ဂိမ်းစက်များ ရောက်လာ၏။ ထို့အတူ သူသည်လည်း တစ်ဖြည်းဖြည်းနှင့် ဂိမ်းစွဲလာလေသည်။ လွန်လေပြီးသော နှစ်များဆီက သူသည် ဘဝကို ပုံစံခွက်အတွင်းမှသာ ဖြတ်သန်းခဲ့သည်။ နေ့စဉ် ' အင်တာနက်ကဖေးမှာ ဂိမ်းဆော့မယ်။ လောင်းကစားလုပ်မယ်။ ' စသည်ဖြင့် မသာလမ်းထလျှောက်သည့်အလား ပျင်းရိဖွယ်ကောင်းလှသည်။
သူ၏ အပေါင်းအသင်းများမှာလည်း သူ့ထံမှ ကုန်းဆင်းလိုသောကြောင့် အကျိုးလို၍ ညောင်ရေသွန်းနေသူများပင်။ အတိတ်က သူသည် လူပေါင်းများစွာနှင့် ဆက်‌ဆံရေးကောင်းလှပြီး ထိုသူများသည် သူ့အားမှီး၍ ကပ်ရပ်စားကြသည်။
သူတို့အား ပုံစံအစားစားပင် ပိုင်းခြား၍ ရနိုင်မည်။
အချို့မှာ သူ့အား စိတ်ရှည်လက်ရှည် အလေးအနက်ပင် ဖျားယောင်း မြှောက်ပင့်ကြသည်။ ထိုသို့မဟုတ်လျှင် သူတို့ဘဝ ဇာတ်ကြောင်းများကို ညည်းချင်းဖွဲ့ကာ ယင်းတို့၏ ဘဝ အချည်းနှည်းမဖြစ်ရေး သူမှသာ တစ်ခန်းလှစ် ဆန်းသစ်ပေးနိုင်ဟု ဆိုသူမှဆိုပြန်၏။ အချို့မှာလည်း သူ သူတို့နှင့် ရက်အနည်းငယ်အကြာ အတူရှိပြီးနောက် ဦးစွာ ရိပ်ခြည်ပြပြီးနောက် နှင်လွှတ်ကြသည်ချည်းသာ။ သူတို့၏ အကြောင်းပြချက်များမှာ ရည်းစားနဲ့ အဆင်မပြေလို့။ မိဘနဲ့ အဆင်မပြေလို့ စသဖြင့် ပြည့်နှက်နေပေသည်။
သိုသော် လုယုံသည် ထိုသို့မဟုတ်။ ၎င်းသည် သူ့အား အတိုင်းထက်အလွန် မျက်နှာသာပေးသည်။ ၎င်း၏အိမ်တွင် နေထိုင်ရန်လည်း တံခါးဖွင့်ကြိုဆိုသည့်အပြင် သူထွက်ချင်ထွက် သူဝင်ချင်ဝင် ကြိုက်သလိုနေခွင့်ပေးထားသည်။
သည့်အပြင် လုယောင်သည် သူအဆင်ပြေစေရန် အစားအသောက်များနှင့် သူအပျင်းပြေစေရန် ဂိမ်းစက်ပင် ဝယ်ပေးသေးသည်။  အရေးကြီးဆုံးအချက်မှာ သူနှင့် သူ့ဘဝအပေါ် ဆိုးဝါးသည့်အပျက်သဘော ဝေဖန်မှုများ  မဆိုခြင်းပင်။
ရှန်းဝမ့်ချုံး ငါးရက်တိုင်တိုင် ဆိုဖာပေါ်၌သာ စတည်းချနေထိုင်နေသည်။ အချိန်များသည် မျက်တောင် တစ်ခတ်အတွင်းမှာပင် ကုန်ဆုံးသွားချေသည်။ သူ၏ တစ်နေ့တာသည်  စားလိုက်၊ အိပ်လိုက်၊ ဂိမ်းကစားလိုက်နှင့်ပင် လုံးလည်ရိုက်နေသည်။  အကယ်၍ သူပင်ပန်းလာသည်ဆိုလျှင် တစ်ရေးထပ်အိပ်မည်သာ။ သူ၏ တစ်နေတာသည် တဖြည်းဖြည်းနှင့် ဖရိုဖရဲဖြစ်လျက်ပင်။ ခါတိုင်း သူအိပ်ရာထသည်ဆို လုယောင်က အပြင်ထွက်နှင့်ပြီးဖြစ်နေသည်။ ဒီနေ့တွင် လုယောင်အိပ်နေဆဲပင်။ လူသားများသည် လိုအင်ပြည့်ရန် ခဲခက်လှသည့် သက်ရှိများပင် မဟုတ်ပါလား။ ရှေးဦးစွာ သူသည် လိမ်လိမ်မာမာနှင့် ရက်အနည်းလောက် နေလိုခဲ့သည်။ လုယောင်သည် အမြဲစိတ်ကြည်ကာ သူ့အားလည်း ကောင်းသည် ဆိုးသည် တစ်ခွန်းမပြောပေ။ ထို့ကြောင့် သူသည် ပိုရဲတင်းကာ လုယောင်အိပ်နေစဉ်မှာပင် ဂိမ်းဆော့လာသည်။ သူထိုသို့ပြုမူလျှင် လုယောင်သည် ရေချိုးခန်းမှ ထွက်လာပြီးနောက် စိတ်အနှောက်အယှက်ဖြစ်သွားမည်ပင်။ ထို့နောက် နောက်တစ်နေ့တွင် သူ့အား အိမ်ပေါ်မှ နှင်ချချေလိမ့်မည်။
မနက် ခုနစ်နာရီခွဲအချိန် လုယောင် အိပ်ရာထလာသည်။ ဆို‌ဖာပေါ်တွင် အိပ်လျက် ဟောက်ပင်ဟောက်နေသည့် ရှန်းဝမ့်ချုံးကို တွေ့လိုက်ရသည်။ သူ၏ ခြေထောက် နှစ်ချောင်းကလဲ မျက်နှာကျက်ဆီ ထိုးထွက်လို့ပင်။ ထို့အပြင် လက်ထဲ၌လည်း ဂိမ်းခလုတ်ကို ကိုင်ထားသေးသည်။ ။
သူအကူအညီမဲ့စွာ ပြုံးလျက် ' ကလေးလေးလိုပဲကွာ။ ' ဟု ဆိုမိသည်။
သူရောက်လာခါစကထက် ပို၍ကြည့်ကောင်းလာသည်။ သူအိပ်နေချိန်‌ဆို တွန့်လိမ်လို့နေသည်။ စားထားသောက်ထားသည့် အမှိုက်များမှာ အမှိုက်ပုံးထဲတွင်သာမက အမြဲရှင်းလင်းလေ့ရှိသည့် ကော်ဖီစားပွဲပေါ်တွင်ပါ ပြည့်နှက်လျက်ရှိပေ၏။
လုယောင် အမှိုက်များကို မျိုးတူစုကာ ခွဲသိမ်းလိုက်ပြီး ၎င်းအလုပ်သွားရန် အောက်ထပ်လို့ ဆင်းသည့်အခါ ပစ်လိုက်သည်။  ထို့နောက်သူ ကုမ္ပဏီသို့ ထွက်လာခဲ့သည်။ ကုမ္ပဏီသို့ သွားရန် မိနစ်လေးဆယ်မျှကြာမြင့်တတ်၏။
လုယောင်၏ စက်ရုံသည် ဆင်ခြေဖုံးတစ်နေရာရှိ Hမြို့၏ စက်မှုဇုန်အတွင်းတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး မြေ ၁၈၀၀ ဧကပေါ်တွင် တည်ထားခြင်းဖြစ်သည်။ သူ၏ ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံထားသော တတိယမြောက် စက်မှုစီမံကိန်းလည်း ဖြစ်သည်။ လွန်လေခဲ့သော ဆယ်နှစ်က သူ့ကုမ္ပဏီ၏ တိုးတက်မှုသည် ဒုံးကျည်အလျင်ဖြင့်ပင်။
အထက်တန်းအပြီး နွေအားလပ်ရက်အတွင်းတွင် မဟာဗျူဟာကျ စီမံချက်များ စတင်နိုင်ရန် သူ့ဖခင်အား ဖျောင်းဖျနိုင်ခဲ့သည်။ သူ့မျှော်မှန်းချက်များမှာ အမှန်ပင် အကောင်အထည်ပေါ်လာ၍ လေးနှစ်အတွင်းမှာပင် ကုမ္ပဏီ၏ ရင်နှီးငွေပြန်လည်ရရှိခဲ့သည်။
တက္ကသိုလ်မှ သူ၏ မေဂျာဖြစ်သော သတ္ထုဗေဒပညာ*¹နှင့် သူ၏ အထူးပြု သုတေသနရလဒ်ပေါင်းစပ်ခြင်းမှာ အလွန်ပင် အားရဖွယ်ရာပင်ဖြစ်ခဲ့၏။
အခြားကျောင်းသားများမှာ အိမ်စာအတွက် စိုးရိမ်ပူပန်နေကြချိန် သူ၏‌သုတေသနဆောင်းပါးများမှာ နာမည်ကျော် သုတေသနစာစဉ်များတွင် ထည့်သွင်းဖော်ပြခံနေရပြီဖြစ်ချေသည်။ ဘွဲ့ကြိုနှင့် မဟာတန်းများကို ကျော်ခွနိုင်ခဲ့ပြီး ထိုအတန်းများအစား ‌ပညာရပ်ဖလှယ်ခြင်း အစီအစဉ်များစွာတွင် ပါဝင်ဖြစ်သည်က များသည်။ ထိုအစီအစဉ်များဖြင့် ပြည်ပနိုင်ငံများနှင့် စက်မှုကုမ္ပဏီများစွာသို့ သွားရောက်၍ လေ့လာနိုင်ခဲ့သည်။ ထိုအကြောင်းတရားများကပင် ငါးနှစ်အတွင်း သူ့ကို ထူးချွန်ကျောင်းသာအဖြစ် အောင်မြင်စေခြင်း ဖြစ်ပေလိမ့်မည်။ သူဘွဲ့ရပြီးသည်နှင့် သူ၏ ဖခင်စီမံနေသော ကုမ္ပဏီအား သူလက်လွှဲရယူခဲ့သည်။
ထိုအချိန်မှာပင် နိုင်ငံတွင်း စွန့်ပစ်ပစ္စည်းများမှ စွမ်းအင်ပြန်လည်သန့်စင်ရယူရေး အခန်းကဏ္ဍသည် ဖွံ့ဖြိုးရန် အားယူဆဲသောကြောင့် နည်းပညာကောင်းမွန်သော ကုမ္ပဏီ အနည်းငယ်သာရှိပြီး ဈေးကွက်ကောင်းများစွာလည်း ရှိနေဆဲဖြစ်သည်။ သူ၏ ကုမ္ပဏီသည် အများကြီး အားမထုတ်လိုက်ရပါဘဲ ဈေးကွက်တွင်း ခိုင်မာစွာ ခြေကုပ်ယူလျက် ကောင်းမွန်သော အရွှေ့တစ်ခုဖြစ်ခဲ့သည်။  ထို့ကိစ္စပြီးနောက် အရာအားလုံး အဆင်ပြေချောမွေ့လျက် ရှိနေခဲ့သည်။ ထို့အပြင် သူ့၏ ကုမ္ပဏီခွဲနှစ်ခုသည်လည်း ‌ဒေသတွင်း အစိုးရအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်နိုင်ခဲ့သည်။
လတ်တလော နှစ်များအတွင်း တရုတ်နိုင်ငံသည် နည်းပညာနယ်ပယ်တွင် အလျင်အမြန်တိုးတက်လာခဲ့သည်။ H မြို့သည် တရုတ်နိုင်ငံ၏ အနာဂတ် နည်းပညာမြို့တော်အဖြစ် အခွင့်အလမ်းကောင်းများစွာ ရရှိလာလိမ့်မည်ဟု လုယောင်ယုံကြည်သည်။ ထို့ကြောင့် သူ၏ ရုံးချုပ်ကိုလည်း Hမြို့သို့ ရွှေ့ထားခြင်းဖြစ်၏။ သူသည် ထက်သန်ကျွမ်းကျင်သည့်အပြင် စီးပွားရေးတွင်လည်း မယုံနိုင်လောင်အောင် အရည်အချင်ရှိလေသည်။ ထို့အပြင် ကံကလည်း ကောင်းသေးပြန်၏။ ယမန်နှစ် နှစ်ကုန်ဘဏ္ဍာရေးရှင်းတမ်းတွင် ကုမ္ပဏီသည် ဝင်ငွေသည် ယွမ်ငါးရာမီလီယန် ( ယွမ်သိန်း‌ ၅၀,၀၀၀) ဝင်ငွေရှိခဲ့ပြီး အသားတင်အမြတ်ပင် တရုတ်ယွမ် ရှစ်ဆယ်မီလီယန် ( ယွမ်သိန်း ၈,၀၀၀) ရရှိခဲ့သည်။
ယခုတွင် သူသည် ဆုတံဆိပ်များစွာ ရရှိထားသော ထူးချွန် လူငယ်စွန့်ဦးတီထွင်သူအဖြစ် စက်မှုနယ်ပယ်ကို ဦးဆောင်လျက်ရှိနေပေသည်။
လုယောင် ယခုအပတ်အတွက် မနက်ခင်း အစည်းအဝေးပြီးနောက် Friend Invitation နိုတီတစ်ခုကို ရရှိလိုက်သည်။
: [ ငါက ကျောင်းလင်ပါ။ ငါ့ကို friend အဖြစ် လက်ခံပေးပါ။ ငါမင်းကို ပြောစရာရှိလို့ပါ။ ]
လုယောင် ထိုတစ်ယောက်အား မှတ်မိလိုက်သည်။ ထိုသူမှာ သူ၏ အတန်းဖော်တစ်ယောက်ဖြစ်ပြီး ရှန်းဝမ့်ချုံးနှင့် အတော်လေးရင်းနှီးသေးသည်။
ထို့နောက် friend အဖြစ် ချက်ချင်းလက်ခံပေးလိုက်သည်။ တစ်ဖက်လူမှာ စာတသီကြီးအား အလွန်မြန်သော အရှိန်ဖြင်ဘ ဆက်တိုက် ပို့လေတော့သည်။ :
[ နောက်ဆုံးတော့ မင်းနဲ့ ဆက်သွယ်လို့ ရပြီပဲ။ ]
[ ငါကြားတာတော့ ရှန်းဝမ့်ချုံးက မင်းဆီမှာ ရောက်နေတယ်ဆို။ ]
[ ငါတကယ်ကို စိတ်မကောင်းပါဘူး။…]
[ သူက ငါ့အတန်းဖော်ပဲဆိုတော့ ပြောလို့တော့ မကောင်းပါဘူး။ ဒါပေမဲ့ ပြောရမယ် ဒီ့မတိုင်ခင်တုန်းက ငါသူ့ကို ခေါ်ထားသေးတယ်။ ငါ့ဆီမှာ နေ ငါ့ဆီမှာ စားပြီး ငါ့ပစ္စည်းတွေကို ခိုးသေးတာ။ သူက လူကောင်းမဟုတ်ဘူး။ ]
[ သူက အကြွေးတွေ ပိနေတယ်ဆိုတာ မင်းမသိဘူးလား။ ]
[ ရှန်းဝမ့်ချုံးက အခု အရမ်းကို ဆိုးဝါးတဲ့သူတစ်ယောက် ဖြစ်နေပြီ။ ဂရုစိုက်အုံး။ ]
တစ်ဖက်သူ ပြော၍ ပြီးစီးသည်အထိ သူစောင့်ကာ အေးအေးဆေးဆေးပင် စာပြန်လိုက်သည်။ : [ သိပြီ။ ]
“ တင်းတောင်။ ”
အင်တာကွန်မှ အသံထွက်ပေါ်လာသည်။ ပစ္စည်းပို့တာများလား။ ရှန်းဝမ့်ချုံး ဂိမ်းကိုရပ်ကာ တစ်ချက်ကြည့်ရန် ထွက်လာခဲ့သည်။ အင်တာကွန်မျက်နှာပြင်တွင် သူ့ထံ မကြာခဏလာဖူးသော ကြားခံဆက်သားပင်။ သူ၏ ပုံမှာ ပြည့်ဖြိုးသော ခန္ဓာနှင့် ခေါင်းတုံးဆံတောက်ဖြင့်ပင်။
ယင်းသည် သူ့အား ပြုံးပြ၍ " နေရာကောင်းလေးပါလား။ ရှန်းဝမ့်ချုံးရဲ့။ မင်းက လူချမ်းသာ သူငယ်ချင်းလေး ရှိသေးပါလား။ "
" ချမ်းသာတဲ့ သခင်ငယ်လေးတွေက ဘယ်တော့မှ စိတ်မပျက်ရဘူးပဲ။ အမြဲ အဆက်အသွယ်ကောင်းတွေ ရှိနေတာပဲ။ "
" ငါးစိမ်းမြင် ငါးကင်ပစ်တာလား။ မိတ်ဆွေဟောင်းတွေကို တံခါးဖွင့်ပေးပါအုံးကွ။ "
ရှန်းဝမ့်ချုံး စိတ်ပျက်လက်ပျက် ဆဲရေးလျက် " ဒီသောက်ရူးတွေကတော့။ "
သို့သော်သူ၏ စိတ်ထဲတွင်တော့ ' နောက်ဆုံးတော့ ရောက်လာပြီပဲ။ '
သူယခုကဲ့သို့ နေရက်များကို ကြုံရလေတိုင်း မသက်သာချေ။ သို့သော်လည်း ကြုံဖန်များတော့ မိတ်ဆွေဟောင်းများ၏ မျက်နှာကို မြင်ရသည့်အခါတွင် တည်တည်ငြိမ်ငြိမ်ပင် ဖြစ်လို့နေ‌ပြီ။  
' သေစမ်းကွာ။ ဒီလိုသုခဘုံမျိုးမှာ ရက်နည်းနည်းလောက် ထပ်ပြီး ပုန်းအောင်းခွင့် မပေးတော့ဘူးလားကွာ။ '
အကြင်သူသည် သူ့အား နှစ်ရက်အတွင်းမှာပင် ဤသို့ သက်တောင့်သက်သာ ရှိလှသော နေရာတွင် ရှိနေကြောင်း တွေ့သွားချေပြီ။ ရှန်းဝမ့်ချုံး သူ့ထံတွင် လက်ကိုးချောင်း²ထက် မနည်းသော အကြွေးများကို ‌သယ်ဆောင်ထားရဆဲဖြစ်ကြောင်း သတိမရချင်‌ပေ။ အချို့မှာ ဘဏ်မှ ချေးထားခြင်းဖြစ်၍ အချို့မှာ အမြတ်ကြီးစား ငွေတိုးချေးသူများထံမှ ချေးယူထားခြင်းဖြစ်သည်။ သူ၏ဘဝတွင် မျှော်လင့်ချက် ရောင်ခြည်ကင်းမဲ့ နေသည်မှာ အတော်ပင်ကြာလှချေပြီ။
ခေါင်းတုံးဆံတောက်နှင့် ပုဂ္ဂိုလ်သည် အပြုံးမျက်နှာဖြင့်
“ မင်းက အခုထိ ဆဲနေနိုင်သေးတယ်လား။ မင်း ရိုရိုကျိုးကျိုးလေး မပြောဘူးလား ။"
“ မင်းတံခါးမဖွင့်ပေးဘူးဆိုရင်တော့ မင်းသူငယ်ချင်းလေးရဲ့ ကုမ္ပဏီကို တိုက်ရိုက် လိုက်သွားရမှာပဲ။ ”
“ ဘာတဲ့။ လုယောင်။ ဥက္ကဋ္ဌလု ဟုတ်တယ်မို့လား။ "
ရှန်းဝမ့်ချုံး ဒေါသတကြီးဖြင့် " ဘာလို့ ဝင်မှာလဲ။ ဒါကျုပ်အိမ်မှ မဟုတ်တာ။ ဝင်လို့မရဘူး။ "
" ခင်ဗျားစောင့်နေ။ ကျုပ် ခင်ဗျားနဲ့ တွေ့ဖို့ ဆင်းလာခဲ့မယ်။ "
ရှန်းဝမ့်ချုံး အိမ်အနီးရှိ ခုံတန်းတွင် လူအိုကြီး ဝူနှင့်အတူ ထိုင်နေသည်။ သူ့အတွက် 'အကြွေးပေါင်များစွာ တင်နေပါတယ်။ 'ဆိုသည့် အချက်ကပင် ဘာကိုမျှ ကြောက်ရန် မလိုတော့ချေ။ လူအိုဝူသည် သူ့ထံ ဆေးလိပ်တစ်လိပ် ကမ်းပေးလျက် " မင်းစားကျက်ပြောင်းတာ ငါ့ကို မပြောသင့်ဘူးလား။ "
ရှန်းဝမ့်ချုံး တခစ်ခစ်ရယ်လျက် မီးခြစ်ငှား၍ ဆေးလိပ်ကို မီးညှိကာ ကျွမ်းကျင်စွာ ဆေးလိပ်ငွေ့များကို ရှူရှိုက်နေသည်။
သူဆေးလိပ်မသောက်ရသည်မှာ ရက်အအတန်ပင် ရှိရော့မည်။
လုယောင် ဆေးလိပ်နှင့် အရက်သောက်၊ မသောက်ပင် သူမမေးမိချေ။
လူအိုကြီးဝူ၏ မျက်လုံးများသည် အရောင်လဲ့လျက် ရှုပ်ထွေးသော အမူအရာဖြင့် သူ့အားမေးလေသည် "မင်း အဲဒီ သူငယ်ချင်းဟောင်းလေးကို ဘယ်လို ဖမ်းမိတာလဲ။ "
" မင်းအကြောင်းတွေ ငါအရေးတယူမရှိဘူးလို့ မတွေးစမ်းပါနဲ့။ ငါဘယ်လောက် ကောင်းလိုက်လဲ။ မင်းရဲ့ ကျောက်ကပ်တွေ အသည်းတွေကို ငါထုတ်ရောင်းမယ်ဆို ရောင်းလို့ ရတာပဲလေ။ "
“ မင်းသူငယ်ချင်းတွေကို ဝိုင်းအသစ်ကို ခေါ်သွားမယ်ဆိုရင်‌ကော။ ”
“ ဒီနားတစ်ဝိုက်မှာ ဆူဖြိုးလွန်းတဲ့ ဆိတ်တစ်ကောင် ရှိတယ်ဆိုပဲ။ မင်းသာ အဲဒီလူစားထိုးကို ဆွဲချရင် မင်းကော ရှင်နိုင်မှာ မဟုတ်ဘူးနော်။ "
( အချောင်ခံရတာကို ပြောတာပါ။ ဘယ်သူ့ကို ရည်ညွှန်းတယ်ဆိုတာတော့ မသိပါဘူး။ 🥲 )
ရှန်းဝမ့်ချုံး စီးကရက်တစ်လိပ်အား ယူကာ ခေါင်းလှည့်ပြီးနောက် ညင်သာစွာ ပြုံးရင်း " အို့ "
မူလက သူသည် လုယောင် သူ့အား   ဆွဲထုတ်ပေးစေချင်ရုံတင် ဆန္ဒရှိမိခဲ့သည်။  အစကတော့ ထိုအရာမှာ မည်သို့မျှ ဖြစ်နိုင်ခြေမရှိပေ။
သူဘယ်ကဘယ်လို စရမည်ပင်မသိ။
သူသိသည်မှာ လုယောင်၏ ဖုန်းနံပါတ်တစ်ခုတည်းသာရှိသည်။ လွန်ခဲ့သော သုံနှစ်က သူသိခဲ့ရသည့် ထိုဖုန်းနံပါတ်အား စကြားကတည်းက အမြဲမှတ်မိနေပေသည်။ သူ့နှလုံးသား၏ အနက်ရှိုင်းဆုံး တစ်နေရာတွင် အသေထွင်းထု ထားသကဲ့သို့နှယ် မှတ်မိနေသော်ငြား သူထိုဖုန်းနံပါတ်အား ထုတ်မပြောသလို တစ်ခါမှလည်း မဆက်သွယ်ဖူးချေ။ လုယောင် ထိုဖုန်းနံပါတ်အား ကိုင်သေးလားဟူသည်ပင် မသေချာချေ။
နောက်ဆုံးဝှက်ဖဲအနေနှင့် ရဲတွေကို ထိုဖုန်းနံပါတ်ပေးလိုက်သည်။ အကယ်၍ လုယောင်သူ့အား လျစ်လျူရှုပါက သူအချုပ်ထဲမှ ထွက်သည့်အခါ သတ်သေပစ်မည်ဟူ၍ပင်။
သို့သော်လည်း လုယောင်သည် ဂရုတစိုက်ရှိမည်ဟု သူတွေးမထင်မိခဲ့ချေ။
......................         ....................       .....................
( ¹ သတ္ထုဗေဒ - သတ္တုဗေဒဆိုတာက သတ္ထုတွင်းကနေ တူးဖော်ရရှိတဲ့ တ
သတ္ထုအကြမ်းထည်တွေကို အလိုရှိရာ သတ္ထုအဆင့်ကို ရောက်အောင် ပြုလုပ်တဲ့ ပညာရပ်ဖြစ်ပါတယ်။ သတ္ထုရိုင်းတုံးထဲကနေ ရွှေသီးသန့်ရအောင် ထုတ်ယူတာမျိုးပေါ့။
² လက်ကိုးချောင်းအထက် - ယွမ် တစ်ရာ မီလီယန်ကျော် )
( T/N : အတော် ‌ဦးနှောက်ခြောက်ရတဲ့အပိုင်းပါ။ အဲဒါအပြင် ခေါင်းစဉ်ကတည်းက စားတာပါ။ ဆွဲထုတ်စေချင်တယ်တဲ့။ ဘယ်ကဆိုတာ မပါ။ ဖြစ်နိုင်တာကတော့ အချုပ်ထဲက ဒါမှမဟုတ် ရေနောက်ထဲက နှစ်ခုကတည်းက တစ်ခုပဲ။ 🥲)
xxxxxxx.............
ပုံ
ပုံစာ - Pekingese အမျိုးအစား ခွေးလေးပါ။
27 Oct 2023
11:45PM
Continue Reading
You'll Also Like
3.5M 218K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
641K 56.2K 51
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
1.8M 300K 160
Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in coo - 108 Chapters + 6 extras တစ်ကြောင်...
256K 6.4K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်