မောင်ထံပါးမှ Zhanyi short fic...

By Gracefulldaniek

8.8K 949 110

Zhanyi ဖက်ချင်ဝင်ဖက်ပါ More

part 1
part 2
part 4
part 5
part 6
part 7
part 8
part 9
part 10
part 11 final

part 3

675 89 9
By Gracefulldaniek

မောင်ထံပါးမှ
Part 3

" ရုန်းမထွက်နိုင်သော ကွန်ငယ်..."

ရိပေါ အလုပ်ဆင်းတာ ၁ပတ်ကျော်သွားခဲ့ပေမယ့် အသားမကျနိုင်သေးသလို အခုထိ သူအထက်အရာရှိဖြစ်တဲ့ မောင့်ရဲ့အလိုကျမူကိုလည်း မခံစားသေး...တစ်ခါတစ်ခါဆို ရိပေါ မောင်ရဲ့ အဆူအပူခံရတာ များလွန်းလို့မထိန်းနိုင်တဲ့ အခါ သန့်စင်ခန်းကို အဖော်ပြုလို့​ကိုကျွေးရတယ်...ဒီနေ့လည်း မောင်လုပ်ခိုင်းတဲ့ data တွေက မနေ့ကတည်းကပြီးသွားပြီဖြစ်တယ် မနက်ဖန်မှပေးရမှာမို့စားပွဲခုံပေါ် ခဏတင်ထားတာ ပျောက်ချင်းမလှပျောက်သွားလေတယ်....ထူပူနေအောင် ​ရှာလည်းမတွေ့ခဲ့.....ခဏနေရင် တောင်းခံရတော့မယ်....ရိပေါ ဆူခံရမှာ ကြောက်လွန်းလို့ သန်စင်ခန်းထဲ အရင်စိတ်ဖြေနေရခြင်းဖြစ်တယ်....

နဂိုက အငိုသန်သူ ရိပေါ တော်တော်နဲ့ အငိုမတိတ်နိုင်တာ မို့အချိန်အတော်ကြာသွားတယ်.. မျက်နှာကိုရေနဲ့သစ်ပြီး သက်ပြင်းတစ်ချက်ချကာ ထွက်လာလေတယ်....

ရိပေါ သူစားပွဲနားမရောက်ခင်မြင်ရတာက မောင်က သူစားပွဲနားမှာ တစ်ခုခုကို ရှာနေသလိုပင် ရိပေါ ခပ်သွတ်သွတ်သွားကာ

"....ဘာရှာနေတာပါလဲ မန်နေဂျင်း..."

"....သြော် ပြန်လာပြီပေါ့...အခန်းထဲ ဝင်လာခဲ့..."

ရိပေါ စိတ်တိုနေတဲ့ မောင့်ကို ကြည်ရင်း ခြေဖျားလက်ဖျားတွေပါ အေးစက်လာသည်...သူ​ မောင့်ရဲ့ အဆူခံရမှာ ကြောက်ပါသည်....ဘယ်သူဆူဆူ ရိပေါ ကြောက်မှာ မှန်ပေမယ့် မောင်ဆူရင်တော့ ရိပေါ အားပါငယ်သည် ရင်ဘတ်ကြီးတစ်ခုလုံးနာကျင်ရသည် မို့ မောင် ဆူတာမခံချင်...
"#(ငါက မောင်အချစ်တွေပဲ လိုချင်တာမောင်ရဲ့ မဖြစ်နိုင်တော့မှန်းသိပေမယ့် ငါ​ မောင်ရဲ့ ကြင်နာတဲ့ စကားလေးတွေထပ်ကြားနိုင်မလားမောင်.#)

.....ပြော ခင်ဗျားအလုပ်လာလုပ်တာရောဟုတ်ရဲ့လား ဝမ်ရိပေါ ဟမ်...

........

.....အလုပ်နေရာက နေ ခင်ဗျားအဲ့လောက်အကြာကြီး ပျောက်သွားတာ အထက်လူကြီးဘယ်လောက်အထိ အခတ်တွေမလဲ ခင်ဗျားသိလား..."

"....တောင်းပန်ပါတယ် နောက်မဖြစ်စေရပါဘူး..."

".....ပြောလိုက်ရင် တောင်းပန်တယ်ပါးစပ်က မချဘူး လုပ်လိုက်ရင် ...ကျစ်..ထားတော့ ပေး ကျုပ်မနေ့က လက်စသတ်ခိုင်းထားတဲ့ data တွေ..."

"....ဟို ..အဲ့ဒါက..."

".....ပြောစရာရှိတာပြော ဘယ်မှာလဲ အဲ့data ဖိုင်တွေ...."

".....ဟို အဲ့ဒါ တွေက ပျောက် ပျောက်သွားလို့ပါ...."

".....ဘာ !!"

".....အင့်.."

"..ပျောက်သွားတယ် ဟုတ်လား ခင်ဗျား မပြီးသေးလို့မလား..."

"....မဟုတ်ပါဘူး ပြီးသွားပါပြီ တကယ်ပျောက်သွားတာပါ..."

".......ကျုပ်မယုံဘူး ခင်ဗျား မပြီးသေးလို့ကျုပ်ကို လိမ်နေတာပဲ...."

"....မဟုတ်ပါဘူး အင့် တကယ်ပျောက်သွားတာပါ..."

".....မယုံဘူး မနင်ဖြန် အဲ့ဒါတွေ အကုန်လိုချင်တယ်..."

"....ဟုတ် ကဲ့ပါ..."

"....ခင်ဗျားက တကယ်  လူပဲ...တစ်ခုခုဖြစ်မြောက်အောင်လုပ်ပါလား.."

မောင်ရဲ့ စကားက ရိပေါရဲ့ ဖြစ်တည်မူလေးကို တိုက်ရိုက်ကို ထိုးနှက်လိုက်တာမို့ ရိပေါ မောင်ကို တွေတွေလေးပဲ ငေးကြည့်မိတယ် ....မောင်က သူကို ထိုသို့ပြောနိုင်အောင်အထိ မုန်းနေပြီဆိုတာ အသေအချာပင်ဖြစ်သည်....

ရိပေါ ထိန်းမထားနိုင်အောင်မျက်ရည်တွေက တာကျိုးသလို ပါးပြင်ပေါ်ပြိုဆင်းလာတယ်..

ရှောင်ကျန့် မိမိရဲ့ စကားတစ်ခွန်းကြောင့် ကျောက်ရုပ်လေးသဖွယ်ငြိမ်သက်သွားကာ သူကိုကြည့်နေတဲ့ ရိပေါကြည့်ရင်း သူလည်း ဘာဆက်ပြောရမလဲ မသိနိုင်အောင်ပြင်...
#(တော်ပါပြီ ဝမ်ရိပေါ ခင်ဗျားရဲ့ အဲ့လိုမျက်ရည်တွေနဲ့ ခံစားချက်တဲ့ အရာကိုကျုပ် ထိုက်မကြည့်နေနိုင်တော့ဘူး...#)

အတန်ကြာမှ ရိပေါအသိပြန်ဝင်လာကာ

"....တောင်းပန်ပါတယ် မနက်ဖြန် အကုန် အပ်ပေးပါမယ် ..."

ရိပေါ လှည့်ထွက်လာလိုက်သည် သူ့ဘဝက တကယ်ကို နုံချာသလိုခံစားလိုက်ရသည်....

ရိပေါ ညနက်တဲ့ အထိ အလုပ်လုပ်နေလိုက်တယ်...မားကိုတော့ စိတ်မပူဖို့ ဖုန်းဆက်ထားလိုက်တယ်....

ရိပေါ အလုပ် ထဲသာအာရုံစိုက်ထားနေတုန်း

....မပြန်သေးဘူးလား ဝမ်ရိပေါ

......ဟုတ်ကဲ့ ဒါလေးတွေပြီးမှ ပြန်မလို့ပါ အားယွင်ကျဲ

......မန်နေဂျင်းရော ပြန်သွားပြီလား

....မပြန်သေးဘူး

......ညစာ တစ်ခုခုမှာစားဦးနော် ကျဲသွားပြီ....ဒါက နေခင်းက ကျဲဝယ်ထားတဲ့ မုန့် ညစာမမှာဖြစ်ရင် ဒါလေးစားလိုက်

....ဟုတ်ကဲ့ ကျဲကျေးဇူးပါ

ရိပေါ အားယွင်ကျဲ ထွက်သွားတာနဲ့ အလုပ်ဆက်လုပ်လိုက်သည်....အားယွင်ကျဲက သူလိုပဲ ဒါရိုက်တာချောင်ရဲ့ အတွင်းရေးမှူးဖြစ်တယ်...

ရိပေါ အလုပ်စဆင်းကတည်းက ရိပေါကို ဖေးဖေးမမ ရှိတာဆိုလို့ အားယွင်ကျဲ တစ်ယောက်ပဲရှိလေတယ်...ဒါရိုက်တာ ချောင်ကတော့ မောင်ရဲ့ သူငယ်ချင်းတဲဲ့...

ရှောင်ကျန့် လုပ်ထဲ ခေါင်းစိုက်နေတုန်း တံခါးခေါက်သံကြောင့်

.....ဝင်ခဲ့ပါ...

....ဘယ်လိုလဲ မန်နေဂျင်းရှောင်းစကားပြောလို့ရလား...

....ဟာ လန်ယွဲရာ ဘာလို့ရ ရမှာလဲ လာထိုင်ကွာ...

....အလုပ်ရူပ်နေတာ သိပေမယ့် ပြောစရာရှိလို့ပါ ရှောင်ကျန့်...

.....ပြောလေကွာ...

....ငါတို့ရဲ့under  ground ကို မွှေတဲ့ ကောင်ရှိနေပြီ...

....ဘယ်ကောင်လဲ ...

..ငါစုံစမ်းနေတုန်းပဲ လောလောဆယ် ပစ္စည်း ပို့တာ ခဏရပ်ထားလိုက်မယ်....

...အေး ငါလည်း မနက်ဖြန် ground ကိုလာခဲ့မယ် ...

....အေး မင်းလာရင်တော့ တို့လူတွေ အားတက်တာပေါ့...

.....club ဘက်ကရော

.....club ကငြိမ်တယ် လုံရိ အသေတင်းကျပ်ထားတယ်..ဘာအရူပ်မှ မလုပ်သေးပဲ ခဏရပ်ထားတယ်

....okမနက်ဖြန် ည ၈နာရီ လူစုထားလိုက်...

.....ကောင်းပြီ ငါသွားတော့မယ် ဒါနဲ့ အရှေ့က မင်းအတွင်းရေးမှူးလေး computer ထဲ လည်းဝင်သွား ဦးမယ်နော်

....ဟမ် သူက မပြန်သေးဘူးလား

....အင်းအရှေ့မှာ အလုပ်တွေ ကြိုးစားနေတယ် ...ငါသွားပြီ

ရှောင်ကျန့်ဖုန်းဝင်လာတာမို့ လန်ယွဲကို လက်သာပြကာ ဖုန်းပြောခြင်းဘတ်အာရုံစိုက်လိုက်သည်....နိုင်ငံခြားကဖုန်း​မို့ အဝင်အထွက်ပို့လာတဲ့ ပစ္စည်းတွေပါ ပြန်တိုက်လိုက်နှင့်အလုပ်အတော်ရူပ်နေသည်...

ရှောင်ကျန့် ၆နှစ်ကျော်အတွင်း အခုလိုထိ ချမ်းသာလာအောင် နိုင်ငံခြားက မှောင်ခိုစျေးကွက်ထဲကို သူ​တိုးဝင်ခဲ့သည်...ထိုအချိန်က ရှောင်ကျန့်ခေါင်းထဲ ငွေရဖို့သာ သိတော့သည် လောကကြီးမှာ ငွေနဲ့ပေါက်ပြီးလုပ်ချင်တာလုပ်ပစ်နိုင်အောင် သူကြိုးစားခဲ့သည်....သူချမ်းသာရမည်..ချမ်းသာသောသူတွေထက်ပင် ချမ်းသာအောင်လုပ်ရမည် ဒါကြောင့် မှောက်ခိုလောကထဲ ဝင်ခဲ့သည် ..ဝင်ဝင်ခြင်းတော့ အနိုင်ကျင့်ဗိုလ် ကျခေါင်းပုံဖျက်တာတွေ ကြုံရသည်...ဒါပေမယ့် ရှောင်ကျန့်က ဥာဏ်ကောင်းသူပီပီ သူအရင် ဝင်လုပ်နေတဲ့ ဂိုဏ်းတွေထဲက လက်တွဲညီညီလုပ်တဲ့ သူငယ်ချင်းတွေနဲ့ အတူ ခွဲထွက်ကာ တခြားသူတွေထက် ဦးအောင် အကွက်တွေချသည်..ကျောင်းတစ်ဖက်နဲ့ရှောင်ကျန့်က အလုပ်လုပ်ရင်းငွေစုကာ အရင်းနှီးနည်းနည်းနဲ့ မှောင်ခိုလောကထဲ ခြေတစ်လှမ်းစာဝင်ခဲ့သည်....

အကွက်ချပိုင်နိုင်တဲ့ ရှောင်ကျန့်က အမြဲ အမြတ်အစွန်းရစမြဲ ဒါအပြင် သူက အမိမြေက ရောင်းမထွက်တဲ့မြေတွေကို စျေးပေါပေါနဲ့ ဝယ်သည် အိမ်ရာစီမံကိန်းကို ကုပ်ခြစ်ပြီး ရှယ်ယာရှင်ရှာကာ အကောင်အထည်ဖော်သည်....မထင်ထားလောက်အောင် အမြတ်အစွန်းက ရပြန်သည်...ရှောင်ကျန့် ရဲ့အာရုံထဲ ဝင်နေတာ ​ငွေရဖို့လမ်းတွေသာဖြစ်တယ်...သူကိုယ်တိုင်ပဲ သိတဲ့ ချမ်းသာချင်ရသည့် အကြောင်းအရင်းက များများစားတော့မရှိပေမယ့် ချမ်းသာမှ ငွေရှိမှ.တော်ဖြစ်မည်...ဥာဏ်န ရော ကာယရော အားကောင်းအောင်သူကိုယ်သူသွေးယူထားတဲ့ ရှောင်ကျန့်ဟာ ခုဆို နှစ်ဖက်သွားရှိတဲ့ ဓားတစ်လက်လို ထက်မြတ်ရာ ​မြေအောက်လောကမှာ Sean ဆိုတဲ့နာမည်နဲ့ ဘုရင် တစ်ဆူနည်းပါးဖြစ်လာသည်..အချိန်တိုအတွင်း မြေအောက်လောကမှာ အောင်မြင်လာတဲ့ ရှောင်ကျန့်ကို မြေအောက်လောကသားတော်များများ ရှိန်ကျသလို တိုက်ခိုက်ချင်သူလည်းပေါများသည်...ဒါတွေလည်း ရှောင်ကျန့်က ဂရုစိုက်မနေဘူး သူမှာလုပ်စရာတွေ အများကြီးရှိသေးသည်...

ရှောင်ကျန့် အကုန်လက်စသတ်ပြီးသွားတော့  နာရီကိုကြည့်လိုက်တော့ ၁၁နာရီခွဲပြီမို့ ပြန်ဖို့ပြင်လိုက်တယ် အခန်းအပြင်ကိုထွက်တော့ ရှောင်ကျန့်အံသြသွားလေတယ်...စားပွဲခုံပေါ် ခေါင်းလေးတင်ကာ အိပ့်ပျော်နေတဲ့ သူ့အတွင်းရေးမှူးလေး...

အိပ့်နေတာမှ တကယ်ကိုဖြူဖြူစင်စင်ကလေးလေးလို ဘေးနားက ဖိုင်အထက်လိုက်ကိုကြည်တော့ သူလုပ်ခိုင်းထားတဲ့ data တွေ အပြီးသတ်ထားသော ဖိုင်များ...အသက်ပြင်းတစ်ချက်ချလို့
စားပွဲခုံကို လက်နဲ့ခေါက်လိုက်သည်...နိုးမလာသော သူ့ရဲ့အတွင်ရေးမှူးအိပ့်ပုတ်လေးအရင်ထဲက အအိပ့်မတ်သော အကျင့်က မပျောက်သေး ပေ..

တစ်ဖက်စောင်းအိပ့်လို့ ပိုလို့ဖောင်းထွက်နေတဲ့ ပါးဖောင်းလေးက မိုချိလုံးလေးလို....ဆက်ကြည့်ရင် သူ့ပဲ စိတ်ပင်ပန်းရတာမို့ ​

...ဟိတ်ထတော့ ဘယ်အချိန်ရှိနေပြီလဲ အိမ်ပြန်တော့လေ..

....အင်း..အင်း

ပုံခုံးလေးကို လူပ်ကာနိုးတော့ တအင်းအင်းအသံပေးကာ မျက်စိကို မှိတ်ထားဆဲမို့ အသံကိုနည်းနည်းမြင့်ကာ

.....ဟိတ်ထတော့ !!ထတော့ !

အခုမှ သူကို ပြူးတူးတူးလေးကြည့်ကာ မျက်ရည်ကြည်တွေ ဝိုင်းလာတဲ့မျက်ဝန်းတွေကြောင့် ရှောက်ကျန့်ပိုစိတ်ရူပ်ရတယ်

....အိမ်မပြန်သေးဘဲ ဘာလုပ်နေတာလဲ အလုပ်မပြီးးသေးရင် အိမ်ယူလုပ်လေ

......အိမ်မှာက ကွန်ပျူတာက ပျက်နေလို့ပါ အလုပ်ကပြီးသွားပါပြီ...

....အဲ့ဒါဆိုပြန်လေ ဘာလို့ အိပ့်နေတာလဲ

....ကိုယ်အထက်အရာရှိမပြန်သေးဘဲ အိမ်ပြန်လို့မဖြစ်ဘူးလေ လာပြောဖို့ ကြည့်တော့ ဖုန်းပြောနေတာတွေတာနဲ့ စောင့်ရင်း အိပ့်ပျော်သွားတာပါ...

....ကျစ် စိတ်ရူပ်စရာကွာ

ရှောင်ကျန့်ပြောရင်း ကျောခိုင်းလို့သာ ထွက်လာတော့သည်...ဓာတ်လှေကားနားရောက်တော့ အနောက်က ထွက်လာမည်ထင်ကာ နောက်လှည့်ကြည်တော့ ပါမလာပြန်...အတော်ကြာကြာ စောင့်တော့လည်း မလာသေးတာမို့ အခန်းက စားပွဲပြန်ကြည်တော့လည်း ရှိမနေ...သေချာတာက ဓာတ်လှေကားနဲ့မသွားပဲ ရိုးရိုးလေးခါးဘက်ကနေဆင်းသွားသည် ဆိုတာ သိလိုက်ရတယ်

ရိပေါ ဝမ်းနည်းမိတယ် အရင်က မောင်က သူရဲ့ အိပ့်စက်ခြင်းမှအစ နိုးထခြင်းအဆုံးမောင်ကယုယပေးတယ် နွေးထွေးစေတယ်...တစ်ခါတစ်လေ ဆို မောင်က ရိပေါအိမ်မှာ လာအိပ့်တက်တယ်....မောင်လက်မောင်းကို ခေါင်းခုအိပ့်ဖို့မောင်ကပြောလာသည် ရိပေါက မောက်လက်မောင်းနာမည်ဆိုး၍ အိပ့်ဖို့ငြင်းတော့ မောင်က ရိပေါခေါင်းအုံးလေးကိုတောင် အားကျပါကြောင်းနှင့် မနာလိုကြောင်းပြောကာ ချွဲပါသည် နောက်ဆုံးရိပေါကပဲ မောင်လက်မောင်းကို ခေါင်းခုအိပ့်ကာ မောင်ပေးတဲ့ နွေးထွေးမူတွေ တစ်ပွေ့တစ်ပိုက်ရရှိခဲ့ပါသည်....မနက်မိုးလင်းရင် မောင်ပေးတဲ့ အကြင်နာတစ်ပွင့်နှင့်နိုးခဲ့ပါသည်...

အခုတော့ ထိုအရာတွေက တကယ်ဖြစ်ခဲ့တဲ့ အိမ်မတ်ဆစ်ခုလိုပင် ဘယ်လိုမှပြန်မရနိုင်တော့...ထိုအရာတွေကို မိမိကိုယ်တိုင်ဖျက်ဆီးပစ်ခဲ့သည်...အခု​နေသာ အချိန်တွေ နောက်ပြန်ဆုတ်ခို့ရခဲ့ရင်ရော ရိပေါ ဘယ်လမ်းကို ထပ်ရွေးမိမလဲ...

ရှောင်ကျန့် ကားမောင်းပြီးထွက်လာတော့ တွေ့ပါပြီသူရဲ့ အတွင်းရေးမှူး လေး လမ်းပ​လတ်ဖောင်းမှာ ကုတ်ကုတ်နဲ့ မှတ်တိုငိဆီဦးတည်လမ်းလျှောက်နေလေရဲ့...ဒီလောက်ညနတ်နေပြီ မှတ်တိုင်မှာ လူရှိမည်မဟုတ်...ကားကလည်းညဘတ်ဆို တစ်စီးတစ်စီးကြာတက်သည်...သူဘာလုပ်သင့်သလဲ...စဥ်းစားနေတုန်းမှာ သူ့ကားက လမ်းလျှောက်နေတဲ့ အတွင်းရေးမှူးခေးထက်ကျော်သွားပြီ ဖြစ်တယ်...

ရိပေါ လမ်းလျှောက်နေတုန်း မောင့်ကားက သူကိုကျော်တက်သွားလေပြီ မှတ်တိုင်ကို ကြည့်လိုက်တော့ သူတစ်ယောက်ခွေးတစ်ကောင်တောင်မရှိ...ရိပေါ အမှောင်ကြောက်တက်သည် အခုလို အခေုအနေမျိုးကို သူပို၍ ကြောက်သည်....

လူနဲ့ ခပ်ဝေးဝေးရောက်သွားတဲ့ မောင့်ရဲ့ ကားလေးက ရပ်တန့်သွားကာ သူဆီ အနောက်ထိုးမောင်းလာလေတယ်

.....ကားပေါ်တက်....

....ရပါတယ် လိုင်းကားပဲ စီးပြီးပဲ ပြန်လိုက်ပါမယ်...

...ဝမ်ရိပေါ စကားတအားမများနဲ့ ကားပေါ်တက် မှတ်တိုင်မှာ လူက ခွေးတစ်ကောင် လူတစ်ယောက်တောင်မရှိဘူး ကားလည်း အကြာကြီးနေမှ တစ်စီးလာတာ တက်စရာရှိတာတက်

.....ဟို..ဟို

....ကျစ် ...ဟို..ဟို ဒီ ဒီ လုပ်မနေနဲ့ တက်လာဆိုနေမှ

ရှောင်ကျန့် လေသံ မြင့်ပြောလိုက်မှ ကားပေါ် ကုတ်ကုတ်လေးတက်လာတယ်...

.....အိမ်နေရာပြော...

.....ဟို ..ဟို

.....ဟိုဆိုတာ ဘယ်နေရာလဲ...

.....အရင်အိမ်ပါပဲ..

......ဟမ်

ရှောင်ကျန့်ရဲ့ အာမေဋိတ်သံအဆုံးမှာ နှစ်ယောက်သား မျက်လုံးချင်းဆုံမိကြတယ်...

အခု ကိုယ်တို့ရဲ့ အရင်ပတ်သတ်မူကို ပြန်အသိမှတ်ပြုနေတာလား ဝမ်ရိပေါ..

ငါ့ကို မုန်းနေတဲ့ မောင်ရဲ့ စိတ်ကို ပိုလို့နိူးဆွမိပြီ လားမောင်..

.ရိပေါ ကိုယ့် ကိုယ်ကိုသာ ရိုက်ပစ်ချင်စိတ်ပေါက်လာကာ ကားပေါ်တိတ်တိတ်လေးသာလိုက်လာလိုက်တယ် ခါတိုင်းထက်ပိုတည်တင်းနေတဲ့မောင်မျက်​နှာကြောင့် ရိပေါ ပိုလို့မနေတက်တော့...

ရှောင်ကျန့် ပေါက်ကွဲခြင်လာတဲ့ စိတ်ကို ထိန်းချုပ်ထားရတယ်...သူကိုယ်တိုင်ဖျက်တောက်ခဲ့တဲ့ ဆက်ဆံရေး ကို အခုမှအသိပေးနေသော သူရဲ့ တစ်ချိန်က သူ့ရဲ့ချစ်သူဟောင်းကို ရှောင်ကျန့်အော်ဟစ်ပစ်ချင်ပေမယ့် သူအော်ငေါက်တိုင်း မျက်ရည်အဝိုင်းသားနဲ့ ကြည်နေတဲ့ ထိုအတွင်းရေးမှူးကြောင့် သူက လူဆိုးကြီးထပ်ဖြစ်ရမှာ ဆိုးတာ၍ ထိန်းထားလိုက်တယ်...

...အိမ်ရှေ့ထိ မပို့ပါနဲ့ လမ်းထိပ့်မှာ ပဲ ဆင်းလိုက်ပါမယ်...

...ကောင်းပြီလေ..

ရိပေါ ကိုယ်ကို ညွှတ်ကိုင်းကာ နူတ်ဆက်လိုက်တာနဲ့ မောင်က ကားကို အရှိန်တင်မောင်းထွက်သွားလေတယ်...အဲ့လောက်တောင် မုန်းသွားပြီလားမောင်.....

💞❤💞❤💞

......ဟင့်အင်းမောင် မောင်ထင်သလိုမဟုတ်ဘူး...မောင် မောင်!!

....သားဝမ် အဆင်ပြေရဲ့လား...

ရိပေါ အခန်းထဲ အပြေးရောက်လာတဲ့ မားရဲ့ ရင်ခွင်ထဲ ရိပေါတိုးဝင်လိုက်ရင်း

......သားကို သူတအား​မုန်းသွားပြီမား ..သားလုပ်ခဲ့မိတဲ့ အရာတွေကြောင့် သားကိုတအားမုန်းသွားပြီ

....သားလေးရယ်

.....သားရင်ဘက်ထဲ နာတယ်... တခြားသူတွေ သားကိုဘယ်လောက်ပဲ ကဲရဲနေပါစေ သား ခံနိုင်ရည်ရှိအောင်ကြိုးစားတားပြီးသားပါ...ဒါပေမယ့် သူရဲ့...ဟင့် သားရင်တွေ တအားနာတယ်မား

......အိုး..မားသားလေး​ရယ်..

.....သားမပျော့ညံတာ မားသိပါတယ်..ဒါပေမယ့် သူနဲ့ပတ်သတ်ရင် သားကလေ

....မားသိတာပေါ့ မားသားလေးအကြောင်း​မားသိတာပေါ့ မငိုပါနဲ့တော့ မားရဲ့သားလေးရယ် အိပ့်တော့နော်..တကယ်လို့သားအဆင်မပြေရင် အလုပ်က...

....မား သားကြောင့် အိပ့်ရေးပျက်သွားရပြီ သွားအိပ့်တော့နော် မား သားလည်းအိပ့်တော့မယ် ကြည်ပါဦးချွေးတွေလည်းရွဲလို့.

...သားအင်္ကျီလဲလိုက်ပါမယ် မားအိပ့်တော့နော်..။

...အင်းသားလေးလည်းအိပ့်တော့ အချိန်ကမနည်းတော့ဘူးရယ်

....ဟုတ်..

ဝမ်မားတစ်ယောက် သားဖြစ်သူရဲ့ အခန်းရှေ့ရပ်ရင်းနဲ့ သက်ပြင်းချမိတယ်...သူမ သိတာပေါ့ သူမသားလေး ဘယ်လောက်တောင် စိတ်တွေ မွန်းကျပ်နေမလဲ ဆိုတာကို ဒီကလေးက သူခံစားချက်လေးတွေကို အမြဲ ဖုံးဖိနေတက်တဲ့ကလေး....

အင်း သားရှောင်ကျန့် သားရိပေါကို ချစ်ကြောင်းဝန်ခံခဲ့တုန်းက သားလေးက ချစ်ပါလျှက်နဲ့ သူဘဝ သူအခြေအနေကြောင့် သားရှောင်ကျန့်ကို တော်တော်နဲ့လက်မခံခဲ့ ဒါပေမယ့် သားရှောင်ကျန့်ရဲ့ သားငယ်အပေါ်နားလည်မူရှိနဲ့ သားပေါ်ကိုချစ်တဲ့ စိတ်တွေကြောင့် နောက်ဆုံး ချစ်သူတွေ ဖြစ်ခဲ့ကြတယ်...

သားရှောင်ကျန့်က ပွင့်လင်းစွာ သူတို့ ပတ်သတ်မူကို ခွင့်ပြုပေးဖို့ ခွင့်တောင်းလာတဲ့အခါ သူမရောခင်ကွန်းကရော ကြည်ဖြူစွာ လက်ခံပေးခဲ့တယ်..ဒါဟာ သားငယ်လေးကို သားရှောင်ကျန့် လိုလူမျိုးနဲ့သာလျှင်စိတ်ချင်၍ဖြစ်သည်...


❤❤❤❤❤💞💞💞💞💞

ရိပေါ ကို ကံကြမ္မာကမျက်နှာသာထပ်၍ မပေးနိုင်တော့ပါ....မောင်ဘေးနားတွင် ရိပေါ နဲ့ ထက်သာလွန်သော မိန်းမ လှလေးတစ်ယောက်ရှိနေလေပြီ....​ထိုသူမကသာလျှင် မောင်လက်မောင်းကို ချိတ်တွယ်ပိုင်ခွင့်ရှိသူ......

.....ဟေ့ ကျန့် ရှိလား ..

....ဟုတ်ရှိပါတယ် ခင်ဗျာ

.....မင်းကိုတို့ဘယ်လိုခေါ်ခိုင်းထားလဲ...

......ယင်းသခင်မလေးလို့ ခေါ်ခိုင်းထားပါတယ်....

.....အဲ့ဒါ ဘာလို့ ထည့်ပြီးမခေါ်တာလဲ

.....ဟို ဟို အဲ့ဒါ

တကယ်တော့ ရိပေါ ပြောရတဲ့ စကားထဲမှာ ထည့်ပြောဖို့လည်း မလိုအပ်တာမို့ ထည့်၍မခေါ်မိခြင်းကို သူမက အပြစ်မရှိ အပြစ်ရှာခြင်းပင်ဖြစ်တယ်..သူမက ရိပေါကို အကြောင်းအမျိုးမျိုးပြ၍ ပြသနာရှာတက်သလို အမျိုးမျိုးလည်းခိုင်းတက်သေး အများအားဖြစ့် မောင်မရှိလည်း ပိုခိုင်းပြီး မောင်အရှေ့ရောက်လျှင် ရိပေါကို အတိုင်အတောလေးထူလိုက်ရမှ....အခုလည်း.ရိပေါ ဘာပြန် ဖြေရမလဲ မသိဖြစ်နေတုန်း..အခန်းထဲက မောင်ကထွက်လာကာ

.....စစ်ယင်းရောက်နေတာပဲ

.....ဟုတ်တယ်ကျန့် အခုပဲ ရောက်တာ ကျန့်ကိုတိုင်စရာရှိတယ်

....အွန်းပြော

....ဒီမှာကျန့်ရဲ့ အတွင်းရေးမှူးပေါ့ ယင်းကို စိတ်မကြည်အောင်လုပ်တယ်

....သူဘာလုပ်လို့လဲ

ရိပေါ မောင်ရဲ့ လေသံမာတဲ့ အပြောလေးကြောင့် ကိုယ်လေးကျုံထားမိတယ် သူ အခုမောင်ရဲ့ဆူတာ ခံရတော့မယ်မဟုတ်လား

.....သူပေါ့ ယင်းကိုလေ သခင်မလေးလို့ထည်မခေါ်ဘူး

.....သြော်

....ကျန့် ကလည်း စစ်ယင်းကအစောကြီးကတည်းကသူကို ပြောပြီးသားဘယ်လိုခေါ်ရမလဲဆိုတာကို အဲ့ဒါကို သူကယင်းစကားနားမထောင်တာ

.... မဟုတ်ဘူး သူက အထက်လူကြီးဖြစ်တဲ့ ကိုယ်စကားကိုနားထောင်တာ

.....ဟမ် ဘယ်လို

.....အင်းဟုတ်တယ် ကိုယ်သူကို အဲ့လိုမခေါ်ခိုင်းထားတာ...

....ဘာလို့လဲ ကျန့်ရဲ့

......ကိုယ်မကြိုက်လို့

....ဘာလို့မကြိုက်တာလဲ ကျန့်ရဲ့

....မမေးနဲ့ ကိုယ်မှာ အကြောင်းပြချက်မရှိဘူး

...ကျန့်!!

.....ကိုယ်ကို မအော်နဲ့ စစ်ယင်း ကိုယ်မကြိုက်ဘူး ပြီးတော့ ဘာအကြောင်းပြချက်မှမမေးနဲ့ ကိုယ်မကြိုက်ချင်လို့မကြိုက်တာ စစ်ယင်းလာတာ ထွေထွေထူးထူးမရှိရင် ကိုယ်လုပ်စရာရှိတွေ လက်စသတ်ဦးမယ်

စစ်ယင်းတစ်ယောက် သူမကို စိတ်ဆိုးကာ အခန်းထဲ ပြန်ဝင်သွားတဲ့ ကျန့်အနောက်ကို အမြန်လိုက်ရတယ်....သူမ ကျန့်ကို သိပ့်ချစ်သည် ကျန့်နဲ့ခင်မင်မူရရန် သူမ မနည်းကြိုးစားထားရသည်....အခုလို ချစ်သူမကြဘာမကြအဆင့်လေးရအောင် သူမ ဘက်က ကျန့်ကိုတွယ်ကပ်လွန်းလို့သာလျှင် ဒီအခြေအနေရှိနေတာ ...သူမဘက်က ကျန့်ကို ချစ်ကြောင်း အကြိမ်ကြိမ်တောင်မက တွေ့တိုင်းနီးပါးပြောတက်ပေမယ့် ကျန့်ဘက်ကတော့ သူမကို ချစ်စကားပြောဖို့ မပြောနဲ့ မျက်ဝန်းချင်တောင် တစ်ခါမှ မစုံစေဘူး....

သို့ပေမယ့် ပါတီပွဲ မိတ်ဆုံစားပွဲ company ရှယ်ယာရှင်ပွဲတွေမှာတော့ ကျန့်က သူမနဲ့ ပွဲတက်အများဆုံးပင်....သူမ အခုလည်း သူကိုစိတ်တိုသွားသော ကျန့်ကို ချော့ရပေဦးမည်...

...ကျန့် ယင်းကလေ ကျန့်ကိုအော်လိုက်တာမဟုတ်ပါဘူး...ဒီတိုင်းလေးချွဲပြီး အသံကျယ်သွားတာပါ

.......

.....ကျန့် အဲ့လိုကြီး မနေပါနဲ့ ကျန့်စိတ်ဆိုးနေရင် ယင်းမနေတက်လို့ပါနော်

.....ကိုယ်အလုပ်လုပ်နေတယ် စစ်ယင်း..

....ယင်းတောင်းပန်ပါတယ် ကျန့်ကလည်း ယင်းကလေ ကျန့်ကို အော်တာမဟုတ်ပါဘူးဆို...ယင်းက ဟိုအစုတ်အပဲ့တစ်ယောက်ကို စိတ်တိုတာ

စစ်ယင်းရဲ့ ဟိုအစုတ်အပဲ ဆိုတဲ့ စကားသံအဆုံးမှာ ကျန့် ဆီက အကြည့်စူးစူးကို စစ်ယင်းရလိုက်တယ်...

စစ်ယင်း ကြက်သီးတွေပါထသွားတယ် ...ကျန့်ရဲ့မျက်လုံးတွေကသာ မီးထွက်ရင် သူမ ပြာကြလောက်တယ် အခုလို ဒေါသထွက်တဲ့ မျက်လုံးမျိုစကး သူမတစ်ခါမှ မမြင်ခဲ့မိဘူး....အခုလည်း သူအလုပ်လုပ်နေတာနှောက့်ယှက်တာမကြိုက်ကြောင်း ပြောထားလျှက်နဲ့ သူမ ဆက်ပြီးနားပူမိတာမို့ အခုလို အကြည့်ခံရတာမျိုးဖြစ်နိုင်သည်...

....ကျန့် ယင်းကလေ

.....ပြန်တော့

....ကျန့်ကလည်း ယင်းတောင်းပန်ပါတယ်လို့

....ပြန်တော့..

...ကျန့်

....ငါပြန်တော့လို့ပြောနေတယ်

ရှောင်ကျန့် အသံပိုမြင့်ပြောလိုက်မှ

...အင်းပါ ယင်းပြန်တော့မယ်နော်...ကျန့် ကိုနောက်မှ လာတွေ့ပြီချော့မယ်...သွားပြီ

သူမလည်း အခန်းထဲက နေ ကျန့်ဆွဲမထုတ်ခင် ထွက်လာလိုက်သည် ..ကျန့်က သူပြောတာ မလုပ်လျှင် ပို၍ ဒေါသထွက်တက်သေးသည်...

ရိပေါ ခဏအကြာ အခန်းထဲက ထွက်လာတဲ့ စစ်ယင်းကိုကြည့်ရင်း ရိပေါတွေးမိတယ်...မောင်က သူကို အဆူတဲ့ အပြင် မောင်က သူကို ကာကွယ်ပေးလိုက်သေးသည် ရိပေါ အပျော်​လုံးသေးသေးလေး ရင်ထဲ ရောက်လာသည်...

ရှောင်ကျန့် စစ်ယင်းထွက်သွားမှ laptop ကို ပိတ်ချကာ ဒေါသထွက်မိတယ်..
(# ..ဝမ်ရိပေါကို ဘယ်သူမှ ထိခိုက်စေလို့မရဘူး နာကျင်စေလို့မရဘူး...ဝမ်ရိပေါရဲ့ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း နာကျင်ခြင်းတွေက ငါဆိုတဲ့ ရှောင်ကျန့်နဲ့ပဲ တိုက်ရိုက်အချိုးကြနေစေရမယ်...#)

❤❤❤❤❤❤💞💞💞💞💞💞

ရှောင်ကျန့် မနက်စာစားနေတုန်း ထမင်းစားပွဲခါထိုင်တဲ့ ရှောင်မားက ရှောင်ကျန့်ကိုကြည့်ရင်း သက်ပြင်းချမိတယ်..သူမရဲ့ သားလေးက အခုဆိုရင် ငွေဆိုတာနောက်ကို လိုက်ရင်းနဲ့ အချိန်တွေ ကုန်လာတာ နှစ်ပေါင်းမနည်း ..အခုလည်း မနက်စာစားရင်း ဖုန်းနဲ့ အလုပ်ရူပ်နေသော သူမရဲ့ သားကို သူမစကားပြောကြည့်ရဦးမည်...

.....သားကျန့် မားစကားခဏပြောချင်လို့...

....ပြောလေ သားနားထောင်နေတယ်...

....သားကျန့် နည်းနည်းလျှော့လိုက်လို့မရဘူးလား...

....ဘာကိုလဲ မား...

....သားကျန့် လုံတာထက်ပိုတဲ့ ငွေတွေရှိနေပြီပဲ အခုလုပ်နေတဲ့ အ လုပ်တွေ နည်းနည်းလျှော့လုပ်ပြီး သားကျန့် ဝါသနာပါရာ လေးတွေ ပျော်ရွှင်စရာ စိတ်အပန်းဖြေစရာတွေ လုပ်ပါလားသားကျန့်ရယ်...

....ကျွန်တော် လိုချင်တာ.လိုအပ်တာ.ငွေပဲလေ..မားလည်းကြိုက်တယ်မဟုတ်လား..အဲ့ဒါကြောင့်ရှာနေတာလေ ပင်ပန်းတယ်ဆိုရင်တောင် လုပ်ရမှာပဲ

....မဟုတ်ဘူးလေ မားပြောချင်တာက

.....ကျွန်တော်သွားတော့မယ်မား မနက်ပိုင်း တွေ့ဖို့လူရှိသေးလို့

ထွက်ခွာသွားတဲ့ သားကျန့်ကျောပြင်ကိုကြည့်ရင်း သူမမျက်ရည်ကျမိတယ်....သူမ မှားခဲ့မိတယ်...သူမငွေနောက်ကို လိုက်ခဲ့လွန်းလို့ သားကျန့်က ငွေကို ရှာဖွေတက်လာတယ်...အခုလည်း တရားမဝင်အလုပ်တွေ လုပ်နေတာသိသည် အလုပ်အကိုင်ပိုင်နိုင်တဲ့ သားကျန့်က အရာရှိပိုင်းတွေကို ထိန်းထားနိုင်ပေမယ့် ဘယ်အချိန်ထိလဲ စိုးရိမ်ထိန့်လန့်မူတွေ သူမ နေ့တိုင်းခံစားနေရတယ်..ဒါအပြင် သူငယ်ချင်းလို သားကျန့်ကို ထိန်းပေးတဲ့ သားကျန့်အဖေကလည်း သားကျန့်ဘေးနားမှာ ရှိမနေနိုင်တော့ သားကျန့် ဟာပိုလို့ အထိန်းအကွပ် မဲ့ လာသလိုပင်...အခုချိန် တစ်ဦးတစ်ယောက်ကများ ရှောင်ကျန့်ကို ထိန်းပေးနိုင်တဲ့ သူမည်သူကိုမဆို သူမ လက်ခံနိုင်မည်....

ရှောင်းမား စဥ်းစားရင်းနဲ့မှ တစ်စုံတစ်ခုကို သတိရသွားကာ အပြင်သွားဖို့ ကားသမားကို ကားပြင်ခိုင်းလိုက်တော့တယ်


အဆင်ပြေပါသလား

မောင်ထံပါးမှ
Part 3









........




"....ဟို ..အဲ့ဒါက..."



".....ဘာ !!"

".....အင့်.."






"....ဟုတ် ကဲ့ပါ..."













....မပြန်သေးဘူး


....ဟုတ်ကဲ့ ကျဲကျေးဇူးပါ


ရိပေါ အလုပ်စဆင်းကတည်းက ရိပေါကို ဖေးဖေးမမ ရှိတာဆိုလို့ အားယွင်ကျဲ တစ်ယောက်ပဲရှိလေတယ်...ဒါရိုက်တာ ချောင်ကတော့ မောင်ရဲ့ သူငယ်ချင်းတဲ့...


.....ဝင်ခဲ့ပါ...




.....ပြောလေကွာ...


....ဘယ်ကောင်လဲ ...




.....club ဘက်ကရော







ရှောင်ကျန့် ၆နှစ်ကျော်အတွင်း အခုလိုထိ ချမ်းသာလာအောင် နိုင်ငံခြားက မှောင်ခိုဈေးကွက်ထဲကို သူ​တိုးဝင်ခဲ့သည်...ထိုအချိန်က ရှောင်ကျန့်ခေါင်းထဲ ငွေရဖို့သာ သိတော့သည် လောကကြီးမှာ ငွေနဲ့ပေါက်ပြီးလုပ်ချင်တာလုပ်ပစ်နိုင်အောင် သူကြိုးစားခဲ့သည်....သူချမ်းသာရမည်..ချမ်းသာသောသူတွေထက်ပင် ချမ်းသာအောင်လုပ်ရမည် ဒါကြောင့် မှောက်ခိုလောကထဲ ဝင်ခဲ့သည် ..ဝင်ဝင်ခြင်းတော့ အနိုင်ကျင့်ဗိုလ် ကျခေါင်းပုံဖျက်တာတွေ ကြုံရသည်...ဒါပေမယ့် ရှောင်ကျန့်က ဥာဏ်ကောင်းသူပီပီ သူအရင် ဝင်လုပ်နေတဲ့ ဂိုဏ်းတွေထဲက လက်တွဲညီညီလုပ်တဲ့ သူငယ်ချင်းတွေနဲ့ အတူ ခွဲထွက်ကာ တခြားသူတွေထက် ဦးအောင် အကွက်တွေချသည်..ကျောင်းတစ်ဖက်နဲ့ရှောင်ကျန့်က အလုပ်လုပ်ရင်းငွေစုကာ အရင်းနှီးနည်းနည်းနဲ့ မှောင်ခိုလောကထဲ ခြေတစ်လှမ်းစာဝင်ခဲ့သည်....

အကွက်ချပိုင်နိုင်တဲ့ ရှောင်ကျန့်က အမြဲ အမြတ်အစွန်းရစမြဲ ဒါအပြင် သူက အမိမြေက ရောင်းမထွက်တဲ့မြေတွေကို ဈေးပေါပေါနဲ့ ဝယ်သည် အိမ်ရာစီမံကိန်းကို ကုပ်ခြစ်ပြီး ရှယ်ယာရှင်ရှာကာ အကောင်အထည်ဖော်သည်....မထင်ထားလောက်အောင် အမြတ်အစွန်းက ရပြန်သည်...ရှောင်ကျန့် ရဲ့အာရုံထဲ ဝင်နေတာ ​ငွေရဖို့လမ်းတွေသာဖြစ်တယ်...သူကိုယ်တိုင်ပဲ သိတဲ့ ချမ်းသာချင်ရသည့် အကြောင်းအရင်းက များများစားတော့မရှိပေမယ့် ချမ်းသာမှ ငွေရှိမှ.တော်ဖြစ်မည်...ဥာဏ်န ရော ကာယရော အားကောင်းအောင်သူကိုယ်သူသွေးယူထားတဲ့ ရှောင်ကျန့်ဟာ ခုဆို နှစ်ဖက်သွားရှိတဲ့ ဓားတစ်လက်လို ထက်မြတ်ရာ ​မြေအောက်လောကမှာ Sean ဆိုတဲ့နာမည်နဲ့ ဘုရင် တစ်ဆူနည်းပါးဖြစ်လာသည်..အချိန်တိုအတွင်း မြေအောက်လောကမှာ အောင်မြင်လာတဲ့ ရှောင်ကျန့်ကို မြေအောက်လောကသားတော်များများ ရှိန်ကျသလို တိုက်ခိုက်ချင်သူလည်းပေါများသည်...ဒါတွေလည်း ရှောင်ကျန့်က ဂရုစိုက်မနေဘူး သူမှာလုပ်စရာတွေ အများကြီးရှိသေးသည်...





....အင်း..အင်း


.....ဟိတ်ထတော့ !!ထတော့ !






....ကျစ် စိတ်ရူပ်စရာကွာ







.....ကားပေါ်တက်....



.....ဟို..ဟို



.....အိမ်နေရာပြော...

.....ဟို ..ဟို

.....ဟိုဆိုတာ ဘယ်နေရာလဲ...

.....အရင်အိမ်ပါပဲ..

......ဟမ်



ငါ့ကို မုန်းနေတဲ့ မောင်ရဲ့ စိတ်ကို ပိုလို့နိုးဆွမိပြီ လားမောင်..




...ကောင်းပြီလေ..


💞❤💞❤💞


....သားဝမ် အဆင်ပြေရဲ့လား...



....သားလေးရယ်


......အိုး..မားသားလေး​ရယ်..






....ဟုတ်..





❤❤❤❤❤💞💞💞💞💞


.....ဟေ့ ကျန့် ရှိလား ..

....ဟုတ်ရှိပါတယ် ခင်ဗျာ




.....ဟို ဟို အဲ့ဒါ


.....စစ်ယင်းရောက်နေတာပဲ


....အွန်းပြော


....သူဘာလုပ်လို့လဲ



.....သြော်



.....ဟမ် ဘယ်လို


....ဘာလို့လဲ ကျန့်ရဲ့

......ကိုယ်မကြိုက်လို့



...ကျန့်!!





.......






....ကျန့် ယင်းကလေ

.....ပြန်တော့


....ပြန်တော့..

...ကျန့်







❤❤❤❤❤❤💞💞💞💞💞💞





....ဘာကိုလဲ မား...








အဆင်ပြေပါသလား

Continue Reading

You'll Also Like

32.4K 2.5K 72
ဖတ်ကြည့်နော်😉😉
26K 4K 30
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
174K 26.5K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
459K 88.4K 91
අග්නි.... නමට අග්නි...ඒ උනාට... මට දැනෙනවා වෙලාවකට මේ පපුවෙ සීතල.... අග්නි..... හිතුවෙ පිච්චෙන ගින්දර.... ඒත් ඇතුලෙ තිබුනෙම... උතුරන ආලය.... අග්නි...