သခင့်ခြေတော်ရင်း [Completed]

By Ennia_Yawn

141K 5.4K 1.5K

Title - သခင့်ခြေတော်ရင်း (သခင့္ေျခေတာ္ရင္း) Type - Own Creation, Myanmar BL, Mpreg မင်းရဲ့ခန္ဓာကိုယ... More

Chapter 1
Chapter 2
Chapter 3
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Final
Extra (1)
Extra (2)

Chapter 4

4.4K 203 70
By Ennia_Yawn

လေတချွန်ချွန်ဖြင့် တေဇ သူ့ဘောင်းဘီအိတ်ထဲ လက်နှစ်ဖက်ထည့်ရင်း အိပ်ခန်းထဲသို့ ဝင်လာသည်။

သူ့ကိုစောင့်ရှောက်ဖို့နေနေသာသာ လိုက်တောင်မဖမ်းသည့် သက်တော်စောင့်လေးက သူ စောင့်ရှောက်ပေးရမည့် သခင်အတွက် တအားကိုမှ ပူပန်နေရှာပုံပင်၊ ခြေပစ်လက်ပစ်တောင် အိပ်နေပြီဖြစ်၏။

တေဇအတွက် ဘေးနားမှာ သက်တော်စောင့်ရှိတာကိုတောင် မကြိုက်ပါဘူးဆိုကာမှ အခုလို အခန်းထဲမှာပါ လူပိုရှိနေတာက သူ့အား စိတ်တိုစေသည်။

တေဇ ထိုကောင်လေးနားသို့ ခြေသံပြင်းပြင်းနင်းရင်း လျှောက်လာခဲ့ကာ အသံခပ်မာမာဖြင့် ကန်နှိုးလိုက်သည်။

"ငါ့အခန်းထဲကနေပါ ထွက်သွားစမ်း၊ တခြားမှာ သွားအိပ်"

သူ့ကို ခြေဖြင့် လာကန်နှိုးနေသော တေဇအား ရိပ် ကျောခိုင်းရင်း ဆက်အိပ်သည်။

"သူများအိပ်နေတာကို တိတ်တိတ်နေကွာ၊ မမြင်ချင်ရင် မင်း အခန်းပြင် ထွက်အိပ်"

"မင်းတော့ ငါ လုပ်ရင် သေတော့မယ်"

သူ အိပ်နေတုန်း ဘေးနားမှာ ဆူညံနေရင် စိတ်တိုတတ်သည့် ရိပ်တစ်ယောက် ဝုန်းခနဲ ကျောပြန်လှည့်လာကာ သူ့ကုတင်‌ဘေး ရပ်နေဆဲ တေဇအား စူးရဲစွာ စိုက်ကြည့်လိုက်သည်။

နဂါးလိုကောင်၏ အကြည့်ကို ခံလိုက်ရချိန်၌ တေဇ အမြီးကုပ်ချင်သလို ဖြစ်သွားရ၏။ သူ ထိုတစ်ယောက်၏ အကြည့်စူးစူးတွေကို အနည်းငယ် လန့်သွားသလို ခံစားလိုက်ရတာမို့ ထိုကောင်လေးနှင့် ရန်မဖြစ်ရဲတော့ဘဲ တခြားအခန်းသွားအိပ်ဖို့သာ အပြင်ထွက်ဖို့ပြင်သည်။

"မင်း အပြင်ထပ်ထွက်ရဲထွက်ကြည့်နော်၊ ငါ မင်းကို တစ်နေ့လုံး လွှတ်ပေးထားပြီးပြီ၊ ငြိမ်ငြိမ်တက်အိပ်တော့"

"ဘာဖြစ်တယ်၊ မင်း အခု ငါ့ကို ပြန်အမိန့်ပေးနေတာလား၊ ဟေ့ကောင် ငါ့ကို ဒီအိမ်မှာ ငါ့အဖိုးနဲ့ အဖေတောင် ထိန်းချုပ်လို့မရဘူးကွ"

တေဇဓိရာဇ် ဒေါသတကြီး အခန်းပြင်ထွက်သွားကာ တံခါးကို ဂျိန်းခနဲ စောင့်ပိတ်လိုက်သည်။

သူ ဒီတစ်ယောက်ကို စိတ်တိုလို့ သေရတော့မယ်။ အရှေ့က သက်တော်စောင့်ကောင်တွေတောင် သူ့ရှေ့ဆို ခေါင်းတောင်မော့ကြည့်ရဲတဲ့ကောင်တွေမဟုတ်။

သူ တခြားအခန်းမှာ သွားအိပ်ဖို့ ခြေလှမ်းပြင်သော်လည်း လူက နောက်ကိုသာ ပြန်သွားနေမိသည်။ အခန်းထဲပဲ ပြန်ဝင်လာမိသည့် သူ့ကိုယ်သူ တေဇ စိတ်တိုမိ၏။ ဒီကောင် သူ့ကို အောက်လမ်းသုံးပြီး ပညာပြနေတာလား သောင်းကျန်းလိုစိတ်ဖြင့် ဝင်လာခဲ့သော်လည်း အိပ်နေပြန်ပြီဖြစ်သည့် ရိပ်ကို တွေ့ရချိန်၌ သူ ခြေသံခပ်ပြင်းပြင်းတောင် မနင်းရဲတော့ပေ။

"ဒီကောင် ငါ့ကို ဘာအောက်လမ်းတွေ လုပ်ထားလဲ မသိဘူး"

ထိုစကားကိုတောင် သူ လေသံထွက်ရုံ ပြောမိတာ ဖြစ်သည်။

အိပ်နေသည့်ကောင်လေးကို တေဇ တစ်ချက်ကြည့်ရင်း ရေချိုးဖို့ သူ့အဝတ်တွေကို ဆွဲချွတ်လျက်ရှိသည်။ အောက်ပိုင်းအဝတ်အစားကိုတော့ တခြားလူရှိနေတာမို့ ရေချိုးခန်းထဲမှာသာ ဆက်ချွတ်ရတော့သည်။

အလွန်ထူးဆန်းပါ၏၊ လှပသော ကောင်လေးတွေကို မြင်တိုင်း တေဇအတွက် မြင်သမျှ အလှလေးကို ချစ်ကျွမ်းဝင်နေခြင်းမဟုတ်သော်ငြား လှတာမြင်ရင် နှစ်ခါတော့ လည်ပြန်ကြည့်တတ်သူပင်။ သို့ပေသိ ရိပ်ကိုတော့ သေချာတောင် မျက်လုံးချင်းဆုံမကြည့်နိုင်သလို ကြည့်မိရင်လည်း မရိုးသားသည့်အတွေးမျိုး၊ စိတ်မျိုး ပေါ်မလာပေ။

ရေချိုးခန်းထဲမှ ရေကျသံများကို ရိပ် လှဲရက်မှနေ မျက်နှာကြက်ကို ငေးနေရင်း နားထောင်လျက်ရှိသည်။ ထိုကောင် ပြန်ထွက်လာချိန်၌ သူ မျက်လုံးပြန်မှိတ်ထားလိုက်သည်။ ထိုကောင် အိပ်ရာထဲ ဝင်သွားချိန်ထိ သူ ငြိမ်သက်စွာသာ လှဲနေသည်။

တေဇ အိပ်သွားချိန်မှသာ ရိပ် ကုတင်အောက် ဆင်းလာကာ တံခါးတွေ သေချာပိတ်ထားမထား စစ်ဆေးလိုက်သည်။ အခုတလော တေဇဆီ လုပ်ကြံသူတွေ ဦးတည်နေတာမို့ ရိပ် လိုက်ကာကို လှပ်လိုက်ရင်း ဒီကောင့်သီးသန့်စံအိမ် ပတ်ပတ်လည်ကို လိုက်ကြည့်လျက်ရှိသည်။ သူ တေဇ အန္တရာယ်ဖြစ်နေရင်သာ သိနိုင်သူ ဖြစ်၏။ ထိုကောင် အန္တရာယ်ဖြစ်မှာကိုတော့ ကြိုမြင်နိုင်ခြင်း မရှိတာမို့ သူ စံအိမ်ပတ်ဝန်းကျင်ကို သေချာစစ်ဆေးနေရခြင်းဖြစ်သည်။

မှောက်ရက်အိပ်နေသည့် တေဇကုတင်နားသို့ ရိပ် တိုးတိတ်စွာ လျှောက်လာခဲ့ပြီး အိပ်နေတာ‌တောင် မာန်အပြည့်ဖြစ်နေသည့် တေဇ၏တစ်ခြမ်းမြင်နေရသော မျက်နှာအစိတ်အပိုင်းများကို သူ အကြာကြီး ရပ်ကြည့်နေမိသည်။

ခါးလယ်လောက်ရောက်နေသည့် စောင်ကို ကျောပေါ်ထိ ငြင်သာစွာ ဆွဲတင်ပေးလိုက်ပြီး နဖူးပေါ် ကျနေသော မစိုမခြောက် ဆံနွယ်များကို လက်ဖြင့် သပ်တင်ပေးဖို့ ကြိုးစားပြီးမှ လက်ရုပ်လိုက်ကာ နှုတ်ခမ်းလှုပ်ရုံ ဆိုလိုက်သည်။

"ကျွန်တော် ကိုကို့ကို တကယ်လွမ်းနေခဲ့ရတာ"

ထို့နောက် ရိပ် သူ့ကုတင်ဖက် ပြန်ထွက်သွားကာ ထိုအမျိုးသား၏ လုံခြုံရေးတာဝန်ကို အပြည့်ယူသည့်အနေဖြင့် သတိကြီးစွာထားရင်း အိပ်စက်ခဲ့သည်။

------------------

မနက်အလင်းထွက်လာချိန်၌ တစ်ညလုံး ခဏခဏ ပြန်ပြန်နိုးနေသည့် ရိပ် အရင် ထလာသည်။

မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးတာနဲ့ မနက်စာ စားလေ့မရှိ‌သော ရိပ်တစ်ယောက် စီးကရက်တစ်လိပ်ကိုသာ မနက်စာအဖြစ် သုံးဆောင်သည်။

တေဇဓိရာဇ် စီးကရက်နံ့ကြောင့် နိုးလာကာ ဝုန်းခနဲ ကုတင်ပေါ်က ဆင်းလိုက်ရင်း ပြတင်းပေါက်နားက ရိပ်နား လျှောက်လာ၏။

"ဟေ့ကောင် ငါ ဆေးလိပ်နံ့ မခံနိုင်ဘူးကွ၊ မင်း ငါ့သက်တော်စောင့်လုပ်မယ်ဆို ဒါတွေသောက်ခွင့်မရှိဘူး"

မျက်လုံးပွင့်တာနဲ့ ရန်ရှာနေသော တေဇ၏ မျက်နှာပြင်ထက်သို့ စီးကရက်‌ငွေ့များ ရိပ် မှုတ်လွှတ်လိုက်တာကြောင့် တေဇ ချောင်းတွေပင် ဆိုးကုန်ရ၏။

သူ ပေါက်ကွဲစွာဖြင့် ရိပ်လက်ထဲက စီးကရက်ကို ဆွဲလုဖို့ ကြိုးစားလိုက်‌သော်လည်း ထိုကောင်လေးက လှစ်ခနဲ သူ့လက်ကောက်ဝတ်ကို ဖမ်းချုပ်လာသည်။

"ငါက မနက်တိုင်း စီးကရက်သောက်ရမှ တစ်နေ့တာကို ကောင်းကောင်းစနိုင်တာ၊ မင်းက ဒါကို ခွင့်မပြုဘူးဆိုရင် ငါ မင်းနှုတ်ခမ်းကို နမ်းပြီးမှပဲ စနိုင်မယ် ထင်တယ်"

"လုပ်ရဲလုပ်ကြည့်လေ"

ရိပ် ထိုကောင့်လက်ကို လွှတ်ပေးလိုက်ပြီး စီးကရက်ကို မီးသတ်လိုက်သည်။

"လုပ်ရဲတယ်၊ မလုပ်ချင်လို့"

သူ့ကို မိုးကြည့်နေသော တေဇ၏ ပါးပြင်ကို လက်ဖြင့် တစ်ချက်ပွတ်သပ်ရင်း ဆိုလိုက်တာမို့ ထိုကောင့်ခြေလှမ်းများ ချက်ချင်းနောက်ဆုတ်သွားသည်။

သူ့ကို အခုချိန်ထိ သခင်လို ဆက်ဆံဖို့ နေနေသာသာ သခင်လေးလို့တောင် မြင်ပုံမရသော ဒီကောင်နဲ့ နေရတာ အကုသိုလ် တကယ်များသည်။ ထို့ကြောင့် ရေချိုးခန်းဝင်ပြီးသည်နှင့် မနက်စာစားဖို့ စားဖိုဆောင်ဖက် ထွက်သွားသည်။

သက်တော်စောင့်နှင့်တူတူရောက်ရှိလာသော မြေးလေးကို ဦးမဟာ စားပွဲဝိုင်းမှ ဆီးကြိုလိုက်သည်။

"အဖိုး မြေးကို စောင့်နေတာ၊ ထိုင်၊ ညက ‌ကောင်းကောင်းအိပ်ပျော်တယ်ထင်တယ်၊ မျက်နှာလေးကို ပြည့်နေတာပဲ၊ ဒီမှာ မြေး ကြိုက်တဲ့ နန်းကြီးသုတ်ကို အဖိုးကိုယ်တိုင် ထလုပ်ပေးထားတယ်"

တေဇ သူ့အဖိုးကို အရင်သိုင်းဖက်လိုက်ကာ သူ့အဖိုးပါးကို ထုံးစံအတိုင်း လှမ်းနမ်းပြီးမှ မနက်စာဝိုင်း၌ ဝင်ထိုင်သည်။ စားပွဲဝိုင်း၌ သူနဲ့ အဖိုးပဲ ရှိ၏။ လမ်းလျှောက်ထွက်ရင်း မနက်စာကို အပြင်မှာသာ မေမေနှင့် သီးသန့်ထွက်စားတတ်သည့် ဖေဖေနှင့်မေမေတော့ မရှိ။

ရိပ် သခင်လေးကို မနက်စာစားပွဲဝိုင်းနားထိ လိုက်ပို့ပြီး ဝိုင်းရဲ့ခပ်လှမ်းလှမ်း၌ ရပ်စောင့်နေရ၏။ ဦးမဟာက သူ့ကို တစ်ချက်သာ လှမ်းကြည့်ပြီး သူ့မြေးကိုတော့ တစိမ့်စိမ့်ထိုင်ကြည့်နေသည်။

ဦးမဟာ ရေ‌နွေးကြမ်းတစ်ငုံသောက်လိုက်ရင်း-

"မြေး ဟိုတစ်ခါက တွေ့ကြည့်တဲ့ လင်းညှို့သွင်ဆိုတဲ့ကောင်လေးကိုရော သဘောမကျပြန်ဘူးလား"

"သြော်၊ အဲ့တစ်ယောက်က မဆိုးပါဘူး၊ ဒါပေမဲ့ ကျွန်တော် ရှာနေတဲ့သူ မဟုတ်ဘူး"

ဦးမဟာ သက်ပြင်းတစ်ချက်ချလိုက်မိကာ သူ လုပ်ပေးထားသည့် နန်းကြီးသုတ်ကို သေချာစားနေသော မြေးလေးအား-

"အဖိုး အသက်ရှစ်ဆယ်ပြည့်‌တော့မယ်၊ ဘယ်နေ့ သေရမလဲ မသိနိုင်တဲ့ အချိန်ဖြစ်နေပြီ"

"အဖိုးကလည်းဗျာ"

"နားထောင်၊ ရာဇ အကြောင်းလည်း မသိတာမဟုတ်ဘဲနဲ့၊ အဖိုးသာ မြေးကို အိမ်ထောင်မချပေးခဲ့ရဘဲ သေသွားခဲ့ရင် သေချာပေါက် မြေးရဲ့ အိမ်ထောင်ဖက်က မိန်းကလေးနဲ့ပဲ ရာဇက အတင်းအကျပ် စီစဉ်မှာ၊ ရာဇကို အဖိုး အုပ်ထားနိုင်လွန်းလို့သာ သူ အဖိုးကို ပြန်မပြောရဲတာ၊ တစ်ချိန်ကျရင် မြေးလည်း မင်းအဖေကို ပြန်မလှန်ရဲနိုင်တဲ့ အခြေအနေ ဖြစ်လာမှာကို အဖိုး ရင်ပူတယ်၊ အဲ့အချိန် မြေးလေး စိတ်ဆင်းရဲနေရမှာကို အဖိုး တွေးတောင်မတွေးကြည့်နိုင်ဘူး"

သေစကားချည်း ပြောနေသည့် အဖိုးကြောင့် တေဇ စားလို့တောင် မဝင်တော့ချိန် ခပ်လှမ်းလှမ်း၌ ရပ်စောင့်နေရသည့် ရိပ်တစ်ယောက် ဟက်ခနဲသာ တစ်ချက်ပြုမိတော့၏။

ဦးမဟာ ဆက်ပြောသည်။

"တစ်ယောက်ယောက်ကိုတော့ အရင်လက်ထပ်ထားလိုက်ပါ မြေးရာ၊ ရှာနေတဲ့ ကောင်လေးကို တွေ့ခဲ့ရင် နောက်တစ်ယောက် ထပ်ယူလိုက်လို့ရတာပဲလေ၊ စိတ်ချ၊ အဖိုး မြေးရဲ့အိမ်ထောင်ဖက်ကို ရွေးတဲ့အချိန် မြေး အဲ့လိုလုပ်တာကို လက်ခံပေးနိုင်မှ လက်ထပ်ပေးမှာ"

နှောင်ကြိုးရိပ် ဦးမဟာအား မျက်လုံးထောင့်ကပ်ကြည့်လိုက်မိကာ သူ့လက်ချောင်းများကို ခပ်တင်းတင်းဆုပ်လိုက်မိသည်။ ဒီဘိုးတော်အတွက် သူ့မြေးတစ်ယောက်ကသာ အဖိုးတန် ဖြစ်နေပုံပင်။

ဒီစကားမျိုးကို သူ အခုလည်း ထပ်ကြားရပြန်တာမို့ ရိပ် မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီကောင် ဘယ်သူ့ကို ရှာနေတာပါလိမ့်။

တေဇ ငြိမ်သက်စွာ ကျောမှီထိုင်လိုက်ကာ စဉ်းစားနေသည်။ သူ နှစ်ယောက် မယူချင်၊ တွေ့ရာကောင်လေးနဲ့လည်း လက်မထပ်ချင်၊ သူ ရှာနေသည့်ကောင်လေးနဲ့သာ အိမ်ထောင်ပြုချင်တာဖြစ်သည်။

"ကျွန်တော့်ကို ခဏလောက် စဉ်းစားခွင့်ပေးပါဦး ဖိုးရာ"

သူ့မြေး အစားအသောက်မပျက်စေရန်အလို့ငှာ ဦးမဟာ ဆက်မပြောတော့ဘဲ စိတ်ပျော်စရာ စကားများကိုသာ လမ်းကြောင်းပြောင်းပြောတော့သည်။

----------------

မနက်စာ စားပြီးချိန်၌ တေဇဓိရာဇ်၏ အလုပ်ရှိရာဖြစ်သော သူတို့မိသားစုပိုင်ဆိုင်ကြသည့် ဟိုတယ်တွေ၏ ရုံးချုပ်သို့ နှောင်ကြိုးရိပ် ကိုယ်တိုင်ကားမောင်းရင်း လိုက်ပို့ရပြန်သည်။

ကားနောက်ခန်းမှာ ထိုင်နေကာ ဖုန်းပြောနေသည့် တေဇအား ရိပ် နောက်ကြည့်မှန်မှတဆင့် တစ်ချက်တစ်ချက် အကဲခတ်လိုက်၊ ထိုကောင် ပြောနေတာတွေကို နားစွင့်လိုက်လုပ်ရင်း ကားမောင်းနေသည်။

တေဇ သက်ခွန်းယံနဲ့ ဖုန်းပြောနေ၏။

"ဒါဆို မင်း ဒီနေ့ ဆေးခန်းမှာပဲ ရှိမှာပေါ့"

". . ."

"အင်း၊ ညနေ ငါ ပုပ္ပားဖက် သွားဦးမယ်၊ ဒါဆို နောက်ရက်မှပဲ ဆုံတာပေါ့"

တေဇ ဖုန်းချလိုက်သည်။ ယံ အားရင် နေ့လယ်စာ တူတူစားရင်း အဖိုးနဲ့ ပြောဖြစ်တာတွေကို သူ အဲ့ကောင်အား ရင်ဖွင့်ချင်တာ ဖြစ်သည်။

ထိုစဉ် ဒရိုင်ဘာတစ်ဖြစ်လဲ သက်တော်စောင့်ကောင်ဆီမှ ရုတ်တရက် အသံထွက်လာသည်။

"အဲ့အစ်ကိုက ဆရာဝန်လား"

တေဇ ထိုကောင့်အား မကြည်ကြည့်ကြည့်မိတော့၏။

"မင်း ငါ့အကြောင်းတောင် အဲ့လောက် စိတ်ဝင်စားရဲ့လား"

"မေးတာသာ ဖြေပါ"

သူ ဒီကောင်လေးကို တစ်ခုခု ထလုပ်ချင်နေသော်ငြား တစ်ခုမှကို ထမလုပ်နိုင်တာအတွက် ကိုယ့်ကိုယ်ကိုယ် စိတ်တိုမိဆဲပင်။

သူ ရိပ်အား လှမ်းမေးလိုက်သည်။

"မင်းက ဂေးလား"

မေးတာကို ‌မဖြေဘဲ ကွေ့ဝိုက်နေသော ဘဲကြီးကို ရိပ် စိတ်မရှည်တော့ပေ။

"အချင်းချင်းတွေကိုတောင် မင်း မရိပ်မိဘူးလား"

"ငါ့ကို သခင်လေးလို့ခေါ်"

"အဲ့နာမ်စား မခေါ်ချင်ဘူး"

တေဇ ထိုကောင့်ကိုကြည့်ပြီး တောက်တစ်ချက် ခပ်ပြင်းပြင်းခေါက်လိုက်မိတော့၏။

"မင်း ရှေ့လျှောက် သေဖို့ပြင်ထား"

"အဲ့အစ်ကိုကရော ဂေးလား"

သူ ပြောနေတာကို နားရောထောင်နေတာလား မသိနိုင်အောင် စကားက ဘယ်လိုမှ ပြောရဆိုရ အပေါက်အလမ်းမတည့်တာကြောင့် တေဇ အရင် စိတ်လျှော့လိုက်တော့သည်။

"ဖုန်းနံပါတ်ပေးမယ်၊ ကိုယ့်ဘာသာကိုယ် သွားမေးချည်"

"ပြီးရော၊ အဲ့အစ်ကိုရဲ့ ဖုန်းနံပါတ်လိုချင်နေတာနဲ့ အတော်ပဲ"

တေဇ မျက်လုံးစုံမှိတ်ပြီးသာ အသက်ပြင်းပြင်းရှူရင်း ကားနောက်မှီကို ခေါင်းမှီပြီး လိုက်လာသည်။

ထိုအစ်ကိုအကြောင်း ဘာမှလည်း မသိရတာမို့ ရိပ် သူ့ဘာသာသူ စုံစမ်းဖို့သာ တွေးလိုက်ရင်း ကားကိုသာ အမြန်မောင်းလျက်ရှိသည်။

ဟိုတယ်ရုံးခန်းထဲထိ လိုက်ပို့ပေးသော ရိပ်ကို တေဇ လှည့်ကြည့်လိုက်ကာ-

"ငါနဲ့ ဝေးဝေးနေတော့၊ ငါ့ဘေးမှာ လူပိုရှိနေတာ မကြိုက်ဘူး"

ရိပ် ထိုအမျိုးသားအား အိုခေ လုပ်ပြလိုက်ပြီး သူ့ထက်အရပ်ရှည်သည့် ထိုအမျိုးသား၏ လည်တိုင်မှ နက်ခ်တိုင်ကို ဖျတ်ခနဲ ဆွဲတည့်ပေးလိုက်ကာ သူ့ကို တွန်းထုတ်ဖို့ ရွယ်လာသည့် လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။

ရိပ်တစ်ယောက် သူ့နှုတ်ခမ်းဖြင့် တေဇ၏လက်ဖမိုးကို ဖိနမ်းလိုက်ရင်း-

"အလုပ်ကောင်းကောင်းလုပ်နော်"

"မင်း!"

မျက်နှာကြီးရဲကာ ဒေါသထွက်သွားသည့် တေဇ၏ပါးပြင်ကို ရိပ် ခပ်ဖွဖွပွတ်ရင်း ထိုအမျိုးသား ဒီထက်စိတ်မကြီးခင် အခန်းပြင် ရှောင်ထွက်သွားတော့သည်။

ရိပ် တေဇ၏အခန်းပြင်၌ တေဇ၏ အတွင်းရေးမှူးကောင်လေး ငယ်ငယ်လေးနှင့် စကားလက်ဆုံကျလျက်ရှိရင်း တေဇကို စောင့်နေသည်။

နေ့လယ်စာကို သူတို့သူဌေးက အပြင်စာ ထွက်မစားဘူးဟု ရိပ် သိလိုက်ရသည်။ တေဇ၏ အလုပ်ခန်းထဲသို့ နေ့လယ်စာ သီးသန့်လာပို့ပေးကြချိန်၌ ရိပ် ထိုနေ့လယ်စာအား ‌သူကိုယ်တိုင် သေချာစစ်ဆေးပြီးမှ တေဇဆီ ပို့ပေးလိုက်သည်။

"ထမင်းဝင်အောင်စားလိုက်ဦး၊ တစ်မနက်လုံး အလုပ်ချည်းလုပ်နေတာ ခဏနားဦး"

တေဇ ဖိုင်တွဲတွေကို လက်မှတ်ထိုးနေရင်း ထိုကောင့်ကို ဖျတ်ခနဲသာ တစ်ချက်ကြည့်ပြီး ထိုပန်းကန်တွေကို ဘေးတွန်းလိုက်သည်။

"ငါ မင်းကို ခွံ့ကျွေးရမှာလား၊ ကောင်းကောင်းပြောနေတုန်း ဝင်အောင်စား"

တေဇ ချက်ချင်းလိုလို ထိုပန်းကန်ကို ပြန်ဆွဲယူလိုက်မိသည်။

"လိမ္မာတယ်၊ ဖြည်းဖြည်းချင်း ကုန်အောင်စား၊ ငါ မင်းကို မနှောင့်ယှက်တော့ဘူး၊ အပြင်မှာ ထွက်နေတော့မယ်"

တေဇဓိရာဇ် လိမ္မာသည့်က‌လေးငယ်လေးတွေလို အလိုအလျောက် ခေါင်းညိတ်ပြမိသည်။

သူပါ ဟိုတယ်ထဲမှာပဲ နေ့လယ်စာ ဆင်းစားပြီးချိန်၌ ရိပ် သူ့အိတ်ထဲမှ ဖုန်းကို ထုတ်လိုက်ပြီး-

"ငါ အပြင်ခဏသွားမလို့၊ တေဇနားမှာ လာနေပေးကြ၊ သူ တစ်ခုခုဖြစ်တာကို မမီရင် မင်းတို့အသေပဲ"

"သခင် စိတ်ချပြီး ထားခဲ့ပါ၊ သူ ဘာမှမဖြစ်စေရပါဘူး"

ရိပ် သူ့ဖုန်းကို ချလိုက်ပြီး တေဇ အလုပ်ချိန်ပြီးဖို့ သုံးနာရီလောက်လိုသေးတာမို့ တေဇကားကိုသာ သူ ယူသုံးလိုက်ကာ ဟိုတယ်ဝင်းထဲမှ ကားထွက်လာသည်။

အတွင်းရေးမှူးကောင်လေးဆီက အများကြီး ကြားခဲ့ရပြီးပြီမို့ ရိပ် အစ်ကိုသက်ခွန်းယံအကြောင်းနှင့် အစ်ကို့‌ဆေးခန်းလိပ်စာကို ရလာခဲ့တာကြောင့် ထိုအစ်ကိုရှိရာ သွားဆေးခန်းဖက်သို့ မောင်းလာသည်။

‌အတန်သင့်ကျယ်ဝန်း‌သော သွားဆေးခန်းရှေ့၌ ကားရပ်လိုက်ချိန်၌ပင် ကောင်တာနား၌ ထွက်ရပ်ပြီး ပြုံးရွှင်စွာ ဖုန်းပြောနေသော အစ်ကို့ကို တန်းတွေ့လိုက်ရသည်။ နှစ်လိုဖွယ် အပြုံးများ ရှိနေသည့် ဂျူတီကုတ်ဝတ်ထားသော အစ်ကို့ကို သူ မျက်ရည်ဝဲစွာ ကြည့်လိုက်မိသည်။

ဖုန်းပြောနေသည့် ယံ ဆေးခန်းရှေ့က တေဇကားကို မြင်လိုက်တာကြောင့် တေဇ ရောက်လာတာလား သူ ထွက်ကြိုလိုက်ချိန် တေဇ၏ ကိုယ်ရံတော်လေး ဆင်းလာတာကို မြင်လိုက်ရသည်။

"ရိပ်တစ်ယောက်ထဲလား၊ တေဇရော"

"သူ အလုပ်လုပ်နေတုန်း ကျွန်တော် ခဏထွက်လာတာ၊ အတော်ပဲ၊ အစ်ကိုက သွားဆရာဝန်ဆိုတော့ ကျွန်တော့်သွား‌ကို ပြချင်လို့"

"ဪ၊ ဝင်ခဲ့လေ၊ လူနာလည်း ရှင်းနေတယ်"

သက်ခွန်းယံ သူ့စမ်းသပ်ခန်းထဲသို့ ရိပ်ကို ခေါ်လာခဲ့ပြီး ထိုကောင်လေး၏ အကောင်းတိုင်းရှိနေသည့် ညီညာသွယ်တန်းနေသော သွားတွေကို စစ်ဆေးလိုက်ကာ-

"ရိပ်ရဲ့ သွားတွေက အကုန်ကောင်းနေပါတယ်၊ တခြားလုပ်ချင်တာရှိလို့လား"

ကျောတစ်ဝက်လှဲအိပ်နေရသည့် စမ်းသပ်ခုံပေါ်မှ ရိပ် ထထိုင်လိုက်ကာ-

"ကောင်းနေတယ်ဆို ရပြီ၊ ပြိုင်ပွဲတုန်းက ထိုးကြိတ်ထားရတာတွေ ရှိတော့ အဲ့တုန်းက ပါး‌တွေ မေးစေ့တွေကို ထိထားတာတွေ ရှိခဲ့လို့လေ။ တော်ကြာ အထဲမှာ တစ်ခုခုဖြစ်မှာစိုးလို့ ကြိုတင်လာပြထားလိုက်တာ"

သက်ခွန်းယံ ထိုကောင်လေး ရင်ဘတ်ပေါ် အုပ်တင်ပေးထားသည့် အဝတ်စကို ဖြုတ်ယူပေးလိုက်ကာ သူပါ ထရပ်လိုက်ပြီး သူ့ကိုယ်ပိုင်ဖုန်းနံပါတ်ကို ရိပ်အား တစ်ခါထဲပေးထားလိုက်၏။

"လိုတာရှိရင် ကိုယ့်ကို ဖုန်းဆက်လိုက်လေ၊ တေဇကိုလည်း သေချာစောင့်ရှောက်ပေးပါဦး၊ ကိုယ် သူ့ကို ရိပ်ဆီ အပ်တယ်နော်"

"ဟုတ်၊ ဒါဆို ကျွန်တော် ပြန်လိုက်ဦးမယ်"

ယံ ရိပ်အား ဆေးခန်းရှေ့ထိ လိုက်ပို့လိုက်ပြီး ရိပ် ကားပေါ် ပြန်တက်သွားသည့်အထိ ရပ်ကြည့်နေကာ နှုတ်ဆက်လျက်ရှိချိန် ထိုကောင်လေး သူ့ကို ကားပေါ်မတက်ခင် ပြန်လှည့်ကြည့်လာသည်။ ထိုခဏ၌ သူပဲ အထင်မှားတာလား မသိ၊ ရိပ် မျက်ရည်ဝဲနေသည်ဟု မြင်လိုက်ရသည်။

------------------

ဟိုတယ်ရှေ့သို့ ကားပြန်ဝင်လာချိန် သူ့အား ဟိုတယ်ဆင်ဝင်အောက်၌ လက်ပိုက်ရပ်ကာ စောင့်နေသော တေဇကို တန်းတွေ့လိုက်ရ၏။

"မင်း တော်တော်ဖြစ်နေတာလား၊ ငါ့သူငယ်ချင်းကို သွားမနှောင့်ယှက်နဲ့"

ယံ့ဆီမှ သူ့ဆီ ရိပ် ရောက်လာသည့်အကြောင်း ဖုန်းဆက်လာတာမို့ တေဇ အံ့ဩလျက်ရှိ၏။ ဒီကောင် သူ့ကို ခွင့်တစ်ချက်ပင် မတောင်းဘဲ ထွက်သွားခဲ့တာကြောင့် ပိုဒေါသထွက်ရသည်။

"နောက်ဆို အလုပ်ချိန်မှာ အခုလို အပြင်ထွက်ခွင့်မရှိဘူး၊ နောက်တစ်ခါ စည်းကမ်းဖောက်ရင် မင်း အထုပ်ပြင်ထားလိုက်တော့"

"အဲ့အစ်ကိုက ဂျူတီကုတ်နဲ့ ပိုချောတယ်"

"နှောင်ကြိုးရိပ် မင်း ငါပြောနေတာတွေကို နားရောထောင်နေရဲ့လား၊ ငါ မင်းရဲ့. ."

"သခင်ဆိုတာ သိတာမို့ အာရုံနောက်‌အောင် ထပ်ထပ်မပြောပါနဲ့လား၊ တက်၊ ပုပ္ပားသွားဦးမှာမလား"

တေဇ တကယ့်ကို မတရားခံနေရသလို ခံစားရသည်။ သူ ခုန အတည်စိတ်တိုနေတာ ဖြစ်သော်ငြား ထိုကောင်လေးရှေ့ရောက်လျှင် ဒေါသက ပြန်ပြန်ဝင်သွားသလား ထင်ရအောင် ထင်သလောက် မပြောနိုင်ပြန်။

သူ့ကို ဝတ်ကျေတန်းကျေ ကားတံခါးဖွင့်ပေးသလား ထင်ရအောင် သူ တက်ထိုင်ပြီးချိန်၌ ကားနောက်ခန်းတံခါးကို ဂျိန်းခနဲ ပိတ်လိုက်စဉ် တေဇ ပြောစရာပင် မရှိတော့ပေ။ ဘယ်သူက အလုပ်ရှင်လဲ၊ သခင်လဲတောင် မသဲကွဲတော့။

ပထမဆုံးရက်မှာပင် ထိုကောင်လေးက ကားမောင်းကြမ်းတာကို တေဇ သိလိုက်ရသည်။ တစ်နာရီခွဲနီးပါးလောက် မောင်းရတတ်သည့် ပုပ္ပားတောင်ကလပ်နားကိုပင် တစ်နာရီလောက်နှင့် ထိုကောင်လေး မောင်းလာခဲ့သည်။

"မင်း တောင်အောက်မှာပဲ စောင့်နေခဲ့တော့"

"မရဘူး၊ ဟိုတစ်ခါလို မင်း အပေါ်မှာ တစ်ခုခုဖြစ်နေရင် ငါ အမှုပတ်နေဦးမယ်။ ကိုယ့်ဘာသာကိုယ် တက်စရာရှိတာ တက်စမ်းပါကွာ၊ ငါလည်း ဒီလှေကား‌ထစ်တွေကို ခြေညောင်းခံပြီး အရမ်းလိုက်တက်ချင်နေတယ်လို့ ထင်မနေနဲ့"

"မင်းတော့ ငါ လုပ်ရင် သေတော့မယ်"

အပေါ်ကုတ်နှင့် ရှူးဖိနပ်ကို ကားပေါ်၌ ချွတ်ထားခဲ့ပြီး သူ့ရှပ်အဖြူကို တံတောင်ဆစ်နားထိ ရောက်အောင် ခေါက်တင်လိုက်ကာ တေဇ စိတ်မကြည်စွာ အပေါ်တက်သွားတော့၏။

တေဇနောက်သို့ ရိပ် ခပ်ခွာခွာဖြင့်သာ လှေကားငါးထစ် ခြောက်ထစ်လောက်ခြားပြီး လိုက်တက်လာရသည်။

လှေကားထစ်တွေပေါ်ကို တက်နေချိန်၌ တေဇ အရာအားလုံး မေ့သွားသလိုပင်။ သူ့နောက်မှာ လူပါတာလည်း အာရုံမရှိတော့။ ဘောင်းဘီအိတ်ထဲသို့ သူ့လက်နှစ်ဖက်ကို ထိုးထည့်လိုက်ရင်း သူ့အာရုံတွေက လွန်ခဲ့သည့် ဆယ်နှစ်ကျော်ဆီက အတိတ်တွေဆီကိုသာ ပြန်ရောက်နေသည်။

လှေကားထစ်တွေ ပိုပိုမြင့်မြင့်တက်လာမိလေ ရင်ပြင်နားရောက်ဖို့ နီးကပ်လာလေ။ ထိုရင်ပြင်ပေါ်၌ ရွှေနှင့်ယိုးမှား ပန်းစံကား ကဗျာကို အော်ရွတ်နေသည့် ကလေးငယ်လေး၏ အသံကို ပီပီပြင်ပြင် ကြားရလာလေ။

ရင်ပြင်ပေါ် ရောက်သွားချိန်၌ တေဇဓိရာဇ် တောင်အောက်ကို ငုံ့ကြည့်ရင်း လွမ်းလွမ်းဆွေးဆွေး ရှာဖွေနေမိပြန်သည်။

"ဘယ်တွေရောက်နေတာလဲ ကလေးရယ်၊ ကိုယ် မင်းကို အခုချိန်ထိ စောင့်နေခဲ့ပါတယ်"

တေဇနဲ့ ခပ်ခွာခွာ လိုက်တက်လာခဲ့သည့် ရိပ် အခုမှသာ တောင်ပေါ် ရောက်လာခဲ့သည်။ ဟိုတလောက ဒီကောင့်အတွက် စိတ်လောပြီး ပြေးတက်လာလို့သာ မောရပန်းရမှန်း မသိခဲ့။ အခုတော့ မောလွန်းလို့ ရင်ပြင်ပေါ် ဆက်မလိုက်နိုင်တော့ဘဲ လှေကားထိပ်၌သာ ခြေပစ်လက်ပစ် ခြေဆင်းထိုင်ရင်း ကျန်ရစ်ခဲ့သည်။

ခပ်လှမ်းလှမ်း၌ မြင်နေရသည့် ထိုကောင့်နောက်ကျောက အခုလိုကျတော့လည်း သခင်လေးတစ်ယောက်ရဲ့ ဟန်ပန်မရှိဘဲ နူးညံ့နေသလိုပင်။

"ဟူး၊ မောလိုက်တာ၊ ဒီကောင် တစ်နေ့တစ်နေ့ ဒီပေါ်ကို ဘာလို့များ မမောနိုင်မပန်းနိုင် အပင်ပန်းခံပြီး လာလာတက်နေတာလဲ မသိဘူး"

ရိပ် ပွစိပွစိရေရွတ်ရင်း ထိုကောင် ပြန်ဆင်းရင်လည်း သူ ဒီလှေကားထစ်တွေကနေ ပြန်လိုက်ဆင်းရမှာကို တွေးမိတာနဲ့တင် အမောဆို့ချင်နေပြီဖြစ်သည်။

________________________

27.10.2023

[Zawgyi]

ေလတခြၽန္ခြၽန္ျဖင့္ ေတဇ သူ႕ေဘာင္းဘီအိတ္ထဲ လက္ႏွစ္ဖက္ထည့္ရင္း အိပ္ခန္းထဲသို႔ ဝင္လာသည္။

သူ႕ကိုေစာင့္ေရွာက္ဖို႔ေနေနသာသာ လိုက္ေတာင္မဖမ္းသည့္ သက္ေတာ္ေစာင့္ေလးက သူ ေစာင့္ေရွာက္ေပးရမည့္ သခင္အတြက္ တအားကိုမွ ပူပန္ေနရွာပုံပင္၊ ေျခပစ္လက္ပစ္ေတာင္ အိပ္ေနၿပီျဖစ္၏။

ေတဇအတြက္ ေဘးနားမွာ သက္ေတာ္ေစာင့္ရွိတာကိုေတာင္ မႀကိဳက္ပါဘူးဆိုကာမွ အခုလို အခန္းထဲမွာပါ လူပိုရွိေနတာက သူ႕အား စိတ္တိုေစသည္။

ေတဇ ထိုေကာင္ေလးနားသို႔ ေျခသံျပင္းျပင္းနင္းရင္း ေလွ်ာက္လာခဲ့ကာ အသံခပ္မာမာျဖင့္ ကန္ႏွိုးလိုက္သည္။

"ငါ့အခန္းထဲကေနပါ ထြက္သြားစမ္း၊ တျခားမွာ သြားအိပ္"

သူ႕ကို ေျချဖင့္ လာကန္ႏွိုးေနေသာ ေတဇအား ရိပ္ ေက်ာခိုင္းရင္း ဆက္အိပ္သည္။

"သူမ်ားအိပ္ေနတာကို တိတ္တိတ္ေနကြာ၊ မျမင္ခ်င္ရင္ မင္း အခန္းျပင္ ထြက္အိပ္"

"မင္းေတာ့ ငါ လုပ္ရင္ ေသေတာ့မယ္"

သူ အိပ္ေနတုန္း ေဘးနားမွာ ဆူညံေနရင္ စိတ္တိုတတ္သည့္ ရိပ္တစ္ေယာက္ ဝုန္းခနဲ ေက်ာျပန္လွည့္လာကာ သူ႕ကုတင္‌ေဘး ရပ္ေနဆဲ ေတဇအား စူးရဲစြာ စိုက္ၾကည့္လိုက္သည္။

နဂါးလိုေကာင္၏ အၾကည့္ကို ခံလိုက္ရခ်ိန္၌ ေတဇ အၿမီးကုပ္ခ်င္သလို ျဖစ္သြားရ၏။ သူ ထိုတစ္ေယာက္၏ အၾကည့္စူးစူးေတြကို အနည္းငယ္ လန႔္သြားသလို ခံစားလိုက္ရတာမို႔ ထိုေကာင္ေလးႏွင့္ ရန္မျဖစ္ရဲေတာ့ဘဲ တျခားအခန္းသြားအိပ္ဖို႔သာ အျပင္ထြက္ဖို႔ျပင္သည္။

"မင္း အျပင္ထပ္ထြက္ရဲထြက္ၾကည့္ေနာ္၊ ငါ မင္းကို တစ္ေန႕လုံး လႊတ္ေပးထားၿပီးၿပီ၊ ၿငိမ္ၿငိမ္တက္အိပ္ေတာ့"

"ဘာျဖစ္တယ္၊ မင္း အခု ငါ့ကို ျပန္အမိန႔္ေပးေနတာလား၊ ေဟ့ေကာင္ ငါ့ကို ဒီအိမ္မွာ ငါ့အဖိုးနဲ႕ အေဖေတာင္ ထိန္းခ်ဳပ္လို႔မရဘူးကြ"

ေတဇဓိရာဇ္ ေဒါသတႀကီး အခန္းျပင္ထြက္သြားကာ တံခါးကို ဂ်ိန္းခနဲ ေစာင့္ပိတ္လိုက္သည္။

သူ ဒီတစ္ေယာက္ကို စိတ္တိုလို႔ ေသရေတာ့မယ္။ အေရွ႕က သက္ေတာ္ေစာင့္ေကာင္ေတြေတာင္ သူ႕ေရွ႕ဆို ေခါင္းေတာင္ေမာ့ၾကည့္ရဲတဲ့ေကာင္ေတြမဟုတ္။

သူ တျခားအခန္းမွာ သြားအိပ္ဖို႔ ေျခလွမ္းျပင္ေသာ္လည္း လူက ေနာက္ကိုသာ ျပန္သြားေနမိသည္။ အခန္းထဲပဲ ျပန္ဝင္လာမိသည့္ သူ႕ကိုယ္သူ ေတဇ စိတ္တိုမိ၏။ ဒီေကာင္ သူ႕ကို ေအာက္လမ္းသုံးၿပီး ပညာျပေနတာလား ေသာင္းက်န္းလိုစိတ္ျဖင့္ ဝင္လာခဲ့ေသာ္လည္း အိပ္ေနျပန္ၿပီျဖစ္သည့္ ရိပ္ကို ေတြ႕ရခ်ိန္၌ သူ ေျခသံခပ္ျပင္းျပင္းေတာင္ မနင္းရဲေတာ့ေပ။

"ဒီေကာင္ ငါ့ကို ဘာေအာက္လမ္းေတြ လုပ္ထားလဲ မသိဘူး"

ထိုစကားကိုေတာင္ သူ ေလသံထြက္႐ုံ ေျပာမိတာ ျဖစ္သည္။

အိပ္ေနသည့္ေကာင္ေလးကို ေတဇ တစ္ခ်က္ၾကည့္ရင္း ေရခ်ိဳးဖို႔ သူ႕အဝတ္ေတြကို ဆြဲခြၽတ္လ်က္ရွိသည္။ ေအာက္ပိုင္းအဝတ္အစားကိုေတာ့ တျခားလူရွိေနတာမို႔ ေရခ်ိဳးခန္းထဲမွာသာ ဆက္ခြၽတ္ရေတာ့သည္။

အလြန္ထူးဆန္းပါ၏၊ လွပေသာ ေကာင္ေလးေတြကို ျမင္တိုင္း ေတဇအတြက္ ျမင္သမွ် အလွေလးကို ခ်စ္ကြၽမ္းဝင္ေနျခင္းမဟုတ္ေသာ္ျငား လွတာျမင္ရင္ ႏွစ္ခါေတာ့ လည္ျပန္ၾကည့္တတ္သူပင္။ သို႔ေပသိ ရိပ္ကိုေတာ့ ေသခ်ာေတာင္ မ်က္လုံးခ်င္းဆုံမၾကည့္နိုင္သလို ၾကည့္မိရင္လည္း မရိုးသားသည့္အေတြးမ်ိဳး၊ စိတ္မ်ိဳး ေပၚမလာေပ။

ေရခ်ိဳးခန္းထဲမွ ေရက်သံမ်ားကို ရိပ္ လွဲရက္မွေန မ်က္ႏွာၾကက္ကို ေငးေနရင္း နားေထာင္လ်က္ရွိသည္။ ထိုေကာင္ ျပန္ထြက္လာခ်ိန္၌ သူ မ်က္လုံးျပန္မွိတ္ထားလိုက္သည္။ ထိုေကာင္ အိပ္ရာထဲ ဝင္သြားခ်ိန္ထိ သူ ၿငိမ္သက္စြာသာ လွဲေနသည္။

ေတဇ အိပ္သြားခ်ိန္မွသာ ရိပ္ ကုတင္ေအာက္ ဆင္းလာကာ တံခါးေတြ ေသခ်ာပိတ္ထားမထား စစ္ေဆးလိုက္သည္။ အခုတေလာ ေတဇဆီ လုပ္ႀကံသူေတြ ဦးတည္ေနတာမို႔ ရိပ္ လိုက္ကာကို လွပ္လိုက္ရင္း ဒီေကာင့္သီးသန႔္စံအိမ္ ပတ္ပတ္လည္ကို လိုက္ၾကည့္လ်က္ရွိသည္။ သူ ေတဇ အႏၲရာယ္ျဖစ္ေနရင္သာ သိနိုင္သူ ျဖစ္၏။ ထိုေကာင္ အႏၲရာယ္ျဖစ္မွာကိုေတာ့ ႀကိဳျမင္နိုင္ျခင္း မရွိတာမို႔ သူ စံအိမ္ပတ္ဝန္းက်င္ကို ေသခ်ာစစ္ေဆးေနရျခင္းျဖစ္သည္။

ေမွာက္ရက္အိပ္ေနသည့္ ေတဇကုတင္နားသို႔ ရိပ္ တိုးတိတ္စြာ ေလွ်ာက္လာခဲ့ၿပီး အိပ္ေနတာ‌ေတာင္ မာန္အျပည့္ျဖစ္ေနသည့္ ေတဇ၏တစ္ျခမ္းျမင္ေနရေသာ မ်က္ႏွာအစိတ္အပိုင္းမ်ားကို သူ အၾကာႀကီး ရပ္ၾကည့္ေနမိသည္။

ခါးလယ္ေလာက္ေရာက္ေနသည့္ ေစာင္ကို ေက်ာေပၚထိ ျငင္သာစြာ ဆြဲတင္ေပးလိုက္ၿပီး နဖူးေပၚ က်ေနေသာ မစိုမေျခာက္ ဆံႏြယ္မ်ားကို လက္ျဖင့္ သပ္တင္ေပးဖို႔ ႀကိဳးစားၿပီးမွ လက္႐ုပ္လိုက္ကာ ႏႈတ္ခမ္းလႈပ္႐ုံ ဆိုလိုက္သည္။

"ကြၽန္ေတာ္ ကိုကို႔ကို တကယ္လြမ္းေနခဲ့ရတာ"

ထို႔ေနာက္ ရိပ္ သူ႕ကုတင္ဖက္ ျပန္ထြက္သြားကာ ထိုအမ်ိဳးသား၏ လုံၿခဳံေရးတာဝန္ကို အျပည့္ယူသည့္အေနျဖင့္ သတိႀကီးစြာထားရင္း အိပ္စက္ခဲ့သည္။

------------------

မနက္အလင္းထြက္လာခ်ိန္၌ တစ္ညလုံး ခဏခဏ ျပန္ျပန္နိုးေနသည့္ ရိပ္ အရင္ ထလာသည္။

မ်က္ႏွာသစ္ကိုယ္လက္သန႔္စင္ၿပီးတာနဲ႕ မနက္စာ စားေလ့မရွိ‌ေသာ ရိပ္တစ္ေယာက္ စီးကရက္တစ္လိပ္ကိုသာ မနက္စာအျဖစ္ သုံးေဆာင္သည္။

ေတဇဓိရာဇ္ စီးကရက္နံ႕ေၾကာင့္ နိုးလာကာ ဝုန္းခနဲ ကုတင္ေပၚက ဆင္းလိုက္ရင္း ျပတင္းေပါက္နားက ရိပ္နား ေလွ်ာက္လာ၏။

"ေဟ့ေကာင္ ငါ ေဆးလိပ္နံ႕ မခံနိုင္ဘူးကြ၊ မင္း ငါ့သက္ေတာ္ေစာင့္လုပ္မယ္ဆို ဒါေတြေသာက္ခြင့္မရွိဘူး"

မ်က္လုံးပြင့္တာနဲ႕ ရန္ရွာေနေသာ ေတဇ၏ မ်က္ႏွာျပင္ထက္သို႔ စီးကရက္‌ေငြ႕မ်ား ရိပ္ မႈတ္လႊတ္လိုက္တာေၾကာင့္ ေတဇ ေခ်ာင္းေတြပင္ ဆိုးကုန္ရ၏။

သူ ေပါက္ကြဲစြာျဖင့္ ရိပ္လက္ထဲက စီးကရက္ကို ဆြဲလုဖို႔ ႀကိဳးစားလိုက္‌ေသာ္လည္း ထိုေကာင္ေလးက လွစ္ခနဲ သူ႕လက္ေကာက္ဝတ္ကို ဖမ္းခ်ဳပ္လာသည္။

"ငါက မနက္တိုင္း စီးကရက္ေသာက္ရမွ တစ္ေန႕တာကို ေကာင္းေကာင္းစနိုင္တာ၊ မင္းက ဒါကို ခြင့္မျပဳဘူးဆိုရင္ ငါ မင္းႏႈတ္ခမ္းကို နမ္းၿပီးမွပဲ စနိုင္မယ္ ထင္တယ္"

"လုပ္ရဲလုပ္ၾကည့္ေလ"

ရိပ္ ထိုေကာင့္လက္ကို လႊတ္ေပးလိုက္ၿပီး စီးကရက္ကို မီးသတ္လိုက္သည္။

"လုပ္ရဲတယ္၊ မလုပ္ခ်င္လို႔"

သူ႕ကို မိုးၾကည့္ေနေသာ ေတဇ၏ ပါးျပင္ကို လက္ျဖင့္ တစ္ခ်က္ပြတ္သပ္ရင္း ဆိုလိုက္တာမို႔ ထိုေကာင့္ေျခလွမ္းမ်ား ခ်က္ခ်င္းေနာက္ဆုတ္သြားသည္။

သူ႕ကို အခုခ်ိန္ထိ သခင္လို ဆက္ဆံဖို႔ ေနေနသာသာ သခင္ေလးလို႔ေတာင္ ျမင္ပုံမရွိေသာ ဒီေကာင္နဲ႕ ေနရတာ အကုသိုလ္ တကယ္မ်ားသည္။ ထို႔ေၾကာင့္ ေရခ်ိဳးခန္းဝင္ၿပီးသည္ႏွင့္ မနက္စာစားဖို႔ စားဖိုေဆာင္ဖက္ ထြက္သြားသည္။

သက္ေတာ္ေစာင့္ႏွင့္တူတူေရာက္ရွိလာေသာ ေျမးေလးကို ဦးမဟာ စားပြဲဝိုင္းမွ ဆီးႀကိဳလိုက္သည္။

"အဖိုး ေျမးကို ေစာင့္ေနတာ၊ ထိုင္၊ ညက ‌ေကာင္းေကာင္းအိပ္ေပ်ာ္တယ္ထင္တယ္၊ မ်က္ႏွာေလးကို ျပည့္ေနတာပဲ၊ ဒီမွာ ေျမး ႀကိဳက္တဲ့ နန္းႀကီးသုတ္ကို အဖိုးကိုယ္တိုင္ ထလုပ္ေပးထားတယ္"

ေတဇ သူ႕အဖိုးကို အရင္သိုင္းဖက္လိုက္ကာ သူ႕အဖိုးပါးကို ထုံးစံအတိုင္း လွမ္းနမ္းၿပီးမွ မနက္စာဝိုင္း၌ ဝင္ထိုင္သည္။ စားပြဲဝိုင္း၌ သူနဲ႕ အဖိုးပဲ ရွိ၏။ လမ္းေလွ်ာက္ထြက္ရင္း မနက္စာကို အျပင္မွာသာ ေမေမႏွင့္ သီးသန႔္ထြက္စားတတ္သည့္ ေဖေဖႏွင့္ေမေမေတာ့ မရွိ။

ရိပ္ သခင္ေလးကို မနက္စာစားပြဲဝိုင္းနားထိ လိုက္ပို႔ၿပီး ဝိုင္းရဲ႕ခပ္လွမ္းလွမ္း၌ ရပ္ေစာင့္ေနရ၏။ ဦးမဟာက သူ႕ကို တစ္ခ်က္သာ လွမ္းၾကည့္ၿပီး သူ႕ေျမးကိုေတာ့ တစိမ့္စိမ့္ထိုင္ၾကည့္ေနသည္။

ဦးမဟာ ေရ‌ေႏြးၾကမ္းတစ္ငုံေသာက္လိုက္ရင္း-

"ေျမး ဟိုတစ္ခါက ေတြ႕ၾကည့္တဲ့ လင္းညွို႔သြင္ဆိုတဲ့ေကာင္ေလးကိုေရာ သေဘာမက်ျပန္ဘူးလား"

"ေၾသာ္၊ အဲ့တစ္ေယာက္က မဆိုးပါဘူး၊ ဒါေပမဲ့ ကြၽန္ေတာ္ ရွာေနတဲ့သူ မဟုတ္ဘူး"

ဦးမဟာ သက္ျပင္းတစ္ခ်က္ခ်လိဳက္မိကာ သူ လုပ္ေပးထားသည့္ နန္းႀကီးသုတ္ကို ေသခ်ာစားေနေသာ ေျမးေလးအား-

"အဖိုး အသက္ရွစ္ဆယ္ျပည့္‌ေတာ့မယ္၊ ဘယ္ေန႕ ေသရမလဲ မသိနိုင္တဲ့ အခ်ိန္ျဖစ္ေနၿပီ"

"အဖိုးကလည္းဗ်ာ"

"နားေထာင္၊ ရာဇ အေၾကာင္းလည္း မသိတာမဟုတ္ဘဲနဲ႕၊ အဖိုးသာ ေျမးကို အိမ္ေထာင္မခ်ေပးခဲ့ရဘဲ ေသသြားခဲ့ရင္ ေသခ်ာေပါက္ ေျမးရဲ႕ အိမ္ေထာင္ဖက္က မိန္းကေလးနဲ႕ပဲ ရာဇက အတင္းအက်ပ္ စီစဥ္မွာ၊ ရာဇကို အဖိုး အုပ္ထားနိုင္လြန္းလို႔သာ သူ အဖိုးကို ျပန္မေျပာရဲတာ၊ တစ္ခ်ိန္က်ရင္ ေျမးလည္း မင္းအေဖကို ျပန္မလွန္ရဲနိုင္တဲ့ အေျခအေန ျဖစ္လာမွာကို အဖိုး ရင္ပူတယ္၊ အဲ့အခ်ိန္ ေျမးေလး စိတ္ဆင္းရဲေနရမွာကို အဖိုး ေတြးေတာင္မေတြးၾကည့္နိုင္ဘူး"

ေသစကားခ်ည္း ေျပာေနသည့္ အဖိုးေၾကာင့္ ေတဇ စားလို႔ေတာင္ မဝင္ေတာ့ခ်ိန္ ခပ္လွမ္းလွမ္း၌ ရပ္ေစာင့္ေနရသည့္ ရိပ္တစ္ေယာက္ ဟက္ခနဲသာ တစ္ခ်က္ျပဳမိေတာ့၏။

ဦးမဟာ ဆက္ေျပာသည္။

"တစ္ေယာက္ေယာက္ကိုေတာ့ အရင္လက္ထပ္ထားလိုက္ပါ ေျမးရာ၊ ရွာေနတဲ့ ေကာင္ေလးကို ေတြ႕ခဲ့ရင္ ေနာက္တစ္ေယာက္ ထပ္ယူလိုက္လို႔ရတာပဲေလ၊ စိတ္ခ်၊ အဖိုး ေျမးရဲ႕အိမ္ေထာင္ဖက္ကို ေ႐ြးတဲ့အခ်ိန္ ေျမး အဲ့လိုလုပ္တာကို လက္ခံေပးနိုင္မွ လက္ထပ္ေပးမွာ"

ေႏွာင္ႀကိဳးရိပ္ ဦးမဟာအား မ်က္လုံးေထာင့္ကပ္ၾကည့္လိုက္မိကာ သူ႕လက္ေခ်ာင္းမ်ားကို ခပ္တင္းတင္းဆုပ္လိုက္မိသည္။ ဒီဘိုးေတာ္အတြက္ သူ႕ေျမးတစ္ေယာက္ကသာ အဖိုးတန္ ျဖစ္ေနပုံပင္။

ဒီစကားမ်ိဳးကို သူ အခုလည္း ထပ္ၾကားရျပန္တာမို႔ ရိပ္ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ ဒီေကာင္ ဘယ္သူ႕ကို ရွာေနတာပါလိမ့္။

ေတဇ ၿငိမ္သက္စြာ ေက်ာမွီထိုင္လိုက္ကာ စဥ္းစားေနသည္။ သူ ႏွစ္ေယာက္ မယူခ်င္၊ ေတြ႕ရာေကာင္ေလးနဲ႕လည္း လက္မထပ္ခ်င္၊ သူ ရွာေနသည့္ေကာင္ေလးနဲ႕သာ အိမ္ေထာင္ျပဳခ်င္တာျဖစ္သည္။

"ကြၽန္ေတာ့္ကို ခဏေလာက္ စဥ္းစားခြင့္ေပးပါဦး ဖိုးရာ"

သူ႕ေျမး အစားအေသာက္မပ်က္ေစရန္အလို႔ငွာ ဦးမဟာ ဆက္မေျပာေတာ့ဘဲ စိတ္ေပ်ာ္စရာ စကားမ်ားကိုသာ လမ္းေၾကာင္းေျပာင္းေျပာေတာ့သည္။

----------------

မနက္စာ စားၿပီးခ်ိန္၌ ေတဇဓိရာဇ္၏ အလုပ္ရွိရာျဖစ္ေသာ သူတို႔မိသားစုပိုင္ဆိုင္ၾကသည့္ ဟိုတယ္ေတြ၏ ႐ုံးခ်ဳပ္သို႔ ေႏွာင္ႀကိဳးရိပ္ ကိုယ္တိုင္ကားေမာင္းရင္း လိုက္ပို႔ရျပန္သည္။

ကားေနာက္ခန္းမွာ ထိုင္ေနကာ ဖုန္းေျပာေနသည့္ ေတဇအား ရိပ္ ေနာက္ၾကည့္မွန္မွတဆင့္ တစ္ခ်က္တစ္ခ်က္ အကဲခတ္လိုက္၊ ထိုေကာင္ ေျပာေနတာေတြကို နားစြင့္လိုက္လုပ္ရင္း ကားေမာင္းေနသည္။

ေတဇ သက္ခြန္းယံနဲ႕ ဖုန္းေျပာေန၏။

"ဒါဆို မင္း ဒီေန႕ ေဆးခန္းမွာပဲ ရွိမွာေပါ့"

". . ."

"အင္း၊ ညေန ငါ ပုပၸားဖက္ သြားဦးမယ္၊ ဒါဆို ေနာက္ရက္မွပဲ ဆုံတာေပါ့"

ေတဇ ဖုန္းခ်လိဳက္သည္။ ယံ အားရင္ ေန႕လယ္စာ တူတူစားရင္း အဖိုးနဲ႕ ေျပာျဖစ္တာေတြကို သူ အဲ့ေကာင္အား ရင္ဖြင့္ခ်င္တာ ျဖစ္သည္။

ထိုစဥ္ ဒရိုင္ဘာတစ္ျဖစ္လဲ သက္ေတာ္ေစာင့္ေကာင္ဆီမွ ႐ုတ္တရက္ အသံထြက္လာသည္။

"အဲ့အစ္ကိုက ဆရာဝန္လား"

ေတဇ ထိုေကာင့္အား မၾကည္ၾကည့္ၾကည့္မိေတာ့၏။

"မင္း ငါ့အေၾကာင္းေတာင္ အဲ့ေလာက္ စိတ္ဝင္စားရဲ႕လား"

"ေမးတာသာ ေျဖပါ"

သူ ဒီေကာင္ေလးကို တစ္ခုခု ထလုပ္ခ်င္ေနေသာ္ျငား တစ္ခုမွကို ထမလုပ္နိုင္တာအတြက္ ကိုယ့္ကိုယ္ကိုယ္ စိတ္တိုမိဆဲပင္။

သူ ရိပ္အား လွမ္းေမးလိုက္သည္။

"မင္းက ေဂးလား"

ေမးတာကို ‌မေျဖဘဲ ေကြ႕ဝိုက္ေနေသာ ဘဲႀကီးကို ရိပ္ စိတ္မရွည္ေတာ့ေပ။

"အခ်င္းခ်င္းေတြကိုေတာင္ မင္း မရိပ္မိဘူးလား"

"ငါ့ကို သခင္ေလးလို႔ေခၚ"

"အဲ့နာမ္စား မေခၚခ်င္ဘူး"

ေတဇ ထိုေကာင့္ကိုၾကည့္ၿပီး ေတာက္တစ္ခ်က္ ခပ္ျပင္းျပင္းေခါက္လိုက္မိေတာ့၏။

"မင္း ေရွ႕ေလွ်ာက္ ေသဖို႔ျပင္ထား"

"အဲ့အစ္ကိုကေရာ ေဂးလား"

သူ ေျပာေနတာကို နားေရာေထာင္ေနတာလား မသိနိုင္ေအာင္ စကားက ဘယ္လိုမွ ေျပာရဆိုရ အေပါက္အလမ္းမတည့္တာေၾကာင့္ ေတဇ အရင္ စိတ္ေလွ်ာ့လိုက္ေတာ့သည္။

"ဖုန္းနံပါတ္ေပးမယ္၊ ကိုယ့္ဘာသာကိုယ္ သြားေမးခ်ည္"

"ၿပီးေရာ၊ အဲ့အစ္ကိုရဲ႕ ဖုန္းနံပါတ္လိုခ်င္ေနတာနဲ႕ အေတာ္ပဲ"

ေတဇ မ်က္လုံးစုံမွိတ္ၿပီးသာ အသက္ျပင္းျပင္းရႉရင္း ကားေနာက္မွီကို ေခါင္းမွီၿပီး လိုက္လာသည္။

ထိုအစ္ကိုအေၾကာင္း ဘာမွလည္း မသိရတာမို႔ ရိပ္ သူ႕ဘာသာသူ စုံစမ္းဖို႔သာ ေတြးလိုက္ရင္း ကားကိုသာ အျမန္ေမာင္းလ်က္ရွိသည္။

ဟိုတယ္႐ုံးခန္းထဲထိ လိုက္ပို႔ေပးေသာ ရိပ္ကို ေတဇ လွည့္ၾကည့္လိုက္ကာ-

"ငါနဲ႕ ေဝးေဝးေနေတာ့၊ ငါ့ေဘးမွာ လူပိုရွိေနတာ မႀကိဳက္ဘူး"

ရိပ္ ထိုအမ်ိဳးသားအား အိုေခ လုပ္ျပလိုက္ၿပီး သူ႕ထက္အရပ္ရွည္သည့္ ထိုအမ်ိဳးသား၏ လည္တိုင္မွ နက္ခ္တိုင္ကို ဖ်တ္ခနဲ ဆြဲတည့္ေပးလိုက္ကာ သူ႕ကို တြန္းထုတ္ဖို႔ ႐ြယ္လာသည့္ လက္ေကာက္ဝတ္ကို ဖမ္းဆုပ္လိုက္သည္။

ရိပ္တစ္ေယာက္ သူ႕ႏႈတ္ခမ္းျဖင့္ ေတဇ၏လက္ဖမိုးကို ဖိနမ္းလိုက္ရင္း-

"အလုပ္ေကာင္းေကာင္းလုပ္ေနာ္"

"မင္း!"

မ်က္ႏွာႀကီးရဲကာ ေဒါသထြက္သြားသည့္ ေတဇ၏ပါးျပင္ကို ရိပ္ ခပ္ဖြဖြပြတ္ရင္း ထိုအမ်ိဳးသား ဒီထက္စိတ္မႀကီးခင္ အခန္းျပင္ ေရွာင္ထြက္သြားေတာ့သည္။

ရိပ္ ေတဇ၏အခန္းျပင္၌ ေတဇ၏ အတြင္းေရးမႉးေကာင္ေလး ငယ္ငယ္ေလးႏွင့္ စကားလက္ဆုံက်လ်က္ရွိရင္း ေတဇကို ေစာင့္ေနသည္။

ေန႕လယ္စာကို သူတို႔သူေဌးက အျပင္စာ ထြက္မစားဘူးဟု ရိပ္ သိလိုက္ရသည္။ ေတဇ၏ အလုပ္ခန္းထဲသို႔ ေန႕လယ္စာ သီးသန႔္လာပို႔ေပးၾကခ်ိန္၌ ရိပ္ ထိုေန႕လယ္စာအား ‌သူကိုယ္တိုင္ ေသခ်ာစစ္ေဆးၿပီးမွ ေတဇဆီ ပို႔ေပးလိုက္သည္။

"ထမင္းဝင္ေအာင္စားလိုက္ဦး၊ တစ္မနက္လုံး အလုပ္ခ်ည္းလုပ္ေနတာ ခဏနားဦး"

ေတဇ ဖိုင္တြဲေတြကို လက္မွတ္ထိုးေနရင္း ထိုေကာင့္ကို ဖ်တ္ခနဲသာ တစ္ခ်က္ၾကည့္ၿပီး ထိုပန္းကန္ေတြကို ေဘးတြန္းလိုက္သည္။

"ငါ မင္းကို ခြံ႕ေကြၽးရမွာလား၊ ေကာင္းေကာင္းေျပာေနတုန္း ဝင္ေအာင္စား"

ေတဇ ခ်က္ခ်င္းလိုလို ထိုပန္းကန္ကို ျပန္ဆြဲယူလိုက္မိသည္။

"လိမၼာတယ္၊ ျဖည္းျဖည္းခ်င္း ကုန္ေအာင္စား၊ ငါ မင္းကို မေႏွာင့္ယွက္ေတာ့ဘူး၊ အျပင္မွာ ထြက္ေနေတာ့မယ္"

ေတဇဓိရာဇ္ လိမၼာသည့္က‌ေလးငယ္ေလးေတြလို အလိုအေလ်ာက္ ေခါင္းညိတ္ျပမိသည္။

သူပါ ဟိုတယ္ထဲမွာပဲ ေန႕လယ္စာ ဆင္းစားၿပီးခ်ိန္၌ ရိပ္ သူ႕အိတ္ထဲမွ ဖုန္းကို ထုတ္လိုက္ၿပီး-

"ငါ အျပင္ခဏသြားမလို႔၊ ေတဇနားမွာ လာေနေပးၾက၊ သူ တစ္ခုခုျဖစ္တာကို မမီရင္ မင္းတို႔အေသပဲ"

"သခင္ စိတ္ခ်ၿပီး ထားခဲ့ပါ၊ သူ ဘာမွမျဖစ္ေစရပါဘူး"

ရိပ္ သူ႕ဖုန္းကို ခ်လိဳက္ၿပီး ေတဇ အလုပ္ခ်ိန္ၿပီးဖို႔ သုံးနာရီေလာက္လိုေသးတာမို႔ ေတဇကားကိုသာ သူ ယူသုံးလိုက္ကာ ဟိုတယ္ဝင္းထဲမွ ကားထြက္လာသည္။

အတြင္းေရးမႉးေကာင္ေလးဆီက အမ်ားႀကီး ၾကားခဲ့ရၿပီးၿပီမို႔ ရိပ္ အစ္ကိုသက္ခြန္းယံအေၾကာင္းႏွင့္ အစ္ကို႔‌ေဆးခန္းလိပ္စာကို ရလာခဲ့တာေၾကာင့္ ထိုအစ္ကိုရွိရာ သြားေဆးခန္းဖက္သို႔ ေမာင္းလာသည္။

‌အတန္သင့္က်ယ္ဝန္း‌ေသာ သြားေဆးခန္းေရွ႕၌ ကားရပ္လိုက္ခ်ိန္၌ပင္ ေကာင္တာနား၌ ထြက္ရပ္ၿပီး ၿပဳံး႐ႊင္စြာ ဖုန္းေျပာေနေသာ အစ္ကို႔ကို တန္းေတြ႕လိုက္ရသည္။ ႏွစ္လိုဖြယ္ အၿပဳံးမ်ား ရွိေနသည့္ ဂ်ဴတီကုတ္ဝတ္ထားေသာ အစ္ကို႔ကို သူ မ်က္ရည္ဝဲစြာ ၾကည့္လိုက္မိသည္။

ဖုန္းေျပာေနသည့္ ယံ ေဆးခန္းေရွ႕က ေတဇကားကို ျမင္လိုက္တာေၾကာင့္ ေတဇ ေရာက္လာတာလား သူ ထြက္ႀကိဳလိုက္ခ်ိန္ ေတဇ၏ ကိုယ္ရံေတာ္ေလး ဆင္းလာတာကို ျမင္လိုက္ရသည္။

"ရိပ္တစ္ေယာက္ထဲလား၊ ေတဇေရာ"

"သူ အလုပ္လုပ္ေနတုန္း ကြၽန္ေတာ္ ခဏထြက္လာတာ၊ အေတာ္ပဲ၊ အစ္ကိုက သြားဆရာဝန္ဆိုေတာ့ ကြၽန္ေတာ့္သြား‌ကို ျပခ်င္လို႔"

"ဪ၊ ဝင္ခဲ့ေလ၊ လူနာလည္း ရွင္းေနတယ္"

သက္ခြန္းယံ သူ႕စမ္းသပ္ခန္းထဲသို႔ ရိပ္ကို ေခၚလာခဲ့ၿပီး ထိုေကာင္ေလး၏ အေကာင္းတိုင္းရွိေနသည့္ ညီညာသြယ္တန္းေနေသာ သြားေတြကို စစ္ေဆးလိုက္ကာ-

"ရိပ္ရဲ႕ သြားေတြက အကုန္ေကာင္းေနပါတယ္၊ တျခားလုပ္ခ်င္တာရွိလို႔လား"

ေက်ာတစ္ဝက္လွဲအိပ္ေနရသည့္ စမ္းသပ္ခုံေပၚမွ ရိပ္ ထထိုင္လိုက္ကာ-

"ေကာင္းေနတယ္ဆို ရၿပီ၊ ၿပိဳင္ပြဲတုန္းက ထိုးႀကိတ္ထားရတာေတြ ရွိေတာ့ အဲ့တုန္းက ပါး‌ေတြ ေမးေစ့ေတြကို ထိထားတာေတြ ရွိခဲ့လို႔ေလ။ ေတာ္ၾကာ အထဲမွာ တစ္ခုခုျဖစ္မွာစိုးလို႔ ႀကိဳတင္လာျပထားလိုက္တာ"

သက္ခြန္းယံ ထိုေကာင္ေလး ရင္ဘတ္ေပၚ အုပ္တင္ေပးထားသည့္ အဝတ္စကို ျဖဳတ္ယူေပးလိုက္ကာ သူပါ ထရပ္လိုက္ၿပီး သူ႕ကိုယ္ပိုင္ဖုန္းနံပါတ္ကို ရိပ္အား တစ္ခါထဲေပးထားလိုက္၏။

"လိုတာရွိရင္ ကိုယ့္ကို ဖုန္းဆက္လိုက္ေလ၊ ေတဇကိုလည္း ေသခ်ာေစာင့္ေရွာက္ေပးပါဦး၊ ကိုယ္ ရိပ္ဆီ သူ႕ကို အပ္တယ္ေနာ္"

"ဟုတ္၊ ဒါဆို ကြၽန္ေတာ္ ျပန္လိုက္ဦးမယ္"

ယံ ရိပ္အား ေဆးခန္းေရွ႕ထိ လိုက္ပို႔လိုက္ၿပီး ရိပ္ ကားေပၚ ျပန္တက္သြားသည့္အထိ ရပ္ၾကည့္ေနကာ ႏႈတ္ဆက္လ်က္ရွိခ်ိန္ ထိုေကာင္ေလး သူ႕ကို ကားေပၚမတက္ခင္ ျပန္လွည့္ၾကည့္လာသည္။ ထိုခဏ၌ သူပဲ အထင္မွားတာလား မသိ၊ ရိပ္ မ်က္ရည္ဝဲေနသည္ဟု ျမင္လိုက္ရသည္။

------------------

ဟိုတယ္ေရွ႕သို႔ ကားျပန္ဝင္လာခ်ိန္ သူ႕အား ဟိုတယ္ဆင္ဝင္ေအာက္၌ လက္ပိုက္ရပ္ကာ ေစာင့္ေနေသာ ေတဇကို တန္းေတြ႕လိုက္ရ၏။

"မင္း ေတာ္ေတာ္ျဖစ္ေနတာလား၊ ငါ့သူငယ္ခ်င္းကို သြားမေႏွာင့္ယွက္နဲ႕"

ယံဆီမွ သူ႕ဆီ ရိပ္ ေရာက္လာသည့္အေၾကာင္း ဖုန္းဆက္လာတာမို႔ ေတဇ အံ့ဩလ်က္ရွိ၏။ ဒီေကာင္ သူ႕ကို ခြင့္တစ္ခ်က္ပင္ မေတာင္းဘဲ ထြက္သြားခဲ့တာေၾကာင့္ ပိုေဒါသထြက္ရသည္။

"ေနာက္ဆို အလုပ္ခ်ိန္မွာ အခုလို အျပင္ထြက္ခြင့္မရွိဘူး၊ ေနာက္တစ္ခါ စည္းကမ္းေဖာက္ရင္ မင္း အထုပ္ျပင္ထားလိုက္ေတာ့"

"အဲ့အစ္ကိုက ဂ်ဴတီကုတ္နဲ႕ ပိုေခ်ာတယ္"

"ေႏွာင္ႀကိဳးရိပ္ မင္း ငါေျပာေနတာေတြကို နားေရာေထာင္ေနရဲ႕လား၊ ငါ မင္းရဲ႕. ."

"သခင္ဆိုတာ သိတာမို႔ အာ႐ုံေနာက္‌ေအာင္ ထပ္ထပ္မေျပာပါနဲ႕လား၊ တက္၊ ပုပၸားသြားဦးမွာမလား"

ေတဇ တကယ့္ကို မတရားခံေနရသလို ခံစားရသည္။ သူ ခုန အတည္စိတ္တိုေနတာ ျဖစ္ေသာ္ျငား ထိုေကာင္ေလးေရွ႕ေရာက္လွ်င္ ေဒါသက ျပန္ျပန္ဝင္သြားသလား ထင္ရေအာင္ ထင္သေလာက္ မေျပာနိုင္ျပန္။

သူ႕ကို ဝတ္ေက်တန္းေက် ကားတံခါးဖြင့္ေပးသလား ထင္ရေအာင္ သူ တက္ထိုင္ၿပီးခ်ိန္၌ ကားေနာက္ခန္းတံခါးကို ဂ်ိန္းခနဲ ပိတ္လိုက္စဥ္ ေတဇ ေျပာစရာပင္ မရွိေတာ့ေပ။ ဘယ္သူက အလုပ္ရွင္လဲ၊ သခင္လဲေတာင္ မသဲကြဲေတာ့။

ပထမဆုံးရက္မွာပင္ ထိုေကာင္ေလးက ကားေမာင္းၾကမ္းတာကို ေတဇ သိလိုက္ရသည္။ တစ္နာရီခြဲနီးပါးေလာက္ ေမာင္းရတတ္သည့္ ပုပၸားေတာင္ကလပ္နားကိုပင္ တစ္နာရီေလာက္ႏွင့္ ထိုေကာင္ေလး ေမာင္းလာခဲ့သည္။

"မင္း ေတာင္ေအာက္မွာပဲ ေစာင့္ေနခဲ့ေတာ့"

"မရဘူး၊ ဟိုတစ္ခါလို မင္း အေပၚမွာ တစ္ခုခုျဖစ္ေနရင္ ငါ အမႈပတ္ေနဦးမယ္။ ကိုယ့္ဘာသာကိုယ္ တက္စရာရွိတာ တက္စမ္းပါကြာ၊ ငါလည္း ဒီေလွကား‌ထစ္ေတြကို ေျခေညာင္းခံၿပီး အရမ္းလိုက္တက္ခ်င္ေနတယ္လို႔ ထင္မေနနဲ႕"

"မင္းေတာ့ ငါ လုပ္ရင္ ေသေတာ့မယ္"

အေပၚကုတ္ႏွင့္ ရႉးဖိနပ္ကို ကားေပၚ၌ ခြၽတ္ထားခဲ့ၿပီး သူ႕ရွပ္အျဖဴကို တံေတာင္ဆစ္နားထိ ေရာက္ေအာင္ ေခါက္တင္လိုက္ကာ ေတဇ စိတ္မၾကည္စြာ အေပၚတက္သြားေတာ့၏။

ေတဇေနာက္သို႔ ရိပ္ ခပ္ခြာခြာျဖင့္သာ ေလွကားငါးထစ္ ေျခာက္ထစ္ေလာက္ျခားၿပီး လိုက္တက္လာရသည္။

ေလွကားထစ္ေတြေပၚကို တက္ေနခ်ိန္၌ ေတဇ အရာအားလုံး ေမ့သြားသလိုပင္။ သူ႕ေနာက္မွာ လူပါတာလည္း အာ႐ုံမရွိေတာ့။ ေဘာင္းဘီအိတ္ထဲသို႔ သူ႕လက္ႏွစ္ဖက္ကို ထိုးထည့္လိုက္ရင္း သူ႕အာ႐ုံေတြက လြန္ခဲ့သည့္ ဆယ္ႏွစ္ေက်ာ္ဆီက အတိတ္ေတြဆီကိုသာ ျပန္ေရာက္ေနသည္။

ေလွကားထစ္ေတြ ပိုပိုျမင့္ျမင့္တက္လာမိေလ ရင္ျပင္နားေရာက္ဖို႔ နီးကပ္လာေလ။ ထိုရင္ျပင္ေပၚ၌ ေ႐ႊႏွင့္ယိုးမွား ပန္းစံကား ကဗ်ာကို ေအာ္႐ြတ္ေနသည့္ ကေလးငယ္ေလး၏ အသံကို ပီပီျပင္ျပင္ ၾကားရလာေလ။

ရင္ျပင္ေပၚ ေရာက္သြားခ်ိန္၌ ေတဇဓိရာဇ္ ေတာင္ေအာက္ကို ငုံ႕ၾကည့္ရင္း လြမ္းလြမ္းေဆြးေဆြး ရွာေဖြေနမိျပန္သည္။

"ဘယ္ေတြေရာက္ေနတာလဲ ကေလးရယ္၊ ကိုယ္ မင္းကို အခုခ်ိန္ထိ ေစာင့္ေနခဲ့ပါတယ္"

ေတဇနဲ႕ ခပ္ခြာခြာ လိုက္တက္လာခဲ့သည့္ ရိပ္ အခုမွသာ ေတာင္ေပၚ ေရာက္လာခဲ့သည္။ ဟိုတေလာက ဒီေကာင့္အတြက္ စိတ္ေလာၿပီး ေျပးတက္လာလို႔သာ ေမာရပန္းရမွန္း မသိခဲ့။ အခုေတာ့ ေမာလြန္းလို႔ ရင္ျပင္ေပၚ ဆက္မလိုက္နိုင္ေတာ့ဘဲ ေလွကားထိပ္၌သာ ေျခပစ္လက္ပစ္ ေျခဆင္းထိုင္ရင္း က်န္ရစ္ခဲ့သည္။

ခပ္လွမ္းလွမ္း၌ ျမင္ေနရသည့္ ထိုေကာင့္ေနာက္ေက်ာက အခုလိုက်ေတာ့လည္း သခင္ေလးတစ္ေယာက္ရဲ႕ ဟန္ပန္မရွိဘဲ ႏူးညံ့ေနသလိုပင္။

"ဟူး၊ ေမာလိုက္တာ၊ ဒီေကာင္ တစ္ေန႕တစ္ေန႕ ဒီေပၚကို ဘာလို႔မ်ား မေမာနိုင္မပန္းနိုင္ အပင္ပန္းခံၿပီး လာလာတက္ေနတာလဲ မသိဘူး"

ရိပ္ ပြစိပြစိေရ႐ြတ္ရင္း ထိုေကာင္ ျပန္ဆင္းရင္လည္း သူ ဒီေလွကားထစ္ေတြကေန ျပန္လိုက္ဆင္းရမွာကို ေတြးမိတာနဲ႕တင္ အေမာဆို႔ခ်င္ေနၿပီျဖစ္သည္။

________________________

27.10.2023

Continue Reading

You'll Also Like

17.2K 401 5
Hello there! I am a massive fan of Seopass' and Razen's comic, Weak Hero! I have searched the entire internet of good fanfics and have only found a s...
42.5K 614 5
The title says it all <3
50.2K 1.9K 28
မဟာကဝိ ဝေဟင်ကိုး သစ်ဆွေး (punishment type)ပါ ။ ကြိုက်မှ ဝင်ဖတ်ပါ။
2.7K 132 20
"I'm a wizard?" I gasp. My father shook his head in front of me. Yet I wondered why he waited until I was 18 to tell me. After all, it explained all...