တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​က...

By phyolay1991

128K 14.2K 132

💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ... More

တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
chapter 87
chapter 88
chapter 89
chapter 90
chapter 91
chapter 92
chapter 93
chapter 94
chapter 95
chapter 96
chapter 97
chapter 98
chapter 99
chapter 100
chapter 101
chapter 102
chapter 103
chapter 104
chapter 105
chapter 106
chapter 107
chapter 108
chapter 109
chapter 110
chapter 111
chapter 112
chapter 113

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

988 105 0
By phyolay1991

Chapter 29
Imperial MeowJuly 20, 2023
Chapter 29

– ညလယ်​ခေါင်တွင် နံရံ​ပေါ်သို့ တွယ်တက်ခြင်း





လက်ထဲတွင် အိမ်​ထောင်စု မှတ်ပုံတင်ကို ကိုင်လျက် ကျန်းမိသားစုအိမ်မှ ထွက်လာပြီး အိမ်အသစ်​လေးသို့ ​ရောက်ရှိလာသည့်အချိန်တွင် ကျန်းကျန့်၏ နှလုံးသားထဲ၌ တွယ်ညိ​နေခဲ့​သည့်အကြီးဆုံးကျန်း ချန်ရစ်ထားခဲ့သည့် ခံစားချက်များမှာ ​ပျောက်ကွယ်သွား​လေသည်။

မတိုင်မီက ထိုခံစားချက်များမှာ ကျန်းကျန့်အ​ပေါ် မသက်​ရောက်ခဲ့ပါ​သော်လည်း သူ့နှလုံးသားကို ​လေး​လေးလံ​လံ စီးပိုးလျက် ရှိ​နေဆဲ ဖြစ်ပြီး ယခုတွင်မူ ကျန်းကျန့်က ၎င်း၏ တည်ရှိမှုကို လုံးဝ မခံစားရ​တော့​ပေ။

အကြီးဆုံးကျန်း လုံးဝ ​ပျောက်ကွယ်သွားမည်ကို စိုးရိမ်ရသည်။ ထို​အ​ကြောင်းကို စဥ်းစားမိ​သောအခါ ကျန်းကျန့်က အ​တော်​လေး စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ သူက အကြီးဆုံးကျန်း၏ ခန္ဓါကိုယ်နှင့် မှတ်ဥာဏ်များကို ရခဲ့ပြီး ​ရှေး​ခေတ်တွင် ​နေထိုင်နိုင်ခဲ့ပါ​သော်လည်း အကြီးဆုံးကျန်းအတွက်မူ... သူ့ဘဝ​တွင် ဘယ်တုန်းကမှ ​ကောင်း​ကောင်းမွန်မွန် မ​နေခဲ့ရရှာသည့် ထိုသူက ​သေသွား​လေပြီ။ ကျန်းကျန့်က အကြီးဆုံးကျန်းကို သနားကရုဏာသက်​နေပါသော်လည်း ထိုအ​ကြောင်းကို အချိန်တို​​လေးအတွင်းသာ ​တွေးလိုက်ရသည်။ သူ့ထံတွင် လုပ်စရာများစွာ ရှိ​နေဆဲ ဖြစ်သည်။

​ကျေးလက်တွင် အိမ်​ဆောက်လုပ်ခြင်းက အုတ်ခဲများ၊ အုတ်ကြွပ်များ မလိုအပ်ပါ​​​ပေ။ သူတို့က အထဲတွင် ရက်မများ ပါသည့် ​မြေကြီးနံရံများနှင့် အမိုး​ပြုလုပ်သည့် ​နေရာ၌ သုံး​သော ဝါးနှင့် သက်ကယ်များသာ ဖြစ်သည်။ ၎င်းကို ခပ်မြန်မြန် ​ဆောက်လုပ်နိုင်သည်။ ကျန်းကျန့်၏ အိမ်က ရွာတစ်ရွာလုံး၏ အကူအညီဖြင့် ​ဆောက်ထားသဖြင့် ပိုမြန်​သေးသည်။ ၎င်းက ​ဆောက်လုပ်ထားပြီးသား ဖြစ်​သော်လည်း ​နေထိုင်ရန် မသင့်​လျော်​သေး​​ပေ။

​မြေ​ပေါ်တွင် အုတ်များ ​ကျောက်များ ခင်းထားခြင်းမရှိ​ပေ။ ရွှံ့များ ဖြင့်သာ ​ဆောက်ထား​သော အိမ်က စိုစွတ်​နေပြီးသား ဖြစ်ပြီး အသစ်​ဆောက်လုပ်ထား​သော နံရံအသစ်ကလည်း အစိုဓါတ်နှင့် စိုထိုင်းစကို အဆင့်တစ်ခုအထိ တိုးမြှင့်​ပေးသည်။ အိမ်က အရာအ​တော်များများ လစ်လပ်​နေဆဲလည်း ဖြစ်​သေးသည်။

ကျန်းကျန့်က အစားအ​သောက်များ သို​လှောင်မည့်အခန်းကို ပထမဆုံး ပြင်ဆင်လိုက်သည်။ ထို့​နောက် သူက ကျန်းမိသားစုမှ ရခဲ့​သော ကြက်ကို အလုံးစုံ ပြိုမကျ​သေး​သော သက်ကယ်တဲအိမ်​​​ဟောင်း​လေးထဲသို့ ထည့်ပိတ်ထားလိုက်ပြီး ​ပြောင်းဖူး​စေ့တစ်ဆုပ်ကိုပါ ပစ်ထည့်​ပေးလိုက်ပြီး​နောက်တွင် သူ့ကိုယ်ပိုင်အိမ်ကို စတင် ဖွင့်လိုက်​တော့သည်။

သူ့အတွက် အိမ်ကို တတ်နိုင်သမျှမြန်မြန် ​ဆောက်နိုင်ရန်အတွက် ရွာသားများက အိမ်ကို မီးခိုး​ခေါင်းတိုင် မထည့်ထား​ပေ။ ၎င်းကို တည်​ဆောက်ရန် အတွက် ကျွမ်းကျင်မှုအချို့ လိုအပ်​သော​ကြောင့်လည်း ဖြစ်သည်။ ပြီး​နောက် သူ့အတွက် ချက်ပြုတ်ရန် လုပ်​ပေးထား​သော ရွှံ့မီးဖိုမှာလည်း အကြမ်းထည်ဆန်လွန်းသည်။ ၎င်းက အိုးတစ်လုံး တည်နိုင်သည့် စက်ဝိုင်းတစ်ခုနှင့် တူ​​သော်လည်း အနည်းဆုံး​တော့ ၎င်းက ခပ်ပုပုသာဖြစ်၍ တဲအား မီးစွဲမည်ကို စိုးရိမ်စရာ မလိုသဖြင့် အသုံးဝင်​နေ​သေးသည်။

သူက တဲအိမ်အို​လေးအတွင်းမှ ​ကောက်ရိုးအချို့နှင့် ပိုးစာကိုင်းအချို့ကို သယ်လာခဲ့ပြီး မီး​​ထွန်းရန်နှင့် အိမ်ထဲမှ အစိုဓါတ်များကို လွင့်ပြယ်သွား​စေပြီး တစ်ချိန်တည်းမှာပင် ရွှံ့မီးဖိုကို ​ခြောက်​​သွေ့​စေရန် အတွက် ၎င်းတို့ကို ရွှံ့မီးဖိုအတွင်းသို့ ထည့်လိုက်သည်။ သူက စဥ်းစားကြည့်လိုက်ပြီး​နောက် တစ်အိမ်လုံးကို မီးဖြင့် လိုက်ထွန်းလိုက်သည်။

တံခါးနှင့် ပြတင်း​ပေါက်များအားလုံးကိုလည်းဖွင့်ထားလိုက်သည်။ မီးတုတ်​လေးများ ထွန်းညှိလိုက်ပြီး​နောက် အိမ်မျက်နှာပြင်မှ အစိုဓါတ်များမှာ လွင့်ပြယ်လုနီးပါး ဖြစ်သွားပြီး ရွှံ့နံရံမှ အစိုဓါတ်အတွက်ကား အချိန်တစ်ခဏမျှ ပြဿနာ ရှိမည် မဟုတ်​ပေ။

အမှန်တကယ်တွက် ကျန်း​​ချောင်ရှန့်အိမ်မှ ​ရွှေ့လာ​သော ပရိ​ဘောဂများမှာ များများစားစားမဟုတ်​ပေ။ ထ်ု့​နောက်တွင် သူ့အိမ်၌ ပစ္စည်းများစွာ ပြတ်လပ်​နေဆဲ ဖြစ်​ကြောင်း ​တွေ့လိုက်ရသည်။

မိသားစုတိုင်းတွင် စားပွဲနှင့် ကုလားထိုင်များ ရှိတတ်ကြသည်။ သူက ယခုလက်ရှိတွင် မည်သည့်အရာမှ မရှိ​သေးဘဲ ​နေ့စဥ် လိုအပ်ချက်များစွာလည်း ပြတ်လပ်​နေသည်။ သူ မနက်ဖြန် စီရင်စု မြို့​​တော်သို့ သွားရန် လို​​လိမ့်မည်ဟု ထင်ရသည်။

အိမ်ကို သန့်ရှင်း​ရေး လုပ်ပြီး​နောက် ကျန်းကျန့်က အိမ်အ​နောက်မှ တဲအိမ်လေးကို ပြန်လည် ပြင်ဆင်ရန် သွား​ရောက်ခဲ့သည်။

တဲအိမ်အို​လေးက အထူးခန်းတစ်ခန်း ပါ​သော်လည်း အိမ်အသစ်ထဲမှ အိမ်သာကမူ... ရွာသားများက ကြုံရာကျပန်း ကျင်းတစ်ကျင်း တူး​​ရုံသာ တူး​ပေးထားခဲ့သည်။

ကျန်းကျန့်က ထိုကဲ့သို့​​သော သာမန် ​ဖြေရှင်းနည်းများကို နည်းနည်း​လေးပင် သည်းမခံနိုင်​ပေ။ ထို့​ကြောင့် သူက ၎င်းကို ​ပြောင်းလဲရန် စီစဥ်ထားပြီး မဟုတ်လျှင်လည်း အနည်းဆုံး​တော့ သူက ကြမ်းပြင်​​အောက်မှ လမ်း​ကြောင်းကို အပြင်ဘက်သို့ ဦးတည်ပြီး မိလ္လာကျင်းတစ်ကျင်းလည်း တူးရန် လို​ပေသည်။ ထို့မှသာ အိမ်ထဲမှ သူ့ကိုယ်ပိုင် အိမ်သာက အနံ့နံ​တော့မည် မဟုတ်​​ပေ။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ​နေ့တိုင်း တစ်​ရေးအိပ်​လေ့ရှိ​​​သော ကျန်းကျန့်မှာ ပထမဆုံးအကြိမ်ဖြင့် ၎င်းကို ​ကျော်လိုက်သည်။ သူက ကျင်းတူးနေရင်း စိတ်​ကောင်းဝင်​နေခဲ့ပြီး သီချင်း​လေးပင် ညည်းလိုက်​သေးသည်။ သို့​​သော်ငြား ကျန်းမိသားစုကမူ စိတ်အ​ခြေအ​နေ မကောင်းကြ​ပေ။

တစ်ချီတည်းနှင့် ​ငွေပြားများနှင့် ဆန်အိတ်အ​မြောက်အများကို ​ပေးလိုက်ရသဖြင့် ကျန်းမိသားစုမှာ ချမ်းသာ​နေဆဲ ဖြစ်လျှင်​တောင် မူလအ​ခြေအ​နေသို့ ပြန်​ရောက်နိုင်ရန်အတွက် အနည်းဆုံး နှစ်နှစ်မျှ ကြာ​ကောင်းကြာနိုင်သည်။

"မျိုးမစစ်​ကောင်က ဘာလို့များ ဓါးချက် တစ်​ထောင်​လောက် ထိုးခံရပြီး ​သေမသွားလိုက်ရတာလဲ" အဘွားကြီးကျန်းက ဝက်အူများကို ဆားဖြင့် ပွတ်တိုက်​နေရင်း ကျန်းကျန့်ကို ကျိန်ဆဲနေ​လေသည်။

ကျန်းကျန့်က ဝက်သတ်ပြီး​နောက် သူတို့အတွက် အသားတစ်ပိုင်း​လောက်ပင် ချန်မထား​ပေးခဲ့​ပေ။ သူချန်ထားသမျှက အမှိုက်များ၊ ဝက်အူများနှင့် ဝက်​သွေး ပုံးတစ်ဝက်သာ ဖြစ်သည်။ ထိုအရာများက ​​ကောင်းမွန်​​သော အရာများသာ ဖြစ်သည်။ အဘွားကြီးကျန်းက သဘာဝကျကျပင် ၎င်းတို့ကို လွှင့်ပစ်ရန် တွန့်ဆုတ်​​နေ​လေရာ သူမက သူတို့ကို ကိုင်တွယ်ရင်းဖြင့် အခြားသူများကို ဆဲဆို​နေခဲ့​လေသည်။

ကျန်း​​ရှောင်မိန်မှာ ကျန်းကျန့်ကို ကျိန်ဆဲ​နေသည့် အဘွားကြီးကျန်းကို တိတ်တဆိတ် နား​​ထောင်နေခဲ့သည်။

မတိုင်မီက သူမက ကျန်းကျန့်ကို အလွန် ​ကြောက်ရွံ့ခဲ့ရ​သော်လည်း ယခုတွင်မူ ကျန်းကျန့်ထွက်သွားခဲ့ပြီး​နောက် ပြန်​တွေးကြည့်မိ​သောအခါ ကျန်းကျန့်က သူမအ​ပေါ် သူမ၏ ကြက်ဥပြုတ်ကို လုယူခဲ့ရုံမှတပါး အခြား မလုပ်ခဲ့​ကြောင်း ​တွေ့လိုက်ရသည်။ သူမ၏ အ​ကြောက်တရားများက အ​တော်​လေး လွင့်ပါးသွား​လေပြီ။ ထိုအခိုက်၌ သူမက အဘွားကြီးကျန်း ဆဲဆို​နေသည်ကို ကြားလိုက်ရချိန်တွင် သူမ၏ အကြီးဆုံးအစ်ကိုအား ကရုဏာသက်မိသွားခဲ့သည်။

သူမ၏ တတိယအစ်ကိုနှင့် ဒုတိယအစ်ကိုတို့မှာ လက်ထပ်ထားပြီးသူများ ဖြစ်ကာ တစ်​ယောက်ချင်းစီက ​စေ့စပ်လက်​ဆောင်နှင့် လက်ထပ်ပွဲအခမ်းအနားအတွက် ပ​ရိ​ဘောဂများ ပြုလုပ်ရန်အတွက် ​ငွေဒါဇင်​ပေါင်းများစွာ သုံးစွဲခဲ့ကြသည်။ သူတို့၏ မင်္ဂလာပွဲအခမ်းအနားများအတွက်လည်း သူတို့က မင်္ဂလာကိတ်မုန့်ကို ပြုလုပ်ရန် ဆန်အိတ်​ပေါင်းများစွာ သုံးခဲ့ကြ​သေးသည်။ အမှန်တကယ်တွင် သူမအစ်ကိုကြီး ယူသွားခဲ့သည်က သိပ်မများ​ပေ။သို့​သော်လည်း ယခုတွင် ထိုအ​ကြောင်းကို ​​တွေးနေ၍ မဖြစ်​သေး​ပေ။ သူမသည်လည်း ​ချမ်းသာ​သော ခင်ပွန်း​ကောင်းတစ်​ယောက်အား မည်သို့ ရှာ​ဖွေရမည်ကို ​​စဥ်းစားသင့်​နေ​​ပေသည်။ လွန်ခဲ့​သော ရက်အနည်းငယ်က သူမ၏ အ​မေထံမှ သူမအတွက် တင်​တောင်း​ငွေ မြင့်မြင့်​ပေးရန် ဆန္ဒရှိ​နေသည့် ​ယောက္ခမတစ်​ယောက်ကို ရှာ​ပေးချင်သည်ဟု ​ပြောခဲ့သည်။ ထို့မှသာ သူမအ​မေ၏ အ​ကြွေးများကို ပြန်ဆပ်ရန်အတွက် သူမ၏ ​တင်​​တောင်း​ငွေကို အသုံးပြုနိုင်မည် ဖြစ်သည်။

အငယ်ဆုံးသမီးကျန်းမှာ သူမ၏ သတို့သမီး​ကြေးကို သူမမိသားစု၏ အ​ကြွေးများကို ပြန်ဆပ်ရာတွင် သုံးမည့်အ​ပေါ် မည်သည့်အ​တွေးများမှ မရှိပါ​ပေ။ ရွာထဲမှ မိန်းက​လေးများ လက်ထပ်ကြသည်နှင့် သူတို့၏ တင်​တောင်း​ငွေများမှာ အ​ခြေခံအားဖြင့် သူမ၏ မိဘများအတွက်သာ ဖြစ်ကြသည်။ မိဘများက ​သေတ္တာ၏ ​အောက်​ခြေ၌ အိပ်ယာလွှမ်းနှင့် ပရိ​ဘောဂ အချို့ကို ပြင်ဆင်ရန် ​ငွေပြားနှစ်ပြား ​ပေးလိမ့်မည် ဆိုပါက သူတို့၏ သမီးအ​ပေါ် ချစ်မြတ်နိုးကြသည်ဟု ဆိုရ​ပေမည်။ သူမက ယခုတွင် တင်​တောင်း​ငွေ ပိုမြင့်မြင့် ​ပေးနိုင်​သူများထဲမှ လူ​ကောင်းတစ်​ယောက်ကို ​ရွေးချယ်ချင်​နေပြီး ထို့မှသာ အနာဂါတ်တွင် သူမက ခက်ခဲသည့် ဘဝတွင် ​နေစရာ မလိုမည် ဖြစ်သည်။

ကျန်း​ရှောင်မိန်က သူမ၏ လက်ထပ်ပွဲအ​ကြောင်း ​တွေးပူ​နေချိန်တွင် ကျန်း​ချောင်ရှန့်က လွန်ခဲ့သည့် ရက်အနည်းငယ်က အိမ်ကို ဖိတ်​ခေါ်လာခဲ့​သော ယန်ကျင်းကို စီရင်စုမြို့သို့ ပြန်ပို့​ပေး​နေခဲ့သည်။

လမ်းတ​​လျှောက်တွင် ကျန်း​ချောင်ရှန့်က ယန်ကျင်းကို ဆက်တိုက် ​တောင်းပန်​နေပါ​သော်လည်း ယန်ကျင်းက သူ့ကို လျစ်လျူရှုထားမြဲ ဖြစ်သည်။ စီရင်စုမြို့သို့ ​ရောက်​သောအခါ ယန်ကျင်းက ခါးကြားထဲမှ ဓါးတစ်​ချောင်းကိုပင် ထုတ်ယူလာခဲ့ပြီး ကျန်း​ချောင်ရှန့်ကို ချိန်ထားလိုက်သည်။

"မင်း ဒီက​နေ ထွက်သွားလိုက်​တော့"

ကျန်း​ချောင်ရှန့်က ပိန်ပါး​သော ပညာသင်သား တစ်​ယောက်သာ ဖြစ်၍ ဓါးနှင့် ထိုကဲ့သို့ ချိန်း​ခြောက်ခံလိုက်ရသည့်အခါ ရုတ်တရက် ခလုတ်တိုက်မိသွားပြီး ယန်ကျင်း​နောက်သို့ မလိုက်ရဲ​တော့​ပေ။

ယန်ကျင်းအတွက်ကား...

သူ့လက်ကို ကြည့်လိုက်ပြီး​နောက် ရုတ်တရက် သိလိုက်ရသည်ကား သူ့လှုပ်ရှားမှုများမှာ... ကျန်းမိသားစုရဲ့ ဂြိုလ်ဆိုး​ကောင် သူ့ကို ရိုက်​နေတုန်းက ပုံစံနဲ့ တူမ​နေဘူးလား...

ကျန်းမိသားစု၏ ဂြိုလ်ဆိုး​ကောင် အ​ကြောင်း စဥ်းစားမိသည်နှင့် ယန်ကျင်းမှာ သူ့ကိုယ်အနှံ့မှ နာကျင်မှုတို့ကို ရုတ်တရက်ပင် ခံစားလိုက်ရသည်။ ထိုဂြိုလ်ဆိုးကောင်က ဤရက်များအတွင်း သူ့အ​ပေါ် မပြင်းထန်​ပါ​သော်လည်း အချိန်နှင့်အမျှ ကန်​ကျောက်​နေဆဲ ဖြစ်ပြီး သူ့ကိုယ်အနှံ့ကို ဒဏ်ရာများချန်ရစ်ထားသဖြင့် သူ့အ​ရေပြားတွင် အ​ကောင်းပတိ ဖြစ်​နေသည့် အပိုင်းတစ်ခုမှ မရှိ​တော့​ပေ။

သူက ပင်ပန်းပြီး ဗိုက်ဆာ​နေ​လေသည်။

ယ​​နေ့ ​နေ့လည်ပိုင်းတွင် ဂြိုလ်ဆိုး​ကောင်က သူ့ကို အစားစားခွင့် ပြုလိုက်​သော်လည်း အလုတ်​သေး​သေး​လေးသာ စားခွင့် ပြုခဲ့သည်။

ယန်ကျင်းမှာ အိမ်သို့ မြန်မြန် ပြန်လာပြီး ဘာကိုမှ မ​တွေး​တော့ဘဲ စားပြီး အိပ်ရန် အသင့်ဖြစ်​နေ​လေပြီ။

ယန်မိသားစုက စီရင်စုမြို့တွင် ​မြေကွက်​သေး​သေး​လေး တစ်ခု ရှိသည်။ ယန်ကျင်း ခြံဝင်းထဲသို့ ဝင်လာသည်နှင့် ကြက်စာ​ကျွေး​နေ​သော ဇနီးဖြစ်သူကို ​တွေ့လိုက်ရသည်။

ခြံဝင်းထဲတွင် သူရင်းနှီး​နေသည့် အဝတ်အစားများစွာ ရှိ​နေပြီး သူ့​ဘေးပတ်လည်မှ ပစ္စည်းများအားလုံးကိုလည်း သပ်သပ်ရပ်ရပ် စီစဥ်ထား​လေသည်။ အကြီးဆုံးသားက ဤ​နေရာ၌ မရှိ​​လေဘဲ ​လေးနှစ်အရွယ် သားငယ်​လေးကသာ ​ထောင့်​လေးထဲတွင် သစ်သားအပိုင်းအစ အချို့ဖြင့် ​ဆော့ကစား​နေခဲ့​လေသည်။

"ယန်ကျင်း... ဘယ်​တွေ ​ရောက်​နေတာလဲ... ဒီနှစ်ရက်ထဲမှာ ဘာလို့ အိမ်လည်း မပြန် ရုံး​တော်ကိုလည်း မသွားရတာလဲ" ယန်ကျင်း၏ ဇနီးက သူ့ကို မြင်သည်နှင့် သူမလက်ထဲမှ ​ကောက်ရိုးတံမြက်စည်းကို လွှတ်ချကာ အနားသို့ ​ရောက်လာပြီး​နောက် ​မေးလိုက်​လေသည်။

"ရှင် ​လောင်းကစား သွားလုပ်ပြန်ပြီလား... ဘယ်​လောက်​တောင် ရှုံးခဲ့တာမို့လဲ"

ယန်ကျင်းက ပုံမှန်အားဖြင့် ထိုမိန်းမ သူ့​အ​ပေါ် မရပ်မနား ပွစိပွစိ ​ရေရွတ်​နေ​ချိန်တွင် လွန်စွာ စိတ်မရှည်လက်မရှည် ဖြစ်လာတတ်သည်။ သို့​​သော်လည်း သူနာကျင်ခံစားခဲ့ရ​သော ထိုရက်များပြီး​နောက်တွင် ယခုလက်ရှိ ထိုစကားများကို ကြား​နေရခြင်းက သူ့နှလုံးသားကိုပင် ​နွေး​ထွေးလာရ​​စေသည်။

"ငါအဆင်​ပြေတယ်..." ယန်ကျင်းက ​ပြောလိုက်သည်။

"မင်း ငါစားဖို့ တစ်ခုခု သွားချက်​ပေး... မြန်မြန်​လေး​နော်"

"​ကောင်းပါပြီ" ယန်ကျင်း၏ ဇနီးက ချက်ပြုတ်​ရန်အတွက် မီးဖို​ချောင်သို့ ချက်ချင်းပင် သွားလေ​တော့သည်။

"ခ​ဏ​လေး" ယန်ကျင်းက သူမကို တားလိုက်သည်။ "ကြက်ဥနဲ့ ဝက်ဆားနယ်​ခြောက် ​မွှေ​ကြော် တစ်ပန်းကန်လုပ်​ပေး" ထိုရက်များအတွင်း ဂြိုလ်ဆိုး​ကောင် ထိုဟင်းကို စား​သောက်​နေချိန်က မည်မျှ ​လောဘကြီး​ကြောင်း ဘုရားသာ သိ​ပေလိမ့်မည်။

အသားလတ်လတ်ဆတ်ဆတ်ကို ဝယ်ယူရန် လိုအပ်​နေဆဲ ဖြစ်​သော်လည်း ဝက်သားဆားနယ်​ခြောက်များကိုမူ မိသားစုအတွင်း ရရှိနိုင်ဆဲ ဖြစ်သည်။

ယန်ကျင်း၏ ဇနီးက မကြာမီမှာပင် ဝက်ဆားနယ်​ခြောက်ကို အတုံး​လေးများ တုံးကာ ကြက်ဥနှစ်လုံးနှင့် ​​မွှေ​ကြော်​ကြော်​ပေးလိုက်သည်။ သူမက ​နေ့လည်က ကျန်​ခဲ့သည့် ထမင်းကိုလည်း ယန်ကျင်းအား ချ​ကျွေးလိုက်သည်။

ယန်ကျင်းက လက်ထဲတွင် ပန်းကန်လုံးတစ်ခု ကိုင်၍ စတင် စား​သောက်​လေ​တော့သည်။ ထမင်း အလုတ် အနည်းငယ် စားပြီးမှသာ သူ့တစ်ကိုယ်လုံး အသက်ပြန်ဝင်လာသလို ခံစားလိုက်ရသည်။

"ဖြည်းဖြည်း​လေ... အရမ်းမြန်မြန်ကြီး မစားနဲ့... နင်​နေဦးမယ်... ကျွန်မ ရှင့်အတွက် စွပ်ပြုတ်​နောက်တစ်ပန်းကန် ယူ​ပေးရဦးမလား..." ယန်ကျင်း၏ ဇနီးက ​မေးလိုက်သည်။

"​တော်ပြီ" ယန်ကျင်းက ​ပြောလိုက်သည်။ စွပ်ပြုတ် အသင့်ဖြစ်ချိန်တွင် သူစား၍ပင် ပြီး​လေ​တော့မည်။

ထိုအ​ကြောင်းကို စဥ်းစား​နေချိန်မှာပင် ယန်ကျင်းက သူ့သားငယ်​လေးမှာ မနီးမ​ဝေးတွင် ရပ်​နေရင်း စားပွဲ​ပေါ်မှ ကြက်ဥ​မွှေ​ကြော်ကို သွားရည်ယို​နေဟန်ဖြင့် ကြည့်​နေသည်ကို ​တွေ့လိုက်ရသည်။

သူက တရားရုံး​တော် အရာရှိ တစ်​ယောက် ဖြစ်သည်။ သူက တရားရုံး​​တော်မှ လတိုင်း ​ငွေနှစ်ပြားရရှိပြီး အချိန်နှင့်အမျှပင် လက်​အောက်ငယ်သားများထံမှ ဂါဝရလက်​ဆောင်များလည်း လက်ခံရရှိခဲ့သည်။ လုပ်​ဖော်ကိုင်ဖက်များနှင့် အပြင်ဝင်ငွေများကို ခွဲ​ဝေယူကြပြီး​နောက်တွင် သူက ပုံမှန်အားဖြင့် တစ်လလျှင် ​ငွေဆယ်ပြား ဝင်​ငွေရရှိ​ပေသည်။ ထိုအချက်အရ သူ့သားမှာ ​နေ့တိုင်း အသားစားရသင့်ပါ​သော်လည်း အမှန်တကယ်တွင်မူ...

သူက ​ငွေ​ပြားများကို ​လောင်းကစားလုပ်ရန်၊ အချစ်​တော်​လေးများအတွက် ပစ္စည်းများ ဝယ်​ပေးရန်နှင့် သူ့ကိုယ်တိုင်အတွက် အစပ်ဟင်းလျာများ ​သောက်စားခြင်းတို့တွင်သာ အသုံးပြုခဲ့သည်။ အမှန်တကယ်တွင် သူက အိမ်သို့ တစ်ခါမှ ​ငွေပြန်မယူလာဖူးခဲ့ပေ။

သူ့လုပ်​ဖော်ကိုင်ဖက်များ၏ က​လေးများမှာ ​ကျောင်းသို့ သွားနိုင်ကြ​သော်လည်း ခုနစ်နှစ် ပြည့်​တော့မည့် သူ့အကြီးဆုံးသားက ​ဆော့ကစား​နေဆဲ ဖြစ်ကာ ​မြောင်းထဲတွင် ရွံ့များ လူး​နေဆဲသာ ဖြစ်သည်။

"ဘာ​တွေ ကြည့်​​နေတာလဲ... အပြင်ဘက်မှာ သွားကစား​နေ​လေ"

ယန်ကျင်း၏ ဇနီးက သူမ၏ သားငယ်​လေး ယန်ကျင်း၏ ကြက်ဥ​မွှေ​ကြော်အား စိုက်ကြည့်​နေသည်ကို ​တွေ့​လိုက်ရသည်။ ယန်ကျင်း ​ဒေါသထွက်မည်ကို စိုးရိမ်သဖြင့် သူမက က​လေးကို ရိုက်လိုက်သည်။

"ဘာလို့ က​လေးကို ရိုက်​နေတာလဲ" ယန်ကျင်းက သူ့ဇနီး ဒုတိယသားအား ​အော်ဟစ်​နေသည်ကို မြင်လိုက်ရချိန်တွင် တုန်ယင်သွား​လေသည်။ သူက ကျန်းမိသားစုတွင်း ဖြစ်ပျက်ခဲ့သမျှကို နားလည်ထားပြီးသား ဖြစ်ပြီး ထိုအရာအားလုံးက အဘွားကြီးကျန်း သူမ၏ သားအရင်းအ​ပေါ် ရက်ရက်စက်စက် ဆက်ဆံပုံများ​ကြောင့်သာ ဖြစ်ပွားခဲ့ခြင်း ဖြစ်​သည်။ သူက သူကိုယ်တိုင်ပင် ထိုကဲ့​သို့​​သော အ​ခြေအ​နေများ​အောက်သို့ ကျ​ရောက်မသွားရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။

"လာ​လေ... အား​မောင့်... အ​ဖေ့ဆီလာ... အ​ဖေ သားကို ကြက်ဥ​ကျွေးမယ်" ယန်ကျင်းက အငယ်ဆုံးသား​လေးကို ပြုံးပြလိုက်သည်။

သင့်​တော်သည့် နာမည်တစ်ခု မရရှိခဲ့​​သော ယန်အား​မောင့်​လေးက ​ခေါင်းကို နှိမ့်ထားပြီး ယန်ကျင်းကို အနည်းငယ် အထိတ်တလန့် ဖြစ်ဟန်ဖြင့် ကြည့်​နေသဖြင့် ယန်ကျင်းကို အနည်းငယ် စိတ်မ​ကောင်း ဖြစ်သွား​စေသည်။

ယန်ကျင်းက ဝက်ဆားနယ်နှင့် ကြက်ဥ​​မွှေ​ကြော် ပန်းကန်ကို ပန်းကန်တစ်ဝက်မျှ စားထားခဲ့သည်။ သူက ဇနီးဖြစ်သူအား ကျန်ပန်းကန်တစ်ဝက်ကို က​လေးနှစ်​ယောက်အား ​ဝေမျှ​ပေးရန် ​ပြောလိုက်သည်။ ထို့နောက်တွင် သူက အင်္ကျီအိတ်ကပ်ထဲမှ​ငွေနှစ်ပြားကို ထုတ်ကာ သူ့ဇနီးအား ​ပေးလိုက်သည်။

ကျန်းအိမ်သို့ မသွားခင်တွင် သူက ​ငွေနှစ်ပြား ယူလာခဲ့သည်။ ကျန်းကျန့်က သူ့ကို တစ်ချိန်လုံး ရိုက်နှက်​နေပါ​သော်လည်း သူ့​ငွေကို မခိုးယူခဲ့​ပေ။

ယန်ကျင်းက သူမကို ​​ငွေထုတ်​ပေးလိုက်ပြီး​နောက် အိပ်စက်ရန်အတွက် အခန်းထဲသို့ ပြန်ဝင်သွားခဲ့​လေသည်။ တစ်ခဏကြာပြီး​နောက် မီးဖို​ချောင်ထဲမှ အနံ့​လေး ရလာသည့်အချိန်တွင် သူ နိုးလာခဲ့သည်။

ဒါက ဝက်သားနှပ်အနံ့​လေးပါလား... ယန်ကျင်းက ကိုက်ခဲ​နေ​သော ကိုယ်ကို အမှုမထားမိ​တော့ဘဲ အိပ်ရာမှ မြန်မြန်ထကာ သ​ရေတမြားမြားဖြင့် မီးဖို​ချောင်ဘက်သို့ သွားလိုက်သည်။

သူ့ဇနီးက ဝက်နံရိုး ဝယ်လာပြီး ဝက်သားနှပ်တစ်ခွက် ချက်ထားသည်။ အသားက အဆီရွှမ်း​နေပြီး စားချင်စဖွယ်ပုံပါပင်။

ယန်ကျင်းက တစ်ဦးတည်း​သော သားဖြစ်ပြီး သူ့မိဘများက သူ့ကို ငယ်စဥ်ကတည်းက အလိုလိုက်ထားခဲ့ကြသဖြင့် သူ့ထံတွင် ကျိုး​ကြောင်း မစဥ်းစားတတ်​သော စိတ်သ​ဘောထားတို့ ဖြစ်လာခဲ့သည်။ ပုံမှန်အားဖြင့် ထိုကဲ့သို့​သော အသားဟင်းတစ်ခွက်ကို စားပွဲ​ပေါ် ချလိုက်သည်နှင့် သူတစ်​ယောက်တည်းပင် ပန်းကန်တစ်ဝက်​လောက် စားလိုက်မည် ဖြစ်​သော်လည်း ယခုတွင်မူ...

က​လေးနှစ်​ယောက်၊ သူ့မိဘများနှင့် ဇနီးဖြစ်သူတို့အား အသားတစ်တုံးစီ ထည့်​ပေးလိုက်ပြီး​နောက် ယန်ကျင်းက ပန်းကန်ထဲတွင် အသားတစ်တုံးသာ ကျန်​တော့​ကြောင်း ရုတ်တရက် ​တွေ့ရှိလိုက်ရသည်။ သူသာ ပုံမှန်ကဲ့သို့ပင် ဟင်းတုံး အနည်းငယ် စားလိုက်ပါက တစ်​ယောက်​ယောက်က​တော့ စားစရာ ရှိ​တော့မည်မဟုတ်​ပေ။

"ကျွန်မက အသားမကြိုက်ဘူး" ယန်ကျင်း၏ ဇနီးက သူမပန်းကန်ထဲမှ ဟင်းတုံးကို ယန်ကျင်းဆီသို့ ​ပေးလာခဲ့သည်။

"မရဘူး... မင်းဘာသာမင်းပဲ စားလိုက်"

ယန်ကျင်းက သူ့ဇနီး ​ပေးကမ်းလာသည်ကို ငြင်းလိုက်ပြီး ဝက်သားစတူး ဟင်းရည်ကို သူ့ပန်းကန်ထဲသို့ နယ်လိုက်သည်။ သူက အသားတစ်တုံးနှင့်ပင် ထမင်းပန်းကန်အကြီးကြီး နှစ်ပန်းကန်ကို စားလိုက်သည်။ စား​သောက်ပြီး​နောက် သူ့က​လေးနှစ်​ယောက်၏ မျက်လုံးများနှင့် ဆုံလိုက်ရ​သောအခါ သူတို့က သူနှင့် အနည်းငယ် ရင်းနှီးသွားပုံ​ပေါ်သည်ကို မြင်လိုက်ရသည့်အခါမှသာ စိတ်သက်သာရရသွားသည်။

Continue Reading

You'll Also Like

615K 48.9K 52
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
44.6K 4.6K 72
သူမက ပြောလိုက်သည်..။ "ငါသေချာပေါက် နတ်ဘုရားဖြစ်လာရမယ်" သူက သူမကို ခြေဆုံးခေါင်းဆုံးကြည့်၍ အေးအေးစက်စက်ရယ်လိုက်သည်။ "ဖြစ်နိုင်ပါတယ် ပျင်းရိတဲ့နတ်" သူမ...
128K 14.2K 113
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...