တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​က...

phyolay1991

136K 14.9K 135

💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ... Еще

တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
chapter 87
chapter 88
chapter 89
chapter 90
chapter 91
chapter 92
chapter 93
chapter 94
chapter 95
chapter 96
chapter 97
chapter 98
chapter 99
chapter 100
chapter 101
chapter 102
chapter 103
chapter 104
chapter 105
chapter 106
chapter 107
chapter 108
chapter 109
chapter 110
chapter 111
chapter 112
chapter 113
chapter 114
chapter 115
chapter 116

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

939 87 0
phyolay1991

Chapter 27
Imperial MeowJuly 20, 2023
Chapter 27

အိမ်​ဆောက်ပြီးသွားပြီ



အဘွားကြီးကျန်းက ယန်ကျင်းထံမှ ​လော​ဆော်ခံလိုက်ရပြီး ချက်ပြုတ်ရန်အတွက် မြန်မြန်​​​ပြေးထွက်သွား​လေတော့သည်။သူမက ထိုအခိုက်၌ အသားလတ်လတ် ဝယ်နိုင်မည့် ​နေရာမရှိ​သော်လည်း အိမ်တွင် ဝက်သားဆားနယ်​ခြောက် အနည်းငယ် ရှိ​နေ​သေးသည်။

မကြာမီပင် အဘွားကြီးကျန်းက ဝက်ဆားနယ်​ခြောက်နှင့် ကြက်ဥ​မွှေ​ကြော် ပန်းကန်တို့ဖြင့် ထွက်လာခဲ့သည်။

​သေချာပေါက်ပင် သူက ကျန်းမိသားစုကို တွန်းအား​​ပေးရန် လို​ပေသည်။ ဝက်ဆားနယ်​ခြောက်နှင့် ကြက်ဥ​မွှေ​ကြော်က အနံ့​မွှေးလှသည်။ ကျန်းကျန့်က ​ကျောက်ကျင်း​ကောကို တချို့တ​လေ သွား​ပေးချင်ပါ​​သော်လည်း လူတိုင်း၏​​ရှေ့တွင် ထိုသို့ လုပ်၍ မရနိုင်မှန်းလည်း သူသိ​နေသည်။ ​ကျောက်ကျင်း​ကောကို မ​​ပေးနိုင်သဖြင့် ကျန်းကျန့်က အလုတ်ကြီးကြီး တစ်ကိုက်ကိုက်လိုက်သည်။

ယန်ကျင်းက သူ့​​ဘေးတွင် ရပ်ကာ တံ​တွေးမျိုချ​နေ​သော်လည်း ကျန်းကျန့်က ဘာမှမ​ပြောသဖြင့် သူကလည်း စားရန် ပါးစပ်မဖွင့်ရဲ​​ပေ။ သူက ဆာ​လောင်မှု​​ကြောင့် ​မေ့​မျောသွား​​တော့မည်ဟု ခံစား​နေရသည်။

အစိုးရ အရာရှိ တစ်​ယောက် ဖြစ်သည့် ယန်ကျင်းက ထို​နေရာတွင် ရပ်​​နေပြီး စားနိုင်ခြင်း မရှိသည့်အဖြစ်က ရွာသားများကို တုန်လှုပ်သွား​စေပြီး ​ကြောက်ရွံ့စိတ်များ ဖြစ်​ပေါ်သွား​​စေသည်။

ထိုအရာကို သတိပြုမိသည့် ကျန်းကျန့်က ပန်း​ဂေါ်ဖီပြုတ်တစ်ခွက်ကိုယူကာ ယန်ကျင်းကို ​ပေးလိုက်သည်။ "မင်း ဒါစားလိုက်"

ကျန်းကျန့်က သူ့ကို သင့်တင့်​လျောက်ပတ်သည့် အစားအ​သောက် မ​ပေးခဲ့ပါ​သော်လည်း ယန်ကျင်းကမူ ​ပန်း​ဂေါ်ဖီပြုတ်တစ်ခွက်နှင့်ပင် ​ကျေနပ်​နေပြီးသား ဖြစ်သည်။ သူက ဆီမပါဆားမပါ​သော ပန်း​ဂေါ်ဖီပြုတ် ဟင်းခွက်ကိုပင် သူစားဖူးသမျှထဲတွင် အ​ကောင်းဆုံးဟင်းဟု ထင်မိသွားသည်။ သူက အမှန်ပင် ဗိုက်ဆာ​နေခဲ့ခြင်း ဖြစ်သည်။

ကျန်းကျန့်က ထမင်းနှစ်ပန်းကန်စားပြီးနောက် ကျန်​သော ကြက်ဥနှင့် ဝက်ဆားနယ်​​ခြောက် ​မွှေ​ကြော်ပန်းကန်ကို အခန်းထဲသို့ ပြန်သိမ်းသွားခဲ့သည်။ သူက တစ်​ရေးအိပ်ရန် အသင့်ဖြစ်​နေ​လေပြီ။

တစ်​ရေးမအိပ်ခင် သူက ကြက်ဥ​မွှေ​ကြော်ကို ဝါးဘူး​လေးထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။

ယန်ကျင်းက ထ်ုမြင်ကွင်းကို မြင်ပါ​သော်လည်း ကျန်းကျန့်ဘာလုပ်မည်ကို မသိရသဖြင့် ​မေးလည်း မ​မေးရဲပါ​ပေ။ သူက အခန်း​ထောင့်​လေးတွင် ​ကွေးကာ အစာအိမ်ကို ဖိထားရင်းဖြင့် တိတ်တဆိတ် ​နေနေသည်။

ပန်း​ဂေါ်ဖီပြုတ်နစ်ခွက်က မ​လောက်ငသဖြင့် သူဗိုက်ဆာ​နေရဆဲ ဖြစ်သည်။ ကံ​ကောင်း​ထောက်မ၍ အိမ်က မကြာခင် ပြီး​တော့မည်။

ယန်ကျင်းက တံ​​တွေးမျိုချလိုက်ပြီး​နောက် ရုတ်တရက်ပင် သူ့ဇနီးကို လွမ်းဆွတ်သွားခဲ့သည်။

သူဇနီး သူ့ကို လက်ထပ်စဥ်က သူမမှာ လှလည်းမလှသလို ရုပ်​လည်း မ​ချောသည်ကို ​တွေ့လိုက်ရသည်။ သို့​သော်လည်း က​လေးနှစ်​ယောက် ​မွေးဖွားပြီး​နောက် ဝလာခဲ့သည်။ သူမက သူ့​ဘေးမှ လူများကို သူ့အား ​လောင်းကစားခြင်းနှင့် အရက်​သောက်ခြင်းများ မပြု​စေရန် အမြဲ​လိုလို ​တောင်းဆို​လေ့ရှိသည်။ တဖြည်းဖြည်းနှင့် သူက သူမကို ပိုပို၍ စိတ်ပျက်လာခဲ့ပြီး အိမ်ကိုပင် ပြန်မသွားချင်​တော့​ပေ။ သူက အပြင်ဘက်တွင် အစားအ​သောက်နှင့် ​သောက်စရာများ ပြတ်လပ်​​​လေ့မရှိဘဲ မိတ်​ဆွေ​ကောင်းများလည်း ရှိသဖြင့် ဘဝက မည်မျှပင် သက်​တောင့်သပ်သာ ဖြစ်​နေသည်ကို ​ပြောစရာပင် မလိုပေ။ အိမ်ကို ဘာကိစ္စ ပြန်​နေရဦးမှာလဲ...

သို့​​သော် ယခုတွင် ယန်ကျင်း အိမ်လွမ်း​နေရ​ပေသည်။

သူ့ဇနီးက ဝတုတ်​နေ​သော်လည်း ဟင်းချက်​ကောင်းလှသည်။ သူ့က​လေး နှစ်​ယောက်က အလွန် လိမ္မာလှပြီး သူ့မိဘများက သူ့အ​ပေါ် ​​ကောင်း​ကောင်း ဆက်ဆံကြ​ပေသည်။

ကျန်းကျန့်၏ သူ့မိသားစုကို သတ်မည်ဟူ​သော ချိန်း​ခြောက်မှု​ကြောင့်သာ မဟုတ်ပါက သူ့မိသားစုနှင့် ဖြတ်သန်းခဲ့ရ​သော အချိန်​ကောင်း​​လေးများကို အမှတ်ရမည် မဟုတ်ဘဲ သူပို၍ ​တွေး​လေ​လေ အိမ်လွမ်းလာ​လေ ဖြစ်သည်။

အမှန်​ပြောရမည်ဆိုပါက သူ့ဇနီးက သူ့အ​ပေါ် လွန်စွာ ချစ်ခင်၍ သစ္စာလည်း ရှိသည်။ သူမသာ သူ ဤ​နေရာတွင် အခက်အခဲ ကြုံ​နေရသည်ကို သိပါက သူ့ကို ကယ်တင်ရန်အတွက် ​သေချာပေါက် နည်းလမ်းရှာ​ပေလိမ့်မည်။ သူ့အချစ်​တော်​လေးအတွက်ကား ထိုမုဆိုးမ​​လေးအတွက် သူကသာ တစ်ဦးတည်း​သော အချစ် မဟုတ်​ပေ။ သူမက သူ့ကို သတိပင်ရမည် မဟုတ်​ပေ။ ပြီး​တော့ သူ့က​လေးနှစ်​ယောက်က​တော့...

ယန်ကျင်းက ယခင်က သူ့က​လေးနှစ်​​ယောက်ကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘဲ သူတို့၏ ​နေ့စဥ်ပုံမှန်ဘဝများအ​ကြောင်းကိုလည်း တစ်ခုမှ မသိခဲ့​ပေ​။ သို့​​သော်လည်း ယခုအချိန်တွင် ကျန်းကျန့်၏ သူ့မိဘရင်းများအ​ပေါ် သ​ဘေားထားများကို မစူးစမ်းမိဘဲ မ​နေနိုင်​​ပေ။

သူ့က​လေး နှစ်​ယောက်ကသာ ​ကောင်း​ကောင်း ပြု​ထောင်ခြင်း မခံခဲ့ရဘဲ ကျန်းကျန့်လိုလူများ ဖြစ်လာခဲ့လျှင်... သူ အသက်ကြီးလာသည့်အခါ ဘာများ လုပ်နိုင်ပါ​တော့မလဲ...

သူတို့က ကျန်းကျန့်လိုလူများ ဖြစ်မလာဘဲ သူကိုယ်တိုင်ကဲ့သို့ ဖြစ်လာခဲ့လျှင်... ယန်ကျင်းမှာ သူ တရားရုံး​တော် အရာရှိဖြစ်ပြီး​နောက် အိမ်ကို တစ်ခါမှ ​ငွေမယူသွားခဲ့ဖူးသည်ကို ရုတ်တရက် အမှတ်ရလိုက်သည်။ သူက ရုတ်တရက်ပင် ရှက်ရွံ့သွား​လေ​တော့သည်။

​နောက်တစ်ကြိမ် သူ့ထံတွင် ​ငွေရှိလာပါက အိမ်ကို ပြန်အပ်ပြီး က​လေးနှစ်​ယောက်ကိုလည်း​ ​ကောင်း​ကောင်း သင်ကြား​ ပေးရ​ပေမည်။ ​သေချာပေါက် အ​ရေးအကြီးဆုံးအရာမှာ သူ့ဇနီးအား ဝက်သားနှပ် တစ်အိုးကို စားချင့်စဖွယ် ထမင်းဖြူနှင့် ချက်ပြုတ်​စေကာ နှစ်ပန်းကန်မျှ စားလိုက်​ရေ​​ချေဦးမည်။

ယန်ကျင်းက ထပ်ပြီး တံ​တွေးမျိုချလိုက်ပြန်သည်။

ထိုအချိန်၌ ကျန်း​ချောင်ရှန့်မှာ မြို့မှ အိမ်ပြန်​ရောက်လာ​လေပြီ။

သူက ​မောပန်းနွမ်းနယ်စွာဖြင့် အိမ်ထဲသို့ ဝင်လာခဲ့ပြီး စိတ်ဓါတ်ကျစွာဖြင့် ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

သူနှင့် ကျန်းဖျင်တို့ ကျန်းကျန့်၏ အိမ်​ထောင်စု မှတ်ပုံတင် ရရှိရန်အတွက် စီရင်စုမြို့သို့ ​ရောက်လာခဲ့စဥ်က မည်သည့် အခက်အခဲမှ မကြုံခဲ့ရ​ပေ။ အလုပ်သမားနှင့် စစ်မှုထမ်း တာဝန်များအားလုံးမှာ တူညီ​သော အိမ်​​ထောင်စု မှတ်ပုံတင် တစ်ခုတည်းတွင်သာ အ​ခြေခံ​လေ့ရှိရာ တရားရုံ​တော်တွင် သူတို့က အိမ်​​​ထောင်စုများခွဲရာတွင် ကူညီ​ပေးရန် စိတ်အားထက်သန်ကြသည်။ သို့​​သော်လည်း ပိုက်ဆံရရန်အတွက် အိမ်ပြန်​သောအခါ သူ့ဇနီးနှင့် အကြီးအကျယ် ရန်ဖြစ်ရ​တော့သည်။

ကျူးရှုဖန်က သူ့ကို ​ငွေ​​ပေးရန် ငြင်းဆန်​နေပြီး အဆက်မပြတ် ငို​ကြွေး​နေခဲ့သည်။ သူက သူမကို အချိန်အ​တော်ကြာ ​ပြောဆို​တောင်းပန်​နေ​သော်လည်း သူမက မလှုပ်မရှားရှိ​နေဆဲ ဖြစ်သည်။ ​နောက်ပိုင်းတွင် သူက အမှန်တကယ်ပင် ကူကယ်ရာမဲ့သွားရ​သည်။ သူက ရက်ရက်စက်စက်ပင် ကျူးရှုဖန်၏ ​သေတ္တာ​အောက်​ခြေမှ ​ငွေပြားဆယ်ပြားကို လုယူခဲ့ရ​တော့သည်။

ကျူးရှုဖန်က ​​ဒေါသ အမျက်​ခြောင်း​ခြောင်း ထွက်သွား​လေသည်။ သူအိမ်ပြန်မလာခင်မှာပင် သူမက အဝတ်အစားများ ထုပ်ပိုးကာ သူ​မ၏ မိသားစုအိမ်ရှိရာသို့ ပြန်သွားသည်။

​​မေ့လိုက်​တော့... ထပ်​တွေး​နေလို့လည်း အသုံးမဝင်ဘူး... သူ ကျန်းကျန့်ရဲ့ အရင် ​ဖြေရှင်းပြီးမှ ကျူးရှုဖန်ကို အိမ်ပြန်​ခေါ်လာခဲ့​တော့မယ်...

ကျန်းကျန့်က တ​ရေးအိပ်ပြီး​နောက် အိမ်​ဆောက်​သည့်​နေရာသို့ သွားကာ စိုက်ကြည့်​နေခဲ့သည်။ ညစာစားရ​​တော့မည့်အချိန်မှာပင် အိမ်က ပြီးလုနီးပါး ဖြစ်​နေ​သော်လည်း သူ့အိမ်က အလွတ် ဖြစ်​နေဆဲပင်။ မီးဖိုကိုလည်း မ​ဆောက်ရ​သေးသလို ပရိ​ဘောဂများလည်း မထည့်ရ​သေး။

ကျန်းကျန့်က ထိုလုပ်ငန်းစဥ်ကို အလွန် ​​ကျေနပ်အားရ​နေခဲ့သည်။ ထပ်ရှိ​သေးသည်မှာ ​ကျောက်တဟူအိမ်မှ အလုပ်လုပ်ပြီး ပြန်လာ​သော ​ကျောက်ကျင်း​ကောသည်လည်း လာ​ရောက် ကူညီခဲ့ပြီး သူ့​ရှေ့တွင် အချိန်အ​တော်ကြာ လှည့်လည်သွားလာ​နေခဲ့သည်။

ကံဆိုးစွာဖြင့် ညစာမစားခင်မှာပင် ​ကျောက်ကျင်း​ကောက ခွင့်​တောင်းကာ အိမ်တွင် ထင်းခုတ်ရန် ပြန်သွားခဲ့ပါ​​သဖြင့် အခြားသူများနှင့်အတူ ကျန်းအိမ်တွင် လိုက်မစားနိုင်ခဲ့။

သို့​သော်လည်း ​ကျောက်ကျင်း​ကောက ညတွင် သူ့ကို လာ​တွေ့လိမ့်မည် ဖြစ်​ကြောင်း သူ ​သေချာသိ​နေ​ပေသည်။

ထိုညတွင် ဆာ​လောင်မှု​ကြောင့် ဖြစ်နိုင်သည်.. ယန်ကျင်းမှာ အိပ်မ​ပျော်နိုင်ဘဲ ဟိုဘက်လှည့်လိုက် သည်ဘက်လှည့်လိုက်ဖြင့် လှိမ့်​နေရသည်။

ကျန်းကျန့်က ထိုအရာကို သည်းမခံနိုင်​တော့​​ပေ။ သူ့ထံသို့ ​ခြေလှမ်း အနည်းငယ် တိုးသွားပြီး ချက်ချင်းပင် သတိမလည်နိုင်​သေး​သူကို ​ခေါက်၍ ကြိုးပြန်ချည်ထားလိုက်သည်။

ယခင်က ယန်ကျင်း သူချည်ထား​သော ကြိုးမှ လွတ်ထွက်သွားနိုင်သွားသည်မှာ သူက ဖြစ်သလို ချည်ထားခဲ့ပြီး ထိုသူကို ခြိမ်း​ခြောက်နိုင်ရန်အတွက် တမင်သက်သက်ပင် ထွက်​ပြေးရန် အခွင့်အ​ရေး ​ပေးထားခဲ့ခြင်း ဖြစ်သည်။ သို့​သော်လည်း ယခုတွင်...

ကျန်းကျန့်က ယန်ကျင်းကို အထုံးတစ်ခုဖြင့် ချည်​​နှောင်ထားခဲ့သဖြင့် ယန်ကျင်းကို ကြိုး​ဖြေနည်း သင်​ပေးသူ ကိုယ်တိုင် လာ​ဖြေပေးလျှင်​တောင် ​ဖြေ​ပေးနိုင်မည် မဟုတ်​​ပေ။

ပြီးသွားသည့်​နောက် ကျန်းကျန့်က ပြတင်း​ပေါက်မှ ခုန်ထွက်၍ ​ကျောက်​ကျင်း​ကောကို သွားရှာရန် စီစဥ်ထားခဲ့သည်။

သူ့ထံတွင် ​ကျောက်ကျင်း​ကောအတွက် ဝက်ဆားနယ်​ခြောက်နှင့် ကြက်ဥ​မွှေ​ကြော် အနည်းငယ် ကျန်​နေ​သေးပြီး ထိုသူ့ကို ​ကျွေးရန် ​စောင့်​နေခဲ့ခြင်း ဖြစ်သည်။

ထွက်လာသည်နှင့် ကျန်းကျန့်က မနီးမ​ဝေးတွင် မလှုပ်မယှက် ရပ်​နေ​သည့် ​ယောကျ်ားတစ်​ယောက်ကို ​တွေ့လိုက်ရသည်။ ​ကျောက်ကျင်း​ကော မဟုတ်ရင် ဘယ်သူ ဖြစ်ရဦးမှာလဲ... အပြင်ဘက်တွင် မည်မျှကြာသည်အထိ ရပ်​နေသည်ကို မသိရ​​ပေ။

ဒီရှက်​နေတဲ့ ​ယောကျ်ားက သူ့ကို ကိုယ်တိုင် လာရှာရဲတယ်​ပေါ့​လေ... ကျန်းကျန့်က ရွှင်မြူးသွားခဲ့​လေသည်။ သူက ထိုယောကျ်ားကို ​ရေကန်​လေးဘက်သို့ ထပ်ပြီး ဆွဲ​ခေါ်လာခဲ့ပြီး​နောက် ​​ကျောက်ကျင်း​ကော၏ မျက်နှာ​လေးကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်၍ နှူတ်ခမ်းကို နမ်းရှိုက်လိုက်သည်။

"မင်း ကိုယ့်ကို လာရှာမယ် ဆိုတာ သိ​နေတယ်"

သစ်လုံးတိုင်ကဲ့သို့ အမူအယာဖြင့် ရှိ​နေ​​သော ​ကျောက်ကျင်း​ကောမှာ စကား​ပြောမလာခဲ့။ ထိုအခိုက်တွင် သူက ကျန်းကျင့် နမ်းလိုက်သည့် ​နေရာမှ လှိုက်တက်လာသည့် အပူလှိုင်းကြီးက သူ့ခန္ဓါကိုယ်တ​​လျှောက်လုံး ဖြည်းဖြည်းချင်း ပျံ့နှံ့လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိ​နေသဖြင့် လှုပ်ပင် မလှုပ်ချင်​တော့​ပေ။

မ​ဟုတ်​သေး... လှုပ်ချင်​နေတဲ့ တစ်​နေရာ​တော့ ရှိ​သေးတယ်... သူ့ခွကြားထဲမှ ပစ္စည်းက လှုပ်ရှားရန် အသင့်ဖြစ်​နေ​သည်ကို ခံစားမိ​နေ​သော ​ကျောက်ကျင်း​ကောမှာ ရှက်လွန်းလှသဖြင့် ကိုယ်တိုင်ပင် ​ရေကန်ထဲသို့ ခုန်ဆင်းလိုက်ချင်မိသွားသည်။

သူ... ဒါဆို ဒါက အဲ့ဒါပဲ​ပေါ့...

သူ့မိဘများကသာ သူ သန်း​ခေါင်အချိန်တွင် တစ်စုံတစ်​ယောက်နှင့် သွား​တွေ့​နေပြီး ထိုကဲ့သို့လည်း ဖြစ်​နေ​သေးသည်ကို သိသွားကြပါက...

​ကျောက်ကျင်း​ကောက ကျန်းကျန့်​ဘေးတွင် မလှုပ်မယှက် ထိုင်​နေခဲ့ပြီး သူ့ပအတွေးများက ဝက်ဆားနယ်​ခြောက်​ကြော်၏ ရနံ့​လေး ရလိုက်သည့်အချိန်မတိုင်မီအထိ လွင့်​မျော​နေခဲ့သည်။

"လာ​လေ... ကြက်ဥနဲ့ အသား​မွှေ​ကြော်​​လေး စားလိုက်" ကျန်းကျန့်က ကြက်ဥ​မွှေ​ကြော်ကို တူဖြင့် ယူ၍ ​ကျောက်ကျင်း​ကော၏ ပါးစပ်ထဲသို့ ထည့်လိုက်ပြီး​​နောက် ​နောက်ထပ် ထမင်း တစ်ဇွန်းအပြည့်ကိုလည်း ​ပေးလိုက်သည်။

​ကျောက်ကျင်း​ကောက ဖြည်းဖြည်းချင်း ဝါး​နေပြီး သူ့နှလုံးသားကို ငြိမ်သက်​စေရန် ပြုလုပ်​နေရသည်။

ကျန်းကျန့်က သူ့ကို နှလုံးသားအလုံးစုံ ပုံ​ပေးထားပုံပါပင်။ ထို့ကြောင့် သူတို့နှစ်ဦးသားက တစ်​ယောက်နှင့် တစ်​ယောက် နီးနီးကပ်ကပ် ရှိကြရန် အဆင်​ပြေသည်။ သူတို့က အနာဂါတ်တွင် ဖြည်းဖြည်းချင်း လက်ထပ်နိုင်မည်ပင်။

​​နောက်တစ်ရက်တွင် ကျန်းကျန့်၏ အမိန့်အရ ကျန်း​ချောင်ရှန့်အိမ်မှ ပရိ​ဘောဂများအားလုံး အပါအဝင် ကျန်းအိမ်မှ သံဒယ်အိုးကြီး၊ အိုးများ၊ ဒယ်ပြားများမှာ သူ့အိမ်အသစ်ထံသို့ ​ပြောင်း​ရွှေ့ခြင်း ခံလိုက်ရသည်။

အနည်းငယ် သန့်ရှင်း​ရေး လုပ်ရုံမျှဖြင့် အိမ်အသစ်မှာ ​ပြောင်း​ရွှေ့ရန် အသင့် ဖြစ်​နေ​လေပြီ။

ကျန်းကျန့်က သူ့အိမ်အသစ်ကို လှည့်ပတ် ကြည့်ရှုရန် ဓါးတစ်​​ချောင်းနှင့်အတူ ယန်ကျင်းကို လမ်းပြလာခဲ့ပြီး​​နောက် အိမ်​ဆောက်ရန် ကူညီ​ပေးခဲ့ကြသည့် ရွာသားများကို ကျန်းမိသားစုအိမ်သို့ ​နေ့လည်စာစားရန် ပြန်​ခေါ်လာခဲ့သည်။

​နေ့လည်စာ စားပြီး​နာက် ကျန်းကျန့်က သူ့လက်ကို ကျန်း​ချောင်ရှန့်​ရှေ့သို့ ဖြန့်ကာ ​ပြောလိုက်သည်။ "​ငွေပြားနဲ့ စာရွက်စာတမ်းတွေ အသင့်ဖြစ်ပြီလား"

"ဒါက အိမ်​ထောင်စု မှတ်ပုံတင်ပါ... ​ငွေက​​တော့..." ကျန်း​ချောင်ရှန့်က ​ငွေကိုင်ထား​သော အဘွားကြီးကျန်းကို ကြည့်လိုက်သည်။

"ဒီမှာ" အဘွားကြီးကျန်းက ​ငွေအိတ်တစ်အိတ် ထုတ်လာခဲ့သည်။

ကျန်းကျန့်က လက်ထဲမှ ​ငွေအိတ်ကို ချိန်ဆကြည့်ပြီး​နောက် ကျန်း​​ချောင်ဝမ်ကို ​ပြောလိုက်သည်။

"ချိန်ခွင် ယူလာပြီး ချိန်​ပေး"

မလှမ်းမကမ်းတွင် ရပ်​နေ​သော ကျန်း​ချောင်ဝမ်မှာ ကျန်းကျန့်ထံမှ ​ရွေးချယ်ခံလိုက်ရမည်ဟု ထင်မထားခဲ့​ပေ။ သူက ကံမ​ကောင်းလိုက်တာဟု ခံစားလိုက်ရ​သော်လည်း မနာခံဘဲ မ​နေရဲပါ​ချေ။ သူက ချိန်ခွင်တစ်ခုကို မြန်မြန် သယ်လာခဲ့သည်။

​​ကျေးလက်မှ လူများစွာက အိမ်တွင် ချိန်ခွင်များ ရှိတတ်ကြ​သော်လည်း ချိန်ခွင်များမှာ ​ကျောက်တုံးမှ ပြုလုပ်ထားခြင်း ဖြစ်၍ ပစ္စည်းများ ချိန်တွယ်သည့်အခါ ကွာဟမှုအချို့ ရှိတတ်သည်။.

ကျန်းမိသားစုအိမ်မှ ချိန်ခွင်က ပစ္စည်းများ ချိန်သည့်အခါ အမှန်တကယ် အ​လေးချိန်ထက် အနည်းငယ် ပို​လေးသည်ဟု ပြ​​ပေလိမ့်မည်။ ရလဒ်အ​နေဖြင့် ​လေးဆယ်ထက် မနည်းသင့်​သော​ ငွေအိတ်က သုံးဆယ့်ကိုးဟုသာ ပြ​နေခဲ့သည်။

ကျန်းကျန့်က အဘွားကြီးကျန်းကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်လိုက်သည်။

"အိမ်မှာ သုံးဆယ့်ရှစ်ပြားပဲ ရှိတယ်... ​ကြေးပြားတစ်ပြား​​​တောင် မကျန်​​တော့ဘူး"

အဘွားကြီးကျန်းက တုန်ယင်​နေသည်။ ကျန်းကျန့်၏ ရုတ်ရက် ကြမ်းကြုတ်လာတတ်​သော အပြုအမူကို ​တွေ့ထားပြီး​နောက် သူ့အမူအယာက ပို၍ တည်ငြိမ်​နေ​လေ​လေ သူမက ပို၍ ထိတ်လန့်လာ​လေ​​​လေ ဖြစ်သည်။

သူမက ​ငွေပြတ်​နေသည့်အတွက် ​​နောင်တရမိသည်။ သူမက သူ့ကို ​ငွေပြား​လေးဆယ် မ​ပေးချင်​သော​ကြောင့် အဆုံးတွင် မသိသာ​လောက်သည့် သုံးဆယ့် ခုနစ်ပြားထက် အနည်းငယ်ပို​အောင်သာ ​ပေးခဲ့သည်။ ကျန်းကျန့်က ချိန်ကြည့်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ...

"အိမ်မှာ ​ငွေမရှိ​တော့ဘူးလား" ကျန်းကျန့်က စိတ်​​အေးလက်​အေး မျက်နှာထားကိုသာ ရှိ​နေဆဲ ဖြစ်သည်။

"ဟုတ်တယ်... အိမ်မှာ ​ငွေထပ်မရှိ​တော့ဘူး" အဘွားကြီးကျန်းက သူမ၏ ကိုယ်​နေဟန်ထားကို ထိန်းသိမ်းထားသည်။

"ဒါဆိုလည်း ​ကောင်းပြီ​လေ... ​ငွေထပ်​မ​ချေးပါနဲ့​တော့" ကျန်းကျန့်က အပြုံး​လေး တစ်ခုဖြင့် ဆိုလိုက်သည်။

အဘွားကြီးကျန်းက ကျန်းကျန့်၏ စကားများကို ကြား​သောအခါ သူမ၏ မျက်နှာက ချက်ချင်း ဝင်းပသွား​လေသည်။ ဒီဂြိုလ်ဆိုး​ကောင်က မစစ်​ဆေး​တော့ဘူးလား... သူမက ​ငွေပြားသုံးပြားကို ​ချွေတာလိုက်ရသည့်အတွက် မထင်မှတ်ဘဲ ​​ပျော်ရွှင်သွား​လေသည်။

ကျန်းကျန့်က ​ငွေပြားအိတ်ကို အချိန်အ​​တော်ကြာကတည်းက ပြင်ထားခဲ့​သည့် အိတ်ထဲသို့ ထည့်ကာ ရုတ်တရက်ပင် အိမ်ဘက်ကို ​လျှောက်သွားခဲ့သည်။

"နင် ဘာလုပ်မလို့လဲ" အဘွားကြီးကျန်းက အံ့အားသင့်စွာဖြင့် ​မေးလိုက်သည်။

ကျန်းကျန့်က အဘွားကြီးကျန်း၏ အ​မေးကို အပြုအမူများဖြင့် ပြန်​ဖြေလိုက်​လေသည်။ သူက ဝင်သွားပြီး​နောက် ​ဝက်တစ်​ကောင်ကို ဖမ်းကာ နားရွက်ကို ကိုင်၍ တရွတ်တိုက် ဆွဲ​ခေါ်လာခဲ့သည်။

ဝက်က စူးစူးရှရှ ​အော်ဟစ်​နေပြီး ​ခြေ​လေး​​ချောင်းမှာလည်း ​မြေ​ပေါ်ကို ​ထောက်ကန်ထားသည်။ သူက လှုပ်ရှားရန် ငြင်းဆန်​နေပါ​သော်လည်း အဆုံးတွင် ကျန်းကျန့်၏ ခွန်အားကို မလွန်ဆန်နိုင်ဘဲ ဆွဲ​ခေါ်ခံလာ​ရ​လေသည်။

Продолжить чтение

Вам также понравится

136K 14.9K 116
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
891K 16K 56
" ဒယ်ဒီဘာပြောပြောဖြူဖြူတို့လက်ထပ်စရာမလိုပါဘူးကိုကို.." " ဒါပေါ့.. မင်းကမိဘကိုလည်းဂရုမစိုက်၊ပတ်၀န်း ကျင်ကိုလည်းဂရုမစိုက်ပဲနေနိုင်ပေမယ့်.. ငါကတော့ဆရာသ...
Smile Sparkle Shine Vi Vian

Художественная проза

348K 27.3K 34
punishment type ပါ။ အဆင်ပြေမှဖတ်ပါ။
620K 50.3K 54
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}