" Lavender Blossoms Around Hi...

By Cynthiataehyung

1.3K 135 40

JEON JUNGKOOK X KIM TAEHYUNG Jeonranto X Taevender More

Intro
Lavender ( 1 )
Lavender ( 2 )
Lavender ( 3)
Lavender ( 4 )
Lavender ( 5)
Lavender ( 6)
Lavender ( 8 )
Lavender ( 9)

Lavender ( 7)

126 9 6
By Cynthiataehyung

Unicode

ဖောင်း !! ဖောင်း!

လက်ခုတ်သံတွေမြိုင်ဆိုင်စွာထွက်လာမှ Jeonranto သည်အသိပြန်ဝင်လေသည် ။ သူဘာဖြစ်သွားတာလဲ ချက်ချင်းဆိုသလို စင်ပေါ်သို့လှမ်းကြည့်လိုက်တော့ ချယ်ရီပင်Background ရှေ့မှာ Taevender က အလယ်အလတ်တန်းစားရိုးရာဝတ်စုံဖြင့်လူအရိပ်တစ်ခုနှင့် မျက်နှာချင်းဆိုင်ငေးမော၍ ပြီးဆုံးသွားလေသည့်ဟန်ဖြင့် ဇာတ်သိမ်းသွားလေသည် ။ ပြီးနောက်အဆုံးသတ်အနေနှင့် မှောင်မဲသွားသောစင်မြင့်ထက်မှ စကားစုရေရွတ်သံတစ်ခုကိုကြားလိုက်ရလေသည်
" မျက်ဝန်းစကားခြွေ
ဤနှလုံးသားဝယ် ..
ချစ်လှစွာသောအမည်နာမတစ်ခုကို
အမှတ်တရတည်စေခဲ့သည် " ထို့နောက်တွင်တော့ ကန့်လန့်ကာချသွား၍ ပြဇာတ်ကအဆုံးသတ်သွားလေတော့သည် ။

ရုတ်တရက်သူမတွေးတောနိုင်ဖြစ်သွားရလေသည် ။ သူကဘယ်လိုကနေဘယ်လို ပြဇာတ်ကိုကြည့်မိသွားရတာလဲ ။ ပြီးတော့ ပြဇာတ်ထဲ ဘယ်လိုလုပ်စီးမျောသွားရသနည်း ။

သူခေါင်းထဲမှာ ရှုပ်ထွေးစွာ မတွေးတောနိုင်ဖြစ်နေသည့်အချိန်တွင် အနီးနားရှိပွဲကြည့်ပရိတ်သတ်များကလည်းအသီးသီးထပြန်ကုန်ကြပြီးဖြစ်သည် ။ ထိုစဉ်မှာပင် သူသတိရလိုက်မိသည်က ဂါဝန်နက်ပြာရောင်နှင့် အမျိုးသမီးတစ်ဦး ။ ထိုအမျိုးသမီးက သူ့အနားမှာထိုင်ခဲ့သည်မဟုတ်လား ပုံစံ​ကြည့်ရတာ ခံစားချက်ကတစ်မျိုးပင်။ ထို့နောက် စိတ်ရှုပ်စွာပင် Taevender ကိုရှာရန်ထွက်လာခဲ့လိုက်လေသည် ။

သို့သော် ပြဇာတ်ခန်းမထဲတွင်မရှိသည့်အပြင် ကောင်တာဘက် ဧည့်သည်များစောင့်ဆိုင်းသည့်အရှေ့ဘက်စားပွဲဝိုင်းတွေဘက်၌ပါမရှိတော့ချေ ။ကောင်တာက မိန်းကလေးကိုမေးတော့ အပြင်ထွက်သွားသည်ဟုသာပြော၍ မေး၍မရတော့ချေ ။ ထို့နောက် သိပ်မကြာလိုက် သူခုနကသတိမထားမိခဲ့သည့် Han SeokBin ဆိုသည့်လူထိုင်နေသောအရှေ့ဘက် စားပွဲဝိုင်းတွေဆီသို့ Taevender ကရောက်လာလေတော့သည် ။ ထို့နောက် စကားခဏပြောနေသည့်ဟန်မို့ သူအမြန်ပင်ထိုနေရာသို့လိုက်သွားမည်ပြုလိုက်လေသည်

" ငါ့ကို တကူးတကကြီးလာမကြိုပါနဲ့ဆို ။ Seokbin ကတော့ ဘယ်တော့မှပြောစကားနားမထောင်ဘူး "

" တကူးတကမဟုတ်ပါဘူး hyungရဲ့။ ပြဇာတ်လာကြည့်ရင်းနဲ့ လမ်းကြုံလို့ဝင်ကြိုတာကို "

" ဒါဆိုလည်း ပစ္စည်းနည်းနည်းထည့်ပြီးလာခဲ့မယ် ။ ခဏတော့စောင့်အုံး "

ပြောပြီး ကောင်တာဘက်သို့ သုတ်သုတ်" ဖြင့်ပြန်ထွက်သွားသည့် hyung ကို သူအသဲယားစွာလိုက်ကြည့်နေမိလေသည် ။ ထိုစဉ်မှာပင် ရုတ်တရက်ဆိုသလို နွေခေါင်ခေါင်မှာ မိုးကြိုးပစ်ချခံလိုက်ရသည့်နှယ် ပြုံးလက်စအပြုံးများမှာပျောက်ကွယ်သွားကာ Han SeokBin ထိတ်လန့်သွားရလေသည် ။သူမထင်မှတ်ဘဲမြင်လိုက်ရသည်က ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းထားသည့်လူတစ်ယောက်က hyung အနားသို့ချည်းကပ်လာသည်ကိုပင်ဖြစ်သည်.. ထိုလူက ကောင်တာဘက်ကနေ ဒီဘက်သို့ခြေလှမ်းကျဲများဖြင့်လာနေရင်းမှ လမ်းတွင်ထိပ်တိုက်တိုးသည့် Tae hyung ကိုအတင်းဆောင့်ဆွဲပြီးဖမ်းဆွဲထားလေသည် ။ Han SeokBin ဘာမှမစဉ်းစားနိုင်ဘဲ အမြန်ပင် ထိုနားသို့အပြေးသွားလိုက်လေသည်

" ခင်ဗျား လာစမ်း! ပိုင်ရှင်ရှိတဲ့လူကို ဗြောင်တင်ဖောက်ပြန်ထားပြီး အေးအေးဆေးဆေးတော့နေရမယ်မထင်နဲ့ "

ရုတ်တရက်ထွက်လာသည့်အသံသည် သူကြားဖူးနေသလို ဒီလိုစကားလုံးမျိုးကိုပြောဆိုတတ်သည့်လူကလည်း တစ်ယောက်သာရှိလေသည် ။ တကယ်ဘဲ Jeonranto များလား ။ အသံကလည်း ရည်ရွယ်ချက်ရှိရှိ ခပ်ကျယ်ကျယ်ပြောနေသလို ခံစားရလေသည်။ထို့ကြောင့်လည်း ပြဇာတ်ရုံထဲမှအပြင်သို့ထွက်နေကြသည့်လူများမှ ကွက်ကြည့်ကွက်ကြည့် လုပ်ကုန်ကြလေသည်

" ဘယ်သူ.. "

" မောင် .. "

Taevender သည် သူ့ကိုလမ်းခုလက်၌ရုတ်တရက်လှမ်းဆွဲထားသည့်လူကြောင့်ထိတ်လန့်သွားပေမဲ့ ဆက်ခနဲမော့ကြည့်မိလိုက်တော့ သူ့နှုတ်ခမ်းတွေပြုံးမိသွားလေသည် ။

" အရှက်မရှိ သူများရည်းစားကို လုထားပြီး အရမ်းပျော်နေတယ်ပေါ့လေ ! "

Gumijae ပြောထားသည့်အတိုင်း မောင်သူ့ဆီ ပြန်ရောက်လာသည့်အတွက် ဝမ်းသာမိတုန်းရှိသေး မောင်ကဒေါသတကြီးဖြင့်ဒုန်းဆိုင်းဝင်လာပြီး သူနားမလည်သည်များကိုဇွတ်ပြောနေလေသည်

" ကျုပ်အစ်မရည်းစား နဲ့ ခင်ဗျားဖောက်ပြန်ခဲ့တဲ့ကိစ္စကိုပြောနေတာလေ! ! စေ့စပ်ထားတဲ့လူကို ဝင်လုံးရအောင် ခင်ဗျားမှာအဲ့လောက်တောင် ယောင်္ကျားရှားနေလား "

" Jeonranto တော်လိုက်တော့ ! "

ချက်ချင်းပင် အနားသို့ရောက်လာသည့် Han SeokBin ဆိုသည့်လူကဘေးဘီဝဲကြည့်၍ ခပ်ကြိတ်ကြိတ်ပြောလာကာ, Taevender ၏ လက်ကောက်ဝတ်ကိုဆွဲကာ ခေါ်ထုတ်ဖို့လုပ်လေသည် ။ ထိုအခါ Jeonranto က ဟိုဖြူဆွတ်ဆွတ်လူကို လက်မောင်းရင်းကနေ ပြန်ဆွဲထားကာ

" ဘာလို့တော်ရမှာလဲ! မျက်နှာပြောင်ပြောင်နဲ့ခိုးစားပြီးတော့မှ အရှက်ကွဲမှာတော့ ကြောက်တတ်တယ်ပေါ့ဟုတ်လား ဟမ်! "

Jeonranto ထိုလူနှစ်ယောက်၏ မျက်နှာနှစ်ခုအနီးသို့တိုးကပ်သွားကာ ခနဲ့၍မေးလိုက်လေတော့

ခွပ် 💢

Jeonranto မျက်နှာပေါ်သို့ရုတ်တရက်ကျရောက်လာသည့် လက်သီးချက်ကြောင့် ဒေါသကဝုန်းကနဲထလောင်လေသည် ။ မျက်နှာပေါ်သို့လက်သီးနှင့်ထိသွားသည်နှင့်တပြိုင်နက် သူသည်လည်းအလင်း၏အမြန်နှုန်းဖြင့် HanSeokBin ၏မျက်နှာပေါ်သို့နှစ်ချက်လောက်ပြန်ဆင့်ထိုးလိုက်လေသည် ။

" မောင်! ! "

ဟိုဖြူဆွတ်ဆွတ်လူက အသံနှင့်အတူ မကြောက်မလန့်သူတို့သတ်ပုတ်နေကြသည့်ကြားသို့တိုးဝင်လာကာ ဟိုဘက်ဆွဲလိုက် ဒီဘက်ဆွဲလိုက်ဖြင့် ပြာယာခက်နေလေသည်

" မင်းလွန်မလာနဲ့ ! ! ငါတို့သိက္ခာကို စော်ကားလွန်နေပြီ "

" ဆေးရုံသွားပြရတဲ့အထိဖြစ်တာက ခင်ဗျားတို့ရဲ့သိက္ခာလား! "

ခွပ် 💢

ထိုအခါ Han SeokBin ဆိုသည့်လူက သူ့အငိုက်မှာထိုးလိုက်သည်မို့ သူပြန်ထိုးမလို့ရှိသေး Taevender ဆိုသည့်တစ်ယောက်က ရုတ်တရက်ဝင်ချလာသည်မို့ Jeonranto စိတ်တိုတိုဖြင့် ဆွဲဖယ်ပစ်လိုက်ကာ ပြန်ထိုးလိုက်လေသည် ။ ဒီလူက သူ့လူကိုထိတော့ Jeonranto ကိုဝင်ဆွဲလာလေသည် ။ တော်တော်ကိုဖြစ်နေကြတာဘဲ ။ အဲ့ဒါမျိုးကို ကိုယ်ကလည်း ပိုအမြင်ကပ်တာဖြစ်သည် ။ ဒီနေ့ HanSeokBin ဆိုသည့်လူ၏မျက်နှာကိုစုပ်ပြတ်သတ်အောင်လုပ်ကိုလုပ်အုံးမည်ပေ

Taevender သည် မောင်ဆွဲဖယ်လိုက်သည့်အရှိန်ဖြင့် ကြမ်းပြင်ပေါ်တွင်ပစ်စလက်ခက် ကျသွားပေမဲ့ အမြန်ပြန်ထလိုက်ကာ ထပ်ဝင်ဆွဲရလေသည် ။ထိုစဉ်တွင် လုံခြုံရေးဝန်ထမ်းများကဟိုဘက် ဒီဘက်ဆွဲတော့ SeokBin ကလည်းရုန်း မောင်ကလည်းရုန်းသဖြင့် အငိုက်မိနေချိန်တွင် ရုတ်တရက်ချော်ထွက်လာသည့် လက်သီးချက် အားပြင်းပြင်းကမောင့်ပါးပြင်ကို ထပ်ထိတော့မည်ဟန်.. ထို့ကြောင့် သူအရဲစွန့်ကာ ဘေးဘက်ကနေပင် SeokBin ၏ခါးကိုအနည်းငယ်တွန်းထုတ်လိုက်ပြီး နှစ်ဦးကြားဝင်၍

" SeokBin ! ငါ ငါတောင်းပန်ပါတယ် ။ မောင့်ကိုဒဏ်ရာရအောင်မလုပ်ပါနဲ့ "

ထိုစဉ်တွင်

" ဖယ်စမ်း ခင်ဗျား! အဲ့ဒီလူကိုစုတ်ပြတ်သတ်အောင်လုပ်ပစ်မယ် ကျုပ့်ကိုများ စထိုးရဲတယ် "

သူအရှေ့တွင် ကာထားသည်ကိုပင် မောင်ကရှူးရှူးရှဲရှဲဖြစ်ကာ SeokBin ကို ထိုးမည်တကဲကဲ ရုန်းကန်နေလေသည် ။ ထို့ကြောင့် သူလည်းမတက်နိုင်သည့်အဆုံး ရုန်းကန်နေသည့်မောင့်ကို အရှေ့ကနေသိုင်းဖက်ပြီး တစ်ဖက်သို့တရွက်တိုက်ဆွဲထုတ်လာရတော့လေသည် ။ ထိုအခါ ကိုးရို့ကားရားဖြစ်ရင်း ပါလာရသည့်မောင်က

" ကျုပ်က ခင်ဗျားလင်ငယ် မဟုတ်ဘူး! အချိုးပြင်လိုက် "

" မောင့် !! ဘယ်လိုစကားလုံးမျိုးပြောလိုက်တာလဲ "

သူခပ်ဆောင့်ဆောင့်ခေါ်လိုက်ကာ စိတ်မကောင်းဖြစ်သွားရသည်မို့ အသံကလည်းမသိမသာဝမ်းနည်းရိပ်သန်းသွားရလေသည် ။ထိုအခါ မောင်ကသူ့ကို ချက်ချင်း မျက်မှောင်ကြုတ်ကြည့်လာသဖြင့်

" စိတ်လျော့နော် မောင် ။ စိတ်လျော့ "

ပြောရင်း Taevender သည် မောင့်၏ကျောပြင်ကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်လေသည် ။ သို့သော်စိတ်မပြေနိုင်သည့်မောင်က သူ့လက်တွေကိုဖယ်ချကာဖြင့်

" တောက်! ! တော်တော်ဖြစ်နေတဲ့ဟာ "

Jeonranto ပြောနေသည့်ကြားမှ တမောင်တည်း မောင်နေတဲ့ အဲ့ဒီလူကိုစောက်သည်းယားလာရတော့လေသည် ။ သူနဲ့ကြိတ်ပုန်းခုတ်နေတဲ့လူနှင့်ကိုယ်နဲ့နှစ်ယောက်လုံးရန်ဖြစ်တဲ့ပွဲမှာ သူက Jeonranto ဘက်ကနေဝင်ကာသည်တဲ့ ..ကိုယ်ကသူနဲ့လည်း ဘာမှမဆိုင်သလို သူ့အမှတ်စဉ်တွေထဲကကောင်လဲမဟုတ် ။ ဒါကိုပင် အရင်လူကိုပစ်ပြီး Jeonranto ဘက်ကဝင်တားသည်အထိဆိုတော့ ရုပ်ပျက်လှသည် ။ ထိုလူဘယ်လောက်အပေါစားဆန်လိုက်သလဲဆိုတာ မသိလျှင် လင်ကြီးနှင့်လင်ငယ်က သူ့ကြောင့်ရန်ဖြစ်နေကြသည့်နှယ် ။ အလိုလိုနေရင်း ကိုယ့်အဆင့်ကလည်း တမောင်မောင်နှင့်ခေါ်နေတဲ့လူကြောင့် လင်ငယ်အတန်းစားထိရောက်လုလု.. ထို့ကြောင့် သူမှသူ တန်းတန်းစွဲဖြင့်နေသည့်လူကို မှတ်လောက်သားလောက်အောင် စုတ်ဖြဲချင်လာလေသည်

" လာစမ်း !! ခင်ဗျား "

" အင့် ! မောင့် "

မောင်က Taevender ကို လက်မောင်းရင်းကနေဆောင့်ဆွဲယူပြီး တရွက်တိုက်အပြင်ဘက်သို့ဆွဲခေါ်ထုတ်လေသည် ။ Taevender မရုန်းမိပေ အဓိကက SeokBin နှင့်လူကွဲသွားဖို့ဘဲမဟုတ်လား ။ အခုတောင် မောင့်မျက်နှာမှာ နှစ်ချက်သုံးချက်လောက်ဒဏ်ရာကရသွားပြီဖြစ်သည်.. ဘယ်လိုဘဲ SeokBin ကဒဏ်ရာပိုများများ မောင်အထိမနာဖို့ကသူ့အတွက်ပိုအရေးကြီးလေသည် ။ SeokBin ကိုတော့နောက်မှ မောင့်အစားတောင်းပန်မည်ဟုသာ တွေးထားလိုက်လေသည်

" hyung !! hyung ကိုလွှတ်လိုက် မဆိုင်တဲ့လူကိုဆွဲမထည့်နဲ့ "

Jeonranto ကြားပေမဲ့ ခြေလှမ်းတွေကိုမရပ်မိပေ ။ ခြေလှမ်းကျဲကြီးတွေနှင့် ပြဇာတ်ရုံအပြင်သို့
ထွက်လာလိုက်လေသည် ။ ထိုတွင် ခုနကဝန်ထမ်းတွေအပြင်သို့ပထုတ်ထားသည့် ပြဇာတ်ကြည့်ပြီးပြန်မည့်လူတချို့မှာ အပြင်တွင်တစို့တစဖြင့် ကျွတ်စိကျွတ်စိဖြင့်ရှိနေလေသည် ။ ထိုနေရာကို ကျော်ဖြတ်လာပြီးနောက် ကားပါကင်ကိုရောက်တော့ ဟိုဖြူဆွတ်ဆွတ်လူကို ကားထဲထိုးထည့်လိုက်ပြီး ကားထွက်ဖို့လုပ်တုန်း

" မဆိုင်တဲ့လူကို လာမထိနဲ့လို့ပြောနေတယ်! "

HanSeokBin က ကားဘေးနားသို့ရောက်လာကာ ကဲကဲသဲသဲလုပ်နေသည်မို့ အမြင်ကပ်စွာဖြင့်ကားထဲကနေပင် ထိုလူ၏အင်္ကျီစကိုဆွဲကာ သူ့အနီးနားသို့ဆောင့်ဆွဲလိုက်ပြီး

" ဘယ်သူကကောထိချင်နေလို့လဲ ။ ယောင်္ကျားမြင် ငမ်းငမ်းတက်ဖြင့်နေလို့ အချိုးလေးပြင်ပေးရုံပေါ့ အဟွန်း "

ပြောပြီး HanSeokBin ဆိုသည့်လူကိုတွန်းထုတ်ပစ်လိုက်ကာ ကားမောင်းထွက်ခဲ့တော့လေသည် ။ ထိုအခါ HanSeokBin သည်လည်း သူ့ကားကိုအမြန်ထုတ်၍ နောက်မှလိုက်မောင်းထွက်သွားရလေသည် ။

ထိုကားနှစ်စီးထွက်ခွာသွားတဲ့နောက်တွင်တော့ ရုတ်တရက်ထွက်ပေါ်လာသည့် ခပ်သောသောတီးခက်လာသောလက်ခုတ်သံကျယ်ကျယ်ကြောင့် ပြဇာတ်ရုံအရှေ့ရှိလူတွေမှာ ကြောင်တောင်တောင်ဖြစ်သွားရလေသည်

" Wow ! Bravo "

" အားလုံးဘဲ ကျွန်မတို့ရဲ့ Prank ဖြစ်ပါတယ် ။ ဒီနေ့အတွက် အထူးအစီအစဉ်ပါ အံ့သြသွားကြတယ်မဟုတ်လား "

Gumijae လက်ခုတ်တီးလျက် တကယ့်ပျော်ရွှင်ဖွယ်အပြုံးတစ်ခုကိုဆင်မြန်းကာ acting အပြည့်ဖြင့် ခပ်တည်တည်ပြောလိုက်လေသည် ။ ထို့နောက် ကြောင်တောင်တောင်ဖြစ်နေသည့်လူတွေဆီသို့ မထိတထိရယ်သံတစ်ခုကို ပို့လိုက်ကာဖြင့်

" ဟိုမှာ ကင်မရာတွေရယ် ။ တကယ်ကြီးထင်ပြီး လန့်သွားကြတာလား မရည်ရွယ်ပါဘူးရှင် "

Gumijae မှာ လက်ဖဝါးတစ်ဖက်ကို ရင်ဘတ်ပေါ်သို့တင်လျက် သိမ့်မွေ့စွာဆိုလိုက်လေသည် ။ ထို့နောက် ထိုလူများမှာ ကိုယ်ယောင်ထွက်ပြလာသော ကင်မရာသမားကိုတွေ့၍ အချင်းချင်း " တကယ် ထင်သွားတာဘဲ" ဟုဆိုကာ တွတ်ထိုး၍ထွက်သွားကြလေသည်

ထိုအခါ Gumijae မှာ ပြဇာတ်ရုံအတွင်းသို့ ဟန်ပါပါပြုံးရင်းပြန်ဝင်သွားလိုက်လေတော့သည် ။ သူမသည် ဒီလိုဖြစ်မည်ဆိုတာသိထား၍ ကြိုတင်ပြင်ဆင်ထားလိုက်တာဖြစ်သည် ။ Taevender တို့၏လုပ်ငန်းစဉ်တွေမှာ သူဝင်ပါလို့မရပေမဲ့ ဉာဏ်ကောင်းတဲ့မိန်းမက
ဘယ်လိုဘဲဖြစ်ဖြစ် သူမစီးပွားရေးကိုတော့ အထိအခိုက်မခံဘူးလေ
..........................,..................................................

Jeonranto ကမ်းနားလမ်းအလွန်က သူတို့ငယ်ငယ်ကနေခဲ့သည့်ဘိုးဘွားပိုင်အိမ်သို့မောင်းချလာလိုက်လေသည် ။ ဤအိမ်တွင် သူငယ်ငယ်ကနေထိုင်ခဲ့ဖူးသည်ဟု ပါပါးကပြောပြသော်လည်း သူမမှတ်မိပေ ။ ဒီမြေက သူ့မွေးရပ်မြေဟုသိရပြီး သူငယ်လွန်းသည့်အချိန်မို့ မမှတ်မိခြင်းဖြစ်လောက်လေသည် ။ ပုံမှန်ဆို အိမ်တွင်လူမနေသော်လည်း ယနေ့သူလာမည်ဖြစ်၍ သန့်ရှင်းရေးဝန်ထမ်းတွေကိုငှားပြီး သန့်ရှင်းရေးလုပ်ခိုင်းထားလိုက်လေသည် ။

ထို့နောက် ခြံထဲသို့ကားမောင်းဝင်လိုက်ပြီးနောက် Taevender ဆိုသည့်လူကိုဆွဲချကာ အတင်းအိမ်ထဲသို့ခေါ်ခဲ့တော့လေသည် ။

" မောင် ..မောင်မှတ်မိနေတာလား ။ မောင် ၂နှစ်သားတုန်းက ငါတို့ဆုံဖူးတာကိုလေ "

" အရူးကွက်လာမနင်းနဲ့! ! စိတ်ချ ခဏနေ ခင်ဗျားမေ့လဲတဲ့အထိ ကျုပ်လုပ်ပေးမယ် လာစမ်း "

ပြောရင်းဆိုရင်းဆွဲဆောင့်၍ အိမ်ထဲအတင်းခေါ်လာပြီး အိပ်ခန်းတစ်ခုသို့အရောက်တွင် မောင်က Taevender ၏အင်္ကျီတွေကိုအတင်းဆွဲချွတ်လာလေသည် ။ ရုတ်တရက်လန့်ဖျန့်သွားကာ Taevender မှာမောင့်လက်ထဲကနေအလျင်အမြန်ရှုန်းထွက်ပြီး ထွက်ပြေးရလေသည် ။ ထိုအခါ မောင်မှဒေါသတကြီးဖြင့် မျက်မှောင်ကြုတ်၍ သူ့ကိုလိုက်ကြည့်ကာ

" ခင်ဗျား အဲ့ဒါဘာလုပ်တာလဲ! "

" မောင်ကကော ငါ့အင်္ကျီတွေကိုအတင်းချွတ်ပြီး ဘာလုပ်မလို့လဲ "

Jeonranto ရုတ်တရက်ကြောင်အသွားရသည်မှာ အတင်းအင်္ကျီဆွဲချွတ်နေစဉ်Taevender ဆိုသည့်လူမှာရုန်းကန်၍ ကုတင်ဘေးရှိအဝတ်ဘီရိုအကွယ်သို့ထွက်ပြေးသွားသည်ကြောင့်ဖြစ်လေသည် ။ ဒါတင်မကသေး သူကစိတ်မရှည်၍ မေးသည်ကိုပင် ဘီရိုအကွယ်ကနေ ကြောင်တောင်တောင်အမေးဖြင့်ပြန်မေးလာသေးလေသည် ။ ထို့ကြောင့်

" အင်္ကျီချွတ်ပြီး ဘာလုပ်မယ်ထင်လို့လဲ "

" ရေချိုးပေးဖို့လား ငါ့ဟာငါချိုးမယ် မောင် "

" တောက်! ကျုပ်ကိုမျက်ခွက်မပြောင်နဲ့ "

တက်တစ်ချက်ခေါက်ကာ စိတ်တိုတိုနှင့်အော်ထည့်လိုက်တော့ ဘီရိုထောင့်မှာပုန်းနေသူက ပခုံးတွေတုန်သည်အထိ လန့်သွားသော်လည်း သူလိုက်ဖမ်းနေသည်ကိုတော့ ရအောင်ထွက်ပြေးပါသည် ။ သူကဘီရိုဘက်ကိုလာလျှင် Taevender ဆိုသည့်လူကဟိုဘက်နံရံဘက်ပြေးသည် သူကဟိုဘက်နံရံဘက်လာလျှင် ကုတင်ခြေရင်းဘက်ပြေးပြန်သည် ။ ကြာတော့ Jeonranto စိတ်မရှည်နိုင်တော့သည်မို့ သူကုတင်ခြေရင်းဘက်ကိုခြေလှမ်းပြလိုက်တော့ ထိုလူက ဘီရိုနားသို့ပြေးလေသည်။ထိုအခါ သူသည်ကုတင်ပေါ်ကနေဖြတ်ပြေးပြီး ထိုလူကိုအမိဖမ်းလိုက်တော့လေသည် ။ ဖမ်းမိသည်နှင့်ချက်ချင်း ဘောင်းဘီကိုအတင်းဆွဲချွတ်ကာ ကုတင်ပေါ်ပစ်တင်ပြီး အပေါ်ကနေသူ့ကိုယ်ဖြင့်ဖိထားလိုက်လေသည် ။ ထိုလူကလည်း သူ့ဘောင်းဘီသူပြန်ဆွဲတင်လိုက် ရုန်းကန်လိုက်ဖြင့် အလုပ်ရှုပ်နေလေသည်။
ထိုစဉ်တွင် သူခုနက ကုတင်ပေါ်ပစ်တင်ထားသည့်လွယ်အိတ်ထဲမှ ပစ္စည်းတစ်ခုကို လက်တစ်ဖက်ဖြင့်ဆွဲထုတ်လိုက်လေသည် ..ထိုအခိုက်မှာပင်

ဒုန်း ဒုန်း 💢

တဒုန်းဒုန်းမြည်နေသည့် အိမ်မကြီးတံခါးဆီကလာသည့်အသံမှာ HanSeokBin ဆိုသည့်လူရောက်လာသည်ဟုသက်သေပြလေသည် ။ထိုအခါ Jeonranto သည် ခုနကထုတ်လိုက်သည့်အရာကိုကိုင်ထားရင်းမဲ့ပြုံးပြုံးလျက် ဟိုဖြူဆွတ်ဆွတ်လူကိုကြည့်လိုက်လေသည် ။ အခုနေဆိုလျှင် Han SeokBin ဆိုသည့်လူ သွေးတက်နေမှာအသေအချာပင် ။ပြီးတော့ ကုတင်ပေါ်တွင် ပစ်စလက်ခရှိနေသောဟိုလူကလည်း သူမှန်းထားသည့်အတိုင်းပင် ရုတ်တရက်ငြိမ်ကျသွားပြီး သူကိုင်ထားသည့်အရာကိုကြောင်ပြီးကြည့်နေလေသည်

" လာစမ်းပါ ။ ခင်ဗျားကြိုက်တဲ့ဟာဘဲ လုပ်ပေးမှာကို "

" မောင် အဲ့ဒါဘာကြီးလဲ "

ပြူးကြောင်ကြောင်ဖြင့် ဟန်မဆောင်နိုင်ထမေးလာသည့်လူကြောင့် Jeonranto လှောင်ရီသံထွက်ပြလိုက်ပြီး

" အဟွန်း! ! ခင်ဗျားထင်ထားသလို ကျုပ်ဟာ မဟုတ်လို့ စိတ်ပျက်သွားတာလား ။ ကျုပ်ရဲ့အဖိုးတန်တဲ့ဟာကို ခင်ဗျားထဲကိုထည့်မယ်လို့ထင်နေတာလား ဟမ် "

" လာစမ်း! ! ယောင်္ကျားမြင်ငမ်းငမ်းတက်နေတဲ့ခင်ဗျားကို အတုသုံးပြီး မျော့မျော့ဘဲကျန်အောင်လုပ်ပြမယ် "

Jeonranto ထထိုင်လိုက်ကာ ထို့လူကိုခြေထောက်ကနေဆွဲချပြီး ပေါင်ကိုဆွဲကားလိုက်တော့ ရုတ်တရက်ခြေထောက်ကန်ချက်တွေက Jeonranto ၏ပခုံးတွေဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာလေသည် ။ ထိုအချိန်တွင် Jeonranto ကဟန်ချက်ပျက်သွားသည့်အတွက် အနောက်သို့ယိုင်ကျသွားစဉ် ထိုလူက ဒူးခေါင်းလောက်ထိကျနေသော သူ့ဘောင်းဘီကိုပြန်ဆွဲတင်လျက်ထပ်ပြေးလေသည် ။ Jeonranto ဒေါသထောင်းကနဲထွက်သွားကာ ထိုလူ့အနားခြေလှမ်းကျဲများဖြင့်ဆင်းသွားကာ ပခုံးကိုခပ်ကြမ်းကြမ်းဆုပ်ကိုင်ရင်း

" ခင်ဗျားကများ ကျုပ်ကိုကန်ရဲတယ် "

" ငါတောင်းပန်ပါတယ်မောင်ရယ် ။ နာသွားလားဟင် ငါ ငါအရမ်းရှက်သွားလို့ပါ "

" ကျစ်!"

Taevender လည်းမောင့်၏ စုတ်သပ်လိုက်သည့်အသံကြားတော့ မောင်စိတ်ဆိုးသွားကြောင်းသိလိုက်ရလေသည် ။ ထို့ကြောင့် ပြာပြာသလဲလဲဖြင့် မောင့်လက်ဖဝါးကိုမရဲတရဲဆုပ်ကိုင်ကာ

" မောင် အလိုမကျဖြစ်သွားရင် ငါတောင်းပန်တယ်နော်။ နော် မောင် "

ဒီလူသည် ဘာတွေအရစ်စိပ်နေမှန်းသူနားမလည်နိုင် ။ ယောင်္ကျားတွေနဲ့ပက်သက်ဖူးသူတစ်ယောက်ဖြစ်ပြီး သူနဲ့ကျမှ အတွေ့အကြုံမရှိသည့်လူလို မခုတ်တတ်သည့်ကြောင်လို ပတ်ပြေးနေသည်က ဘာသဘောဖြစ်မည်နည်း ။ သူဘဲ Jeonranto ကိုတန်းတန်းစွဲလိုက်ကပ်ခဲ့သည်မဟုတ်လား အခုလိုအခြေအနေမျိုးဖန်တီးသည်ကလည်း သူ့ကိုမျှော်မှန်းနေသည့်လူကို တမင်သက်သက်ချိုးချင်၍လုပ်ခြင်းဖြစ်လေသည်။ ဒါသည်ကိုပင် အူတူတူကြောင်တောင်တောင်လုပ်နေသည်မှာ သူ့ကိုတခြားနည်းဖြင့် ဖြားယောင်းချင်သည်လား

" ဖယ်စမ်း! ! ခင်ဗျားဟာခင်ဗျား အဲ့ဒီဟာနဲ့သာ ကစားနေလိုက်တော့ ကျုပ်ကိုစိတ်ကူးတောင်မယဉ်နဲ့ ။ ကျုပ်လိုလူနဲ့ ခင်ဗျားတန်တယ်လို့ထင်နေလား။
နောက်နောင် ကျုပ်အရှေ့ထပ်ပေါ်လာပြီး " မောင် " လို့ထပ်ခေါ်ရင် တစစီဖြစ်အောင်လုပ်ပစ်မယ် ကြားလား "

မောင်က သူ့လက်တွေကို အတင်းခါချပစ်ပြီးနောက် ခုနကလွယ်အိတ်ထဲမှထုတ်ယူထားသည့်အရာကို ကုတင်ပေါ်မှကောက်၍ သူ့လက်ထဲသို့ထည့်ပေးလေသည် ။ ထိုအခါ Taevender လက်ထဲသို့ရောက်လာသောအရာကို စူးစမ်းကြည့်မိလေတော့ ရုတ်တရက်တစ်စုံတစ်ခုနှင့် အတော်လေးတူနေသည်ကိုခံစားမိတော့ အလန့်လန့်အဖျန့်ဖျန့်ဖြင့်ပြီးလွှတ်ချမိသွားလေသည်

" ဘယ်..ဘယ်လိုအရုပ်ကြီးလဲ မောင် "

သူကြက်သီးထဟန်ဖြင့် ကိုယ်ကိုကျုံ့ထား၍မေးတော့ မောင်ကခပ်စူးစူးကြည့်ကာ​ပြန်မေးလာလေသည်

" အဲ့ဒါကဘာဖြစ်နေပြန်တာလဲ? "

" ဒါ ဒါကြီးက ဟိုဟာနဲ့ တူနေတယ် "

" ဘယ်ဟာနဲ့လဲ? "

" ဟို.. ဟို "

Jeonranto သည် တမင်မျက်ခုံးပင့်ပြကာမရမကမေးလိုက်လေသည် ။ ယခုခေတ်တွင် D**k အတုကို မသိတဲ့လူရှိမည်မထင်ပေ ။ အထူးသဖြင့် ဒီလူက မသုံးဖူးလျှင်တောင် သိကိုသိနေမည့်အခြေအနေမဟုတ်လား ။ ဒါကိုပင် ဒီလူက D**k အတုကိုမြင်ပြီး ကြောက်သလိုလို လန့်သလိုလိုနှင့် ဖြစ်ပျက်နေသည်မှာ ဘာအကွက်ကိုသုံးနေသနည်း သူမသိ ။ ထို့ကြောင့် Jeonranto ကလိချင်တာနှင့် ကြမ်းပြင်ပေါ်ပြုတ်ကျသွားသည့် ထိုအရာကိုပြန်ကောက်ကာ

" ပြောလေ ဒါကဘာနဲ့တူနေတာလဲလို့ "

" မောင့် အဲ့ဒါကြီးကိုချထားလိုက်ပါ.. ယောင်္ကျားအင်္ဂါနဲ့တူနေတဲ့ဟာကြီးကို "

မောင်က ပြောလိုက်မှအဲ့ဒီအရာကြီးကိုကိုင်လျက် သူ့အနားသို့ပိုပြီးတိုးလာကာ ဟွန်းခနဲတစ်ချက်ရယ်သည် ။

" မောင် မလာနဲ့ "

Taevender တဖြည်းဖြည်းနှင့် အနောက်သို့ဆုတ်သွားကာ ရှောင်ဖယ်မိချိန်မှာပင် ထပ်ပြီးထွက်ပေါ်လာသည့် တဒုန်းဒုန်းမြည်လာသည့်တံခါးထုသံကြောင့် အိပ်ခန်း၏တံခါးပေါက်ကိုပြေးဖို့ရွယ်တုန်းရှိသေး ..မောင်ကအရှေ့ကနေပိတ်ရပ်လာကာ

" Han SeokBin ကိုတော့မကြောက်ဘူးပေါ့ ဘာလဲ ခင်ဗျားကအတုနဲ့ပက်သက်ပြီး Trauma ရှိထားလို့လား "

ပြောလည်းပြောရင်း မောင်ကနံရံနှင့်ကပ်နေသောသူ့ခန္ဓာကိုယ်ကိုအရှေ့မှဖိပိတ်ထားကာ သူ့လက်နှစ်ဖက်ကိုလည်း စုကိုင်၍ နံရံပေါ်မြှောက်စေကာ မောင့်လက်ဖဝါးဖြင့်ဖမ်းချုပ်ကိုင်ထားလိုက်လေသည် ။
ထိုမှတစ်ဆင့် မောင်က လက်ထဲတွင်ကိုင်ထားသောအရာဖြင့် Taevender ၏ပေါင်ရင်းမှနေ၍ ဗိုက်တွေခါးတွေဆီပွက်ဆွဲလေသည်.. Taevender ချက်ချင်းပူထူသွားသည်မှာ ခန္ဓာကိုယ်တစ်ခုလုံးရှိန်းတိန်းတိန်းတောင်ဖြစ်သွားရလေသည် ။

" မောင့်! အဲ့လိုမလုပ်ပါနဲ့ ငါရှက်လို့ပါ "

" ဟင်အင်း ဖယ်ပေး "

Jeonranto သည် ထိုလူ၏တုန်ရီလာသည့်အသံကိုကြားတော့ ပိုပြီးလုပ်ချင်လာလေသည် ။ ထို့ကြောင့် ခါးမှတစ်ဆင့်အပေါ်ဘက်သို့ ထိတွေ့သွားစေတော့ ထိုလူက မျက်လုံးများမှိတ်၍မျက်နှာကြီးနီတက်လာကာ

" မောင့် ငါငိုချင်လာပြီနော် "

Taevender ၏အသံကတကယ်လည်း ငိုသံပေါက်လာပြီဖြစ်သည် ။ ထိုအရာကို ထိဖို့ကိုင်ဖို့မပြောနှင့် ပေါ်ပေါ်ထင်ထင် မြင်နေရသည်ကိုပင် Taevender မှာရှက်လှနေပြီဖြစ်သည် ။ထိုသည်ကိုပင် ထိုအရာနှင့်သူ့ခန္ဓာကိုယ်တလျှောက်ထိတွေ့နေသည်ဟူသည့်အသိမှာ ရှက်စိတ်ဟာ တဒိန်းဒိန်းနှင့် ဦးနှောက်ကနေ တစ်ကိုယ်လုံးကိုပါ ကူးစက်ပူလောင်သည်အထိပင်.. ဒါ့အပြင် မဖွယ်ရာသည့်အဲ့ဒီအရာထိတွေ့နေသည့် ခန္ဓာကိုယ်ကိုလည်းတောင့်ထားရသည်မှာ အသက်ပင်မရှူရဲ ။ သူသည်ပုံမှန်လည်းအရှက်အကြောက်ကြီးသူပီပီ အခုလိုမဖွယ်ရာသည့်အခိုက်အတန့်မျိုးနှင့်ကြုံရတော့ ငိုချင်လောက်အောင်ထိရှက်ရွံမိပါသည် ။ ပိုဆိုးသည်က မောင်က သူ့ကိုထိုအရာနှင့်စနောက်နေသည့်အတွက် နှစ်ခါရှက်ဖြစ်ရလေသည် ။

" မောင့်!"

Jeonranto မှာ ရဲတွတ်လာသည့်ပါးပြင်တွေ, ပွစိပွစိဖြစ်လာသည့်နှာခေါင်းထိပ်တွေ, တုန်ရီလာသည့်မေးဖျားတွေကြောင့် ဟိုလူ့ကိုပိုပြီးကလိချင်လာလေသည် ။ ဒီလူတကယ်ဘဲ ဘာလဲဆိုတာ သူပိုပြီးစိတ်ဝင်စားလာရလေသည် ။ ထို့ကြောင့် လက်တွင်ကိုင်ထားသော ဟိုအတုကိုခါးမှတစ်ဆင့် ရင်ဘတ် ,ထိုမှတစ်ဆင့် လည်တိုင်တွေအထိ ထိတွေ့စေလိုက်ကာ တုန်ရီနေသည့်မေးဖျားတွေဆီရောက်တော့

" ပါးစပ် ဟ!"

ပြောလိုက်သည်နှင့်ချက်ချင်းဟင် ရှိုက်သံသေးသေးလေးဟာ စိတ်ကိုလွှတ်ချလိုက်သည့်နှယ် လွတ်လပ်စွာထွက်ကျလာပြီး မျက်လုံးကနေပါ မျက်ရည်စက်တို့က တလိမ့်လိမ့်ကျဆင်းလာတော့လေသည်

" အင့်! ဟင့် "

Jeonranto ရုတ်တရက်ကြောင်လည်းကြောင်သွားရသလို ရီလည်းရီချင်သွားရလေသည် ။ Jeonranto က ဒီလူတကယ်ငိုမည်မထင်ထားသည့်အတွက် တမင်ပြောလိုက်တာ​ဖြစ်သည်။ ဒါသည်ကို ဒီလူက အသံတိတ်ကာ တအင့်အင့်ဖြင့်မျက်ရည်ကို ဖိသုတ်ပြီး မဲ့တဲ့မဲ့တဲ့ဖြင့်ငိုနေလေသည် ။ ကလေးလည်းမဟုတ်ဘဲ ဒါလေးကိုငိုသည်တဲ့

" ခင်ဗျားက ဘာလို့ငိုတာလဲ "

" မောင်က.. အင့် ငါ့ကိုရှက်စရာကောင်းတာတွေလုပ်ခိုင်းနေတာကို ။ ဒါကဘယ်လောက်တောင် ရိုင်းလိုက်တဲ့မဖွယ်ရာမှုမျိုးလဲ အင့်! မောင်ကစကားလည်းနားမထောင်ဘူး။ ငါဘယ်လောက်ထိရှက်နေမလဲ မောင်မတွေးဘူး "

"ီးအတုကိုပါးစပ်ထဲထည့်တာ ဘာရှက်စရာရှိလို့လဲ ခင်ဗျားကျွမ်းကျင်တဲ့အရာဘဲမဟုတ်လား "

" မောင့်! မဟုတ်တာမပြောနဲ့ ။ ငါဖြတ်သန်းလာတဲ့တစ်လျှောက် အဲ့လို "မဟုတ်ကဟုတ်က တွေ့ကရာအရုပ် "ကို ပါးစပ်ထဲထည့်တဲ့လူကိုတစ်ခါမှမတွေ့ဖူးဘူး ။ ဒါက စနောက်တယ်ဆိုအုံး " မောင် ငရဲကြီးမှာ ..မောင်က လူကြီးတစ်ယောက်ရဲ့ပါးစပ်ထဲကို ယောင်္ကျားအင်္ဂါအရုပ်ကိုထည့်ဖို့လုပ်ခဲ့တာ ဘယ်လောက်အပြစ်ကြီးတယ်ထင်လဲ ။ ပြီးတော့ ီး ဆိုတဲ့အသုံးအနှုန်းကရိုင်းလို့ မသုံးသင့်ဘူးနော် မသုံးရဘူး "

" ဘာ! မဟုတ်ကဟုတ်ကတွေ့ကရာအရုပ် ။ ဘာရယ် လူကြီးပါးစပ်ထဲ ယောင်္ကျားဟာထည့်လို့ ငရဲကြီးမယ် ဟာ့ "

Jeonranto ဟာ့ခနဲအသံထွက်လျက် မျက်နှာကိုလက်ဖဝါးနှင့်အုပ်ကာ ဟက်ဟက်ပက်ပက်ရီချင်နေတဲ့စိတ်ကိုအတင်းနှုတ်ခမ်းဖိပိတ်ထားရပြီး ဘယ်လိုမှမအောင့်ထားနိုင်တော့တဲ့အခါ

" ဟာ ကျစ်! စိတ်တိုလာပြီးကွာ။ သွား ခင်ဗျားသွားတော့"

Jeonranto ထို့လူကိုလက်ကောက်ဝတ်မှဆွဲပြီး အိမ်အပြင်သို့ဆွဲထုတ်ပစ်ပြီး အိမ်တံခါးကိုဝုတ်ခနဲ မြည်အောင်ပိတ်ပစ်လိုက်လေသည် ။ ပြီးနောက် တံခါးကိုမှီပြီး အောင့်အီးထားသမျှကို ရီချပစ်မိလေသည် ။
အစက တရွှတ်ရွှတ်နှင့် မျက်ရည်တွေသုတ်နေရင်းပြောနေရာမှ ဆရာကြီးတစ်ပိုင်းဖြစ်သွားကာ Jeonranto ကိုပင် ဆုံးမသြဝါဒချွေနေသေးသည်မှာ ရီချင်စရာပင်.. Dick အတုကိုလည်း ' မဟုတ်ကဟုတ်ကအရုပ် ' လို့ပြောလိုပြော, သူ့ကိုသူလည်းလူကြီးဟုသုံးနှုန်းသေးသည် ။အဆိုးဆုံးက ပါးစပ်ထဲသွင်းလို့ငရဲကျမည်ဆိုတဲ့နေရာပင် ထိုလူမည်သို့တွေးခေါ်လိုက်သလဲ သူပင်လိုက်မမှီနိုင် ။ ထိုသို့ ပါးစပ်ထဲသွင်းတိုင်းသာငရဲကျကြေးဆို ငရဲပြည်မှာ BJလုပ်တဲ့ဟာတွေ အကုန်တန်းစီနေရလောက်ပြီးဖြစ်သည် ။ ပြီးတော့ ီး ကို ီး လို့မပြောနဲ့ဆိုတာကပါသေး ။ ဒီလူက သူ့ကိုငစားလုပ်သွားပြီးပင် သူ့မှာဘာမှအဆင်မပြေဘဲ စောက်ပေါကြီးလို ပွဲကြမ်းမယ်ဆိုပြီးလိုက်သွားခါမှပြဇာတ်ကြည့်လိုက်ရသေး,အိမ်ရောက်လို့ပညာပြမယ်လုပ်ပြန်တော့ ပတ်ပြေးနေလို့ဖမ်းရသေး, ရုတ်တရက်ထငိုလို့ကြောင်သွားရတာနှင့် ​ဘယ်ရမှန်းမသိသည့်ဂြိုလ်သားစကားတွေပြောလို့ အဆစ်အနေနဲ့ရီပါရီလိုက်ရသေးသည်

" ကွာ.. ဒီလူနဲ့တော့သောက်ကျိုးနည်း ဘာတစ်ခုမှကိုအဆင်မပြေဘူး တောက် "

ဒုန်း ဒုန်း 💢

" မောင့်! ဘာကိုစိတ်ဆိုးသွားတာလဲ ။ ငါကသိအောင်ပြောပြတာလေ မောင့်ကိုဆူတာမှမဟုတ်တာ စိတ်မဆိုးပါနဲ့ မောင့် "

" အာ ဒီလူတော့ ! "

ဖြစ်ပျက်ခဲ့သမျှကို အစကနေပြန်တွေးနေရင်း အိမ်တံခါးကိုထုကာ အပြင်ကနေပြောချင်ရာတွေပြောနေသည့်ထိုလူ၏အသံကိုကြားတော့ တက်ခေါက်နေသည့်ကြားမှ ရီမိပြန်တော့ Jeonranto မှာ ကိုယ့်ကိုကိုယ်သတိကပ်ရလေသည် ။ထို့နောက် ခေါင်းကိုခါထုတ်ကာ ဟိုလူကော HanSeokBin ကိုပါမေ့ပြီး အိမ်အတွင်းဘက်ထဲသို့သာဝင်ခဲ့လိုက်တော့လေသည်
.............................................................................

ထိုအိမ်ကြီး၏ အပြင်ဘက် ခြံဝန်းထဲတွင်တော့

" hyung.. hyung ကိုဘာလုပ်လိုက်သေးလဲ ။ ဘာဖြစ်သွားသေးလဲ "

" ဟင်အင်း ..မောင် ငါ့ကိုစိတ်မဆိုးပါနဲ့ "

SeokBin ၏အမေးကိုပင်အာရုံမရနိုင်တံခါးကိုထုရိုက်ကာ ချော့မြူးသည့်စကားတို့ကိုပြောနေဆဲ hyung ကိုတွေ့ရတော့ SeokBin ရင်ထဲဘယ်လိုနေလို့မကောင်းသလဲမဆိုနိုင် ။ hyung နှုတ်ဖျားကနေ Jeonranto ကို " မောင် " ဟုခေါ်သည့်အသံကြားရတိုင်း သူအထပ်ထပ်အခါခါကျရှုံးသလိုခံစားရလေသည် ။ သူဘယ်တုန်းထဲကနေ hyung ကိုချစ်မိသွားသလဲ အတိအကျမသိခဲ့ပေမဲ့ မှတ်မှတ်ရရ ဆေးရုံသွားသည့်နေ့က Jeonranto ကို hyung က " မောင် " ဟုသုံးနှုန်းလိုက်သည်ကို ကြားပြီးကတည်း​က သူ့ရင်အတွင်းထဲအထိ ထပ်ပြီးဆုံးရှုံးလိုက်ရသလို ထပ်ပြီးလက်လွှတ်လိုက်သလို ဒီတစ်ခါလည်းသူမှာအခွင့်အရေးမရှိတော့သလို ခံစားခဲ့ရတာ​ဖြစ်သည် ။

သူမသိခင် အချိန်ကာလတွေမှာ hyung တို့ကတွဲခဲ့ကြသည်လား, ဒါမှမဟုတ် ငယ်စဥ်ကသိကျွမ်းခဲ့ပြီး ယခုပြန်ဆုံတော့ hyung ဘက်ကနေသာချစ်တဲ့ချစ်ခြင်းတစ်မျိုးလား ။ ဘယ်လိုဘဲဖြစ်ဖြစ် Jeonranto က hyung ကို သူနှင့်ပက်သက်၍ အမြင်မကြည်သည့်အတွက် ပြသာနာရှာမှာကတော့အမှန်ပင် ။ အကယ်၍ hyung ကချစ်နေသေးသည်ဆိုလျှင်တောင် သူကတော့ Jeonranto ကိုမဖက်တွယ်စေချင်ပေ ။ လက်ရှိတွင် Jeonranto က ဒေါသထွက်နေသည့်သားရဲတစ်ကောင်ကဲ့သို့ ခက်ထန်နေသည်မဟုတ်လား ထို့အတွက်ဘာကိုမှလည်းငဲ့ညှာမည်မဟုတ်ပေ။ အခုဘဲကြည့် လူကြားထဲမရှောင်ဘဲ ပြောသွားတဲ့စကားတွေကသူတို့ကိုအရှက်ခွဲဖို့ရည်ရွယ်လေသည် ။ ပြီးတော့ရုတ်တရက်ကြီး hyung ကိုဒုန်းဆိုင်းကားပေါ်ခေါ်တင်လာသည်မှာ သူ့ကိုခြေမကိုင်မိလက်မကိုင်မိဖြစ်စေသည်အထိပင်

​" hyung..ကျနော်တို့ Seoul ကိုပြန်ရအောင် ။တော်ကြာ မိုးချုပ်သွားအုံးမယ် "

​SeokBin သည် hyung အနားသို့သွားကာ ပြောလိုက်တော့ hyung က သတိရသွားဟန်ဖြင့် သူ့ဘက်သို့လှည့်ကြည့်လာလေသည် ။ ပြီးနောက် hyung က တစ်ခုခုကို တွေးမိသွားသည့်ဟန်ဖြင့်

" SeokBin အရင်ပြန်လိုက်လေ ။ငါမနက်ဖြန်မှ လိုက်လာတော့မယ် "

" ဘာဖြစ်လို့လဲ hyung ရဲ့ "

" တကူးတကလာကြိုပေးတာကို အားနာပေမဲ့ ငါပြန်လိုက်သွားရင် မောင်လည်းထပ်ပျောက်သွားအုံးမှာ "

​hyung က Jeonranto ကိုထပ်မတွေ့ရတော့မှာကြောက်နေသည့်အလား ရှိပြီး သူနှင့်ပြန်မလိုက်ချင်ဟန်ရှိလေသည်

" အဲ့လိုလုပ်မှ အဆင်ပြေမှာလား hyung "

" အင်း ငါအားလည်းအားနာတယ် ပြီးတော့တောင်းပန်ပါတယ် SeokBin "

" ဒါဆို ကျနော်အရင်ပြန်နှင့်လိုက်ပါ့မယ် ။ မနက်ဖြန် hyung အဆင်ပြေတဲ့အချိန်လှမ်းပြောလိုက်ပါ "

Taevender ခေါင်းသာညိတ်​​​ပြလိုက်လေသည် ။ ထို့နောက် SeokBin က ကားကိုပြန်ကွေ့၍ လမ်းထဲမှထွက်သွားတော့လေသည် ။ Taevender ကတော့ ထိုအိမ်တံခါးအရှေ့တွင်သာ မောင်ထွက်အလာကိုစောင့်ရင်းကျန်ခဲ့တော့လေသည် ။

ဒီလိုနှင့် ​ခြံထဲလမ်းလျှောက်လိုက် အိမ်တံခါးအရှေ့မှာထိုင်နေလိုက် လုပ်ရင်းပင် ညနေ၅ နာရီဝန်းကျင်သို့ရောက်လာတော့လေသည် ။ Taevender သည်အခုထိရေမချိုးရသေးသည်မှာ သူ့အလစ်တွင်မောင်ပျောက်သွားမည်ကိုဆိုး၍ ဒီအိမ်ကနေတစ်လှမ်းမှမရွေ့ရဲတာဖြစ်လေသည် ။ အကယ်၍ မောင်သာထွက်မလာတော့လျှင် ညအိပ်စောင့်သင့်လျှင် သူစောင့်ရပါမည် ။ မောင် နှင့် သူ တွေ့ဆုံလိုက် ဝေးကွာပျောက်ကွယ်သွားလိုက်ဖြင့် တူးတူးပုန်းတမ်း မစားချင်တော့တာကြောင့်ဖြစ်လေသည် ။

ချပ် !

သူတွေးနေစဥ်မှာပင် ရုတ်တရက်ကြားလိုက်ရသည့် တံခါးဖွင့်သံကြောင့် Taevender ခြံထဲရှိမြက်ခင်းပြင်ပေါ်တွင် လမ်းလျှောက်နေရာမှ တံခါးဆီသို့ချက်ချင်းပြေးသွားလိုက်လေသည် ။ သူကမောင့်ကိုတွေ့၍ ပျော်သွားမိပေမဲ့ မောင်ကတော့ သူ့ကိုမြင်လိုက်ရသည်နှင့်အလိုမကျဟန်​ ကြည့်လေသည်

" ​ခင်ဗျားက မပြန်သေးဘူးလား "

" ​ပြန်မလို့ဘဲ မောင်ရဲ့ ။ မောင့်လိပ်စာမမေးရသေးဘဲ မောင်ကထပ်ပျောက်သွားမှာဆိုးလို့ ။ မေးဖို့ စောင့်နေတာ "

မျက်လုံးကဝိုင်းစက်နေကာ ကြည်ကြည်လင်လင်မေးလာပုံကအမြင်ကပ်စရာပင်

​"ကျစ် လာပြန်ပြီ အဲ့ဒီမောင်! "

" မောင်ကလည်း ။ ဒါနဲ့တစ်ဆက်တည်း မောင့်ဖုန်းနံပါတ်ပါ ပေးထားပါလား "

​" ရာရာစစ! ဆုတောင်း "

Jeonranto ထိုသို့သာပြောပြီး အိမ်တံခါးတွေ ခြံတံခါးတွေသော့ခတ်ပြီးနောက် ဟိုလူကိုထားခဲ့ပြီးသာညစာစားရန်ထွက်လာခဲ့လိုက်တော့လေသည် ။ ခုနသူဖြတ်လာကတည်းက အိမ်နှင့် main လမ်းမကြီးဟာ သိပ်မဝေးလှကြောင်းသိရသည့်အတွက် လမ်းလျှောက်ရင်းသာလာလိုက်တာဖြစ်သည် ။ ပုံမှန်က ကားနှင့်သာ သွားလာနေသည့်အတွက် လမ်းလျှောက်ခြင်းက ခံစားချက်တစ်မျိုးကိုပေးစွမ်းလေသည် ။ ထို့ကြောင့် သီချင်းနားထောင်ရင်း ကင်မရာတစ်လုံးကိုလွယ်ကာ လမ်းတစ်လျှောက်အပန်းဖြေမိလေသည် ။

သူလျှောက်လာသည့်လမ်းတစ်လျှောက်တွင် ညနေလမ်းထွက်လျှောက်သည့် သက်ကြီးပိုင်းအရွယ်တချို့ရယ် , အလုပ်သွားအလုပ်ပြန်သက်လတ်ပိုင်းအရွယ်များနှင့် ယခုမှရုန်းကန်ခါစလူငယ်များ, ကျောင်းဆင်းလာသည့်ကျောင်းသားအရွယ်များ စသည်ဖြင့် သာမန်ဆန်သည့်လှုပ်ရှားမှုများကို အချိုးကျစွာတွေ့ရလေသည် ။ သူဤကဲ့သို့ သာမန်အနေအထားမျိုးကိုမဖြတ်သန်းရသည်မှာကြာပြီးဖြစ်သည် ။ ထို့ကြောင့် ကားနှင့်သာ ဖြတ်သွားလိုက်လျှင် လက်လွတ်လိုက်ရမည့် ဤသဘာဝဆန်ဆန်လှုပ်ရှားမှုတို့ကို အခွင့်အရေးရခိုက်မှာ ကင်မရာဖြင့်မှတ်တမ်းတင်လိုက်လေသည် ။ ဤမြင်ကွင်းက သူတို့မိသားစု London မှာနေခဲ့သည့်အချိန်များကိုသတိရစေသည်.. ပါပါးအလုပ်ဆင်းချိန် သူတို့မောင်နှမနှစ်ယောက် ဘိုးဘိုးနှင့်အတူသွားကြိုခဲ့သည့်အချိန်တွေ, မိသားစုအလိုက်အားလပ်ရက်အပြင်ထွက်ခဲ့သည့်အချိန်တွေ, ဆွေမျိုးများနှင့်အတူ ပျော်ရွှင်ခဲ့ကြသည့်အချိန်တွေ, ကလေးဘဝ သာမန်အစိုးရကျောင်းမှာတက်ခဲ့ရသည့်အချိန်တွေ စသည်ဖြင့် အမှတ်တရများစွာရှိခဲ့လေသည်

​" အမလေး "

ဘုတ် ! ​

ရုတ်တရက်လမ်းလျှောက်နေရင်း Jeonranto ၏ကျောပြင်ကို ဘုတ်ခနဲလာဆောင့်သည့်အရာကြောင့် ဆက်ခနဲလှည့်ကြည့်လိုက်တော့ ပြောစရာပါပျောက်သွားရလေသည် ။

" ခင်ဗျား ! ကျုပ်အနောက်လိုက်နေတာလား "

ပြန်သွားပြီးထင်ခဲ့သော Taevender ဆိုသည့်လူက သူ့အနောက်မှာ ရပ်နေတာမို့ သူစိတ်ကုန်စွာမေးလိုက်လေသည်

" ​မောင်မှ ငါတောင်းထားတာမပေးသေးတာ "

Taevender မောင့်နောက်ကနေ တောက်လျှောက်လိုက်လာပေမဲ့ မောင်ကကင်မရာနဲ့အလုပ်ရှုပ်နေသည်မို့ အသိမပေးတော့ဘဲ တိတ်တိတ်လေးနေနေတာဖြစ်သည် ။ ထိုသည်ကိုပင် ရုတ်တရက်ခလုတ်တိုက်မိပြီး မောင့်ကျောပြင်နှင့်သွားဆောင့်သောကြောင့် မောင့်အကြည့်စူးစူးကိုပါရရှိလိုက်ရသည်

" ကျစ် !! ဘာမှမ​ပေးနိုင်ဘူးလို့ ခင်ဗျားကိုပြောပြီးသား "

" မရဘူး ပေးရမယ်။ မောင်ထပ်​​ပျောက်သွားမှာငါကြောက်တယ် ။ ထပ်ပြီးဝေးသွားလိုက်ပြန်ဆုံလိုက်နဲ့ အချိန်တွေကုန်​နေတာကို ငါမကြိုက်ဘူး အဲ့ဒါကိုမောင်သိရဲ့လား "

" ​ခင်ဗျားကို အိမ်အထိခေါ်လာလို့ဇွတ်အထင်မှားနေတဲ့ပုံဘဲ ။ ခုနကတည်းက ခင်ဗျားလိုချီးထုပ်နဲ့ ကျုပ်နဲ့ မတန်ကြောင်း ပြထားပြီးသား ။ လာမနွယ်ချင်နေနဲ့ ခင်ဗျားနေရာခင်ဗျားပြန်.. ဆက်မလိုက်လာနဲ့ "

Jeonranto ထိုသို့ပြောပြီး အရှေ့နားတွင်ရောက်တော့မည့် သူတို့ပြဇာတ်ရုံကို မျက်စပစ်ပြပြီး ထိုလူကိုလစ်ခိုင်းလိုက်လေသည် ။ ထိုအခါ မထုံတက်တေးလုပ်ကာ ဘာမှတုန့်ပြန့်မှုမရသည့်အတွက် Jeonranto စိတ်မရှည်စွာနှင့်ဆက်လျှောက်လာလိုက်တော့သည်

​ထို့နောက် Haeundae Beach ၏သဲသောင်ပြင်ပေါ်သို့ရောက်လာခဲ့သည် ။ ညနေစောင်းဖြစ်နေပြီမို့ နေဝင်ချိန်ကြည့်ရှူ့သည့်လူများသာရှိတော့လေသည်။ နေ့ခင်းဆိုလျှင် သောင်ပြင်တစ်လျှောက် အနယ်နယ်အရပ်ရပ်ကအပန်းဖြေအနားယူသည့်လူများနှင့် ပိုပြီးစည်ကားနေတတ်လေသည် ။ ​Jeonranto သည် နာမည်ကြီးလှသော Haeundae ထွက်ဘီယာကို သောက်ချင်လှသည်မို့ သောင်ပြင်အနီးရှိဆိုင်တစ်ဆိုင်မှ ဘီယာတစ်ဘူးကိုဝင်ဝယ်လိုက်လေသည် ။ သူဘီယာဝယ်နေစဥ်တွင် ရုတ်တရက်မျက်စိထောင့်ကနေ မြင်လိုက်ရသည့် ခပ်ဖြူဖြူအရိပ်ကြောင့်လှည့်ကြည့်လိုက်တော့

​သူနှင့်ခြေလှမ်းငါးလှမ်းလောက်အကွာအဝေးကနေ သူ့ဘက်ကို လျှောက်လာသည့်ဟန်ရှိသောလူက သူလည်းလှည့်ကြည့်လိုက်ကော သောင်ပြင်ပေါ်ရှိဖြတ်သွားဖြတ်လာလူတွေကြား ခပ်ရို့ရို့ဝင်ပုန်းလေသည် ။ဘယ်သူရှိမလဲ ဖြတ်ခနဲမြင်လိုက်တာနဲ့ တန်းသိသည့် Taevender ဆိုသည့်ချီးထုပ်ဘဲပေါ့ ။ သူလည်း ဖြတ်ခနဲကြည့်ပြီးနောက် မသိလိုက်မသိဖာသာနေ၍ ဘီယာဘူးရသည်နှင့် ထွက်လာခဲ့လိုက်တော့လေသည်

ထို့နောက်ခုနထဲက ကင်မရာဖြင့်ကမ်းခြေရှိပုံရိပ်တချို့ကို ရိုက်ကူးထားပြီးဖြစ်၍ သီချင်းနားထောင်ရင်း ဘီယာကို စိန်ပြေနပြေသောက်ကာသာ သောင်ပြင်ပေါ်လမ်းလျှောက်ရင်း အပန်းဖြေမိလေသည် ။သို့သော် လတ်ဆက်သည့်လေကြမ်း ,အရောင်ရင့်နေသည့်နေလုံးကြီး နှင့် ခပ်နွေးနွေးရှိနေသောသဲနုနုတွေက သူ့အာရုံကိုအလုံးစုံမဖမ်းစားနိုင် ။အဘယ်ကြောင့်ဆိုသော် သူ့အနောက်တွင်ကပ်ပါလာသည့်သူကိုတွေးမိ၍ စိတ်အနှောင့်အယှက်ဖြစ်နေသောကြောင့်ဖြစ်လေသည် ။Jeonranto မသိမသာလှည့်ကြည့်လိုက်တိုင်း ကုတ်ချောင်းကုတ်ချောင်းနှင့်သူ့အနောက်လိုက်နေသည်ကိုတွေ့ရလေသည် ။ ထို့ကြောင့် စိတ်မရှည်တော့သည့်အဆုံး လူရှင်းတဲ့နေရာနားအရောက်တွင် သောက်လို့ကုန်သွားပြီးဖြစ်သောဘီယာဘူးခွံဖြင့် အနောက်တွင်ပါလာသည့်လူ၏ခေါင်းကိုကောက်ပေါက်ပစ်လိုက်လေသည်

တိန် !!

" အ့ "

​သူ့ခေါင်းကိုထိသွားတော့ ရုတ်တရက်အသံသေးသေးတစ်ခုနှင့်အတူ ထိသွားသည့်နေရာကိုပါအသာဖိထားသေးသည် ။ jeonranto နှုတ်ခမ်းတစ်ဖက်တွန့်လိုက်ကာ အမြင်ကပ်စွာမျက်နှာချင်းဆိုင်ကြည့်လိုက်ပြီး

" ဘယ်အထိ လိုက်နေအုံးမှာလဲ ခင်ဗျား! "

​" မောင် လိပ်စာပေးရင် မလိုက်တော့ဘူး "

" ဝါးး! ! အရှက်မရှိလိုက်တာ "

" အဲ့လိုသဘောမဟုတ်ပါဘူး.. မောင်ထပ်ပျောက်သွားမှာဆိုးလို့ပါ "

​Taevender သည် မောင်ဘယ်အချိန်ဒီနေရာကနေထွက်သွားမလဲမသိသည့်အတွက်ကြောင့် အချိန်ရှိခိုက် တကောက်ကောက်လိုက်ပြီးမေးနေရခြင်းဖြစ်သည် ။ ဒါကို မောင်က အထင်မှားနေသည့်ပုံပင် ။ အခုခေတ်တွင် အနောက်က​နေလိုက်ပြီးဖုန်းနံပါတ်လိုက်တောင်းသည့်လူတွေရှိသည်မို့ သူ့ကိုအထင်သေးစွာပြောသည်ဟုထင်မိသည့်အတွက်ရှင်းပြလိုက်ရတာဖြစ်သည် ။ သူထပ်ပြီးရှင်းပြချိန်တောင်မရလိုက် မောင်ကခပ်သုတ်သုတ်ပြန်ထွက်သွားသည်မို့ အနောက်ကသာလိုက်ရပြန်သည်

ထို့နောက်ကမ်းခြေတလျှောက်ကိုကျော်လွန်လာပြီးတဲ့နောက်တွင်တော့ ရိုးရာစျေးသို့မောင်က စျေးဝယ်ရန်လျှောက်ပတ်နေလေသည် ။သူ့ကိုလည်း မရှိသည့်လူလိုပင် သဘောထားကာ မျက်ကွယ်ပြုထားလိုက်တော့သည် ။ Haeundae ရိုးရာစျေးတွင် အရသာကောင်းမွန်ပြီး စျေးသင့်လှသည့်လမ်းဘေးအစားအစာအများအပြားရှိကာ တော့ပူကီမှအစ တန်ပူရာအထိရသည့်အပြင်, ပင်လယ်စာများ, mando နှင့် ပျားရည်ပူတင်း, ရေခဲမုန့် အထိစုံလင်လှသည့်အတွက် နာမည်ကြီးသည့်နေရာတစ်ခုလည်းဖြစ်လေသည်

Jeonranto သည် Haeundae ရိုးရာစျေးကို အမှန်တကယ်အကြိုက်တွေ့နေကာ ပင်လယ်စာဟင်းများ, အဆာပြေမုန့်များအပြင် သားရေစာမုန့်တွေအထိ အသားကုန်ဝယ်နေမိလေသည် ။ အမှန်တကယ်က Jeonranto သည်အစကတည်းက ပေါ့ပါးလှသည့်
လမ်းဘေးအစားစာများကို ကြိုက်နှစ်သက်သူဖြစ်၏။ အိမ်တော်ကဟိုလေးကောင်ဆို ဟိုတယ်စာ, နာမည်ကြီးစားသောက်ဆိုင်မှအစားအစာတွေကိုသာ စားစရာဟုထင်ကြလေသည် ။သူကတော့ သာမန်မိသားစုတွင်နေထိုင်ခဲ့ဖူးသူဖြစ်သည့်အပြင် အစားအသောက်ကြိုက်သည့်လူမို့ သန့်ရှင်းလတ်ဆက်သည့်မည်သည့်အစားအစာကိုမဆို စားလေ့ရှိလေသည် ။ ညစာဟူ၍ ထွက်ဝယ်ပေမဲ့ စုံလင်လှသည့်စျေးတန်းကြောင့်သူ့လက်ထဲတွင်အထုပ်မျိုးစုံကမနည်းတော့ ထို့ကြောင့် ယခု Hotteok ( Seed Stuffied Pancake) ဝယ်ပြီးလျှင် အရှိန်သတ်ကာအိမ်ပြန်ရန်သာတွေးလိုက်မိလေသည် ။

"ဒီဘက်က Hotteok နှစ်ခု ရပါပြီ "

ဆိုင်ရှင်အဒေါ်ကြီးက Jeonranto ကိုစက္ကူခွက်လေးနှင့်မုန့်တွေကိုကမ်းပေးလေသည် ။ တဆက်တည်းမှာပင် အလုပ်လုပ်မြန်ဆန်သည့်ထိုအမျိုးသမီးက ဆိုင်ရှေ့သူ့အ​နောက်နားမှာရပ်နေသော ဟိုဖြူစွတ်စွတ်လူဆီသို့ ထပ်မေးလေသည်

" ဒီဘက်က​ကော ဘယ်နှစ်ခုယူမှာလဲ "

Taevender သည် ရုတ်တရက်သူ့ကိုလှမ်း​မေးလာသောဆိုင်ရှင်အမျိုးသမီးကြောင့် ဖြေရခက်သွားလေသည် ။ ဘာလို့ဆို မောင်ကအတင်းဆွဲခေါ်လာကတည်းက သူ့မှာဘာပိုက်ဆံမှမပါသောကြောင့်ဖြစ်လေသည် ။ ထို့ကြောင့် အားနာစွာနှင့်ပင်

" ​မယူတော့ပါဘူး ။ မောင်နဲ့လိုက်လာတာပါ အတူတူပါဘဲ "

Taevender အရှေ့နားရှိ ​မောင့်ကိုမရဲတရဲလက်ညိုးထိုးပြလိုက်ကာ ပြောလိုက်တော့ ဆိုင်ရှင်အမျိုးသမီးက " အာ..." ဆိုပြီး ခေါင်းတညိတ်ညိတ်လုပ်နေပေမဲ့ မောင်ကတော့

" ဘာလဲ?ကျုပ်နဲ့ခင်ဗျား ဘာမှမဆိုင်ဘူး ။ သူ့ဟာသူ လာတာ သူ့ကိုသိလည်းမသိဘူး "

" မောင်ဘဲ ငါ့ကိုအတင်းခေါ်လာတာလေ "

Taevender အလိုမကျဟန်​ပြောတော့ မောင်ကစိတ်ညစ်လိုက်တာဆိုသည့်ဟန်ဖြင့် ဆိုင်အပြင်သို့ထွက်သွားတော့သည် ။

​ဒီလိုနှင့်ဘဲ မောင်ကအရှေ့သွား Taevender ကအနောက်ကလိုက်နှင့် မောင်တို့ခြံအရှေ့သို့ပြန်ရောက်လာတော့လေသည် ။ ထိုစဥ်မှာပင် ခြံရှေ့တွင်ရပ်ထားသောကားထဲမှလူကလည်း ဆင်းလာသည့်အတွက် Taevender မျက်ခုံးပင့်တက်သွားရသည် ။ SeokBin ကဘယ်လိုလုပ်ပြန်ရောက်လာတာလဲ

" hyung ! ပြဇာတ်ရုံလိုက်ပို့​ပေးမယ် ။ ကျနော်လည်းဒီည ဟိုတယ်တစ်ခုခုမှာတည်းလိုက်မယ် မနက်ကျမှ Seoul ကိုပြန်ကြတာပေါ့ "

Seokbin ဘယ်လိုမှ hyung ကို jeonranto နှင့်စိတ်မချနိုင်သောကြောင့်ပြန်လှည့်လာတာဖြစ်သည် ။ သူစိတ်မဖြောင့်စွာနှင့်မြို့ပြင်ထွက်နေရင်းကနေ ပြန်လှည့်လာကာ ပြဇာတ်ရုံတွင်ဝင်မေးတော့ပြန်မရောက်သေးကြောင်းသိရလေသည် ။ ထို့ကြောင့် hyung အခုထိ အဲ့ဒီအိမ်ကနေမပြန်ရသေးကြောင်း သိရသည့်အတွက် ဒီအိမ်ရှေ့သို့ပြန်ရောက်လာတာဖြစ်သည် ။

သူအိမ်ရှေ့ကိုရောက်ပြန်တော့လည်း တံခါးပိတ်လျက်သားဖြစ်နေသည်။Jeonranto ကိုဖုန်းတွေဆက်ပေမဲ့လည်းမကိုင်သည့်အတွက် သူပိုပြီးယောက်ယှက်ခတ်လာလေသည် ။သို့သော် Jeonranto ၏ကားကရှိနေလျက်သားဆိုတော့ ဝေးဝေးလံလံကြီးမသွားလောက်ဟုတွေးကာ ဒီအတိုင်းသာစောင့်နေခဲ့တာဖြစ်သည်

" SeokBin ခဏနေပါအုံး "

SeokBin ကဇွတ်တရွတ်သူ့​လက်ကိုဆွဲကာ ကားဆီအတင်းခေါ်​နေသည်မို့ Taevender မှာသတိလတ်လွတ်ပါသွားမိတုန်းရှိသေး

" ​ခင်ဗျား! ကျုပ်လိပ်စာ ဖုန်းနံပါတ် လိုချင်တာဆို "

​မောင့်ဆီမှ အသံထွက်လာတာဖြစ်သည် ။ သူမျက်လုံးလတ်ခနဲဖြစ်သွားကာ မောင်နဲ့မျက်နှာချင်းဆိုင်ကာ ကြည့်လိုက်ကာ

" လိုချင်တယ် "

ထိုအခါ Jeonranto ဟန်ပါပါပြုံးကာ​​ဖြင့် Han SeokBin ဆိုသည့်လူကို ပေစောင်းစောင်းကြည့်ပြီး ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကိုထုတ်လိုက်ရင်း

" ​ခင်ဗျား ဖုန်းနံပါတ်ပြော "

" ဟင် ! အော့ 02********* ။ မောင့်နံပါတ်ကကော "

" ကျုပ် ခင်ဗျားနံပါတ်မှတ်ထားလိုက်ပြီ ။ ကျုပ်က Seoul မှာဘဲရှိမှာ ၊နောက်..ခင်ဗျားကိုဆက်သွယ်လိုက်မယ် "

​Jeonranto အစကတော့ ဖြစ်သလိုသာအရှက်ခွဲဖို့ရည်ရွယ်ပေမဲ့ အခုလို Han SeokBin ဆိုသည့်လူ၏အဖြစ်သည်းပုံနှင့် အချစ်မှာကျရှုံးနေပုံကြောင့် Jeonranto ကဝင်မွှေချင်လာလေသည် ။ ကိုယ့်အစ်မဖြစ်သူက အလူးအလဲခံစားနေရချိန် တစ်ဖက်ကလူတွေက ပျော်ပျော်ရွှင်ရွှင်နှင့်လက်တွဲသွားကြသည့်အဖြစ်မျိုးက မတရားသလိုခံစားရလေသည် ။ ထို့ကြောင့် တန်ပြန်သက်ရောက်မှုအနေနှင့် Han SeokBin နှင့် Taevender ကိုပေါင်းဖက်ခွင့်မပေးနိုင်။ အရင်ဦးဆုံး Taevender ဆိုသည့်လူကို Han SeokBin ဆီမှလုယူပြီး အရမ်းချစ်မိပြီးသဲသဲလှုပ်နေတဲ့ဂီတဆရာကြီးကိုအသဲခွဲပစ်မည် .. နောက်တစ်ဆင့်အနေနှင့် Taevender ဆိုသည့်လူကို ကောင်းကောင်းကြီး Play ပြီး မျှော်လင့်ချက်တွေပေးကာ ရိုက်ချိုးပစ်မည် ။ ထိုလူက သူမှသူဖြစ်နေသည်မဟုတ်လား ဒါအကွက်ပေါ့ ။ ထို့ကြောင့် သူဒီယုန်မြင်လို့ဒီချုံထွင်လိုက်တာဖြစ်သည်

ဒါသည်ကိုမသိသည့် ဟိုဖြူဆွတ်ဆွတ်လူက မျက်လုံးတလတ်လတ်နှင့် သဘောတကျရှိနေကာ သူပြောသမျှ ခေါင်းညိတ်နားထောင်နေတော့လေသည်။ Han SeokBin ဆိုသည့်လူကတော့ သူဘာအချိုးချိုးလဲသိသည့်အတွက် မကျေမနပ်ကြည့်သည်ပြီးနောက် သူ့လူကို အတင်းကားဆီခေါ်သွားလေသည် ။ ထိုသည်ကိုပင် ထပ်ကလိချင်သေးသည့်သူက ကားပေါ်တက်တော့မည့်လူကို လှမ်းခေါ်ကာ

" Taevender! ခင်ဗျား မနက်ဖြန်ပြန်မယ်ဆို ကျုပ်ကားနဲ့လိုက်ခဲ့ ၊ မနက်၇နာရီပြဇာတ်ရုံအရှေ့မှာစောင့်မယ် "

Jeonranto ပြောလိုက်တော့ ရွှင်ပြနေသည့်မျက်နှာဖြင့်ပြုံးပြပြီး ခေါင်းညိတ်ပြလေသည် ။ပြီးနောက် Han SeokBin ၏ကားထဲပါသွားတော့လေသည်
..............................................................................

ညနေကျောင်းကနေပြန်ကြတော့ Tae hyung က ရုံးခန်းထဲတွင်မရှိတော့ ဘယ်ကိုသွားနေသည်မသိ ။ အစ်မ Junghae ကိုမေးကြည့်တော့ ပြန်သွားပြီဟုဆိုလေသည် ။ထို့ကြောင့် ကားပါကင်သို့မြန်မြန်သာထွက်လာပြီးကြည့်ရလေသည် ။ကားပါကင်မှာများစောင့်နေမလားလို့လေ သို့သော် ထိုတွင်လည်းရှိမနေပေ ။ အဲ့ဒါနှင့်ပင် ဖုန်းဆက်ကာမေးရတော့သည်

" hyung ဘယ်မှာလဲ ၊ ပြန်သွားပြီးဆို "

" အင်းဟုတ်တယ် SeokBin ၊ ကိစ္စလေးရှိလို့ စောစောကျောင်းဆင်းလာတာ "

" ​အခုအိမ်ပြန်ရောက်ပြီလား "

" မရောက်သေးဘူး "

" လမ်းမှာဘဲရှိ​သေးတာလား "

" အင်း ဟုတ်တယ် "

​မေးစရာရှိတာမေးပြီး ဖုန်းချလိုက်တော့ SeokBin ၏သက်ပြင်းအသံပါ ဟင်းခနဲတွဲပါသွားသည် ။ Busan ကနေပြန်ရောက်ကတည်းက Tae hyung က အရင် Apartment မှာပြန်နေကာ သူအပို့အကြိုလုပ်သည်ကိုလည်းမသိမသာရှောင်ရှားလာပြီး ခပ်ခွာခွာသာနေလေသည် ။ ထိုသည်ကလုံးဝရှောင်နေတာမျိုးလည်းမဟုတ်သ​လို, အရင်ရှိရင်းစွဲဆက်ဆံရေးကိုတိခနဲဖြတ်တောက်လိုက်သည်မျိုးလည်းမဟုတ်ပါ ။ hyung က အမြင်ကင်းရှင်းစေရန်သူ့ဆီကအကူအညီတွေကိုမသိမသာငြင်းဆန်လာပြီး, သူနှင့်အကွာအဝေးတစ်ခုခြားကာ စီးတားလိုက်သည့်သဘောပင် ။ ထိုသည်က hyung တို့ပြဇာတ်ရုံမှာဖြ​စ်ခဲ့သည့်ကိစ္စကနေ စကားလုံးတွေကိုရှင်းရှင်းလင်းလင်းကြားခဲ့ရသည့်အကျိုးဆပ်ပင်ဖြစ်လေသည် ။ သို့သော် hyung ကသူ့ကိုထုတ်မေးလာတာမျိုးမရှိသလို ,ရှင်းပြချက်တွေလည်းမတောင်း စိတ်ဆိုးပြီးခါးခါးသီးသီးဖြစ်နေတာမျိုးလည်းမရှိ ။ hyung ကသူ၏စိတ်ကိုနားလည်စွာ သူ့ကိုအခက်မတွေ့အောင် အလိုက်အထိုက်ဆက်ဆံပေးနေတုန်းပေ ။ထို့ကြောင့် ထိုကိစ္စနှင့်ပက်သက်၍ပြန်အစမဖော်ချင်သည့်သူသည်လည်း hyung ရှိစေချင်သည့်အခြေအနေအတိုင်းသာ အလိုက်သင့်နေပေးလိုက်လေသည် ။ သူနှင့် hyung၏ဆက်ဆံရေးကအဆိုးကြီးမဖြစ်သွားတာဘဲ ကံကောင်းလှနေပြီ မဟုတ်လား

ထို့နောက်​ SeokBin ကားကိုထုတ်၍သာတက္ကသိုလ်အပြင်သို့မောင်းထွက်ခဲ့လိုက်တော့သည် ။သို့သော် သူတို့တက္ကသိုလ်ပတ်ဝန်းကျင်ကိုကျော်လာပြီးတော့ Seoul National University အနားရှိ ကားမှတ်တိုင်ကိုအရောက်တွင် Tae hyung ကိုမထင်မှတ်ဘဲတွေ့လိုက်ရသည်မို့ မျက်မှောင်ကြုတ်သွားရလေသည် ။ မှတ်တိုင်ရှိထိုင်ခုံနေရာတွင်ထိုင်ကာ တစ်ခုခုကိုစူးစမ်းရှာဖွေနေဟန်ရှိသည်မှာ Bus ကားကိုစောင့်နေသည့်ဟန်မတူ.. Bus ကလည်းအခုချိန်လောက်ဆို ထွက်သွားလောက်ပြီးဖြစ်သည်.. ပြီးတော့ အနားရှိကျောင်းသူနှစ်ယောက်ကိုလည်းဘာတွေမေးနေသည်မသိ ..hyung ၏ပုံစံကတစ်ခုခုကိုစုံစမ်းနေဟန်

ထို့နောက်သူလည်း အကြောင်းအကျိုးကိုသိချင်သည့်အတွက်ကြောင့် ကားကို Bus ကားမှတ်တိုင်အရှေ့တွင်ခတ္တမျှရပ်စေလိုက်လေသည် ။ပြီးနောက်

" hyung ဘာလုပ်နေတာလဲ "

​ကားပေါ်ကနေ လှမ်းမေးလိုက်တော့ hyung က ကျောင်းသူလေးတွေနှင့်စကားပြောနေရာကနေ သူ့ကိုမျက်လုံးလေးပင့်ပြီးကြည့်လာလေသည်

" အော့​ SeokBin မ​ပြန်သေးဘူးလား "

"ပြန်မလို့ဘဲ ။ hyung က Bus နဲ့ပြန်မလို့လား " ​

SeokBin မသိချင်ယောင်ဆောင်၍သာ စကားလှမ်းလိုက်လေသည် ။

" မဟုတ်ဘူး Seokbinရဲ့၊ ဒီမှာသိချင်တာလေးရှိလို့ စုံစမ်းကြည့်နေတာ " ​​

" အင်း... ဒါဆို ကျနော်အရင်ပြန်နှင့်ရမလား "

Seokbin ဘာကိစ္စရယ်လို့သိချင်သေးပေမဲ့ စည်းမကျော်သင့်ဘူးဟုထင်သည့်အတွက်​ကြောင့် ဘာမှထပ်မမေးဖြစ်တော့ပေ ။

" အင်း ဂရုစိုက်ပြီးပြန်နော် "

သူက hyung ကိုပြန်လိုက်ပို့ရမလားဟု သွယ်ဝှိုက်မေးလိုက်ပေမဲ့ hyung ကတစ်ခါတည်းနှုတ်ဆက်စကားဆိုကာ ရှောင်တိန်းသွားလေသည်မို့ ။ မတက်နိုင်စွာပင် မောင်းထွက်လာရလေသည် ။ထိုစဥ်တွင် သူဆက်ကြားလိုက်ရသည်က ကျောင်းသူလေးနှစ်ဦး၏ Tae hyung ကိုပြန်ဖြေသည့်စကားပင်

" အစ်ကိုပြောပုံအရဆို ပထမနှစ်တွေထဲကဖြစ်မယ် အငယ်မ နင်အဲ့ဒီနာမည်ကြားဖူးလား "

" Jeonranto ဆိုတဲ့နာမည်တော့ ညီမတို့ major ဘက်မှာမကြားဖူးဘူး ။ ဂျပန်ကပြောင်းလာတဲ့ပုံဘဲ နာမည်ကတော့ "

ဆက်ခနဲကြားလိုက်ရသည့် Jeonranto ဆိုသည့်နာမည်ကြောင့် SeokBin ကား စီယာတိုင်ကိုကိုင်ထားသည့်လက်ချောင်းတွေကတင်းခနဲဖြစ်သွားရလေသည် ။ကားကို ငါးဘီးစာအကွာအဝေးလောက်ရွေ့ပြီးနောက်ရပ်လိုက်ကာ ကားမှန်မှတစ်ဆင့် hyung ဘက်ကိုပြန်လှည့်ကြည့်တော့ ညီအစ်မနှစ်ယောက်ဖြစ်ဟန်တူသည့် ကျောင်းသူနှစ်ယောက်မှာထွက်သွားပြီဖြစ်သည် ။ hyung ကတော့ သက်ပြင်းချ၍ ခပ်တွေတွေလေးဖြစ်နေလေသည် ။ပြီးနောက် သူကားကို ဆက်မောင်းထွက်လာကာ အတွေးတွေဟာလည်းစတင်ဝင်ရောက်လာလေသည် ။

hyung သည် Jeonranto နှင့်ကျမှ ဘာလို့အခုလောက်ထိဖြစ်နေရသနည်း သူနားမလည်နိုင် ။
Jeonranto ဟာ hyung အပေါ်ဘယ်လိုအချိုးချိုးခဲ့သည်ကိုလည်း သိနေပါလျက်နှင့် ဆက်ပက်သက်ဖို့ဘာလို့ ကြိုးစားနေရသနည်း ။ လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကမှ Busan ကနေအပြန် Jeonranto သည် hyung ကိုသူ့ကားနှင့်တမင်တင်ခေါ်ခဲ့ပြီး လမ်းတစ်ဝက်အရောက်တွင် အတင်းဆင်းနေခိုင်းခဲ့ကာ လမ်းပေါ်၌ပင် hyung ကိုပစ်စလက်ခက်ချန်ခဲ့သည်မဟုတ်လား ။ ဤသို့ အကျင့်မကောင်းသည့်ကောင်ကို hyung ကဘာလို့ ထပ်ပြီးဆက်သွယ်ချင်ရသနည်း ။ ဟိုကတောင် အစအနဖျောက်ပြီးနေနေသည်ကို hyung ကဘာလို့လိုက်ရှာနေရသနည်း ။

သူဘဝင်မကျလှပါ hyung ကို Jeonranto နှင့်မပက်သက်စေချင်ပါ နည်းနည်းလေးတောင်မှ သူ hyung ကိုအထိမခံနိုင်ပါ ။ သူသည် သူ့ခံစားချက်ကိုသိရှိခဲ့ပြီး Yuina ကိုလမ်းခွဲစကားဆိုခဲ့သည်မှာ Yuina အပေါ်အားနာစိတ်ကြောင့်လည်းပါသလို Jeonranto ထံမှ hyung ကိုကာကွယ်ချင်၍လည်းဖြစ်သည် ။ သူကိုယ်တိုင်လည်း hyung အပေါ်ခံစားချက်ရှိနေပြီး
Jeonranto က သူ့ကိုဖောက်ပြန်တဲ့လူလို့စွပ်စွဲပြီး သဘောမကျသည့်အတွက် Yuina နှင့်သူ လမ်းခွဲလိုက်လျှင်ကိစ္စရှင်းသွားမည်ဟု ထင်ခဲ့လေသည် ။ သို့သော် သူထင်သလိုမဖြစ်ခဲ့ Jeonranto ကဆက်လက်နှောင့်ယှက်နေတုန်းဖြစ်သလို ယခုပစ်မှတ်က Tae hyung ဖြစ်လာလေပြီ ။ အကင်းပါးသည့်Jeonrantoက သူ့မျက်လုံးတွေကိုမြင်သည် ထို့ကြောင့် Tae hyung ကိုအသုံးချတော့မှာပင်

ဘယ်လိုဘဲဖြင့်ဖြင့် သူကတော့ hyung ကိုအပါမခံနိုင် ။ hyung စိတ်ကနုနုလေးရယ် Jeonranto ကြောင့် ခံစားသွားရမှာမျိုးမဖြစ်စေချင် ။ ဒါသည်က ပိုင်ဆိုးပိုင်နက်ပြောခြင်းတော့မဟုတ်ပေ သူတောင်ချစ်ပေမဲ့ အရောင်မစွန်းစေဘဲ တဖက်သတ်သဘောမျိုးဘဲသိမ်းထားတာ hyung လိုအဖြူထည်လေးကိုမထိခိုက်စေချင်လွန်း၍ သန့်သန့်လေးထားထားတာပင် ။ထို့ကြောင့် Jeonranto နှင့် hyung ၏ကြားတွင်သူ့ကတော့ မရရအောင်တားရပါမည် ။
........................................................................ ....

Taevender သည် ညရောက်တော့ ထမင်းမစားချင်သည်နှင့် Kalguksu လုပ်စားရန်စဥ်းစားလိုက်ပေမဲ့ ပါဝင်ပစ္စည်းတွေက အိမ်မှာမရှိသည့်အတွက် တစ်ရပ်ကွက်အကျော်ကဆိုင်တွင်သာ သွားဝယ်စားလိုက်လေသည် ။ မဟုတ်လည်း တစ်ယောက်တည်းဘဲမို့ အလွယ်တကူသာဝယ်စားလိုက်လေသည် ။ Kalguksu ဆိုင်က သူတို့လမ်းထဲတွင်လည်းရှိပေမဲ့ အရသာကမကြိုက်လှ ။ ဟိုဘက်ရပ်ကွက်ရှိဆိုင်မှတစ်ခါစားဖူးတုန်းက မှတ်မှတ်ရရ ဘဘကြီး၏ဟင်းရည်အရသာနှင့်ဆင်တူသည်မို့ သူထိုဆိုင်ကိုသတိထားမိခဲ့တာဖြစ်လေသည် ။ ထိုဆိုင်ကKalguksu ကိုစားတိုင်း Taevender သည် လူနှစ်ယောက်ကိုသတိရစမြဲပင် ။ ထိုသည်က အရင်က ထိုဟင်းရည်ကိုအရသာရှိရှိအများကြီးချက်ကျွေးခဲ့ဖူးသည့် ဘဘကြီး နှင့် သူတို့အိမ်ကKalguksu ဟင်းရည်ကိုသိပ်ကြိုက်လွန်းသည့် မောင့်ကိုပင် ။ မောင့်ကိုသူမြတ်နိုးမိသည့်အစိတ်အပိုင်းလေးထဲတွင်
မောင်က အစားအသောက်တိုင်းကိုတန်ဖိုးထားပြီးစားသောက်တတ်သည့်အချက်ကလေးလည်းပါဝင်လေသည် ။ မောင်က ဘုရင်ဆိုပေမဲ့ ဟိန်းဟန်တွေနှင့်ကြီးကြီးကျယ်ကျယ်မရှိ သူတို့လို သူဆင်းရဲအိမ်မှအစားအစာလည်း မညူစူဘဲစားသောက်ပါသည် ။

ထိုအကျင့်လေးဟာ ယခုဘဝတွင်လည်းပါလာသည်မှာ မောင်ပီသကြောင်းပြနေပါသည်။ ဤဘဝတွင်လည်း သူခန့်မှန်းမိသလောက်မောင်သည် Yuina ၏မောင်ဖြစ်သည့်အပြင် ဂျပန်ဘုရင်၏မြေးဖြစ်သည့်တိုင် တချို့သူဌေးကလေးတွေလို ကြီးကြီးကျယ်ကျယ်တွေမရှိ ။ Busan မှာတုန်းက မြင်ခဲ့ရသည့် ရိုးရာစျေးမှာမုန့်ပတ်ဝယ်စားသည့်ကောင်လေးသည် အတိတ်ကပွဲတော်ရက်တွေ၌ ရိုးရာမုန့်တွေလိုက်မြည်းစမ်းတတ်သည့် ဘုရင်ငယ်တစ်ပါးနှင့်တစ်ထပ်တည်းပင် ။ မောင်ဟာ ပြန်လည်မွေးဖွားလာခဲ့သည့်တိုင် သူ့အတွက်တော့တစ်ဦးတည်းသော မြတ်နိုးဖွယ်ရာဖြစ်နေတုန်းပါပေ

သူတစ်ယောက်တည်းစားပြီးသောက်ပြီးတော့ လမ်းလျှောက်ပြီးသာ ပြန်လာခဲ့လိုက်လေသည် ။ ဒီဘက်ရပ်ကွက်နှင့် သူတို့ရပ်ကွက်ဟာ သိပ်မဝေးလှသောကြောင့်ဖြစ်သည် ။ထိုစဥ် သူလမ်းလျှောက်လာရင်းကနေ အရှေ့ခပ်လှမ်းလှမ်းလမ်းကြားပေါ်တွင်ဆိုက်ရပ်ထားသည့် သူရင်းနှီး​နေသောကားတစ်စီးကိုတွေ့လိုက်ရသည်မို့ မျက်လုံးကလတ်ခနဲဖြစ်သွားရလေသည် ..

ဒါသည်က မောင့်ကားမဟုတ်လား ။ ဤသို့သော ကားဒီဇိုင်းကို ဒီဘက်မှာစီးတာ သူသိပ်မတွေ့ဖူးပေ ။ ထို့ကြောင့်လည်း ဤကဲ့သို့ကားပုံစံကိုမြင်တိုင်း မောင့်ကားဟူ၍တွေးမိခြင်းပင် ။ ပြီးတော့ မနက်ကလည်း သူတို့ကျောင်းနားတွင် ဤကားပုံစံမျိုးကိုတွေ့လိုက်ရသေးသည် အမှတ်တမဲ့မို့ကားနံပါတ်ကိုသူမတွေ့လိုက်ပေမဲ့ မောင်များလားဟူသည့်အတွေးဖြင့် သူညနေကျောင်းဆင်းတော့ Seoul National University ကကျောင်းသူလေးတွေကိုမေးမြန်းနေမိတာဖြစ်သည် ။ ဘာလို့ဆို မောင်သည်လည်းတက္ကသိုလ်ကျောင်းသားအရွယ်ရောက်နေပြီမဟုတ်လား ထို့ကြောင့်သူပိုပြီးစူးစမ်းမိတာဖြစ်လေသည် ။ ယခုလည်း သူတဖြည်းဖြည်းလျှောက်လာပြီး ထိုကားနှင့်နီးတော့ ကားနံပါတ်ကိုအရင်ပြေးကြည့်မိသည်..

" ZG_58842 "

နှုတ်ခမ်းကနေ ကားနံပါတ်ကိုရေရွတ်နေရင်း ပြုံးသွားမိလေသည် ။ ဟုတ်သည် ဒါသည်မောင့်ကားနံပါတ်ပင် ။ ချက်ချင်း သူဘေးပတ်ဝန်းကျင်မှာ မောင့်ကိုအသည်းအသန်ရှာမိလေသည် ။ မောင်က ဆက်သွယ်လိုက်မယ်ပြောပြီး သူ့ကိုပစ်ထားခဲ့သည်မဟုတ်လား

ထိုစဥ်တွင် ရုတ်တရက်ကြားလိုက်ရသည့်ကားအ​နောက်ဘက်မှအသံကြောင့် ကားဖင်ဘက်ဆီသို့စူးစမ်းမိလေသည်

ကလစ် ကလစ် 💢

​" ဟျောင့် သေချာဖြုတ်ဟ "

" ဒီကားကသောက်ရမ်းစျေးကြီးတာနော် ဒီမီးလုံးရရင်တောင် ထောသင့်သလောက်ထောပြီ "

​အသံခပ်ကြိတ်ကြိတ်ကြောင့် Taevender ထိုကောင်လေးနှစ်ယောက်ကို မျက်မှောင်ကြုတ်၍ကြည့်မိလိုက်လေသည် ။ ဤရပ်ကွက်သည် သူခိုးအရမ်းများသည်ဟု သူကြားသောကြောင့်ဖြစ်လေသည်

"ဒီမှာ ရပ်လိုက်နော်! ! ကားမီးလုံးကို ဖြုတ်ခိုးနေတဲ့ ကောင်လေးတွေ "

သူပြောလိုက်တော့ အစကသူ့ကိုသတိမထားမိဘဲ ကားမီးလုံးကိုအသည်းအသန်ဖြုတ်နေသည့်ကောင်လေးနှစ်ယောက်မှာလန့်ဖျန့်သွားလေသည် ။ ပြီးနောက် မတ်တပ်ရပ်လာကာ ဟန်ကိုယ်ဖို့၍ ထိုကောင်လေးနှစ်ယောက်က

" ခင်ဗျား ဘာ​တွေလာပြောနေတာလဲ! ဒါကျုပ်ကား ။ကားမီးလုံးပျက်သွားလို့ ဖြုတ်ထားမလို့လုပ်နေတာ "

" လာလိမ်​​နေတာ! ဒါ မောင့်ကား ။ ငါ့ကိုမလိမ့်တပတ်လာမလုပ်နဲ့ ရဲတိုင်ပစ်လိုက်မှာနော် "

" ဟာ.. စောက်စကားတွေများတယ်ကွာ! "

​ထိုကောင်လေးတွေ၏မျက်လုံးဟာမရိုးသား ။ အသက်ကြည့်တော့ အထက်တန်းကျောင်းသားအရွယ်လေးတွေဖြစ်သည် ။ ပြီးတော့ ကားနံပါတ်အရမောင့်ကားမှန်းသေချာနေတဲ့ကိစ္စမှာ Taevender သည် ထိုကောင်လေးတွေကိုမရရအောင်ပိတ်တားတော့လေသည် ။

" ကားနားကဖယ်လိုက်နော် ! မဟုတ်ရင် ဒီမှာ ရဲစခန်းကိုဖုန်းဆက်လိုက်ရမလား "

Taevender ​ကားဖင်ဘက်သို့အတင်းဝင်ကာ ထိုကောင်​လေးတွေကိုတွန်းထုတ်လိုက်ပြီး ဖုန်းထဲကနေ ရဲစခန်းဖုန်းနံပါတ်မှတ်ထားသည်ကိုပြန်ရှာလိုက်ကာ ဖုန်းမျက်နှာပြင်ကိုထောင်ပြလိုက်လေသည် ။ ထိုအခါ ထိုကောင်လေးတွေကအလောတကြီးအနောက်သို့ဆုတ်၍ ပြေးကြတော့သည်။ သို့သော် ရုတ်တရက် မြင်လိုက်ရသည်က အလျင်အမြန်ပြန်ပြေးသောကောင်လေးတစ်ယောက်၏လက်ထဲတွင် ကားမီးလုံးတစ်လုံးပါသွားသည်ကိုပင်..

" ​ဟင်! "

" ​သူခိုးတွေ မပြေးနဲ့ ရပ်လိုက်! "

​Taevender အနောက်ကနေ အမြန်ပြေးလိုက်ရတော့လေသည် ။

တစ်ဖက်တွင်လည်း Jeonranto တစ်ယောက် လူပြတ်သည့် ​​​လမ်းကြားလေးတစ်ခုတွင်​ လူတစ်စုနှင့် ရုန်းရင်ဆန်ခပ်ဖြစ်နေရလေသည် ။

" ကောင်းကောင်းပြောနေတုန်း​ ပြ​န်လိုက်တာကောင်းမယ် ။ မဟုတ်ရင် ကျနော့်အဆိုးမဆိုနဲ့ "

" သခင်လေးကို ပြန်ခေါ်လာခဲ့ရမှာ ကျနော်တို့တာဝန်ပါ ။ ဘုရင်ကြီးရဲ့အမိန့်ပါ "

Jeonranto မျက်မှောင်ကြုတ်လျက် အရေးမပါလိုက်တာဆိုသည့်သဘောဖြင့်စုတ်သတ်လိုက်လေသည်

" ကိုရီးယားမှာ ချက်ချင်းကြီးတော့ အခြေချမသွားပါဘူး ဘာတွေကြောက်နေတာလဲ? "

" အရင်ဦးဆုံး ဘုရင်ကြီးခေါ်တဲ့ဆီလိုက်ခဲ့ရပါမယ် ။ ဘုရင်ကြီးက သခင်လေးပြန်မပါလာရင် Tokyo ကိုပြန်မလာနဲ့လို့ အမိန့်ပေးထားပါတယ် "

" မလိုက်နိုင်ဘူးလို့ ပြောပြီးသား "

Jeonranto စိတ်ညစ်ညူးဖွယ် ခါးကိုခပ်လျော့လျော့ထောက်ထားပြီး ဆံပင်တွေကိုသပ်တင်လျက် ကိုယ်ရံတော်အဖွဲ့ခေါင်းဆောင်ကိုပြောလိုက်လေသည် ။ ပြီးနောက် တိုးတိုက်ထွက်သွားလိုက်ပေမဲ့ စက္ကန့်အပိုင်းအခြားမှာပင် သူဟာလူငါးယောက်၏ ဝိုင်းချုပ်နှောင်ခြင်းကိုခံလိုက်ရလေသည်

" ဒါဘာလုပ်တာလဲ ! လွှတ် "

​Jeonranto ရှုန်းကန်ရင်း ရှူးရှူးရှဲရှဲဖြင့်ဒေါသထွက်ကာအော်တော့လေသည်

" သခင်လေးကို မရရတဲ့နည်းနဲ့ခေါ်လာဖို့အမိန့်ပေးထားပါတယ် "

ထိုလူငါးယောက်အဖွဲ့က သူ့ကိုပြောလည်းပြောရင်းချုပ်ထားရင်းဖြင့် ဆွဲခေါ်လေသည် ။ ကိုယ့်ကိုဒီလိုချုပ်ပြီးခေါ်လာခိုင်းရအောင် အပြစ်သားလည်းဟုတ်မနေ Jeonranto ကိုများဒီလိုဆက်ဆံဖို့ရွေးချယ်ရဲတယ် ။ ရုတ်ချည်း အစီအစဥ်မရှိပါဘဲ ဒေါသရေဆူမှတ်က ဝုန်းခနဲတက်ဆောင့်သည် ။ အဘိုးဖြစ်သူကခိုင်းလို့ လုပ်ရတာသိပေမဲ့ သက်တော်စောင့်အုပ်စုကို Jeonranto အပြစ်ပုံချမိတော့လေသည် ။ သူ့ကိုချုပ်ထားကြသည်ကနေ မျက်စိထဲမြင်မြင်သမျှကို ကန်ထုတ်, ထိုးလွှတ်ရိုက်လွှတ်တွန်းလွှတ်ကာ Jeonranto တိုက်ခိုက်မိတော့လေသည် ။ ထိုအခါ သူ့ကိုချုပ်ထားသည့် လက်တွေအနည်းနှင့်အများတော့ ဖယ်ခွာသွားလေသည် ။ Jeonranto ကတော့ ဒေါသမပြေသေးသည်မို့ သက်တော်စောင့်အဖွဲ့ကငြိမ်သွားသည်ကိုတောင် ခေါင်းဆောင်ဖြစ်သူ၏အင်္ကျီစကိုဆွဲပြီး ဒေါသကထွက်လို့မဆုံးပေ

" ထိုးလေ! ပြန်ထိုးလေ မရရတဲ့နည်းနဲ့ပြန်ခေါ်သွားချင်တယ်ဆို! "

​" လာလေ! ! သေအောင်ထိုးနှက်ပြီး ခေါ်သွားလေ "

သက်တော်စောင့်အဖွဲ့သည် မျက်လုံးပြူး မျက်ဆံပြူးဖြင့်နေကာ လည်ပင်းကြောတွေပါထောင်ပြီးဒေါသထွက်နေသော သခင်လေးကြောင့် ခဏတော့ငြိမ်ပေးလိုက်ရသည် ။ အိမ်တော်တစ်ခုလုံးမှာ ဒေါသအကြီးဆုံးနှင့် သွေးအဆိုးဆုံးဖြစ်သည်မို့ လမ်းပေါ်တွင်သရုပ်မပျက်စေရန် သူတို့ကသာအရင်ဆုံးနောက်ဆုတ်ပေးလိုက်လေသည်

" သခင်လေး ကျနော်တို့ကို​ကြိုက်သလောက်ထိုးပါ! ပြီးရင် အိမ်တော်ကိုတော့ ပြန်လိုက်ခဲ့ရပါမယ် "

" အာ..တောက် ! "

Jeonranto ထက်ထိုးရင် ဘာမှမဆိုင်သည့်ထိုအုပ်စုဘဲထပ်​နာဖို့ရှိ​လေသည်မို့ ခေါင်းဆောင်ဖြစ်သူကိုဆောင့်တွန်းပစ်လိုက်တော့သည် ။ ထိုစဥ်တွင်ပင် ရုတ်တရက်ကြားလိုက်ရသည့် " သူခိုး "ဆိုသည့်အော်သံကြောင့် Jeonranto မျက်ခုံးပင့်သွားကာ စျေးတန်းအရှေ့လမ်းကအသံမို့ ခြေရာခံရင်း သူတို့လက်ရှိရှိနေသည့်စျေးတန်းအနောက်လမ်းမှ ပြေးဆင်းသွားမိလေသည် ။ သူခိုးသည် သေချာပေါက် အရှေ့ကနေ လမ်းချိုးလာမှာပင် ထိုအခါအနောက်ဘက်ကနေ ပိတ်ဖမ်းလို့ရလောက်သည် ။ Jeonranto ဖြတ်ခနဲပြေးထွက်သွားတော့ သက်တော်စောင့်အုပ်စုကလည်းအနောက်ကနေလိုက်ပြေးလေသည် ။ သိပ်မကြာလိုက် သူ့ခြေလှမ်းကျဲတွေကြောင့် လမ်းအချိုးကိုရောက်သွားလေသည် ။ ထိုအခိုက် သူလမ်းအချိုးအကွေ့ကိုအရောက် ကွက်တိမှာပင် အားကျိုးမာန်တက်ပြေးလာသော လူနှစ်ယောက်ကိုတွေ့ရလေသည်

" မောင်! အဲ့ဒီကောင်လေးတွေကိုဖမ်း ဖမ်း "

Jeonranto ကိုမလှမ်းမကမ်းက​ ပြေးလာရင်းနှင့် Taevender ကအော်ပြောတော့ သူ့အရှေ့ပြေးလာသည့်နှစ်ကောင်ကို ပိတ်တားလိုက်ပြီး သက်တော်စောင့်တွေကပါ ဝိုင်းဝန်းဖမ်းပေးကြလေသည် ။ ထိုအခါ ထိုငနဲသူခိုးနှစ်ကောင်က အငိုက်အမိမှာခဏတွင်းချင်းဖမ်းမိသွားလေသည် ။ခဏကြာတော့အမောတကောပြေးလာသည့် Taevender က သူ့အနားသို့ဟောဟဲဆိုက်လျက်ရောက်လာလေသည်

" ​ဘာဖြစ်တာလဲ ? ခင်ဗျားပိုက်ဆံလုပြေးသွားတာလား "

ထိုအခါ မောဟိုက်​နေသည့် Taevender မှာ ခေါင်းခါရင်းဖြင့် လေးပင်စွာပြောလာသည်က

" မဟုတ်ဘူး ။ ငါ့ဆီကမဟုတ်ဘူး မောင့် ..မောင့်ကားမီးလုံးကိုဖြုတ်ခိုးတာ "

" ဘာ ! "

ချက်ချင်းပင် မောင်၏အသံရုတ်ချည်းကျယ်တက်သွားကာ သူခိုးကောင်​လေးနှစ်ယောက်ကိုလည်း လည်ပင်းမှအင်္ကျီစကိုဆွဲပြီး ထထိုးတော့မည့်အလား အံကြိတ်လျက်ရှိနေလေသည် ။ ထိုအချိန်မှာပင် ရဲကားသံကိုကြားလိုက်ရပြီး ရဲသားများ၏အသံကထွက်လာလေသည်

" ဒီမှာ ပြသာနာထပ်မ​ဖြစ်ကြပါနဲ့ ၊ စခန်းရောက်မှရှင်းကြပါ "

ထိုသို့ ဆွဲထိုးဖို့ လုပ်နေသည့်မောင့်ကို ရဲများကဝင်တာပေးကာ အားလုံးကိုစခန်းကိုလိုက်စေခဲ့လေသည် ။ သည်လိုနှင့်ပင် သူခိုးနှစ်ယောက်အပြင် Jeonranto, Taevender နှင့်သက်တော်စောင့်များပါ စခန်းသို့လိုက်ပါသွားရလေသည် ။

စခန်းရောက်တော့ Taevender ကမျက်မြင်သက်သေအနေနှင့် သက်သေထွက်ဆိုရပြီး မောင်ကတော့ ကားပိုင်ရှင်ဖြစ်သည့်အလျှောက် မေးမြန်းမှုတချို့ခံရပြီးနောက် ကားမီးလုံးကိစ္စကပြီးသွားလေသည်။ သူခိုးနှစ်ယောက်က လောလောဆယ်အချုပ်ချခံလိုက်ရလေသည် ။ ဤကိစ္စပြီးတော့ Taevender ကစခန်းအပြင်သို့ထွက်နေနေရပေမဲ့ မောင်ကတော့မထွက်လာရသေးပေ ။ လမ်းကြားထဲက CCTV မှာရိုက်ကူးမိထားသည့်အချက်အလက်အရ မောင်က လူငါးယောက်အုပ်စုနှင့်ရန်ဖြစ်ခဲ့သည်ဟုဆိုလေသည် ။ထို့ကြောင့် ထိုကိစ္စကိုမောင်ကဆက်ရှင်းနေရလေသည် ။ သည်လိုနှင့် မိနစ်ပိုင်းလောက်ကြာပြီးတဲ့နောက်တွင်တော့ မောင်နှင့် လူသန်ကြီးအုပ်စုပြန်ထွက်လာလေသည်

​သူမောင့်အနားကပ်ဖို့လုပ်လိုက်ပေမဲ့ မောင်က ဟိုလူငါးယောက်အုပ်စုနှင့်စကားပြောနေသောကြောင့်ငြိမ်လိုက်ရလေသည်

" ဘုရင်ကြီးက ဖုန်းဆက်ရင်တော့ ကိုင်ပေးပါလို့ပြောပါတယ် "

Jeonranto အင်းမလုပ် အဲမလုပ်လုပ်ပြီး မသိသလိုနေလိုက်သည် ။ အခုတော့ သူ့ကိုအိမ်တော်ကိုပြန်ခေါ်မည့်ကိစ္စကိုလက်လျော့လိုက်ပြီဖြစ်သည် ။ စခန်းရောက်သည်အထိ ဖြစ်သွားသည်မို့ တထစ်လျော့ပေးလိုက်တာဖြစ်မည်ထင်သည် ။ ပြီးနောက် သက်တော်စောင့်အုပ်စုကကားဖြင့် ဦးဆုံးပြန်ထွက်သွားတော့လေသည် ။ ယနေ့တစ်ရက်လုံးလုံး သူ့ကိုကားနှင့်ပတ်လိုက်နေတာ သူတို့မဟုတ်သည့်အတိုင်းပင် ပြန်သွားလေပြီဖြစ်သည် ။

" မောင် ကိစ္စကအဆင်ပြေသွားပြီလား ၊ မောင်ကောဘယ်နားထိသွားသေးလဲ "

" ဘာဖြစ်ရမှာလဲ? ကျုပ်ကချည်း သူတို့ကိုထိုးခဲ့တာ "

လူလစ်သွားသည်နှင့် Taevender ကJeonranto အနားကပ်လာတော့သည် ။ ပုံစံကလည်း ဒဏ်ကြေးဆောင်လိုက်ရသည့်သူ့ထက် ပိုပြီးပူပန်နေသယောင်မို့ အမြင်ကပ်စရာကောင်းနေလေသည်

" နေစမ်းပါအုံး၊ ခင်ဗျားက ​ဘယ်လိုလုပ်ဒီနားရောက်နေတာလဲ "

" ​ညစာအ​​ပြင်ထွက်စားတာ လမ်းမှာမောင့်ကားကိုတွေ့ပြီး သူခိုး,ခိုးနေတာပါတွေ့လို့ "

" ဒီလိုကားမြင်တာနဲ့ ကျုပ်ကားလို့ထင်နေတာလား "

" မဟုတ်ပါဘူး ၊ မောင့်ကားနံပါတ် ငါအလွတ်ရသားဘဲ "

အတည်ပေါက်နှင့် ​လွတ်ပြောလာသည့်လူကြောင့် Jeonranto မျက်ခုံးပင့်သွားလေသည် ။ သူ့ကားနံပါတ်ပါ အလွတ်မှတ်ထားသည်ဆိုဘဲ ဒီလူကသူ့ကိုတော်ရုံအရူးထနေတာတော့မဟုတ်ဘူးဘဲ ။ စိတ်ထဲကနေ တစ်ချက်လှောင်လိုက်ပြီးနောက် ဘာမှမဖြစ်သလို ကားပေါ်တက်ပြီးပြန်မလို့လုပ်လိုက်လေသည် ။ ထိုစဥ်တွင် ရုတ်တရက် ကားတစ်ဖက်ခြမ်းမှ တံခါးကလစ်ခနဲပွင့်သွားပြီး ထိုင်ခုံကအိကျသွားလေသည် ။

" ခင်ဗျား ! ဘာလုပ်တာလဲ "

" မောင်က ဘာမ​ပြောညာမပြောနဲ့ ထထွက်သွားဖို့လုပ်ပြန်တာကို "

" အဲ့ဒါ ဘာဆိုင်လဲ "

" မောင်က ကတိမတည်ဘူး ငါ့ကိုဆက်သွယ်မယ်ပြောပြီး​ သုံးရက်လောက်ကြာတဲ့အထိ မဆက်သွယ်ဘူး ၊ လိပ်စာလည်းမပေးထားတော့ ငါဘယ်လောက်အခက်တွေ့လိုက်သလဲ "

ထိုအခါ Jeonranto ကျစ်ခနဲ​စုတ်သပ်ကာ စိတ်မရှည်စွာဖြင့်ကားစက်နိုးလိုက်ပြီး

" ​ခင်ဗျားလိပ်စာပြော.. "

" ​ဟင် "

" အိမ်လိုက်ပို့မလို့ "

ဒီနေ့ ထိုလူဆီတွင် ကျေးဇူးကြွေးတင်သွားပြီမို့ အပြန်အလှန်အနေနှင့် အကြွေးပြန်ဆပ်သည့်သဘောပင်ဖြစ်လေသည်

" ​တကယ်လား မောင် ။ သိပ်တော့မဝေးပါဘူး ဒီနားလေးတင်ဘဲ "

​" Ok ၊ ကြိုပြောထားမယ် ပါးစပ်ပိတ်ပြီးလိုက်ခဲ့ စကားများနေရင် လမ်းပေါ်ထားခဲ့မှာ "

" ပြောတာ​ ကြားလား "

​" ဟုတ် မောင် "

ပြောတော့​ အူတူတူနှင့် ပြန်ဖြေလေသည် ။ ပြီးတော့ ငြိမ်ကုတ်သွား၍ သူ့ကိုကြည့်လိုက်ပြုံးလိုက်ဖြင့်လုပ်နေတော့လေသည် ။ သူကတော့ အမြင်ကပ်ကပ်နှင့်အဖက်ကိုမလုပ်ပေ ။ထိုမှ မိနစ်အနည်းငယ်လောက်ကားမောင်းလာပြီးနောက်တွင် နာမည်ကြီးသော Luxury Apartments ရှေ့ဆိုက်ရောက်လေသည် ။ ဒီလိုနေရာမျိုးမှာနေနိုင်သည်က ကျောင်းဆရာလစာ ပြဇာတ်ရုံကလစာလောက်နဲ့တော့မရပေ ။သေချာသည်က Han SeokBin အမ်းထားသည်ပင်ဖြစ်မည်

" မောင် အိမ်ထဲဝင်ပါအုံး​လား "

" ဝင်ပြီး ဘာလုပ်ရမှာလဲ "

သူဘုကလန့်ပြောလိုက်တော့ ဘာမှဆက်မပြောလာတော့ပေ ။ သို့သော် သူ့လက်ဖဝါးကို ခပ်ဖွဖွဆုပ်ကိုင်လာကာ

" ဘာဘဲ​ဖြစ်ဖြစ် မောင်ငါ့ဆီကိုပြန်လာပေးလို့ ကျေးဇူးတင်ပါတယ်နော် ။ မောင်ငါ့ကို ပြန်မှတ်မိသည်အထိ ငါစောင့်ပါ့မယ် ။ မောင့်အနားမှာတော့နေခွင့်ပြုပါနော် "

​အဲ့ဒီမျှော်လင့်တကြီးမျက်လုံးတွေ ,သူ့ကိုမြင်တိုင်းအဓိပ္ပါယ်မရှိ တလတ်လတ်ဖြစ်နေတတ်သည့်မျက်လုံးတွေ, တခါတရံ တစ်စိတ်တစ်ဒေသကဆွေးရိပ်သန်းနေသည့် မျက်ဝန်းတွေ သူနားလည်ရန်ခက်ခဲလှသည်မို့ မြင်ပြင်းကပ်လှသည် ။ ပြီးတော့ သူ့ကိုသိခဲ့ဖူးသလို , ပက်သက်ခဲ့ဖူးသလို စကားလုံးတွေက Jeonranto အဖို့စိတ်အနှောင့်အယှက်ဖြစ်ရလေသည် ။ သို့သော် ဤကဲ့သို့ ဘာမှန်းမသိသည့်အမှိုက်ထုပ်လိုလူဟာ ကစားကြည့်ဖို့အတွက်တော့ အသစ်အဆန်းဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းနေလေသည်

" ​နေခွင့်ပြု၏ မပြု၏ဆိုတာ ခင်ဗျားအပေါ်မှာဘဲမူတည်တာလေ ၊ ကျုပ်လိုကောင်နား လွယ်လွယ်နဲ့ကပ်လို့ရမယ်ထင်လို့လား ၊ အနည်းဆုံးတော့ ခင်ဗျားဘက်ကလည်းကြိုးစားအားထုတ်မှုလိုတာပေါ့ "

Jeonranto ထိုလူလက်ထဲမှ သူ့လက်ဖဝါးကို ဆက်ခနဲခါရုန်းလွတ်လိုက်ပြီး အကဲစမ်းသည့်သဘောဖြင့်ဆွပြီးပြောပေးလိုက်ကာ မျက်ခုံးတစ်ဖက်ပင့်ပြလိုက်လေတော့..

" မောင်လက်ခံဖို့ ငါဘာလုပ်ရမလဲ မောင်ပြောလေ ၊ငါကြိုးစားပါ့မယ် "

​" အဝေးကြီးမပြောနဲ့ ၊ ကျုပ်ဖုန်းနံပါတ်တောင် ခင်ဗျားမသိဘူးမဟုတ်လား "

ထိုသို့မေးလိုက်တော့ မျက်နှာငယ်ကျသွားပြီးခေါင်းညိတ်ပြလေသည်

" ကျုပ်ဘက်ကနေ အရင်ဆက်သွယ်စရာအကြောင်းမရှိဘူး "

" ကျုပ်ဖုန်းနံပါတ်ကိုရအောင်စုံစမ်းပေါ့ "

ပြောပြီး​ ကြည့်လိုက်တော့ အူတူတူနှင့်ခေါင်းကုတ်လိုက် လက်သည်းခြစ်လိုက်လုပ်နေကာ

" ​ဘယ်ကနေ ဘယ်လိုစ,စုံစမ်းရမလဲ မောင် "

" ဟာ ..ဝေးတယ်ကွာ "

Jeonranto စိတ်မရှည်စွာ​​ဖြင့် မျက်နှာလွှဲ၍ငြီးငြူလိုက်ပြီး

" ​ခင်ဗျားလူ! Han SeokBin ဆီမှာ သွားတောင်း "

" ငါ့လူမဟုတ်ပါဘူး ..ငါနဲ့ SeokBin ဘာမှမဆိုင်ဘူး မောင် " ​

" ​တောမှာသွားပြော! ဆင်း.. ဆင်းတော့ "

​#Updateပေးလိုက်ပြီးနော်
ကယ် ဇာတ်လမ်းကအခုမှစမှာ

Zawgyi

ေဖာင္း !! ေဖာင္း!

လက္ခုတ္သံေတြၿမိဳင္ဆိုင္စြာထြက္လာမွ Jeonranto သည္အသိျပန္ဝင္ေလသည္ ။ သူဘာျဖစ္သြားတာလဲ ခ်က္ခ်င္းဆိုသလို စင္ေပၚသို႔လွမ္းၾကည့္လိုက္ေတာ့ ခ်ယ္ရီပင္Background ေရွ႕မွာ Taevender က အလယ္အလတ္တန္းစားရိုးရာဝတ္စုံျဖင့္လူအရိပ္တစ္ခုႏွင့္ မ်က္ႏွာခ်င္းဆိုင္ေငးေမာ၍ ၿပီးဆုံးသြားေလသည့္ဟန္ျဖင့္ ဇာတ္သိမ္းသြားေလသည္ ။ ၿပီးေနာက္အဆုံးသတ္အေနႏွင့္ ေမွာင္မဲသြားေသာစင္ျမင့္ထက္မွ စကားစုေရ႐ြတ္သံတစ္ခုကိုၾကားလိုက္ရေလသည္
" မ်က္ဝန္းစကားေႁခြ
ဤႏွလုံးသားဝယ္ ..
ခ်စ္လွစြာေသာအမည္နာမတစ္ခုကို
အမွတ္တရတည္ေစခဲ့သည္ " ထို႔ေနာက္တြင္ေတာ့ ကန႔္လန႔္ကာခ်သြား၍ ျပဇာတ္ကအဆုံးသတ္သြားေလေတာ့သည္ ။

႐ုတ္တရက္သူမေတြးေတာနိုင္ျဖစ္သြားရေလသည္ ။ သူကဘယ္လိုကေနဘယ္လို ျပဇာတ္ကိုၾကည့္မိသြားရတာလဲ ။ ၿပီးေတာ့ ျပဇာတ္ထဲ ဘယ္လိုလုပ္စီးေမ်ာသြားရသနည္း ။

သူေခါင္းထဲမွာ ရႈပ္ေထြးစြာ မေတြးေတာနိုင္ျဖစ္ေနသည့္အခ်ိန္တြင္ အနီးနားရွိပြဲၾကည့္ပရိတ္သတ္မ်ားကလည္းအသီးသီးထျပန္ကုန္ၾကၿပီးျဖစ္သည္ ။ ထိုစဥ္မွာပင္ သူသတိရလိုက္မိသည္က ဂါဝန္နက္ျပာေရာင္ႏွင့္ အမ်ိဳးသမီးတစ္ဦး ။ ထိုအမ်ိဳးသမီးက သူ႕အနားမွာထိုင္ခဲ့သည္မဟုတ္လား ပုံစံ​ၾကည့္ရတာ ခံစားခ်က္ကတစ္မ်ိဳးပင္။ ထို႔ေနာက္ စိတ္ရႈပ္စြာပင္ Taevender ကိုရွာရန္ထြက္လာခဲ့လိုက္ေလသည္ ။

သို႔ေသာ္ ျပဇာတ္ခန္းမထဲတြင္မရွိသည့္အျပင္ ေကာင္တာဘက္ ဧည့္သည္မ်ားေစာင့္ဆိုင္းသည့္အေရွ႕ဘက္စားပြဲဝိုင္းေတြဘက္၌ပါမရွိေတာ့ေခ် ။ေကာင္တာက မိန္းကေလးကိုေမးေတာ့ အျပင္ထြက္သြားသည္ဟုသာေျပာ၍ ေမး၍မရေတာ့ေခ် ။ ထို႔ေနာက္ သိပ္မၾကာလိုက္ သူခုနကသတိမထားမိခဲ့သည့္ Han SeokBin ဆိုသည့္လူထိုင္ေနေသာအေရွ႕ဘက္ စားပြဲဝိုင္းေတြဆီသို႔ Taevender ကေရာက္လာေလေတာ့သည္ ။ ထို႔ေနာက္ စကားခဏေျပာေနသည့္ဟန္မို႔ သူအျမန္ပင္ထိုေနရာသို႔လိုက္သြားမည္ျပဳလိုက္ေလသည္

" ငါ့ကို တကူးတကႀကီးလာမႀကိဳပါနဲ႕ဆို ။ Seokbin ကေတာ့ ဘယ္ေတာ့မွေျပာစကားနားမေထာင္ဘူး "

" တကူးတကမဟုတ္ပါဘူး hyungရဲ႕။ ျပဇာတ္လာၾကည့္ရင္းနဲ႕ လမ္းႀကဳံလို႔ဝင္ႀကိဳတာကို "

" ဒါဆိုလည္း ပစၥည္းနည္းနည္းထည့္ၿပီးလာခဲ့မယ္ ။ ခဏေတာ့ေစာင့္အုံး "

ေျပာၿပီး ေကာင္တာဘက္သို႔ သုတ္သုတ္" ျဖင့္ျပန္ထြက္သြားသည့္ hyung ကို သူအသဲယားစြာလိုက္ၾကည့္ေနမိေလသည္ ။ ထိုစဥ္မွာပင္ ႐ုတ္တရက္ဆိုသလို ႏြေေခါင္ေခါင္မွာ မိုးႀကိဳးပစ္ခ်ခံလိုက္ရသည့္ႏွယ္ ၿပဳံးလက္စအၿပဳံးမ်ားမွာေပ်ာက္ကြယ္သြားကာ Han SeokBin ထိတ္လန႔္သြားရေလသည္ ။သူမထင္မွတ္ဘဲျမင္လိုက္ရသည္က ဦးထုပ္ကိုခပ္ငိုက္ငိုက္ေဆာင္းထားသည့္လူတစ္ေယာက္က hyung အနားသို႔ခ်ည္းကပ္လာသည္ကိုပင္ျဖစ္သည္.. ထိုလူက ေကာင္တာဘက္ကေန ဒီဘက္သို႔ေျခလွမ္းက်ဲမ်ားျဖင့္လာေနရင္းမွ လမ္းတြင္ထိပ္တိုက္တိုးသည့္ Tae hyung ကိုအတင္းေဆာင့္ဆြဲၿပီးဖမ္းဆြဲထားေလသည္ ။ Han SeokBin ဘာမွမစဥ္းစားနိုင္ဘဲ အျမန္ပင္ ထိုနားသို႔အေျပးသြားလိုက္ေလသည္

" ခင္ဗ်ား လာစမ္း! ပိုင္ရွင္ရွိတဲ့လူကို ေျဗာင္တင္ေဖာက္ျပန္ထားၿပီး ေအးေအးေဆးေဆးေတာ့ေနရမယ္မထင္နဲ႕ "

႐ုတ္တရက္ထြက္လာသည့္အသံသည္ သူၾကားဖူးေနသလို ဒီလိုစကားလုံးမ်ိဳးကိုေျပာဆိုတတ္သည့္လူကလည္း တစ္ေယာက္သာရွိေလသည္ ။ တကယ္ဘဲ Jeonranto မ်ားလား ။ အသံကလည္း ရည္႐ြယ္ခ်က္ရွိရွိ ခပ္က်ယ္က်ယ္ေျပာေနသလို ခံစားရေလသည္။ထို႔ေၾကာင့္လည္း ျပဇာတ္႐ုံထဲမွအျပင္သို႔ထြက္ေနၾကသည့္လူမ်ားမွ ကြက္ၾကည့္ကြက္ၾကည့္ လုပ္ကုန္ၾကေလသည္

" ဘယ္သူ.. "

" ေမာင္ .. "

Taevender သည္ သူ႕ကိုလမ္းခုလက္၌႐ုတ္တရက္လွမ္းဆြဲထားသည့္လူေၾကာင့္ထိတ္လန့္သြားေပမဲ့ ဆက္ခနဲေမာ့ၾကည့္မိလိုက္ေတာ့ သူ႕ႏႈတ္ခမ္းေတြၿပဳံးမိသြားေလသည္ ။

" အရွက္မရွိ သူမ်ားရည္းစားကို လုထားၿပီး အရမ္းေပ်ာ္ေနတယ္ေပါ့ေလ ! "

Gumijae ေျပာထားသည့္အတိုင္း ေမာင္သူ႕ဆီ ျပန္ေရာက္လာသည့္အတြက္ ဝမ္းသာမိတုန္းရွိေသး ေမာင္ကေဒါသတႀကီးျဖင့္ဒုန္းဆိုင္းဝင္လာၿပီး သူနားမလည္သည္မ်ားကိုဇြတ္ေျပာေနေလသည္

" က်ဳပ္အစ္မရည္းစား နဲ႕ ခင္ဗ်ားေဖာက္ျပန္ခဲ့တဲ့ကိစၥကိုေျပာေနတာေလ! ! ေစ့စပ္ထားတဲ့လူကို ဝင္လုံးရေအာင္ ခင္ဗ်ားမွာအဲ့ေလာက္ေတာင္ ေယာကၤ်ားရွားေနလား "

" Jeonranto ေတာ္လိုက္ေတာ့ ! "

ခ်က္ခ်င္းပင္ အနားသို႔ေရာက္လာသည့္ Han SeokBin ဆိုသည့္လူကေဘးဘီဝဲၾကည့္၍ ခပ္ႀကိတ္ႀကိတ္ေျပာလာကာ, Taevender ၏ လက္ေကာက္ဝတ္ကိုဆြဲကာ ေခၚထုတ္ဖို႔လုပ္ေလသည္ ။ ထိုအခါ Jeonranto က ဟိုျဖဴဆြတ္ဆြတ္လူကို လက္ေမာင္းရင္းကေန ျပန္ဆြဲထားကာ

" ဘာလို႔ေတာ္ရမွာလဲ! မ်က္ႏွာေျပာင္ေျပာင္နဲ႕ခိုးစားၿပီးေတာ့မွ အရွက္ကြဲမွာေတာ့ ေၾကာက္တတ္တယ္ေပါ့ဟုတ္လား ဟမ္! "

Jeonranto ထိုလူႏွစ္ေယာက္၏ မ်က္ႏွာႏွစ္ခုအနီးသို႔တိုးကပ္သြားကာ ခနဲ႕၍ေမးလိုက္ေလေတာ့

ခြပ္ 💢

Jeonranto မ်က္ႏွာေပၚသို႔႐ုတ္တရက္က်ေရာက္လာသည့္ လက္သီးခ်က္ေၾကာင့္ ေဒါသကဝုန္းကနဲထေလာင္ေလသည္ ။ မ်က္ႏွာေပၚသို႔လက္သီးႏွင့္ထိသြားသည္ႏွင့္တၿပိဳင္နက္ သူသည္လည္းအလင္း၏အျမန္ႏႈန္းျဖင့္ HanSeokBin ၏မ်က္ႏွာေပၚသို႔ႏွစ္ခ်က္ေလာက္ျပန္ဆင့္ထိုးလိုက္ေလသည္ ။

" ေမာင္! ! "

ဟိုျဖဴဆြတ္ဆြတ္လူက အသံႏွင့္အတူ မေၾကာက္မလန႔္သူတို႔သတ္ပုတ္ေနၾကသည့္ၾကားသို႔တိုးဝင္လာကာ ဟိုဘက္ဆြဲလိုက္ ဒီဘက္ဆြဲလိုက္ျဖင့္ ျပာယာခက္ေနေလသည္

" မင္းလြန္မလာနဲ႕ ! ! ငါတို႔သိကၡာကို ေစာ္ကားလြန္ေနၿပီ "

" ေဆး႐ုံသြားျပရတဲ့အထိျဖစ္တာက ခင္ဗ်ားတို႔ရဲ႕သိကၡာလား! "

ခြပ္ 💢

ထိုအခါ Han SeokBin ဆိုသည့္လူက သူ႕အငိုက္မွာထိုးလိုက္သည္မို႔ သူျပန္ထိုးမလို႔ရွိေသး Taevender ဆိုသည့္တစ္ေယာက္က ႐ုတ္တရက္ဝင္ခ်လာသည္မို႔ Jeonranto စိတ္တိုတိုျဖင့္ ဆြဲဖယ္ပစ္လိုက္ကာ ျပန္ထိုးလိုက္ေလသည္ ။ ဒီလူက သူ႕လူကိုထိေတာ့ Jeonranto ကိုဝင္ဆြဲလာေလသည္ ။ ေတာ္ေတာ္ကိုျဖစ္ေနၾကတာဘဲ ။ အဲ့ဒါမ်ိဳးကို ကိုယ္ကလည္း ပိုအျမင္ကပ္တာျဖစ္သည္ ။ ဒီေန႕ HanSeokBin ဆိုသည့္လူ၏မ်က္ႏွာကိုစုပ္ျပတ္သတ္ေအာင္လုပ္ကိုလုပ္အုံးမည္ေပ

Taevender သည္ ေမာင္ဆြဲဖယ္လိုက္သည့္အရွိန္ျဖင့္ ၾကမ္းျပင္ေပၚတြင္ပစ္စလက္ခက္ က်သြားေပမဲ့ အျမန္ျပန္ထလိုက္ကာ ထပ္ဝင္ဆြဲရေလသည္ ။ထိုစဥ္တြင္ လုံၿခဳံေရးဝန္ထမ္းမ်ားကဟိုဘက္ ဒီဘက္ဆြဲေတာ့ SeokBin ကလည္း႐ုန္း ေမာင္ကလည္း႐ုန္းသျဖင့္ အငိုက္မိေနခ်ိန္တြင္ ႐ုတ္တရက္ေခ်ာ္ထြက္လာသည့္ လက္သီးခ်က္ အားျပင္းျပင္းကေမာင့္ပါးျပင္ကို ထပ္ထိေတာ့မည္ဟန္.. ထို႔ေၾကာင့္ သူအရဲစြန႔္ကာ ေဘးဘက္ကေနပင္ SeokBin ၏ခါးကိုအနည္းငယ္တြန္းထုတ္လိုက္ၿပီး ႏွစ္ဦးၾကားဝင္၍

" SeokBin ! ငါ ငါေတာင္းပန္ပါတယ္ ။ ေမာင့္ကိုဒဏ္ရာရေအာင္မလုပ္ပါနဲ႕ "

ထိုစဥ္တြင္

" ဖယ္စမ္း ခင္ဗ်ား! အဲ့ဒီလူကိုစုတ္ျပတ္သတ္ေအာင္လုပ္ပစ္မယ္ က်ဳပ့္ကိုမ်ား စထိုးရဲတယ္ "

သူအေရွ႕တြင္ ကာထားသည္ကိုပင္ ေမာင္ကရႉးရႉးရွဲရွဲျဖစ္ကာ SeokBin ကို ထိုးမည္တကဲကဲ ႐ုန္းကန္ေနေလသည္ ။ ထို႔ေၾကာင့္ သူလည္းမတက္နိုင္သည့္အဆုံး ႐ုန္းကန္ေနသည့္ေမာင့္ကို အေရွ႕ကေနသိုင္းဖက္ၿပီး တစ္ဖက္သို႔တ႐ြက္တိုက္ဆြဲထုတ္လာရေတာ့ေလသည္ ။ ထိုအခါ ကိုးရို႔ကားရားျဖစ္ရင္း ပါလာရသည့္ေမာင္က

" က်ဳပ္က ခင္ဗ်ားလင္ငယ္ မဟုတ္ဘူး! အခ်ိဳးျပင္လိုက္ "

" ေမာင့္ !! ဘယ္လိုစကားလုံးမ်ိဳးေျပာလိုက္တာလဲ "

သူခပ္ေဆာင့္ေဆာင့္ေခၚလိုက္ကာ စိတ္မေကာင္းျဖစ္သြားရသည္မို႔ အသံကလည္းမသိမသာဝမ္းနည္းရိပ္သန္းသြားရေလသည္ ။ထိုအခါ ေမာင္ကသူ႕ကို ခ်က္ခ်င္း မ်က္ေမွာင္ၾကဳတ္ၾကည့္လာသျဖင့္

" စိတ္ေလ်ာ့ေနာ္ ေမာင္ ။ စိတ္ေလ်ာ့ "

ေျပာရင္း Taevender သည္ ေမာင့္၏ေက်ာျပင္ကို ခပ္ဖြဖြပြတ္သပ္ေပးလိုက္ေလသည္ ။ သို႔ေသာ္စိတ္မေျပနိုင္သည့္ေမာင္က သူ႕လက္ေတြကိုဖယ္ခ်ကာျဖင့္

" ေတာက္! ! ေတာ္ေတာ္ျဖစ္ေနတဲ့ဟာ "

Jeonranto ေျပာေနသည့္ၾကားမွ တေမာင္တည္း ေမာင္ေနတဲ့ အဲ့ဒီလူကိုေစာက္သည္းယားလာရေတာ့ေလသည္ ။ သူနဲ႕ႀကိတ္ပုန္းခုတ္ေနတဲ့လူႏွင့္ကိုယ္နဲ႕ႏွစ္ေယာက္လုံးရန္ျဖစ္တဲ့ပြဲမွာ သူက Jeonranto ဘက္ကေနဝင္ကာသည္တဲ့ ..ကိုယ္ကသူနဲ႕လည္း ဘာမွမဆိုင္သလို သူ႕အမွတ္စဥ္ေတြထဲကေကာင္လဲမဟုတ္ ။ ဒါကိုပင္ အရင္လူကိုပစ္ၿပီး Jeonranto ဘက္ကဝင္တားသည္အထိဆိုေတာ့ ႐ုပ္ပ်က္လွသည္ ။ ထိုလူဘယ္ေလာက္အေပါစားဆန္လိုက္သလဲဆိုတာ မသိလွ်င္ လင္ႀကီးႏွင့္လင္ငယ္က သူ႕ေၾကာင့္ရန္ျဖစ္ေနၾကသည့္ႏွယ္ ။ အလိုလိုေနရင္း ကိုယ့္အဆင့္ကလည္း တေမာင္ေမာင္ႏွင့္ေခၚေနတဲ့လူေၾကာင့္ လင္ငယ္အတန္းစားထိေရာက္လုလု.. ထို႔ေၾကာင့္ သူမွသူ တန္းတန္းစြဲျဖင့္ေနသည့္လူကို မွတ္ေလာက္သားေလာက္ေအာင္ စုတ္ၿဖဲခ်င္လာေလသည္

" လာစမ္း !! ခင္ဗ်ား "

" အင့္ ! ေမာင့္ "

ေမာင္က Taevender ကို လက္ေမာင္းရင္းကေနေဆာင့္ဆြဲယူၿပီး တ႐ြက္တိုက္အျပင္ဘက္သို႔ဆြဲေခၚထုတ္ေလသည္ ။ Taevender မ႐ုန္းမိေပ အဓိကက SeokBin ႏွင့္လူကြဲသြားဖို႔ဘဲမဟုတ္လား ။ အခုေတာင္ ေမာင့္မ်က္ႏွာမွာ ႏွစ္ခ်က္သုံးခ်က္ေလာက္ဒဏ္ရာကရသြားၿပီျဖစ္သည္.. ဘယ္လိုဘဲ SeokBin ကဒဏ္ရာပိုမ်ားမ်ား ေမာင္အထိမနာဖို႔ကသူ႕အတြက္ပိုအေရးႀကီးေလသည္ ။ SeokBin ကိုေတာ့ေနာက္မွ ေမာင့္အစားေတာင္းပန္မည္ဟုသာ ေတြးထားလိုက္ေလသည္

" hyung !! hyung ကိုလႊတ္လိုက္ မဆိုင္တဲ့လူကိုဆြဲမထည့္နဲ႕ "

Jeonranto ၾကားေပမဲ့ ေျခလွမ္းေတြကိုမရပ္မိေပ ။ ေျခလွမ္းက်ဲႀကီးေတြႏွင့္ ျပဇာတ္႐ုံအျပင္သို႔
ထြက္လာလိုက္ေလသည္ ။ ထိုတြင္ ခုနကဝန္ထမ္းေတြအျပင္သို႔ပထုတ္ထားသည့္ ျပဇာတ္ၾကည့္ၿပီးျပန္မည့္လူတခ်ိဳ႕မွာ အျပင္တြင္တစို႔တစျဖင့္ ကြၽတ္စိကြၽတ္စိျဖင့္ရွိေနေလသည္ ။ ထိုေနရာကို ေက်ာ္ျဖတ္လာၿပီးေနာက္ ကားပါကင္ကိုေရာက္ေတာ့ ဟိုျဖဴဆြတ္ဆြတ္လူကို ကားထဲထိုးထည့္လိုက္ၿပီး ကားထြက္ဖို႔လုပ္တုန္း

" မဆိုင္တဲ့လူကို လာမထိနဲ႕လို႔ေျပာေနတယ္! "

HanSeokBin က ကားေဘးနားသို႔ေရာက္လာကာ ကဲကဲသဲသဲလုပ္ေနသည္မို႔ အျမင္ကပ္စြာျဖင့္ကားထဲကေနပင္ ထိုလူ၏အကၤ်ီစကိုဆြဲကာ သူ႕အနီးနားသို႔ေဆာင့္ဆြဲလိုက္ၿပီး

" ဘယ္သူကေကာထိခ်င္ေနလို႔လဲ ။ ေယာကၤ်ားျမင္ ငမ္းငမ္းတက္ျဖင့္ေနလို႔ အခ်ိဳးေလးျပင္ေပး႐ုံေပါ့ အဟြန္း "

ေျပာၿပီး HanSeokBin ဆိုသည့္လူကိုတြန္းထုတ္ပစ္လိုက္ကာ ကားေမာင္းထြက္ခဲ့ေတာ့ေလသည္ ။ ထိုအခါ HanSeokBin သည္လည္း သူ႕ကားကိုအျမန္ထုတ္၍ ေနာက္မွလိုက္ေမာင္းထြက္သြားရေလသည္ ။

ထိုကားႏွစ္စီးထြက္ခြာသြားတဲ့ေနာက္တြင္ေတာ့ ႐ုတ္တရက္ထြက္ေပၚလာသည့္ ခပ္ေသာေသာတီးခက္လာေသာလက္ခုတ္သံက်ယ္က်ယ္ေၾကာင့္ ျပဇာတ္႐ုံအေရွ႕ရွိလူေတြမွာ ေၾကာင္ေတာင္ေတာင္ျဖစ္သြားရေလသည္

" Wow ! Bravo "

" အားလုံးဘဲ ကြၽန္မတို႔ရဲ႕ Prank ျဖစ္ပါတယ္ ။ ဒီေန႕အတြက္ အထူးအစီအစဥ္ပါ အံ့ၾသသြားၾကတယ္မဟုတ္လား "

Gumijae လက္ခုတ္တီးလ်က္ တကယ့္ေပ်ာ္႐ႊင္ဖြယ္အၿပဳံးတစ္ခုကိုဆင္ျမန္းကာ acting အျပည့္ျဖင့္ ခပ္တည္တည္ေျပာလိုက္ေလသည္ ။ ထို႔ေနာက္ ေၾကာင္ေတာင္ေတာင္ျဖစ္ေနသည့္လူေတြဆီသို႔ မထိတထိရယ္သံတစ္ခုကို ပို႔လိုက္ကာျဖင့္

" ဟိုမွာ ကင္မရာေတြရယ္ ။ တကယ္ႀကီးထင္ၿပီး လန႔္သြားၾကတာလား မရည္႐ြယ္ပါဘူးရွင္ "

Gumijae မွာ လက္ဖဝါးတစ္ဖက္ကို ရင္ဘတ္ေပၚသို႔တင္လ်က္ သိမ့္ေမြ႕စြာဆိုလိုက္ေလသည္ ။ ထို႔ေနာက္ ထိုလူမ်ားမွာ ကိုယ္ေယာင္ထြက္ျပလာေသာ ကင္မရာသမားကိုေတြ႕၍ အခ်င္းခ်င္း " တကယ္ ထင္သြားတာဘဲ" ဟုဆိုကာ တြတ္ထိုး၍ထြက္သြားၾကေလသည္

ထိုအခါ Gumijae မွာ ျပဇာတ္႐ုံအတြင္းသို႔ ဟန္ပါပါၿပဳံးရင္းျပန္ဝင္သြားလိုက္ေလေတာ့သည္ ။ သူမသည္ ဒီလိုျဖစ္မည္ဆိုတာသိထား၍ ႀကိဳတင္ျပင္ဆင္ထားလိုက္တာျဖစ္သည္ ။ Taevender တို႔၏လုပ္ငန္းစဥ္ေတြမွာ သူဝင္ပါလို႔မရေပမဲ့ ဉာဏ္ေကာင္းတဲ့မိန္းမက
ဘယ္လိုဘဲျဖစ္ျဖစ္ သူမစီးပြားေရးကိုေတာ့ အထိအခိုက္မခံဘူးေလ
..........................,..................................................

Jeonranto ကမ္းနားလမ္းအလြန္က သူတို႔ငယ္ငယ္ကေနခဲ့သည့္ဘိုးဘြားပိုင္အိမ္သို႔ေမာင္းခ်လာလိုက္ေလသည္ ။ ဤအိမ္တြင္ သူငယ္ငယ္ကေနထိုင္ခဲ့ဖူးသည္ဟု ပါပါးကေျပာျပေသာ္လည္း သူမမွတ္မိေပ ။ ဒီေျမက သူ႕ေမြးရပ္ေျမဟုသိရၿပီး သူငယ္လြန္းသည့္အခ်ိန္မို႔ မမွတ္မိျခင္းျဖစ္ေလာက္ေလသည္ ။ ပုံမွန္ဆို အိမ္တြင္လူမေနေသာ္လည္း ယေန႕သူလာမည္ျဖစ္၍ သန႔္ရွင္းေရးဝန္ထမ္းေတြကိုငွားၿပီး သန႔္ရွင္းေရးလုပ္ခိုင္းထားလိုက္ေလသည္ ။

ထို႔ေနာက္ ၿခံထဲသို႔ကားေမာင္းဝင္လိုက္ၿပီးေနာက္ Taevender ဆိုသည့္လူကိုဆြဲခ်ကာ အတင္းအိမ္ထဲသို႔ေခၚခဲ့ေတာ့ေလသည္ ။

" ေမာင္ ..ေမာင္မွတ္မိေနတာလား ။ ေမာင္ ၂ႏွစ္သားတုန္းက ငါတို႔ဆုံဖူးတာကိုေလ "

" အ႐ူးကြက္လာမနင္းနဲ႕! ! စိတ္ခ် ခဏေန ခင္ဗ်ားေမ့လဲတဲ့အထိ က်ဳပ္လုပ္ေပးမယ္ လာစမ္း "

ေျပာရင္းဆိုရင္းဆြဲေဆာင့္၍ အိမ္ထဲအတင္းေခၚလာၿပီး အိပ္ခန္းတစ္ခုသို႔အေရာက္တြင္ ေမာင္က Taevender ၏အကၤ်ီေတြကိုအတင္းဆြဲခြၽတ္လာေလသည္ ။ ႐ုတ္တရက္လန႔္ဖ်န႔္သြားကာ Taevender မွာေမာင့္လက္ထဲကေနအလ်င္အျမန္ရႈန္းထြက္ၿပီး ထြက္ေျပးရေလသည္ ။ ထိုအခါ ေမာင္မွေဒါသတႀကီးျဖင့္ မ်က္ေမွာင္ၾကဳတ္၍ သူ႕ကိုလိုက္ၾကည့္ကာ

" ခင္ဗ်ား အဲ့ဒါဘာလုပ္တာလဲ! "

" ေမာင္ကေကာ ငါ့အကၤ်ီေတြကိုအတင္းခြၽတ္ၿပီး ဘာလုပ္မလို႔လဲ "

Jeonranto ႐ုတ္တရက္ေၾကာင္အသြားရသည္မွာ အတင္းအကၤ်ီဆြဲခြၽတ္ေနစဥ္Taevender ဆိုသည့္လူမွာ႐ုန္းကန္၍ ကုတင္ေဘးရွိအဝတ္ဘီရိုအကြယ္သို႔ထြက္ေျပးသြားသည္ေၾကာင့္ျဖစ္ေလသည္ ။ ဒါတင္မကေသး သူကစိတ္မရွည္၍ ေမးသည္ကိုပင္ ဘီရိုအကြယ္ကေန ေၾကာင္ေတာင္ေတာင္အေမးျဖင့္ျပန္ေမးလာေသးေလသည္ ။ ထို႔ေၾကာင့္

" အကၤ်ီခြၽတ္ၿပီး ဘာလုပ္မယ္ထင္လို႔လဲ "

" ေရခ်ိဳးေပးဖို႔လား ငါ့ဟာငါခ်ိဳးမယ္ ေမာင္ "

" ေတာက္! က်ဳပ္ကိုမ်က္ခြက္မေျပာင္နဲ႕ "

တက္တစ္ခ်က္ေခါက္ကာ စိတ္တိုတိုႏွင့္ေအာ္ထည့္လိုက္ေတာ့ ဘီရိုေထာင့္မွာပုန္းေနသူက ပခုံးေတြတုန္သည္အထိ လန႔္သြားေသာ္လည္း သူလိုက္ဖမ္းေနသည္ကိုေတာ့ ရေအာင္ထြက္ေျပးပါသည္ ။ သူကဘီရိုဘက္ကိုလာလွ်င္ Taevender ဆိုသည့္လူကဟိုဘက္နံရံဘက္ေျပးသည္ သူကဟိုဘက္နံရံဘက္လာလွ်င္ ကုတင္ေျခရင္းဘက္ေျပးျပန္သည္ ။ ၾကာေတာ့ Jeonranto စိတ္မရွည္နိုင္ေတာ့သည္မို႔ သူကုတင္ေျခရင္းဘက္ကိုေျခလွမ္းျပလိုက္ေတာ့ ထိုလူက ဘီရိုနားသို႔ေျပးေလသည္။ထိုအခါ သူသည္ကုတင္ေပၚကေနျဖတ္ေျပးၿပီး ထိုလူကိုအမိဖမ္းလိုက္ေတာ့ေလသည္ ။ ဖမ္းမိသည္ႏွင့္ခ်က္ခ်င္း ေဘာင္းဘီကိုအတင္းဆြဲခြၽတ္ကာ ကုတင္ေပၚပစ္တင္ၿပီး အေပၚကေနသူ႕ကိုယ္ျဖင့္ဖိထားလိုက္ေလသည္ ။ ထိုလူကလည္း သူ႕ေဘာင္းဘီသူျပန္ဆြဲတင္လိုက္ ႐ုန္းကန္လိုက္ျဖင့္ အလုပ္ရႈပ္ေနေလသည္။
ထိုစဥ္တြင္ သူခုနက ကုတင္ေပၚပစ္တင္ထားသည့္လြယ္အိတ္ထဲမွ ပစၥည္းတစ္ခုကို လက္တစ္ဖက္ျဖင့္ဆြဲထုတ္လိုက္ေလသည္ ..ထိုအခိုက္မွာပင္

ဒုန္း ဒုန္း 💢

တဒုန္းဒုန္းျမည္ေနသည့္ အိမ္မႀကီးတံခါးဆီကလာသည့္အသံမွာ HanSeokBin ဆိုသည့္လူေရာက္လာသည္ဟုသက္ေသျပေလသည္ ။ထိုအခါ Jeonranto သည္ ခုနကထုတ္လိုက္သည့္အရာကိုကိုင္ထားရင္းမဲ့ၿပဳံးၿပဳံးလ်က္ ဟိုျဖဴဆြတ္ဆြတ္လူကိုၾကည့္လိုက္ေလသည္ ။ အခုေနဆိုလွ်င္ Han SeokBin ဆိုသည့္လူ ေသြးတက္ေနမွာအေသအခ်ာပင္ ။ၿပီးေတာ့ ကုတင္ေပၚတြင္ ပစ္စလက္ခရွိေနေသာဟိုလူကလည္း သူမွန္းထားသည့္အတိုင္းပင္ ႐ုတ္တရက္ၿငိမ္က်သြားၿပီး သူကိုင္ထားသည့္အရာကိုေၾကာင္ၿပီးၾကည့္ေနေလသည္

" လာစမ္းပါ ။ ခင္ဗ်ားႀကိဳက္တဲ့ဟာဘဲ လုပ္ေပးမွာကို "

" ေမာင္ အဲ့ဒါဘာႀကီးလဲ "

ျပဴးေၾကာင္ေၾကာင္ျဖင့္ ဟန္မေဆာင္နိုင္ထေမးလာသည့္လူေၾကာင့္ Jeonranto ေလွာင္ရီသံထြက္ျပလိုက္ၿပီး

" အဟြန္း! ! ခင္ဗ်ားထင္ထားသလို က်ဳပ္ဟာ မဟုတ္လို႔ စိတ္ပ်က္သြားတာလား ။ က်ဳပ္ရဲ႕အဖိုးတန္တဲ့ဟာကို ခင္ဗ်ားထဲကိုထည့္မယ္လို႔ထင္ေနတာလား ဟမ္ "

" လာစမ္း! ! ေယာကၤ်ားျမင္ငမ္းငမ္းတက္ေနတဲ့ခင္ဗ်ားကို အတုသုံးၿပီး ေမ်ာ့ေမ်ာ့ဘဲက်န္ေအာင္လုပ္ျပမယ္ "

Jeonranto ထထိုင္လိုက္ကာ ထို႔လူကိုေျခေထာက္ကေနဆြဲခ်ၿပီး ေပါင္ကိုဆြဲကားလိုက္ေတာ့ ႐ုတ္တရက္ေျခေထာက္ကန္ခ်က္ေတြက Jeonranto ၏ပခုံးေတြဆီသို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာေလသည္ ။ ထိုအခ်ိန္တြင္ Jeonranto ကဟန္ခ်က္ပ်က္သြားသည့္အတြက္ အေနာက္သို႔ယိုင္က်သြားစဥ္ ထိုလူက ဒူးေခါင္းေလာက္ထိက်ေနေသာ သူ႕ေဘာင္းဘီကိုျပန္ဆြဲတင္လ်က္ထပ္ေျပးေလသည္ ။ Jeonranto ေဒါသေထာင္းကနဲထြက္သြားကာ ထိုလူ႕အနားေျခလွမ္းက်ဲမ်ားျဖင့္ဆင္းသြားကာ ပခုံးကိုခပ္ၾကမ္းၾကမ္းဆုပ္ကိုင္ရင္း

" ခင္ဗ်ားကမ်ား က်ဳပ္ကိုကန္ရဲတယ္ "

" ငါေတာင္းပန္ပါတယ္ေမာင္ရယ္ ။ နာသြားလားဟင္ ငါ ငါအရမ္းရွက္သြားလို႔ပါ "

" က်စ္!"

Taevender လည္းေမာင့္၏ စုတ္သပ္လိုက္သည့္အသံၾကားေတာ့ ေမာင္စိတ္ဆိုးသြားေၾကာင္းသိလိုက္ရေလသည္ ။ ထို႔ေၾကာင့္ ျပာျပာသလဲလဲျဖင့္ ေမာင့္လက္ဖဝါးကိုမရဲတရဲဆုပ္ကိုင္ကာ

" ေမာင္ အလိုမက်ျဖစ္သြားရင္ ငါေတာင္းပန္တယ္ေနာ္။ ေနာ္ ေမာင္ "

ဒီလူသည္ ဘာေတြအရစ္စိပ္ေနမွန္းသူနားမလည္နိုင္ ။ ေယာကၤ်ားေတြနဲ႕ပက္သက္ဖူးသူတစ္ေယာက္ျဖစ္ၿပီး သူနဲ႕က်မွ အေတြ႕အႀကဳံမရွိသည့္လူလို မခုတ္တတ္သည့္ေၾကာင္လို ပတ္ေျပးေနသည္က ဘာသေဘာျဖစ္မည္နည္း ။ သူဘဲ Jeonranto ကိုတန္းတန္းစြဲလိုက္ကပ္ခဲ့သည္မဟုတ္လား အခုလိုအေျခအေနမ်ိဳးဖန္တီးသည္ကလည္း သူ႕ကိုေမွ်ာ္မွန္းေနသည့္လူကို တမင္သက္သက္ခ်ိဳးခ်င္၍လုပ္ျခင္းျဖစ္ေလသည္။ ဒါသည္ကိုပင္ အူတူတူေၾကာင္ေတာင္ေတာင္လုပ္ေနသည္မွာ သူ႕ကိုတျခားနည္းျဖင့္ ျဖားေယာင္းခ်င္သည္လား

" ဖယ္စမ္း! ! ခင္ဗ်ားဟာခင္ဗ်ား အဲ့ဒီဟာနဲ႕သာ ကစားေနလိုက္ေတာ့ က်ဳပ္ကိုစိတ္ကူးေတာင္မယဥ္နဲ႕ ။ က်ဳပ္လိုလူနဲ႕ ခင္ဗ်ားတန္တယ္လို႔ထင္ေနလား။
ေနာက္ေနာင္ က်ဳပ္အေရွ႕ထပ္ေပၚလာၿပီး " ေမာင္ " လို႔ထပ္ေခၚရင္ တစစီျဖစ္ေအာင္လုပ္ပစ္မယ္ ၾကားလား "

ေမာင္က သူ႕လက္ေတြကို အတင္းခါခ်ပစ္ၿပီးေနာက္ ခုနကလြယ္အိတ္ထဲမွထုတ္ယူထားသည့္အရာကို ကုတင္ေပၚမွေကာက္၍ သူ႕လက္ထဲသို႔ထည့္ေပးေလသည္ ။ ထိုအခါ Taevender လက္ထဲသို႔ေရာက္လာေသာအရာကို စူးစမ္းၾကည့္မိေလေတာ့ ႐ုတ္တရက္တစ္စုံတစ္ခုႏွင့္ အေတာ္ေလးတူေနသည္ကိုခံစားမိေတာ့ အလန့္လန့္အဖ်န့္ဖ်န့္ျဖင့္ၿပီးလႊတ္ခ်မိသြားေလသည္

" ဘယ္..ဘယ္လိုအ႐ုပ္ႀကီးလဲ ေမာင္ "

သူၾကက္သီးထဟန္ျဖင့္ ကိုယ္ကိုက်ဳံ႕ထား၍ေမးေတာ့ ေမာင္ကခပ္စူးစူးၾကည့္ကာ​ျပန္ေမးလာေလသည္

" အဲ့ဒါကဘာျဖစ္ေနျပန္တာလဲ? "

" ဒါ ဒါႀကီးက ဟိုဟာနဲ႕ တူေနတယ္ "

" ဘယ္ဟာနဲ႕လဲ? "

" ဟို.. ဟို "

Jeonranto သည္ တမင္မ်က္ခုံးပင့္ျပကာမရမကေမးလိုက္ေလသည္ ။ ယခုေခတ္တြင္ D**k အတုကို မသိတဲ့လူရွိမည္မထင္ေပ ။ အထူးသျဖင့္ ဒီလူက မသုံးဖူးလွ်င္ေတာင္ သိကိုသိေနမည့္အေျခအေနမဟုတ္လား ။ ဒါကိုပင္ ဒီလူက D**k အတုကိုျမင္ၿပီး ေၾကာက္သလိုလို လန့္သလိုလိုႏွင့္ ျဖစ္ပ်က္ေနသည္မွာ ဘာအကြက္ကိုသုံးေနသနည္း သူမသိ ။ ထို႔ေၾကာင့္ Jeonranto ကလိခ်င္တာႏွင့္ ၾကမ္းျပင္ေပၚျပဳတ္က်သြားသည့္ ထိုအရာကိုျပန္ေကာက္ကာ

" ေျပာေလ ဒါကဘာနဲ႕တူေနတာလဲလို႔ "

" ေမာင့္ အဲ့ဒါႀကီးကိုခ်ထားလိုက္ပါ.. ေယာကၤ်ားအဂၤါနဲ႕တူေနတဲ့ဟာႀကီးကို "

ေမာင္က ေျပာလိုက္မွအဲ့ဒီအရာႀကီးကိုကိုင္လ်က္ သူ႕အနားသို႔ပိုၿပီးတိုးလာကာ ဟြန္းခနဲတစ္ခ်က္ရယ္သည္ ။

" ေမာင္ မလာနဲ႕ "

Taevender တျဖည္းျဖည္းႏွင့္ အေနာက္သို႔ဆုတ္သြားကာ ေရွာင္ဖယ္မိခ်ိန္မွာပင္ ထပ္ၿပီးထြက္ေပၚလာသည့္ တဒုန္းဒုန္းျမည္လာသည့္တံခါးထုသံေၾကာင့္ အိပ္ခန္း၏တံခါးေပါက္ကိုေျပးဖို႔႐ြယ္တုန္းရွိေသး ..ေမာင္ကအေရွ႕ကေနပိတ္ရပ္လာကာ

" Han SeokBin ကိုေတာ့မေၾကာက္ဘူးေပါ့ ဘာလဲ ခင္ဗ်ားကအတုနဲ႕ပက္သက္ၿပီး Trauma ရွိထားလို႔လား "

ေျပာလည္းေျပာရင္း ေမာင္ကနံရံႏွင့္ကပ္ေနေသာသူ႕ခႏၶာကိုယ္ကိုအေရွ႕မွဖိပိတ္ထားကာ သူ႕လက္ႏွစ္ဖက္ကိုလည္း စုကိုင္၍ နံရံေပၚျမႇောက္ေစကာ ေမာင့္လက္ဖဝါးျဖင့္ဖမ္းခ်ဳပ္ကိုင္ထားလိုက္ေလသည္ ။
ထိုမွတစ္ဆင့္ ေမာင္က လက္ထဲတြင္ကိုင္ထားေသာအရာျဖင့္ Taevender ၏ေပါင္ရင္းမွေန၍ ဗိုက္ေတြခါးေတြဆီပြက္ဆြဲေလသည္.. Taevender ခ်က္ခ်င္းပူထူသြားသည္မွာ ခႏၶာကိုယ္တစ္ခုလုံးရွိန္းတိန္းတိန္းေတာင္ျဖစ္သြားရေလသည္ ။

" ေမာင့္! အဲ့လိုမလုပ္ပါနဲ႕ ငါရွက္လို႔ပါ "

" ဟင္အင္း ဖယ္ေပး "

Jeonranto သည္ ထိုလူ၏တုန္ရီလာသည့္အသံကိုၾကားေတာ့ ပိုၿပီးလုပ္ခ်င္လာေလသည္ ။ ထို႔ေၾကာင့္ ခါးမွတစ္ဆင့္အေပၚဘက္သို႔ ထိေတြ႕သြားေစေတာ့ ထိုလူက မ်က္လုံးမ်ားမွိတ္၍မ်က္ႏွာႀကီးနီတက္လာကာ

" ေမာင့္ ငါငိုခ်င္လာၿပီေနာ္ "

Taevender ၏အသံကတကယ္လည္း ငိုသံေပါက္လာၿပီျဖစ္သည္ ။ ထိုအရာကို ထိဖို႔ကိုင္ဖို႔မေျပာႏွင့္ ေပၚေပၚထင္ထင္ ျမင္ေနရသည္ကိုပင္ Taevender မွာရွက္လွေနၿပီျဖစ္သည္ ။ထိုသည္ကိုပင္ ထိုအရာႏွင့္သူ႕ခႏၶာကိုယ္တေလွ်ာက္ထိေတြ႕ေနသည္ဟူသည့္အသိမွာ ရွက္စိတ္ဟာ တဒိန္းဒိန္းႏွင့္ ဦးႏွောက္ကေန တစ္ကိုယ္လုံးကိုပါ ကူးစက္ပူေလာင္သည္အထိပင္.. ဒါ့အျပင္ မဖြယ္ရာသည့္အဲ့ဒီအရာထိေတြ႕ေနသည့္ ခႏၶာကိုယ္ကိုလည္းေတာင့္ထားရသည္မွာ အသက္ပင္မရႉရဲ ။ သူသည္ပုံမွန္လည္းအရွက္အေၾကာက္ႀကီးသူပီပီ အခုလိုမဖြယ္ရာသည့္အခိုက္အတန့္မ်ိဳးႏွင့္ႀကဳံရေတာ့ ငိုခ်င္ေလာက္ေအာင္ထိရွက္႐ြံမိပါသည္ ။ ပိုဆိုးသည္က ေမာင္က သူ႕ကိုထိုအရာႏွင့္စေနာက္ေနသည့္အတြက္ ႏွစ္ခါရွက္ျဖစ္ရေလသည္ ။

" ေမာင့္!"

Jeonranto မွာ ရဲတြတ္လာသည့္ပါးျပင္ေတြ, ပြစိပြစိျဖစ္လာသည့္ႏွာေခါင္းထိပ္ေတြ, တုန္ရီလာသည့္ေမးဖ်ားေတြေၾကာင့္ ဟိုလူ႕ကိုပိုၿပီးကလိခ်င္လာေလသည္ ။ ဒီလူတကယ္ဘဲ ဘာလဲဆိုတာ သူပိုၿပီးစိတ္ဝင္စားလာရေလသည္ ။ ထို႔ေၾကာင့္ လက္တြင္ကိုင္ထားေသာ ဟိုအတုကိုခါးမွတစ္ဆင့္ ရင္ဘတ္ ,ထိုမွတစ္ဆင့္ လည္တိုင္ေတြအထိ ထိေတြ႕ေစလိုက္ကာ တုန္ရီေနသည့္ေမးဖ်ားေတြဆီေရာက္ေတာ့

" ပါးစပ္ ဟ!"

ေျပာလိုက္သည္ႏွင့္ခ်က္ခ်င္းဟင္ ရွိုက္သံေသးေသးေလးဟာ စိတ္ကိုလႊတ္ခ်လိဳက္သည့္ႏွယ္ လြတ္လပ္စြာထြက္က်လာၿပီး မ်က္လုံးကေနပါ မ်က္ရည္စက္တို႔က တလိမ့္လိမ့္က်ဆင္းလာေတာ့ေလသည္

" အင့္! ဟင့္ "

Jeonranto ႐ုတ္တရက္ေၾကာင္လည္းေၾကာင္သြားရသလို ရီလည္းရီခ်င္သြားရေလသည္ ။ Jeonranto က ဒီလူတကယ္ငိုမည္မထင္ထားသည့္အတြက္ တမင္ေျပာလိုက္တာ​ျဖစ္သည္။ ဒါသည္ကို ဒီလူက အသံတိတ္ကာ တအင့္အင့္ျဖင့္မ်က္ရည္ကို ဖိသုတ္ၿပီး မဲ့တဲ့မဲ့တဲ့ျဖင့္ငိုေနေလသည္ ။ ကေလးလည္းမဟုတ္ဘဲ ဒါေလးကိုငိုသည္တဲ့

" ခင္ဗ်ားက ဘာလို႔ငိုတာလဲ "

" ေမာင္က.. အင့္ ငါ့ကိုရွက္စရာေကာင္းတာေတြလုပ္ခိုင္းေနတာကို ။ ဒါကဘယ္ေလာက္ေတာင္ ရိုင္းလိုက္တဲ့မဖြယ္ရာမႈမ်ိဳးလဲ အင့္! ေမာင္ကစကားလည္းနားမေထာင္ဘူး။ ငါဘယ္ေလာက္ထိရွက္ေနမလဲ ေမာင္မေတြးဘူး "

"ီးအတုကိုပါးစပ္ထဲထည့္တာ ဘာရွက္စရာရွိလို႔လဲ ခင္ဗ်ားကြၽမ္းက်င္တဲ့အရာဘဲမဟုတ္လား "

" ေမာင့္! မဟုတ္တာမေျပာနဲ႕ ။ ငါျဖတ္သန္းလာတဲ့တစ္ေလွ်ာက္ အဲ့လို "မဟုတ္ကဟုတ္က ေတြ႕ကရာအ႐ုပ္ "ကို ပါးစပ္ထဲထည့္တဲ့လူကိုတစ္ခါမွမေတြ႕ဖူးဘူး ။ ဒါက စေနာက္တယ္ဆိုအုံး " ေမာင္ ငရဲႀကီးမွာ ..ေမာင္က လူႀကီးတစ္ေယာက္ရဲ႕ပါးစပ္ထဲကို ေယာကၤ်ားအဂၤါအ႐ုပ္ကိုထည့္ဖို႔လုပ္ခဲ့တာ ဘယ္ေလာက္အျပစ္ႀကီးတယ္ထင္လဲ ။ ၿပီးေတာ့ ီး ဆိုတဲ့အသုံးအႏႈန္းကရိုင္းလို႔ မသုံးသင့္ဘူးေနာ္ မသုံးရဘူး "

" ဘာ! မဟုတ္ကဟုတ္ကေတြ႕ကရာအ႐ုပ္ ။ ဘာရယ္ လူႀကီးပါးစပ္ထဲ ေယာကၤ်ားဟာထည့္လို႔ ငရဲႀကီးမယ္ ဟာ့ "

Jeonranto ဟာ့ခနဲအသံထြက္လ်က္ မ်က္ႏွာကိုလက္ဖဝါးႏွင့္အုပ္ကာ ဟက္ဟက္ပက္ပက္ရီခ်င္ေနတဲ့စိတ္ကိုအတင္းႏႈတ္ခမ္းဖိပိတ္ထားရၿပီး ဘယ္လိုမွမေအာင့္ထားနိုင္ေတာ့တဲ့အခါ

" ဟာ က်စ္! စိတ္တိုလာၿပီးကြာ။ သြား ခင္ဗ်ားသြားေတာ့"

Jeonranto ထို႔လူကိုလက္ေကာက္ဝတ္မွဆြဲၿပီး အိမ္အျပင္သို႔ဆြဲထုတ္ပစ္ၿပီး အိမ္တံခါးကိုဝုတ္ခနဲ ျမည္ေအာင္ပိတ္ပစ္လိုက္ေလသည္ ။ ၿပီးေနာက္ တံခါးကိုမွီၿပီး ေအာင့္အီးထားသမွ်ကို ရီခ်ပစ္မိေလသည္ ။
အစက တ႐ႊတ္႐ႊတ္ႏွင့္ မ်က္ရည္ေတြသုတ္ေနရင္းေျပာေနရာမွ ဆရာႀကီးတစ္ပိုင္းျဖစ္သြားကာ Jeonranto ကိုပင္ ဆုံးမၾသဝါဒေခြၽေနေသးသည္မွာ ရီခ်င္စရာပင္.. Dick အတုကိုလည္း ' မဟုတ္ကဟုတ္ကအ႐ုပ္ ' လို႔ေျပာလိုေျပာ, သူ႕ကိုသူလည္းလူႀကီးဟုသုံးႏႈန္းေသးသည္ ။အဆိုးဆုံးက ပါးစပ္ထဲသြင္းလို႔ငရဲက်မည္ဆိုတဲ့ေနရာပင္ ထိုလူမည္သို႔ေတြးေခၚလိုက္သလဲ သူပင္လိုက္မမွီနိုင္ ။ ထိုသို႔ ပါးစပ္ထဲသြင္းတိုင္းသာငရဲက်ေၾကးဆို ငရဲျပည္မွာ BJလုပ္တဲ့ဟာေတြ အကုန္တန္းစီေနရေလာက္ၿပီးျဖစ္သည္ ။ ၿပီးေတာ့ ီး ကို ီး လို႔မေျပာနဲ႕ဆိုတာကပါေသး ။ ဒီလူက သူ႕ကိုငစားလုပ္သြားၿပီးပင္ သူ႕မွာဘာမွအဆင္မေျပဘဲ ေစာက္ေပါႀကီးလို ပြဲၾကမ္းမယ္ဆိုၿပီးလိုက္သြားခါမွျပဇာတ္ၾကည့္လိုက္ရေသး,အိမ္ေရာက္လို႔ပညာျပမယ္လုပ္ျပန္ေတာ့ ပတ္ေျပးေနလို႔ဖမ္းရေသး, ႐ုတ္တရက္ထငိုလို႔ေၾကာင္သြားရတာႏွင့္ ​ဘယ္ရမွန္းမသိသည့္ၿဂိဳလ္သားစကားေတြေျပာလို႔ အဆစ္အေနနဲ႕ရီပါရီလိုက္ရေသးသည္

" ကြာ.. ဒီလူနဲ႕ေတာ့ေသာက္က်ိဳးနည္း ဘာတစ္ခုမွကိုအဆင္မေျပဘူး ေတာက္ "

ဒုန္း ဒုန္း 💢

" ေမာင့္! ဘာကိုစိတ္ဆိုးသြားတာလဲ ။ ငါကသိေအာင္ေျပာျပတာေလ ေမာင့္ကိုဆူတာမွမဟုတ္တာ စိတ္မဆိုးပါနဲ႕ ေမာင့္ "

" အာ ဒီလူေတာ့ ! "

ျဖစ္ပ်က္ခဲ့သမွ်ကို အစကေနျပန္ေတြးေနရင္း အိမ္တံခါးကိုထုကာ အျပင္ကေနေျပာခ်င္ရာေတြေျပာေနသည့္ထိုလူ၏အသံကိုၾကားေတာ့ တက္ေခါက္ေနသည့္ၾကားမွ ရီမိျပန္ေတာ့ Jeonranto မွာ ကိုယ့္ကိုကိုယ္သတိကပ္ရေလသည္ ။ထို႔ေနာက္ ေခါင္းကိုခါထုတ္ကာ ဟိုလူေကာ HanSeokBin ကိုပါေမ့ၿပီး အိမ္အတြင္းဘက္ထဲသို႔သာဝင္ခဲ့လိုက္ေတာ့ေလသည္
.............................................................................

ထိုအိမ္ႀကီး၏ အျပင္ဘက္ ၿခံဝန္းထဲတြင္ေတာ့

" hyung.. hyung ကိုဘာလုပ္လိုက္ေသးလဲ ။ ဘာျဖစ္သြားေသးလဲ "

" ဟင္အင္း ..ေမာင္ ငါ့ကိုစိတ္မဆိုးပါနဲ႕ "

SeokBin ၏အေမးကိုပင္အာ႐ုံမရနိုင္တံခါးကိုထုရိုက္ကာ ေခ်ာ့ျမဴးသည့္စကားတို႔ကိုေျပာေနဆဲ hyung ကိုေတြ႕ရေတာ့ SeokBin ရင္ထဲဘယ္လိုေနလို႔မေကာင္းသလဲမဆိုနိုင္ ။ hyung ႏႈတ္ဖ်ားကေန Jeonranto ကို " ေမာင္ " ဟုေခၚသည့္အသံၾကားရတိုင္း သူအထပ္ထပ္အခါခါက်ရႈံးသလိုခံစားရေလသည္ ။ သူဘယ္တုန္းထဲကေန hyung ကိုခ်စ္မိသြားသလဲ အတိအက်မသိခဲ့ေပမဲ့ မွတ္မွတ္ရရ ေဆး႐ုံသြားသည့္ေန႕က Jeonranto ကို hyung က " ေမာင္ " ဟုသုံးႏႈန္းလိုက္သည္ကို ၾကားၿပီးကတည္း​က သူ႕ရင္အတြင္းထဲအထိ ထပ္ၿပီးဆုံးရႈံးလိုက္ရသလို ထပ္ၿပီးလက္လႊတ္လိုက္သလို ဒီတစ္ခါလည္းသူမွာအခြင့္အေရးမရွိေတာ့သလို ခံစားခဲ့ရတာ​ျဖစ္သည္ ။

သူမသိခင္ အခ်ိန္ကာလေတြမွာ hyung တို႔ကတြဲခဲ့ၾကသည္လား, ဒါမွမဟုတ္ ငယ္စဥ္ကသိကြၽမ္းခဲ့ၿပီး ယခုျပန္ဆုံေတာ့ hyung ဘက္ကေနသာခ်စ္တဲ့ခ်စ္ျခင္းတစ္မ်ိဳးလား ။ ဘယ္လိုဘဲျဖစ္ျဖစ္ Jeonranto က hyung ကို သူႏွင့္ပက္သက္၍ အျမင္မၾကည္သည့္အတြက္ ျပသာနာရွာမွာကေတာ့အမွန္ပင္ ။ အကယ္၍ hyung ကခ်စ္ေနေသးသည္ဆိုလွ်င္ေတာင္ သူကေတာ့ Jeonranto ကိုမဖက္တြယ္ေစခ်င္ေပ ။ လက္ရွိတြင္ Jeonranto က ေဒါသထြက္ေနသည့္သားရဲတစ္ေကာင္ကဲ့သို႔ ခက္ထန္ေနသည္မဟုတ္လား ထို႔အတြက္ဘာကိုမွလည္းငဲ့ညွာမည္မဟုတ္ေပ။ အခုဘဲၾကည့္ လူၾကားထဲမေရွာင္ဘဲ ေျပာသြားတဲ့စကားေတြကသူတို႔ကိုအရွက္ခြဲဖို႔ရည္႐ြယ္ေလသည္ ။ ၿပီးေတာ့႐ုတ္တရက္ႀကီး hyung ကိုဒုန္းဆိုင္းကားေပၚေခၚတင္လာသည္မွာ သူ႕ကိုေျခမကိုင္မိလက္မကိုင္မိျဖစ္ေစသည္အထိပင္

​" hyung..က်ေနာ္တို႔ Seoul ကိုျပန္ရေအာင္ ။ေတာ္ၾကာ မိုးခ်ဳပ္သြားအုံးမယ္ "

​SeokBin သည္ hyung အနားသို႔သြားကာ ေျပာလိုက္ေတာ့ hyung က သတိရသြားဟန္ျဖင့္ သူ႕ဘက္သို႔လွည့္ၾကည့္လာေလသည္ ။ ၿပီးေနာက္ hyung က တစ္ခုခုကို ေတြးမိသြားသည့္ဟန္ျဖင့္

" SeokBin အရင္ျပန္လိုက္ေလ ။ငါမနက္ျဖန္မွ လိုက္လာေတာ့မယ္ "

" ဘာျဖစ္လို႔လဲ hyung ရဲ႕ "

" တကူးတကလာႀကိဳေပးတာကို အားနာေပမဲ့ ငါျပန္လိုက္သြားရင္ ေမာင္လည္းထပ္ေပ်ာက္သြားအုံးမွာ "

​hyung က Jeonranto ကိုထပ္မေတြ႕ရေတာ့မွာေၾကာက္ေနသည့္အလား ရွိၿပီး သူႏွင့္ျပန္မလိုက္ခ်င္ဟန္ရွိေလသည္

" အဲ့လိုလုပ္မွ အဆင္ေျပမွာလား hyung "

" အင္း ငါအားလည္းအားနာတယ္ ၿပီးေတာ့ေတာင္းပန္ပါတယ္ SeokBin "

" ဒါဆို က်ေနာ္အရင္ျပန္ႏွင့္လိုက္ပါ့မယ္ ။ မနက္ျဖန္ hyung အဆင္ေျပတဲ့အခ်ိန္လွမ္းေျပာလိုက္ပါ "

Taevender ေခါင္းသာညိတ္​​​ျပလိုက္ေလသည္ ။ ထို႔ေနာက္ SeokBin က ကားကိုျပန္ေကြ႕၍ လမ္းထဲမွထြက္သြားေတာ့ေလသည္ ။ Taevender ကေတာ့ ထိုအိမ္တံခါးအေရွ႕တြင္သာ ေမာင္ထြက္အလာကိုေစာင့္ရင္းက်န္ခဲ့ေတာ့ေလသည္ ။

ဒီလိုႏွင့္ ​ၿခံထဲလမ္းေလွ်ာက္လိုက္ အိမ္တံခါးအေရွ႕မွာထိုင္ေနလိုက္ လုပ္ရင္းပင္ ညေန၅ နာရီဝန္းက်င္သို႔ေရာက္လာေတာ့ေလသည္ ။ Taevender သည္အခုထိေရမခ်ိဳးရေသးသည္မွာ သူ႕အလစ္တြင္ေမာင္ေပ်ာက္သြားမည္ကိုဆိုး၍ ဒီအိမ္ကေနတစ္လွမ္းမွမေ႐ြ႕ရဲတာျဖစ္ေလသည္ ။ အကယ္၍ ေမာင္သာထြက္မလာေတာ့လွ်င္ ညအိပ္ေစာင့္သင့္လွ်င္ သူေစာင့္ရပါမည္ ။ ေမာင္ ႏွင့္ သူ ေတြ႕ဆုံလိုက္ ေဝးကြာေပ်ာက္ကြယ္သြားလိုက္ျဖင့္ တူးတူးပုန္းတမ္း မစားခ်င္ေတာ့တာေၾကာင့္ျဖစ္ေလသည္ ။

ခ်ပ္ !

သူေတြးေနစဥ္မွာပင္ ႐ုတ္တရက္ၾကားလိုက္ရသည့္ တံခါးဖြင့္သံေၾကာင့္ Taevender ၿခံထဲရွိျမက္ခင္းျပင္ေပၚတြင္ လမ္းေလွ်ာက္ေနရာမွ တံခါးဆီသို႔ခ်က္ခ်င္းေျပးသြားလိုက္ေလသည္ ။ သူကေမာင့္ကိုေတြ႕၍ ေပ်ာ္သြားမိေပမဲ့ ေမာင္ကေတာ့ သူ႕ကိုျမင္လိုက္ရသည္ႏွင့္အလိုမက်ဟန္​ ၾကည့္ေလသည္

" ​ခင္ဗ်ားက မျပန္ေသးဘူးလား "

" ​ျပန္မလို႔ဘဲ ေမာင္ရဲ႕ ။ ေမာင့္လိပ္စာမေမးရေသးဘဲ ေမာင္ကထပ္ေပ်ာက္သြားမွာဆိုးလို႔ ။ ေမးဖို႔ ေစာင့္ေနတာ "

မ်က္လုံးကဝိုင္းစက္ေနကာ ၾကည္ၾကည္လင္လင္ေမးလာပုံကအျမင္ကပ္စရာပင္

​"က်စ္ လာျပန္ၿပီ အဲ့ဒီေမာင္! "

" ေမာင္ကလည္း ။ ဒါနဲ႕တစ္ဆက္တည္း ေမာင့္ဖုန္းနံပါတ္ပါ ေပးထားပါလား "

​" ရာရာစစ! ဆုေတာင္း "

Jeonranto ထိုသို႔သာေျပာၿပီး အိမ္တံခါးေတြ ၿခံတံခါးေတြေသာ့ခတ္ၿပီးေနာက္ ဟိုလူကိုထားခဲ့ၿပီးသာညစာစားရန္ထြက္လာခဲ့လိုက္ေတာ့ေလသည္ ။ ခုနသူျဖတ္လာကတည္းက အိမ္ႏွင့္ main လမ္းမႀကီးဟာ သိပ္မေဝးလွေၾကာင္းသိရသည့္အတြက္ လမ္းေလွ်ာက္ရင္းသာလာလိုက္တာျဖစ္သည္ ။ ပုံမွန္က ကားႏွင့္သာ သြားလာေနသည့္အတြက္ လမ္းေလွ်ာက္ျခင္းက ခံစားခ်က္တစ္မ်ိဳးကိုေပးစြမ္းေလသည္ ။ ထို႔ေၾကာင့္ သီခ်င္းနားေထာင္ရင္း ကင္မရာတစ္လုံးကိုလြယ္ကာ လမ္းတစ္ေလွ်ာက္အပန္းေျဖမိေလသည္ ။

သူေလွ်ာက္လာသည့္လမ္းတစ္ေလွ်ာက္တြင္ ညေနလမ္းထြက္ေလွ်ာက္သည့္ သက္ႀကီးပိုင္းအ႐ြယ္တခ်ိဳ႕ရယ္ , အလုပ္သြားအလုပ္ျပန္သက္လတ္ပိုင္းအ႐ြယ္မ်ားႏွင့္ ယခုမွ႐ုန္းကန္ခါစလူငယ္မ်ား, ေက်ာင္းဆင္းလာသည့္ေက်ာင္းသားအ႐ြယ္မ်ား စသည္ျဖင့္ သာမန္ဆန္သည့္လႈပ္ရွားမႈမ်ားကို အခ်ိဳးက်စြာေတြ႕ရေလသည္ ။ သူဤကဲ့သို႔ သာမန္အေနအထားမ်ိဳးကိုမျဖတ္သန္းရသည္မွာၾကာၿပီးျဖစ္သည္ ။ ထို႔ေၾကာင့္ ကားႏွင့္သာ ျဖတ္သြားလိုက္လွ်င္ လက္လြတ္လိုက္ရမည့္ ဤသဘာဝဆန္ဆန္လႈပ္ရွားမႈတို႔ကို အခြင့္အေရးရခိုက္မွာ ကင္မရာျဖင့္မွတ္တမ္းတင္လိုက္ေလသည္ ။ ဤျမင္ကြင္းက သူတို႔မိသားစု London မွာေနခဲ့သည့္အခ်ိန္မ်ားကိုသတိရေစသည္.. ပါပါးအလုပ္ဆင္းခ်ိန္ သူတို႔ေမာင္ႏွမႏွစ္ေယာက္ ဘိုးဘိုးႏွင့္အတူသြားႀကိဳခဲ့သည့္အခ်ိန္ေတြ, မိသားစုအလိုက္အားလပ္ရက္အျပင္ထြက္ခဲ့သည့္အခ်ိန္ေတြ, ေဆြမ်ိဳးမ်ားႏွင့္အတူ ေပ်ာ္႐ႊင္ခဲ့ၾကသည့္အခ်ိန္ေတြ, ကေလးဘဝ သာမန္အစိုးရေက်ာင္းမွာတက္ခဲ့ရသည့္အခ်ိန္ေတြ စသည္ျဖင့္ အမွတ္တရမ်ားစြာရွိခဲ့ေလသည္

​" အမေလး "

ဘုတ္ ! ​

႐ုတ္တရက္လမ္းေလွ်ာက္ေနရင္း Jeonranto ၏ေက်ာျပင္ကို ဘုတ္ခနဲလာေဆာင့္သည့္အရာေၾကာင့္ ဆက္ခနဲလွည့္ၾကည့္လိုက္ေတာ့ ေျပာစရာပါေပ်ာက္သြားရေလသည္ ။

" ခင္ဗ်ား ! က်ဳပ္အေနာက္လိုက္ေနတာလား "

ျပန္သြားၿပီးထင္ခဲ့ေသာ Taevender ဆိုသည့္လူက သူ႕အေနာက္မွာ ရပ္ေနတာမို႔ သူစိတ္ကုန္စြာေမးလိုက္ေလသည္

" ​ေမာင္မွ ငါေတာင္းထားတာမေပးေသးတာ "

Taevender ေမာင့္ေနာက္ကေန ေတာက္ေလွ်ာက္လိုက္လာေပမဲ့ ေမာင္ကကင္မရာနဲ႕အလုပ္ရႈပ္ေနသည္မို႔ အသိမေပးေတာ့ဘဲ တိတ္တိတ္ေလးေနေနတာျဖစ္သည္ ။ ထိုသည္ကိုပင္ ႐ုတ္တရက္ခလုတ္တိုက္မိၿပီး ေမာင့္ေက်ာျပင္ႏွင့္သြားေဆာင့္ေသာေၾကာင့္ ေမာင့္အၾကည့္စူးစူးကိုပါရရွိလိုက္ရသည္

" က်စ္ !! ဘာမွမ​ေပးနိုင္ဘူးလို႔ ခင္ဗ်ားကိုေျပာၿပီးသား "

" မရဘူး ေပးရမယ္။ ေမာင္ထပ္​​ေပ်ာက္သြားမွာငါေၾကာက္တယ္ ။ ထပ္ၿပီးေဝးသြားလိုက္ျပန္ဆုံလိုက္နဲ႕ အခ်ိန္ေတြကုန္​ေနတာကို ငါမႀကိဳက္ဘူး အဲ့ဒါကိုေမာင္သိရဲ႕လား "

" ​ခင္ဗ်ားကို အိမ္အထိေခၚလာလို႔ဇြတ္အထင္မွားေနတဲ့ပုံဘဲ ။ ခုနကတည္းက ခင္ဗ်ားလိုခ်ီးထုပ္နဲ႕ က်ဳပ္နဲ႕ မတန္ေၾကာင္း ျပထားၿပီးသား ။ လာမႏြယ္ခ်င္ေနနဲ႕ ခင္ဗ်ားေနရာခင္ဗ်ားျပန္.. ဆက္မလိုက္လာနဲ႕ "

Jeonranto ထိုသို႔ေျပာၿပီး အေရွ႕နားတြင္ေရာက္ေတာ့မည့္ သူတို႔ျပဇာတ္႐ုံကို မ်က္စပစ္ျပၿပီး ထိုလူကိုလစ္ခိုင္းလိုက္ေလသည္ ။ ထိုအခါ မထုံတက္ေတးလုပ္ကာ ဘာမွတုန့္ျပန့္မႈမရသည့္အတြက္ Jeonranto စိတ္မရွည္စြာႏွင့္ဆက္ေလွ်ာက္လာလိုက္ေတာ့သည္

​ထို႔ေနာက္ Haeundae Beach ၏သဲေသာင္ျပင္ေပၚသို႔ေရာက္လာခဲ့သည္ ။ ညေနေစာင္းျဖစ္ေနၿပီမို႔ ေနဝင္ခ်ိန္ၾကည့္ရႉ႕သည့္လူမ်ားသာရွိေတာ့ေလသည္။ ေန႕ခင္းဆိုလွ်င္ ေသာင္ျပင္တစ္ေလွ်ာက္ အနယ္နယ္အရပ္ရပ္ကအပန္းေျဖအနားယူသည့္လူမ်ားႏွင့္ ပိုၿပီးစည္ကားေနတတ္ေလသည္ ။ ​Jeonranto သည္ နာမည္ႀကီးလွေသာ Haeundae ထြက္ဘီယာကို ေသာက္ခ်င္လွသည္မို႔ ေသာင္ျပင္အနီးရွိဆိုင္တစ္ဆိုင္မွ ဘီယာတစ္ဘူးကိုဝင္ဝယ္လိုက္ေလသည္ ။ သူဘီယာဝယ္ေနစဥ္တြင္ ႐ုတ္တရက္မ်က္စိေထာင့္ကေန ျမင္လိုက္ရသည့္ ခပ္ျဖဴျဖဴအရိပ္ေၾကာင့္လွည့္ၾကည့္လိုက္ေတာ့

​သူႏွင့္ေျခလွမ္းငါးလွမ္းေလာက္အကြာအေဝးကေန သူ႕ဘက္ကို ေလွ်ာက္လာသည့္ဟန္ရွိေသာလူက သူလည္းလွည့္ၾကည့္လိုက္ေကာ ေသာင္ျပင္ေပၚရွိျဖတ္သြားျဖတ္လာလူေတြၾကား ခပ္ရို႔ရို႔ဝင္ပုန္းေလသည္ ။ဘယ္သူရွိမလဲ ျဖတ္ခနဲျမင္လိုက္တာနဲ႕ တန္းသိသည့္ Taevender ဆိုသည့္ခ်ီးထုပ္ဘဲေပါ့ ။ သူလည္း ျဖတ္ခနဲၾကည့္ၿပီးေနာက္ မသိလိုက္မသိဖာသာေန၍ ဘီယာဘူးရသည္ႏွင့္ ထြက္လာခဲ့လိုက္ေတာ့ေလသည္

ထို႔ေနာက္ခုနထဲက ကင္မရာျဖင့္ကမ္းေျခရွိပုံရိပ္တခ်ိဳ႕ကို ရိုက္ကူးထားၿပီးျဖစ္၍ သီခ်င္းနားေထာင္ရင္း ဘီယာကို စိန္ေျပနေျပေသာက္ကာသာ ေသာင္ျပင္ေပၚလမ္းေလွ်ာက္ရင္း အပန္းေျဖမိေလသည္ ။သို႔ေသာ္ လတ္ဆက္သည့္ေလၾကမ္း ,အေရာင္ရင့္ေနသည့္ေနလုံးႀကီး ႏွင့္ ခပ္ႏြေးႏြေးရွိေနေသာသဲႏုႏုေတြက သူ႕အာ႐ုံကိုအလုံးစုံမဖမ္းစားနိုင္ ။အဘယ္ေၾကာင့္ဆိုေသာ္ သူ႕အေနာက္တြင္ကပ္ပါလာသည့္သူကိုေတြးမိ၍ စိတ္အႏွောင့္အယွက္ျဖစ္ေနေသာေၾကာင့္ျဖစ္ေလသည္ ။Jeonranto မသိမသာလွည့္ၾကည့္လိုက္တိုင္း ကုတ္ေခ်ာင္းကုတ္ေခ်ာင္းႏွင့္သူ႕အေနာက္လိုက္ေနသည္ကိုေတြ႕ရေလသည္ ။ ထို႔ေၾကာင့္ စိတ္မရွည္ေတာ့သည့္အဆုံး လူရွင္းတဲ့ေနရာနားအေရာက္တြင္ ေသာက္လို႔ကုန္သြားၿပီးျဖစ္ေသာဘီယာဘူးခြံျဖင့္ အေနာက္တြင္ပါလာသည့္လူ၏ေခါင္းကိုေကာက္ေပါက္ပစ္လိုက္ေလသည္

တိန္ !!

" အ့ "

​သူ႕ေခါင္းကိုထိသြားေတာ့ ႐ုတ္တရက္အသံေသးေသးတစ္ခုႏွင့္အတူ ထိသြားသည့္ေနရာကိုပါအသာဖိထားေသးသည္ ။ jeonranto ႏႈတ္ခမ္းတစ္ဖက္တြန့္လိုက္ကာ အျမင္ကပ္စြာမ်က္ႏွာခ်င္းဆိုင္ၾကည့္လိုက္ၿပီး

" ဘယ္အထိ လိုက္ေနအုံးမွာလဲ ခင္ဗ်ား! "

​" ေမာင္ လိပ္စာေပးရင္ မလိုက္ေတာ့ဘူး "

" ဝါးး! ! အရွက္မရွိလိုက္တာ "

" အဲ့လိုသေဘာမဟုတ္ပါဘူး.. ေမာင္ထပ္ေပ်ာက္သြားမွာဆိုးလို႔ပါ "

​Taevender သည္ ေမာင္ဘယ္အခ်ိန္ဒီေနရာကေနထြက္သြားမလဲမသိသည့္အတြက္ေၾကာင့္ အခ်ိန္ရွိခိုက္ တေကာက္ေကာက္လိုက္ၿပီးေမးေနရျခင္းျဖစ္သည္ ။ ဒါကို ေမာင္က အထင္မွားေနသည့္ပုံပင္ ။ အခုေခတ္တြင္ အေနာက္က​ေနလိုက္ၿပီးဖုန္းနံပါတ္လိုက္ေတာင္းသည့္လူေတြရွိသည္မို႔ သူ႕ကိုအထင္ေသးစြာေျပာသည္ဟုထင္မိသည့္အတြက္ရွင္းျပလိုက္ရတာျဖစ္သည္ ။ သူထပ္ၿပီးရွင္းျပခ်ိန္ေတာင္မရလိုက္ ေမာင္ကခပ္သုတ္သုတ္ျပန္ထြက္သြားသည္မို႔ အေနာက္ကသာလိုက္ရျပန္သည္

ထို႔ေနာက္ကမ္းေျခတေလွ်ာက္ကိုေက်ာ္လြန္လာၿပီးတဲ့ေနာက္တြင္ေတာ့ ရိုးရာေစ်းသို႔ေမာင္က ေစ်းဝယ္ရန္ေလွ်ာက္ပတ္ေနေလသည္ ။သူ႕ကိုလည္း မရွိသည့္လူလိုပင္ သေဘာထားကာ မ်က္ကြယ္ျပဳထားလိုက္ေတာ့သည္ ။ Haeundae ရိုးရာေစ်းတြင္ အရသာေကာင္းမြန္ၿပီး ေစ်းသင့္လွသည့္လမ္းေဘးအစားအစာအမ်ားအျပားရွိကာ ေတာ့ပူကီမွအစ တန္ပူရာအထိရသည့္အျပင္, ပင္လယ္စာမ်ား, mando ႏွင့္ ပ်ားရည္ပူတင္း, ေရခဲမုန့္ အထိစုံလင္လွသည့္အတြက္ နာမည္ႀကီးသည့္ေနရာတစ္ခုလည္းျဖစ္ေလသည္

Jeonranto သည္ Haeundae ရိုးရာေစ်းကို အမွန္တကယ္အႀကိဳက္ေတြ႕ေနကာ ပင္လယ္စာဟင္းမ်ား, အဆာေျပမုန့္မ်ားအျပင္ သားေရစာမုန့္ေတြအထိ အသားကုန္ဝယ္ေနမိေလသည္ ။ အမွန္တကယ္က Jeonranto သည္အစကတည္းက ေပါ့ပါးလွသည့္
လမ္းေဘးအစားစာမ်ားကို ႀကိဳက္ႏွစ္သက္သူျဖစ္၏။ အိမ္ေတာ္ကဟိုေလးေကာင္ဆို ဟိုတယ္စာ, နာမည္ႀကီးစားေသာက္ဆိုင္မွအစားအစာေတြကိုသာ စားစရာဟုထင္ၾကေလသည္ ။သူကေတာ့ သာမန္မိသားစုတြင္ေနထိုင္ခဲ့ဖူးသူျဖစ္သည့္အျပင္ အစားအေသာက္ႀကိဳက္သည့္လူမို႔ သန့္ရွင္းလတ္ဆက္သည့္မည္သည့္အစားအစာကိုမဆို စားေလ့ရွိေလသည္ ။ ညစာဟူ၍ ထြက္ဝယ္ေပမဲ့ စုံလင္လွသည့္ေစ်းတန္းေၾကာင့္သူ႕လက္ထဲတြင္အထုပ္မ်ိဳးစုံကမနည္းေတာ့ ထို႔ေၾကာင့္ ယခု Hotteok ( Seed Stuffied Pancake) ဝယ္ၿပီးလွ်င္ အရွိန္သတ္ကာအိမ္ျပန္ရန္သာေတြးလိုက္မိေလသည္ ။

"ဒီဘက္က Hotteok ႏွစ္ခု ရပါၿပီ "

ဆိုင္ရွင္အေဒၚႀကီးက Jeonranto ကိုစကၠဴခြက္ေလးႏွင့္မုန့္ေတြကိုကမ္းေပးေလသည္ ။ တဆက္တည္းမွာပင္ အလုပ္လုပ္ျမန္ဆန္သည့္ထိုအမ်ိဳးသမီးက ဆိုင္ေရွ႕သူ႕အ​ေနာက္နားမွာရပ္ေနေသာ ဟိုျဖဴစြတ္စြတ္လူဆီသို႔ ထပ္ေမးေလသည္

" ဒီဘက္က​ေကာ ဘယ္ႏွစ္ခုယူမွာလဲ "

Taevender သည္ ႐ုတ္တရက္သူ႕ကိုလွမ္း​ေမးလာေသာဆိုင္ရွင္အမ်ိဳးသမီးေၾကာင့္ ေျဖရခက္သြားေလသည္ ။ ဘာလို႔ဆို ေမာင္ကအတင္းဆြဲေခၚလာကတည္းက သူ႕မွာဘာပိုက္ဆံမွမပါေသာေၾကာင့္ျဖစ္ေလသည္ ။ ထို႔ေၾကာင့္ အားနာစြာႏွင့္ပင္

" ​မယူေတာ့ပါဘူး ။ ေမာင္နဲ႕လိုက္လာတာပါ အတူတူပါဘဲ "

Taevender အေရွ႕နားရွိ ​ေမာင့္ကိုမရဲတရဲလက္ညိုးထိုးျပလိုက္ကာ ေျပာလိုက္ေတာ့ ဆိုင္ရွင္အမ်ိဳးသမီးက " အာ..." ဆိုၿပီး ေခါင္းတညိတ္ညိတ္လုပ္ေနေပမဲ့ ေမာင္ကေတာ့

" ဘာလဲ?က်ဳပ္နဲ႕ခင္ဗ်ား ဘာမွမဆိုင္ဘူး ။ သူ႕ဟာသူ လာတာ သူ႕ကိုသိလည္းမသိဘူး "

" ေမာင္ဘဲ ငါ့ကိုအတင္းေခၚလာတာေလ "

Taevender အလိုမက်ဟန္​ေျပာေတာ့ ေမာင္ကစိတ္ညစ္လိုက္တာဆိုသည့္ဟန္ျဖင့္ ဆိုင္အျပင္သို႔ထြက္သြားေတာ့သည္ ။

​ဒီလိုႏွင့္ဘဲ ေမာင္ကအေရွ႕သြား Taevender ကအေနာက္ကလိုက္ႏွင့္ ေမာင္တို႔ၿခံအေရွ႕သို႔ျပန္ေရာက္လာေတာ့ေလသည္ ။ ထိုစဥ္မွာပင္ ၿခံေရွ႕တြင္ရပ္ထားေသာကားထဲမွလူကလည္း ဆင္းလာသည့္အတြက္ Taevender မ်က္ခုံးပင့္တက္သြားရသည္ ။ SeokBin ကဘယ္လိုလုပ္ျပန္ေရာက္လာတာလဲ

" hyung ! ျပဇာတ္႐ုံလိုက္ပို႔​ေပးမယ္ ။ က်ေနာ္လည္းဒီည ဟိုတယ္တစ္ခုခုမွာတည္းလိုက္မယ္ မနက္က်မွ Seoul ကိုျပန္ၾကတာေပါ့ "

Seokbin ဘယ္လိုမွ hyung ကို jeonranto ႏွင့္စိတ္မခ်နိဳင္ေသာေၾကာင့္ျပန္လွည့္လာတာျဖစ္သည္ ။ သူစိတ္မေျဖာင့္စြာႏွင့္ၿမိဳ႕ျပင္ထြက္ေနရင္းကေန ျပန္လွည့္လာကာ ျပဇာတ္႐ုံတြင္ဝင္ေမးေတာ့ျပန္မေရာက္ေသးေၾကာင္းသိရေလသည္ ။ ထို႔ေၾကာင့္ hyung အခုထိ အဲ့ဒီအိမ္ကေနမျပန္ရေသးေၾကာင္း သိရသည့္အတြက္ ဒီအိမ္ေရွ႕သို႔ျပန္ေရာက္လာတာျဖစ္သည္ ။

သူအိမ္ေရွ႕ကိုေရာက္ျပန္ေတာ့လည္း တံခါးပိတ္လ်က္သားျဖစ္ေနသည္။Jeonranto ကိုဖုန္းေတြဆက္ေပမဲ့လည္းမကိုင္သည့္အတြက္ သူပိုၿပီးေယာက္ယွက္ခတ္လာေလသည္ ။သို႔ေသာ္ Jeonranto ၏ကားကရွိေနလ်က္သားဆိုေတာ့ ေဝးေဝးလံလံႀကီးမသြားေလာက္ဟုေတြးကာ ဒီအတိုင္းသာေစာင့္ေနခဲ့တာျဖစ္သည္

" SeokBin ခဏေနပါအုံး "

SeokBin ကဇြတ္တ႐ြတ္သူ႕​လက္ကိုဆြဲကာ ကားဆီအတင္းေခၚ​ေနသည္မို႔ Taevender မွာသတိလတ္လြတ္ပါသြားမိတုန္းရွိေသး

" ​ခင္ဗ်ား! က်ဳပ္လိပ္စာ ဖုန္းနံပါတ္ လိုခ်င္တာဆို "

​ေမာင့္ဆီမွ အသံထြက္လာတာျဖစ္သည္ ။ သူမ်က္လုံးလတ္ခနဲျဖစ္သြားကာ ေမာင္နဲ႕မ်က္ႏွာခ်င္းဆိုင္ကာ ၾကည့္လိုက္ကာ

" လိုခ်င္တယ္ "

ထိုအခါ Jeonranto ဟန္ပါပါၿပဳံးကာ​​ျဖင့္ Han SeokBin ဆိုသည့္လူကို ေပေစာင္းေစာင္းၾကည့္ၿပီး ေဘာင္းဘီအိတ္ကပ္ထဲမွ ဖုန္းကိုထုတ္လိုက္ရင္း

" ​ခင္ဗ်ား ဖုန္းနံပါတ္ေျပာ "

" ဟင္ ! ေအာ့ 02********* ။ ေမာင့္နံပါတ္ကေကာ "

" က်ဳပ္ ခင္ဗ်ားနံပါတ္မွတ္ထားလိုက္ၿပီ ။ က်ဳပ္က Seoul မွာဘဲရွိမွာ ၊ေနာက္..ခင္ဗ်ားကိုဆက္သြယ္လိုက္မယ္ "

​Jeonranto အစကေတာ့ ျဖစ္သလိုသာအရွက္ခြဲဖို႔ရည္႐ြယ္ေပမဲ့ အခုလို Han SeokBin ဆိုသည့္လူ၏အျဖစ္သည္းပုံႏွင့္ အခ်စ္မွာက်ရႈံးေနပုံေၾကာင့္ Jeonranto ကဝင္ေမႊခ်င္လာေလသည္ ။ ကိုယ့္အစ္မျဖစ္သူက အလူးအလဲခံစားေနရခ်ိန္ တစ္ဖက္ကလူေတြက ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ႏွင့္လက္တြဲသြားၾကသည့္အျဖစ္မ်ိဳးက မတရားသလိုခံစားရေလသည္ ။ ထို႔ေၾကာင့္ တန္ျပန္သက္ေရာက္မႈအေနႏွင့္ Han SeokBin ႏွင့္ Taevender ကိုေပါင္းဖက္ခြင့္မေပးနိုင္။ အရင္ဦးဆုံး Taevender ဆိုသည့္လူကို Han SeokBin ဆီမွလုယူၿပီး အရမ္းခ်စ္မိၿပီးသဲသဲလႈပ္ေနတဲ့ဂီတဆရာႀကီးကိုအသဲခြဲပစ္မည္ .. ေနာက္တစ္ဆင့္အေနႏွင့္ Taevender ဆိုသည့္လူကို ေကာင္းေကာင္းႀကီး Play ၿပီး ေမွ်ာ္လင့္ခ်က္ေတြေပးကာ ရိုက္ခ်ိဳးပစ္မည္ ။ ထိုလူက သူမွသူျဖစ္ေနသည္မဟုတ္လား ဒါအကြက္ေပါ့ ။ ထို႔ေၾကာင့္ သူဒီယုန္ျမင္လို႔ဒီခ်ဳံထြင္လိုက္တာျဖစ္သည္

ဒါသည္ကိုမသိသည့္ ဟိုျဖဴဆြတ္ဆြတ္လူက မ်က္လုံးတလတ္လတ္ႏွင့္ သေဘာတက်ရွိေနကာ သူေျပာသမွ် ေခါင္းညိတ္နားေထာင္ေနေတာ့ေလသည္။ Han SeokBin ဆိုသည့္လူကေတာ့ သူဘာအခ်ိဳးခ်ိဳးလဲသိသည့္အတြက္ မေက်မနပ္ၾကည့္သည္ၿပီးေနာက္ သူ႕လူကို အတင္းကားဆီေခၚသြားေလသည္ ။ ထိုသည္ကိုပင္ ထပ္ကလိခ်င္ေသးသည့္သူက ကားေပၚတက္ေတာ့မည့္လူကို လွမ္းေခၚကာ

" Taevender! ခင္ဗ်ား မနက္ျဖန္ျပန္မယ္ဆို က်ဳပ္ကားနဲ႕လိုက္ခဲ့ ၊ မနက္၇နာရီျပဇာတ္႐ုံအေရွ႕မွာေစာင့္မယ္ "

Jeonranto ေျပာလိုက္ေတာ့ ႐ႊင္ျပေနသည့္မ်က္ႏွာျဖင့္ၿပဳံးျပၿပီး ေခါင္းညိတ္ျပေလသည္ ။ၿပီးေနာက္ Han SeokBin ၏ကားထဲပါသြားေတာ့ေလသည္
..............................................................................

ညေနေက်ာင္းကေနျပန္ၾကေတာ့ Tae hyung က ႐ုံးခန္းထဲတြင္မရွိေတာ့ ဘယ္ကိုသြားေနသည္မသိ ။ အစ္မ Junghae ကိုေမးၾကည့္ေတာ့ ျပန္သြားၿပီဟုဆိုေလသည္ ။ထို႔ေၾကာင့္ ကားပါကင္သို႔ျမန္ျမန္သာထြက္လာၿပီးၾကည့္ရေလသည္ ။ကားပါကင္မွာမ်ားေစာင့္ေနမလားလို႔ေလ သို႔ေသာ္ ထိုတြင္လည္းရွိမေနေပ ။ အဲ့ဒါႏွင့္ပင္ ဖုန္းဆက္ကာေမးရေတာ့သည္

" hyung ဘယ္မွာလဲ ၊ ျပန္သြားၿပီးဆို "

" အင္းဟုတ္တယ္ SeokBin ၊ ကိစၥေလးရွိလို႔ ေစာေစာေက်ာင္းဆင္းလာတာ "

" ​အခုအိမ္ျပန္ေရာက္ၿပီလား "

" မေရာက္ေသးဘူး "

" လမ္းမွာဘဲရွိ​ေသးတာလား "

" အင္း ဟုတ္တယ္ "

​ေမးစရာရွိတာေမးၿပီး ဖုန္းခ်လိဳက္ေတာ့ SeokBin ၏သက္ျပင္းအသံပါ ဟင္းခနဲတြဲပါသြားသည္ ။ Busan ကေနျပန္ေရာက္ကတည္းက Tae hyung က အရင္ Apartment မွာျပန္ေနကာ သူအပို႔အႀကိဳလုပ္သည္ကိုလည္းမသိမသာေရွာင္ရွားလာၿပီး ခပ္ခြာခြာသာေနေလသည္ ။ ထိုသည္ကလုံးဝေရွာင္ေနတာမ်ိဳးလည္းမဟုတ္သ​လို, အရင္ရွိရင္းစြဲဆက္ဆံေရးကိုတိခနဲျဖတ္ေတာက္လိုက္သည္မ်ိဳးလည္းမဟုတ္ပါ ။ hyung က အျမင္ကင္းရွင္းေစရန္သူ႕ဆီကအကူအညီေတြကိုမသိမသာျငင္းဆန္လာၿပီး, သူႏွင့္အကြာအေဝးတစ္ခုျခားကာ စီးတားလိုက္သည့္သေဘာပင္ ။ ထိုသည္က hyung တို႔ျပဇာတ္႐ုံမွာျဖ​စ္ခဲ့သည့္ကိစၥကေန စကားလုံးေတြကိုရွင္းရွင္းလင္းလင္းၾကားခဲ့ရသည့္အက်ိဳးဆပ္ပင္ျဖစ္ေလသည္ ။ သို႔ေသာ္ hyung ကသူ႕ကိုထုတ္ေမးလာတာမ်ိဳးမရွိသလို ,ရွင္းျပခ်က္ေတြလည္းမေတာင္း စိတ္ဆိုးၿပီးခါးခါးသီးသီးျဖစ္ေနတာမ်ိဳးလည္းမရွိ ။ hyung ကသူ၏စိတ္ကိုနားလည္စြာ သူ႕ကိုအခက္မေတြ႕ေအာင္ အလိုက္အထိုက္ဆက္ဆံေပးေနတုန္းေပ ။ထို႔ေၾကာင့္ ထိုကိစၥႏွင့္ပက္သက္၍ျပန္အစမေဖာ္ခ်င္သည့္သူသည္လည္း hyung ရွိေစခ်င္သည့္အေျခအေနအတိုင္းသာ အလိုက္သင့္ေနေပးလိုက္ေလသည္ ။ သူႏွင့္ hyung၏ဆက္ဆံေရးကအဆိုးႀကီးမျဖစ္သြားတာဘဲ ကံေကာင္းလွေနၿပီ မဟုတ္လား

ထို႔ေနာက္​ SeokBin ကားကိုထုတ္၍သာတကၠသိုလ္အျပင္သို႔ေမာင္းထြက္ခဲ့လိုက္ေတာ့သည္ ။သို႔ေသာ္ သူတို႔တကၠသိုလ္ပတ္ဝန္းက်င္ကိုေက်ာ္လာၿပီးေတာ့ Seoul National University အနားရွိ ကားမွတ္တိုင္ကိုအေရာက္တြင္ Tae hyung ကိုမထင္မွတ္ဘဲေတြ႕လိုက္ရသည္မို႔ မ်က္ေမွာင္ၾကဳတ္သြားရေလသည္ ။ မွတ္တိုင္ရွိထိုင္ခုံေနရာတြင္ထိုင္ကာ တစ္ခုခုကိုစူးစမ္းရွာေဖြေနဟန္ရွိသည္မွာ Bus ကားကိုေစာင့္ေနသည့္ဟန္မတူ.. Bus ကလည္းအခုခ်ိန္ေလာက္ဆို ထြက္သြားေလာက္ၿပီးျဖစ္သည္.. ၿပီးေတာ့ အနားရွိေက်ာင္းသူႏွစ္ေယာက္ကိုလည္းဘာေတြေမးေနသည္မသိ ..hyung ၏ပုံစံကတစ္ခုခုကိုစုံစမ္းေနဟန္

ထို႔ေနာက္သူလည္း အေၾကာင္းအက်ိဳးကိုသိခ်င္သည့္အတြက္ေၾကာင့္ ကားကို Bus ကားမွတ္တိုင္အေရွ႕တြင္ခတၱမွ်ရပ္ေစလိုက္ေလသည္ ။ၿပီးေနာက္

" hyung ဘာလုပ္ေနတာလဲ "

​ကားေပၚကေန လွမ္းေမးလိုက္ေတာ့ hyung က ေက်ာင္းသူေလးေတြႏွင့္စကားေျပာေနရာကေန သူ႕ကိုမ်က္လုံးေလးပင့္ၿပီးၾကည့္လာေလသည္

" ေအာ့​ SeokBin မ​ျပန္ေသးဘူးလား "

"ျပန္မလို႔ဘဲ ။ hyung က Bus နဲ႕ျပန္မလို႔လား " ​

SeokBin မသိခ်င္ေယာင္ေဆာင္၍သာ စကားလွမ္းလိုက္ေလသည္ ။

" မဟုတ္ဘူး Seokbinရဲ႕၊ ဒီမွာသိခ်င္တာေလးရွိလို႔ စုံစမ္းၾကည့္ေနတာ " ​​

" အင္း... ဒါဆို က်ေနာ္အရင္ျပန္ႏွင့္ရမလား "

Seokbin ဘာကိစၥရယ္လို႔သိခ်င္ေသးေပမဲ့ စည္းမေက်ာ္သင့္ဘူးဟုထင္သည့္အတြက္​ေၾကာင့္ ဘာမွထပ္မေမးျဖစ္ေတာ့ေပ ။

" အင္း ဂ႐ုစိုက္ၿပီးျပန္ေနာ္ "

သူက hyung ကိုျပန္လိုက္ပို႔ရမလားဟု သြယ္ဝွိုက္ေမးလိုက္ေပမဲ့ hyung ကတစ္ခါတည္းႏႈတ္ဆက္စကားဆိုကာ ေရွာင္တိန္းသြားေလသည္မို႔ ။ မတက္နိုင္စြာပင္ ေမာင္းထြက္လာရေလသည္ ။ထိုစဥ္တြင္ သူဆက္ၾကားလိုက္ရသည္က ေက်ာင္းသူေလးႏွစ္ဦး၏ Tae hyung ကိုျပန္ေျဖသည့္စကားပင္

" အစ္ကိုေျပာပုံအရဆို ပထမႏွစ္ေတြထဲကျဖစ္မယ္ အငယ္မ နင္အဲ့ဒီနာမည္ၾကားဖူးလား "

" Jeonranto ဆိုတဲ့နာမည္ေတာ့ ညီမတို႔ major ဘက္မွာမၾကားဖူးဘူး ။ ဂ်ပန္ကေျပာင္းလာတဲ့ပုံဘဲ နာမည္ကေတာ့ "

ဆက္ခနဲၾကားလိုက္ရသည့္ Jeonranto ဆိုသည့္နာမည္ေၾကာင့္ SeokBin ကား စီယာတိုင္ကိုကိုင္ထားသည့္လက္ေခ်ာင္းေတြကတင္းခနဲျဖစ္သြားရေလသည္ ။ကားကို ငါးဘီးစာအကြာအေဝးေလာက္ေ႐ြ႕ၿပီးေနာက္ရပ္လိုက္ကာ ကားမွန္မွတစ္ဆင့္ hyung ဘက္ကိုျပန္လွည့္ၾကည့္ေတာ့ ညီအစ္မႏွစ္ေယာက္ျဖစ္ဟန္တူသည့္ ေက်ာင္းသူႏွစ္ေယာက္မွာထြက္သြားၿပီျဖစ္သည္ ။ hyung ကေတာ့ သက္ျပင္းခ်၍ ခပ္ေတြေတြေလးျဖစ္ေနေလသည္ ။ၿပီးေနာက္ သူကားကို ဆက္ေမာင္းထြက္လာကာ အေတြးေတြဟာလည္းစတင္ဝင္ေရာက္လာေလသည္ ။

hyung သည္ Jeonranto ႏွင့္က်မွ ဘာလို႔အခုေလာက္ထိျဖစ္ေနရသနည္း သူနားမလည္နိုင္ ။
Jeonranto ဟာ hyung အေပၚဘယ္လိုအခ်ိဳးခ်ိဳးခဲ့သည္ကိုလည္း သိေနပါလ်က္ႏွင့္ ဆက္ပက္သက္ဖို႔ဘာလို႔ ႀကိဳးစားေနရသနည္း ။ လြန္ခဲ့တဲ့ သုံးေလးရက္ေလာက္ကမွ Busan ကေနအျပန္ Jeonranto သည္ hyung ကိုသူ႕ကားႏွင့္တမင္တင္ေခၚခဲ့ၿပီး လမ္းတစ္ဝက္အေရာက္တြင္ အတင္းဆင္းေနခိုင္းခဲ့ကာ လမ္းေပၚ၌ပင္ hyung ကိုပစ္စလက္ခက္ခ်န္ခဲ့သည္မဟုတ္လား ။ ဤသို႔ အက်င့္မေကာင္းသည့္ေကာင္ကို hyung ကဘာလို႔ ထပ္ၿပီးဆက္သြယ္ခ်င္ရသနည္း ။ ဟိုကေတာင္ အစအနေဖ်ာက္ၿပီးေနေနသည္ကို hyung ကဘာလို႔လိုက္ရွာေနရသနည္း ။

သူဘဝင္မက်လွပါ hyung ကို Jeonranto ႏွင့္မပက္သက္ေစခ်င္ပါ နည္းနည္းေလးေတာင္မွ သူ hyung ကိုအထိမခံနိုင္ပါ ။ သူသည္ သူ႕ခံစားခ်က္ကိုသိရွိခဲ့ၿပီး Yuina ကိုလမ္းခြဲစကားဆိုခဲ့သည္မွာ Yuina အေပၚအားနာစိတ္ေၾကာင့္လည္းပါသလို Jeonranto ထံမွ hyung ကိုကာကြယ္ခ်င္၍လည္းျဖစ္သည္ ။ သူကိုယ္တိုင္လည္း hyung အေပၚခံစားခ်က္ရွိေနၿပီး
Jeonranto က သူ႕ကိုေဖာက္ျပန္တဲ့လူလို႔စြပ္စြဲၿပီး သေဘာမက်သည့္အတြက္ Yuina ႏွင့္သူ လမ္းခြဲလိုက္လွ်င္ကိစၥရွင္းသြားမည္ဟု ထင္ခဲ့ေလသည္ ။ သို႔ေသာ္ သူထင္သလိုမျဖစ္ခဲ့ Jeonranto ကဆက္လက္ႏွောင့္ယွက္ေနတုန္းျဖစ္သလို ယခုပစ္မွတ္က Tae hyung ျဖစ္လာေလၿပီ ။ အကင္းပါးသည့္Jeonrantoက သူ႕မ်က္လုံးေတြကိုျမင္သည္ ထို႔ေၾကာင့္ Tae hyung ကိုအသုံးခ်ေတာ့မွာပင္

ဘယ္လိုဘဲျဖင့္ျဖင့္ သူကေတာ့ hyung ကိုအပါမခံနိုင္ ။ hyung စိတ္ကႏုႏုေလးရယ္ Jeonranto ေၾကာင့္ ခံစားသြားရမွာမ်ိဳးမျဖစ္ေစခ်င္ ။ ဒါသည္က ပိုင္ဆိုးပိုင္နက္ေျပာျခင္းေတာ့မဟုတ္ေပ သူေတာင္ခ်စ္ေပမဲ့ အေရာင္မစြန္းေစဘဲ တဖက္သတ္သေဘာမ်ိဳးဘဲသိမ္းထားတာ hyung လိုအျဖဴထည္ေလးကိုမထိခိုက္ေစခ်င္လြန္း၍ သန့္သန့္ေလးထားထားတာပင္ ။ထို႔ေၾကာင့္ Jeonranto ႏွင့္ hyung ၏ၾကားတြင္သူ႕ကေတာ့ မရရေအာင္တားရပါမည္ ။
........................................................................ ....

Taevender သည္ ညေရာက္ေတာ့ ထမင္းမစားခ်င္သည္ႏွင့္ Kalguksu လုပ္စားရန္စဥ္းစားလိုက္ေပမဲ့ ပါဝင္ပစၥည္းေတြက အိမ္မွာမရွိသည့္အတြက္ တစ္ရပ္ကြက္အေက်ာ္ကဆိုင္တြင္သာ သြားဝယ္စားလိုက္ေလသည္ ။ မဟုတ္လည္း တစ္ေယာက္တည္းဘဲမို႔ အလြယ္တကူသာဝယ္စားလိုက္ေလသည္ ။ Kalguksu ဆိုင္က သူတို႔လမ္းထဲတြင္လည္းရွိေပမဲ့ အရသာကမႀကိဳက္လွ ။ ဟိုဘက္ရပ္ကြက္ရွိဆိုင္မွတစ္ခါစားဖူးတုန္းက မွတ္မွတ္ရရ ဘဘႀကီး၏ဟင္းရည္အရသာႏွင့္ဆင္တူသည္မို႔ သူထိုဆိုင္ကိုသတိထားမိခဲ့တာျဖစ္ေလသည္ ။ ထိုဆိုင္ကKalguksu ကိုစားတိုင္း Taevender သည္ လူႏွစ္ေယာက္ကိုသတိရစၿမဲပင္ ။ ထိုသည္က အရင္က ထိုဟင္းရည္ကိုအရသာရွိရွိအမ်ားႀကီးခ်က္ေကြၽးခဲ့ဖူးသည့္ ဘဘႀကီး ႏွင့္ သူတို႔အိမ္ကKalguksu ဟင္းရည္ကိုသိပ္ႀကိဳက္လြန္းသည့္ ေမာင့္ကိုပင္ ။ ေမာင့္ကိုသူျမတ္နိုးမိသည့္အစိတ္အပိုင္းေလးထဲတြင္
ေမာင္က အစားအေသာက္တိုင္းကိုတန္ဖိုးထားၿပီးစားေသာက္တတ္သည့္အခ်က္ကေလးလည္းပါဝင္ေလသည္ ။ ေမာင္က ဘုရင္ဆိုေပမဲ့ ဟိန္းဟန္ေတြႏွင့္ႀကီးႀကီးက်ယ္က်ယ္မရွိ သူတို႔လို သူဆင္းရဲအိမ္မွအစားအစာလည္း မၫူစူဘဲစားေသာက္ပါသည္ ။

ထိုအက်င့္ေလးဟာ ယခုဘဝတြင္လည္းပါလာသည္မွာ ေမာင္ပီသေၾကာင္းျပေနပါသည္။ ဤဘဝတြင္လည္း သူခန့္မွန္းမိသေလာက္ေမာင္သည္ Yuina ၏ေမာင္ျဖစ္သည့္အျပင္ ဂ်ပန္ဘုရင္၏ေျမးျဖစ္သည့္တိုင္ တခ်ိဳ႕သူေဌးကေလးေတြလို ႀကီးႀကီးက်ယ္က်ယ္ေတြမရွိ ။ Busan မွာတုန္းက ျမင္ခဲ့ရသည့္ ရိုးရာေစ်းမွာမုန့္ပတ္ဝယ္စားသည့္ေကာင္ေလးသည္ အတိတ္ကပြဲေတာ္ရက္ေတြ၌ ရိုးရာမုန့္ေတြလိုက္ျမည္းစမ္းတတ္သည့္ ဘုရင္ငယ္တစ္ပါးႏွင့္တစ္ထပ္တည္းပင္ ။ ေမာင္ဟာ ျပန္လည္ေမြးဖြားလာခဲ့သည့္တိုင္ သူ႕အတြက္ေတာ့တစ္ဦးတည္းေသာ ျမတ္နိုးဖြယ္ရာျဖစ္ေနတုန္းပါေပ

သူတစ္ေယာက္တည္းစားၿပီးေသာက္ၿပီးေတာ့ လမ္းေလွ်ာက္ၿပီးသာ ျပန္လာခဲ့လိုက္ေလသည္ ။ ဒီဘက္ရပ္ကြက္ႏွင့္ သူတို႔ရပ္ကြက္ဟာ သိပ္မေဝးလွေသာေၾကာင့္ျဖစ္သည္ ။ထိုစဥ္ သူလမ္းေလွ်ာက္လာရင္းကေန အေရွ႕ခပ္လွမ္းလွမ္းလမ္းၾကားေပၚတြင္ဆိုက္ရပ္ထားသည့္ သူရင္းႏွီး​ေနေသာကားတစ္စီးကိုေတြ႕လိုက္ရသည္မို႔ မ်က္လုံးကလတ္ခနဲျဖစ္သြားရေလသည္ ..

ဒါသည္က ေမာင့္ကားမဟုတ္လား ။ ဤသို႔ေသာ ကားဒီဇိုင္းကို ဒီဘက္မွာစီးတာ သူသိပ္မေတြ႕ဖူးေပ ။ ထို႔ေၾကာင့္လည္း ဤကဲ့သို႔ကားပုံစံကိုျမင္တိုင္း ေမာင့္ကားဟူ၍ေတြးမိျခင္းပင္ ။ ၿပီးေတာ့ မနက္ကလည္း သူတို႔ေက်ာင္းနားတြင္ ဤကားပုံစံမ်ိဳးကိုေတြ႕လိုက္ရေသးသည္ အမွတ္တမဲ့မို႔ကားနံပါတ္ကိုသူမေတြ႕လိုက္ေပမဲ့ ေမာင္မ်ားလားဟူသည့္အေတြးျဖင့္ သူညေနေက်ာင္းဆင္းေတာ့ Seoul National University ကေက်ာင္းသူေလးေတြကိုေမးျမန္းေနမိတာျဖစ္သည္ ။ ဘာလို႔ဆို ေမာင္သည္လည္းတကၠသိုလ္ေက်ာင္းသားအ႐ြယ္ေရာက္ေနၿပီမဟုတ္လား ထို႔ေၾကာင့္သူပိုၿပီးစူးစမ္းမိတာျဖစ္ေလသည္ ။ ယခုလည္း သူတျဖည္းျဖည္းေလွ်ာက္လာၿပီး ထိုကားႏွင့္နီးေတာ့ ကားနံပါတ္ကိုအရင္ေျပးၾကည့္မိသည္..

" ZG_58842 "

ႏႈတ္ခမ္းကေန ကားနံပါတ္ကိုေရ႐ြတ္ေနရင္း ၿပဳံးသြားမိေလသည္ ။ ဟုတ္သည္ ဒါသည္ေမာင့္ကားနံပါတ္ပင္ ။ ခ်က္ခ်င္း သူေဘးပတ္ဝန္းက်င္မွာ ေမာင့္ကိုအသည္းအသန္ရွာမိေလသည္ ။ ေမာင္က ဆက္သြယ္လိုက္မယ္ေျပာၿပီး သူ႕ကိုပစ္ထားခဲ့သည္မဟုတ္လား

ထိုစဥ္တြင္ ႐ုတ္တရက္ၾကားလိုက္ရသည့္ကားအ​ေနာက္ဘက္မွအသံေၾကာင့္ ကားဖင္ဘက္ဆီသို႔စူးစမ္းမိေလသည္

ကလစ္ ကလစ္ 💢

​" ေဟ်ာင့္ ေသခ်ာျဖဳတ္ဟ "

" ဒီကားကေသာက္ရမ္းေစ်းႀကီးတာေနာ္ ဒီမီးလုံးရရင္ေတာင္ ေထာသင့္သေလာက္ေထာၿပီ "

​အသံခပ္ႀကိတ္ႀကိတ္ေၾကာင့္ Taevender ထိုေကာင္ေလးႏွစ္ေယာက္ကို မ်က္ေမွာင္ၾကဳတ္၍ၾကည့္မိလိုက္ေလသည္ ။ ဤရပ္ကြက္သည္ သူခိုးအရမ္းမ်ားသည္ဟု သူၾကားေသာေၾကာင့္ျဖစ္ေလသည္

"ဒီမွာ ရပ္လိုက္ေနာ္! ! ကားမီးလုံးကို ျဖဳတ္ခိုးေနတဲ့ ေကာင္ေလးေတြ "

သူေျပာလိုက္ေတာ့ အစကသူ႕ကိုသတိမထားမိဘဲ ကားမီးလုံးကိုအသည္းအသန္ျဖဳတ္ေနသည့္ေကာင္ေလးႏွစ္ေယာက္မွာလန့္ဖ်န့္သြားေလသည္ ။ ၿပီးေနာက္ မတ္တပ္ရပ္လာကာ ဟန္ကိုယ္ဖို႔၍ ထိုေကာင္ေလးႏွစ္ေယာက္က

" ခင္ဗ်ား ဘာ​ေတြလာေျပာေနတာလဲ! ဒါက်ဳပ္ကား ။ကားမီးလုံးပ်က္သြားလို႔ ျဖဳတ္ထားမလို႔လုပ္ေနတာ "

" လာလိမ္​​ေနတာ! ဒါ ေမာင့္ကား ။ ငါ့ကိုမလိမ့္တပတ္လာမလုပ္နဲ႕ ရဲတိုင္ပစ္လိုက္မွာေနာ္ "

" ဟာ.. ေစာက္စကားေတြမ်ားတယ္ကြာ! "

​ထိုေကာင္ေလးေတြ၏မ်က္လုံးဟာမရိုးသား ။ အသက္ၾကည့္ေတာ့ အထက္တန္းေက်ာင္းသားအ႐ြယ္ေလးေတြျဖစ္သည္ ။ ၿပီးေတာ့ ကားနံပါတ္အရေမာင့္ကားမွန္းေသခ်ာေနတဲ့ကိစၥမွာ Taevender သည္ ထိုေကာင္ေလးေတြကိုမရရေအာင္ပိတ္တားေတာ့ေလသည္ ။

" ကားနားကဖယ္လိုက္ေနာ္ ! မဟုတ္ရင္ ဒီမွာ ရဲစခန္းကိုဖုန္းဆက္လိုက္ရမလား "

Taevender ​ကားဖင္ဘက္သို႔အတင္းဝင္ကာ ထိုေကာင္​ေလးေတြကိုတြန္းထုတ္လိုက္ၿပီး ဖုန္းထဲကေန ရဲစခန္းဖုန္းနံပါတ္မွတ္ထားသည္ကိုျပန္ရွာလိုက္ကာ ဖုန္းမ်က္ႏွာျပင္ကိုေထာင္ျပလိုက္ေလသည္ ။ ထိုအခါ ထိုေကာင္ေလးေတြကအေလာတႀကီးအေနာက္သို႔ဆုတ္၍ ေျပးၾကေတာ့သည္။ သို႔ေသာ္ ႐ုတ္တရက္ ျမင္လိုက္ရသည္က အလ်င္အျမန္ျပန္ေျပးေသာေကာင္ေလးတစ္ေယာက္၏လက္ထဲတြင္ ကားမီးလုံးတစ္လုံးပါသြားသည္ကိုပင္..

" ​ဟင္! "

" ​သူခိုးေတြ မေျပးနဲ႕ ရပ္လိုက္! "

​Taevender အေနာက္ကေန အျမန္ေျပးလိုက္ရေတာ့ေလသည္ ။

တစ္ဖက္တြင္လည္း Jeonranto တစ္ေယာက္ လူျပတ္သည့္ ​​​လမ္းၾကားေလးတစ္ခုတြင္​ လူတစ္စုႏွင့္ ႐ုန္းရင္ဆန္ခပ္ျဖစ္ေနရေလသည္ ။

" ေကာင္းေကာင္းေျပာေနတုန္း​ ျပ​န္လိုက္တာေကာင္းမယ္ ။ မဟုတ္ရင္ က်ေနာ့္အဆိုးမဆိုနဲ႕ "

" သခင္ေလးကို ျပန္ေခၚလာခဲ့ရမွာ က်ေနာ္တို႔တာဝန္ပါ ။ ဘုရင္ႀကီးရဲ႕အမိန့္ပါ "

Jeonranto မ်က္ေမွာင္ၾကဳတ္လ်က္ အေရးမပါလိုက္တာဆိုသည့္သေဘာျဖင့္စုတ္သတ္လိုက္ေလသည္

" ကိုရီးယားမွာ ခ်က္ခ်င္းႀကီးေတာ့ အေျခခ်မသြားပါဘူး ဘာေတြေၾကာက္ေနတာလဲ? "

" အရင္ဦးဆုံး ဘုရင္ႀကီးေခၚတဲ့ဆီလိုက္ခဲ့ရပါမယ္ ။ ဘုရင္ႀကီးက သခင္ေလးျပန္မပါလာရင္ Tokyo ကိုျပန္မလာနဲ႕လို႔ အမိန့္ေပးထားပါတယ္ "

" မလိုက္နိုင္ဘူးလို႔ ေျပာၿပီးသား "

Jeonranto စိတ္ညစ္ၫူးဖြယ္ ခါးကိုခပ္ေလ်ာ့ေလ်ာ့ေထာက္ထားၿပီး ဆံပင္ေတြကိုသပ္တင္လ်က္ ကိုယ္ရံေတာ္အဖြဲ႕ေခါင္းေဆာင္ကိုေျပာလိုက္ေလသည္ ။ ၿပီးေနာက္ တိုးတိုက္ထြက္သြားလိုက္ေပမဲ့ စကၠန့္အပိုင္းအျခားမွာပင္ သူဟာလူငါးေယာက္၏ ဝိုင္းခ်ဳပ္ႏွောင္ျခင္းကိုခံလိုက္ရေလသည္

" ဒါဘာလုပ္တာလဲ ! လႊတ္ "

​Jeonranto ရႈန္းကန္ရင္း ရႉးရႉးရွဲရွဲျဖင့္ေဒါသထြက္ကာေအာ္ေတာ့ေလသည္

" သခင္ေလးကို မရရတဲ့နည္းနဲ႕ေခၚလာဖို႔အမိန့္ေပးထားပါတယ္ "

ထိုလူငါးေယာက္အဖြဲ႕က သူ႕ကိုေျပာလည္းေျပာရင္းခ်ဳပ္ထားရင္းျဖင့္ ဆြဲေခၚေလသည္ ။ ကိုယ့္ကိုဒီလိုခ်ဳပ္ၿပီးေခၚလာခိုင္းရေအာင္ အျပစ္သားလည္းဟုတ္မေန Jeonranto ကိုမ်ားဒီလိုဆက္ဆံဖို႔ေ႐ြးခ်ယ္ရဲတယ္ ။ ႐ုတ္ခ်ည္း အစီအစဥ္မရွိပါဘဲ ေဒါသေရဆူမွတ္က ဝုန္းခနဲတက္ေဆာင့္သည္ ။ အဘိုးျဖစ္သူကခိုင္းလို႔ လုပ္ရတာသိေပမဲ့ သက္ေတာ္ေစာင့္အုပ္စုကို Jeonranto အျပစ္ပုံခ်မိေတာ့ေလသည္ ။ သူ႕ကိုခ်ဳပ္ထားၾကသည္ကေန မ်က္စိထဲျမင္ျမင္သမွ်ကို ကန္ထုတ္, ထိုးလႊတ္ရိုက္လႊတ္တြန္းလႊတ္ကာ Jeonranto တိုက္ခိုက္မိေတာ့ေလသည္ ။ ထိုအခါ သူ႕ကိုခ်ဳပ္ထားသည့္ လက္ေတြအနည္းႏွင့္အမ်ားေတာ့ ဖယ္ခြာသြားေလသည္ ။ Jeonranto ကေတာ့ ေဒါသမေျပေသးသည္မို႔ သက္ေတာ္ေစာင့္အဖြဲ႕ကၿငိမ္သြားသည္ကိုေတာင္ ေခါင္းေဆာင္ျဖစ္သူ၏အကၤ်ီစကိုဆြဲၿပီး ေဒါသကထြက္လို႔မဆုံးေပ

" ထိုးေလ! ျပန္ထိုးေလ မရရတဲ့နည္းနဲ႕ျပန္ေခၚသြားခ်င္တယ္ဆို! "

​" လာေလ! ! ေသေအာင္ထိုးႏွက္ၿပီး ေခၚသြားေလ "

သက္ေတာ္ေစာင့္အဖြဲ႕သည္ မ်က္လုံးျပဴး မ်က္ဆံျပဴးျဖင့္ေနကာ လည္ပင္းေၾကာေတြပါေထာင္ၿပီးေဒါသထြက္ေနေသာ သခင္ေလးေၾကာင့္ ခဏေတာ့ၿငိမ္ေပးလိုက္ရသည္ ။ အိမ္ေတာ္တစ္ခုလုံးမွာ ေဒါသအႀကီးဆုံးႏွင့္ ေသြးအဆိုးဆုံးျဖစ္သည္မို႔ လမ္းေပၚတြင္သ႐ုပ္မပ်က္ေစရန္ သူတို႔ကသာအရင္ဆုံးေနာက္ဆုတ္ေပးလိုက္ေလသည္

" သခင္ေလး က်ေနာ္တို႔ကို​ႀကိဳက္သေလာက္ထိုးပါ! ၿပီးရင္ အိမ္ေတာ္ကိုေတာ့ ျပန္လိုက္ခဲ့ရပါမယ္ "

" အာ..ေတာက္ ! "

Jeonranto ထက္ထိုးရင္ ဘာမွမဆိုင္သည့္ထိုအုပ္စုဘဲထပ္​နာဖို႔ရွိ​ေလသည္မို႔ ေခါင္းေဆာင္ျဖစ္သူကိုေဆာင့္တြန္းပစ္လိုက္ေတာ့သည္ ။ ထိုစဥ္တြင္ပင္ ႐ုတ္တရက္ၾကားလိုက္ရသည့္ " သူခိုး "ဆိုသည့္ေအာ္သံေၾကာင့္ Jeonranto မ်က္ခုံးပင့္သြားကာ ေစ်းတန္းအေရွ႕လမ္းကအသံမို႔ ေျခရာခံရင္း သူတို႔လက္ရွိရွိေနသည့္ေစ်းတန္းအေနာက္လမ္းမွ ေျပးဆင္းသြားမိေလသည္ ။ သူခိုးသည္ ေသခ်ာေပါက္ အေရွ႕ကေန လမ္းခ်ိဳးလာမွာပင္ ထိုအခါအေနာက္ဘက္ကေန ပိတ္ဖမ္းလို႔ရေလာက္သည္ ။ Jeonranto ျဖတ္ခနဲေျပးထြက္သြားေတာ့ သက္ေတာ္ေစာင့္အုပ္စုကလည္းအေနာက္ကေနလိုက္ေျပးေလသည္ ။ သိပ္မၾကာလိုက္ သူ႕ေျခလွမ္းက်ဲေတြေၾကာင့္ လမ္းအခ်ိဳးကိုေရာက္သြားေလသည္ ။ ထိုအခိုက္ သူလမ္းအခ်ိဳးအေကြ႕ကိုအေရာက္ ကြက္တိမွာပင္ အားက်ိဳးမာန္တက္ေျပးလာေသာ လူႏွစ္ေယာက္ကိုေတြ႕ရေလသည္

" ေမာင္! အဲ့ဒီေကာင္ေလးေတြကိုဖမ္း ဖမ္း "

Jeonranto ကိုမလွမ္းမကမ္းက​ ေျပးလာရင္းႏွင့္ Taevender ကေအာ္ေျပာေတာ့ သူ႕အေရွ႕ေျပးလာသည့္ႏွစ္ေကာင္ကို ပိတ္တားလိုက္ၿပီး သက္ေတာ္ေစာင့္ေတြကပါ ဝိုင္းဝန္းဖမ္းေပးၾကေလသည္ ။ ထိုအခါ ထိုငနဲသူခိုးႏွစ္ေကာင္က အငိုက္အမိမွာခဏတြင္းခ်င္းဖမ္းမိသြားေလသည္ ။ခဏၾကာေတာ့အေမာတေကာေျပးလာသည့္ Taevender က သူ႕အနားသို႔ေဟာဟဲဆိုက္လ်က္ေရာက္လာေလသည္

" ​ဘာျဖစ္တာလဲ ? ခင္ဗ်ားပိုက္ဆံလုေျပးသြားတာလား "

ထိုအခါ ေမာဟိုက္​ေနသည့္ Taevender မွာ ေခါင္းခါရင္းျဖင့္ ေလးပင္စြာေျပာလာသည္က

" မဟုတ္ဘူး ။ ငါ့ဆီကမဟုတ္ဘူး ေမာင့္ ..ေမာင့္ကားမီးလုံးကိုျဖဳတ္ခိုးတာ "

" ဘာ ! "

ခ်က္ခ်င္းပင္ ေမာင္၏အသံ႐ုတ္ခ်ည္းက်ယ္တက္သြားကာ သူခိုးေကာင္​ေလးႏွစ္ေယာက္ကိုလည္း လည္ပင္းမွအကၤ်ီစကိုဆြဲၿပီး ထထိုးေတာ့မည့္အလား အံႀကိတ္လ်က္ရွိေနေလသည္ ။ ထိုအခ်ိန္မွာပင္ ရဲကားသံကိုၾကားလိုက္ရၿပီး ရဲသားမ်ား၏အသံကထြက္လာေလသည္

" ဒီမွာ ျပသာနာထပ္မ​ျဖစ္ၾကပါနဲ႕ ၊ စခန္းေရာက္မွရွင္းၾကပါ "

ထိုသို႔ ဆြဲထိုးဖို႔ လုပ္ေနသည့္ေမာင့္ကို ရဲမ်ားကဝင္တာေပးကာ အားလုံးကိုစခန္းကိုလိုက္ေစခဲ့ေလသည္ ။ သည္လိုႏွင့္ပင္ သူခိုးႏွစ္ေယာက္အျပင္ Jeonranto, Taevender ႏွင့္သက္ေတာ္ေစာင့္မ်ားပါ စခန္းသို႔လိုက္ပါသြားရေလသည္ ။

စခန္းေရာက္ေတာ့ Taevender ကမ်က္ျမင္သက္ေသအေနႏွင့္ သက္ေသထြက္ဆိုရၿပီး ေမာင္ကေတာ့ ကားပိုင္ရွင္ျဖစ္သည့္အေလွ်ာက္ ေမးျမန္းမႈတခ်ိဳ႕ခံရၿပီးေနာက္ ကားမီးလုံးကိစၥကၿပီးသြားေလသည္။ သူခိုးႏွစ္ေယာက္က ေလာေလာဆယ္အခ်ဳပ္ခ်ခံလိုက္ရေလသည္ ။ ဤကိစၥၿပီးေတာ့ Taevender ကစခန္းအျပင္သို႔ထြက္ေနေနရေပမဲ့ ေမာင္ကေတာ့မထြက္လာရေသးေပ ။ လမ္းၾကားထဲက CCTV မွာရိုက္ကူးမိထားသည့္အခ်က္အလက္အရ ေမာင္က လူငါးေယာက္အုပ္စုႏွင့္ရန္ျဖစ္ခဲ့သည္ဟုဆိုေလသည္ ။ထို႔ေၾကာင့္ ထိုကိစၥကိုေမာင္ကဆက္ရွင္းေနရေလသည္ ။ သည္လိုႏွင့္ မိနစ္ပိုင္းေလာက္ၾကာၿပီးတဲ့ေနာက္တြင္ေတာ့ ေမာင္ႏွင့္ လူသန္ႀကီးအုပ္စုျပန္ထြက္လာေလသည္

​သူေမာင့္အနားကပ္ဖို႔လုပ္လိုက္ေပမဲ့ ေမာင္က ဟိုလူငါးေယာက္အုပ္စုႏွင့္စကားေျပာေနေသာေၾကာင့္ၿငိမ္လိုက္ရေလသည္

" ဘုရင္ႀကီးက ဖုန္းဆက္ရင္ေတာ့ ကိုင္ေပးပါလို႔ေျပာပါတယ္ "

Jeonranto အင္းမလုပ္ အဲမလုပ္လုပ္ၿပီး မသိသလိုေနလိုက္သည္ ။ အခုေတာ့ သူ႕ကိုအိမ္ေတာ္ကိုျပန္ေခၚမည့္ကိစၥကိုလက္ေလ်ာ့လိုက္ၿပီျဖစ္သည္ ။ စခန္းေရာက္သည္အထိ ျဖစ္သြားသည္မို႔ တထစ္ေလ်ာ့ေပးလိုက္တာျဖစ္မည္ထင္သည္ ။ ၿပီးေနာက္ သက္ေတာ္ေစာင့္အုပ္စုကကားျဖင့္ ဦးဆုံးျပန္ထြက္သြားေတာ့ေလသည္ ။ ယေန႕တစ္ရက္လုံးလုံး သူ႕ကိုကားႏွင့္ပတ္လိုက္ေနတာ သူတို႔မဟုတ္သည့္အတိုင္းပင္ ျပန္သြားေလၿပီျဖစ္သည္ ။

" ေမာင္ ကိစၥကအဆင္ေျပသြားၿပီလား ၊ ေမာင္ေကာဘယ္နားထိသြားေသးလဲ "

" ဘာျဖစ္ရမွာလဲ? က်ဳပ္ကခ်ည္း သူတို႔ကိုထိုးခဲ့တာ "

လူလစ္သြားသည္ႏွင့္ Taevender ကJeonranto အနားကပ္လာေတာ့သည္ ။ ပုံစံကလည္း ဒဏ္ေၾကးေဆာင္လိုက္ရသည့္သူ႕ထက္ ပိုၿပီးပူပန္ေနသေယာင္မို႔ အျမင္ကပ္စရာေကာင္းေနေလသည္

" ေနစမ္းပါအုံး၊ ခင္ဗ်ားက ​ဘယ္လိုလုပ္ဒီနားေရာက္ေနတာလဲ "

" ​ညစာအ​​ျပင္ထြက္စားတာ လမ္းမွာေမာင့္ကားကိုေတြ႕ၿပီး သူခိုး,ခိုးေနတာပါေတြ႕လို႔ "

" ဒီလိုကားျမင္တာနဲ႕ က်ဳပ္ကားလို႔ထင္ေနတာလား "

" မဟုတ္ပါဘူး ၊ ေမာင့္ကားနံပါတ္ ငါအလြတ္ရသားဘဲ "

အတည္ေပါက္ႏွင့္ ​လြတ္ေျပာလာသည့္လူေၾကာင့္ Jeonranto မ်က္ခုံးပင့္သြားေလသည္ ။ သူ႕ကားနံပါတ္ပါ အလြတ္မွတ္ထားသည္ဆိုဘဲ ဒီလူကသူ႕ကိုေတာ္႐ုံအ႐ူးထေနတာေတာ့မဟုတ္ဘူးဘဲ ။ စိတ္ထဲကေန တစ္ခ်က္ေလွာင္လိုက္ၿပီးေနာက္ ဘာမွမျဖစ္သလို ကားေပၚတက္ၿပီးျပန္မလို႔လုပ္လိုက္ေလသည္ ။ ထိုစဥ္တြင္ ႐ုတ္တရက္ ကားတစ္ဖက္ျခမ္းမွ တံခါးကလစ္ခနဲပြင့္သြားၿပီး ထိုင္ခုံကအိက်သြားေလသည္ ။

" ခင္ဗ်ား ! ဘာလုပ္တာလဲ "

" ေမာင္က ဘာမ​ေျပာညာမေျပာနဲ႕ ထထြက္သြားဖို႔လုပ္ျပန္တာကို "

" အဲ့ဒါ ဘာဆိုင္လဲ "

" ေမာင္က ကတိမတည္ဘူး ငါ့ကိုဆက္သြယ္မယ္ေျပာၿပီး​ သုံးရက္ေလာက္ၾကာတဲ့အထိ မဆက္သြယ္ဘူး ၊ လိပ္စာလည္းမေပးထားေတာ့ ငါဘယ္ေလာက္အခက္ေတြ႕လိုက္သလဲ "

ထိုအခါ Jeonranto က်စ္ခနဲ​စုတ္သပ္ကာ စိတ္မရွည္စြာျဖင့္ကားစက္နိုးလိုက္ၿပီး

" ​ခင္ဗ်ားလိပ္စာေျပာ.. "

" ​ဟင္ "

" အိမ္လိုက္ပို႔မလို႔ "

ဒီေန႕ ထိုလူဆီတြင္ ေက်းဇူးေႂကြးတင္သြားၿပီမို႔ အျပန္အလွန္အေနႏွင့္ အေႂကြးျပန္ဆပ္သည့္သေဘာပင္ျဖစ္ေလသည္

" ​တကယ္လား ေမာင္ ။ သိပ္ေတာ့မေဝးပါဘူး ဒီနားေလးတင္ဘဲ "

​" Ok ၊ ႀကိဳေျပာထားမယ္ ပါးစပ္ပိတ္ၿပီးလိုက္ခဲ့ စကားမ်ားေနရင္ လမ္းေပၚထားခဲ့မွာ "

" ေျပာတာ​ ၾကားလား "

​" ဟုတ္ ေမာင္ "

ေျပာေတာ့​ အူတူတူႏွင့္ ျပန္ေျဖေလသည္ ။ ၿပီးေတာ့ ၿငိမ္ကုတ္သြား၍ သူ႕ကိုၾကည့္လိုက္ၿပဳံးလိုက္ျဖင့္လုပ္ေနေတာ့ေလသည္ ။ သူကေတာ့ အျမင္ကပ္ကပ္ႏွင့္အဖက္ကိုမလုပ္ေပ ။ထိုမွ မိနစ္အနည္းငယ္ေလာက္ကားေမာင္းလာၿပီးေနာက္တြင္ နာမည္ႀကီးေသာ Luxury Apartments ေရွ႕ဆိုက္ေရာက္ေလသည္ ။ ဒီလိုေနရာမ်ိဳးမွာေနနိုင္သည္က ေက်ာင္းဆရာလစာ ျပဇာတ္႐ုံကလစာေလာက္နဲ႕ေတာ့မရေပ ။ေသခ်ာသည္က Han SeokBin အမ္းထားသည္ပင္ျဖစ္မည္

" ေမာင္ အိမ္ထဲဝင္ပါအုံး​လား "

" ဝင္ၿပီး ဘာလုပ္ရမွာလဲ "

သူဘုကလန့္ေျပာလိုက္ေတာ့ ဘာမွဆက္မေျပာလာေတာ့ေပ ။ သို႔ေသာ္ သူ႕လက္ဖဝါးကို ခပ္ဖြဖြဆုပ္ကိုင္လာကာ

" ဘာဘဲ​ျဖစ္ျဖစ္ ေမာင္ငါ့ဆီကိုျပန္လာေပးလို႔ ေက်းဇူးတင္ပါတယ္ေနာ္ ။ ေမာင္ငါ့ကို ျပန္မွတ္မိသည္အထိ ငါေစာင့္ပါ့မယ္ ။ ေမာင့္အနားမွာေတာ့ေနခြင့္ျပဳပါေနာ္ "

​အဲ့ဒီေမွ်ာ္လင့္တႀကီးမ်က္လုံးေတြ ,သူ႕ကိုျမင္တိုင္းအဓိပၸါယ္မရွိ တလတ္လတ္ျဖစ္ေနတတ္သည့္မ်က္လုံးေတြ, တခါတရံ တစ္စိတ္တစ္ေဒသကေဆြးရိပ္သန္းေနသည့္ မ်က္ဝန္းေတြ သူနားလည္ရန္ခက္ခဲလွသည္မို႔ ျမင္ျပင္းကပ္လွသည္ ။ ၿပီးေတာ့ သူ႕ကိုသိခဲ့ဖူးသလို , ပက္သက္ခဲ့ဖူးသလို စကားလုံးေတြက Jeonranto အဖို႔စိတ္အႏွောင့္အယွက္ျဖစ္ရေလသည္ ။ သို႔ေသာ္ ဤကဲ့သို႔ ဘာမွန္းမသိသည့္အမွိုက္ထုပ္လိုလူဟာ ကစားၾကည့္ဖို႔အတြက္ေတာ့ အသစ္အဆန္းျဖစ္ၿပီး စိတ္ဝင္စားဖို႔ေကာင္းေနေလသည္

" ​ေနခြင့္ျပဳ၏ မျပဳ၏ဆိုတာ ခင္ဗ်ားအေပၚမွာဘဲမူတည္တာေလ ၊ က်ဳပ္လိုေကာင္နား လြယ္လြယ္နဲ႕ကပ္လို႔ရမယ္ထင္လို႔လား ၊ အနည္းဆုံးေတာ့ ခင္ဗ်ားဘက္ကလည္းႀကိဳးစားအားထုတ္မႈလိုတာေပါ့ "

Jeonranto ထိုလူလက္ထဲမွ သူ႕လက္ဖဝါးကို ဆက္ခနဲခါ႐ုန္းလြတ္လိုက္ၿပီး အကဲစမ္းသည့္သေဘာျဖင့္ဆြၿပီးေျပာေပးလိုက္ကာ မ်က္ခုံးတစ္ဖက္ပင့္ျပလိုက္ေလေတာ့..

" ေမာင္လက္ခံဖို႔ ငါဘာလုပ္ရမလဲ ေမာင္ေျပာေလ ၊ငါႀကိဳးစားပါ့မယ္ "

​" အေဝးႀကီးမေျပာနဲ႕ ၊ က်ဳပ္ဖုန္းနံပါတ္ေတာင္ ခင္ဗ်ားမသိဘူးမဟုတ္လား "

ထိုသို႔ေမးလိုက္ေတာ့ မ်က္ႏွာငယ္က်သြားၿပီးေခါင္းညိတ္ျပေလသည္

" က်ဳပ္ဘက္ကေန အရင္ဆက္သြယ္စရာအေၾကာင္းမရွိဘူး "

" က်ဳပ္ဖုန္းနံပါတ္ကိုရေအာင္စုံစမ္းေပါ့ "

ေျပာၿပီး​ ၾကည့္လိုက္ေတာ့ အူတူတူႏွင့္ေခါင္းကုတ္လိုက္ လက္သည္းျခစ္လိုက္လုပ္ေနကာ

" ​ဘယ္ကေန ဘယ္လိုစ,စုံစမ္းရမလဲ ေမာင္ "

" ဟာ ..ေဝးတယ္ကြာ "

Jeonranto စိတ္မရွည္စြာ​​ျဖင့္ မ်က္ႏွာလႊဲ၍ၿငီးျငဴလိုက္ၿပီး

" ​ခင္ဗ်ားလူ! Han SeokBin ဆီမွာ သြားေတာင္း "

" ငါ့လူမဟုတ္ပါဘူး ..ငါနဲ႕ SeokBin ဘာမွမဆိုင္ဘူး ေမာင္ " ​

" ​ေတာမွာသြားေျပာ! ဆင္း.. ဆင္းေတာ့ "

​#Updateေပးလိုက္ၿပီးေနာ္
ကယ္ ဇာတ္လမ္းကအခုမွစမွာ

Continue Reading

You'll Also Like

27.2K 345 158
The ancient saying goes: Most generals come from Guan Xi, while ministers come from Guan Dong. He Lisa was born to be a Star General. She was merely...
4.5K 367 16
taekook top-Jeon Jungkook bottom -kim taehyung
7.6K 454 23
α€‘α€α€»α€…α€Ία€Ÿα€―α€α€±α€«α€Ία€†α€­α€―α€žα€±α€¬ α€™α€„α€Ία€Έα€›α€šα€Ί..... ငါကြိုးဆွဲရာကစေ.. .α€„α€«α€·α€€α€­α€―α€žα€¬α€™α€Όα€α€Ία€”α€­α€―α€Έα€…α€±.. ငါ့ထဢခစားစေ..