Bittersweet Love

By ShaneMoeSat

2.5K 250 51

ကိုယ့်ဘဝရဲ့အမှောင်ဆုံးအချိန်ရော အလင်းဆုံးအချိန်ရောမှာပါ မင်းကိုသိမ်းပိုက်ထားချင်တယ်🖤 Sean// More

Ep..[2]
Ep..[3]
Ep..[4]

Ep..[1]

1K 71 8
By ShaneMoeSat


[Unicode]

ရှင်းလင်းနေတဲ့လမ်းနဲ့အတူ...သန့်ပြန့်နေတဲ့တိုက်ကြီးများရှိသောနေရာဟာ...မြို့၏လူချမ်းသာများစုဝေးနေထိုင်ရာရက်ကွက်တစ်ခုဖြစ်မှန်း မြင်လိုက်တာနဲ့လူတိုင်းသိကြမည်ထင်...။

အေးချမ်းနေသောရက်ကွက်အတွင်းရှိ ရှင်းသန့်နေသောကွန်ကရစ်လမ်းထက်တွင် ကျယ်လောင်လွန်းတဲ့အသံနဲ့အတူ မဲမှောင်ပြောင်လက်နေသော ဆိုင်ကယ်တစ်စီးဟာ အရှိန်ပြင်းပြင်းနဲ့ဖြတ်လို့မောင်းသွားခြင်းဖြင့်...တိတ်ဆိတ်နေသောပတ်ဝန်းကျင်တစ်ခုလုံး ဆူညံပွက်သွားရတော့သည်...။

တစ်ကိုယ်လုံးအနက်ရောင်တွေ ဝတ်ဆင်ထားပြီးအနက်ရောင်ဆိုင်ကယ်ကို မိုက်ကန်းကန်းစီးသွားတဲ့ထိုလူကတော့ ဘယ်သူ့ကိုမှဂရုမစိုက်သည့်ဟန်နှင့်...။

ကျွီးးး!

တစ်လမ်းလုံးကိုဒုက္ခပေးလို့အပြီးတွင်
ခြံဝန်းအကျယ်ကြီးအတွင်းရှိခန်းနားလွန်းတဲ့Xiaoအိမ်တော်ကြီးရှေ့ရောက်မှပဲထိုဆူညံသောဆိုင်ကယ်စက်သံဟာရပ်တန့်သွားတော့သည်...။
အိမ်ကြီးထဲတွင်တော့ ထိုဆိုင်ကယ်သံကြားတာနဲ့ အစေခံတွေအားလုံး ပြာယာခတ်သွားရပြီး  လိုတာထက်ပို၍သတိထားနေရသည်...။

အစေခံတွေအားလုံးကြောက်လန့်နေသော ထိုအနက်ရောင်လူသားကတော့ဘာကိုမှဂရုမစိုက်သည့်ဟန်နှင့်Smartကျကျပင် အနက်ရောင်ဆိုင်ကယ်ပေါ်မှဆင်းလာသည်...။
6"ပေကျော်သောအရပ်ဖြင့်ကျစ်လစ်တောင့်တင်းနေသောခန္တာကိုယ်အချိုးအစားဟာ ဆိုင်ကယ်ပေါ်မှဆင်းလာသည့်အချိန်တွင်မိမိုက်လွန်းစွာရှိပြီး...Helmetဆွဲချွတ်လိုက်တဲ့လက်များသည်လဲ သွေးကြောတွေအထင်းသားနှင့်ကြည့်ကောင်းလှသည်...။

Helmetအောက်တွင်ပုန်းလျိုနေသော ဆံပင်ရှည်ရှည်တွေဟာထိန်းချုပ်မှုကင်းလွှတ်သွားသည်နှင့် မျက်နှာရှေ့သို့ဖွာခနဲကျဆင်းလာပြီး
ခပ်ရေးရေးပင်မြင်ရသေးသောမျက်နှာသည်
စူးရဲနေသည့်မျက်ဝန်းတွေနဲ့ ၊ ခပ်တင်းတင်းစေ့ပိတ်ထားသောနှုတ်ခမ်းပါးတို့ကြောင့်အလိုလိုနေရင်းနဲ့ပင်ရှိန်ချင်စရာကောင်းလို့နေသည်...။

မျက်နှာရှေ့အုပ်ကျနေသောဆံပင်တို့ကို စိတ်မရှည်စွာ ခပ်ဆက်ဆက်သပ်တင်လိုက်သည့်အခါတွင် ရှင်းလင်းသွားသောမျက်နှာဟာ အေးစက်စက် ဂျစ်ကန်ကန်အနေအထားဖြစ်နေသည့်တိုင် ကြည့်ကောင်းနေဆဲပင်...။

ခြေလှမ်းကျဲကြီးများနဲ့အိမ်ထဲဝင်ပြီး ဘယ်သူ့ကိုမှဂရုမစိုက်တဲ့ပုံစံနဲ့မထီမဲ့မြင်ပြုကာ အပေါ်သို့အေးဆေးတက်သွားတာမို့...အိမ်တော်တစ်ခုလုံးအသက်ရှုချောင်သွားရသည်...။
သူတို့အဖို့တွင်ထိုသခင်လေးရဲ့မျက်နှာအနေအထားနဲ့ အပြုအမှုတွေဟာအသားကျလွန်းနေပြီမို့ ပြသနာမရှာဖို့သာဆုတောင်းကြရသည် မဟုတ်ပါလား...။

သို့သော်သူတို့ရဲ့ဆုတောင်းတွေဟာ မပြည့်ခဲ့ပေ...
တက်သွားပြီးမကြာခင်မှာပဲ အပေါ်ထက်မှဆူညံသံတွေစပြီးကြားရတော့သည်...။

* ဒုန်းးးး! ခွမ်းးးး! *

" ကျုပ်အခန်းထဲကိုဘယ်သူဝင်ထားတာလဲ!!! "

ဟိန်းခနဲထွက်လာတဲ့အသံကြီးကြောင့်...
အားလုံးဟာတုန်ခနဲဖြစ်သွားရပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မည်သူမှအပေါ်သို့တက်မသွားရဲကြပေ....။

" အိမ်ကလူတွေအကုန်နားကန်းနေကြတာလား!! ဟမ်! ကျုပ်မေးတာကိုမကြားကြဘူးလား!!... "

ဒီထက်ပို၍ဒေါသမထွက်ခင် သူတို့အမြန်ဖြေရှင်းဖို့လိုအပ်သည်...ထို့ကြောင့်အားလုံးရဲ့အကြည့်တွေဟာ အစေခံခေါင်းဆောင်ထံသို့စုဝေးလာကြတော့သည်... ။
အသက်၄၀ကျော်အရွယ်ရှိ ထိုအမျိုးသမီးကြီးသည်လဲ အားလုံးနည်းတူ မဝံ့ရဲစွာရှိပြီး
မတက်နိုင်တော့တဲ့အဆုံးမှ အပေါ်သို့ဖြည်းဖြည်းချင်းတက်သွားလိုက်သည်...။

" သ သခင်လေး "

" ခင်ဗျားတို့ကိုခေါ်နေတာဘယ်လောက်ကြာပြီလဲ! နားများလေးနေကြတာလား...
ကဲ ပြော!  ကျုပ်အခန်းထဲဘယ်သူဝင်ထားတာလဲ... "

" ဟို  ဟို... "

" ဟိုတွေဒီတွေလုပ်မနေစမ်းပါနဲ့...
ကျုပ်စိတ်မရှည်ဘူး! မြန်မြန်ပြော!! "

" သ သခင်ကြီးကဝင်ရှင်းခိုင်းလို့ပါ...အဲ့  အဲ့ဒါနဲ့.. "

" တောက်ခ်!  Daddyတို့ကလုပ်ပြီ...ဒီစောက်ရေးမပါတဲ့ဟာတွေကို...စိတ်ပျက်ဖို့ကောင်းလိုက်တာ "

" ............  "

ဆံပင်ရှည်တွေကိုဆွဲဖွရင်း ဒေါသတကြီးဖြစ်နေတဲ့ သခင်လေးကို ဘယ်သူ့မှရဲရဲဝံ့ဝံ့မော့မကြည့်ရဲကြပေ...
ထိုကြည့်ကောင်းလွန်းတဲ့လူသားဟာ သိပ်ကိုမောက်မာပြီး ရက်စက်လွန်းသည်မဟုတ်ပါလား...။

" ဘယ် သူ တွေ ဝင် တာ လဲ "

အေးစက်လွန်းသောအသံနဲ့ တစ်ခွန်းချင်းပီပီသသဖိပြောလိုက်သော စကားအဆုံးတွင် ငြိမ်သက်နေသောအစေခံတွေထဲမှမိန်းကလေးနှစ်ယောက်ဟာ လှုတ်လှုတ်ရှားရှားဖြစ်သွားပြီး မရဲတရဲရှေ့သို့ထွက်လာကာ...

" ကျ...ကျွန်မတို့နှစ်ယောက်ဝင်ရှင်းပေးထားတာပါသခင်လေး... "

ခေါင်းငုံကာပြောနေသောထိုမိန်းကလေးနှစ်ယောက်ကို ထိုလူသားဟာမကြည့်ပါ...
အစေခံခေါင်းဆောင်ကိုသာလှည့်ကြည့်လိုက်ပြီး...အေးဆေးစွာပြောလိုက်သည်က....

" သူတို့နှစ်ယောက်ကို အလုပ်ထုတ်လိုက်... "

" ရှင်! မ မလုပ်ပါနဲ့ သခင်လေး "

* ဂျိမ်းး *

စကားပင်ဆုံးအောင်အပြောမခံပဲ အခန်းတံခါးအားကျယ်လောင်စွာဆွဲပိတ်သွားသည်မို့ ဘာမှမတက်နိုင်တော့ချေ...။

ထို့သို့ပင်Xiaoသခင်လေးဟာ သိပ်ကိုမောက်မာ ၊ ရက်စက်လွန်းသည်...။

.................

" ဆိုင်ပိတ်ကြစို့ ရိပေါ်.. "

" ဟုတ်ကဲ့ ကော... "

ည10နာရီထိုးသွားပြီဖြစ်တာမို့ ရိပေါ်ရဲ့အလုပ်တာဝန်ချိန်ဟာမရှိတော့ပေ....
ထို့ကြောင့် ဆိုင်ကိုမြန်မြန်ပိတ်ပြီး ထမင်းဘူးလေးကိုဆွဲကာ သူနေထိုင်ရာတိုက်ခန်းကျဥ်းလေးစီသို့တက်ကြွစွာပြန်လာခဲ့တော့သည်...။
သိပ်မဝေးတဲ့အကွာအဝေးကြောင့် လမ်းလျှောက်ပြီးသာပြန်လေ့ရှိသည်...။

အေးစက်နေတဲ့ရာသီနဲ့ကိုက်ညီစွာ အင်္ကျီအထူကြီးတွေဝတ်ကာ သွားလာလှုတ်ရှားနေကြသောလမ်းပေါ်ကလူတွေကိုကြည့်ပြီး သူ့အတွေးတွေဟာတောင်တောင်အီအီ...

အချိန်ပိုင်းအလုပ်လေးရှိနေပြီမို့ စားသောက်ဖို့ရာမပူပင်ရတော့ပေမဲ့...အပိုဝင်ငွေဟူ၍သူ့စီတွင်မရှိ...
အလုပ်အတည်တကျရဖို့ ကြိုးစားနေသော်လည်း အတွေ့အကြုံမရှိတဲ့သူ့ကိုဘယ်လုပ်ငန်းကမှ လက်မခံချင်ကြပေ...။
ကျောင်းပြီးသွားပေမဲ့မွေးရက်မြေသို့မပြန်ဘဲ ဒီမှာပဲ အလုပ်ရဖို့ကြိုးစားချင်သည်...
လုပ်ငန်းတစ်ခုကောင်းကောင်းရတာနဲ့ မိသားစုကိုပြန်၍ထောက်ပံ့ချင်တာဟာ သူ့ရဲ့စိတ်ကူးပင်ဖြစ်သည်...။

" ဟူးးး မလွယ်လိုက်တာ... "

ဝူးးးး!

" အမလေး!! "

ကိုယ့်အတွေးနဲ့ကိုယ်လမ်းလျှောက်နေစဥ်...ကျယ်လောင်သောအသံနဲ့အတူ အရှိန်ပြင်းပြင်းနဲ့မောင်းလာသောဆိုင်ကယ်ကြောင့်
သူအပါအဝင်  လမ်းကလူတွေအကုန်လန့်သွားကြသည်...။

ထိုဆိုင်ကယ်ဟာလမ်းဖြတ်ကူးနေတဲ့အန်တီကြီးတစ်ယောက်ကိုမတိုက်ရုံတစ်မယ် ပွတ်မောင်းသွားသည်မို့...ထိုအန်တီးကြီးမှာလမ်းမပေါ်သို့လဲကျသွားရသည်...။

" ကျွတ် ကျွတ်! "

စည်းမဲ့ကမ်းမဲ့မောင်းပြီး ကိုယ့်ကြောင့်တစ်ပါးသူလဲကျသွားတာကိုပင်တစ်ချက်လှည့်ကြည့်ဖော်မရတဲ့ ထိုဆိုင်ကယ်နဲ့လူကိုရိပေါ်ကြည့်မရပါ...။
ဘယ်လိုအရိုင်းအစိုင်းပါလိမ့်...

" ထနိုင်ရဲ့လား အန်တီ...ကျွန်တော်ထူပေးမယ် "

" အ့ ကျွတ် ကျွတ် ကျေးဇူးပါပဲကွယ် "

" ဟုတ်ကဲ့ အဆင်ပြေရဲ့လား လမ်းရောလျှောက်နိုင်လားဗျာ့.. "

" လျှောက်နိုင်ပါတယ်ကွယ်...
အခုခေတ်ကလေးတွေများ ဆိုးလိုက်ကြတာ ဘယ်လိုတွေတောင်ကြမ်းရမ်းနေကြပါလိမ့်... "

ဒူးလေးကိုအသာပွတ်ကာ တီးတိုးဆိုရင်း တစ်ရွေ့ရွေ့လျှောက်သွားသောအန်တီကြီးကိုကြည့်ကာ ရိပေါ်ခုနကလူကိုပို၍အမြင်ကပ်မိသည်...။
တော်တော်ကျက်သရေတုန်းတဲ့ဟာတွေ...
ရိပေါ်အဲ့လိုလူမျိုးတွေဆို သိပ်မုန်းပါသည်...။
ထင်တိုင်းကျဲပြီး ဆိုးသွမ်းနေတဲ့လူတွေကို...တစ်စက်မှအထင်မကြီးသလို...နည်းနည်းမှကြည့်လို့မရပါ...။
စိတ်ပျက်ဖို့ကောင်းလွန်းသည်...။

ခုနကကြည်လင်နေတဲ့စိတ်လေးပင် စည်းမရှိကမ်းမရှိဆိုင်ကယ်တစ်စီးနဲ့ကောင်ကြောင့် အလိုမကျတော့ပေ...
ထို့ကြောင့် လမ်းပင်အေးအေးဆေးဆေးမလျှောက်ချင်တော့ပဲ နေထိုင်ရာတိုက်ခန်းကိုသာခပ်သွက်သွက်ပြန်လာခဲ့လိုက်တော့သည်...။

ဂျောက်!

မီးခလုတ်ကိုဖွင့်ကာသူ့အခန်းလေးကို ပြန်လာကြောင်းသတိပေးပြီး ရေချိုးရန်ပြင်လိုက်တော့သည်...။
တစ်ယောက်ထဲသာနေသောသူ့အခန်းလေးထဲတွင်...အသုံးပစ္စည်းရယ်လို့များများစားစားမရှိပေ...
အခန်းဟာကျဥ်းသော်ငြား တစ်ယောက်ထဲသမားဖြစ်တဲ့သူ့အတွက်တော့လိုတာထက်ပို၍ကျယ်ဝန်းပါသေးသည်...။

ရေချိုးလို့အပြီးတွင် ခေါက်ဆွဲပြုတ်စားရန်ပြင်ဆင်ပြီး ဖုန်းလေးဖွင့်ကာ ခဏတဖြုတ်ဟိုဟိုဒီဒီကြည့်နေလိုက်သည်...။
သို့သော်သူအကြာကြီးနေလို့မရပါ
မနက်စောစောထကာအလုပ်သွားရသည်မို့ လက်ထဲကဖုန်းကိုချကာ အိပ်ဖို့ပြင်ရတော့သည်...။
တစ်နေ့တာအချိန်းပိုင်းအလုပ်တွေကို ဆက်တိုက်လုပ်ခဲ့ရသည်မို့ ပင်ပန်းလွန်းနေတဲ့ခန္တာကိုယ်​ဟာ ခဏလေးအတွင်းမှာပဲနှစ်ခြိုက်စွာအိပ်ပျော်သွားတော့သည်...။

.....................

" Sean! နောက်ကျလှပါလား... "

" ငါကနောက်ကျလို့မရဘူးလား...?  "

မီးရောင်စုံကြားထဲမြူးထူးပျော်ပါးနေတဲ့လူတွေကိုကြည့်ရင်းခပ်အေးအေးဖြေလိုက်တဲ့Sean..
မှုန်ကုတ်နေသောမျက်နှာအနေအထားဟာ သိပ်တော့ကြည်လင်မနေပါ...
ဝင်လာထဲကအထာပေးနေကြသော ကောင်မလေးတွေကိုတောင် အာရုံမထားနိုင်တဲ့ထိ Seanဟာအေးစက်လို့နေသည်...။

မျက်နှာခပ်ချောချောကတော့ မှုန်သုန်နေတာတောင် ကြည့်ကောင်းနေဆဲမို့...လူအများရဲ့အာရုံကိုတော့ ဖမ်းစားထားနိုင်တုန်းပင်...။

" ပျော်မနေဘူးပဲ... "

" သိရင်အပေါက်ပိတ်လိုက်တော့... "

" နားထောင်စရာလားဟ ကဲ ထားလိုက်စမ်းပါကွာ ဘော်ဒါတွေစုံတုန်းအေးဆေးပေါ့... "

ဝီစကီတစ်ခွက်ကိုကမ်းပေးလိုက်ရင် ပြောလာတဲ့သူငယ်ချင်းတွေကို Seanဘာမှပြန်မပြောပဲ ကမ်းလာတဲ့ခွက်ကိုလှမ်းယူလိုက်သည်...။
ဒီနေ့ တကယ်ပဲသူ့စိတ်တွေမကြည်လင်ပါ...
မြင်သမျှပတ်ရမ်းချင်နေတာမို့...
ဘာစကားမှမပြောပဲ တစ်ခွက်ပြီးတစ်ခွက်မနားတမ်းသောက်နေမိသည်...။

" ညစ်နေရင် ပျော်စရာလေးဖန်တီးကြမလား... "

အဖော်အချွတ်တွေနဲ့အလှလေးတွေစီကိုမျက်စပစ်ကာ​ ပြောလာတဲ့Jayကြောင့်...
Seanခေါင်းယမ်းလိုက်ရင်း...

" ငါစိတ်မပါဘူး Jay... "

" မင်းမလိုက်ချင်နေတော့ ငါတော့လစ်ပြီ... "

ပြောပြီးတာနဲ့ Jayဟာအလှလေးတွေဘက်သို့ထထွက်သွားပြီး ပွတ်သီးပွတ်သပ်ဖြင့် စနောက်နေကြတာမို့...Seanနှုတ်ခမ်းတွန့်ရုံလေးပြုံးမိသွားသည်...။
အဖွဲ့ညီလွန်းတဲ့ဒီသူငယ်ချင်းတွေပိုင်ဆိုင်ထားရတာကို သူသဘောကျပါသည်...။

" အို့!  Sean ဘယ်တွေပျောက်နေတာလဲ... "

ထိုbarသို့လာနေကျဖြစ်တဲ့သူ့ကို အားလုံးကသိနေကြတာအဆန်းမဟုတ်သလို အခုလိုမေးလာတာကလဲအဆန်းတော့မဟုတ်...
ဆန်းနေတာက သူ့ပုခုံးပေါ်သို့ရောက်နေတဲ့ထိုအမျိုးသမီးရဲ့လက်တွေ...
အဲ့လိုပိုင်စိုးပိုင်နင်းဆန်သောလုပ်ရပ်မျိုးကိုသူ့အားလာရောက်ပြုမှုခြင်းမှာSeanလုံးဝသဘောမကျပါ...။

" မင်းလက်ကိုဖယ်လိုက်... "

" အို့! SorryပါSeanရယ်...တို့အကျင့်ပါသွားလို့ပါ.. "

မထိတထိအပြုမှုမျိုးနဲ့ပြောလာတဲ့အသံဟာလုံးဝကိုနားထောင်ချင်စရာမကောင်း...
မကြည်လင်တဲ့စိတ်တွေကြောင့် အခုချိန်တွင်ဘယ်သူ့အပေါ်ကိုမှအမြင်ကြည်ပေးလို့မရ...
ပေါက်ကွဲရမဲ့အဆင့်ထိမရောက်သေးတဲ့စိတ်ဟာ အခုလိုတွေကြောင့် အဆုံးထိလွတ်သွားနိုင်တာမို့...သူထိုbarထဲမှာထွက်လာခဲ့လိုက်တော့သည်...။
မဟုတ်ရင် လွယ်ကူနေမှာတော့မဟုတ်...။

ရှင်းလင်းနေသောလမ်းမကြီးထက်တွင်...စိတ်လွတ်လက်လွတ်ဆိုင်ကယ်ပက်မောင်းရသည်ကို သူနှစ်ခြိုက်သည်...။
စိတ်ရှုတ်တိုင်းပြုမှုနေကျမို့ အခုတွင်လဲ အရှိန်ပြင်းပြင်းနဲ့စိတ်ကြိုက်ကိုမောင်းနေလိုက်သည်....။

စိတ်ရှိသလိုထင်တိုင်းကျဲပစ်လိုက်ရတာကိုSeanသဘောကျသည်...
ပိတ်ပင်ခြင်းမရှိတဲ့လွတ်လပ်ခြင်းတွေကိုသဘောကျတယ်...
အရာအားလုံးကို ပိုင်စိုးပိုင်နင်းမောက်မာပစ်လိုက်တော့ရော ဘယ်သူကသူ့ကိုဘာလုပ်နိုင်မှာမို့လို့လဲ...။

Seanကိုအမိန့်ပေးပြီးတားရဲတဲ့သူဘယ်သူရှိမှာမို့လို့လဲ...အဟက်!
သူ့ဘဝကြီးဟာ သိပ်ကိုသာယာပါသည်...။

.................

" အော် ပြန်လာပြီပေါ့... "

မနက်5နာရီထိုးမှအိမ်ပြန်လာတဲ့သူ့ကို ဧည့်ခန်းထဲတွင်ထိုင်ပြီးမိန့်မိန့်ကြီးနှုတ်ဆက်လာသောDaddyကြောင့် အပေါ်တက်တော့မဲ့ခြေလှမ်းတွေကို အရှိန်ထိန်းရင်း ဧည့်ခန်းထဲသို့ဝင်လာခဲ့လိုက်သည်...။

" အစောကြီးနှိုးနေတာလားDaddy... "

" ငါကပုံမှန်ပဲ မင်းသာအချိန်မတော်မှပြန်လာနေတာ "

" ဟမ် ဘာကိုအချိန်မတော်လဲDaddyရ...အခုမှအစောကြီးရှိသေးတာကို... "

" ဘာကွ! မနက်5နာရီမှပြန်လာတာကိုစောတယ် ဟုတ်လား "

" ဟုတ်တယ်လေ... "

လူမိုက်လိုလို ဘာလိုလိုရုပ်နဲ့ သူ့ရှေ့ကသားဖြစ်သူကိုကြည့်ကာ Xiaoသူဌေးသွေးတက်ချင်လာရသည်...။
ဘယ်သူနဲ့တူလို့အဲ့လောက်ထိဆိုးသွမ်းနေရပါလိမ့်...?

" ငါမင်းကို မင်းဦးလေးဆီပို့မိတော့မယ်နော် ရှောင်ကျန့်... "

" အခုချက်ချင်းသွားလိုက်ရမလား Daddy.. "

တကယ်ကြီးသွားမဲ့ရုပ်နဲ့လာပြောနေတဲ့ကောင်ကို သူဘယ်လိုဆုံးမပြောဆိုရပါ့...
စိတ်ဆင်းရဲတယ် ဒီသားနဲ့ကတော့...။

" မင်းကိုငါဘယ်လိုဆုံးမရမှန်းကိုမသိတော့ဘူး မင်းအသက်မငယ်တော့ဘူးရှောင်ကျန့် ဆင်ဆင်ခြင်ခြင်နေစမ်း!... "

" Daddy​ပြောချင်တာဒါပဲမလား...ကျွန်တော်သွားအိပ်တော့မယ်... "

" မင်း!.. "

လျစ်ခနဲထပြေးသွားတဲ့ တစ်ဦးတည်းသောသားဖြစ်သူကြောင့် Xiaoသခင်ကြီးမှာဘာမှပြောချိန်ပင်မရလိုက်ပေ...
​ဘယ်လိုပြောပြောမထုံတက်တေးနဲ့ ပြန်မပြောနားမထောင်အဆိုးကောင်ကို ဘယ်လိုလုပ်ရမှန်းကိုမသိတော့ပေ...။
ချစ်လို့အလိုလိုက်ထားတာကို...အခွင့်ကောင်းယူပြီးဆိုးချင်တိုင်းကိုဆိုးဝါးနေတာ...ရှောင်ကျန့်တို့ကတော့...။

မပြည့်စုံတဲ့အိမ်ထောင်ရေးတစ်ခုကြောင့် စိတ်ထိခိုက်မှာစိုးရိမ်ပြီး ငယ်ငယ်ထဲကအလိုလိုက်ခဲ့မိတော့ အခုထိမ်းလို့ပင်မနိုင်တော့ချေ...။
အရွယ်လေးရပါပြီဆိုကထဲက ဖြစ်လိုက်တဲ့ရန်ပွဲတွေက သူ့အသက်ထက်ပင်ကျော်နေပြီ...
လုပ်ငန်းတွက်အားကိုးရဖို့ဆိုတာဝေးစွ...
သူ့ပြသနာလိုက်ဖြေရှင်းနေရတာနဲ့တင်...အချိန်ကုန်နေရတာ...။

​ဂျစ်တီးဂျစ်ကန်ပုံစံနဲ့...ဘယ်သူ့မှဂရုမစိုက်
သူတောင်မွေးထားတဲ့ဖအေမို့ ဘာမှပြန်မပြောတာ...
ဒါပေမဲ့ ပြောတာလဲနားမထောင် သူလုပ်ချင်ရာလုပ်တဲ့ကောင်...။
ဒီကောင်နဲ့ရတဲ့သူရဲ့ဘဝကတော့ မတွေးရဲစရာ...။

သက်ပြင်းချလို့ သားဖြစ်သူရဲ့ရှေ့ရေးကိုစိတ်မချဖြစ်လို့နေရတော့သည်...။

.......................

ကဲ ဒါလေးကတော့အသစ်လေးပေါ့...
ပန်းချီဆရာဖတ်ပြီးကြေကွဲနေတဲ့အခါ ဒါလေးနဲ့ဖြေသိမ့်လို့ရအောင် ဖန်တီးဖြစ်သွားတာပါ😅
Bittersweet Love ဆိုတဲ့အတိုင်းချိုချိုခါးခါးအချစ်လေးကိုခံစားရမှာပဲဖြစ်ပါတယ် ။
နိုင်ထက်စီးနင်းအပြုအမှုတွေ...ပိုင်စိုးပိုင်နင်းကြမ်းရမ်းတာတွေကို မကြိုက်တဲ့သူရှိခဲ့ရင်ဆက်မဖတ်ဖို့ တောင်းဆိုပါတယ်ဗျာ့...။

ဖတ်ရှုသူအားလုံးကိုကျေးဇူးတင်ပါတယ်🤎

Shane//

[Zawgyi]

ရွင္းလင္းေနတဲ့လမ္းနဲ႔အတူ...သန္႔ျပန္႔ေနတဲ့တိုက္ႀကီးမ်ားရိွေသာေနရာဟာ...ၿမိဳ႔၏လူခ်မ္းသာမ်ားစုေဝးေနထိုင္ရာရက္ကြက္တစ္ခုျဖစ္မွန္း ျမင္လိုက္တာနဲ႔လူတိုင္းသိၾကမည္ထင္...။

ေအးခ်မ္းေနေသာရက္ကြက္အတြင္းရိွ ရွင္းသန္႔ေနေသာကြန္ကရစ္လမ္းထက္တြင္ က်ယ္ေလာင္လြန္းတဲ့အသံနဲ႔အတူ မဲေမွာင္ေျပာင္လက္ေနေသာ ဆိုင္ကယ္တစ္စီးဟာ အရိွန္ျပင္းျပင္းနဲ႔ျဖတ္လို႔ေမာင္းသြားျခင္းျဖင့္...တိတ္ဆိတ္ေနေသာပတ္ဝန္းက်င္တစ္ခုလံုး ဆူညံပြက္သြားရေတာ့သည္...။

တစ္ကိုယ္လံုးအနက္ေရာင္ေတြ ဝတ္ဆင္ထားၿပီးအနက္ေရာင္ဆိုင္ကယ္ကို မိုက္ကန္းကန္းစီးသြားတဲ့ထိုလူကေတာ့ ဘယ္သူ႔ကိုမွဂရုမစိုက္သည့္ဟန္ႏွင့္...။

ကြၽီးးး!

တစ္လမ္းလံုးကိုဒုကၡေပးလို႔အၿပီးတြင္
ၿခံဝန္းအက်ယ္ႀကီးအတြင္းရိွခန္းနားလြန္းတဲ့Xiaoအိမ္ေတာ္ႀကီးေရ႔ွေရာက္မွပဲထိုဆူညံေသာဆိုင္ကယ္စက္သံဟာရပ္တန္႔သြားေတာ့သည္...။
အိမ္ႀကီးထဲတြင္ေတာ့ ထိုဆိုင္ကယ္သံၾကားတာနဲ႔ အေစခံေတြအားလံုး ျပာယာခတ္သြားရၿပီး  လိုတာထက္ပို၍သတိထားေနရသည္...။

အေစခံေတြအားလံုးေၾကာက္လန္႔ေနေသာ ထိုအနက္ေရာင္လူသားကေတာ့ဘာကိုမွဂရုမစိုက္သည့္ဟန္ႏွင့္Smartက်က်ပင္ အနက္ေရာင္ဆိုင္ကယ္ေပၚမွဆင္းလာသည္...။
6"ေပေက်ာ္ေသာအရပ္ျဖင့္က်စ္လစ္ေတာင့္တင္းေနေသာခႏၲာကိုယ္အခ်ိဳးအစားဟာ ဆိုင္ကယ္ေပၚမွဆင္းလာသည့္အခ်ိန္တြင္မိမိုက္လြန္းစြာရိွၿပီး...Helmetဆြဲခြၽတ္လိုက္တဲ့လက္မ်ားသည္လဲ ေသြးေၾကာေတြအထင္းသားႏွင့္ၾကည့္ေကာင္းလွသည္...။

Helmetေအာက္တြင္ပုန္းလ်ိဳေနေသာ ဆံပင္ရွည္ရွည္ေတြဟာထိန္းခ်ဳပ္မႈကင္းလႊတ္သြားသည္ႏွင့္ မ်က္ႏွာေရ႔ွသို႔ဖြာခနဲက်ဆင္းလာၿပီး
ခပ္ေရးေရးပင္ျမင္ရေသးေသာမ်က္ႏွာသည္
စူးရဲေနသည့္မ်က္ဝန္းေတြနဲ႔ ၊ ခပ္တင္းတင္းေစ့ပိတ္ထားေသာႏႈတ္ခမ္းပါးတို႔ေၾကာင့္အလိုလိုေနရင္းနဲ႔ပင္ရိွန္ခ်င္စရာေကာင္းလို႔ေနသည္...။

မ်က္ႏွာေရ႔ွအုပ္က်ေနေသာဆံပင္တို႔ကို စိတ္မရွည္စြာ ခပ္ဆက္ဆက္သပ္တင္လိုက္သည့္အခါတြင္ ရွင္းလင္းသြားေသာမ်က္ႏွာဟာ ေအးစက္စက္ ဂ်စ္ကန္ကန္အေနအထားျဖစ္ေနသည့္တိုင္ ၾကည့္ေကာင္းေနဆဲပင္...။

ေျခလွမ္းက်ဲႀကီးမ်ားနဲ႔အိမ္ထဲဝင္ၿပီး ဘယ္သူ႔ကိုမွဂရုမစိုက္တဲ့ပံုစံနဲ႔မထီမဲ့ျမင္ျပဳကာ အေပၚသို႔ေအးေဆးတက္သြားတာမို႔...အိမ္ေတာ္တစ္ခုလံုးအသက္ရႈေခ်ာင္သြားရသည္...။
သူတို႔အဖို႔တြင္ထိုသခင္ေလးရဲ့မ်က္ႏွာအေနအထားနဲ႔ အျပဳအမႈေတြဟာအသားက်လြန္းေနၿပီမို႔ ျပသနာမရွာဖို႔သာဆုေတာင္းၾကရသည္ မဟုတ္ပါလား...။

သို႔ေသာ္သူတို႔ရဲ့ဆုေတာင္းေတြဟာ မျပည့္ခဲ့ေပ...
တက္သြားၿပီးမၾကာခင္မွာပဲ အေပၚထက္မွဆူညံသံေတြစၿပီးၾကားရေတာ့သည္...။

* ဒုန္းးးး! ခြမ္းးးး! *

" က်ဳပ္အခန္းထဲကိုဘယ္သူဝင္ထားတာလဲ!!! "

ဟိန္းခနဲထြက္လာတဲ့အသံႀကီးေၾကာင့္...
အားလံုးဟာတုန္ခနဲျဖစ္သြားရၿပီး တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ မည္သူမွအေပၚသို႔တက္မသြားရဲၾကေပ....။

" အိမ္ကလူေတြအကုန္နားကန္းေနၾကတာလား!! ဟမ္! က်ဳပ္ေမးတာကိုမၾကားၾကဘူးလား!!... "

ဒီထက္ပို၍ေဒါသမထြက္ခင္ သူတို႔အျမန္ေျဖရွင္းဖို႔လိုအပ္သည္...ထို႔ေၾကာင့္အားလံုးရဲ့အၾကည့္ေတြဟာ အေစခံေခါင္းေဆာင္ထံသို႔စုေဝးလာၾကေတာ့သည္... ။
အသက္၄၀ေက်ာ္အရြယ္ရိွ ထိုအမ်ိဳးသမီးႀကီးသည္လဲ အားလံုးနည္းတူ မဝံ့ရဲစြာရိွၿပီး
မတက္ႏိုင္ေတာ့တဲ့အဆံုးမွ အေပၚသို႔ျဖည္းျဖည္းခ်င္းတက္သြားလိုက္သည္...။

" သ သခင္ေလး "

" ခင္ဗ်ားတို႔ကိုေခၚေနတာဘယ္ေလာက္ၾကာၿပီလဲ! နားမ်ားေလးေနၾကတာလား...
ကဲ ေျပာ!  က်ဳပ္အခန္းထဲဘယ္သူဝင္ထားတာလဲ... "

" ဟို  ဟို... "

" ဟိုေတြဒီေတြလုပ္မေနစမ္းပါနဲ႔...
က်ဳပ္စိတ္မရွည္ဘူး! ျမန္ျမန္ေျပာ!! "

" သ သခင္ႀကီးကဝင္ရွင္းခိုင္းလို႔ပါ...အဲ့  အဲ့ဒါနဲ႔.. "

" ေတာက္ခ္!  Daddyတို႔ကလုပ္ၿပီ...ဒီေစာက္ေရးမပါတဲ့ဟာေတြကို...စိတ္ပ်က္ဖို႔ေကာင္းလိုက္တာ "

" ............  "

ဆံပင္ရွည္ေတြကိုဆြဲဖြရင္း ေဒါသတႀကီးျဖစ္ေနတဲ့ သခင္ေလးကို ဘယ္သူ႔မွရဲရဲဝံ့ဝံ့ေမာ့မၾကည့္ရဲၾကေပ...
ထိုၾကည့္ေကာင္းလြန္းတဲ့လူသားဟာ သိပ္ကိုေမာက္မာၿပီး ရက္စက္လြန္းသည္မဟုတ္ပါလား...။

" ဘယ္ သူ ေတြ ဝင္ တာ လဲ "

ေအးစက္လြန္းေသာအသံနဲ႔ တစ္ခြန္းခ်င္းပီပီသသဖိေျပာလိုက္ေသာ စကားအဆံုးတြင္ ၿငိမ္သက္ေနေသာအေစခံေတြထဲမွမိန္းကေလးႏွစ္ေယာက္ဟာ လႈတ္လႈတ္ရွားရွားျဖစ္သြားၿပီး မရဲတရဲေရ႔ွသို႔ထြက္လာကာ...

" က်...ကြၽန္မတို႔ႏွစ္ေယာက္ဝင္ရွင္းေပးထားတာပါသခင္ေလး... "

ေခါင္းငံုကာေျပာေနေသာထိုမိန္းကေလးႏွစ္ေယာက္ကို ထိုလူသားဟာမၾကည့္ပါ...
အေစခံေခါင္းေဆာင္ကိုသာလွည့္ၾကည့္လိုက္ၿပီး...ေအးေဆးစြာေျပာလိုက္သည္က....

" သူတို႔ႏွစ္ေယာက္ကို အလုပ္ထုတ္လိုက္... "

" ရွင္! မ မလုပ္ပါနဲ႔ သခင္ေလး "

* ဂ်ိမ္းး *

စကားပင္ဆံုးေအာင္အေျပာမခံပဲ အခန္းတံခါးအားက်ယ္ေလာင္စြာဆြဲပိတ္သြားသည္မို႔ ဘာမွမတက္ႏိုင္ေတာ့ေခ်...။

ထို႔သို႔ပင္Xiaoသခင္ေလးဟာ သိပ္ကိုေမာက္မာ ၊ ရက္စက္လြန္းသည္...။

.................

" ဆိုင္ပိတ္ၾကစို႔ ရိေပၚ.. "

" ဟုတ္ကဲ့ ေကာ... "

ည10နာရီထိုးသြားၿပီျဖစ္တာမို႔ ရိေပၚရဲ့အလုပ္တာဝန္ခ်ိန္ဟာမရိွေတာ့ေပ....
ထို႔ေၾကာင့္ ဆိုင္ကိုျမန္ျမန္ပိတ္ၿပီး ထမင္းဘူးေလးကိုဆြဲကာ သူေနထိုင္ရာတိုက္ခန္းက်ဥ္းေလးစီသို႔တက္ႂကြစြာျပန္လာခဲ့ေတာ့သည္...။
သိပ္မေဝးတဲ့အကြာအေဝးေၾကာင့္ လမ္းေလ်ွာက္ၿပီးသာျပန္ေလ့ရိွသည္...။

ေအးစက္ေနတဲ့ရာသီနဲ႔ကိုက္ညီစြာ အက်ႌအထူႀကီးေတြဝတ္ကာ သြားလာလႈတ္ရွားေနၾကေသာလမ္းေပၚကလူေတြကိုၾကည့္ၿပီး သူ႔အေတြးေတြဟာေတာင္ေတာင္အီအီ...

အခ်ိန္ပိုင္းအလုပ္ေလးရိွေနၿပီမို႔ စားေသာက္ဖို႔ရာမပူပင္ရေတာ့ေပမဲ့...အပိုဝင္ေငြဟူ၍သူ႔စီတြင္မရိွ...
အလုပ္အတည္တက်ရဖို႔ ႀကိဳးစားေနေသာ္လည္း အေတြ့အႀကံဳမရိွတဲ့သူ႔ကိုဘယ္လုပ္ငန္းကမွ လက္မခံခ်င္ၾကေပ...။
ေက်ာင္းၿပီးသြားေပမဲ့ေမြးရက္ေျမသို႔မျပန္ဘဲ ဒီမွာပဲ အလုပ္ရဖို႔ႀကိဳးစားခ်င္သည္...
လုပ္ငန္းတစ္ခုေကာင္းေကာင္းရတာနဲ႔ မိသားစုကိုျပန္၍ေထာက္ပံ့ခ်င္တာဟာ သူ႔ရဲ့စိတ္ကူးပင္ျဖစ္သည္...။

" ဟူးးး မလြယ္လိုက္တာ... "

ဝူးးးး!

" အမေလး!! "

ကိုယ့္အေတြးနဲ႔ကိုယ္လမ္းေလ်ွာက္ေနစဥ္...က်ယ္ေလာင္ေသာအသံနဲ႔အတူ အရိွန္ျပင္းျပင္းနဲ႔ေမာင္းလာေသာဆိုင္ကယ္ေၾကာင့္
သူအပါအဝင္  လမ္းကလူေတြအကုန္လန္႔သြားၾကသည္...။

ထိုဆိုင္ကယ္ဟာလမ္းျဖတ္ကူးေနတဲ့အန္တီႀကီးတစ္ေယာက္ကိုမတိုက္ရံုတစ္မယ္ ပြတ္ေမာင္းသြားသည္မို႔...ထိုအန္တီးႀကီးမွာလမ္းမေပၚသို႔လဲက်သြားရသည္...။

" ကြၽတ္ ကြၽတ္! "

စည္းမဲ့ကမ္းမဲ့ေမာင္းၿပီး ကိုယ့္ေၾကာင့္တစ္ပါးသူလဲက်သြားတာကိုပင္တစ္ခ်က္လွည့္ၾကည့္ေဖာ္မရတဲ့ ထိုဆိုင္ကယ္နဲ႔လူကိုရိေပၚၾကည့္မရပါ...။
ဘယ္လိုအရိုင္းအစိုင္းပါလိမ့္...

" ထႏိုင္ရဲ့လား အန္တီ...ကြၽန္ေတာ္ထူေပးမယ္ "

" အ့ ကြၽတ္ ကြၽတ္ ေက်းဇူးပါပဲကြယ္ "

" ဟုတ္ကဲ့ အဆင္ေျပရဲ့လား လမ္းေရာေလ်ွာက္ႏိုင္လားဗ်ာ့.. "

" ေလ်ွာက္ႏိုင္ပါတယ္ကြယ္...
အခုေခတ္ကေလးေတြမ်ား ဆိုးလိုက္ၾကတာ ဘယ္လိုေတြေတာင္ၾကမ္းရမ္းေနၾကပါလိမ့္... "

ဒူးေလးကိုအသာပြတ္ကာ တီးတိုးဆိုရင္း တစ္ေရြ့ေရြ့ေလ်ွာက္သြားေသာအန္တီႀကီးကိုၾကည့္ကာ ရိေပၚခုနကလူကိုပို၍အျမင္ကပ္မိသည္...။
ေတာ္ေတာ္က်က္သေရတုန္းတဲ့ဟာေတြ...
ရိေပၚအဲ့လိုလူမ်ိဳးေတြဆို သိပ္မုန္းပါသည္...။
ထင္တိုင္းက်ဲၿပီး ဆိုးသြမ္းေနတဲ့လူေတြကို...တစ္စက္မွအထင္မႀကီးသလို...နည္းနည္းမွၾကည့္လို႔မရပါ...။
စိတ္ပ်က္ဖို႔ေကာင္းလြန္းသည္...။

ခုနကၾကည္လင္ေနတဲ့စိတ္ေလးပင္ စည္းမရိွကမ္းမရိွဆိုင္ကယ္တစ္စီးနဲ႔ေကာင္ေၾကာင့္ အလိုမက်ေတာ့ေပ...
ထို႔ေၾကာင့္ လမ္းပင္ေအးေအးေဆးေဆးမေလ်ွာက္ခ်င္ေတာ့ပဲ ေနထိုင္ရာတိုက္ခန္းကိုသာခပ္သြက္သြက္ျပန္လာခဲ့လိုက္ေတာ့သည္...။

ေဂ်ာက္!

မီးခလုတ္ကိုဖြင့္ကာသူ႔အခန္းေလးကို ျပန္လာေၾကာင္းသတိေပးၿပီး ေရခ်ိဳးရန္ျပင္လိုက္ေတာ့သည္...။
တစ္ေယာက္ထဲသာေနေသာသူ႔အခန္းေလးထဲတြင္...အသံုးပစၥည္းရယ္လို႔မ်ားမ်ားစားစားမရိွေပ...
အခန္းဟာက်ဥ္းေသာ္ျငား တစ္ေယာက္ထဲသမားျဖစ္တဲ့သူ႔အတြက္ေတာ့လိုတာထက္ပို၍က်ယ္ဝန္းပါေသးသည္...။

ေရခ်ိဳးလို႔အၿပီးတြင္ ေခါက္ဆြဲျပဳတ္စားရန္ျပင္ဆင္ၿပီး ဖုန္းေလးဖြင့္ကာ ခဏတျဖဳတ္ဟိုဟိုဒီဒီၾကည့္ေနလိုက္သည္...။
သို႔ေသာ္သူအၾကာႀကီးေနလို႔မရပါ
မနက္ေစာေစာထကာအလုပ္သြားရသည္မို႔ လက္ထဲကဖုန္းကိုခ်ကာ အိပ္ဖို႔ျပင္ရေတာ့သည္...။
တစ္ေန့တာအခ်ိန္းပိုင္းအလုပ္ေတြကို ဆက္တိုက္လုပ္ခဲ့ရသည္မို႔ ပင္ပန္းလြန္းေနတဲ့ခႏၲာကိုယ္​ဟာ ခဏေလးအတြင္းမွာပဲႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္သြားေတာ့သည္...။

.....................

" Sean! ေနာက္က်လွပါလား... "

" ငါကေနာက္က်လို႔မရဘူးလား...?  "

မီးေရာင္စံုၾကားထဲျမဴးထူးေပ်ာ္ပါးေနတဲ့လူေတြကိုၾကည့္ရင္းခပ္ေအးေအးေျဖလိုက္တဲ့Sean..
မႈန္ကုတ္ေနေသာမ်က္ႏွာအေနအထားဟာ သိပ္ေတာ့ၾကည္လင္မေနပါ...
ဝင္လာထဲကအထာေပးေနၾကေသာ ေကာင္မေလးေတြကိုေတာင္ အာရံုမထားႏိုင္တဲ့ထိ Seanဟာေအးစက္လို႔ေနသည္...။

မ်က္ႏွာခပ္ေခ်ာေခ်ာကေတာ့ မႈန္သုန္ေနတာေတာင္ ၾကည့္ေကာင္းေနဆဲမို႔...လူအမ်ားရဲ့အာရံုကိုေတာ့ ဖမ္းစားထားႏိုင္တုန္းပင္...။

" ေပ်ာ္မေနဘူးပဲ... "

" သိရင္အေပါက္ပိတ္လိုက္ေတာ့... "

" နားေထာင္စရာလားဟ ကဲ ထားလိုက္စမ္းပါကြာ ေဘာ္ဒါေတြစံုတုန္းေအးေဆးေပါ့... "

ဝီစကီတစ္ခြက္ကိုကမ္းေပးလိုက္ရင္ ေျပာလာတဲ့သူငယ္ခ်င္းေတြကို Seanဘာမျွပန္မေျပာပဲ ကမ္းလာတဲ့ခြက္ကိုလွမ္းယူလိုက္သည္...။
ဒီေန့ တကယ္ပဲသူ႔စိတ္ေတြမၾကည္လင္ပါ...
ျမင္သမ်ွပတ္ရမ္းခ်င္ေနတာမို႔...
ဘာစကားမွမေျပာပဲ တစ္ခြက္ၿပီးတစ္ခြက္မနားတမ္းေသာက္ေနမိသည္...။

" ညစ္ေနရင္ ေပ်ာ္စရာေလးဖန္တီးၾကမလား... "

အေဖာ္အခြၽတ္ေတြနဲ႔အလွေလးေတြစီကိုမ်က္စပစ္ကာ​ ေျပာလာတဲ့Jayေၾကာင့္...
Seanေခါင္းယမ္းလိုက္ရင္း...

" ငါစိတ္မပါဘူး Jay... "

" မင္းမလိုက္ခ်င္ေနေတာ့ ငါေတာ့လစ္ၿပီ... "

ေျပာၿပီးတာနဲ႔ Jayဟာအလွေလးေတြဘက္သို႔ထထြက္သြားၿပီး ပြတ္သီးပြတ္သပ္ျဖင့္ စေနာက္ေနၾကတာမို႔...Seanႏႈတ္ခမ္းတြန္႔ရံုေလးၿပံဳးမိသြားသည္...။
အဖြဲ႔ညီလြန္းတဲ့ဒီသူငယ္ခ်င္းေတြပိုင္ဆိုင္ထားရတာကို သူသေဘာက်ပါသည္...။

" အို႔!  Sean ဘယ္ေတြေပ်ာက္ေနတာလဲ... "

ထိုbarသို႔လာေနက်ျဖစ္တဲ့သူ႔ကို အားလံုးကသိေနၾကတာအဆန္းမဟုတ္သလို အခုလိုေမးလာတာကလဲအဆန္းေတာ့မဟုတ္...
ဆန္းေနတာက သူ႔ပုခံုးေပၚသို႔ေရာက္ေနတဲ့ထိုအမ်ိဳးသမီးရဲ့လက္ေတြ...
အဲ့လိုပိုင္စိုးပိုင္နင္းဆန္ေသာလုပ္ရပ္မ်ိဳးကိုသူ႔အားလာေရာက္ျပဳမႈျခင္းမွာSeanလံုးဝသေဘာမက်ပါ...။

" မင္းလက္ကိုဖယ္လိုက္... "

" အို႔! SorryပါSeanရယ္...တို႔အက်င့္ပါသြားလို႔ပါ.. "

မထိတထိအျပဳမႈမ်ိဳးနဲ႔ေျပာလာတဲ့အသံဟာလံုးဝကိုနားေထာင္ခ်င္စရာမေကာင္း...
မၾကည္လင္တဲ့စိတ္ေတြေၾကာင့္ အခုခ်ိန္တြင္ဘယ္သူ႔အေပၚကိုမွအျမင္ၾကည္ေပးလို႔မရ...
ေပါက္ကြဲရမဲ့အဆင့္ထိမေရာက္ေသးတဲ့စိတ္ဟာ အခုလိုေတြေၾကာင့္ အဆံုးထိလြတ္သြားႏိုင္တာမို႔...သူထိုbarထဲမွာထြက္လာခဲ့လိုက္ေတာ့သည္...။
မဟုတ္ရင္ လြယ္ကူေနမွာေတာ့မဟုတ္...။

ရွင္းလင္းေနေသာလမ္းမႀကီးထက္တြင္...စိတ္လြတ္လက္လြတ္ဆိုင္ကယ္ပက္ေမာင္းရသည္ကို သူႏွစ္ၿခိဳက္သည္...။
စိတ္ရႈတ္တိုင္းျပဳမႈေနက်မို႔ အခုတြင္လဲ အရိွန္ျပင္းျပင္းနဲ႔စိတ္ႀကိဳက္ကိုေမာင္းေနလိုက္သည္....။

စိတ္ရိွသလိုထင္တိုင္းက်ဲပစ္လိုက္ရတာကိုSeanသေဘာက်သည္...
ပိတ္ပင္ျခင္းမရိွတဲ့လြတ္လပ္ျခင္းေတြကိုသေဘာက်တယ္...
အရာအားလံုးကို ပိုင္စိုးပိုင္နင္းေမာက္မာပစ္လိုက္ေတာ့ေရာ ဘယ္သူကသူ႔ကိုဘာလုပ္ႏိုင္မွာမို႔လို႔လဲ...။

Seanကိုအမိန္႔ေပးၿပီးတားရဲတဲ့သူဘယ္သူရိွမွာမို႔လို႔လဲ...အဟက္!
သူ႔ဘဝႀကီးဟာ သိပ္ကိုသာယာပါသည္...။

.................

" ေအာ္ ျပန္လာၿပီေပါ့... "

မနက္5နာရီထိုးမွအိမ္ျပန္လာတဲ့သူ႔ကို ဧည့္ခန္းထဲတြင္ထိုင္ၿပီးမိန္႔မိန္႔ႀကီးႏႈတ္ဆက္လာေသာDaddyေၾကာင့္ အေပၚတက္ေတာ့မဲ့ေျခလွမ္းေတြကို အရိွန္ထိန္းရင္း ဧည့္ခန္းထဲသို႔ဝင္လာခဲ့လိုက္သည္...။

" အေစာႀကီးႏိႈးေနတာလားDaddy... "

" ငါကပံုမွန္ပဲ မင္းသာအခ်ိန္မေတာ္မျွပန္လာေနတာ "

" ဟမ္ ဘာကိုအခ်ိန္မေတာ္လဲDaddyရ...အခုမွအေစာႀကီးရိွေသးတာကို... "

" ဘာကြ! မနက္5နာရီမျွပန္လာတာကိုေစာတယ္ ဟုတ္လား "

" ဟုတ္တယ္ေလ... "

လူမိုက္လိုလို ဘာလိုလိုရုပ္နဲ႔ သူ႔ေရ႔ွကသားျဖစ္သူကိုၾကည့္ကာ Xiaoသူေဌးေသြးတက္ခ်င္လာရသည္...။
ဘယ္သူနဲ႔တူလို႔အဲ့ေလာက္ထိဆိုးသြမ္းေနရပါလိမ့္...?

" ငါမင္းကို မင္းၪီးေလးဆီပို႔မိေတာ့မယ္ေနာ္ ေရွာင္က်န္႔... "

" အခုခ်က္ခ်င္းသြားလိုက္ရမလား Daddy.. "

တကယ္ႀကီးသြားမဲ့ရုပ္နဲ႔လာေျပာေနတဲ့ေကာင္ကို သူဘယ္လိုဆံုးမေျပာဆိုရပါ့...
စိတ္ဆင္းရဲတယ္ ဒီသားနဲ႔ကေတာ့...။

" မင္းကိုငါဘယ္လိုဆံုးမရမွန္းကိုမသိေတာ့ဘူး မင္းအသက္မငယ္ေတာ့ဘူးေရွာင္က်န္႔ ဆင္ဆင္ျခင္ျခင္ေနစမ္း!... "

" Daddy​ေျပာခ်င္တာဒါပဲမလား...ကြၽန္ေတာ္သြားအိပ္ေတာ့မယ္... "

" မင္း!.. "

လ်စ္ခနဲထေျပးသြားတဲ့ တစ္ၪီးတည္းေသာသားျဖစ္သူေၾကာင့္ Xiaoသခင္ႀကီးမွာဘာမွေျပာခ်ိန္ပင္မရလိုက္ေပ...
​ဘယ္လိုေျပာေျပာမထံုတက္ေတးနဲ႔ ျပန္မေျပာနားမေထာင္အဆိုးေကာင္ကို ဘယ္လိုလုပ္ရမွန္းကိုမသိေတာ့ေပ...။
ခ်စ္လို႔အလိုလိုက္ထားတာကို...အခြင့္ေကာင္းယူၿပီးဆိုးခ်င္တိုင္းကိုဆိုးဝါးေနတာ...ေရွာင္က်န္႔တို႔ကေတာ့...။

မျပည့္စံုတဲ့အိမ္ေထာင္ေရးတစ္ခုေၾကာင့္ စိတ္ထိခိုက္မွာစိုးရိမ္ၿပီး ငယ္ငယ္ထဲကအလိုလိုက္ခဲ့မိေတာ့ အခုထိမ္းလို႔ပင္မႏိုင္ေတာ့ေခ်...။
အရြယ္ေလးရပါၿပီဆိုကထဲက ျဖစ္လိုက္တဲ့ရန္ပြဲေတြက သူ႔အသက္ထက္ပင္ေက်ာ္ေနၿပီ...
လုပ္ငန္းတြက္အားကိုးရဖို႔ဆိုတာေဝးစြ...
သူ႔ျပသနာလိုက္ေျဖရွင္းေနရတာနဲ႔တင္...အခ်ိန္ကုန္ေနရတာ...။

​ဂ်စ္တီးဂ်စ္ကန္ပံုစံနဲ႔...ဘယ္သူ႔မွဂရုမစိုက္
သူေတာင္ေမြးထားတဲ့ဖေအမို႔ ဘာမျွပန္မေျပာတာ...
ဒါေပမဲ့ ေျပာတာလဲနားမေထာင္ သူလုပ္ခ်င္ရာလုပ္တဲ့ေကာင္...။
ဒီေကာင္နဲ႔ရတဲ့သူရဲ့ဘဝကေတာ့ မေတြးရဲစရာ...။

သက္ျပင္းခ်လို႔ သားျဖစ္သူရဲ့ေရ႔ွေရးကိုစိတ္မခ်ျဖစ္လို႔ေနရေတာ့သည္...။

.......................

ကဲ ဒါေလးကေတာ့အသစ္ေလးေပါ့...
ပန္းခ်ီဆရာဖတ္ၿပီးေၾကကြဲေနတဲ့အခါ ဒါေလးနဲ႔ေျဖသိမ့္လို႔ရေအာင္ ဖန္တီးျဖစ္သြားတာပါ😅
Bittersweet Love ဆိုတဲ့အတိုင္းခ်ိဳခ်ိဳခါးခါးအခ်စ္ေလးကိုခံစားရမွာပဲျဖစ္ပါတယ္ ။
ႏိုင္ထက္စီးနင္းအျပဳအမႈေတြ...ပိုင္စိုးပိုင္နင္းၾကမ္းရမ္းတာေတြကို မႀကိဳက္တဲ့သူရိွခဲ့ရင္ဆက္မဖတ္ဖို႔ ေတာင္းဆိုပါတယ္ဗ်ာ့...။

ဖတ္ရႈသူအားလံုးကိုေက်းဇူးတင္ပါတယ္🤎

Shane//

Continue Reading

You'll Also Like

795K 47.9K 120
Y/N L/N is an enigma. An outgoing, cheerful, smiley teenage boy. Happy, sociable, excitable. A hidden gem in the rough of Japan's younger soccer pl...
1.7M 99.2K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
1.9M 83.6K 127
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
79.9K 2.1K 30
Izuku Midoriya, neglected and bullied due to his lack of a quirk, endured abuse from his family and friends, especially his twin sister Izumi and Kat...