ပြန်လည်မွေးဖွားပြီးနောက် ငါ့က...

By maung0611

10.8K 866 24

After Rebirth, I Just Want To Concentrate on Raising My Baby အပိုင်း-60။ Author : 糖不停 Paid gp - completed. More

Ch-1.1
Ch-1.2
Ch-1.3
Ch-2.1
Ch-2.2
Ch-2.3
Ch-2.4
Ch-2.5
Ch-3.1
Ch-3.3
Ch-3.4

Ch-3.2

488 69 1
By maung0611

Ch-3.2

ရှန်းရန် က ကလေးထိန်း ထိထားတဲ့အဝတ်အစားတွေကို ချွတ်၍ "မင်းမှာ အလုပ်နဲ့ပိုက်ဆံရှိတယ်၊ငါတို့ ရှန်း မိသားစုက အများကြီး ပေးထားတယ်။ မင်းမိသားစုက ခက်ခဲတယ်၊အခြေအနေမကောင်းဘူး ဘာလို့ ငါ့ကလေးကို နှိပ်စက်ရတာလဲ?"

"ငါတို့ ကလေးက ရှန်းမိသားစုရဲ့ ရတနာလည်းဖြစ်တယ်။"

"ကလေး?" ကလေးထိန်းမှာ အံ့အားသင့်သွားပြီး "မစ်စတာရှန်း ရဲ့ သားကို လုံးဝအခုလို မလုပ်တော့ပါဘူး။ အခု မစ်စတာရှန်း ကျွန်မကို ခွင့်မလွှတ်ရင် မစ်စတာရှန်းရဲ့မျက်နှာပျက်ရလိမ့်မယ်လို့ ကျွန်မ ခံစားမိတယ်..."

ကလေးထိန်း မှ "ကျွန်မက ချမ်းသာတဲ့မိသားစုမှာ ကလေးထိန်းတစ်ယောက်ဖြစ်တာ ဒါပထမဆုံးတော့မဟုတ်ပါဘူး။ မစ်စတာ ရဲ့စိတ်ကူးကို ခန့်မှန်းလို့ရတယ်။ ကလေးက မစ်စတာရှန်းရဲ့ မျိုးဆက်တစ်ခုကနေတစ်ခု ဆက်သွားဖို့ ကိရိယာတစ်ခုပဲလေ.."

"ဒါဆို..." ကျန်းချာ က ဖြည်းညှင်းစွာပြောလိုက်သည်။ "ရှင်ဆိုလိုတာက ကျွန်မတို့ကလေးက အဲဒါလုပ်ဖို့ တောင်းဆိုတယ်ပေါ့?"

ကလေးထိန်းက ခေါင်းခါပြ၍ "မင်းတို့လို မိသားစုမှာ ဝမ်းနည်းမှုမျိုး ရှိတယ်လို့ပဲ ပြောလို့ရတယ်။"

"ဝမ်းနည်းစရာ?" ကျန်းချာ မှ "နင် သူ့ကို ဂရုမစိုက်ဘူး ငါတို့ ကလေးကို ပေါ့ပေါ့ဆဆ လုပ်နေတာ။ ငါတို့ကလေးကို အလုပ်ကိုခေါ်သွားလို့မရတာ အမှန်ပဲ ဒါပေမဲ့ ကလေးကို အနိုင်ကျင့်ရတဲ့အကြောင်းပြချက် နင် မပေးနိုင်သေးဘူး.."

ကျန်းချာ သည် ကလေးထိန်းကို ဦးခေါင်းမှ ခြေဖျားအထိ ကြည့်သည်။ ဤစစ်ဆေးမှုမျိုးက ကလေးထိန်းကို အလွန် စိတ်မသက်မသာ ဖြစ်စေသည်။

ကလေးထိန်း သည် ဆံပင် နှင့် အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်လုပ်လိုက်သည်။ တိုတိုပြောရရင်တော့ ဘာမှမမှန်ကန်ဘူးလို့ သူမခံစားရသည်။ ကျန်းချာ သူမကိုကြည့်နေချိန် အလွန်အရှက်မရှိဘူးဟု ခံစားလိုက်ရသည်။

"ဟား..!"

ကျန်းချာ ရုတ်တရက် ရယ်မောလေသည်။

"ကျောင်းရင် နင့်မှာ မျက်နှာရှိတယ်လို့ ထင်လား၊နေ့ခင်းဘက် သန့်ရှင်းသပ်ရပ်တဲ့ အ၀တ်အစားတွေ ၀တ်ပြီး လမ်းလျှောက်ထွက်တာ၊ဟင်းသွားဝယ်တာကို၊တစ်စုံတစ်ယောက်က နင့်ကို လစာပေးရမယ်လား?"

"ငါစဥ်းစားပါရစေဦး နင် အရင်ကပြောသလိုပဲ နင်အရင်တုန်းက ဒီလိုမလုပ်ဖူးဘူးပေါ့.. တခြားချမ်းသာတဲ့လူတွေဆီမှာ ကလေးထိန်းတစ်ယောက်အနေနဲ့လည်း နင်အလုပ်လုပ်ခဲ့တယ် နင် .. လူတော်တော်များများနဲ့တွေ့ဖူးတယ် မြင်လည်း မြင်ဖူးတယ်။ နင်မြင်ဖူးတဲ့လူတွေက တစ်နေ့လုံး ဘာမှမလုပ်ဘဲကောင်းကောင်းမွန်မွန်နေတဲ့တွေပဲ"

"ဘာမှမလုပ်တတ်ဘူး။ အများအားဖြင့် ဈေးဝယ်ထွက်တာ၊လက်ဖက်ရည်သောက်တာ၊အလှပြင်တာတွေ လုပ်တယ်။ ကတ်ထဲမှာ ပိုက်ဆံရှိလို့ နင့်ကို ကလေးထိန်း ခေါ်ဖို့ရွေးချယ်ကြတယ်.."

"အမျိုးသမီးတိုင်း က ကောင်းကောင်းနေနိုင်တယ်ထင်နေတာလား?"

"ငါတို့အိမ်က တခြားသူတွေရဲ့အိမ်နဲ့မတူဘူး။ ရှန်းရန်နဲ့ငါက နေ့ခင်းဘက်အိမ်မှာ မရှိဘူး။ တစ်ခါတလေမှာ ရက်ပေါင်းများစွာ အချိန်ပိုလုပ်ရပြီး ပြန်မလာဖြစ်ဘူး.. နင်နဲ့ရှန်းရှီ ပဲ အိမ်ထဲမှာပဲ ရှိတာ။ အချိန်ကြာလာတာနဲ့အမျှ၊နင် ဒီမှာရှိနေတာများလို့ ပိုင်ရှင် လို့ ကိုယ့်ကိုကိုယ်ထင်နေပုံပဲ..."

"ရက်သတ္တပတ်တွေမှာ နင် ရှန်းရှီ ကို အပြင်ထုတ်တိုင်း ဝင်းထဲက လူတွေနဲ့တွေ့တယ်။ နင်က ကလေးထိန်းတစ်ယောက်ပါလို့ ဘယ်တော့မှ မပြောဘူးထင်တယ်"

Continue Reading

You'll Also Like

566K 30.7K 49
𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐨𝐟 𝐈𝐬𝐡𝐪 𝐤𝐢 𝐝𝐚𝐬𝐭𝐚𝐧 advika: "uski nafrat mere pyaar se jeet gayi bhai meri mohabbat uski nafrat ke samne kamzor padh gay...
845K 27K 68
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...
269K 20.5K 60
Archana have everything that a girl could wish for, studying in one of the top universities of India, she have everything a human ever need, loving p...
4.1M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...