ငါ မင်းရဲ့ကောင်လေးကို အချိန်အ...

By xingliang_baobei

55.1K 7.9K 493

Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ This is just a fun translation. I do not o... More

Description
Chp(1)
Chp(2)
Chp(3)
Chp(4)
Chp (5)
Chp (6)
Chp (7)
Chp (8)
Chp (9)
Chp (10)
Chp (11)
Chp (12)
Chp(13)
Chp(14)
Chp(15)
Chp(17)
Chp(18)
Chp(19)
Chp(20)
Chp(21)

Chp(16)

1K 183 15
By xingliang_baobei

[Unicode]

လော့ချင်ရှန်းတစ်ယောက် ပြေးလို့ပြီးမှပဲ ဖိန့်ရန် လဲကျသွားမှန်း သိလိုက်ရတယ်။

လော့ချင်ရှန်းက အားကစားသမားကောင်း တစ်ယောက် ဖြစ်တာကြောင့် ပြေးနေစဉ် ဖိန့်ရန်ကို အဝေးကြီးမှာ ချန်ထားခဲ့တယ်။ သူ ပန်းတိုင်ကို ဖြတ်ကျော်သွားပြီး နောက်ပြန်လှည့်ကြည့်လိုက်တဲ့အချိန် ဖိန့်ရန်က ထွက်သွားတာ ကြာလှပြီ။

ဘေးက ကြည့်ရှုသူတွေဆီက အခြေအနေကို မေးပြီးတဲ့နောက် သူ့ရလဒ်ကိုတောင် စာရင်း မသွင်းတော့ဘဲ ဒီကို အပြေးရောက်လာခဲ့တယ်။

မထင်မှတ်ထားစွာနဲ့ပဲ ဖိန့်ရန်က တစ်ခဏလောက်သာ တန့်သွားပြီးမှ သူ့ခြေချင်းဝတ်ဆီက ရုတ်တရက် အေးစက်မှုကြောင့် လက်တွေ့ဆီ ပြန်ရောက်လာခဲ့တယ်။

ယန်းကျွင်က လော့ချင်ရှန်းကို တစ်ချက်လှမ်းကြည့်ပြီး ခပ်ဖျော့ဖျော့ အသံပြုကာ ဖိန့်ရန်ရဲ့ အဆစ်လွဲနေတဲ့ ခြေချင်းဝတ်‌ပေါ် ရေခဲအိတ် ကပ်ပေးလိုက်တယ် :: "ဒီနေရာလား?"

ဖိန့်ရန်က အလိုအလျောက် ပြန်ဖြေလိုက်တယ် :: "ဟုတ်တယ်။"

လော့ချင်ရှန်း စိတ်ငြိမ်သွားပြီး နားနေခန်းထဲ ခပ်သွက်သွက် ဝင်လာလိုက်တယ် :: "ဖိန့်ရန် ဖိန့်ရန်၊ မင်း ဘယ်နား ဒဏ်ရာရသွားတာလဲ? မင်းအရိုးရော နာနေလား?"

ဖိန့်ရန်ခြေထောက်ပေါ်က ဒဏ်ရာကို မြင်တဲ့အခါ သူ အသက်ပြင်းပြင်းရှုပြီး သူ့ဖုန်းကို ကောက်ကိုင်လိုက်တယ် :: "ကိုယ် တက်စီခေါ်လိုက်မယ်။ ကိုယ် မင်းကို ဆေးရုံလိုက်ပို့မယ်။"

"မလိုဘူး။" ဖိန့်ရန် ပြောလိုက်တယ် :: "အဲ့လောက် ဒဏ်ရာကြီးတာမှ မဟုတ်တာ။ ပိုးသတ်ရုံပဲ။"

"မဖြစ်ဘူး။ ကိုယ်တို့တွေ X ray ရိုက်ကြည့်ရမယ်။ အရိုးတွေ ထိသွားရင် ဘယ်လိုလုပ်မလဲ?" လော့ချင်ရှန်းက မလျှော့တမ်း တိုက်တွန်းပြန်တယ်။

"မနာဘူး။ ခြေခေါက်သွားရုံတင်။" သူ တက်စီခေါ်တဲ့ app ထဲ တကယ်ကြီး ဝင်နေတာကို မြင်တဲ့အခါ ဖိန့်ရန် ထိုသို့ ပြောလိုက်ရတယ် :: "မင်း ခေါ်လိုက်လည်း ငါ ကားပေါ် မတက်ဘူး။"

"......" လော့ချင်ရှန်း သူ့လက်ချောင်းထိပ်ကို ရပ်စေပြီး appထဲကနေ မကျေမချမ်းနဲ့ပဲ ပြန်ထွက်လာလိုက်တယ်။

သူ ယန်းကျွင်ကို ကသိကအောက်နိုင်စွာ လှမ်းကြည့်လာတယ်။ ယန်းကျွင်ကတော့ ခေါင်းတစ်ချက်မှ မော့မလာဘဲ ဖိန့်ရန်ကိုသာ ကူညီပြီး ရေခဲအိတ် ကပ်ပေးနေလေရဲ့။

"ယန်းကျွင် မင်း ဘာလို့ ဒီရောက်နေတာလဲ?" သူ ခေါင်းစဉ်ပြောင်းရင်း မျက်ခုံးပင့်လိုက်တယ် :: "မင်း မီတာတစ်ထောင် ပြေးပြီးသွားပြီလား?"

ယန်းကျွင် :: "အင်း။"

"ပြေးတာ ဘယ်လိုလဲ?"

"ဒီတိုင်း ပြေးလိုက်တယ်။"

"အဆင်ပြေပါတယ်။ အဆင့်ဆိုတာ အရေးမှ မကြီးတာ။ ငါလည်း ဆုရမယ်လို့ မမျှော်မှန်းထားဘူး။" လော့ချင်ရှန်းက သာမန်ကာလျှံကာ ပြောလာတယ် :: "ဂိမ်းဆော့ရတာ ကြိုက်တဲ့ မင်းတို့က အားကစားမှ သိပ်မလုပ်ဖြစ်ကြတာ။"

ဖိန့်ရန်က နှစ်စက္ကန့်လောက် တိတ်ဆိတ်နေပြီးနောက် ယန်းကျွင်က သဘောတူသလိုမျိုး ဘာမှပြန်မပြောလာတာကို မြင်တဲ့အခါ သူ မနေနိုင်တော့ဘဲ လော့ချင်ရှန်း ထပ်မပြောခင် ဝင်ဖြေလိုက်တယ် :: "သူ တတိယရတယ်၊ ထိပ်ဆုံးနှစ်ယောက်လုံးက ကိုယ်ကာယကျောင်းသားတွေ။"

ယန်းကျွင်မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားတယ်။ သူ့နှုတ်ခမ်း‌ထောင့်ကို ပြန်ဆွဲချရင်း ရေခဲအိတ်ကို ကောက်ကိုင်ကာ ဖိန့်ရန်ကို သူ့လက်ဖဝါးနဲ့ ထိန်းကိုင်ထားလိုက်တယ်။ အဲ့နောက် ခြေချင်းဝတ်က ရေတွေကို သုတ်ပေးပြီး ထပ်ကပ်ပေးပြန်တယ်။

ဖိန့်ရန်တစ်ယောက် သူ့လက်ဖဝါးကြောင့် လောင်ကျွမ်းလာသလို ခံစားလိုက်ရတယ်။

လော့ချင်ရှန်း ကြောင်အသွားရကာ :: "ဟမ်? ဒါဆို...ဂုဏ်ယူပါတယ်။"

သူ့ရဲ့ ကြုတ်ထားတဲ့ မျက်မှောင်ကနေ သူ့စိတ်ထဲ သံသယအများကြီး ရှိနေဆဲဆိုတာကို ထင်ဟပ်နေစေတယ်။ သူ တစ်ရှူးတစ်ရွက် ထုတ်ကာ ချွေးသုတ်ပြီးမှ ယန်းကျွင်ဆီ သူ့လက်ဖြန့်လိုက်တယ် :: "ဖိန့်ရန်ကို ဒီပို့ပေးလို့ ကျေးဇူးပဲကွာ။ ငါ့ကို အဲ့ရေခဲအိတ်ပေးလိုက်။ ငါ ကျန်တာဆက်လုပ်လိုက်မယ်။"

ယန်းကျွင်က နောက်ဆုံးတော့ မော့ကြည့်လာပေမဲ့ ဘာလှုပ်ရှားမှုမှ ဆက်မလုပ်။ သူ လော့ချင်ရှန်းကို စိုက်ကြည့်နေပြီးမှ အံ့အားသင့်သော လေသံဖြင့် "မင်းတို့ လမ်းခွဲလိုက်ပြီမလား?"

ဒီစကား ထွက်လာတာနဲ့ လေထုက ပြန်အေးခဲသွားပြီ။

လော့ချင်ရှန်းမျက်နှာထားက အများကြီး ပြောင်းလဲသွားတော့တယ်။ တစ်ခဏကြာတော့ သူ ပြုံးပြလာရင်း စိတ်အေးလက်အေး ဖြစ်သယောင် ဟန်ဆောင်ကာ :: "ဒါကြောင့်မို့ ငါ ကောင်းကောင်းလုပ်ပြဖို့ အခွင့်အရေး လိုတာလေ။"

ယန်းကျွင်က မေးလာတယ် :: "ငါ ဘာကိစ္စနဲ့ မင်းကို ဒီအခွင့်အရေး ပေးရမှာလဲ?"

လော့ချင်ရှန်း :: "?"

ဖိန့်ရန်ကတော့ ဆက်နားမထောင်နိုင်တော့။ သူ့ခြေထောက်ကို ပြန်ဆွဲယူကာ "ငါ မင်းတို့ကို မနှောင့်ယှက်တော့ဘူး။ ဒဏ်ရာအသေးစားပါပဲ။ ငါ ကိုယ့်ဘာသာကိုယ် ကိုင်တွယ်နိုင်တယ်။"

လော့ချင်ရှန်းက ယန်းကျွင်ကို အနည်းငယ် ရှုပ်ထွေးနေသော အကြည့်ဖြင့် ဆက်ကြည့်နေရင်း သူ ပြန်မေးတော့မယ့်အချိန် သူ့ဖုန်းက ရုတ်တရက် ထမြည်လာခဲ့တယ်။

သူ့အဖွဲ့ခေါင်းဆောင်က သူ့ကို အားကစားကွင်းထဲ ပြန်လာပြီး စာရင်းမှာ လက်မှတ်လာထိုးစေချင်နေတယ်။ သူ မထိုးရင် ပြေးတာက အလကားဖြစ်ပြီး သူ့ရလဒ်လည်း ပယ်ဖျက်ခံရမယ်တဲ့။

လော့ချင်ရှန်းက မေးခွန်းအနည်းငယ် ထပ်မေးပြီးမှ ထွက်သွားတော့တယ်။ သူ ထွက်သွားတဲ့အချိန် မျက်နှာမှာ စိုးရိမ်စိတ်တွေနဲ့ အနောက်ကို သုံးကြိမ်လောက် ပြန်ပြန်လှည့်ကြည့်နေခဲ့တယ်။

ဖိန့်ရန်တစ်ယောက် သူ့လက်ပေါ်ကို ရေခဲအိတ် တင်ပြီး သာမန်ကာလျှံကာ အယောင်ပြ ကာထားလိုက်ကာ သူ့နားက လူကို စိတ်ရင်းနဲ့ ပြောလိုက်တယ် :: "ဒီနေ့အတွက် ကျေးဇူးပါ။"

ယန်းကျွင်က အသံပြုပြီးနောက် ရုတ်တရက် ပြောလာတယ် :: "မင်း ဒီလာတုန်းက ငါ့ကို အကြိမ်ရေ တော်တော်များများ တက်နင်းခဲ့တာ။"

ခြေတစ်ချောင်းတည်းနဲ့ လမ်းလျှောက်ရတာ ခက်ခဲတယ်၊ အထူးသဖြင့် ဖိန့်ရန်က ချော်လဲခါစမို့ ခြေထောက်က နာလည်းနာနေတော့ လမ်းလျှောက်ဖို့ တော်တော် ခက်ခဲခဲ့တာ။

ဖိန့်ရန်က သူ့ကို နှစ်စက္ကန့်လောက် စိုက်ကြည့်နေပြီးမှ ယန်းကျွင်ဖိနပ်ဆီ ငုံ့ကြည့်လိုက်တယ်။

အဖြူရောင် limited edition ဖိနပ်ပေါ်မှာ ပြန်မချေပနိုင်မယ့် သက်သေအဖြစ် ဖိနပ်ရာတစ်ချို့ ရှိနေတယ်။

ဖိန့်ရန် :: "တောင်းပန်ပါတယ်။ ငါ မင်းအတွက် ပြန်လျှော်ပေးမယ်လေ။"

ယန်းကျွင်က တစ်ခဏကြာ ကြောင်အသွားပြီးမှ မျက်ခုံးပင့်လာကာ :: "မင်း လျှော်ပေးမှာလား?"

ဖိန့်ရန် ထပ်ဖြည့်ပြောလိုက်တယ် :: "ဒိုဘီဆိုင် ပို့ပေးမယ်လေ။ အဲ့မှာ သူတို့ ဖိနပ်လည်း လျှော်ပေးတယ်။"

ယန်းကျွင် စိတ်ဝင်စားမှုက ပျောက်ကွယ်သွားတယ် :: "မလိုတော့ဘူး။"

သူ ဖိန့်ရန်လက်တွေကို စိုက်ကြည့်နေမိတယ်။ အရမ်းလှတဲ့ လက်တွေ၊ ပန်းချီဆွဲဖို့၊ စန္ဒယားတီးဖို့နဲ့ ဖိန့်ရန်အတွက် သင့်တော်တယ်။

ဖိန့်ရန် သူ့ဖိနပ်ကို တကယ် လျှော်ပေးချင်ရင်တောင် သူ ဒီလက်တစ်စုံကို အလဟဿ မဖြစ်စေရက်ဘူးလို့ ယန်းကျွင် သူ့ဘာသာသူ တွေးနေမိတယ်။

ဖိန့်ရန် :: "ဒါဆို ငါ မင်းဖိနပ်ကို wet tissue နဲ့ သုတ်ပေးမယ်လေ?"

"သွားတော့မယ်" ယန်းကျွင် အကြည့်လွှဲကာ "မင်း ငါ့အပေါ် အကြွေးတင်နေတယ်လို့ပဲ မှတ်လိုက်။"

ဖိန့်ရန် ခပ်ဖွဖွ မျက်မှောင်ကြုတ်သွားရကာ မလျှော့တမ်း ပြန်ဖြေလိုက်တယ် :: "ငါ မင်းကို တစ်စုံပြန်ပေးမယ်လေ။ မင်း ဘယ်ပုံစံ ယူမလဲ?"

ဖိန့်ရန်သဘောထားက မသိမသာ ပြောင်းလဲသွားတာကို ယန်းကျွင် သတိ‌ပြုမိတဲ့အခါ သူ သူ့ကို အကြာကြီး စိုက်ကြည့်နေပြီးမှ သက်ပြင်းဖွဖွ ချလိုက်တယ်။

သူ တစ်ဖက်လှည့်ပြီး ဘေးစားပွဲပေါ်က တစ်ရှူးတစ်ရွက်ကို ဆွဲထုတ်ကာ ဖိန့်ရန်လက်ကောက်ဝတ်ကို ကိုင်ရင်း ရေခဲအိတ်ပေါ် တစ်ရှူးကပ်ပြီး အဲ့နောက် သူ့ဖိနပ်ပေါ် သာမန်ကာလျှံကာ ပွတ်သုတ်လိုက်တယ်။

"သန့်သွားပြီ။ မင်း ငါ့အပေါ် အကြွေးမတင်တော့ဘူး။"

သူ ပြောလို့ပြီးပြီးချင်း ယန်းကျွင်အိတ်ကပ်ထဲက ဖုန်းသံက ဆက်တိုက် မြည်လာတော့တယ်။

Message အကြောင်းအရာကို မြင်ပြီးတဲ့အခါ ဒီနေ့ ဌာနချုပ်ဆီ လာကာ သူတို့နဲ့အတူ လေ့ကျင့်ရေး ဂိမ်းပွဲတစ်ချို့ ကစားပေးမယ်‌ဆိုပြီး လင်ရွှီးဟွမ့်ကို ကတိပေးထားတဲ့ ကိစ္စကို ယန်းကျွင် အမှတ်ရသွားတယ်။

ယန်းကျွင် မတ်တပ်ထရပ်ပြီး ပြောလိုက်တယ် :: "သွားကြစို့"

ဖိန့်ရန်က သူ့ကို မော့ကြည့်လာပြီး "မင်း ဘယ်သွားမလို့လဲ?"

"မင်းကို ပြန်ပို့ပေးမလို့လေ။" ယန်းကျွင် ပြောပြီးတာနဲ့ ဖိန့်ရန် ပြန်ဖြေဖြေမဖြေဖြေ သူ့လက်ကို လှမ်းဆုပ်ကိုင်ကာ သူ့လည်တိုင်ပေါ် တင်ပေးလိုက်တယ် "တင်းတင်းဖက်ထား။"

ဖိန့်ရန်အဆောင်ခန်းက အတော်လေး သန့်ရှင်းတယ်။ သူ့အခန်းဖော် ပြောင်းသွားပြီးတဲ့နောက်ပိုင်း သူ အကြမ်းဖျင်း သန့်ရှင်းရေး လုပ်ထားတော့ လေထဲမှာ သစ်သီးရနံ့‌ ဖျော့ဖျော့လေး ရနေသေးတယ်။

ယန်းကျွင်က သူ့ကို အောက်ချပေးပြီး အဆောင်ခန်းတံခါး မပိတ်ဘဲ ထွက်သွားတယ်။

ဖိန့်ရန် အလျင်မလိုပါဘူး။ သူ စားပွဲပေါ်က ကြွပ်ကြွပ်အိတ် အနက်ကို ဖွင့်ရင်း သူ ယန်းကျွင်ကို သစ်သီးစားမလားဆိုပြီး မေးလိုက်သင့်ကြောင်း တွေးနေခဲ့တယ်။

ဖိန့်ရန်တစ်ယောက် ဘေစင်ဆီ ခက်ခက်ခဲခဲ လျှောက်သွားပြီး မက်မွန်သီးအခွံကို ဂရုတစိုက် နွှာလိုက်တယ်။ သူ တစ်ကိုက်ကိုက်တော့မလို့ရှိသေး၊ တံခါးနားမှာ ဆူညံသံကို ကြားလိုက်ရတယ်။

ယန်းကျွင် လက်ထဲ ကြွပ်ကြွပ်အိတ် အနက်တစ်ထုပ် ကိုင်ရင်း ပြန်ရောက်လာတယ် :: "ယူလိုက်။"

ဖိန့်ရန် မေးလိုက်တယ် :: "ဒါ ဘာလဲ?"

ယန်းကျွင် :: "ရေခဲမုန့် ၊ မင်းခြေထောက်ပေါ် တင်ထားလို့ရတယ်။"

ဖိန့်ရန် ပြုံးမိသွားတယ်။

သူ ဘာကြောင့် ပြုံးမှန်း ယန်းကျွင် မသိ။ သူ ဖိန့်ရန်ကို အချိန်အကြာကြီး စိုက်ကြည့်နေပြီးမှ "မင်း ဘာလို့ပြုံးတာလဲ?"

ဖိန့်ရန်က ခပ်ပြုံးပြုံးနဲ့ပဲ ခေါင်းခါပြီး အိတ်ကို ယူလိုက်တယ် :: "ကျေးဇူး၊ မင်း အသီးစားချင်လား?"

"စားချင်တယ်။" ယန်းကျွင်က သူ့လက်ကို ငုံ့ကြည့်ပြီး "မက်မွန်သီး?"

ဖိန့်ရန်က အသံပြုရင်း တစ်ခဏကြာ တုံ့ဆိုင်းနေပြီးမှ မက်မွန်သီးကို ကမ်းပေးလိုက်တယ် :: "ငါ့လက်တွေကို ဆေးထားပါတယ်။ သန့်ရှင်းပြီးသား။"

ဖိန့်ရန် ပြောလို့ပြီးပြီးချင်းပဲ ယန်းကျွင်က သူ့အနား ရုတ်တရက် ကပ်လာကာ ခေါင်းငုံ့ပြီး သူ ကိုင်ထားတဲ့ မက်မွန်သီးကို ကိုက်လိုက်တယ်။

ဖိန့်ရန်ရဲ့ အံ့အားသင့်နေတဲ့ မျက်လုံးတွေအောက်မှာပဲ ပါးစပ်အပြည့် ဖြစ်နေတဲ့ အသီးကို မျိုချလိုက်တယ် :: "ချိုတယ်။"

------

လေ့ကျင့်ခန်း ဂိမ်းပွဲတစ်ချို့ ပြီးသွားတဲ့နောက် TZG နည်းပြရဲ့ WeChat အကောင့်က တစ်ခါတည်း ပေါက်ကွဲသွားတော့တယ်။

"သူတို့အားလုံး ငါ့လာမေးနေကြတယ်၊ ငါ မင်းကို လှည့်စားပြီး အသင်းဝင်ခိုင်းခဲ့တာလားတဲ့? ပြီးတော့ ငါက ပုန်းလျှိုးကွယ်လျှိုးနဲ့ ဖုံးဖိထားပြီး သူတို့ကို မပြောပြလို့တဲ့ကွာ။" နည်းပြက လှောင်ရယ်ရင်း "ဟာသပဲ။ ငါသာ မင်းကို အသင်းထဲ ဝင်ဖို့ တကယ်ကြီး လှည့်စားနိုင်ခဲ့ရင် ငါ အသံချဲ့စက် မသုံးရဘဲ သူတို့ဌာနချုပ်ဆီ သွားပြီး ရှစ်ခါဆယ်ခါလောက် အသံလွှင့်ပစ်လိုက်မယ်?"

ယန်းကျွင်က ဂိမ်းကစားခုံကို မှီနေရင်း အခြားသူနဲ့ စနိုက်ပါပစ်နေကြတယ်။ သုံးစက္ကန့်အကြာမှာ ပြိုင်ဘက်ရဲ့ ခေါင်းတည့်တည့်ကို သူ ပစ်ချလိုက်နိုင်တယ်။

"လှချက်ပဲကွာ!" နည်းပြက သူ့ e sports ထိုင်ခုံ‌နောက်ကို မှီထားရင်း "ဒါဆို မင်း ဘယ်လိုထင်လဲ? မင်း ငါ အသံလွှင့်နိုင်မယ့် ဒီအခွင့်အရေးကို ပေးတော့မလား?"

ယန်းကျွင်က လှောင်ရယ်လိုက်တယ်၊ ဒီနေ့ ဘယ်လိုဖြစ်လို့ လူတိုင်း သူ့ဆီက အခွင့်အရေး လာတောင်းနေကြတာလဲ?

"မပေးဘူး။" ယန်းကျွင် ပြောလိုက်တယ် "ခင်ဗျား ဆက်နားပူနေရင် ကျွန်တော် ပြန်တော့မယ်။"

"မပြန်နဲ့လေ။ အခန်းက မင်းအတွက် အသင့်ပဲ။ ဒီည ဒီမှာပဲ အိပ်သွား။" နည်းပြက ရိုးတောင်ရိုးနေပြီ "ဒါနဲ့ မင်း နောက်နောင် ဒီကို မကြာမကြာ လာနိုင်မလား? သူတို့ကို နည်းနည်းပါးပါး လေ့ကျင့်ပေးဖို့လေ?"

လင်ရွှီးဟွမ့် ငိုယိုရင်း "မလုပ်ပါနဲ့၊ ကျွန်တော် ကြာလာရင် စိတ်ဒဏ်ရာ ရတော့မှာနော်။"

နည်းပြ :: "ငါလည်း မင်းကို စိတ်ဒဏ်ရာရအောင် လုပ်ချင်တာ၊ အဲ့ဒါမှ မင်း မာန်ဆက်မတက်နိုင်မှာ။ နေ့တိုင်းနေ့တိုင်း liveထဲမှာ မင်း မောက်မောက်မာမာနဲ့ လေကျယ်နေတာလေ။ ငါ ထင်တာတော့ မင်းလစာ အရမ်းမြင့်နေပြီလို့ တွေးနေတာပဲဖြစ်ရမယ်။"

"အဲ့တာ ဘာဖြစ်လဲ..." လင်ရွှီးဟွမ့် ပွစိပွစိ ပြောရင်း "ကော အဲ့အ‌ဆောက်အအုံထဲမှာ လူဘယ်လောက် ရှ်ိနေလဲ?"

လေ့ကျင့်ခန်းကစားပွဲ ပြီးတဲ့နောက် အခြားလူတွေအားလုံး သွားကစားကြပြီ။ လင်ရွှီးဟွမ့်ကတော့ မစားနိုင်ရှာဘူး၊ သူ့ခမျာ ဒေါသထွက်လွန်းလို့ ယန်းကျွင်နားမှာပဲ နေပြီး သူနဲ့အတူ 'လူနှစ်ယောက် လေးတန်း' ကစားပေးဖို့ တောင်းပန်နေလေရဲ့။

"လေးယောက်၊ အားအပြည့်ပဲ၊ ငါ သုံးယောက် ပစ်မယ်။" ယန်းကျွင်က သူ့ရိုင်ဖယ်ကို ပြောင်းကာ အဆောက်အအုံဆီ ပြေးသွားလိုက်တယ်။

ဂိမ်းပွဲအဆုံးမှာ သူတို့အားလုံး လိမ်လည်လှည့်စားတတ်တဲ့ နတ်ဘုရားရဲ့ စနိုက်ပါနဲ့ အပစ်ခံလိုက်ရကာ ကန်ထုတ်ခံလိုက်ရတော့တယ်။

ယန်းကျွင် ပျင်းဖို့ကောင်းတယ်လို့ ထင်လာတယ်။ ဒီဂိမ်းထဲမှာ နတ်ဘုရားတွေ များသထက်များလာတာပဲ။ သူ ဂိမ်းကို ပိတ်တော့မယ့်အချိန် သူ့မျက်လုံး‌ထောင့်ကနေ လိုင်းတက်လာတဲ့ သူငယ်ချင်းတစ်ယောက်ကို မြင်လိုက်ရတယ်။

သူ ချက်ချင်း ဖိတ်ခေါ်လိုက်တယ်။

"မတိုက်တော့ဘူးလား? ကော?" သူ အဆင်သင့် မဖြစ်သေးတာကို မြင်တဲ့အခါ လင်ရွှီးဟွမ့် မေးလိုက်တယ်။

ယန်းကျွင် :: "ငါ မသိဘူး။"

လင်ရွှီးဟွမ့် :: "...'ငါ မသိဘူး'ဆိုတာ ဘာအဓိပ္ပာယ်လဲ?"

ယန်းကျွင်က စီးကရက်ကို မီးညှိရင်း "သူ ငါ့ကို လျစ်လျူရှုမရှု ကြည့်ရမယ်။"

လင်ရွှီးဟွမ့် ထပ်မေးကြည့်ချင်ပေမဲ့ ဂိမ်းကြားခံ‌နေရာက ရုတ်တရက် ပေါ်လာတယ်။ လူတစ်ယောက်၊ ဒီလူက မူလအဖြူရောင် ဝတ်စုံကိုပဲ ဝတ်ထားပြီး တစ်ချက်ကြည့်တာနဲ့ ကစားသမားအသစ်မှန်း သိသာတယ်။

"အဲ့တာ ဘယ်သူလဲ?" နည်းပြက နိုးနိုးကြားကြား အနားကပ်လာတယ် "အခြားအသင်းက လူတွေလား?"

ယန်းကျွင်ကို ဒီလိုစကားမျိုး ပြောစေနိုင်မယ့် အခြားလူကို သူ မတွေးကြည့်နိုင်ဘူး။

ဒီစကားက လင်ရွှီးဟွမ့် တစ်နှစ်ပတ်လုံး ဖွင့်ထားတတ်တဲ့ မိုက်ခရိုဖုန်းကနေတစ်ဆင့် ဖိန့်ရန်နားထဲ ဝင်လာတယ်။ ကြည့်ရတာ ယန်းကျွင် အဆောင်မှာ မရှိပုံပဲ။

ညဘက် တအား နောက်ကျနေတာကို သူ ဘာလို့ ဂိမ်းလာကစားနေမိမှန်း မသိတော့။ သူ ယန်းကျွင်ဆီက ဖိတ်ခေါ်စာကို မြင်တာနဲ့ အလိုအလျောက် လက်ခံလိုက်မိတာပဲ။

ဖိန့်ရန်တစ်ယောက် သူ့ဘေးနားက အရောင်စုံအင်္ကျီကို ဝတ်ဆင်ထားတဲ့ ထူးထူးဆန်းဆန်းIDကို တစ်ချက်ကြည့်ပြီး မေးလိုက်တယ် :: "မင်း လူမှားခေါ်မိတာလား?"

"မဟုတ်ဘူး မဟုတ်ဘူး၊ မှန်တယ်။" လင်ရွှီးဟွမ့်က အလောတကြီး ပြန်ဖြေလာတယ်။

သူ ဒီလူကို 197ရဲ့ live replay မှာ မြင်ဖူးတယ်၊ ရန်ပေါင်ပေ့ ၊ ယန်းကျွင်ဘော့စ်။

"အသင့်ပြင်ထား ပေါင်ပေ့၊ ငါတို့ ခုချက်ချင်း အရောက်လာပြီး မင်းကို ပျံသန်းဖို့ ခေါ်သွားပေးမယ်။" ဂိမ်းရဲ့ စောင့်ဆိုင်းနေရာထဲ ဝင်ပြီးတဲ့နောက် လင်ရွှီးဟွမ့်က မိုက်ခရိုဖုန်းကို ပိတ်ပြီး "ကော ဒါ မင်းဘော့စ်မလား?"

ယန်းကျွင်က ဟုတ်ကြောင်း အသံပြုပြီး နှစ်ရှိုက်တောင် မရှိုက်ရသေးတဲ့ စီးကရက်ကို ငြှိမ်းသတ်လိုက်တယ်။

လင်ရွှီးဟွမ့်က ဖိန့်ရန်ရဲ့ ဂိမ်းကာရိုက်တာဆီ‌ လျှောက်သွားရင်း ပြောလိုက်တယ် :: "ဒါ‌မဲ့ ငါ ထင်တာ သူ...ဒီလောက် ချမ်းသာမယ့်ပုံလည်း မပေါ်ဘူးနော်။ သူ့မှာ ဖက်ရှင်ကျတဲ့ ဝတ်စုံတွေတောင် မရှိဘူး။"

ယန်းကျွင်က ပျင်းလွန်းလို့ သူ့ကို ပြန်မဖြေပေ။ သူ မိုက်ခရိုဖုန်းကို ဖွင့်ပြီး မေးလိုက်တယ် :: "ခြေထောက် နာနေသေးလား?"

ဖိန့်ရန် :: "မနာတော့ဘူး။"

"ကောင်းတယ်။ လမ်းသိပ်မလျှောက်နဲ့၊ အသုံးမဝင်တဲ့ အတန်းတွေလည်း ပျက်လိုက်။"

လင်ရွှီးဟွမ့် :: "ကော မင်း ဘော့စ်ကို အကျင့်ဆိုးတွေ သင်ပေးနေတာပဲ!"

"လူတိုင်း မင်းလိုများ ထင်နေလား?" ယန်းကျွင် သူ့နားက လူတွေကို ပျင်းပျင်းရိရိ ပြန်ဖြေနေတာကို ဖိန့်ရန် ကြားနေရတယ်။
"ငါ့ဘော့စ်က အရမ်း လိမ္မာလွန်းလို့ အကျင့်ဆိုးတွေ သင်ပေးလို့ မရဘူး။"

ကွန်ပျူတာ screen ဆီက အလင်းက ဖိန့်ရန်မျက်နှာကို လာရိုက်ခတ်နေပြီး သူ့နားရွက်တွေမှာ ပေါ်လာတဲ့ ပန်းရောင်သဲ့သဲ့ကို ပြတ်ပြတ်သားသား ထင်ဟပ်နေစေတယ်။

ဖိန့်ရန် နှုတ်ခမ်းတင်းတင်းစေ့ထားပြီး မနေနိုင်တော့ဘဲ ရေတစ်ငုံ သောက်လိုက်ရတယ်။

ယန်းကျွင်က ဂိမ်းကစားဖော်တစ်ယောက် ဖြစ်လာတာကို သူတို့ စစသိတုန်းက လင်ရွှီးဟွမ့်နဲ့ အခြားသူတွေ အံ့ဩခဲ့ရသေးတယ်။

သူတို့တွေ ယန်းကျွင်ဈေးနှုန်းကိုလည်း တိတ်တိတ်လေး ခန့်မှန်းခဲ့ကြတယ်။ သူတို့ attacker တွေကတော့ ယန်းကျွင်က အားကောင်းပေမဲ့ သူ့အကျင့်စရိုက်က ချိုချိုသာသာနဲ့ ဝပ်တွားခယတတ်တာမျိုး မဟုတ်ဘူးတဲ့။ သူ စိတ်ဆတ်တာ မဟုတ်ပေမဲ့ ဒီတိုင်း စကားပြောရတာ မကြိုက်ဘဲ အေးတိအေးစက် နေတတ်ရုံပဲ။ ပြီးတော့ ယွမ်တစ်ရာ‌အတွက်နဲ့ တစ်နာရီကြာ သည်းခံပေးနိုင်မှာလည်း မဟုတ်ဘူးတဲ့။

လင်ရွှီးဟွမ့်ကတော့ အဲ့ထဲမှာ အကောင်း‌ဆုံး ပြောပေးတဲ့သူပဲ။ သူ ယွမ်နှစ်ရာလို့ ခန့်မှန်းထားတယ်- ဒါပေမဲ့ အဲ့နောက်ပိုင်း ယန်းကျွင်တစ်ယောက် သူ့ဘော့စ်ဆီကနေ ငွေညှစ်ပါတယ်ဆိုပြီး တိုင်စာပို့ခံရနိုင်တယ်တဲ့။

ဂိမ်းနှစ်ပွဲ ပြီးတဲ့နောက် လင်ရွှီးဟွမ့် သူ့အရင်အတွေးတွေကို လုံးဝ ပယ်ဖျက်လိုက်ပြီ။ ယန်းကျွင်တစ်‌ယောက် ရန်ပေါင်ပေ့ရှေ့သို့ ကျည်ဆန်အပြည့်နဲ့ သေနတ်တစ်လက် ပစ်ပေးလိုက်တာကို သူ့မျက်လုံးကြီးနဲ့ တပ်အပ် မြင်လိုက်ရတာ :: "ဖိန့်ရန် BUFFသွင်းပေး။"

တောင်ပေါ်က သေနတ်သံက မီးရှုးမီးပန်းတွေလိုပဲ။ သေနတ်သံတွေ သူ့နောက် လိုက်လာတာကို ကြားရင် အခြားဘယ်သူမဆိုထက် ပိုမြန်အောင် ပြေးလေ့ရှိတဲ့သူက အခုတော့ ရန်ပေါင်ပေ့နောက်က လိုက်ကာ မြေလွတ်နေရာကို ရှာပြီး "မသွားခင် သူ ဒီအိမ်ကို ပတ်ကြည့်ပြီးတဲ့ထိ စောင့်စို့။"

အထူးဆန်းဆုံး ကိစ္စကတော့

ရန်ပေါင်ပေ့ သေသွားပြီးတဲ့နောက် ယန်းကျွင်က သူ့ကို သတ်တဲ့ တစ်သင်းလုံးကို ရှင်းထုတ်ပစ်ကာ လက်ပစ်ဗုံးကို ထုတ်ယူလိုက်တယ်။

ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်း။

ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်း။

ငါ သောက်ရမ်း အံ့ဩသွားပြီ...

လင်ရွှီးဟွမ့်တစ်ယောက် သူ့အရှေ့က ဘေးချင်းကပ်လျက် ရှိနေကြတဲ့ သေတ္တာဘူးနှစ်ဘူးကို ပါးစပ်အဟောင်းသားနဲ့ စိုက်ကြည့်နေမိတယ်။

^ PUBG မဆော့ဖူးတဲ့ သူတွေအတွက် ရှင်းပြရရင် ဂိမ်းထဲမှာ ကာရိုက်တာတစ်ခု သေသွားရင် သေတ္တာဘူးလေးအဖြစ် ပြောင်းသွားပါတယ်တဲ့။ အဲ့ထဲမှာတော့ item တွေ ပါတာပေါ့နော်။ ^

အချိန်အတော်လေး ကြာတော့မှ သူ ခေါင်းလှည့်ကာ တည်တည်ငြိမ်ငြိမ် မေးလိုက်တော့တယ် :: "ကော မင်း...သူများဆီကနေ ပိုက်ဆံဘယ်လောက်တောင် လိမ်ထားပြီးပြီလဲ?"

________

• Long time no comeback ><

• အိုင်းယား ယန်းကျွင် ဂိမ်းကစားရင်း မထိတထိ flirt တာတွေကို ဖတ်ပြီး အသည်း‌တွေ ယားနေပြီလို့ 😭🤚
ဒီလောက်လန်းတဲ့ဘဲကို ဘယ်သူ တောင့်ခံနိုင်မှာလဲ?

—————

[Zawgyi]

ေလာ့ခ်င္ရွန္းတစ္ေယာက္ ေျပးလို႔ၿပီးမွပဲ ဖိန႔္ရန္ လဲက်သြားမွန္း သိလိုက္ရတယ္။

ေလာ့ခ်င္ရွန္းက အားကစားသမားေကာင္း တစ္ေယာက္ ျဖစ္တာေၾကာင့္ ေျပးေနစဉ္ ဖိန႔္ရန္ကို အေဝးႀကီးမွာ ခ်န္ထားခဲ့တယ္။ သူ ပန္းတိုင္ကို ျဖတ္ေက်ာ္သြားၿပီး ေနာက္ျပန္လွၫ့္ၾကၫ့္လိုက္တဲ့အခ်ိန္ ဖိန႔္ရန္က ထြက္သြားတာ ၾကာလွၿပီ။

ေဘးက ၾကၫ့္ရႈသူေတြဆီက အေျခအေနကို ေမးၿပီးတဲ့ေနာက္ သူ႔ရလဒ္ကိုေတာင္ စာရင္း မသြင္းေတာ့ဘဲ ဒီကို အေျပးေရာက္လာခဲ့တယ္။

မထင္မွတ္ထားစြာနဲ႔ပဲ ဖိန႔္ရန္က တစ္ခဏေလာက္သာ တန႔္သြားၿပီးမွ သူ႔ေျခခ်င္းဝတ္ဆီက ရုတ္တရက္ ေအးစက္မႈေၾကာင့္ လက္ေတြ့ဆီ ျပန္ေရာက္လာခဲ့တယ္။

ယန္းကြၽင္က ေလာ့ခ်င္ရွန္းကို တစ္ခ်က္လွမ္းၾကၫ့္ၿပီး ခပ္ေဖ်ာ့ေဖ်ာ့ အသံျပဳကာ ဖိန႔္ရန္ရဲ့ အဆစ္လြဲေနတဲ့ ေျခခ်င္းဝတ္‌ေပၚ ေရခဲအိတ္ ကပ္ေပးလိုက္တယ္ :: "ဒီေနရာလား?"

ဖိန႔္ရန္က အလိုအေလ်ာက္ ျပန္ေျဖလိုက္တယ္ :: "ဟုတ္တယ္။"

ေလာ့ခ်င္ရွန္း စိတ္ၿငိမ္သြားၿပီး နားေနခန္းထဲ ခပ္သြက္သြက္ ဝင္လာလိုက္တယ္ :: "ဖိန႔္ရန္ ဖိန႔္ရန္၊ မင္း ဘယ္နား ဒဏ္ရာရသြားတာလဲ? မင္းအရိုးေရာ နာေနလား?"

ဖိန႔္ရန္ေျခေထာက္ေပၚက ဒဏ္ရာကို ျမင္တဲ့အခါ သူ အသက္ျပင္းျပင္းရႈၿပီး သူ႔ဖုန္းကို ေကာက္ကိုင္လိုက္တယ္ :: "ကိုယ္ တက္စီေခၚလိုက္မယ္။ ကိုယ္ မင္းကို ေဆးရံုလိုက္ပို႔မယ္။"

"မလိုဘူး။" ဖိန႔္ရန္ ေျပာလိုက္တယ္ :: "အဲ့ေလာက္ ဒဏ္ရာႀကီးတာမွ မဟုတ္တာ။ ပိုးသတ္ရံုပဲ။"

"မျဖစ္ဘူး။ ကိုယ္တို႔ေတြ X ray ရိုက္ၾကၫ့္ရမယ္။ အရိုးေတြ ထိသြားရင္ ဘယ္လိုလုပ္မလဲ?" ေလာ့ခ်င္ရွန္းက မေလ်ွာ့တမ္း တိုက္တြန္းျပန္တယ္။

"မနာဘူး။ ေျခေခါက္သြားရံုတင္။" သူ တက္စီေခၚတဲ့ app ထဲ တကယ္ႀကီး ဝင္ေနတာကို ျမင္တဲ့အခါ ဖိန႔္ရန္ ထိုသို႔ ေျပာလိုက္ရတယ္ :: "မင္း ေခၚလိုက္လည္း ငါ ကားေပၚ မတက္ဘူး။"

"......" ေလာ့ခ်င္ရွန္း သူ႔လက္ေခ်ာင္းထိပ္ကို ရပ္ေစၿပီး appထဲကေန မေက်မခ်မ္းနဲ႔ပဲ ျပန္ထြက္လာလိုက္တယ္။

သူ ယန္းကြၽင္ကို ကသိကေအာက္ႏိုင္စြာ လွမ္းၾကၫ့္လာတယ္။ ယန္းကြၽင္ကေတာ့ ေခါင္းတစ္ခ်က္မွ ေမာ့မလာဘဲ ဖိန႔္ရန္ကိုသာ ကူညီၿပီး ေရခဲအိတ္ ကပ္ေပးေနေလရဲ့။

"ယန္းကြၽင္ မင္း ဘာလို႔ ဒီေရာက္ေနတာလဲ?" သူ ေခါင္းစဉ္ေျပာင္းရင္း မ်က္ခံုးပင့္လိုက္တယ္ :: "မင္း မီတာတစ္ေထာင္ ေျပးၿပီးသြားၿပီလား?"

ယန္းကြၽင္ :: "အင္း။"

"ေျပးတာ ဘယ္လိုလဲ?"

"ဒီတိုင္း ေျပးလိုက္တယ္။"

"အဆင္ေျပပါတယ္။ အဆင့္ဆိုတာ အေရးမွ မႀကီးတာ။ ငါလည္း ဆုရမယ္လို႔ မေမ်ွာ္မွန္းထားဘူး။" ေလာ့ခ်င္ရွန္းက သာမန္ကာလ်ွံကာ ေျပာလာတယ္ :: "ဂိမ္းေဆာ့ရတာ ႀကိဳက္တဲ့ မင္းတို႔က အားကစားမွ သိပ္မလုပ္ျဖစ္ၾကတာ။"

ဖိန႔္ရန္က ႏွစ္စကၠန႔္ေလာက္ တိတ္ဆိတ္ေနၿပီးေနာက္ ယန္းကြၽင္က သေဘာတူသလိုမ်ိဳး ဘာမျွပန္မေျပာလာတာကို ျမင္တဲ့အခါ သူ မေနႏိုင္ေတာ့ဘဲ ေလာ့ခ်င္ရွန္း ထပ္မေျပာခင္ ဝင္ေျဖလိုက္တယ္ :: "သူ တတိယရတယ္၊ ထိပ္ဆံုးႏွစ္ေယာက္လံုးက ကိုယ္ကာယေက်ာင္းသားေတြ။"

ယန္းကြၽင္မ်က္ႏွာအမူအရာ အနည္းငယ္ ေျပာင္းလဲသြားတယ္။ သူ႔ႏႈတ္ခမ္း‌ေထာင့္ကို ျပန္ဆြဲခ်ရင္း ေရခဲအိတ္ကို ေကာက္ကိုင္ကာ ဖိန႔္ရန္ကို သူ႔လက္ဖဝါးနဲ႔ ထိန္းကိုင္ထားလိုက္တယ္။ အဲ့ေနာက္ ေျခခ်င္းဝတ္က ေရေတြကို သုတ္ေပးၿပီး ထပ္ကပ္ေပးျပန္တယ္။

ဖိန႔္ရန္တစ္ေယာက္ သူ႔လက္ဖဝါးေၾကာင့္ ေလာင္ကြၽမ္းလာသလို ခံစားလိုက္ရတယ္။

ေလာ့ခ်င္ရွန္း ေၾကာင္အသြားရကာ :: "ဟမ္? ဒါဆို...ဂုဏ္ယူပါတယ္။"

သူ႔ရဲ့ ၾကဳတ္ထားတဲ့ မ်က္ေမွာင္ကေန သူ႔စိတ္ထဲ သံသယအမ်ားႀကီး ရိွေနဆဲဆိုတာကို ထင္ဟပ္ေနေစတယ္။ သူ တစ္ရႉးတစ္ရြက္ ထုတ္ကာ ေခြၽးသုတ္ၿပီးမွ ယန္းကြၽင္ဆီ သူ႔လက္ျဖန႔္လိုက္တယ္ :: "ဖိန႔္ရန္ကို ဒီပို႔ေပးလို႔ ေက်းဇူးပဲကြာ။ ငါ့ကို အဲ့ေရခဲအိတ္ေပးလိုက္။ ငါ က်န္တာဆက္လုပ္လိုက္မယ္။"

ယန္းကြၽင္က ေနာက္ဆံုးေတာ့ ေမာ့ၾကၫ့္လာေပမဲ့ ဘာလႈပ္ရွားမႈမွ ဆက္မလုပ္။ သူ ေလာ့ခ်င္ရွန္းကို စိုက္ၾကၫ့္ေနၿပီးမွ အံ့အားသင့္ေသာ ေလသံျဖင့္ "မင္းတို႔ လမ္းခြဲလိုက္ၿပီမလား?"

ဒီစကား ထြက္လာတာနဲ႔ ေလထုက ျပန္ေအးခဲသြားၿပီ။

ေလာ့ခ်င္ရွန္းမ်က္ႏွာထားက အမ်ားႀကီး ေျပာင္းလဲသြားေတာ့တယ္။ တစ္ခဏၾကာေတာ့ သူ ၿပံဳးျပလာရင္း စိတ္ေအးလက္ေအး ျဖစ္သေယာင္ ဟန္ေဆာင္ကာ :: "ဒါေၾကာင့္မို႔ ငါ ေကာင္းေကာင္းလုပ္ျပဖို႔ အခြင့္အေရး လိုတာေလ။"

ယန္းကြၽင္က ေမးလာတယ္ :: "ငါ ဘာကိစၥနဲ႔ မင္းကို ဒီအခြင့္အေရး ေပးရမွာလဲ?"

ေလာ့ခ်င္ရွန္း :: "?"

ဖိန႔္ရန္ကေတာ့ ဆက္နားမေထာင္ႏိုင္ေတာ့။ သူ႔ေျခေထာက္ကို ျပန္ဆြဲယူကာ "ငါ မင္းတို႔ကို မေနွာင့္ယွက္ေတာ့ဘူး။ ဒဏ္ရာအေသးစားပါပဲ။ ငါ ကိုယ့္ဘာသာကိုယ္ ကိုင္တြယ္ႏိုင္တယ္။"

ေလာ့ခ်င္ရွန္းက ယန္းကြၽင္ကို အနည္းငယ္ ရႈပ္ေထြးေနေသာ အၾကၫ့္ျဖင့္ ဆက္ၾကၫ့္ေနရင္း သူ ျပန္ေမးေတာ့မယ့္အခ်ိန္ သူ႔ဖုန္းက ရုတ္တရက္ ထျမည္လာခဲ့တယ္။

သူ႔အဖြဲ႔ေခါင္းေဆာင္က သူ႔ကို အားကစားကြင္းထဲ ျပန္လာၿပီး စာရင္းမွာ လက္မွတ္လာထိုးေစခ်င္ေနတယ္။ သူ မထိုးရင္ ေျပးတာက အလကားျဖစ္ၿပီး သူ႔ရလဒ္လည္း ပယ္ဖ်က္ခံရမယ္တဲ့။

ေလာ့ခ်င္ရွန္းက ေမးခြန္းအနည္းငယ္ ထပ္ေမးၿပီးမွ ထြက္သြားေတာ့တယ္။ သူ ထြက္သြားတဲ့အခ်ိန္ မ်က္ႏွာမွာ စိုးရိမ္စိတ္ေတြနဲ႔ အေနာက္ကို သံုးႀကိမ္ေလာက္ ျပန္ျပန္လွၫ့္ၾကၫ့္ေနခဲ့တယ္။

ဖိန႔္ရန္တစ္ေယာက္ သူ႔လက္ေပၚကို ေရခဲအိတ္ တင္ၿပီး သာမန္ကာလ်ွံကာ အေယာင္ျပ ကာထားလိုက္ကာ သူ႔နားက လူကို စိတ္ရင္းနဲ႔ ေျပာလိုက္တယ္ :: "ဒီေန့အတြက္ ေက်းဇူးပါ။"

ယန္းကြၽင္က အသံျပဳျပီးေနာက္ ရုတ္တရက္ ေျပာလာတယ္ :: "မင္း ဒီလာတုန္းက ငါ့ကို အႀကိမ္ေရ ေတာ္ေတာ္မ်ားမ်ား တက္နင္းခဲ့တာ။"

ေျခတစ္ေခ်ာင္းတည္းနဲ႔ လမ္းေလ်ွာက္ရတာ ခက္ခဲတယ္၊ အထူးသျဖင့္ ဖိန႔္ရန္က ေခ်ာ္လဲခါစမို႔ ေျခေထာက္က နာလည္းနာေနေတာ့ လမ္းေလ်ွာက္ဖို႔ ေတာ္ေတာ္ ခက္ခဲခဲ့တာ။

ဖိန႔္ရန္က သူ႔ကို ႏွစ္စကၠန႔္ေလာက္ စိုက္ၾကၫ့္ေနၿပီးမွ ယန္းကြၽင္ဖိနပ္ဆီ ငံု႔ၾကၫ့္လိုက္တယ္။

အျဖဴေရာင္ limited edition ဖိနပ္ေပၚမွာ ျပန္မေခ်ပႏိုင္မယ့္ သက္ေသအျဖစ္ ဖိနပ္ရာတစ္ခ်ိဳ႕ ရိွေနတယ္။

ဖိန႔္ရန္ :: "ေတာင္းပန္ပါတယ္။ ငါ မင္းအတြက္ ျပန္ေလ်ွာ္ေပးမယ္ေလ။"

ယန္းကြၽင္က တစ္ခဏၾကာ ေၾကာင္အသြားၿပီးမွ မ်က္ခံုးပင့္လာကာ :: "မင္း ေလ်ွာ္ေပးမွာလား?"

ဖိန႔္ရန္ ထပ္ျဖၫ့္ေျပာလိုက္တယ္ :: "ဒိုဘီဆိုင္ ပို႔ေပးမယ္ေလ။ အဲ့မွာ သူတို႔ ဖိနပ္လည္း ေလ်ွာ္ေပးတယ္။"

ယန္းကြၽင္ စိတ္ဝင္စားမႈက ေပ်ာက္ကြယ္သြားတယ္ :: "မလိုေတာ့ဘူး။"

သူ ဖိန႔္ရန္လက္ေတြကို စိုက္ၾကၫ့္ေနမိတယ္။ အရမ္းလွတဲ့ လက္ေတြ၊ ပန္းခ်ီဆြဲဖို႔၊ စႏၵယားတီးဖို႔နဲ႔ ဖိန႔္ရန္အတြက္ သင့္ေတာ္တယ္။

ဖိန႔္ရန္ သူ႔ဖိနပ္ကို တကယ္ ေလ်ွာ္ေပးခ်င္ရင္ေတာင္ သူ ဒီလက္တစ္စံုကို အလဟႆ မျဖစ္ေစရက္ဘူးလို႔ ယန္းကြၽင္ သူ႔ဘာသာသူ ေတြးေနမိတယ္။

ဖိန႔္ရန္ :: "ဒါဆို ငါ မင္းဖိနပ္ကို wet tissue နဲ႔ သုတ္ေပးမယ္ေလ?"

"သြားေတာ့မယ္" ယန္းကြၽင္ အၾကၫ့္လႊဲကာ "မင္း ငါ့အေပၚ အေႂကြးတင္ေနတယ္လို႔ပဲ မွတ္လိုက္။"

ဖိန႔္ရန္ ခပ္ဖြဖြ မ်က္ေမွာင္ၾကဳတ္သြားရကာ မေလ်ွာ့တမ္း ျပန္ေျဖလိုက္တယ္ :: "ငါ မင္းကို တစ္စံုျပန္ေပးမယ္ေလ။ မင္း ဘယ္ပံုစံ ယူမလဲ?"

ဖိန႔္ရန္သေဘာထားက မသိမသာ ေျပာင္းလဲသြားတာကို ယန္းကြၽင္ သတိ‌ျပဳမိတဲ့အခါ သူ သူ႔ကို အၾကာႀကီး စိုက္ၾကၫ့္ေနၿပီးမွ သက္ျပင္းဖြဖြ ခ်လိုက္တယ္။

သူ တစ္ဖက္လွၫ့္ၿပီး ေဘးစားပြဲေပၚက တစ္ရႉးတစ္ရြက္ကို ဆြဲထုတ္ကာ ဖိန႔္ရန္လက္ေကာက္ဝတ္ကို ကိုင္ရင္း ေရခဲအိတ္ေပၚ တစ္ရႉးကပ္ၿပီး အဲ့ေနာက္ သူ႔ဖိနပ္ေပၚ သာမန္ကာလ်ွံကာ ပြတ္သုတ္လိုက္တယ္။

"သန႔္သြားၿပီ။ မင္း ငါ့အေပၚ အေႂကြးမတင္ေတာ့ဘူး။"

သူ ေျပာလို႔ၿပီးၿပီးခ်င္း ယန္းကြၽင္အိတ္ကပ္ထဲက ဖုန္းသံက ဆက္တိုက္ ျမည္လာေတာ့တယ္။

Message အေၾကာင္းအရာကို ျမင္ၿပီးတဲ့အခါ ဒီေန့ ဌာနခ်ဳပ္ဆီ လာကာ သူတို႔နဲ႔အတူ ေလ့က်င့္ေရး ဂိမ္းပြဲတစ္ခ်ိဳ႕ ကစားေပးမယ္‌ဆိုၿပီး လင္ရႊီးဟြမ့္ကို ကတိေပးထားတဲ့ ကိစၥကို ယန္းကြၽင္ အမွတ္ရသြားတယ္။

ယန္းကြၽင္ မတ္တပ္ထရပ္ၿပီး ေျပာလိုက္တယ္ :: "သြားၾကစို႔"

ဖိန႔္ရန္က သူ႔ကို ေမာ့ၾကၫ့္လာၿပီး "မင္း ဘယ္သြားမလို႔လဲ?"

"မင္းကို ျပန္ပို႔ေပးမလို႔ေလ။" ယန္းကြၽင္ ေျပာၿပီးတာနဲ႔ ဖိန႔္ရန္ ျပန္ေျဖျဖေမေျဖျဖေ သူ႔လက္ကို လွမ္းဆုပ္ကိုင္ကာ သူ႔လည္တိုင္ေပၚ တင္ေပးလိုက္တယ္ "တင္းတင္းဖက္ထား။"

ဖိန႔္ရန္အေဆာင္ခန္းက အေတာ္ေလး သန႔္ရွင္းတယ္။ သူ႔အခန္းေဖာ္ ေျပာင္းသြားၿပီးတဲ့ေနာက္ပိုင္း သူ အၾကမ္းဖ်င္း သန႔္ရွင္းေရး လုပ္ထားေတာ့ ေလထဲမွာ သစ္သီးရနံ႔‌ ေဖ်ာ့ေဖ်ာ့ေလး ရေနေသးတယ္။

ယန္းကြၽင္က သူ႔ကို ေအာက္ခ်ေပးၿပီး အေဆာင္ခန္းတံခါး မပိတ္ဘဲ ထြက္သြားတယ္။

ဖိန႔္ရန္ အလ်င္မလိုပါဘူး။ သူ စားပြဲေပၚက ႂကြပ္ႂကြပ္အိတ္ အနက္ကို ဖြင့္ရင္း သူ ယန္းကြၽင္ကို သစ္သီးစားမလားဆိုၿပီး ေမးလိုက္သင့္ေၾကာင္း ေတြးေနခဲ့တယ္။

ဖိန႔္ရန္တစ္ေယာက္ ေဘစင္ဆီ ခက္ခက္ခဲခဲ ေလ်ွာက္သြားၿပီး မက္မြန္သီးအခြံကို ဂရုတစိုက္ ႏႊာလိုက္တယ္။ သူ တစ္ကိုက္ကိုက္ေတာ့မလို႔ရိွေသး၊ တံခါးနားမွာ ဆူညံသံကို ၾကားလိုက္ရတယ္။

ယန္းကြၽင္ လက္ထဲ ႂကြပ္ႂကြပ္အိတ္ အနက္တစ္ထုပ္ ကိုင္ရင္း ျပန္ေရာက္လာတယ္ :: "ယူလိုက္။"

ဖိန႔္ရန္ ေမးလိုက္တယ္ :: "ဒါ ဘာလဲ?"

ယန္းကြၽင္ :: "ေရခဲမုန႔္ ၊ မင္းေျခေထာက္ေပၚ တင္ထားလို႔ရတယ္။"

ဖိန႔္ရန္ ၿပံဳးမိသြားတယ္။

သူ ဘာေၾကာင့္ ၿပံဳးမွန္း ယန္းကြၽင္ မသိ။ သူ ဖိန႔္ရန္ကို အခ်ိန္အၾကာႀကီး စိုက္ၾကၫ့္ေနၿပီးမွ "မင္း ဘာလို႔ၿပံဳးတာလဲ?"

ဖိန႔္ရန္က ခပ္ၿပံဳးၿပံဳးနဲ႔ပဲ ေခါင္းခါၿပီး အိတ္ကို ယူလိုက္တယ္ :: "ေက်းဇူး၊ မင္း အသီးစားခ်င္လား?"

"စားခ်င္တယ္။" ယန္းကြၽင္က သူ႔လက္ကို ငံု႔ၾကၫ့္ၿပီး "မက္မြန္သီး?"

ဖိန႔္ရန္က အသံျပဳရင္း တစ္ခဏၾကာ တံု႔ဆိုင္းေနၿပီးမွ မက္မြန္သီးကို ကမ္းေပးလိုက္တယ္ :: "ငါ့လက္ေတြကို ေဆးထားပါတယ္။ သန႔္ရွင္းၿပီးသား။"

ဖိန႔္ရန္ ေျပာလို႔ၿပီးၿပီးခ်င္းပဲ ယန္းကြၽင္က သူ႔အနား ရုတ္တရက္ ကပ္လာကာ ေခါင္းငံု႔ၿပီး သူ ကိုင္ထားတဲ့ မက္မြန္သီးကို ကိုက္လိုက္တယ္။

ဖိန႔္ရန္ရဲ့ အံ့အားသင့္ေနတဲ့ မ်က္လံုးေတြေအာက္မွာပဲ ပါးစပ္အျပၫ့္ ျဖစ္ေနတဲ့ အသီးကို မ်ိဳခ်လိုက္တယ္ :: "ခ်ိဳတယ္။"

------

ေလ့က်င့္ခန္း ဂိမ္းပြဲတစ္ခ်ိဳ႕ ၿပီးသြားတဲ့ေနာက္ TZG နည္းျပရဲ့ WeChat အေကာင့္က တစ္ခါတည္း ေပါက္ကြဲသြားေတာ့တယ္။

"သူတို႔အားလံုး ငါ့လာေမးေနၾကတယ္၊ ငါ မင္းကို လွၫ့္စားၿပီး အသင္းဝင္ခိုင္းခဲ့တာလားတဲ့? ၿပီးေတာ့ ငါက ပုန္းလ်ိႈးကြယ္လ်ိႈးနဲ႔ ဖံုးဖိထားၿပီး သူတို႔ကို မေျပာျပလို႔တဲ့ကြာ။" နည္းျပက ေလွာင္ရယ္ရင္း "ဟာသပဲ။ ငါသာ မင္းကို အသင္းထဲ ဝင္ဖို႔ တကယ္ႀကီး လွၫ့္စားႏိုင္ခဲ့ရင္ ငါ အသံခ်ဲ့စက္ မသံုးရဘဲ သူတို႔ဌာနခ်ဳပ္ဆီ သြားၿပီး ရွစ္ခါဆယ္ခါေလာက္ အသံလႊင့္ပစ္လိုက္မယ္?"

ယန္းကြၽင္က ဂိမ္းကစားခံုကို မွီေနရင္း အျခားသူနဲ႔ စႏိုက္ပါပစ္ေနၾကတယ္။ သံုးစကၠန႔္အၾကာမွာ ၿပိဳင္ဘက္ရဲ့ ေခါင္းတၫ့္တၫ့္ကို သူ ပစ္ခ်လိုက္ႏိုင္တယ္။

"လွခ်က္ပဲကြာ!" နည္းျပက သူ႔ e sports ထိုင္ခံု‌ေနာက္ကို မွီထားရင္း "ဒါဆို မင္း ဘယ္လိုထင္လဲ? မင္း ငါ အသံလႊင့္ႏိုင္မယ့္ ဒီအခြင့္အေရးကို ေပးေတာ့မလား?"

ယန္းကြၽင္က ေလွာင္ရယ္လိုက္တယ္၊ ဒီေန့ ဘယ္လိုျဖစ္လို႔ လူတိုင္း သူ႔ဆီက အခြင့္အေရး လာေတာင္းေနၾကတာလဲ?

"မေပးဘူး။" ယန္းကြၽင္ ေျပာလိုက္တယ္ "ခင္ဗ်ား ဆက္နားပူေနရင္ ကြၽန္ေတာ္ ျပန္ေတာ့မယ္။"

"မျပန္နဲ႔ေလ။ အခန္းက မင္းအတြက္ အသင့္ပဲ။ ဒီည ဒီမွာပဲ အိပ္သြား။" နည္းျပက ရိုးေတာင္ရိုးေနၿပီ "ဒါနဲ႔ မင္း ေနာက္ေနာင္ ဒီကို မၾကာမၾကာ လာႏိုင္မလား? သူတို႔ကို နည္းနည္းပါးပါး ေလ့က်င့္ေပးဖို႔ေလ?"

လင္ရႊီးဟြမ့္ ငိုယိုရင္း "မလုပ္ပါနဲ႔၊ ကြၽန္ေတာ္ ခင္ဗ်ားကို မၾကာခင္ စိတ္ေဝဒနာရေအာင္ လုပ္ပစ္မွာ‌ေနာ္။"

နည္းျပ :: "ငါလည္း မင္းကို စိတ္ဒဏ္ရာရေအာင္ လုပ္ခ်င္တာ၊ အဲ့ဒါမွ မင္း မာန္ဆက္မတက္ႏိုင္မွာ။ ေန့တိုင္းေန့တိုင္း liveထဲမွာ မင္း ေမာက္ေမာက္မာမာနဲ႔ ေလက်ယ္ေနတာေလ။ ငါ ထင္တာေတာ့ မင္းလစာ အရမ္းျမင့္ေနၿပီလို႔ ေတြးေနတာပဲျဖစ္ရမယ္။"

"အဲ့တာ ဘာျဖစ္လဲ..." လင္ရႊီးဟြမ့္ ပြစိပြစိ ေျပာရင္း "ေကာ အဲ့အ‌ေဆာက္အအံုထဲမွာ လူဘယ္ေလာက္ ရွ္ိေနလဲ?"

ေလ့က်င့္ခန္းကစားပြဲ ၿပီးတဲ့ေနာက္ အျခားလူေတြအားလံုး သြားကစားၾကၿပီ။ လင္ရႊီးဟြမ့္ကေတာ့ မစားႏိုင္ရွာဘူး၊ သူ႔ခမ်ာ ေဒါသထြက္လြန္းလို႔ ယန္းကြၽင္နားမွာပဲ ေနၿပီး သူနဲ႔အတူ 'လူႏွစ္ေယာက္ ေလးတန္း' ကစားေပးဖို႔ ေတာင္းပန္ေနေလရဲ့။

"ေလးေယာက္၊ အားအျပၫ့္ပဲ၊ ငါ သံုးေယာက္ ပစ္မယ္။" ယန္းကြၽင္က သူ႔ရိုင္ဖယ္ကို ေျပာင္းကာ အေဆာက္အအံုဆီ ေျပးသြားလိုက္တယ္။

ဂိမ္းပြဲအဆံုးမွာ သူတို႔အားလံုး လိမ္လည္လွၫ့္စားတတ္တဲ့ နတ္ဘုရားရဲ့ စႏိုက္ပါနဲ႔ အပစ္ခံလိုက္ရကာ ကန္ထုတ္ခံလိုက္ရေတာ့တယ္။

ယန္းကြၽင္ ပ်င္းဖို႔ေကာင္းတယ္လို႔ ထင္လာတယ္။ ဒီဂိမ္းထဲမွာ နတ္ဘုရားေတြ မ်ားသထက္မ်ားလာတာပဲ။ သူ ဂိမ္းကို ပိတ္ေတာ့မယ့္အခ်ိန္ သူ႔မ်က္လံုး‌ေထာင့္ကေန လိုင္းတက္လာတဲ့ သူငယ္ခ်င္းတစ္ေယာက္ကို ျမင္လိုက္ရတယ္။

သူ ခ်က္ခ်င္း ဖိတ္ေခၚလိုက္တယ္။

"မတိုက္ေတာ့ဘူးလား? ေကာ?" သူ အဆင္သင့္ မျဖစ္ေသးတာကို ျမင္တဲ့အခါ လင္ရႊီးဟြမ့္ ေမးလိုက္တယ္။

ယန္းကြၽင္ :: "ငါ မသိဘူး။"

လင္ရႊီးဟြမ့္ :: "...'ငါ မသိဘူး'ဆိုတာ ဘာအဓိပၸာယ္လဲ?"

ယန္းကြၽင္က စီးကရက္ကို မီးၫွိရင္း "သူ ငါ့ကို လ်စ္လ်ူရႈမရႈ ၾကၫ့္ရမယ္။"

လင္ရႊီးဟြမ့္ ထပ္ေမးၾကၫ့္ခ်င္ေပမဲ့ ဂိမ္းၾကားခံ‌ေနရာက ရုတ္တရက္ ေပၚလာတယ္။ လူတစ္ေယာက္၊ ဒီလူက မူလအျဖဴေရာင္ ဝတ္စံုကိုပဲ ဝတ္ထားၿပီး တစ္ခ်က္ၾကၫ့္တာနဲ႔ ကစားသမားအသစ္မွန္း သိသာတယ္။

"အဲ့တာ ဘယ္သူလဲ?" နည္းျပက ႏိုးႏိုးၾကားၾကား အနားကပ္လာတယ္ "အျခားအသင္းက လူေတြလား?"

ယန္းကြၽင္ကို ဒီလိုစကားမ်ိဳး ေျပာေစႏိုင္မယ့္ အျခားလူကို သူ မေတြးၾကၫ့္ႏိုင္ဘူး။

ဒီစကားက လင္ရႊီးဟြမ့္ တစ္ႏွစ္ပတ္လံုး ဖြင့္ထားတတ္တဲ့ မိုက္ခရိုဖုန္းကေနတစ္ဆင့္ ဖိန႔္ရန္နားထဲ ဝင္လာတယ္။ ၾကၫ့္ရတာ ယန္းကြၽင္ အေဆာင္မွာ မရိွပံုပဲ။

ညဘက္ တအား ေနာက္က်ေနတာကို သူ ဘာလို႔ ဂိမ္းလာကစားေနမိမွန္း မသိေတာ့။ သူ ယန္းကြၽင္ဆီက ဖိတ္ေခၚစာကို ျမင္တာနဲ႔ အလိုအေလ်ာက္ လက္ခံလိုက္မိတာပဲ။

ဖိန႔္ရန္တစ္ေယာက္ သူ႔ေဘးနားက အေရာင္စံုအက်ႌကို ဝတ္ဆင္ထားတဲ့ ထူးထူးဆန္းဆန္းIDကို တစ္ခ်က္ၾကၫ့္ၿပီး ေမးလိုက္တယ္ :: "မင္း လူမွားေခၚမိတာလား?"

"မဟုတ္ဘူး မဟုတ္ဘူး၊ မွန္တယ္။" လင္ရႊီးဟြမ့္က အေလာတႀကီး ျပန္ေျဖလာတယ္။

သူ ဒီလူကို 197ရဲ့ live replay မွာ ျမင္ဖူးတယ္၊ ရန္ေပါင္ေပ့ ၊ ယန္းကြၽင္ေဘာ့စ္။

"အသင့္ျပင္ထား ေပါင္ေပ့၊ ငါတို႔ ခုခ်က္ခ်င္း အေရာက္လာၿပီး မင္းကို ပ်ံသန္းဖို႔ ေခၚသြားေပးမယ္။" ဂိမ္းရဲ့ ေစာင့္ဆိုင္းေနရာထဲ ဝင္ၿပီးတဲ့ေနာက္ လင္ရႊီးဟြမ့္က မိုက္ခရိုဖုန္းကို ပိတ္ၿပီး "ေကာ ဒါ မင္းေဘာ့စ္မလား?"

ယန္းကြၽင္က ဟုတ္ေၾကာင္း အသံျပဳျပီး ႏွစ္ရိႈက္ေတာင္ မရိႈက္ရေသးတဲ့ စီးကရက္ကို ၿငႇိမ္းသတ္လိုက္တယ္။

လင္ရႊီးဟြမ့္က ဖိန႔္ရန္ရဲ့ ဂိမ္းကာရိုက္တာဆီ‌ ေလ်ွာက္သြားရင္း ေျပာလိုက္တယ္ :: "ဒါ‌မဲ့ ငါ ထင္တာ သူ...ဒီေလာက္ ခ်မ္းသာမယ့္ပံုလည္း မေပၚဘူးေနာ္။ သူ႔မွာ ဖက္ရွင္က်တဲ့ ဝတ္စံုေတြေတာင္ မရိွဘူး။"

ယန္းကြၽင္က ပ်င္းလြန္းလို႔ သူ႔ကို ျပန္မေျဖေပ။ သူ မိုက္ခရိုဖုန္းကို ဖြင့္ၿပီး ေမးလိုက္တယ္ :: "ေျခေထာက္ နာေနေသးလား?"

ဖိန႔္ရန္ :: "မနာေတာ့ဘူး။"

"ေကာင္းတယ္။ လမ္းသိပ္မေလ်ွာက္နဲ႔၊ အသံုးမဝင္တဲ့ အတန္းေတြလည္း ပ်က္လိုက္။"

လင္ရႊီးဟြမ့္ :: "ေကာ မင္း ေဘာ့စ္ကို အက်င့္ဆိုးေတြ သင္ေပးေနတာပဲ!"

"လူတိုင္း မင္းလိုမ်ား ထင္ေနလား?" ယန္းကြၽင္ သူ႔နားက လူေတြကို ပ်င္းပ်င္းရိရိ ျပန္ေျဖေနတာကို ဖိန႔္ရန္ ၾကားေနရတယ္။
"ငါ့ေဘာ့စ္က အရမ္း လိမၼာလြန္းလို႔ အက်င့္ဆိုးေတြ သင္ေပးလို႔ မရဘူး။"

ကြန္ပ်ူတာ screen ဆီက အလင္းက ဖိန႔္ရန္မ်က္ႏွာကို လာရိုက္ခတ္ေနၿပီး သူ႔နားရြက္ေတြမွာ ေပၚလာတဲ့ ပန္းေရာင္သဲ့သဲ့ကို ျပတ္ျပတ္သားသား ထင္ဟပ္ေနေစတယ္။

ဖိန႔္ရန္ ႏႈတ္ခမ္းတင္းတင္းေစ့ထားၿပီး မေနႏိုင္ေတာ့ဘဲ ေရတစ္ငံု ေသာက္လိုက္ရတယ္။

ယန္းကြၽင္က ဂိမ္းကစားေဖာ္တစ္ေယာက္ ျဖစ္လာတာကို သူတို႔ စစသိတုန္းက လင္ရႊီးဟြမ့္နဲ႔ အျခားသူေတြ အံ့ဩခဲ့ရေသးတယ္။

သူတို႔ေတြ ယန္းကြၽင္ေဈးႏႈန္းကိုလည္း တိတ္တိတ္ေလး ခန႔္မွန္းခဲ့ၾကတယ္။ သူတို႔ attacker ေတြကေတာ့ ယန္းကြၽင္က အားေကာင္းေပမဲ့ သူ႔အက်င့္စရိုက္က ခ်ိဳခ်ိဳသာသာနဲ႔ ဝပ္တြားခယတတ္တာမ်ိဳး မဟုတ္ဘူးတဲ့။ သူ စိတ္ဆတ္တာ မဟုတ္ေပမဲ့ ဒီတိုင္း စကားေျပာရတာ မႀကိဳက္ဘဲ ေအးတိေအးစက္ ေနတတ္ရံုပဲ။ ၿပီးေတာ့ ယြမ္တစ္ရာ‌အတြက္နဲ႔ တစ္နာရီၾကာ သည္းခံေပးႏိုင္မွာလည္း မဟုတ္ဘူးတဲ့။

လင္ရႊီးဟြမ့္ကေတာ့ အဲ့ထဲမွာ အေကာင္း‌ဆံုး ေျပာေပးတဲ့သူပဲ။ သူ ယြမ္ႏွစ္ရာလို႔ ခန႔္မွန္းထားတယ္- ဒါေပမဲ့ အဲ့ေနာက္ပိုင္း ယန္းကြၽင္တစ္ေယာက္ သူ႔ေဘာ့စ္ဆီကေန ေငြၫွစ္ပါတယ္ဆိုၿပီး တိုင္စာပို႔ခံရႏိုင္တယ္တဲ့။

ဂိမ္းႏွစ္ပြဲ ၿပီးတဲ့ေနာက္ လင္ရႊီးဟြမ့္ သူ႔အရင္အေတြးေတြကို လံုးဝ ပယ္ဖ်က္လိုက္ၿပီ။ ယန္းကြၽင္တစ္‌ေယာက္ ရန္ေပါင္ေပ့ေရ႔ွသို႔ က်ည္ဆန္အျပၫ့္နဲ႔ ေသနတ္တစ္လက္ ပစ္ေပးလိုက္တာကို သူ႔မ်က္လံုးႀကီးနဲ႔ တပ္အပ္ ျမင္လိုက္ရတာ :: "ဖိန႔္ရန္ BUFFသြင္းေပး။"

ေတာင္ေပၚက ေသနတ္သံက မီးရႈးမီးပန္းေတြလိုပဲ။ ေသနတ္သံေတြ သူ႔ေနာက္ လိုက္လာတာကို ၾကားရင္ အျခားဘယ္သူမဆိုထက္ ပိုျမန္ေအာင္ ေျပးေလ့ရိွတဲ့သူက အခုေတာ့ ရန္ေပါင္ေပ့ေနာက္က ေျမလြတ္ေနရာကို ရွာကာ "မသြားခင္ သူ ဒီအိမ္ကို ပတ္ၾကၫ့္ၿပီးတဲ့ထိ ေစာင့္စို႔။"

အထူးဆန္းဆံုး ကိစၥကေတာ့

ရန္ေပါင္ေပ့ ေသသြားၿပီးတဲ့ေနာက္ ယန္းကြၽင္က သူ႔ကို သတ္တဲ့ တစ္သင္းလံုးကို ရွင္းထုတ္ပစ္ကာ လက္ပစ္ဗံုးကို ထုတ္ယူလိုက္တယ္။

ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္ျခင္း။

ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္ျခင္း။

ငါ ေသာက္ရမ္း အံ့ဩသြားၿပီ...

လင္ရႊီးဟြမ့္တစ္ေယာက္ သူ႔အေရ႔ွက ေဘးခ်င္းကပ္လ်က္ ရိွေနၾကတဲ့ ေသတၲာဘူးႏွစ္ဘူးကို ပါးစပ္အေဟာင္းသားနဲ႔ စိုက္ၾကၫ့္ေနမိတယ္။

^ PUBG မေဆာ့ဖူးတဲ့ သူေတြအတြက္ ရွင္းျပရရင္ ဂိမ္းထဲမွာ ကာရိုက္တာတစ္ခု ေသသြားရင္ ေသတၲာဘူးေလးအျဖစ္ ေျပာင္းသြားပါတယ္တဲ့။ အဲ့ထဲမွာေတာ့ item ေတြ ပါတာေပါ့ေနာ္။ ^

အခ်ိန္အေတာ္ေလး ၾကာေတာ့မွ သူ ေခါင္းလွၫ့္ကာ တည္တည္ၿငိမ္ၿငိမ္ ေမးလိုက္ေတာ့တယ္ :: "ေကာ မင္း...တစ္ဖက္လူဆီကေန ပိုက္ဆံဘယ္ေလာက္ေတာင္ လိမ္ထားၿပီးၿပီလဲ?"

________

• Long time no comeback ><

• အိုင္းယား ယန္းကြၽင္ ဂိမ္းကစားရင္း မထိတထိ flirt တာေတြကို ဖတ္ၿပီး အသည္း‌ေတြ ယားေနၿပီလို႔ 😭🤚
ဒီေလာက္လန္းတဲ့ဘဲကို ဘယ္သူ ေတာင့္ခံႏိုင္မွာလဲ?

—————



Continue Reading

You'll Also Like

250K 37.3K 89
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
2.5M 157K 100
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
349K 8.6K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.2M 64.2K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...