JUN

By cottonjkim

857 104 23

' ရင်ထဲနင့်အောင်ချစ်လိုက်ရတာ "ဂျွန်" ' ' "ဟွန်းရဲ့အချစ်" က ကျနော်နဲ့ ထိုက်တန်ရဲ့လား' ' မင်းတစ်ယောက်ကိုပဲပေးထာ... More

JUN
JUN (Part 1)
JUN (Part 2)
JUN (Part 3)
JUN (Part 5)
JUN (Part 6)
JUN (Part 7)
JUN (Part 8)
JUN (Part 9)
JUN (Part 10)
JUN (Part 11)
JUN (Part 12)
JUN (Part 13)
JUN (Part 14)

JUN (Part 4)

51 6 0
By cottonjkim

"မောနီး သား"

"မောနီး appa omma
သားကျောင်းသွားပြီနော် အပြင်မှာ ဆယ်ဟွန်းရောက်နေပြီတဲ့"

"သားး!
မနက်စာရော.."ဟု ဂင်အိုမားမှ မေးလိုက်ခြင်းပေ။

"ရတယ် သားမစားတော့ဘူး ဆယ်ဟွန်းနဲ့ အတူစားလိုက်မယ်အပြင်မှာပဲ
အော် ပြီးတော့ Omma!! သားညနေကျ အိမ်ပြန်တာ နောက်ကျမယ်နော်..." ဟု ဂျွန်မြောင် အော်ပြောရင်း အိမ်ရှေ့ ဆယ်ဟွန်းရှိရာသို့ ပြေးထွက်ခဲ့သည်

"ဂျွန် ရာ ဘာလို့ပြေးလာတာလည်း ချွေးတေထွက်နေလိမ့်မယ် ကျောင်းသွားရမှာကို"

"ဟွန့် မင်းကလည်း ဒီလောက်လေးပြေးတာ ဘာမှမဖြစ်ပါဘူး"

/ဟော ကြည့်! ကျနော့် "ဂျွန်"ဆိုသည်မှာလေ  သူ့ကို ချွေးလေးတေထွက်နေမှာဆိုးလို့ စေတနာနဲ့ပြေသည်ကို မသိသည်လားနော်.. အဟင်းးဒီလိုမျိုးပြောလိုက်ရင် ပြန်ပြန်ပြောတာလေးကလည်း ချစ်စရာရယ်ကွာ../
(သူ့အပိုင်ကြီးကျ လို့ ကျနော့်"ဂျွန်"တဲ့😖)

"ဟုတ်ပါပြီ‌ဗျာ လာတက် မနက်စာမစားခဲ့ရဘူးမလား အရင်သွားစားမယ်"

"ဟီးး ဟုတ်တယ် သွားစားမယ် အရင်"

/မင်းအရမ်း ချစ်စရာကောင်းတယ် ဂျွန် ရယ်...ငါမင်းကို ဘယ်လိုစိတ်ချရပါ့မလဲ../

/ခများတို့သိလား

ကျနော်အဖြူရောင်ကြိုးလေးကို ဖြူစင်စွာအရောင်စွန်းကာ ချစ်ခဲ့မိတာ သူတစ်ယောက်သာပါ "ဟွန်း"တစ်ယောက်အတွက်ပဲ../
/ဒါနဲ့ ကျောင်းသွားတဲ့ အချိန်တိုင်း ချစ်ရတဲ့သူရဲ့ စက်ဘီးနောက်ကနေလိုက်စီးပြီး သူနဲ့အတူသွားရတဲ့ခံစားချက် ဘယ်လောက်မိုက်တယ် ထင်လဲ ခများတို့ ဟီးးကျနော် ဂျွန်မြောင် ကတော့ အရမ်းသဘောကျတာ.🤭/

ဒါကတော့ မနက်တိုင်း ဆယ်ဟွန်းနဲ့ဂျွန်မြောင်တို့ရဲ့နှစ်ယောက်သား အတူ တစ်နေ့တာကိုစတင်ခြင်းပဲ...
လမ်းမလေးထက် စက်ဘီတစ်စီးနဲ့ ကောင်းလေးနှစ်ယောက်တို့ရဲ့ မျက်နှာပေါ် အပြုံးများဆင်မြန်းနေတတ်တာကတော့ သူတို့လေးတေရဲ့အတွေးထဲမှာ သာယာကြည်နူးမှုတေရစ်နွှယ်နေ၍ပဲဖြစ်မည်ထင်...

"ဂျွန် ဘာစားချင်လဲ"

"အင်းးးမင်းရော ဘာစားချင်လဲ"

"မှာလေ"ဂျွန်"ရယ် မင်းစားချင်တာကို...
ဘာစားမှာလဲပြော"

"ပဲခေါက်ဆွဲ ပဲစားမယ်"

"ဒါနဲ့ ဆယ်ဟွန်း ညနေကျ မင်းလိုက်မှာ သေချာတယ်နော်"

"ဟိုကောင်မလေးကို စာရှင်းပြဖို့လား လိုက်မှာပါဆို."

"ဟုတ်ပါပြီ ငါကလည်း လိုက်ခဲ့ဖို့ပဲပြောမို့"

/ဂျွန်မြောင်မေးမိပြီးမှ ဆယ်ဟွန်းမျက်ဝန်းထဲ အရိပ်အယောင်တစ်ခုခုကိုမြင်မိလိုက်သလို/

/မင်းသူနဲ့ရင်းနှီးသွားမှာကြောက်တယ်"ဂျွန်"/

ဒီလိုနဲ့သူတို့မနက်စာစားပြီး ကျောင်းသို့ထွက်လာခဲ့လိုက်သည်...

"ဘတ်ဟျွန်း ဒီနေ့စောလှချည်လား"

"မင်းတို့နောက်ကျတာ ထည့်ပြောလေ ဂျွန်မြောင်"

ဘတ်ဟျွန်းပြောလို့ လက်ကနာရီကိုငုံ့ကြည့်မိလိုက်သေး /ဟုတ်သား ငါတို့နောက်ကျတာဟ/ ဟုတွေးမိဘူး အချစ်တော် သူငယ်ချင်းကြီးကို စပ်ဖြီးဖြီးပဲပြန်ရယ်ပြလိုက်ရတော့သည်.......

ဂျွန်မြောင်နဲ့ဆယ်ဟွန်းအတန်းထဲရောက်ပြီးမကြာ စာသင်ချိန်စပြီး ဆရာမလည်း ဝင်လာခဲ့သည်.....

"ဂျွန်မြောင်..! ဂျွန်မြောင် ရေ"

"ဘာလဲဟ ဆရာမရှေ့မှာရှိနေတာ မိသွားမှဖြင့်"

"မင်းကလည်းဘာမှ မဖြစ်ပါဘူး"

"ထားပါ ဘာပြောမလို့လည်းပြော"

"မင်း ဟိုကောင်မလေးကို စာပြပေးရမှာဆို အသစ်ရောက်လာတဲ့ ကောင်မလေး"

"အင်းလေ.... ဘာလို့လည်း.."

"ဘာမှမဟုတ်ဘူး"

"ဘာမှမဟုတ်ဘဲနဲ့များ "စ" သုံးလုံးကောင်
စာလိုက်ကြည့်တော့"

ဂျွန်မြောင်ပိတ်ဟောက်လိုက်မှ ဘတ်ဟျွန်းလည်းတိတ်တော့သည် မဟုတ်ရင် ဆရာမရဲ့လည်း ပြောင်မြောက်လှသောလက်နှင့် ထုခံရကိန်းမြင်သည်လေ....

ဆယ်ဟွန်းကတော့ ဂျွန် တို့ပြောသမျှကိုနားထောင်ကာငြိမ်ချက်သားကောင်းနေလေရဲ့...

ဂျွန်မြောင်တို့လည်းစာသင်ပြီး ကန်တီးဘက်ထွက်လာခဲ့ရာ တွေ့ပါပြီ‌ ရှေ့မှာ ဂင်ဂျုံမဲ..

ဘတ်ဟျွန်းမှစကာ.."နေပါအုံး သူ့ဘေးကကောင်လေးကဘယ်သူလည်း"

ဘတ်ဟျွန်းပြောမှ သူတို့လည်းသေချာကြည့်မိသည် ဟုတ်ပါရဲ့ ဘယ်သူလည်း

ဂျုံအင်ကတော့ သူတို့သုံးရောက်ကိုတွေ့သည်နှင့်ပြဲလန်နေအောင်

"ဟျောင့်တေ ငါဒီမှာ..!!!" အော်ကာလက်လှန်းပြနေလေသည်

"ဂျုံအင် သူကဘယ်သူလည်း"လို့ဆယ်ဟွန်းစမေးလိုက်တော့

"သူ့နာမည်က ဒိုဂယောင်းဆူ တဲ့ ငါ့တို့ရပ်ကွက်ထဲအရင်နေ့ကမှပြောင်းလာတာ အရင်နယ်ကကျောင်းမှာပဲတက်တာတဲ့ ခုဒီပြောင်းလာတော့ ကျောင်းကဒီမှာပဲတက်ဖြစ်တော့မှာဆိုတယ် ငါလည်း သူ့တို့ဘက်သွားကူရင်းနဲ့ အတန်းလဲတူတူပဲမို့ တစ်ခါတည်းခေါ်လာလိုက်တာ မဟုတ်ရင် သူတစ်ယောက်တည်းဖြစ်‌နေမှာစိုးလို့"

"အဲ့လိုလားးးဂယောင်းဆူ သူငယ်ချင်းလုပ်ကြမယ်နော်"ဟုဆိုကာ ဘတ်ဟျွန်းတို့က
‌တော့ ခပ်သွက်သွက်ပင်သူ့ပုံစံလေးတိုင်းနှုတ်ဆက်လေရဲ့

"အင်းးလုပ်ရအောင် ငါ့နာမည်က ဂယောင်းဆူ"

"အိုခေကွာ ငါ့နာမည်က ဂင်ဂျွန်မြောင်"

"ငါ့နာမည်က ဆယ်ဟွန်း"

သူတို့လည်းအကုန်နှုတ်ဆက်ပြီး စကားထိုင်ပြောနေကြတုန်း

"ဆယ်ဟွန်းး အားကစားဆရာက မင်းကိုခေါ်ခိုင်းလိုက်တယ် ငါတို့အသင်း အားကစားပြိုင်ပွဲမှာပါမယ့်ကိစ္စပြောမယ်ထင်တယ်"ဟု သူတို့အသင်းထဲမှ သူငယ်ချင်းတစ်ယောက်လာပြောသောအခါ
ဆယ်ဟွန်းလည်း ကျန်တဲ့သူတေကို အတန်းတက်နှင့်ဖို့ပြောခဲ့ပြီး ဆရာ့ဆီသို့ထွက်ခဲ့တော့သည်...

ဒီလိုနဲ့ ကျောင်းဆင်းချိန်ရောက်တော့ ဂျွန်မြောင်သူစာသင်ပေးရမယ့် ကောင်မလေးဆီသွားဖို့ ပြင်ရတော့သည်။

ဆယ်ဟွန်းကတော့ သူတို့အသင်းအတွက် တိုင်ပင်စရာရှိသေးလို့ မလိုက်တော့ဘူးဆိုကာ ကျန်ခဲ့လေသည်။
.
.
.
.
ဂျွန်မြောင် စာကြည့်တိုက်ထဲမှာ စာရှင်းပြနေပေမယ့်စိတ်နဲ့လူနဲ့သိပ်မကပ်ချင်...
ဆယ်ဟွန်းကလိုက်ခဲ့မယ်ပြောပြီး ကျန်ခဲ့တာကိုပဲစိတ်မကောင်းဖြစ်နေမိတာလားး...
အမှန်အတိုင်းဝန်ခံရရင် ဟွန်း နဲ့အတူ ရှိချင်တာပါ..
ဟွန်းပြောသလိုပဲ သူနဲ့ဒီကောင်မလေးနဲ့ နှစ်ယောက်တည်းစာအတူလုပ်ရတာကိုလည်း စိတ်ထဲမတင်မကျ..
လူပြောမှာစိုးရသည်...
သူကအဆင်ပြေရင်တော့ ကိစ္စမရှိပါ...
ဒါပေမဲ့ သူအခု ဘာဖြစ်ချင်နေမှန်းကိုမသိဖြစ်နေလေရဲ့. လူနဲ့စိတ်နဲ့ကလုံးဝ မကပ်တော့တာနဲ့ ဒီနေ့အစမို့ သင်ခန်းစာရဲ့အစပဲရှင်းပြကာ မှတ်စရာnoteလေးများသာပေးခဲ့ပြီး ရှင်းပြပြီး ပြန်လာခဲ့လိုက်တော့သည်..

/ဆယ်ဟွန်းရော ခုပြန်လောက်ပြီလားး အင်းးးသူတို့ဘက်သွားကြည့်ရမယ်/ ဟုတွေးပြီး ဆယ်ဟွန်းရှိရာ basket ballကစားရာသို့ ထွက်လာခဲ့လိုက်သည်.။

~~~~~~~~~~~~~~~~~~~~~~~~~~~~♡

ဟလို...အားလုံးပဲ ကြာသွားလို့တောင်းပန်ပါတယ်နော် လင်းက ခုမှစာရေးတာမို့plotတေကိုစဉ်းစားနေရတာ အခက်အခဲနည်းနည်းရှိနေလို့ပါ ပြီးတော့စာလည်းသိပ်မရေးတတ်ပဲ hunho လေးကိုပဲကြည့်ပြီး မြတ်နိုးလို့ ကိုယ်ဖန်တီး‌ထားတာလေးအမှတ်တရရှိချင်လို့သာ စရေးဖြစ်ခဲ့တာမို့ပါ အခက်အခဲလေးတေရှိနေတာတော့အမှန်မို့ ခွှင့်လွှတ်ပေးကြဖို့ တောင်းပန်ပါတယ်ထပ်ပြီးး ဒီဟာလေးကိုလည်းပြီးအောင်ရေးသွားချင်တာမို့ ကြိုးစားပါ့မယ် အားလုံးပဲ ဖတ်ပေးတာကျေးဇူးအရမ်းတင်ပါတယ်နော်🥺💌

Continue Reading

You'll Also Like

1.8M 49.2K 71
𝐅𝐑𝐎𝐙𝐄𝐍 | ❝Ye a cute little thin', aren't ya? I think ye will be mine now...❞ ❆❅❄❆❅ ʙᴏʀɴ ᴏғ ᴄᴏʟᴅ ᴀɴᴅ ᴡɪɴᴛᴇʀ ᴀɪʀ ᴀɴᴅ ᴍᴏᴜɴᴛᴀɪɴ ʀᴀɪɴ ᴄᴏᴍʙɪɴɪɴɢ...
1M 25.2K 23
Yn a strong girl but gets nervous in-front of his arranged husband. Jungkook feared and arrogant mafia but is stuck with a girl. Will they make it t...
1M 63.6K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
401K 24.3K 83
Y/N L/N is an enigma. Winner of the Ascension Project, a secret project designed by the JFU to forge the best forwards in the world. Someone who is...