ဘေးနားရှိ ကျိုးဝမ်ကျင်းသည် အမည်မသိသတ္တဝါရဲ့အသားများကို ကောက်ယူပြီး မြိန်ရေရှက်ရေစားကာ စစ်ဟွိုင်ရှီးကို စကားပြောနေခဲ့သည်။
" သိပ်မကြာခင်တုန်းက ဖေးကျောက်ကျိုး ရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဘာဖြစ်သွားမှန်း မသိပါဘူး.. ငါ သူနဲ့ အတူစားဖို့ ထွက်လာတိုင်း သူ အစာစားချင်စိတ် ပျောက်သွားနေတာကြာပြီ.. အခြေခံအားဖြင့် ငါက ငါ့ရဲ့ တူချောင်းတွေကို အကြိမ် အနည်းငယ်လောက် မလှုပ်လိုက်ရဘူး..ဒီလောက်အရသာရှိတဲ့ အစားအစာတွေကို ဖြုန်းတီး ပစ်လိုက်တာပဲ!"
စစ်ဟွိုင်ရှီးကတော့ စိတ်ပူနေမိသည်..
"ဖေးကော ဒီလိုဖြစ်တာ ကြာပြီလား.."
"မင်း အလုပ်အရမ်းရှုပ်နေရင် ထမင်းစားဖို့ မေ့သွားတတ်တယ် အဲ့ကျ ဗိုက်နာတာတွေ ဖြစ်တတ်တယ်လေ.. သူ သက်သာသွားမှာပါ..."
စစ်ဟွိုင်ရှီး သည် ဖေးကျောက်ကျိုးက သန့်စင်ခန်းသွားတာ ကြာနေတာကြောင့် ပြဿနာရှိနေမှာကို စိုးရိမ်သဖြင့် သူနောက်သို့ လိုက်သွားခဲ့သည်။
ရေချိုးခန်းထဲမဝင်ခင်မှာ ညည်းတွားသံတွေကြားလိုက်ရပြီး စစ်ဟွိုင်ရှီး ဟာ ဖေးကျောက်ကျိုးက တစ်ခုခုမှားနေပြီလို့ စိုးရိမ်စိတ်တွေနဲ့ ပြေးဝင်လာခဲ့တယ်။
သူဝင်လိုက်သည်နှင့် ဖေးကျောက်ကျိုး သည် ဖြူဖျော့နေပြီး နဖူးတွင် ချွေးများ ထွက်နေသည်ကို တွေ့လိုက်ရကာ မျက်မှောင်ကြုတ်နေသော မျက်ခုံးများက သူ့ အား မသက်မသာ ဖြစ်နေသည်ကို ပြောပြနေခဲ့တယ်။ ပါးစပ်ကို လက်ဖဝါးဖြင့် အုပ်ထားပေ့မယ့်လည်း အန်ချင်စိတ်ကို ဘယ်လို ရပ်တန့်နိုင်ပါ့မလဲ။
"ဖေးကော.. သွားရအောင်..မင်းကို ဆေးရုံလိုက်ပို့ပေးမယ်..."
"မဟုတ်ဘူး..ငါဗိုက်နာနေတာပါ.. ခဏပဲ"
"ဒါပေမယ့် ကောကို့ စိတ်ပူတယ်လေ..."
စစ်ဟွိုင်ရှီး က သူ့ကို ခေါင်းမာမာနဲ့ ကြည့်နေတယ်၊ သူ့အတွက် စိုးရိမ်ပူပန်မှုတွေ ပြည့်နှက်နေတဲ့ မျက်လုံးတွေက ဖေးကျောက်ကျိုး ရဲ့ နှလုံးသားကို အနည်းငယ် ထိမိသွားတယ်။
"ဒါပေမယ့် မင်းနေ့လည်အတွက် ရုပ်ရှင်မရိုက်ဘူးလား"
"ဒါရိုက်တာကို ပြောလိုက်မယ် ရတယ်.."
ဖေးကျောက်ကျိုး သည် စစ်ဟွိုင်ရှီး ၏ ဆုံးဖြတ်ချက်ကို လက်မခံချင်ပေ့မယ့်.. စိတ်ရှုပ်စရာ တွေ ကြုံလာရရင်တောင် သူ့စကားအတိုင်း ဆေးရုံကို သွားလိုက်ရသည်။
ပုဂ္ဂလိကဆေးရုံ....
ဒီဆေးရုံက ဖေးကျောက်ကျိုး သွားနေကြ ဆေးရုံဖြစ်ပြီး သူက ဒီက ဆရာဝန် တွေကို ယုံကြည်တယ်။
ဖေးကျောက်ကျိုး သည် လူနာဝတ်ဆုံကို ဝတ်ဆင်ထားပြီး ချောမောပြီး တောက်ပြောင်သော အသွင်အပြင်က စိတ်သက်သာရာရစေတဲ် ခံစားချက်ကို တိုးစေသည်။ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးပြီးနောက်..မာကျောသော အနက်ရောင်ဆံပင် များ ဖြည်းညှင်းစွာ တွဲကျလာပြီး ပုံမှန်အားဖြင့် ဂုဏ်သိက္ခာရှိရှိ အနက်ရောင် မျက်လုံးများသည် နူးညံ့ပြီး အနည်းငယ် ပင်ပန်းလာသည်။
ဖေးကျောက်ကျိုး သည် Vip ward တွင် ဆေးစစ်ချက် အဖြေစာရွက်ကို စောင့်နေသည်။ စစ်ဟွိုင်ရှီး က သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး..
"စိတ်မပူနဲ့.. အားလုံးအဆင်ပြေသွားမှာပါ..."
"အင်း.."
ဖေးကျောက်ကျိုး က တင်းတင်းကျပ်ကျပ်ပြန်ဆုပ်ကိုင်ထားလိုက်သည်။ သူ့မျက်နှာကတော့ သိပ်မကောင်းသေးဘူး။
ဆေးရုံကို ရောက်တိုင်း ဘာမှ အဆင်မပြေဘူး။ သူတကယ်ကြောက်တယ်။ သူ့ ရဲ့ pheromoneရောဂါက ထပ်ပြီး ပိုဆိုးလာရင် ဘယ်လိုလုပ်မလဲ။
သူကက ခေါင်းငုံ့ပြီး စစ်ဟွိုင်ရှီးကို..
"ခဏလောက် အပြင်ထွက်ပေးလို့ရမလား..ငါတစ်ယောက်တည်း ရလဒ်ကို ကြည့်ချင်တယ်.."
စစ်ဟွိုင်ရှီးက သူ့ဟာ မသန်စွမ်းတဲ့ Alpha တစ် ယောက်အနေနဲ့သိသွားမှာ စိုးရိမ်နေမိတယ်။ မသန်စွမ်းသူတစ်ဦးအနေနဲ့ သူ့ရဲ့နောက်ဆုံးဂုဏ်သိက္ခာကို ထိန်းသိမ်းထားလိုတာကြောင့် သူ့ထွက်သွားစေချင်တယ်။
ဒါကို ကြားတော့ စစ်ဟွိုင်ရှီးက ခဏလောက် မျက်လုံးမှိတ်ထားလိုက်ပြီး...
“ တံခါးအပြင်မှာစောင့်နေမယ်.."
နံရံကို ကျောမှီပြီး သူ့မျက်လုံးထဲက နက်နဲတဲ့ စိုးရိမ်ပူပန်မှုတွေက ပင်လယ်ပြာမျက်လုံးတွေကို အဆုံးထိ နက်မှောင်သွားစေတယ်။
သူအဆင်ပြေသွားမှာပါ....
ခဏကြာတော့ ဒေါက်တာရောက်လာတယ်..
ဒေါက်တာတစ်ဦးတည်းသာရောက်လာပြီး မှတ်တမ်းစာအုပ်ကို ကိုင်ဆောင်ထားကာ အထဲရှိဒေတာများကို ကြည့်ရှု့ပြီးနောက်...ဖေးကျောက်ကျိုးအား..
“မင်းက Omega ဒါမှမဟုတ် Beta လား..."
"Alpha"
ဒေါက်တာက သူ့အား မယုံသလိုကြည့်ကာ...
"Alpha..သေချာလား..."
ဖေးကျောက်ကျိုး တော်တော်လေးဒေါငထွက်လာလေသည်။သူက Alpha နဲ့မတူရအောင် ပျော့ညံနေလို့လား...
"ငါက Alpha ပါ..မယုံရင် ID ကတ်ပြပေးလို့ရတယ်.."
"Omega ဒါမှမဟုတ် Beta ကွဲပြားခြင်း လိုမျိုး ဒုတိယကွဲပြားမှုကို မကြာသေးမီက ခံစားခဲ့ရသေးလား..."
ဖေးကျောက်ကျိုးသည် သူရဲ့ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုအစီရင်ခံစာတွင် ပြဿနာ ကြီးကြီးမားမားရှိနေသည်ဟု ထင်ရပြီး သူ့မျက်နှာမှာ မလွှဲမရှောင်သာ မှိုင်းမှိုင်း နေသည်။ စိတ်ဓာတ်ကျခြင်းနှင့် လေးလံခြင်းတို့ရဲ့ အသံဖြင့်...
"ဒေါက်တာ.. ဘာပြောချင်လဲ.. အဲဒါကို ပြောလိုက်ပါ...ကျွန်တော်လက်ခံနိုင်ဖို့ အဆင်သင့်ပါပဲ.."
ဖေးကျောက်ကျိုးသည် တစ်နေ့တွင် အပြင်းဖျားလာလိမ့်မည်ဟု မျှော်လင့်ခဲ့တယ်။ Pheromone ထောက်ပြန်ခြင်း ရောဂါရဲ့ နောက်ပိုင်းအဆင့်တွင်..သူသည် သူရဲ့အပြုအမူနဲ့ စိတ်ကိုပင် မထိန်းချုပ်နိုင်တော့ဘဲ စိတ်တိုခြင်း၊ စိတ်မြန်ခြင်းတွေက မကြာခဏဆိုလို ဖြစ်လာတော့မယ်။
ထိုနေ့ရောက်လာတော့မယ်ဆိုရင် ဖေးကျောက်ကျိုးသည် အသက်ရူနူန်းမြန်လာပြီး သူ့ ရင်ဘတ်သည် ထိန်းမနိုင်သိမ်းမရ လှုပ်လာကာ တဆက်ထဲပင် စိတ်ဓာတ်တွေကျလာလေသည်။
သူသည် ဘိုးဘွားရိပ်သာသို့သွားကာ ကျန်အချိန်များကို ကုန်ဆုံးလိုက်တော့မယ်။ ကျန်ပိုင်ဆိုင်မှုအများစုကို နယ်ချဲ့ပရဟိတအဖွဲ့များသို့ လှူဒါန်းခဲ့ပြီး ကျန် ရှယ်ယာများကို ကျိုးဝမ်ကျင်းကို ပေးလိုက်တော့မယ်။
စစ်ဟွိုင်ရှီးကိုတော့...သူ့မျက်နှာက ငိုသည်ထက်ပိုလာသော အတွေးတွေနဲ့ ရူးမိုက်စွာ ပြုံးနေလိုက်သည်။
ဒေါက်တာက...
"ဂုဏ်ယူပါတယ် မင်းက ဒီဆေးရုံမှာ ပထမဆုံးကိုယ်ဝန်ရှိတဲ့ Alphaဖြစ်လာခဲ့ပါပြီ...."
စိတ်အဆင်သင့်ပြင်ထားသော ဖေးကျောက်ကျိုး..
"............"
~သီတင်းကျွတ်ပရိုမိုးရှင်းလေးရှိပါတယ်...
အပိုင်း၁၀၀ အထိ ၄၀၀၀ကို ၂၅၀၀နဲ့ ဝင်လို့ရပါပြီ... ဒီနေ့ကစပြီး ၂ရက်အတွင်း အရေအတွက်ကန့်သတ်မထားပါဘူးနော်😍😍 ~
Zawgyi
ေဘးနားရွိ က်ိဳးဝမ္က်င္းသည္ အမည္မသိသတၱဝါရဲ႕အသားမ်ားကို ေကာက္ယူၿပီး ၿမိန္ေရရွက္ေရစားကာ စစ္ဟြိုင္ရွီးကို စကားေျပာေနခဲ့သည္။
" သိပ္မၾကာခင္တုန္းက ေဖးေက်ာက္က်ိဳး ရဲ႕ အစာအိမ္နဲ႕ အူလမ္းေၾကာင္းမွာ ဘာျဖစ္သြားမွန္း မသိပါဘူး.. ငါ သူနဲ႕ အတူစားဖို႔ ထြက္လာတိုင္း သူ အစာစားခ်င္စိတ္ ေပ်ာက္သြားေနတာၾကာၿပီ.. အေျခခံအားျဖင့္ ငါက ငါ့ရဲ႕ တူေခ်ာင္းေတြကို အႀကိမ္ အနည္းငယ္ေလာက္ မလႈပ္လိုက္ရဘူး..ဒီေလာက္အရသာရွိတဲ့ အစားအစာေတြကို ျဖဳန္းတီး ပစ္လိုက္တာပဲ!"
စစ္ဟြိုင္ရွီးကေတာ့ စိတ္ပူေနမိသည္..
"ေဖးေကာ ဒီလိုျဖစ္တာ ၾကာၿပီလား.."
"မင္း အလုပ္အရမ္းရႈပ္ေနရင္ ထမင္းစားဖို႔ ေမ့သြားတတ္တယ္ အဲ့က် ဗိုက္နာတာေတြ ျဖစ္တတ္တယ္ေလ..သူ႕ကို သက္သာသြားမွာပါ..."
စစ္ဟြိုင္ရွီး သည္ ေဖးေက်ာက္က်ိဳးက သန့္စင္ခန္းသြားတာ ၾကာေနတာေၾကာင့္ ျပႆနာရွိေနမွာကို စိုးရိမ္သျဖင့္ သူေနာက္သို႔ လိုက္သြားခဲ့သည္။
ေရခ်ိဳးခန္းထဲမဝင္ခင္မွာ ညည္းတြားသံေတြၾကားလိုက္ရၿပီး စစ္ဟြိုင္ရွီး ဟာ ေဖးေက်ာက္က်ိဳးက တစ္ခုခုမွားေနၿပီလို႔ စိုးရိမ္စိတ္ေတြနဲ႕ ေျပးဝင္လာခဲ့တယ္။
သူဝင္လိုက္သည္ႏွင့္ ေဖးေက်ာက္က်ိဳး သည္ ျဖဴေဖ်ာ့ေနၿပီး နဖူးတြင္ ေခြၽးမ်ား ထြက္ေနသည္ကို ေတြ႕လိုက္ရကာ မ်က္ေမွာင္ၾကဳတ္ေနေသာ မ်က္ခုံးမ်ားက သူ႕ အား မသက္မသာ ျဖစ္ေနသည္ကို ေျပာျပေနခဲ့တယ္။ ပါးစပ္ကို လက္ဖဝါးျဖင့္ အုပ္ထားေပ့မယ့္လည္း အန္ခ်င္စိတ္ကို ဘယ္လို ရပ္တန႔္နိုင္ပါ့မလဲ။
"ေဖးေကာ.. သြားရေအာင္..မင္းကို ေဆး႐ုံလိုက္ပို႔ေပးမယ္..."
"မဟုတ္ဘူး..ငါဗိုက္နာေနတာပါ.. ခဏပဲ"
"ဒါေပမယ့္ ေကာကို႔ စိတ္ပူတယ္ေလ..."
စစ္ဟြိုင္ရွီး က သူ႕ကို ေခါင္းမာမာနဲ႕ ၾကည့္ေနတယ္၊ သူ႕အတြက္ စိုးရိမ္ပူပန္မႈေတြ ျပည့္ႏွက္ေနတဲ့ မ်က္လုံးေတြက ေဖးေက်ာက္က်ိဳး ရဲ႕ ႏွလုံးသားကို အနည္းငယ္ ထိမိသြားတယ္။
"ဒါေပမယ့္ မင္းေန႕လည္အတြက္ ႐ုပ္ရွင္မရိုက္ဘူးလား"
"ဒါရိုက္တာကို ေျပာလိုက္မယ္ ရတယ္.."
ေဖးေက်ာက္က်ိဳး သည္ စစ္ဟြိုင္ရွီး ၏ ဆုံးျဖတ္ခ်က္ကို လက္မခံခ်င္ေပ့မယ့္.. စိတ္ရႈပ္စရာ ေတြ ႀကဳံလာရရင္ေတာင္ သူ႕စကားအတိုင္း ေဆး႐ုံကို သြားလိုက္ရသည္။
ပုဂၢလိကေဆး႐ုံ....
ဒီေဆး႐ုံက ေဖးေက်ာက္က်ိဳး သြားေနၾက ေဆး႐ုံျဖစ္ၿပီး သူက ဒီက ဆရာဝန္ ေတြကို ယုံၾကည္တယ္။
ေဖးေက်ာက္က်ိဳး သည္ လူနာဝတ္ဆုံကို ဝတ္ဆင္ထားၿပီး ေခ်ာေမာၿပီး ေတာက္ေျပာင္ေသာ အသြင္အျပင္က စိတ္သက္သာရာရေစတဲ္ ခံစားခ်က္ကို တိုးေစသည္။ ႐ုပ္ပိုင္းဆိုင္ရာ စစ္ေဆးၿပီးေနာက္..မာေက်ာေသာ အနက္ေရာင္ဆံပင္ မ်ား ျဖည္းညွင္းစြာ တြဲက်လာၿပီး ပုံမွန္အားျဖင့္ ဂုဏ္သိကၡာရွိရွိ အနက္ေရာင္ မ်က္လုံးမ်ားသည္ ႏူးညံ့ၿပီး အနည္းငယ္ ပင္ပန္းလာသည္။
ေဖးေက်ာက္က်ိဳး သည္ Vip ward တြင္ ေဆးစစ္ခ်က္ အေျဖစာ႐ြက္ကို ေစာင့္ေနသည္။ စစ္ဟြိုင္ရွီး က သူ႕လက္ကို ဆုပ္ကိုင္လိုက္ၿပီး..
"စိတ္မပူနဲ႕.. အားလုံးအဆင္ေျပသြားမွာပါ..."
"အင္း.."
ေဖးေက်ာက္က်ိဳး က တင္းတင္းက်ပ္က်ပ္ျပန္ဆုပ္ကိုင္ထားလိုက္သည္။ သူ႕မ်က္ႏွာကေတာ့ သိပ္မေကာင္းေသးဘူး။
ေဆး႐ုံကို ေရာက္တိုင္း ဘာမွ အဆင္မေျပဘူး။ သူတကယ္ေၾကာက္တယ္။ သူ႕ ရဲ႕ pheromoneေရာဂါက ထပ္ၿပီး ပိုဆိုးလာရင္ ဘယ္လိုလုပ္မလဲ။
သူကက ေခါင္းငုံ႕ၿပီး စစ္ဟြိုင္ရွီးကို..
"ခဏေလာက္ အျပင္ထြက္ေပးလို႔ရမလား..ငါတစ္ေယာက္တည္း ရလဒ္ကို ၾကည့္ခ်င္တယ္.."
စစ္ဟြိုင္ရွီးက သူ႕ဟာ မသန္စြမ္းတဲ့ Alpha တစ္ ေယာက္အေနနဲ႕သိသြားမွာ စိုးရိမ္ေနမိတယ္။ မသန္စြမ္းသူတစ္ဦးအေနနဲ႕ သူ႕ရဲ႕ေနာက္ဆုံးဂုဏ္သိကၡာကို ထိန္းသိမ္းထားလိုတာေၾကာင့္ သူ႕ထြက္သြားေစခ်င္တယ္။
ဒါကို ၾကားေတာ့ စစ္ဟြိုင္ရွီးက ခဏေလာက္ မ်က္လုံးမွိတ္ထားလိုက္ၿပီး...
တံခါးအျပင္မွာေစာင့္ေနမယ္.."
နံရံကို ေက်ာမွီၿပီး သူ႕မ်က္လုံးထဲက နက္နဲတဲ့ စိုးရိမ္ပူပန္မႈေတြက ပင္လယ္ျပာမ်က္လုံးေတြကို အဆုံးထိ နက္ေမွာင္သြားေစတယ္။
သူအဆင္ေျပသြားမွာပါ....
ခဏၾကာေတာ့ ေဒါက္တာေရာက္လာတယ္..
ေဒါက္တာတစ္ဦးတည္းသာေရာက္လာၿပီး မွတ္တမ္းစာအုပ္ကို ကိုင္ေဆာင္ထားကာ အထဲရွိေဒတာမ်ားကို ၾကည့္ရႈ႕ၿပီးေနာက္...ေဖးေက်ာက္က်ိဳးအား..
မင္းက Omega ဒါမွမဟုတ္ Beta လား..."
"Alpha"
ေဒါက္တာက သူ႕အား မယုံသလိုၾကည့္ကာ...
"Alpha..ေသခ်ာလား..."
ေဖးေက်ာက္က်ိဳး ေတာ္ေတာ္ေလးေဒါငထြက္လာေလသည္။သူက Alpha နဲ႕မတူရေအာင္ ေပ်ာ့ညံေနလို႔လား...
"ငါက Alpha ပါ..မယုံရင္ ID ကတ္ျပေပးလို႔ရတယ္.."
"Omega ဒါမွမဟုတ္ Beta ကြဲျပားျခင္း လိုမ်ိဳး ဒုတိယကြဲျပားမႈကို မၾကာေသးမီက ခံစားခဲ့ရေသးလား..."
ေဖးေက်ာက္က်ိဳးသည္ သူရဲ႕႐ုပ္ပိုင္းဆိုင္ရာစစ္ေဆးမႈအစီရင္ခံစာတြင္ ျပႆနာ ႀကီးႀကီးမားမားရွိေနသည္ဟု ထင္ရၿပီး သူ႕မ်က္ႏွာမွာ မလႊဲမေရွာင္သာ မွိုင္းမွိုင္း ေနသည္။ စိတ္ဓာတ္က်ျခင္းႏွင့္ ေလးလံျခင္းတို႔ရဲ႕ အသံျဖင့္...
"ေဒါက္တာ.. ဘာေျပာခ်င္လဲ.. အဲဒါကို ေျပာလိုက္ပါ...ကြၽန္ေတာ္လက္ခံနိုင္ဖို႔ အဆင္သင့္ပါပဲ.."
ေဖးေက်ာက္က်ိဳးသည္ တစ္ေန႕တြင္ အျပင္းဖ်ားလာလိမ့္မည္ဟု ေမွ်ာ္လင့္ခဲ့တယ္။ Pheromone ေထာက္ျပန္ျခင္း ေရာဂါရဲ႕ ေနာက္ပိုင္းအဆင့္တြင္..သူသည္ သူရဲ႕အျပဳအမူနဲ႕ စိတ္ကိုပင္ မထိန္းခ်ဳပ္နိုင္ေတာ့ဘဲ စိတ္တိုျခင္း၊ စိတ္ျမန္ျခင္းေတြက မၾကာခဏဆိုလို ျဖစ္လာေတာ့မယ္။
ထိုေန႕ေရာက္လာေတာ့မယ္ဆိုရင္ ေဖးေက်ာက္က်ိဳးသည္ အသက္႐ူႏူန္းျမန္လာၿပီး သူ႕ ရင္ဘတ္သည္ ထိန္းမနိုင္သိမ္းမရ လႈပ္လာကာ တဆက္ထဲပင္ စိတ္ဓာတ္ေတြက်လာေလသည္။
သူသည္ ဘိုးဘြားရိပ္သာသို႔သြားကာ က်န္အခ်ိန္မ်ားကို ကုန္ဆုံးလိုက္ေတာ့မယ္။ က်န္ပိုင္ဆိုင္မႈအမ်ားစုကို နယ္ခ်ဲ့ပရဟိတအဖြဲ႕မ်ားသို႔ လႉဒါန္းခဲ့ၿပီး က်န္ ရွယ္ယာမ်ားကို က်ိဳးဝမ္က်င္းကို ေပးလိုက္ေတာ့မယ္။
စစ္ဟြိုင္ရွီးကိုေတာ့...သူ႕မ်က္ႏွာက ငိုသည္ထက္ပိုလာေသာ အေတြးေတြနဲ႕ ႐ူးမိုက္စြာ ၿပဳံးေနလိုက္သည္။
ေဒါက္တာက...
"ဂုဏ္ယူပါတယ္ မင္းက ဒီေဆး႐ုံမွာ ပထမဆုံးကိုယ္ဝန္ရွိတဲ့ Alphaျဖစ္လာခဲ့ပါၿပီ...."
စိတ္အဆင္သင့္ျပင္ထားေသာ ေဖးေက်ာက္က်ိဳး..
"............"
~သီတင္းကြၽတ္ပရိုမိုးရွင္းေလးရွိပါတယ္...
အပိုင္း၁၀၀ အထိ ၄၀၀၀ကို ၂၅၀၀နဲ႕ ဝင္လို႔ရပါၿပီ... ဒီေန႕ကစၿပီး ၂ရက္အတြင္း အေရအတြက္ကန့္သတ္မထားပါဘူးေနာ္😍😍 ~