You are essential in My life

Por Jayce_997

35 2 0

"CEO!" Más

Part-2
bl

Part-1

29 1 0
Por Jayce_997



"ဟား ဟား ဟား"

ကြောက်စရာကောင်းလွန်းလှတဲ့ ရယ်သံနက်ကြီး တစ်ခုသည် အလုံပိတ် အခန်းတခုလုံးအား လွှမ်းမိုးသွားခဲ့လေသည်။
နောက် လက်ထဲမှ ဘောပင်တစ်ချောင်းကိုလည်း လှပ
သေသပ်​စွာ လှည့်၍ ကစားနေသေးသည်။ မသိလျှင် ဘာမှမသိတဲ့ သူတစ်ယောက်လို အေးအေးဆေးဆေး နေနေပုံက
အခန်းထဲရှိ လူအားလုံး အား ပို၍ သွေးပျက်စေနေပြီ ဖြစ်သည် ။ သူတို့အမှားကို သူတို့သိသည် မလား

ထို့နောက် အခန်းတစ်ခုလုံး တိက်ဆိက်နေစဥ်
ကြောက်စရာလည်း ကောင်းသလို
ယစ်မူးချင်စရာ အသံသြရှရှ တစ်ခု ထပ်၍ ထွက်ပေါ်လာခဲ့သည်။

"ဘယ်လိုလဲ လူကြီးမင်းတို့ အခုထိဝန်မခံ ကြသေးဘူးဆိုတော့ လူကြီးမင်းတို့က ကျုပ်ကို မကြောက်တဲ့သဘောလား!"

ထိုသို့ မေးလာတော့မှ အခန်းထဲက လူအားလုံးသည်
အလှအယက် ခေါင်းအတွင်တွင်ခါ ပြကြတော့သည်
ဒါကို မြင်တဲ့ သမိုင်း ကတော့ မဲ့ပြုံး တစ်ခုလုပ်ပြုံး လိုက်ကာ ဘေးမှာ ရှိနေတဲ့ ဖိုင်တစ်ခုကို လှမ်းယူလိုက်သည် ပြီးမှ

"သက္က ဒါတွေ ဝေပေးလိုက်!"

မာကြောသော လေသံတစ်ခု တွင် အထက်စီးဆန်သော
အမိန့် တစ်ခုကပ်ပါ လာလေသည်
ထို အခါ သက္ကမှာလည်း CEO ဆီမှ ဖိုင်များအား အမြန်ယူကာ အခန်းထဲရှိ ရှယ်ယာရှင်တွေ အားလုံးကို လိုက်ဝေ ပေးလိုက်သည် ။
သူတို့ လက်ထဲက ဖိုင်တွေက နားမလည်ဟန် ကြည့်နေကြသော လူတွေကို သမိုင်းက စိတ်ရူပ်စွာ မျတ်ခုံးထူထူတို့ကို တွန့်ချိုးလိုက်ခါ ပြီးမှ ထိုလူတွေကို ကြည့်လိုက်ပြီ

"ဖွင့်ကြည့်ကြ အဲ့ထဲမှာ ခင်ဗျတို့အတွက် လက်ဆောင်ရှိတယ် "

သမိုင်း စကားကြားမှ အမြန်ဖွင့်ကြည့်နေကြတဲ့ သူများ
တစ်မှဟုတ်ချင်း ပြောင်းလဲ သွားတဲ့ သူတို့မျတ်နှာတွေက်ို
သမိုင်း အရသာ ခံ ကြည့်နေလိုက်သည်။
ဖြစ်ပျတ်နေကြလိုက်တာများ မသိရင်
ကုမ္ပဏီကို ရောင်းစားဖို့လုပ်တာ သူတို့မဟုတ်တဲ့အတိုင်းပဲ..

ထိုထဲမှ အသက်အကြီးဆုံး ရှယ်ယာရှင် ဖြစ်သူက

"ဟို ဟို မောင်ရင် ဒီကိစ္စက ဦး တို့တမင်လုပ်ခဲ့ကြတာ မဟုတ်ပါဘူး ဦးတို့လည်း မတက်နိုင်တော့လို့ပါ
မောင်ရင် ဦး တို့ကို နားလည်ပေးစေလိုတယ်"

အဖိုးကြီးစကား ကို နားထောင် ပြီ သမိုင်းက ခပ်ရွဲ့ရွဲ့ ရယ်သည် ။ ပြီးမှ

"ကျုပ် လို ကောင်က နားလည်ပေးရမယ်ဟုတ်လား
ကျုပ် ကုမ္ပဏီတစ်ခု လုံးကို ရောင်းစားဖို့ လုပ်နေတဲ့ ခင်ဗျ တို့ကို ကျုပ်က နားလည်ပေးရမယ် ဟုတ်လား!"

စားပွဲကို လက်နဲ့ပုပ်ကာ ဒေါသတကြီး အော်ပြောနေတဲ့
CEO ကို သူတို့မှာ
ကြောက်လွန်းလို့ ခေါင်းတောင်မဖော်ရဲ
ကြပေ ။  သူတို့ အမှားကို သူတို့သိသည်မလား

"သက္က္!"

"ဟုတ်ကဲ့ CEO"

"ပြန်ပေးလိုက်! သူတို့ရဲ့ ရှယ်ယာတွေကို တစ်ကျပ်မကျန် အကုန်ပြန်ပေးလိုက်!"

"ဟုတ်ကဲ့ပါ CEO"

သမိုင်း ရဲ့ စကားကြောင်း အားလုံးက မျတ်စိမျတ်နှာတွေ ပျက်ကုန်ကြကာ ထိုင်မငိုကြယုံတမယ် နဲ့ ဖြစ်သွားကြတော့သည်။
သူတို့အနေ နဲ့ ဒီလို ထိပ်တန်းကုမ္ပဏီ တစ်ခုကို ဘာကိစ္စကြောင်း စွန့်လွှတ်ချင်ကြမှာလဲ။ ပြီးတော့ သူတို့ရဲ့ စီးပွားရေး TM Company ရဲ့ ကြီးမားကျယ်ပြန့်မှု က
သူတို့ စီးပွားရေး လောက မှာ နမည်ကြီးပဲမလား
နောက်ပြီ TMကနေ မောင်းထုပ်ခံလိုက်ရတဲ့ သူတွေရဲ့
ဇာတ်သိမ်းက ကုန်ကောက်စရာမရှိအောင်ကို မွဲသွားခြင်းပင် ခွေးလုံးလုံး ဖြစ်သွားတယ်ဆို ပိုမှန်လိမ့်မည်။
TM မှာ နေခဲ့တဲ့ သူဆို ဘယ်ကုမ္ပဏီကမှ လက်မခံကြတော့ အခုလိုCEO ကိုယ်တိုင် အလုပ်ဖြုတ်တာဆို ပိုဆိုးသည်။ အဲ့လောက်ကို ဒီCEOက ကြောက်ဖို့ ကောင်းပါသည်။

သမိုင်း တစ်ယောက် သူ့ရှေ့က ငိုတော့မလိုဖြစ်နေတဲ့ မျတ်နှာဆိုး တွေကို ထိုင်ကြည့်ရင်း ခေါင်းပင် မူးနောက်လာသလို.... သူမနေနိုင် တော့တာနဲ့ ထိုင်ခုံမှ ထ၍ သူ့ရုံးခန်းကို ပြန်သွားမည် အလုပ်
ခြေထောက် နှစ်ဖက်ကို ထိမ်းကိုင်လိုက်တဲ့ လူတစ်ယောက် သူစိတ်ရူပ်စွာ ငုံ့ကြည့်လိုက်တော့ အသနားခံ
မော့ကြည့်နေတဲ့ စက်စုပ်ရွံ့ရှာ စရာ မျတ်လုံးတွေ

"ကျစ်! ဘာလုပ်တာလဲ ခင်ဗျ"

"ဦး တောင်းပန်ပါတယ် မောင်ရင် ရယ် ဦးတို့ကို ဒီတကြိမ်
လောက်တော့ အခွင့်အရေး ပေးပါ ဦး တောင်းဆိုပါတယ်
နောက်တခါ ဒီလိုမဖြစ်စေရဘူးလို့ ဦးတို့ ကတိပေးပါတယ် ဒီတစ်ချိန်ပါ ပဲ ဦးတို့ကို မကြည့်ရင်တောင် ဦးတို့
မိသားစုတွေ ရှိနေသေးလို့ပါ ဦး ဒီ လို တောင်းပန်ပါတယ်ကွာ"

ချက်ချင်း လက်အုပ်ချီလ်ိုက်တဲ့ လူကြောင်း
သမိုင်း အဲ့လူလက်တွေကို ရိုက်ချလိုက်ကာ

"လုပ်စရာမလိုဘူး အခု ထ လိုက်တော့ ခင်ဗျာ"

သမိုင်း စကားကြောင်း ထိုလူတွေ ရဲ့ မျတ်လုံးတွေထဲ
မျှော်လင့်ချက် ရောင်ခြည်လေးတွေ ဖြက်သန်းသွားရသည် ။ CEO ပြောလာမယ့် စကားကို အားလုံး အာရုံစိုက်နေကြသည် ဒါသူတို့ဘဝရဲ့ အဆုံးအဖြတ်မလား

"ကောင်းပြီ ကျုပ် ဒီတချိန် ကို လျောပေးမယ်
နောက်နောင် ဒီလိုလုပ်ရပ်မျိုး ထပ်ဖြစ်လာခဲ့ရင်တော့
ကျုပ်အဆိုး မဆိုနဲ့ပေါ့ "

"ကျေး ကျေးဇူးတင်ပါတယ် မောင်ရင် ဦး တို့ကတိပေးပါတယ် ဟုတ် ဟုတ်တယ်မလား အားလုံး"

ဦးနွမ်းလွင် မေးလိုက်တော့ အားလုံးကလည်း ထောက်ခံကာ အလုအယက် ကတိ တွေ ပေးနေကြသည်။
သမိုင်း စိတ်ရူပ်ကာ ကျစ် တချက်သက်လိုက်ပြီ
ထိုလူတွေကို စိတ်ကုန်တဲ့အကြည့်နဲ့ ကြည့်လိုက်ကာ

"အဲ့ဒီအရေးမပါတဲ့ ၁၀၀ဖိုး ၃ပုဒ် ပဲတန်တဲ့ ကတိတွေ
ကို ကျုပ်မလိုချင်ဘူး ကျုပ်ကလက်တွေ့ပဲ ကြိုက်တဲ့ကောင် ပြီးပြီးရော ကတိတွေ ကျုပ်မကြားချင်ဘူး"

ထိုအခါမှ အားလုံးက တဖန်ပြန် လည်တိတ်ဆိတ် သွားကြပြန်သည်။ သမိုင်းလည်း ဆက်ပြောချင်စိတ် မရှိတော့တာကြောင်း  သက္က နဲ့ အတူ သူ့ရုံးခန်းကို သာ
ပြန်သွားတော့သည်။
သမိုင်း ထွက်သွားတော့မှ အားလုံးက ဦးနွမ်းလွင် အနားလာကာ ကျေးဇူးတင်စကား အထပ်ထပ်ပြောနေကြတော့သည်။

::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

"နွမ်း! နွမ်းသဒ္ဓါပန် ရေ!  "

"ဗျာ......"

မေမေ့ရဲ့ ဒေါသတကြီး အော်ခေါ်သံကြောင်း
နွမ်း ဖက်လက်စ စာအုပ် လေးရဲ့ စာမျတ်နှာကိုသေချာခေါက်ကာ သိမ်းထားခဲ့လိုက်သည် ပြီးမှ အမြန် အိမ်အောက်ကို ဆင်းပြေးရပါတော့သည်

"လာပြီ လာပြီ မေမေ နွမ်းကို ဘာပြောစရာရှိလို့လဲ "

နွမ်း မေမေ့နား ရောက်တော့ ရုတ်တရက်ဗိုက်ခေါက်အားလိမ်ဆွဲခံလိုက်ရပါတော့တယ်

"မေမေ အာ့ အား နွမ်းနာတယ် လို့ မေမေ"

နွမ်း ပြောတာကိုပင် မေမေက ဂရုမစိုက် ဆက်ဆွဲလိမ်နေတော့သည် အတော်ကြာတော့မှ လွှတ်ပေးကာ နွမ်းဆီကို ရောက်လာတဲ့ မေမေ့ရဲ့ မျတ်စောင်းတစ်ခု
ကြောင်း မေမေ ဘာဖြစ်လာလဲဆိုတာကို
နွမ်းသဘောပေါက်လိုက်ပါတော့သည်။
သေချာပေါက် ဆူတော့မှာ...

"ငါ့မှာလဲလေ သားလေးနှစ်ယောက်ရှိပါရဲ့
တစ်ယောက်ကလည်း ကျောင်းပြီးတာနဲ့ တန်းပြီး မိန်းမယူ နောက်တစ်ယောက်ကြတော့လည်း နည်းနည်းလေးမှ အားမကိုးရဘူး အားမကိုးရတဲ့အပြင်တနေ့တနေ့ သူရှာလာသမျှ ပြသနာပေါင်းစုံ ကို နောက်ကနေလိုက်ပြီ ဖြေရှင်းပေးနေရသေးတယ် ငါ့ဘယ်ဘဝက ဝဋ်ကြွေးတွေကြောင်း ဒီလိုတွေ လိုက်လုပ်နေရတာလဲပြောစမ်းပါအုန်း နွမ်းသဒ္ဓါပန် ရဲ့!"

နွမ်း ကတော့ သူ့ရှေ့က မေမေ့ရဲ့ နေ့စဥ်နဲ့အမျှ တာဝန်တစ်ခုလိုတောင် ပြောနေတဲ့ စကားတွေကို နားထောင်ရတာ နားရေတောင်ဝနေပြီပင်
ပြီးရင်လည်း ဘာမှဟုတ်တာ မဟုတ်
သား နွမ်းလေး ဆိုပြီ သူပဲ အရင်လာခေါ်နေကြ
မေမေ တို့ဆိုတာ အဲ့လို ဆူနေရမှ စားဝင်အိပ်ပြောတဲ့အမျိုးမလား...

နောက်ပြီ နွမ်းက ပြသနာ အမြဲရှာတက်သူရယ်လို့တော့ မဟုတ်ပါဘူး တခါတလေမှပါ
အခုပြသနာကလည်း သေးသေးလေးပါပဲ၊
ရပ်ကွက်ထဲက အန်တီကြိုင် ရဲ့ယောကျ်ား ဦးမျိုးနိုင်
ဖောက်ပြန်တာကို အန်တီကြိုင် ကိုသွားပြောပြပေးလိုက်ယုံလေးပါပဲ
ဒါကလည်း ပြောသင့်တာကိုပြောခဲ့တာလေ
နွမ်း အပြစ်မှမဟုတ်တာ
အမ်း တစ်ခုပဲ ဦးမျိုးနိုင် နဲ့ ဖောက်ပြန်တဲ့ ကောင်မလေးက
ဦးမျိုးနိုင်ရဲ့ ညီမ ဖြစ်နေတာလေးပဲ ဟီး
အဲ့ဒါကြ နွမ်း အမြင်မှားသွားတာပေါ့ လေ
ဘာပဲဖြစ်ဖြစ် နွမ်း မှန်တာပါပဲ
အဲ့နေရာမှာသာ ဦးမျိုးနိုင် ညီမ မဟုတ်ပဲ တခြားတယောက်ဆို အန်တီကြိုင် ဘယ်လိုလုပ်မလဲ
အဲ့ဒါကြောင်း နွမ်း မှန်တယ်

ကျွန်တော် နမည်ကတော့ နွမ်းသဒ္ဓါပန် ပါ ဒီနမည်က
နည်းနည်း မိန်းကလေးဆန်တယ်လို့ ထင်ရပေမယ့်
နွမ်း သဘောကျသည် ။
ဒီနမည်လေးက နွမ်းကို ဗေဒင်ဆရာ ပေးခဲ့တာ
နွမ်း ငယ်ငယ်က နေမကောင်းအမြဲ ဖြစ်တော့
မေမေတို့က စိတ်ပူပြီ ဗေဒင်ဆရာကို မေးသတဲ့
အဲ့မှာ ဗေဒင်ဆရာက နွမ်းရဲ့ အရင်ပေးခဲ့တဲ့နမည်ကြောင်း ဒီလို နေမကောင်းဖြစ်တာဆိုပြီး
ဟောလိုက်တယ်လေ နမည်က နာမ်မသင့်တာတဲ့
အဲ့ဒါနဲ့ပဲ မေမေနဲ့ဗေဒင်ဆရာ တိုက်ပင်ပြီ ဒီနမည်ပေးလိုက်ကြတာပေါ့ ၊ အဲ့တာက နွမ်းရဲ့ ဒီနမည် ဖြစ်လာရတဲ့အကြောင်းအရင်းပါပဲ နွမ်းသဒ္ဓါပန် ဆိုတဲ့နမည်ကြောင်း
နွမ်း လည်း နေမကောင်းဖြစ်တာတွေ သိပ်မဖြစ်တော့ဘူး
ပြီးတော့ နွမ်း အမြဲ ကံကောင်းခဲ့တယ် အဲ့ဒါ
ဒီနမည်ကြောင်းလို့ထင်တယ် နွမ်းတော့..

နွမ်းတို့က ဗေဒင် မျိုးရိုးရှိတယ် နွမ်းမေမေရဲ့ အဖေ
နွမ်းရဲ့ အဖိုးက ဗေဒင်ဆရာ တစ်ယောက်လေ
ဒီနမည်က အဖိုးဗေဒင်ဆရာကြီး ပေးခဲ့တာဆို ပိုမှန်တာပေါ့
အခုတော့ အဖိုးလည်းဆုံးသွားပါပြီ အဖိုးဆုံးသွားတာက
နွမ်း အသက်18နှစ်သားလောက်မှထင်တယ်
အခု နွမ်းအသက်က 27ဆိုတော့ အဖိုးဆုံးတာ 9 နှစ်ရှိသွားပြီးပေါ့
နွမ်း တို့မှာက မေမေ သားငယ် ပြီးတော့ နွမ်း
သားမိ၃ယောက်သာ ရှိ​ေတာ့သည်။
အရင်ကတော့ ဖေဖေ လည်းရှိတာပေါ့
ဖေဖေ့နမည်ကို နွမ်း မမှတ်မိ မေမေနဲ့ ဖေဖေကနွမ်း 4နှစ်သား အရွယ်လောက်မှာမှ လမ်းခွဲခဲ့ကြတာ
အဲ့တုန်းက မေမေ့ ဗိုက်ထဲမှာ သားငယ် ပါလာခဲ့တာပေါ့
အဲ့ဒါကို ဖေဖေ ဆိုသောသူ က သိမည်မဟုတ်
မေမေတောင် နောက်မှ သိတာမလား
နွမ်းက မှတ်ဥာဏ် အားနည်းတဲ့အထဲမှာပါတယ်
နွမ်းငယ်ငယ်က အကြောင်းတွေကို သိပ်မမှတ်မိတော့ဘူး
ဖေဖေ့နမည် ကိုတောင်မှပေါ့

သားငယ်ဟာ မေမေပြောသလိုပါပဲ သူ့အသက်22 နှစ်လည်း ရောက်ရော သူ့ချစ်သူမိန်းကလေးနဲ့
ချက်ချင်း လက်ထပ်လိုက်တယ်
နှစ်ဦးသဘောတူတောင်မဟုတ်ဘဲ ခိုးပြေးကြတာတဲ့လေ
သိသိချင်း မေမေ့ မှာ ရှော့ရသွားကာ ဆေးရုံတောင် တင်လိုက်ရတဲ့အဖြစ်... မေမေက သားနှစ်ယောက်ထဲမှာ သားငယ်ကို ပိုကဲ သည် ။
နွမ်းထက်ကို ပိုချစ်သည် ဒါပေမယ့် နွမ်း မေမေ့ကို စိတ်မဆိုးရက်ခဲ့ဘူး ။ ဘာလို့ဆို နွမ်းကို ဘွဲ့ရပညာတက် တစ်ယောက်ဖြစ်အောင် မေမေက ငယ်ငယ်လေးကတည်း ပြုစုပျိုးထောင်ခဲ့တာမလား နွမ်း​မေမေ့ကို
အပြစ်မမြင်ရက်ပါဘူး....

နွမ်းက အလုပ်မလုပ်တဲ့ သူတော့မဟုတ် နွမ်း မှာ အရင်ကတော့ အလုပ် ရှိပါတယ်
ကုမ္ပဏီတစ်ခုမှာပေါ့ 5နှစ်လောက် အဲ့ကုမ္ပဏီမှာ နွမ်းအလုပ်လုပ်ခဲ့တာပင်
ဒါပေမယ့် ရုတ်တရက် အလုပ်ရှင်ပြောင်းသွားကာ
နွမ်း တို့အပေါ်မှာ မတရားဆက်ဆံပြောဆိုတာတွေပါ လုပ်လာတာမို့ နွမ်းသည်းမခံ နိုင်လို့ အလုပ်ထွက်လာခဲ့တာ အခုဆို 1လ လောက်တောင်ရှိပြီ
နွမ်း မေမေ့လုပ်စား ထိုင်စားနေတာ
မေမေ ကလည်း အလုပ်မရှိတဲ့သူတော့ မဟုတ် မေမေက
ရပ်ကွက်ထဲမှာ မုန့်ဆိုင်လေး တစ်ဆိုင်တော့ ဖွင့်ထားပါသည်။ လက်လီ လက်ကား ရောင်းတာမျိုးပေါ့
နွမ်း တို့မိသားစု က ဆင်းရဲတယ်လို့လဲ မဟုတ်ပဲ
ဒီတိူင်း နေနိုင်စားနိုင်တယ် သဘောမျိုးသာ
မေမေက သူဌေးသမီး ဆိုပေမယ့် မိဘတွေရဲ့ ပိုက်ဆံ ကို ဒီတိူင်း မယူခဲ့ဘူးလေ အဖွားက အတူနေဖို့ခေါ်ပေမယ့်
မေမေက သူ့မာနကြောင်း မသွားခဲ့ဘူး
သူအဖွားနဲ့ ရန်ဖြစ်တုန်းက ကတိပေးထားတာရှိလို့တဲ့လေ
နွမ်း ဘာကတိလည်းမေးတော့ မေမေကမဖြေခဲ့ဘူး မသိချင်နဲ့တဲ့ အဲ့နောက် နွမ်း မေမေ့ကို ဘာမှ ထပ်မမေးဖြစ်တော့....ဒီတိုင်းလည်း နွမ်းတို့ တွေ အဆင်ပြေနေတာပဲလေ ဘာမှ မှထပ်မလိုတော့တာ
သို့သော် နွမ်းအလုပ်လေး တစ်ခုကတော့ ရှိအုန်းမှ ဖြစ်မှာ
မလား အွန်း 1လတောင် အနားယူထားပြီးပြီ ပဲ
တော်လောက်ပါပြီလေ အခု အလုပ်တစ်ခုတော့ ရှာမှ ဖြစ်တော့မှာ
မဟုတ်ရင် မေမေရဲ့ စက်ကွင်းကနေ သူမလွှတ်မြှောက်နိုင်တော့ဘူးမလား... သားငယ် ကတော့
မိန်းမယူသွားပြီဆိုတော့ ဗိုက်ခေါက်အဆွဲခံရတဲ့ ဝဋ်ကနေ ကျွတ်သွားပြီးပင် တကယ်ပါ မေမေက ဗိုက်ခေါက်ဆွဲလိမ်တဲ့ နေရာမှာ တကယ့်ဆရာတစ်ဆူ ပင်
ဖြစ်သည် ဒါကိုလည်း နွမ်း တို့ညီကို သာ
အသိဆုံးမလား.....

"ဟူးးး ငါလည်း မိန်းမ စောစောယူခဲ့သင့်တာကိုနော် "

နွမ်း ပြောလိုက်တဲ့ အသံက တိုးပေးမယ့်
နားပါးတဲ့ မေမေက ကြားသွားကာ

"ဘာ! မိန်းမယူမယ် ဟုတ်လား နင်က အခုငါ့ ကို ပြစ်ပြီ အခု မိန်းမယူချင်နေပြီပေါ့ ဟုတ်လား ခွေးကောင်လေး "

"ဖြန်း ဖြန်း ဖြန်း"
မေမေ့ရဲ့ လက်ဝါး သည် နွမ်းရဲ့ ကျော်ပြင်လေးပေါ်တွင်
သာ တဖြန်းဖြန်း မြည်းအောင်ကို ထုရိုက်ပါနေတော့သည်။

နွမ်းက အော်လေ မေမေက ပိုရိုက်လေပင်
အဲ့လိုပဲ မေမေက သူ့ကို ဆူသာဆူတာ သူ့အနားမှာပဲ နေစေချင်တာ မေမေက အခုထိနွမ်း မိန်းမ ယူဖို့ကို လက်မခံသေးပေ......လက်ခံရင်တောင် ယူစရာမိန်းမ မှမရှိသေးပဲလေ

နွမ်းကတော့ အဖိုးကြီး ဖြစ်မှပဲ မိန်းမယူရတော့မယ်ထင်တယ်......
အခုတော့ ဗိုက်တွေရော ကျောတွေရော
မသက်သာလှ ၊ သေအောင်ရိုက်ခံနေရပါတော့သည်။

________________________________________________

#Next / Part 2

Seguir leyendo

También te gustarán

226M 6.9M 92
When billionaire bad boy Eros meets shy, nerdy Jade, he doesn't recognize her from his past. Will they be able to look past their secrets and fall in...
11.5M 297K 23
Alexander Vintalli is one of the most ruthless mafias of America. His name is feared all over America. The way people fear him and the way he has his...
28.9M 916K 49
[BOOK ONE] [Completed] [Voted #1 Best Action Story in the 2019 Fiction Awards] Liam Luciano is one of the most feared men in all the world. At the yo...
46K 3.5K 36
តួរអង្គសម្តែងដោយ Yizhan Taekook Yoogmin 💜😘 និពន្ធដោយ @វ៉ាង ជីនណា