2.2
"ရှောင်မြှိန်"
"ရှောင်မြှိန် ငါတို့ရောက်ပြီ ထတော့"
သူ၏ဖခင်ဖြစ်သူ ကွယ်လွန်ပြီးချိန်မှစ၍ မည်သူကမျှ သူ့ကို ယခုကဲ့သို့ မခေါ်ဝေါ်တော့ပေ။ ရှန်းဝမ့်ချုံးသည် တစ်ခဏတာ ထင်ယောင်ထင်မှားဖြစ်ခဲ့ပြီး သူပြန်မွေးဖွားလာကာ အတိတ်သို့ ပြန်ရောက်ရှိခဲ့သည်ဟု တွေးထင်ခဲ့မိသည်။
ဤသည်က သူ၏ အသင်္ချေအနန္တ ရှည်လျားလှသော အမှောင်ညများထံမှ ရောင်နီအလင်းစက်ပြန် ရှာနိုင်မည့် အကောင်းဆုံး နည်းလမ်းလည်းဖြစ်လိမ့်မည်။ သူပြန်လည်ရှင်သန်လာချိန်တွင် ယခုကဲ့သို့ ခြေသလုံးအိမ်တိုင် လေလွင့်နေသူမဟုတ်ဘဲ နှစ်လိုထယ်ဝါသော သခင်ငယ်လေး ဖြစ်နေသေးသည်ဟုပင်။
ရှန်းဝမ့်ချုံး စက်ခနဲ ထထိုင်လိုက်သော်လည်း သူ၏ စိတ်အစုံသည် အိပ်မက်တွင်သာ မျောလွင့်ဆဲဖြစ်ပြီး အသိသတိ မကပ်နိုင်သေးချေ။ သူလုယောင်ကို မော့ကြည့်လိုက်ပြီး " လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ရာအတွင်း ဘယ်သူမှ ' ရှောင်မြှိန် ' လို့ မခေါ်ကြတော့ ငါ့ကို ခေါ်မှန်းတောင်မသိလိုက်ဘူး။ ' ဟု ရေရွတ်မိသည်။
" ဒီအရွယ်ကြီးတောင် ရောက်နေပြီဆိုတော့ ကြားရတာ နေမိထိထိုင်မသာ ကလိကလိကြီးကွာ။ "
မဆုံဖြစ်သည်မှာ ဆယ်နှစ်မျှရှိပြီဖြစ်သော်လည်း တစ်ဖက်သူမှာ သူ၏ အိမ်နာမည်ကိုပင် ဘာဝသရုပ်ပေါ်အောင် ခေါ်နိုင်သေးသည်။
ရှန်းဝမ့်ချုံး လုယောင်ကို စိုက်ကြည့်နေမိရင်း ငါးစက္ကန့်အကျော်လေးမျှဖြင့် အကြည့်စလွှဲမိသည်။
လုယောင်က သမန်ကာလျှံကာဖြစ်သော်လည်း သူကသာ နေရခက်ခက် ဖြစ်နေသည်။
ရှန်းဝမ့်ချမ်း စောင်ကို အနံ့ခံကြည့်လိုက်ပြီး " ငါရေမချိုးရတာ သုံးရက်လောက်ရှိကြီဆိုတော့ အနံ့အသက်မကောင်းဘူးကွာ။ မရည်ရွယ်ဘဲ မင်းစောင်ကိုပါ အနံ့ကူးအောင်လုပ်မိပြီ။ တောင်းပန်ပါတယ်။ " ဟု မရဲတရဲပြောလိုက်သည်။
လုယောင်တစ်ယောက် စောင်ကို အဝေးလွှင့်ထုတ်လိုက်ပြီး " ဘာမှမဖြစ်ဘူ။ စောင်က ပြန်လျှော်လို့ရတယ်။ "
သူတို့ ဓာတ်လှေကားထဲ ဝင်လိုက်ကြသည်။
လုယောင်က သူ့အခန်းသော့ စမတ်ကတ်နှင့် ဆယ့်ကိုးလွှာသို့ တက်ရန် ရွေးချယ်လိုက်သည်။
ရှန်း၀မ့်ချန်း: "မင်းကဒီလောက်မြင့်တဲ့ အလွှာမှာနေတာလား။"
လုယောင် : " အမြင့်က ရှုခင်းပိုကောင်းတယ်လေ။ "
လုယုံ၏ ကွန်ဒိုမှာ သုံးရာ စတုရန်းမီတာကျော် ဧရိယာရှိပြီး တိုက်ခန်းနှင့် မတူဘဲ တစ်ထပ်လုံးချင်းအိမ်ဟူ၍ပင် ထင်ဖွယ်ရှိသည်။ ထိုကွန်ဒိုခန်း အတွင်းတွင်
အိပ်ခန်းသုံးခန်းနှင့် ဧည့်ခန်းတို့ ဖွဲ့ထားပြီး ကျယ်ဝန်းသော လသာဆောင်လည်း ထည့်သွင်းထားသေးသည်။ အလွန်ပင် သိုက်ဝန်းလှသည်။
လေဝင်လေထွက် စနစ်လည်း တပ်စင်ထားဟန်ရှိ၍ ပြတင်းပေါက်နှင့် တံခါးများအားလုံးကို တစ်နေ့တာ ပိတ်ထားလျှင်ပင် မွန်းလှောင်နေမည်မဟုတ်ချေ။ ကွန်ဒို၏ အတွင်းပိုင်းအပြင်အဆင်မှာ မြေထဲပင်လယ်ဒေသပုံစံဖြစ်ပြီး အပြာ၊ အဖြူနှင့် ဝါရောင်များကို အခြေခံလျက် ပြင်ဆင်ထားရာ အလွန့်ကို လှပခံ့ညားလှသည်။ ထို့အပြင် သစ်လွင် ရှင်းသန့်နေဟန်ရှိသော်လည်း တစ်ဖက်တွင် အထီးကျန် အဖော်မဲ့ဟန်ရှိနေပြန်သည်။
ရှန်းဝမ့်ချုံးသည် သူညဘက်အိပ်စက်နိုင်မည့် နေရာဖြစ်သည့် ဆိုဖာအကြီးတစ်ခုကို ဧည့်ခန်း၌ မြင်လိုက်ရ၍ " မင်းအိမ်အပြင်အဆင်က အတော်လေး ကောင်းတာပဲ။ မင်းတော်တော် အားစိုက်ပြင်ဆင်ထားပုံပဲ။ "
လုယောင်က " တစ်လက်ကိုင် အိမ်လေးပါကွာ။ အရင်ပိုင်ရှင်က အိမ်တွင်းအပြင်အဆင် ဒီဇိုင်နာလေ။ ဆိုတော့ ဝယ်ပြီး ဘာမှ ထပ်မပြင်ဘဲ ထားထားတာ။ "
ရှန်းဝမ့်ချုံး - " ဪ့ အဲလိုကိုး "
" လုယုံက အရင်အတိုင်းပဲ ဘာလို့ရှိနေတာလဲ" ဟု သူမတွေးမိဘဲ မနေနိုင်ခဲ့ချေ။ အရိုးရှင်းဆုံး အမေးအဖြေလေးတစ်ခုသည် ယခုအခြေအနေအား လွန်မြောက်စေမည်မဟုတ်ပါလား။
လုယောင်လို လူတစ်ယောက်သည် ဘာလို့ ယခုကဲ့သို့ ဥက္ကဋ္ဌတစ်ဦး ဖြစ်လာသည်မသိ။
ဧည်သည့်ရှိ စားပွဲရှည်ကြီးဆီသို့ ရှန်းဝမ့်ချုံးကို ခေါ်ဆောင်သွားပြီး " ဒီမှာ ခဏထိုင်အုံး။ တစ်ခုခုသောက်ချင်တာရှိလဲ ယူသောက်သိလား။ ကိုယ် ဟင်းချက်လိုက်အုံးမယ်။ " ဟူ၍ လုယုံ အသိပေးလိုက်သည်။
လုယုံသူရဲ့ အပေါ်ရုံ ဂျက်ကတ်ကို ချွတ်လိုက်ပြီး လည်စီးကိုလည်း ဖြည်လိုက်သည်။ ထို့နောက် ရှပ်အင်္ကျီလက်ကို ပင့်တင်ကာ စတင်ချက်ပြုတ်တော့သည်။ ရှန်းဝမ့်ချုံး လုယောင် ဟင်းချက်တတ်သည်နှင့် သူချက်သမျှတို့ အရသာရှိလှသည်ကို ပြန်လည် သတိရမိသွားသည်။ လုယောင်၏ မိဘများက အစားအသောက်ရောင်းချသည်ဖြစ်ရာ လုယောင်အနေဖြင့် အသီးအရွက် လှီးရာတွင် ပိုင်နိုင်လှသည်။ သူကြားဖူးသည်မှာ လုယောင် ကျောင်းလာမတက်ခင်က ထိုဆိုင်ခန်းငယ်လေးတွင် ဝင်ရောက်ချက်ပြုတ်တတ်သေးသည်။
လုယောင် ခေါက်ဆွဲကြော်နေခြင်းဖြစ်သည်။ ညာဘက်လက်တုနှင့် ဒယ်ကိုကိုင်လျက် ဘယ်ဘက်လက်က တူကိုကိုင်ပြီး ခေါက်ဆွဲများအား နံ့စပ်အောင်မွှေနေသည်။
' လေးလံတဲ့ ဒယ်ကို ပေါ့ပေါ့ပါးပါး ကစားနိုင်တဲ့အထိ အဲဒီလက်တုက စွမ်းသတဲ့လား။ ' ဟု တွေးမိသည်အထိပင်။
ရှန်းဝမ့်ချုံးသည် သူ့ပါးသူ ပြန်ကိုင်ထားရင်း မှီတွဲနေကာ ထူးဆန်းနေသူအားလှမ်း၍ " ဥက္ကဋ္ဌကြီးက အခုထိ ကိုယ့်ဟာကိုယ် ချက်ပြီး စားဖို့ လိုသေးတာလား။ " ဟု မေးခွန်းထုတ်မိသည်။
ဟင်းချက်နေးရင်းမှ " နေ့တိုင်းတော့ အချိန်မရပေမဲ့ ကိုယ်အိမ်ပြန် အနားယူနိုင်လို့ ကိုယ်တိုင်ချက်စားနိုင်ရင် ပိုပြီး သန့်သန့်ရှင်းရှင်းနဲ့ အဟာရရှိရှိစားလို့ရတာပေါ့ကွာ။ "
ခေါက်ဆွဲကြော် နှစ်ပန်းကန်၊ လိမ္မောရေနှစ်ခွက်နှင့် ရေခဲခွက်ကို စားပွဲဆီသို့ သယ်လာသည်။
ရှန်းဝမ့်ချမ်းရောက်လာသော ပန်းကန်မှ ကြက်ဥနှင့် ဝက်သားဖက်တို့ကို ကြည့်ရင်းမှ " ဒီလောက် အများကြီးလား။ " ဟု မေးမြန်းမိသည်။
" မင်းက ပိန်းလွန်းတယ် များများစား " ဟု လုယောင်က ပြောသည်။
လုယောင်က သုတ်သုတ်စားသောကြောင့် ရှန်းဝမ့်ချုံးသူပါ အမြန်လိုက်စားမိသည်။
ထို့ကြောင့်လုယုံက " အလျင်မလိုဘူး။ ဖြည်းဖြည်းစား။ "
ရှန်းဝမ့်ချုံး သွက်သွက်မစားသာတော့ပေ။ စားသောက်ပြီးနောက် ပန်းကန်နဲ့ တူများကို သူသိမ်းပေးမည်ဟု ကြံရွယ်ထား၏။
သို့သော်လည်း အဝတ်နှစ်ထည်ကိုင်ထားသော လုယုံက ရောက်လာပြီး
" ပန်းကန်တွေထားခဲ့ ကိုယ်ဆေးလိုက်မယ်။ "
" မင်းမှာ ဝတ်စရာမရှိဘူးမလား။ ကိုယ့်အင်္ကျီအဟောင်းလေးတွေ အရင်ဝတ်ထားပါလား။ မျက်နှာသုတ်ဖို့ အဖြူအပြာအစင်း တဘက်ကိုသုံးလိုက်။ " ဟု ပြောလေသည်။
ရှန်းဝမ့်ချုံး ယခင်ကကဲ့သို့ ယဉ်ကျေးမနေတော့ချေ။
ရေကို ဇိမ်ဆွဲချိုးပြီး ဆံပင်ကို သေချာအခြောက်ခံလိုက်သည်။ ထို့နောက်တွင်တော့ အတော်လေး နေသာထိုင်သာရှိသွား၏။
လုယုံသည် ပလွှားမှု အလျဉ်းမရှိချေ။ သူ့ထံတွင် သွားတိုက်ခွက်၊ သွားတိုက်တံနှင့် တစ်လီတာဘူးကြီး တစ်ဘူးလျှင် ယွမ်တစ်ရာသာ ပေးရသော Vaseline Lotion တစ်ဘူးသာရှိပြီး အတော်အသုံးခံမည့်ပုံပင်။ ထိုဘူးကိုပင် တစ်ဝက်မျှသာ သုံးရသေးသည်။
ရှန်းဝမ့်ချုံး ရေချိုးခန်းမှ ထွက်လာသည်။
လုယောင်က ဧည့်ခန်းတွင် ထိုင်နေပြီး သူထွက်လာသည်ကို မြင်သည်နှင့် ထရပ်လိုက်ပြီး " ကိုယ်နဲ့ လိုက်ခဲ့။ ' ဟု ဆိုလေသည်။
ရှန်းဝမ့်ချုံး တွေဝေးစွာဖြင့် သူခေါ်ရာ အိပ်ခန်းဆီလိုက်သွားသည်။ လုယုံက
" ကိုယ်အိပ်ရာခင်းတွေ စောင်တွေ အကုန်လဲထားပေးတယ်။ အဲဒါတွေကလဲ ဟိုရက်ပိုင်းကမှ လျှော်ထားတာ။ "
ရှန်းဝမ့်ချုံး - “…”
လုယောင်က ရှုပ်ပွနေတာမကြိုက်ဘူးဟု ပြောလာလျှင်ပင် သူလက်ခံရမည်ဖြစ်သည်။ သို့သော် ယခုတွင်မူကား ပစ္စည်းတွေ မသန့်ရှင်းလျှင် သူမကြိုက်မည်ကို လုယုံက ပူပန်နေဟန်ရှိ၏။
ရှန်းဝမ့်ချုံး တံခါးနားတွက်သာ ရပ်လျက်ရှိပြီး အထဲသို့ ဝင်မလာခဲ့ပေ။ သူ့ခေါင်းမှာ ရွစိထလာပြီး " ငါအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်မနေနဲ့။ ငါ ဆိုဖာပေါ်မှာပဲ အိပ်လိုက်မယ်။ "
လုယုံ - ဆိုဖာပေါ်မှာ အိပ်မယ်။
ရှန်းဝမ့်ချုံး တို့ဆိုင်းသွားပြီး " ဒါက ဧည့်သည်ခန်း မဟုတ်ဘူးမလား။ "
လုယုံက " ဒီအခန်းက တောင်ဘက်ကို မျက်နှာမူထားတာမို့ အလင်းရောင်ကောင်းကောင်းရတယ်။ "
ဤသည်မှာ ချိုးငှက်က သပိက်လွယ်ငှက်အသိုက်ကို လုယူသည်နှင့်မတူဘဲ သပိတ်လွယ်ငှက်က ချိုးငှက်အသိုက်ကို လုယူသည်နှင့်ပိုတူပေသည်။
ရှန်းဝမ့်ချုံး နောက်ဆုတ်လိုက်ပြီး " ငါ ဆိုဖာပေါ်မှာပဲ အိပ်ပါ့မယ်ကွာ။ ပန်းခြံပေါ်က ခုံပေါ်မှာတောင် အိပ်လာတဲ့ကောက်ပါကွ။ ဆိုဖာလောက်ကတော့ စာမဖွဲ့ပါဘူး။ "
ရှန်းဝမ့်ချုံး ခပ်ယဲ့ယဲ့ပြုံးရင်း " စောသေးတာပဲ။ ငါ ဧည့်ခန်းထဲမှာ တီဗွီကြည့်လိုက်အုံးမယ်။ "
လုယောင်၏ စီစဉ်ပေးမှုမှာ ငြင်းပယ်ခံလိုက်ရသည်။ သူ၏ မျက်နှာနှင့် ပခုံးကြွက်သားတို့မှာ တောင့်တင်းလျက် " အိုကေပါ။ " ဟုသာ တုန့်ပြန်လိုက်သည်။
ပြီးနောက် " ကိုယ်အလုပ်ရှိသေးလို့ စာကြည့်ခန်းထဲမှာပဲ ရှိနေမယ်။ မင်းတစ်ခုခုလိုရင် လာခေါ်လိုက်နော်။ "
ရှန်းဝမ့်ချုံးသည် ဆိုဖာပေါ်၌ လဲလျောင်းရင်း ထိုပေါ်တွင်သာ အိပ်ပျော်သွားသည်။
လုယုံ စာကြည့်ခန်းသို့ ရှစ်နာရီခွဲတွင် ဝင်သွားပြီး မနက်နာတစ်နာရီထိုးလုမှသာ ပြန်ထွက်လာသည်။ ထို့နောက် ရှန်းဝမ့်ချုံးကို ' goodnight' ဟု နှုတ်ဆက်ပြီး ကိုယ်လက်သန့်စင်ကာ အိပ်ရာဝင်ခဲ့သည်။
" Good night ရှောင်မြှိန်လေး"
“…Good night. Dayong.”
အခန်းသည်လည်း တိတ်ဆိတ်သွားခဲ့ပြီ။ ရှန်းဝမ့်ချုံး အိပ်ခန်းတံခါးပိတ်သံကိုကြားပြီးနောက် တီဗွီကို ပိတ်လိုက်သည်။ သူလှဲလျောင်းနေသော်လည်း မည်သို့မျှ အိပ်၍ မပျော်ချေ။
သူ အင်တာနက်ကဖေးဆိုင်က ထိုင်ခုံပေါ်တို့ ပန်းခြံက ခုံတန်းတို့မှာ အိပ်ရသည်မှ အိပ်ပျော်သေးသည်။
ရှန်းဝမ့်ချုံး တိတ်တဆိတ်ထပြီး တံခါးကိုအသာဖွင့်ကာ အပြင်သို့ထွက်ခဲ့သည်။ ထို့နောက် ဓာတ်လှေကားဖြင့် အောက်သို့ဆင်းရန် ကြံလိုက်သည်။
သို့သော် တုန့်ပြန်မှာမရှိ။ သူထပ်ပြီး ခလုတ်နှိပ်ကြည့်လိုက်သေးသည်။ ဓာတ်လှေကားမှာ ရပ်ဆဲပင်။
ကြည့်ရသည်ကား အခန်းကတ်မပါဘဲ ဘယ်မှ ထွက်မရပုံပင်။
ပုံ - ၁
ပုံစာ- ၁ဒါက အနီးစပ်ဆုံး တူမဲ့ အိမ်တွင်း အပြင်အဆင်လေးပါ။
ပုံ - ၂
ပုံစာ - ၂ ဒါက လုယောင်ရဲ့ မီးဖိုချောင်လေးပါ။ အဖွင့်ပုံစံမို့ လုလုလုပ်သမျှကို ဝမ့်ချုံးက မြင်နေရပါတယ်။
( ရှောင်မြှိန်နဲ့ ပတ်သက်ပြီး သေချာပြောပြမယ်နော်။ ရှောင်မြှိန်က စိနတို့ထွက်တဲ့ သိုးအော်သံပါ။ သိုးပေါက်လေးနဲ့ တူတယ်လို့ သူ့အဖေက ခေါ်ဟန်ထင်ပါတယ်။ သိုးအော်သံဖြစ်လို့ အီးထရန်က အီးသိုးအော်သံ Baaကို သုံးပါတယ်။ ရှောင်ဘဆို သိပ်မကောင်းတာမို့ မူရင်း တရုတ်ကို ပြန်စစ်ပြီး ရှောင်မြှိန်လို့ ယူရေးလိုက်ပါတယ်ဗျ။ အသံထွက်ကတော့ /ရှောင်မှယိန်/ လို့ ထွက်ပါမယ်နော်။ စောင့်ပြီးဖတ်ပေးလို့ ကျေးဇူးပါဗျ။ )