I wanna be yours ( GL )

Iloverhersomuch द्वारा

44 2 0

Alex ဆိုတဲ့ကောင်မလေးနဲ့ သူမရဲ့ မိန်းကလေး crush Alexဆိုတဲ့တစ်ယောက်က သူမရဲ့ crush ရေခဲတုံးကြီးကိုမှသွားကြိုက်တဲ... अधिक

introduction
The first time I saw her

Our first conversation

16 1 0
Iloverhersomuch द्वारा

"All by himself , sittin' alone ... I hope we're still friends , yeah , I hope u don't mind..🎶" Alex တစ်ယောက်သူ့အခန်းထဲမှာသီချင်းနားထောင်နေတုန်းဖုန်းက..

"ကတောင်!"
Alex လည်းချက်ချင်းပဲဖုန်းကိုကောက်ကိုင်လိုက်တော့....

" Hello ဘယ်သူလဲမသိဘူး ဗျ"

Alex လည်း သူ့အမကြီးကသူ့ရဲ့ " Hello 😃" လို့ပို့ထားတာလေးကို reply ပြန်တော့ သူလေးတစ်‌ေယာက်ပျာယာခက်ပြီးတော့ မျက်နှာကြီး နီရဲလာတော့တယ်။ ပျော်လွန်းလို့တစ်ယောက်တည်းပြုံးလိုက်တာများ ဖြီးးနေတာပဲ။ သူလည်း မြန်မြန် ဖုန်းကိုပြန်ကြည့်ပြီးတော့ သူ့ကိုယ်သူ အိမ်မက်မဟုတ်မှန်းသေချာအောင်ပြန် ထပ်ခါထပ်ခါလောက် ကြည့်ပြီးမှ

"Typing....."

"Hi အမ ညီမက Alex ပါ အမနဲ့  ကျောင်းပထမရက်က ဝင်တိုက်မိတဲ့တစ်ယောက်"

"အော် ဟုတ် ညီမလေး "

Alex တစ်ယောက်ကတော့ reply မြန်လို့ အံ့ဩနေတာပေါ့ ပြီးတော့ ညီမလေးးးးး တဲ့အားးး။

" ‌ဟုတ်အမ ညီမ အမကိုမေးစရာရှိလို့ဗျ "

" အွန်း မေးလေ ညီမလေး "

" ဟို...အမက spelling bee ပြိုင်ဖူးတယ်ဆိုလို့လေ အဲ့ဒါဘယ်လိုပြင်ဆင်ထားရမလဲသိချင်လို့ပါညီမလည်းစိတ်ဝင်စားလို့"

Alex လည်း ကျေးဇူးရှင်မကြီး Daisy ကျေးဇူးနဲ့ အဲ့အမကြီးက ဒီလိုပြိုင်ပွဲတွေပြိုင်ဖူးတယ်ဆိုတဲ့ information တွေနဲ့စကားအရင်စပြောဖို့ နည်းလမ်းသုံးရတာပေါ့ ။ Alex လား ပြိုင်မှာ ဒီလောက်အပျင်းကြီးတာ။

"အော်ညီမလေးအဲ့ဒါက .............."

Alex လည်းအမကြီးရှင်းပြတာတွေကိုမသိချင်ပေမယ့်လည်း အရင်ဆုံးရင်နှီးအောင်ကဒီလိုနည်းနဲ့စရမှာလေ။ဆိုတော့ flow အတိုင်းပဲအလိုက်တသင့်အမကြီးပြောတာတွေ ကို seen ပြရတော့တာပေါ့။
အမကြီးရှင်းပြတာလည်းပြီးရော....

" အဲ့လိုလား... ကျေဇူးတင်ပါတယ်နော်အမ အမတော်တော်လေးရှင်းပြပေးလိုက်တာပဲ ။ နောက်အကူအညီတွေလိုရင် အမကိုလှမ်းမေးမယ်နော် ရမလား"

" ရတာပေါ့ ညီမလေး"

"ဟုတ်"

Alexကြီးတစ်ယောက် သူတို့ရဲ့ ပြီးဆုံးသွားတဲ့ conversation လေးကို ဖုန်းစခရင်ပေါ်မှာ ကြည့်လို့ကိုမပြီးနိုင်တော့ပါဘူး။ သူ့အမကြီးနဲ့ သူစကားပြောခဲ့ရတယ်လေ။အပြင်မှာတော့မဟုတ်ပေမယ် လိုင်းပေါ်မှာက သူ့အမကြီးက ပို ပြီးဖော်ရွေတော့ အဆင်ပြေပါတယ်လေ။ အပြင်မှာသာအဲ့လိုစကားပြောခွင့်ရကြည့် ပါလား Alex ကြီးတစ်ယောက် အခုလိုင်း‌ေပါ်စကား‌ေပြာရလို့ပြုံး‌ေနတာထက်ပြုံးဖြီးနေမှာ။

Alex သူ့အမကြီးနဲ့စကားပြောပြီးတော့ သူ့ရဲ့ကျေးဇူးရှင်မကြီး Daisy ကိုဖုန်းဆက်တော့တယ်။

"Hello Daisy ပါ"

" HELLO !!! I am Alex"

"အော်အေး Alex ပြော ‌ကမ နင့်အသံကြီးကထူးခြားနေပါလား"

"ဒါပဲလေ ငါသူနဲ့လိုင်းပေါ်မှာစကားပြောခဲ့ရတယ် ကမ နင့်ကျေးးးဇူးတွေကြောင့်အဆင်ပြေတာ နင့်ကိုနောက်နေ့ စနေဖြစ်ဖြစ် တနဂ်နွေ ဖြစ်ဖြစ် မုန့်လိုက်ကျွေးစမ်းမယ်"

" အဟဲ သိပ်ပြီးမကူညီလိုက်ရပါဘူးကွာ နင်ကလည်း အားနာစရာကြီး"

" ငါသိတယ်နော်..."

" အေးဟေ့ ဝယ်‌ကျွေးဝယ်ကျွေး အားမနာဘူး"

" ငါသိသားပဲနင့်အကြောင်း "

" အေးပါ ဒါနဲ့နင်တို့ဘာတွေပြောခဲ့တုန်း "

" ဒီလိုပဲပါဟာ နင်ပြောဖူးတဲ့ spelling bee ပြိုင်ဖူးတယ်ဆိုတဲ့ကိစ္စ ... အမ်း အဲ့ဒါနဲ့ပတ်သကိပြီးတော့ tips သွားတောင်းသလိုလိုနဲ့စကားသွားပြောပြီးတော့ နောက်ကျ အကူအညီလိုရင်တောင်းမယ်နော်ဘာညာပြောလိုက်တာလေးပါပဲ'

" အယ် ကမ ညီးအခြေအနေတွေကောင်းနေတာ ငါအကြံပေးမယ် နင့်မွေးနေ့ကဘယ်နေ့တုန်း"

"July 20"

"အေး အာ့ဆို နင်မွေးနေ့က နောက်လထဲပေါ့ အခုက June ဆိုတော့"

"အင်း"

"အာ့ဆိူနင်မွေးနေ့အမှီရင်နှီးအောင်လုပ်ပြီးတော့ မုန့်ဝယ်ကျွေးတာဖြစ်ဖြစ် မွေးနေ့ဖိတ်တာဖြစ်ဖြစ်လုပ်လိုက်နှစ်ယောက်တည်း"

"ငါကြောက်တယ်ဟ"

"Alex ဆိုတဲ့သူကြီးကကြောက်တယ်ပေါ့ မှတ်လောက်သားလောက်ပါပေတယ်ရှင်"

"နင်ကလည်းစ‌ေနပြီ"

" နင်ကပေါင်းလို့သင်းလို့ကောင်းတယ်ဟ အာ့ကြောင့်အခုကနေစပြီးနင်ကို့စတော့မှာငါက နင်သိသလိုရေခဲတုံးဖြစ်နေမယ်မထင်နဲ့"

"ဟုတ်ပါပြီရှင်"

"အေးငါပြောသလိုရင်နှီးလာအောင်က မနက်ဖြန်ကျ စကားသွားပြောရင်းနဲ့သူ့အကြောသ်းသိအောင်လုပ်"

"အေးပါငါလုပ်လိုက်ပါမယ်"

"ဒါမှ ငါ့သယ်ရင်းကွ fighting!"

အမေကအောက်ထပ်ကနေ
"သမီးရေ ထမင်းစားရအောင်"

"ဟုတ်အမေ လာပြီ"

"အေးအေး Daisy ဒါပဲနော် နင့်အကြံတွေအတွက်လည်း ကျေးဇူးပဲသိလား ဖျော်ရည်ပါဝယ်တိုက်မယ် အမေခေါ်နေလို့ညစာစားဖို့သွားတော့မယ် ဘိုင့် ဘိုင့်"

"အိုကေ ဘိုင့်ဘိုင့် "

Call ended.....

ဒီအပိုင်းလေးကတော့ဒီလောက်ပါပဲ ဘိုင့်❤️❤️

Alex နဲ့ Daisy ရဲ့ ပုံပန်းသွင်ပြင်လေးမပြောရသေးလိူ့ပြောမယ်နော် Alex ကအသားနည်းနည်း ညိုပါတယ် သူ့အဖေနဲ့တူတာပါ။ ဆံပင် ကတော့ wolf cut နဲ့ပါနော် ဆံသားအမည်းရောင်ရှိတဲ့သူပါ။ Body ကတော့ hour glass body type ယောင်ယောင် ရှိပါတယ်။ မျက်လုံးကတော့ Almond eyes type ပါ နှုတ်ခမ်းပါးပါး နဲ့ နှာတံ‌ဆင်းဆင်း နဲ့မျက်နှာကတော့ ဝိုင်းပါတယ်။မေးရိုးကတော့ strong jawline ပါ ။Daisy က ကျ အသားရောင် ဖြူပြီးတော့ ဆံပင်က Dora cut နဲ့ပါ သူကလည်း ပိန်ပါတယ် Alex လိုပါပဲ ဒါမဲ့ Alex ထက်ပု ပါတယ် ပြောရရင် Alex လည်ပင်းလောက်ပဲရှိတာပါ။ သူက တော့ puppy eyes typeပါ နှာတံထိပ်လုံးလုံးနဲ့နှာ‌ေခါင်းရှိပြီးတော့ နှုတ်ခမ်းဖူးဖူး လေးရှိပါတယ်။ ဆံပင်အရောင်က အညိုဘက်သွားပါတယ်။ soft jawline ရှိပါတယ် ။ သူတို့နှစ်‌ယောက်က လုံးဝ Top type နဲ့ Bottom typeပါ ။ Top type နဲ့ Alex ကတော့ သူ့ထက်အရပ်ရှည်တဲ့masc type မမနဲ့ fall in love နေပြီးတော့ Daisyကတော့ straight လား bisexual လားကတော့ မသေချာသေးပါဘူး။

ဖတ်ပေးတဲ့သူတွေအားလုံး အာဘွားးး🤭❤️



पढ़ना जारी रखें

आपको ये भी पसंदे आएँगी

313K 5K 51
When two rival hearts tangle themselves in one another, when push comes to shove and sacrifices have to be made, what will they choose? Lizzie Myers...
309K 4.2K 31
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
780K 65.3K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
206K 23.3K 61
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...