တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​က...

By phyolay1991

130K 14.7K 133

💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ... More

တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)
chapter 87
chapter 88
chapter 89
chapter 90
chapter 91
chapter 92
chapter 93
chapter 94
chapter 95
chapter 96
chapter 97
chapter 98
chapter 99
chapter 100
chapter 101
chapter 102
chapter 103
chapter 104
chapter 105
chapter 106
chapter 107
chapter 108
chapter 109
chapter 110
chapter 111
chapter 112
chapter 113
chapter 114
chapter 115
chapter 116

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

954 87 0
By phyolay1991

Chapter 23

စတော့ဟုမ်း ရောဂါလက္ခဏာ

ကျန်းကျန့်ထံမှ မျက်နှာပေါ်တွင် ဓါးဖြင့် ဆွဲခြစ်ခံလိုက်ရသော ယန်ကျင်းမှာ သူ့မျက်နှာတစ်ခုလုံး သွေးလွှမ်းသွားခဲ့လေပြီး အလွန်အမင်း သနားစရာ ကောင်းသွားကာ လူတိုင်းကို ကျန်းကျန့်၏ စကားလုံးများအား ယုံကြည်သွားစေသည်။

ဒီဂြိုလ်ဆိုးကောင်က လူ့အသားကို တကယ်ကြီး ဖြတ်ပစ်တယ်...

"အကြီးဆုံးအစ်ကို... အစ်ကို့အတွက် အိမ်ဆောက်ပေးပါ့မယ်... ပြောစရာရှိရင် ပြောသာပြောပါ... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့"

ကျန်းချောင်ရှန့်က အလောတကြီး ပြောလိုက်ပြီးနောက် နောင်တအကြီးအကျယ် ရသွားလေသည်။ သူ့အစ်ကိုကြီးသာ ထိုကဲ့သို့သော လူတစ်ယောက် ဖြစ်ကြောင်း သိခဲ့ပါက သူ့ကို ဆန့်ကျင်ခဲ့မည် မဟုတ်ပေ။

"ကောင်းကောင်း ပြောစေချင်ရင် မြန်မြန် လှုပ်ရှားတော့လေ"

ကျန်းကျန့်က အေးတိအေးစက်ဖြင့် ပြောလိုက်သည်။

"စကားမစပ်... အိမ်ထောင်စု မှတ်ပုံတင်က ငါတစ်ယောက်တည်းအတွက်ပဲ လုပ်ထားနော်... မင်းတို့ မိသားစုနဲ့ ဘာဆက်ဆံရေးမှ မရှိချင်ဘူး"

ကျန်းကျန့်၏ ထိုးဖောက်မတတ် ဖြစ်နေသော အသွင်အပြင်ကို တွေ့လိုက်ရသောအခါ ကျန်းချောင်ရှန့်က မသိလိုက်မသိဘာသာဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်မိသွားသည်။

ကျန်းကျန့်က သူ၏ ခွေးနှင့် တူနေသော ပုံစံကို ကြည့်ကာ စိတ်ကောင်းဝင်သွားသည်။ သို့သော်လည်း သူမော့ကြည့်လိုက်သည့်အချိန်တွင် အပြင်ဘက်ရှိ လူအုပ်ထဲမှ သူ့ကို ကြည့်နေသော ကျောက်ကျင်းကောကို မထင်မှတ်ဘဲ တွေ့လိုက်ရလေသည်။

ကျန်းကျန့်: “. . .”

သူ့ကျင်းကောလေးကို သူက အမှန်တကယ်တွင် လွန်စွာ ကျိုးကြောင်းညီသူ ဖြစ်ကြောင်း ပြောပြရပေတော့မည်။ နောက်ကျလွန်းသွားပြီလား...

ကျန်းကျန့်က အနည်းငယ် စိတ်ပူသွားသော်လည်း မကြာမီမှာပင် သူ့နှလုံးသားက ငြိမ်ကျသွားခဲ့လေသည်။ ကျောက်ကျင်းကောက မနှစ်မြို့ခြင်း သို့မဟုတ် မုန်းတီးမှု အရိပ်အယောင် တစ်ခုမှ ရှိမနေဘဲ သူ့ကို စိုးရိမ်စွာ ကြည့်နေခဲ့သည်။

သူ့ကျင်းကောလေးက သူ့ကို အရမ်းကြိုက်ပြီး သူ့ကို မုန်းမှာ မဟုတ်ဘူး ဆိုတာကို သိသားပဲ...

ကျန်းကျန့်က ရယ်ချင်မိသွားသည်။ သူက ရယ်သံကို မထိန်းလိုက်နိုင်မီ နှစ်ကြိမ်မျှ ချောင်းဟန့်လိုက်လေသည်။ အဆုံးတွင် သူက လူများကို ခြောက်လှန့်ရန် ရက်စက်သည့် မျက်နှာပေးမျိုး ထပ်မပြတော့။ ထိုအစား သူက ကြိုးတုပ်ခံထားရသော ယန်ကျင်းကို ကျန်းချောင်ရှန့်၏ အိမ်အတွင်းသို့ ဆွဲသွင်းကာ အပြင်ဘက်မှ လူများကို ပြောလိုက်သည်။

"ငါတစ်ရေးလောက် အိပ်ဦးမယ်... မြန်မြန် ကိစ္စပြတ်အောင် လုပ်တာ ကောင်းမယ်နော်"

ထိုစကား ပြောပြီးနောက် ကျန်းကျန့်က တံခါးကို ဆောင့်ပိတ်သွားလေသည်။

ကျောက်ကျင်းကောက ပိတ်ထားသော တံခါးကို စိုးရိမ်စိတ်ဖြင့် ကြည့်နေခဲ့သည်။ ကျန်းကျန့်... ဒီလူက တရားရုံး အရာရှိကိုပါ ပြဿနာ ရှာမိသွားပြီ... သူတကယ် အဆင်ပြေပါ့မလား...

ယနေ့တွင်လည်း ပုံမှန်လိုပင် ကျောက်ကျင်းကောက ကျောက်တဟူ၏ မိသားစုတွင် အလုပ်လုပ်နေခဲ့ပြီး အလုပ်လုပ်လက်စတွင် ကျန်းမိသားစု၌ တစ်ခုခု ဖြစ်နေကြာင်း တစ်ယောက်ယောက်က ပြောဆိုနေသည်ကို ရုတ်တရက် ကြားလိုက်ရသည်။

ကျန်းမိသားစုမှာ ဘာဖြစ်လို့လဲ... ကျန်းကျန့် အဆင်ပြေပါ့မလား... သူက သူ့ကို စကားလာမပြောလျှင်တောင် သူ့ရှေ့တွင် အမြဲတမ်း လျှောက်ပြန်သံပေး လုပ်လေ့ရှိသည်။ နေ့လည်အချိန်တွင် သူ့ကို ညစာစားရန် လာခေါ်လေ့ရှိသည့် ကျန်းကျန့်က ယနေ့တွင် သူ့အရိပ်ကိုပင် ပြမလာခဲ့ပေ။ ကျောက်ကျင်းကော စိတ်မပူဘဲ မနေတော့။

သူက အလုပ်လုပ်ရာတွင် စိတ်မပါတော့ဘဲ ကျောက်တဟူ မိသားစုကို အကြောင်းကြားကာ ရွာသို့ ပြန်လာပြီး ရွာသားများစွာ ခြံရံထားသော ကျန်းမိသားစုအိမ်တံခါးဝသို့ ရောက်လာခဲ့သည်။

မည်သည်ကိုမှ သူမသိရသေးခင်မှာပင် ကျောက်ကျင်းကောက ကျန်းကျန့်တစ်ယောက် တရားရုံးအရာရှိတစ်ယောက်နှင့်အတူ ဟောခန်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရပြီး တရားရုံးအရာရှိကလည်း များစွာ ထိခိုက်ထားရဟန်တူသည်...

ဒီနေရာမှာ ဘာတွေ ဖြစ်နေပါလိမ့်...

ကျောက်ကျင်းကောက ကျန်းကျန့် ကျန်းချောင်ရှန့်၏ အခန်းထဲသို့ ဝင်သွားသည်ကို ကြည့်ကာ စိတ်လှုပ်ရှားစရာ ကိစ္စများကို လာကြည့်နေသည့် ကောတစ်ယောက်ကို မေးမြန်းလိုက်သည်။

"ကြည့်ရတာ... တတိယအစ်ကိုကျန်းက တရားရုံးတော် အရာရှိ တစ်ယောက်ကို အိမ်ပြန်ခေါ်လာပြီး အကြီးဆုံးကျန်းကို ထောင်ထဲပို့ဖို့ လုပ်ခဲ့တယ်ထင်တာပဲ... ရလဒ်ကတော့ အကြီးဆုံးကျန်းက အရာရှိကို ဖမ်းထားလိုက်တော့တာလေ"

ထိုကောက ယောကျ်ား တစ်ယောက်နှင့် တူလုနီးပါး ဖြစ်သော ကျောက်ကျင်းကောကို ကြည့်ကာ မလွယ်ကူဟန်ဖြင့် သက်ပြင်းချလိုက်သည်။

"အခုတော့ ဘာတွေ ဖြစ်သွားပြီလဲ... ငါတို့ရွာမှာ တရားရုံးတော် အရာရှိတစ်ယောက်ကို တိုက်ခိုက်လိုက်တဲ့သူ တစ်ယောက် ရှိနေပြီ... နောက်ဆိုရင် ငါတို့ရွာကို လာကြမဲ့အရာရှိတွေ အခွန်တွေ တိုးကောက်တော့မယ်လို့ ထင်လား"

"ဒီအကြီးဆုံးကျန်းကလည်း လွန်လွန်းပါတယ်... သူက သူ့အဖေ အမေနဲ့ ညီအစ်ကိုတွေကို တိုက်ခိုက်ရုံတင်မကဘူး... တရားရုံးတော် အရာရှိတစ်ယောက်ကိုပါ တိုက်ခိုက်လိုက်သေးတယ်"

တစ်ယောက်ယောက်က သူတို့၏ စကားဝိုင်းကို ဖြတ်ပြောလိုက်သည်။

"ဟုတ်တယ်... ဒီလူက လွန်လွန်းတယ်... ငါတော့ အဘွားကြီးကျန်း မှားတယ်လို့ မထင်ဘူး... သူက တကယ် ဂြိုလ်ဆိုးကောင်ပဲ... အဘွားကြီးကျန်းက သူ့ကို ဖမ်းဖို့ အရာရှိတစ်ယောက် သွားခေါ်လာတာ အံ့သြစရာ မရှိတော့ဘူး"

တစ်ယောက်ယောက်က တီးတိုးပြောလိုက်သည်။

"အသံလျှော့ပြောဟ... ဂြိုလ်ဆိုးကောင် မကြားစေနဲ့" တစ်ယောက်ယောက်က ကြောက်ကြောက်လန့်လန့်ဖြင့် တီးတိုးပြောလိုက်ပြန်သည်။

သူတို့အားလုံးက အတူတကွ နေထိုင်ခဲ့ကြသည်။ ယခုအချိန်မတိုင်မီအထိ မည်သူကမှ ကျန်းကျန့်ကို မကြောက်လန့်ခဲ့ကြပေ။

ရွာထဲမှ လူများမှာ တရားရုံးတော်မှ လူများကို ဆန့်ကျင်မိပြီး ဒုက္ခရောက်မည်ကို စိုးရိမ်နေခဲ့ကြသည်။ သို့သော်လည်း ကျောက်ကျင်းကောက သူတို့၏ စကားများကို ကြားသောအခါ ကျန်းကျန့်အတွက် စိုးရိမ်လာပြီး ကျန်းမိသားစုကိုလည်း စက်ဆုပ်သွားသည်။

သူ အခု ဘာလုပ်သင့်လဲ... ကျန်းကျန့်ဆီ သွားလည်ရမလား... သူ့ကို အပြင်ထွက်လာဖို့ ကူပေးလိုက်ရမလား"

"ကျင်းကော... ဒီမှာ ဘာလုပ်နေတာလဲ... အမေနဲ့ အိမ်ပြန်လိုက်ခဲ့"

ကျောက်လျူသည်လည်း အဖြစ်အပျက်များကို ကြည့်ရန် ရောက်လာခဲ့သည်။ ထင်မှတ်မထားစွာဖြင့် သူမ၏ သားကိုလည်း ဤနေရာတွင် တွေ့လိုက်ရလေသည်။ သူမက ခြေလှမ်းအနည်းငယ် တိုးသွားနေသည့် ကျောက်ကျင်းကော၏ လက်ကို ဆွဲကာ ပြောလိုက်သည်။

"အကြီးဆုံးကျန်းက ရူးနေပြီ... သူက တရားရုံး အရာရှိနဲ့တောင် တိုက်ခိုက်လိုက်သေးတယ်... အိမ်မြန်မြန် ပြန်ရအောင်... ဒါမှ အမေတို့လည်း ပြဿနာထဲ မပါမှာ"“

ကျောက်ကျင်းကောက သူ့အမေ၏ ပိန်ပိန်ပါးပါး ခန္ဓါကိုယ်လေး တုန်ယင်နေသည်ကို တွေ့သောအခါ ကျန်းကျန့်ဆီကို သွားမည့် သူ့ကိုယ်သူ တားလိုက်ပြီး ပြန်လှည့်လိုက်သည်။

"ကျင်းကော... အကြီးဆုံးကျန်းနဲ့ မတွေ့နဲ့တော့... သူပေးလာတဲ့ ငါးတွေကိုလည်း မယူနဲ့... အမေတို့မှာ ဒီလိုဂြိုလ်ဆိုးကောင်မျိုးကို ဆန့်ကျင်လို့ မဖြစ်ဘူး"

ကျောက်လျူက သူမ၏ သားကို အိမ်သို့ ဆွဲခေါ်လာခဲ့သည်။ အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် သူမက ထိုစကားကို ပြောလိုက်သည်။

ငါ့သားက ဒီရက်တွေထဲမှာ အကြီးဆုံးကျန်းနဲ့ ရင်းနှီးနေတာ... ဒါပေမယ့် ဒီလို ဆက်ဖြစ်လို့ မရဘူး...

"အမေ... သူက လူဆိုး မဟုတ်ပါဘူး" ကျောက်ကျင်းကောက ကျန်းကျန့်ဘက်မှ ပြောပေးလိုက်သည်။“

"အမေ ဒီနေ့ တွေ့ခဲ့တယ်... သူက အဖေရင်းကိုတောင် သတ်နိုင်တယ်... အမေတို့ မိသားစုထဲမှာ ဒီလိုလူရှိလို့ မရဘူး... သူနဲ့ ဝေးဝေးနေတာ ကောင်းမယ်"

ထို့နောက် ကျောက်လျူက ဆက်ပြောလိုက်သည်။ "ပြီးတော့ အခု ရွာထဲမှာ သူ့ကို ဘယ်သူမှ မကြိုက်ကြတော့ဘူး"

သူတို့က ရွာသားများကို ဘယ်သောအခါမှ မဆန့်ကျင်နိုင်ပေ။

ကျောက်ကျင်းကောက နှုတ်ခမ်းလှုပ်လိုက်သော်လည်း တိတ်ဆိတ်နေဆဲ ဖြစ်သည်။ သူ့မိဘများအတွက် စဥ်းစားပေးပြီး ကျန်းကျန့်ကို နေ့ဘက်တွင် မတွေ့နိုင်တော့။ ဒါပေမယ့်... ညမှာ တွေ့လို့ရသေးတာပဲ...

.......

ကျန်းကျန့်က တစ်ရေးအိပ်နေသည်။

သူက လတ်တလောတွင် တရေးအိပ်တတ်သည့်အကျင့်ကို လေ့ကျင့်နေခဲ့သည်။ သူက လှဲအိပ်လိုက်ပြီး မကြာမီမှာပင် အိပ်ပျော်သွားလေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့ခြင်း ဖြစ်သည်။

သူ့ထံမှ သေတ္တာနှင့် တွဲချည်ခံထားရသည့် ယန်ကျင်းမှာ ၎င်းကို သတိပြုမိသွားသောအခါ သူ့နှလုံးသားမှာလည်း ငြိမ်သက်သွားခဲ့သည်။ သူ နောက်ဆုံးတော့ အသက်ဝဝရှုနိုင်လေပြီ။

မတိုင်မီက အရာအားလုံးမှာ သူ့အတွက် အိမ်မက်ဆိုးကြီး တစ်ခုလိုပါပင်။ ဒီလို ဂြိုလ်ဆိုးကောင်ကို ဆွမိတဲ့အထိ ဘယ်လောက်တောင် ကံဆိုးနေတာလဲ...

ယန်ကျင်းက ကျန်းကျန့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို ကြည့်ကာ ကြောက်လန့်မှုများ မရှိတော့။ သူက မျှော်လင့်ချက်လေးများပင် ပေါ်ပေါက်လာခဲ့ရလေသည်။ သူ... ဒီအခွင့်အရေးကို သုံးပြီး ထွက်ပြေးလိုက်ရမလား...

သူက အမှန်တကယ်ပင် ထိုလူနှင့် အတူ မနေချင်ပေ။ သူက ထွက်ပြေးသွားပြီး ဘယ်တော့မှ ပြန်မလာချင်တော့။

တရားရုံးအရာရှိ တစ်ယောက် အနေဖြင့် ယန်ကျင်းက စီရင်စုမြို့တွင် လူဆိုးအချို့နှင့် ရင်ဆိုင်ဖြေရှင်းရလေ့ရှိပြီး သူတို့ထံမှလည်း ကြိုးဖြေခြင်းကဲ့သို့ အချို့သော ကျွမ်းကျင်မှုများကို သင်ယူခဲ့သည်။ သေချာပေါက် သူက အကျွမ်းချည်းတော့ မဟုတ်ပေ။

သူ့လက်တစ်ဖက်ကို ဖြေရန်ပင် နာရီဝက်မျှ ကြာသွားခဲ့သည်။ ယန်ကျင်းက နောက်ဆုံးတွင် သူ့လက်ပေါ်မှ ကြိုးများကို ဖြေပြီးသွားသောအခါ ကျန်းကျန့်က အိပ်နေဆဲပင်ဖြစ်သည်။

သူဒီအိမ်ကနေ လွတ်မြောက်နိုင်သရွေ့ ထွက်ပြေးရမယ်... ယန်ကျင်းက တုံ့နှေးနှေး ထရပ်လိုက်ပြီးနောက် တံခါးဆီသို့ ရွှေ့သွားလိုက်သည်။

တစ်ချိန်တည်းမှာပင် ရုတ်တရက် လေအေးတစ်ခု သူ့နားဘေးမှ ဖြတ်ပြေးသွားသည်ကို ခံစားလိုက်ရပြီးနောက် အေးစက်စက် အလင်းရောင် တစ်ခု ဖြတ်သွားကာ ဒုန်းဟူသော အသံ ပေါ်လာပြီး တံခါးကို ဖွင့်တော့မည့် သူ့လက်ဘေးတွင် ဓါးတစ်ချောင်းက စိုက်ဝင်နေခဲ့သည်။

ယန်ကျင်းက ထက်မြနေသော ဓါးကို ကြည့်၍ သူ့တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်ယင်လာတော့သည်။ သူက အခန်းထဲမှ အိပ်ရာကို ကြည့်ရန် ခေါင်းကို ဖြည်းဖြည်းချင်း လှည့်လိုက်သည်။ သေချာပေါက် မကြားသေးမီက အိပ်ပျော်နေခဲ့သော ကျန်းကျန့်မှာ မျက်လုံး ပွင့်လျက်သားဖြင့် သူ့ကို စိုက်ကြည့်နေပြီး နတ်ဆိုးတစ်ကောင်ကဲ့သို့ ရယ်ပြနေသည်ကို တွေ့လိုက်ရသည်။

"ထွက်ပြေးမလို့လား"

ယန်ကျင်း၏ ခြေထာက်များ ပျော့ခွေသွားပြီး သူ့ခန္ဓါကိုယ်ကလည်း မြေပေါ်သို့ လဲကျသွားလေတော့သည်။ ထွက်ပြေးဖို့ ကြိုးစားတာတောင် သတ္တိစုရတာ လွယ်တာ မဟုတ်ဘူး...

သူက မပြေးရဲတော့ပေ။ သူနောက်ထပ် ဘယ်တော့မှ ထွက်ပြေးရဲတော့မည် မဟုတ်။

သူသာ နောက်ထပ် ထွက်ပြေးလိုက်ပါက ထိုလူက သူ့ခေါင်းကို ဓါးဖြင့် ထိုးစိုက်လိုက်နိုင်သည်။

တုနှိုင်းမဲ့သော ဓါးပစ်စကေးကို ထုတ်ပြလိုက်သည့် ကျန်းကျန့်မှာ သမ်းဝေလျက် အိပ်ရာပေါ်မှ ထလာခဲ့သည်။

သူက ပျင်းရိနေပုံရသော်လည်း ယန်ကျင်းဘက်သို့ လျှောက်လာသည့်အခါ ရုတ်တရက်ပင် ဒေါသများ ပေါက်ထွက်လာပြီး ယန်ကျင်းကို မြေပေါ်သို့ ကန်ချလိုက်ကာ လူးလှိမ့်နေရင်းမှာပင် အကြိမ်အတော်များများ ကန်ကျောက်နေခဲ့သေးသည်။

ယန်ကျင်းကို ရိုက်သည့်နေရာ၌ ဘယ်တုန်းကမှ သက်ညှာမပေးခဲ့သည့် အကြောင်းအရင်း သုံးခု ရှိသည်။ အကြောင်းပြချက်များထဲမှ တစ်ခုမှာ ယန်ကျင်းက လူကောင်းတစ်ယောက် မဟုတ်ပေ။ အရေးကိစ္စတစ်ခုတွင် အကြီးဆုံးကျန်းက ကျန်းချောင်ရှန့်ထံသို့ ပစ္စည်းများ သွားပို့ခဲ့သည့်အချိန်၌ သူက ကုန်သည်များကို ချိန်းခြောက် ငွေညှစ်ပြီး မြို့တက်၍ ကြက်ဥသွားရောင်းသည့် လယ်သမား တစ်ယောက်အား တွန်းလှဲကာ ကန်ကျောက်နေသည်ကို သူတွေ့ခဲ့ရဖူးသည်။

ဒုတိယအကြောင်းပြချက်မှာ ထိုလူက လုံးဝန်း၍ ဝနေသဖြင့် ရိုက်ချက်များကို ခုခံပေးထားသလို ဖြစ်နေသည်။ ရှေးခတ်ကာလတွင် ဆေးဝါးအခြေအနေများက သိပ်မကောင်းလှပေ။ သူ ယခင်က ကန်ကျောက်ခဲ့သည့် အဘွားကြီးကျန်းမှာ ပိန်ပါးသဖြင့် သူမကို မတော်တဆ သတ်မိလိုက်မည်ကိုပင် စိုးရိမ်ရသည်။ သို့သော်လည်း ယန်ကျင်းကိုမူ မတော်တဆ သတ်မိမည်ကို စိုးရိမ်စရာ မလိုပေ။

တတိယအကြောင်းပြချက်သည်ကား.... ထိုလူကို ကြိမ်ဖန်များစွာ ကန်ကျောက်ပေးပြီးနောက် ထိုသူက သူ့အပေါ် ပြဿနာ လာရှာရန် သေချာပေါက် ကြောက်ရွံ့နေမည် ဖြစ်ပြီး အခြားသော ကျန်းမိသားစုဝင်များကိုသာ ပြဿနာရှာရန် သေချာပေါက် ကြိုးပမ်းပေလိမ့်မည်။

ကျန်းကျန့်က ကျန်းမိသားစုအတွက် ပြဿနာ ရှာထားပေးလိုက်ရသည်ကို အလွန် ပျော်ရွှင်နေခဲ့သည်။

ယန်ကျင်း၏ ကိုယ်ထက်တွင် ခြေရာများစွာ ချန်ထားပေးပြီးနောက် ကျန်းကျန့်က တံခါးတွင် စိုက်ဝင်နေသော ဓါးကို ဆွဲထုတ်၍ ယန်ကျင်း၏ ခေါင်းကို ပုတ်လိုက်သည်။

"နာခံစမ်းပါ... ဟုတ်ပြီလား"

ယန်ကျင်းက ထပ်ခါထပ်ခါ ခေါင်းငြိမ့်ပြလိုက်သည်။

ကျန်းကျန့်က အိပ်ရေးဝသွားခဲ့လေပြီ။ သူက အဝတ်အစား သန့်သန့် တစ်စုံကိုရှာ၍ ဝတ်လိုက်သည်။ ထို့နောက် သူက ယန်ကျင်းကို ကန်လိုက်ပြန်သည်။

"ထပြီး ငါနဲ့ အပြင်လ်ုက်ခဲ့"

ယန်ကျင်း၏ ခြေထောက်များက ပျော့ခွေနေသဖြင့် အကြိမ်အတော်ကြာကြိုးစားပြီးသည်အထိ ထမရပ်နိုင်ခဲ့။ ကျန်းကျန့်က မျက်မှောင်ကြုံ့၍ သူ့ကို တွဲထူလိုက်ပြီး ကျန်းမိသားစုအိမ်၏ အိမ်ရှေ့ခြံသို့ သွားလေသည်။

ကျန်းမိသားစုက အလုပ်သွားလုပ်နေပြီး ကျန်ရွာသားများကလည်း သူ့ရှေ့တွင် ဝေ့လည်ကြောင်ပတ် မနေရဲကြတော့ပေ။ ထို့ကြောင့် ယခု ဤနေရာ၌ မည်သူမှ မရှိတော့ပေ။ မဟုတ်သေး... အမှန်တကယ်တွင် လူအချို့ ရှိနေသေးသည်။

"ထွက်လာစမ်း" ကျန်းကျန့်က အိမ်ဘက်သို့ လှည့်၍ အော်ဟစ်လိုက်သည်။

အိမ်ထဲတွင် လှုပ်ရှားမှု တစ်ခုမှ မရှိဘဲ မည်သူမှ ထွက်မလာကြ။ ကျန်းကျန့်က စိတ်မရှည်တော့ပေ။

"ထွက်မလာရင် တံခါးကို ကန်ပြီး ဖွင့်မှာနော်"

ကျန်းကျန့် ထိုစကားကို ပြောပြီးသည်နှင့် တစ်စုံတစ်ယောက်က အခန်းထဲမှ တုန်တုန်ယင်ယင်ဖြင့် ထွက်လာခဲ့သည်။ သူမက ဖြူဖျော့နေသည့် မျက်နှာလေးဖြင့် ခေါ်လိုက်သည်။ "အ...အကြီးဆုံးအစ်ကို"

အိမ်ထဲတွင် ပုန်းနေသူမှာ ကျန်းရှောင်မိန်ပါပေ။ သူမက အသံမထွက်သရွေ့ ကျန်းကျန့် သူမကို ရှာမတွေ့နိုင်ဟု တွေးထားခဲ့သည်။ ထင်မှတ်မထားစွာဖြင့် ကျန်းကျန့်ထံမှ ရှာတွေ့သွားသည်။

ကျန်းရှောင်မိန်က ခေါင်းကို ငုံ့ကာ ကျန်းကျန့်ထံမှ အရိုက်ခံရမည်ကို ကြောက်သဖြင့် တုန်ယင်နေခဲ့သည်။ ကျန်းကျန့်က သူမကို မရိုက်ဘဲ ပြောလိုက်လိုက်သည်။

"ရေနွေးသွားတည်"

ထိုစကားများကို ကြားပါမှ ကျန်းရှာင်မိန်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလ်ုက်ပြီး ရေမြန်မြန် သွားတည်လေတော့သည်။

ကျန်းကျန့်က ယန်ကျင်း၏ ခေါင်းကို ဓါးဖြင့် ခေါက်ကာ ထောင့်လေးတွင် သွားနေခိုင်းသည်။ သူက ဤမနက်တွင် ဖြူကောင်နှင့် လဲလှယ်ခဲ့သော ငါးကို ရှာတွေ့ပြီးနောက် ယူလာခဲ့သည်။

သူက ဓါးဖြင့် အကြေးခွံများ နွှာလိုက်ပြီး ငါးအူများကို ဆွဲထုတ်ကာ အပိုင်းပိုင်း ခုတ်လိုက်သည်။

ကျန်းကျန့် ဓါးဖြင့် ငါးကိုင်နေသည်ကို ကြည့်ပြီးနောက် ယန်ကျင်းက ခေါင်းငုံ့လိုက်ပြီး ငါးခုတ်ပြီးလျှင် သူ့ကိုပါ ခုတ်လာမည်ကို ကြောက်သည့်စိတ်ဖြင့် ပုခုံးများကို ကျုံ့ထားခဲ့လေသည်။

ကျန်းရှောင်မိန်သည်လည်း ကြောက်လန့်နေရသည်။ အိုးထဲမှ ရေက ဆူနေပြီ ဖြစ်သော်လည်း သူမက ပြောလည်း မပြောရဲ လှုပ်လည်း မလှုပ်ရဲပေ။ သူမက မီးဖိုထဲကိုသာ ထင်းများ ထပ်ဖြည့်ပေးနေသည်။

ကျန်းကျန့်က ထိုနှစ်ယောက်၏ သဘောထားကို လွန်စွာ စိတ်ကျေနပ်နေခဲ့သည်။ သူက ထရပ်လိုက်ပြီး ယန်ကျင်း၏ ဘေးသို့သွားကာ အလေ့အကျင့်အရပင် သူ့ကို ထပ်ကန်လိုက်သည်။ "ထပြီး ကိုယ့်ဘာသာ ဆေးကြောလိုက်" ယန်ကျင်းက သူ့ထံမှ ခြောက်လှန့်ခံလိုက်ရပြီးနောက် ဘောင်းဘီထဲတွင် သေးပေါက်ချထားလေရာ သူ့ကို နံဟောင်နေခဲ့စေသည်။

"ဟုတ်"

ယန်ကျင်းက ခေါင်းငြိမ့်လိုက်ပြီးနောက် ထပ်ပြီး ကြောက်လန့်သွားပြန်သည်။ ဒီလူက သူ့ကို ဆေးကြောဖို့ ပြောနေတယ်... ဘာအတွက်လဲ...

Continue Reading

You'll Also Like

343K 27.2K 34
punishment type ပါ။ အဆင်ပြေမှဖတ်ပါ။
130K 14.7K 116
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
880K 15.9K 56
" ဒယ်ဒီဘာပြောပြောဖြူဖြူတို့လက်ထပ်စရာမလိုပါဘူးကိုကို.." " ဒါပေါ့.. မင်းကမိဘကိုလည်းဂရုမစိုက်၊ပတ်၀န်း ကျင်ကိုလည်းဂရုမစိုက်ပဲနေနိုင်ပေမယ့်.. ငါကတော့ဆရာသ...