Unicode
အချိန်တွေက အရမ်းကြာလွန်းသည်။
မိုး ကိုခန့်ထားရဲ့အခြေအနေကို ခိုးခိုးကြည့်နေတာ ကိုခန့်ထားပင် ရိပ်မိနိုင်၏။ဒါပေမဲ့လည်း မတတ်နိုင် အတူရှိနေတဲ့ ဒီလိုရှားပါးအချိန်လေးမှာတော့ ကိုယ်မြတ်နိုးခဲ့ရသူရဲ့မျက်နှာလေးကို အဝကြည့်ချင်မိသည်။
"မိုး ပြောတာဒီနေရာလား "
ကားရပ်တော့မှ မိုးဘက်သို့လှည့်ကြည့်လာသည့် ကိုခန့်ထား၊ဒီတစ်ခါတော့ ကိုခန့်ထား မိုး ခိုးကြည့်နေတာကို ပေါ်တင်မိသွားခဲ့ပြီ။မိုး သိက္ခာတွေ ရေစုန်မြောသွားရသည့်အတိုင်း မိုး ရှက်ရွံစွာ မျက်နှာများနီမြန်းသွားခဲ့ရ၏။
"ဟုတ်...ဟုတ်တယ်၊လိုက်ပို့ပေးလို့ကျေးဇူးပါနော် ကိုခန့်ထား နောက်မှထပ်တွေ့ကြတာပေါ့ "
မိုး ရှက်လွန်းတာကြောင့် မျက်နှာတောင်ထပ်မဖော်ရဲတော့ဘဲ ကိုခန့်ထားကိုအမြန်နူတ်ဆက်ကာ ကားပေါ်မှပြေးဆင်းသွားခဲ့မိသည်။
ကိုခန့်ထားတော့ မိုးအပေါ် ဘယ်လိုဝေဖန်နေမှာလည်း မသိပေမဲ့ ကော်ဖီဆိုင်ထဲရောက်မှ မိုးလုပ်ခဲ့တာအတွက်နောင်တရမိ၏။
မိုး ကိုခန့်ထားကိုကောင်းကောင်းနူတ်ဆက်ခဲ့ရမှာ အခုတော့ မိုးရဲ့ပျာသီးပျာတာပုံစံကိုမြင်ပြီး ကိုခန့်ထား စိတ်ပျက်သွားလောက်ပြီ။
စိတ်မကောင်းဖြစ်စွာနဲ့ဘဲ မိုး ကျောခိုင်းရင်း ကော်ဖီဆိုင်ထဲသို့ လျှောက်လာခဲ့ရုံသာတတ်နိုင်ပါတော့သည်။
သူပြန်လှည့်လည်း ထူးမှမထူးတော့တာ ကိုခန့်ထားက မိုးကားပေါ်ကဆင်းတာနဲ့ ထွက်သွားလောက်ပြီဘဲ။
"ဒီမှာ ခင်ဗျ "
ကော်ဖီဆိုင်ထဲသို့ဝင်လာသည့် မိုးကိုမြင်တော့ လူတစ်ယောက်ကလှမ်းခေါ်သည်။မိုး မသိတဲ့လူဖြစ်တာကြောင့် မိုးကြောင်သွားမိပေမဲ့ ပြီးမှ မင်းခန့်ရှာပေးထားသည့် သူမှန်းသတိရသွားကာ မိုး ထိုသူဆီသို့ မဝံ့မရဲသွားရင်း_
"မင်းခန့် မိတ်ဆတ်ပေးတဲ့ ကိုအောင်သပြေဆိုတာ...."
"ဟုတ်ပါတယ် ကျွန်တော်ပါ၊ထိုင်အုံးလေ "
ထိုလူက မိုးကိုထိုင်ခိုင်းတာကြောင့် မိုးလည်း ထိုလူမျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ရ၏။
မင်းခန့်ပြောတော့ ကိုခန့်ထားထက်သာသည့်သူတဲ့လေ။ရုပ်မပြောနဲ့ ကိုခန့်ထားရဲ့ခြေမလောက်တောင် သူမသာဘူး။ဒါ့အပြင် ရုပ်ကိုကြည့်ရတာလည်း ထူးထူးဆန်းဆန်းနဲ့။
လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး မဝေဖန်ဖူးပေမဲ့ မင်းခန့်က ကိုခန့်ထားနဲ့ယှဥ်ထားတာကြောင့် မိုး မကျေနပ်စွာ ပြန်လည် ဝေဖန်နေမိခြင်းဖြစ်သည်။
"ဘာဖြစ်လို့လဲ "
"ဟင်...သြော်...ဟို...ဘာမှမဖြစ်ပါဘူး "
"မသိပါဘူး အသေအချာကြီးစိုက်ကြည့်နေတော့ တစ်ခုခုများဖြစ်လို့လားလို့ "
"ဗျာ...ဘာမှမဖြစ်ပါဘူး၊ကျွန်တော့်ကြောင့်အနှောင့်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ် "
"ရပါတယ် "
မိုးစိတ်ထဲမှာ ဝေဖန်နေခဲ့တာကို ထိုလူရိပ်မိသွားတာကြောင့် မိုး စိတ်မကောင်းဖြစ်သွားခဲ့ရသည်။လူတစ်ယောက်အပေါ် အသေအချာမသိဘဲ negative အကြောင်းချည်းပြောနေတဲ့ သူ့ကိုယ်သူလည်း မုန်းမိ၏။
ဘာဘဲဖြစ်ဖြစ်် စကားပြောကြည့်လိုက်ပါတော့မည်ဟု ဆုံးဖြတ်ကာ မိုး စိတ်ကိုရှင်းလိုက်ပြီး_
"အဘိဓာန်မိုး ပါခင်ဗျ "
မိုး လက်ကမ်းနူတ်ဆက်တော့ ထိုသူက ဝမ်းသာအားရဖြင့် မိုးလက်ကိုလှမ်းဆွဲသည်။
"အောင်သပြေပါ "
နူတ်ဆက်ပြီးသွားပေမဲ့ အတန်ကြာသည်အထိ မိုးလက်ကို မလွှတ်ပေးသေးတာကြောင့်_
"ဟို...လက် "
"အာ...တောင်းပန်ပါတယ် မိုးရဲ့လက်က အရမ်းနူးညံ့တော့ လွှတ်ဖို့တောင် မေ့သွားတယ် "
ချီးကျူးပြောတာလား ဘယ်လိုသဘောမျိုးနဲ့ပြောလိုက်တာလည်းမသိပေမဲ့ မိုး အောင့်သက်ကာသာပြန်ပြုံးပြခဲ့ရသည်။
"မိုးက မင်းခန့်ပြတဲ့ပုံထဲကထပ် ပိုပြီးတော့တောင်ချောသေးတယ် "
"ကျေးဇူးတင်ပါတယ် "
မူမမှန်တော့သည် ထိုသူကြောင့် မိုးလည်း စကားဆက်မပြောဖြစ်ဘဲ မှာထားသည့် ကော်ဖီကိုသာ မော့သောက်နေခဲ့သည်။ထိုသူကတော့ အပြောမပြတ်_
"မိုး ကဂေးစစ်စစ်လား "
"ဗျာ "
"ယောကျာ်းလေးချည်းကြိုက်တာလား ဒါမှမဟုတ် မိန်းကလေးတွေကော ကြိုက်သေးလားလို့မေးချင်တာ "
"အဲ့တာကတော့ ခံစားချက်အလိုက်ပါ ယောကျာ်းဖြစ်ရမယ် မိန်းမဖြစ်ရမယ်လို့တော့ မခွဲထားမိဘူး "
"ဒါပေမဲ့ အများစုကတော့ ယောကျာ်းလေးတွေအပေါ်မှာဘဲ ရင်ခုန်တာမလား "
ပေါက်ကရမေးခွန်းတွေမေးလွန်းသည့် ဒီစကားဝိုင်းထဲမိုး ထွက်ကာပြေးချင်မိသည်။ထိုလူက မိုး မဖြေမချင်းအတင်းလိုက်မေးနေတာကြောင့် မိုးလည်း ခေါင်းညိတ်လိုက်ရ၏။
မိုး အဖြေရမှ ထိုလူကကျေနပ်ပြုံးပြုံးပြီး မေးတာကို ရပ်သည်။တော်ပါသေးသည် တိတ်သွားလို့။
မိုး ဘယ်လိုအကြောင်းပြချက်ပေးပြီး ဒီလူဆီက ထွက်လာရမည်ကို ကြံစည်နေတုန်း ကော်ဖီဆိုင်အတွင်းသို့ဝင်လာသည့် အတွဲကြောင့် အပူပေါ်အပူထပ်ဆင့်ရသလို မိုး ခန္ဓာကိုယ်တစ်ခုလုံး ပူထူသွားခဲ့ရ၏။
တွေ့ပြန်ပြီ ဟိုနှာဘူးကောင်နဲ့။
မိုး နှာဘူးကောင်သူ့ကိုမတွေ့အောင် မျက်နှာလွှဲချင်ပေမဲ့ ထိုသူက ဝင်လာကတည်းက မိုးကိုမြင်ပြီးသားဖြစ်နေခဲ့သည်။
မိုးကိုတွေ့တော့ မိုးရဲ့အခြေအနေကို တစ်ချက်ကြည့်ပြီး နှာခေါင်းရူံကာ ကျော်သွားသည်ကို မိုး ကြုံလိုက်ရ၏။
သေနာကောင် သူကဘဲနှာခေါင်းရူံရတယ်ရှိသေး။ရူံရမယ်ရူံ ကိုယ်ကဘဲရူံရမှာကို နေ့လည်တွေ့တုန်းက ကောင်မလေးကတစ်ယောက် အခုနောက်တစ်ယောက်ဖြစ်ပြန်ပြီ နေ့မကူးဘဲ တစ်ယောက်ပြီးတစ်ယောက်ပြောင်းထားနေတဲ့ နှာဘူးကောင်ကများ။
မိုး မကျေနပ်စွာ ခပ်တိုးတိုးလေး ရေရွတ်လိုက်မိသည်။
"မိုး ဘာတွေရွတ်နေတာလဲ "
"ဘာမှမဟုတ်ပါဘူး....ဒါနဲ့ နေလည်းဝင်နေပြီဆိုတော့ မိုး တို့ နူတ်ဆက်ကြတော့မလား "
"နေပါအုံးမိုးရဲ့ ဟို မိုး ကျွန်တော့်ကို သဘောကျမကျသိချင်လို့ "
"ဗျာ "
တွေ့တာမှ တစ်နာရီပင်မပြည့်သေး ဒါမျိုး အဖြေလာတောင်းနေသည့် ထိုလူကြီးကြောင့် မိုးတော့ အခက်တွေ့နေခဲ့သည်။
သေချာပေါက် စကားများလွန်းပြီး အသားယူတတ်လွန်းသည့် ဒီဘိုးတော်ကြီးကို မိုး သဘောမကျပေမဲ့၊မိုးသာ ငြင်းလိုက်လျှင် မင်းခန့်လည်းမိတ်ပျက်ရမည်ဖြစ်သလို မိုးလည်း နောက်တစ်ယောက်ကို မျက်နှာပူပူဖြင့် လိုက်ရှာနေရအုံးမည်။
ကိုယ့်စိတ်ထက် ကိုယ့်ရဲ့လုပ်ဆောင်ချက်က ပိုပြီးအရေးကြီးနေတာကြောင့် မိုး အောင့်သက်သက်ဖြင့် ခေါင်းညိတ်လိုက်ရ၏။
"ဟား...ဒါဆို ကျွန်တော်တို့သွားကြမလား"
"ဟင်...ဘယ်ကိုလဲ "
"မိုး သိပါတယ် "
"တကယ်မသိတာပါ၊ဘယ်ကို သွားရမှာလဲ"
ထိုသူသည် မိုး အနားသို့ကပ်ရင်း_
"မိုတယ်ကိုလေ မိုးရဲ့ "
"ဘာဗျ ခင်ဗျား ကျွန်တော့်ကို ဘယ်လိုလူထင်နေတာလဲ "
"ဒါဖြစ်နေကြကိစ္စဘဲလေ၊မိုးလည်း တောင့်တလို့ ရှာနေခဲ့တာမလား "
စည်းမရှိလွန်းသည့် ထိုလူ၏ပါးကို မိုး ခပ်ကြမ်းကြမ်းဘဲ လက်သီးဖြင့်တစ်ချက်လောက်ပိတ်ထိုးလိုက်သည်။
"မင်း "
ထိုလူကလည်းမခံ မိုးကို ပြန်ထိုး၏။ခန္ဓာပိုင်းမှာ အားနည်းလွန်းသည့်မိုးက ထိုလူလက်သီးတစ်ချက်အောက်မှာတင် နောက်သို့ယိုင်ကျသွားခဲ့ရသည်။
"ဟို...ဆိုင်မှာ ရန်မဖြစ်ကြပါနဲ့ရှင် "
ဆိုင်ရှင် တားမှ ထိုလူက မိုးကိုထိုးဖို့ပြင်နေတာရပ်သည်။
မိုးထိုးလိုက်လို့ နီသွားတဲ့ သူ့ပါးကို တစ်ချက်ပွတ်ရင်း မိုးဘက်သို့ငုံ့ကြည့်ကာ_
"အလကား တူတူအိပ်ဖို့အဖော်ရှာနေတဲ့ ဂေး ကောင်ကများ ဖွီး* "
မိုး ပတ်ဝန်းကျင်ကြောင့် သည်းခံလိုက်မည်ဟု ဆုံးဖြတ်ထားပေမဲ့ စော်ကားလွန်းသည့် ထိုလူကြောင့် ဆက်ပြီးသည်းခံဖို့အကြောင်းမရှိတာနဲ့ အားယူပြီး ထိုလူရဲ့အဓိကနေရာကို အားပါပါကန်ပေးလိုက်ပါသည်။
"အား....သေ....သေ...ပါပြီ "
မိုးရဲ့ကန်ချက်ကြောင့် ထိုလူသည် အသက်ရှူဖို့ပင်မေ့ရသည်အထိ မြေပေါ်မှာ လူးလွန့်ရင်း အော်ဟစ်နေလေ၏။
မိုးတစ်ယောက် ထိုလူနာကျင်သွားသည့်ပုံကို အရသာခံကြည့်ရင်း_
"ကျွန်တော်က ဂေးဆိုပေမဲ့ သိက္ခာရှိတဲ့ဂေးဗျ၊ခင်ဗျားလို sex တစ်ခုတည်းအတွက်နဲ့ ဂေးလို့ခံယူထားတဲ့ ရွံစရာအဆင့်အတန်းမရှိတဲ့သူမဟုတ်ဘူးသိလား။ခင်ဗျားလို ကိုယ့်သိက္ခာကိုယ်မထိန်းတဲ့ လူတွေကြောင့် ကျွန်တော်တို့လို ဘာအပြစ်မှမရှိတဲ့သူတွေက လူတွေရဲ့နှာခေါင်းရူံတာခံနေရတာ "
"ဟွန့်....တဏာရူးကောင် ခံအဲ့မှာ ခံလိုက် "
မိုး မထွက်သွာခင် ထိုလူကို တစ်ချက်လောက်ကန်ခဲ့လိုက်သေးသည်။ထိုလူကတော့ မိုးကို ဘာမှပြန်မလုပ်နိုင်အောင် ကြမ်းပေါ်မှာဘဲ လူးလွန့်နေသေး၏။ကြည့်ရတာ မျိုးပြုတ်သွားပုံပေါ်သည်။
အဲ့လိုလူမျိုးက အခုလိုအဖြစ်မျိုးနဲ့ဘဲတန်တာကြောင့် မိုးလုပ်ရပ်အတွက်နောင်တမရပါ။နောက်လုံးဝ ပြန်လှည့်မကြည့်ဘဲ မိုး ထိုနေရာမှ ထွက်လာခဲ့လိုက်တော့သည်။
"အ...အရေးပေါ် ခေါ်ပေး "
"ရှင် "
"အရေးပေါ်လို့ "
"သြော်...ဟုတ်...ဟုတ် "
"မိုး မင်းတော့ နောက်တစ်ခါထပ်တွေ့ရင်သေပြီသာမှတ် "
အောင်သပြေ နာလွန်းတာကြောင့် အသံတောင် မပီတော့သည်အထိ သိမ်ဝင်သွားခဲ့ပြီး သတိမေ့ချင်သလိုတောင် ဖြစ်တော့မည်အထိ မျက်ဖြူပင်လှန်နေပြီဖြစ်သည်။
လွယ်လွယ်ရမဲ့ ကြွက်ပေါက်လေးထင်ထားပေမဲ့ ကြမ်းတမ်းလွန်းတဲ့ ကျားကြီးဖြစ်နေခဲ့၏။မိုး...မင်းကို သိပ်အထင်သေးခဲ့မိပြီ။
"ကျစ်...ကျစ်....အေးဆေးနေချင်လို့ကော်ဖီဆိုင်လာပါတယ်ဆို ရန်ဖြစ်တာနဲ့လာတိုးနေတယ် "
မိုးတို့ရဲ့အဖြစ်အပျက်ကို အစအဆုံးမြင်လိုက်ရသူက အက္ခတို့အတွဲပင်ဖြစ်သည်။
ပြဿနာကိုယ့်ရှေ့မှာဖြစ်နေတာသိပေမဲ့ အက္ခ သူများကိစ္စလိုက်မရူပ်ချင်၊ပြီးတော့ အခုပြဿနာကလည်း သူသိပ်မုန်းသည့် ယောကျာ်းချင်းကြားပြဿနာဖြစ်တာကြောင့် ပိုလို့တောင်လစ်လျူရူထားမိသည်။
ဒါပေမဲ့ မထင်မှတ်ထားတဲ့ အကောင်သေးလေးရဲ့ သတ္တိရှိမူ့ကို မြင်လိုက်ရတော့ အက္ခ လစ်လျူရူထားလို့မရနိုင်လောက်အောင် နည်းနည်းလေးစားသွားမိပါသည်ကိုတော့ အရှက်မဲ့စွာ ဝန်ခံရပါမည်။
အင်းပေါ့ အကောင်သေးကသူ့ကိုစော်ကားတဲ့ဘယ်သူ့ကိုမဆို အငြိမ်မခံတတ်ဘဲ ပြန်ရန်တွေ့တတ်တာကို အက္ခကိုယ်တိုင်ကြုံခဲ့ရပြီးပြီဘဲဟာ။အက္ခကိုယ်တိုင်လည်း အကောင်သေးကိုအထင်သေးမိခဲ့ပြီး စကားနာထိုးခံခဲ့ရဖူးပြီဘဲ။
အကောင်သေးက အက္ခနဲ့ညှိဖူးတဲ့လူတွေထဲမှာ အက္ခချက်ချင်းအလှဲမထိုးနိုင်ခဲ့တဲ့ တစ်ဦးတည်းသော သူတစ်ယောက်ဖြစ်နေတာတော့ အက္ခကိုသိက္ခာကျစေပါသည်။
"ကိုကို သဲတို့ အပြင်ထွက်ကြတော့မှာလား၊ဒီမှာက ဆူညံနေတာဘဲ "
"အင်း "
အက္ခကိုယ်တိုင်ကလည်း တစ်ဖက်ကမိန်းကလေးမပြောခင်ကတည်းက ဒီနေရာမှ ထွက်သွားချင်နေပြီဖြစ်သည်။အကောင်သေးပြဿနာရှာထားမူ့ကြောင့် အရေးပေါ်ကားသံတွေကော လူများစွာပါ ဆူညံဝိုင်းအုံ့နေလေပြီဖြစ်၏။အက္ခက ဒီလို ဆူညံ့သံတွေကို သိပ်မုန်းတာကြောင့် ချက်ချင်းဘဲ ထိုနေရာမှထွက်လာခဲ့လိုက်ပါတော့သည်။
ဆိုင်ကယ်မောင်းနေရင်း အက္ခ ဘေးဘီဝဲယာသို့ တစ်ချက်ဝှေ့ကြည့်လိုက်ရာ လမ်းကြားတစ်နေရာတွင် ရင်းနီးသည့် ပုံရိပ်တစ်ခုကြောင့် ဆိုင်ကယ်ထိုးရပ်လိုက်ပြီး အသေအချာကြည့်လိုက်မိသည်။
အက္ခထင်ထားသလို အကောင်သေးဖြစ်နေခဲ့ပြီး ကော်ဖီဆိုင်ထဲကလို ရန်မူတတ်တဲ့အကောင်သေးမဟုတ်ဘဲ ချောင်ထဲမှာတိတ်တိတ်လေးလာငိုနေသည့်အကောင်သေးဖြစ်သွားခဲ့သည်။
"ကို ဘာဖြစ်လို့လဲ ဆိုင်ကယ်ကို ရုတ်တရက်ကြီးရပ်လိုက်တာ "
"မင်းဒီက ဆင်းလိုက်တော့ "
"ဟင်...ဒီနေရာကြီးမှာ လာဆင်းခိုင်းနေတာလား ကလပ်ကောမသွားတော့ဘူးလား"
"စိတ်မပါတော့ဘူး ဒီကဘဲပြန်လိုက်တော့"
"မရဘူး မဆင်းနိုင်ဘူး "
"ဆင်းတော့လို့တစ်ခွန်းဘဲထပ်ပြောမယ်နော် "
"မဆင်းနိုင်ဘူး ကိုလည်းမသွားရဘူး သဲနောက်ကလပ်လိုက်ခဲ့ရမယ် "
အက္ခ သူ့ကိုအမိန့်ပေးသလိုလာပြောနေသေးသည့် ကောင်မလေးကို စကားထပ်မပြောတော့ဘဲ တစ်ချက်သာ သေချာကြည့်ပေးလိုက်သည်။
အက္ခရဲ့အကြည့်ကြောင့် ကောင်မလေးလန့်သွားပေမဲ့ အက္ခဆိုင်ကယ်ပေါ်မှမဆင်းသေးဘဲ ပေကုပ်ပြီးထပ်နေသေးသည့်ပုံကြည့်ရလျှင် ဒီနေ့မှ အက္ခနှင့်ပထမဆုံးတွဲဖူးသည်ထင်ပါ၏။အကြောင်းမသိသေးသည့် ထိုမိန်းကလေးကို အက္ခအကြောင်းသိအောင် ပြရပေအုံးမည်။
အက္ခဆိုင်ကယ်ပေါ်မှ ထိုင်နေသေးသည့် ထိုကောင်မလေးကို ဆွဲချလိုက်ပြီး ပြဿနာအများကြီးမရှာတော့ဘဲ ထိုနေရာမှအေးအေးဆေးဆေးထွက်သွားရန်ပြင်လိုက်ပေမဲ့_
"စောက်ကောင်...နင်ထွက်သွားဖို့မကြံနဲ့ ငါ့ဆီအခုချက်ခြင်းပြန်လာခဲ့ "
ပြဿနာလိုချင်နေသည့်ကောင်မလေးကြောင့် အက္ခ သည်းမခံနိုင်တော့ဘဲ ကောင်မလေး၏လက်ကို အတင်းဆွဲလိုက်ကာ_
"ငါ့ကိုမင်းပိုင်သလိုလာပြောမနေနဲ့၊ငါ့ကိုမင်းမှမဟုတ်ဘူး ဘယ်ကောင်မ မှမပိုင်ဘူးသိလား။နောက်တစ်ခါ အဲ့လိုစောက်လေသံမျိုး ထပ်ထွက်ရဲထွက်ကြည့် မနက်ဖြန်ဆိုတာဘာလဲ မသိရဘဲဖြစ်သွားမယ် "
လက်မကျိုးရုံတမယ်ကိုင်ထားပေမဲ့လည်း အက္ခလွှတ်ပေးလိုက်သည့် ထိုကောင်မလေး လက်ကောက်ဝတ်သည် အညိုမဲစွဲသွားခဲ့လေသည်။ဘာမှထပ်ပြီးပြန်အာမခံရဲတော့အောင် ကြောက်သွားသည့် ထိုမိန်းကလေးက အက္ခလွှတ်ပေးသည်နှင့်ချက်ချင်း ဝေးရာဆီသို့ကြောက်ကြောက်လန့်လန့်ဖြင့်ပြေးထွက်သွားပါတော့သည်။
အက္ခ စိတ်ရူပ်သွားရပေမဲ့လည်း အကောင်သေး ဘာဆက်လုပ်နေမည်ကိုသိချင်တာကြောင့် အကောင်သေးရှိရာဆီသို့ လှမ်းကြည့်မိသည်။အခုထိ အငိုမသိပ်သေးသည့် အကောင်သေးက မသိရင်ဘဲ ခဏက သူဘဲ တော်တော်အထိနာသွားခဲ့သလို။
အက္ခ သူများကိစ္စလိုက်ပြီး စိတ်မဝင်စားပေမဲ့ ဒီတစ်ခါတော့ အကောင်သေးဆီသို့ သွားချင်စိတ်များဖြစ်မိသည်။ဘယ်အရာကများ သူ့ကို ဒီလောက်ထိ မျက်ရည်ကျစေတာလဲ သိချင်မိ၏။
စိတ်ထဲမှာ သွားချင်တယ်လို့သာ တွေးလိုက်ရသေးပေမဲ့ အက္ခရဲ့ခြေလှမ်းများကတော့ အကောင်သေးဆီရောက်နှင့်နေပြီဖြစ်သည်။သူလာတာကိုတောင်မသိသည့် အကောင်သေးကြောင့် သူရောက်နေမှန်းသိအောင် အက္ခတစ်ခုခုပြောရတော့မည်ထင်ပါသည်။
"ဘယ်သူလဲကြည့်ပါအုံး ရန်ဖြစ်ပြီးလာငိုနေတဲ့ကလေးဖြစ်နေပါလား "
အက္ခအသံကြောင့် မော့ကြည့်လာသည့် အကောင်သေးက ရန်လိုနေတဲ့အကြည့်တွေနဲ့_
"မင်းကိစ္စလား "
ခက်ထန်တဲ့အသံဖြင့် အက္ခကိုတောင်မကြောက်မလန့်ပြန်ပြောနေသေးသည်။လေသံမာတွေကိုမကြိုက်ပေမဲ့ သည်းခံလိုက်ပါမည်။
"ကော်ဖီဆိုင်ထဲက ရန်ရှာလာတာတဲ့သူမဟုတ်တော့တဲ့အတိုင်းဘဲနော် ရန်ဖြစ်တုန်းကတော့ ကျေနပ်နေတဲ့ရုပ်နဲ့ အခုမှဘာလို့လာပြီးငိုနေတာလဲ "
"ငါ့ဟာငါ ပျော်ရင်ပျော်မယ်၊ငိုရင်ငိုမယ်ပေါ့ မင်းစောက်ကြောင်းလား "
စကားပြောစောက်ချိုးမပြေသည့် ဒီအကောင်သေးကို အက္ခပိတ်ထိုးပစ်လိုက်ချင်တာများ လက်ကိုယားလို့နေပြီဖြစ်သည်။
ဒါပေမဲ့ ထပ်သည်းခံလိုက်ပါအုံးမည်။ငိုနေတဲ့ကလေးကို ထပ်ငိုအောင်လုပ်လျှင် အက္ခဘဲ လူဆိုးဖြစ်ရလိမ့်မည်။
မျက်နှာပေါ်ကမျက်ရည်တွေကို အကြမ်းပတမ်းသုတ်နေသည့် အကောင်သေးကြောင့် အက္ခအကျီအိတ်ကပ်ထဲမသိမသာစမ်းလိုက်မိ၏။
ထင်ထားသလို အမြဲဆောင်နေကြဖြစ်သည့် တစ်ရူးထုတ်ကိုစမ်းမိတာကြောင့်အကောင်သေးကို ပေးဖို့တွေးကြည့်ပေမဲ့_
ဘာလို့ပေးရမှာလဲ၊အဲ့ကောင် ငါ့ကိုပက်ပက်စက်စက်ပြောထားတာများ၊ပေးဖို့မတန်ပါဘူး။
မာနလေးကခပ်ရေးရေးပေါ်လာတော့ စမ်းမိတဲ့တစ်ရှူးထုတ်ကို ပြန်လွှတ်ချခဲ့လိုက်သည်။
"ဖယ်ပေးပါ "
အပြင်ထွက်လိုတာနဲ့ သူ့လမ်းမှာ ပိတ်ထားသလိုဖြစ်နေသည့်အက္ခကို တွန်းထုတ်လိုက်မိသည့် မိုးသည် ခြေတစ်လှမ်းမလှမ်းရသေးခင်မှာဘဲ သူ့လက်အား အကြမ်းပတမ်းလှမ်းဆွဲသည့်အက္ခကြောင့် မျက်ရည်ပင်ပြန်ဝဲရသည်။
"ခင်ဗျား တရားလွန်နေပြီ "
ခဏခဏသည်းခံပေးနေရအောင် အက္ခက ခန္တီပါရမီရှင်မဟုတ်။ဒီတစ်ခါတော့ သူ့အသားအထိပါလာပြီး ကိုယ်ထိလက်ရောက်ကျူးလွန်နေပြီဖြစ်တဲ့ အကောင်သေးကိုထပ်ပြီးသည်းမခံပေးနိုင်တော့။
"အာ့ "
ဒေါသကြောင့် အကောင်သေးရဲ့လက်ကိုဖျစ်ညစ်သလိုဖြစ်သွားတော့ နာသွားသည့်
အကောင်သေးက မျက်ရည်များကျလာခဲ့လေ၏။
အက္ခ ဘာမှမလုပ်ရသေးပေမဲ့ အက္ခလုပ်သမျှကို ခံယူဖို့အသင့်အနေအထားဖြစ်နေသည့်အလား မျက်လုံးစုံမှိတ်ထားရင်း ခံယူဖို့စောင့်နေသည့် အကောင်သေးကြောင့် အက္ခတွန့်ဆုတ်သွားရပြန်သည်။
"ရော့...နှပ်ရည်တွေနဲ့ မြင်လို့ကိုမကောင်းဘူး "
စိတ်ထဲမှာ မသိလိုက်ခင်မှာဘဲ အက္ခအကောင်သေး၏လက်ထဲသို့ တစ်ရှူးထည့်ထားပေးပြီးသွားဖြစ်သွားခဲ့သည်။
အကောင်သေးဆီက သူ့ကိုထူးဆန်းသလိုလာကြည့်နေမှာကို မခံလိုတာကြောင့် အက္ခ ပေးပြီးတာနဲ့ချက်ချင်းဘဲ ဆိုင်ကယ်ရှိရာဆီသို့ပြန်လှည့်လာခဲ့လိုက်တော့သည်။
အကောင်သေး သူ့အပေါ်ဘယ်လိုထင်မှာလဲ ဂရုစိုက်မနေတော့၊လူတစ်ယောက်ကို ဂရုစိုက်တတ်တာကလည်း အက္ခရဲ့ပုံစံမဟုတ်တာကြောင့် အကောင်သေး အက္ခအပေါ်ဘယ်လိုဘဲ ထင်ပြီးဝေဖန်နေပါစေတော့ အက္ခဂရုမစိုက်တော့ဘဲ လှည့်သာထွက်လာခဲ့ပါတော့သည်။
"ဘာလဲဟ စိတ်ရူပ်စရာတွေကြီးဘဲ "
ပြဿနာတစ်ခုမပြီးသေး နောက်တစ်ခုကထပ်ပြီး ဆီးကြိုနေတာကြောင့် မိုး ပြန်ပြီး ရန်မရှာချင်တော့သည်အထိ ပင်ပန်းနေပြီဖြစ်သည်။
ဒါကြောင့် သူ့ကို ရန်ရှာဖို့လုပ်နေသည့် ထိုသူကို ပြန်ပြီးရန်မတွေ့တော့ဘဲ မျက်လုံးသာမှိတ်ထားရင်း သူလုပ်မျှ ခံလိုက်တော့ရန်သာဆုံးဖြတ်လိုက်ပေမဲ့ မိုးကိုရန်မတွေ့ခဲ့ဘဲ လက်ထဲတစ်ရှူးသာထည့်ပေးခဲ့သည့် ထိုသူကြောင့် မိုး စဥ်းစားစရာများဖြစ်သွားခဲ့သည်။
မိုးမျက်နှာက မျက်ရည်တွေနှပ်ရည်တွေနဲ့ပြည့်နေတော့ သူထိုးဖို့ရွံ့ရှာသွားသည်ထင်ပါသည်။ဒါ မိုးစဥ်းစားကြည့်ချိန် ထွက်လာတဲ့ယုတ္တိအရှိဆုံးသော အဖြေတစ်ခုပင်ဖြစ်၏။
"သေနာ သူကဘဲရွံ့ရတယ်ရှိသေး "
ကျောပေးရင်းထွက်သွားသည့် ထိုသူကို ဆဲခဲ့လိုက်ပေမဲ့ ထိုလူပေးခဲ့သည့်တစ်ရှူးများဖြင့် မိုးမျက်ရည်ကောနှာရည်ပါသုတ်ခဲ့လိုက်ပါတော့သည်။
အကျီနဲ့အကြမ်းပတမ်းသုတ်ခဲ့လိုနီမြန်းပြီးစပ်နေသည့်မိုး၏ပါးများက ထိုသူပေးခဲ့သည့်တစ်ရှူးကြောင့် သက်သာရာရသွားခဲ့တာမို့ ဒါကိုတော့ စိတ်ထဲကဘဲ မိုး ကျေးဇူးတင်ပါတော့မည်။
Zawgyi
အခ်ိန္ေတြက အရမ္းၾကာလြန္းသည္။
မိုး ကိုခန့္ထားရဲ႕အေျခအေနကို ခိုးခိုးၾကည့္ေနတာ ကိုခန့္ထားပင္ ရိပ္မိနိုင္၏။ဒါေပမဲ့လည္း မတတ္နိုင္ အတူရွိေနတဲ့ ဒီလိုရွားပါးအခ်ိန္ေလးမွာေတာ့ ကိုယ္ျမတ္နိုးခဲ့ရသူရဲ႕မ်က္ႏွာေလးကို အဝၾကည့္ခ်င္မိသည္။
"မိုး ေျပာတာဒီေနရာလား "
ကားရပ္ေတာ့မွ မိုးဘက္သို႔လွည့္ၾကည့္လာသည့္ ကိုခန့္ထား၊ဒီတစ္ခါေတာ့ ကိုခန့္ထား မိုး ခိုးၾကည့္ေနတာကို ေပၚတင္မိသြားခဲ့ၿပီ။မိုး သိကၡာေတြ ေရစုန္ေျမာသြားရသည့္အတိုင္း မိုး ရွက္႐ြံစြာ မ်က္ႏွာမ်ားနီျမန္းသြားခဲ့ရ၏။
"ဟုတ္...ဟုတ္တယ္၊လိုက္ပို႔ေပးလို႔ေက်းဇူးပါေနာ္ ကိုခန့္ထား ေနာက္မွထပ္ေတြ႕ၾကတာေပါ့ "
မိုး ရွက္လြန္းတာေၾကာင့္ မ်က္ႏွာေတာင္ထပ္မေဖာ္ရဲေတာ့ဘဲ ကိုခန့္ထားကိုအျမန္ႏူတ္ဆက္ကာ ကားေပၚမွေျပးဆင္းသြားခဲ့မိသည္။
ကိုခန့္ထားေတာ့ မိုးအေပၚ ဘယ္လိုေဝဖန္ေနမွာလည္း မသိေပမဲ့ ေကာ္ဖီဆိုင္ထဲေရာက္မွ မိုးလုပ္ခဲ့တာအတြက္ေနာင္တရမိ၏။
မိုး ကိုခန့္ထားကိုေကာင္းေကာင္းႏူတ္ဆက္ခဲ့ရမွာ အခုေတာ့ မိုးရဲ႕ပ်ာသီးပ်ာတာပုံစံကိုျမင္ၿပီး ကိုခန့္ထား စိတ္ပ်က္သြားေလာက္ၿပီ။
စိတ္မေကာင္းျဖစ္စြာနဲ႕ဘဲ မိုး ေက်ာခိုင္းရင္း ေကာ္ဖီဆိုင္ထဲသို႔ ေလွ်ာက္လာခဲ့႐ုံသာတတ္နိုင္ပါေတာ့သည္။
သူျပန္လွည့္လည္း ထူးမွမထူးေတာ့တာ ကိုခန့္ထားက မိုးကားေပၚကဆင္းတာနဲ႕ ထြက္သြားေလာက္ၿပီဘဲ။
"ဒီမွာ ခင္ဗ် "
ေကာ္ဖီဆိုင္ထဲသို႔ဝင္လာသည့္ မိုးကိုျမင္ေတာ့ လူတစ္ေယာက္ကလွမ္းေခၚသည္။မိုး မသိတဲ့လူျဖစ္တာေၾကာင့္ မိုးေၾကာင္သြားမိေပမဲ့ ၿပီးမွ မင္းခန့္ရွာေပးထားသည့္ သူမွန္းသတိရသြားကာ မိုး ထိုသူဆီသို႔ မဝံ့မရဲသြားရင္း_
"မင္းခန့္ မိတ္ဆတ္ေပးတဲ့ ကိုေအာင္သေျပဆိုတာ...."
"ဟုတ္ပါတယ္ ကြၽန္ေတာ္ပါ၊ထိုင္အုံးေလ "
ထိုလူက မိုးကိုထိုင္ခိုင္းတာေၾကာင့္ မိုးလည္း ထိုလူမ်က္ႏွာခ်င္းဆိုင္မွာ ဝင္ထိုင္လိုက္ရ၏။
မင္းခန့္ေျပာေတာ့ ကိုခန့္ထားထက္သာသည့္သူတဲ့ေလ။႐ုပ္မေျပာနဲ႕ ကိုခန့္ထားရဲ႕ေျခမေလာက္ေတာင္ သူမသာဘူး။ဒါ့အျပင္ ႐ုပ္ကိုၾကည့္ရတာလည္း ထူးထူးဆန္းဆန္းနဲ႕။
လူတစ္ေယာက္ကို အေပၚယံၾကည့္ၿပီး မေဝဖန္ဖူးေပမဲ့ မင္းခန့္က ကိုခန့္ထားနဲ႕ယွဥ္ထားတာေၾကာင့္ မိုး မေက်နပ္စြာ ျပန္လည္ ေဝဖန္ေနမိျခင္းျဖစ္သည္။
"ဘာျဖစ္လို႔လဲ "
"ဟင္...ေၾသာ္...ဟို...ဘာမွမျဖစ္ပါဘူး "
"မသိပါဘူး အေသအခ်ာႀကီးစိုက္ၾကည့္ေနေတာ့ တစ္ခုခုမ်ားျဖစ္လို႔လားလို႔ "
"ဗ်ာ...ဘာမွမျဖစ္ပါဘူး၊ကြၽန္ေတာ့္ေၾကာင့္အႏွောင့္အယွက္ျဖစ္သြားရင္ေတာင္းပန္ပါတယ္ "
"ရပါတယ္ "
မိုးစိတ္ထဲမွာ ေဝဖန္ေနခဲ့တာကို ထိုလူရိပ္မိသြားတာေၾကာင့္ မိုး စိတ္မေကာင္းျဖစ္သြားခဲ့ရသည္။လူတစ္ေယာက္အေပၚ အေသအခ်ာမသိဘဲ negative အေၾကာင္းခ်ည္းေျပာေနတဲ့ သူ႕ကိုယ္သူလည္း မုန္းမိ၏။
ဘာဘဲျဖစ္ျဖစ္္ စကားေျပာၾကည့္လိုက္ပါေတာ့မည္ဟု ဆုံးျဖတ္ကာ မိုး စိတ္ကိုရွင္းလိုက္ၿပီး_
"အဘိဓာန္မိုး ပါခင္ဗ် "
မိုး လက္ကမ္းႏူတ္ဆက္ေတာ့ ထိုသူက ဝမ္းသာအားရျဖင့္ မိုးလက္ကိုလွမ္းဆြဲသည္။
"ေအာင္သေျပပါ "
ႏူတ္ဆက္ၿပီးသြားေပမဲ့ အတန္ၾကာသည္အထိ မိုးလက္ကို မလႊတ္ေပးေသးတာေၾကာင့္_
"ဟို...လက္ "
"အာ...ေတာင္းပန္ပါတယ္ မိုးရဲ႕လက္က အရမ္းႏူးညံ့ေတာ့ လႊတ္ဖို႔ေတာင္ ေမ့သြားတယ္ "
ခ်ီးက်ဴးေျပာတာလား ဘယ္လိုသေဘာမ်ိဳးနဲ႕ေျပာလိုက္တာလည္းမသိေပမဲ့ မိုး ေအာင့္သက္ကာသာျပန္ၿပဳံးျပခဲ့ရသည္။
"မိုးက မင္းခန့္ျပတဲ့ပုံထဲကထပ္ ပိုၿပီးေတာ့ေတာင္ေခ်ာေသးတယ္ "
"ေက်းဇူးတင္ပါတယ္ "
မူမမွန္ေတာ့သည္ ထိုသူေၾကာင့္ မိုးလည္း စကားဆက္မေျပာျဖစ္ဘဲ မွာထားသည့္ ေကာ္ဖီကိုသာ ေမာ့ေသာက္ေနခဲ့သည္။ထိုသူကေတာ့ အေျပာမျပတ္_
"မိုး ကေဂးစစ္စစ္လား "
"ဗ်ာ "
"ေယာက်ာ္းေလးခ်ည္းႀကိဳက္တာလား ဒါမွမဟုတ္ မိန္းကေလးေတြေကာ ႀကိဳက္ေသးလားလို႔ေမးခ်င္တာ "
"အဲ့တာကေတာ့ ခံစားခ်က္အလိုက္ပါ ေယာက်ာ္းျဖစ္ရမယ္ မိန္းမျဖစ္ရမယ္လို႔ေတာ့ မခြဲထားမိဘူး "
"ဒါေပမဲ့ အမ်ားစုကေတာ့ ေယာက်ာ္းေလးေတြအေပၚမွာဘဲ ရင္ခုန္တာမလား "
ေပါက္ကရေမးခြန္းေတြေမးလြန္းသည့္ ဒီစကားဝိုင္းထဲမိုး ထြက္ကာေျပးခ်င္မိသည္။ထိုလူက မိုး မေျဖမခ်င္းအတင္းလိုက္ေမးေနတာေၾကာင့္ မိုးလည္း ေခါင္းညိတ္လိုက္ရ၏။
မိုး အေျဖရမွ ထိုလူကေက်နပ္ၿပဳံးၿပဳံးၿပီး ေမးတာကို ရပ္သည္။ေတာ္ပါေသးသည္ တိတ္သြားလို႔။
မိုး ဘယ္လိုအေၾကာင္းျပခ်က္ေပးၿပီး ဒီလူဆီက ထြက္လာရမည္ကို ႀကံစည္ေနတုန္း ေကာ္ဖီဆိုင္အတြင္းသို႔ဝင္လာသည့္ အတြဲေၾကာင့္ အပူေပၚအပူထပ္ဆင့္ရသလို မိုး ခႏၶာကိုယ္တစ္ခုလုံး ပူထူသြားခဲ့ရ၏။
ေတြ႕ျပန္ၿပီ ဟိုႏွာဘူးေကာင္နဲ႕။
မိုး ႏွာဘူးေကာင္သူ႕ကိုမေတြ႕ေအာင္ မ်က္ႏွာလႊဲခ်င္ေပမဲ့ ထိုသူက ဝင္လာကတည္းက မိုးကိုျမင္ၿပီးသားျဖစ္ေနခဲ့သည္။
မိုးကိုေတြ႕ေတာ့ မိုးရဲ႕အေျခအေနကို တစ္ခ်က္ၾကည့္ၿပီး ႏွာေခါင္း႐ူံကာ ေက်ာ္သြားသည္ကို မိုး ႀကဳံလိုက္ရ၏။
ေသနာေကာင္ သူကဘဲႏွာေခါင္း႐ူံရတယ္ရွိေသး။႐ူံရမယ္႐ူံ ကိုယ္ကဘဲ႐ူံရမွာကို ေန႕လည္ေတြ႕တုန္းက ေကာင္မေလးကတစ္ေယာက္ အခုေနာက္တစ္ေယာက္ျဖစ္ျပန္ၿပီ ေန႕မကူးဘဲ တစ္ေယာက္ၿပီးတစ္ေယာက္ေျပာင္းထားေနတဲ့ ႏွာဘူးေကာင္ကမ်ား။
မိုး မေက်နပ္စြာ ခပ္တိုးတိုးေလး ေရ႐ြတ္လိုက္မိသည္။
"မိုး ဘာေတြ႐ြတ္ေနတာလဲ "
"ဘာမွမဟုတ္ပါဘူး....ဒါနဲ႕ ေနလည္းဝင္ေနၿပီဆိုေတာ့ မိုး တို႔ ႏူတ္ဆက္ၾကေတာ့မလား "
"ေနပါအုံးမိုးရဲ႕ ဟို မိုး ကြၽန္ေတာ့္ကို သေဘာက်မက်သိခ်င္လို႔ "
"ဗ်ာ "
ေတြ႕တာမွ တစ္နာရီပင္မျပည့္ေသး ဒါမ်ိဳး အေျဖလာေတာင္းေနသည့္ ထိုလူႀကီးေၾကာင့္ မိုးေတာ့ အခက္ေတြ႕ေနခဲ့သည္။
ေသခ်ာေပါက္ စကားမ်ားလြန္းၿပီး အသားယူတတ္လြန္းသည့္ ဒီဘိုးေတာ္ႀကီးကို မိုး သေဘာမက်ေပမဲ့၊မိုးသာ ျငင္းလိုက္လွ်င္ မင္းခန့္လည္းမိတ္ပ်က္ရမည္ျဖစ္သလို မိုးလည္း ေနာက္တစ္ေယာက္ကို မ်က္ႏွာပူပူျဖင့္ လိုက္ရွာေနရအုံးမည္။
ကိုယ့္စိတ္ထက္ ကိုယ့္ရဲ႕လုပ္ေဆာင္ခ်က္က ပိုၿပီးအေရးႀကီးေနတာေၾကာင့္ မိုး ေအာင့္သက္သက္ျဖင့္ ေခါင္းညိတ္လိုက္ရ၏။
"ဟား...ဒါဆို ကြၽန္ေတာ္တို႔သြားၾကမလား"
"ဟင္...ဘယ္ကိုလဲ "
"မိုး သိပါတယ္ "
"တကယ္မသိတာပါ၊ဘယ္ကို သြားရမွာလဲ"
ထိုသူသည္ မိုး အနားသို႔ကပ္ရင္း_
"မိုတယ္ကိုေလ မိုးရဲ႕ "
"ဘာဗ် ခင္ဗ်ား ကြၽန္ေတာ့္ကို ဘယ္လိုလူထင္ေနတာလဲ "
"ဒါျဖစ္ေနၾကကိစၥဘဲေလ၊မိုးလည္း ေတာင့္တလို႔ ရွာေနခဲ့တာမလား "
စည္းမရွိလြန္းသည့္ ထိုလူ၏ပါးကို မိုး ခပ္ၾကမ္းၾကမ္းဘဲ လက္သီးျဖင့္တစ္ခ်က္ေလာက္ပိတ္ထိုးလိုက္သည္။
"မင္း "
ထိုလူကလည္းမခံ မိုးကို ျပန္ထိုး၏။ခႏၶာပိုင္းမွာ အားနည္းလြန္းသည့္မိုးက ထိုလူလက္သီးတစ္ခ်က္ေအာက္မွာတင္ ေနာက္သို႔ယိုင္က်သြားခဲ့ရသည္။
"ဟို...ဆိုင္မွာ ရန္မျဖစ္ၾကပါနဲ႕ရွင္ "
ဆိုင္ရွင္ တားမွ ထိုလူက မိုးကိုထိုးဖို႔ျပင္ေနတာရပ္သည္။
မိုးထိုးလိုက္လို႔ နီသြားတဲ့ သူ႕ပါးကို တစ္ခ်က္ပြတ္ရင္း မိုးဘက္သို႔ငုံ႕ၾကည့္ကာ_
"အလကား တူတူအိပ္ဖို႔အေဖာ္ရွာေနတဲ့ ေဂး ေကာင္ကမ်ား ဖြီး* "
မိုး ပတ္ဝန္းက်င္ေၾကာင့္ သည္းခံလိုက္မည္ဟု ဆုံးျဖတ္ထားေပမဲ့ ေစာ္ကားလြန္းသည့္ ထိုလူေၾကာင့္ ဆက္ၿပီးသည္းခံဖို႔အေၾကာင္းမရွိတာနဲ႕ အားယူၿပီး ထိုလူရဲ႕အဓိကေနရာကို အားပါပါကန္ေပးလိုက္ပါသည္။
"အား....ေသ....ေသ...ပါၿပီ "
မိုးရဲ႕ကန္ခ်က္ေၾကာင့္ ထိုလူသည္ အသက္ရႉဖို႔ပင္ေမ့ရသည္အထိ ေျမေပၚမွာ လူးလြန့္ရင္း ေအာ္ဟစ္ေနေလ၏။
မိုးတစ္ေယာက္ ထိုလူနာက်င္သြားသည့္ပုံကို အရသာခံၾကည့္ရင္း_
"ကြၽန္ေတာ္က ေဂးဆိုေပမဲ့ သိကၡာရွိတဲ့ေဂးဗ်၊ခင္ဗ်ားလို sex တစ္ခုတည္းအတြက္နဲ႕ ေဂးလို႔ခံယူထားတဲ့ ႐ြံစရာအဆင့္အတန္းမရွိတဲ့သူမဟုတ္ဘူးသိလား။ခင္ဗ်ားလို ကိုယ့္သိကၡာကိုယ္မထိန္းတဲ့ လူေတြေၾကာင့္ ကြၽန္ေတာ္တို႔လို ဘာအျပစ္မွမရွိတဲ့သူေတြက လူေတြရဲ႕ႏွာေခါင္း႐ူံတာခံေနရတာ "
"ဟြန့္....တဏာ႐ူးေကာင္ ခံအဲ့မွာ ခံလိုက္ "
မိုး မထြက္သြာခင္ ထိုလူကို တစ္ခ်က္ေလာက္ကန္ခဲ့လိုက္ေသးသည္။ထိုလူကေတာ့ မိုးကို ဘာမွျပန္မလုပ္နိုင္ေအာင္ ၾကမ္းေပၚမွာဘဲ လူးလြန့္ေနေသး၏။ၾကည့္ရတာ မ်ိဳးျပဳတ္သြားပုံေပၚသည္။
အဲ့လိုလူမ်ိဳးက အခုလိုအျဖစ္မ်ိဳးနဲ႕ဘဲတန္တာေၾကာင့္ မိုးလုပ္ရပ္အတြက္ေနာင္တမရပါ။ေနာက္လုံးဝ ျပန္လွည့္မၾကည့္ဘဲ မိုး ထိုေနရာမွ ထြက္လာခဲ့လိုက္ေတာ့သည္။
"အ...အေရးေပၚ ေခၚေပး "
"ရွင္ "
"အေရးေပၚလို႔ "
"ေၾသာ္...ဟုတ္...ဟုတ္ "
"မိုး မင္းေတာ့ ေနာက္တစ္ခါထပ္ေတြ႕ရင္ေသၿပီသာမွတ္ "
ေအာင္သေျပ နာလြန္းတာေၾကာင့္ အသံေတာင္ မပီေတာ့သည္အထိ သိမ္ဝင္သြားခဲ့ၿပီး သတိေမ့ခ်င္သလိုေတာင္ ျဖစ္ေတာ့မည္အထိ မ်က္ျဖဴပင္လွန္ေနၿပီျဖစ္သည္။
လြယ္လြယ္ရမဲ့ ႂကြက္ေပါက္ေလးထင္ထားေပမဲ့ ၾကမ္းတမ္းလြန္းတဲ့ က်ားႀကီးျဖစ္ေနခဲ့၏။မိုး...မင္းကို သိပ္အထင္ေသးခဲ့မိၿပီ။
"က်စ္...က်စ္....ေအးေဆးေနခ်င္လို႔ေကာ္ဖီဆိုင္လာပါတယ္ဆို ရန္ျဖစ္တာနဲ႕လာတိုးေနတယ္ "
မိုးတို႔ရဲ႕အျဖစ္အပ်က္ကို အစအဆုံးျမင္လိုက္ရသူက အကၡတို႔အတြဲပင္ျဖစ္သည္။
ျပႆနာကိုယ့္ေရွ႕မွာျဖစ္ေနတာသိေပမဲ့ အကၡ သူမ်ားကိစၥလိုက္မ႐ူပ္ခ်င္၊ၿပီးေတာ့ အခုျပႆနာကလည္း သူသိပ္မုန္းသည့္ ေယာက်ာ္းခ်င္းၾကားျပႆနာျဖစ္တာေၾကာင့္ ပိုလို႔ေတာင္လစ္လ်ဴ႐ူထားမိသည္။
ဒါေပမဲ့ မထင္မွတ္ထားတဲ့ အေကာင္ေသးေလးရဲ႕ သတၱိရွိမူ႕ကို ျမင္လိုက္ရေတာ့ အကၡ လစ္လ်ဴ႐ူထားလို႔မရနိုင္ေလာက္ေအာင္ နည္းနည္းေလးစားသြားမိပါသည္ကိုေတာ့ အရွက္မဲ့စြာ ဝန္ခံရပါမည္။
အင္းေပါ့ အေကာင္ေသးကသူ႕ကိုေစာ္ကားတဲ့ဘယ္သူ႕ကိုမဆို အၿငိမ္မခံတတ္ဘဲ ျပန္ရန္ေတြ႕တတ္တာကို အကၡကိုယ္တိုင္ႀကဳံခဲ့ရၿပီးၿပီဘဲဟာ။အကၡကိုယ္တိုင္လည္း အေကာင္ေသးကိုအထင္ေသးမိခဲ့ၿပီး စကားနာထိုးခံခဲ့ရဖူးၿပီဘဲ။
အေကာင္ေသးက အကၡနဲ႕ညွိဖူးတဲ့လူေတြထဲမွာ အကၡခ်က္ခ်င္းအလွဲမထိုးနိုင္ခဲ့တဲ့ တစ္ဦးတည္းေသာ သူတစ္ေယာက္ျဖစ္ေနတာေတာ့ အကၡကိုသိကၡာက်ေစပါသည္။
"ကိုကို သဲတို႔ အျပင္ထြက္ၾကေတာ့မွာလား၊ဒီမွာက ဆူညံေနတာဘဲ "
"အင္း "
အကၡကိုယ္တိုင္ကလည္း တစ္ဖက္ကမိန္းကေလးမေျပာခင္ကတည္းက ဒီေနရာမွ ထြက္သြားခ်င္ေနၿပီျဖစ္သည္။အေကာင္ေသးျပႆနာရွာထားမူ႕ေၾကာင့္ အေရးေပၚကားသံေတြေကာ လူမ်ားစြာပါ ဆူညံဝိုင္းအုံ႕ေနေလၿပီျဖစ္၏။အကၡက ဒီလို ဆူညံ့သံေတြကို သိပ္မုန္းတာေၾကာင့္ ခ်က္ခ်င္းဘဲ ထိုေနရာမွထြက္လာခဲ့လိုက္ပါေတာ့သည္။
ဆိုင္ကယ္ေမာင္းေနရင္း အကၡ ေဘးဘီဝဲယာသို႔ တစ္ခ်က္ေဝွ႕ၾကည့္လိုက္ရာ လမ္းၾကားတစ္ေနရာတြင္ ရင္းနီးသည့္ ပုံရိပ္တစ္ခုေၾကာင့္ ဆိုင္ကယ္ထိုးရပ္လိုက္ၿပီး အေသအခ်ာၾကည့္လိုက္မိသည္။
အကၡထင္ထားသလို အေကာင္ေသးျဖစ္ေနခဲ့ၿပီး ေကာ္ဖီဆိုင္ထဲကလို ရန္မူတတ္တဲ့အေကာင္ေသးမဟုတ္ဘဲ ေခ်ာင္ထဲမွာတိတ္တိတ္ေလးလာငိုေနသည့္အေကာင္ေသးျဖစ္သြားခဲ့သည္။
"ကို ဘာျဖစ္လို႔လဲ ဆိုင္ကယ္ကို ႐ုတ္တရက္ႀကီးရပ္လိုက္တာ "
"မင္းဒီကဘဲ ဆင္းလိုက္ေတာ့ "
"ဟင္...ဒီေနရာႀကီးမွာ လာဆင္းခိုင္းေနတာလား ကလပ္ေကာမသြားေတာ့ဘူးလား"
"စိတ္မပါေတာ့ဘူး ဒီကဘဲျပန္လိုက္ေတာ့"
"မရဘူး မဆင္းနိုင္ဘူး "
"ဆင္းေတာ့လို႔တစ္ခြန္းဘဲထပ္ေျပာမယ္ေနာ္ "
"မဆင္းနိုင္ဘူး ကိုလည္းမသြားရဘူး သဲေနာက္ကလပ္လိုက္ခဲ့ရမယ္ "
အကၡ သူ႕ကိုအမိန့္ေပးသလိုလာေျပာေနေသးသည့္ ေကာင္မေလးကို စကားထပ္မေျပာေတာ့ဘဲ တစ္ခ်က္သာ ေသခ်ာၾကည့္ေပးလိုက္သည္။
အကၡရဲ႕အၾကည့္ေၾကာင့္ ေကာင္မေလးလန့္သြားေပမဲ့ အကၡဆိုင္ကယ္ေပၚမွမဆင္းေသးဘဲ ေပကုပ္ၿပီးထပ္ေနေသးသည့္ပုံၾကည့္ရလွ်င္ ဒီေန႕မွ အကၡႏွင့္ပထမဆုံးတြဲဖူးသည္ထင္ပါ၏။အေၾကာင္းမသိေသးသည့္ ထိုမိန္းကေလးကို အကၡအေၾကာင္းသိေအာင္ ျပရေပအုံးမည္။
အကၡဆိုင္ကယ္ေပၚမွ ထိုင္ေနေသးသည့္ ထိုေကာင္မေလးကို ဆြဲခ်လိဳက္ၿပီး ျပႆနာအမ်ားႀကီးမရွာေတာ့ဘဲ ထိုေနရာမွေအးေအးေဆးေဆးထြက္သြားရန္ျပင္လိုက္ေပမဲ့_
"ေစာက္ေကာင္...နင္ထြက္သြားဖို႔မႀကံနဲ႕ ငါ့ဆီအခုခ်က္ျခင္းျပန္လာခဲ့ "
ျပႆနာလိုခ်င္ေနသည့္ေကာင္မေလးေၾကာင့္ အကၡ သည္းမခံနိုင္ေတာ့ဘဲ ေကာင္မေလး၏လက္ကို အတင္းဆြဲလိုက္ကာ_
"ငါ့ကိုမင္းပိုင္သလိုလာေျပာမေနနဲ႕၊ငါ့ကိုမင္းမွမဟုတ္ဘူး ဘယ္ေကာင္မ မွမပိုင္ဘူးသိလား။ေနာက္တစ္ခါ အဲ့လိုေစာက္ေလသံမ်ိဳး ထပ္ထြက္ရဲထြက္ၾကည့္ မနက္ျဖန္ဆိုတာဘာလဲ မသိရဘဲျဖစ္သြားမယ္ "
လက္မက်ိဳး႐ုံတမယ္ကိုင္ထားေပမဲ့လည္း အကၡလႊတ္ေပးလိုက္သည့္ ထိုေကာင္မေလး လက္ေကာက္ဝတ္သည္ အညိုမဲစြဲသြားခဲ့ေလသည္။ဘာမွထပ္ၿပီးျပန္အာမခံရဲေတာ့ေအာင္ ေၾကာက္သြားသည့္ ထိုမိန္းကေလးက အကၡလႊတ္ေပးသည္ႏွင့္ခ်က္ခ်င္း ေဝးရာဆီသို႔ေၾကာက္ေၾကာက္လန့္လန့္ျဖင့္ေျပးထြက္သြားပါေတာ့သည္။
အကၡ စိတ္႐ူပ္သြားရေပမဲ့လည္း အေကာင္ေသး ဘာဆက္လုပ္ေနမည္ကိုသိခ်င္တာေၾကာင့္ အေကာင္ေသးရွိရာဆီသို႔ လွမ္းၾကည့္မိသည္။အခုထိ အငိုမသိပ္ေသးသည့္ အေကာင္ေသးက မသိရင္ဘဲ ခဏက သူဘဲ ေတာ္ေတာ္အထိနာသြားခဲ့သလို။
အကၡ သူမ်ားကိစၥလိုက္ၿပီး စိတ္မဝင္စားေပမဲ့ ဒီတစ္ခါေတာ့ အေကာင္ေသးဆီသို႔ သြားခ်င္စိတ္မ်ားျဖစ္မိသည္။ဘယ္အရာကမ်ား သူ႕ကို ဒီေလာက္ထိ မ်က္ရည္က်ေစတာလဲ သိခ်င္မိ၏။
စိတ္ထဲမွာ သြားခ်င္တယ္လို႔သာ ေတြးလိုက္ရေသးေပမဲ့ အကၡရဲ႕ေျခလွမ္းမ်ားကေတာ့ အေကာင္ေသးဆီေရာက္ႏွင့္ေနၿပီျဖစ္သည္။သူလာတာကိုေတာင္မသိသည့္ အေကာင္ေသးေၾကာင့္ သူေရာက္ေနမွန္းသိေအာင္ အကၡတစ္ခုခုေျပာရေတာ့မည္ထင္ပါသည္။
"ဘယ္သူလဲၾကည့္ပါအုံး ရန္ျဖစ္ၿပီးလာငိုေနတဲ့ကေလးျဖစ္ေနပါလား "
အကၡအသံေၾကာင့္ ေမာ့ၾကည့္လာသည့္ အေကာင္ေသးက ရန္လိုေနတဲ့အၾကည့္ေတြနဲ႕_
"မင္းကိစၥလား "
ခက္ထန္တဲ့အသံျဖင့္ အကၡကိုေတာင္မေၾကာက္မလန့္ျပန္ေျပာေနေသးသည္။ေလသံမာေတြကိုမႀကိဳက္ေပမဲ့ သည္းခံလိုက္ပါမည္။
"ေကာ္ဖီဆိုင္ထဲက ရန္ရွာလာတာတဲ့သူမဟုတ္ေတာ့တဲ့အတိုင္းဘဲေနာ္ ရန္ျဖစ္တုန္းကေတာ့ ေက်နပ္ေနတဲ့႐ုပ္နဲ႕ အခုမွဘာလို႔လာၿပီးငိုေနတာလဲ "
"ငါ့ဟာငါ ေပ်ာ္ရင္ေပ်ာ္မယ္၊ငိုရင္ငိုမယ္ေပါ့ မင္းေစာက္ေၾကာင္းလား "
စကားေျပာေစာက္ခ်ိဳးမေျပသည့္ ဒီအေကာင္ေသးကို အကၡပိတ္ထိုးပစ္လိုက္ခ်င္တာမ်ား လက္ကိုယားလို႔ေနၿပီျဖစ္သည္။
ဒါေပမဲ့ ထပ္သည္းခံလိုက္ပါအုံးမည္။ငိုေနတဲ့ကေလးကို ထပ္ငိုေအာင္လုပ္လွ်င္ အကၡဘဲ လူဆိုးျဖစ္ရလိမ့္မည္။
မ်က္ႏွာေပၚကမ်က္ရည္ေတြကို အၾကမ္းပတမ္းသုတ္ေနသည့္ အေကာင္ေသးေၾကာင့္ အကၡအက်ီအိတ္ကပ္ထဲမသိမသာစမ္းလိုက္မိ၏။
ထင္ထားသလို အၿမဲေဆာင္ေနၾကျဖစ္သည့္ တစ္႐ူးထုတ္ကိုစမ္းမိတာေၾကာင့္အေကာင္ေသးကို ေပးဖို႔ေတြးၾကည့္ေပမဲ့_
ဘာလို႔ေပးရမွာလဲ၊အဲ့ေကာင္ ငါ့ကိုပက္ပက္စက္စက္ေျပာထားတာမ်ား၊ေပးဖို႔မတန္ပါဘူး။
မာနေလးကခပ္ေရးေရးေပၚလာေတာ့ စမ္းမိတဲ့တစ္ရႉးထုတ္ကို ျပန္လႊတ္ခ်ခဲ့လိုက္သည္။
"ဖယ္ေပးပါ "
အျပင္ထြက္လိုတာနဲ႕ သူ႕လမ္းမွာ ပိတ္ထားသလိုျဖစ္ေနသည့္အကၡကို တြန္းထုတ္လိုက္မိသည့္ မိုးသည္ ေျခတစ္လွမ္းမလွမ္းရေသးခင္မွာဘဲ သူ႕လက္အား အၾကမ္းပတမ္းလွမ္းဆြဲသည့္အကၡေၾကာင့္ မ်က္ရည္ပင္ျပန္ဝဲရသည္။
"ခင္ဗ်ား တရားလြန္ေနၿပီ "
ခဏခဏသည္းခံေပးေနရေအာင္ အကၡက ခႏၱီပါရမီရွင္မဟုတ္။ဒီတစ္ခါေတာ့ သူ႕အသားအထိပါလာၿပီး ကိုယ္ထိလက္ေရာက္က်ဴးလြန္ေနၿပီျဖစ္တဲ့ အေကာင္ေသးကိုထပ္ၿပီးသည္းမခံေပးနိုင္ေတာ့။
"အာ့ "
ေဒါသေၾကာင့္ အေကာင္ေသးရဲ႕လက္ကိုဖ်စ္ညစ္သလိုျဖစ္သြားေတာ့ နာသြားသည့္
အေကာင္ေသးက မ်က္ရည္မ်ားက်လာခဲ့ေလ၏။
အကၡ ဘာမွမလုပ္ရေသးေပမဲ့ အကၡလုပ္သမွ်ကို ခံယူဖို႔အသင့္အေနအထားျဖစ္ေနသည့္အလား မ်က္လုံးစုံမွိတ္ထားရင္း ခံယူဖို႔ေစာင့္ေနသည့္ အေကာင္ေသးေၾကာင့္ အကၡတြန့္ဆုတ္သြားရျပန္သည္။
"ေရာ့...ႏွပ္ရည္ေတြနဲ႕ ျမင္လို႔ကိုမေကာင္းဘူး "
စိတ္ထဲမွာ မသိလိုက္ခင္မွာဘဲ အကၡအေကာင္ေသး၏လက္ထဲသို႔ တစ္ရႉးထည့္ထားေပးၿပီးသြားျဖစ္သြားခဲ့သည္။
အေကာင္ေသးဆီက သူ႕ကိုထူးဆန္းသလိုလာၾကည့္ေနမွာကို မခံလိုတာေၾကာင့္ အကၡ ေပးၿပီးတာနဲ႕ခ်က္ခ်င္းဘဲ ဆိုင္ကယ္ရွိရာဆီသို႔ျပန္လွည့္လာခဲ့လိုက္ေတာ့သည္။
အေကာင္ေသး သူ႕အေပၚဘယ္လိုထင္မွာလဲ ဂ႐ုစိုက္မေနေတာ့၊လူတစ္ေယာက္ကို ဂ႐ုစိုက္တတ္တာကလည္း အကၡရဲ႕ပုံစံမဟုတ္တာေၾကာင့္ အေကာင္ေသး အကၡအေပၚဘယ္လိုဘဲ ထင္ၿပီးေဝဖန္ေနပါေစေတာ့ အကၡဂ႐ုမစိုက္ေတာ့ဘဲ လွည့္သာထြက္လာခဲ့ပါေတာ့သည္။
"ဘာလဲဟ စိတ္႐ူပ္စရာေတြႀကီးဘဲ "
ျပႆနာတစ္ခုမၿပီးေသး ေနာက္တစ္ခုကထပ္ၿပီး ဆီးႀကိဳေနတာေၾကာင့္ မိုး ျပန္ၿပီး ရန္မရွာခ်င္ေတာ့သည္အထိ ပင္ပန္းေနၿပီျဖစ္သည္။
ဒါေၾကာင့္ သူ႕ကို ရန္ရွာဖို႔လုပ္ေနသည့္ ထိုသူကို ျပန္ၿပီးရန္မေတြ႕ေတာ့ဘဲ မ်က္လုံးသာမွိတ္ထားရင္း သူလုပ္မွ် ခံလိုက္ေတာ့ရန္သာဆုံးျဖတ္လိုက္ေပမဲ့ မိုးကိုရန္မေတြ႕ခဲ့ဘဲ လက္ထဲတစ္ရႉးသာထည့္ေပးခဲ့သည့္ ထိုသူေၾကာင့္ မိုး စဥ္းစားစရာမ်ားျဖစ္သြားခဲ့သည္။
မိုးမ်က္ႏွာက မ်က္ရည္ေတြႏွပ္ရည္ေတြနဲ႕ျပည့္ေနေတာ့ သူထိုးဖို႔႐ြံ႕ရွာသြားသည္ထင္ပါသည္။ဒါ မိုးစဥ္းစားၾကည့္ခ်ိန္ ထြက္လာတဲ့ယုတၱိအရွိဆုံးေသာ အေျဖတစ္ခုပင္ျဖစ္၏။
"ေသနာ သူကဘဲ႐ြံ႕ရတယ္ရွိေသး "
ေက်ာေပးရင္းထြက္သြားသည့္ ထိုသူကို ဆဲခဲ့လိုက္ေပမဲ့ ထိုလူေပးခဲ့သည့္တစ္ရႉးမ်ားျဖင့္ မိုးမ်က္ရည္ေကာႏွာရည္ပါသုတ္ခဲ့လိုက္ပါေတာ့သည္။
အက်ီနဲ႕အၾကမ္းပတမ္းသုတ္ခဲ့လိုနီျမန္းၿပီးစပ္ေနသည့္မိုး၏ပါးမ်ားက ထိုသူေပးခဲ့သည့္တစ္ရႉးေၾကာင့္ သက္သာရာရသြားခဲ့တာမို႔ ဒါကိုေတာ့ စိတ္ထဲကဘဲ မိုး ေက်းဇူးတင္ပါေတာ့မည္။