နေရောင်ခြည်ထိုးဖောက်ဝင်ရောက်ကာ အလင်းတန်း က ပါးမို့မို့လေးဆီသို့ပင်
ဟွမ်က နှစ်ခြိုက်စွာဖြင့် သူ့ရင်ခွင်ထဲ အိပ်နေသည့် အကောင်ပေါက်လေးအား နေမခ စေရန် အနားက မှန်ကို လိုက်ကာ ပြေးချဖို့လုပ်ပြန်တော့
လက်တစ်ဖက်က ဟွမ့်လက်မောင်းအားကျစ်ကျစ်ပါအောင်ဆွဲထားရင်း အောက်သို့ပြန်ဆွဲချလေသည်။
" အ "
" ဒီတိုင်းလေး ခဏ နေပေး "
ဟွမ့်ရင်ဘက်ထဲ မျက်နှာလေးအပ်ကာ ချွဲသံလေးနဲ့ဆိုပြန်တော့ အရည်ပျော်ရပြန်သည်။
ရင်ဘက်ထဲ က မျက်နှာလေးအား ဟွမ်က မျက်ဖြူလေးစိုက်လျှက် ကြည့်ကာ တစ်ချက်ပြုံးလိုက်သည်။
" အချစ်.. "
" အင်း "
" ချစ်တယ် "
ရင်ဘက်ထဲ မျက်နှာလေးအပ်ထားတဲ့ သူက
ဟွမ့်က ရင်ခွင်ထဲမှ မော့ကြည့်ပြန်တော့
" ပြွတ် "
နှုတ်ခမ်းလေး ဆူထော်လျှက်ပင်
ထိုအခါ ဟွမ်က နှာခေါင်းလေးအား တို့ထိ၍
" မောင်က အချစ်ကို ကမ္ဘာတည်သ၍ ချစ်မှာ "
" အမယ်.."
" အချစ်က မယုံဘူးလား "
မျက်ဝန်းလေးလဲ့လာကာ .. သူ့အားရင်ခွင်ထဲမှ ရွန်းလဲ့တဲ့ မျက်ဝန်းများဖြင့် ကြည့်လာ၍
" ဟင့်အင်း "
"ကမ္ဘာ ပျက်သွားရင်ရော "
ယိုရှီက ဟွမ့်နှုတ်ခမ်းလေးတွေအား တို့ထိ ၍ မေးလာသည်။
အချစ်က မေးတတ်လိုက်တာ !
" ထတော့... မနက်စာပြင်ပေးမယ် "
" ဟုတ်ကဲ့ "
" ရေချိုး... ဟိုထဲမှာ မင်းအတွက် Bathrobe ရှိတယ် "
" အသစ်လား "
" အင်း အသစ်ပေါ့ "
အရင်ကတော့ မရှိခဲ့ဘူး ဆိုသည့်ပုံစံ ၊
ဟုတ်သည်လေ ။ အရင် က Bathrobe မရှိလို့ အမြဲအောက်ပိုင်းကို ယိုရှီမျက်နှာသုတ်တဲ့ သပတ်နဲ့ခါးကိုပတ်ခါ ရေချိုးခန်းထဲက ထွက်ထွက်လာသည်မလား ?
ဟွမ်က ရေချိုးချိုးထဲ မဝင်သေးပဲ Apronနဲ့ ယိူရှီ့အား ပြုံးစိစိကြည့်နေလျှင်
" ဘာကြည့်နေတာလဲ "
" ချစ်လို့ "
" လာပြန်ပီ... ဒါပဲပြောနေတာပဲ "
ထိုနောက် .. ဟွမ် က ယိုရှီ့အား ပါးပေါ်အနမ်းတစ်ပွင့်ချွေလိုက်ပီး. ပြနါဝင်သွားသည်။
ပြန်ထွက်လာတော့ စားပွဲပေါ် စားစရာတွေဟာအပြည့်ပင်
အကျီတောင်မလဲပဲ Bathrobe ပတ်ကာ ထမင်းစားပွဲသို့ဝင်ထိုင်သူက...ဟွမ်
" မွှေးနေတာပဲနော် "
" အင်း .. ဒါတွေ မင်း မစားတတ်ရင် ! "
" ဟင့်အင်း.. စားတတ်တယ် ၊ ဘာမှ မလုပ်နေနဲ့တော့ "
ဇွန်းလေးကိုကိုင်လျှက် .. ဟွမ်က Miso ဟင်စချိုလေးထဲ ထမင်းလုံးလေး ထည့်ကာ မွှေစားလေသည်။
ဟွမ်..စားနေပုံလေးကိုကြည့်၍ ယိုရှီပြုံးမိသည်။
အရင်ကဆိုဟွမ်က Landon မှာအနေများတယ်လို့ပဲပြောရမှာပဲ ၊ အိမ်တော်ထိန်း ယွန်းက မနက်စာကို နွားနို့ နဲ့ ပေါင်မုန့် အမြဲလုပ်ပေးရသည်ပေါ့
အဲ့တာကလွဲရင် သူမစားတတ်ပေ။ အစားချေးများတဲ့ ကောင်လေးက အခု ကိုယ်ဘာလုပ်ကျွေးကျွေး အထွန့်မတပ်ပဲ စားနေပြန်တော့ ဂရုဏာသပ်မိလေသည်။
စားနေတုန်းမှာပဲ အသံတိုးတိုးလေးတစ်ခုထွက်လာသည်။
" ဟွမ် "
" အင်း "
မော့မကြည့်ပဲ အားပါတရစားနေတဲ့ ဟွမ်က နှုတ်မှ " အင်း " တစ်လုံးသာ
" စားကောင်းရဲ့လား ဟွမ် "
" အင်း "
" ငါတို့ ဒီကနေ ထွက်ပြေးရအောင် ဟွမ် "
" အင်း " ဟမ် !
ဟွမ်က စားနေသည့် ဇွန်းကလေးအား လှုပ်ရှားမှုမရှိတော့ပဲ ရပ်တန့်သွားသည်။
ယိုရှီ့မျက်နှာလေးအားတည့်တည့်ကြည့်လျှက်
" အ.. အချစ် "
" အင်း...ငါပင်ပန်းနေပီ , ငါ့ခံစားချက် မျိုသိပ်ထားရတာ အတိုင်းအတာတစ်ခုကိုကျော်လွန်သွားပီ "
" ဆိုလိုတာက ? "
" ငါ မင်းကို လက်မလွှတ်ချင်တော့ဘူး , ငါ့ဆီမထင်မှတ်ပဲ ပြန်ရောက်လာတဲ့မင်းကို ငါ့ရဲ့နှလုံးသားလှောင်အိမ်ထဲမှာ အပီးအပိုင် သော့ခတ်ပီး သိမ်းထားလိုက်တော့မယ် "
ပြောမဲ့သာပြောနေရတာ ဤ စကားတွေပြောနေတဲ့ ယိုရှီကို လှမ်းကြည့်မိတော့ မျက်နှာတွေနားရွက်တွေရဲလို့ပင် ။
" ငါ...ငါလေ ဟို "
" အွင့် "
တစ်ဖက်မှည ထိုင်နေသည့် ယိုရှီ့အား ဟွမ်က အရှေ့ကိုအနဲ့ငယ် ငိုက်စိုက်လျှက် လက်ကလေးထောက်က နမ်းလိုက်လေသည်။
" အင်း.. မောင်တို့ ဒီကနေ အပြီးထွက်သွားကြမယ် "
မထင်မှတ်ထားတဲ့ အဖြေလေးကို ပြန်ကြားလိုက်တော့ မျက်နှာလေးဟာ ဝင်းလဲ့လာသည်။
လောကရဲ့ ကချေသည် တစ်ယောက်လို အမြဲတမ်း ကံဆိုးမှုတွေနဲ့ပဲ ကြုံကြိုက်နေရတဲ့ ယိုရှီက ဒီတစ်ခါတော့ ကံကောင်းချင်ရဲ့ ။
ချစ်တယ် ၊ ဒီတစ်ခါတော့ လွတ်မပေးချင်တော့တာအမှန် ၊ မျက်စိစုံမှိတ်ပီး ဟွမ့် လက်ကိုဆွဲကာ
ရောက်တက် ရာရာ ကို သွားချင်သည်။
ဒီတစ်ခါသာ ဟွမ့် ကို မဆွဲထားရင် သူတစ်သက်လုံး နောင်တတွေ ပွေ့ပိုက်ရင်း နေသွားရပေလိမ့်မည်။
ထိုစဉ် ,
" Daddy... Daddy ကား သံမလား "
" အင်း ထင်တာပဲ "
" ဘယ်လိုလုပ်ကြမလဲဟင် .. "
ယိုရှီက ရုပ်တရက် အသားတွေရောလက်တွေပါ
တုန်ရီနေလေသည်။
ဟွမ်ကိုရှီ့လက်ကလေး အားဆုတ်ကိုင်၍
" မင်း ပုန်းနေပါလား ခဏ .. အကျီသွားဝတ် သွား "
" အတူတူ ရင်ဆိုင်မယ်လေ ကွာ "
" ဟင့်အင်း... မရဘူး.. အခန်းထဲခဏဝင်နေပါ "
ဟွမ်က စိတ်ပျက်စွာနဲ့ အခန်းထဲသာ အကျီလဲရင်းဝင်းနေရသည်။
အတားအဆီးမဲ့စွာ ဝင်လာတဲ့ Daddy
" မင်းရဲ့ ညီရော .. တောက် "
" Daddy "
" ဟိုကောင် ထွက်ခဲ့စမ်း ... "
Daddy က ယိုရှီပြောတဲ့စကားအားဂရုမစိုက်ပဲ
ဟွမ့် ကိုသာအော်ခေါ်နေသည်။
" Daddy..."
အသံနက်ကြီးနှင့် အရှိုက်ထဲထိ ကုန်းအော်လိုက်သည့် ယိုရှီက မျက်ရည်တွေဝဲနေလေသည်။
" Daddy အတ္တ ၊ မာန်မာနတွေ အားလုံး ခဝါချလိုက်ပါတော့... တောင်းဆိုတာပါ ၊ တော်ပါတော့ ကျွန်တော် တို့အရမ်းပင်ပန်းနေပီ "
သခင်ကြီးက သူ့သားကိုကြည့်ပီး ဘာမှ ဆက်မပြောနိုင်အောင်ပင် ဖြစ်ရသည်။
" ငါဘယ်လိုမှ သဘောမတူနိုင်ဘူး , အဟုတ် ဘူး မဖြစ်ဘူး ၊ မင်းတို့ငါ့သားအရင်းတွေ ၊ ဒါဟာပြောင်းလဲမဲ့အရာမဟုတ်ဘူး "
ထိုစဉ်
" ဝုန်း "
တံခါးအကြမ်းပတမ်းဆွဲဖွင့်ကာ လက်သီးဆုတ်လျှက်ထွက်လာတဲ့ ဆိုသူက ဟွမ် ..
" ဟွမ် "
အရှေ့တိုးလာပီး Daddy နဲ့ ယိုရှီကြားသို့ ဝင်ကာ ယိုရှီအရှေ့မှာရပ်၍ လက်လေးဆွဲကာ သူနောက်သို့ပို့လိုက်လေသည်။
ဟုတ်တယ်.. မောင်အဆုံးထိ ကာကွယ်မှာ
ဘယ်ပုံဘယ်နည်းနဲ့မှ အဆုံးရှုံးမခံတော့ပါ။
" အမှန်တရားကို လက်ခံသင့်ရင်လက်ခံရမှာပဲ Daddy , လောကမှာ အရှိရှိတိုင်းကို ပြန်ပြင်လို့မရတဲ့အရာတွေတပုံကြီးပဲ "
" မင်းက လောကကြီးအကြောင်းဘယ်လောက်သိလို့လဲ "
" လာပြန်ပီ. .. ဓာတ်ပြားဟောင်းတွေ " ဆိုသည့် အပြုံးနဲ့ ပြုံးကာ နှုတ်ခမ်းတွန့်ချိုးမဲ့လိုက်လေသည်။
ဒယ့်ဒီ့ရဲ့ ဓာတ်ပြားဟောင်းတွေက ကျွန်တော့်အတွက်ဟာသကြီးလိုပဲ ၊ အဟက်
" မင်းတို့က်ု ငါညနေ အိမ်မှာမြင်ချင်တယ် "
" ဟုတ်ပီ.. Daddy ပြောချင်တာ ဒါပဲမလား "
" ပီးတော့.. Wato San အကြောင်း ပွင့်ပွင့်လင်းလင်းရှင်းပြချင်တယ် မင်းတို့ကို ၊ မင်းတို့လိုချင်တဲ့စကားတွေအကုန်ပြောပြမှာမို့ ပြန်လာ "
တကယ်တော့ သူ့သားးနှစ်ယောက်လုံးမရှိတာကြောင့် အိမ်ကြီးက ခြောက်ကပ်နေတဲ့အပြင် သူ့ရဲ့စိတ်တွေပါ ခြောက်ခြားအထီးကျန်မိစေသည်လို့ ထင်လိုက်သည်က ပိုမှန်ပေလိမ့်မည်။
" အင်း ပြန်လာခဲ့မယ်.. "
ဟွမ်က ပြောလိုက်လျှင် ယိုရှီက နောက်ကနေလက်မောင်းလေးကိုဆွဲရင်း ညိုးငယ်တဲ့မျက်နှာ လေးနဲ့ခေါင်းခါပြတော့ ဟွမ်က သူ့လက်မောင်းကိုကိုင်ထားတဲ့လက်ဖောင်းဖောင်းလေးအား အပေါ်ကထပ်၍ နွေးထွေးစွာ ပြန်လည်ဖမ်းဆုပ်လာလေသည်။
" ကောင်းပီ..ညနေ အိမ်မှာ Dinner စားရင်းဆုံမယ် "
" Hai "
Daddy ကားမောင်းထွက်သွား အသံကြားတာနဲ့တစ်ပြိုင်နက် ယိုရှီတစ်ယောက် ဟွမ်တောင်မထိန်းလိုက်နိုင်သည့်အခြေအနေမှာပင် ပျော့ခွေလဲ ကျကာ ကြမ်းပြင်ပေါ် ပုံ့ပုံ့လေးကျသွားလေသည်
ဟွမ်က ယိုရှီမျက်နှာနှစ်ဖက်အား ထိန်းကိုင်ကာ ထိုသို့ဆိုလာသည်။
" အချစ်...မောင့်ကိုကြည့် "
" ဟင့်အင်း...ပြန်မသွားချင်ဘူး ၊ ဘဝကိုအေးအေးချမ်းချမ်းပဲဖြတ်သန်းချင်တယ် "
" အချစ်...မောင့်ကိုယုံတယ်ဆို မောင်ဘယ်သွားသွားလိုက်မယ်ဆို "
" အဲ့တာလည်း Daddy အိမ်က လွဲလို့လေ .. အခုက မင်းအဲ့ဒီ့ကို ပြန်သွားမှာမလား "
ကျစ် !
ငတုံးလေး ...
ဟွမ့်ထက်သာ ယိုရှီက အသက်ကြီးနေတာ တကယ်ဆို ကလေးလေးလိုပဲ !
လက်ကေ့ထဲ အဝတ်တွေ ထည့်ကာ ယုန်လေးကိုပါ အပါခေါ်ဖို့ကြံနေတဲ့ ယိုရှီပင်
" ဟို..Sagi လေးကို ပါ.. ခေါ်မယ်နော် "
" အင်း .. သဘောလေ "
" ဟင်.. လေသံကလည်း "
" ဟောဗျာ...ဘာဖြစ်ရပြန်တာတုန်း "
" ခင်ဗျားလေ... Sagi Kun ရဲ့ လှောင်အိမ်လေး မ လာထဲက မျက်နှာက အချိုးမပြေဘူး "
ဟွမ်က ဟက်ဟက်ပတ်ပတ်ထရီကာ နှာခေါင်းလေးအားဆွဲညှစ်လိုက်လေသည်။
" အ... နာတယ်လေ ခင်ဗျားရဲ့ "
" ခင်ဗျားက ချစ်စရာကောင်းပြနေတာကို "
" နေစမ်းပါ.. "
" ဘာလဲ.. ရှက်သွားတာလား "
" ရှက်စရာလား.. တော်ပီ. မောင်းမှာဖြင့်မောင့်စကားမများနဲ့ "
" Oki မောင်းပီနော် "
အချိန်နဲနဲလင့်တော့ ယိုရှီက ကားပေါ်မှာမှေးစက်ကာလိုက်ပါလာသည်။
တစ်နေရာတွင်ရပ်ကာ
ဟွမ်က ဘေးကအကောင်ပေါက်လေးကိုကြည့်ပီး ပြုံးလိုက်၍ နှာတံလေးကို လက်ကလေးဖြင့်ဖွဖွလေးပွတ်ဆွဲရင်း ပါးပြင်မို့မို့အိအိလေးအား နှာခေါင်းနစ်ဝင်သည်အထိ နမ်းရှိုက်လိုက်လျှင်
" အင့် ဟင့် "
ခလေးလေးတွေလို လက်ကလေးဖြင့် အိပ်ချင်မူးတူး ရင်ဘက်လေးအား တွန်းထုတ်ကာ အပျင်းကြောဆန့်လိုက်လေသည်။
ထိုစဉ်
" ခင်ဗျား.. ဘာလုပ်တာ "
သူ့ပါးပြင်လေးအားကိုင်၍ မေးလာသူ ၊
ဟွမ့်နှာခေါင်းလေးက သူ့ပါးပြင်နားကလုံးဝမခွာပေ။ ဒါကိုသူသိသည်။ မသ်ချင်ယောင် ဆောင်၍
အရှေ့တည့်တည့်သို့သာ ကြည့်နေမိသည်။
သေချာသည်။ ဘေးကိုလှည့်လိုက်မိလျှင် နှုတ်ခမ်းချင်း မိတ်ဆက်သွားနိူင်သည်လေ။
" မင်း ဖယ်မလား ? ငါတွန်း ထုတ်ရမလား "
ထိုမှ သာ ဟွမ်က ပြုံးစိစိနဲ့ နောက်ဆုတ်သွားသည်။
" ဒါနဲ့.....အခုထိ အိမ်မရောက်သေးတာလား"
" အင်း.."
" မဖြစ်နိုင်တာ..မင်းကလည်း "
" ဟုတ်တယ်... မောင် ခင်ဗျားကို ခိုးလာတာ "
"ဟမ်"
" ခင်ဗျားပဲ ထွက်ပြေးရအောင်ဆို "
" ငါ..ငါက ဒီတိုင်း ! "
" ဟင့်အင်း.. နောက်ကျသွားပီ.. ကျွန်တော် Hiroshima ဘက်မှာ အိမ်ဝယ်ထားတယ် "
" မင်းက ဘယ်ကပိုက်ဆံရှိလို့ အိမ်ဝယ်လိုက်တာလဲ "
" ကျွန်တော့် ရေမွှေးဆိုင် အခွဲကို ..! "
" တော်တော့ ဟွမ်.. မင်းငါ့ကိုဘာမှလဲ မတိုင်ပင်ဘူး "
" တိုင်ပင်စရာလိုလို့လား ? "
" အော်...အင်း မလိုပါဘူး "
ဟွမ် စကားတွေလွန်သွားတာ သူ့ကိုသူသိသည်။
သူ့ဘဲပေါက်လေးက စိတ်ဆိုးသွားလေပြီ ၊ သူ့ဘက်တောင်မကြည့်တော့ပေ။
ကားပေါ်တွင် တစ်နာရီကြာသည်အထိ တိတ်ဆိတ်နေ၍ စတင်ကာ ဖြိုခွင်းလာသူက
" ရော့ "
ယိုရှီက သု့အကျီ အိပ်ကပ်လေးထဲရှိသည့်ကဒ်လေးအားထုတ်ပေးသည်။
" ဘာလဲအဲ့ဒါတာ .. "
" အိမ် အတွက် ငါလဲစိုက်မယ်လေ "
" အာ... မလိုပါဘူး.. ဒါတွေက မောင့်လုပ်သင့်တဲ့အရာတွေပဲကို "
" ဟင့်အင်း.. မင်းနဲ့အတူ အေးမြမှူတွေလဲ အတူတူခံစားရင်း အပူတွေကိုပါ အတူတူ မျှထမ်းပေးချင်တာဆိုရင်ရော "
" အချစ်... "
အချစ်က သူ့အားမျက်ရည်လေးတွေဝဲကာ ကြည့်လာသည်။
" ငါမင်းကိုအရမ်းချစ်တယ် မောင် "
" ဗျာ "
" ချစ်တယ်... ငါတို့အရာရာအတူတူ ရင်ဆိုင် ကျော် ဖြတ်ရအောင် "
ကားမောင်းနေရင်း လက်တစ်ဖက်က ယိုရှီ့လက်ကလေးကိုနွေးထွေးစွာဆုပ်က်ုင်လာလေသည်။
ဒါဟာငါတို့ရဲ့ ပျော်ရွှင်စရာ အဆုံးသတ်ဟုတ်ပါ့မလား ! ဟုတ်မှာပါလေ ။
Condo ရောက်တော့ ယိုရှီက လှည့်ပတ်ကြည့်ရင်း
ဟွမ့်အား ခါးကနေလက်ရှိုက ဖက်လိုက်လေသည်။
ထို့နောက့် ရင်ဘက်နားနီးနေတဲ့ မျက်နှာလေးဟာ အပေါ်သို့မော့၍
" မောင် "
" အင်း..အချစ် "
" ခင်ဗျားကို ကျုပ် အများကြီးသဘောကျတယ် "
" ဟမ်.. အစမရှိအဆုံးမရှိ "
" အဲ့လို ရှိမှ ပြောရမှာလား ? တော်ပီ "
ယိုရှီက ဟွမ်ခါးက ချိတ်တွယ်နေသည့် လက်တွေကိုဖြုတ်တော့ ပြန်ဆောင့်ဆွဲလိုက်သည်။
" ဒုတ် "
မျက်နှာနှင့် ရင်ဘက်ဟာ မိတ်ဆက်သွားလေသည်။
" အ.."
" ပြွတ် "
" အချစ်.. မင်းကိုပြောစရာရှိတယ် "
" အင်း "
မောင်က သူအားလည်ပင်းကို သိုင်းဖက်စေ၍ ခြေထောက်ဖြင့် သူ့ခါးအားချိတ်လျှက် ကုတင်ပေါ်ခေါ်သွားသည်။
နှုတ်ခမ်းလေးအား ငုံထွေးလိုက်ပီး
ကုတင်ပေါ်သို့ဖြေးညှင်းစွာချ၍ ယိုရှီ့အား သူ့ပေါင်ပေါ်မှာထိုင်စေသည်။
" အချစ် .."
" အင်း.. "
" စိတ်ခိုင်ခိုင်ထားနော်.. မောင်ပြောမဲ့စကားက်ု သေချာနားထောင်မှ ဖြစ်မှာ "
" အင်းးးးးးးး လို့ ပြောမှာသာပြော "
" Hana San ဆုံးသွားပြီ .. "
" ဟမ် "
ရင်ထဲသို့ ဒိန်းခနဲပင်
" ပီးတော့ နောက်တစ်ခု , Wato San က သူ့တူမကိုသတ်တဲ့ အမှုနဲ့ ထောင် ကျဖို့ များတယ် ၊ အခုတော့အချုပ်ထဲမှာ "
" ဒါဆို... Hana San အမှုက မောင်နဲ့ ကင်းပါတယ်နော် "
အသံတွေဟာတုန်ရီနေလျှက် ညိုးငယ်သောမျက်နှာလေးဖြင့်
ဘယ်လိုဖြစ်ကြတာလဲလို့တော့ ယိုရှီဟာ မမေးဖြစ်ခဲ့ ၊ မေးစရာမှမလိုတာ ၊ သူ့အတွက်အရေးကြီးဆုံးလူက အခုသူ့အနားမှာရှိနေပီပဲလေ
" Daddy က "
ဘာလို့ ရုတ်တရက် Daddy လဲ ?
" ဟို... Daddy မောင်တို့ကို သဘောမတူရတဲ့အကြောင်းအရင်းရှ်တယ် "
" မောင်သိတာလား "
" အင်း "
" အချစ် လန့်မသွားနဲ့နော် "
" .... "
" Daddy ငယ်စဉ် .. အချစ်အမေနဲ့လက်ထပ်ဖို့စီစဉ်ထားချိန်မှာ Wato San အဖေရဲ့ သူငယ်ချင်းဆီကာ Rape ခံရတယ်လို့ပြောတယိ ၊ အသက်အန္တရာယ် အထိ ခြိနါးခြောက်ခံခဲ့ရတာမို့ Daddy က Truama ကြီးလိုဖြစ်နေတာ "
" အခုထိ ဆိုပါတော့ "
ရုတ်တရက် ယိုရှီ့အသံက အေးစက်နေလေသည်။
" အချစ်... အချိန်က စကားပြောလာမှာပါ "
" မောင် , မင်း အဲ့လိုထင်လား ? ငါတော့မထင်ဘူး "
" မောင် တို့အချိန်တစ်ခုထိတော့ စောင့်ကြည့်လို့ရပါတယ် "
" ဒါနဲ့... မောင့် ဖေဖေ ယွန်းရော "
" ဖေဖေ အယူခံဝင်ဖို့လုပ်တာ ၊ တရားရုံးက
ပယ်ချလိုက်တယ်လေ ၊ အဲ့တာနဲ့ လေးနှစ် ကျသွားတယ်ဆိုပါတော့ "
မောင် အသံတွေ တုန်နေသည်။ မျက်ရည်စတွေ ပုတ်ခပ်လိုက်လေသည်။
မောင့် ရဲ့ ဦးခေါင်းလေးအားထိန်းကိုင်ရင်း ရင်ခွင်လေးထဲသို့ နှစ်ကာ ဖွဖွပုတ်လေး ပုတ်ရင်း နှစ်သိမ့်သည်။
" မောင် "
" ဗျ "
" ချစ်တယ်.. "
" မောင်လဲ ချစ်တယ် "
" ဒါဆို... "
အနှီမျက်နှာဘေးနဲ့ ဟွမ်က ယိုရှီ့အားကြည့်လာလေသည် ။ ရင်ခုန်သံတွေဟာ ချိန်ကိုက်ဗုံးထောင်ထားသည့်အလား ပေါက်ကွဲထွက်ကာ ပိုလို့ ပင် မြန်ဆန် လာလေသည်။
ယိုရှီအား ပေါက်ပေါ်နေ ဟွမ့်ရဲ့ အကျီ အပေါက်လေးကြား လက်ကလေးရှိုဝင်ကာ ပွင့်ချက်လေးအားဖိချေလိုက်သည်။
" အာ့ ဟာ့ ... အချစ်.."
" အင်း "
" အချစ်.. သိပ်ဆိုးနေသည်။ အာ့ "
" ဘာတုန်း.. ဘာမှလဲ မလုပ်ရသေးဘူး "
" မင်း ကွာ.. မောင် ရူးတော့မယ် "
" ရူးလေ.. "
" ဟင့်အင်း.. အချစ်နဲ့အတူတူ ရူးချင်တာ ၊ လာခဲ့ "
ယိုရှီ့ရဲ့မေ့စေ့လေးကို ကိုင်တာ ဟွမ်က ချက်ချင်း နှုတ်ခမ်းသားတစ်ခုလုံး ကို ငုံထွေးလိုက်လျှက်
ယိုရှီ့ ဦးခေါင်းလေးအား လန်မကျသွားကို ထိန်းကိုင်ထားလေသည်။
နမ်းနေရင်း ယိုရှီ့ဗိုက်သားတွေအားပွတ်ချေလျက်ပင် ၊
" မောင်.. "
ရီဝေနေသောမျက်ဝန်းဖြင့် ဟွမ့် အားကြည့်လာသည်။
" ပိုလိုချင်တယ် "
" အင်း.. မောင်က အချစ်အပိုင် "
ကုတင်ပေါ်သို့ ဖြေးညှင်းစွာ ချလိုက်ရင်း ဟွမ်က ယိုရှီ့လည်တိုင်တစ်လျှောက် တစ်ချက်ပွတ်ဆွဲပြန်တော့ အချစ်က တီးတိုးငြီးသည်။ ငြီးငြူသံလေးကြောင့်ပဲ ဟွမ့်ရင်ဘက်တစ်ခုလုံးကိုပိုလို့ပင် ဝုန်းဒိုင်း ကြဲသွားစေသည်။
ဗိုက်သားလေးတွေအား ချစ်စရာအနမ်းလေးဖြင့် ချွေလိုက်သေးသည်။
ဆန္ဒနဲ့ သဘောတူညီမှု ထပ်တူကျချိန် ဟွမ်က ဦးဆောင်၍ လက်ကလေးကို လွတ်ထွက် မသွားစေရန် မြဲမြန်စွာဆုပ်ကိုင်ထားမိသည်။
ယိုရှီတစ်ယောက် အံလေးကြိတ်ကာ မွေ့ရာစ ကိုဆွဲပြန်တော့ လိုရာခရီးပန်တိုင်သို့ရောက်ပီဖြစ်ကြောင်း Winkလေး လုပ်ပြကာ အသိပေးလာသည်။
ဟွမ်လည်း အချစ်နောက်ကနေ တူတူလိုက်လာလျှက် ခရီးရောက်ကာ ယိုရှီ့နှာဖူးလေးပေါ်သို့အနမ်းတစ်ပွင့်ချွေလိုက်လေသည်။
မောင်က ကိုယ်လုံးလေးအား မချီ မယ်လုပ်တော့
" မောင်.... "
" ဟင် "
" မနက်မှ... နော်နော် "
" ဟင့်အင်းး... မနက်မှ ဆို အချစ်ဖျားလိမ့်မယ် "
" မရဘူး..."
" ဟုတ်ပါပီ...ပြွတ် "
နေရောင်ခြည်ဖျာထွက်ကာ ထိုးဖောက်ဝင်ရောက်၍ ထိန်းလင်းနေလေသည်။
ဘေးနားကို စမ်းတော့ မောင် မရှိပေ ။
" ဘယ်သွားဝာာပါလိမ့် "
" ဟင်.. မောင် "
ရုတ်တရက် Kitchen ထဲမှာ အေပရွန် လေး ဝတ်ပီး ဆန်ပြုတ်ထပြုတ်နေသည့် သူချစ်ရတဲ့ မောင်ဆိုသူပင်
" နိုး ပီလား "
" အင်း... အချစ် ကိုယ်လေးနွေးနေတယ်နော် ၊ ဒါလေးစားပီး ဆေးသောက်ရမယ် "
" အင်း "
မောင်က အနောက်ကကြည့်ကြည့်အရှေ့ကကြည့်ကြည့် ဆွဲဆောင်မှု ရှိလိုက်လေခြင်း
မောင် !
ငါတို့ရဲ့ အဖြစ်အပျက်တွေကိုပြန်စဉ်းစားကြည့်ရင် သိပ်ကို ဒဏ္ဍာရီ ဆန်တဲ့ပုံပြင်တစ်ပုဒ်လိုပါပဲ
ဒါပေမဲ့ အချစ်နဲ့စစ်မှာ မတရားတာမရှိတဲ့အတွက်
ငါဘယ်တော့မှ ပန်းပေးမှာမဟုတ်ဘူး !
ငါ ပန်းတွေမုန်းရတဲ့အကြောင်း အရင်းက လည်း
အဲ့တာတွေကြောင့်ပါ ။
မောင် ! ခင်ဗျား ဆီက ပန်းရရင်တော့
ကျေကျေနပ်နပ်ကြီး လက်ခံမှာပါ။
သေချာပီလေ ၊ ခင်ဗျား ပန်းပေးတယ်ဆိုထဲက
ကျုပ်ကို အရှုံးပေးလိုက်တာနဲ့ တူတူပဲ ။
ငါ ဒီလိုပြောလိုက်လို့ အတ္တကြီးမှန်းလဲသိသလို မင်းအတွက်မတရားမှန်းလည်းသိပါတယ် ။
ဒါပေမဲ့.. မောင့်ကို ထာဝရချစ်တယ် ၊ ချည်နှောင်ထားလိုက်ပီမို့ .... မောင်က အချစ်ရဲ့အပိုင် !
" မောင် "
" ဗျာ "
ဘေးမှာ သူ့ကိုကျွေးရန်ဆန်ပြုတ်ကို ထော်စူကာမှုတ်နေသည့် နှုတ်ခမ်းလေးအား ယိုရှီ က ဖိကပ်နမ်းရှိုက်လိုက်လေသည်။
ဟွမ်ကလဲ ဆန်ပြုတ်ပန်းကန်လေး ဘေးနားချကာ ယိုရှီ့နှုတ်ခမ်းသားလေးတွေအား ပြန်လည်စုပ်ဆွဲငုံထွေးလိုက်လေသည်။
အနမ်းတွေဟာ ကြမ်းတမ်းလာတာကြောင့် အသက်ရှုကြပ်လာ၍ ဟွမ့်ရင်ဘက်လေးအား တစ်ဘုန်းဘုန်းထုရိုက်လေသည်။
" မောင် အွင့် ... "
ထိုအခါမှ လွှတ်ပေးလိုက်ကာ !
"မောင့် ဇ ကို သိရဲ့သားနဲ့ အချစ်ပဲ လာစပီးတော့ .. "
" အင်း.... မစတော့ဘူး . ကျွေးတော့ "
" အင်းပါ.....မောင်ခွံ့ကျွေးမယ်လေ "
" ကိုယ့်ဟာကို စားမယ် "
ဆန်ပြုတ်လေးကို သောက်နေသည့် ယိုရှီ မျက်နှာအား ဘေးတစ်ဇောင်းကြည့်ရင်း ဆံနွယ် မျှင်လေးတွေအား သပ်တင်ပေး၍ ရွှန်းလဲ့သောမျက်ဝန်းများဖြင့်ကြည့်ကာပြုံးနေမိသည်။
ကလေးပမာ အပြစ်ကင်းစင်သည့် မျက်နှာလေးကို မြတ်မြတ်နိုးနိုးနဲ့ အကြာကြီး ထိုင်ကြည့်နေမိသည်ပေါ့။
အမှောင်ထုကို ဖြတ်ကာ အလင်းရောင်ကို ရှာဖွေနေသည့် သည်နှစ်ယောက် ။
ချစ်ကြိုးဆက်နွယ်လို့ ရစ်ပတ်ချည်နှောင်ရင်း
ချစ်ခြင်းမေတ္တာနှောင်ဖွဲ့ကာ လက်တွဲ၍ လှလှပပ ခရီးဆက်ရပေဦးမည် ဖြစ်သည်။
_______________ THE END____________
Extra ရှိပါမယ်နော်...!
Coming soon 🔜 🌸
[ 18.10.2023 ]
Wednesday
" My Accident on your lip " ဆိုတဲ့
" DOYOSHI " Fanfic လေး Intro စထားပီဖြစ်လို့ အားပေးကြပါဦးရှင့် 🧡🧡🤭