ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိ...

By yyuzanawin

113K 12K 236

စစ်ဟွိုင်ရှီး သည် နောက်ဆုံးသောနေ့ရက်များတွင် ဖုတ်ကောင်များကို တိုက်ခိုက်ရန် ငြီးငွေ့နေသောကြောင့် သူဖတ်ရန် ဝတ္... More

Description
1🍷
2🍷
3🍷
4🍷
5🍷
6🍷
7🍷
8🍷
9🍷
10🍷
11🍷
12🍷
13🍷
14🍷
15🍷
16🍷
17🍷
18🍷
19🍷
20🍷
21🍷
22🍷
24🍷
25🍷
26🍷
27🍷
28🍷
Hello
29🍷
30🍷
31🍷
အဖြေမှန် 😍
32🍷
33🍷
34🍷
35🍷
36🍷
37🍷
38🍷
39🍷
40🍷
41🍷
42🍷
43🍷
44🍷
45🍷
46🍷
47
48
49..
50
51
52
53
54
55
56
57
58
59

23🍷

1.8K 218 3
By yyuzanawin


စားပွဲထိုးက အစားအသောက်ကို စားပွဲပေါ် ချလာလေသည်။

ထူးဆန်းသောအနံ့ရှိတဲ့ စိမ်းပြာရောင်ဘောလုံးများ၊ အမည်မသိတိရစ္ဆာန် များ၏ အနက်ရောင် အသားများ၊ ဟင်းချိုပေါ်မှာလည်း အမွေးအမှင်အရွက်များ ပေါ် နေကာ ဘာဟင်းမှန်းမသိရတဲ့အရာများ....

ကျိုးဝမ်ကျင်းက အလွန်အားရပါးရ နှုတ်ဆက်နေသည်။

"လာ..လာ..စားပါ..ဒါကအကြီးတန်းစားဖိုမှူးတွေရဲ့ သိပ္ပံနည်းကျ အာဟာရနဲ့ ပေါင်းစပ်ထားတဲ့ ရှေးကျတဲ့ ချက်ပြုတ်နည်းတွေကို အခြေခံထားတဲ့ဟာတွေပဲ.. အရသာက ယှဉ်လို့မရဘူး.."

စစ်ဟွိုင်ရှီး သည် ကမ္ဘာရဲ့အဆုံးသတ်ကို ရုပ်တရက် တွေ့ကြုံခံစားခဲ့ရသည်ဟု တွေးထင်ခဲ့သည်။ သူ ထိတ်လန့်သွားပေမယ့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတဲ့ ဒီဟင်းကို မြင်လိုက်တာနဲ့ ဒါဟာ လူသားတွေကို လှည့်စားပြီး စိတ်ပိုင်းဆိုင်ရာ ကမောက်ကမဖြစ်အောင် တိုက်ခိုက်တဲ့ သဘာဝလွန် သတ္တဝါတစ်မျိုးလို့ သူ တကယ် ခံစားခဲ့ရတယ်။

ဒါပေမယ့် မူလပိုင်ရှင်ရဲ့ မှတ်ဥာဏ်က ဒါဟာ ကြယ်တာရာ ငြိမ်းချမ်းရေးခေတ် က ဟင်းတစ်မျိုးဖြစ်ပြီး တကယ်ကို ဈေးကြီးတဲ့အတွက် သာမန်လူတွေ စားလို့ရတဲ့ အစားအစာမျိုးတော့ မဟုတ်ပါဘူး။

ဒါတွေပ အကြောင်းတစ်ခုခုကြောင့် ဈေးကြီးတယ်။

ရှေးခေတ် ဟင်းချက်နည်းတွေလည်း ပျောက်သွားတယ်။ ကြယ်တာရာခေတ်တွင် သိပ္ပံနှင့်နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လူသားများသည် လုံလောက်သော စွမ်းအင်နှင့် မျှတသောအာဟာရဖြစ်စေရန်အတွက် လူ့ခန္ဓာကိုယ်လိုအပ်သော အစားအစာအမျိုးမျိုးကို ရောစပ်ကာ လျင်မြန်တိကျသော အစာစားနည်းကိုကျင့်သုံးခဲ့ကြသည်။

Interstellar လူတွေဟာ ပါဝင်ပစ္စည်းများများရောစပ်လေလေ အာဟာရ မျှတလေလေပါပဲ.. ဒါဟာ ဈေးကွက်ရှိ ဓာတုအစားအစာများရဲ့ ထူးဆန်းသောအရသာကို ဖြစ်ပေါ်စေလာတာပဲ..

ဒီအဆင့်မြင့်စားသောက်ဆိုင်များတွင် ဟင်းပွဲတိုင်းသည် စားဖိုမှူးဆီက မူရင်းဖြစ်ပြီး မတူညီသောပါဝင်ပစ္စည်းများကို ရှေးနည်းများဖြင့် ချက်ပြုတ်ရန် စိတ်ကူးစိတ်သန်းဖြင့် ပေါင်းစပ်ကာ တီထွင်ဆန်းသစ်ထားသော စိတ်ကူးစိတ်သန်းရှိသူများလည်း မူပိုင်ခွင့်လျှောက်ထားနိုင်ပြီး အခြားစားဖိုမှူး များသည် ၎င်းတို့၏ဟင်းလျာများကို ချက်ပြုတ်ရောင်းချရန် လိုအပ်ပါသည်။

စစ်ဟွိုင်ရှီး သည် စားပွဲပေါ်ရှိ ဟင်းပွဲများကို ရန်သူကဲ့သို့ စိုက်ကြည့်ရင်း သူ့လက်ထဲတွင်ရှိသော တူချောင်းများ ကျိုးသွားအောင် ဆုပ်ခဲလိုက်သည် ။ တူချောင်းကွဲသွားရင် စားစရာ မလိုတော့လောက်ပါဘူး..

ရုတ်တရက်!

တူတစ်စုံက ထူးဆန်းသော အနံ့ရှိသော အစိမ်းရောင်ဘောလုံးကို  ကောက်ကိုင်လိုက်ပြီး စစ်ဟွိုင်ရှီးရဲ့ ပန်းကန်ထဲသို့ ထည့်လိုက်သည်။

ရုတ်တရက် စစ်ဟွိုင်ရှီးရဲ့ မျက်ခုံးတွေက အထက်သို့ပင့်သွားလေသည်။

တူချောင်းပိုင်ရှင်ကို မော့ကြည့်လိုက်တော့ ဖေးကျောက်ကျိုးက သူ့ကို ဘာမှမဖြစ်သလိုကြည့်နေကာ...

"ဒီမှာ..ဒီအရသာကကောင်းတယ်၊ စမ်းကြည့်ပါလား.. ပြီးတော့ တစ်ခါသုံး တူချောင်းတွေကို သုံးကြတယ်.. ဒါကြောင့် သန့်ရှင်းရေးအတွက် စိတ်မပူပါနဲ့.."

စစ်ဟွိုင်ရှီးရဲ့ မျက်လုံးများ တောက်ပလာကာ သေးငယ်သော အပြုံးတစ်ခုဖြင့် ပန်းကန်ထဲက ဘာမှန်းမသိသောအရာကို ငုံကြည့်ရင်း..တစ်ကိုက် ကိုက်ချလိုက်သည်။

ဖေးကောက ညစာစားပွဲမှာ တခြားသူတွေကို ဟင်းထည့်ပေးဖို့.. ကူညီပေးမယ့်သူနဲ့ မတူပါဘူး။ သူဒီလိုစားသောက်ဆိုင်ကို ပထမဆုံးအကြိမ်ရောက်လာတာကို ထောက်ထားစာနာမိတာကြောင့် အခုလိုလုပ်လိုက်တာဖြစ်ပြီး အသုံးမကျ မှာကိုကြောက်တာကြောင့် သူအတင်းစားလိုက်ရသည်။

အသားလုံးတွေရဲ့ အရသာက တကယ့်ကို ထူးဆန်းပါပေတယ်။ စားပြီးတာနဲ့  ပါဝင်ပစ္စည်းတွေ အများကြီးထည့်ထားတယ်ဆိုတာ သိလိုက်တယ်။ အရသာမျိုးစုံကို ခံစားရလို့  မျိုချလို့မရတော့ဘူး...

ဒါပေ့မယ့် ဖေးကောက သူ့အား ထည့်ပေးသောကြောင့် စစ်ဟွိုင်ရှီးသည် အသားလုံး တစ်ခုလုံးကို စိတ်ကောင်းရှိစွာဖြင့် မထင်မှတ်ဘဲ စားခဲ့လိုက်သည်။ နောက်ဆုံးသောကာလ၌ လူတို့သည် အစာကို မဖြုန်းတီးကြဘူးလေ..

ဖေးကျောက်ကျိုး သည် စစ်ဟွိုင်ရှီးစားလိုက်သည်ကို မြင်ပြီးနောက်.. သူ သည်လည်း..အနီးရှိ အမည်မသိသတ္တဝါရဲ့ အနက်ရောင် အသားများကို လှမ်းကိုင်လိုက်သည်။

စစ်ဟွိုင်ရှီး အံ့ဩလောက်အောင် အံ့ဩသွားပြီး သူကို တားချင်ပေမယ့် သူဘာပြန်ပြောရမှန်းကို မသိ။

ဖေးကျောက်ကျိုး သည် ထိုအမည်မသိသက်ရှိများကို တကယ်စားတော့မည်ကို မြင်လိုက်ရသဖြင့် စစ်ဟွိုင်ရှီးက သူ့အသံကို မထိန်းနိုင်တော့ပေ။

"ဖေးကော..."

"ဝေါ...."

ဖေးကျောက်ကျိုး သည် အနက်ရောင်အသားတစ်ပိုင်းကို ညှပ်လိုက်ပြီး သူ့ ပါးစပ်ထဲသို့ မထည့်မီတွင် သူ့ဗိုက်သည် ပျို့အန်လာကာ ပြန်မသက်သာတော့....

စစ်ဟွိုင်ရှီးလည်း အလွန်ထိတ်လန့်သွားသဖြင့် သူ့တူများ ပြုတ်ကျလုနီးပါး ဖြစ်ခဲ့ရသည်။

"ဖေးကော.. အဆင်ပြေရဲ့လား"

ဖေးကျောက်ကျိုး က စစ်ဟွိုင်ရှီး ပေးလာတဲ့ တစ်ရှူးကို ယူလိုက်ပြီး ပါးစပ်နဲ့ နှာခေါင်းကို အုပ်လိုက်ကာ သူ့မျက်နှာက မထင်မှတ်ပဲ ဖြူဖျော့သွားလာပြီး ခဏကြာတော့ သူက...

"ငါ သန့်စင်ခန်း..ခဏသွားလိုက်အုံးမယ်..."

ပျို့အန်ခြင်းက တစ်ဖန်စတင်ခဲ့ပြီး ဖေးကျောက်ကျိုး သည် ပျို့အန်ချင်သော်လည်း စစ်ဟွိုင်ရှီး ရှေ့မှာ မျက်နှာမပျက်ချင်ခဲ့တာကြောင့် အမြန်ပြေးသွားလေသည်။

ဖေးကျောက်ကျိုးက ရုတ်တရက် မတ်တပ်ထရပ်ကာ ပြေးထွက်သွားခဲ့တော့ စစ်ဟွိုင်ရှီးလည်း ဘာမှမတုံပြန်နိုင်ပဲ ကျန်ခဲ့လေသည်။


~အပိုင်း ၅၀ အထိကို ၁၁၀၀နဲ့ဝင်လို့ရပါတယ်
အပိုင်း ၁၀၀အထိကို ၃၀၀၀ နဲ့ဝင်လို့ရပါပြီနော်

Zawgyi



စားပြဲထိုးက အစားအေသာက္ကို စားပြဲေပၚ ခ်လာေလသည္။

ထူးဆန္းေသာအနံ႕ရွိတဲ့ စိမ္းျပာေရာင္ေဘာလုံးမ်ား၊ အမည္မသိတိရစ္ဆာန္ မ်ား၏ အနက္ေရာင္ အသားမ်ား၊ ဟင္းခ်ိဳေပၚမွာလည္း အေမြးအမွင္အ႐ြက္မ်ား ေပၚ ေနကာ ဘာဟင္းမွန္းမသိရတဲ့အရာမ်ား....

က်ိဳးဝမ္က်င္းက အလြန္အားရပါးရ ႏႈတ္ဆက္ေနသည္။

"လာ..လာ..စားပါ..ဒါကအႀကီးတန္းစားဖိုမႉးေတြရဲ႕ သိပၸံနည္းက် အာဟာရနဲ႕ ေပါင္းစပ္ထားတဲ့ ေရွးက်တဲ့ ခ်က္ျပဳတ္နည္းေတြကို အေျခခံထားတဲ့ဟာေတြပဲ.. အရသာက ယွဥ္လို႔မရဘူး.."

စစ္ဟြိုင္ရွီး သည္ ကမၻာရဲ႕အဆုံးသတ္ကို ႐ုပ္တရက္ ေတြ႕ႀကဳံခံစားခဲ့ရသည္ဟု ေတြးထင္ခဲ့သည္။ သူ ထိတ္လန႔္သြားေပမယ့္ စိတ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းေနတဲ့ ဒီဟင္းကို ျမင္လိုက္တာနဲ႕ ဒါဟာ လူသားေတြကို လွည့္စားၿပီး စိတ္ပိုင္းဆိုင္ရာ ကေမာက္ကမျဖစ္ေအာင္ တိုက္ခိုက္တဲ့ သဘာဝလြန္ သတၱဝါတစ္မ်ိဳးလို႔ သူ တကယ္ ခံစားခဲ့ရတယ္။

ဒါေပမယ့္ မူလပိုင္ရွင္ရဲ႕ မွတ္ဥာဏ္က ဒါဟာ ၾကယ္တာရာ ၿငိမ္းခ်မ္းေရးေခတ္ က ဟင္းတစ္မ်ိဳးျဖစ္ၿပီး တကယ္ကို ေဈးႀကီးတဲ့အတြက္ သာမန္လူေတြ စားလို႔ရတဲ့ အစားအစာမ်ိဳးေတာ့ မဟုတ္ပါဘူး။

ဒါေတြပ အေၾကာင္းတစ္ခုခုေၾကာင့္ ေဈးႀကီးတယ္။

ေရွးေခတ္ ဟင္းခ်က္နည္းေတြလည္း ေပ်ာက္သြားတယ္။ ၾကယ္တာရာေခတ္တြင္ သိပၸံႏွင့္နည္းပညာမ်ား ဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ လူသားမ်ားသည္ လုံေလာက္ေသာ စြမ္းအင္ႏွင့္ မွ်တေသာအာဟာရျဖစ္ေစရန္အတြက္ လူ႕ခႏၶာကိုယ္လိုအပ္ေသာ အစားအစာအမ်ိဳးမ်ိဳးကို ေရာစပ္ကာ လ်င္ျမန္တိက်ေသာ အစာစားနည္းကိုက်င့္သုံးခဲ့ၾကသည္။

Interstellar လူေတြဟာ ပါဝင္ပစၥည္းမ်ားမ်ားေရာစပ္ေလေလ အာဟာရ မွ်တေလေလပါပဲ.. ဒါဟာ ေဈးကြက္ရွိ ဓာတုအစားအစာမ်ားရဲ႕ ထူးဆန္းေသာအရသာကို ျဖစ္ေပၚေစလာတာပဲ..

ဒီအဆင့္ျမင့္စားေသာက္ဆိုင္မ်ားတြင္ ဟင္းပြဲတိုင္းသည္ စားဖိုမႉးဆီက မူရင္းျဖစ္ၿပီး မတူညီေသာပါဝင္ပစၥည္းမ်ားကို ေရွးနည္းမ်ားျဖင့္ ခ်က္ျပဳတ္ရန္ စိတ္ကူးစိတ္သန္းျဖင့္ ေပါင္းစပ္ကာ တီထြင္ဆန္းသစ္ထားေသာ စိတ္ကူးစိတ္သန္းရွိသူမ်ားလည္း မူပိုင္ခြင့္ေလွ်ာက္ထားနိုင္ၿပီး အျခားစားဖိုမႉး မ်ားသည္ ၎တို႔၏ဟင္းလ်ာမ်ားကို ခ်က္ျပဳတ္ေရာင္းခ်ရန္ လိုအပ္ပါသည္။

စစ္ဟြိုင္ရွီး သည္ စားပြဲေပၚရွိ ဟင္းပြဲမ်ားကို ရန္သူကဲ့သို႔ စိုက္ၾကည့္ရင္း သူ႕လက္ထဲတြင္ရွိေသာ တူေခ်ာင္းမ်ား က်ိဳးသြားေအာင္ ဆုပ္ခဲလိုက္သည္ ။ တူေခ်ာင္းကြဲသြားရင္ စားစရာ မလိုေတာ့ေလာက္ပါဘူး..

႐ုတ္တရက္!

တူတစ္စုံက ထူးဆန္းေသာ အနံ႕ရွိေသာ အစိမ္းေရာင္ေဘာလုံးကို  ေကာက္ကိုင္လိုက္ၿပီး စစ္ဟြိုင္ရွီးရဲ႕ ပန္းကန္ထဲသို႔ ထည့္လိုက္သည္။

႐ုတ္တရက္ စစ္ဟြိုင္ရွီးရဲ႕ မ်က္ခုံးေတြက အထက္သို႔ပင့္သြားေလသည္။

တူေခ်ာင္းပိုင္ရွင္ကို ေမာ့ၾကည့္လိုက္ေတာ့ ေဖးေက်ာက္က်ိဳးက သူ႕ကို ဘာမွမျဖစ္သလိုၾကည့္ေနကာ...

"ဒီမွာ..ဒီအရသာကေကာင္းတယ္၊ စမ္းၾကည့္ပါလား.. ၿပီးေတာ့ တစ္ခါသုံး တူေခ်ာင္းေတြကို သုံးၾကတယ္.. ဒါေၾကာင့္ သန႔္ရွင္းေရးအတြက္ စိတ္မပူပါနဲ႕.."

စစ္ဟြိုင္ရွီးရဲ႕ မ်က္လုံးမ်ား ေတာက္ပလာကာ ေသးငယ္ေသာ အၿပဳံးတစ္ခုျဖင့္ ပန္းကန္ထဲက ဘာမွန္းမသိေသာအရာကို ငုံၾကည့္ရင္း..တစ္ကိုက္ ကိုက္ခ်လိဳက္သည္။

ေဖးေကာက ညစာစားပြဲမွာ တျခားသူေတြကို ဟင္းထည့္ေပးဖို႔.. ကူညီေပးမယ့္သူနဲ႕ မတူပါဘူး။ သူဒီလိုစားေသာက္ဆိုင္ကို ပထမဆုံးအႀကိမ္ေရာက္လာတာကို ေထာက္ထားစာနာမိတာေၾကာင့္ အခုလိုလုပ္လိုက္တာျဖစ္ၿပီး အသုံးမက် မွာကိုေၾကာက္တာေၾကာင့္ သူအတင္းစားလိုက္ရသည္။

အသားလုံးေတြရဲ႕ အရသာက တကယ့္ကို ထူးဆန္းပါေပတယ္။ စားၿပီးတာနဲ႕  ပါဝင္ပစၥည္းေတြ အမ်ားႀကီးထည့္ထားတယ္ဆိုတာ သိလိုက္တယ္။ အရသာမ်ိဳးစုံကို ခံစားရလို႔  မ်ိဳခ်လိဳ႕မရေတာ့ဘူး...

ဒါေပ့မယ့္ ေဖးေကာက သူ႕အား ထည့္ေပးေသာေၾကာင့္ စစ္ဟြိုင္ရွီးသည္ အသားလုံး တစ္ခုလုံးကို စိတ္ေကာင္းရွိစြာျဖင့္ မထင္မွတ္ဘဲ စားခဲ့လိုက္သည္။ ေနာက္ဆုံးေသာကာလ၌ လူတို႔သည္ အစာကို မျဖဳန္းတီးၾကဘူးေလ..

ေဖးေက်ာက္က်ိဳး သည္ စစ္ဟြိုင္ရွီးစားလိုက္သည္ကို ျမင္ၿပီးေနာက္.. သူ သည္လည္း..အနီးရွိ အမည္မသိသတၱဝါရဲ႕ အနက္ေရာင္ အသားမ်ားကို လွမ္းကိုင္လိုက္သည္။

စစ္ဟြိုင္ရွီး အံ့ဩေလာက္ေအာင္ အံ့ဩသြားၿပီး သူကို တားခ်င္ေပမယ့္ သူဘာျပန္ေျပာရမွန္းကို မသိ။

ေဖးေက်ာက္က်ိဳး သည္ ထိုအမည္မသိသက္ရွိမ်ားကို တကယ္စားေတာ့မည္ကို ျမင္လိုက္ရသျဖင့္ စစ္ဟြိုင္ရွီးက သူ႕အသံကို မထိန္းနိုင္ေတာ့ေပ။

"ေဖးေကာ..."

"ေဝါ...."

ေဖးေက်ာက္က်ိဳး သည္ အနက္ေရာင္အသားတစ္ပိုင္းကို ညွပ္လိုက္ၿပီး သူ႕ ပါးစပ္ထဲသို႔ မထည့္မီတြင္ သူ႕ဗိုက္သည္ ပ်ိဳ႕အန္လာကာ ျပန္မသက္သာေတာ့....

စစ္ဟြိုင္ရွီးလည္း အလြန္ထိတ္လန႔္သြားသျဖင့္ သူ႕တူမ်ား ျပဳတ္က်လဳနီးပါး ျဖစ္ခဲ့ရသည္။

"ေဖးေကာ.. အဆင္ေျပရဲ႕လား"

ေဖးေက်ာက္က်ိဳး က စစ္ဟြိုင္ရွီး ေပးလာတဲ့ တစ္ရႉးကို ယူလိုက္ၿပီး ပါးစပ္နဲ႕ ႏွာေခါင္းကို အုပ္လိုက္ကာ သူ႕မ်က္ႏွာက မထင္မွတ္ပဲ ျဖဴေဖ်ာ့သြားလာၿပီး ခဏၾကာေတာ့ သူက...

"ငါ သန့္စင္ခန္း..ခဏသြားလိုက္အုံးမယ္..."

ပ်ိဳ႕အန္ျခင္းက တစ္ဖန္စတင္ခဲ့ၿပီး ေဖးေက်ာက္က်ိဳး သည္ ပ်ိဳ႕အန္ခ်င္ေသာ္လည္း စစ္ဟြိုင္ရွီး ေရွ႕မွာ မ်က္ႏွာမပ်က္ခ်င္ခဲ့တာေၾကာင့္ အျမန္ေျပးသြားေလသည္။

ေဖးေက်ာက္က်ိဳးက ႐ုတ္တရက္ မတ္တပ္ထရပ္ကာ ေျပးထြက္သြားခဲ့ေတာ့ စစ္ဟြိုင္ရွီးလည္း ဘာမွမတုံျပန္နိုင္ပဲ က်န္ခဲ့ေလသည္။


~အပိုင္း ၅၀ အထိကို ၁၁၀၀နဲ႕ဝင္လို႔ရပါတယ္
အပိုင္း ၁၀၀အထိကို ၃၀၀၀ နဲ႕ဝင္လို႔ရပါၿပီေနာ္

Continue Reading

You'll Also Like

3.2M 186K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
422K 23.6K 17
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
1.8M 114K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
1.7M 95K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...