The Challenge of Love (OC)

By Eaint_Shin_Sitt

360K 14.2K 722

ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှ... More

Introduction
Part (1) Uni/Zawgyi
Part (2) Uni/Zawgyi
Part (3) Uni/Zawgyi
Part (4) Uni/Zawgyi
Part (5) Uni/Zawgyi
Character Introduction
Part (6) Uni/Zawgyi
Part (7) Uni/Zawgyi
Part (8) Uni/Zawgyi
Part (9) Uni/Zawgyi
Part (10) Uni/Zawgyi
Part (12) Uni/Zawgyi
Part (13) Uni/Zawgyi
Part (14) Uni/Zawgyi
Part (15)Uni/Zawgyi
Part (16) Uni/Zawgyi
Part (17) Uni/Zawgyi
Part (18) Uni/Zawgyi
Part (19) Uni/Zawgyi
Part (20) Uni/Zawgyi
Part (21) Uni/Zawgyi
Part (22) Uni/Zawgyi
Part (23) Uni/Zawgyi
Part (24) Uni/Zawgyi
Part (25) Uni/Zawgyi
Part (26) Uni/Zawgyi
Part (27) Uni/Zawgyi
Part (28) Uni/Zawgyi
Part (29) Uni/Zawgyi
Part (30) Uni/Zawgyi
Part (31) Uni/Zawgyi
Part (32) Uni/Zawgyi
Part (33) Uni/Zawgyi
Part (34) Uni/Zawgyi
Part (35) Uni/Zawgyi
Part (36) Uni/Zawgyi
Part (37) Uni/Zawgyi
Part (38) Uni/Zawgyi
Part (39) Uni/Zawgyi
Part (40) Uni/Zawgyi

Part (11) Uni/Zawgyi

7K 314 14
By Eaint_Shin_Sitt

The Challenge of Love

Part (11)

"အမလေး...ကျွတ်...ကျွတ်...ကျွတ်!"

တွယ်တာတစ်ယောက် ခရမ်းနုရောင်ဝမ်းဆက်ကလေးနှင့် ဂျင်းလွယ်အိတ်ကိုပုခုံးမှာလွယ်လျှက် အိမ်အပေါ်ထပ်လှေကားမှကျောင်းသွားရန်ဆင်းလာရင်း ခြေလှမ်းများတုန့်နှေးစွာငြီးငြူလိုက်သည်။

ကိုရန်ကြီးပြောတာအလကားမဟုတ်၊ တကယ်ကိုအီစိမ့်နေအောင်နာသည်။ Gym ကစားရတာတကယ်ပင်ပန်းတာပဲ။ ၂ရက်မြောက်နေ့ဖြစ်ကာအလူးအလဲကိုယ်လက်တွေကိုက်ခဲ၏။

"ဟဲ့ မိတွယ်တာ ညည်းကြည့်ရတာလည်းအသက်၈၀အဘွားကြီးကျနေတာပဲဟယ် မျက်နှာကလည်းရှုံ့မဲ့လို့"

"မာမားကလည်း ကိုယ်တိုင်Gymသွားကစားကြည့်ပါလား မာမားသာဆိုရင်အိပ်ယာထဲကတောင်ထနိုင်မှာမဟုတ်ဘူး"

"ညည်းကိုဘယ်သူကဆော့ခိုင်းလို့လဲညည်းဟာညည်းသွားဆော့တာလေ ခံပေါ့"

မာမားကတော့ တွယ်တာဘာလုပ်လုပ်ဝေဖန်ဖို့အသင့်ပေ။ ဧည့်ခန်းမှာအမြဲထိုင်နေပြီးတွယ်တာကိုမြင်ရင်တစ်ခုမဟုတ်တစ်ခုအပြစ်ရှာပြောလေ့ရှိသည်။

တွယ်တာလည်း မာမားနဲ့ပြိုင်ပြီးငြင်းချင်စိတ်မရှိတာမို့ကိုယ့်ဟာကိုယ်ပဲ ကျောင်းသွားဖို့ထွက်လာလိုက်တော့သည်။

ကျောင်းမသွားခင် ပန်းနုနဲ့လဝန်းကိုအရင်ကားနဲ့ပတ်ခေါ်ပြီးမှတက္ကသိုလ်ကျောင်းသို့မောင်းသည်။ ၃ယောက်သွားအတူလာမတူမို့ဘယ်သူခွဲခွဲဒို့မခွဲဆိုတာ တွယ်တာ၊ပန်းနုနှင့်လဝန်းသာဖြစ်လိမ့်မည်။

"ဟဲ့ ဟိုမယ်"

ပန်းနုကကားပေါ်ကဆင်းဆင်းချင်းတွယ်တာ့ကိုလက်တို့သည်။ တွယ်တာကပန်းနုလက်တို့ပြီးမျက်လုံးဝေ့ပြရာကိုတစ်ချက်ကြည့်လိုက်တော့ ကားပါကင်အရှေ့ဘက်ကသစ်ပင်အောက်မှာရပ်နေသောကောင်လေး၃ယောက်ကိုတွေ့သည်။

"ဟင်း...စိတ်ညစ်ပါတယ် "

တွယ်တာက သက်ပြင်းတစ်ချက်ချလိုက်ရင်း ကားတံခါးကိုပိတ်ကာ ပန်းနုနဲ့လဝန်းတို့နဲ့အတူကိုယ်သွားမယ့်လမ်းသို့သာလျှောက်သည်။

"သူက နေ့တိုင်းစောင့်နေတော့မှာလားမသိဘူးတစ်ပတ်ရှိပြီနော်"

လဝန်းက တွယ်တာ့အနားတိုးတိုးကပ်ပြောသည်။

"မသိပါဘူး သူ့ဟာသူစောင့်လည်းငါကစိတ်မဝင်စားဘူး"

"ဒါပေမဲ့ သူကနေ့တိုင်းအဆင့်တက်တက်လာတယ်နော်မနေ့ကဆိုငါတို့ ဝိုင်းကိုတောင်ခပ်တည်တည်နဲ့ဝင်ထိုင်တာ"

"အေး အတန်းလည်းလိုက်တက်တာနော် သူ့ကိုယ်သူစီနီယာဆိုပြီးစောင့်ကြွားကြွားနဲ့"

လဝန်းနဲ့ပန်းနုကအရင်နေ့တွေကကြုံတွေ့ခဲ့ရတာတွေကိုပြန်ပြောရင်းဝေဖန်ကြသည်။

"ဟဲ့ နောက်ခါနင့်ကိုကိုယ်ထိလက်ရောက်လာထိရင်ဘယ်နှယ့်လုပ်မလဲ"

"ဟဲ့... ထိကြည့်ပါလား ကိုရန်ကြီးနဲ့တိုင်မှာပေါ့"

"အားကိုးရှိတော့လည်းပြောအားရှိတာပေါ့"

"တွယ်တာ! "

ပြောရင်းဆိုရင်း နောက်ကနေ ခေါ်သံကြားလိုက်ရတော့သည်။

ဆံပင်ကကိုရီးယားမင်းသားတွေလိုရှေ့ချထားပြီး ရှပ်နဲ့ဘောင်းဘီရှည်ဝတ်ထားတဲ့ အောင်ကောင်းဆက်ဟူသည် ရုပ်ရည်အသင့်အတင့်ရှိ၍ Play Boy အဖြစ်နာမည်ကြီးပေမဲ့ သူလိုက်သမျှကောင်မလေးတိုင်းပြန်ကြိုက်ပါတယ်ဟုမာန်တက်နေသော တွယ်တာတို့ထက်၂တန်းပိုကြီးသည့်စီနီယာတစ်ယောက်ဖြစ်သည်။

အရင်နှစ်က Queen ကိုတောင်ရအောင်လိုက်နိုင်တာတဲ့။ အခုတော့ Queen Selection ထဲပါပေမဲ့ Queen တော့မရခဲ့တဲ့ တွယ်တာ့ကိုချည်းကပ်နေတာ ၁ လကျော်ပြီဖြစ်ကာ ဒီလိုမျိုးရဲရဲတင်းတင်းနဲ့လိုက်ကပ်နေတာတော့၁ပတ်ကျော်ပြီဖြစ်သည်။

"ဒီနေ့ ကိုယ်လိုက်မလာသေးလို့ခြေလှမ်းတွေဖြေးဖြေးလေးလျှောက်နေတာလား "

အောင်ကောင်းဆက်သည် ​ရုပ်ချောသလိုမျက်နှာလည်းချိုသည်။ ဒီလိုရုပ်နဲ့ပဲကောင်မလေးတွေကိုလိုက် Play နေတာတဲ့လေ။

တွယ်တာက ညာဘက်ဘေးဆုံးမှာဖြစ်သောကြောင့် အောင်ကောင်းဆက်ကတွယ်တာ့ဘေးကနေယှဥ်ပြီးလမ်းလျှောက်ရင်းမေးသည်။

Gymကစားထားတာကြောင့် ခြေထောက်တွေနာနေသဖြင့်ခြေလှမ်းတွေနှေးနေတာဖြစ်သည်။ ဒါကိုတလွှဲထင်ရဲတဲ့အောင်ကောင်းဆက်အား စိတ်ထဲကနေစိတ်ပျက်မိသည်။

"မဟုတ်ပါဘူး ဒီနေ့ခြေထောက်နည်းနည်းနာနေလို့ပါ"

တွယ်တာက အေးဆေးပဲအလိုက်သင့်ပြန်ဖြေ၏။

"ဟုတ်လား ကိုယ်တွဲခေါ်ပေးရမလား တွယ်တာ့အတွက်ဆို လက်တစ်ဖက်Free နော် "

"တော်ပါပြီ မလိုပါဘူး "

တွယ်တာက သူ့ဆီလက်ပေးဖို့ကမ်းနေတဲ့အောင်ကောင်းဆက်အား ခပ်ပြတ်ပြတ်ငြင်းလိုက်တော့ အောင်ကောင်းဆက်ကနည်းနည်းတော့မျက်နှာပျက်သွားသည်။

"တွယ်တာက ကိုယ့်ကိုသူစိမ်းလို့မြင်နေတုန်းလား "

"စီနီယာနဲ့ဂျူနီယာပေါ့ ကိုအောင်ကောင်းဆက်ရဲ့"

"ဒါပေမဲ့ ကိုယ်မင်းနဲ့သိနေတာ၁လ ကျော်နေပြီလေကွာ"

"ဒါပေမဲ့ တွယ်တာတို့ကလက်တွဲရလောက်အောင်ထိမှမရင်းနှီးတာ ဒီနေ့ Tutorial ဖြေရမှာမို့ သွားတော့မယ်နော် "

တွယ်တာထပ်ပြီးစကားမပြောချင်တော့တာနဲ့ လဝန်းရဲ့လက်ကိုတွဲကာခပ်မြန်မြန်ပဲထွက်လာခဲ့လိုက်သည်။

ထိုနေရာမှာကျန်နေခဲ့တဲ့အောင်ကောင်းဆက်ကတော့ရှေ့မှာရှိနေသောခဲလုံးကိုခြေထောက်ဖြင့်ခပ်စောင့်စောင့်ကန်ပစ်လိုက်၏။ သူ၏သူငယ်ချင်း၂ယောက်ကလည်းအဝေးမှာစောင့်နေရာမှ အောင်ကောင်းဆက်ရှိရာသို့ရောက်လာကြသည်။

"ဘယ်လိုလဲ ဟျောင့် မင်းပြောတော့ဒီနေ့တော့လက်ကိုရအောင်ကိုင်မယ်ဆို"

"ဒီကောင်မက ဘာလို့ငါ့ကိုဇွတ်ချေနေမှန်းမသိတာကွ မာနတစ်ခွဲသားနဲ့ သူ့ကိုယ်သူဘာမှတ်နေလဲမသိဘူး"

အောင်ကောင်းဆက် တစ်လလုံးသူ့အပေါ်ခပ်တန်းတန်းပဲဆက်ဆံခဲ့သည့်တွယ်တာ့အားကျေနပ်ပုံမပေါ်။

"ဘယ်သူ့လိုက်လိုက်ဒီလောက်မကြာဖူးဘူး ဒီကောင်မရောက်မှကွာ... ငါ့သိက္ခာကျတာ"

"မင်းကလည်းကွာ သူကမင်းကိုမကြိုက်လို့နေမှာပေါ့ တခြားတစ်ယောက်ပြောင်းလိုက်ကွာ"

"ဟ...ငါ့ကိုဘယ်မိန်းမကငြင်းဖူးလို့လဲကွ တွယ်တာရတနာကိုလည်းဒီနေ့သူ့လက်ကိုရအောင်ကိုင်ကိုကိုင်မယ်ကွာ!"

*
*
*

"ဗိုက်ဆာရင်သွားနှင့်လေ ကန်တင်းကစောင့် "

Tutorial ဖြေပြီးအရင်ပြီးသွားသော ပန်းနုကိုတွယ်တာကသူမအားမစောင့်ဘဲသွားနှင့်ရန်ပြောသည်။

"အပြင်မှာစောင့်နေတဲ့လဝန်းနဲ့ညှိလိုက်ဦးမယ်"

"ညှိမနေနဲ့သူဗိုက်ဆာနေလောက်ပြီ သွားနှင့်ကြတော့"

"အိုခေ "

တွယ်တာက လဝန်းနှင့်ပန်းနုအား ကန်တင်းသို့အရင်လွှတ်လိုက်ပါသည်။ လဝန်ကမနက်ကတည်းကဘာမှမစားရသေးတာကို အနောက်ကဟိုကောင်လိုက်လာတာနဲ့မနက်ပိုင်းအချိန်ဝင်တက်လိုက်တာမို့အခုဆိုတော်တော်ဆာနေလောက်ပြီဆိုတာသိတာမို့အရင်သွားစားခိုင်းလိုက်တော့သည်။ တွယ်တာTutorial ပြီးရင်လည်း Toliet ခဏဝင်ချင်သေးတာမို့ ကြာနေမှာဖြစ်သည်။

မနေ့ညကGymက ပြန်လာပြီးပင်ပန်းတာနဲ့အိပ်ပျော်သွားတာ စာမကြည့်ခဲ့ရတာမို့စာကသိပ်မရ။ ဒီတော့ကြာနေပြီဖြစ်သည်။

အတန်းထဲမှာ ဖြေနေတုန်းကျန်ရစ်တဲ့လူကတွယ်တာအပါအဝင်၃ယောက်ပဲကျန်တော့သည်။ တော်သေးတာပေါ့နောက်ဆုံးမှတော့မပြီးဘဲ၃ ယောက်စလုံး​ရှေ့ဆင့်နောက်ဆင့်ပြီးသွားကြလို့။ ဆရာမကလည်း၃ယောက်တည်းနဲ့အချိန်အကြာကြီးစောင့်ရတော့မျက်နှာကသိပ်မကြည့်ချင်။

တွယ်တာလည်း ပြီးတာနဲ့ဂျင်းအိတ်ကလေးကိူလက်ကနေကိုင်ပြီး Toliet ထဲသို့ခပ်မြန်မြန်ဝင်သွားလိုက်သည်။ Toliet က သူမတို့စာသင်ခန်းနဲ့ကပ်ရပ်မို့တော်သေးတာပေါ့။ မဟုတ်ရင်တွယ်တာ့မှာရှူးပေါက်ချင်နေတုန်းပြေးရပေဦးမည်။

တွယ်တာလည်းတစ်ချိန်လုံးအောင့်ထားခဲ့ရသောမပေါ့မပါးတွေကိုလျှော့ချပြီးနောက်လူကလန်းသွားကာလက်ဆေး၍ဂျင်းအိတ်ကလေးပုခုံးမှာလွယ်ကာ ၂လက်မဒေါက်ဖိနပ်ဖြင့်တဂွက်ဂွက်မြည်စွာToliet ကနေထွက်လာသည်။

"အမလေး !"

ရုတ်တရက် တွယ်တာ့လက်ကိုလှမ်းဆွဲလိုက်တဲ့လူကြောင့်တွယ်တာ့မှာလန့်ဖြန့်ပြီး စောနက တွယ်တာတို့Tutorial ဖြေခဲ့သောအခန်းထဲသို့ပါသွားရသည်။

နေ့လည်နားချိန်ဖြစ်သဖြင့် စောနကမှTutorial ကလည်းပြီးထားသော လူကမရှိ။ အခုဒီစာသင်ခန်းထဲမှာ တွယ်တာနဲ့အောင်ကောင်းဆက်သာရှိသည်။

"ကိုအောင်ကောင်းဆက် ဒါဘာလုပ်တာလဲ!"

တွယ်တာ့လက်ကိုဆွဲကိုင်ထားသောအောင်ကောင်းဆက်မျက်နှာကိုခပ်တင်းတင်းကြည့်ပြီး လက်ကိုဆောင့်ပြီးဖြုတ်ချပစ်ပေမဲ့ အောင်ကောင်းဆက်ကလွှတ်မပေး။

"မနက်က တွယ်တာကဘေးမှာသူငယ်ချင်းတွေရှိလို့ရှက်နေတာမဟုတ်လား အခုကကိုယ်နဲ့မင်းပဲရှိတာလေ လက်ကလေးကိုင်တာဘာဖြစ်လို့လဲ"

သူက မထီတရီမျက်နှာနဲ့တွယ်တာ့လက်ကိုမလွှတ်ပေးဘဲ နောက်တစ်ဖက်ကိုတောင်အသားယူပြီး၂ဖက်လုံးကိုင်ထားသေးသည်။

"လွှတ်...တွယ်တာမကြိုက်ဘူး အော်လိုက်မှာနော် လွှတ် "

တွယ်တာ လက်ကိုသူ့ဆီကနေအတင်းရုန်းလွှတ်နေသည်။

"တွယ်တာကလည်း ခဏလေးပါကိုယ်မင်းကိုပြောစရာရှိလို့"

"တွယ်တာ့လက်ကိုအရင်လွှတ်ပါ ဒီတိုင်းပြောလို့ရတယ်"

"တွယ်တာကထွက်သွားမှာပေါ့ "

"တွယ်တာနားထောင်ပေးမယ် လက်ကိုအရင်လွှတ်ပေး"

တွယ်တာသူ့ကိုမျက်မှောင်ကုပ်လျှက်မော့ကြည့်ပြီးပြောလိုက်တော့အောင်ကောင်းဆက်ကပြုံးပြုံးနဲ့ပဲတွယ်တာ့လက်ကိုအသာလေးလွှတ်ပေးလိုက်သည်။

တွယ်တာသူလက်လွှတ်ပေးတာနဲ့ ချက်ချင်းလှည့်ထွက်သွားဖို့လုပ်တော့သူကတွယ်တာ့လက်တစ်ဖက်ကိုချက်ချင်းပြန်လှမ်းဆွဲသည်။

"ဟေ့..ဟေ့...ကောင်မလေး ဒါမျိုးတွေကရိုးနေပြီမရတော့ဘူး"

တွယ်တာက သူ့လက်ကိုပြန်ဆွဲတာနဲ့ညာဘက်လက်ကလေပေါ်ဝဲပျံကာသူ့ကိုရိုက်ဖို့ရွယ်လိုက်တဲ့အခါပိုလျင်တဲ့သူကရှောင်လိုက်သည်။

သူ့မျက်နှာကလည်းချက်ချင်းတင်းမာသွားပြီး

"သြော...မင်းလေးကရိုက်ချင်တာပေါ့ "

ရုတ်တရက်တွယ်တာ့ကိုစောင့်ဆွဲလိုက်တော့သူ့ရင်ဘက်နဲ့ဝင်တိုက်သွားရသည်။

"ငါကမင်းရိုက်ဖို့တန်လို့လားငါမင်းကိုဘာလုပ်ရသေးလို့လဲတွယ်တာရတနာ!"

"ခုချက်ချင်းလွှတ်နော်...ကိုအောင်ကောင်းဆက် ရှင်လွန်မလာနဲ့!"

"မလွှတ်တော့ဘာလုပ်ချင်လဲ "

ပြောရင်းသူ့လက်တွေကတွယ်တာ့နောက်သို့ရောက်လာကာ တွယ်တာ့ရဲ့တင်ပါးတစ်ခုလုံးပူနွေးသွားရတာမို့တွယ်တာတစ်ကိုယ်လုံးတောင့်တင်းသွားသည်။

အောင်ကောင်းဆက်ရဲ့ ရွံရှာဖွယ်ရာအပြုအမူကြောင့်တွယ်တာမျက်ရည်တွေပါချက်ချင်းဝေ့လာပြီးအောက်နှုတ်ခမ်းလေးကိုဖိကိုက်လိုက်သည်။

သူကတော့တွယ်တာ့ကိုဘာတတ်နိုင်သေးလဲဆိုတဲ့အကြည့်နဲ့လာကြည့်နေလေရာ တွယ်တာလက်သီးကလေးများတင်းတင်းဆုပ်ပြီးသူ့ကိုစောင့်တွန်းလိုက်သည်။

သူကအလိုက်သင့်တော့ပြန်လွှတ်ပေး၏။ ပြီးတော့တွယ်တာ့ကိုနှုတ်ခမ်းတစ်ဖက်ရွဲ့ပြီးရယ်ပြရင်းပုခုံး၂ဖက်ကိုတွန့်ပြသည်။

Cctv ကလည်းရှိမနေ။ ဘယ်သူမှမမြင်လို့ဘယ်သူ့ကိုမှတိုင်စရာသက်သေလည်းမရှိ။သူကအဲ့တာကိုအခွင့်ကောင်းယူပြီးအေးဆေးပဲဆိုတဲ့ပုံစံနဲ့ရွံစရာကောင်းအောင်ပြုံးပြနေလေရာတွယ်တာရင်ထဲမှာလည်းလှိုက်နေအောင်ဒေါသထွက်နေကာဘာမှပြန်မလုပ်နိုင်တာမို့သူလွှတ်ပေးတုန်း ဒီအခန်းထဲကနေမြန်မြန်ထွက်သွားဖို့သာလှည့်ထွက်လိုက်သည်။

ဒါပေမဲ့...တွယ်တာ့ရဲ့မဟုတ်မခံတဲ့စိတ်နဲ့ဒေါသက မနေတာမို့နောက်သို့ပြန်လှည့်ကာသူမရဲ့ဂျင်းလွယ်အိတ်ကိုရမ်းပြီးအဲ့ဒီကောင်ရဲ့ဂွကြားသို့အားကုန်ရိုက်ချပစ်လိုက်သည်။

"အား...ခွေးမ...နင်နာချင်နေတာလား"

အောင်ကောင်းဆက်အော်ဆဲလိုက်ပေမဲ့ ဂွကြားကအဓိကနေရာကိုလွယ်အိတ်ထဲကစာအုပ်Weightတွေနဲ့ရိုက်ခံထားတာမို့ချက်ချင်းလိုက်မလာနိုင်။

တွယ်တာ ရှက်လည်းရှက်ပြီး တစ်ကိုယ်လုံးလည်းတုန်ရီနေအောင်ဒေါသထွက်နေတာမို့ ကန်တင်းမှာလည်းမထိုင်နိုင်။ သူမကားရှိတဲ့ပါကင်သို့သာအမြန်ပြေးသွားလိုက်ပြီးကားထဲမှာဝင်ထိုင်နေသည်။

အဲ့ဒီကောင်လက်နဲ့အကိုင်ခံလိုက်ရတဲ့ကိုယ့်ခန္ဓာကိုယ်အစိတ်အပိုင်းအတွက်လည်းရုတ်တရက်ယုံကြည်မှုပျောက်ရသည်။

တစ်သက်နဲ့တစ်ကိုယ်အခုမှဘယ်သူမှမထိမကိုင်မခံခဲ့ဖူးသောအပျိုကလေးတစ်ယောက်ရဲ့တင်ပါးဖြစ်စေကာမူ ရင်ထဲမှာလှိုက်တက်နေအောင်ဝမ်းနည်းပြီးပြောမပြတတ်အောင်ရှက်လာကာ ငိုချင်စိတ်ကိုလုံးဝမထိန်းနိုင်တော့ဘဲကားထဲမှာငိုချလိုက်မိသည်။

အိတ်ထဲကဖုန်းမြည်သံကြောင့်ထုတ်ကြည့်လိုက်တော့လဝန်းဆီကဖြစ်သည်။

"ဟယ်လို...အင့်..ဟင့်....."

"........."

"ငါ..ကားပေါ်မှာ..ဟင့်...အင့်...နင်တို့ပဲလာခဲ့တော့"

တွယ်တာဖုန်းချလိုက်ပြီး ကား Steering ပေါ်မှာမှောက်ငိုနေသည်။

မိနစ်ပိုင်းမျှကြာတော့ကားထဲသို့အလျှင်အမြန်ဝင်လာကြသောပန်းနုနဲ့လဝန်းကတွယ်တာငိုနေတာမို့စိတ်ပူသွားကြသည်။

"ဟဲ့....ဘာလို့ငိုနေတာလဲ...ဘာဖြစ်တာလဲ"

"ဟဲ့...ဘာဖြစ်တာလဲလို့ Tuto မဖြေနိုင်လို့လား"

"ဆရာမက ဆူတာလား "

"ဘာဖြစ်တာလဲဟဲ့ တစ်ခုခုမြန်မြန်ပြောစမ်းပါ"

"ဟင့်..အဟင့်..အိမ်...အိမ်ပြန်ချင်တယ်...နင်တို့ညနေအတန်းဆက်တက်ချင်ရင်နေခဲ့ ငါပြန်တော့မယ်"

"ဟဲ့...နင် ဒီပုံစံနဲ့ကားမောင်းလို့ဖြစ်ပါ့မလား လက်တွေလည်းတုန်နေတာကို "

"အေးလေ....နင့်အစ်ကိုကိုလာခေါ်ခိုင်းလိုက်မယ်လေ ငါတို့လည်းမတက်တော့ဘူးညနေတန်း"

ပန်းနုက တရုတ်ကြီးအားဖုန်းဆက်ခေါ်ဖို့ပြောတော့တွယ်တာကခေါင်းရမ်းသည်။

"ဟင့်အင်း...မခေါ်နဲ့ ကိုကြီးက မာမားတို့ကိုပြန်တိုင်မှာ "

"အဲ့တာဆို ကိုရန်ကြီးရော"

"ဟင့်အင်း ကိုရန်ကြီးကိုဒီပုံစံနဲ့မတွေ့စေချင်ဘူး"

"အဲ့တာဆိုလည်း ငါ ကိုထူးကိုပဲဖုန်းဆက်လိုက်မယ်"

တွယ်တာငြင်းမှာစိုးလို့ လဝန်းကအမြန်ကားပေါ်ကနေဆင်းပြီးဖုန်းဆက်ခေါ်လိုက်တော့သည်။

"ဟယ်လို...ကိုထူးလား "

"......."

"အားလားဟင် အခုဒီမှာတွယ်တာကအရမ်းငိုနေတာဘာဖြစ်တာလဲဆိုလဲမပြောဘူး ကားလည်းမမောင်းနိုင်ဘူး ကိုတရုတ်ကြီးကိုခေါ်မယ်ပြောတာလည်းမခေါ်နဲ့တဲ့ အဲ့တာကိုထူးအားရင်သမီးတို့ကိုလာခေါ်ပါ့လား Taxi နဲ့ပဲလာခဲ့ တွယ်တာ့ကားကိုမောင်းပေးရမှာမို့"

*
*
"ကိုထူးက သူလာခဲ့မယ်တဲ့ ခဏစောင့်လိုက်ကြရအောင် "

"ဘာလို့ခေါ်လိုက်တာလဲ မခေါ်ပါနဲ့ဆိုတာကို"

"သူ့ကိုမခေါ်ရင်ဘယ်လိုလုပ်အိမ်ပြန်မလဲဟဲ့ "

"ငါ့ကိုကတိပေးနော် အဲ့ဒီအကြောင်းကိုဘယ်သူ့ကိုမှမပြောရဘူးလို့ "

တွယ်တာက ပန်းနုနဲ့လဝန်းကိုမျက်ရည်တွေပြည့်လျှံနေလျှက်ကတိတောင်းနေသည်။ ပန်းနုနဲ့လဝန်းကလည်းခေါင်းညိတ်လိုက်သည်။

"ငါ့ကို..ဟင့်...အောင်ကောင်းဆက်က ငါ့တင်ပါးကိုကိုင်လိုက်တယ် "

"ဟယ်...ခွေးသူတောင်းစား ဖာခေါင်း "

"ယုတ်မာလိုက်တာ နင်ပါးမချခဲ့ဘူးလား အောက်တန်းစားကောင်"

၂ယောက်စလုံးကအားရပါးရဆဲရေးဆိုလေတော့တွယ်တာကဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်လေသည်။

ထိုစဥ်ကားမှန်ကိုလာခေါက်သောကြောင့်မှန်ချလိုက်တော့ထူးမြတ်လင်းဖြစ်သည်။

တွယ်တာနောက်ခန်းသို့ဆင်းထိုင်လိုက်ပြီး ကိုထူးမြတ်လင်းကဘာမှမမေးခင်ကားကိုအရင်မောင်းပြီးကျောင်းဝန်းထဲကထွက်လာလိုက်သည်။

"ဟိုလေ ကိုငထူး တွယ်တာ့ကိုအိမ်ပြန်မပို့နဲ့ဦးနော် အိမ်ပြန်ချင်တယ်ဆိုပေမဲ့မာမားကဒီပုံစံနဲ့ပြန်လာရင်ဆူမှာ"

"အေးပါ၃ယောက်စလုံး ငါ့အိမ်ကိုအရင်လိုက်ခဲ့လိုက်အေးဆေးနားပြီးမှ ဆွေးနွေးစရာရှိတာဆွေးနွေးကြ"

ကိုငထူးအားယုံစားပြီး ကိုငထူးတစ်ယောက်တည်းနေသော လုံးချင်းအိမ်သို့လိုက်လာခဲ့မိတာ ခြံဝန်းထဲမယ်ကိုရန်ကြီးရဲ့ကားကြီးကိုပြူးနေအောင်မြင်လိုက်ရပြီးတွယ်တာစိတ်ညစ်သွားရတော့သည်။

ပြန်ကွေ့ခိုင်းလည်းမရပါ။ ကိုငထူးသည်ကိုရန်ကြီးလိုမဟုတ်။ ကိုရန်ကြီးကသာတွယ်တာကကိုကြီးကိုပြန်မပြောနဲ့ဆိုမပြောတာ။တွယ်တာ့စကားကိုနားထောင်တာ။ ကိုငထူးကတော့တကယ့်သူ့သူငယ်ချင်းတွေဘက်ဖြစ်သည်။

လဝန်းကကိုငထူးကိုဖုန်းဆက်ကတည်းက ကိုငထူးဟာကိုကြီးကိုရောကိုရန်ကြီးကိုပါတွယ်တာ့အကြောင်းဖုန်းဆက်ပြောပြီးအိမ်ကနေစောင့်ခိုင်းထားတာဖြစ်လေသည်။

အိမ်ထဲရောက်တော့ ကိုရန်ကြီးအပြင်ကိုတရုတ်ကြီးကပါအသင့်စောင့်နေတာကိုတွေ့ရပြီးတွယ်တာ့မှာငိုချင်စိတ်ကတော်တော် သွေးပါစောင့်တိုးချင်သွားတော့၏။

အစ်ကိုကြီး၃ ယောက်စလုံးကတွယ်တာ့ကိုသာစိတ်ဝင်စားနေလေကြသည်။ တွယ်တာ့မှာသူတို့အလယ်ကနေအနေခက်နေရ၏။

"တွယ်တာ ဘာဖြစ်လာတာလဲ ပြောလေ "

ကိုငထူးက အရင်စမေးပါသည်။ ကိုရန်ကြီးနဲ့ကိုကြီးကရုပ်တည်ကြီးတွေနဲ့ကြည့်နေကြတော့တွယ်တာ့မှာပြောမထွက်ဘဲလက်သီးနှစ်ဖက်ဆုပ်ပြီးမျက်ရည်တွေပဲထပ်ဝဲလာလေသည်။

ကြားထဲကနေပန်းနုက

"တွယ်တာ့ကိုအကောင်တစ်ကောင်က ဟိုကိုင်ဒီကိုင်လုပ်လိုက်တာ! "

ဟု ဝင်ပြောလိုက်သည်။

ထိုအခါ အစ်ကိုကြီး၃ယောက်စလုံးက ရုတ်ရုတ်ကြွကြွဖြစ်သွားကြလေ၏။

"ဘယ်ကောင်လဲ....ပြောစမ်း ဘယ်မအေဘေးကများငါ့ညီမကို ထိရဲရတာလဲ"

ကြိတ်မခဲနိုင်မေးလာတာက ကိုကြီးဆီကဖြစ်သည်။ တွယ်တာ၊ပန်းနုနဲ့လဝန်း၊ ကိုအလယ်မှာထိုင်ခိုင်းထားပြီး ကိုကြီးနဲ့သူ့သူငယ်ချင်း၂ ယောက်ကဘေးမှာရှိနေကြသည်။

"ငါနင့်ကိုမပြောပါနဲ့ဆိုတာကို ဘာလို့ပြောလိုက်တာလဲ ဟင့်!"

တွယ်တာသည် ရှက်လို့ အိမ်ရောက်ရင်ကိုကြီးကိုမပြောပါနဲ့ဟုပန်းနုကိုအတန်တန်မှာထားသော်လည်း ပန်းနုနုထက်ဆိုတဲ့သူငယ်ချင်းနှာဘူးမသည် အိမ်လိုက်လာပြီး ကိုကြီးနဲ့သူ့သူငယ်ချင်း၂ယောက်ကိုမြင်တာနဲ့စကားမရှိစကားရှာလို့ ကျောင်းမှာဖင်ကိုင်ခံရတဲ့ကိစ္စကိုဖောက်သည်သွားချသည်။

အခုတော့တွယ်တာ့မှာ ကိုကြီးရော ဒီကိစ္စကိုသိရင်နေ့တိုင်းလိုက်စနေမယ့်ကိုကြီးသူငယ်ချင်း၂ယောက်ရောရှေ့မှာရှက်ပြီးငိုချမိတော့သည်။

"တွယ်တာ ပြောလိုက်လေ ကျောင်းမှာတုန်းကတော့ နင့်အစ်ကိုတိုင်မယ် ကိုရန်ကြီးနဲ့တိုင်မယ်တွေလုပ်နေပြီးအခုမှဘာလို့ငိုနေတာလဲ!"

လဝန်းကပါတရှုံ့ရှုံ့ငိုနေတဲ့တွယ်တာ့အား သူ့အစ်ကိုကိုမြန်မြန်အကြောင်းစုံရှင်းပြရန်တိုက်တွန်းသည်။

တွယ်တာလည်းနှာဖျားထိပ်တွေနီတဲ့အထိငိုပြီးမှ မော့ကြည့်လိုက်တော့ ကိုကြီးက စောနကတစ်ခွန်းမေးပြီးကတည်းကစားပွဲထောင့်ကခုံမှာဖုန်းထိုင်နှိပ်နေပြီဖြစ်သည်။

သိသားပဲ အဲ့ဒီကိုကြီးစုတ်က လေပဲရှိတာ တွယ်တာ့နဲ့ပတ်သတ်လို့များလင်နောက်လိုက်သွားတောင်ကိုယ်တိုင်လိုက်ပို့မယ့်အစ်ကိုမျိုး။

ကိုငထူးကလည်းတွယ်တာ့ဘေးမှာသာထိုင်နေတာပြီးရင်လိုက်စတော့မှာသိတယ်။

ကိုရန်ကြီးကသာရှေ့တည့်တည့်ကနေမတ်တပ်ရပ်ပြီးစိတ်ဝင်တစားနားထောင်နေတာ။

"တွယ်တာတို့ထက်အကြီးတန်းကကောင်ပါ စီနီယာတန်းက အောင်ကောင်းဆက်တဲ့ သူကအရင်နှစ်ကကွင်းရဲ့ရည်းစား........."

တွယ်တာ့စကားပင်မဆုံးသေး ရန်ကြီးအောင်သည်အိမ်ထဲကနေအမြန်ထွက်သွားသည်။

အကြောင်းသိတဲ့ထူးမြတ်လင်းသည်တွယ်တာ့ဘေးကနေထ၍ရန်ကြီးအောင်ဆီသို့ခပ်မြန်မြန်ပြေးလိုက်သွားလေ၏။

"ကိုကြီး....ကိုရန်ကြီးနဲ့ ကိုထူးထွက်သွားပြီ "

ထိုအခါမင်းထက်ခိုင်မြဲလည်း လက်ထဲကဖုန်းကိုဘောင်းဘီအိတ်ထောင်ထဲထည့်ပြီး လိုက်သွားဖို့ထပေမဲ့မမှီလိုက်။

စိတ်မြန်လက်မြန်ရန်ကြီးအောင်ဟာကားနဲ့ထွက်သွားပြီဖြစ်သည်။

"ဟာကွာ...သူတောင်းစားနှစ်ကောင်ကလည်းမြန်တာ နင်တို့၃ ယောက်ကလိုက်မှာလား"

"လိုက်မှာ လိုက်မှာ!"

ပန်းနုဆိုတဲ့အမျိုးသည်တွယ်တာမလိုက်တောင်ကိုကြီးနဲ့တစ်ယောက်တည်းလိုက်သွားမယ့်ပုံနဲ့ခေါင်းအဆင့်ဆင့်ညိတ်သည်။

တွယ်တာလည်းမျက်ရည်တွေသုတ်ပြီးဆံပင်တွေကိုသပ်သပ်ရပ်ရပ်ပြန်ဖိချကာကိုကြီးနဲ့အတူကျောင်းသို့တစ်ဖန်လိုက်သွားရလေသည်။

ကျောင်းရောက်လို့ မင်းထက်ခိုင်မြဲက ထူးမြတ်လင်းကိုဖုန်းဆက်တော့ ကန်တင်းရဲ့အနောက်ဖက်မှာဆိုတာနဲ့ညီမ ၃ ယောက်နဲ့ထိုနေရာသို့လာခဲ့သည်။

တွယ်တာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် မျက်လုံးပြူးကလေးနဲ့ထိုနေရာမှာပဲတုန့်ကနဲရပ်တန့်သွားလေသည်။

မြင်နေရတာက စီနီယာတန်းကတွယ်တာ့ကိုကိုယ်ထိလက်ရောက်စော်ကားတဲ့ အောင်ကောင်းဆက် ဆိုတဲ့ကောင်အား နံရံမှာကပ်ပြီး လက်သီးဖြင့်တစ်ချက်ချင်းထိုးနေတဲ့ ရန်ကြီးအောင်ကိုဖြစ်သည်။

ထူးမြတ်လင်းသည်လည်း ရန်ကြီးအောင်အကြောင်းသိရဲ့သားနဲ့ဝင်မဆွဲဘဲအနောက်မှာအေးဆေးရပ်နေသည်။

"ကိုင်ချင်ဦး.."

တစ်ချက်!

"မင်းနဲ့မတန်တရာကို ကိုင်ချင်ဦး...!"

နှစ်ချက်!

"ထိချင်ဦးကွာ!"

သုံးချက်!

တစ်ခွန်းပြောလိုက်တစ်ချက်ထိုးလိုက်နဲ့ အောင်ကောင်းဆက်တော်တော်အထိနာနေပြီဖြစ်သည်။

"တွယ်တာ...ကျေနပ်ပြီလား! "

ရန်ကြီးအောင်သည် အောင်ကောင်းဆက်ရဲ့ရှပ်အင်္ကျီကော်လံကိုဆွဲညှစ်ထားရင်းနဲ့တွယ်တာ့ကိုလှမ်းမေးသည်။

"ကျေနပ်ပြီလား မင်းကိုယ်တိုင်ရိုက်ချင်သေးလား"

"ဟင့်..ဟင့်အင်း...ရ...ရပြီ ကိုရန်ကြီး တော်တော့ လက်လွန်သွားလိမ့်မယ်"

"တွယ်တာ့ကိုတောင်းပန်စမ်း! "

မင်းထက်ခိုင်မြဲက တွယ်တာ့ကိုအရှေ့သို့အနည်းငယ်တွန်းလွှတ်လိုက်တော့ တွယ်တာကရန်ကြီးအောင်နဲ့အောင်ကောင်းဆက်ရှေ့သို့ရောက်သွားသည်။

အောင်ကောင်းဆက်ကိုဂုတ်ကနေဆွဲပြီး တွယ်တာ့အားတောင်းပန်ခိုင်းနေသော ရန်ကြီးအောင်ကို တွယ်တာမျက်လုံးဝိုင်းကလေးနဲ့ကြည့်နေသည်။

"တောင်း..တောင်းပန်ပါတယ် တွယ်တာ..ကျွန်တော် တောင်းပန်ပါတယ် ဒီအစ်ကို့လက်ထဲကနေမြန်မြန်ပြန်ခွင့်ပြုပါတော့"

အောင်ကောင်းဆက်က နှုတ်ခမ်းရောနှာခေါင်းရောမှာလည်းသွေးတွေယိုစီးနေတာမို့ တွယ်တာလည်းဆက်မကြည့်ချင်တာနဲ့ခေါင်းမြန်မြန်ညိတ်ပြီး ရန်ကြီးအောင်အားလွှတ်ပေးဖို့တစ်ချက်ကြည့်လိုက်သည်။

"မင်းနောက်တစ်ခါ တွယ်တာရတနာကိုထိကြည့်စမ်း ထိတဲ့လက်ကိုချိုးပစ်မယ် တွယ်တာနဲ့ကင်းကင်းနေ!"

ရန်ကြီးအောင်ကသတိပေးပြီးလွှတ်ပေးလိုက်တော့ အောင်ကောင်းဆက်က ထော့နဲ့ထော့နဲ့နဲ့ပြေးသည်။

မင်းထက်ခိုင်မြဲကတော့သူ့ရှေ့ကနေဖြတ်သွားတဲ့သူ့ကိုဘာမှပြန်မလုပ်နိုင်သောဒဏ်ရာဗလပွနဲ့ကောင်အား နားရင်းအုပ်ဖို့လက်ကိုရွယ်လိုက်ပြီး

"ငါလုပ်ထည့်ရ ...ငါ့ညီမနဲ့ကင်းကင်းနေ ကြားလား!"

ဟု ပွဲပြီးမှဖျာဝင်ခင်းသည်။

တွယ်တာ့အသက် ၁၀နှစ်အရွယ်ကတည်းက တွယ်တာ့အတွက်ရန်ဖြစ်ပေးခဲ့သော ကိုရန်ကြီးသည် တွယ်တာ့အသက်၁၈နှစ်အရွယ်အပျိုဖြစ်လာသည်တိုင်ပေဖြစ်သည်။

**********************************
အမှားပါရင်ခွင့်လွှတ်ပါ။
Part (12) ဆက်ရန်

Zawgyi Version

The Challenge of Love

Part (11)

"အမေလး...ကြၽတ္...ကြၽတ္...ကြၽတ္!"

တြယ္တာတစ္ေယာက္ ခရမ္းႏုေရာင္ဝမ္းဆက္ကေလးႏွင့္ ဂ်င္းလြယ္အိတ္ကိုပုခုံးမွာလြယ္လွ်က္ အိမ္အေပၚထပ္ေလွကားမွေက်ာင္းသြားရန္ဆင္းလာရင္း ေျခလွမ္းမ်ားတုန့္ႏွေးစြာၿငီးျငဴလိုက္သည္။

ကိုရန္ႀကီးေျပာတာအလကားမဟုတ္၊ တကယ္ကိုအီစိမ့္ေနေအာင္နာသည္။ Gym ကစားရတာတကယ္ပင္ပန္းတာပဲ။ ၂ရက္ေျမာက္ေန႕ျဖစ္ကာအလူးအလဲကိုယ္လက္ေတြကိုက္ခဲ၏။

"ဟဲ့ မိတြယ္တာ ညည္းၾကည့္ရတာလည္းအသက္၈၀အဘြားႀကီးက်ေနတာပဲဟယ္ မ်က္ႏွာကလည္းရႈံ႕မဲ့လို႔"

"မာမားကလည္း ကိုယ္တိုင္Gymသြားကစားၾကည့္ပါလား မာမားသာဆိုရင္အိပ္ယာထဲကေတာင္ထနိုင္မွာမဟုတ္ဘူး"

"ညည္းကိုဘယ္သူကေဆာ့ခိုင္းလို႔လဲညည္းဟာညည္းသြားေဆာ့တာေလ ခံေပါ့"

မာမားကေတာ့ တြယ္တာဘာလုပ္လုပ္ေဝဖန္ဖို႔အသင့္ေပ။ ဧည့္ခန္းမွာအၿမဲထိုင္ေနၿပီးတြယ္တာကိုျမင္ရင္တစ္ခုမဟုတ္တစ္ခုအျပစ္ရွာေျပာေလ့ရွိသည္။

တြယ္တာလည္း မာမားနဲ႕ၿပိဳင္ၿပီးျငင္းခ်င္စိတ္မရွိတာမို႔ကိုယ့္ဟာကိုယ္ပဲ ေက်ာင္းသြားဖို႔ထြက္လာလိုက္ေတာ့သည္။

ေက်ာင္းမသြားခင္ ပန္းႏုနဲ႕လဝန္းကိုအရင္ကားနဲ႕ပတ္ေခၚၿပီးမွတကၠသိုလ္ေက်ာင္းသို႔ေမာင္းသည္။ ၃ေယာက္သြားအတူလာမတူမို႔ဘယ္သူခြဲခြဲဒို႔မခြဲဆိုတာ တြယ္တာ၊ပန္းႏုႏွင့္လဝန္းသာျဖစ္လိမ့္မည္။

"ဟဲ့ ဟိုမယ္"

ပန္းႏုကကားေပၚကဆင္းဆင္းခ်င္းတြယ္တာ့ကိုလက္တို႔သည္။ တြယ္တာကပန္းႏုလက္တို႔ၿပီးမ်က္လုံးေဝ့ျပရာကိုတစ္ခ်က္ၾကည့္လိုက္ေတာ့ ကားပါကင္အေရွ႕ဘက္ကသစ္ပင္ေအာက္မွာရပ္ေနေသာေကာင္ေလး၃ေယာက္ကိုေတြ႕သည္။

"ဟင္း...စိတ္ညစ္ပါတယ္ "

တြယ္တာက သက္ျပင္းတစ္ခ်က္ခ်လိဳက္ရင္း ကားတံခါးကိုပိတ္ကာ ပန္းႏုနဲ႕လဝန္းတို႔နဲ႕အတူကိုယ္သြားမယ့္လမ္းသို႔သာေလွ်ာက္သည္။

"သူက ေန႕တိုင္းေစာင့္ေနေတာ့မွာလားမသိဘူးတစ္ပတ္ရွိၿပီေနာ္"

လဝန္းက တြယ္တာ့အနားတိုးတိုးကပ္ေျပာသည္။

"မသိပါဘူး သူ႕ဟာသူေစာင့္လည္းငါကစိတ္မဝင္စားဘူး"

"ဒါေပမဲ့ သူကေန႕တိုင္းအဆင့္တက္တက္လာတယ္ေနာ္မေန႕ကဆိုငါတို႔ ဝိုင္းကိုေတာင္ခပ္တည္တည္နဲ႕ဝင္ထိုင္တာ"

"ေအး အတန္းလည္းလိုက္တက္တာေနာ္ သူ႕ကိုယ္သူစီနီယာဆိုၿပီးေစာင့္ႂကြားႂကြားနဲ႕"

လဝန္းနဲ႕ပန္းႏုကအရင္ေန႕ေတြကႀကဳံေတြ႕ခဲ့ရတာေတြကိုျပန္ေျပာရင္းေဝဖန္ၾကသည္။

"ဟဲ့ ေနာက္ခါနင့္ကိုကိုယ္ထိလက္ေရာက္လာထိရင္ဘယ္ႏွယ့္လုပ္မလဲ"

"ဟဲ့... ထိၾကည့္ပါလား ကိုရန္ႀကီးနဲ႕တိုင္မွာေပါ့"

"အားကိုးရွိေတာ့လည္းေျပာအားရွိတာေပါ့"

"တြယ္တာ! "

ေျပာရင္းဆိုရင္း ေနာက္ကေန ေခၚသံၾကားလိုက္ရေတာ့သည္။

ဆံပင္ကကိုရီးယားမင္းသားေတြလိုေရွ႕ခ်ထားၿပီး ရွပ္နဲ႕ေဘာင္းဘီရွည္ဝတ္ထားတဲ့ ေအာင္ေကာင္းဆက္ဟူသည္ ႐ုပ္ရည္အသင့္အတင့္ရွိ၍ Play Boy အျဖစ္နာမည္ႀကီးေပမဲ့ သူလိုက္သမွ်ေကာင္မေလးတိုင္းျပန္ႀကိဳက္ပါတယ္ဟုမာန္တက္ေနေသာ တြယ္တာတို႔ထက္၂တန္းပိုႀကီးသည့္စီနီယာတစ္ေယာက္ျဖစ္သည္။

အရင္ႏွစ္က Queen ကိုေတာင္ရေအာင္လိုက္နိုင္တာတဲ့။ အခုေတာ့ Queen Selection ထဲပါေပမဲ့ Queen ေတာ့မရခဲ့တဲ့ တြယ္တာ့ကိုခ်ည္းကပ္ေနတာ ၁ လေက်ာ္ၿပီျဖစ္ကာ ဒီလိုမ်ိဳးရဲရဲတင္းတင္းနဲ႕လိုက္ကပ္ေနတာေတာ့၁ပတ္ေက်ာ္ၿပီျဖစ္သည္။

"ဒီေန႕ ကိုယ္လိုက္မလာေသးလို႔ေျခလွမ္းေတြေျဖးေျဖးေလးေလွ်ာက္ေနတာလား "

ေအာင္ေကာင္းဆက္သည္ ႐ုပ္ေခ်ာသလိုမ်က္ႏွာလည္းခ်ိဳသည္။ ဒီလို႐ုပ္နဲ႕ပဲေကာင္မေလးေတြကိုလိုက္ Play ေနတာတဲ့ေလ။

တြယ္တာက ညာဘက္ေဘးဆုံးမွာျဖစ္ေသာေၾကာင့္ ေအာင္ေကာင္းဆက္ကတြယ္တာ့ေဘးကေနယွဥ္ၿပီးလမ္းေလွ်ာက္ရင္းေမးသည္။

Gymကစားထားတာေၾကာင့္ ေျခေထာက္ေတြနာေနသျဖင့္ေျခလွမ္းေတြႏွေးေနတာျဖစ္သည္။ ဒါကိုတလႊဲထင္ရဲတဲ့ေအာင္ေကာင္းဆက္အား စိတ္ထဲကေနစိတ္ပ်က္မိသည္။

"မဟုတ္ပါဘူး ဒီေန႕ေျခေထာက္နည္းနည္းနာေနလို႔ပါ"

တြယ္တာက ေအးေဆးပဲအလိုက္သင့္ျပန္ေျဖ၏။

"ဟုတ္လား ကိုယ္တြဲေခၚေပးရမလား တြယ္တာ့အတြက္ဆို လက္တစ္ဖက္Free ေနာ္ "

"ေတာ္ပါၿပီ မလိုပါဘူး "

တြယ္တာက သူ႕ဆီလက္ေပးဖို႔ကမ္းေနတဲ့ေအာင္ေကာင္းဆက္အား ခပ္ျပတ္ျပတ္ျငင္းလိုက္ေတာ့ ေအာင္ေကာင္းဆက္ကနည္းနည္းေတာ့မ်က္ႏွာပ်က္သြားသည္။

"တြယ္တာက ကိုယ့္ကိုသူစိမ္းလို႔ျမင္ေနတုန္းလား "

"စီနီယာနဲ႕ဂ်ဴနီယာေပါ့ ကိုေအာင္ေကာင္းဆက္ရဲ႕"

"ဒါေပမဲ့ ကိုယ္မင္းနဲ႕သိေနတာ၁လ ေက်ာ္ေနၿပီေလကြာ"

"ဒါေပမဲ့ တြယ္တာတို႔ကလက္တြဲရေလာက္ေအာင္ထိမွမရင္းႏွီးတာ ဒီေန႕ Tutorial ေျဖရမွာမို႔ သြားေတာ့မယ္ေနာ္ "

တြယ္တာထပ္ၿပီးစကားမေျပာခ်င္ေတာ့တာနဲ႕ လဝန္းရဲ႕လက္ကိုတြဲကာခပ္ျမန္ျမန္ပဲထြက္လာခဲ့လိုက္သည္။

ထိုေနရာမွာက်န္ေနခဲ့တဲ့ေအာင္ေကာင္းဆက္ကေတာ့ေရွ႕မွာရွိေနေသာခဲလုံးကိုေျခေထာက္ျဖင့္ခပ္ေစာင့္ေစာင့္ကန္ပစ္လိုက္၏။ သူ၏သူငယ္ခ်င္း၂ေယာက္ကလည္းအေဝးမွာေစာင့္ေနရာမွ ေအာင္ေကာင္းဆက္ရွိရာသို႔ေရာက္လာၾကသည္။

"ဘယ္လိုလဲ ေဟ်ာင့္ မင္းေျပာေတာ့ဒီေန႕ေတာ့လက္ကိုရေအာင္ကိုင္မယ္ဆို"

"ဒီေကာင္မက ဘာလို႔ငါ့ကိုဇြတ္ေခ်ေနမွန္းမသိတာကြ မာနတစ္ခြဲသားနဲ႕ သူ႕ကိုယ္သူဘာမွတ္ေနလဲမသိဘူး"

ေအာင္ေကာင္းဆက္ တစ္လလုံးသူ႕အေပၚခပ္တန္းတန္းပဲဆက္ဆံခဲ့သည့္တြယ္တာ့အားေက်နပ္ပုံမေပၚ။

"ဘယ္သူ႕လိုက္လိုက္ဒီေလာက္မၾကာဖူးဘူး ဒီေကာင္မေရာက္မွကြာ... ငါ့သိကၡာက်တာ"

"မင္းကလည္းကြာ သူကမင္းကိုမႀကိဳက္လို႔ေနမွာေပါ့ တျခားတစ္ေယာက္ေျပာင္းလိုက္ကြာ"

"ဟ...ငါ့ကိုဘယ္မိန္းမကျငင္းဖူးလို႔လဲကြ တြယ္တာရတနာကိုလည္းဒီေန႕သူ႕လက္ကိုရေအာင္ကိုင္ကိုကိုင္မယ္ကြာ!"

*
*
*

"ဗိုက္ဆာရင္သြားႏွင့္ေလ ကန္တင္းကေစာင့္ "

Tutorial ေျဖၿပီးအရင္ၿပီးသြားေသာ ပန္းႏုကိုတြယ္တာကသူမအားမေစာင့္ဘဲသြားႏွင့္ရန္ေျပာသည္။

"အျပင္မွာေစာင့္ေနတဲ့လဝန္းနဲ႕ညွိလိုက္ဦးမယ္"

"ညွိမေနနဲ႕သူဗိုက္ဆာေနေလာက္ၿပီ သြားႏွင့္ၾကေတာ့"

"အိုေခ "

တြယ္တာက လဝန္းႏွင့္ပန္းႏုအား ကန္တင္းသို႔အရင္လႊတ္လိုက္ပါသည္။ လဝန္ကမနက္ကတည္းကဘာမွမစားရေသးတာကို အေနာက္ကဟိုေကာင္လိုက္လာတာနဲ႕မနက္ပိုင္းအခ်ိန္ဝင္တက္လိုက္တာမို႔အခုဆိုေတာ္ေတာ္ဆာေနေလာက္ၿပီဆိုတာသိတာမို႔အရင္သြားစားခိုင္းလိုက္ေတာ့သည္။ တြယ္တာTutorial ၿပီးရင္လည္း Toliet ခဏဝင္ခ်င္ေသးတာမို႔ ၾကာေနမွာျဖစ္သည္။

မေန႕ညကGymက ျပန္လာၿပီးပင္ပန္းတာနဲ႕အိပ္ေပ်ာ္သြားတာ စာမၾကည့္ခဲ့ရတာမို႔စာကသိပ္မရ။ ဒီေတာ့ၾကာေနၿပီျဖစ္သည္။

အတန္းထဲမွာ ေျဖေနတုန္းက်န္ရစ္တဲ့လူကတြယ္တာအပါအဝင္၃ေယာက္ပဲက်န္ေတာ့သည္။ ေတာ္ေသးတာေပါ့ေနာက္ဆုံးမွေတာ့မၿပီးဘဲ၃ ေယာက္စလုံးေရွ႕ဆင့္ေနာက္ဆင့္ၿပီးသြားၾကလို႔။ ဆရာမကလည္း၃ေယာက္တည္းနဲ႕အခ်ိန္အၾကာႀကီးေစာင့္ရေတာ့မ်က္ႏွာကသိပ္မၾကည့္ခ်င္။

တြယ္တာလည္း ၿပီးတာနဲ႕ဂ်င္းအိတ္ကေလးကိူလက္ကေနကိုင္ၿပီး Toliet ထဲသို႔ခပ္ျမန္ျမန္ဝင္သြားလိုက္သည္။ Toliet က သူမတို႔စာသင္ခန္းနဲ႕ကပ္ရပ္မို႔ေတာ္ေသးတာေပါ့။ မဟုတ္ရင္တြယ္တာ့မွာရႉးေပါက္ခ်င္ေနတုန္းေျပးရေပဦးမည္။

တြယ္တာလည္းတစ္ခ်ိန္လုံးေအာင့္ထားခဲ့ရေသာမေပါ့မပါးေတြကိုေလွ်ာ့ခ်ၿပီးေနာက္လူကလန္းသြားကာလက္ေဆး၍ဂ်င္းအိတ္ကေလးပုခုံးမွာလြယ္ကာ ၂လက္မေဒါက္ဖိနပ္ျဖင့္တဂြက္ဂြက္ျမည္စြာToliet ကေနထြက္လာသည္။

"အမေလး !"

႐ုတ္တရက္ တြယ္တာ့လက္ကိုလွမ္းဆြဲလိုက္တဲ့လူေၾကာင့္တြယ္တာ့မွာလန့္ျဖန့္ၿပီး ေစာနက တြယ္တာတို႔Tutorial ေျဖခဲ့ေသာအခန္းထဲသို႔ပါသြားရသည္။

ေန႕လည္နားခ်ိန္ျဖစ္သျဖင့္ ေစာနကမွTutorial ကလည္းၿပီးထားေသာ လူကမရွိ။ အခုဒီစာသင္ခန္းထဲမွာ တြယ္တာနဲ႕ေအာင္ေကာင္းဆက္သာရွိသည္။

"ကိုေအာင္ေကာင္းဆက္ ဒါဘာလုပ္တာလဲ!"

တြယ္တာ့လက္ကိုဆြဲကိုင္ထားေသာေအာင္ေကာင္းဆက္မ်က္ႏွာကိုခပ္တင္းတင္းၾကည့္ၿပီး လက္ကိုေဆာင့္ၿပီးျဖဳတ္ခ်ပစ္ေပမဲ့ ေအာင္ေကာင္းဆက္ကလႊတ္မေပး။

"မနက္က တြယ္တာကေဘးမွာသူငယ္ခ်င္းေတြရွိလို႔ရွက္ေနတာမဟုတ္လား အခုကကိုယ္နဲ႕မင္းပဲရွိတာေလ လက္ကေလးကိုင္တာဘာျဖစ္လို႔လဲ"

သူက မထီတရီမ်က္ႏွာနဲ႕တြယ္တာ့လက္ကိုမလႊတ္ေပးဘဲ ေနာက္တစ္ဖက္ကိုေတာင္အသားယူၿပီး၂ဖက္လုံးကိုင္ထားေသးသည္။

"လႊတ္...တြယ္တာမႀကိဳက္ဘူး ေအာ္လိုက္မွာေနာ္ လႊတ္ "

တြယ္တာ လက္ကိုသူ႕ဆီကေနအတင္း႐ုန္းလႊတ္ေနသည္။

"တြယ္တာကလည္း ခဏေလးပါကိုယ္မင္းကိုေျပာစရာရွိလို႔"

"တြယ္တာ့လက္ကိုအရင္လႊတ္ပါ ဒီတိုင္းေျပာလို႔ရတယ္"

"တြယ္တာကထြက္သြားမွာေပါ့ "

"တြယ္တာနားေထာင္ေပးမယ္ လက္ကိုအရင္လႊတ္ေပး"

တြယ္တာသူ႕ကိုမ်က္ေမွာင္ကုပ္လွ်က္ေမာ့ၾကည့္ၿပီးေျပာလိုက္ေတာ့ေအာင္ေကာင္းဆက္ကၿပဳံးၿပဳံးနဲ႕ပဲတြယ္တာ့လက္ကိုအသာေလးလႊတ္ေပးလိုက္သည္။

တြယ္တာသူလက္လႊတ္ေပးတာနဲ႕ ခ်က္ခ်င္းလွည့္ထြက္သြားဖို႔လုပ္ေတာ့သူကတြယ္တာ့လက္တစ္ဖက္ကိုခ်က္ခ်င္းျပန္လွမ္းဆြဲသည္။

"ေဟ့..ေဟ့...ေကာင္မေလး ဒါမ်ိဳးေတြကရိုးေနၿပီမရေတာ့ဘူး"

တြယ္တာက သူ႕လက္ကိုျပန္ဆြဲတာနဲ႕ညာဘက္လက္ကေလေပၚဝဲပ်ံကာသူ႕ကိုရိုက္ဖို႔႐ြယ္လိုက္တဲ့အခါပိုလ်င္တဲ့သူကေရွာင္လိုက္သည္။

သူ႕မ်က္ႏွာကလည္းခ်က္ခ်င္းတင္းမာသြားၿပီး

"ေၾသာ...မင္းေလးကရိုက္ခ်င္တာေပါ့ "

႐ုတ္တရက္တြယ္တာ့ကိုေစာင့္ဆြဲလိုက္ေတာ့သူ႕ရင္ဘက္နဲ႕ဝင္တိုက္သြားရသည္။

"ငါကမင္းရိုက္ဖို႔တန္လို႔လားငါမင္းကိုဘာလုပ္ရေသးလို႔လဲတြယ္တာရတနာ!"

"ခုခ်က္ခ်င္းလႊတ္ေနာ္...ကိုေအာင္ေကာင္းဆက္ ရွင္လြန္မလာနဲ႕!"

"မလႊတ္ေတာ့ဘာလုပ္ခ်င္လဲ "

ေျပာရင္းသူ႕လက္ေတြကတြယ္တာ့ေနာက္သို႔ေရာက္လာကာ တြယ္တာ့ရဲ႕တင္ပါးတစ္ခုလုံးပူႏြေးသြားရတာမို႔တြယ္တာတစ္ကိုယ္လုံးေတာင့္တင္းသြားသည္။

ေအာင္ေကာင္းဆက္ရဲ႕ ႐ြံရွာဖြယ္ရာအျပဳအမူေၾကာင့္တြယ္တာမ်က္ရည္ေတြပါခ်က္ခ်င္းေဝ့လာၿပီးေအာက္ႏႈတ္ခမ္းေလးကိုဖိကိုက္လိုက္သည္။

သူကေတာ့တြယ္တာ့ကိုဘာတတ္နိုင္ေသးလဲဆိုတဲ့အၾကည့္နဲ႕လာၾကည့္ေနေလရာ တြယ္တာလက္သီးကေလးမ်ားတင္းတင္းဆုပ္ၿပီးသူ႕ကိုေစာင့္တြန္းလိုက္သည္။

သူကအလိုက္သင့္ေတာ့ျပန္လႊတ္ေပး၏။ ၿပီးေတာ့တြယ္တာ့ကိုႏႈတ္ခမ္းတစ္ဖက္႐ြဲ႕ၿပီးရယ္ျပရင္းပုခုံး၂ဖက္ကိုတြန့္ျပသည္။

Cctv ကလည္းရွိမေန။ ဘယ္သူမွမျမင္လို႔ဘယ္သူ႕ကိုမွတိုင္စရာသက္ေသလည္းမရွိ။သူကအဲ့တာကိုအခြင့္ေကာင္းယူၿပီးေအးေဆးပဲဆိုတဲ့ပုံစံနဲ႕႐ြံစရာေကာင္းေအာင္ၿပဳံးျပေနေလရာတြယ္တာရင္ထဲမွာလည္းလွိုက္ေနေအာင္ေဒါသထြက္ေနကာဘာမွျပန္မလုပ္နိုင္တာမို႔သူလႊတ္ေပးတုန္း ဒီအခန္းထဲကေနျမန္ျမန္ထြက္သြားဖို႔သာလွည့္ထြက္လိုက္သည္။

ဒါေပမဲ့...တြယ္တာ့ရဲ႕မဟုတ္မခံတဲ့စိတ္နဲ႕ေဒါသက မေနတာမို႔ေနာက္သို႔ျပန္လွည့္ကာသူမရဲ႕ဂ်င္းလြယ္အိတ္ကိုရမ္းၿပီးအဲ့ဒီေကာင္ရဲ႕ဂြၾကားသို႔အားကုန္ရိုက္ခ်ပစ္လိုက္သည္။

"အား...ေခြးမ...နင္နာခ်င္ေနတာလား"

ေအာင္ေကာင္းဆက္ေအာ္ဆဲလိုက္ေပမဲ့ ဂြၾကားကအဓိကေနရာကိုလြယ္အိတ္ထဲကစာအုပ္Weightေတြနဲ႕ရိုက္ခံထားတာမို႔ခ်က္ခ်င္းလိုက္မလာနိုင္။

တြယ္တာ ရွက္လည္းရွက္ၿပီး တစ္ကိုယ္လုံးလည္းတုန္ရီေနေအာင္ေဒါသထြက္ေနတာမို႔ ကန္တင္းမွာလည္းမထိုင္နိုင္။ သူမကားရွိတဲ့ပါကင္သို႔သာအျမန္ေျပးသြားလိုက္ၿပီးကားထဲမွာဝင္ထိုင္ေနသည္။

အဲ့ဒီေကာင္လက္နဲ႕အကိုင္ခံလိုက္ရတဲ့ကိုယ့္ခႏၶာကိုယ္အစိတ္အပိုင္းအတြက္လည္း႐ုတ္တရက္ယုံၾကည္မႈေပ်ာက္ရသည္။

တစ္သက္နဲ႕တစ္ကိုယ္အခုမွဘယ္သူမွမထိမကိုင္မခံခဲ့ဖူးေသာအပ်ိဳကေလးတစ္ေယာက္ရဲ႕တင္ပါးျဖစ္ေစကာမူ ရင္ထဲမွာလွိုက္တက္ေနေအာင္ဝမ္းနည္းၿပီးေျပာမျပတတ္ေအာင္ရွက္လာကာ ငိုခ်င္စိတ္ကိုလုံးဝမထိန္းနိုင္ေတာ့ဘဲကားထဲမွာငိုခ်လိဳက္မိသည္။

အိတ္ထဲကဖုန္းျမည္သံေၾကာင့္ထုတ္ၾကည့္လိုက္ေတာ့လဝန္းဆီကျဖစ္သည္။

"ဟယ္လို...အင့္..ဟင့္....."

"........."

"ငါ..ကားေပၚမွာ..ဟင့္...အင့္...နင္တို႔ပဲလာခဲ့ေတာ့"

တြယ္တာဖုန္းခ်လိဳက္ၿပီး ကား Steering ေပၚမွာေမွာက္ငိုေနသည္။

မိနစ္ပိုင္းမွ်ၾကာေတာ့ကားထဲသို႔အလွ်င္အျမန္ဝင္လာၾကေသာပန္းႏုနဲ႕လဝန္းကတြယ္တာငိုေနတာမို႔စိတ္ပူသြားၾကသည္။

"ဟဲ့....ဘာလို႔ငိုေနတာလဲ...ဘာျဖစ္တာလဲ"

"ဟဲ့...ဘာျဖစ္တာလဲလို႔ Tuto မေျဖနိုင္လို႔လား"

"ဆရာမက ဆူတာလား "

"ဘာျဖစ္တာလဲဟဲ့ တစ္ခုခုျမန္ျမန္ေျပာစမ္းပါ"

"ဟင့္..အဟင့္..အိမ္...အိမ္ျပန္ခ်င္တယ္...နင္တို႔ညေနအတန္းဆက္တက္ခ်င္ရင္ေနခဲ့ ငါျပန္ေတာ့မယ္"

"ဟဲ့...နင္ ဒီပုံစံနဲ႕ကားေမာင္းလို႔ျဖစ္ပါ့မလား လက္ေတြလည္းတုန္ေနတာကို "

"ေအးေလ....နင့္အစ္ကိုကိုလာေခၚခိုင္းလိုက္မယ္ေလ ငါတို႔လည္းမတက္ေတာ့ဘူးညေနတန္း"

ပန္းႏုက တ႐ုတ္ႀကီးအားဖုန္းဆက္ေခၚဖို႔ေျပာေတာ့တြယ္တာကေခါင္းရမ္းသည္။

"ဟင့္အင္း...မေခၚနဲ႕ ကိုႀကီးက မာမားတို႔ကိုျပန္တိုင္မွာ "

"အဲ့တာဆို ကိုရန္ႀကီးေရာ"

"ဟင့္အင္း ကိုရန္ႀကီးကိုဒီပုံစံနဲ႕မေတြ႕ေစခ်င္ဘူး"

"အဲ့တာဆိုလည္း ငါ ကိုထူးကိုပဲဖုန္းဆက္လိုက္မယ္"

တြယ္တာျငင္းမွာစိုးလို႔ လဝန္းကအျမန္ကားေပၚကေနဆင္းၿပီးဖုန္းဆက္ေခၚလိုက္ေတာ့သည္။

"ဟယ္လို...ကိုထူးလား "

"......."

"အားလားဟင္ အခုဒီမွာတြယ္တာကအရမ္းငိုေနတာဘာျဖစ္တာလဲဆိုလဲမေျပာဘူး ကားလည္းမေမာင္းနိုင္ဘူး ကိုတ႐ုတ္ႀကီးကိုေခၚမယ္ေျပာတာလည္းမေခၚနဲ႕တဲ့ အဲ့တာကိုထူးအားရင္သမီးတို႔ကိုလာေခၚပါ့လား Taxi နဲ႕ပဲလာခဲ့ တြယ္တာ့ကားကိုေမာင္းေပးရမွာမို႔"

*
*
"ကိုထူးက သူလာခဲ့မယ္တဲ့ ခဏေစာင့္လိုက္ၾကရေအာင္ "

"ဘာလို႔ေခၚလိုက္တာလဲ မေခၚပါနဲ႕ဆိုတာကို"

"သူ႕ကိုမေခၚရင္ဘယ္လိုလုပ္အိမ္ျပန္မလဲဟဲ့ "

"ငါ့ကိုကတိေပးေနာ္ အဲ့ဒီအေၾကာင္းကိုဘယ္သူ႕ကိုမွမေျပာရဘူးလို႔ "

တြယ္တာက ပန္းႏုနဲ႕လဝန္းကိုမ်က္ရည္ေတြျပည့္လွ်ံေနလွ်က္ကတိေတာင္းေနသည္။ ပန္းႏုနဲ႕လဝန္းကလည္းေခါင္းညိတ္လိုက္သည္။

"ငါ့ကို..ဟင့္...ေအာင္ေကာင္းဆက္က ငါ့တင္ပါးကိုကိုင္လိုက္တယ္ "

"ဟယ္...ေခြးသူေတာင္းစား ဖာေခါင္း "

"ယုတ္မာလိုက္တာ နင္ပါးမခ်ခဲ့ဘူးလား ေအာက္တန္းစားေကာင္"

၂ေယာက္စလုံးကအားရပါးရဆဲေရးဆိုေလေတာ့တြယ္တာကျဖစ္ေၾကာင္းကုန္စင္ကိုေျပာျပလိုက္ေလသည္။

ထိုစဥ္ကားမွန္ကိုလာေခါက္ေသာေၾကာင့္မွန္ခ်လိဳက္ေတာ့ထူးျမတ္လင္းျဖစ္သည္။

တြယ္တာေနာက္ခန္းသို႔ဆင္းထိုင္လိုက္ၿပီး ကိုထူးျမတ္လင္းကဘာမွမေမးခင္ကားကိုအရင္ေမာင္းၿပီးေက်ာင္းဝန္းထဲကထြက္လာလိုက္သည္။

"ဟိုေလ ကိုငထူး တြယ္တာ့ကိုအိမ္ျပန္မပို႔နဲ႕ဦးေနာ္ အိမ္ျပန္ခ်င္တယ္ဆိုေပမဲ့မာမားကဒီပုံစံနဲ႕ျပန္လာရင္ဆူမွာ"

"ေအးပါ၃ေယာက္စလုံး ငါ့အိမ္ကိုအရင္လိုက္ခဲ့လိုက္ေအးေဆးနားၿပီးမွ ေဆြးႏြေးစရာရွိတာေဆြးႏြေးၾက"

ကိုငထူးအားယုံစားၿပီး ကိုငထူးတစ္ေယာက္တည္းေနေသာ လုံးခ်င္းအိမ္သို႔လိုက္လာခဲ့မိတာ ၿခံဝန္းထဲမယ္ကိုရန္ႀကီးရဲ႕ကားႀကီးကိုျပဴးေနေအာင္ျမင္လိုက္ရၿပီးတြယ္တာစိတ္ညစ္သြားရေတာ့သည္။

ျပန္ေကြ႕ခိုင္းလည္းမရပါ။ ကိုငထူးသည္ကိုရန္ႀကီးလိုမဟုတ္။ ကိုရန္ႀကီးကသာတြယ္တာကကိုႀကီးကိုျပန္မေျပာနဲ႕ဆိုမေျပာတာ။တြယ္တာ့စကားကိုနားေထာင္တာ။ ကိုငထူးကေတာ့တကယ့္သူ႕သူငယ္ခ်င္းေတြဘက္ျဖစ္သည္။

လဝန္းကကိုငထူးကိုဖုန္းဆက္ကတည္းက ကိုငထူးဟာကိုႀကီးကိုေရာကိုရန္ႀကီးကိုပါတြယ္တာ့အေၾကာင္းဖုန္းဆက္ေျပာၿပီးအိမ္ကေနေစာင့္ခိုင္းထားတာျဖစ္ေလသည္။

အိမ္ထဲေရာက္ေတာ့ ကိုရန္ႀကီးအျပင္ကိုတ႐ုတ္ႀကီးကပါအသင့္ေစာင့္ေနတာကိုေတြ႕ရၿပီးတြယ္တာ့မွာငိုခ်င္စိတ္ကေတာ္ေတာ္ ေသြးပါေစာင့္တိုးခ်င္သြားေတာ့၏။

အစ္ကိုႀကီး၃ ေယာက္စလုံးကတြယ္တာ့ကိုသာစိတ္ဝင္စားေနေလၾကသည္။ တြယ္တာ့မွာသူတို႔အလယ္ကေနအေနခက္ေနရ၏။

"တြယ္တာ ဘာျဖစ္လာတာလဲ ေျပာေလ "

ကိုငထူးက အရင္စေမးပါသည္။ ကိုရန္ႀကီးနဲ႕ကိုႀကီးက႐ုပ္တည္ႀကီးေတြနဲ႕ၾကည့္ေနၾကေတာ့တြယ္တာ့မွာေျပာမထြက္ဘဲလက္သီးႏွစ္ဖက္ဆုပ္ၿပီးမ်က္ရည္ေတြပဲထပ္ဝဲလာေလသည္။

ၾကားထဲကေနပန္းႏုက

"တြယ္တာ့ကိုအေကာင္တစ္ေကာင္က ဟိုကိုင္ဒီကိုင္လုပ္လိုက္တာ! "

ဟု ဝင္ေျပာလိုက္သည္။

ထိုအခါ အစ္ကိုႀကီး၃ေယာက္စလုံးက ႐ုတ္႐ုတ္ႂကြႂကြျဖစ္သြားၾကေလ၏။

"ဘယ္ေကာင္လဲ....ေျပာစမ္း ဘယ္မေအေဘးကမ်ားငါ့ညီမကို ထိရဲရတာလဲ"

ႀကိတ္မခဲနိုင္ေမးလာတာက ကိုႀကီးဆီကျဖစ္သည္။ တြယ္တာ၊ပန္းႏုနဲ႕လဝန္း၊ ကိုအလယ္မွာထိုင္ခိုင္းထားၿပီး ကိုႀကီးနဲ႕သူ႕သူငယ္ခ်င္း၂ ေယာက္ကေဘးမွာရွိေနၾကသည္။

"ငါနင့္ကိုမေျပာပါနဲ႕ဆိုတာကို ဘာလို႔ေျပာလိုက္တာလဲ ဟင့္!"

တြယ္တာသည္ ရွက္လို႔ အိမ္ေရာက္ရင္ကိုႀကီးကိုမေျပာပါနဲ႕ဟုပန္းႏုကိုအတန္တန္မွာထားေသာ္လည္း ပန္းႏုႏုထက္ဆိုတဲ့သူငယ္ခ်င္းႏွာဘူးမသည္ အိမ္လိုက္လာၿပီး ကိုႀကီးနဲ႕သူ႕သူငယ္ခ်င္း၂ေယာက္ကိုျမင္တာနဲ႕စကားမရွိစကားရွာလို႔ ေက်ာင္းမွာဖင္ကိုင္ခံရတဲ့ကိစၥကိုေဖာက္သည္သြားခ်သည္။

အခုေတာ့တြယ္တာ့မွာ ကိုႀကီးေရာ ဒီကိစၥကိုသိရင္ေန႕တိုင္းလိုက္စေနမယ့္ကိုႀကီးသူငယ္ခ်င္း၂ေယာက္ေရာေရွ႕မွာရွက္ၿပီးငိုခ်မိေတာ့သည္။

"တြယ္တာ ေျပာလိုက္ေလ ေက်ာင္းမွာတုန္းကေတာ့ နင့္အစ္ကိုတိုင္မယ္ ကိုရန္ႀကီးနဲ႕တိုင္မယ္ေတြလုပ္ေနၿပီးအခုမွဘာလို႔ငိုေနတာလဲ!"

လဝန္းကပါတရႈံ႕ရႈံ႕ငိုေနတဲ့တြယ္တာ့အား သူ႕အစ္ကိုကိုျမန္ျမန္အေၾကာင္းစုံရွင္းျပရန္တိုက္တြန္းသည္။

တြယ္တာလည္းႏွာဖ်ားထိပ္ေတြနီတဲ့အထိငိုၿပီးမွ ေမာ့ၾကည့္လိုက္ေတာ့ ကိုႀကီးက ေစာနကတစ္ခြန္းေမးၿပီးကတည္းကစားပြဲေထာင့္ကခုံမွာဖုန္းထိုင္ႏွိပ္ေနၿပီျဖစ္သည္။

သိသားပဲ အဲ့ဒီကိုႀကီးစုတ္က ေလပဲရွိတာ တြယ္တာ့နဲ႕ပတ္သတ္လို႔မ်ားလင္ေနာက္လိုက္သြားေတာင္ကိုယ္တိုင္လိုက္ပို႔မယ့္အစ္ကိုမ်ိဳး။

ကိုငထူးကလည္းတြယ္တာ့ေဘးမွာသာထိုင္ေနတာၿပီးရင္လိုက္စေတာ့မွာသိတယ္။

ကိုရန္ႀကီးကသာေရွ႕တည့္တည့္ကေနမတ္တပ္ရပ္ၿပီးစိတ္ဝင္တစားနားေထာင္ေနတာ။

"တြယ္တာတို႔ထက္အႀကီးတန္းကေကာင္ပါ စီနီယာတန္းက ေအာင္ေကာင္းဆက္တဲ့ သူကအရင္ႏွစ္ကကြင္းရဲ႕ရည္းစား........."

တြယ္တာ့စကားပင္မဆုံးေသး ရန္ႀကီးေအာင္သည္အိမ္ထဲကေနအျမန္ထြက္သြားသည္။

အေၾကာင္းသိတဲ့ထူးျမတ္လင္းသည္တြယ္တာ့ေဘးကေနထ၍ရန္ႀကီးေအာင္ဆီသို႔ခပ္ျမန္ျမန္ေျပးလိုက္သြားေလ၏။

"ကိုႀကီး....ကိုရန္ႀကီးနဲ႕ ကိုထူးထြက္သြားၿပီ "

ထိုအခါမင္းထက္ခိုင္ၿမဲလည္း လက္ထဲကဖုန္းကိုေဘာင္းဘီအိတ္ေထာင္ထဲထည့္ၿပီး လိုက္သြားဖို႔ထေပမဲ့မမွီလိုက္။

စိတ္ျမန္လက္ျမန္ရန္ႀကီးေအာင္ဟာကားနဲ႕ထြက္သြားၿပီျဖစ္သည္။

"ဟာကြာ...သူေတာင္းစားႏွစ္ေကာင္ကလည္းျမန္တာ နင္တို႔၃ ေယာက္ကလိုက္မွာလား"

"လိုက္မွာ လိုက္မွာ!"

ပန္းႏုဆိုတဲ့အမ်ိဳးသည္တြယ္တာမလိုက္ေတာင္ကိုႀကီးနဲ႕တစ္ေယာက္တည္းလိုက္သြားမယ့္ပုံနဲ႕ေခါင္းအဆင့္ဆင့္ညိတ္သည္။

တြယ္တာလည္းမ်က္ရည္ေတြသုတ္ၿပီးဆံပင္ေတြကိုသပ္သပ္ရပ္ရပ္ျပန္ဖိခ်ကာကိုႀကီးနဲ႕အတူေက်ာင္းသို႔တစ္ဖန္လိုက္သြားရေလသည္။

ေက်ာင္းေရာက္လို႔ မင္းထက္ခိုင္ၿမဲက ထူးျမတ္လင္းကိုဖုန္းဆက္ေတာ့ ကန္တင္းရဲ႕အေနာက္ဖက္မွာဆိုတာနဲ႕ညီမ ၃ ေယာက္နဲ႕ထိုေနရာသို႔လာခဲ့သည္။

တြယ္တာျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ မ်က္လုံးျပဴးကေလးနဲ႕ထိုေနရာမွာပဲတုန့္ကနဲရပ္တန့္သြားေလသည္။

ျမင္ေနရတာက စီနီယာတန္းကတြယ္တာ့ကိုကိုယ္ထိလက္ေရာက္ေစာ္ကားတဲ့ ေအာင္ေကာင္းဆက္ ဆိုတဲ့ေကာင္အား နံရံမွာကပ္ၿပီး လက္သီးျဖင့္တစ္ခ်က္ခ်င္းထိုးေနတဲ့ ရန္ႀကီးေအာင္ကိုျဖစ္သည္။

ထူးျမတ္လင္းသည္လည္း ရန္ႀကီးေအာင္အေၾကာင္းသိရဲ႕သားနဲ႕ဝင္မဆြဲဘဲအေနာက္မွာေအးေဆးရပ္ေနသည္။

"ကိုင္ခ်င္ဦး.."

တစ္ခ်က္!

"မင္းနဲ႕မတန္တရာကို ကိုင္ခ်င္ဦး...!"

ႏွစ္ခ်က္!

"ထိခ်င္ဦးကြာ!"

သုံးခ်က္!

တစ္ခြန္းေျပာလိုက္တစ္ခ်က္ထိုးလိုက္နဲ႕ ေအာင္ေကာင္းဆက္ေတာ္ေတာ္အထိနာေနၿပီျဖစ္သည္။

"တြယ္တာ...ေက်နပ္ၿပီလား! "

ရန္ႀကီးေအာင္သည္ ေအာင္ေကာင္းဆက္ရဲ႕ရွပ္အကၤ်ီေကာ္လံကိုဆြဲညွစ္ထားရင္းနဲ႕တြယ္တာ့ကိုလွမ္းေမးသည္။

"ေက်နပ္ၿပီလား မင္းကိုယ္တိုင္ရိုက္ခ်င္ေသးလား"

"ဟင့္..ဟင့္အင္း...ရ...ရၿပီ ကိုရန္ႀကီး ေတာ္ေတာ့ လက္လြန္သြားလိမ့္မယ္"

"တြယ္တာ့ကိုေတာင္းပန္စမ္း! "

မင္းထက္ခိုင္ၿမဲက တြယ္တာ့ကိုအေရွ႕သို႔အနည္းငယ္တြန္းလႊတ္လိုက္ေတာ့ တြယ္တာကရန္ႀကီးေအာင္နဲ႕ေအာင္ေကာင္းဆက္ေရွ႕သို႔ေရာက္သြားသည္။

ေအာင္ေကာင္းဆက္ကိုဂုတ္ကေနဆြဲၿပီး တြယ္တာ့အားေတာင္းပန္ခိုင္းေနေသာ ရန္ႀကီးေအာင္ကို တြယ္တာမ်က္လုံးဝိုင္းကေလးနဲ႕ၾကည့္ေနသည္။

"ေတာင္း..ေတာင္းပန္ပါတယ္ တြယ္တာ..ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ ဒီအစ္ကို႔လက္ထဲကေနျမန္ျမန္ျပန္ခြင့္ျပဳပါေတာ့"

ေအာင္ေကာင္းဆက္က ႏႈတ္ခမ္းေရာႏွာေခါင္းေရာမွာလည္းေသြးေတြယိုစီးေနတာမို႔ တြယ္တာလည္းဆက္မၾကည့္ခ်င္တာနဲ႕ေခါင္းျမန္ျမန္ညိတ္ၿပီး ရန္ႀကီးေအာင္အားလႊတ္ေပးဖို႔တစ္ခ်က္ၾကည့္လိုက္သည္။

"မင္းေနာက္တစ္ခါ တြယ္တာရတနာကိုထိၾကည့္စမ္း ထိတဲ့လက္ကိုခ်ိဳးပစ္မယ္ တြယ္တာနဲ႕ကင္းကင္းေန!"

ရန္ႀကီးေအာင္ကသတိေပးၿပီးလႊတ္ေပးလိုက္ေတာ့ ေအာင္ေကာင္းဆက္က ေထာ့နဲ႕ေထာ့နဲ႕နဲ႕ေျပးသည္။

မင္းထက္ခိုင္ၿမဲကေတာ့သူ႕ေရွ႕ကေနျဖတ္သြားတဲ့သူ႕ကိုဘာမွျပန္မလုပ္နိုင္ေသာဒဏ္ရာဗလပြနဲ႕ေကာင္အား နားရင္းအုပ္ဖို႔လက္ကို႐ြယ္လိုက္ၿပီး

"ငါလုပ္ထည့္ရ ...ငါ့ညီမနဲ႕ကင္းကင္းေန ၾကားလား!"

ဟု ပြဲၿပီးမွဖ်ာဝင္ခင္းသည္။

တြယ္တာ့အသက္ ၁၀ႏွစ္အ႐ြယ္ကတည္းက တြယ္တာ့အတြက္ရန္ျဖစ္ေပးခဲ့ေသာ ကိုရန္ႀကီးသည္ တြယ္တာ့အသက္၁၈ႏွစ္အ႐ြယ္အပ်ိဳျဖစ္လာသည္တိုင္ေပျဖစ္သည္။

**********************************
အမွားပါရင္ခြင့္လႊတ္ပါ။
Part (12) ဆက္ရန္

Continue Reading

You'll Also Like

791K 65.9K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
410K 15.6K 34
အချစ်ဆိုတာကို ပုံမဖော်နိုင်သေးခင်မှာပဲ သူမနဲ့သားလေးက ကျွန်တော့်ဘ၀ထဲ ၀င်လာခဲ့တယ် ❤️ အခ်စ္ဆိုတာကို ပုံမေဖာ္ႏိုင္ေသးခင္မွာပဲ သူမနဲ႔သားေလးက ကြၽန္ေတာ့္ဘ၀ထ...
70.9K 5.5K 46
ပုံပြင်တွေကိုနှစ်သက်တဲ့ကောင်မလေးရယ်... ကောင်မလေးကိုစောင့်ရှောက်တဲ့ကျားကြီးရယ်... ဒီလိုနဲ့ နှစ်တစ်ထောင်ကျော်က အချိန်ခရီးသွားပြီး မင်းသားတစ်ပါးရောက်လာတ...
1.1M 57.3K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...