DADDY BROTHER (Complete)

By Donut-15

10K 601 97

ငါ့ပိုင်နက်ထဲရောက်နေတဲ့ မင်းက..ငါ့အပိုင် More

Introduction
Part (1)
Part (2)
Part (3)
Part (4)
Part (5)
Part (6)
Part (7)
Part (8)
Part (9)
Part (10)
Part (11)
Part (12)
Part (13)
Part (14)
Part (16) Final
Special Episode

Part (15)

394 23 0
By Donut-15

" Daddy ... "

"....."

" ကျွန်တော့ကိုပြောစရာ မရှိဘူးလား "

" ဘာတွေအရေးကြီး ခွင်းကျယ်လာလုပ်နေသလဲ ဟွမ် ၊ ငါမအားဘူး "

" မင်း အကိုရော... "

" အကို??? အဟက် .. အကိုတဲ့ လား "

" ဟုတ်တယ် .. မင်းအကို. "

" ကျွန်တော်တို့က ဘာမှမတော်ဘူးလေ ၊ ဒါကို Daddy လဲ သိနေတာပဲ , ပီးတော့ Daddy သားအရင်းကို ဘာလို့များ ပစ်ချင်သလို ပစ်ထားရက်ရတာလဲ "

" ငါပစ်ထားမိသလား? တစ်ဆိတ်ရှိစိတ်ကောက်ပီး သူ့အမေအိမ်ပြန်ပြန်သွားတာမဟုတ်ဘူးလား "

နှုတ်ခမ်းကော့တက်သည်အထိရယ်မိသည်။

" အခုရော.....မင်းအကိုဘယ်မလဲ "

" မသိဘူး... "

" မင်း မသိဘူးဆိုတာဖြစ်နိုင်မလား "

" ဘာလို့မဖြစ်နိုင်ရမှာလဲ... ကျွန်တော့ကို ပစ်သွားပီလေ အဲ့တာ Daddy ကြောင့် ၊ ကျေနပ်ပီလား ဟမ် "

" ဘာကွ.... မင်းစကားတွေ လွန်မလာနဲ့နောိ ၊ ငါမင်း Daddy "

" Daddy... ကျွန်တော့ ခံစားချက်ကို ဘယ်တော့မှ နားလည်လာမှ မဟုတ်ပါဘူး ၊
Daddy ရဲ့ ပုံစံခွက်ထဲမှာနေရတာ သိပ်က်ုရွံမုန်းမိတယ် "

ဖြောင်း...

ပြင်းထန်ရိုက်ချက်ကြောင့် ဟွမ်တစ်ယောက် မူးဝေသွားသည်။

" မရိုက်နဲ့တော့... သတ်လိုက်.. သတ်ပစ်လိုက် ၊ ငယ်ငယ်ထဲ အခုထိ Daddy ရဲ့စကားကိုနားမထောင်တာရှ်ိခဲ့ဖူးသလား "

"မင်းတော်လိုက်တော့ ငါကမင်းအတွက် .."

" Daddy က ကျွန်တော့အတွက် အနာဂတ်လှပဖို့အရေး ဆင်မြန်းပေးချင်တယ်ပေါ့ ၊ ဒါဆို ကျွန်တော့ခံစားချက်ကြတော့ ဘာလို့ထည့်မတွက်ရတာလဲ "

" ဟွမ်... မင်းပြောချင်တာပြောပီးပီမလား သွားတော့ "

ဆက်ပြောနေရင်လည်း ဟွမ်စကားတွေဟာ သူ့အတွက် ဘောင်ဝင်မှာမဟုတ်ပေ။

" နောက်အပတ် Sunday, စေ့စပ် ပွဲရှိတယ် ၊ Dinner ပါပါမယ် ၊ အကုန်ကြိုတင်ပြင်ဆင်ထား "

" ဟုတ်ပီ.. ဒယ်ဒီ့ဘက်က ဇွတ်လုပ်မှတော့ ကျွန်တော်လဲ ပြောစရာရှိတာပြောရတော့မယ်"

" မင်း ငါ့ကို မျက်နှာပျက်အောင်လုပ်ဖို့တော့ မစဉ်းစားနဲ့."

ကျွန်တော် ကိုကို့ကို သိပ်ချစ်တယ် ၊ အခု Daddy စီစဉ်ပေးတဲ့ စေ့စပ်ပွဲကို ကျွန်တော်လိုက်ရောပေးမယ် ၊ ဒါပေမဲ့.. စေ့စပ်ပွဲနေ့ Dinner မတိုင်ခင်မှာ ကျွန်တော် မေးတာတွေကို Daddy အကုန်ဖြေပေးရမယ် ၊ ကတ်ိမတည်ရင် ဒီစေ့စပ်ပွဲ ကျွန်တော်လက်နဲ့ ဖျက်စီးပစ်မယ် "

ဘာ...တောက် ! ဆောက်ရေးမပါတာ ။

ဒယ်ဒီ့ကို တစ်ချက်‌လေးမှ ပြန်ငဲ့မကြည့်ပဲ အိမ်ပေါ်သို့တက်သွားလေသည်။

ဒယ်ဒီ့ ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ အစိုင်အခဲတွေ အတ္တတွေ မာန်မာနတွေကို အဲ့နေ့မှာ ကျွန်တော်ကိုယ်တိုင် ရိုက်ချိုးပြမယ် ၊ စောင့်ကြည့် !

မျက်စံအိမ် ညာဘက်စွန်းစွန်းဟာ ပိုလို့ကျယ်လာပီး မျက်ခုံးကိုပင့်ကာ တွန့်ချိုးသည်။

ပိုလို့ပင်ကြောက်စရာကောင်းပီး အတွေးခေါင်ခိုက်နေချိန် ဘေဘီလေးကို သတိရမိပြန်သည်။

နှလုံးသား စေရာကို မောင် လိုက်ခဲ့ပါ့မယ်။

အချစ်..မောင်လွမ်းတယ် ။

အချစ်ရဲ့ နှုတ်ခမ်းပါးလေး ၊ ပါးချိုင့်လေး ၊ မှဲ့လေးတွေက မောင် ရှင်သန်ရာ ငြိတွယ်ရာ !

"ဒေါက် ဒေါက် ဒေါက် "

" ဘယ်သူပါလဲ "

တံခါးဆွဲဖွင့်လိုက်တော့ မထင်မှတ်ထားသူ
ကြောင့်အံ့ဩမင်သက်သွားရပြန်သည်။

"Daddy.."

" Daddy စကားခဏပြောချင်လို့ဝင်ခွင့်ပေးမလား "

" ရပါတယ်..Daddyရဲ့ "

Kanemoto San ဝင်လာတော့ ကွပ်ပြစ်ကယုန်လေးကိုတွေ့ပီး တစ်ချက်ပြုံးလိုက်လေသည်။

" သား... ယုန်လေးမွေးထားတာလား "

" ဟုတ်.. ချစ်စရာကောင်းတယ်မလား "

" အင်း..သားလိုပဲလေ "

ယိုရှီ က သဘောကျဟန်ရှိသည်။

"ရော့...."

ယိုရှီက ဘာလဲဆိုသည့်အကြည့်နဲ့ လှမ်းယူလိုက်လျှင်

ရုတ်တရက် အသံဟာ တိတ်ဆိတ်သွား လေသည်။

ထိုတိတ်ဆိတ်သံကို အရင် ဖြိုခွင်းပစ်သူက Daddy

" လာမယ်မလား ? "

" ဒယ်ဒီ တကယ် ကြီးလုပ်တော့မယ်ပေါ့ ၊ သားတို့ခံစားချက်တွေကို Daddy အနေနဲ့ ဟာသလို့ထင်နေပုံပဲ "

" သားနိုရီ  စိတ်ပြတ်သားလို့ ဒီကို ထွက်လာတာမဟုတ်ဘူးလား "

" ဒီမှာ ဒယ်ဒီ၊ ဒါတွေအားလုံးက ဘယ်သူ့ကြောင့်လဲ "

"........"

" ဒယ်ဒီဘာလို့ ခါးသီးနေသလဲဆိုတာ ကျွန်တော်တကယ်သိချင်တာ "

" မင်းနဲ့ငါ စကားတွေဖောင်ဖွဲ့ပီးပြောဖို့လာတာမဟုတ်ဘူး... ၊ ပီးတော့ အိမ်ပြန်လာခဲ့ တစ်ဆိတ်ကိုတစ်အိတ်လုပ်ပီး စိတ်ကောက်တတ်တဲ့ မင်းအကျင့်ကိုလဲ ပြင် "

" ဟုတ်ပီ.. လာခဲ့မယ် ၊ ဒယ်ဒီ ကြားချင်တာ အဲ့စကားမလား "

" Oki .. Daddy ပြန်မယ် "

ဘယ်လိုရည်မှန်းချက်မျိုးနဲ့ ဒယ်ဒီ ဒီလိုတွေပြုမူခါးနီးနေသလဲ တကယ်မသိပါ ။

စေ့စပ်ပွဲနေ့မို့ ဟွမ်က မနက်အစောကြီး Make up studio ကို ထလာခဲ့ရသည်။

Make up လိမ်းနေတုန်း စကားတွေနဲ့ လာ ခနဲ့သူက Wato San ပင် ။

" ဘယ်နှယ့်ရှိပါဘိ.. ကိုယ့်လူ ၊ ပျော်မှပျော်ရဲ့လား "

ကြောက်စရာကောင်းသည့်အပြုံးနှင့် ရှေးဦးစွာကြိုဆိုခံရသူက ဟွမ်

" အဟက်.. စောပါသေးတယ်ပဲ ပြောရမလား ၊ ဒါမှမဟုတ် ၊ မကြာခင် ခင်ဗျားအနှေးနဲ့အမြန် ကျရှုံးတော့မယ်ပဲပြောရမလား ဟမ် "

ထိုစဉ်

" ဦးငယ် "

" ဗျာ "

Male make up room ထဲသို့ Hana က ဂါဝန်အနီလေးလက်က မ ကာ ရောက်ချလာလျှက်

" Hana လှရဲ့လား ကိုကို "

တကယ်ဆို ဆိုးဂျောင်ဟွမ်ဘက် လှလိုက်တာလိုက်ပြောရမှာမဟုတ်ဘူးလား ၊

သူများဆီက အတင်းလုပီး သူ့တူမကို မချစ်တဲ့သူရဲ့လက်ထဲထည့်ပေးထားတာပဲလေ  , အခုမှ လောဘကြီးချင် နေလို့ဘယ်ရမလဲ ။

" ကိုကို က ခန့်ချောကြီး "

ဟွမ်တစ်ယောက်ပြုံးရုံမျှသာပြုံးပြ‌လိုက်လေသည်။

မျက်ဝန်း‌ တွေထဲ သူ့ရဲ့ ချစ်ရသူကိုသာမျှော်နေမိသည်။

"Yoshi Kun ... သွားမယ်မလား ? "

" အင်း....သွားမှာမို့လို့ ငါပြင်နေတာပေါ့ "

" ညီလေး စေ့စပ်တာဆိုတော့ ၊ မင်းရောဘယ်တော့လဲ ...? "

" တော်စမ်းပါကွာ..... လာစားနေတယ်ငါ့ကို "

" ဒါနဲ့ မင်း Daddy အိမ်မပြန်တာတော်တော်ကြာပီနော် "

" အင်း.... Daddy က ငါဒီမှာနေတာက်ု ခွင့်ပြုတယ် ဘာလို့လဲဆိုတော့ မေမေနဲ့ငါ့ရဲ့ အမှတ်တရအငွေ့အသက်တွေကအများကြီးလေ ၊ အဲ့တာကြောင့် ခွင့်ပြုပေးထားတာ "

" မင်း ဒီလိုအဖေမျိုးကိုပြန်ရှာတွေ့တာကံကောင်းတယ် ယိုရှီ "

ယိုရှီက Mahiro စကားကြားသည့်အခါ တစ်ပြိုင်နက်ထဲ

မျက်ခုံးတစ်ဖက်တွန့်ကာ နှုတ်ဖျားလေးကော့တက်သွား၍ မဲ့ပြုံးပြုံးလိုက်လေသည်။

စိတ်ထဲတွင်သာ ..

" အဟက်..မင်းထင်လို့ပါ ! " တဲ့လေ

ဟွမ်က ယိုရှီလာမည်ကိုကြိုမသိတာကြောင့်
Make up လိမ်းနေသည့် Room မှာ ရှိနေခဲ့သည်။

" ဟိတ်ချာတိတ် ... "

" ဦး.... "

" လာပေးလို့ကျေးဇူးကွာ "

အချင်းချင်းလက်ဆွဲနှုတ်ဆက်ကြလေသည်။

" ဦး.... ကျွန်တော့နားမှာ လာထိုင်လေ နေရာလွတ်တယ် "

ဦးက မျက်နှာရွှင်လန်းကာ သူ့‌နားကိုရောက်လာခဲ့သည်ပေါ့။

" မင်း ဘက်က စခေါ်တော့ ငါပျော်တယ်သိလား ချာတိတ် "

" အင်း "

စေ့စပ်တာကြောင့် နှံ့နှံ့စပ်စပ်ပြောမနေတော့ပဲ ဟွမ်နဲ့ Hana က ကြွရောက်လာတဲ့ ဧည့်သည်အနည်းအကျဉ်းကိုဧည့်ခံလေသည်။

ယိုရှီက ဟွမ့်အား မျက်တောင်မခက်ကာစိုက်ကြည့်နေမိသည်။

တကယ်တော့ ဟွမ့်လက်ချိတ်တဲ့သူဟာ ငါဖြစ်ရမှာ အခုတော့... !

" ဦးငယ်.... "

"ဗျာ.."

" သမီး လှလား "

" လှပါ့‌ဗျာ....ဦးငယ်ရဲ့ တူမလေးက အလှဆုံးပဲ "

"ခ်ခ်"

ဟွမ်က တစ်ခွန်းဆိုတစ်ခွန်းမျှဝင်မပြောပဲ ယိုရှီ့ကိုသာကြည့်နေမိသည်။

ဒါကို Hana ကတွေ့တော့ လက်မောင်းကိုမသိမသာဆောင့်ဆွဲကာ ခေါ်သွားသည်။

" ဦးငယ်..အခြားသူတွေဘက်သွားလိုက်ဦးမယ် "

"ကောင်းပါပြီဗျာ "

" ကဲ...ချာတိတ် ပြန်မလား လိုက်ပို့မယ် "

" ရတယ် ဦး....ကျွန်တော် ဒယ်ဒီ့ဆီ သွားဦးမလို့ "

" ကိုယ် စောင့်ရဦးမလား ချာတိတ် "

" ရတယ် သွားပါ "

" Oki ကိုယ်သွားမယ်နော်အဲ့တာဆို "

ယိုရှီက ပြုံးရုံမျှသာပြုံးပြလိုက်သည်။

ပိုင်ဆိုင်ချင်ရက်နဲ့ ဘာလို့စွန့်လွှတ်ခဲ့သလဲလို့မေးရင် ငါ့မှာ ဖြေစရာအဖြေမရှ်ိခဲ့ဘူး ဟွမ် !

ဟွမ့်ကို ကျောခိုင်းပီးသာ ထွက်လာခဲ့သည်။

အပြင် ဘက်မှာ Daddy က သူ့ရဲ့ လုပ်ငန်းရှင်များနဲ့ ဝိုင်ခွက်ကိုင်တာ စကားစမြည်ပြောနေခဲ့ကြသည်။

" Daddy .."

" အာ...ယိုရှီကွန်း သားကြီး လာလေ "

" ဟုတ် "

" ဒီမှာ..ဒါကျုပ်သားကြီးလေ.. လုပ်ငန်းနဲ့ပတ်သက်တာမှန်သမျှ လှည့်ကြည့်စရာကိုမလိုအောင်ထူးချွန်တယ် "

လုပ်ငန်းရှင်များက

" သိပ်တော်တဲ့သားနှစ်ယောက်ကို ရထားတာပဲ Kanemoto San , ဘယ်နှယ့်ရှိပါ့ "

" ဒါကြောင့်လဲ ကျူပ်စိတ်ချမ်းချမ်းသာသာနေနိုင်နေတာပေါ့ "

" Daddy... "

လက်တစ်ဖက်က ဝိုင်ခွက်ကိုကိုင်ရင်း လက်တစ်ဖက်က ယိုရှီ့ပုခုံးကိုဖတ်ထားလေသည်။

" ပြော သားယိုရှီ.. "

" သားပြန်တော့မယ် "

" ပွဲပီးမှ မပြန်ဘူးလား "

" ဟင့်အင်း... Daddy သိရဲ့သားနဲ့ ဘာလို့များ "

ယိုရှီစကားမဆုံးသေးခင် သခင်ကြီးက ဖြတ်ပြောလိုက်လေသည်။

" တော်စမ်း...ပြန်မယ်မလား..ပြန်.... စကားကပြောတိုင်းမကောင်းဘူး Jaden "

" အင်းပါ "

လူကြီး တွေကို ခေါင်းငြိမ့်၍ ပြုံးရုံမျှပြုံးပြပီး ပြန်လာခဲ့သည်။

တကယ်တော့ ဒီပွဲကြီးက ဟန်ဆောင်မှုတွေသာ ဖုံးလွှမ်းနေခြင်းပင်။

At Dinner ,

Wato San က သူ့အပေါင်းအပါလုပ်ငန်းရှင်တွေကြား ဂုဏ်ယူဝံ့ကြွားစွာနဲ့ ဟွမ်နဲ့သူအဖေအား ပုတ်ခက်သည့်စကားတွေအား အနှောင့်အသွားမလွတ်အောင် ပြော‌နေသည်။

" ကျုပ်မပြောခဲ့ဘူးလား .. အဲ့သားအဖတွေက ကျုပ်လက်ခုပ်ထဲကရေပါဆို အဟက် ၊ အကုန်
ငတုံးတွေချည်းပဲ ကျုပ်ကြိုးဆွဲရာပါလာတဲ့ကောင်စားတေလေ "

မနီးမဝေးရှိဟွမ်က ကြားတော့ ထလာကာ လက်သီးနဲ့ပြေးထိုးသည်။

" ခင်ဗျား ဘာကောင်လဲ "

" ကျုပ် ဘာကောင်လဲ အားလုံးကိုပြရမလား "

ခွက်... ခွက်... အွင့်

တစ်ယောက်နဲ့သုံးယောက်ချနေရသောကြောင့် ဟွမ်တစ်ယောက်မခံနိုင်ပေ။

လက်တွေ ပွန်းပဲ စုတ်ပြတ်သက်၍ ပင်

" ဟိတ်ကောင်.. မင်းသတ္တိရှိရင် ရှေ့တိုးလိုက် ၊ ဒီမှာ ဓား မြင်လား "

" လုပ်လိုက်လေ... လုပ်ရဲရင်လုပ်ကြည့်လိုက် "

" အားးးးး... မလုပ်.. ဦးငယ် ၊ ကိုကို "

" အ ... "

အရှေ့သို့ အလျှင်အမြန်တိုးလာသည့် ထိုးချက်ဟာ ဗိုက် အတွင်းသားထဲ နက်ဝင်လျှက် သွေးတွေး ပန်းထွက်လာလေသည်။

နီရဲနေသည့် ဂါဝန်အနီရောင်ကို ဖုံးလွှမ်းနေသည်အထိ သွေးတွေဟာရဲနေသည်။

ဟွမ့်လက်ပေါ်သို့လဲကျသွားနဲ့ Hana က သွေးအိုင်ထဲတွင် မျက်ဖြူလန်လျှက်ပင်

ပါးကိုလှုပ် ၍ နှိုးသော်လဲ မရ..ပေ။

အသက်ပါသွားလေပီ !

ထိုအသံတွေကြောင့် လုပ်ငန်းရှင်တွေနဲ့စကားပြောသည်က်ုရန့်တန့်၍ Kanemoto San ဟာ အပြေးအလွှားရောက်လာခဲ့သည်။

" သားဟွမ်...! "

" Daddy "

ဟွမ် ငိုနေပြီ ။ မျက်နှာတပြင်လုံးလဲ ချွေး တွေရော မျက်ရည်တွေရော ရွဲလို့ပင်။

ရင်ခွဲထဲကြည့်လိုက်‌ပြန်တော့လဲ Hana တစ်ယောက် ဗိုက်က‌လေးဖိကာ မျက်ဖြူစိုက်လျှက် သွေးတွေလဲ လွန့်လူး လို့ပင် ။

Daddy ရဲခေါ်‌ပေး ။

Wato San က သခင်ကြီး အား ချိန်းခြောက်သည့်မျက်ဝန်းများဖြင့်စိုက်ကြည့်နေတာကြောင့် ခေါ်ဖို့ကိုမဝံ့မရဲဖြစ်နေလေသည်။

"Daddy မခေါ်ဘူးလား.. ကျွန်တော်ခေါ်မယ် "

ဟွမ်လက်ထဲ ဖုန်းကိုဆွဲလုလိုက်ရင်း

" မလုပ်နဲ့သား... "

" Daddy ကို သူက ဘာတွေ အဲ့လောက်ချိန်းခြောက်ထားသလဲ "

" သားဟွမ်..သူ့တူမ ကိစ္စ သူနဲ့ပဲဆိုင်တာမို့ သူ့ဟာသူကြည့်လုပ်လိမ့်မယ် "

" ဟ... Daddy လူဟုတ်ရဲ့လား "

Hana ရဲ့ အလောင်းအားဘေးသို့ခဏချလိုက်ပီး မတ်တပ်ထရပ်လိုက်လေသည်။

" ဟုတ်ပီ...သားပြောစရာရှိတယ် "

" ပြော "

" Daddy က အခြားယောက်ျား Rape တာခံခဲ့ရတယ်ဆို ဟုတ်လား

အဲ့တာကြောင့် Jaden အမေနဲ့ ကွဲခဲ့တယ်ဆိုပါတော့ ....အဟက် ၊ ဒါကြီးတစ်ခုလုံးကို အပူအနေနဲ့ထမ်းထားရတာ Daddy အနေနဲ့မပင်ပန်းဘူးလား ၊ ကျွန်တော်သာမသိကြည့် အဲ့ကောင်လက်ချက်နဲ့ Company က ဆုံးဆုံးမြုပ်မှာ "

" ဒီမှာ Wato San , ခင်ဗျား အပစ်လဲ ခင်ဗျားပြန်ပေးဆပ်ရမယ် "

" အဟက်... ဘာလို့အဲ့လောက်သလိုပြော‌နိုင်ရတာလဲ "

" ခင်ဗျား .. တူမသေတာ နဲနဲတောင်နောင်တမရဘူးလား "

" နိုး.... အကန့်မရှိဘူး ၊ အဲ့တာငါကိစ္စပါ "

Junghwan ရှေ့တွင် Daddy ဟာ လုံးဝတုန်လှုပ်နေလျှက်ပင် ၊ ရှက်မိသည်ဆိူ ပိုမှန်ပေလိမ့်မည်။

ဟွမ်က Daddy နောက်ကို လိုက်ကာ လှမ်းတား၍
Daddy ပုခုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ

" Daddy..... ဒါဟာ ရှက်စရာမဟုတ်ဘူး ပီးတော့ Jaden ကိုလည်းသေချာရှင်းပြသင့်တယ်လို့ထင်တယ် "

" ဖယ်စမ်း... ငါရှက်တာမဟုတ်ဘူး ၊ ဒေါသဖြစါနေတာ ၊ မင်းတို့ကောင်တွေ ငါ့ကိုအထင်လွဲပီး ၊ လှောင်ပြောင်တဲ့အကြည့်တွေနဲ့ကြည့်နေတော့မှာကိုပဲ "

ကျစ် ..

တစ်ချက် စုပ်သပ်၍

" မဆိုင်တာ... လုံးဝကိုမဆိုင်တာ ၊ အဲ့အတွေးဆိူးကြီးတွေခေါင်းထဲကထုတ်လိုက်ပါတော့လား ၊ သေတဲ့အထိယူသွားမလို့လား "

" Jaden နဲ့ ကျွန်တော်နဲ့ကရော မဖြစ်နိုင်တော့ဘူးလား "

" လုံးဝ မဖြစ်ရဘူး.. ငါအသက်ရှင်နေသ၍ပဲ ၊ အဲ့တာကိုမင်းခေါင်းထဲ သေတဲ့အထိရိုက်ထည့်ထား ၊ ငါ လိင်တူ ချစ်မြတိနိုးတာတွေ ရွံမုန်းတယ် "

ဟွမ်က မဲ့ပြုံးလေးပြုံးလိုက်ရင်း

" ဒါပေမဲ့.. ဘယ်လိုလုပ်မလဲ Daddy , ကျွန်တော်တို့ကို ဘယ်သူက တားဆီးနိုင်မှာတဲ့လဲ "

" ဘာ.. ဖြောင်း.."

" မင်း ပြောလေကဲလေပါလား ဟမ် "

ပါးကိုကိုင်လျှက် မျက်ရည်တွေဝဲကာ Daddy အား နာကျည်းသည့်မျက်လုံးဖြင့်ကြည့်နေမိသည်။

" Daddy ဘာသာကြိုက်သလိုလုပ်တော့ ၊ ကိုယ်ဖြစ်ရင်ကိုယ်ခံ ၊ ကို့ဇာတ်ကို နိုင်အောင်ကပေတော့ ၊ အနောက်မှာ Daddy မတော်လိုက်ရတဲ့ ချွေးမအလောင်း ၊ စိတ်တော့မကောင်းဘူး
ပီးတော့ သူ့ဦးလေး ၊ Daddy အပင်ပန်းခံလိုက်ပါဦး အဟက် "

ဟွမ်က ခြေဦးပေါက်ရာ‌ကားကိုမောင်းပီး လမ်းတစ်လျှောက်လုံး Volker ကို ပုလင်းလိုက်မော့မော့သောက်နေမိသည်။

ရိုးရာအိမ်လေးနားရောက်တဲ့ထိကို သောက်နေဆဲပင် ၊

သူဝင်ကမလား မဝင်ရမလား ၊ အတွေးနှစ်ခု လွန်ဆွဲနေချိန်မှာပဲ ၊ ကွပ်ပြစ်နားက ယုန်လေးနဲ့အတူစကားပြောနေသံက်ု ရေးရေးလေးကြိုက်လိုက်ရသည်။

နှလုံးသားစေညွှန်းရာကိုကြည့်မိပြန်တော့ ဒီတစ်ခါမှသာ လက်လွှတ်လိုက်မိရင် တစ်သက်လုံးဆုံးရှုံးသွားနိုင်ခြေရှိသည်။

ထိုကြောင့် အတွေ့တစ်ခုထဲသို့ နစ်ဝင်၍ တံခါးရှေ့စုံရပ်ကာ အသံမြည့်အောင်ပင် လက်သီးဆုပ်လးလေးနဲ့ခေါ်လိုက်လေသည်။

" ဒေါက်..ဒေါက်...ဒေါက် "

" Mahiro လား "

တံခါးကို‌ဆွဲဖွင့်လိုက်တော့.....မထင်မှတ်ထားသူ

" ဟွမ် "

သူ့ပုခုံးပေါ်သို့ ခေါင်းက ငိုက်စိုက်ကျလာလေသည်။

လူစိတ်ကင်းမဲ့တဲ့အထိကို အရက်တွေသောက်လာပြန်ပီ။

" ဟွမ်... မင်း... မင်းဘာလာလုပ်တာလဲ "

" အချစ်.."

သွားတန်းဖြူလေးတွေပေါ်သည်အထိ ရီဝေဝေမျက်လုံးဖြင့် ယိုရှီ့အားရီပြလေသည်။

" မင်း..ဘာလာလုပ်တာလဲလို့ငါမေးနေတယ်လေ "

" အချစ်ကို မောင်က အရမ်းလွမ်းနေတာ "

" မင်း.. "

" နေနိုင်လိုက်တာ အချစ်ရယ် "

မြင်နေရတဲ့ လက်ဆစ်တွေကိုကြည့်လိုက်တော့လဲ သွေးတွေစို့၍ စုတ်ပြတ်သပ်နေလေသည်။

" မင်း... ရန်ဖြစ်လာတာလား "

" အင်း..ဟုတ်တယ် "

" ဘာဖြစ်ရပြန်တာလဲ... "

မူးနေသည့်အသံနဲ့သာဆက်ပြောနေတဲ့ ဟွမ်

" Hana ဦးလေးက အချစ်ကို ရအောင်မယ်ဆိုပီး မျက်နှာထိ မျက်နှာထားနဲ့ပြောလို့ lesson ပေးခဲ့ရုံပါ "

Hana သေသွားခဲ့ပြီဆိုတာကြိတော့မပြောပေ။

" အဲ့တာနဲ့ပဲ အဲ့လောက်ထိလုပ်စရာလိုလို့လား "

" ဘာလဲ.. သူ့ကိုသနားလို့လား အဟက် "

" မင်း ... မရွဲ့နဲ့ "

" အချစ်.... "

ယိုရှီက ဒီတိုင်းသာ သူ့ကို ယိုင်နဲ့နဲ့ နဲ့ တွဲထားရသည်။

" အချစ်လို့ "

"အင်း"

" မောင့်ကို.. မလွမ်းဘူးလား "

" မင်းနဲ့ငါက အဲ့လိုအနေအထားလဲ မဟုတ်တော့ဘူး ၊ ကားကို ဘယ်လိုများမောင်းလာလဲကွာ ၊ အန္တာရယ်များလိုက်တာ ၊ Driver Kim  ကိုခေါ်ပေးရမလား "

" အချစ်.. မောင့်ကို မနှင်ပါနဲ့. မောင်မ‌ပြန်ဘူး.. ဟင့်အင်း မောင်လုံးဝ ပြန်မှာမဟုတ်ဘူး "

" ဟွမ်.. မင်းဇွတ်တရွတ်မလုပ်နဲ့လေ ၊ Hana သိရင်မကောင်းဘူး "

" ဖယ်... "

ဟွမ်က ယိုရှီ့ ပုခုံးကိုတိုက်၍ အထဲသိူ့ အတင်းဝင်သွားသည်။

" ဟွမ်.. ငါပြောနေတယ် မင်းမကြားဘူးလား , Hana စောင့်နေလိမ့်မယ် ၊ သွားပြန်တော့ "

ဟွမ်ဆီက ရုတ်တရက် အသံနက်ကြီးထွက်လာလေသည်။ မူးနေသည့် အသံတော့မပေါက်ပေ။

" Hana ကို စဉ်းစားပေးကြေးဆိူရင် ခင်ဗျားကရော "

" ဘာလဲ... "

" ခင်ဗျားကရော... ခင်ဗျားအတွက်ကော ကျုပ်က  ဘာလဲ.... ဘာလို့ Hana ခံစားရမှာကိုကျတော့ ထည့်တွက်ပီး.. ကျုပ်ခံစားချက်ကြတော့ ဘာလို့ထည့်မတွက်‌ခဲ့တာလဲ "

မျက်ရည်ဆက်လက်နဲ့ ပြောနေတဲ့ ဟွမ်ကိုကြည့်ပီး ယိုရှီ နင့်နေအောင်ခံစားနေရသည်။

" ငါတို့က ဖြစ်မှ မဖြစ်နိုင်တာ "

" ဘာလို့မဖြစ်နိုင်ရမှာလဲ "

" .... "

" မောင့်ကိုတစ်လလုံးရှောင်နေတာ.. ဟိုကိစ္စကြောင့်ပေါ့."

" တော်တော့...ငါ့ကိုဘာအကြောင်းပြချက်မှထပ်မပေးနဲ့ မလိုချင်ဘူး ပြန်တော့ "

" ဘာလို့ ခံစားနေရတာ မျိုသိပ်ထားတာလဲကွာ "

" ငါ မျိုသိပ်ထားတယ်လို့ဘာလို့ ထင်တာလဲ။ အရာရာဟာ နောက်ကျသွားခဲ့ပီ... ငါ့မှာပြောစရာစကားမရှိဘူး ပြန်တော့ "

" Hana ဦးလေးကို အဲ့လောက်တောင်မှ ကြိုက်လား "

" မင်း ငါ့ကို သမုတ်နေတာတွေရပ်တန်းကရပ်နော် ဟွမ် .. ပီးမှ ငါ့အဆိုးမဆိုနဲ့ "

" ဘာလဲ.. ခင်ဗျား က ခြိန်းခြောက်တတ်နေပီပေါ့.. အဲ့အကျင့်တေဘယ်ကတက်လာတာလဲ ဟမ် "

" မင်းပြန်တော့.. ငါ့ကိုစော်ကားတာများနေပီ..."

ဟွမ်က ယိုရှီ့ဆီသို့ နီးကပ်လာပီး ယိုရှီ့ကိုခါးကနေသိုင်းဖက်လိုက်ပီး နှုတ်ခမ်းကို အတင်းအဓ္ဓမ စုပ်ဆွဲယူလိုက်လျှင်

ယိုရှီက အတင်းရုန်းကာ

" ဖြောင်း.. "

" မင်းမူးနေပီဟွမ် မင်း ပြန်မလား... ငါထွက်သွားရမလား "

" အချစ် "

စိတ္တဇ လူတစ်ယောက်ပမာ မျက်နှာတွေ မျက်လုံးတွေဟာရဲနေပီ ကတုန်ကယင် တုန်လှုပ်နေလေသည်။

ယိုရှီက ချက်ချင်းပဲ အခန်းထဲ ပြေးဝင်ပီး အခနိးတံခါးကို ဆွဲဆောင့်ပိတ်သွားလေသည်။

" ဒုန်း ဒုန်း ဒုန်း "

" အချစ်... အချစ် ပြန်ထွက်ခဲ့ပါကွာ , အချစ်မကြိုက်တာ မောင်မလုပ်တော့ဘူး လေ ၊ မောင်ဆက်မပြောတော့ဘူး "

ယိုရှီက အခန်းထဲရောက်မှသာ ရင်ဘတ်လေ ဖိကာ ချုံးပွဲချ ငိုချလိုက်တော့သည်။

ငါလဲ မင်းကိုချစ်တာပေါ့ကွာ .... ကံကြမ္မာက
ဆုံစည်းခွင့်မှ မပေးတာ ၊ မင်းထက် ပိုချစ်ခဲ့တာ
ငါပါ "

အချိန်တစ်ခုရောက်တော့ အပြင်ကနေ အသံတိတ်တဆိပ်သွားတာကြောင့် ယိုရှီက ခြေလှမ်းဖွဖွလေးလှမ်းကာ ထွက်လာခဲ့သည်။

" အ "

ရုတ်တရက်‌ ‌ခြေထောက်ခြင်း ထိမိတာကြောင့်လန့်သွားလေသည်။

တကယ့်ကိုမှ ပုဇွန်ထုပ်လေးပမာ ကွေးကွေးလေး‌အိပ်နေလေသည်။ အေးတာကြောင့် ပေါင်ကြားထဲ လက်ကလေး ထည့်ကာ မှေးစက်နေ
သည့်ဟွမ် ။

မောင် အရမ်းမိုက်မဲတယ်ကွာ !

အခန်းထဲကနေ ဂွမ်းစောင်လေးယူပီး ဟွမ်ကို ခြုံပေးဖို့အလုပ် လက်တစ်ဖက်က ရုတ်တရက်သူ့ကိုဆောင့်ဆွဲလိုက်သည်။

" အွင့် "

အောက်လဲပြုတ်ကျ , နှုတ်ခမ်းခြင်းလဲ မိတ်ဆက်သွားလေသည်။

ပြန်မထနိုင်အောင် ဟွမ်က ခါးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားကာ အတင်းဖက်ထားလေသည်။

လက်သီးဆုပ်လေးနဲ့ ထုကာ တွန်းထုတ်၍ ရုန်းသော်လဲ မရပေ။

" အချစ်... မရုန်းနဲ့ ဒီတိုင်းလေးနေ မောင် ချမ်းလို့ "

" အာ့ဆို ခါးပေါ်ကလက်ဖယ် "

" ချစ်လို့ ဖက်ထားတာလေ.. ဖယ်စရာလား ?
မကျေနပ်ရင် ပြန်ဖက် "

" ဘာ.. "

" မကြားဘူးလား.. မောင်ပြန်ပြောရမလား "

မျက်နှာက နှာဖျားလေးချင်းထိ‌ နေသည်အထိကိုအရမ်းအရမ်းကိုနီးကပ်နေလေသည်။

နှစ်ယောက်ကြား ရင်ခုန်မြန်ဆန်လာလေသည်။

" အချစ်..မောင်လေ အချစ်ဆီ အပီးပြန်လာတာ "

" ဟမ်... "

" အချစ်ကို အခုတော့မပြောပြသေးဘူး..နောက်မှ ,
Hana ဘာမှမဖြစ်ဘူး ၊ ဖြစ်တာက Daddy .. "

နှာ‌ဖျားကို ဟွမ်က လက်ညိုးလေးနဲ့ထိလိုက်ပီးပြုံးကာပြောသောစကားပင်။

" အချစ်သိချင်နေပီမလား ။ နောက်မှပြောပြမယိ ၊ မောင်လေ ဒီတိုင်းလာရင် အချစ်အိမ်ထဲလည်းမဝင်ရဲသလို ၊ အချစ်နဲ့လဲ ဒီလိုစကားတွေပြောရဲမှာ မဟုတ်ဘူး သိလား "

" အဲ့တာကြောင့် ရဲဆေးတင်လာတယ်ဆိုပါတော့ "

" အင်း "

" ပြွတ်..."

" အချစ် နှုတ်ခမ်းလေးက ဘယ်အချိန် နမ်းနမ်း ချိုမြိန်တယ် ၊ အချစ်နှုတ်ခမ်းလေးက မောင့်အပိုင် "

" မောင့်အပိုင်တွေသိပ်များတာပဲ "

ဟွမ်နှုတ်ခမ်းလေးအား လက်ညိုးလေးနဲ့ထိပီး ဆိုပြန်တေည့ ဟွမ်က အဲ့လက်ကလေးကိုဆုတ်ကိုင်ပီး ပါးစပ်ထဲငုံလိုက်သည်။

" မရွံဘူးလား.."

" ဟင့်အင်း.. ချစ်တာကို "

" အ.. မကိုက်နဲ့လေ "

" အသည်းယားမိလို့ ... အချစ်ပါးမို့လေး မောင့်ကိုပေးကိုက် "

နီးနီးကပ်ကပ်မြင်နေရတာကြောင့် ဟွမ်လုံးဝစိတ်မထိန်းနိုင်ပေ။

" နာမှာ‌ပေါ့..  "

" အာ့ဆို..ပေးငုံ "

" ခဏပဲနော်..."

" အင်း...."

ဟွမ်က ပြောပီးပီးချင်း ယိုရှီရဲ့ ပါးလေးကို နှုတ်ခမ်းဖျားလေးနဲ့ မထိတထိလုပ်ကာပါးဖောင်းဖောင်းမို့မို့လေးအား ငုံထားလေသည်။

အတန်ကြာမှ ပြန်လွှတ်ပေးလိုက်တော့ ယိုရှီက နှုတ်ခမ်းလေးဆူထော်ကာ

" နာလိုက်တာ "

" ဖွဖွလေးဟာကို "

"...."

" အိပ်ရအောင်....ပြွတ် "

ယိုရှီ့အားနှာဖူးလေးကိုမြတ်မြတ်နိုးနိုးနမ်းကာ နှစ်ယောက်သား စောင်တစ်ခုထဲခြုံ၍ နှစ်နှစ်ချိုက်ချိုက်အိပ်စက်ကြလေသည်။

မောင့်ထက်မစွန့်လွှတ်နိုင်တဲ့သူက ငါများဖြစ်နေမလား ။

ရင်ဆိုင်ချင်တယ်။ အရာအားလုံးရင်ဆိုပီး ဟွမ့်လက်ကို ချည်နှောင်လိုက်ရင်း ဒီကနေထွက်ပြေးရလေမလား ?

အချစ် ထွက်ပြေးစရာမလိုပါဘူး.. ၊ မောင်‌က အချစ်ရဲ့လက်ကို ဆုပ်ကိုင်ရင်း အားလုံးကိုရင်ဆိုင်မှာပါ။ အချစ်သာ မောင်လက်ကိုတင်းတင်းကြပ်ကြပ်ဆွဲထားပီး မောင်သွားရာလိုက်ခဲ့ပေးပါ။

စိတ်၏စေရာအတိုင်း  အိပ်မက်ထဲထိပါ အချစ်ဆွဲအားကြောင့် ဖြစ်ပေါ်လာသည့် နှစ်လိုဖွယ်ရာ အိပ်မက်မျိုးပင်

အရာအားလုံးဟာ နောက်မကျသေးဘူးဆိုရင်
ဆုတောင်းထားတဲ့ " နောင်ဘဝကျမှ " ဆိုတဲ့ စကားကို မစောင့်ပဲ အခု ပစ္စုပ္ပန်မှာတင် အထိန်းအကွပ်မဲ့စွာ အတားအဆီးမရှိ ချစ်လိုက်ချင်ပါသေးသည်။

တကယ်ကို နောက်မကျသေးဘူး မလား ?

မနက်ဖြန် နိုးထလာခဲ့ရင် မပြောမဖြစ်ပြောရမည်စကားရှိသည်။

မောင် မငြိုငြင်လောက်ဘူးမလား !

𝐓𝐇𝐑𝐎𝐖 𝐁𝐀𝐂𝐊 𝐈𝐒 𝐄𝐍𝐃 🔚

_______________________

တစ်လအတွင်းဖြစ်ပျက်တာတွေဟာပီးသွားပီမို့ ဇာတ်ရည်လည်လောက်ပြီထင်ပါတယ် 😁

မနက်ဖန် ဒီကနေပဲ ဆက်ပါမယ်နော် 🧡

Next part is coming soon 🔜














Continue Reading

You'll Also Like

69.1K 1.9K 29
Izuku Midoriya, neglected and bullied due to his lack of a quirk, endured abuse from his family and friends, especially his twin sister Izumi and Kat...
480K 10.9K 60
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
2M 57.1K 95
On the twelfth hour of October 1st, 1989, 43 women gave birth. It was unusual as none of them had been pregnant since the first day they started. Sir...
76.1K 2.2K 37
Francesca Astor came to Love Island to find her soulmate, and once she sets her eyes on him, she's never letting go. Rob Rausch x Fem!oc #1 robertrau...